Unicode
အပိုင်း ၈၁။ ထိန်းချုပ်မှုလွတ်ကင်းခြင်း (၂)
ကျေနပ်မှုကို ဖုံးကွယ်ထားသော ယဲ့ကျန်းက ခေါင်းကိုငုံ့ပြီးနောက် ဖေးရှီအနားသို့ နီးကပ်သွားကာ ခပ်တိုးတိုးပြောသည်။
“အမေ သမီး ပြန်မှရမယ်”
ထိုအချိန်တွင် လုလင်ကျစ်သည်လည်း သူ၏တတိယညီမက သူ့အပေါ်ဆိုလျှင် ရေခဲကဲ့သို့ အေးစက်နေသေးကြောင်း ခံစားလိုက်မိသည်။ တံခါးက ဝင်လာကတည်းက သူမက သူ့ကို အကြည့်တစ်ချက်ပင် မပို့လာခဲ့ပေ။
ငါ ယောင်ယောင့်ကို အမျိုးသမီးအကယ်ဒမီကို မတတ်ခိုင်းတာနဲ့ပဲ အခုအချိန်အထိ စိတ်ဆိုးနေတုန်းလား၊ သူ့တတိယညီမက ဒီကိစ္စလေးကြောင့်နဲ့ သူ့ကို မုန်းသွားမှာတော့ မဟုတ်ပါဘူးနော်။
အနှစ်ချုပ်ဆိုရသော် ဖေးရှီက ယဲ့ကျန်း၏ လုလင်ကျစ်အပေါ် ထားသော ထူးဆန်းသည့်အပြုအမူကို သတိမထားမိပေ။ သူမ၏သမီးက သည်အကြီးဆုံးအစ်ကိုနှင့် မရင်းနှီးသည့်အတွက် သည်လိုမကပ်တွယ်ခြင်းဟုသာ နားလည်နေ၏။ ထို့အပြင် သူ၏ဒဏ်ရာကိုလည်း သူမက မည်သို့မှ ကူညီပေးနိုင်မည် မထင်ပေ။
သူ၏မျက်ဝန်းထဲတွင်ရှိသော ကျေးဇူးတင်စိတ်များဖြင့် သူမက ထန်းကျန့်ကို အပြုံးလေးပြပြီးနောက် သမီးဖြစ်သူ၏လက်ကို ကိုင်ကာပြောသည်။
“ကောင်းပြီ၊ ဒါဆိုလည်း အမေ အမတ်မင်းကို သမီးကို အဖော်ပြုပြီး ကျွင်းကျစ်ရေပူစမ်းကို လိုက်ပို့ခိုင်းလိုက်မယ်”
“တတိယသခင်မလု မစိုးရိမ်ပါနဲ့၊ ကျွန်တော် ယောင်ယောင့်ကို အိမ်ကို လုံလုံခြုံခြုံပြန်ပို့ပေးမှာပါ”
“အမေ ကျွန်တော် ယောင်ယောင့်ကို အဖော်ပြုပြီး အပြင်ကို လိုက်ပို့ပေးလိုက်မယ်”
လုရှန်းကျစ်က ကမ်းလှမ်းလာသည်။
ထန်းကျန့်ကို လုလင်ကျစ်၏ သတိပေးလိုသောအကြည့်များက ဓားတစ်ချောင်းကဲ့သို့ သူ့ကို လှီးဖြတ်တော့မည့်ပမာ စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကို သူ၏မျက်ဝန်းထောင့်မှ မြင်နေရသော်လည်း ထန်းကျန့်ကမူ မမြင်ချင်ယောင်ဆောင်ထားကာ အရူးကဲ့သို့ ရယ်နေသည်။ သို့သော် တစ်ခဏခန့် ကြာသည်နှင့် ချက်ချင်းဆိုသလို မျက်နှာကိုလက်ဖြင့် သပ်ချလိုက်ကာ ထိန်းသိမ်းလိုက်၏။ ထန်းကျန့်က ယဲ့ကျန်းကို ယဉ်ကျေးစွာပြောသည်။
“တတိယညီမ သွားစို့”
