Unicode
"မား...ဝူးဝူး..."
သူ့အမေနှင့် အမြဲအင်အားကြီးခဲ့သည့် သူ့ဦးလေးတို့ ရှုံးနိမ့်သွားသည်ကို မြင်သောအခါ ယွမ်ခယ့်ဝမ်တစ်ယောက် ကြောက်လန့်သွားတော့လေသည်။
သူက ချန်ဖန်းစကားကို နားမထောင်တော့ဘဲ ငိုရင်း ပြေးလာ၏။ "သားမှားသွားပါတယ်... ရဲဖမ်းတာခံချင်ဘူး...သားနောက်မခိုးတော့ပါဘူး!"
မှောင်နေပြီဖြစ်ကာ၊ လမ်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် ယွမ်ခယ့်ဝမ်တစ်ယောက် ချော်လဲကာ ကတ္တရာလမ်းပေါ်ရှိ ကျောက်တုံးနှင့် စောင့်မိသွားတော့သည်။ သူ့ခေါင်းမော့လာသည့်အခါ သူ့နဖူးပေါ်က ဒဏ်ရာမှာ ရွှေငါးလေး ဒဏ်ရာထက်တောင် ပိုပြင်းနေလေသည်။
ဟန်ဆောင် ငိုကြွေးနေတာကနေ နာကျင်သွားသောကြောင့် တကယ့်မျက်ရည်အစစ်များ ကျလာ၏။
ဒါကို ချန်ဖန်းမြင်သည့်အခါ၊ သူမ စိုးရိမ်သွားပြီး မကျေမနပ်ပြောချင်သည့်စိတ်ကို ခဏဖယ်ထုတ်လိုက်ကာ သူမ သားအနားသို့ အမြန်ပြေးသွားတော့သည်။
"ရှောင်ဝမ် မားမားကိုကြည့်။ မား သားကို မကာကွယ်နိုင်လို့ တောင်းပန်ပါတယ်ကွယ်။ အစကတည်းက ဒီလူတွေကို အိမ်ထဲပေးမဝင်ခဲ့ရမှာ!"
ရှီယွင်နန်ကပဲ အရင် စ သရော်လိုက်သည်။ "ရယ်ရတယ်၊ ခင်ဗျားသားဘာသာ လဲတာလေ ဘာလို့ ကျုပ်တို့ကို လာအပြစ်တင်နေတာလဲ?"
"အခုတော့ နာတဲ့ အရသာကို သိပြီမလား? ကျုပ်တို့ကလေး ယွမ်ခယ့်ဝမ်အနိုင်ကျင့်လို့ ဒဏ်ရာရသွားတုန်ကကြတော့ရော ဘာလို့ ခင်ဗျား သားကို အပြစ်မတင်လဲ?"
သူပြောပြီးသည်နှင့်ပဲ သူတို့ရှေ့ကနေ ကားမီးရောင်ထွက်လာ၏။
သူတို့နှင့် ဒီမှာ ဆုံဖို့ ရောက်လာသည့် ချင်ကျန်းလည်း အမြန်ထွက်လာသည်။ ရှေ့တွင် ကမောက်ကမဖြစ်နေသည့် အခြေအနေကို မြင်သည့်အခါ သူမျက်မှောင်ကြုတ်မိသွား၏။
"ခေါင်းဆောင်၊ မစ္စတာရှီ"
ထို့နောက် သူက ယွမ်မုန်အား တစ်ချက်ကြည့်လိုက်သည်။
ချန်ဖင်း ဘာမှ ပြန်မလုပ်နိုင်စွမ်းရှိတော့မှ ယွမ်မုန်တစ်ယောက် အပြစ်ရှိသလို ခံစားရကာ လော့လင်းရှန်းဆီသို့ အမြန်ပြန်သွားလိုက်သည်။ "ခေါင်းဆောင် အားလုံးက ကျွန်တော့အပြစ်ပါ။ ဒီအမှုကို အကြောင်းကြားဖို့ မြို့ကရဲစခန်းဆီ ကျွန်တော်ကိုယ်တိုင် ခေါ်သွားလိုက်ပါမယ်။ ကျွန်တော် သူတို့ကို လွယ်လွယ်နဲ့ မလွှတ်ပေးဘူး။"
ဒီအမှုက ဆွဲချက်တင်ဖို့ မလုံလောက်သေးဘူးဆိုရင်၊ အရင်တုန်းက အတင်းအကြပ် ပိုက်ဆံလွှဲခိုင်းတဲ့ ကိစ္စတွေကိုပါ သက်သေဆွဲထုတ်လို့ရတယ်။
အားလုံးခြုံငုံပြောရရင် ချန်ဖန်းနဲ့ ချန်ဖင်း ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ သေချာပေါက်ရမှာပဲ။
ယွမ်မုန် သက်ပြင်းချလိုက်မိ၏။ သူ့ရဲ့ ကောင်းစေချင်တဲ့ ရည်ရွယ်ချက်က နောက်ဆုံးတော့ မမျှော်လင့်ဘဲ အဆိုးဖြစ်သွားခဲ့ရသည်။ "ခေါင်းဆောင် ဒီကိစ္စပြီးရင်တော့ ကျွန်တော် အလုပ်ထွက်ပါ့မယ်"
"အလုပ်ထွက်မယ်?" ချင်ကျန်း အံ့အားသင့်သွားလေသည်။
"ငါ မင်းမိသားစုကိစ္စတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ပြီးတော့ မင်းမိသားစု ကိစ္စအတွက်နဲ့ မင်းအလုပ်ကို ရင်းစရာမလိုပါဘူး"
လော့လင်းရှန်းက စကားလုံးအနည်းငယ်ဖြင့် သူ့သဘောထားအား ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ "ပြန်ရောက်ရင် လစာတစ်ဝက်နှုတ်လိုက် ဒါမျိုး ထပ်မဖြစ်စေနဲ့တော့"
ယွမ်မုန်က သူ၏လုံခြုံရေးကို တာဝန်ယူထားခဲ့ရသည်မှာ ကြာလေပြီ။ တစ်ကြိမ်တစ်ခါမျှ အမှားမလုပ်ခဲ့သလို၊ တစ်မိနစ်လေးတောင် ပေါ့ဆတာမျိုးမရှိခဲ့။
ဒီနေ့တော့ သူက တစ်ဖက်လူအိမ်ကို လိုက်လာဖို့ခွင့်ပြုခဲ့ပြီး ရုတ်တရက် ဒီလိုအခြေအနေဖြစ်သွားခဲ့ရသည်။
ကောင်းတာလား ဆိုးတာလားဆိုတာကို လော့လင်းရှန်းသာ ဆုံးဖြတ်နိုင်သည်။
"အပြောကတော့ လွယ်တာပေါ့။ သူ့မိသားစုကလူတွေကလည်း သူ့ကိုဂရုမစိုက်ပါဘူး။" ရှီယွင်နန် နှာမှုတ်ကာ ထပ်ခနဲ့လိုက်သည်။ "ပြစ်ဒဏ်သာမခံရဘူးဆိုရင် ဒီလိုလုပ်နေတာတွေကို ရပ်တန်းက ရပ်မှာတဲ့လား?"
သူက ချင်ကျန်းနှင့် ယွမ်မုန်ကိုကြည့်ကာ- "သူတို့ကို တူတူ မြို့ခေါ်သွားကြတာပေါ့။ ချင်ကျန်းက ကျွန်တော်တို့ကို ဟိုတယ်မှာ အရင်ချထားပေးခဲ့။ ပြီးမှ ရဲစခန်းမှာ ယွမ်မုန်ကို သွားတွေ့လိုက်လေ။"
ရှီယွင်နန်က စိတ်ပျက်စရာကောင်းသည့် မောင်နှမနှစ်ယောက်အား ဂရုမစိုက်ဟန်ကြည့်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်။ "ချင်ကျန်း၊ ခင်ဗျားက တော်တဲ့သူဆိုတော့ ယွမ်မုန်ကို ဘယ်လိုကူညီရမလဲဆိုတာ သိတယ်မလား။"
"ကျွန်တော် နားလည်ပါပြီ မစ္စတာရှီ။" ချင်ကျန်းက အမြန်ပြန်ဖြေလာ၏။
ယွမ်မုန်လည်း ထိုမောင်နှမဘက် ပြန်လျှောက်သွားလိုက်သည်။ "ကျွမ်ကျွမ်း ဦးဦးအတွက် ကြိုးတစ်ချောင်းယူလာပေး"
"ဟုတ်!"
