Unicode~
"တော်စမ်းပါ။ ခင်ဗျားကို မနှစ်မြို့လို့မှ မင်္ဂလာပွဲကတောင် ထွက်ပြေးလာတဲ့လူဆီက ဘာတွေမျှော်လင့်နေတာလဲ"
နူးနူးညံ့ညံ့ကောင်လေးတစ်ယောက်ဆီက စိမ်းသက်လွန်းသော စကားများသည် တစ်ယောက်သောသူအတွက်သာ သီးသန့်ဖြစ်ပေသည်။
မရှိရှိတဲ့ပိုက်ဆံအကန့်အသတ်လေးနဲ့တောင် ရေမြေခြားထိ ရောက်အောင်လာခဲ့တာ။ Jeon JungKookနဲ့ တစ်မြေတည်းရှိမနေဘူးဆိုတဲ့ အရသာကို ခံစားကြည့်ချင်လွန်းလို့။
ချစ်ခြင်းမှာ ဇွဲရှိတာကို တချို့လူတွေ သဘောကျကောင်းကျလိမ့်မည်။ သို့သော် ဇွဲရှိနေသူက ကိုယ်မုန်းတဲ့လူဆို ဒါက အနှောင့်အယှက်ကြီးသာ ဖြစ်နေလျက်။
"ဘယ်ဆိုင်မှာ ရောင်းလိုက်တာလဲ။ ကိုယ့်ကိုပြော ကိုယ်ပြန်သွား၀ယ်မယ်"
"အခုချိန်ဆို လက်စွပ်က တစ်စစီဖြစ်နေလောက်ပြီ"
"ဘာ! အဲ့လိုလုပ်လို့မရဘူးလေ"
"ရတာမရတာ ကျွန်တော်မသိဘူး။ ကျွန်တော်ကတော့ ရတယ်ဆိုပြီး ခွင့်ပြုထားခဲ့ပြီးပြီ"
ကမ်းကုန်တယ်ဆိုတာက Taehyung သူ့အပေါ် လုပ်ရက်သမျှ သွေးအေးရက်စက်ခြင်းများသာ။ ကိုယ့်ထက် ၁၃နှစ်လောက်ငယ်တဲ့ကလေးတစ်ယောက် ကိုယ့်ကို လှည့်ပတ်သမျှ ခံနေတယ်ဆိုတာ ကိုယ်ညံ့ဖျင်းအားနည်းလွန်းလို့မှ မဟုတ်ဘဲ။
Kim Taehyungက ပေးထားတဲ့အခွင့်အရေးကို ကောင်းကောင်းအသုံးချတတ်လွန်းပါ၏။
"ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်။ တစ်စစီဖြစ်သွားရင် ကိုယ်ပြန်ဆက်ပေးမယ်"
Audieက လေပူတစ်ချက်မှုတ်ထုတ်ပြီး ဟိုတယ်မန်နေဂျာနဲ့အတူ လှည့်ထွက်သွားသည်။ သူတို့မြင်နေရတဲ့မြင်ကွင်းက ရုပ်ရှင်ပိတ်ကားထက်က ပုံရိပ်တွေထက် ကြေကွဲဖို့ကောင်းသည်။
အညတြဆင်းရဲသားမဟုတ်သော်လည်း သူဌေးမင်းဘဝမှာ အကြီးမားဆုံးသော ဟာကွက်ကြီးနှင့်။
"ခင်ဗျားမှာ ပိုက်ဆံတွေပေါနေလည်း သဘောပဲလေ"
မင်းကို ထပ်မတွေ့ရမှာလောက် ကိုယ်ဘာကိုမှမကြောက်ဘူးဆိုတာ မင်းမှမသိဘဲ အသည်းရယ်။ ရှိသမျှစည်းစိမ်ဥစ္စာတွေ မင်းအပေါ် ပုံအောပြီး ဆွဲထားလို့ရရင် ကိုယ်ဆွဲထားမှာပေါ့။
"ဘယ်လောက်နဲ့ ရောင်းခဲ့တာလဲ။ ကိုယ့်ကို ချက်လက်မှတ်ပြ"
"ဒါကျွန်တော့်ပိုက်ဆံ"
"အင်းပါ.. အဲ့ချက်လက်မှတ်က မင်းအပိုင်ပါ။ ဒီထက်လိုတယ်ဆိုလည်း ကိုယ်ထုတ်ပေးမယ်"
"ဟင့်အင်း.. ခင်ဗျားလက်မှတ်ပါတဲ့ချက်လက်မှတ်တော့ မလိုချင်ပါဘူး။ ဒီမှာ ဒေါ်လာ၅သန်းတန်ချက်လက်မှတ်"
JungKook ထိုချက်လက်မှတ် အလန့်တကြားယူလိုက်ပြီး '၅' အနောက်က သုညတွေကို ရေတွက်မိသည်။ သူပဲအမြင်မှားနေတာလား Taehyungကပဲ ညံ့လွန်းတာလား။ ဒါမှမဟုတ် တမင်တကာပဲ ဈေးနှိမ်ရောင်းပစ်တာလား။ ဈေးနှိမ်တယ်ဆိုရင်တောင် သည်လောက်နှိမ်တာက များလွန်းအားကြီးပါသည်။
"၅သန်း ဟုတ်လား။ မင်း တမင် ဒီဈေးနဲ့ရောင်းလိုက်တာလား"
"ပေါက်ပေါက်ရှာရှာ။ ခင်ဗျားပစ္စည်းအတွက် ကျွန်တော်က အချိန်ကုန်ခံချင်တဲ့သူမဟုတ်ဘူး။ ပေးတဲ့ဈေးနဲ့ ရောင်းလိုက်တာပဲ"
"ဒီလက်စွပ်က ၁၅သန်းကျော်တန်ကြေးပေးပြီးဝယ်ထားရတာ။ မင်းကြည့်လိုက်တာနဲ့ တန်ကြေးကြီးမှန်း မသိဘူးလား"
သူ့ကို လာခေါ်တာလား၊ လက်စွပ်ဋီကာဖွဲ့နေတာလား မသဲကွဲတော့။ တန်ကြေးကိစ္စတွေပြောပြီး သူ့ကို အပြစ်ဖို့နေတာလား။ တွေ့လား.. Jeon JungKookဆိုတဲ့လူက နောက်ဆုံးတော့ ငွေပဲအဓိကထားတဲ့လူ။
ငွေနဲ့ယှဥ်ရင် ဘယ်သူ့ကိုမဆို နောက်ပို့ပစ်နိုင်တဲ့လူ။
"သွားဝယ်မယ်ဆို သွားဝယ်လေ။ ဆိုင်နာမည်သိနေပြီပဲမဟုတ်လား"
"Audie.. သူ့ကို စောင့်ကြည့်ထား"
Audieဆိုတဲ့ သက်တော်စောင့်လေးက သူ့ဘေးမှာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေတော့ နေရခက်လှသည်။ ရပ်ရုံရပ်နေတာထက် သူ့ကို မျက်တောင်မခတ်စတမ်းကြီး ကြည့်နေတော့ ဘယ်လိုလုပ်ပြီး နေတတ်မှာတဲ့လဲ။
"ငါ့ကို အဲ့လို လာစိုက်ကြည့်မနေနဲ့။ ထပ်ပြီး ထွက်ပြေးလို့လည်း ရတော့တာမဟုတ်ဘူး"
"သခင်လေးက သူဌေးမင်းကို နားမလည်ဘူး"
"ဘာ.. ငါက နားလည်စရာလိုလို့လား။ သူကရော ငါ့ကို နားလည်လို့လား"
"ကျွန်တော်သိရသလောက်တော့ သခင်လေးက သူဌေးမင်းမျက်စိအောက်မှာ ကြီးပြင်းလာတဲ့လူပါ။ သခင်လေးကို တစ်ခါတောင် ရိုက်နှက်ဖူးလို့လား။ သခင်လေးဆိုးသမျှပေသမျှ ခွင့်မလွှတ်တာရှိလို့လား"
Taehyungသိသလောက် Jeon JungKookရဲ့ သက်တော်စောင့်တွေက သိပ်ကိုစကားနည်းတယ်ဆိုပဲ။ သည်ကောင်လေးကျ ဆန့်ကျင်ဘက်ပါလား။ စကားပြောရုံတင်မက သူ့ကိုပါ ဆရာကြီးလာလုပ်နေသေး။
သည်ကောင်လေးကြည့်ရတာလည်း သူနဲ့ အသက်မတိမ်းမယိမ်း။
ကိုယ့်ထက်ငယ်ချင်ငယ်နေဦးမည့်သူက ဆရာကြီးလာလုပ်နေတော့ Taehyung အနည်းငယ် ခံပြင်းသွားသည်။
"မင်းသခင်က မင်းကို ဘာမှမသင်ထားဘူးလား။ ပြန်ခံပြောရမယ်လို့ပဲ သင်ထားတာလား"
"သူဌေးမင်းကတော့ ကျွန်တော်တို့ကို သခင်လေးရဲ့ခွေးလုပ်ဆို လုပ်ခိုင်းမဲ့သူပါ။ ကျွန်တော်က သူဌေးမင်းဖြစ်နေတာတွေကို မမြင်ရက်လွန်းလို့သာ"
"နေပါဦး.. သူက ဘာတွေဖြစ်ပျက်နေလို့လဲ"
"သူဌေးမင်းက.."