ယဲ့ကျန်းက သည်ဆိုးရွားသောနေရာတွင် ဆက်မနေလိုပေ။ ထို့ကြောင့် ထိုစကားကိုကြားသည်နှင့် ချက်ချင်းဆိုသလို အပြင်သို့ထွက်သည်။ အနောက်မှ မကောင်းဆိုးဝါးဝိညာဉ်များ လိုက်ဖမ်းလာသည့်အလား ထင်ရ၏။
“ယောင်ယောင် ဘာလို့ အလောတကြီးသွားနေတာလဲ”
လုရှန်းကျစ်က သူမကို အမှီလိုက်ပြီးနောက် သူ၏အကောင်းအတိုင်းလက်ဖြင့် လှမ်းဖမ်းထိန်းကာ မေးသည်။
“အကြီးဆုံးအစ်ကိုရဲ့ဒဏ်ရာကို ညီမလေးက မစိုးရိမ်ဘူးလား”
“ဒါပေါ့ ညီမ စိုးရိမ်တာပေါ့၊ အမေကလည်း ဒီကိုရောက်ပြီး မေးမြန်းနေပြီလေ၊ သူကလည်း အဆင်ပြေတာနဲ့ ညီမလည်း မေးစရာမရှိတာနဲ့ မမေးမြန်းခဲ့ရုံပါပဲ”
ယဲ့ကျန်းက တည်ငြိမ်ကာ အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် ပြောသည်။
လုရှန်းကျစ်က မျက်မှောင်ကြုတ်သည်။ သူ၏ သည်ညီမက လူတိုင်းအပေါ် ကောင်းမွန်စွာ ဆက်ဆံသော်လည်း သူ၏အကြီးဆုံးအစ်ကိုအတွက်ဆိုလျှင် အလွန်အေးစက်နေသည်။
ထန်းကျန့်က သူတို့နှစ်ယောက်ကို အနောက်မှကြည့်သည်။ ထိုစကားများကို သူ ကြားနေရသေး၏။ သို့သော် သူ၏အမြင်တွင် ယဲ့ကျန်းက မည်သို့ဝတ်ဆင်ထားစေကာမူ အလွန်ကြည့်ကောင်းစမြဲ ဖြစ်သည်။ သူမ၏အသံကပင် သူ့အနားအတွင်းတွင် အလွန်နားထောင်ကောင်းနေ၏။
“ငါ ပြန်လာမှ ငါတို့ စကားပြောကြမယ်”
လုရှန်းကျစ်က ပြောသည်။ သည်နေရာက သူ့ညီမ၏ ထိုရှင်းပြ၍မရသော စိတ်အခြေအနေကို ရှင်းလင်းရန် မလုံလောက်သေးကြောင်း သူ နားလည်နေ၏။
ခြေလှမ်းများကို နှေးကွေးပြီးနောက် ယဲ့ကျန်းက ချိုမြိန်စွာပြုံးသည်။ သူမ၏မျက်ဝန်းထောင့်များက လခြမ်းကွေးများကဲ့သို့ ကော့တက်သွား၏။
“အစ်ကိုကြီး အစ်ကိုကြီး အများကြီးမတွေးသင့်ဘူး၊ လောလောဆယ် သေချာပူးပေါင်းပြီး နေကောင်းအောင်နေပါ၊ အစ်ကိုကြီးရဲ့လက်အခြေအနေက ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာ ညီမတစ်ချက်ကြည့်မယ်”
လုရှန်းကျစ်က သဘောတကျပင် သူ၏ဒဏ်ရာကိုပြသည်။ ထိုလက်တွင် ပတ်တီးစည်းထား၏။
“ဒီအတိုင်း ကျောက်တုံးကြမ်းကြီးတွေနဲ့ခြစ်မိရုံပါပဲ၊ ယောင်ကိုင်းသွားရုံထက် မပိုပါဘူး၊ စိုးရိမ်စရာလည်းမလိုဘူး”
