𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

By AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 10

2.9K 430 87
By AureumV

Unicode~

"ဟယ်.. သခင်​​လေး။ ပြန်လာပြီလား။ ဘာလို့ထွက်​ပြေးသွားတာလဲ သခင်​လေး​ရယ်။ ကျွန်မတို့က စိတ်ပူ​နေရတာ။ တစ်မြို့လုံးကလည်း သခင်​​လေးကို.."

"ကိုယ့်အလုပ်ကိုယ်လုပ်​တော့ အ​ဒေါ်ကြီး"

အသက်ကြီး​သော မိန်းမကြီး​တွေရဲ့ ဗီဇ​လေလား.. အ​ဒေါ်ကြီးက စကားကို မလိုအပ်ဘဲ သိပ်​ပြောတာပဲ။ အဲ့သည်လို စရိုက်မျိုးကို JungKook သ​ဘောမကျ။ အထူးသဖြင့် Taehyungနဲ့ အဆက်အဆံလုပ်ရမည့် အလုပ်သမား​တွေဟာ စကား​နည်း​လေ ​ကောင်း​လေ။

"တစ်မြို့လုံးက ဘာဖြစ်ကြလဲ။ ဆက်​ပြောပါဦး"

"မင်းသိဖို့မလိုပါဘူး။ ကိုယ်အခန်းထဲအထိ လိုက်ပို့​ပေးမယ်"

Taehyungရဲ့ သိချင်စိတ်ကို သူက မရရ​အောင် အဆုံးသတ်သည်။ ကိုယ်​တွေထက် နိမ့်ကျတဲ့လူ​တွေဆီက ​ဝေဖန်ပြစ်တင်သံ​တွေကို Taehyungကြားရဖို့ မလိုအပ်ဟု သူယူဆသည်။ ကြားရလို့လည်း ​ကောင်းကျိုးမရှိ။ အလကား​နေရင်း စိတ်ဆင်းရဲရုံသာ အဖတ်တင်လိမ့်မည်။

"ခရီးပန်းလာပြီမလား နားလိုက်ဦး။ ​တစ်​ရေးတစ်​မော အိပ်ချင်အိပ်လိုက်။ နိုးသင့်တဲ့အချိန်ကျ လာနှိုး​ပေးမယ်"

Jeon JungKookကိုယ်တိုင် ပြင်ဆင်ထား​ပေးသည်ဆို​​သော သူ့အခန်းကို Jeon JungKookထွက်သွားမှသာ အ​သေအချာကြည့်မိသည်။

သူကသာ တစ်​သက်လုံးလျစ်လျူရှုပြီး ​နေခဲ့တာ၊ တစ်သက်လုံး ​​ကျောခိုင်းထားခဲ့တာ။ Jeon JungKookက​တော့ သူ့အကြိုက်ကို ​ကောင်း​ကောင်းသိ၍ သူ့အ​ကြောင်းအလွတ်ရ​နေသူဟုပင် ဆိုရမည်။

​ထောပတ်သီး​ရောင်ကတ္တီပါ​အိပ်ရာခင်း၊ ၎င်းနှင့် အ​​ရောင်တူ ခန်းဆီများ။ ​ကော်​ဇောကလည်း အစိမ်းရင့်ရင့်ကတ္တီပါ..အိစက်ညက်​ညော​မှုက ပန်းခင်း​ပေါ် လမ်းဆင်း​လျှောက်​နေရသည့်နှယ်။
Jeon JungKookကို အမှတ်​ပေးချင်သလိုလို​တောင် ဖြစ်သွားသည်။

ဆယ်နာရီကြာ ​လေယာဥ်စီးခဲ့ရသဖြင့် သူ့တစ်ကိုယ်လုံး ​ညောင်းညာကိုက်ခဲလျက်ရှိ​နေသည်။ မည်မျှပင် ပထမတန်းက စီးလာသည်ဆိုဦး​တော့ နာရီကြာရှည်​တော့ သက်​တောင့်သက်သာ မဖြစ်နိုင်။
အိပ်ရာ​ပေါ်လဲ​လျောင်း​တော့ ခဏတွင်းချင်း အိပ်​ပျော်သွားမိသည်။

အိပ်မက်ထဲမှာ​တော့ သူဟာ လေထဲက ဝါဂွမ်းစိုင်လို လွတ်လပ်စွာ ဝဲပျံလို့။
____

"ည​နေထိ အိပ်​​နေရင် ​နေမ​ကောင်းဖြစ်လိမ့်မယ်။ သွားနှိုးလိုက်ဦး အ​ဒေါ်ကြီး"

"သူ​ဌေးမင်းကိုယ်တိုင်.."

"ကျုပ်နှိုးရင် လိုက်လာမှာမဟုတ်လို့ ​ခိုင်း​နေတာ။ ဟင်းပွဲ​တွေ မ​​အေးခင် သွား​​ခေါ်လာ​တော့။ ​ပြီး​တော့ နှိုးရုံပဲနှိုး​​နော်။ အ​ရေးမပါတဲ့စကား​တွေ သွား​ပြောမ​နေနဲ့။ သက်သက်မဲ့စိတ်ဆင်းရဲရ​အောင်"

"ဟုတ်ကဲ့ပါ"

အ​ဒေါ်ကြီးက ဝဖီး​နေ​သော သူ့ကိုယ်လုံးကြီးကို မနိုင့်တနိုင်သယ်ကာ ​လှေကားကို တစ်ထစ်ချင်းတက်သည်။ သူ့ပါးစပ်က​တော့ တစ်ခုခုကို ပွစိပွစိ​ပြော​နေ​လေရဲ့။ သူ့ခန္ဓါကိုယ်ကို သယ်​နေရ​တော့ သည်​လှေကားကို တက်လိုက်ဆင်းလိုက်လုပ်​နေရတာဟာ သူ့အတွက် မသက်သာလှ။ ဒါ​ကြောင့် ​လှေကားတက်ရမည့် အလုပ်ကို ခိုင်းတိုင်း အလိုမကျသလို ပွစိပွစိ​ပြော​နေတတ်သည်။

ထို့အပြင် ယခုတစ်​ခေါက်မှာ​​တော့ သူ​ဖောက်သည်ချချင်လွန်းလို့ ​အောင့်အည်း​နေရတဲ့အ​ကြောင်းအရာ​တွေကိုပါ သူ​ဌေးမင်းက နှုတ်ပိတ်လိုက်​​သေးသည်။
သူ​ဌေးမင်း​​ဒေါသကိုသာ သူမသိလျှင် ပြန်ခံ​ပြောမိမှာ အ​သေအချာ။

'​ဒေါက် ​ဒေါက်!'

"သခင်​လေး​ရေ.. ည​နေစာ အသင့်ဖြစ်​နေပြီ။ စွပ်ပြုတ်​လေး​လည်း ပူပူ​လော​လောရှိတုန်း ဆင်းလာတော့​နော်"

အထဲက အသံကို ပြန်မကြားရ​တော့ သူ့သ​ဘောနဲ့သူ အထဲဝင်သွားလိုက်သည်။ အိပ်​မောကျလွန်းလို့ သူ​ခေါ်​နေတာ​တောင် မနိုး​နိုင်တဲ့ သခင်​လေး။ ပုံမှန်အတိုင်းဆို သိပ်နှိုးစရာ​တောင်မလိုဘဲ သခင်​လေးက သိပ်ကို အအိပ်ဆတ်သူ။
အခု​တော့ ခရီးအ​တော်ပန်း​နေလို့ပင် ဖြစ်ရမည်။

"သခင်​လေး..သခင်​လေး.."

"အင်း.. ဘာလဲ"

"ထ​တော့​လေ။ ​အောက်မှာ အစားအ​သောက်​တွေက အဆင်သင့်ဖြစ်​နေပြီ"

"ကျွန်​တော်တစ်​​ယောက်တည်းလား"

အ​​ဒေါ်ကြီး ​သေချာစဥ်းစားလိုက်ပြီး

"သူ​ဌေးမင်းက ​နောက်မှစားမယ်ထင်တယ်"

"လာခဲ့မယ်"

ထိုအခါမှ အ​ဒေါ်ကြီး သက်ပြင်းချနိုင်​တော့သည်။ မဟုတ်ရင် သူ့ခမျာ သခင်​လေးလိုက်မလာဘူးဆိုပြီး အဆူခံရင်ခံ​နေရမှာ။ သူ​ဌေးမင်းစိတ်က မှန်းမရ​တော့ သူ့ခမျာလည်း အသက်ရှူတာကအစ သတိထား​နေရ​တော့တာ။

"ဒါနဲ့.. ခုနက မြို့ကလူ​တွေ ​ပြောတယ်ဆိုတာ ဘာလဲ"

"ဘာ.. ဘာမှ ထူးထူး​ထွေ​ထွေမဟုတ်ပါဘူး သခင်​လေးရယ်"

Taehyungက အ​​​​ဒေါ်ကြီးကို မသင်္ကာသလို ကြည့်ရင်း ထပ်​မေးသည်။ သူက သိချင်တယ်ဆို သိလိုက်ရမှ ​ကျေနပ်တဲ့လူမျိုး။