Audie သူဌေးမင်း ဆေးကုသမှုခံနေရတဲ့အကြောင်း ပြောပြလိုက်ချင်သည်။ သို့သော် သူဌေးမင်းကိုယ်တိုင်က 'ငါဒီဆေးတွေသောက်ရတာ မင်းသခင်လေးမသိစေနဲ့'ဟု အကြိမ်ကြိမ်မှာကြားလေ့ရှိသည် မဟုတ်ပါလား။ သူဌေးမင်းအတွက် အခွင့်အရေးလေး ရလိုရငြား ပြောပစ်လိုက်ချင်သော်လည်း သူဌေးမင်းစကားကို မလွန်ဆန်ဝံ့သည့်အပြင် စကားမတည်တဲ့ သက်တော်စောင့်လည်း မဖြစ်လိုသည့်အတွက် သူနှုတ်ဆိတ်နေလိုက်ရတော့သည်။
"မပြောချင်ရင်လည်း မပြောနဲ့။ အစဖော်မိလို့ သိချင်စရာကောင်းသွားတဲ့အထဲ Jeon JungKookအကြောင်းမပါဘူး"
____
"နေ့လယ်က ရောင်းသွားတဲ့လက်စွပ် ပြန်၀ယ်မယ်"
"ရောင်းသွားတာတွေက အများကြီးပဲ။ ဟိုမှာခင်းပြထားတယ်"
မှန်ကားလေးထဲ လက်စွပ်အပြင် တခြားလက်၀တ်ရတနာတွေကိုပါ တွေ့ရသည်။ အကြမ်းဖျင်းရှာကြည့်ပြီးနောက် သူတို့လက်ထပ်လက်စွပ်လေးကို မတွေ့ရ။ သေချာရှာသည့်တိုင် အဖြေက မပြောင်းသွား။
"မဟုတ်သေးဘူး"
"ဘာမဟုတ်သေးတာလဲ။ အဲ့တာ အကုန်ပဲ"
"ခင်ဗျားလိမ်ဖို့ မကြိုးစားနဲ့။ ကျုပ်လိုချင်တာ ဒီလက်စွပ်ပုံစံ။ ဒီထက်စိန်သေးပြီး မြအရေအတွက်များတာကလွဲရင် တစ်ပုံစံတည်းပဲ"
"ဆိုင်မှားနေပြီထင်တယ်နော်"
ဆိုင်ရှင်လူကြီး၏ အင်္ကျီကော်လာစကို ဆွဲလိုက်တော့မှ ထိုလူက ပြာပြာသလဲ ကြောက်လန့်ဟန်ပြသည်။ အစတည်းက ကြမ်းကြမ်းတမ်းတမ်းလုပ်လို့ရရဲ့သားနဲ့ မလုပ်ဘဲ ထားထားတာ။ သည်လူဘက် ငဲ့ပေးနေတာမဟုတ်၊ တစ်ခါဒေါသထွက်မိရင် သူ့စိတ်သူထိန်းမရလွန်းလို့။
"ခင်ဗျားဆိုင်က ပေးလိုက်တဲ့ ချက်လက်မှတ်ကို ကျုပ်တွေ့ထားပြီးသား။ ဘယ်မှာလဲ အဲ့ဒီလက်စွပ်!"
"လွတ်..လွတ်ပါ။ ငါပေးပါမယ်"
သော့ခတ်ထားသော အံဆွဲကို ဖွင့်လိုက်ပြီး လက်စွပ်လေးယူလာသည်။ ကံကောင်းထောက်မစွာပင် Taehyungပြောသလို တစ်စစီတော့ မဖြစ်သေး။
"သန်း ၂၀ပေးမှ ရောင်းမယ်"
"Taehyungဆီက ဈေးနှိမ်၀ယ်ပြီး အမြတ်တင်ရောင်းဖို့က ခင်ဗျားအကြံအကုန်ပဲလား။ ခင်ဗျားတော်တော် လူအကဲမခတ်တတ်တာပဲ။ ကျုပ်က သူ့ရဲ့လင်၊ ဒီလက်စွပ်ကို ကျုပ်ကိုယ်တိုင်၀ယ်ပေးခဲ့တာ"
"လက်ထပ်လက်စွပ်ကို တန်ဖိုးထားတတ်အောင် သူ့ကိုအရင်သင်ပေးလိုက်ပေါ့။ ငါ့ကို အပြစ်တင်နေလို့တော့ ဘာမှဖြစ်မလာဘူးလေ"
"ခင်ဗျားကို ပေးချင်ရင် သန်း၂၀မကဘူး လက်ငင်းပေးနိုင်တယ်။ စေတနာမရှိလို့ကို မပေးတာ"
"ဘာကွ! အခု လက်စွပ်က ငါ့လက်ထဲ.."
'ဒိုင်း!'
လက်မောင်းရင်းကို တည့်တည့်ပစ်လိုက်တော့ ပါးစပ်ပေါက်လည်း ပိတ်သွားသလို လက်စွပ်ကလည်း လွတ်ကျသွားသည်။ ကောင်းကောင်းမွန်မွန်၀ယ်နေတာကို မပေးတော့လည်း ကျည်နဲ့ လက်စွပ် လဲလှယ်လိုက်ရုံပေါ့။ သောက်ရေးမပါတဲ့ ဆိုဗီယက်ဘိုးတော်။
ဟန်မပျက်ဟိုတယ်ကို ပြန်လာပေမဲ့ သူအတော် ပင်ပန်းနေပြီ။ လူဝီဗီးလ်မှာတုန်းကလည်း ညကောင်းကောင်း မအိပ်ခဲ့ရသလို တောက်လျှောက်လေယာဥ်စီးလာတော့ ခရီးပန်းရသေးသည်။
မော်စကိုရောက်တာနဲ့ သူ့ခမျာ မနားရသေးဘဲ ရဲစခန်းတိုင်ရ၊ ရှိသမျှဟိုတယ် တည်းခိုခန်း ဧည့်စာရင်းတွေစစ်ရ။ တကယ်တော့ လမ်းဘေးတစ်နေရာမှာ တွေ့ရမယ်ထင်ခဲ့တာ။ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးသွားသူကို ကြယ်ငါးပွင့်ဟိုတယ်မှာ တွေ့ရမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ။
အမောဆို့ချင်စရာသတင်းကတော့ သည်နေရာမှာနေဖို့ Taehyungက လက်ထပ်လက်စွပ်ကို ရောင်းလိုက်သတဲ့လေ။
ကိုယ်အချိန်ပေးပြီး စီစဥ်ထားရတဲ့ လက်စွပ်ကို Taehyungဖြစ်နေလို့ကို လုပ်ရက်လွန်းပါသည်။
"ရောက်လာပြီလား သူဌေးမင်း"
ဝင်ဝင်ချင်း ဂါရဝပြုနှုတ်ဆက်တဲ့ Audie.