တုံ့ဆိုင်းနေပြီးနောက် ယဲ့ကျန်းက သူမ၏အင်္ကျီအတွင်းဘက်မှ ပုလင်းတစ်လုံးကို ထုတ်ပေးလိုက်သည်။ ထိုထဲတွင် သူမ စံအိမ်သို့လာကတည်းက ထည့်ထားသော လင်းချွမ်ရေစက်များရှိနေ၏။ တစ်စက်တည်းနှင့်ပင် လုရှန်းကျစ်၏ဒဏ်ရာများကို နောက်နေ့မနက်ခင်းတွင် ပျောက်ကင်းသွားစေရန် လုံလောက်နေသည်။
“ညီမ ဒါကိုအိမ်က ယူလာခဲ့တာ၊ ဒီည ပတ်တီးလဲတဲ့အချိန်မှာ ဒါကို လိမ်းလိုက်ပါ”
“ဒါမလိုပါဘူး၊ ဧကရာဇ်က အစ်ကိုကြီးတို့မှာရှိတာထက်ပိုသာတဲ့ ဆေးတွေ ပေးထားပြီးသား”
လုရှန်းကျစ်က ပြောသည်။
“ညီမရဲ့ဆေးကို အထင်သေးတာလား”
ယဲ့ကျန်းက လုရှန်းကျစ်၏လက်ကို ဖမ်းဆုပ်ထားလျက် မျက်ရည်ပြည့်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
လုရှန်းကျစ်က သူ့ညီမ မျက်ရည်ကျမည်ကို အကြောက်ဆုံးဖြစ်သည်။ သူ ငယ်ငယ်ကဆိုလျှင် သူ့ညီမ မျက်ရည်ကျတိုင်း သူ အရိုက်ခံရလေ့ရှိ၏။
“ဟေး အစ်ကိုကြီး မပြောတော့ဘူး၊ ဒီဆေးကိုယူလိုက်မယ်၊ ဟုတ်ပြီလား၊ ဒီည လိမ်းကို လိမ်းလိုက်မယ်”
သူက စကားကို ချက်ချင်းပြန်သိမ်းကာ စိုးရိမ်စိတ်ဖြင့် ခေါင်းကိုကုတ်သည်။
“ဒီဆေးကို အထင်မသေးပါနဲ့၊ ဒါကို ညီမကိုယ်တိုင်ပြင်ဆင်ထားတာ၊ သေချာပေါက် ဧကရာဇ်ပေးတဲ့ဆေးထက် သာတယ်”
သူမက ထိုပုလင်းကို လုရှန်းကျစ်၏လက်ထဲသို့ ထည့်ပေးလိုက်၏။
“ကောင်းပြီ၊ ငါ့ညီမဟာ အကောင်းဆုံးပဲ”
လုရှန်းကျစ်က ရယ်သည်။
ထန်းကျန့်က လုရှန်းကျစ်ကို မနာလိုကြီးစွာ ကြည့်သည်။ သူ၏စိတ်တွင် သည်တတိယညီမက ကိုယ်တိုင်ကိုယ်ကျ ဆေးပြင်ပေးရခြင်းသည် အလွန်ကောင်းမွန်သော အခွင့်ထူးကြီးဖြစ်သည်။ သူကသာ ထိုသို့ကံကောင်းလျှင် ထိုဆေးပုလင်းကို နေ့တိုင်းနေရာတိုင်းသို့ အဆောင်အမွှေးအိတ်ကဲ့သို့ နေ့တိုင်းနီးပါး သယ်ဆောင်သွားပေလိမ့်မည်။ သူက သူ၏ကိုယ်ပိုင်ပျော်ရွှင်မှု ပူပေါင်းအတွင်းသို့ ရောက်နေချိန်တွင် သူ၏ဂရုစိုက်မှုအောက်တွင် ယဲ့ကျန်းကို ကျွင်းကျစ်ထံသို့ ပြန်ပို့ပေးနေခဲ့သည်။
သူတို့စံအိမ်ဂိတ်မှ ကျော်ဖြတ်နေကာစအချိန်တွင်ပင် ယဲ့ကျန်း ခြေလှမ်းများကို ရပ်တန့်ကာ တစ်စုံတစ်ရာကို သတိရသွား၏။