ယွမ်ကျွမ်ကျွမ်းက အိမ်ထဲသို့ ချက်ချင်းပြေးဝင်သွားပြီး တစ်မိနစ်တောင်မကြာလိုက်၊ သူမက ကြိုးတစ်ချောင်းယူကာ ပြန်ထွက်လာသည်။
ယွမ်မုန်က အလူးအလဲနာကျင်မှုကို ခံစားနေရသည့် ချန်ဖင်းကို ကြိုးဖြင့်ချီကာ ကားထဲသို့ ပစ်သွင်းလိုက်ပြီး ချန်ဖန်းအား ကြက်တစ်ကောင်လို ဆွဲခေါ်သွားတော့သည်။ အခုချိန်မှာတော့ ချန်ဖန်းတစ်ယောက် တကယ် ထိတ်လန့်နေလေပြီ။
သူက သူ့မောင်လေးကို ရှီယွင်နန်၊ လော့လင်းရှန်းတို့ရဲတိုင်မယ့် အစီအစဉ်ပျောက်အောင် ခြိမ်းခြောက်စေချင်ခဲ့ရုံပါ။
သူ့မောင်ပါလာတော့မှ ဘယ်လိုလုပ် ပြဿနာက ပိုပိုကြီးသွားရတာလဲ?
ချန်ဖန်းမှာ ရဲစခန်းလိုက်ဖို့ အကြောက်အကန်ငြင်းနေပြီး သူခင်ပွန်းအား အသည်းအသန် လှမ်းအကူညီတောင်းတော့သည်။ "ခယ့်ဝမ်ပါး! ကျွန်မကို မြန်မြန်ကယ်ပါအုံး!"
ယွမ်ဝေ မလိုလားပေမယ့်လည်း မတတ်နိုင်တာကြောင့် မျက်လုံးများကိုသာ မှိတ်ထားလိုက်တော့သည်။ "ဒီနှစ်တွေထဲမှာ ငါနဲ့ကျွမ်ကျွမ်း လုံလုံလောက်လောက်သည်းခံခဲ့ပြီးပြီ။ အခုရဲတွေဆုံးမတာ နာခံလိုက် !"
"ကျွမ်ကျွမ်းလည်း တက္ကသိုလ်ဝင်ခွင့်ဖြေရတော့မယ်။ ငါသူနဲ့ ခယ့်ဖန်ကို ခေါ်ပြီး မြို့ထဲမှာ သွားနေဖို့ စဉ်းစားထားတယ်။ ဒီနေရာကို မင်း..မင်းအဆင်ပြေသလို ကြည့်ကြပ် စီမံထားလို့ရတယ်"
ကျေးလက်ကလူတွေဟာ ကွာရှင်းတာကို မကြိုက်ကြ။ ခွဲနေတာကပင် ပြင်းထန်လွန်းနေပြီဟု ယူဆထားကြသည်။
ချန်ဖန်း မှင်သက်သွား၏။ အမြဲသဘောကောင်းခဲ့သည့် သူမခင်ပွန်းတွင် ဒီလိုသဘောထားမျိုးရှိနေမယ် မထင်ထားခဲ့။ ဟန်ဆောင်နေခဲ့ရာကနေ တကယ့် မျက်ရည်အစစ်တွေ ကျလာတော့လေသည်။
ဒီလို ဖြစ်မယ်မှန်းသိရင် သူမသားအစား သူမတောင်းပန်ခဲ့မှာပေါ့။ ဘာလို့ သူမ အသည်းအသန် ငြင်းခုံနေခဲ့ရတာလဲ?
သူ ကြက်ကို ခိုးဖို့ ကြိုးစားခဲ့ပေမယ့် မျှားတဲ့ ထမင်းလုံးတွေသာ ကုန်သွားရပြီလေ။ (ကြိုးစားသမျှ အချည်းနှီး)
ရာဇ၀တ်မှု မှတ်တမ်းသာ ပါသွားရင် ကလေးကို ကိုပိုင်မူလတန်းကြောင်း ပို့နိုင်ပါအုံးမလား? ဒါဆို အဆက်အသွယ်တွေရဖို့ သူမဖြုန်းထားခဲ့ရတဲ့ ယွမ် သုံးသောင်း လေးသောင်းက အလကားဖြစ်သွားပြီပေါ့?
ချန်ဖန်းတစ်ယောက် သူမကိုယ်သူမ လောဘကြောင့် မျက်စိစုံကန်းခဲ့ပါလားဟု ထင်မိလေသည်။ အခုတော့ အူများခါးတဲ့အထိ သူမနောင်တရနေမိသည်။
ကံမကောင်းစွာနဲ့ပဲ၊ သူမငိုကြွေးနေပေမယ့် ဘယ်သူမှ မသနားကြ။ အလွန်ဆူညံလွန်းသည်ဟု ရှီယွင်နန် ထင်မိကာ မျက်မှောင်ကြုတ်နေသည့် မျက်နှာထားဖြင့် ကားထဲပြန်သွားရန် လော့လင်းရှန်း ဝှီးချဲလ်ကို တွန်းလိုက်သည်။
"ရှုရှု! ရှောင်ရှုရှု!"
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သူတို့အား ကားထဲတွင် လိမ်လိမ်မာမာလေး စောင့်နေသည့် ရွှေငါးလေး အသံကို ကြားလိုက်ရ၏။ သူက ကားထိုင်ခုံကနေ ဆင်းပြီး အပြင်က ကမောက်ကမ အခြေအနေတွေကို ကြည့်နေခဲ့တာပင်။
ရှီယွင်နန်နှင့် လော့လင်းရှန်း ဝင်လာမှသာ သူပြန်ထိုင်လိုက်ပြီး အသံတိုးတိုးလေးနဲ့ မေးလိုက်သည်။ "ရှုရှု သူ့နဖူးမှာလည်း သွေးတွေထွက်နေတယ်၊ သားဆေးသွားပေးလို့ ရမလား?"
သူ့ကလေးလေး၏ကြင်နာတတ်သည့်စိတ်ကြောင့် ရှီယွင်နန် စိတ်ပျော့သွားကာ သူ့ပါးလေးနှစ်ဖက်အား ဆွဲလိုက်သည်။ "သူက မင်းကို အနိုင်ကျင့်ပြီး မတောင်းပန်ဘူးလေ၊ မင်းစိတ်မဆိုးတော့ဘူးလား?"
"ဆိုးတာပေါ့" ရွှေငါးလေး အမှန်တိုင်းပဲ ပြန်ဖြေလိုက်သည်။ "ဒါမယ့် နဖူးမှာ သွေးထွက်ရင် အရမ်းနာတယ်"
လော့လင်းရှန်းက ရှီယွင်နန်ကို တချက်ကြည့်ကာ သဘောတူလိုက်၏။ "ဒါဆိုသွားလေ ဂရုစိုက်သွား"
"ဟုတ်"
ရွှေငါးလေးက သူသုံးခဲ့သည့် ဆေးဘူးလေးကို ယူကာ ယွမ်ခယ့်ဝမ်ဆီ လျှောက်သွားလိုက်သည်။
"ဒါ မင်းအတွက်"
ယွမ်ခယ့်ဝမ်က သူ့အား ကြောင်တောင်တောင်လေးကြည့်နေ၏။ နှစ်စက္ကန့်လောက်ကြာမှသာ ငိုသံကြီး ထွက်လာတော့သည်။ "ဝူးဝူး- တောင်းပန်ပါတယ် ညီလေး ငါမင်းကို အနိုင်မကျင့်ခဲ့သင့်ပါဘူး"
"ငါ တောင်းပန်ပါတယ် ငါမှားမှန်း သိပါပြီ နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး..."
ရုတ်တရက်ထွက်လာသည့် တောင်းပန်စကားသံကြောင့် ရွှေငါးလေး လန့်သွား၏။ သူတော်တော်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်သည်။
"ငါ မင်းတောင်းပန်တာကို လက်မခံဘူး၊ ငါခုနက အခွင့်ရေးပေးတယ်လေ မင်းမှ တန်ဖိုးမထားတာ"
အချိန်နှောင်းတဲ့ တောင်းပန်စကားတွေသာ အသုံးဝင်ရင် ဘာလို့ ရဲတွေရှိနေအုံးမှာလဲ?
ရွှေငါးလေးက ပြတ်ပြတ်သားသား ထိုစကားပြောပြီးနောက် ကားထဲပြန်ဝင်ပြေးလာသည်။
ဒါကို ကြည့်နေသည့် ရှီယွင်နန်လည်း သူ့တူလေးအားချီကာ ကလေးထိုင်ခုံလေးမှာ ပြန်ထိုင်ခိုင်းလိုက်ပြီး ချီးကျူးလိုက်သည်။
"ငါတို့ ရွှေငါးလေးက အရမ်းတော်တာပဲ"
ရွှေငါးလေးက ကြမ်းပြင်ကို မထိသည့် သူ့ခြေထောက်တိုတိုလေးတွေကို လှုပ်ယမ်းကာ ပြုံးပြလာသည်။
"ရှောင်ရှုရှု"
"ဟမ်?"