"ထူးထူး​​ထွေ​ထွေမဟုတ်ရင် ဘာလို့ တကူးတကကြီး ​ပြော​နေ​သေးလဲ။ ကျွန်​တော်သိချင်တယ် ကျွန်​တော့်ကို ​ပြောပြ။ ​နောက်မှ ကျွန်​တော့်ကို အဆိုးမဆိုနဲ့"

အ​ဒေါ်ကြီးခမျာ ကြားနှစ်ကြားထဲ ​ရောက်​နေပြီး ဘယ်သူ့စကားနား​ထောင်လို့ နား​ထောင်ရမယ်ကိုပင် မသိ​တော့။ ​တောအုပ်ထဲမှာသာဆို သူ့အ​နေအထားက ခြင်္သေ့နှင့် ကိုး​တောင်ကျား နှစ်​ကောင်ကြား ​ရောက်​နေ​သော သား​ကောင်ငယ်တစ်​​ကောင်လို။

"မြို့ထဲကလူ​တွေက သခင်​လေး ဘယ်​ရောက်သွားမှန်း သိချင်​နေကြလို့ပါ"

"ကျွန်​တော့်ကို လိမ်​နေတာ။ ရတယ်.. မ​ပြောချင်မ​ပြောနဲ့။ ကျွန်​တော့်နည်းကျွန်​တော့်ဟာနဲ့ ရ​အောင်စုံစမ်းမယ်"

သခင်​လေးလက်​လျှော့တယ်ဆိုတာက ​ရှေ့သုံးလှမ်းတက်ဖို့ ​နောက်သုံးလှမ်းဆုတ်ရုံ။ သူ့မှာ​တော့ ဘုရင်နှစ်ပါးကြားက​နေ ထွက်သာ​ပြေးချင်​တော့သည်။
သူတင်မက သည်အိမ်က ရှိရှိသမျှအ​​စေခံတိုင်းကလည်း သူ့လို ကြားကျကျအ​ခြေအ​နေ ​ရောက်ဖူးကြသည်ချည်းသာ။

Taehyung ​အောက်ထပ်ဆင်းလာ​တော့ ဧည့်ခန်းထဲမှာ ​ခြေချိတ်ထိုင်ရင်း သတင်းစာကို ဟန်ပါပါဖတ်​နေသည့် Jeon JungKookကို အရင်ဆုံး မြင်မိသည်။
ခရီးပန်းတာမျိုးမရှိသလို အိပ်ချင်စိတ်​​လည်း ရှိဟန်မတူ။ သည်လူက လူနှင့်မတူဘဲ သိပ္ပံပညာရှင်ဆိုသည့် လူထူးဆန်း​တွေ စမ်းသပ်ဖန်တီးထား​သော စက်ရုပ်ဆိုတာနှင့်ပင် အလားသဏ္ဌာန်ခပ်ဆင်ဆင်။

"နိုးလာပြီလား။ ဟင်း​တွေ မ​အေးသွားခင် စားလိုက်ပါဦး"

"ခင်ဗျားက​ရော.."

"ကိုယ်​နောက်မှ စားလိုက်ပါမယ်"

"သိတယ်။ ခင်ဗျား​ရော ဟင်း​တွေ​အေးကုန်မှာ မစိုးဘူးလားလို့ ​မေးတာ"

"စိုးတာ​ပေါ့.. မင်းအတွက်​လေ"

တမင်တကာ အီစီကလီစကား​ပြောလိုက်တာလား၊ ရင်ထဲကလာလို့ နှုတ်ဖျားကပဲ ထွက်သွားတာလား မသိသည့်တိုင် Taehyungက Jeon JungKookက ခပ်စူးစူးကြည့်ပြီး အကြည့်လွဲလိုက်သည်။

ထမင်းစားပွဲ​ပေါ်မှာ ဟင်းများက အစုံအလင်။ ခံတွင်းပွင့်​စေသည့်ဟင်း၊ အသားဟင်းကအစ ​နောက်ဆုံးအချိုပွဲအထိ တစ်ခုမှ လစ်ဟင်း​နေတာမျိုးမရှိ။ သူ့တစ်​ယောက်တည်းအတွက် မဟုတ်​သော်ငြား သူ့အကျန်အကြွင်းကို သူ​ဌေးမင်းကြီးက စားမယ်တဲ့လား။

အို.. သူအမြဲ အဲ့လိုစား​နေကျပဲ။ ကိုယ်ဘာလို့ အခုမှ အာရုံထဲထည့်ထားမိ​နေတာပါလိမ့်။

သူစွပ်ပြုတ်ဟင်းကို မြည်းစမ်းကြည့်ချိန်မှာ​တော့ စွပ်ပြုတ်​လေးက ပူ​နွေး​နေဆဲဖြစ်၏..။
____

​နွေရာသီထဲဝင်စပြုလာ​တော့ ည​ခင်း​လေက​တောင် ပူစပ်စပ်နှင့် ကြမ်းရှရှ။

JungKook ​သူ့အရှေ့မှာ ထိုင်​နေ​သော Taehyungကို မသိမသာ မျက်လုံးလှန်၍ ကြည့်သည်။ ခိုး၍ပဲ ကြည့်ကြည့်၊ သိသိသာသာပဲကြည့်ကြည့်.. သူဟာ Taehyung၏ အသက်ရှူ​သံ​လေးကအစ မှတ်မှတ်ရရရှိသူပင်။

လူတစ်​ယောက်၏ ပုံမှန်အသက်ရှူခြင်းဟာ ထိန်းချုပ်မှု​ကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ အလိုလိုဖြစ်​ပျက်​နေခြင်းတဲ့​လေ။ လူ​တွေဟာ အားယူပြီး တမင်တကာအသက်ရှူ​နေရချိန်လွဲလျှင် ကိုယ့်ဝင်​လေထွက်​လေကိုယ်သတိမပြုမိတတ်ကြ​ချေ။
သူက​တော့ သူ့အသက်ရှူသံသူသတိမပြုမိသည့်တိုင် Taehyung၏ အသက်ရှူနှုန်းကို​တော့ တွက်ဆပြီးလျက်သား ဖြစ်​နေတတ်သည်။

သူတို့အိမ်က ဧည့်ခန်းစားပွဲ​ပေါ်မှာ ​နေ့စဥ်သတင်းစာ၊ လစဥ်မဂ္ဂဇင်း စသည်တို့ကို အ​ဆောင်အ​ယောင်အ​နေနှင့် စီစီရီရီ တင်ထားသည်။ Taehyungက မဂ္ဂဇင်းတစ်အုပ်ကို ဖတ်​နေစဥ် သူ​က သတင်းစာကို ဖတ်ချင်ဟန်​ဆောင်သည်၊ Taehyungကို ခိုးခိုးကြည့်လျက်သာ​နေသည်။

"ဘယ်အချိန်ထိ ကြည့်ကြည့်​နေမှာလဲ။ မဂ္ဂဇင်း​လေး​တော့ စိတ်​ဖြောင့်​ဖြောင့်နဲ့ ဖတ်ချင်လို့"

"ဒါဆို ဒီ​နေ့ဖတ်ရဖို့​တော့ မရှိ​တော့ဘူး"

Taehyung တိုးတိတ်စွာ သက်ပြင်း​လေး ခိုးချသည်။ သို့​သော် ထိုသက်ပြင်းရှိုက်သံ​လေးကို​တောင် ခိုး​ကြောင်ခိုးဝှက်လုပ်မရ​ပေ။ ဤမျှ​လောက်ထိ သူ့ကို အရိပ်တကြည့်ကြည့်ဖြစ်လွန်း​တော့ Jeon JungKookကို စိတ်​ရောဂါတစ်မျိုးရ​နေတာလားလို့​တောင် ထင်မိပါရဲ့။

"ဒါဆို ကျွန်​တော်အ​ပေါ်တက်​တော့မယ်"

Taehyungက ဖတ်လက်စမဂ္ဂဇင်းကို ချပြီး ​လှေကားဘက်သို့ ​ခြေစလှမ်းသည်။ ထိုစဥ် ဖြတ်ခနဲ အ​မှောင်ကျသွား​တော့ အ​တော်​လေး ​ကြောက်လန့်သွားသည်။ ထို့​အပြင် မီး​တွေကို Jeon JungKook တမင်သက်သက်ပိတ်လိုက်တယ်လို့ ထင်မိသွားတာ။

"​တောက်! ခင်ဗျား ဘာလုပ်တာလဲ။ မီးပြန်ဖွင့်​ပေး။ ဒီမှာ ​ကျွန်​တော် အိပ်​တော့မလို့"

"ကိုယ်ဘာမှမလုပ်ဘူး အသည်း။ မီးပျက်သွားတာ။ ကြည့်ရတာ ကိုယ်တို့အိမ်ပဲ ဖြစ်တာထင်တယ်။ မနက်ကျမှ ကိုယ်လျှပ်စစ်ရုံးကို အ​ကြောင်းကြား​ပေး​မယ်"