“အစ်ကိုကြီး ညီမကိုပြောပါအုံး၊ အစ်ကိုကြီးရဲ့မြင်းက ဘယ်လိုများ ထိန်းချုပ်မှု လွတ်ကင်းသွားတာလဲ”
Zawgyi
အပိုင္း ၈၁။ ထိန္းခ်ဳပ္မႈလြတ္ကင္းျခင္း (၂)
ေက်နပ္မႈကို ဖုံးကြယ္ထားေသာ ယဲ့က်န္းက ေခါင္းကိုငုံ႔ၿပီးေနာက္ ေဖး႐ွီအနားသို႔ နီးကပ္သြားကာ ခပ္တိုးတိုးေျပာသည္။
“အေမ သမီး ျပန္မွရမယ္”
ထိုအခ်ိန္တြင္ လုလင္က်စ္သည္လည္း သူ၏တတိယညီမက သူ႕အေပၚဆိုလွ်င္ ေရခဲကဲ့သို႔ ေအးစက္ေနေသးေၾကာင္း ခံစားလိုက္မိသည္။ တံခါးက ဝင္လာကတည္းက သူမက သူ႕ကို အၾကည့္တစ္ခ်က္ပင္ မပို႔လာခဲ့ေပ။
ငါ ေယာင္ေယာင့္ကို အမ်ိဳးသမီးအကယ္ဒမီကို မတတ္ခိုင္းတာနဲ႔ပဲ အခုအခ်ိန္အထိ စိတ္ဆိုးေနတုန္းလား၊ သူ႕တတိယညီမက ဒီကိစၥေလးေၾကာင့္နဲ႔ သူ႕ကို မုန္းသြားမွာေတာ့ မဟုတ္ပါဘူးေနာ္။
အႏွစ္ခ်ဳပ္ဆိုရေသာ္ ေဖး႐ွီက ယဲ့က်န္း၏ လုလင္က်စ္အေပၚ ထားေသာ ထူးဆန္းသည့္အျပဳအမူကို သတိမထားမိေပ။ သူမ၏သမီးက သည္အႀကီးဆုံးအစ္ကိုႏွင့္ မရင္းႏွီးသည့္အတြက္ သည္လိုမကပ္တြယ္ျခင္းဟုသာ နားလည္ေန၏။ ထို႔အျပင္ သူ၏ဒဏ္ရာကိုလည္း သူမက မည္သို႔မွ ကူညီေပးႏိုင္မည္ မထင္ေပ။
သူ၏မ်က္ဝန္းထဲတြင္႐ွိေသာ ေက်းဇူးတင္စိတ္မ်ားျဖင့္ သူမက ထန္းက်န္႔ကို အျပဳံးေလးျပၿပီးေနာက္ သမီးျဖစ္သူ၏လက္ကို ကိုင္ကာေျပာသည္။
“ေကာင္းၿပီ၊ ဒါဆိုလည္း အေမ အမတ္မင္းကို သမီးကို အေဖာ္ျပဳၿပီး ကြၽင္းက်စ္ေရပူစမ္းကို လိုက္ပို႔ခိုင္းလိုက္မယ္”
“တတိယသခင္မလု မစိုးရိမ္ပါနဲ႔၊ ကြၽန္ေတာ္ ေယာင္ေယာင့္ကို အိမ္ကို လုံလုံျခဳံျခဳံျပန္ပို႔ေပးမွာပါ”
“အေမ ကြၽန္ေတာ္ ေယာင္ေယာင့္ကို အေဖာ္ျပဳၿပီး အျပင္ကို လိုက္ပို႔ေပးလိုက္မယ္”
လု႐ွန္းက်စ္က ကမ္းလွမ္းလာသည္။
ထန္းက်န္႔ကို လုလင္က်စ္၏ သတိေပးလိုေသာအၾကည့္မ်ားက ဓားတစ္ေခ်ာင္းကဲ့သို႔ သူ႕ကို လွီးျဖတ္ေတာ့မည့္ပမာ စိုက္ၾကည့္လိုက္သည္။ ထိုအၾကည့္ကို သူ၏မ်က္ဝန္းေထာင့္မွ ျမင္ေနရေသာ္လည္း ထန္းက်န္႔ကမူ မျမင္ခ်င္ေယာင္ေဆာင္ထားကာ အ႐ူးကဲ့သို႔ ရယ္ေနသည္။ သို႔ေသာ္ တစ္ခဏခန္႔ ၾကာသည္ႏွင့္ ခ်က္ခ်င္းဆိုသလို မ်က္ႏွာကိုလက္ျဖင့္ သပ္ခ်လိုက္ကာ ထိန္းသိမ္းလိုက္၏။ ထန္းက်န္႔က ယဲ့က်န္းကို ယဥ္ေက်းစြာေျပာသည္။
“တတိယညီမ သြားစို႔”