"သား တော်ပြီးရင်း ပိုတော်လာစေရမယ်၊ ရှောင်ရှုရှုလည်း ရှုရှုလို သားနဲ့ တူတူ အသက်ကြီးလာရမယ်နော်!"
ထိုစကားကြားသည့်အခါ လော့လင်းရှန်းကော ရှီယွင်နန်ကော အပြုံးလေးဖြင့် ပြန်ဖြေလိုက်ကြ၏—
"ကောင်းပါပြီကွာ"
"ငါတို့ မင်းနားမှာ အမြဲအတူရှိနေပေးမှာပါ"
...
သ မင်း ရွာနှင့် အနီးဆုံးမြို့မှာ ကားဖြင့် မိနစ်လေးဆယ်လောက်ဝေးသည်။
ချင်ကျန်းက ရှီယွင်နန်တို့ကို သူကြိုတင်ဘိုကင်တင်ထားသည့် ဟိုတယ်မှာ ချပေးခဲ့ပြီးနောက် ဘော့စ်နှစ်ယောက်၏ ဆန္ဒအတိုင်း ယွမ်မုန်အားတွေ့ရန် ရဲစခန်းသို့ လိုက်သွားလိုက်သည်။
မိသားစုအခန်းထဲ ဝင်လိုက်ပြီးနောက် room service လုပ်ပေးရန် ရှီယွင်နန် ကောင်တာကို ဖုန်းခေါ်လိုက်သည်။
ဟိုတယ်၏ အနောက်တိုင်းစတိုင်လ် မီနူးမှာ တော်တော်လေး ကောင်းမွန်လှသည်။
ရွှေငါးလေး ဗိုက်စားလွန်းသဖြင့် steak နှစ်ပွဲတောင် စားပလိုက်၏။ သူက ဗိုက်ဖောင်းဖောင်းလေးကို ကိုင်လျက်ပြောလာသည်။
"သားဗိုက်ပြည့်သွားပြီ~"
လော့လင်းရှန်း : "အစာကြေအောင်လို့ အခန်းထဲမှာ လမ်းလျှောက်လိုက်အုံး၊ ပြီးမှ ရေချိုး၊ ဒီနေ့တစ်နေ့လုံး ပင်ပန်းနေတာဆိုတော့ စောစောအိပ်လိုက်"
"ဟုတ်"
ရွှေငါးလေးက လိမ်လိမ်မာမာလေးပြန်ဖြေလာပြီး သူက သိချင်နေကာ မေးလိုက်သည်။ "ရှောင်ရှုရှု သားတို့ မနက်ဖြန်ကော ဒီမှာနေမှာလား?"
ရှီယွင်နန်က အာလူးပြုတ်ထောင်းတစ်လုပ်ကိုစားရင်း ခဏစဉ်းစားနေသည်။ "မနက်ဖြန်တော့ မင်းနဲ့ မင်းရှုရှုက ဒီဟိုတယ်မှာ အနားယူမှာ။ သဘက်ခါမှ ကမ်းခြေကို လိုက်ပို့ပေးမယ်လေ နော်?"
ရွှေငါးလေးမှာ ကမ်းခြေကိုတစ်ခါမှ မရောက်ဖူးတာကြောင့် ချက်ချင်း မျက်လုံးများ တောက်ပသွားတော့သည်။ "ဒါဆို သား ပုစွန်လေးတွေနဲ့ ခရုခွံလေးတွေ ကောက်လို့ရလား?"
"ရတာပေါ့"
ရှီယွင်နန်က ချက်ချင်းပဲ သဘောတူလိုက်သည်။
ဒါကိုကြားတော့ လော့လင်းရှန်းက မေးလာ၏။ "နောက်ထပ် လေ့လာစုံစမ်းဖို့ သယ်ဟွာမြို့ကို ပြန်သွားမလို့လား?"
"အင်း မနက်ဖြန် ကျွန်တော့ဘာသာသွားလိုက်မယ်။ အခြေခံသဘောထားလောက် နားလည်အောင်လို့ ပြီးရင် ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဖို့ကို အတည်ပြုဖို့လေ။"
ရှီယွင်နန်မှာ စဉ်းစားထားတာတွေ အများကြီးရှိသည်။ "ဒီနေ့လည်း မထင်မှတ်ထားတာတွေဖြစ်သွားတယ်။ ယွမ်ရွေ့ဘက်မှာလည်း ပြန်ကောင်းဖို့ ရက်တော်တော် ကြာလောက်အုံးမှာ၊ အဲ့တော့ ကျွန်တော့အလုပ်တွေပြီးသွားရင် ရွှေငါးလေးကို လည်ပတ်စရာနေရာတွေ လိုက်ပို့ကြမလား?"
ဖုမြို့တော်မှာ ပင်လယ်နှင့် နီးလေသည်။
ရွှေငါးလေးက သဘာဝကို သဘောကျသူမို့ အတွေ့အကြုံရရန် လိုက်ပို့ပေးချင်ခဲ့မိသည်။ ဒီနေ့ ကြုံလိုက်ရတဲ့ ကိစ္စကြောင့် သူက ကလေး၏ သဘာဝပေါ်မြင်တတ်သည့် စိတ်ထားကောင်းလေးကို မပျက်စီးသွားစေလိုပါ။
လော့လင်းရှန်း မဖြေမီ ရွှေငါးလေးက လိုလိုလားလား ဖြေလာလေသည်။ "ကောင်းတယ်! သဘောတူတယ် သားသဘာတူတယ်!"
လော့လင်းရှန်းလည်း တူဖြစ်သူနဖူးလေး ရောင်ရမ်းနေသေးတာကို မြင်လိုက်သည့်အခါ သူ့စိတ်လေး ပျော့သွားတော့သည်။
"ကောင်းပြီလေ"
...
တစ်နာရီအကြာတွင်—
ရွှေငါးလေးက ရေချိုးဝတ်ရုံလေးဝတ်ကာ ရေချိုးခန်းထဲ ဝင်သွား၏။
ရှီယွင်နန်က ဟိုတယ်မှ ပေးထားသည့် ဆေးသေတ္တာလေးကို ယူကာ ရေချိုးပြီးတဲ့ လော့လင်းရှန်းနား အမြန်သွားလိုက်သည်။ "ခင်ဗျား ဝတ်ရုံကို ချွတ်လိုက် ကျွန်တော် နောက်ကျောကို ကြည့်ကြည့်မယ်။ ချန်ဖင်း ရိုက်တာ အရမ်းပြင်းလား?"
ရှီယွင်နန် ထိုမြင်ကွင်းကို ပြန်သတိရသွားပြီး သူနှလုံးသားလေး ပြန်တင်းမာသွားတော့သည်။
ရှီယွင်နန်ကို မငြင်းဆန်နိုင်မှန်း လော့လင်းရှန်း သိတာကြောင့် သူ့ရေချိုးဝတ်ရုံကို တစ်ဝက် ချွတ်လိုက်ရလေသည်။
ဒီလူ၏ နောက်ကျောဖွဲ့စည်းပုံမှာ ပြည့်စုံလွန်းလှသည်။ ဘယ်ဘက်ပုခုံးပေါ်မှာ ရောင်ရမ်းနေသည့် ဒဏ်ရာကလွဲလို့ပေါ့။
ရှီယွင်နန် အသက်ပြင်းပြင်းရှူမိသွား၏။ သူ ချန်ဖင်းအား တိုးတိုးလေး မကျိန်ဆဲလိုက်ဘဲ မနေနိုင်တော့။
လော့လင်းရှန်းက ရယ်ကာ သူ့အား လှည့်ကြည့်လာသည်။ "ဒေါသမထွက်ပါနဲ့၊ ကိုယ်တကယ် အဆင်ပြေပါတယ်။ ဒီဒဏ်ရာလေးက ရက်ပိုင်း အတွင်း သက်သာသွားမှာပါ။"
"....."