Taehyungကတော့ မွေ့ရာအထူကြီးပေါ် ငုတ်တုတ်ထိုင်နေဆဲ။ မျက်နှာထားက မသာမယာ။ ဘယ်တော့မှ သာသာယာယာရွှင်ရွှင်ပျပျရယ်လို့လည်း မမြင်ဖူးခဲ့ပါ။ သည်မသာမယာလေးကိုပဲ သူ့မှာ အချစ်ပိုရပြန်သည်လေ။
"ခင်ဗျား သေနတ်က ဘာလုပ်တာလဲ"
သူသေနတ်ကို အိတ်ထဲပြန်ထည့်ဖို့ မေ့သွားတာ။ အကင်းပါးသည့် Kim Taehyungက ချက်ချင်းတန်းမြင်သည်။
JungKookက စိတ္တဇတစ်ယောက်လို ပြုံးလိုက်ပြီး Taehyungရှေ့မှာ ဒူးထောက်ချသည်။ လက်စွပ်လေးကို ထုတ်ပြီး ပြန်စွပ်ပေးသော်လည်း အလိုမကျဟန်မျက်နှာထားလေးသာ ပြန်ရပါ၏။
"သွေး.. သွေးတွေမလား! Jeon JungKook ခင်ဗျား ဘာတွေဖြစ်ခဲ့တာလဲ! ခင်ဗျားအင်္ကျီမှာရော သွေးတွေ မဟုတ်လား"
သူ့လက်ပေါ် ပြန်ရောက်လာသော လက်စွပ်မှာ သွေးစက်အနည်းငယ် ပေကျံလျက်။ သွေးများအိုင်ကျန်နေသည်အထိ မဟုတ်သော်ငြား ရှပ်အင်္ကျီအထိ လွင့်စဥ်လာသည်ထင်ရသော သွေးစသွေးနတွေကလည်း သေချာကြည့်လေ မြင်ရလေ။
"ခင်..ခင်ဗျား ဆိုင်မှာ ဘာတွေဖြစ်ခဲ့လို့လဲ။ လူသတ်ခဲ့တာလား"
"ကိုယ်အဲ့လောက်တော့ စိတ်ထိန်းနိုင်ပါတယ်ကွာ။ လက်မောင်းဆစ်လေး ပြုတ်သွားရုံပါပဲ"
Taehyungမှာ 'ဘုရားရေ'ဟူ၍သာ ရေရွတ်နိုင်တော့သည်။ Jeon JungKookက ဘာလို့ သည်လောက်ထိ သွေးသားခံစားချက်မရှိရတာလဲ.. သူတော့ နားမလည်နိုင်။
အလွယ်လေး လူသတ်နိုင်ပြီး အလွယ်လေး မျက်ရည်ကျနိုင်သူတစ်ယောက်ကို သူဘယ်လိုများ လက်ခံပေးရမှာလဲ။
"ရပ်ကြည့်မနေနဲ့ Audie. သွားလို့ရပြီ"
သူ့သခင်အမိန့်ပေးမှ Audieဆိုတဲ့ကောင်လေးက ထွက်သွားသည်။ တံခါးပိတ်သံအကြားမှာ သည်အခန်းထဲ သူနဲ့ Jeon JungKook နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
"ခင်ဗျားရော ဘယ်နေရာထိသွားသေးလဲ"
"ကိုယ့်ကို စိတ်ပူတာလား"
"ဝေးသေးတယ်။ သေဖို့များ ခြေတစ်လှမ်းနီးသွားမလားလို့ မျှော်လင့်ချက်နဲ့ မေးတာ"
"မင်းဘယ်လိုမေးမေး ကိုယ့်အကြောင်းတွေးဖြစ်တယ်ဆိုတာ သိရလို့ ဝမ်းသာတယ်"
JungKookက ရုတ်တရက် သူ့ပခုံးကို မေးတင်လာသည်။ သူ့ကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူ့လည်တိုင်ပေါ်မှာ ဖိကပ်နမ်းရှိုက်နေလျက်။
မသိရင် ကြောင်ပေါက်လေးလို ပြုမူနေတာ။ တကယ်တမ်းကျ Jeon JungKookက တောဘုရင်ခြင်္သေ့လိုလူမျိုးမဟုတ်ပါလား။
"ဖယ်တော့။ ကိုယ့်အခန်းကိုယ်ပြန်"
"ဒီအခန်းပဲလေ။ ဒီလောက်အခန်းကျယ်ကြီးကို မင်းတစ်ယောက်တည်းတော့ မောင်ပိုင်မစီးချင်စမ်းပါနဲ့ ကိုယ့်အသည်းရယ်.."
ပြောရင်လည်း မရနိုင်မည့်အတူတူတော့ Taehyung နှုတ်ဆိတ်လို့သာ နေလိုက်တော့သည်။ Jeon JungKookကို မရှိသူလို သဘောထားပြီး သူလုပ်စရာရှိတာတွေ ဆက်လုပ်နေလိုက်သည်။ ခက်လှသည်က သူ့မှာ လုပ်စရာတိတိပပ မရှိခြင်းပင်။
"မအိပ်သေးဘူးလား ကိုယ့်အသည်း။ ခါတိုင်း အစောကြီးအိပ်တတ်တာမဟုတ်လား"
"ခင်ဗျားက ကုတင်ပေါ် အဲ့လိုနေနေမှတော့ ကျွန်တော် ဆိုဖာပေါ်အိပ်တာပဲ ပိုကောင်းဦးမယ်"
"အဲ့လိုမလုပ်ပါနဲ့။ မင်းသက်တောင့်သက်သာအိပ်ပါ။ ကိုယ်ပဲဆိုဖာပေါ်ရွှေ့အိပ်ပါ့မယ်"
Taehyung တစ်စုံတစ်ခုကို သတိရသွားသည်။ သူတို့မင်္ဂလာမဆောင်ခင်က သူ့အခန်းက လှုပ်ကုလားထိုင်ကြီးမှာ တစ်ညလုံးထိုင်ပြီး မအိပ်ဘဲနေတဲ့လူကိုပေါ့။
သည်လူဘယ်လိုနေနိုင်တာပါလိမ့်။ တစ်ညလုံးမအိပ်တဲ့လူတစ်ယောက်က မိုးလင်းတာနဲ့ လုပ်ငန်းခွင်ကို စောစီးတက်ကြွစွာ ဝင်နိုင်သတဲ့လား။
"တစ်ညလုံး မအိပ်ဘဲ ငုတ်တုတ်ထိုင်နေမယ်ဆို ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်ရလိမ့်မယ်။ ကျွန်တော်နဲ့ပဲ အိပ်တော့"
ချိုချိုသာသာပြောတဲ့စကားမဟုတ်သည့်တိုင် JungKookကို ပြုံးအောင်လုပ်နိုင်သည်။
Taehyung နဲ့ ယှဥ်လျက် အိပ်ရတော့ Taehyungရဲ့ ကိုယ်သင်းရနံ့လေးကအစ သူ့နှာဖျားဝမှာ ဝေ့သီလို့။ သူ့ကို ကျောပေးထားသူကို အနောက်ကနေ ပွေ့ဖက်ထားမိသည်။ ကြည်ဖြူမှာမဟုတ်သော်ငြား မရုန်းကန်သည့်အတွက်ပင် ရှာကြံကျေးဇူးတင်မိပါ၏။
သူသည်ညတော့ ကောင်းကောင်းအိပ်ပျော်နိုင်လောက်သည်။ သို့သော် သည်လိုညက အိပ်ပစ်ဖို့ရာပင် နှမြောစရာကောင်းမနေဘူးလား။
ကိုယ့်အနားမှာ ချစ်ရသူတစ်ယောက်လုံးရှိနေတာကို တစ်ညလုံးတသသခံစားရင်း ကြည်နူးနေသင့်တာ။
ကျန်းမာရေးအခြေအနေအရ သူအိပ်မှ ဖြစ်မည်။
သိပ်နှမြောစရာကောင်းတာပဲ အစားထိုးမရတဲ့ ညလေးရယ်။
"ကောင်းသောညဖြစ်ပါစေ ကိုယ့်အသည်း.."
