𝒀𝐞𝐬 𝒕𝐨 𝑯𝐞𝐚𝐯𝐞𝐧

Von AureumV

128K 16.8K 2.5K

Cold war? Funny how it cannot be as cold as your feeling to me. Knowing that you're by my side, you're hella... Mehr

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 7

2.8K 456 55
Von AureumV

Unicode~

"ကျွန်​တော် စကား​ပြောမှားသွားတယ်ထင်တယ်"

"စကား​ပြောတာ.. ဟုတ်လား။ မဟုတ်​သေးဘူး.. မင်းဒီကို ​ရောက်လာတာကိုက အမှား!"

"သူ​​ဌေးမင်း ဘာ​တွေ​ပြော​နေတာလဲ"

"မင်းက Taehyungနဲ့ ​တွေ့ကို မ​တွေ့သင့်တဲ့လူ"

Anton ​ခြေတစ်လှမ်းချင်းစီ ​နောက်ဆုတ်သွားသည်။ ဘယ်​လောက်ပဲ ​ဖော်​ဖော်​ရွေ​ရွေ​နေတတ်ပြီး အ​ကြောက်အလန့်မရှိသူဆိုပါ​​စေ၊ ကိုယ့်နဖူးထိပ်မှာ ​​သေနတ်​ပြောင်းဝ​ရောက်​နေသည်ဆိုလျှင်​တော့ ​ကြောက်တတ်တာပါပဲ။ ​မောင်းခလုတ်ကို နှိပ်လိုက်ရုံဖြင့် ဦး​​နှောက်တစ်ခုလုံး ပွင့်ထွက်ပြီး​ ​ပွဲချင်းပြီးသွားနိုင်သည့်အချိန်မှာ ​နောက်​နောက်​ပြောင်​ပြောင် တုံ့ပြန်နိုင်ဖို့ဆိုတာ ​ဝေးစွ။

"မင်း​ကြောင့် Taehyungက ငါ့ကို ထားသွားတာ။ အကုန်မင်း​ကြောင့်! မင်းကို သတ်ရမှ ငါ​ကျေနပ်မယ်"

​သေနတ်က ပြုတ်ကျသွားသည်။ ပစ်ချလိုက်တာ ဒါမှမဟုတ် လွတ်ကျသွားတာ။ ဘယ်လိုပဲဖြစ်ပါ​စေ သူ့လည်ပင်း​ပေါ် တင်းကျပ်​သော အထိအ​တွေ့ ဝင်လာတာ​တော့ ဧကန်ပင်။ လည်ပင်းညစ်ခံထားရသည်က ဤမျှ မွှန်းကြပ်ဖွယ်​ကောင်းသတဲ့လား။
ဘယ်လိုရုန်းရုန်း ​ကြမ်းပြင်နှင့် ​ခြေဖျား လွတ်သွားသည်ကလွဲရင် ဘာမှ ထူးခြားမလာ။

အသွားမ​တော် တစ်လှမ်းဆိုတာ ဒါမျိုးဖြစ်လိမ့်မည်။ Taehyungဆီလာရင်း သူ​ဌေးမင်းJeonကို ​တွေ့ရဖို့ပါ ​မျှော်လင့်ခဲ့တာ မှန်​​သော်လည်း အခု​တော့ သူ့အသက်မ​သေရုံသာ။ သူ​ဌေးမင်းက စိတ္တဇပါလား။

"ချမ်းသာ​ပေးပါ။ ကျွန်..ကျွန်​တော် ​နောက်မလာ​တော့ပါဘူး"

"သူ​ဌေးမင်း!"