ရှီယွင်နန် သက်ပြင်းချကာ ဒဏ်ကြေဖြန်းဆေးဘူးအား ကောက်ယူလိုက်သည်။
"ခဏ တောင့်ခံထားနော် ၊ အရည်ပြားနည်းနည်း စုတ်သွားသလိုပဲ၊ စပရေးဖြန်းရင်တောင် နာလိမ့်မယ်။"
"အင်း။"
—ရွှီးး
စပေရေးက ဒဏ်ရာထဲ စိမ့်ဝင်လာကာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်သွား၏။
လော့လင်းရှန်းက သူချစ်သူ စိတ်မပူအောင် စိတ်ထဲ ကြိတ်မှိတ် တောင့်ခံ့နေလိုက်သည်။
ရှီယွင်နန်က ရောင်နေသည့် နေရာလေးကို သူလက်ချောင်းလေးတွေနဲ့ ဖွဖွလေးဖိလိုက်၏။ သူ့လက်ချောင်းထိပ်လေး၏ အပူချိန်က ဆေးအာနိသင်မြန်မြန် ပြသွားစေပြီး သွေးစလေးတွေကို ခဲသွားစေသည်။
ရှီယွင်နန် လော့လင်းရှန်း၏ ကျောပြင်လေးကို ပွတ်သပ်ရင်း ညနေက ကိစ္စကို စိတ်ထဲမှာ ပြန်ပြန်တွေးမိနေသည်။
လော့လင်းရှန်းက သူ့လက်မောင်းတွေကို သုံးပြီး သူနဲ့ ရွှေငါးလေးကို ကာကွယ်ပေးခဲ့တယ်။
ချန်ဖင်းရဲ့ ယုတ်မာရက်စက်တဲ့ တိုက်ခိုက်မှုကို တားဆီးဖို့ သူက တလှမ်းချင်း လှမ်းပြီး သူနဲ့ ရွှေငါးလေးကို သူ့နောက်မှာ ကာထားပေးခဲ့တယ်။
ဘာကြောင့်မှန်း မသိ ရှီယွင်နန် မျက်လုံးလေးများ နာကျင်လာတော့သည်။ သူက ဖွဖွလေးပွတ်သပ်ပေးနေတာကို ရပ်လိုက်ပြီး နောက်ကနေ သူ့ချစ်သူ၏ ခါးလေးအား ဖက်လိုက်၏။
နူးညံ့ညင်သာသည့် အနမ်းဟာ နွေးထွေးသည့် လေငွေ့နဲ့ အတူ ကျရောက်လို့လာသည်။ လော့လင်းရှန်း၏ တည်ငြိမ်နေသော စိတ်မှာ လှုပ်ခတ်လို့ သွား၏။ ရုတ်တရက် သူ့ကျောမှ နာကျင်မှုများ လုံးဝပျောက်သွားပြီလို့တောင် ခံစားမိလိုက်လေသည်။
သူ့ချစ်သူ၏ အားကိုးတဲ့စိတ်လေးကို ခံစားမိပြီး ဘေးတိုက် လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
"ဒီတိုင်း တွေးမိလို့ပါ..."
ရှီယွင်နန်က လော့လင်းရှန်း မေးစေ့လေးကို နမ်းကာ ပြုံးလိုက်သည်။
"ခင်ဗျား မတ်တပ်ရပ်ပြီး ကျွန်တော့ကို ကာကွယ်ပေးတဲ့ ပုံက အရမ်းခန့်တာပဲ"
လော့လင်းရှန်းက သူ့လက်လေးကို ပုတ်လိုက်သည်။
"ကိုယ့်ရှေ့မှာ ထိုင်"
ရှီယွင်နန် ထကာ သူ့ရှေ့မှာ ထိုင်လိုက်၏။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်နေတာကြောင့် မရိုးမသား လေထုမျိုး ဖြစ်သွားစေသည်။
ရှီယွင်နန်မှာ ငယ်ငယ်လေးကတည်းက တစ်ယောက်တည်း ဖိုက်ရတာကို ကျင့်သားရနေခဲ့လေပြီ။
လော့လင်းရှန်းနဲ့ တွေ့ပြီးတာတောင် ဒီအကျင့်လေးကို မပြောင်းနိုင်သေး။ သူ့လက်သီးနဲ့ ဖြစ်ဖြစ် သူ့ကိုယ်ခန္ဓာနဲ့ဖြစ်ဖြစ် ဟန့်တားနိုင်ခဲ့သည်။ တခြားသူများကို အကူညီတောင်းကာ ဒုက္ခမပေးခဲ့။
သို့သော် သူအကြပ်အတည်းဖြစ်နေချိန်၊ တစ်ယောက်ယောက်က သူ့ရင်ခွင်ထဲမှာ အကာအကွယ်ပေးနိုင်ပြီး သူ့ရှေ့တွင် မားမားမတ်မတ် ရပ်နေခြင်းဟာ ကြည်နူးသည့် ခံစားချက်မျိုး ဖြစ်သွားစေသည်ကို သူဒီညနေကမှ သိလိုက်ရသည်။
ရှီယွင်နန်က ဒဏ်ရာရနေသည့် ပုခုံးကို ရှောင်ကာ လော့လင်းရှန်းလည်ပင်းအား ဖက်လိုက်၏။
"လောင်ကုန်း။"
သူက ထိုသို့ရေရွတ်ရင်း ငုံ့နမ်းလိုက်လေသည်။
နှစ်ယောက်သား နှာခေါင်းဖျားချင်းထိလျက် အနမ်းချင်းဖလှယ်နေကြကာ ခွဲခွါရဖို့ကို မလိုလား။
"ယွင်နန် ကိုယ့်ကို အချိန်နည်းနည်းလောက်ပဲ ထပ်ပေးပါ။"
"ဟမ်?"
ရှီယွင်နန် အသံလေးပြုလိုက်၏။ လော့လင်းရှန်း အသက်ရှူသံတွေကြားထဲ လွှမ်းမိုးခံနေရတာကြောင့် သူ့အနမ်းလေး ထပ်လိုချင်နေသည်။
သူ့တိုးတိုးလေး ရေရွတ်နေစဉ်မှာပဲ လော့လင်းရှန်းက သူ့ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်လေသည်။
- ကိုယ့်ကို အချိန်နည်းနည်းပေးပါ။
- အခုတခေါက်တင်မကဘူး ကိုယ်မင်းကို တစ်သက်လုံး ကာကွယ်ပေးနိုင်ပါတယ်။
မူရင်းစာရေးသူမှာ ပြောစရာရှိပါတယ်!
ကိုယ့်ဘာသာကိုယ် ရေသွားချိုးနေရသည့် ရွှေငါးလေး : ရှုရှုတို့ ဆက်လုပ်ကြပါ၊ သားကပဲ ရေကြာကြာချိုးလိုက်ပါ့မယ်~
Zawgyi
"မား...ဝူးဝူး..."
သူ႔အေမႏွင့္ အၿမဲအင္အားႀကီးခဲ့သည့္ သူ႔ဦးေလးတို႔ ရႈံးနိမ့္သြားသည္ကို ျမင္ေသာအခါ ယြမ္ခယ့္ဝမ္တစ္ေယာက္ ေၾကာက္လန္႔သြားေတာ့ေလသည္။
သူက ခ်န္ဖန္းစကားကို နားမေထာင္ေတာ့ဘဲ ငိုရင္း ေျပးလာ၏။ "သားမွားသြားပါတယ္... ရဲဖမ္းတာခံခ်င္ဘူး...သားေနာက္မခိုးေတာ့ပါဘူး!"
ေမွာင္ေနၿပီျဖစ္ကာ၊ လမ္းကို ရွင္းရွင္းလင္းလင္း မျမင္ႏိုင္ေသာေၾကာင့္ ယြမ္ခယ့္ဝမ္တစ္ေယာက္ ေခ်ာ္လဲကာ ကတၱရာလမ္းေပၚရွိ ေက်ာက္တုံးႏွင့္ ေစာင့္မိသြားေတာ့သည္။ သူ႔ေခါင္းေမာ့လာသည့္အခါ သူ႔နဖူးေပၚက ဒဏ္ရာမွာ ေ႐ႊငါးေလး ဒဏ္ရာထက္ေတာင္ ပိုျပင္းေနေလသည္။
ဟန္ေဆာင္ ငိုေႂကြးေနတာကေန နာက်င္သြားေသာေၾကာင့္ တကယ့္မ်က္ရည္အစစ္မ်ား က်လာ၏။
ဒါကို ခ်န္ဖန္းျမင္သည့္အခါ၊ သူမ စိုးရိမ္သြားၿပီး မေက်မနပ္ေျပာခ်င္သည့္စိတ္ကို ခဏဖယ္ထုတ္လိုက္ကာ သူမ သားအနားသို႔ အျမန္ေျပးသြားေတာ့သည္။
"ေရွာင္ဝမ္ မားမားကိုၾကည့္။ မား သားကို မကာကြယ္ႏိုင္လို႔ ေတာင္းပန္ပါတယ္ကြယ္။ အစကတည္းက ဒီလူေတြကို အိမ္ထဲေပးမဝင္ခဲ့ရမွာ!"