လည်တိုင်ကို ဖွဖွနမ်းပြီး နှုတ်ဆက်လိုက်သည်။
နမ်းခွင့်ရတာကပင် ကံတရားက သူ့ကို မျက်နှာသား ပေးလွန်းနေပါပြီ..။
ဤညတော့ သူ့ကို ချော့သိပ်ပေးမည့် မော်စကိုညပါပင်။
____
Taehyung အိပ်ရာနိုးလာသည့်တိုင် Jeon JungKookက အိပ်မောကျနေဆဲ။ မအိပ်ဖူးတဲ့လူတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသည့်အတွက် ဖက်ထားတဲ့လက်တွေကြားက ရုန်းထွက်ရမည်ကပင် စိုးထိတ်ချင်စရာ။
ဘာရယ်ကြောင့်မှန်း မသိ၊ Jeon JungKook အိပ်မောကျနေသည်ကို သူမနှောင့်ယှက်လို၊ မဖျက်ဆီးလို။ သည်လူနဲ့ စကားမပြောချင် အဆက်အဆံမလုပ်ချင်တာကြောင့်ပဲ ဖြစ်ပါလိမ့်မည်။
တခြားအကြောင်းကြောင့် စေတနာတွေပေါက်ဖွားလာတယ်ဆိုတာမျိုးက သူ့အတွက်တော့ ဟာသသက်သက်။
သူ့မျက်နှာနှင့် စင်တီမီတာ အနည်းငယ်အကွာမှာ Jeon JungKook၏ ရင်အုပ်တောင့်တောင့်တင်းတင်းကို မြင်နေရပြီး မသိမသာမော့လိုက်လျှင် မေးရိုးထင်းထင်းကို သူ့နှာဖျားနှင့် ထိမိမတတ် နီးကပ်လွန်းလှပါသည်။
"ဟေ့လူ... ထတော့!"
ဘာစိတ်ကူးနဲ့ နှိုးလိုက်မိမှန်း သူ့ဟာသူပင်မသိလိုက်။ နီးကပ်နွေးထွေးလွန်းသော ခံစားချက်ကြောင့် လုပ်မိလုပ်ရာ လုပ်လိုက်မိတော့တာ။
"မင်္ဂလာနံနက်ခင်းပါ ကိုယ့်အသည်း"
"ခင်ဗျားကို မြင်ရတည်းက မင်္ဂလာက ပြတ်လပ်နေတာ"
"စကားသိပ်တတ်တာပဲ"
မကောင်းပြောနေတာကို ချီးကျူးသွားတာလား။ ရူးချက်က ကမ်းကုန်လွန်းသည်။
သူ့မှာလည်း တစ်ယောက်တည်း မော်စကိုမှာလည်ပတ်ဦးမည်၊ Antonနဲ့ တွေ့ပါဦးမည်ဆိုကာမှ အလွဲလွဲအချော်ချော် ဖြစ်နိုင်လွန်းချည့်။ Jeon JungKookရှိနေမှတော့ Antonကိုလည်း သွားတွေ့လို့ရမှာ မဟုတ်တော့။ မနေ့က မြင်းစီးကလပ်ဧည့်ကြိုလေးကရော Antonကို သူ့အကြောင်း ပြောထားပါ့မလား။
"ဘာတွေတွေးနေတာလဲ။ မနက်စာက အရသာမရှိလို့လား"
ထိုအခါမှ သူမနက်စာစားတာကို ငုတ်တုတ်ထိုင်ကြည့်နေသော JungKookကို သတိထားမိသည်။ လက်ဆုံမစားချင်သော ကိုယ့်အတွက် ငုတ်တုတ်ထိုင်စောင့်ရုံစောင့်နေတာပါဆိုလား။
နားလည်ရ ခက်နေဆဲပါပင်။
"ကျွန်တော် Antonဆိုတဲ့သူငယ်ချင်းနဲ့ သွားတွေ့ချင်တယ်။ ခင်ဗျားသိမှာပါ.. မြင်းစီးပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရသွားတဲ့ ဆိုဗီယက်ကစားသမား"
JungKook ရုတ်တရက်ဆိုသလို မျက်နှာပျက်သွားသည်။ သူဘယ်လိုမှ ခွင့်မပြုချင်သည်ကိစ္စ။ သူ Antonကို သတ်မိဖို့တောင် လက်တစ်ကမ်းသာ လိုခဲ့သည်။ Antonနဲ့သာ Taehyungတွေ့ဖြစ်ရင် ဒါကို သိသွားမှာ။ အဲ့အချိန်ကျ သူ့ကို မုန်းပြီးရင်း မုန်းတော့မှာပဲ..။
"ခွင့်တောင်းနေတာမဟုတ်ဘူး။ အသိပေးနေတာ။ ခင်ဗျားခွင့်ပြုပြုမပြုပြုသွားတွေ့မှာပဲ"
"သူငယ်ချင်းသေချာလား"
"ကျွန်တော့်ကိစ္စ"
"အင်း.. ကိုယ်လိုက်ပို့ပေးမယ်။ ရုရှားစကားလည်းမတတ်ဘဲ မော်စကိုမြို့ထဲလျှောက်သွားနေလို့ ကောင်းတာမဟုတ်ဘူး"
Jeon JungKookက စကားတည်ပါသည်။ သူငှားထားသည့် ဇိမ်ခံကားဖြင့် Anton၏ မြင်းကလပ်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသည်။
အားမနာသလို ချီးကျူးခြင်းလည်းမပြု။ သူက သွေးအေးတယ်ဆိုတာ Jeon JungKook တစ်ယောက်တည်း အတွက်ပဲ။
"ခင်ဗျားလိုက်မလာနဲ့"
Taehyung သွားတော့လည်း သူနေခဲ့ရပြီး ပြန်လာလျှင်လည်း အသင့်ဖြစ်ဖို့ စောင့်နေရပြန်သည်။
မြင်းကလပ်ထဲဝင်သွားတဲ့ အလည်အပတ်ခရီးစဥ်လေးတစ်ခုစာကို ဆိုလိုခြင်းမဟုတ်။
သူတို့နှစ်ယောက်ကြား အမြဲမှန်နေသော ဥပဒေသတစ်ခုကို ရည်ရွယ်ခြင်းဖြစ်သည်။
အရှေ့အရပ်ကနေလုံးကြီး သူ့ကားခေါင်မိုးအပေါ်တည့်တည့် ရောက်သွားချိန်အထိ သူက ထားခံရသည့်နေရာမှာပါပင်။ သည်အချိန်ပိုင်းအတွင်းမှာ သူ့ကိုယ်သူ အသက်ရှူမိရဲ့လားတောင် မသေချာပါ။ ဘယ်အချိန်ပြန်လာမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့သာ ထိုင်စောင့်နေမိတာ..။
တော်တော်အကြာမှာ Taehyung ပြန်ထွက်လာပြီး သူ့ကားထဲ ဝင်ထိုင်သည်။
ထို့နောက် သူ့ကို လက်ရှိနေရာမှာပင် ပွဲချင်းပြီးသွားစေနိုင်သော စကားကို မျက်နှာတည်တည်ဖြင့် ဆိုလာသည်။
"ကျွန်တော် Antonကို လက်ထပ်မယ်"
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
"ေတာ္စမ္းပါ။ ခင္ဗ်ားကို မႏွစ္ၿမိဳ႕လို႔မွ မဂၤလာပြဲကေတာင္ ထြက္ေျပးလာတဲ့လူဆီက ဘာေတြေမွ်ာ္လင့္ေနတာလဲ"
ႏူးႏူးညံ့ညံ့ေကာင္ေလးတစ္ေယာက္ဆီက စိမ္းသက္လြန္းေသာ စကားမ်ားသည္ တစ္ေယာက္ေသာသူအတြက္သာ သီးသန္႔ျဖစ္ေပသည္။