ဝရုန်းသုန်းကားဝင်လာ​သော သက်​တော်​စောင့်​ကောင်​လေးတစ်​ယောက်။ ထိုအချိန်မှ Antonကို လည်ပင်းညစ်ထားရာမှ လွတ်ချ​ပေးမိ​တော့သည်။ သူတကယ် စိတ်လွတ်သွားတာ။ လူသတ်​မိတော့မလို့တဲ့လား။
သူ့စိတ်သူမထိန်းနိုင်သည့်အတွက် သူ့ကိုယ်သူ အမြဲစိတ်ပျက်ရသည်။
သည်တစ်ခါ စိတ်မထိန်းနိုင်လျှင် သူ့ကိုယ်သူသာမက Taehyungကပါ စိတ်ပျက်လိမ့်မည်။
အ​တွေးနဲ့တင် ​ကြောက်ဖို့​ကောင်းလိုက်တာ..။

"သတိထားပါဦး သူ​ဌေးမင်း။ ကျွန်​တော် ​ဆေးယူ​ပေးမယ်"

​​ရောင်စုံ​ဆေးလုံး​တွေက အမြင်လှ​သ​လောက် အရသာခါးသည်။ ​ရေနဲ့​မျှောချလိုက်ပြီး​နောက် အသက်ရှူမမှန်မှန်​​အောင် ထိန်းညှိ​နေရလျက်။
ထိုအချိန်မှ သူ့စိတ်က ငြိမ်သက်စပြုလာ၏။

"မင်းသွား​တော့.. ငါ​​နောက်တစ်ကြိမ် သတ်ချင်စိတ်မ​ပေါက်လာခင်"

Antonက ဖ​နောင့်နှင့်တင်ပါးတစ်သားတည်းကျ​​အောင် ​​ပြေး​တော့သည်။ ​နောက်တစ်ခါများ သည်အိမ်ကို တစ်​ယောက်တည်း​​ယောင်လို့ပင် ​ခြေဦးလှည့်မှာ မဟုတ်​တော့။
ပထမတစ်ခါမှာ ကံ​ကောင်းလို့ အသက်​ဘေးက လွတ်တယ်ဆို​သော်လည်း ​နောက်တစ်ခါမှာ​တော့ လွတ်ချင်​မှ လွတ်​တော့မည်။

သူ​ဌေးမင်းJeonက ပုံမှန်လူနဲ့ နည်းနည်းမှမတူတာပဲ။

သူ​သောက်​နေတဲ့ ​ဆေး​တွေက​ရော.. ဘာ​တွေလဲ။

"အဆင်​ပြေရဲ့လား သူ​ဌေးမင်း"

"​ပြေတယ်။ ငါ့ကို ​ရေ​နောက်တစ်ခွက်​လောက်ယူ​လာ​ပေး Audie"

Audieက သက်​တော်​စောင့်များ အနက်မှ သူ့အနား အ​နေအများဆုံး သက်​တော်​စောင့်။ ​သေနတ်လက်​ဖြောင့်သမားတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာအဆင့်မြင့်လွန်းလို့ ငယ်ငယ်ရွယ်ရွယ်နှင့် အနီးကပ်သက်​တော်​စောင့်ဖြစ်လာခြင်း။
Audieက Taehyungထက်​တောင် တစ်နှစ်​ကျော်ခန့် ငယ်​သေးသည်။

"သူ​ဌေးမင်း အဲ့သည်​ဆေး​တွေ ဆက်တိုက်​သောက်​နေရတာ ​ကောင်းတဲ့အ​ခြေအ​နေမဟုတ်ဘူးလို့ ဆရာဝန်က ​ပြောတယ်"

"ငါသိသားပဲ"

"​ဆေး​တွေက ​ဘေးထွက်ဆိုးကျိုးများလွန်းပြီး ​ဆေးမတိုးတာမျိုးဖြစ်တတ်တယ်တဲ့"

"ငါသိတယ်လို့ ​ပြောပြီးပြီ​လေ"

Audieစိတ်ပူတာကို နားလည်​ပေမဲ့ သူဘာတတ်နိုင်မှာလဲ။ သည်​ဆေး​တွေမှ မ​သောက်ရင် အရူးလုံးလုံးဖြစ်သွားနိုင်တာကို သည်အတိုင်းထိုင်​စောင့်​နေရမှာလား။
နဂိုက​တောင် Taehyung​လေးက သူ့ကို မုန်း​နေရှာတာ။ သူသာ ရူးသွားရင် သူ့ဆီပြန်လာ​တော့မှာ မဟုတ်ဘူး​လေ။

"ငါနား​တော့မယ် Audie.. ဧည်သည်​တွေလာရင် မရှိဘူးလို့​ဖြေလိုက်၊ သတင်း​ထောက်​တွေလာရင်လည်း ​မောင်းထုတ်လိုက်"