ရွီယြင္နန္ကပဲ အရင္ စ သေရာ္လိုက္သည္။ "ရယ္ရတယ္၊ ခင္ဗ်ားသားဘာသာ လဲတာေလ ဘာလို႔ က်ဳပ္တို႔ကို လာအျပစ္တင္ေနတာလဲ?"
"အခုေတာ့ နာတဲ့ အရသာကို သိၿပီမလား? က်ဳပ္တို႔ကေလး ယြမ္ခယ့္ဝမ္အႏိုင္က်င့္လို႔ ဒဏ္ရာရသြားတုန္ကၾကေတာ့ေရာ ဘာလို႔ ခင္ဗ်ား သားကို အျပစ္မတင္လဲ?"
သူေျပာၿပီးသည္ႏွင့္ပဲ သူတို႔ေရွ႕ကေန ကားမီးေရာင္ထြက္လာ၏။
သူတို႔ႏွင့္ ဒီမွာ ဆုံဖို႔ ေရာက္လာသည့္ ခ်င္က်န္းလည္း အျမန္ထြက္လာသည္။ ေရွ႕တြင္ ကေမာက္ကမျဖစ္ေနသည့္ အေျခအေနကို ျမင္သည့္အခါ သူမ်က္ေမွာင္ၾကဳတ္မိသြား၏။
"ေခါင္းေဆာင္၊ မစၥတာရွီ"
ထို႔ေနာက္ သူက ယြမ္မုန္အား တစ္ခ်က္ၾကည့္လိုက္သည္။
ခ်န္ဖင္း ဘာမွ ျပန္မလုပ္ႏိုင္စြမ္းရွိေတာ့မွ ယြမ္မုန္တစ္ေယာက္ အျပစ္ရွိသလို ခံစားရကာ ေလာ့လင္းရွန္းဆီသို႔ အျမန္ျပန္သြားလိုက္သည္။ "ေခါင္းေဆာင္ အားလုံးက ကြၽန္ေတာ့အျပစ္ပါ။ ဒီအမႈကို အေၾကာင္းၾကားဖို႔ ၿမိဳ႕ကရဲစခန္းဆီ ကြၽန္ေတာ္ကိုယ္တိုင္ ေခၚသြားလိုက္ပါမယ္။ ကြၽန္ေတာ္ သူတို႔ကို လြယ္လြယ္နဲ႔ မလႊတ္ေပးဘူး။"
ဒီအမႈက ဆြဲခ်က္တင္ဖို႔ မလုံေလာက္ေသးဘူးဆိုရင္၊ အရင္တုန္းက အတင္းအၾကပ္ ပိုက္ဆံလႊဲခိုင္းတဲ့ ကိစၥေတြကိုပါ သက္ေသဆြဲထုတ္လို႔ရတယ္။
အားလုံးၿခဳံငုံေျပာရရင္ ခ်န္ဖန္းနဲ႔ ခ်န္ဖင္း ထိုက္တန္တဲ့ ျပစ္ဒဏ္ေတြ ေသခ်ာေပါက္ရမွာပဲ။
ယြမ္မုန္ သက္ျပင္းခ်လိုက္မိ၏။ သူ႔ရဲ႕ ေကာင္းေစခ်င္တဲ့ ရည္႐ြယ္ခ်က္က ေနာက္ဆုံးေတာ့ မေမွ်ာ္လင့္ဘဲ အဆိုးျဖစ္သြားခဲ့ရသည္။ "ေခါင္းေဆာင္ ဒီကိစၥၿပီးရင္ေတာ့ ကြၽန္ေတာ္ အလုပ္ထြက္ပါ့မယ္"
"အလုပ္ထြက္မယ္?" ခ်င္က်န္း အံ့အားသင့္သြားေလသည္။
"ငါ မင္းမိသားစုကိစၥေတြကို ဘယ္တုန္းကမွ ဂ႐ုမစိုက္ခဲ့ဘူး။ ၿပီးေတာ့ မင္းမိသားစု ကိစၥအတြက္နဲ႔ မင္းအလုပ္ကို ရင္းစရာမလိုပါဘူး"
ေလာ့လင္းရွန္းက စကားလုံးအနည္းငယ္ျဖင့္ သူ႔သေဘာထားအား ရွင္းရွင္းလင္းလင္း ေျပာလိုက္သည္။ "ျပန္ေရာက္ရင္ လစာတစ္ဝက္ႏႈတ္လိုက္ ဒါမ်ိဳး ထပ္မျဖစ္ေစနဲ႔ေတာ့"
ယြမ္မုန္က သူ၏လုံၿခဳံေရးကို တာဝန္ယူထားခဲ့ရသည္မွာ ၾကာေလၿပီ။ တစ္ႀကိမ္တစ္ခါမွ် အမွားမလုပ္ခဲ့သလို၊ တစ္မိနစ္ေလးေတာင္ ေပါ့ဆတာမ်ိဳးမရွိခဲ့။
ဒီေန႔ေတာ့ သူက တစ္ဖက္လူအိမ္ကို လိုက္လာဖို႔ခြင့္ျပဳခဲ့ၿပီး ႐ုတ္တရက္ ဒီလိုအေျခအေနျဖစ္သြားခဲ့ရသည္။
ေကာင္းတာလား ဆိုးတာလားဆိုတာကို ေလာ့လင္းရွန္းသာ ဆုံးျဖတ္ႏိုင္သည္။
"အေျပာကေတာ့ လြယ္တာေပါ့။ သူ႔မိသားစုကလူေတြကလည္း သူ႔ကိုဂ႐ုမစိုက္ပါဘူး။" ရွီယြင္နန္ ႏွာမႈတ္ကာ ထပ္ခနဲ႔လိုက္သည္။ "ျပစ္ဒဏ္သာမခံရဘူးဆိုရင္ ဒီလိုလုပ္ေနတာေတြကို ရပ္တန္းက ရပ္မွာတဲ့လား?"
သူက ခ်င္က်န္းႏွင့္ ယြမ္မုန္ကိုၾကည့္ကာ- "သူတို႔ကို တူတူ ၿမိဳ႕ေခၚသြားၾကတာေပါ့။ ခ်င္က်န္းက ကြၽန္ေတာ္တို႔ကို ဟိုတယ္မွာ အရင္ခ်ထားေပးခဲ့။ ၿပီးမွ ရဲစခန္းမွာ ယြမ္မုန္ကို သြားေတြ႕လိုက္ေလ။"
ရွီယြင္နန္က စိတ္ပ်က္စရာေကာင္းသည့္ ေမာင္ႏွမႏွစ္ေယာက္အား ဂ႐ုမစိုက္ဟန္ၾကည့္ကာ ျပတ္ျပတ္သားသားေျပာလိုက္သည္။ "ခ်င္က်န္း၊ ခင္ဗ်ားက ေတာ္တဲ့သူဆိုေတာ့ ယြမ္မုန္ကို ဘယ္လိုကူညီရမလဲဆိုတာ သိတယ္မလား။"
"ကြၽန္ေတာ္ နားလည္ပါၿပီ မစၥတာရွီ။" ခ်င္က်န္းက အျမန္ျပန္ေျဖလာ၏။
ယြမ္မုန္လည္း ထိုေမာင္ႏွမဘက္ ျပန္ေလွ်ာက္သြားလိုက္သည္။ "ကြၽမ္ကြၽမ္း ဦးဦးအတြက္ ႀကိဳးတစ္ေခ်ာင္းယူလာေပး"
"ဟုတ္!"
ယြမ္ကြၽမ္ကြၽမ္းက အိမ္ထဲသို႔ ခ်က္ခ်င္းေျပးဝင္သြားၿပီး တစ္မိနစ္ေတာင္မၾကာလိုက္၊ သူမက ႀကိဳးတစ္ေခ်ာင္းယူကာ ျပန္ထြက္လာသည္။
ယြမ္မုန္က အလူးအလဲနာက်င္မႈကို ခံစားေနရသည့္ ခ်န္ဖင္းကို ႀကိဳးျဖင့္ခ်ီကာ ကားထဲသို႔ ပစ္သြင္းလိုက္ၿပီး ခ်န္ဖန္းအား ၾကက္တစ္ေကာင္လို ဆြဲေခၚသြားေတာ့သည္။ အခုခ်ိန္မွာေတာ့ ခ်န္ဖန္းတစ္ေယာက္ တကယ္ ထိတ္လန္႔ေနေလၿပီ။
သူက သူ႔ေမာင္ေလးကို ရွီယြင္နန္၊ ေလာ့လင္းရွန္းတို႔ရဲတိုင္မယ့္ အစီအစဥ္ေပ်ာက္ေအာင္ ၿခိမ္းေျခာက္ေစခ်င္ခဲ့႐ုံပါ။
သူ႔ေမာင္ပါလာေတာ့မွ ဘယ္လိုလုပ္ ျပႆနာက ပိုပိုႀကီးသြားရတာလဲ?