မရွိရွိတဲ့ပိုက္ဆံအကန္႔အသတ္ေလးနဲ႔ေတာင္ ေရေျမျခားထိ ေရာက္ေအာင္လာခဲ့တာ။ Jeon JungKookနဲ႔ တစ္ေျမတည္းရွိမေနဘူးဆိုတဲ့ အရသာကို ခံစားၾကည့္ခ်င္လြန္းလို႔။
ခ်စ္ျခင္းမွာ ဇြဲရွိတာကို တခ်ိဳ႕လူေတြ သေဘာက်ေကာင္းက်လိမ့္မည္။ သို႔ေသာ္ ဇြဲရွိေနသူက ကိုယ္မုန္းတဲ့လူဆို ဒါက အေႏွာင့္အယွက္ႀကီးသာ ျဖစ္ေနလ်က္။
"ဘယ္ဆိုင္မွာ ေရာင္းလိုက္တာလဲ။ ကိုယ့္ကိုေျပာ ကိုယ္ျပန္သြား၀ယ္မယ္"
"အခုခ်ိန္ဆို လက္စြပ္က တစ္စစီျဖစ္ေနေလာက္ၿပီ"
"ဘာ! အဲ့လိုလုပ္လို႔မရဘူးေလ"
"ရတာမရတာ ကြၽန္ေတာ္မသိဘူး။ ကြၽန္ေတာ္ကေတာ့ ရတယ္ဆိုၿပီး ခြင့္ျပဳထားခဲ့ၿပီးၿပီ"
ကမ္းကုန္တယ္ဆိုတာက Taehyung သူ႔အေပၚ လုပ္ရက္သမွ် ေသြးေအးရက္စက္ျခင္းမ်ားသာ။ ကိုယ့္ထက္ ၁၃ႏွစ္ေလာက္ငယ္တဲ့ကေလးတစ္ေယာက္ ကိုယ့္္ကို လွည့္ပတ္သမွ် ခံေနတယ္ဆိုတာ ကိုယ္ညံ့ဖ်င္းအားနည္းလြန္းလို႔မွ မဟုတ္ဘဲ။
Kim Taehyungက ေပးထားတဲ့အခြင့္အေရးကို ေကာင္းေကာင္းအသုံးခ်တတ္လြန္းပါ၏။
"ရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္။ တစ္စစီျဖစ္သြားရင္ ကိုယ္ျပန္ဆက္ေပးမယ္"
Audieက ေလပူတစ္ခ်က္မႈတ္ထုတ္ၿပီး ဟိုတယ္မန္ေနဂ်ာနဲ႔အတူ လွည့္ထြက္သြားသည္။ သူတို႔ျမင္ေနရတဲ့ျမင္ကြင္းက ႐ုပ္ရွင္ပိတ္ကားထက္က ပုံရိပ္ေတြထက္ ေၾကကြဲဖို႔ေကာင္းသည္။
အညၾတဆင္းရဲသားမဟုတ္ေသာ္လည္း သူေဌးမင္းဘဝမွာ အႀကီးမားဆုံးေသာ ဟာကြက္ႀကီးႏွင့္။
"ခင္ဗ်ားမွာ ပိုက္ဆံေတြေပါေနလည္း သေဘာပဲေလ"
မင္းကို ထပ္မေတြ႕ရမွာေလာက္ ကိုယ္ဘာကိုမွမေၾကာက္ဘူးဆိုတာ မင္းမွမသိဘဲ အသည္းရယ္။ ရွိသမွ်စည္းစိမ္ဥစၥာေတြ မင္းအေပၚ ပုံေအာၿပီး ဆြဲထားလို႔ရရင္ ကိုယ္ဆြဲထားမွာေပါ့။
"ဘယ္ေလာက္နဲ႔ ေရာင္းခဲ့တာလဲ။ ကိုယ့္ကို ခ်က္လက္မွတ္ျပ"
"ဒါကြၽန္ေတာ့္ပိုက္ဆံ"
"အင္းပါ.. အဲ့ခ်က္လက္မွတ္က မင္းအပိုင္ပါ။ ဒီထက္လိုတယ္ဆိုလည္း ကိုယ္ထုတ္ေပးမယ္"
"ဟင့္အင္း.. ခင္ဗ်ားလက္မွတ္ပါတဲ့ခ်က္လက္မွတ္ေတာ့ မလိုခ်င္ပါဘူး။ ဒီမွာ ေဒၚလာ၅သန္းတန္ခ်က္လက္မွတ္"
JungKook ထိုခ်က္လက္မွတ္ အလန္႔တၾကားယူလိုက္ၿပီး '၅' အေနာက္က သုညေတြကို ေရတြက္မိသည္။ သူပဲအျမင္မွားေနတာလား Taehyungကပဲ ညံ့လြန္းတာလား။ ဒါမွမဟုတ္ တမင္တကာပဲ ေဈးႏွိမ္ေရာင္းပစ္တာလား။ ေဈးႏွိမ္တယ္ဆိုရင္ေတာင္ သည္ေလာက္ႏွိမ္တာက မ်ားလြန္းအားႀကီးပါသည္။
"၅သန္း ဟုတ္လား။ မင္း တမင္ ဒီေဈးနဲ႔ေရာင္းလိုက္တာလား"
"ေပါက္ေပါက္ရွာရွာ။ ခင္ဗ်ားပစၥည္းအတြက္ ကြၽန္ေတာ္က အခ်ိန္ကုန္ခံခ်င္တဲ့သူမဟုတ္ဘူး။ ေပးတဲ့ေဈးနဲ႔ ေရာင္းလိုက္တာပဲ"
"ဒီလက္စြပ္က ၁၅သန္းေက်ာ္တန္ေၾကးေပးၿပီးဝယ္ထားရတာ။ မင္းၾကည့္လိုက္တာနဲ႔ တန္ေၾကးႀကီးမွန္း မသိဘူးလား"
သူ႔ကို လာေခၚတာလား၊ လက္စြပ္ဋီကာဖြဲ႕ေနတာလား မသဲကြဲေတာ့။ တန္ေၾကးကိစၥေတြေျပာၿပီး သူ႔ကို အျပစ္ဖို႔ေနတာလား။ ေတြ႕လား.. Jeon JungKookဆိုတဲ့လူက ေနာက္ဆုံးေတာ့ ေငြပဲအဓိကထားတဲ့လူ။
ေငြနဲ႔ယွဥ္ရင္ ဘယ္သူ႔ကိုမဆို ေနာက္ပို႔ပစ္ႏိုင္တဲ့လူ။
"သြားဝယ္မယ္ဆို သြားဝယ္ေလ။ ဆိုင္နာမည္သိေနၿပီပဲမဟုတ္လား"
"Audie.. သူ႔ကို ေစာင့္ၾကည့္ထား"
Audieဆိုတဲ့ သက္ေတာ္ေစာင့္ေလးက သူ႔ေဘးမွာ ေက်ာက္႐ုပ္တစ္႐ုပ္လိုရပ္ေနေတာ့ ေနရခက္လွသည္။ ရပ္႐ုံရပ္ေနတာထက္ သူ႔ကို မ်က္ေတာင္မခတ္စတမ္းႀကီး ၾကည့္ေနေတာ့ ဘယ္လိုလုပ္ၿပီး ေနတတ္မွာတဲ့လဲ။
"ငါ့ကို အဲ့လို လာစိုက္ၾကည့္မေနနဲ႔။ ထပ္ၿပီး ထြက္ေျပးလို႔လည္း ရေတာ့တာမဟုတ္ဘူး"
"သခင္ေလးက သူေဌးမင္းကို နားမလည္ဘူး"
"ဘာ.. ငါက နားလည္စရာလိုလို႔လား။ သူကေရာ ငါ့ကို နားလည္လို႔လား"
"ကြၽန္ေတာ္သိရသေလာက္ေတာ့ သခင္ေလးက သူေဌးမင္းမ်က္စိေအာက္မွာ ႀကီးျပင္းလာတဲ့လူပါ။ သခင္ေလးကို တစ္ခါေတာင္ ႐ိုက္ႏွက္ဖူးလို႔လား။ သခင္ေလးဆိုးသမွ်ေပသမွ် ခြင့္မလႊတ္တာရွိလို႔လား"
Taehyungသိသေလာက္ Jeon JungKookရဲ႕ သက္ေတာ္ေစာင့္ေတြက သိပ္ကိုစကားနည္းတယ္ဆိုပဲ။ သည္ေကာင္ေလးက် ဆန္႔က်င္ဘက္ပါလား။ စကားေျပာ႐ုံတင္မက သူ႔ကိုပါ ဆရာႀကီးလာလုပ္ေနေသး။
သည္ေကာင္ေလးၾကည့္ရတာလည္း သူနဲ႔ အသက္မတိမ္းမယိမ္း။
ကိုယ့္ထက္ငယ္ခ်င္ငယ္ေနဦးမည့္သူက ဆရာႀကီးလာလုပ္ေနေတာ့ Taehyung အနည္းငယ္ ခံျပင္းသြားသည္။
"မင္းသခင္က မင္းကို ဘာမွမသင္ထားဘူးလား။ ျပန္ခံေျပာရမယ္လို႔ပဲ သင္ထားတာလား"
"သူေဌးမင္းကေတာ့ ကြၽန္ေတာ္တို႔ကို သခင္ေလးရဲ႕ေခြးလုပ္ဆို လုပ္ခိုင္းမဲ့သူပါ။ ကြၽန္ေတာ္က သူေဌးမင္းျဖစ္ေနတာေတြကို မျမင္ရက္လြန္းလို႔သာ"
"ေနပါဦး.. သူက ဘာေတြျဖစ္ပ်က္ေနလို႔လဲ"
"သူေဌးမင္းက.."