ဘာမဟုတ်တဲ့​နေရာမှာ ​လေ​ကြောရှည်ပြီး အ​သေအချာရှင်းပြ​နေ​​တော့ ပိုလို့စိတ်တိုချင်စရာ။ အခုလိုအ​မှောင်ထဲ သူဘယ်လို အိမ်​ပေါ်ကို တက်ရမလဲ။ မ​တော်တဆ ​လှေကားတက်​နေရင်း ​ချော်လဲရင် ဘယ်လိုလုပ်မတဲ့လဲ။ သူက Jeon JungKookနဲ့ ဆန့်ကျင့်စွာ ​မှောင်မိုက်​နေတာမျိုးဆို တအားမုန်းသည်။

"အဲ့တာ​တွေ ​ပြောမ​နေနဲ့။ မီးအိမ်ယူ​ပေး.. ကျွန်​တော် အ​မှောင်ထဲ လမ်းမ​လျှောက်တတ်ဘူး"

"မီးအိမ်က အိမ်​အောက်ထပ်ကို မယူထားမိဘူး။ လာ.. ကိုယ်တွဲပို့​ပေးမယ်။ မင်း​ချော်မကျ​စေရဘူး ဟုတ်ပြီလား.. ကိုယ်အာမ,ခံတယ်"

မကြာခင်အချိန်အတွင်း​လေးမှာပင် သူ့ပုခုံး​ပေါ် Jeon JungKook၏ လက်​နွေး​နွေးကို ခံစားမိသည်။ အသားချင်း​တောင် မထိချင်ဘူးဆို​ပေမဲ့ ဘာတတ်နိုင်မှာလဲ။ ကိုယ်မှ ​တစ်​ယောက်တည်း မတက်တတ်တာကိုး။

"ပုံမှန်အတိုင်း တစ်လှမ်းချင်းတက်ရုံပဲ။ မမြင်ရ​ပေမဲ့ ​ခြေ​ထောက်​တွေက အလွတ်ရပြီးသား.. ဘာမှမဖြစ်​စေရဘူး"

သူတို့အိမ်ကြီးက ထုကြီးသလို ​လှေကားကလည်း ​ကြောင်လိမ်သဖွယ် တွန့်လိမ်ပြီး ရှည်လျားသည်။ ခရုပတ်သဏ္ဌာန်ရစ်​ခွေသွားပြီး အ​ပေါ်ကို အ​တော်နဲ့ မ​ရောက်နိုင်။ လုံးဝစိတ်မရှည်ချင်စရာ​။

"​ဟော.. ​ရောက်ပြီ။ မင်းအခန်းထဲထိ ကိုယ်ပို့​ပေး​မယ်"

အခုအချိန်မှာ Jeon JungKook သူ့အ​ပေါ် အလိုက်သတိဖြစ်​နေသည့်အတွက် ​ကျေးဇူးတင်မိသည်။ မဟုတ်လျှင် သူ့ဘက်က အခန်းထဲပို့​ပေးဖို့ ​တောင်းဆိုရမည့်အ​ရေး တွန့်ဆုတ်မိ​နေဦးမှာ။

သူ့အခန်းဆီ သွားရမည့်လမ်းကို ဘာ​ကြောင့်များ သူ့ထက် Jeon JungKookက မှတ်မိ​နေရပါသလဲ။

တံခါးတွန်းဖွင့်သံကြားရပြီး သူ့အခန်းထဲ ​ရောက်ပြီဖြစ်​ကြောင်း သိလိုက်သည်။ ညက်ညက်​​ညော​ညော ကတ္တီပါ ​ကော်​ဇောကို ​ခြေဖဝါး​အောက်​ခြေ၌ ခံစားမိပြီး ကုတင်အထိ ​ရောက်​တော့မည်မှန်း သိရသည်။

"ခင်ဗျား.. အမ​လေး!"

သည်တစ်ခါ​​​တော့ သူကိုယ်တိုင် န​မော်နမဲ့နိုင်လွန်းစွာ ​ကော်​​ဇောအစွန်းနှင့် ခလုတ်တိုက်မိလိုက်ခြင်း။ ​မွေ့ရာ​ပေါ် အိခနဲ လဲကျသွားပြီး သူ့အ​ပေါ်​သို့ အ​လေးချိန်တစ်ခု ပြိုဆင်းကျလာသည်။

သူနဲ့ကိုယ် ဘယ်​လောက်ထိ နီးကပ်​​နေသလဲဆို တစ်​ယောက်ဝင်သက်ထွက်သက်နှင့်တစ်​ယောက် ​ရောယှက်ခံစားမိ​နေသည်အထိ။

မကြာခဏနီးကပ်ဖူး​​ကောင်း နီးကပ်ဖူးလိမ့်မည်။ သူ့နဖူးစပ်ကို Jeon JungKook၏ နှုတ်ခမ်းပါးကလည်း မကြာခဏ ထိ​တွေ့ဖူးလိမ့်မည်။
သို့​သော် သူ့ဘက်က​တော့ နီးကပ်မှုဆိုသည်အား ယခုမှသာ ပထမဆုံးခံစားမိခြင်းဖြစ်ပါသည်။

မတွန်းထုတ်ပစ်နိုင်​လောက်​အောင် သူ့ရင်ဘတ်ထဲ မအီမသာခံစားမှုတစ်ခုဖြစ်တည်​နေသည်။ ၎င်းအား မည်သို့ ​ခေါင်းစဥ်တပ်ရပါမည်နည်း။

တစ်ကိုယ်လုံးကို ​​ပျော့​ခွေသွား​စေ​သော၊ ​ခြေဖျားလက်ဖျားများအား ​အေးစက်​စေ​သော၊ လူကိုနုံးချည့်​စေ​သော ခံစားမှုရသတစ်ခုကို သူ​အမည်နာမ မ​ပေးလို။
နာမည်​ပေးမိလျှင် သူရှုံးသွားမှာကို သိပ်​ကြောက်မိသည်။

"ကိုယ်ရင်​တွေခုန်​နေတယ်။ မင်း​ရောပဲ.."

"ဟင့်အင်း..ကျွန်​တော် လဲကျသွားလို့ လန့်သွားရုံပါ"

"ကိုယ်တို့ လဲကျပြီးတာ ၂မိနစ်နဲ့ ၃၅စက္ကန့်ရှိပြီ။ ဒီအချိန်ထိ​တော့ မလန့်​နေ​သင့်ဘူးမဟုတ်လား"

"ဖယ်ပါ.."

စကားနားမ​ထောင်တဲ့ Jeon JungKookက သူ့အနား ပိုလို့တိုးကပ်လာသည်။ အသက်​ငွေ့​ငွေ့ကြား ​နွေး​ထွေးစိုစွတ်​​သော အထိအ​တွေ့တစ်ခုက အစားထိုးဝင်​ရောက်လာ၏။

ပထမဆုံးအနမ်းကို လှလှပပကြီး အပိုင်းသိမ်းသွားသည်။ သည်တစ်ခါ သူကိုယ့်ကို နိုင်သွားသည်။
ကိုယ်ဟာ အလံဖြူပြရင်း မလှုပ်မယှက်လက်သင့်ခံရုံကလွဲ မတတ်နိုင်​တော့။

ဆန္ဒပါသည်၊ မပါသည်ကို မသိစိတ်နှင့်သိစိတ်က အပြိုင်အဆိုင်ငြင်းခုံ​နေရင်း ကိုယ်က​တော့ သူ့ဆီမှ မရုန်းထွက်နိုင်ခဲ့​ပေ။

"​ကောင်း​သောညပါ ကိုယ့်အသည်း"

"ခင်ဗျား ​အိမ်​အောက်ဆင်းဦးမလို့လား။ ဒီမှာပဲ​နေ​တော့.. ကျွန်​တော် ​မှောင်​နေတာကို မကြိုက်ဘူး"

Jeon JungKookက သူ့အခန်းထဲ လာအိပ်သည့်ည​တွေဆို မီးပိတ်​လေ့ရှိသည်။ ထိုအချိန်များကို မနှစ်သက်​သော်လည်း ကိုယ့်​ဘေးနားတစ်​ယောက်​ယောက်အိပ်​နေသည်ဟူ​သော အသိ​ကြောင့် ခံသာ​သေးသည်ဟု ဆိုရမည်။
အခုလို ပိတ်ပိတ်​မှောင်​နေချိန်မျိုးမှာ တစ်​ယောက်တည်း​တော့ ဘယ်လိုမှ မအိပ်ရဲ။

"ကျွန်​တော်တစ်​ယောက်တည်း မအိပ်ရဲလို့။ ခင်ဗျားကို ​ခေါ်ချင်လို့ မဟုတ်ဘူး"

"ကိုယ်သ​ဘော​ပေါက်ပါတယ်"

​မှောင်မိုက်​နေချိန်​တောင် Jeon JungKook ပြုံးလိုက်တာကို သူသိ​နေသည်။ ဒါဆို အပြုံးက မြင်ရတာမျိုးမဟုတ်ဘဲ ခံစားရတဲ့အာရုံတစ်ပါး​လေလား။
____

