ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိ...

Par ArthyArthy7

156K 23.9K 1.3K

Title: Mistakenly saving the villain More accurately title : The Conclusion to when I Mistakenly Saved the Vi... Plus

Synopsis
Chapter 1-1
Chapter1-2
Chapter 2-1
Chapter 2-2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
Chapter 36
Chapter 37

Chapter 33

1.6K 254 8
Par ArthyArthy7

( Unicode )

စုန်ချင်ရှစ်သည် တီရှပ်နှင့်ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အဆုံးမဲ့သောတိမ်ပင်လယ်ထက်၌ လမ်းလျှောက်နေခဲ့သည်။ သူ၏ဘေးဘီဝဲယာသို့ ပတ်ပတ်လည် ဝေ့ဝဲကြည့်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ရှာ‌ဖွေနေမှန်း မှတ်မိသော်လည်း ထိုအရာက ဘယ်လိုပုံစံရှိမှန်းပင် မသိနေချေ။ ကောင်းကင်ထက်မှ မျက်စိကျိမ်းလောက်စရာရောင်ခြည်တန်းကြီးသာ သူမှတ်မိခဲ့သည်။

သူ ရှေ့သို့ဆက်လျှောက်သွားပြီး ဆက်၍ရှာဖွေနေခဲ့သည် ; တိမ်ပင်လယ်ကြီးမှာ အဆုံးမရှိသော်လည်း , ခြေကုန်လက်ပန်းကျလာသောကြောင့် ထပ်ခါ ထပ်ခါ လှဲကျပါသော်လည်း , တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ၍ လှုပ်ရှားဖို့ပင် ခက်ခဲလာရသော်လည်း , တရွတ်တိုက်ဆွဲ၍သာ ရှေ့ဆက်တိုးလာရသော်လည်း ရှာဖွေနေဆဲဖြစ်သည့် သူ၏ခြေလှမ်းများကို မရပ်တန့်ချင်မိပေ...

တိမ်ပင်လယ်ကြီး၏လမ်းကြောင်းပေါ်၌ နောက်ထပ်"သူ"တစ်ယောက် ပေါ်လာခဲ့သည်။ ထို"သူ"သည် နှင်းကဲ့သို့ဖြူစွတ်ဖွေး‌လျသော ဝတ်ရုံရှည်ကို တစ်လွှာပြီးတစ်လွှာအထပ်ထပ်ဝတ်ဆင်ထားပြီး ရှည်လျားဖြောင့်စင်းသောဆံနွယ်များက မြေပြင်အထိကျဆင်းနေသည်။ သူနှင့် ထပ်တူညီသည့်မျက်နှာ , ထပ်တူကျလှသည့် အေးစက်စက်အငွေ့အသက်နှင့်ပေ။ နက်နဲသိမ်မွေ့သောမည်သည့်အကြည့်ကိုမဆို ထွင်းပေါက်နားလည်ပုံပေါ်သည့်မျက်လုံးတစ်စုံနှင့် သို့ရာတွင် မည်သည့် စိတ်ခံစားချက်ကိုမှ နားလည်ခြင်းအလျင်းမရှိသော "သူ" လည်းဖြစ်‌သည်။

အဘယ်ကြောင့်ဆိုသော် ထို"သူ"၏ နှလုံးသားမှာ ကွက်လပ်ဖြစ်နေ၍ပင် ; တစ်ခုလုံးဗလာကျင်းနေချေ၏။

စုန်ချင်ရှစ်သည် ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။ ဖြေးညှင်းစွာ ရှေ့သို့တစ်လှမ်းချင်းတိုးသွားပြီး သူ့နှလုံးသားကိုထုတ်လိုက်ကာ ၎င်းထဲသို့ နည်းနည်းစီ နည်းနည်းစီ ထည့်လိုက်လေသည်။

နှလုံးသားတစ်စုံနှင့် ခန္ဓာကိုယ်တစ်ခု ပေါင်းစည်းပြီးသွားသည့်သကာလ ဝိဉာဉ်နှစ်ခုမှာ တောက်ပသောအလင်းအမှုန်အမွှားများအဖြစ် ကွဲထွက်သွားတော့သည်။ သူတို့အချင်းချင်းပေါင်းစပ်သွားကြပြီး တစ်ဦး၏ချို့တဲ့မှုကို တစ်ဦး၏ပြည့်စုံမှုနှင့် ဖြည့်တင်းလိုက်ကြသည်။ ထိုအချိန်မှစ၍ နှလုံးသားသည် သူရှိသင့်သောနေရာတွင် နေခွင့်ရသွားပြီး ခန္ဓာကိုယ်သည်လည်း သူ၏ပျောက်ဆုံးနေသော စိတ်ခံစားချက်များကို ပြန်ရှာတွေ့သွားတော့သည်။ ပြန့်ကျဲနေကြသည့် ရုပ်ဆက်ပဟေဠိအပိုင်းအစများ အချင်းချင်းချိတ်ဆက်သွားကြကာ ဗလာကျင်းနေသော ရုပ်ပုံကားချပ်တစ်ခုဖြစ်လာပြီး ၎င်းအပေါ် ဆေးရောင်များပေါင်းထည့်ခြယ်သခံရန်  စောင့်မျှော်နေလေပြီ။

တိမ်ပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးသောနေရာတစ်ခုမှ ထူးဆန်းတုန်လှုပ်ဖွယ် စကားစုများ ထွက်လာခဲ့သည် ; ၎င်းအခွန်းတိုင်းကို ထပ်ခါထပ်ခါရေရွတ်လေတိုင်း သူ့ဝိဉာဥ်၏အနက်ရှိုင်းဆုံး‌နေရာအထိ ဗုံတီးနေသည့်အလား တုန်လှုပ်လာတော့သည်။

" တစ်ထောင့်သုံးရာနဲ့လေးဆယ့်ကိုး..."

" တစ်ထောင့်သုံးရာနဲ့လေးဆယ့်ကိုး..."

" တစ်ထောင့်သုံးရာနဲ့လေးဆယ့်ကိုး..."

" တစ်ထောင့်သုံးရာနဲ့လေးဆယ့်ကိုး.."

" ... "

စုန်ချင်ရှစ်သည် သူ့မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်လေရာ သူ့ကိုယ်သူ ရေများထဲရောက်နေမှန်း သိလိုက်ရသည်။ သူ ထရပ်ရန် ကြိုးစားလိုက်သော်လည်း ကျန်ခဲ့သော သူ့ခန္ဓာကိုယ်တစ်ခြမ်းက နာခံခြင်းမရှိပုံပေ။ ရုန်းကန်ထနေရင်း မတော်တဆ သူ့တံတွေးပင် တီးသွားတော့သည်။ သူ့ဘေးနားရှိ တစ်စုံတစ်ဦးမှာ ချက်ချင်းထလာပြီး သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ကာ 'သူ'၏ကျောပြင်ကို တည်ငြိမ်မြဲမြံစွာ ထိန်းကိုင်ပေးလာခဲ့သည်။ သူ့တစ်ကိုယ်လုံးရေများစက်လက်နှင့် ရေထဲမှထွက်လာနိုင်ခဲ့ပြီးပြီးချင်း တစ်စုံတစ်ဦး၏လက်မောင်းအတွင်းသို့ ဆွဲသွင်းခံလိုက်ရ‌တော့သည်။

ယင်းလက်များသည် သာမန်လူတစ်ဦး၏ကိုယ်အပူချိန်ထက်ပင် ပို၍ ပူနွေးနေပေသည်။ အသားမာများကြောင့်ကြမ်းရှရှဖြစ်နေသည့်လက်ဖဝါးတစ်စုံက သူ၏ပျော့ပျောင်းနုငယ်သော အရေပြားနှင့် ထိစပ်ပွတ်တိုက်မိရာတွင် ပြောမပြတတ်အောင် နူးညံ့ညင်သာသောခံစားချက်လေးများ ဖြစ်ထွန်းလာတော့သည်။

ထိုပုဂ္ဂိုလ်၏အသက်ရှူသံသည် အနည်းငယ်လေးကန်‌နေကာ ယင်းမှာ မိုးသက်မုန်တိုင်းကျတော့မည့် ပင်လယ်ပြင်ပေါ်  ပင်လယ်ပျော်ငှက်များ ၎င်းတို့၏တောင်ပံများကို လှုပ်ခတ်ပျံသန်းနေရသည့်အလား ခက်ခဲနှေးဖင့်စွာ အသက်ရှူရှိုက်နေလေသည်။

အမှောင်ထုထဲမှ သူ့အားစူးစိုက်ကြည့်နေသောမျက်လုံးတစ်စုံမှာ အချိန်အတော်ကြာပျောက်ဆုံးသွားသည့် သားကောင်နှင့်ပြန်တွေ့လိုက်ရသော သားရဲတစ်ကောင်၏ သဏ္ဍာန်နှင့်ပင် တူနေမိဟန်။ ၎င်းက အလိုလောဘဆန္ဒမျိုးစုံနှင့် ပြည့်နှက်နေပြီး အန္တရာယ်ကြီးသထက် ကြီးလာနေချေသည်။

စုန်ချင်ရှစ်မှာ အားငယ်ချိနဲ့လွန်းနေပြီး ယင်းအန္တရာယ်များလှ‌သောပွေ့ဖက်မှု‌လေးထဲ သူ့ကိုယ်သူ တိုးဝှေ့မြှုပ်နှံထားရုံသာ တတ်နိုင်တော့သည်။ မည်သည့်နေရာ နှင့် မည်သည့်နေ့စွဲ ရောက်နေမှန်းလည်း မသိနေချေ။ အချိန်အတော်ကြာပြီးသည်မှ သူ့အသိစိတ်မှာ ဖြည်းဖြည်းချင်းပြန်ရလာပြီး တစ်စုံတစ်ရာက မှားနေမှန်း သတိထားမိသွားတော့သည်။

ထိုသို့တွေးပြီးနောက် ချက်ချင်းဆိုသလိုပဲ အန္တရာယ်များသည့်ခံစားချက်မှာလည်း ပျောက်ဆုံးသွားတော့လေသည်။ ညလင်းပုတီးလုံးများမှာ အမှောင်ထုများကြားမှ တစ်လုံးချင်းစီ လင်းထိန်လာပြီး ယွဲ့ဝူဟွမ်၏ ခံ့ညားချောမောသောမျက်နှာကို ရောင်ပြန်ဟပ်လာလေသည်။ ညလင်းပုတီးလုံးများ၏အလင်းရောင်အောက်၌ သူ၏ရွှေနက်ရောင် ဖီးနှစ်မျက်ဝန်းတစ်စုံမှာ မှိုင်းပျပျနှင့်နောက်ကျိနက်‌ထွေးသော အရောင်အဆင်းပင် ပြောင်းလဲလို့နေ၏။ ညာဘက်မျက်လုံးအောက်မှ ရွှန်းတောက်လှပနေဆဲဖြစ်သည့် မျက်ရည်ခံမှည့်က မပြောင်းမလဲတည်ရှိနေလျက်ပေ။ ယခင်ကအတိုင်း ကြင်နာနူးညံ့သောရုပ်ရည်သွင်ပြင်သာ ဖြစ်ပါလျက်နှင့် ထောက်ပြရခက်ခဲစွာပြောင်းလဲမှုအနည်းငယ်ရှိသွားပုံပေါ်ကာ သူ၏သွင်ပြင်မှာ ပို၍ခမ်းနားတင့်တယ်လာသည်ဟု ထင်ရတော့သည်။

မီးအလင်းရောင်ကြောင့် အဲ့လိုခံစားမိတာများလား ? ဒါပေမဲ့ ဝူဟွမ့်ရဲ့အကျင့်စရိုက်တွေပါ ပြောင်းလဲသွားတယ်လို့ သူဘာလို့ ခံစားမိနေတာလဲ ?

စုန်ချင်ရှစ်သည် သူ မည်သည့်အဝတ်အစားမှ မဝတ်ထားသည့်အပြင် သူ့ကိုယ်ပေါ်က ရေစက်လက်များကလည်း ယွဲ့ဝူဟွမ်အား စိုသွားစေလိုက်မှန်း သတိထားမိလိုက်သည်။ သူ ရှက်ရွံ့သွားပြီး သူ့အဝတ်အစားများမြန်မြန်ပြန်ဝတ်ချင်သည်ဟု ပြောရန် ခေါင်းမော့လိုက်စဉ်တစ်ခဏဝယ် ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောအရာတစ်ခုအား တွေ့လိုက်ရတော့သည်။ သူ့အသံများမှာ ကွဲအက်နေစွာဖြင့်
" ဝူ..ဝူဟွမ်... ငါ...ငါဘယ်လိုဖြစ်ပြီး ပုသွားတာလဲ ? "

သူ၏'လူပျို‌ပေါက်လေး'ဟူ‌သောဂုဏ်ပုဒ်မှာပင် အထိမခံနိုင်သောခေါင်းစဉ်မျိုးဖြစ်နေခဲ့သဖြင့် ယင်းအချက်ကိုမသိသာစေရန် ကြီးမားလျော့လျဲသည့်အတွင်းဝတ်များ၊ ဝတ်ရုံရှည်များကိုသာ အမြဲလိုလိုဝတ်ဆင်ထားခြင်းဖြစ်ခဲ့သည်။ သူ၏အရပ်လေးကြောင့်ပဲ ပိုပြီးမျက်နှာပျက်ရမည့်အရေးမှ ကပ်သီလေးရှောင်ကွင်းနိုင်ခဲ့ခြင်းပေ။ မိုးကြိုးအတိဒုက္ခမကျရောက်ခင်က သူနှင့်ယွဲ့ဝူဟွမ်၏အရပ်မှာ မတိမ်းမယိမ်းသာဖြစ်မှန်း သူမှတ်မိပါသေးသည်။ ယခု သူနိုးလာတော့ ယွဲ့ဝူဟွမ်မှာ သူ့ထက်ခေါင်းတစ်လုံးမက ပိုရှည်နေချေပြီ...
ငါ့..ငါ့ကိုမပြောလာနဲ့နော်... အရပ်ပုသွားတာက အတိဒုက္ခကိုကျရှုံးသွားတဲ့ ဘေးထွက်ဆိုးကျိုးဆိုပြီး...

စုန်ချင်ရှစ်၏နှလုံးသားလေးလည်း ကွဲကြေသွားလေပြီ။ တစ်ယောက်ယောက်နှင့် မျက်နှာချင်းဆိုင်ရမှာပင် သူ့အတွက် အလွန်ရှက်ရွံ့နေတော့သည်။

အလွန်သနားချင့်စဖွယ်ပုံစံလေးဖြစ်နေသော သူ့သခင်အဖြစ်အား မြင်နေရသည့် ယွဲ့ဝူဟွမ်မှာ ရယ်ချင်သွားသော်လည်း ကိုယ့်ကိုယ်ကိုသာ ပြန်ထိန်းသိမ်းလိုက်‌ပေသည်။ သို့သော် သူ့နှုတ်ခမ်းထောင့်လေးများမှာ ကော့ညွှတ်တက်နေလျက် ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
" သခင်က ဆယ်နှစ်ကြီးများတောင် အိပ်ပျော်နေခဲ့တာလေ..."

စုန်ချင်ရှစ် သေမတတ်ထိတ်လန့်ရပါတော့သည်။ သူ့စကားသံများပင် ‌ထစ်ငေါ့လာချေသည်။
" ဆယ်နှစ်တောင် ? ဒါဆို , ငါ့...ငါ့ရဲ့..."

ယွဲ့ဝူဟွမ်က ခိုင်မာစွာဖြေကြားလိုက်သည်။
" သခင့်ရဲ့ကြွက်ဖြူလေးတွေအားလုံး နေကောင်းကျန်းမာကြတယ်... ကျွန်တော်သူတို့ကို ကောင်းကောင်းကျွေးမွေးထားတာလေ..အခုဆိုအကောင်ပေါက်လေးတွေလည်းအများကြီးပဲ..."

ထိုသို့ဆိုပြီးအခါမှသာ စုန်ချင်ရှစ်လည်း သူ၏အထိတ်တလန့်ငေးမောနေသောအခြေအနေမှ ရုန်းထွက်နိုင်ခဲ့တော့သည်။ သူ၏ပတ်ပတ်လည်ဝန်းကျင်ကို လေ့လာကြည့်လိုက်သောအခါ ရင်းနှီးနေသောနေရာဖြစ်နေမှန်း သိလိုက်ရသည်။ ယင်းမှာ သူ့အိပ်ခန်းအောက်၌တည်ရှိနေသော လျှိုဝှက်အခန်းသာဖြစ်တော့သည်။ အခန်းတွင်းမှပစ္စည်းများကို နေရာပြန်စီစဉ်ထားခြင်းသာ။ သေတ္တာအနည်းငယ်နှင့် ရိုးရိုးစားပွဲခုံတစ်လုံးပင် ရှိနေကြသည်။ စားပွဲပေါ်၌ မင်အိုးနှင့်မှင်တံတို့က နေရာတကျရှိနေကြသည်။ ဘေးစွန်း၌ သေသပ်ကျနစွာ အစီအရီစီထားသော စာအုပ်ပုံများကလည်း ၇ပုံ , ၈ပုံလောက်ရှိနေကြ‌ပေသည်။

သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားကြည့်ရာ ခြေချောင်းလေးများက စိုစွတ်နေသောဝါးခေါင်းအုံးနှင့် ထိမိသွား‌လေသည်။ ကြည့်ရသည်မှာ သည်နှစ်အချိန်များအတွင်း ယွဲ့ဝူဟွမ်သည် ဤနေရာ၌ပဲ အိပ်ခဲ့မည့်ပုံပေ။

သည်လိုနေရာက အိပ်ခန်းလို့ခေါ်ဖို့တောင် သေးနုပ်နေတယ်လေ... စာကြည့်ဖို့အတွက်ဆို ပိုတောင် မသင့်တော်သေးတယ်မဟုတ်ဘူးလား ?

စုန်ချင်ရှစ်လည်း မမေးဘဲမနေနိုင်တော့ချေ။
" ဒီနှစ်တွေထဲမှာ မင်း ကောင်းကောင်းကောအနားယူခဲ့ရဲ့လား ? "

ယွဲ့ဝူဟွမ်က ပြုံး၍ ပြန်ဖြေလေသည်။
" စိတ်မပူပါနဲ့... ကျွန်တော် ဒီနေရာမှာ အိပ်လေ့သိပ်မရှိပါဘူး..."

အဘယ်ကြောင့်ဆိုသော် ဤနှစ်ကာလအတောအတွင်း သူ အိပ်ခဲသည့်အချိန်က များသည်ကြောင့်ပေ။ သတိလစ်သွားချိန်ကသာ သူအနားယူမိသည့်အချိန် ဖြစ်၍နေ၏။

စုန်ချင်ရှစ်သည် သူ့အား အချိန်အတော်အတန်ကြာသည်အထိ စူးစိုက်ကြည့်နေသော်လည်း သူ့မျက်နှာပေါ်တွင် လိမ်ပြောသည့်အရိပ်အယောင်လုံးဝမရှိနေချေ။ သူ့ဘေးရှိ အိပ်ရာလေးမှာလည်း ၎င်းနေရာမှတစ်ကြိမ်သော်မျှမ‌ရွှေ့လျားဖူးထားကြောင်း ပြသလို့နေသည်။ ဤအကြောင်းအရာတစ်ခုလုံးနှင့်ပတ်သက်၍ သံသယဖြစ်ရာတစ်ခုခုရှိနေမှန်း ခံစားမိသော်လည်း ဘယ်အရာကမှားနေမှန်း သူစဉ်းစား၍မရပေ။ ယခုအချိန်၌ ယင်းကိစ္စကိုနောက်ပို့ထားရုံသာ တတ်နိုင်တော့သည်။

သူ၏ခန္ဓာကိုယ်ကို မြန်မြန်စစ်ဆေးကြည့်လိုက်ရာ မီးလောင်ခံထားရသည့်ညာဘက်ခန္ဓာကိုယ်တစ်ခြမ်းမှာ မူလပုံစံအတိုင်းပင် ပကတိပျောက်ကင်းလို့နေချေသည်။ တစ်ခုပင်.. သူသတိမမေ့စဉ်က သူ့ကိုယ်တွင်းရှိအဆိပ်မီးတောက်ကို ဝိဉာဉ်စွမ်းအင်အားလုံးဖြင့် ဖိနှိပ်ထားခဲ့သောကြောင့် အသစ်တဖန်ကြီးထွားလာကြသည့် မာရီဒန်များနှင့် သိပ်ကျင့်သားမရသေးသည်သာပေ။ ယင်းမှာ တသိမ့်သိမ့်တုန်ယီစွာ ခြောက်ကပ်ကပ်ခံစားချက်မျိုးနှင့် အနည်းငယ်လည်း နာကျင်နေ‌သည်။ သူ့လက်ချောင်းများမှာလည်း ထုံထိုင်းနေချေ၏။ အပြည့်အဝပြန်ကောင်းလာနိုင်ရန် အချိန်အချို့တော့ပေးရလိမ့်ဦးမည်။ အချိန်အတော်ကြာသည်အထိ စကားမပြောဖြစ်သောကြောင့် သူ့လည်ချောင်းမှာလည်း အနည်းငယ်တောင့်တင်းနေပေသည်။ သို့သော် ထိုသည်ကလွဲပြီး အားလုံးခြုံငုံကြည့်လိုက်လျှင် ပြင်းထန်သည့်ရောဂါလက္ခဏာကျန်နေခဲ့ခြင်းမျိုး မရှိပါပေ။

စုန်ချင်ရှစ်သည် မိုးကြိုးအတိဒုက္ခကျရောက်သောအချိန်ကို ပြန်လည်တွေးကြည့်လိုက်သည်။ သူ ယုံကြည်နိုင်ရန် ခက်ခဲနေသော်လည်း မဝံ့မရဲဆိုလိုက်လေသည်။
" ငါ့ကို ကုပေးခဲ့တာ မင်းလား? "

မိုးကြိုးအတိဒုက္ခကြောင့်ရခဲ့သောဒဏ်ရာများမှာ အလွန်ဆိုးရွားပြင်းထန်ခဲ့လိမ့်မည်။ ဒဏ်ရာအ‌ခြေအနေကလည်း ရှုပ်ထွေးခဲ့လိမ့်ဦးမည်။ အသက်ရှိနေသေးသည်ကပင် အလွန်အမင်းကံကောင်းခြင်းသာဖြစ်တော့သည်။ ရှုပ်ထွေးခက်ခဲသောဒဏ်ရာအခြေအနေများသည် ဆေးပညာသင်ကာစလူတစ်ဦး ကိုင်တွယ်ဖြေရှင်းနိုင်မည့်အရာမဟုတ်ပေ။ သူ၏တစ်ခုတည်းသောမျှော်လင့်ရာမှာ သူ့ဒဏ်ရာများသည်ထင်ထားသလောက်သိပ်မပြင်းထန်ဘဲ ရတနာစံအိမ်ထဲရှိ နတ်ဆေးလုံးများနှင့်သာ ယွဲ့ဝူဟွမ် သူ့အသက်ကို မျက်စိတစ်မှိတ်အတွင်း ကယ်တင်နိုင်လိုက်မည့်ဖြစ်စဉ်ကိုပေ။ ထိုသို့နှင့် သူနိုးထလာပြီး နောက်ပိုင်းဒဏ်ရာများကို သူ့ဘာသာ ဖြေးဖြေးချင်းကိုင်တွယ်ကုသလိုက်မည်။ သို့သော် ယွဲ့ဝူဟွမ်က သူလုံးဝနောက်လှည့်ကြည့်စရာမလိုအောင် သေချာကုသပေးထားမည့်ဖြစ်စဉ်ကိုတော့ မမျှော်လင့်ထားခဲ့...