ယဲ့က်န္းက သည္ဆိုး႐ြားေသာေနရာတြင္ ဆက္မေနလိုေပ။ ထို႔ေၾကာင့္ ထိုစကားကိုၾကားသည္ႏွင့္ ခ်က္ခ်င္းဆိုသလို အျပင္သို႔ထြက္သည္။ အေနာက္မွ မေကာင္းဆိုးဝါးဝိညာဥ္မ်ား လိုက္ဖမ္းလာသည့္အလား ထင္ရ၏။
“ေယာင္ေယာင္ ဘာလို႔ အေလာတႀကီးသြားေနတာလဲ”
လု႐ွန္းက်စ္က သူမကို အမွီလိုက္ၿပီးေနာက္ သူ၏အေကာင္းအတိုင္းလက္ျဖင့္ လွမ္းဖမ္းထိန္းကာ ေမးသည္။
“အႀကီးဆုံးအစ္ကိုရဲ႕ဒဏ္ရာကို ညီမေလးက မစိုးရိမ္ဘူးလား”
“ဒါေပါ့ ညီမ စိုးရိမ္တာေပါ့၊ အေမကလည္း ဒီကိုေရာက္ၿပီး ေမးျမန္းေနၿပီေလ၊ သူကလည္း အဆင္ေျပတာနဲ႔ ညီမလည္း ေမးစရာမ႐ွိတာနဲ႔ မေမးျမန္းခဲ့႐ုံပါပဲ”
ယဲ့က်န္းက တည္ၿငိမ္ကာ အျပစ္ကင္းစင္ေသာ မ်က္ဝန္းမ်ားျဖင့္ ေျပာသည္။
လု႐ွန္းက်စ္က မ်က္ေမွာင္ၾကဳတ္သည္။ သူ၏ သည္ညီမက လူတိုင္းအေပၚ ေကာင္းမြန္စြာ ဆက္ဆံေသာ္လည္း သူ၏အႀကီးဆုံးအစ္ကိုအတြက္ဆိုလွ်င္ အလြန္ေအးစက္ေနသည္။
ထန္းက်န္႔က သူတို႔ႏွစ္ေယာက္ကို အေနာက္မွၾကည့္သည္။ ထိုစကားမ်ားကို သူ ၾကားေနရေသး၏။ သို႔ေသာ္ သူ၏အျမင္တြင္ ယဲ့က်န္းက မည္သို႔ဝတ္ဆင္ထားေစကာမူ အလြန္ၾကည့္ေကာင္းစၿမဲ ျဖစ္သည္။ သူမ၏အသံကပင္ သူ႕အနားအတြင္းတြင္ အလြန္နားေထာင္ေကာင္းေန၏။
“ငါ ျပန္လာမွ ငါတို႔ စကားေျပာၾကမယ္”
လု႐ွန္းက်စ္က ေျပာသည္။ သည္ေနရာက သူ႕ညီမ၏ ထို႐ွင္းျပ၍မရေသာ စိတ္အေျခအေနကို ႐ွင္းလင္းရန္ မလုံေလာက္ေသးေၾကာင္း သူ နားလည္ေန၏။
ေျခလွမ္းမ်ားကို ေႏွးေကြးၿပီးေနာက္ ယဲ့က်န္းက ခ်ိဳၿမိန္စြာျပဳံးသည္။ သူမ၏မ်က္ဝန္းေထာင့္မ်ားက လျခမ္းေကြးမ်ားကဲ့သို႔ ေကာ့တက္သြား၏။
“အစ္ကိုႀကီး အစ္ကိုႀကီး အမ်ားႀကီးမေတြးသင့္ဘူး၊ ေလာေလာဆယ္ ေသခ်ာပူးေပါင္းၿပီး ေနေကာင္းေအာင္ေနပါ၊ အစ္ကိုႀကီးရဲ႕လက္အေျခအေနက ျပင္းထန္လား မျပင္းထန္ဘူးလားဆိုတာ ညီမတစ္ခ်က္ၾကည့္မယ္”
လု႐ွန္းက်စ္က သေဘာတက်ပင္ သူ၏ဒဏ္ရာကိုျပသည္။ ထိုလက္တြင္ ပတ္တီးစည္းထား၏။
“ဒီအတိုင္း ေက်ာက္တုံးၾကမ္းႀကီးေတြနဲ႔ျခစ္မိ႐ုံပါပဲ၊ ေယာင္ကိုင္းသြား႐ုံထက္ မပိုပါဘူး၊ စိုးရိမ္စရာလည္းမလိုဘူး”