Audie ဘာမှ မတတ်နိုင်စွာ ထွက်သွားရသည်။ သူ​ဌေးမင်းကို ထိန်းချုပ်နိုင်မည့်သူက သခင်​လေး Kim Taehyung တစ်​ယောက်တည်း။
သူတို့နှစ်​ယောက်ကြားက ဇာတ်လမ်းကို ​ရေ​ရေရာရာမသိ​သော်လည်း သူ့အမြင်မှာ​တော့ သခင်​လေးက ​သွေး​အေး​ရက်စက်​နေတာချည်း။

စိတ်ငြိမ်​ဆေးကို ​သောက်သင့်တဲ့ ပမာဏထက်​ ကျော်လွန်​၍ ​သောက်သုံးပါမှ စိတ်ငြိမ်တာဖြစ်သည့်အတွက် သူ​ဌေးမင်း၏ မိသားစုဆရာဝန်က ထိုအ​ခြေအ​နေကို သိပ်ပြီးသ​ဘောမကျလှ​ချေ။
အနီးစပ်ဆုံးသက်​တော်​စောင့်ဖြစ်​သော သူက​​နေတစ်ဆင့် မှာကြား​သော်လည်း သူဘာတတ်နိုင်မှာလဲ။

သူ့အစား သခင်​လေးKim Taehyungကသာ သည်ကိစ္စကို တာဝန်ယူ​ပေးသင့်တာ မဟုတ်ပါလား။
____

"Taehyung.. မသွားပါနဲ့ ဟင့်အင်း.. Taehyung!"

​ချွေးတပြိုက်ပြိုက်ကျပြီး သူနိုးလာချိန်မှာ သူ့အခန်းက လုံးဝအ​မှောင်အတိ။ အိပ်မက်ထဲမှာ​တောင် သူကချစ်ကံမ​ကောင်း​နေ။ လက်​တွေ့ဘဝမှာ ချစ်ရသူက လက်ထပ်ပွဲမှာ ထားခဲ့သည့်နည်းတူ အိပ်မက်ထဲမှာလည်း ကျန်ရစ်သူဖြစ်ရပြန်ပြီတဲ့​လေ။
​နောက်စရာမဟုတ်.. ဒါက ရင်နာစရာအတိ။

မီးအိမ်ကမီးကို ဖွင့်ပြီး တိုင်ကပ်နာရီကို ကြည့်​တော့ မနက် ၅နာရီ။ သူမှတ်မိသ​လောက် သူအရုဏ်တက်ချိန်အထိ ကုလားထိုင်​ပေါ် ထိုင်​နေခဲ့တာ။ သူအိပ်တာ ၂နာရီ​တောင် မကြာ​သေးတဲ့သ​ဘော။ သည်လိုသာ အိပ်​ရေးပျက်​နေမယ်ဆိုရင် သူ့ကျန်းမာ​ရေးအတွက် မ​ကောင်းလှ​ချေ။
အိပ်​ရေးပျက်တာရယ်၊ ရှုပ်​ထွေး​ပွေလီလှ​သော စီးပွား​​ရေးလုပ်ငန်း​တွေရယ် ​ပေါင်းလိုက်ပါက သူ့ကို မ​သေ​​သေ​အောင်၊ မရူးရူး​အောင် ညှဥ်းပန်း​​နေသည့်နှယ်။

'​ဒေါက် ​ဒေါက်!'

"ဘယ်သူလဲ"

"ကျွန်​တော်ပါ"

​ယောကျ်ားတစ်​ယောက်အသံဆို​တော့ သက်​တော်​စောင့်​တွေထဲက ဖြစ်ရမည်။ ဝင်လာသူကို ကြည့်​တော့ Audie. Audieအသံကို​တောင် သူဘာလို့ မမှတ်မိနိုင်ရတာပါလိမ့်။

"ဘာကိစ္စရှိလို့လဲ"

"သခင်​လေးသွားနိုင်​ခြေအရှိဆုံးခရီးစဥ်​တွေထဲက ​မော်စကိုပါ။ ကျွန်​တော် ခုန​နေ​လေယာဥ်နဲ့ လိုက်သွားလိုက်ပါ့မယ်"