အနမ်းတစ်ခုတည်းကို မျှ​ဝေသုံးစွဲခဲ့ကြသည့်တိုင် သူတို့​နေ့ရက်​​တွေက မ​ပြောင်းလဲသွားခဲ့။ ​အေးစက်စိမ်းကားမြဲဖြစ်​သော Kim Taehyungရယ်၊ အရူးတစ်​လောက် လိုက်တွယ်ကပ်​နေမြဲဖြစ်​သော Jeon JungKookဆိုသူရယ်။

သူကြိုးစားပြီးရင် ကြိုးစား​နေခဲ့သည်။ သူ့အပိုင်လက်နက်စက်ရုံကြီးက​နေ အဆင့်အမြင့်ဆုံးလက်နက်​တွေထုတ်နိုင်ဖို့​တောင် ခု​လောက်ထိ မကြိုးစားခဲ့။ Taehyungဆီက ​သေး​သေး​​လေးဖြစ်ဖြစ် မျက်နှာ​သာ​ပေးခံရ​အောင်​တော့ သူ့မှာ ​ရေကုန်​ရေခမ်း အားထုတ်​နေမိဆဲ။

"ခင်ဗျားနဲ့ စကား​ပြောစရာရှိတယ်"

သည်လိုအချိန်​​တွေဆို သူအများကြီး​​တွေး​ကြောက်မိသည်။ Taehyungက Antonအ​ကြောင်း​ပြော​တော့မှာ​လေ။ အတတ်နိုင်ဆုံး ထိုအ​ကြောင်းအရာကို စကားလွဲ​ရှောင်ရှား​သော်လည်း အသည်းက သိပ်ကို အကင်းပါးလွန်းသည်။

"ကိုယ်အလုပ်လုပ်စရာ​တွေရှိ​သေးတယ်"

"လိမ်မ​နေနဲ့။ အလုပ်ရှိရင် ခင်ဗျား ဒီ​နေရာမှာ မ​နေဘူး။ ကျွန်​တော်​ပြောတာ ဆုံး​အောင်နား​ထောင်။ ကျွန်​တော် လက်ထပ်ဖို့ စီစဥ်.."

"​တော်! ယုတ္တိမရှိတာ​တွေ နား​ထောင်​ပေးဖို့ အချိန်ပိုမ​နေဘူး။ ပြီး​တော့ တစ်မြို့လုံးအမြင်မှာ မင်းက ကိုယ့်​ရဲ့ ကာမပိုင်​ယောကျ်ား"

Taehyung လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ လက်သည်းရှည်ရှည်တို့ လက်ဖဝါးထဲ ထိုးစိုက်ဝင်​ရောက်သွားပြီး ရင်ဘတ်ထဲက နာသည်။

သူ့ဟာသူ တဇွတ်ထိုးလုပ်​နေမိမှန်းလည်း သိသည်။ ဘာ​ကြောင့်လုပ်​နေမိတယ်ဆိုတာကို​တော့ နားမလည်နိုင်။ သူ့ဘဝသူနားမလည်နိုင်တဲ့အ​ကြောင်းအရာ​တွေ အပ်​ကြောင်းထပ်လာ​တော့ သူ့စိတ်သူ​တောင် ​သေချာမသိ​တော့တာက သဘာဝဆန်လွန်းပါသည်။

"ကျွန်​တော်တို့ လက်ထပ်ပွဲပျက်သွားတာလည်း တစ်မြို့လုံး အသိပါပဲ"

"မပျက်ဘူး! ဘာလို့ ပျက်ရမှာလဲ။ ကိုယ်တစ်​ယောက်လုံး ပွဲပြီးချိန်အထိ ရှိ​နေတာကို။ ဟင့်အင်း.. မပျက်ပါဘူး.. လုံးဝမပျက်ဘူး!"

အရူးတစ်​ယောက်လို ​အော်ဟစ်​နေတဲ့ Jeon JungKook. သည်လိုတစ်ဖက်ခြမ်းကို ပထမဆုံး သူမြင်ဖူးခြင်း။ စိတ်လွတ်ကိုယ်လွတ် ​အော်ဟစ်ပြီး ရင်ဖွင့်​နေတဲ့ တစ်ဖက်ခြမ်း၊ ဝမ်းနည်းငို​ကြွေးတတ်တဲ့ အခြမ်း၊ ​ဒေါသကြီးလွန်းတဲ့အခြမ်း.. Jeon JungKookဆီမှာ ​ပျော်ရွှင်မှုအစိတ်အပိုင်းကို​တော့ ရှာမ​တွေ့ခဲ့ဘူးပဲ။

"စိတ်ထိန်းဦး Jeon JungKook.. ခင်ဗျား အရှိတရားကို လက်ခံရမယ်​လေ"

"မရှိဘူး.. ဘာကိုမှ ကိုယ်လက်မခံနိုင်ဘူး"

"မ​နက်က ​မော်စကိုက စာ​ရောက်လာတယ်။ ကျွန်​တော်အဆင်သင့်ပြင်ထားဖို့ပဲလို​တော့တာ။ ကျွန်​တော် Antonကို သ​ဘောကျတယ်။ ဒီ​လောက်နဲ့ပဲ ကျွန်​တော့်ကို လွတ်​ပေးပါ"

"ကိုယ်​နောက်​နေတာမဟုတ်ဘူး​နော်။ မင်းရဲ့ Antonကို သိက္ခါမရှိတဲ့ အမှု​ပေါင်းစုံနဲ့ ​ထောင်ထဲထည့်ပစ်လို့ရတယ် မင်းနားလည်လား။
လိမ္မာစမ်းပါ ကိုယ့်အသည်းရယ်..။ ကိုယ် မင်းသ​ဘောကျတဲ့လူကို မရက်စက်ချင်ပါဘူး"

"Antonက ခင်ဗျားလွယ်လွယ်နဲ့ ထိလို့ရတဲ့လူ မဟုတ်ဘူး။ အ​ဖေ့ရဲ့ အ​ကြွေး​တွေလည်း အကုန်ပြန်ဆပ်မယ်။ ခင်ဗျားသာ အချိန်သတ်မှတ်​ပေးလိုက်"

အ​ပေါင်ခံပစ္စည်း​လေးကို သိမ်းချင်လွန်းလို့ ကိုယ်တိုင်​ရွေးချယ်ခဲ့တာပါ အသည်းရယ်။
အခု​လောက်ထိ ရက်စက်ပြဖို့လည်း မလိုပါဘူးကွယ်။

ကိုယ်ဟာ တ​ဖြေး​ဖြေးနဲ့ ​သေဖို့ကို ​မျှော်လင့်မိလာသည်။ အ​ပေါ်ယံအားဖြင့် အစစအရာရာ ပြည့်စုံလွန်းသည်ဟု ထင်ရ​သော်လည်း ကိုယ့်ဘဝ၏ အ​ရေးအပါဆုံး အစိတ်အပိုင်းမှာ လှိုဏ်​ခေါင်းကဲ့သို့ အရာရာလစ်လပ်လျက်ရှိပါ၏။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ဟယ္.. သခင္​​ေလး။ ျပန္လာၿပီလား။ ဘာလို႔ထြက္​ေျပးသြားတာလဲ သခင္​ေလး​ရယ္။ ကြၽန္မတို႔က စိတ္ပူ​ေနရတာ။ တစ္ၿမိဳ႕လုံးကလည္း သခင္​​ေလးကို.."

"ကိုယ့္အလုပ္ကိုယ္လုပ္​ေတာ့ အ​ေဒၚႀကီး"

အသက္ႀကီး​ေသာ မိန္းမႀကီး​ေတြရဲ႕ ဗီဇ​ေလလား.. အ​ေဒၚႀကီးက စကားကို မလိုအပ္ဘဲ သိပ္​ေျပာတာပဲ။ အဲ့သည္လို စ႐ိုက္မ်ိဳးကို JungKook သ​ေဘာမက်။ အထူးသျဖင့္ Taehyungနဲ႔ အဆက္အဆံလုပ္ရမည့္ အလုပ္သမား​ေတြဟာ စကား​နည္း​ေလ ​ေကာင္း​ေလ။

"တစ္ၿမိဳ႕လုံးက ဘာျဖစ္ၾကလဲ။ ဆက္​ေျပာပါဦး"

"မင္းသိဖို႔မလိုပါဘူး။ ကိုယ္အခန္းထဲအထိ လိုက္ပို႔​ေပးမယ္"

Taehyungရဲ႕ သိခ်င္စိတ္ကို သူက မရရ​ေအာင္ အဆုံးသတ္သည္။ ကိုယ္​ေတြထက္ နိမ့္က်တဲ့လူ​ေတြဆီက ​ေဝဖန္ျပစ္တင္သံ​ေတြကို Taehyungၾကားရဖို႔ မလိုအပ္ဟု သူယူဆသည္။ ၾကားရလို႔လည္း ​ေကာင္းက်ိဳးမရွိ။ အလကား​ေနရင္း စိတ္ဆင္းရဲ႐ုံသာ အဖတ္တင္လိမ့္မည္။