" ကျွန်တော် အကြိမ်‌အများကြီး ကျရှုံးခဲ့တာပါ..."
ယွဲ့ဝူဟွမ်သည် ရှင်းပြနေရင်း သူ့နောက်ကျောဘက် မြေကြီးပေါ်ရှိ မီးကဲ့သို့‌ရဲတောက်နေသည့် နွယ်ပင်အချို့ကို ဆန့်တက်စေလိုက်ပြီး လက်ဆွဲသေတ္တာအား ကျွမ်းကျင်ပိုင်နိုင်စွာ ဖွင့်လိုက်ကာ အထဲမှ အသစ်ချပ်ချွတ်အင်္ကျီအသစ်တစ်ထည်ကို ထုတ်လိုက်လေသည်။ သူသည် ၎င်းကို လှမ်းပေးရင်း ပေါ့ပါးအေးဆေးစွာ ဆက်ပြောပြလိုက်သည်။
" ကျွန်တော် စာကြည့်တိုက်ထဲက စာအုပ်တွေတိုင်းကို ဖတ်ပြီး ကုသနည်းပေါင်းစုံကို စမ်းကြည့်ခဲ့ဖူးတယ်... အဲ့လိုနဲ့ နောက်ဆုံး လွန်ခဲ့တဲ့နှစ်,နှစ်က ကြွက်သားဖွံ့ဖြိုးဆေးလုံးကို သွေးပန်းမြတ်အမှုန့်နဲ့ လိုက်ဖက်အောင် ဝိဉာဉ်ဆေးရည်အဖြစ် သန့်စင်နိုင်ခဲ့တယ်... အဲ့တာနဲ့ သခင့်ရဲ့ရုပ်ခန္ဓာကို ကုသပေးနိုင်ခဲ့တာပါ... ဒါပေမဲ့ သခင်က မနိုးလာသေးဘူးလေ... ကျွန်တော်လည်း ရှိသမျှစာပေတွေအကုန်ဖတ်ပြီး ပြန်လေ့လာခဲ့တယ်... အဲ့မှာ ကျွန်တော်သတိထားမိလိုက်တာက သခင့်ရဲ့ဝိဉာဉ်ပြန်မပေါင်းစည်းနိုင်ရတဲ့ အချက်ကြောင့်ဖြစ်မယ်ဆိုတာပဲ... အဲ့တာကြောင့် ကွဲထွက်နေတဲ့ဝိဉာဉ်တွေကို ပြန်ပေါင်းစည်းနိုင်ဖို့ စိတ်ဝိဉာဉ်သဟဇာတဆေးပြားကို အသုံးချပြီး ရွှေရောင်အပ်နဲ့ ထိုးစိုက်ကုသပေးခဲ့တာပါ... အဲ့လိုကနေပဲ နောက်ဆုံးတော့ သခင်နိုးလာခဲ့တယ်လေ.. "

" ကျေးဇူးတင်ပါတယ်..."
စုန်ချင်ရှစ်သည် ဆေးလုံးများကို သန့်စင်လေ့ရှိသူဖြစ်သည့်အတွက် ဆေးအမယ်ပေါ်အခြေခံ၍ သန့်စင်ဆေးတစ်လုံးရအောင် မည်မျှအားစိုက်ထုတ်ရကြောင်း ကောင်းကောင်းနားလည်ပေသည်။ သူ့မိသားစုနတ်‌သားလေး၏ဉာဏ်ရည်ဉာဏ်စွမ်းကို ချီးကျူးချင်လွန်း၍ လိုက်ဖက်သည့်စကားလုံးများ စဉ်းစားနေစဉ်တွင် ရုတ်တရက် သူ့ဘေး၌ရှိနေသောနွယ်ပင်များကို သတိထားမိသွားတော့သည်။ သူ ၎င်းတို့အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
" သွေးဘုရင်နွယ်ပင် ? "

သွေးဘုရင်နွယ်ပင်သည် အလွန်အမင်းပူပြင်းသောမြေကြီးပေါ်၌သာ ရှင်သန်ပေါက်ရောက်ကြသည်။ ၎င်းသည် ရှားပါးသော မီးသတ္တိရှိအပင်တစ်မျိုးဖြစ်သည်။ ပါးနပ်လိမ္မာသောကိုယ်ပိုင်အသိစိတ်ရှိ အပင်မျိုးလည်းဖြစ်သည်။ အပင်ကြီးထွားလာသည်နှင့်အမျှ တောင်တစ်တောင်လုံးကိုပင် နေရာယူနိုင်သွားပြီး ၎င်းလမ်းပေါ်တွင်ပိတ်နေသမျှအရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်ကာ သူတို့၏အသွေးအသားကိုစုပ်ယူ၍ ဝိဉာဉ်များအထိ လောင်ကျွမ်းဖျက်ဆီးပစ်တတ်ကြသည့် သဘာဝရှိသည်။ ၎င်းနှင့်မိုင်၁၀၀ပတ်လည်အတွင်းရှိကြသည့် သက်ရှိအရာအားလုံး ညှိုးနွမ်းပျက်သုဉ်းသွားသည်အထိ သေကြေကြရသည်။

၎င်း၏ထိတ်လန့်တုန်လှုပ်စရာ ရှင်သန်ရေးလမ်းစဉ်ကြောင့်ပဲ ဝေးကွာလွန်းလှသည့်အတိတ်အချိန်များကတည်းက မျိုးသုဉ်းသွားကြပြီးဖြစ်ပေသည်။ ရံဖန်ရံခါအားဖြင့် သွေးဘုရင်နွယ်ပင်နှင့်လုပ်ထားသည့် မှော်ကိရိယာအသုံးအဆောင်များကို ဈေး၌ ရောင်းချမှသာ မြင်ရတတ်သည်။ သို့ရာ ယင်းပစ္စည်းများမှာလည်း သေဆုံးပြီးသားအကြွင်းအကျန်များ ဖြစ်ကြသောကြောင့် ၎င်းတို့၏စွမ်းအင်များမှာ အရည်အသွေးပြည့်မှီခြင်း သိပ်မရှိချေ။

" မနာပါဘူး သခင်ရဲ့.."
ယွဲ့ဝူဟွမ်သည် သွေးဘုရင်နွယ်ပင်ကိုထိန်းချုပ်၍ စုန်ချင်ရှစ်၏ပုခုံးပေါ်သို့ ကုတ်အင်္ကျီရှည်ကို ချိတ်တင်ပေးလိုက်သည်။ ထို့နောက် သူ အောက်သို့ငုံ့ကိုင်းလိုက်ကာ ခါးစည်းကြိုးကို ချည်နှောင်ပေးရင်း ဆက်ရှင်းပြလေသည်။
" ကျွန်တော် ဒီဟာကို လျှို့ဝှက်နယ်မြေသွားတုန်းက မတော်တဆ ပိုင်ဆိုင်မိသွားတာပါ... သွေးဘုရင်နွယ်ပင်က ပျိုးပင်ပေါက်‌လေးပဲရှိသေးတယ်... ပြီးတော့ သူ့ရဲ့ရုပ်ခန္ဓာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်ကဆုံးရှုံးခဲ့ရပြီး စိတ်ဝိဉာဉ်အဖြစ်နဲ့ အကာအကွယ်စည်းထဲမှာ ချိတ်ပိတ်ခံထားရတာလေ... သူက အနားကပ်ချင်တဲ့ပုံပြလာတော့ ကျွန်တော်လည်း ကျွန်တော့်ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သွားပါစေတော့ဆိုပြီး အဲ့တာကို ကျွန်တော့်ဝိဉာဉ်ထဲ ထည့်သွင်းသန့်စင်ဖို့ ဆုံးဖြတ်လိုက်တာ... ကျွန်တော် တကယ်ကြီးအောင်မြင်သွားလိမ့်မယ်လို့တောင် မတွေးမိဖူးဘူး..."

ရှေးဟောင်းစာပေများထဲတွင် သွေးဘုရင်နွယ်ပင်ကို ယဉ်ပါးသန့်စင်အောင်လုပ်သည့် နည်းလမ်းအမျိုးမျိုးရှိသလို ကြိုးပမ်းမှုအ‌ထွေထွေများကိုလည်း မှတ်တမ်းတင်ထားပေသည်။ သို့သော် အမည်မသိရသောဒဏ္ဍာရီလာရှန်းကျွင်းတစ်ဦး၏ အောင်မြင်ခဲ့သည့်ဖြစ်စဉ်တစ်ခုသာရှိခဲ့သည်။ ယွဲ့ဝူဟွမ်သည်လည်း မဆင်မခြင်လုပ်တတ်သူတစ်ဦးမဟုတ်ချေ။ အဆင့်ကျော်တက်ပြီးကျရောက်လာသော မိုးကြိုးအတိဒုက္ခကို ခံစားခဲ့ရသော်လည်း , သူ၏ကိုယ်လုံး‌ကိုယ်ပေါက်မှာ သာမန်အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများထက် ပို၍သန်မာသော်လည်း ယခုကိစ္စမှာကား အခြေတည်ဝိဉာဉ်ကျင့်ကြံဆင့်ရောက်ပြီးသူများပင် မစမ်းကြည့်ရဲသော အန္တရာယ်များလှသည့် အရာဖြစ်လို့နေသည်... ဒါပေမဲ့ တခြားရွေးချယ်စရာမရှိတော့သည်ကလွဲရင်ပေါ့...

စုန်ချင်ရှစ်သည် သူမေးချင်သောမေးခွန်းများမှာ ဗိုက်ထဲအပြည့်ရှိနေသော်လည်း ၎င်းတို့ကို မည်သို့စမေးသင့်မှန်း မသိတော့ပါချေ။ မေးလျှင်လည်း အဖြေမှန်ရမည်မဟုတ်သည်ကို သူသိလို့နေ၏။

ဆယ်နှစ်တာကာလအတွင်း အရာတော်တော်များများ ဖြစ်ပျက်သွားခဲ့ကြသည်။

သူနလန်ထူပြီးနောက်မှသာ ယင်းကိစ္စများကို ဖြည်းဖြည်းချင်းစုံစမ်းရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။

စုန်ချင်ရှစ် ရှေ့သို့ခြေလှမ်းလိုက်သည်ဆိုလျှင်ပဲ သူ့ခန္ဓာကိုယ်မှာ ဟန်ချက်ပျက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏ဘယ်ဘက်တစ်ခြမ်းမှာ ‌မည်သည့်အားအပိုကိုမှ မလွှတ်ထုတ်နိုင်အောင် ထုံထိုင်းပျော့ပျောင်းလို့နေချေ၏။ သူ့တစ်ကိုယ်လုံး ရှေ့သို့ ယိုင်ကျသွားသဖြင့် ယွဲ့ဝူဟွမ်၏လက်မောင်းများကြားထဲသို့ တင်းကြပ်မြဲမြံစွာ အဖက်ခံလိုက်ရပြန်တော့သည်။

ယခုအခြေအနေမှာ သူ့အတွက်ယာယီသာဖြစ်မှန်း သိနေသော်လည်း လုံးဝဖျောက်လို့မရသည့် အားကောင်းသောအရိပ်မည်းကြီးက သူ့အပေါ် ကြီးစိုးလျက်ရှိနေတုန်းပင်။ သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်းထိန်းချုပ်နိုင်စွမ်းကင်းမဲ့လာသည့်အချိန်ကာလများသို့ ပြန်ရောက်သွားသည့်အတိုင်းပေ။ သူသည် ရုပ်ပိုင်းဆိုင်ရာနာကျင်မှုဒဏ်ကို လုံးဝမကြောက်သော်လည်း သူ့အသွေးအသားထဲအထိထုံကျင်ပျော့ညံ့နေသည့်ယခုလိုခံစားချက်မျိုးကိုတော့ အလွန်တရာကြောက်ရွံ့မိဆဲပေ။

သူသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း မည်သည်ကိုမှ ပြောမထွက်ရဲခဲ့။ ယွဲ့ဝူဟွမ်သည် သူ့အတွက် အရာအားလုံးလုပ်ပေးခဲ့ပြီးပြီ။ ယခုလိုစိတ်ဒဏ်ရာအသေးစားလေးနှင့် သူ့အားပြဿနာမပေးသင့်တော့ချေ။ ၎င်းကိစ္စနှင့်ပတ်သက်၍ သူ့ကို ထပ်ပြီး မစိုးရိမ်ခိုင်းစေချင်တော့။ သို့ရာ မည်သည့်အကြောင်းကြောင့်မှန်းမသိ ယွဲ့ဝူဟွမ်၏ဝတ်ရုံစအား တင်းကြပ်ခိုင်မြဲစွာဆုပ်ကိုင်ထားသည့် သူ့လက်များကိုတော့ မလွှတ်ချနိုင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ပို၍တောင့်တင်းလာသည်နှင့်အမျှ ဆုပ်ကိုင်ထားသောအားမှာလည်း ပို၍ကျပ်တည်းလာသလို ပို၍ကျပ်တည်းစွာဆုပ်ကိုင်မိတိုင်း သူ ပို၍လည်း ကြောက်ရွံ့လာချေတော့သည်။ ကြွက်သားများသည် နှစ်ပေါင်းများစွာ စိတ်ဝိဉာဉ်အာဟာရဓာတ်ဖြည့်တင်းခြင်းမခံခဲ့ရသည့်အတွက် တဖြည်းဖြည်း အကြောဆွဲလာခြင်းသာ ဖြစ်တော့သည်။

ယွဲ့ဝူဟွမ်သည် သူ့သခင်နှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေမှန်း သ‌တိထားမိသွားသည်။ ထို့ကြောင့် သူ့‌လက်မောင်းများထဲ မြန်မြန်‌ဆန်ဆန်ပွေ့ချီလိုက်ကာ လျှို့ဝှက်အခန်းထဲမှ ထွက်လာ‌တော့သည်။

အိပ်ခန်း၏ဖွဲ့စည်းပုံမှာ ယခင်ကအတိုင်း ပြောင်းလဲခြင်းမရှိချေ။ အိပ်ရာအိပ်ခင်းများကို လျှော်ဖွတ်သန့်စင်၍ ပုံမှန်လှဲလှယ်နေကြမြဲ လှဲလှယ်ထားသဖြင့် ရင်းနှီးကျွမ်းဝင်သော ဆေးရနံ့သင်းသင်းလေးပင် ပျံ့နှံ့လို့နေသည်။

ယွဲ့ဝူဟွမ်သည် သူ့အား အလွန်နူးညံ့သိမ်မွေ့စွာ ဂရုတစိုက် နေရာချပေးလိုက်သည်။ နွယ်ပင်များကို မှန်တင်ခုံပေါ်မှ ကျောက်စိမ်းဆံထိုးအား သွားယူခိုင်းလိုက်သည်။ သူ့ခြေဖဝါးရှိ အပ်စိုက်ကွက်များနှင့် မာရီဒန်များကို အာရုံစူးစိုက်၍ ဂရုတစိုက် ဖိနှိပ်ပေး‌ရင်း ပျော့ပျော့ပျောင်းပျောင်းနှစ်သိမ့်ပေးလိုက်လေသည်။
" အဆင်ပြေတယ်... စိတ်ကိုလျှော့ပြီး အသက်ပြင်းပြင်းရှူထုတ်လိုက်... သခင် ကိုယ်လက်မလှုပ်ရှားမိတာ ‌နှစ်ပေါင်းအတော်ကြာသွားလို့ပါ... ဒီအခြေအနေကပုံမှန်ပဲ တစ်အောင့်ကြာရင် ပြန်အဆင်ပြေသွားမှာ... ကျွန်တော်လည်း နေ့တိုင်း သခင့်ရဲ့ခြေလက်တွေကို အချိန်ကြာကြာနှိပ်နှယ်ပေးပါမယ်... အလွန်ဆုံးနေမှ လဝက်လောက်ပဲရယ် , အဲ့အချိန်လောက်ဆို သခင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါပြီ..."

" အွန်း..."
စုန်ချင်ရှစ် ရှက်ရွံ့လာ‌တော့သည်။ သူ့နားရွက်လေးများပင် နီစွေးလာချေ၏။ သူ့ကိုယ်သူငှက်ကုလားအုတ်အဖြစ်ပြောင်းလိုက်ပြီး ငှက်မွှေးတောင်များအောက် မြှုပ်နှံမိချင်စိတ်တောင် ပေါက်သွားတော့သည်။

ယွဲ့ဝူဟွမ်ရယ်လိုက်ပြီး ပြောလာသည်။
" ကုသရေးသမားတွေက ကိုယ့်ကိုယ်ကို ကုသလေ့မရှိပါဘူး... အဲ့တာ‌ကြောင့် မ...စိုးရိမ်ပါနဲ့ သခင်ရယ်..."

ငါ့ကို 'ရှက်'စရာမလိုဘူးဆိုပြီး ပြောချင်တာမလား? စုန်ချင်ရှစ်၏နားရွက်လေးများမှာ ပို၍ပင် နီမြန်းလာတော့သည်။ အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ချေပသည်။
" ငါဒဏ်ရာရတဲ့အချိန်တိုင်း ငါ့ကိုယ်ငါပဲ အားကိုးပြီး ကုသခဲ့တာပါနော်..."
သည်ဘက်လောက၏ 'သူ' သည် သူငယ်ချင်းလုံးဝမရှိသောသူဟုပင် ဆို၍ရသည်။ သူ ဒဏ်ရာရချိန်တိုင်း သူ့ကိုယ်သူသာ မှီခိုနိုင်သည်။ အရာအားလုံးကို သူကိုယ်တိုင်သာ ပြီးမြောက်အောင် ဖြေရှင်းလေ့ရှိသည်။
" တကယ်ပြောတာ , လျှို့ဝှက်နယ်မြေသွားတုန်းက ငါ့လက်တစ်ဖက်လုံးပြတ်ထွက်သွားတာ ... အိမ်ပြန်ရောက်တော့ အဲ့တာကို ငါ့ဘာငါ ပြန်ချုပ်ဆက်ပြီး ကုသခဲ့တာ... ငါကလေ နာကျင်ရမှာကို တစ်စက်မှကြောက်တတ်တဲ့သူမဟုတ်ဘူး ! "

ဤအခြေအနေဖြစ်လာလိမ့်မည်ဟု သူလည်းမမျှော်လင့်ထားပေ။ သူက ပုံမှန်ဆိုရင် ယောက်ျားဆန်တဲ့စိတ်ဓာတ်အပြည့်နဲ့ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တဲ့သူပါနော် ! တကယ်လို့ အရမ်းနာကျင်ရတယ်ဆိုရင် မျက်ရည်မထွက်အောင်တော့ သူ့ကိုယ်သူမထိန်းထားနိုင်ပေမယ့် အရာအားလုံးကို အရင်ဆုံးဖြေရှင်းပြီးမှ ငိုတတ်တဲ့သူပါ...

ယွဲ့ဝူဟွမ်သည် နှိပ်နယ်ပေးနေရင်း ခေတ္တမျှရပ်တန့်မိသွားပေသည်။ သူ့မျက်လုံးများကို ပင့်တင်လျက် စိုက်ကြည့်လိုက်ကာ လေးနက်စွာပြောလာခဲ့သည်။
" ကျွန်တော်ရှိနေသမျှ ဒါတွေအားလုံးကို သခင်တစ်ယောက်တည်း ဖြေရှင်းဖို့လိုမှာ မဟုတ်တော့ပါဘူး..."

စုန်ချင်ရှစ်သည် အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်မှ ရှက်ရွံ့စွာ ခေါင်းငြိမ့်လိုက်လေသည်။
" အင်းပါ..."