"​နေဦး.. ငါကိုယ်တိုင်လိုက်မယ်"

"မဖြစ်ဘူး သူ​ဌေးမင်း။ မ​နေ့က သူ​ဌေးမင်း​ဆေး​သောက်တာများသွား​တော့ ဆရာဝန်ကို အ​ကြောင်းကြားထားတယ်။ သူ​ဒီ​နေ့ လာလိမ့်မယ်.. သူ​ဌေးမင်းကိုလည်း အလုပ်ကိစ္စ​တွေမလုပ်ဘဲ အနားယူဖို့​ပြောထားတယ်"

"မင်း လျှာရှည်လှချည်လား Audie! မရဘူး ငါသွားမယ်။ သူ​မော်စကိုမှာ ရှိ​​​နေတာ ငါသွား​ခေါ်မှ ဖြစ်မယ်"

ခရီး​​ဆောင်အိတ်ထဲ ရှိသမျှအဝတ်​တွေ ​ကောက်ထည့်ပါတဲ့ Jeon JungKook. အိပ်ရာထစဖြစ်၍ ဆံပင်များက ရှုပ်ရှုပ်​​ထွေး​ထွေး။ အင်္ကျီက ကြယ်သီးအပြည့်အစုံ မတပ်ထား။
အမြဲလိုလို သပ်ရပ်​ကြော့​မော့​နေ​သော သူ​ဌေးမင်းက သည်လူပါဆိုတာ ယုံချင်စရာတစ်ကွက်မှ မရှိ။

"Taehyung.. ကိုယ့်Taehyung..ကိုယ့်အသည်း​ရေ.."

သူ့နှုတ်ဖျားက ဂါထာတစ်ပုဒ်လို တတွတ်တွတ်ရွတ်ဆို​နေမိတဲ့ နာမည်ရယ်။ Taehyungကိုမှ ပြန်မ​တွေ့ရရင် သူအရူး​ထောင် ​ရောက်ရ​တော့မည်။
____

ဆိုဗီယက်ပြည်​ထောင်စု၊ ​မော်စကိုမြို့​တော်။

​ရောက်လိုရာ​ရောက်ဆိုပြီး ထွက်​ပြေးလာခဲ့လိုက်တာ၊ ကြားဖူးရုံသာ ကြားဖူးပြီး တစ်ခါမှမ​ရောက်ဖူးတဲ့ နိုင်ငံအထိ။ ထို့အပြင် ထို​နိုင်ငံ၏ မြို့​တော်​မော်စကိုအထိ။

ဆိုဗီယက်​တွေက လှုပ်လှုပ်ရှားရှား သွားလာ​နေကြသည်။ သူတစ်​ယောက်တည်း ဆိုဗီယက်​တွေကြား ​ယောင်ချာချာ။ ရုရှားဘာသာစကားကိုလည်း တစ်လုံးတစ်ပါဒမျှ နားမလည်၊ မတတ်ကျွမ်း။ ဘယ်လိုသတ္တိနဲ့များ သူသည်အထိ ​ပြေးလာတာပါလိမ့်။

Jeon JungKookဆီက ထွက်​ပြေးချင်စိတ်နဲ့ လုပ်ချင်ရာ​တွေ လုပ်ပစ်လိုက်တာ။ တခြားနိုင်ငံထိ ​ပြေးနိုင်ရင် လိုက်မရှာ​လောက်​တော့ဘူးလို့ ထင်မိတာ​ကြောင့်လား။ ဒါဆိုရင်​တော့ မင်း​တော်​တော်တုံးတာပဲ Kim Taehyung.
တခြားနိုင်ငံမကလို့ တခြားဂြိုဟ်အထိ ​ထွက်​ပြေးရင်​တောင် အာကာသယာဥ် စင်းလုံးငှားပြီး လိုက်ခဲ့မည့်သူက Jeon JungKookပဲ​​​လေ..။

"ဒီမှာ ဒီမှာ"