Audie သူေဌးမင္း ေဆးကုသမႈခံေနရတဲ့အေၾကာင္း ေျပာျပလိုက္ခ်င္သည္။ သို႔ေသာ္ သူေဌးမင္းကိုယ္တိုင္က 'ငါဒီေဆးေတြေသာက္ရတာ မင္းသခင္ေလးမသိေစနဲ႔'ဟု အႀကိမ္ႀကိမ္မွာၾကားေလ့ရွိသည္ မဟုတ္ပါလား။ သူေဌးမင္းအတြက္ အခြင့္အေရးေလး ရလိုရျငား ေျပာပစ္လိုက္ခ်င္ေသာ္လည္း သူေဌးမင္းစကားကို မလြန္ဆန္ဝံ့သည့္အျပင္ စကားမတည္တဲ့ သက္ေတာ္ေစာင့္လည္း မျဖစ္လိုသည့္အတြက္ သူႏႈတ္ဆိတ္ေနလိုက္ရေတာ့သည္။
"မေျပာခ်င္ရင္လည္း မေျပာနဲ႔။ အစေဖာ္မိလို႔ သိခ်င္စရာေကာင္းသြားတဲ့အထဲ Jeon JungKookအေၾကာင္းမပါဘူး"
____
"ေန႔လယ္က ေရာင္းသြားတဲ့လက္စြပ္ ျပန္၀ယ္မယ္"
"ေရာင္းသြားတာေတြက အမ်ားႀကီးပဲ။ ဟိုမွာခင္းျပထားတယ္"
မွန္ကားေလးထဲ လက္စြပ္အျပင္ တျခားလက္၀တ္ရတနာေတြကိုပါ ေတြ႕ရသည္။ အၾကမ္းဖ်င္းရွာၾကည့္ၿပီးေနာက္ သူတို႔လက္ထပ္လက္စြပ္ေလးကို မေတြ႕ရ။ ေသခ်ာရွာသည့္တိုင္ အေျဖက မေျပာင္းသြား။
"မဟုတ္ေသးဘူး"
"ဘာမဟုတ္ေသးတာလဲ။ အဲ့တာ အကုန္ပဲ"
"ခင္ဗ်ားလိမ္ဖို႔ မႀကိဳးစားနဲ႔။ က်ဳပ္လိုခ်င္တာ ဒီလက္စြပ္ပုံစံ။ ဒီထက္စိန္ေသးၿပီး ျမအေရအတြက္မ်ားတာကလြဲရင္ တစ္ပုံစံတည္းပဲ"
"ဆိုင္မွားေနၿပီထင္တယ္ေနာ္"
ဆိုင္ရွင္လူႀကီး၏ အက်ႌေကာ္လာစကို ဆြဲလိုက္ေတာ့မွ ထိုလူက ျပာျပာသလဲ ေၾကာက္လန္႔ဟန္ျပသည္။ အစတည္းက ၾကမ္းၾကမ္းတမ္းတမ္းလုပ္လို႔ရရဲ႕သားနဲ႔ မလုပ္ဘဲ ထားထားတာ။ သည္လူဘက္ ငဲ့ေပးေနတာမဟုတ္၊ တစ္ခါေဒါသထြက္မိရင္ သူ႔စိတ္သူထိန္းမရလြန္းလို႔။
"ခင္ဗ်ားဆိုင္က ေပးလိုက္တဲ့ ခ်က္လက္မွတ္ကို က်ဳပ္ေတြ႕ထားၿပီးသား။ ဘယ္မွာလဲ အဲ့ဒီလက္စြပ္!"
"လြတ္..လြတ္ပါ။ ငါေပးပါမယ္"
ေသာ့ခတ္ထားေသာ အံဆြဲကို ဖြင့္လိုက္ၿပီး လက္စြပ္ေလးယူလာသည္။ ကံေကာင္းေထာက္မစြာပင္ Taehyungေျပာသလို တစ္စစီေတာ့ မျဖစ္ေသး။
"သန္း ၂၀ေပးမွ ေရာင္းမယ္"
"Taehyungဆီက ေဈးႏွိမ္၀ယ္ၿပီး အျမတ္တင္ေရာင္းဖို႔က ခင္ဗ်ားအႀကံအကုန္ပဲလား။ ခင္ဗ်ားေတာ္ေတာ္ လူအကဲမခတ္တတ္တာပဲ။ က်ဳပ္က သူ႔ရဲ႕လင္၊ ဒီလက္စြပ္ကို က်ဳပ္ကိုယ္တိုင္၀ယ္ေပးခဲ့တာ"
"လက္ထပ္လက္စြပ္ကို တန္ဖိုးထားတတ္ေအာင္ သူ႔ကိုအရင္သင္ေပးလိုက္ေပါ့။ ငါ့ကို အျပစ္တင္ေနလို႔ေတာ့ ဘာမွျဖစ္မလာဘူးေလ"
"ခင္ဗ်ားကို ေပးခ်င္ရင္ သန္း၂၀မကဘူး လက္ငင္းေပးႏိုင္တယ္။ ေစတနာမရွိလို႔ကို မေပးတာ"
"ဘာကြ! အခု လက္စြပ္က ငါ့လက္ထဲ.."
'ဒိုင္း!'
လက္ေမာင္းရင္းကို တည့္တည့္ပစ္လိုက္ေတာ့ ပါးစပ္ေပါက္လည္း ပိတ္သြားသလို လက္စြပ္ကလည္း လြတ္က်သြားသည္။ ေကာင္းေကာင္းမြန္မြန္၀ယ္ေနတာကို မေပးေတာ့လည္း က်ည္နဲ႔ လက္စြပ္ လဲလွယ္လိုက္႐ုံေပါ့။ ေသာက္ေရးမပါတဲ့ ဆိုဗီယက္ဘိုးေတာ္။
ဟန္မပ်က္ဟိုတယ္ကို ျပန္လာေပမဲ့ သူအေတာ္ ပင္ပန္းေနၿပီ။ လူဝီဗီးလ္မွာတုန္းကလည္း ညေကာင္းေကာင္း မအိပ္ခဲ့ရသလို ေတာက္ေလွ်ာက္ေလယာဥ္စီးလာေတာ့ ခရီးပန္းရေသးသည္။
ေမာ္စကိုေရာက္တာနဲ႔ သူ႔ခမ်ာ မနားရေသးဘဲ ရဲစခန္းတိုင္ရ၊ ရွိသမွ်ဟိုတယ္ တည္းခိုခန္း ဧည့္စာရင္းေတြစစ္ရ။ တကယ္ေတာ့ လမ္းေဘးတစ္ေနရာမွာ ေတြ႕ရမယ္ထင္ခဲ့တာ။ အ၀တ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ထြက္ေျပးသြားသူကို ၾကယ္ငါးပြင့္ဟိုတယ္မွာ ေတြ႕ရမယ္လို႔ ဘယ္သူက ထင္မွာတဲ့လဲ။
အေမာဆို႔ခ်င္စရာသတင္းကေတာ့ သည္ေနရာမွာေနဖို႔ Taehyungက လက္ထပ္လက္စြပ္ကို ေရာင္းလိုက္သတဲ့ေလ။
ကိုယ္အခ်ိန္ေပးၿပီး စီစဥ္ထားရတဲ့ လက္စြပ္ကို Taehyungျဖစ္ေနလို႔ကို လုပ္ရက္လြန္းပါသည္။
"ေရာက္လာၿပီလား သူေဌးမင္း"
ဝင္ဝင္ခ်င္း ဂါရဝျပဳႏႈတ္ဆက္တဲ့ Audie.