ယွဲ့ဝူဟွမ်သည် မည်သည့်စကားမှထပ်မဆိုတော့ဘဲ သူ့သခင်၏ကြွက်သားများပြေလျော့လာစေရန်၌သာ အာရုံစူးစိုက်ထားတော့သည်။ ပြတင်းတံခါးမှ ဖြတ်သန်းတိုးဝှေ့လာသည့် အေးမြမြလေ‌ပြေညှင်းထဲ၌ ပန်းရနံ့သင်းသင်းလေးပါ ရောယှက်ပါလာချေသည်။ ကမ္ဘာလောကကြီးမှာ သူမ၏အသံပျောက်ဆုံးသွားသည့်အလား တိတ်ဆိတ်ငြိမ်သက်လွန်းနေကာ သူတို့နှစ်ဦး၏ အသက်ရှူသံဖျဖျသာ ကြားနေရသည်။ စုန်ချင်ရှစ်သည် သူ့‌အရှေ့မှ လူသားလေးအား ကြည့်နေခဲ့သည်။ ရုတ်တရက် သူနှင့်ပတ်သက်ပြီးဘာကထူးခြား‌နေမှန်း သတိထားမိသွားတော့သည်။ သူ၏ကိုယ်စိတ်သဘောထားကအစ အလုံးစုံပြောင်းလဲသွားခြင်းသာ ဖြစ်တော့ပေတည်း။

မူလယွဲ့ဝူဟွမ်မှာ ကောက်ယူမိသည်နှင့် လက်ကိုထိုးဖောက်ရန်အသင့်ဖြစ်နေသည့် ဆူးခက်အပြည့်နှင့် တင့်တယ်လှပစွာ ငွားငွားစွင့်စွင့်ပွင့်လန်းနေသော ပန်းတစ်ပွင့်အလားပင်။ သို့သော် ယခု ယွဲ့ဝူဟွမ်သည် ထက်မြက်သောဓားတစ်လက်အလား မည်သည့်အတားအဆီးကိုမဆို ထိုးဖောက်ခုတ်ထွင်းနိုင်မည့်သဏ္ဍာန်နှင့် သူ၏ရုပ်ရည်သွင်ပြင်မှာ ဖျတ်လတ်တက်ကြွသောစိတ်ခွန်အားများနှင့်ပြည့်နှက်နေတော့သည်...

သူ သက်တောင့်သက်သာရှိလာသည်နှင့်အမျှ ကြွက်သားများထုံထိုင်းပျော့ခွေနေခြင်းမှာလည်း ဖြည်းဖြည်းချင်း ပျောက်ကင်းလာတော့သည်။ စုန်ချင်ရှစ်သည် သူ့လက်ချောင်းလေးများကို လှုပ်ရှားကြည့်လိုက်သည်။ သူ ဆက်လှုပ်ရှားလို့ရသွားမှန်း သေချာသွားတော့မှ ထပ်ပြီးအတွေးမလွန်မိစေရန် သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး နောက်ပိုင်းလေ့ကျင့်ခန်းအချိန်မှသာ ယင်းကိစ္စကို ပုံအပ်ထားရန် ဆုံဖြတ်လိုက်တော့သည်။

သူသည် ယွဲ့ဝူဟွမ်၏အလွန်တရာသိမ်မွေ့လှပသော မျက်နှာလေးကို ငေးစိုက်ကြည့်နေရင်း အရေးကြီးလှသည့်တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရမိလိုက်သည်။
" သည်နှစ်တွေအတွင်း မင်းအပြင်ထွက်ရင် ဘယ်လိုထွက်လဲ ? ရုပ်ပြောင်းဂါထာသုံးပြီး‌တော့လား ? ငါက ဘယ်လိုသ‌ဘောနဲ့မှရည်ရွယ်ပြီး မေးတာမဟုတ်ပါဘူး , ဒီအတိုင်း... အမတကမ္ဘာမှာ လူဆိုးတွေအများကြီးရှိတယ်လေ... ငါကိုယ်တိုင်တောင်မှ ငါ့ရုပ်ရည်‌ကြောင့် လွယ်လွယ်အနိုင်ကျင့်လို့ရတယ်ဆိုပြီး ထင်ကြတဲ့ကောင်တွေရဲ့ အဓမ္မပြန်ပေးဆွဲဖို့ ကြိုးစားဖူးတဲ့ အဖြစ်တွေ အများကြီးကြုံဖူးတယ်..."

ဤကဲ့သို့သောအရာများကို အမြဲတမ်းကြုံရလေ့ရှိသည်။ သူအပြင်ထွက်တိုင်း သူ့ကို ဆေးခတ်ပြီးသတိမေ့အောင်လုပ်ချင်ကြသူများ သို့မဟုတ်လည်း သူ့အား လိမ်လည်လှည့်ဖျားပြီး အတင်းဓမ္မပြန်ပေးဆွဲဖို့ကြိုးစားကြသူများက အမြဲရှိနေတတ်သည်။

သူသည် အရက်စက်ဆုံးနည်းလမ်းများနှင့် ထိုကောင်များကို ရှင်းထုတ်ခဲ့ပြီး သူ့အကြောင်းမကောင်းသတင်းများ ပျံ့နှံ့ပြီးချိန်မှသာ ယင်းအခြေအနေမှာ ကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲသွားတော့သည်။

" သခင် သည်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတာက သခင့်ကိုယ်ထဲက ရေအမျိုးအစားသီးသန့်ဝိဉာဉ်စွမ်းအင်ကြောင့်ပါ..."
ရောဂါရှာဖွေကုသစဉ်အတောအတွင်း ယွဲ့ဝူဟွမ်သည် စုန်ချင်ရှစ်၏ခန္ဓာကိုယ်ထဲမှ မီးတောက်အမျိုးအစားနှစ်မျိုးမှာ ပုန်းကွယ်စွာတည်ရှိနေကြသော်လည်း သူ၏စိတ်ဝိဉာဉ်မြစ်ကြောမှာ ဆန့်ကျင်ဘက်ဖြစ်စွာ ရေအမျိုးအစားဖြစ်လို့နေမှန်း တွေ့ရှိခဲ့လေသည်။ သူသည် မီးတောက်များကို အအေးဓာတ်စွမ်းအင်နှင့် ဖိနှိပ်ထားပြီး သူ၏အဆိပ်စွမ်းအင်နှင့်ပေါင်းစပ်လိုက်သည့်အတွက် တကယ့်ကို မျက်စိဖမ်းစားစရာ ကိုယ်နေဟန်ထားဖြစ်လာတော့သည်။

သို့သော် သာမန်ကျင့်ကြံသူများ၏မျက်လုံးထဲတွင် ရေတစ်မျိုးတည်းသီးသန့်စွမ်းအင်ရှိသူများအား တိုက်ခိုက်ရေး၌ လွန်စွာအားနည်းသောသူများအဖြစ်သာ မြင်ကြပေသည်။ အားကောင်းသူများမှာလည်း လွန်စွာရှားပါး၍ အနည်းအကျဉ်းသာရှိကြသည်။ သူတို့၏အသုံးဝင်ဆုံးသောလုပ်ဆောင်ရည်ကို ပြောရမည်ဆိုလျှင် နှစ်ကိုယ်ယှဉ်တွဲကျင့်ကြံရာ၌ပေ။ ဒါမှမဟုတ်လည်း သူတို့အား အကောင်းဆုံးသော ကျင့်ကြံရေးမီးပြင်းဖိုများအဖြစ် ပြောင်းလဲသန့်စင်နိုင်ကြသေးသည်။

အကယ်၍ စုန်ချင်ရှစ်သာ တခြားသူများသူ့အပေါ်မျက်စိမလွှဲနိုင်‌လောက်အောင် ယခုလို ထူးခြားသည့်ကိုယ်နေဟန်ထားဖြင့် လုံလောက်အောင်သန်မာခြင်းမရှိခဲ့ပါလျှင် သူ့ကိုစောင့်ကြိုနေမည့်အရာမှာ ယွဲ့ဝူဟွမ်ဖြတ်သန်းခဲ့ရသည်နှင့်ဆင်တူသော သေဆုံးခြင်းကသာပိုကောင်းမည့်ငရဲနေရာသာ ဖြစ်လိမ့်မည်။

ထိုနတ်ဆိုးကျင့်ကြံသူများ၏ စုန်ချင်ရှစ်ခန္ဓာကိုယ်ပေါ် တိုက်ရိုက်ကျရောက်နေသည့်ညစ်ညမ်းအတွေးများကို စဉ်းစားမိသည်နှင့် ယွဲ့ဝူဟွမ်မှာ လွန်စွာရွံရှာလာရကာ အပြင်ထွက်ပြီး တစ်ယောက်ယောက်အား သတ်ဖြတ်ချင်စိတ်ပင် ပေါက်လာတော့သည်။ သူ သတိပေးလိုက်သည်။
" အနာဂတ်မှာ သခင့်ရဲ့စိတ်ဝိဉာဉ်စွမ်းအင်ကို ဘယ်သူ့ကိုမှ ပြောပြလို့မဖြစ်ဘူးနော်... အဲ့တာအပြင် တစ်ယောက်ယောက်ရဲ့ စကားချိုချိုသာသာလေးတွေကိုလည်း ယုံလို့မရဘူး... တစ်ယောက်ယောက်ရဲ့ ကျင့်ကြံရေးလက်တွဲဖော်ဖြစ်လာဖို့တို့ မဟုတ်လည်း နှစ်ကိုယ်ယှဉ်တွဲကျင့်ကြံဖို့ဆိုပြီး စေ့စပ်ကြောင်းလမ်းလာတာမျိုးဆိုရင် မဆင်မခြင်လက်မခံရဘူးနော်..."

စုန်ချင်ရှစ်က လေး‌လေးနက်နက် သဘောတူလိုက်သည်။ သို့ရာ သူ့ရဲ့စိတ်ဝိဉာဉ်စွမ်းအင်အမျိုးအစားက ကျင့်ကြံရေးလက်တွဲဖော်ရှာသည့်ကိစ္စနှင့် မည်သို့သက်ဆိုင်နေမှန်း နားမလည်‌နေချေ။ မည်သို့ပင်ဆိုစေ နှစ်တစ်ထောင်ကြာပြီးသွားတာတောင် သူနှင့်လိုက်ဖက်တဲ့သူကို ရှာမတွေ့နိုင်သေးသည့်အတွက်  ဤအကြောင်းမှာ ပြဿနာမကြီးလောက်ဟု ဆိုနိုင်လောက်သည်ပေ။

သူဆေးကျောင်းသားဘဝက သူ့စီနီယာများသည် အချိန်နှင့်အမျှ စာဖတ်ဖို့ ပုစ္ဆာများဖြေရှင်းဖို့ သုတေသနများလုပ်ဖို့သာ ခေါင်းထဲရှိသော သူ့လိုဆေးပညာ၏သစ္စာရှိခွေးတစ်‌ကောင်အနေနှင့် သူနာမကျန်းမဖြစ်ခဲ့လျှင်တောင်မှ ကောင်မလေးတော့ ဘယ်တော့မှရမည်မဟုတ်ဟုဆိုပြီး စနောက်ခဲ့ဖူးသည်။

ထိုအချိန်တုန်းက သူ အနည်းငယ်ပင် စိတ်ဓာတ်ကျသွားမိသည်။ အကယ်၍... အကယ်၍ သူမှာသာ ကြိုက်နှစ်သက်ရသည့် တစ်ဦးတစ်ဦးရှိလာခဲ့ရင် သူ့စီနီယာအစ်ကိုများထက် သူတို့ရဲ့ဖိနပ်ကို လျှက်ပေးရာ၌ သူက ပိုကျွမ်းကျင်မှာ သေချာသည် ! ရေနွေး‌လေးအရံသင့်ပြင်ထားပေးမည် , မနက်စာ‌ဝယ်ပေးမည် , သူ၏ငွေကတ်ကိုပင် လက်လွှဲပေးလိုက်မည်အထိ သူအနွံတာခံနိုင်သည် !

ယွဲ့ဝူဟွမ်သည် သူ့သခင်မှာ အပြင်သို့ထွက်လေ့သိပ်မရှိသဖြင့် ဤသို့နှယ်ယုတ်မာသောစိတ်သဘောထားများကို နားလည်လိမ့်မည်မဟုတ်မှန်းအား သိနေခဲ့သည်။ သူ့သခင်၏နှလုံးသားကိုလည်း မညစ်ညမ်းစေချင်မိပေ။ ယင်းအကြောင်းအရာများကို သူ့သခင်အား နောက်ပိုင်းမှသာ ဖြည်းဖြည်းချင်းသင်ခန်းစာပို့ချတော့မည်။ စောနက မေးထားသောမေးခွန်းကို သူပြန်ဖြေလိုက်သည်။
" ကျွန်တော့်က သခင်ပေးထားတဲ့ အေးခဲကျောက်စိမ်းကျင့်စဉ်နဲ့ အဆိပ်ထိန်းချုပ်နည်းလမ်းတွေကို လေ့ကျင့်ခဲ့တာပါ... အခု ကျွန်တော်ရဲ့ ဝိဉာဉ်စွမ်းအင်နဲ့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိန်းချုပ်နိုပြီလေ..."

သူ၏ ကိုယ်တွင်း‌သွေးပတ်လမ်းကြောင်းထဲ အဆိပ်အတောက်များကို လှည့်ပတ်စေလိုက်ရာ သူ၏အပေါ်မျက်နှာတစ်ခြမ်း၌ အရောင်အဆင်းစုံလင်လှသည့် ကြောက်စရာကောင်းလှသောအမှတ်ရာများစွာ ပေါ်လာခဲ့ချေသည်။ သူ၏နှဖူးပြင်တစ်ခုလုံးအပြင် ,  သူ့မျက်လုံးတစ်ဝိုက် , နှာခေါင်းပေါ်နှင့် ပါးပြင်များအထိပါ ထိုအမှတ်ရာများက ကစဉ့်ကလျားပျံ့နှံ့စွာ ရှိနေကြတော့သည်။ သူ၏ရွှန်းစိုလှပသည့်မျက်ရည်ခံမှည့်ကိုပင် ဖုံးကွယ်သွားပြီး အလှတရားများအားလုံးလည်း ပျက်စီးသွားချေသည်။ သူ့မျက်နှာ၏အောက်အခြမ်းသာ မူလသွင်ပြင်အတိုင်း မပျက်မရွင်းကျန်ရှိနေသည်မှာ မြင်ကွင်းတစ်ခုလုံးအား ဝမ်းနည်းကြေကွဲစရာကောင်းလောက်အောင် ရုပ်ဆိုးအကျည်းတန်လွန်းသည့်တစ်ဖက်ခြမ်းနှင့် နှိုင်းယှဉ်ဖော်ပြထားသကဲ့သို့ ဖြစ်နေတော့သည်...

စုန်ချင်ရှစ် အံ့ဩသွားသည်။
" နတ်ဆိုးမျက်နှာဖုံးမြွေအဆိပ် ? "

" အွန်း , သခင့်ရဲ့ မီးတောက်ကိုဖိနှိပ်တဲ့နည်းစဉ်ကို အတုယူပြီး ဖန်တီးနိုင်ခဲ့တာပါ..."
ယွဲ့ဝူဟွမ်က ပျော်ရွှင်စွာ ပြုံးနေသည်။
" ကျွန်တော် နတ်ဆိုး‌မျက်နှာဖုံးမြွေရဲ့အဆိပ်ကိုထုတ်ပြီး‌တော့သန့်စင်လိုက်တယ်.. အဲ့တာကို တခြားဆေးမှုန့်အချို့နဲ့ ရောစပ်ပေါင်းထည့်လိုက်ပြီး ကျွန်တော့်မျက်နှာပေါ် ပေါ်အောင်လုပ်ထားတာ... အဲ့နည်းလမ်းသုံးထားတော့ ကျွန်တော်တစ်ခုခုဖြေရှင်းစရာပေါ်လို့အပြင်ထွက်တိုင်း တခြားသူတွေကို အထိတ်ထိတ်အလန့်လန့်ဖြစ်သွားစေခဲ့တယ်... ဒါပေမဲ့လည်း ပြဿနာတွေအားလုံးကို တစ်ခါတည်းရှင်းထုတ်လိုက်နိုင်ခဲ့ပါတယ်... သခင်လေးဝူဟွမ်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပါတယ်ဆိုတဲ့သတင်းပြန့်ပြီးတာနဲ့ ကျွန်တော်လည်း ပိုပြီးလုံခြုံလာခဲ့ရော..."

စုန်ချင်ရှစ်သည် သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး ၎င်းအမှတ်ရာများကို ထိတွေ့ကြည့်လိုက်သည်။ သူ့အသားအရည်မှာ လွန်စွာချောမွတ်နေပြီး မူလအသားအရည်အားထိတွေ့နေရသည့်ခံစားချက်နှင့် သိပ်မကွာပေ။

ယွဲ့ဝူဟွမ်သည် အဆိပ်အတောက်များကို ဆက်လက်ပျံ့နှံ့ထားစေလိုက်သည်။ သူ့အပြုံးမှာ မပျောက်သွားသေးချေ။
" တကယ်လို့ တစ်ယောက်ယောက်က သံသယရှိတဲ့ အတွေးတစ်ခုခုဝင်လာခဲ့ပြီဆိုရင် ကျွန်တော့်ရဲ့ အဆိပ်အတောက်ထိန်းချုပ်တဲ့ ဝိဉာဉ်စွမ်းအင်တွေအားလုံးကို လွှတ်ချလိုက်ပြီး တကယ့်နတ်ဆိုးမျက်နှာဖုံးမြွေအဆိပ်ကို ကျွန်တော့်တစ်ကိုယ်လုံးပေါ် ပျံ့ခိုင်းလိုက်ပြီး သူ့ကိုလုံးဝစိတ်ပျက်သွားအောင် လုပ်ပစ်မှာပါ..."

စုန်ချင်ရှစ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်ရာများကို ကြည့်နေရင်း သူ၏စိတ်ထဲ၌ အနည်းငယ်မျှနာကျင်သွားရသည်။ သို့သော်ငြား ရုပ်ဖျက်ခြင်းထက်စာလျှင်တော့ ယင်းမှာ အသင့်တော်ဆုံးနည်းလမ်းဖြစ်နေသည်ကို သူဝန်ခံရပေလိမ့်မည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆိပ်အတောက်များမှာ ယုတ်ညံ့သောအတွေးမှန်သမျှအား အဆုံးသတ်ပေးနိုင်‌လေသည်။ ထို့အပြင် လှပသောအရာများအား ပြောင်မြောက်စွာဖျက်စီးပြီးသည်နှင့်တစ်ပြိုင်နက် လူတစ်ချို့၏ကရုဏာပိုသော သနားစိတ်များမှာ နိုးကြွလာတတ်တော့သည်။ အနည်းဆုံးတော့ သူတို့တွေသည် သူ့အရှေ့၌ ထိုသို့မသတီစရာမြင်ကွင်းများကို တွေးမကြည့်နိုင်ကြတော့သလို သူ့အတိတ်ကိုခုတုံးလုပ်ပြီးလည်း သူအားအရှက်ခွဲတော့မည် မဟုတ်တော့ချေ။ သို့ရာ မြင်လိုက်သည်နှင့် စက်ဆုပ်, ရွံရှာ, ထိတ်လန့်ဖွယ်ဖြစ်သွားရမည့် မျက်နှာမျိုးကတော့... သာမန်လူများ ခံနိုင်ရည်ရှိလောက်မည့် ကိုယ့်ကိုယ်ကိုရက်စက်မှုမျိုး မဟုတ်ပါပေ...