ခ်န္ဖန္းမွာ ရဲစခန္းလိုက္ဖို႔ အေၾကာက္အကန္ျငင္းေနၿပီး သူခင္ပြန္းအား အသည္းအသန္ လွမ္းအကူညီေတာင္းေတာ့သည္။ "ခယ့္ဝမ္ပါး! ကြၽန္မကို ျမန္ျမန္ကယ္ပါအုံး!"
ယြမ္ေဝ မလိုလားေပမယ့္လည္း မတတ္ႏိုင္တာေၾကာင့္ မ်က္လုံးမ်ားကိုသာ မွိတ္ထားလိုက္ေတာ့သည္။ "ဒီႏွစ္ေတြထဲမွာ ငါနဲ႔ကြၽမ္ကြၽမ္း လုံလုံေလာက္ေလာက္သည္းခံခဲ့ၿပီးၿပီ။ အခုရဲေတြဆုံးမတာ နာခံလိုက္ !"
"ကြၽမ္ကြၽမ္းလည္း တကၠသိုလ္ဝင္ခြင့္ေျဖရေတာ့မယ္။ ငါသူနဲ႔ ခယ့္ဖန္ကို ေခၚၿပီး ၿမိဳ႕ထဲမွာ သြားေနဖို႔ စဥ္းစားထားတယ္။ ဒီေနရာကို မင္း..မင္းအဆင္ေျပသလို ၾကည့္ၾကပ္ စီမံထားလို႔ရတယ္"
ေက်းလက္ကလူေတြဟာ ကြာရွင္းတာကို မႀကိဳက္ၾက။ ခြဲေနတာကပင္ ျပင္းထန္လြန္းေနၿပီဟု ယူဆထားၾကသည္။
ခ်န္ဖန္း မွင္သက္သြား၏။ အၿမဲသေဘာေကာင္းခဲ့သည့္ သူမခင္ပြန္းတြင္ ဒီလိုသေဘာထားမ်ိဳးရွိေနမယ္ မထင္ထားခဲ့။ ဟန္ေဆာင္ေနခဲ့ရာကေန တကယ့္ မ်က္ရည္အစစ္ေတြ က်လာေတာ့ေလသည္။
ဒီလို ျဖစ္မယ္မွန္းသိရင္ သူမသားအစား သူမေတာင္းပန္ခဲ့မွာေပါ့။ ဘာလို႔ သူမ အသည္းအသန္ ျငင္းခုံေနခဲ့ရတာလဲ?
သူ ၾကက္ကို ခိုးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မွ်ားတဲ့ ထမင္းလုံးေတြသာ ကုန္သြားရၿပီေလ။ (ႀကိဳးစားသမွ် အခ်ည္းႏွီး)
ရာဇ၀တ္မႈ မွတ္တမ္းသာ ပါသြားရင္ ကေလးကို ကိုပိုင္မူလတန္းေၾကာင္း ပို႔ႏိုင္ပါအုံးမလား? ဒါဆို အဆက္အသြယ္ေတြရဖို႔ သူမျဖဳန္းထားခဲ့ရတဲ့ ယြမ္ သုံးေသာင္း ေလးေသာင္းက အလကားျဖစ္သြားၿပီေပါ့?
ခ်န္ဖန္းတစ္ေယာက္ သူမကိုယ္သူမ ေလာဘေၾကာင့္ မ်က္စိစုံကန္းခဲ့ပါလားဟု ထင္မိေလသည္။ အခုေတာ့ အူမ်ားခါးတဲ့အထိ သူမေနာင္တရေနမိသည္။
ကံမေကာင္းစြာနဲ႔ပဲ၊ သူမငိုေႂကြးေနေပမယ့္ ဘယ္သူမွ မသနားၾက။ အလြန္ဆူညံလြန္းသည္ဟု ရွီယြင္နန္ ထင္မိကာ မ်က္ေမွာင္ၾကဳတ္ေနသည့္ မ်က္ႏွာထားျဖင့္ ကားထဲျပန္သြားရန္ ေလာ့လင္းရွန္း ဝွီးခ်ဲလ္ကို တြန္းလိုက္သည္။
"ရႈရႈ! ေရွာင္ရႈရႈ!"
တံခါးကို တြန္းဖြင့္လိုက္သည္ႏွင့္ သူတို႔အား ကားထဲတြင္ လိမ္လိမ္မာမာေလး ေစာင့္ေနသည့္ ေ႐ႊငါးေလး အသံကို ၾကားလိုက္ရ၏။ သူက ကားထိုင္ခုံကေန ဆင္းၿပီး အျပင္က ကေမာက္ကမ အေျခအေနေတြကို ၾကည့္ေနခဲ့တာပင္။
ရွီယြင္နန္ႏွင့္ ေလာ့လင္းရွန္း ဝင္လာမွသာ သူျပန္ထိုင္လိုက္ၿပီး အသံတိုးတိုးေလးနဲ႔ ေမးလိုက္သည္။ "ရႈရႈ သူ႔နဖူးမွာလည္း ေသြးေတြထြက္ေနတယ္၊ သားေဆးသြားေပးလို႔ ရမလား?"
သူ႔ကေလးေလး၏ၾကင္နာတတ္သည့္စိတ္ေၾကာင့္ ရွီယြင္နန္ စိတ္ေပ်ာ့သြားကာ သူ႔ပါးေလးႏွစ္ဖက္အား ဆြဲလိုက္သည္။ "သူက မင္းကို အႏိုင္က်င့္ၿပီး မေတာင္းပန္ဘူးေလ၊ မင္းစိတ္မဆိုးေတာ့ဘူးလား?"
"ဆိုးတာေပါ့" ေ႐ႊငါးေလး အမွန္တိုင္းပဲ ျပန္ေျဖလိုက္သည္။ "ဒါမယ့္ နဖူးမွာ ေသြးထြက္ရင္ အရမ္းနာတယ္"
ေလာ့လင္းရွန္းက ရွီယြင္နန္ကို တခ်က္ၾကည့္ကာ သေဘာတူလိုက္၏။ "ဒါဆိုသြားေလ ဂ႐ုစိုက္သြား"
"ဟုတ္"
ေ႐ႊငါးေလးက သူသုံးခဲ့သည့္ ေဆးဘူးေလးကို ယူကာ ယြမ္ခယ့္ဝမ္ဆီ ေလွ်ာက္သြားလိုက္သည္။
"ဒါ မင္းအတြက္"
ယြမ္ခယ့္ဝမ္က သူ႔အား ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေန၏။ ႏွစ္စကၠန္႔ေလာက္ၾကာမွသာ ငိုသံႀကီး ထြက္လာေတာ့သည္။ "ဝူးဝူး- ေတာင္းပန္ပါတယ္ ညီေလး ငါမင္းကို အႏိုင္မက်င့္ခဲ့သင့္ပါဘူး"
"ငါ ေတာင္းပန္ပါတယ္ ငါမွားမွန္း သိပါၿပီ ေနာက္ဘယ္ေတာ့မွ မလုပ္ေတာ့ပါဘူး..."
႐ုတ္တရက္ထြက္လာသည့္ ေတာင္းပန္စကားသံေၾကာင့္ ေ႐ႊငါးေလး လန႔္သြား၏။ သူေတာ္ေတာ္ၾကာ စဥ္းစားၿပီးေနာက္ ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာ ခ်လိုက္သည္။
"ငါ မင္းေတာင္းပန္တာကို လက္မခံဘူး၊ ငါခုနက အခြင့္ေရးေပးတယ္ေလ မင္းမွ တန္ဖိုးမထားတာ"
အခ်ိန္ေႏွာင္းတဲ့ ေတာင္းပန္စကားေတြသာ အသုံးဝင္ရင္ ဘာလို႔ ရဲေတြရွိေနအုံးမွာလဲ?