"ခရီးပန္းလာၿပီမလား နားလိုက္ဦး။ ​တစ္​ေရးတစ္​ေမာ အိပ္ခ်င္အိပ္လိုက္။ ႏိုးသင့္တဲ့အခ်ိန္က် လာႏႈိး​ေပးမယ္"

Jeon JungKookကိုယ္တိုင္ ျပင္ဆင္ထား​ေပးသည္ဆို​​ေသာ သူ႔အခန္းကို Jeon JungKookထြက္သြားမွသာ အ​ေသအခ်ာၾကည့္မိသည္။

သူကသာ တစ္​သက္လုံးလ်စ္လ်ဴရႈၿပီး ​ေနခဲ့တာ၊ တစ္သက္လုံး ​​ေက်ာခိုင္းထားခဲ့တာ။ Jeon JungKookက​ေတာ့ သူ႔အႀကိဳက္ကို ​ေကာင္း​ေကာင္းသိ၍ သူ႔အ​ေၾကာင္းအလြတ္ရ​ေနသူဟုပင္ ဆိုရမည္။

​ေထာပတ္သီး​ေရာင္ကတၱီပါ​အိပ္ရာခင္း၊ ၎ႏွင့္ အ​​ေရာင္တူ ခန္းဆီမ်ား။ ​ေကာ္​ေဇာကလည္း အစိမ္းရင့္ရင့္ကတၱီပါ..အိစက္ညက္​ေညာ​မႈက ပန္းခင္း​ေပၚ လမ္းဆင္း​ေလွ်ာက္​ေနရသည့္ႏွယ္။
Jeon JungKookကို အမွတ္​ေပးခ်င္သလိုလို​ေတာင္ ျဖစ္သြားသည္။

ဆယ္နာရီၾကာ ​ေလယာဥ္စီးခဲ့ရသျဖင့္ သူ႔တစ္ကိုယ္လုံး ​ေညာင္းညာကိုက္ခဲလ်က္ရွိ​ေနသည္။ မည္မွ်ပင္ ပထမတန္းက စီးလာသည္ဆိုဦး​ေတာ့ နာရီၾကာရွည္​ေတာ့ သက္​ေတာင့္သက္သာ မျဖစ္ႏိုင္။
အိပ္ရာ​ေပၚလဲ​ေလ်ာင္း​ေတာ့ ခဏတြင္းခ်င္း အိပ္​ေပ်ာ္သြားမိသည္။

အိပ္မက္ထဲမွာ​ေတာ့ သူဟာ ေလထဲက ဝါဂြမ္းစိုင္လို လြတ္လပ္စြာ ဝဲပ်ံလို႔။
____

"ည​ေနထိ အိပ္​​ေနရင္ ​ေနမ​ေကာင္းျဖစ္လိမ့္မယ္။ သြားႏႈိးလိုက္ဦး အ​ေဒၚႀကီး"

"သူ​ေဌးမင္းကိုယ္တိုင္.."

"က်ဳပ္ႏႈိးရင္ လိုက္လာမွာမဟုတ္လို႔ ​ခိုင္း​ေနတာ။ ဟင္းပြဲ​ေတြ မ​​ေအးခင္ သြား​​ေခၚလာ​ေတာ့။ ​ၿပီး​ေတာ့ ႏႈိး႐ုံပဲႏႈိး​​ေနာ္။ အ​ေရးမပါတဲ့စကား​ေတြ သြား​ေျပာမ​ေနနဲ႔။ သက္သက္မဲ့စိတ္ဆင္းရဲရ​ေအာင္"

"ဟုတ္ကဲ့ပါ"

အ​ေဒၚႀကီးက ဝဖီး​ေန​ေသာ သူ႔ကိုယ္လုံးႀကီးကို မႏိုင့္တႏိုင္သယ္ကာ ​ေလွကားကို တစ္ထစ္ခ်င္းတက္သည္။ သူ႔ပါးစပ္က​ေတာ့ တစ္ခုခုကို ပြစိပြစိ​ေျပာ​ေန​ေလရဲ႕။ သူ႔ခႏၶါကိုယ္ကို သယ္​ေနရ​ေတာ့ သည္​ေလွကားကို တက္လိုက္ဆင္းလိုက္လုပ္​ေနရတာဟာ သူ႔အတြက္ မသက္သာလွ။ ဒါ​ေၾကာင့္ ​ေလွကားတက္ရမည့္ အလုပ္ကို ခိုင္းတိုင္း အလိုမက်သလို ပြစိပြစိ​ေျပာ​ေနတတ္သည္။

ထို႔အျပင္ ယခုတစ္​ေခါက္မွာ​​ေတာ့ သူ​ေဖာက္သည္ခ်ခ်င္လြန္းလို႔ ​ေအာင့္အည္း​ေနရတဲ့အ​ေၾကာင္းအရာ​ေတြကိုပါ သူ​ေဌးမင္းက ႏႈတ္ပိတ္လိုက္​​ေသးသည္။
သူ​ေဌးမင္း​​ေဒါသကိုသာ သူမသိလွ်င္ ျပန္ခံ​ေျပာမိမွာ အ​ေသအခ်ာ။

'​ေဒါက္ ​ေဒါက္!'

"သခင္​ေလး​ေရ.. ည​ေနစာ အသင့္ျဖစ္​ေနၿပီ။ စြပ္ျပဳတ္​ေလး​လည္း ပူပူ​ေလာ​ေလာရွိတုန္း ဆင္းလာေတာ့​ေနာ္"

အထဲက အသံကို ျပန္မၾကားရ​ေတာ့ သူ႔သ​ေဘာနဲ႔သူ အထဲဝင္သြားလိုက္သည္။ အိပ္​ေမာက်လြန္းလို႔ သူ​ေခၚ​ေနတာ​ေတာင္ မႏိုး​ႏိုင္တဲ့ သခင္​ေလး။ ပုံမွန္အတိုင္းဆို သိပ္ႏႈိးစရာ​ေတာင္မလိုဘဲ သခင္​ေလးက သိပ္ကို အအိပ္ဆတ္သူ။
အခု​ေတာ့ ခရီးအ​ေတာ္ပန္း​ေနလို႔ပင္ ျဖစ္ရမည္။

"သခင္​ေလး..သခင္​ေလး.."

"အင္း.. ဘာလဲ"

"ထ​ေတာ့​ေလ။ ​ေအာက္မွာ အစားအ​ေသာက္​ေတြက အဆင္သင့္ျဖစ္​ေနၿပီ"

"ကြၽန္​ေတာ္တစ္​​ေယာက္တည္းလား"

အ​​ေဒၚႀကီး ​ေသခ်ာစဥ္းစားလိုက္ၿပီး

"သူ​ေဌးမင္းက ​ေနာက္မွစားမယ္ထင္တယ္"

"လာခဲ့မယ္"

ထိုအခါမွ အ​ေဒၚႀကီး သက္ျပင္းခ်ႏိုင္​ေတာ့သည္။ မဟုတ္ရင္ သူ႔ခမ်ာ သခင္​ေလးလိုက္မလာဘူးဆိုၿပီး အဆူခံရင္ခံ​ေနရမွာ။ သူ​ေဌးမင္းစိတ္က မွန္းမရ​ေတာ့ သူ႔ခမ်ာလည္း အသက္ရႉတာကအစ သတိထား​ေနရ​ေတာ့တာ။

"ဒါနဲ႔.. ခုနက ၿမိဳ႕ကလူ​ေတြ ​ေျပာတယ္ဆိုတာ ဘာလဲ"

"ဘာ.. ဘာမွ ထူးထူး​ေထြ​ေထြမဟုတ္ပါဘူး သခင္​ေလးရယ္"

Taehyungက အ​​​​ေဒၚႀကီးကို မသကၤာသလို ၾကည့္ရင္း ထပ္​ေမးသည္။ သူက သိခ်င္တယ္ဆို သိလိုက္ရမွ ​ေက်နပ္တဲ့လူမ်ိဳး။

"ထူးထူး​​ေထြ​ေထြမဟုတ္ရင္ ဘာလို႔ တကူးတကႀကီး ​ေျပာ​ေန​ေသးလဲ။ ကြၽန္​ေတာ္သိခ်င္တယ္ ကြၽန္​ေတာ့္ကို ​ေျပာျပ။ ​ေနာက္မွ ကြၽန္​ေတာ့္ကို အဆိုးမဆိုနဲ႔"

အ​ေဒၚႀကီးခမ်ာ ၾကားႏွစ္ၾကားထဲ ​ေရာက္​ေနၿပီး ဘယ္သူ႔စကားနား​ေထာင္လို႔ နား​ေထာင္ရမယ္ကိုပင္ မသိ​ေတာ့။ ​ေတာအုပ္ထဲမွာသာဆို သူ႔အ​ေနအထားက ျခေသၤ့ႏွင့္ ကိုး​ေတာင္က်ား ႏွစ္​ေကာင္ၾကား ​ေရာက္​ေန​ေသာ သား​ေကာင္ငယ္တစ္​​ေကာင္လို။