" ကျွန်တော်တော့ ဒီမျက်နှာကို ဂရုမစိုက်ပါဘူး... ဒီမျက်နှာမပါရင်တောင်မှ လူတွေက ကျွန်တော့်ရဲ့တခြားအရည်အချင်းတွေကို မြင်နိုင်သေးတာပဲလေ... ပြီးတော့ သခင်စိတ်မ‌ကောင်းဖြစ်မှာစိုးလို့ ကျွန်တော့်ရဲ့မျက်နှာကို လုံးလုံးမဖျက်စီးခဲ့ပါဘူး..."
ယွဲ့ဝူဟွမ်သည် သူ့သခင်၏သဘောထားကို နားလည်သည့်အတွက် အဆိပ်အတောက်များကို ပြန်လည်ဖယ်ရှားလိုက်လေရာ သူ၏လှပသောမျက်နှာလေးမှာ ပြန်လည်ပေါ်လာခဲ့ချေသည်။ သူ၏ဖီးနှစ်သဏ္ဍာန်မျက်ဝန်းအိမ်များထဲ၌ ချစ်ခင်ကြင်နာမှုတို့က ယိုဖိတ်လျက်...
" သခင်က ကျွန်တော့်ရဲ့ဒီမျက်နှာကို ကြိုက်တယ်ဆိုရင် အခုအချိန်ကစပြီး သခင့်တစ်ယောက်တည်းကိုပဲ ပြမယ်လေနော် , ရမယ်မလား ?.. "

အနီရောင်နွယ်ပင်သည် စုန်ချင်ရှစ်၏ခြေထောက်တစ်ဝိုက်ကို ရစ်ပတ်လာချေသည်။ ၎င်းမှာ ဟိုမှသည်သို့ လူးလာယိမ်းနွဲ့လျက် အလိုလိုက်ခံထားရသည့်ကလေးတစ်ယောက်အလား ပြုမူလှုပ်ရှားနေတော့သည်။

" ကောင်းပြီ "
စုန်ချင်ရှစ်လည်း သဘောတူလိုက်ပြီး ချက်ချင်းလက်ငင်း ချီးကျူးစကားဆိုလိုက်သည်။
" ဝူဟွမ်ရဲ့ရုပ်ရည်က အလှဆုံးပဲ ! "

ယွဲ့ဝူဟွမ်မှာ အလွန်တရာပျော်ရွှင်ဝမ်းမြောက်သွားကာ လှိုက်လှိုက်လှဲလှဲရယ်မောလိုက်ပေသည်။

သူထရပ်လိုက်ပြီး ရေစက်များကြောင့် ရွှဲစိုသွားသောအဝတ်များကိုချွတ်လိုက်ကာ အနီရောင်ပိုးကတ္ထီပါချည်ထိုးဝတ်ရုံရှည်ကို ကိုယ်၌ချပ်ကပ်စွာ ဝတ်ဆင်လိုက်သည်။ သူ၏ခါးပတ်လည်ကို ပါးလွှာသောရွှေရောင်ကြိုးမျှင်လေးနှင့် စည်းနှောင်လိုက်သည်။ ဤနှစ်တာကာလများအတွင်း ဓားသိုင်းကျင့်စဉ်ကိုသာ လေ့ကျင့်ခဲ့သည့်အတွက် ယခင်ကသူ၏နူးညံ့အားနည်းသောရုပ်ရည်သွင်ပြင်မှာ ပျောက်ကွယ်သွားကာ အရပ်ရှည်ကာတောင့်တင်းသန်မာသောကိုယ်နေဟန်ထားဖြင့် အစားထိုးလာတော့သည်။

နွယ်ပင်များသည် ကတ္ထီပါဗူးလေးတစ်ဗူးကို ယူလာခဲ့သည်။ ဗူးထဲ၌ ရွှေရောင်မျက်နှာဖုံးတစ်ခုက နေရာတကျရှိနေသည်။ မျက်နှာဖုံး၏အစွန်းနှစ်ဖက်၌ အချိုးအစားမကျနသောတောင်ပံလေးများအား ထူးခြားပြောင်မြောက်စွာ အထပ်ထပ်ထွင်းထုထားသည်။ ဘယ်ဘက်တစ်ခြမ်းကို အနီရောင်ဖဲစည်းကြိုးနှင့် ရစ်ပတ်နှောင်ဖွဲ့ထားကာ ယင်းဖဲကြိုးလေးအား လင်းလက်တောက်ပစွာအရောင်စုံလှသည့်ကျောက်အသေးလေးသုံးလုံးနှင့် စီတန်းချိတ်တွယ်၍ တန်ဆာဆင်ထားလေသည်။

သူ၏ဆံပင်များကို ခေါင်းနောက်သို့ သာမန်ကာလျှံကာပို့လွှတ်၍ စုစည်းချည်နှောင်လိုက်သဖြင့် အဖျားပိုင်းအနည်းငယ်ကောက်နေသော ဘေးဆံသားလေးအချို့သာ ကပိုကရို ကျန်ရစ်ခဲ့‌လေသည်။ ထို့နောက် ရွှေရောင်မျက်နှာဖုံးအားတပ်လိုက်လေရာ နတ်ဆိုးမြွေအဆိပ်များပျံ့နှံ့နေခဲ့သောနေရာအကုန်လုံး ဖုံးအုပ်သွားတော့သည်။ သူ၏ ပျားရည်အရောင်အဆင်းရှိဖျော့တော့တော့မေးစေ့နှင့် စွဲမက်ဖွယ်နှုတ်ခမ်းပါးတစ်စုံတို့သာ သီးသန့်ထင်‌ပေါ်နေပြီး မာန်မာနကြီးမား၍ အထက်စီးဆန်ဆန်ဝံ့ကြွားသောအလှတရားအဖြစ် တင့်တယ်လျက်ရှိရာ မြင်တွေ့သူတိုင်း အကြည့်မလွှဲနိုင်အောင် ဖြစ်ရတော့သည်။

စုန်ချင်ရှစ်သည် နှစ်နှစ်ကာကာထပ်ချီးကျူးမိလိုက်ပြန်သည်။
" ဒီမျက်နှာဖုံးလေးက တကယ့်ကိုလှတာပဲ..."

ယွဲ့ဝူဟွမ်၏နှုတ်‌ခမ်းထောင့်လေးများ အနည်းငယ်ကွေးတက်သွားသည်။ သူသည် အလွန်ကိုပျော်ရွှင်လို့နေ၏။
" သခင်က အခုနိုးထလာပြီလေ... ကျွန်တော်အပြင်ထွက်တိုင်း သခင့်ကိုမျက်နှာပျက်စေလို့မဖြစ်ဘူးပေါ့..."

သူသည် စုန်ချင်ရှစ်နိုးထလာပြီဖြစ်သည့်အတွက် သေချာတွေးတော၍ နတ်ဆိုးမျက်နှာ‌ဖုံးမြွေအဆိပ်အား တမင်တကာ သူ့မျက်နှာတစ်ဝက်သာ ပျံ့နှံ့ခိုင်းထားခြင်းဖြစ်သည်။ ငှက်အဖိုတစ်ကောင် သူ့ရဲ့တောင်ပံများကို ဝံ့ကြွားလှပစွာဖြန့်ပြ၍ သူ့နှလုံးသားထဲက ချစ်သက်ညှာငှက်လေး၏ ကြင်နာမှုကို အရယူရန်ကြိုး‌စားနေသည့်အလား သူသည်လည်း သူချစ်မြတ်နိုးရသည့်ထိုသူ့အား သူ့ကိုရုပ်ဆိုးသည်ဟု မမြင်စေလိုပေ။ သူ၏ကြည့်ကောင်းသည့်တစ်ဖက်ခြမ်းကိုသာ မြင်စေချင်မိသည်။

စုန်ချင်ရှစ်လည်း ယွဲ့ဝူဟွမ်က ဤကိစ္စရပ်များကို ကျွမ်းကျင်စွာကိုင်တွယ်ဖြေရှင်းထားမှန်း မြင်လိုက်ရပြီးနောက်မှ လုံးလုံး စိတ်သက်သာရာရသွားတော့သည်။ စိုးရိမ်မကင်းနိုင်စွာဖြင့် တစ်ခြားမေးခွန်းဘက်သို့ လှည့်ပြောင်းမေးလိုက်သည်။
" နတ်ဆေးဘုရင်တောင်ကြားရော.. အရာရာအဆင်ပြေတယ်မလား ? ဘာပြဿနာမှမရှိဘူးမလား ? "

" ဘာမှတော့မရှိပါဘူး... ဒါပေမဲ့ ပြဿနာတက်နိုင်မယ့်အရာတစ်ခုတော့ရှိနေတယ်ရယ်..."
ယွဲ့ဝူဟွမ်သည် သူ့လက်ကိုဝှေ့ရမ်းလိုက်ရာ အနီရောင်နွယ်ပင်မှာ နောက်တစ်ဖန်ထပ်လှုပ်ရှားသွားခဲ့ပြီး စာအိတ်များအထပ်လိုက်ယူဆောင်လာခဲ့ကာ စုန်ချင်ရှစ်ထံပေးလိုက်လေသည်။
" အန်းလုံရေးထားတာတွေပါ... သခင်ဖတ်ကြည့်သင့်တယ်..."

စုန်ချင်ရှစ်သည် စာရွက်များကို လှန်လှောဖွင့်ဖတ်လိုက်သည်။ ပထမဆုံး၌ အန်းလုံသည် စာများကို နှစ်လ သို့မဟုတ် သုံးလ တစ်ခါ အချိန်မှန်ပို့လေ့ရှိသည်။ ၎င်းတို့အားလုံးမှာ သာမန်နှုတ်ခွန်းဆက်စာများသာဖြစ်သည်။ ရံဖန်ရံခါ ဟာသစာအတိုအထွာများနှင့်တကွ လက်ဆောင်ပစ္စည်းအမျိုးမျိုးအား ပေးပို့တတ်သေးသည်။ ငါးနှစ်ကြာပြီးနောက်၌ စာများထဲတွင် သူဘာလို့အကြောင်းမပြန်ရသနည်းဟူသည့် မေးခွန်းများဖြင့် အစားထိုးလာတော့သည်။ စာအရေအတွက်များလည်း တိုးသထက်တိုးလာသည်။ စုန်ချင်ရှစ်တစ်ခုခုဖြစ်နေမှန်း သူခန့်မှန်းမိသွားပုံလည်းရသည်။ ထို့ကြောင့် ယွဲ့ဝူဟွမ်အား ရုန့်ရင်းကြမ်းတမ်းစွာ မေးခွန်းများထုတ်လာသည်။ လွန်ခဲ့သည့်ခြောက်လက ယွဲ့ဝူဟွမ်ထံသို့ သီးသန့်ပို့ခဲ့သောစာထဲရှိအဓိကအကြောင်းအရာမှာ သူ့ကိုသတ်ဖြတ်ပစ်မည်ဟု ရေးထားသော ခြိမ်းခြောက်စကားများပင်ဖြစ်တော့သည်။

ယွဲ့ဝူဟွမ်က ကူကယ်ရာမဲ့စွာ ပြောလာသည်။
" ပထမတော့ သူလည်း သခင်က သူ့ကိုစိတ်ဆိုးနေလို့တို့ ဒါမဟုတ်လည်း ဆေးလုံးသန့်စင်ဖို့တံခါးပိတ်ကျင့်‌ကြံနေတယ်တို့ဆိုပြီး ထင်နေခဲ့တာ... သူ့ဘက်က သံသယရှိတဲ့ အရိပ်ယောင်တောင်မပြလာခဲ့ဘူး... နောက်တော့ ကျွန်တော်ဆေးအမယ်တွေစုဆောင်းဖို့လှုပ်ရှားခဲ့တဲ့ဖြစ်စဉ်က နတ်ဆေးဘုရင်တောင်ကြားကို ပြန်မွန်းမံဖို့ဆိုပြီး နာမည်ကြီးသွားတယ်လေ... အဲ့ကတည်းက သူ သံသယစဖြစ်လာပြီး ကျွန်တော့်ကို မေးခွန်းတွေ ဆက်တိုက်မေးလာတော့တာ... နောက်ဆုံးတော့... ကျွန်တော်ဝယ်ယူခဲ့တဲ့ဆေးအမျိုးအမည်တွေကို သူသိသွားပြီး အဲ့ကနေ နတ်ဆေးဘုရင်တောင်ကြားရဲ့ မိုးကြိုးအတိဒုက္ခအကြောင်းကို စုံစမ်းနိုင်ခဲ့ပါလေရော... ကျွန်တော်က နတ်ဆေးဘုရင်တောင်ကြားကို ထိန်းချုပ်ထားတယ်ဆိုတာသိတော့ သခင်ဒဏ်ရာအပြင်းအထန်ရသွားလို့ မဟုတ်လည်း သခင့်ခန္ဓာကိုယ်က ပျက်စီးသွားလို့ အဲ့တာကြောင့် ကျွန်တော်က ဒီတောင်ကြားကို ထိန်းချုပ်ဖို့အခွင့်ရသွားတယ် ဆိုပြီး သူထင်နေခဲ့တာ... ဒီပြဿနာကြီးကိုလည်း ဘယ်လိုမှ အချိန်ထပ်ဆွဲလို့မရတော့ဘူးရယ်... ဒါပေမဲ့လည်း ကံကောင်းစွာနဲ့ သခင်က အချိန်ကိုက်နိုးလာခဲ့တယ်လေ... အခုတော့ သခင်ကိုယ်တိုင်စာရေးပြီး သူ့ကိုရှင်းပြလို့ရသွားပြီပေါ့..."

စုန်ချင်ရှစ်သည် ယင်းစာများကို ဖတ်နေရင်း ပြောစရာစကားများပင် ပျောက်ရှလာတော့သည်။
" ဒီ‌ကောင်က အခုထိ ဖောက်ဝင်ဖို့ ကြိုးစားနေတုန်းပဲလား ? "

ယွဲ့ဝူဟွမ်က ပြန်ဖြေသည်။
" သူ နှစ်ခါတောင် ဖောက်ထွင်းပြီးပြီ... အနောက်ဘက်မှာရှိတဲ့ အဆိပ်နဲ့ဝင်္ကာဘာ ဖွဲ့စည်းပုံအစီအရင်တောင် ပျက်စီးသွားခဲ့တယ်... ကျွန်တော်ပြန်ပြင်ပြီးတော့ ဖွဲ့စည်းပုံကို အားကောင်းအောင်ပြန်လုပ်ခဲ့ပေမယ့်လည်း ကူဘုရင်ရဲ့ကျင့်ကြံရေးလမ်းစဉ်တွေက တကယ့်ကို မှင်သက်စရာကောင်းလှပြီး သူ့တိုက်ခိုက်နည်းတွေကလည်း ထူးဆန်းလှတယ်... သူသာ ထပ်တိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ အတားအဆီးတွေက ခံနိုင်ရည်မရှိတော့မှာ စိုးရိမ်‌နေရတယ်..."

အစီအရင်တစ်ခုကို ပြင်ဆင်အသက်သွင်းရန်အတွက်  ဝိဉာဉ်ကျောက်တုံးများစွာ လိုအပ်ပေသည်... သို့ရာ ယင်းတို့ကို ထိုခွေးဝက်ဝံကောင်က ဖျက်ဆီးပစ်ခဲ့လေသတဲ့...

စုန်ချင်ရှစ်မှာလည်း တွေးလေ ခေါင်းခဲ‌လေဖြစ်လာပြီး သူ့နှုတ်ခမ်းထောင့်မှာလည်း အပေါ်သို့တွန့်တက်သွားတော့သည်။ သို့ရာ သူဒဏ်ရာရခဲ့သည့်အ‌ကြောင်းကိုတော့ ချန်လှပ်ထားမှဖြစ်မည်။ အဖြစ်မှန်အား လုံးဝကွေ့ဝိုက်ရှောင်ရှားထားသည့် ယွဲ့ဝူဟွမ်ကိုလည်း သူ အပြစ်မမြင်ရက်ပေ။ ယင်းအမှန်တရားမှာ ဖုံးကွယ်ထားခံလိုက်ရသဖြင့် အန်းလုံသည် သူတစ်ခုခုဖြစ်နေသည်ဟုထင်ပြီး ယခုလိုသူ့အိမ်ကို ဖျက်စီးနေသည့်ရူးကြောင်ကြောင်လုပ်ရပ်မျိုး လုပ်နေခြင်းသာ ဖြစ်တော့သည်... ဘယ်သူ့ကိုများ သူအပြစ်တင်ရမည်နည်း ? ထိုအချိန်တုန်းက မည်သည့်တာဝန်ကိုမှ လွှဲပြောင်းဖို့အချိန်ပင် မရှိခဲ့ဘဲ သတိမြန်မြန်မေ့သွားသည့် သူ့ကိုယ်သူသာ အပြစ်တင်နိုင်တော့သည်...

ကံကောင်းထောက်မစွာဖြင့် သူ၏ညာလက်မှာ လှုပ်ရှားနိုင်သေးသည်။ ရှင်းပြစာတစ်စောင်ကို သူ မြန်မြန်ရေးရမည်လေ...

နတ်ဆေးဘုရင်တောင်ကြား၏ ကြွယ်ဝမှုအရင်းအမြစ်မှာ အကန့်အသတ်နှင့်ဖြစ်သဖြင့် ဖျက်ဆီးခံလိုက်လို့ လုံးဝမဖြစ်ပေ။

.....

( Zawgyi )

စုန္ခ်င္႐ွစ္သည္ တီ႐ွပ္ႏွင့္ဂ်င္းေဘာင္းဘီ႐ွည္ကို ဝတ္ဆင္ထားၿပီး အဆုံးမဲ့ေသာတိမ္ပင္လယ္ထက္၌ လမ္းေလွ်ာက္ေနခဲ့သည္။ သူ၏ေဘးဘီဝဲယာသို႔ ပတ္ပတ္လည္ ေဝ့ဝဲၾကည့္လိုက္သည္။ သူသည္ တစ္စုံတစ္ခုကို ႐ွာ‌ေဖြေနမွန္း မွတ္မိေသာ္လည္း ထိုအရာက ဘယ္လိုပုံစံ႐ွိမွန္းပင္ မသိေနေခ်။ ေကာင္းကင္ထက္မွ မ်က္စိက်ိမ္းေလာက္စရာေရာင္ျခည္တန္းႀကီးသာ သူမွတ္မိခဲ့သည္။

သူ ေ႐ွ႕သို႔ဆက္ေလွ်ာက္သြားၿပီး ဆက္၍႐ွာေဖြေနခဲ့သည္ ; တိမ္ပင္လယ္ႀကီးမွာ အဆုံးမ႐ွိေသာ္လည္း , ေျခကုန္လက္ပန္းက်လာေသာေၾကာင့္ ထပ္ခါ ထပ္ခါ လွဲက်ပါေသာ္လည္း , တစ္ကိုယ္လုံးနာက်င္ကိုက္ခဲ၍ လႈပ္႐ွားဖို႔ပင္ ခက္ခဲလာရေသာ္လည္း , တ႐ြတ္တိုက္ဆြဲ၍သာ ေ႐ွ႕ဆက္တိုးလာရေသာ္လည္း ႐ွာေဖြေနဆဲျဖစ္သည့္ သူ၏ေျခလွမ္းမ်ားကို မရပ္တန္႔ခ်င္မိေပ...

တိမ္ပင္လယ္ႀကီး၏လမ္းေၾကာင္းေပၚ၌ ေနာက္ထပ္"သူ"တစ္ေယာက္ ေပၚလာခဲ့သည္။ ထို"သူ"သည္ ႏွင္းကဲ့သို႔ျဖဴစြတ္ေဖြး‌လ်ေသာ ဝတ္႐ုံ႐ွည္ကို တစ္လႊာၿပီးတစ္လႊာအထပ္ထပ္ဝတ္ဆင္ထားၿပီး ႐ွည္လ်ားေျဖာင့္စင္းေသာဆံႏြယ္မ်ားက ေျမျပင္အထိက်ဆင္းေနသည္။ သူႏွင့္ ထပ္တူညီသည့္မ်က္ႏွာ , ထပ္တူက်လွသည့္ ေအးစက္စက္အေငြ႕အသက္ႏွင့္ေပ။ နက္နဲသိမ္ေမြ႕ေသာမည္သည့္အၾကည့္ကိုမဆို ထြင္းေပါက္နားလည္ပုံေပၚသည့္မ်က္လုံးတစ္စုံႏွင့္ သို႔ရာတြင္ မည္သည့္ စိတ္ခံစားခ်က္ကိုမွ နားလည္ျခင္းအလ်င္းမ႐ွိေသာ "သူ" လည္းျဖစ္‌သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ထို"သူ"၏ ႏွလုံးသားမွာ ကြက္လပ္ျဖစ္ေန၍ပင္ ; တစ္ခုလုံးဗလာက်င္းေနေခ်၏။

စုန္ခ်င္႐ွစ္သည္ ႐ုတ္တရက္ တစ္စုံတစ္ရာကို သေဘာေပါက္လိုက္သည္။ ေျဖးညႇင္းစြာ ေ႐ွ႕သို႔တစ္လွမ္းခ်င္းတိုးသြားၿပီး သူ႕ႏွလုံးသားကိုထုတ္လိုက္ကာ ၎ထဲသို႔ နည္းနည္းစီ နည္းနည္းစီ ထည့္လိုက္ေလသည္။

ႏွလုံးသားတစ္စုံႏွင့္ ခႏၶာကိုယ္တစ္ခု ေပါင္းစည္းၿပီးသြားသည့္သကာလ ဝိဉာဥ္ႏွစ္ခုမွာ ေတာက္ပေသာအလင္းအမႈန္အမႊားမ်ားအျဖစ္ ကြဲထြက္သြားေတာ့သည္။ သူတို႔အခ်င္းခ်င္းေပါင္းစပ္သြားၾကၿပီး တစ္ဦး၏ခ်ိဳ႕တဲ့မႈကို တစ္ဦး၏ျပည့္စုံမႈႏွင့္ ျဖည့္တင္းလိုက္ၾကသည္။ ထိုအခ်ိန္မွစ၍ ႏွလုံးသားသည္ သူ႐ွိသင့္ေသာေနရာတြင္ ေနခြင့္ရသြားၿပီး ခႏၶာကိုယ္သည္လည္း သူ၏ေပ်ာက္ဆုံးေနေသာ စိတ္ခံစားခ်က္မ်ားကို ျပန္႐ွာေတြ႕သြားေတာ့သည္။ ျပန္႔က်ဲေနၾကသည့္ ႐ုပ္ဆက္ပေဟဠိအပိုင္းအစမ်ား အခ်င္းခ်င္းခ်ိတ္ဆက္သြားၾကကာ ဗလာက်င္းေနေသာ ႐ုပ္ပုံကားခ်ပ္တစ္ခုျဖစ္လာၿပီး ၎အေပၚ ေဆးေရာင္မ်ားေပါင္းထည့္ျခယ္သခံရန္  ေစာင့္ေမွ်ာ္ေနေလၿပီ။

တိမ္ပင္လယ္ႀကီး၏ အနက္႐ိႈင္းဆုံးေသာေနရာတစ္ခုမွ ထူးဆန္းတုန္လႈပ္ဖြယ္ စကားစုမ်ား ထြက္လာခဲ့သည္ ; ၎အခြန္းတိုင္းကို ထပ္ခါထပ္ခါေရ႐ြတ္ေလတိုင္း သူ႕ဝိဉာဥ္၏အနက္႐ိႈင္းဆုံး‌ေနရာအထိ ဗုံတီးေနသည့္အလား တုန္လႈပ္လာေတာ့သည္။

" တစ္ေထာင့္သုံးရာနဲ႔ေလးဆယ့္ကိုး..."

" တစ္ေထာင့္သုံးရာနဲ႔ေလးဆယ့္ကိုး..."

" တစ္ေထာင့္သုံးရာနဲ႔ေလးဆယ့္ကိုး..."

