Chapter 22

5.8K 751 109
                                    

<Unicode>

အရေထူလွန်းသည့်အန်းလုံသည် စုန်ရှစ်ရှစ်အနား၌ကပ်နေပြီး ကူကောင်များနှင့်ဆေးဝါးဗေဒအကြောင်းများကို တစ်ညလုံးပြောပြနေသည်မှာ ခွာချ၍ပင်မရနေ။ ထိုအချိန်အတွင်းတွင် သူသည် စုန်ချင်ရှစ်အား ငါးကြိမ်တိုင်တိုင် တမင်ဒေါသထွက်စေခဲ့ရာ ပြောင်း‌ပြန်အနေနှင့် ငါးကြိမ်တိုင်တိုင် အဆူခံခဲ့ရပြီး သူ့ဆန္ဒများအား ငါးကြိမ်လုံးလုံး ဖြည့်ဆည်းပေးခဲ့ပေသည်။ ပြောရလျှင် ထူးဆန်းလွန်းသည်။ အကယ်၍ သူ့အား တစ်ယောက်ယောက်က ကြမ်းမောင်းရန် ကြိုးစားလာပါက သူ သူတို့၏ခေါင်းကို ဖြစ်ပစ်ဖို့ တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော်လည်း သူသည် စုန်ချင်ရှစ်၏ရှေ့တွင်တော့ အရမ်းစျေးပေါသွားသည်။ စုန်ချင်ရှစ် သူ့ကိုမြင်တိုင်း ဒေါသစိတ်ကြောင့် ငါးပူတင်းလိုပြောင်းလဲသွားရပြီး ဖျက်စီးလိုစိတ်ကင်းမဲ့သော ‌" အရှက်မရှိ"၊ " အယုတ်တမာ"၊ "ရွံစရာကောင်" စသဖြင့် အားပျော့သည့်ဆဲဆိုစကားများနှင့် ထပ်ခါထပ်ခါကြိမ်ဆဲနေလျှင် အန်းလုံသည် စိတ်ရှုပ်ထွေးပြီးလမ်းပင်ပျောက်ရသည်အထိ အပျော်လွန်နေတော့သည်။

နတ်ဆေးဘုရင်ရှန်းကျွင်းသည် တစ်သီးတစ်ခြားနှင့် ကတ်သီးကတ်သတ်နိုင်သူတစ်ဦးဖြစ်သော်လည်း အမှန်တကယ်၌ စိတ်ရင်းကောင်းသူတစ်ဦးဖြစ်သည်ကို သူအရင်ကတည်းကသိနေခဲ့သည်။ တစ်ဖက်သူ၏ အောက်ခြေလိုင်းကို သူမကျော်မချင်း သူ့အတွက် အဆိုးဆုံးဖြစ်နိုင်ချေမှာ မီးလောင်ခံရရုံသာဖြစ်သည်။ ကိုယ်ခန္ဓာတုတ်ခိုင်ကြီးမားသော အန်းလုံမှာ ၎င်းကို လုံးဝမကြောက်ပေ။ မည်သို့ပင်ဖြစ်စေ၊ နတ်ဆေးဘုရင်တောင်ကြားတွင် ဒဏ်ရာအမျိုးမျိုးအတွက် ဆေးအမျိုးအစားပေါင်းစုံရှိသည်။ ထို့အပြင် သူကလည်း ဆေးကုသခြင်းနှင့် အဆိပ်ဖြေကူကောင်အမျိုးမျိုးကိုပင် ယူခဲ့သေး၏။ မည်သို့နည်းနှင့်ပဲနှိပ်စက်စက်၊ သူသေမည်မဟုတ်ပေ။ အကယ်၍ သူသာအပြင်းအထန် ဒဏ်ရာရသွားခဲ့သည်ရှိသော် စုန်ချင်ရှစ်၏ ကျွမ်းကျင်လှသော ကုသမှုနှင့် အပြုအစုကို မျက်လုံးလေးမှိတ်၍ ငြိမ့်ငြိမ့်လေးခံစားလိုက်ရုံပင်။ ဘယ်အရာကမှ ထို့ထက် ပိုလှပနိုင်မည်မဟုတ်ပေ။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now