"ၿမိဳ႕ထဲကလူ​ေတြက သခင္​ေလး ဘယ္​ေရာက္သြားမွန္း သိခ်င္​ေနၾကလို႔ပါ"

"ကြၽန္​ေတာ့္ကို လိမ္​ေနတာ။ ရတယ္.. မ​ေျပာခ်င္မ​ေျပာနဲ႔။ ကြၽန္​ေတာ့္နည္းကြၽန္​ေတာ့္ဟာနဲ႔ ရ​ေအာင္စုံစမ္းမယ္"

သခင္​ေလးလက္​ေလွ်ာ့တယ္ဆိုတာက ​ေရွ႕သုံးလွမ္းတက္ဖို႔ ​ေနာက္သုံးလွမ္းဆုတ္႐ုံ။ သူ႔မွာ​ေတာ့ ဘုရင္ႏွစ္ပါးၾကားက​ေန ထြက္သာ​ေျပးခ်င္​ေတာ့သည္။
သူတင္မက သည္အိမ္က ရွိရွိသမွ်အ​​ေစခံတိုင္းကလည္း သူ႔လို ၾကားက်က်အ​ေျခအ​ေန ​ေရာက္ဖူးၾကသည္ခ်ည္းသာ။

Taehyung ​ေအာက္ထပ္ဆင္းလာ​ေတာ့ ဧည့္ခန္းထဲမွာ ​ေျခခ်ိတ္ထိုင္ရင္း သတင္းစာကို ဟန္ပါပါဖတ္​ေနသည့္ Jeon JungKookကို အရင္ဆုံး ျမင္မိသည္။
ခရီးပန္းတာမ်ိဳးမရွိသလို အိပ္ခ်င္စိတ္​​လည္း ရွိဟန္မတူ။ သည္လူက လူႏွင့္မတူဘဲ သိပၸံပညာရွင္ဆိုသည့္ လူထူးဆန္း​ေတြ စမ္းသပ္ဖန္တီးထား​ေသာ စက္႐ုပ္ဆိုတာႏွင့္ပင္ အလားသဏၭာန္ခပ္ဆင္ဆင္။

"ႏိုးလာၿပီလား။ ဟင္း​ေတြ မ​ေအးသြားခင္ စားလိုက္ပါဦး"

"ခင္ဗ်ားက​ေရာ.."

"ကိုယ္​ေနာက္မွ စားလိုက္ပါမယ္"

"သိတယ္။ ခင္ဗ်ား​ေရာ ဟင္း​ေတြ​ေအးကုန္မွာ မစိုးဘူးလားလို႔ ​ေမးတာ"

"စိုးတာ​ေပါ့.. မင္းအတြက္​ေလ"

တမင္တကာ အီစီကလီစကား​ေျပာလိုက္တာလား၊ ရင္ထဲကလာလို႔ ႏႈတ္ဖ်ားကပဲ ထြက္သြားတာလား မသိသည့္တိုင္ Taehyungက Jeon JungKookက ခပ္စူးစူးၾကည့္ၿပီး အၾကည့္လြဲလိုက္သည္။

ထမင္းစားပြဲ​ေပၚမွာ ဟင္းမ်ားက အစုံအလင္။ ခံတြင္းပြင့္​ေစသည့္ဟင္း၊ အသားဟင္းကအစ ​ေနာက္ဆုံးအခ်ိဳပြဲအထိ တစ္ခုမွ လစ္ဟင္း​ေနတာမ်ိဳးမရွိ။ သူ႔တစ္​ေယာက္တည္းအတြက္ မဟုတ္​ေသာ္ျငား သူ႔အက်န္အႂကြင္းကို သူ​ေဌးမင္းႀကီးက စားမယ္တဲ့လား။

အို.. သူအၿမဲ အဲ့လိုစား​ေနက်ပဲ။ ကိုယ္ဘာလို႔ အခုမွ အာ႐ုံထဲထည့္ထားမိ​ေနတာပါလိမ့္။

သူစြပ္ျပဳတ္ဟင္းကို ျမည္းစမ္းၾကည့္ခ်ိန္မွာ​ေတာ့ စြပ္ျပဳတ္​ေလးက ပူ​ေႏြး​ေနဆဲျဖစ္၏..။
____

​ေႏြရာသီထဲဝင္စျပဳလာ​ေတာ့ ည​ခင္း​ေလက​ေတာင္ ပူစပ္စပ္ႏွင့္ ၾကမ္းရွရွ။

JungKook ​သူ႔အေရွ႕မွာ ထိုင္​ေန​ေသာ Taehyungကို မသိမသာ မ်က္လုံးလွန္၍ ၾကည့္သည္။ ခိုး၍ပဲ ၾကည့္ၾကည့္၊ သိသိသာသာပဲၾကည့္ၾကည့္.. သူဟာ Taehyung၏ အသက္ရႉ​သံ​ေလးကအစ မွတ္မွတ္ရရရွိသူပင္။

လူတစ္​ေယာက္၏ ပုံမွန္အသက္ရႉျခင္းဟာ ထိန္းခ်ဳပ္မႈ​ေၾကာင့္ ျဖစ္လာျခင္းမဟုတ္ဘဲ အလိုလိုျဖစ္​ပ်က္​ေနျခင္းတဲ့​ေလ။ လူ​ေတြဟာ အားယူၿပီး တမင္တကာအသက္ရႉ​ေနရခ်ိန္လြဲလွ်င္ ကိုယ့္ဝင္​ေလထြက္​ေလကိုယ္သတိမျပဳမိတတ္ၾက​ေခ်။
သူက​ေတာ့ သူ႔အသက္ရႉသံသူသတိမျပဳမိသည့္တိုင္ Taehyung၏ အသက္ရႉႏႈန္းကို​ေတာ့ တြက္ဆၿပီးလ်က္သား ျဖစ္​ေနတတ္သည္။

သူတို႔အိမ္က ဧည့္ခန္းစားပြဲ​ေပၚမွာ ​ေန႔စဥ္သတင္းစာ၊ လစဥ္မဂၢဇင္း စသည္တို႔ကို အ​ေဆာင္အ​ေယာင္အ​ေနႏွင့္ စီစီရီရီ တင္ထားသည္။ Taehyungက မဂၢဇင္းတစ္အုပ္ကို ဖတ္​ေနစဥ္ သူ​က သတင္းစာကို ဖတ္ခ်င္ဟန္​ေဆာင္သည္၊ Taehyungကို ခိုးခိုးၾကည့္လ်က္သာ​ေနသည္။

"ဘယ္အခ်ိန္ထိ ၾကည့္ၾကည့္​ေနမွာလဲ။ မဂၢဇင္း​ေလး​ေတာ့ စိတ္​ေျဖာင့္​ေျဖာင့္နဲ႔ ဖတ္ခ်င္လို႔"

"ဒါဆို ဒီ​ေန႔ဖတ္ရဖို႔​ေတာ့ မရွိ​ေတာ့ဘူး"

Taehyung တိုးတိတ္စြာ သက္ျပင္း​ေလး ခိုးခ်သည္။ သို႔​ေသာ္ ထိုသက္ျပင္းရႈိက္သံ​ေလးကို​ေတာင္ ခိုး​ေၾကာင္ခိုးဝွက္လုပ္မရ​ေပ။ ဤမွ်​ေလာက္ထိ သူ႔ကို အရိပ္တၾကည့္ၾကည့္ျဖစ္လြန္း​ေတာ့ Jeon JungKookကို စိတ္​ေရာဂါတစ္မ်ိဳးရ​ေနတာလားလို႔​ေတာင္ ထင္မိပါရဲ႕။

"ဒါဆို ကြၽန္​ေတာ္အ​ေပၚတက္​ေတာ့မယ္"

Taehyungက ဖတ္လက္စမဂၢဇင္းကို ခ်ၿပီး ​ေလွကားဘက္သို႔ ​ေျခစလွမ္းသည္။ ထိုစဥ္ ျဖတ္ခနဲ အ​ေမွာင္က်သြား​ေတာ့ အ​ေတာ္​ေလး ​ေၾကာက္လန္႔သြားသည္။ ထို႔​အျပင္ မီး​ေတြကို Jeon JungKook တမင္သက္သက္ပိတ္လိုက္တယ္လို႔ ထင္မိသြားတာ။

"​ေတာက္! ခင္ဗ်ား ဘာလုပ္တာလဲ။ မီးျပန္ဖြင့္​ေပး။ ဒီမွာ ​ကြၽန္​ေတာ္ အိပ္​ေတာ့မလို႔"

"ကိုယ္ဘာမွမလုပ္ဘူး အသည္း။ မီးပ်က္သြားတာ။ ၾကည့္ရတာ ကိုယ္တို႔အိမ္ပဲ ျဖစ္တာထင္တယ္။ မနက္က်မွ ကိုယ္လွ်ပ္စစ္႐ုံးကို အ​ေၾကာင္းၾကား​ေပး​မယ္"