" တစ္ေထာင့္သုံးရာနဲ႔ေလးဆယ့္ကိုး.."

" ... "

စုန္ခ်င္႐ွစ္သည္ သူ႕မ်က္လုံးမ်ားကို ႐ုတ္တရက္ဖြင့္လိုက္ေလရာ သူ႕ကိုယ္သူ ေရမ်ားထဲေရာက္ေနမွန္း သိလိုက္ရသည္။ သူ ထရပ္ရန္ ႀကိဳးစားလိုက္ေသာ္လည္း က်န္ခဲ့ေသာ သူ႕ခႏၶာကိုယ္တစ္ျခမ္းက နာခံျခင္းမ႐ွိပုံေပ။ ႐ုန္းကန္ထေနရင္း မေတာ္တဆ သူ႕တံေတြးပင္ တီးသြားေတာ့သည္။ သူ႕ေဘးနား႐ွိ တစ္စုံတစ္ဦးမွာ ခ်က္ခ်င္းထလာၿပီး သူ႕ရဲ႕လက္ကို ဆန္႔ထုတ္လိုက္ကာ 'သူ'၏ေက်ာျပင္ကို တည္ၿငိမ္ၿမဲျမံစြာ ထိန္းကိုင္ေပးလာခဲ့သည္။ သူ႕တစ္ကိုယ္လုံးေရမ်ားစက္လက္ႏွင့္ ေရထဲမွထြက္လာႏိုင္ခဲ့ၿပီးၿပီးခ်င္း တစ္စုံတစ္ဦး၏လက္ေမာင္းအတြင္းသို႔ ဆြဲသြင္းခံလိုက္ရ‌ေတာ့သည္။

ယင္းလက္မ်ားသည္ သာမန္လူတစ္ဦး၏ကိုယ္အပူခ်ိန္ထက္ပင္ ပို၍ ပူေႏြးေနေပသည္။ အသားမာမ်ားေၾကာင့္ၾကမ္း႐ွ႐ွျဖစ္ေနသည့္လက္ဖဝါးတစ္စုံက သူ၏ေပ်ာ့ေပ်ာင္းႏုငယ္ေသာ အေရျပားႏွင့္ ထိစပ္ပြတ္တိုက္မိရာတြင္ ေျပာမျပတတ္ေအာင္ ႏူးညံ့ညင္သာေသာခံစားခ်က္ေလးမ်ား ျဖစ္ထြန္းလာေတာ့သည္။

ထိုပုဂၢိဳလ္၏အသက္႐ွဴသံသည္ အနည္းငယ္ေလးကန္‌ေနကာ ယင္းမွာ မိုးသက္မုန္တိုင္းက်ေတာ့မည့္ ပင္လယ္ျပင္ေပၚ  ပင္လယ္ေပ်ာ္ငွက္မ်ား ၎တို႔၏ေတာင္ပံမ်ားကို လႈပ္ခတ္ပ်ံသန္းေနရသည့္အလား ခက္ခဲေႏွးဖင့္စြာ အသက္႐ွဴ႐ိႈက္ေနေလသည္။

အေမွာင္ထုထဲမွ သူ႕အားစူးစိုက္ၾကည့္ေနေသာမ်က္လုံးတစ္စုံမွာ အခ်ိန္အေတာ္ၾကာေပ်ာက္ဆုံးသြားသည့္ သားေကာင္ႏွင့္ျပန္ေတြ႕လိုက္ရေသာ သားရဲတစ္ေကာင္၏ သ႑ာန္ႏွင့္ပင္ တူေနမိဟန္။ ၎က အလိုေလာဘဆႏၵမ်ိဳးစုံႏွင့္ ျပည့္ႏွက္ေနၿပီး အႏၲရာယ္ႀကီးသထက္ ႀကီးလာေနေခ်သည္။

စုန္ခ်င္႐ွစ္မွာ အားငယ္ခ်ိနဲ႔လြန္းေနၿပီး ယင္းအႏၲရာယ္မ်ားလွ‌ေသာေပြ႕ဖက္မႈ‌ေလးထဲ သူ႕ကိုယ္သူ တိုးေဝွ႔ျမႇဳပ္ႏွံထား႐ုံသာ တတ္ႏိုင္ေတာ့သည္။ မည္သည့္ေနရာ ႏွင့္ မည္သည့္ေန႔စြဲ ေရာက္ေနမွန္းလည္း မသိေနေခ်။ အခ်ိန္အေတာ္ၾကာၿပီးသည္မွ သူ႕အသိစိတ္မွာ ျဖည္းျဖည္းခ်င္းျပန္ရလာၿပီး တစ္စုံတစ္ရာက မွားေနမွန္း သတိထားမိသြားေတာ့သည္။

ထိုသို႔ေတြးၿပီးေနာက္ ခ်က္ခ်င္းဆိုသလိုပဲ အႏၲရာယ္မ်ားသည့္ခံစားခ်က္မွာလည္း ေပ်ာက္ဆုံးသြားေတာ့ေလသည္။ ညလင္းပုတီးလုံးမ်ားမွာ အေမွာင္ထုမ်ားၾကားမွ တစ္လုံးခ်င္းစီ လင္းထိန္လာၿပီး ယြဲ႕ဝူဟြမ္၏ ခံ့ညားေခ်ာေမာေသာမ်က္ႏွာကို ေရာင္ျပန္ဟပ္လာေလသည္။ ညလင္းပုတီးလုံးမ်ား၏အလင္းေရာင္ေအာက္၌ သူ၏ေ႐ႊနက္ေရာင္ ဖီးႏွစ္မ်က္ဝန္းတစ္စုံမွာ မိႈင္းပ်ပ်ႏွင့္ေနာက္က်ိနက္‌ေထြးေသာ အေရာင္အဆင္းပင္ ေျပာင္းလဲလို႔ေန၏။ ညာဘက္မ်က္လုံးေအာက္မွ ႐ႊန္းေတာက္လွပေနဆဲျဖစ္သည့္ မ်က္ရည္ခံမွည့္က မေျပာင္းမလဲတည္႐ွိေနလ်က္ေပ။ ယခင္ကအတိုင္း ၾကင္နာႏူးညံ့ေသာ႐ုပ္ရည္သြင္ျပင္သာ ျဖစ္ပါလ်က္ႏွင့္ ေထာက္ျပရခက္ခဲစြာေျပာင္းလဲမႈအနည္းငယ္႐ွိသြားပုံေပၚကာ သူ၏သြင္ျပင္မွာ ပို၍ခမ္းနားတင့္တယ္လာသည္ဟု ထင္ရေတာ့သည္။

မီးအလင္းေရာင္ေၾကာင့္ အဲ့လိုခံစားမိတာမ်ားလား ? ဒါေပမဲ့ ဝူဟြမ့္ရဲ႕အက်င့္စ႐ိုက္ေတြပါ ေျပာင္းလဲသြားတယ္လို႔ သူဘာလို႔ ခံစားမိေနတာလဲ ?

စုန္ခ်င္႐ွစ္သည္ သူ မည္သည့္အဝတ္အစားမွ မဝတ္ထားသည့္အျပင္ သူ႕ကိုယ္ေပၚက ေရစက္လက္မ်ားကလည္း ယြဲ႕ဝူဟြမ္အား စိုသြားေစလိုက္မွန္း သတိထားမိလိုက္သည္။ သူ ႐ွက္႐ြံ႕သြားၿပီး သူ႕အဝတ္အစားမ်ားျမန္ျမန္ျပန္ဝတ္ခ်င္သည္ဟု ေျပာရန္ ေခါင္းေမာ့လိုက္စဥ္တစ္ခဏဝယ္ ပို၍ထိတ္လန္႔တုန္လႈပ္ဖြယ္ေကာင္းေသာအရာတစ္ခုအား ေတြ႕လိုက္ရေတာ့သည္။ သူ႕အသံမ်ားမွာ ကြဲအက္ေနစြာျဖင့္
" ဝူ..ဝူဟြမ္... ငါ...ငါဘယ္လိုျဖစ္ၿပီး ပုသြားတာလဲ ? "

သူ၏'လူပ်ိဳ‌ေပါက္ေလး'ဟူ‌ေသာဂုဏ္ပုဒ္မွာပင္ အထိမခံႏိုင္ေသာေခါင္းစဥ္မ်ိဳးျဖစ္ေနခဲ့သျဖင့္ ယင္းအခ်က္ကိုမသိသာေစရန္ ႀကီးမားေလ်ာ့လ်ဲသည့္အတြင္းဝတ္မ်ား၊ ဝတ္႐ုံ႐ွည္မ်ားကိုသာ အၿမဲလိုလိုဝတ္ဆင္ထားျခင္းျဖစ္ခဲ့သည္။ သူ၏အရပ္ေလးေၾကာင့္ပဲ ပိုၿပီးမ်က္ႏွာပ်က္ရမည့္အေရးမွ ကပ္သီေလးေ႐ွာင္ကြင္းႏိုင္ခဲ့ျခင္းေပ။ မိုးႀကိဳးအတိဒုကၡမက်ေရာက္ခင္က သူႏွင့္ယြဲ႕ဝူဟြမ္၏အရပ္မွာ မတိမ္းမယိမ္းသာျဖစ္မွန္း သူမွတ္မိပါေသးသည္။ ယခု သူႏိုးလာေတာ့ ယြဲ႕ဝူဟြမ္မွာ သူ႕ထက္ေခါင္းတစ္လုံးမက ပို႐ွည္ေနေခ်ၿပီ...
ငါ့..ငါ့ကိုမေျပာလာနဲ႔ေနာ္... အရပ္ပုသြားတာက အတိဒုကၡကိုက်႐ႈံးသြားတဲ့ ေဘးထြက္ဆိုးက်ိဳးဆိုၿပီး...

စုန္ခ်င္႐ွစ္၏ႏွလုံးသားေလးလည္း ကြဲေၾကသြားေလၿပီ။ တစ္ေယာက္ေယာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရမွာပင္ သူ႕အတြက္ အလြန္႐ွက္႐ြံ႕ေနေတာ့သည္။

အလြန္သနားခ်င့္စဖြယ္ပုံစံေလးျဖစ္ေနေသာ သူ႕သခင္အျဖစ္အား ျမင္ေနရသည့္ ယြဲ႕ဝူဟြမ္မွာ ရယ္ခ်င္သြားေသာ္လည္း ကိုယ့္ကိုယ္ကိုသာ ျပန္ထိန္းသိမ္းလိုက္‌ေပသည္။ သို႔ေသာ္ သူ႕ႏႈတ္ခမ္းေထာင့္ေလးမ်ားမွာ ေကာ့ၫႊတ္တက္ေနလ်က္ ကူကယ္ရာမဲ့စြာျဖင့္ ျပန္လည္ေျဖၾကားလိုက္သည္။
" သခင္က ဆယ္ႏွစ္ႀကီးမ်ားေတာင္ အိပ္ေပ်ာ္ေနခဲ့တာေလ..."

စုန္ခ်င္႐ွစ္ ေသမတတ္ထိတ္လန္႔ရပါေတာ့သည္။ သူ႕စကားသံမ်ားပင္ ‌ထစ္ေငါ့လာေခ်သည္။
" ဆယ္ႏွစ္ေတာင္ ? ဒါဆို , ငါ့...ငါ့ရဲ႕..."

ယြဲ႕ဝူဟြမ္က ခိုင္မာစြာေျဖၾကားလိုက္သည္။
" သခင့္ရဲ႕ႂကြက္ျဖဴေလးေတြအားလုံး ေနေကာင္းက်န္းမာၾကတယ္... ကြၽန္ေတာ္သူတို႔ကို ေကာင္းေကာင္းေကြၽးေမြးထားတာေလ..အခုဆိုအေကာင္ေပါက္ေလးေတြလည္းအမ်ားႀကီးပဲ..."

ထိုသို႔ဆိုၿပီးအခါမွသာ စုန္ခ်င္႐ွစ္လည္း သူ၏အထိတ္တလန္႔ေငးေမာေနေသာအေျခအေနမွ ႐ုန္းထြက္ႏိုင္ခဲ့ေတာ့သည္။ သူ၏ပတ္ပတ္လည္ဝန္းက်င္ကို ေလ့လာၾကည့္လိုက္ေသာအခါ ရင္းႏွီးေနေသာေနရာျဖစ္ေနမွန္း သိလိုက္ရသည္။ ယင္းမွာ သူ႕အိပ္ခန္းေအာက္၌တည္႐ွိေနေသာ လွ်ိဳဝွက္အခန္းသာျဖစ္ေတာ့သည္။ အခန္းတြင္းမွပစၥည္းမ်ားကို ေနရာျပန္စီစဥ္ထားျခင္းသာ။ ေသတၱာအနည္းငယ္ႏွင့္ ႐ိုး႐ိုးစားပြဲခုံတစ္လုံးပင္ ႐ွိေနၾကသည္။ စားပြဲေပၚ၌ မင္အိုးႏွင့္မွင္တံတို႔က ေနရာတက်႐ွိေနၾကသည္။ ေဘးစြန္း၌ ေသသပ္က်နစြာ အစီအရီစီထားေသာ စာအုပ္ပုံမ်ားကလည္း ၇ပုံ , ၈ပုံေလာက္႐ွိေနၾက‌ေပသည္။

သူ၏ခႏၶာကိုယ္ကို အနည္းငယ္လႈပ္႐ွားၾကည့္ရာ ေျခေခ်ာင္းေလးမ်ားက စိုစြတ္ေနေသာဝါးေခါင္းအုံးႏွင့္ ထိမိသြား‌ေလသည္။ ၾကည့္ရသည္မွာ သည္ႏွစ္အခ်ိန္မ်ားအတြင္း ယြဲ႕ဝူဟြမ္သည္ ဤေနရာ၌ပဲ အိပ္ခဲ့မည့္ပုံေပ။

သည္လိုေနရာက အိပ္ခန္းလို႔ေခၚဖို႔ေတာင္ ေသးႏုပ္ေနတယ္ေလ... စာၾကည့္ဖို႔အတြက္ဆို ပိုေတာင္ မသင့္ေတာ္ေသးတယ္မဟုတ္ဘူးလား ?

စုန္ခ်င္႐ွစ္လည္း မေမးဘဲမေနႏိုင္ေတာ့ေခ်။
" ဒီႏွစ္ေတြထဲမွာ မင္း ေကာင္းေကာင္းေကာအနားယူခဲ့ရဲ႕လား ? "

ယြဲ႕ဝူဟြမ္က ျပဳံး၍ ျပန္ေျဖေလသည္။
" စိတ္မပူပါနဲ႔... ကြၽန္ေတာ္ ဒီေနရာမွာ အိပ္ေလ့သိပ္မ႐ွိပါဘူး..."

အဘယ္ေၾကာင့္ဆိုေသာ္ ဤႏွစ္ကာလအေတာအတြင္း သူ အိပ္ခဲသည့္အခ်ိန္က မ်ားသည္ေၾကာင့္ေပ။ သတိလစ္သြားခ်ိန္ကသာ သူအနားယူမိသည့္အခ်ိန္ ျဖစ္၍ေန၏။

စုန္ခ်င္႐ွစ္သည္ သူ႕အား အခ်ိန္အေတာ္အတန္ၾကာသည္အထိ စူးစိုက္ၾကည့္ေနေသာ္လည္း သူ႕မ်က္ႏွာေပၚတြင္ လိမ္ေျပာသည့္အရိပ္အေယာင္လုံးဝမ႐ွိေနေခ်။ သူ႕ေဘး႐ွိ အိပ္ရာေလးမွာလည္း ၎ေနရာမွတစ္ႀကိမ္ေသာ္မွ်မ‌ေ႐ႊ႕လ်ားဖူးထားေၾကာင္း ျပသလို႔ေနသည္။ ဤအေၾကာင္းအရာတစ္ခုလုံးႏွင့္ပတ္သက္၍ သံသယျဖစ္ရာတစ္ခုခု႐ွိေနမွန္း ခံစားမိေသာ္လည္း ဘယ္အရာကမွားေနမွန္း သူစဥ္းစား၍မရေပ။ ယခုအခ်ိန္၌ ယင္းကိစၥကိုေနာက္ပို႔ထား႐ုံသာ တတ္ႏိုင္ေတာ့သည္။

သူ၏ခႏၶာကိုယ္ကို ျမန္ျမန္စစ္ေဆးၾကည့္လိုက္ရာ မီးေလာင္ခံထားရသည့္ညာဘက္ခႏၶာကိုယ္တစ္ျခမ္းမွာ မူလပုံစံအတိုင္းပင္ ပကတိေပ်ာက္ကင္းလို႔ေနေခ်သည္။ တစ္ခုပင္.. သူသတိမေမ့စဥ္က သူ႕ကိုယ္တြင္း႐ွိအဆိပ္မီးေတာက္ကို ဝိဉာဥ္စြမ္းအင္အားလုံးျဖင့္ ဖိႏွိပ္ထားခဲ့ေသာေၾကာင့္ အသစ္တဖန္ႀကီးထြားလာၾကသည့္ မာရီဒန္မ်ားႏွင့္ သိပ္က်င့္သားမရေသးသည္သာေပ။ ယင္းမွာ တသိမ့္သိမ့္တုန္ယီစြာ ေျခာက္ကပ္ကပ္ခံစားခ်က္မ်ိဳးႏွင့္ အနည္းငယ္လည္း နာက်င္ေန‌သည္။ သူ႕လက္ေခ်ာင္းမ်ားမွာလည္း ထုံထိုင္းေနေခ်၏။ အျပည့္အဝျပန္ေကာင္းလာႏိုင္ရန္ အခ်ိန္အခ်ိဳ႕ေတာ့ေပးရလိမ့္ဦးမည္။ အခ်ိန္အေတာ္ၾကာသည္အထိ စကားမေျပာျဖစ္ေသာေၾကာင့္ သူ႕လည္ေခ်ာင္းမွာလည္း အနည္းငယ္ေတာင့္တင္းေနေပသည္။ သို႔ေသာ္ ထိုသည္ကလြဲၿပီး အားလုံးျခဳံငုံၾကည့္လိုက္လွ်င္ ျပင္းထန္သည့္ေရာဂါလကၡဏာက်န္ေနခဲ့ျခင္းမ်ိဳး မ႐ွိပါေပ။

စုန္ခ်င္႐ွစ္သည္ မိုးႀကိဳးအတိဒုကၡက်ေရာက္ေသာအခ်ိန္ကို ျပန္လည္ေတြးၾကည့္လိုက္သည္။ သူ ယုံၾကည္ႏိုင္ရန္ ခက္ခဲေနေသာ္လည္း မဝံ့မရဲဆိုလိုက္ေလသည္။
" ငါ့ကို ကုေပးခဲ့တာ မင္းလား? "

မိုးႀကိဳးအတိဒုကၡေၾကာင့္ရခဲ့ေသာဒဏ္ရာမ်ားမွာ အလြန္ဆိုး႐ြားျပင္းထန္ခဲ့လိမ့္မည္။ ဒဏ္ရာအ‌ေျခအေနကလည္း ႐ႈပ္ေထြးခဲ့လိမ့္ဦးမည္။ အသက္႐ွိေနေသးသည္ကပင္ အလြန္အမင္းကံေကာင္းျခင္းသာျဖစ္ေတာ့သည္။ ႐ႈပ္ေထြးခက္ခဲေသာဒဏ္ရာအေျခအေနမ်ားသည္ ေဆးပညာသင္ကာစလူတစ္ဦး ကိုင္တြယ္ေျဖ႐ွင္းႏိုင္မည့္အရာမဟုတ္ေပ။ သူ၏တစ္ခုတည္းေသာေမွ်ာ္လင့္ရာမွာ သူ႕ဒဏ္ရာမ်ားသည္ထင္ထားသေလာက္သိပ္မျပင္းထန္ဘဲ ရတနာစံအိမ္ထဲ႐ွိ နတ္ေဆးလုံးမ်ားႏွင့္သာ ယြဲ႕ဝူဟြမ္ သူ႕အသက္ကို မ်က္စိတစ္မွိတ္အတြင္း ကယ္တင္ႏိုင္လိုက္မည့္ျဖစ္စဥ္ကိုေပ။ ထိုသို႔ႏွင့္ သူႏိုးထလာၿပီး ေနာက္ပိုင္းဒဏ္ရာမ်ားကို သူ႕ဘာသာ ေျဖးေျဖးခ်င္းကိုင္တြယ္ကုသလိုက္မည္။ သို႔ေသာ္ ယြဲ႕ဝူဟြမ္က သူလုံးဝေနာက္လွည့္ၾကည့္စရာမလိုေအာင္ ေသခ်ာကုသေပးထားမည့္ျဖစ္စဥ္ကိုေတာ့ မေမွ်ာ္လင့္ထားခဲ့...