Taehyungကေတာ့ ေမြ႕ရာအထူႀကီးေပၚ ငုတ္တုတ္ထိုင္ေနဆဲ။ မ်က္ႏွာထားက မသာမယာ။ ဘယ္ေတာ့မွ သာသာယာယာ႐ႊင္႐ႊင္ပ်ပ်ရယ္လို႔လည္း မျမင္ဖူးခဲ့ပါ။ သည္မသာမယာေလးကိုပဲ သူ႔မွာ အခ်စ္ပိုရျပန္သည္ေလ။
"ခင္ဗ်ား ေသနတ္က ဘာလုပ္တာလဲ"
သူေသနတ္ကို အိတ္ထဲျပန္ထည့္ဖို႔ ေမ့သြားတာ။ အကင္းပါးသည့္ Kim Taehyungက ခ်က္ခ်င္းတန္းျမင္သည္။
JungKookက စိတၱဇတစ္ေယာက္လို ၿပဳံးလိုက္ၿပီး Taehyungေရွ႕မွာ ဒူးေထာက္ခ်သည္။ လက္စြပ္ေလးကို ထုတ္ၿပီး ျပန္စြပ္ေပးေသာ္လည္း အလိုမက်ဟန္မ်က္ႏွာထားေလးသာ ျပန္ရပါ၏။
"ေသြး.. ေသြးေတြမလား! Jeon JungKook ခင္ဗ်ား ဘာေတြျဖစ္ခဲ့တာလဲ! ခင္ဗ်ားအက်ႌမွာေရာ ေသြးေတြ မဟုတ္လား"
သူ႔လက္ေပၚ ျပန္ေရာက္လာေသာ လက္စြပ္မွာ ေသြးစက္အနည္းငယ္ ေပက်ံလ်က္။ ေသြးမ်ားအိုင္က်န္ေနသည္အထိ မဟုတ္ေသာ္ျငား ရွပ္အက်ႌအထိ လြင့္စဥ္လာသည္ထင္ရေသာ ေသြးစေသြးနေတြကလည္း ေသခ်ာၾကည့္ေလ ျမင္ရေလ။
"ခင္..ခင္ဗ်ား ဆိုင္မွာ ဘာေတြျဖစ္ခဲ့လို႔လဲ။ လူသတ္ခဲ့တာလား"
"ကိုယ္အဲ့ေလာက္ေတာ့ စိတ္ထိန္းႏိုင္ပါတယ္ကြာ။ လက္ေမာင္းဆစ္ေလး ျပဳတ္သြား႐ုံပါပဲ"
Taehyungမွာ 'ဘုရားေရ'ဟူ၍သာ ေရ႐ြတ္ႏိုင္ေတာ့သည္။ Jeon JungKookက ဘာလို႔ သည္ေလာက္ထိ ေသြးသားခံစားခ်က္မရွိရတာလဲ.. သူေတာ့ နားမလည္ႏိုင္။
အလြယ္ေလး လူသတ္ႏိုင္ၿပီး အလြယ္ေလး မ်က္ရည္က်ႏိုင္သူတစ္ေယာက္ကို သူဘယ္လိုမ်ား လက္ခံေပးရမွာလဲ။
"ရပ္ၾကည့္မေနနဲ႔ Audie. သြားလို႔ရၿပီ"
သူ႔သခင္အမိန္႔ေပးမွ Audieဆိုတဲ့ေကာင္ေလးက ထြက္သြားသည္။ တံခါးပိတ္သံအၾကားမွာ သည္အခန္းထဲ သူနဲ႔ Jeon JungKook ႏွစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့သည္။
"ခင္ဗ်ားေရာ ဘယ္ေနရာထိသြားေသးလဲ"
"ကိုယ့္ကို စိတ္ပူတာလား"
"ေဝးေသးတယ္။ ေသဖို႔မ်ား ေျခတစ္လွမ္းနီးသြားမလားလို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ေမးတာ"
"မင္းဘယ္လိုေမးေမး ကိုယ့္အေၾကာင္းေတြးျဖစ္တယ္ဆိုတာ သိရလို႔ ဝမ္းသာတယ္"
JungKookက ႐ုတ္တရက္ သူ႔ပခုံးကို ေမးတင္လာသည္။ သူ႔ကို တင္းတင္းက်ပ္က်ပ္ဖက္ထားၿပီး သူ႔လည္တိုင္ေပၚမွာ ဖိကပ္နမ္းရႈိက္ေနလ်က္။
မသိရင္ ေၾကာင္ေပါက္ေလးလို ျပဳမူေနတာ။ တကယ္တမ္းက် Jeon JungKookက ေတာဘုရင္ျခေသၤ့လိုလူမ်ိဳးမဟုတ္ပါလား။
"ဖယ္ေတာ့။ ကိုယ့္အခန္းကိုယ္ျပန္"
"ဒီအခန္းပဲေလ။ ဒီေလာက္အခန္းက်ယ္ႀကီးကို မင္းတစ္ေယာက္တည္းေတာ့ ေမာင္ပိုင္မစီးခ်င္စမ္းပါနဲ႔ ကိုယ့္အသည္းရယ္.."
ေျပာရင္လည္း မရႏိုင္မည့္အတူတူေတာ့ Taehyung ႏႈတ္ဆိတ္လို႔သာ ေနလိုက္ေတာ့သည္။ Jeon JungKookကို မရွိသူလို သေဘာထားၿပီး သူလုပ္စရာရွိတာေတြ ဆက္လုပ္ေနလိုက္သည္။ ခက္လွသည္က သူ႔မွာ လုပ္စရာတိတိပပ မရွိျခင္းပင္။
"မအိပ္ေသးဘူးလား ကိုယ့္အသည္း။ ခါတိုင္း အေစာႀကီးအိပ္တတ္တာမဟုတ္လား"
"ခင္ဗ်ားက ကုတင္ေပၚ အဲ့လိုေနေနမွေတာ့ ကြၽန္ေတာ္ ဆိုဖာေပၚအိပ္တာပဲ ပိုေကာင္းဦးမယ္"
"အဲ့လိုမလုပ္ပါနဲ႔။ မင္းသက္ေတာင့္သက္သာအိပ္ပါ။ ကိုယ္ပဲဆိုဖာေပၚေ႐ႊ႕အိပ္ပါ့မယ္"
Taehyung တစ္စုံတစ္ခုကို သတိရသြားသည္။ သူတို႔မဂၤလာမေဆာင္ခင္က သူ႔အခန္းက လႈပ္ကုလားထိုင္ႀကီးမွာ တစ္ညလုံးထိုင္ၿပီး မအိပ္ဘဲေနတဲ့လူကိုေပါ့။
သည္လူဘယ္လိုေနႏိုင္တာပါလိမ့္။ တစ္ညလုံးမအိပ္တဲ့လူတစ္ေယာက္က မိုးလင္းတာနဲ႔ လုပ္ငန္းခြင္ကို ေစာစီးတက္ႂကြစြာ ဝင္ႏိုင္သတဲ့လား။
"တစ္ညလုံး မအိပ္ဘဲ ငုတ္တုတ္ထိုင္ေနမယ္ဆို ပိုၿပီးစိတ္အေႏွာင့္အယွက္ျဖစ္ရလိမ့္မယ္။ ကြၽန္ေတာ္နဲ႔ပဲ အိပ္ေတာ့"
ခ်ိဳခ်ိဳသာသာေျပာတဲ့စကားမဟုတ္သည့္တိုင္ JungKookကို ၿပဳံးေအာင္လုပ္ႏိုင္သည္။
Taehyung နဲ႔ ယွဥ္လ်က္ အိပ္ရေတာ့ Taehyungရဲ႕ ကိုယ္သင္းရနံ႔ေလးကအစ သူ႔ႏွာဖ်ားဝမွာ ေဝ့သီလို႔။ သူ႔ကို ေက်ာေပးထားသူကို အေနာက္ကေန ေပြ႕ဖက္ထားမိသည္။ ၾကည္ျဖဴမွာမဟုတ္ေသာ္ျငား မ႐ုန္းကန္သည့္အတြက္ပင္ ရွာႀကံေက်းဇူးတင္မိပါ၏။
သူသည္ညေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ႏိုင္ေလာက္သည္။ သို႔ေသာ္ သည္လိုညက အိပ္ပစ္ဖို႔ရာပင္ ႏွေျမာစရာေကာင္းမေနဘူးလား။
ကိုယ့္အနားမွာ ခ်စ္ရသူတစ္ေယာက္လုံးရွိေနတာကို တစ္ညလုံးတသသခံစားရင္း ၾကည္ႏူးေနသင့္တာ။
က်န္းမာေရးအေျခအေနအရ သူအိပ္မွ ျဖစ္မည္။
သိပ္ႏွေျမာစရာေကာင္းတာပဲ အစားထိုးမရတဲ့ ညေလးရယ္။
"ေကာင္းေသာညျဖစ္ပါေစ ကိုယ့္အသည္း.."