ဘာမဟုတ္တဲ့​ေနရာမွာ ​ေလ​ေၾကာရွည္ၿပီး အ​ေသအခ်ာရွင္းျပ​ေန​​ေတာ့ ပိုလို႔စိတ္တိုခ်င္စရာ။ အခုလိုအ​ေမွာင္ထဲ သူဘယ္လို အိမ္​ေပၚကို တက္ရမလဲ။ မ​ေတာ္တဆ ​ေလွကားတက္​ေနရင္း ​ေခ်ာ္လဲရင္ ဘယ္လိုလုပ္မတဲ့လဲ။ သူက Jeon JungKookနဲ႔ ဆန္႔က်င့္စြာ ​ေမွာင္မိုက္​ေနတာမ်ိဳးဆို တအားမုန္းသည္။

"အဲ့တာ​ေတြ ​ေျပာမ​ေနနဲ႔။ မီးအိမ္ယူ​ေပး.. ကြၽန္​ေတာ္ အ​ေမွာင္ထဲ လမ္းမ​ေလွ်ာက္တတ္ဘူး"

"မီးအိမ္က အိမ္​ေအာက္ထပ္ကို မယူထားမိဘူး။ လာ.. ကိုယ္တြဲပို႔​ေပးမယ္။ မင္း​ေခ်ာ္မက်​ေစရဘူး ဟုတ္ၿပီလား.. ကိုယ္အာမ,ခံတယ္"

မၾကာခင္အခ်ိန္အတြင္း​ေလးမွာပင္ သူ႔ပုခုံး​ေပၚ Jeon JungKook၏ လက္​ေႏြး​ေႏြးကို ခံစားမိသည္။ အသားခ်င္း​ေတာင္ မထိခ်င္ဘူးဆို​ေပမဲ့ ဘာတတ္ႏိုင္မွာလဲ။ ကိုယ္မွ ​တစ္​ေယာက္တည္း မတက္တတ္တာကိုး။

"ပုံမွန္အတိုင္း တစ္လွမ္းခ်င္းတက္႐ုံပဲ။ မျမင္ရ​ေပမဲ့ ​ေျခ​ေထာက္​ေတြက အလြတ္ရၿပီးသား.. ဘာမွမျဖစ္​ေစရဘူး"

သူတို႔အိမ္ႀကီးက ထုႀကီးသလို ​ေလွကားကလည္း ​ေၾကာင္လိမ္သဖြယ္ တြန္႔လိမ္ၿပီး ရွည္လ်ားသည္။ ခ႐ုပတ္သဏၭာန္ရစ္​ေခြသြားၿပီး အ​ေပၚကို အ​ေတာ္နဲ႔ မ​ေရာက္ႏိုင္။ လုံးဝစိတ္မရွည္ခ်င္စရာ​။

"​ေဟာ.. ​ေရာက္ၿပီ။ မင္းအခန္းထဲထိ ကိုယ္ပို႔​ေပး​မယ္"

အခုအခ်ိန္မွာ Jeon JungKook သူ႔အ​ေပၚ အလိုက္သတိျဖစ္​ေနသည့္အတြက္ ​ေက်းဇူးတင္မိသည္။ မဟုတ္လွ်င္ သူ႔ဘက္က အခန္းထဲပို႔​ေပးဖို႔ ​ေတာင္းဆိုရမည့္အ​ေရး တြန္႔ဆုတ္မိ​ေနဦးမွာ။

သူ႔အခန္းဆီ သြားရမည့္လမ္းကို ဘာ​ေၾကာင့္မ်ား သူ႔ထက္ Jeon JungKookက မွတ္မိ​ေနရပါသလဲ။

တံခါးတြန္းဖြင့္သံၾကားရၿပီး သူ႔အခန္းထဲ ​ေရာက္ၿပီျဖစ္​ေၾကာင္း သိလိုက္သည္။ ညက္ညက္​​ေညာ​ေညာ ကတၱီပါ ​ေကာ္​ေဇာကို ​ေျခဖဝါး​ေအာက္​ေျခ၌ ခံစားမိၿပီး ကုတင္အထိ ​ေရာက္​ေတာ့မည္မွန္း သိရသည္။

"ခင္ဗ်ား.. အမ​ေလး!"

သည္တစ္ခါ​​​ေတာ့ သူကိုယ္တိုင္ န​ေမာ္နမဲ့ႏိုင္လြန္းစြာ ​ေကာ္​​ေဇာအစြန္းႏွင့္ ခလုတ္တိုက္မိလိုက္ျခင္း။ ​ေမြ႕ရာ​ေပၚ အိခနဲ လဲက်သြားၿပီး သူ႔အ​ေပၚ​သို႔ အ​ေလးခ်ိန္တစ္ခု ၿပိဳဆင္းက်လာသည္။

သူနဲ႔ကိုယ္ ဘယ္​ေလာက္ထိ နီးကပ္​​ေနသလဲဆို တစ္​ေယာက္ဝင္သက္ထြက္သက္ႏွင့္တစ္​ေယာက္ ​ေရာယွက္ခံစားမိ​ေနသည္အထိ။

မၾကာခဏနီးကပ္ဖူး​​ေကာင္း နီးကပ္ဖူးလိမ့္မည္။ သူ႔နဖူးစပ္ကို Jeon JungKook၏ ႏႈတ္ခမ္းပါးကလည္း မၾကာခဏ ထိ​ေတြ႕ဖူးလိမ့္မည္။
သို႔​ေသာ္ သူ႔ဘက္က​ေတာ့ နီးကပ္မႈဆိုသည္အား ယခုမွသာ ပထမဆုံးခံစားမိျခင္းျဖစ္ပါသည္။

မတြန္းထုတ္ပစ္ႏိုင္​ေလာက္​ေအာင္ သူ႔ရင္ဘတ္ထဲ မအီမသာခံစားမႈတစ္ခုျဖစ္တည္​ေနသည္။ ၎အား မည္သို႔ ​ေခါင္းစဥ္တပ္ရပါမည္နည္း။

တစ္ကိုယ္လုံးကို ​​ေပ်ာ့​ေခြသြား​ေစ​ေသာ၊ ​ေျခဖ်ားလက္ဖ်ားမ်ားအား ​ေအးစက္​ေစ​ေသာ၊ လူကိုႏုံးခ်ည့္​ေစ​ေသာ ခံစားမႈရသတစ္ခုကို သူ​အမည္နာမ မ​ေပးလို။
နာမည္​ေပးမိလွ်င္ သူရႈံးသြားမွာကို သိပ္​ေၾကာက္မိသည္။

"ကိုယ္ရင္​ေတြခုန္​ေနတယ္။ မင္း​ေရာပဲ.."

"ဟင့္အင္း..ကြၽန္​ေတာ္ လဲက်သြားလို႔ လန္႔သြား႐ုံပါ"

"ကိုယ္တို႔ လဲက်ၿပီးတာ ၂မိနစ္နဲ႔ ၃၅စကၠန္႔ရွိၿပီ။ ဒီအခ်ိန္ထိ​ေတာ့ မလန္႔​ေန​သင့္ဘူးမဟုတ္လား"

"ဖယ္ပါ.."

စကားနားမ​ေထာင္တဲ့ Jeon JungKookက သူ႔အနား ပိုလို႔တိုးကပ္လာသည္။ အသက္​ေငြ႕​ေငြ႕ၾကား ​ေႏြး​ေထြးစိုစြတ္​​ေသာ အထိအ​ေတြ႕တစ္ခုက အစားထိုးဝင္​ေရာက္လာ၏။

ပထမဆုံးအနမ္းကို လွလွပပႀကီး အပိုင္းသိမ္းသြားသည္။ သည္တစ္ခါ သူကိုယ့္ကို ႏိုင္သြားသည္။
ကိုယ္ဟာ အလံျဖဴျပရင္း မလႈပ္မယွက္လက္သင့္ခံ႐ုံကလြဲ မတတ္ႏိုင္​ေတာ့။

ဆႏၵပါသည္၊ မပါသည္ကို မသိစိတ္ႏွင့္သိစိတ္က အၿပိဳင္အဆိုင္ျငင္းခုံ​ေနရင္း ကိုယ္က​ေတာ့ သူ႔ဆီမွ မ႐ုန္းထြက္ႏိုင္ခဲ့​ေပ။

"​ေကာင္း​ေသာညပါ ကိုယ့္အသည္း"

"ခင္ဗ်ား ​အိမ္​ေအာက္ဆင္းဦးမလို႔လား။ ဒီမွာပဲ​ေန​ေတာ့.. ကြၽန္​ေတာ္ ​ေမွာင္​ေနတာကို မႀကိဳက္ဘူး"

Jeon JungKookက သူ႔အခန္းထဲ လာအိပ္သည့္ည​ေတြဆို မီးပိတ္​ေလ့ရွိသည္။ ထိုအခ်ိန္မ်ားကို မႏွစ္သက္​ေသာ္လည္း ကိုယ့္​ေဘးနားတစ္​ေယာက္​ေယာက္အိပ္​ေနသည္ဟူ​ေသာ အသိ​ေၾကာင့္ ခံသာ​ေသးသည္ဟု ဆိုရမည္။
အခုလို ပိတ္ပိတ္​ေမွာင္​ေနခ်ိန္မ်ိဳးမွာ တစ္​ေယာက္တည္း​ေတာ့ ဘယ္လိုမွ မအိပ္ရဲ။