" ကြၽန္ေတာ္ အႀကိမ္‌အမ်ားႀကီး က်႐ႈံးခဲ့တာပါ..."
ယြဲ႕ဝူဟြမ္သည္ ႐ွင္းျပေနရင္း သူ႕ေနာက္ေက်ာဘက္ ေျမႀကီးေပၚ႐ွိ မီးကဲ့သို႔‌ရဲေတာက္ေနသည့္ ႏြယ္ပင္အခ်ိဳ႕ကို ဆန္႔တက္ေစလိုက္ၿပီး လက္ဆြဲေသတၱာအား ကြၽမ္းက်င္ပိုင္ႏိုင္စြာ ဖြင့္လိုက္ကာ အထဲမွ အသစ္ခ်ပ္ခြၽတ္အက်ႌအသစ္တစ္ထည္ကို ထုတ္လိုက္ေလသည္။ သူသည္ ၎ကို လွမ္းေပးရင္း ေပါ့ပါးေအးေဆးစြာ ဆက္ေျပာျပလိုက္သည္။
" ကြၽန္ေတာ္ စာၾကည့္တိုက္ထဲက စာအုပ္ေတြတိုင္းကို ဖတ္ၿပီး ကုသနည္းေပါင္းစုံကို စမ္းၾကည့္ခဲ့ဖူးတယ္... အဲ့လိုနဲ႔ ေနာက္ဆုံး လြန္ခဲ့တဲ့ႏွစ္,ႏွစ္က ႂကြက္သားဖြံ႕ၿဖိဳးေဆးလုံးကို ေသြးပန္းျမတ္အမႈန္႔နဲ႔ လိုက္ဖက္ေအာင္ ဝိဉာဥ္ေဆးရည္အျဖစ္ သန္႔စင္ႏိုင္ခဲ့တယ္... အဲ့တာနဲ႔ သခင့္ရဲ႕႐ုပ္ခႏၶာကို ကုသေပးႏိုင္ခဲ့တာပါ... ဒါေပမဲ့ သခင္က မႏိုးလာေသးဘူးေလ... ကြၽန္ေတာ္လည္း ႐ွိသမွ်စာေပေတြအကုန္ဖတ္ၿပီး ျပန္ေလ့လာခဲ့တယ္... အဲ့မွာ ကြၽန္ေတာ္သတိထားမိလိုက္တာက သခင့္ရဲ႕ဝိဉာဥ္ျပန္မေပါင္းစည္းႏိုင္ရတဲ့ အခ်က္ေၾကာင့္ျဖစ္မယ္ဆိုတာပဲ... အဲ့တာေၾကာင့္ ကြဲထြက္ေနတဲ့ဝိဉာဥ္ေတြကို ျပန္ေပါင္းစည္းႏိုင္ဖို႔ စိတ္ဝိဉာဥ္သဟဇာတေဆးျပားကို အသုံးခ်ၿပီး ေ႐ႊေရာင္အပ္နဲ႔ ထိုးစိုက္ကုသေပးခဲ့တာပါ... အဲ့လိုကေနပဲ ေနာက္ဆုံးေတာ့ သခင္ႏိုးလာခဲ့တယ္ေလ.. "

" ေက်းဇူးတင္ပါတယ္..."
စုန္ခ်င္႐ွစ္သည္ ေဆးလုံးမ်ားကို သန္႔စင္ေလ့႐ွိသူျဖစ္သည့္အတြက္ ေဆးအမယ္ေပၚအေျခခံ၍ သန္႔စင္ေဆးတစ္လုံးရေအာင္ မည္မွ်အားစိုက္ထုတ္ရေၾကာင္း ေကာင္းေကာင္းနားလည္ေပသည္။ သူ႕မိသားစုနတ္‌သားေလး၏ဉာဏ္ရည္ဉာဏ္စြမ္းကို ခ်ီးက်ဴးခ်င္လြန္း၍ လိုက္ဖက္သည့္စကားလုံးမ်ား စဥ္းစားေနစဥ္တြင္ ႐ုတ္တရက္ သူ႕ေဘး၌႐ွိေနေသာႏြယ္ပင္မ်ားကို သတိထားမိသြားေတာ့သည္။ သူ ၎တို႔အား မယုံၾကည္ႏိုင္စြာ စိုက္ၾကည့္ေနမိသည္။
" ေသြးဘုရင္ႏြယ္ပင္ ? "

ေသြးဘုရင္ႏြယ္ပင္သည္ အလြန္အမင္းပူျပင္းေသာေျမႀကီးေပၚ၌သာ ႐ွင္သန္ေပါက္ေရာက္ၾကသည္။ ၎သည္ ႐ွားပါးေသာ မီးသတၱိ႐ွိအပင္တစ္မ်ိဳးျဖစ္သည္။ ပါးနပ္လိမၼာေသာကိုယ္ပိုင္အသိစိတ္႐ွိ အပင္မ်ိဳးလည္းျဖစ္သည္။ အပင္ႀကီးထြားလာသည္ႏွင့္အမွ် ေတာင္တစ္ေတာင္လုံးကိုပင္ ေနရာယူႏိုင္သြားၿပီး ၎လမ္းေပၚတြင္ပိတ္ေနသမွ်အရာအားလုံးကို ဝါးၿမိဳဖ်က္ဆီးပစ္ကာ သူတို႔၏အေသြးအသားကိုစုပ္ယူ၍ ဝိဉာဥ္မ်ားအထိ ေလာင္ကြၽမ္းဖ်က္ဆီးပစ္တတ္ၾကသည့္ သဘာဝ႐ွိသည္။ ၎ႏွင့္မိုင္၁၀၀ပတ္လည္အတြင္း႐ွိၾကသည့္ သက္႐ွိအရာအားလုံး ညိႇဳးႏြမ္းပ်က္သုဥ္းသြားသည္အထိ ေသေၾကၾကရသည္။

၎၏ထိတ္လန္႔တုန္လႈပ္စရာ ႐ွင္သန္ေရးလမ္းစဥ္ေၾကာင့္ပဲ ေဝးကြာလြန္းလွသည့္အတိတ္အခ်ိန္မ်ားကတည္းက မ်ိဳးသုဥ္းသြားၾကၿပီးျဖစ္ေပသည္။ ရံဖန္ရံခါအားျဖင့္ ေသြးဘုရင္ႏြယ္ပင္ႏွင့္လုပ္ထားသည့္ ေမွာ္ကိရိယာအသုံးအေဆာင္မ်ားကို ေဈး၌ ေရာင္းခ်မွသာ ျမင္ရတတ္သည္။ သို႔ရာ ယင္းပစၥည္းမ်ားမွာလည္း ေသဆုံးၿပီးသားအႂကြင္းအက်န္မ်ား ျဖစ္ၾကေသာေၾကာင့္ ၎တို႔၏စြမ္းအင္မ်ားမွာ အရည္အေသြးျပည့္မွီျခင္း သိပ္မ႐ွိေခ်။

" မနာပါဘူး သခင္ရဲ႕.."
ယြဲ႕ဝူဟြမ္သည္ ေသြးဘုရင္ႏြယ္ပင္ကိုထိန္းခ်ဳပ္၍ စုန္ခ်င္႐ွစ္၏ပုခုံးေပၚသို႔ ကုတ္အက်ႌ႐ွည္ကို ခ်ိတ္တင္ေပးလိုက္သည္။ ထို႔ေနာက္ သူ ေအာက္သို႔ငုံ႔ကိုင္းလိုက္ကာ ခါးစည္းႀကိဳးကို ခ်ည္ေႏွာင္ေပးရင္း ဆက္႐ွင္းျပေလသည္။
" ကြၽန္ေတာ္ ဒီဟာကို လွ်ိဳ႕ဝွက္နယ္ေျမသြားတုန္းက မေတာ္တဆ ပိုင္ဆိုင္မိသြားတာပါ... ေသြးဘုရင္ႏြယ္ပင္က ပ်ိဳးပင္ေပါက္‌ေလးပဲ႐ွိေသးတယ္... ၿပီးေတာ့ သူ႕ရဲ႕႐ုပ္ခႏၶာကို လြန္ခဲ့တဲ့ႏွစ္တစ္ေထာင္ကဆုံး႐ႈံးခဲ့ရၿပီး စိတ္ဝိဉာဥ္အျဖစ္နဲ႔ အကာအကြယ္စည္းထဲမွာ ခ်ိတ္ပိတ္ခံထားရတာေလ... သူက အနားကပ္ခ်င္တဲ့ပုံျပလာေတာ့ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ခႏၶာကိုယ္အစိတ္အပိုင္းျဖစ္သြားပါေစေတာ့ဆိုၿပီး အဲ့တာကို ကြၽန္ေတာ့္ဝိဉာဥ္ထဲ ထည့္သြင္းသန္႔စင္ဖို႔ ဆုံးျဖတ္လိုက္တာ... ကြၽန္ေတာ္ တကယ္ႀကီးေအာင္ျမင္သြားလိမ့္မယ္လို႔ေတာင္ မေတြးမိဖူးဘူး..."

ေ႐ွးေဟာင္းစာေပမ်ားထဲတြင္ ေသြးဘုရင္ႏြယ္ပင္ကို ယဥ္ပါးသန္႔စင္ေအာင္လုပ္သည့္ နည္းလမ္းအမ်ိဳးမ်ိဳး႐ွိသလို ႀကိဳးပမ္းမႈအ‌ေထြေထြမ်ားကိုလည္း မွတ္တမ္းတင္ထားေပသည္။ သို႔ေသာ္ အမည္မသိရေသာဒ႑ာရီလာ႐ွန္းကြၽင္းတစ္ဦး၏ ေအာင္ျမင္ခဲ့သည့္ျဖစ္စဥ္တစ္ခုသာ႐ွိခဲ့သည္။ ယြဲ႕ဝူဟြမ္သည္လည္း မဆင္မျခင္လုပ္တတ္သူတစ္ဦးမဟုတ္ေခ်။ အဆင့္ေက်ာ္တက္ၿပီးက်ေရာက္လာေသာ မိုးႀကိဳးအတိဒုကၡကို ခံစားခဲ့ရေသာ္လည္း , သူ၏ကိုယ္လုံး‌ကိုယ္ေပါက္မွာ သာမန္အေျခခံတည္ေဆာက္ျခင္းက်င့္ၾကံသူမ်ားထက္ ပို၍သန္မာေသာ္လည္း ယခုကိစၥမွာကား အေျခတည္ဝိဉာဥ္က်င့္ၾကံဆင့္ေရာက္ၿပီးသူမ်ားပင္ မစမ္းၾကည့္ရဲေသာ အႏၲရာယ္မ်ားလွသည့္ အရာျဖစ္လို႔ေနသည္... ဒါေပမဲ့ တျခားေ႐ြးခ်ယ္စရာမ႐ွိေတာ့သည္ကလြဲရင္ေပါ့...

စုန္ခ်င္႐ွစ္သည္ သူေမးခ်င္ေသာေမးခြန္းမ်ားမွာ ဗိုက္ထဲအျပည့္႐ွိေနေသာ္လည္း ၎တို႔ကို မည္သို႔စေမးသင့္မွန္း မသိေတာ့ပါေခ်။ ေမးလွ်င္လည္း အေျဖမွန္ရမည္မဟုတ္သည္ကို သူသိလို႔ေန၏။

ဆယ္ႏွစ္တာကာလအတြင္း အရာေတာ္ေတာ္မ်ားမ်ား ျဖစ္ပ်က္သြားခဲ့ၾကသည္။

သူနလန္ထူၿပီးေနာက္မွသာ ယင္းကိစၥမ်ားကို ျဖည္းျဖည္းခ်င္းစုံစမ္း႐ွာေဖြရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

စုန္ခ်င္႐ွစ္ ေ႐ွ႕သို႔ေျခလွမ္းလိုက္သည္ဆိုလွ်င္ပဲ သူ႕ခႏၶာကိုယ္မွာ ဟန္ခ်က္ပ်က္သြားခဲ့သည္။ သူ႕ခႏၶာကိုယ္၏ဘယ္ဘက္တစ္ျခမ္းမွာ ‌မည္သည့္အားအပိုကိုမွ မလႊတ္ထုတ္ႏိုင္ေအာင္ ထုံထိုင္းေပ်ာ့ေပ်ာင္းလို႔ေနေခ်၏။ သူ႕တစ္ကိုယ္လုံး ေ႐ွ႕သို႔ ယိုင္က်သြားသျဖင့္ ယြဲ႕ဝူဟြမ္၏လက္ေမာင္းမ်ားၾကားထဲသို႔ တင္းၾကပ္ၿမဲျမံစြာ အဖက္ခံလိုက္ရျပန္ေတာ့သည္။

ယခုအေျခအေနမွာ သူ႕အတြက္ယာယီသာျဖစ္မွန္း သိေနေသာ္လည္း လုံးဝေဖ်ာက္လို႔မရသည့္ အားေကာင္းေသာအရိပ္မည္းႀကီးက သူ႕အေပၚ ႀကီးစိုးလ်က္႐ွိေနတုန္းပင္။ သူ႕ခႏၶာကိုယ္ကို တျဖည္းျဖည္းထိန္းခ်ဳပ္ႏိုင္စြမ္းကင္းမဲ့လာသည့္အခ်ိန္ကာလမ်ားသို႔ ျပန္ေရာက္သြားသည့္အတိုင္းေပ။ သူသည္ ႐ုပ္ပိုင္းဆိုင္ရာနာက်င္မႈဒဏ္ကို လုံးဝမေၾကာက္ေသာ္လည္း သူ႕အေသြးအသားထဲအထိထုံက်င္ေပ်ာ့ညံ့ေနသည့္ယခုလိုခံစားခ်က္မ်ိဳးကိုေတာ့ အလြန္တရာေၾကာက္႐ြံ႕မိဆဲေပ။

သူသည္ ထိတ္လန္႔တုန္လႈပ္ေနေသာ္လည္း မည္သည္ကိုမွ ေျပာမထြက္ရဲခဲ့။ ယြဲ႕ဝူဟြမ္သည္ သူ႕အတြက္ အရာအားလုံးလုပ္ေပးခဲ့ၿပီးၿပီ။ ယခုလိုစိတ္ဒဏ္ရာအေသးစားေလးႏွင့္ သူ႕အားျပႆနာမေပးသင့္ေတာ့ေခ်။ ၎ကိစၥႏွင့္ပတ္သက္၍ သူ႕ကို ထပ္ၿပီး မစိုးရိမ္ခိုင္းေစခ်င္ေတာ့။ သို႔ရာ မည္သည့္အေၾကာင္းေၾကာင့္မွန္းမသိ ယြဲ႕ဝူဟြမ္၏ဝတ္႐ုံစအား တင္းၾကပ္ခိုင္ၿမဲစြာဆုပ္ကိုင္ထားသည့္ သူ႕လက္မ်ားကိုေတာ့ မလႊတ္ခ်ႏိုင္ခဲ့ေပ။ သူ႕ခႏၶာကိုယ္ပို၍ေတာင့္တင္းလာသည္ႏွင့္အမွ် ဆုပ္ကိုင္ထားေသာအားမွာလည္း ပို၍က်ပ္တည္းလာသလို ပို၍က်ပ္တည္းစြာဆုပ္ကိုင္မိတိုင္း သူ ပို၍လည္း ေၾကာက္႐ြံ႕လာေခ်ေတာ့သည္။ ႂကြက္သားမ်ားသည္ ႏွစ္ေပါင္းမ်ားစြာ စိတ္ဝိဉာဥ္အာဟာရဓာတ္ျဖည့္တင္းျခင္းမခံခဲ့ရသည့္အတြက္ တျဖည္းျဖည္း အေၾကာဆြဲလာျခင္းသာ ျဖစ္ေတာ့သည္။

ယြဲ႕ဝူဟြမ္သည္ သူ႕သခင္ႏွင့္ပတ္သက္ၿပီး တစ္ခုခုမွားယြင္းေနမွန္း သ‌တိထားမိသြားသည္။ ထို႔ေၾကာင့္ သူ႕‌လက္ေမာင္းမ်ားထဲ ျမန္ျမန္‌ဆန္ဆန္ေပြ႕ခ်ီလိုက္ကာ လွ်ိဳ႕ဝွက္အခန္းထဲမွ ထြက္လာ‌ေတာ့သည္။

အိပ္ခန္း၏ဖြဲ႕စည္းပုံမွာ ယခင္ကအတိုင္း ေျပာင္းလဲျခင္းမ႐ွိေခ်။ အိပ္ရာအိပ္ခင္းမ်ားကို ေလွ်ာ္ဖြတ္သန္႔စင္၍ ပုံမွန္လွဲလွယ္ေနၾကၿမဲ လွဲလွယ္ထားသျဖင့္ ရင္းႏွီးကြၽမ္းဝင္ေသာ ေဆးရနံ႔သင္းသင္းေလးပင္ ပ်ံ႕ႏွံ႔လို႔ေနသည္။

ယြဲ႕ဝူဟြမ္သည္ သူ႕အား အလြန္ႏူးညံ့သိမ္ေမြ႕စြာ ဂ႐ုတစိုက္ ေနရာခ်ေပးလိုက္သည္။ ႏြယ္ပင္မ်ားကို မွန္တင္ခုံေပၚမွ ေက်ာက္စိမ္းဆံထိုးအား သြားယူခိုင္းလိုက္သည္။ သူ႕ေျခဖဝါး႐ွိ အပ္စိုက္ကြက္မ်ားႏွင့္ မာရီဒန္မ်ားကို အာ႐ုံစူးစိုက္၍ ဂ႐ုတစိုက္ ဖိႏွိပ္ေပး‌ရင္း ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းႏွစ္သိမ့္ေပးလိုက္ေလသည္။
" အဆင္ေျပတယ္... စိတ္ကိုေလွ်ာ့ၿပီး အသက္ျပင္းျပင္း႐ွဴထုတ္လိုက္... သခင္ ကိုယ္လက္မလႈပ္႐ွားမိတာ ‌ႏွစ္ေပါင္းအေတာ္ၾကာသြားလို႔ပါ... ဒီအေျခအေနကပုံမွန္ပဲ တစ္ေအာင့္ၾကာရင္ ျပန္အဆင္ေျပသြားမွာ... ကြၽန္ေတာ္လည္း ေန႔တိုင္း သခင့္ရဲ႕ေျခလက္ေတြကို အခ်ိန္ၾကာၾကာႏွိပ္ႏွယ္ေပးပါမယ္... အလြန္ဆုံးေနမွ လဝက္ေလာက္ပဲရယ္ , အဲ့အခ်ိန္ေလာက္ဆို သခင္ လြတ္လြတ္လပ္လပ္ လႈပ္႐ွားႏိုင္ပါၿပီ..."

" အြန္း..."
စုန္ခ်င္႐ွစ္ ႐ွက္႐ြံ႕လာ‌ေတာ့သည္။ သူ႕နား႐ြက္ေလးမ်ားပင္ နီေစြးလာေခ်၏။ သူ႕ကိုယ္သူငွက္ကုလားအုတ္အျဖစ္ေျပာင္းလိုက္ၿပီး ငွက္ေမႊးေတာင္မ်ားေအာက္ ျမႇဳပ္ႏွံမိခ်င္စိတ္ေတာင္ ေပါက္သြားေတာ့သည္။

ယြဲ႕ဝူဟြမ္ရယ္လိုက္ၿပီး ေျပာလာသည္။
" ကုသေရးသမားေတြက ကိုယ့္ကိုယ္ကို ကုသေလ့မ႐ွိပါဘူး... အဲ့တာ‌ေၾကာင့္ မ...စိုးရိမ္ပါနဲ႔ သခင္ရယ္..."

ငါ့ကို '႐ွက္'စရာမလိုဘူးဆိုၿပီး ေျပာခ်င္တာမလား? စုန္ခ်င္႐ွစ္၏နား႐ြက္ေလးမ်ားမွာ ပို၍ပင္ နီျမန္းလာေတာ့သည္။ အထစ္ထစ္အေငါ့ေငါ့ႏွင့္ ျပန္ေခ်ပသည္။
" ငါဒဏ္ရာရတဲ့အခ်ိန္တိုင္း ငါ့ကိုယ္ငါပဲ အားကိုးၿပီး ကုသခဲ့တာပါေနာ္..."
သည္ဘက္ေလာက၏ 'သူ' သည္ သူငယ္ခ်င္းလုံးဝမ႐ွိေသာသူဟုပင္ ဆို၍ရသည္။ သူ ဒဏ္ရာရခ်ိန္တိုင္း သူ႕ကိုယ္သူသာ မွီခိုႏိုင္သည္။ အရာအားလုံးကို သူကိုယ္တိုင္သာ ၿပီးေျမာက္ေအာင္ ေျဖ႐ွင္းေလ့႐ွိသည္။
" တကယ္ေျပာတာ , လွ်ိဳ႕ဝွက္နယ္ေျမသြားတုန္းက ငါ့လက္တစ္ဖက္လုံးျပတ္ထြက္သြားတာ ... အိမ္ျပန္ေရာက္ေတာ့ အဲ့တာကို ငါ့ဘာငါ ျပန္ခ်ဳပ္ဆက္ၿပီး ကုသခဲ့တာ... ငါကေလ နာက်င္ရမွာကို တစ္စက္မွေၾကာက္တတ္တဲ့သူမဟုတ္ဘူး ! "

ဤအေျခအေနျဖစ္လာလိမ့္မည္ဟု သူလည္းမေမွ်ာ္လင့္ထားေပ။ သူက ပုံမွန္ဆိုရင္ ေယာက်္ားဆန္တဲ့စိတ္ဓာတ္အျပည့္နဲ႔ တိုက္ရည္ခိုက္ရည္ကြၽမ္းက်င္တဲ့သူပါေနာ္ ! တကယ္လို႔ အရမ္းနာက်င္ရတယ္ဆိုရင္ မ်က္ရည္မထြက္ေအာင္ေတာ့ သူ႕ကိုယ္သူမထိန္းထားႏိုင္ေပမယ့္ အရာအားလုံးကို အရင္ဆုံးေျဖ႐ွင္းၿပီးမွ ငိုတတ္တဲ့သူပါ...

ယြဲ႕ဝူဟြမ္သည္ ႏွိပ္နယ္ေပးေနရင္း ေခတၱမွ်ရပ္တန္႔မိသြားေပသည္။ သူ႕မ်က္လုံးမ်ားကို ပင့္တင္လ်က္ စိုက္ၾကည့္လိုက္ကာ ေလးနက္စြာေျပာလာခဲ့သည္။
" ကြၽန္ေတာ္႐ွိေနသမွ် ဒါေတြအားလုံးကို သခင္တစ္ေယာက္တည္း ေျဖ႐ွင္းဖို႔လိုမွာ မဟုတ္ေတာ့ပါဘူး..."