ေ႐ႊငါးေလးက ျပတ္ျပတ္သားသား ထိုစကားေျပာၿပီးေနာက္ ကားထဲျပန္ဝင္ေျပးလာသည္။
ဒါကို ၾကည့္ေနသည့္ ရွီယြင္နန္လည္း သူ႔တူေလးအားခ်ီကာ ကေလးထိုင္ခုံေလးမွာ ျပန္ထိုင္ခိုင္းလိုက္ၿပီး ခ်ီးက်ဴးလိုက္သည္။
"ငါတို႔ ေ႐ႊငါးေလးက အရမ္းေတာ္တာပဲ"
ေ႐ႊငါးေလးက ၾကမ္းျပင္ကို မထိသည့္ သူ႔ေျခေထာက္တိုတိုေလးေတြကို လႈပ္ယမ္းကာ ၿပဳံးျပလာသည္။
"ေရွာင္ရႈရႈ"
"ဟမ္?"
"သား ေတာ္ၿပီးရင္း ပိုေတာ္လာေစရမယ္၊ ေရွာင္ရႈရႈလည္း ရႈရႈလို သားနဲ႔ တူတူ အသက္ႀကီးလာရမယ္ေနာ္!"
ထိုစကားၾကားသည့္အခါ ေလာ့လင္းရွန္းေကာ ရွီယြင္နန္ေကာ အၿပဳံးေလးျဖင့္ ျပန္ေျဖလိုက္ၾက၏—
"ေကာင္းပါၿပီကြာ"
"ငါတို႔ မင္းနားမွာ အၿမဲအတူရွိေနေပးမွာပါ"
...
သ မင္း ႐ြာႏွင့္ အနီးဆုံးၿမိဳ႕မွာ ကားျဖင့္ မိနစ္ေလးဆယ္ေလာက္ေဝးသည္။
ခ်င္က်န္းက ရွီယြင္နန္တို႔ကို သူႀကိဳတင္ဘိုကင္တင္ထားသည့္ ဟိုတယ္မွာ ခ်ေပးခဲ့ၿပီးေနာက္ ေဘာ့စ္ႏွစ္ေယာက္၏ ဆႏၵအတိုင္း ယြမ္မုန္အားေတြ႕ရန္ ရဲစခန္းသို႔ လိုက္သြားလိုက္သည္။
မိသားစုအခန္းထဲ ဝင္လိုက္ၿပီးေနာက္ room service လုပ္ေပးရန္ ရွီယြင္နန္ ေကာင္တာကို ဖုန္းေခၚလိုက္သည္။
ဟိုတယ္၏ အေနာက္တိုင္းစတိုင္လ္ မီႏူးမွာ ေတာ္ေတာ္ေလး ေကာင္းမြန္လွသည္။
ေ႐ႊငါးေလး ဗိုက္စားလြန္းသျဖင့္ steak ႏွစ္ပြဲေတာင္ စားပလိုက္၏။ သူက ဗိုက္ေဖာင္းေဖာင္းေလးကို ကိုင္လ်က္ေျပာလာသည္။
"သားဗိုက္ျပည့္သြားၿပီ~"
ေလာ့လင္းရွန္း : "အစာေၾကေအာင္လို႔ အခန္းထဲမွာ လမ္းေလွ်ာက္လိုက္အုံး၊ ၿပီးမွ ေရခ်ိဳး၊ ဒီေန႔တစ္ေန႔လုံး ပင္ပန္းေနတာဆိုေတာ့ ေစာေစာအိပ္လိုက္"
"ဟုတ္"
ေ႐ႊငါးေလးက လိမ္လိမ္မာမာေလးျပန္ေျဖလာၿပီး သူက သိခ်င္ေနကာ ေမးလိုက္သည္။ "ေရွာင္ရႈရႈ သားတို႔ မနက္ျဖန္ေကာ ဒီမွာေနမွာလား?"
ရွီယြင္နန္က အာလူးျပဳတ္ေထာင္းတစ္လုပ္ကိုစားရင္း ခဏစဥ္းစားေနသည္။ "မနက္ျဖန္ေတာ့ မင္းနဲ႔ မင္းရႈရႈက ဒီဟိုတယ္မွာ အနားယူမွာ။ သဘက္ခါမွ ကမ္းေျခကို လိုက္ပို႔ေပးမယ္ေလ ေနာ္?"
ေ႐ႊငါးေလးမွာ ကမ္းေျခကိုတစ္ခါမွ မေရာက္ဖူးတာေၾကာင့္ ခ်က္ခ်င္း မ်က္လုံးမ်ား ေတာက္ပသြားေတာ့သည္။ "ဒါဆို သား ပုစြန္ေလးေတြနဲ႔ ခ႐ုခြံေလးေတြ ေကာက္လို႔ရလား?"
"ရတာေပါ့"
ရွီယြင္နန္က ခ်က္ခ်င္းပဲ သေဘာတူလိုက္သည္။
ဒါကိုၾကားေတာ့ ေလာ့လင္းရွန္းက ေမးလာ၏။ "ေနာက္ထပ္ ေလ့လာစုံစမ္းဖို႔ သယ္ဟြာၿမိဳ႕ကို ျပန္သြားမလို႔လား?"
"အင္း မနက္ျဖန္ ကြၽန္ေတာ့ဘာသာသြားလိုက္မယ္။ အေျခခံသေဘာထားေလာက္ နားလည္ေအာင္လို႔ ၿပီးရင္ ထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းဖို႔ကို အတည္ျပဳဖို႔ေလ။"
ရွီယြင္နန္မွာ စဥ္းစားထားတာေတြ အမ်ားႀကီးရွိသည္။ "ဒီေန႔လည္း မထင္မွတ္ထားတာေတြျဖစ္သြားတယ္။ ယြမ္ေ႐ြ႕ဘက္မွာလည္း ျပန္ေကာင္းဖို႔ ရက္ေတာ္ေတာ္ ၾကာေလာက္အုံးမွာ၊ အဲ့ေတာ့ ကြၽန္ေတာ့အလုပ္ေတြၿပီးသြားရင္ ေ႐ႊငါးေလးကို လည္ပတ္စရာေနရာေတြ လိုက္ပို႔ၾကမလား?"
ဖုၿမိဳ႕ေတာ္မွာ ပင္လယ္ႏွင့္ နီးေလသည္။
ေ႐ႊငါးေလးက သဘာဝကို သေဘာက်သူမို႔ အေတြ႕အႀကဳံရရန္ လိုက္ပို႔ေပးခ်င္ခဲ့မိသည္။ ဒီေန႔ ႀကဳံလိုက္ရတဲ့ ကိစၥေၾကာင့္ သူက ကေလး၏ သဘာဝေပၚျမင္တတ္သည့္ စိတ္ထားေကာင္းေလးကို မပ်က္စီးသြားေစလိုပါ။
ေလာ့လင္းရွန္း မေျဖမီ ေ႐ႊငါးေလးက လိုလိုလားလား ေျဖလာေလသည္။ "ေကာင္းတယ္! သေဘာတူတယ္ သားသဘာတူတယ္!"
ေလာ့လင္းရွန္းလည္း တူျဖစ္သူနဖူးေလး ေရာင္ရမ္းေနေသးတာကို ျမင္လိုက္သည့္အခါ သူ႔စိတ္ေလး ေပ်ာ့သြားေတာ့သည္။
"ေကာင္းၿပီေလ"
...
တစ္နာရီအၾကာတြင္—
ေ႐ႊငါးေလးက ေရခ်ိဳးဝတ္႐ုံေလးဝတ္ကာ ေရခ်ိဳးခန္းထဲ ဝင္သြား၏။
ရွီယြင္နန္က ဟိုတယ္မွ ေပးထားသည့္ ေဆးေသတၱာေလးကို ယူကာ ေရခ်ိဳးၿပီးတဲ့ ေလာ့လင္းရွန္းနား အျမန္သြားလိုက္သည္။ "ခင္ဗ်ား ဝတ္႐ုံကို ခြၽတ္လိုက္ ကြၽန္ေတာ္ ေနာက္ေက်ာကို ၾကည့္ၾကည့္မယ္။ ခ်န္ဖင္း ႐ိုက္တာ အရမ္းျပင္းလား?"