တုံ႔ဆိုင္းေနၿပီးေနာက္ ယဲ့က်န္းက သူမ၏အက်ႌအတြင္းဘက္မွ ပုလင္းတစ္လုံးကို ထုတ္ေပးလိုက္သည္။ ထိုထဲတြင္ သူမ စံအိမ္သို႔လာကတည္းက ထည့္ထားေသာ လင္းခြၽမ္ေရစက္မ်ား႐ွိေန၏။ တစ္စက္တည္းႏွင့္ပင္ လု႐ွန္းက်စ္၏ဒဏ္ရာမ်ားကို ေနာက္ေန႔မနက္ခင္းတြင္ ေပ်ာက္ကင္းသြားေစရန္ လုံေလာက္ေနသည္။
“ညီမ ဒါကိုအိမ္က ယူလာခဲ့တာ၊ ဒီည ပတ္တီးလဲတဲ့အခ်ိန္မွာ ဒါကို လိမ္းလိုက္ပါ”
“ဒါမလိုပါဘူး၊ ဧကရာဇ္က အစ္ကိုႀကီးတို႔မွာ႐ွိတာထက္ပိုသာတဲ့ ေဆးေတြ ေပးထားၿပီးသား”
လု႐ွန္းက်စ္က ေျပာသည္။
“ညီမရဲ႕ေဆးကို အထင္ေသးတာလား”
ယဲ့က်န္းက လု႐ွန္းက်စ္၏လက္ကို ဖမ္းဆုပ္ထားလ်က္ မ်က္ရည္ျပည့္ေသာ မ်က္ဝန္းမ်ားျဖင့္ စိုက္ၾကည့္လိုက္သည္။
လု႐ွန္းက်စ္က သူ႕ညီမ မ်က္ရည္က်မည္ကို အေၾကာက္ဆုံးျဖစ္သည္။ သူ ငယ္ငယ္ကဆိုလွ်င္ သူ႕ညီမ မ်က္ရည္က်တိုင္း သူ အ႐ိုက္ခံရေလ့႐ွိ၏။
“ေဟး အစ္ကိုႀကီး မေျပာေတာ့ဘူး၊ ဒီေဆးကိုယူလိုက္မယ္၊ ဟုတ္ၿပီလား၊ ဒီည လိမ္းကို လိမ္းလိုက္မယ္”
သူက စကားကို ခ်က္ခ်င္းျပန္သိမ္းကာ စိုးရိမ္စိတ္ျဖင့္ ေခါင္းကိုကုတ္သည္။
“ဒီေဆးကို အထင္မေသးပါနဲ႔၊ ဒါကို ညီမကိုယ္တိုင္ျပင္ဆင္ထားတာ၊ ေသခ်ာေပါက္ ဧကရာဇ္ေပးတဲ့ေဆးထက္ သာတယ္”
သူမက ထိုပုလင္းကို လု႐ွန္းက်စ္၏လက္ထဲသို႔ ထည့္ေပးလိုက္၏။
“ေကာင္းၿပီ၊ ငါ့ညီမဟာ အေကာင္းဆုံးပဲ”
လု႐ွန္းက်စ္က ရယ္သည္။
ထန္းက်န္႔က လု႐ွန္းက်စ္ကို မနာလိုႀကီးစြာ ၾကည့္သည္။ သူ၏စိတ္တြင္ သည္တတိယညီမက ကိုယ္တိုင္ကိုယ္က် ေဆးျပင္ေပးရျခင္းသည္ အလြန္ေကာင္းမြန္ေသာ အခြင့္ထူးႀကီးျဖစ္သည္။ သူကသာ ထိုသို႔ကံေကာင္းလွ်င္ ထိုေဆးပုလင္းကို ေန႔တိုင္းေနရာတိုင္းသို႔ အေဆာင္အေမႊးအိတ္ကဲ့သို႔ ေန႔တိုင္းနီးပါး သယ္ေဆာင္သြားေပလိမ့္မည္။ သူက သူ၏ကိုယ္ပိုင္ေပ်ာ္႐ႊင္မႈ ပူေပါင္းအတြင္းသို႔ ေရာက္ေနခ်ိန္တြင္ သူ၏ဂ႐ုစိုက္မႈေအာက္တြင္ ယဲ့က်န္းကို ကြၽင္းက်စ္ထံသို႔ ျပန္ပို႔ေပးေနခဲ့သည္။
သူတို႔စံအိမ္ဂိတ္မွ ေက်ာ္ျဖတ္ေနကာစအခ်ိန္တြင္ပင္ ယဲ့က်န္း ေျခလွမ္းမ်ားကို ရပ္တန္႔ကာ တစ္စုံတစ္ရာကို သတိရသြား၏။
“အစ္ကိုႀကီး ညီမကိုေျပာပါအုံး၊ အစ္ကိုႀကီးရဲ႕ျမင္းက ဘယ္လိုမ်ား ထိန္းခ်ဳပ္မႈ လြတ္ကင္းသြားတာလဲ”