စုန္ခ်င္႐ွစ္သည္ အခ်ိန္အတန္ၾကာ တိတ္ဆိတ္ၿငိမ္သက္သြားၿပီးေနာက္မွ ႐ွက္႐ြံ႕စြာ ေခါင္းၿငိမ့္လိုက္ေလသည္။
" အင္းပါ..."

ယြဲ႕ဝူဟြမ္သည္ မည္သည့္စကားမွထပ္မဆိုေတာ့ဘဲ သူ႕သခင္၏ႂကြက္သားမ်ားေျပေလ်ာ့လာေစရန္၌သာ အာ႐ုံစူးစိုက္ထားေတာ့သည္။ ျပတင္းတံခါးမွ ျဖတ္သန္းတိုးေဝွ႔လာသည့္ ေအးျမျမေလ‌ေျပညႇင္းထဲ၌ ပန္းရနံ႔သင္းသင္းေလးပါ ေရာယွက္ပါလာေခ်သည္။ ကမ႓ာေလာကႀကီးမွာ သူမ၏အသံေပ်ာက္ဆုံးသြားသည့္အလား တိတ္ဆိတ္ၿငိမ္သက္လြန္းေနကာ သူတို႔ႏွစ္ဦး၏ အသက္႐ွဴသံဖ်ဖ်သာ ၾကားေနရသည္။ စုန္ခ်င္႐ွစ္သည္ သူ႕‌အေ႐ွ႕မွ လူသားေလးအား ၾကည့္ေနခဲ့သည္။ ႐ုတ္တရက္ သူႏွင့္ပတ္သက္ၿပီးဘာကထူးျခား‌ေနမွန္း သတိထားမိသြားေတာ့သည္။ သူ၏ကိုယ္စိတ္သေဘာထားကအစ အလုံးစုံေျပာင္းလဲသြားျခင္းသာ ျဖစ္ေတာ့ေပတည္း။

မူလယြဲ႕ဝူဟြမ္မွာ ေကာက္ယူမိသည္ႏွင့္ လက္ကိုထိုးေဖာက္ရန္အသင့္ျဖစ္ေနသည့္ ဆူးခက္အျပည့္ႏွင့္ တင့္တယ္လွပစြာ ငြားငြားစြင့္စြင့္ပြင့္လန္းေနေသာ ပန္းတစ္ပြင့္အလားပင္။ သို႔ေသာ္ ယခု ယြဲ႕ဝူဟြမ္သည္ ထက္ျမက္ေသာဓားတစ္လက္အလား မည္သည့္အတားအဆီးကိုမဆို ထိုးေဖာက္ခုတ္ထြင္းႏိုင္မည့္သ႑ာန္ႏွင့္ သူ၏႐ုပ္ရည္သြင္ျပင္မွာ ဖ်တ္လတ္တက္ႂကြေသာစိတ္ခြန္အားမ်ားႏွင့္ျပည့္ႏွက္ေနေတာ့သည္...

သူ သက္ေတာင့္သက္သာ႐ွိလာသည္ႏွင့္အမွ် ႂကြက္သားမ်ားထုံထိုင္းေပ်ာ့ေခြေနျခင္းမွာလည္း ျဖည္းျဖည္းခ်င္း ေပ်ာက္ကင္းလာေတာ့သည္။ စုန္ခ်င္႐ွစ္သည္ သူ႕လက္ေခ်ာင္းေလးမ်ားကို လႈပ္႐ွားၾကည့္လိုက္သည္။ သူ ဆက္လႈပ္႐ွားလို႔ရသြားမွန္း ေသခ်ာသြားေတာ့မွ ထပ္ၿပီးအေတြးမလြန္မိေစရန္ သူ႕ကိုယ္သူျပန္ထိန္းလိုက္ၿပီး ေနာက္ပိုင္းေလ့က်င့္ခန္းအခ်ိန္မွသာ ယင္းကိစၥကို ပုံအပ္ထားရန္ ဆုံျဖတ္လိုက္ေတာ့သည္။

သူသည္ ယြဲ႕ဝူဟြမ္၏အလြန္တရာသိမ္ေမြ႕လွပေသာ မ်က္ႏွာေလးကို ေငးစိုက္ၾကည့္ေနရင္း အေရးႀကီးလွသည့္တစ္စုံတစ္ရာကို ႐ုတ္တရက္ အမွတ္ရမိလိုက္သည္။
" သည္ႏွစ္ေတြအတြင္း မင္းအျပင္ထြက္ရင္ ဘယ္လိုထြက္လဲ ? ႐ုပ္ေျပာင္းဂါထာသုံးၿပီး‌ေတာ့လား ? ငါက ဘယ္လိုသ‌ေဘာနဲ႔မွရည္႐ြယ္ၿပီး ေမးတာမဟုတ္ပါဘူး , ဒီအတိုင္း... အမတကမ႓ာမွာ လူဆိုးေတြအမ်ားႀကီး႐ွိတယ္ေလ... ငါကိုယ္တိုင္ေတာင္မွ ငါ့႐ုပ္ရည္‌ေၾကာင့္ လြယ္လြယ္အႏိုင္က်င့္လို႔ရတယ္ဆိုၿပီး ထင္ၾကတဲ့ေကာင္ေတြရဲ႕ အဓမၼျပန္ေပးဆြဲဖို႔ ႀကိဳးစားဖူးတဲ့ အျဖစ္ေတြ အမ်ားႀကီးၾကဳံဖူးတယ္..."

ဤကဲ့သို႔ေသာအရာမ်ားကို အၿမဲတမ္းၾကဳံရေလ့႐ွိသည္။ သူအျပင္ထြက္တိုင္း သူ႕ကို ေဆးခတ္ၿပီးသတိေမ့ေအာင္လုပ္ခ်င္ၾကသူမ်ား သို႔မဟုတ္လည္း သူ႕အား လိမ္လည္လွည့္ဖ်ားၿပီး အတင္းဓမၼျပန္ေပးဆြဲဖို႔ႀကိဳးစားၾကသူမ်ားက အၿမဲ႐ွိေနတတ္သည္။

သူသည္ အရက္စက္ဆုံးနည္းလမ္းမ်ားႏွင့္ ထိုေကာင္မ်ားကို ႐ွင္းထုတ္ခဲ့ၿပီး သူ႕အေၾကာင္းမေကာင္းသတင္းမ်ား ပ်ံ႕ႏွံ႔ၿပီးခ်ိန္မွသာ ယင္းအေျခအေနမွာ ေကာင္းမြန္သည့္ဘက္သို႔ ေျပာင္းလဲသြားေတာ့သည္။

" သခင္ သည္လိုျဖစ္ရပ္ေတြနဲ႔ ၾကဳံေတြ႕ရတာက သခင့္ကိုယ္ထဲက ေရအမ်ိဳးအစားသီးသန္႔ဝိဉာဥ္စြမ္းအင္ေၾကာင့္ပါ..."
ေရာဂါ႐ွာေဖြကုသစဥ္အေတာအတြင္း ယြဲ႕ဝူဟြမ္သည္ စုန္ခ်င္႐ွစ္၏ခႏၶာကိုယ္ထဲမွ မီးေတာက္အမ်ိဳးအစားႏွစ္မ်ိဳးမွာ ပုန္းကြယ္စြာတည္႐ွိေနၾကေသာ္လည္း သူ၏စိတ္ဝိဉာဥ္ျမစ္ေၾကာမွာ ဆန္႔က်င္ဘက္ျဖစ္စြာ ေရအမ်ိဳးအစားျဖစ္လို႔ေနမွန္း ေတြ႕႐ွိခဲ့ေလသည္။ သူသည္ မီးေတာက္မ်ားကို အေအးဓာတ္စြမ္းအင္ႏွင့္ ဖိႏွိပ္ထားၿပီး သူ၏အဆိပ္စြမ္းအင္ႏွင့္ေပါင္းစပ္လိုက္သည့္အတြက္ တကယ့္ကို မ်က္စိဖမ္းစားစရာ ကိုယ္ေနဟန္ထားျဖစ္လာေတာ့သည္။

သို႔ေသာ္ သာမန္က်င့္ၾကံသူမ်ား၏မ်က္လုံးထဲတြင္ ေရတစ္မ်ိဳးတည္းသီးသန္႔စြမ္းအင္႐ွိသူမ်ားအား တိုက္ခိုက္ေရး၌ လြန္စြာအားနည္းေသာသူမ်ားအျဖစ္သာ ျမင္ၾကေပသည္။ အားေကာင္းသူမ်ားမွာလည္း လြန္စြာ႐ွားပါး၍ အနည္းအက်ဥ္းသာ႐ွိၾကသည္။ သူတို႔၏အသုံးဝင္ဆုံးေသာလုပ္ေဆာင္ရည္ကို ေျပာရမည္ဆိုလွ်င္ ႏွစ္ကိုယ္ယွဥ္တြဲက်င့္ၾကံရာ၌ေပ။ ဒါမွမဟုတ္လည္း သူတို႔အား အေကာင္းဆုံးေသာ က်င့္ၾကံေရးမီးျပင္းဖိုမ်ားအျဖစ္ ေျပာင္းလဲသန္႔စင္ႏိုင္ၾကေသးသည္။

အကယ္၍ စုန္ခ်င္႐ွစ္သာ တျခားသူမ်ားသူ႕အေပၚမ်က္စိမလႊဲႏိုင္‌ေလာက္ေအာင္ ယခုလို ထူးျခားသည့္ကိုယ္ေနဟန္ထားျဖင့္ လုံေလာက္ေအာင္သန္မာျခင္းမ႐ွိခဲ့ပါလွ်င္ သူ႕ကိုေစာင့္ႀကိဳေနမည့္အရာမွာ ယြဲ႕ဝူဟြမ္ျဖတ္သန္းခဲ့ရသည္ႏွင့္ဆင္တူေသာ ေသဆုံးျခင္းကသာပိုေကာင္းမည့္ငရဲေနရာသာ ျဖစ္လိမ့္မည္။

ထိုနတ္ဆိုးက်င့္ၾကံသူမ်ား၏ စုန္ခ်င္႐ွစ္ခႏၶာကိုယ္ေပၚ တိုက္႐ိုက္က်ေရာက္ေနသည့္ညစ္ညမ္းအေတြးမ်ားကို စဥ္းစားမိသည္ႏွင့္ ယြဲ႕ဝူဟြမ္မွာ လြန္စြာ႐ြံ႐ွာလာရကာ အျပင္ထြက္ၿပီး တစ္ေယာက္ေယာက္အား သတ္ျဖတ္ခ်င္စိတ္ပင္ ေပါက္လာေတာ့သည္။ သူ သတိေပးလိုက္သည္။
" အနာဂတ္မွာ သခင့္ရဲ႕စိတ္ဝိဉာဥ္စြမ္းအင္ကို ဘယ္သူ႕ကိုမွ ေျပာျပလို႔မျဖစ္ဘူးေနာ္... အဲ့တာအျပင္ တစ္ေယာက္ေယာက္ရဲ႕ စကားခ်ိဳခ်ိဳသာသာေလးေတြကိုလည္း ယုံလို႔မရဘူး... တစ္ေယာက္ေယာက္ရဲ႕ က်င့္ၾကံေရးလက္တြဲေဖာ္ျဖစ္လာဖို႔တို႔ မဟုတ္လည္း ႏွစ္ကိုယ္ယွဥ္တြဲက်င့္ၾကံဖို႔ဆိုၿပီး ေစ့စပ္ေၾကာင္းလမ္းလာတာမ်ိဳးဆိုရင္ မဆင္မျခင္လက္မခံရဘူးေနာ္..."

စုန္ခ်င္႐ွစ္က ေလး‌ေလးနက္နက္ သေဘာတူလိုက္သည္။ သို႔ရာ သူ႕ရဲ႕စိတ္ဝိဉာဥ္စြမ္းအင္အမ်ိဳးအစားက က်င့္ၾကံေရးလက္တြဲေဖာ္႐ွာသည့္ကိစၥႏွင့္ မည္သို႔သက္ဆိုင္ေနမွန္း နားမလည္‌ေနေခ်။ မည္သို႔ပင္ဆိုေစ ႏွစ္တစ္ေထာင္ၾကာၿပီးသြားတာေတာင္ သူႏွင့္လိုက္ဖက္တဲ့သူကို ႐ွာမေတြ႕ႏိုင္ေသးသည့္အတြက္  ဤအေၾကာင္းမွာ ျပႆနာမႀကီးေလာက္ဟု ဆိုႏိုင္ေလာက္သည္ေပ။

သူေဆးေက်ာင္းသားဘဝက သူ႕စီနီယာမ်ားသည္ အခ်ိန္ႏွင့္အမွ် စာဖတ္ဖို႔ ပုစၧာမ်ားေျဖ႐ွင္းဖို႔ သုေတသနမ်ားလုပ္ဖို႔သာ ေခါင္းထဲ႐ွိေသာ သူ႕လိုေဆးပညာ၏သစၥာ႐ွိေခြးတစ္‌ေကာင္အေနႏွင့္ သူနာမက်န္းမျဖစ္ခဲ့လွ်င္ေတာင္မွ ေကာင္မေလးေတာ့ ဘယ္ေတာ့မွရမည္မဟုတ္ဟုဆိုၿပီး စေနာက္ခဲ့ဖူးသည္။

ထိုအခ်ိန္တုန္းက သူ အနည္းငယ္ပင္ စိတ္ဓာတ္က်သြားမိသည္။ အကယ္၍... အကယ္၍ သူမွာသာ ႀကိဳက္ႏွစ္သက္ရသည့္ တစ္ဦးတစ္ဦး႐ွိလာခဲ့ရင္ သူ႕စီနီယာအစ္ကိုမ်ားထက္ သူတို႔ရဲ႕ဖိနပ္ကို လွ်က္ေပးရာ၌ သူက ပိုကြၽမ္းက်င္မွာ ေသခ်ာသည္ ! ေရေႏြး‌ေလးအရံသင့္ျပင္ထားေပးမည္ , မနက္စာ‌ဝယ္ေပးမည္ , သူ၏ေငြကတ္ကိုပင္ လက္လႊဲေပးလိုက္မည္အထိ သူအႏြံတာခံႏိုင္သည္ !

ယြဲ႕ဝူဟြမ္သည္ သူ႕သခင္မွာ အျပင္သို႔ထြက္ေလ့သိပ္မ႐ွိသျဖင့္ ဤသို႔ႏွယ္ယုတ္မာေသာစိတ္သေဘာထားမ်ားကို နားလည္လိမ့္မည္မဟုတ္မွန္းအား သိေနခဲ့သည္။ သူ႕သခင္၏ႏွလုံးသားကိုလည္း မညစ္ညမ္းေစခ်င္မိေပ။ ယင္းအေၾကာင္းအရာမ်ားကို သူ႕သခင္အား ေနာက္ပိုင္းမွသာ ျဖည္းျဖည္းခ်င္းသင္ခန္းစာပို႔ခ်ေတာ့မည္။ ေစာနက ေမးထားေသာေမးခြန္းကို သူျပန္ေျဖလိုက္သည္။
" ကြၽန္ေတာ့္က သခင္ေပးထားတဲ့ ေအးခဲေက်ာက္စိမ္းက်င့္စဥ္နဲ႔ အဆိပ္ထိန္းခ်ဳပ္နည္းလမ္းေတြကို ေလ့က်င့္ခဲ့တာပါ... အခု ကြၽန္ေတာ္ရဲ႕ ဝိဉာဥ္စြမ္းအင္နဲ႔ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ထိန္းခ်ဳပ္ႏိုၿပီေလ..."

သူ၏ ကိုယ္တြင္း‌ေသြးပတ္လမ္းေၾကာင္းထဲ အဆိပ္အေတာက္မ်ားကို လွည့္ပတ္ေစလိုက္ရာ သူ၏အေပၚမ်က္ႏွာတစ္ျခမ္း၌ အေရာင္အဆင္းစုံလင္လွသည့္ ေၾကာက္စရာေကာင္းလွေသာအမွတ္ရာမ်ားစြာ ေပၚလာခဲ့ေခ်သည္။ သူ၏ႏွဖူးျပင္တစ္ခုလုံးအျပင္ ,  သူ႕မ်က္လုံးတစ္ဝိုက္ , ႏွာေခါင္းေပၚႏွင့္ ပါးျပင္မ်ားအထိပါ ထိုအမွတ္ရာမ်ားက ကစဥ့္ကလ်ားပ်ံ႕ႏွံ႔စြာ ႐ွိေနၾကေတာ့သည္။ သူ၏႐ႊန္းစိုလွပသည့္မ်က္ရည္ခံမွည့္ကိုပင္ ဖုံးကြယ္သြားၿပီး အလွတရားမ်ားအားလုံးလည္း ပ်က္စီးသြားေခ်သည္။ သူ႕မ်က္ႏွာ၏ေအာက္အျခမ္းသာ မူလသြင္ျပင္အတိုင္း မပ်က္မ႐ြင္းက်န္႐ွိေနသည္မွာ ျမင္ကြင္းတစ္ခုလုံးအား ဝမ္းနည္းေၾကကြဲစရာေကာင္းေလာက္ေအာင္ ႐ုပ္ဆိုးအက်ည္းတန္လြန္းသည့္တစ္ဖက္ျခမ္းႏွင့္ ႏိႈင္းယွဥ္ေဖာ္ျပထားသကဲ့သို႔ ျဖစ္ေနေတာ့သည္...

စုန္ခ်င္႐ွစ္ အံ့ဩသြားသည္။
" နတ္ဆိုးမ်က္ႏွာဖုံးေႁမြအဆိပ္ ? "

" အြန္း , သခင့္ရဲ႕ မီးေတာက္ကိုဖိႏွိပ္တဲ့နည္းစဥ္ကို အတုယူၿပီး ဖန္တီးႏိုင္ခဲ့တာပါ..."
ယြဲ႕ဝူဟြမ္က ေပ်ာ္႐ႊင္စြာ ျပဳံးေနသည္။
" ကြၽန္ေတာ္ နတ္ဆိုး‌မ်က္ႏွာဖုံးေႁမြရဲ႕အဆိပ္ကိုထုတ္ၿပီး‌ေတာ့သန္႔စင္လိုက္တယ္.. အဲ့တာကို တျခားေဆးမႈန္႔အခ်ိဳ႕နဲ႔ ေရာစပ္ေပါင္းထည့္လိုက္ၿပီး ကြၽန္ေတာ့္မ်က္ႏွာေပၚ ေပၚေအာင္လုပ္ထားတာ... အဲ့နည္းလမ္းသုံးထားေတာ့ ကြၽန္ေတာ္တစ္ခုခုေျဖ႐ွင္းစရာေပၚလို႔အျပင္ထြက္တိုင္း တျခားသူေတြကို အထိတ္ထိတ္အလန္႔လန္႔ျဖစ္သြားေစခဲ့တယ္... ဒါေပမဲ့လည္း ျပႆနာေတြအားလုံးကို တစ္ခါတည္း႐ွင္းထုတ္လိုက္ႏိုင္ခဲ့ပါတယ္... သခင္ေလးဝူဟြမ္႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားပါတယ္ဆိုတဲ့သတင္းျပန္႔ၿပီးတာနဲ႔ ကြၽန္ေတာ္လည္း ပိုၿပီးလုံျခဳံလာခဲ့ေရာ..."

စုန္ခ်င္႐ွစ္သည္ သူ၏လက္ကိုဆန္႔ထုတ္လိုက္ၿပီး ၎အမွတ္ရာမ်ားကို ထိေတြ႕ၾကည့္လိုက္သည္။ သူ႕အသားအရည္မွာ လြန္စြာေခ်ာမြတ္ေနၿပီး မူလအသားအရည္အားထိေတြ႕ေနရသည့္ခံစားခ်က္ႏွင့္ သိပ္မကြာေပ။

ယြဲ႕ဝူဟြမ္သည္ အဆိပ္အေတာက္မ်ားကို ဆက္လက္ပ်ံ႕ႏွံ႔ထားေစလိုက္သည္။ သူ႕အျပဳံးမွာ မေပ်ာက္သြားေသးေခ်။
" တကယ္လို႔ တစ္ေယာက္ေယာက္က သံသယ႐ွိတဲ့ အေတြးတစ္ခုခုဝင္လာခဲ့ၿပီဆိုရင္ ကြၽန္ေတာ့္ရဲ႕ အဆိပ္အေတာက္ထိန္းခ်ဳပ္တဲ့ ဝိဉာဥ္စြမ္းအင္ေတြအားလုံးကို လႊတ္ခ်လိုက္ၿပီး တကယ့္နတ္ဆိုးမ်က္ႏွာဖုံးေႁမြအဆိပ္ကို ကြၽန္ေတာ့္တစ္ကိုယ္လုံးေပၚ ပ်ံ႕ခိုင္းလိုက္ၿပီး သူ႕ကိုလုံးဝစိတ္ပ်က္သြားေအာင္ လုပ္ပစ္မွာပါ..."