လည္တိုင္ကို ဖြဖြနမ္းၿပီး ႏႈတ္ဆက္လိုက္သည္။
နမ္းခြင့္ရတာကပင္ ကံတရားက သူ႔ကို မ်က္ႏွာသား ေပးလြန္းေနပါၿပီ..။
ဤညေတာ့ သူ႔ကို ေခ်ာ့သိပ္ေပးမည့္ ေမာ္စကိုညပါပင္။
____
Taehyung အိပ္ရာႏိုးလာသည့္တိုင္ Jeon JungKookက အိပ္ေမာက်ေနဆဲ။ မအိပ္ဖူးတဲ့လူတစ္ေယာက္လို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္ေနသည့္အတြက္ ဖက္ထားတဲ့လက္ေတြၾကားက ႐ုန္းထြက္ရမည္ကပင္ စိုးထိတ္ခ်င္စရာ။
ဘာရယ္ေၾကာင့္မွန္း မသိ၊ Jeon JungKook အိပ္ေမာက်ေနသည္ကို သူမေႏွာင့္ယွက္လို၊ မဖ်က္ဆီးလို။ သည္လူနဲ႔ စကားမေျပာခ်င္ အဆက္အဆံမလုပ္ခ်င္တာေၾကာင့္ပဲ ျဖစ္ပါလိမ့္မည္။
တျခားအေၾကာင္းေၾကာင့္ ေစတနာေတြေပါက္ဖြားလာတယ္ဆိုတာမ်ိဳးက သူ႔အတြက္ေတာ့ ဟာသသက္သက္။
သူ႔မ်က္ႏွာႏွင့္ စင္တီမီတာ အနည္းငယ္အကြာမွာ Jeon JungKook၏ ရင္အုပ္ေတာင့္ေတာင့္တင္းတင္းကို ျမင္ေနရၿပီး မသိမသာေမာ့လိုက္လွ်င္ ေမး႐ိုးထင္းထင္းကို သူ႔ႏွာဖ်ားႏွင့္ ထိမိမတတ္ နီးကပ္လြန္းလွပါသည္။
"ေဟ့လူ... ထေတာ့!"
ဘာစိတ္ကူးနဲ႔ ႏႈိးလိုက္မိမွန္း သူ႔ဟာသူပင္မသိလိုက္။ နီးကပ္ေႏြးေထြးလြန္းေသာ ခံစားခ်က္ေၾကာင့္ လုပ္မိလုပ္ရာ လုပ္လိုက္မိေတာ့တာ။
"မဂၤလာနံနက္ခင္းပါ ကိုယ့္အသည္း"
"ခင္ဗ်ားကို ျမင္ရတည္းက မဂၤလာက ျပတ္လပ္ေနတာ"
"စကားသိပ္တတ္တာပဲ"
မေကာင္းေျပာေနတာကို ခ်ီးက်ဴးသြားတာလား။ ႐ူးခ်က္က ကမ္းကုန္လြန္းသည္။
သူ႔မွာလည္း တစ္ေယာက္တည္း ေမာ္စကိုမွာလည္ပတ္ဦးမည္၊ Antonနဲ႔ ေတြ႕ပါဦးမည္ဆိုကာမွ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ႏိုင္လြန္းခ်ည့္။ Jeon JungKookရွိေနမွေတာ့ Antonကိုလည္း သြားေတြ႕လို႔ရမွာ မဟုတ္ေတာ့။ မေန႔က ျမင္းစီးကလပ္ဧည့္ႀကိဳေလးကေရာ Antonကို သူ႔အေၾကာင္း ေျပာထားပါ့မလား။
"ဘာေတြေတြးေနတာလဲ။ မနက္စာက အရသာမရွိလို႔လား"
ထိုအခါမွ သူမနက္စာစားတာကို ငုတ္တုတ္ထိုင္ၾကည့္ေနေသာ JungKookကို သတိထားမိသည္။ လက္ဆုံမစားခ်င္ေသာ ကိုယ့္အတြက္ ငုတ္တုတ္ထိုင္ေစာင့္႐ုံေစာင့္ေနတာပါဆိုလား။
နားလည္ရ ခက္ေနဆဲပါပင္။
"ကြၽန္ေတာ္ Antonဆိုတဲ့သူငယ္ခ်င္းနဲ႔ သြားေတြ႕ခ်င္တယ္။ ခင္ဗ်ားသိမွာပါ.. ျမင္းစီးၿပိဳင္ပြဲမွာ ေငြတံဆိပ္ဆုရသြားတဲ့ ဆိုဗီယက္ကစားသမား"
JungKook ႐ုတ္တရက္ဆိုသလို မ်က္ႏွာပ်က္သြားသည္။ သူဘယ္လိုမွ ခြင့္မျပဳခ်င္သည္ကိစၥ။ သူ Antonကို သတ္မိဖို႔ေတာင္ လက္တစ္ကမ္းသာ လိုခဲ့သည္။ Antonနဲ႔သာ Taehyungေတြ႕ျဖစ္ရင္ ဒါကို သိသြားမွာ။ အဲ့အခ်ိန္က် သူ႔ကို မုန္းၿပီးရင္း မုန္းေတာ့မွာပဲ..။
"ခြင့္ေတာင္းေနတာမဟုတ္ဘူး။ အသိေပးေနတာ။ ခင္ဗ်ားခြင့္ျပဳျပဳမျပဳျပဳသြားေတြ႕မွာပဲ"
"သူငယ္ခ်င္းေသခ်ာလား"
"ကြၽန္ေတာ့္ကိစၥ"
"အင္း.. ကိုယ္လိုက္ပို႔ေပးမယ္။ ႐ုရွားစကားလည္းမတတ္ဘဲ ေမာ္စကိုၿမိဳ႕ထဲေလွ်ာက္သြားေနလို႔ ေကာင္းတာမဟုတ္ဘူး"
Jeon JungKookက စကားတည္ပါသည္။ သူငွားထားသည့္ ဇိမ္ခံကားျဖင့္ Anton၏ ျမင္းကလပ္ကို ကိုယ္တိုင္ကိုယ္က် လိုက္ပို႔ေပးသည္။
အားမနာသလို ခ်ီးက်ဴးျခင္းလည္းမျပဳ။ သူက ေသြးေအးတယ္ဆိုတာ Jeon JungKook တစ္ေယာက္တည္း အတြက္ပဲ။
"ခင္ဗ်ားလိုက္မလာနဲ႔"
Taehyung သြားေတာ့လည္း သူေနခဲ့ရၿပီး ျပန္လာလွ်င္လည္း အသင့္ျဖစ္ဖို႔ ေစာင့္ေနရျပန္သည္။
ျမင္းကလပ္ထဲဝင္သြားတဲ့ အလည္အပတ္ခရီးစဥ္ေလးတစ္ခုစာကို ဆိုလိုျခင္းမဟုတ္။
သူတို႔ႏွစ္ေယာက္ၾကား အၿမဲမွန္ေနေသာ ဥပေဒသတစ္ခုကို ရည္႐ြယ္ျခင္းျဖစ္သည္။
အေရွ႕အရပ္ကေနလုံးႀကီး သူ႔ကားေခါင္မိုးအေပၚတည့္တည့္ ေရာက္သြားခ်ိန္အထိ သူက ထားခံရသည့္ေနရာမွာပါပင္။ သည္အခ်ိန္ပိုင္းအတြင္းမွာ သူ႔ကိုယ္သူ အသက္ရႉမိရဲ႕လားေတာင္ မေသခ်ာပါ။ ဘယ္အခ်ိန္ျပန္လာမလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔သာ ထိုင္ေစာင့္ေနမိတာ..။
ေတာ္ေတာ္အၾကာမွာ Taehyung ျပန္ထြက္လာၿပီး သူ႔ကားထဲ ဝင္ထိုင္သည္။
ထို႔ေနာက္ သူ႔ကို လက္ရွိေနရာမွာပင္ ပြဲခ်င္းၿပီးသြားေစႏိုင္ေသာ စကားကို မ်က္ႏွာတည္တည္ျဖင့္ ဆိုလာသည္။
"ကြၽန္ေတာ္ Antonကို လက္ထပ္မယ္"
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