ရွီယြင္နန္ ထိုျမင္ကြင္းကို ျပန္သတိရသြားၿပီး သူႏွလုံးသားေလး ျပန္တင္းမာသြားေတာ့သည္။
ရွီယြင္နန္ကို မျငင္းဆန္ႏိုင္မွန္း ေလာ့လင္းရွန္း သိတာေၾကာင့္ သူ႔ေရခ်ိဳးဝတ္႐ုံကို တစ္ဝက္ ခြၽတ္လိုက္ရေလသည္။
ဒီလူ၏ ေနာက္ေက်ာဖြဲ႕စည္းပုံမွာ ျပည့္စုံလြန္းလွသည္။ ဘယ္ဘက္ပုခုံးေပၚမွာ ေရာင္ရမ္းေနသည့္ ဒဏ္ရာကလြဲလို႔ေပါ့။
ရွီယြင္နန္ အသက္ျပင္းျပင္းရွဴမိသြား၏။ သူ ခ်န္ဖင္းအား တိုးတိုးေလး မက်ိန္ဆဲလိုက္ဘဲ မေနႏိုင္ေတာ့။
ေလာ့လင္းရွန္းက ရယ္ကာ သူ႔အား လွည့္ၾကည့္လာသည္။ "ေဒါသမထြက္ပါနဲ႔၊ ကိုယ္တကယ္ အဆင္ေျပပါတယ္။ ဒီဒဏ္ရာေလးက ရက္ပိုင္း အတြင္း သက္သာသြားမွာပါ။"
"....."
ရွီယြင္နန္ သက္ျပင္းခ်ကာ ဒဏ္ေၾကျဖန္းေဆးဘူးအား ေကာက္ယူလိုက္သည္။
"ခဏ ေတာင့္ခံထားေနာ္ ၊ အရည္ျပားနည္းနည္း စုတ္သြားသလိုပဲ၊ စပေရးျဖန္းရင္ေတာင္ နာလိမ့္မယ္။"
"အင္း။"
—႐ႊီးး
စေပေရးက ဒဏ္ရာထဲ စိမ့္ဝင္လာကာ အနည္းငယ္ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္သြား၏။
ေလာ့လင္းရွန္းက သူခ်စ္သူ စိတ္မပူေအာင္ စိတ္ထဲ ႀကိတ္မွိတ္ ေတာင့္ခံ့ေနလိုက္သည္။
ရွီယြင္နန္က ေရာင္ေနသည့္ ေနရာေလးကို သူလက္ေခ်ာင္းေလးေတြနဲ႔ ဖြဖြေလးဖိလိုက္၏။ သူ႔လက္ေခ်ာင္းထိပ္ေလး၏ အပူခ်ိန္က ေဆးအာနိသင္ျမန္ျမန္ ျပသြားေစၿပီး ေသြးစေလးေတြကို ခဲသြားေစသည္။
ရွီယြင္နန္ ေလာ့လင္းရွန္း၏ ေက်ာျပင္ေလးကို ပြတ္သပ္ရင္း ညေနက ကိစၥကို စိတ္ထဲမွာ ျပန္ျပန္ေတြးမိေနသည္။
ေလာ့လင္းရွန္းက သူ႔လက္ေမာင္းေတြကို သုံးၿပီး သူနဲ႔ ေ႐ႊငါးေလးကို ကာကြယ္ေပးခဲ့တယ္။
ခ်န္ဖင္းရဲ႕ ယုတ္မာရက္စက္တဲ့ တိုက္ခိုက္မႈကို တားဆီးဖို႔ သူက တလွမ္းခ်င္း လွမ္းၿပီး သူနဲ႔ ေ႐ႊငါးေလးကို သူ႔ေနာက္မွာ ကာထားေပးခဲ့တယ္။
ဘာေၾကာင့္မွန္း မသိ ရွီယြင္နန္ မ်က္လုံးေလးမ်ား နာက်င္လာေတာ့သည္။ သူက ဖြဖြေလးပြတ္သပ္ေပးေနတာကို ရပ္လိုက္ၿပီး ေနာက္ကေန သူ႔ခ်စ္သူ၏ ခါးေလးအား ဖက္လိုက္၏။
ႏူးညံ့ညင္သာသည့္ အနမ္းဟာ ေႏြးေထြးသည့္ ေလေငြ႕နဲ႔ အတူ က်ေရာက္လို႔လာသည္။ ေလာ့လင္းရွန္း၏ တည္ၿငိမ္ေနေသာ စိတ္မွာ လႈပ္ခတ္လို႔ သြား၏။ ႐ုတ္တရက္ သူ႔ေက်ာမွ နာက်င္မႈမ်ား လုံးဝေပ်ာက္သြားၿပီလို႔ေတာင္ ခံစားမိလိုက္ေလသည္။
သူ႔ခ်စ္သူ၏ အားကိုးတဲ့စိတ္ေလးကို ခံစားမိၿပီး ေဘးတိုက္ လွည့္ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ?"
"ဒီတိုင္း ေတြးမိလို႔ပါ..."
ရွီယြင္နန္က ေလာ့လင္းရွန္း ေမးေစ့ေလးကို နမ္းကာ ၿပဳံးလိုက္သည္။
"ခင္ဗ်ား မတ္တပ္ရပ္ၿပီး ကြၽန္ေတာ့ကို ကာကြယ္ေပးတဲ့ ပုံက အရမ္းခန္႔တာပဲ"
ေလာ့လင္းရွန္းက သူ႔လက္ေလးကို ပုတ္လိုက္သည္။
"ကိုယ့္ေရွ႕မွာ ထိုင္"
ရွီယြင္နန္ ထကာ သူ႔ေရွ႕မွာ ထိုင္လိုက္၏။ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္ေနတာေၾကာင့္ မ႐ိုးမသား ေလထုမ်ိဳး ျဖစ္သြားေစသည္။
ရွီယြင္နန္မွာ ငယ္ငယ္ေလးကတည္းက တစ္ေယာက္တည္း ဖိုက္ရတာကို က်င့္သားရေနခဲ့ေလၿပီ။
ေလာ့လင္းရွန္းနဲ႔ ေတြ႕ၿပီးတာေတာင္ ဒီအက်င့္ေလးကို မေျပာင္းႏိုင္ေသး။ သူ႔လက္သီးနဲ႔ ျဖစ္ျဖစ္ သူ႔ကိုယ္ခႏၶာနဲ႔ျဖစ္ျဖစ္ ဟန္႔တားႏိုင္ခဲ့သည္။ တျခားသူမ်ားကို အကူညီေတာင္းကာ ဒုကၡမေပးခဲ့။
သို႔ေသာ္ သူအၾကပ္အတည္းျဖစ္ေနခ်ိန္၊ တစ္ေယာက္ေယာက္က သူ႔ရင္ခြင္ထဲမွာ အကာအကြယ္ေပးႏိုင္ၿပီး သူ႔ေရွ႕တြင္ မားမားမတ္မတ္ ရပ္ေနျခင္းဟာ ၾကည္ႏူးသည့္ ခံစားခ်က္မ်ိဳး ျဖစ္သြားေစသည္ကို သူဒီညေနကမွ သိလိုက္ရသည္။
ရွီယြင္နန္က ဒဏ္ရာရေနသည့္ ပုခုံးကို ေရွာင္ကာ ေလာ့လင္းရွန္းလည္ပင္းအား ဖက္လိုက္၏။
"ေလာင္ကုန္း။"
သူက ထိုသို႔ေရ႐ြတ္ရင္း ငုံ႔နမ္းလိုက္ေလသည္။
ႏွစ္ေယာက္သား ႏွာေခါင္းဖ်ားခ်င္းထိလ်က္ အနမ္းခ်င္းဖလွယ္ေနၾကကာ ခြဲခြါရဖို႔ကို မလိုလား။
"ယြင္နန္ ကိုယ့္ကို အခ်ိန္နည္းနည္းေလာက္ပဲ ထပ္ေပးပါ။"
"ဟမ္?"
ရွီယြင္နန္ အသံေလးျပဳလိုက္၏။ ေလာ့လင္းရွန္း အသက္ရွဴသံေတြၾကားထဲ လႊမ္းမိုးခံေနရတာေၾကာင့္ သူ႔အနမ္းေလး ထပ္လိုခ်င္ေနသည္။
သူ႔တိုးတိုးေလး ေရ႐ြတ္ေနစဥ္မွာပဲ ေလာ့လင္းရွန္းက သူ႔ဆႏၵေလးကို ျဖည့္ဆည္းေပးလိုက္ေလသည္။
- ကိုယ့္ကို အခ်ိန္နည္းနည္းေပးပါ။
- အခုတေခါက္တင္မကဘူး ကိုယ္မင္းကို တစ္သက္လုံး ကာကြယ္ေပးႏိုင္ပါတယ္။
မူရင္းစာေရးသူမွာ ေျပာစရာရွိပါတယ္!
ကိုယ့္ဘာသာကိုယ္ ေရသြားခ်ိဳးေနရသည့္ ေ႐ႊငါးေလး : ရႈရႈတို႔ ဆက္လုပ္ၾကပါ၊ သားကပဲ ေရၾကာၾကာခ်ိဳးလိုက္ပါ့မယ္~