စုန္ခ်င္႐ွစ္သည္ သူ႕ခႏၶာကိုယ္ေပၚ႐ွိ အမွတ္ရာမ်ားကို ၾကည့္ေနရင္း သူ၏စိတ္ထဲ၌ အနည္းငယ္မွ်နာက်င္သြားရသည္။ သို႔ေသာ္ျငား ႐ုပ္ဖ်က္ျခင္းထက္စာလွ်င္ေတာ့ ယင္းမွာ အသင့္ေတာ္ဆုံးနည္းလမ္းျဖစ္ေနသည္ကို သူဝန္ခံရေပလိမ့္မည္။

သူ႕ခႏၶာကိုယ္ေပၚ႐ွိ အဆိပ္အေတာက္မ်ားမွာ ယုတ္ညံ့ေသာအေတြးမွန္သမွ်အား အဆုံးသတ္ေပးႏိုင္‌ေလသည္။ ထို႔အျပင္ လွပေသာအရာမ်ားအား ေျပာင္ေျမာက္စြာဖ်က္စီးၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ လူတစ္ခ်ိဳ႕၏က႐ုဏာပိုေသာ သနားစိတ္မ်ားမွာ ႏိုးႂကြလာတတ္ေတာ့သည္။ အနည္းဆုံးေတာ့ သူတို႔ေတြသည္ သူ႕အေ႐ွ႕၌ ထိုသို႔မသတီစရာျမင္ကြင္းမ်ားကို ေတြးမၾကည့္ႏိုင္ၾကေတာ့သလို သူ႕အတိတ္ကိုခုတုံးလုပ္ၿပီးလည္း သူအားအ႐ွက္ခြဲေတာ့မည္ မဟုတ္ေတာ့ေခ်။ သို႔ရာ ျမင္လိုက္သည္ႏွင့္ စက္ဆုပ္, ႐ြံ႐ွာ, ထိတ္လန္႔ဖြယ္ျဖစ္သြားရမည့္ မ်က္ႏွာမ်ိဳးကေတာ့... သာမန္လူမ်ား ခံႏိုင္ရည္႐ွိေလာက္မည့္ ကိုယ့္ကိုယ္ကိုရက္စက္မႈမ်ိဳး မဟုတ္ပါေပ...

" ကြၽန္ေတာ္ေတာ့ ဒီမ်က္ႏွာကို ဂ႐ုမစိုက္ပါဘူး... ဒီမ်က္ႏွာမပါရင္ေတာင္မွ လူေတြက ကြၽန္ေတာ့္ရဲ႕တျခားအရည္အခ်င္းေတြကို ျမင္ႏိုင္ေသးတာပဲေလ... ၿပီးေတာ့ သခင္စိတ္မ‌ေကာင္းျဖစ္မွာစိုးလို႔ ကြၽန္ေတာ့္ရဲ႕မ်က္ႏွာကို လုံးလုံးမဖ်က္စီးခဲ့ပါဘူး..."
ယြဲ႕ဝူဟြမ္သည္ သူ႕သခင္၏သေဘာထားကို နားလည္သည့္အတြက္ အဆိပ္အေတာက္မ်ားကို ျပန္လည္ဖယ္႐ွားလိုက္ေလရာ သူ၏လွပေသာမ်က္ႏွာေလးမွာ ျပန္လည္ေပၚလာခဲ့ေခ်သည္။ သူ၏ဖီးႏွစ္သ႑ာန္မ်က္ဝန္းအိမ္မ်ားထဲ၌ ခ်စ္ခင္ၾကင္နာမႈတို႔က ယိုဖိတ္လ်က္...
" သခင္က ကြၽန္ေတာ့္ရဲ႕ဒီမ်က္ႏွာကို ႀကိဳက္တယ္ဆိုရင္ အခုအခ်ိန္ကစၿပီး သခင့္တစ္ေယာက္တည္းကိုပဲ ျပမယ္ေလေနာ္ , ရမယ္မလား ?.. "

အနီေရာင္ႏြယ္ပင္သည္ စုန္ခ်င္႐ွစ္၏ေျခေထာက္တစ္ဝိုက္ကို ရစ္ပတ္လာေခ်သည္။ ၎မွာ ဟိုမွသည္သို႔ လူးလာယိမ္းႏြဲ႕လ်က္ အလိုလိုက္ခံထားရသည့္ကေလးတစ္ေယာက္အလား ျပဳမူလႈပ္႐ွားေနေတာ့သည္။

" ေကာင္းၿပီ "
စုန္ခ်င္႐ွစ္လည္း သေဘာတူလိုက္ၿပီး ခ်က္ခ်င္းလက္ငင္း ခ်ီးက်ဴးစကားဆိုလိုက္သည္။
" ဝူဟြမ္ရဲ႕႐ုပ္ရည္က အလွဆုံးပဲ ! "

ယြဲ႕ဝူဟြမ္မွာ အလြန္တရာေပ်ာ္႐ႊင္ဝမ္းေျမာက္သြားကာ လိႈက္လိႈက္လွဲလွဲရယ္ေမာလိုက္ေပသည္။

သူထရပ္လိုက္ၿပီး ေရစက္မ်ားေၾကာင့္ ႐ႊဲစိုသြားေသာအဝတ္မ်ားကိုခြၽတ္လိုက္ကာ အနီေရာင္ပိုးကတၳီပါခ်ည္ထိုးဝတ္႐ုံ႐ွည္ကို ကိုယ္၌ခ်ပ္ကပ္စြာ ဝတ္ဆင္လိုက္သည္။ သူ၏ခါးပတ္လည္ကို ပါးလႊာေသာေ႐ႊေရာင္ႀကိဳးမွ်င္ေလးႏွင့္ စည္းေႏွာင္လိုက္သည္။ ဤႏွစ္တာကာလမ်ားအတြင္း ဓားသိုင္းက်င့္စဥ္ကိုသာ ေလ့က်င့္ခဲ့သည့္အတြက္ ယခင္ကသူ၏ႏူးညံ့အားနည္းေသာ႐ုပ္ရည္သြင္ျပင္မွာ ေပ်ာက္ကြယ္သြားကာ အရပ္႐ွည္ကာေတာင့္တင္းသန္မာေသာကိုယ္ေနဟန္ထားျဖင့္ အစားထိုးလာေတာ့သည္။

ႏြယ္ပင္မ်ားသည္ ကတၳီပါဗူးေလးတစ္ဗူးကို ယူလာခဲ့သည္။ ဗူးထဲ၌ ေ႐ႊေရာင္မ်က္ႏွာဖုံးတစ္ခုက ေနရာတက်႐ွိေနသည္။ မ်က္ႏွာဖုံး၏အစြန္းႏွစ္ဖက္၌ အခ်ိဳးအစားမက်နေသာေတာင္ပံေလးမ်ားအား ထူးျခားေျပာင္ေျမာက္စြာ အထပ္ထပ္ထြင္းထုထားသည္။ ဘယ္ဘက္တစ္ျခမ္းကို အနီေရာင္ဖဲစည္းႀကိဳးႏွင့္ ရစ္ပတ္ေႏွာင္ဖြဲ႕ထားကာ ယင္းဖဲႀကိဳးေလးအား လင္းလက္ေတာက္ပစြာအေရာင္စုံလွသည့္ေက်ာက္အေသးေလးသုံးလုံးႏွင့္ စီတန္းခ်ိတ္တြယ္၍ တန္ဆာဆင္ထားေလသည္။

သူ၏ဆံပင္မ်ားကို ေခါင္းေနာက္သို႔ သာမန္ကာလွ်ံကာပို႔လႊတ္၍ စုစည္းခ်ည္ေႏွာင္လိုက္သျဖင့္ အဖ်ားပိုင္းအနည္းငယ္ေကာက္ေနေသာ ေဘးဆံသားေလးအခ်ိဳ႕သာ ကပိုက႐ို က်န္ရစ္ခဲ့‌ေလသည္။ ထို႔ေနာက္ ေ႐ႊေရာင္မ်က္ႏွာဖုံးအားတပ္လိုက္ေလရာ နတ္ဆိုးေႁမြအဆိပ္မ်ားပ်ံ႕ႏွံ႔ေနခဲ့ေသာေနရာအကုန္လုံး ဖုံးအုပ္သြားေတာ့သည္။ သူ၏ ပ်ားရည္အေရာင္အဆင္း႐ွိေဖ်ာ့ေတာ့ေတာ့ေမးေစ့ႏွင့္ စြဲမက္ဖြယ္ႏႈတ္ခမ္းပါးတစ္စုံတို႔သာ သီးသန္႔ထင္‌ေပၚေနၿပီး မာန္မာနႀကီးမား၍ အထက္စီးဆန္ဆန္ဝံ့ႂကြားေသာအလွတရားအျဖစ္ တင့္တယ္လ်က္႐ွိရာ ျမင္ေတြ႕သူတိုင္း အၾကည့္မလႊဲႏိုင္ေအာင္ ျဖစ္ရေတာ့သည္။

စုန္ခ်င္႐ွစ္သည္ ႏွစ္ႏွစ္ကာကာထပ္ခ်ီးက်ဴးမိလိုက္ျပန္သည္။
" ဒီမ်က္ႏွာဖုံးေလးက တကယ့္ကိုလွတာပဲ..."

ယြဲ႕ဝူဟြမ္၏ႏႈတ္‌ခမ္းေထာင့္ေလးမ်ား အနည္းငယ္ေကြးတက္သြားသည္။ သူသည္ အလြန္ကိုေပ်ာ္႐ႊင္လို႔ေန၏။
" သခင္က အခုႏိုးထလာၿပီေလ... ကြၽန္ေတာ္အျပင္ထြက္တိုင္း သခင့္ကိုမ်က္ႏွာပ်က္ေစလို႔မျဖစ္ဘူးေပါ့..."

သူသည္ စုန္ခ်င္႐ွစ္ႏိုးထလာၿပီျဖစ္သည့္အတြက္ ေသခ်ာေတြးေတာ၍ နတ္ဆိုးမ်က္ႏွာ‌ဖုံးေႁမြအဆိပ္အား တမင္တကာ သူ႕မ်က္ႏွာတစ္ဝက္သာ ပ်ံ႕ႏွံ႔ခိုင္းထားျခင္းျဖစ္သည္။ ငွက္အဖိုတစ္ေကာင္ သူ႕ရဲ႕ေတာင္ပံမ်ားကို ဝံ့ႂကြားလွပစြာျဖန္႔ျပ၍ သူ႕ႏွလုံးသားထဲက ခ်စ္သက္ညႇာငွက္ေလး၏ ၾကင္နာမႈကို အရယူရန္ႀကိဳး‌စားေနသည့္အလား သူသည္လည္း သူခ်စ္ျမတ္ႏိုးရသည့္ထိုသူ႕အား သူ႕ကို႐ုပ္ဆိုးသည္ဟု မျမင္ေစလိုေပ။ သူ၏ၾကည့္ေကာင္းသည့္တစ္ဖက္ျခမ္းကိုသာ ျမင္ေစခ်င္မိသည္။

စုန္ခ်င္႐ွစ္လည္း ယြဲ႕ဝူဟြမ္က ဤကိစၥရပ္မ်ားကို ကြၽမ္းက်င္စြာကိုင္တြယ္ေျဖ႐ွင္းထားမွန္း ျမင္လိုက္ရၿပီးေနာက္မွ လုံးလုံး စိတ္သက္သာရာရသြားေတာ့သည္။ စိုးရိမ္မကင္းႏိုင္စြာျဖင့္ တစ္ျခားေမးခြန္းဘက္သို႔ လွည့္ေျပာင္းေမးလိုက္သည္။
" နတ္ေဆးဘုရင္ေတာင္ၾကားေရာ.. အရာရာအဆင္ေျပတယ္မလား ? ဘာျပႆနာမွမ႐ွိဘူးမလား ? "

" ဘာမွေတာ့မ႐ွိပါဘူး... ဒါေပမဲ့ ျပႆနာတက္ႏိုင္မယ့္အရာတစ္ခုေတာ့႐ွိေနတယ္ရယ္..."
ယြဲ႕ဝူဟြမ္သည္ သူ႕လက္ကိုေဝွ႔ရမ္းလိုက္ရာ အနီေရာင္ႏြယ္ပင္မွာ ေနာက္တစ္ဖန္ထပ္လႈပ္႐ွားသြားခဲ့ၿပီး စာအိတ္မ်ားအထပ္လိုက္ယူေဆာင္လာခဲ့ကာ စုန္ခ်င္႐ွစ္ထံေပးလိုက္ေလသည္။
" အန္းလုံေရးထားတာေတြပါ... သခင္ဖတ္ၾကည့္သင့္တယ္..."

စုန္ခ်င္႐ွစ္သည္ စာ႐ြက္မ်ားကို လွန္ေလွာဖြင့္ဖတ္လိုက္သည္။ ပထမဆုံး၌ အန္းလုံသည္ စာမ်ားကို ႏွစ္လ သို႔မဟုတ္ သုံးလ တစ္ခါ အခ်ိန္မွန္ပို႔ေလ့႐ွိသည္။ ၎တို႔အားလုံးမွာ သာမန္ႏႈတ္ခြန္းဆက္စာမ်ားသာျဖစ္သည္။ ရံဖန္ရံခါ ဟာသစာအတိုအထြာမ်ားႏွင့္တကြ လက္ေဆာင္ပစၥည္းအမ်ိဳးမ်ိဳးအား ေပးပို႔တတ္ေသးသည္။ ငါးႏွစ္ၾကာၿပီးေနာက္၌ စာမ်ားထဲတြင္ သူဘာလို႔အေၾကာင္းမျပန္ရသနည္းဟူသည့္ ေမးခြန္းမ်ားျဖင့္ အစားထိုးလာေတာ့သည္။ စာအေရအတြက္မ်ားလည္း တိုးသထက္တိုးလာသည္။ စုန္ခ်င္႐ွစ္တစ္ခုခုျဖစ္ေနမွန္း သူခန္႔မွန္းမိသြားပုံလည္းရသည္။ ထို႔ေၾကာင့္ ယြဲ႕ဝူဟြမ္အား ႐ုန္႔ရင္းၾကမ္းတမ္းစြာ ေမးခြန္းမ်ားထုတ္လာသည္။ လြန္ခဲ့သည့္ေျခာက္လက ယြဲ႕ဝူဟြမ္ထံသို႔ သီးသန္႔ပို႔ခဲ့ေသာစာထဲ႐ွိအဓိကအေၾကာင္းအရာမွာ သူ႕ကိုသတ္ျဖတ္ပစ္မည္ဟု ေရးထားေသာ ၿခိမ္းေျခာက္စကားမ်ားပင္ျဖစ္ေတာ့သည္။

ယြဲ႕ဝူဟြမ္က ကူကယ္ရာမဲ့စြာ ေျပာလာသည္။
" ပထမေတာ့ သူလည္း သခင္က သူ႕ကိုစိတ္ဆိုးေနလို႔တို႔ ဒါမဟုတ္လည္း ေဆးလုံးသန္႔စင္ဖို႔တံခါးပိတ္က်င့္‌ၾကံေနတယ္တို႔ဆိုၿပီး ထင္ေနခဲ့တာ... သူ႕ဘက္က သံသယ႐ွိတဲ့ အရိပ္ေယာင္ေတာင္မျပလာခဲ့ဘူး... ေနာက္ေတာ့ ကြၽန္ေတာ္ေဆးအမယ္ေတြစုေဆာင္းဖို႔လႈပ္႐ွားခဲ့တဲ့ျဖစ္စဥ္က နတ္ေဆးဘုရင္ေတာင္ၾကားကို ျပန္မြန္းမံဖို႔ဆိုၿပီး နာမည္ႀကီးသြားတယ္ေလ... အဲ့ကတည္းက သူ သံသယစျဖစ္လာၿပီး ကြၽန္ေတာ့္ကို ေမးခြန္းေတြ ဆက္တိုက္ေမးလာေတာ့တာ... ေနာက္ဆုံးေတာ့... ကြၽန္ေတာ္ဝယ္ယူခဲ့တဲ့ေဆးအမ်ိဳးအမည္ေတြကို သူသိသြားၿပီး အဲ့ကေန နတ္ေဆးဘုရင္ေတာင္ၾကားရဲ႕ မိုးႀကိဳးအတိဒုကၡအေၾကာင္းကို စုံစမ္းႏိုင္ခဲ့ပါေလေရာ... ကြၽန္ေတာ္က နတ္ေဆးဘုရင္ေတာင္ၾကားကို ထိန္းခ်ဳပ္ထားတယ္ဆိုတာသိေတာ့ သခင္ဒဏ္ရာအျပင္းအထန္ရသြားလို႔ မဟုတ္လည္း သခင့္ခႏၶာကိုယ္က ပ်က္စီးသြားလို႔ အဲ့တာေၾကာင့္ ကြၽန္ေတာ္က ဒီေတာင္ၾကားကို ထိန္းခ်ဳပ္ဖို႔အခြင့္ရသြားတယ္ ဆိုၿပီး သူထင္ေနခဲ့တာ... ဒီျပႆနာႀကီးကိုလည္း ဘယ္လိုမွ အခ်ိန္ထပ္ဆြဲလို႔မရေတာ့ဘူးရယ္... ဒါေပမဲ့လည္း ကံေကာင္းစြာနဲ႔ သခင္က အခ်ိန္ကိုက္ႏိုးလာခဲ့တယ္ေလ... အခုေတာ့ သခင္ကိုယ္တိုင္စာေရးၿပီး သူ႕ကို႐ွင္းျပလို႔ရသြားၿပီေပါ့..."

စုန္ခ်င္႐ွစ္သည္ ယင္းစာမ်ားကို ဖတ္ေနရင္း ေျပာစရာစကားမ်ားပင္ ေပ်ာက္႐ွလာေတာ့သည္။
" ဒီ‌ေကာင္က အခုထိ ေဖာက္ဝင္ဖို႔ ႀကိဳးစားေနတုန္းပဲလား ? "

ယြဲ႕ဝူဟြမ္က ျပန္ေျဖသည္။
" သူ ႏွစ္ခါေတာင္ ေဖာက္ထြင္းၿပီးၿပီ... အေနာက္ဘက္မွာ႐ွိတဲ့ အဆိပ္နဲ႔ဝကၤာဘာ ဖြဲ႕စည္းပုံအစီအရင္ေတာင္ ပ်က္စီးသြားခဲ့တယ္... ကြၽန္ေတာ္ျပန္ျပင္ၿပီးေတာ့ ဖြဲ႕စည္းပုံကို အားေကာင္းေအာင္ျပန္လုပ္ခဲ့ေပမယ့္လည္း ကူဘုရင္ရဲ႕က်င့္ၾကံေရးလမ္းစဥ္ေတြက တကယ့္ကို မွင္သက္စရာေကာင္းလွၿပီး သူ႕တိုက္ခိုက္နည္းေတြကလည္း ထူးဆန္းလွတယ္... သူသာ ထပ္တိုက္ခိုက္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အတားအဆီးေတြက ခံႏိုင္ရည္မ႐ွိေတာ့မွာ စိုးရိမ္‌ေနရတယ္..."

အစီအရင္တစ္ခုကို ျပင္ဆင္အသက္သြင္းရန္အတြက္  ဝိဉာဥ္ေက်ာက္တုံးမ်ားစြာ လိုအပ္ေပသည္... သို႔ရာ ယင္းတို႔ကို ထိုေခြးဝက္ဝံေကာင္က ဖ်က္ဆီးပစ္ခဲ့ေလသတဲ့...

စုန္ခ်င္႐ွစ္မွာလည္း ေတြးေလ ေခါင္းခဲ‌ေလျဖစ္လာၿပီး သူ႕ႏႈတ္ခမ္းေထာင့္မွာလည္း အေပၚသို႔တြန္႔တက္သြားေတာ့သည္။ သို႔ရာ သူဒဏ္ရာရခဲ့သည့္အ‌ေၾကာင္းကိုေတာ့ ခ်န္လွပ္ထားမွျဖစ္မည္။ အျဖစ္မွန္အား လုံးဝေကြ႕ဝိုက္ေ႐ွာင္႐ွားထားသည့္ ယြဲ႕ဝူဟြမ္ကိုလည္း သူ အျပစ္မျမင္ရက္ေပ။ ယင္းအမွန္တရားမွာ ဖုံးကြယ္ထားခံလိုက္ရသျဖင့္ အန္းလုံသည္ သူတစ္ခုခုျဖစ္ေနသည္ဟုထင္ၿပီး ယခုလိုသူ႕အိမ္ကို ဖ်က္စီးေနသည့္႐ူးေၾကာင္ေၾကာင္လုပ္ရပ္မ်ိဳး လုပ္ေနျခင္းသာ ျဖစ္ေတာ့သည္... ဘယ္သူ႕ကိုမ်ား သူအျပစ္တင္ရမည္နည္း ? ထိုအခ်ိန္တုန္းက မည္သည့္တာဝန္ကိုမွ လႊဲေျပာင္းဖို႔အခ်ိန္ပင္ မ႐ွိခဲ့ဘဲ သတိျမန္ျမန္ေမ့သြားသည့္ သူ႕ကိုယ္သူသာ အျပစ္တင္ႏိုင္ေတာ့သည္...

ကံေကာင္းေထာက္မစြာျဖင့္ သူ၏ညာလက္မွာ လႈပ္႐ွားႏိုင္ေသးသည္။ ႐ွင္းျပစာတစ္ေစာင္ကို သူ ျမန္ျမန္ေရးရမည္ေလ...

နတ္ေဆးဘုရင္ေတာင္ၾကား၏ ႂကြယ္ဝမႈအရင္းအျမစ္မွာ အကန္႔အသတ္ႏွင့္ျဖစ္သျဖင့္ ဖ်က္ဆီးခံလိုက္လို႔ လုံးဝမျဖစ္ေပ။

.....

Continuer la Lecture

Vous Aimerez Aussi

586K 67.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
22.2K 746 2
ကျွန်တော်ဉီးဆီကနေအရမ်းချစ်တယ်ငယ်လို့ပြောတာကိုကြားချင်ခဲ့တာ။ဒါပေမဲ့ဉီးချစ်တာကျွန်တော်မဟုတ်ဘူးလေ။ နောက်ဆုံးအနေနဲ့ဉီးကိုစကားပြောခွင့်ရခဲ့ရင်ကျွန်တော်တော...
2.7M 73.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...