"ကြၽန္​ေတာ္တစ္​ေယာက္တည္း မအိပ္ရဲလို႔။ ခင္ဗ်ားကို ​ေခၚခ်င္လို႔ မဟုတ္ဘူး"

"ကိုယ္သ​ေဘာ​ေပါက္ပါတယ္"

​ေမွာင္မိုက္​ေနခ်ိန္​ေတာင္ Jeon JungKook ၿပဳံးလိုက္တာကို သူသိ​ေနသည္။ ဒါဆို အၿပဳံးက ျမင္ရတာမ်ိဳးမဟုတ္ဘဲ ခံစားရတဲ့အာ႐ုံတစ္ပါး​ေလလား။
____

အနမ္းတစ္ခုတည္းကို မွ်​ေဝသုံးစြဲခဲ့ၾကသည့္တိုင္ သူတို႔​ေန႔ရက္​​ေတြက မ​ေျပာင္းလဲသြားခဲ့။ ​ေအးစက္စိမ္းကားၿမဲျဖစ္​ေသာ Kim Taehyungရယ္၊ အ႐ူးတစ္​ေလာက္ လိုက္တြယ္ကပ္​ေနၿမဲျဖစ္​ေသာ Jeon JungKookဆိုသူရယ္။

သူႀကိဳးစားၿပီးရင္ ႀကိဳးစား​ေနခဲ့သည္။ သူ႔အပိုင္လက္နက္စက္႐ုံႀကီးက​ေန အဆင့္အျမင့္ဆုံးလက္နက္​ေတြထုတ္ႏိုင္ဖို႔​ေတာင္ ခု​ေလာက္ထိ မႀကိဳးစားခဲ့။ Taehyungဆီက ​ေသး​ေသး​​ေလးျဖစ္ျဖစ္ မ်က္ႏွာ​သာ​ေပးခံရ​ေအာင္​ေတာ့ သူ႔မွာ ​ေရကုန္​ေရခမ္း အားထုတ္​ေနမိဆဲ။

"ခင္ဗ်ားနဲ႔ စကား​ေျပာစရာရွိတယ္"

သည္လိုအခ်ိန္​​ေတြဆို သူအမ်ားႀကီး​​ေတြး​ေၾကာက္မိသည္။ Taehyungက Antonအ​ေၾကာင္း​ေျပာ​ေတာ့မွာ​ေလ။ အတတ္ႏိုင္ဆုံး ထိုအ​ေၾကာင္းအရာကို စကားလြဲ​ေရွာင္ရွား​ေသာ္လည္း အသည္းက သိပ္ကို အကင္းပါးလြန္းသည္။

"ကိုယ္အလုပ္လုပ္စရာ​ေတြရွိ​ေသးတယ္"

"လိမ္မ​ေနနဲ႔။ အလုပ္ရွိရင္ ခင္ဗ်ား ဒီ​ေနရာမွာ မ​ေနဘူး။ ကြၽန္​ေတာ္​ေျပာတာ ဆုံး​ေအာင္နား​ေထာင္။ ကြၽန္​ေတာ္ လက္ထပ္ဖို႔ စီစဥ္.."

"​ေတာ္! ယုတၱိမရွိတာ​ေတြ နား​ေထာင္​ေပးဖို႔ အခ်ိန္ပိုမ​ေနဘူး။ ၿပီး​ေတာ့ တစ္ၿမိဳ႕လုံးအျမင္မွာ မင္းက ကိုယ့္​ရဲ႕ ကာမပိုင္​ေယာက်္ား"

Taehyung လက္သီးကို တင္းတင္းဆုပ္ထားမိသည္။ လက္သည္းရွည္ရွည္တို႔ လက္ဖဝါးထဲ ထိုးစိုက္ဝင္​ေရာက္သြားၿပီး ရင္ဘတ္ထဲက နာသည္။

သူ႔ဟာသူ တဇြတ္ထိုးလုပ္​ေနမိမွန္းလည္း သိသည္။ ဘာ​ေၾကာင့္လုပ္​ေနမိတယ္ဆိုတာကို​ေတာ့ နားမလည္ႏိုင္။ သူ႔ဘဝသူနားမလည္ႏိုင္တဲ့အ​ေၾကာင္းအရာ​ေတြ အပ္​ေၾကာင္းထပ္လာ​ေတာ့ သူ႔စိတ္သူ​ေတာင္ ​ေသခ်ာမသိ​ေတာ့တာက သဘာဝဆန္လြန္းပါသည္။

"ကြၽန္​ေတာ္တို႔ လက္ထပ္ပြဲပ်က္သြားတာလည္း တစ္ၿမိဳ႕လုံး အသိပါပဲ"

"မပ်က္ဘူး! ဘာလို႔ ပ်က္ရမွာလဲ။ ကိုယ္တစ္​ေယာက္လုံး ပြဲၿပီးခ်ိန္အထိ ရွိ​ေနတာကို။ ဟင့္အင္း.. မပ်က္ပါဘူး.. လုံးဝမပ်က္ဘူး!"

အ႐ူးတစ္​ေယာက္လို ​ေအာ္ဟစ္​ေနတဲ့ Jeon JungKook. သည္လိုတစ္ဖက္ျခမ္းကို ပထမဆုံး သူျမင္ဖူးျခင္း။ စိတ္လြတ္ကိုယ္လြတ္ ​ေအာ္ဟစ္ၿပီး ရင္ဖြင့္​ေနတဲ့ တစ္ဖက္ျခမ္း၊ ဝမ္းနည္းငို​ေႂကြးတတ္တဲ့ အျခမ္း၊ ​ေဒါသႀကီးလြန္းတဲ့အျခမ္း.. Jeon JungKookဆီမွာ ​ေပ်ာ္႐ႊင္မႈအစိတ္အပိုင္းကို​ေတာ့ ရွာမ​ေတြ႕ခဲ့ဘူးပဲ။

"စိတ္ထိန္းဦး Jeon JungKook.. ခင္ဗ်ား အရွိတရားကို လက္ခံရမယ္​ေလ"

"မရွိဘူး.. ဘာကိုမွ ကိုယ္လက္မခံႏိုင္ဘူး"

"မ​နက္က ​ေမာ္စကိုက စာ​ေရာက္လာတယ္။ ကြၽန္​ေတာ္အဆင္သင့္ျပင္ထားဖို႔ပဲလို​ေတာ့တာ။ ကြၽန္​ေတာ္ Antonကို သ​ေဘာက်တယ္။ ဒီ​ေလာက္နဲ႔ပဲ ကြၽန္​ေတာ့္ကို လြတ္​ေပးပါ"

"ကိုယ္​ေနာက္​ေနတာမဟုတ္ဘူး​ေနာ္။ မင္းရဲ႕ Antonကို သိကၡါမရွိတဲ့ အမႈ​ေပါင္းစုံနဲ႔ ​ေထာင္ထဲထည့္ပစ္လို႔ရတယ္ မင္းနားလည္လား။
လိမၼာစမ္းပါ ကိုယ့္အသည္းရယ္..။ ကိုယ္ မင္းသ​ေဘာက်တဲ့လူကို မရက္စက္ခ်င္ပါဘူး"

"Antonက ခင္ဗ်ားလြယ္လြယ္နဲ႔ ထိလို႔ရတဲ့လူ မဟုတ္ဘူး။ အ​ေဖ့ရဲ႕ အ​ေႂကြး​ေတြလည္း အကုန္ျပန္ဆပ္မယ္။ ခင္ဗ်ားသာ အခ်ိန္သတ္မွတ္​ေပးလိုက္"

အ​ေပါင္ခံပစၥည္း​ေလးကို သိမ္းခ်င္လြန္းလို႔ ကိုယ္တိုင္​ေ႐ြးခ်ယ္ခဲ့တာပါ အသည္းရယ္။
အခု​ေလာက္ထိ ရက္စက္ျပဖို႔လည္း မလိုပါဘူးကြယ္။

ကိုယ္ဟာ တ​ေျဖး​ေျဖးနဲ႔ ​ေသဖို႔ကို ​ေမွ်ာ္လင့္မိလာသည္။ အ​ေပၚယံအားျဖင့္ အစစအရာရာ ျပည့္စုံလြန္းသည္ဟု ထင္ရ​ေသာ္လည္း ကိုယ့္ဘဝ၏ အ​ေရးအပါဆုံး အစိတ္အပိုင္းမွာ လႈိဏ္​ေခါင္းကဲ့သို႔ အရာရာလစ္လပ္လ်က္ရွိပါ၏။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

248K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
312K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
2.7K 134 30
In the dazzling world of cinema, where dreams are woven into the fabric of reality, Eden Grace Hydari emerges as a luminary whose journey is as encha...
6.7K 851 8
Orpheus Jeon X Eurydice Kim