​ခေါ်မိတဲ့လူကလည်း ကံဆိုးစွာပင် အင်္ဂလိပ်စကားလုံးဝနားမလည်သည့် ဆိုဗီယက်အဘွားကြီး။ Kim Taehyungတို့က ကံဆိုးချင်ရင် ဆက်တိုက်။ ​ခေါ်သာ​ခေါ်ပြီး ဘာ​ပြောရမှန်းမသိ​တော့ ဟီးခနဲသာ ရယ်ပြလိုက်​တော့သည်။

ထိုအဘွားက သူ့ကို ဘုကြည့်ကြည့်ပြီး ပါးစပ်ကလည်း တစ်ခုခု​ပြောသွား​သေးသည်။ ဘာ​​ပြောသွားလဲဆိုတာကို​တော့ သူနားမလည်လိုက်။

အဲ့လိုနဲ့ သူဟာ ​မော်စကိုမြို့​တော်မှာ တစ်လမ်းဝင်တစ်လမ်းထွက် ဟို​မေးစမ်းသည်​မေးစမ်းရင်း သူ့အတွက် တစ်ခုတည်း​သော အကူအညီရနိုင်မည့်​နေရာကို ​ရောက်လာခဲ့သည်။

"ဒါ မြင်းစီးချန်ပီယံ Antonရဲ့ မြင်းကလပ်ဟုတ်ပါရဲ့​နော်"

"ဟုတ်ပါတယ်။ သခင်​လေးAntonက​တော့ ဒီ​နေ့ည​နေပိုင်း​လောက်မှ ​​​မော်စကိုကို ​ရောက်ပါလိမ့်မယ်"

"ဪ..သူလူဝီဗီးလ်မှာ ရှိ​နေတုန်းလား"

"ဟုတ်ပါတယ်"

"ကျွန်​တော်က သူ့မိတ်​ဆွေပါ။ မယုံရင် သူလာရင်လည်း ​မေးကြည့်လို့ရပါတယ်။ အဲ့တာ ကျွန်​တော့်ကို ဒီမှာ တည်းခိုခွင့်​ပေးနိုင်မလား"

ဧည့်ကြို​ကောင်​လေးက သူ့ကို မယုံသလို ကြည့်လာသည်။ သူ့ပုံစံက အ၀တ်တစ်ထည်ကိုယ်တစ်ခုနှင့် ​ရောက်လာသူမှန်း သိသာလှသည်။ မ​နေ့မနက်တည်းက ၀တ်ထား​သော သတို့သားဝတ်စုံကြီးနှင့် မအပ်မစပ် ​မော်စကိုမြို့​တော်မှာ သွားလာ​နေလိုက်ပုံများ ရှယ်ဖွယ်အတိ။
သည်လိုလူကို Antonသူငယ်ချင်းလို့ မယုံနိုင်တာ အဆန်းမဟုတ်​။

"​ကောင်းပြီ​လေ။ သခင်​လေးက ည​နေဘက်​ရောက်မှာဆို​တော့ မ​ရောက်လာခင်အထိ ဟိုခုံတန်းမှာ ထိုင်​စောင့်လို့ရတယ်"

ဧည့်ကြို​ကော်တာ​ထောင့်​လေးမှာ ကုတ်ကုတ်​​လေး ထိုင်​စောင့်​နေသည့် Kim Taehyung. မသိရင် အ​ခြေမဲ့ အ​နေမဲ့ အိမ်ရာမဲ့​လေးသဖွယ်။
သည်အ​ခြေအ​နေ​ရောက်​အောင် ​ပြေးလာခဲ့မှ​တော့ သည်လိုပဲ​နေရ​တော့မှာ​ပေါ့။ သူဘာတတ်နိုင်မှာလဲ။

သူ့ကိုယ်သူလည်း အံ့ဩသည်။ အချည်းနှီးဖြစ်မည်မှန်း သိသိရက်နဲ့ အချိန်ကုန်လူပန်းခံပြီး ထွက်​ပြေး​နေရတယ်လို့။ သူပန်းသလို Jeon JungKookလည်း အလုပ်ပျက်ပြီး ပင်ပန်းပါ​စေဆိုတဲ့စိတ်နဲ့လား မ​ပြောတတ်​တော့ပါ။

ဗိုက်ထဲက ဂွီခနဲ မြည်လာသည်။ သူ့လက်သူကြည့်မိ​တော့ စိန်စီမြရံလက်စွပ်​လေး ရှိ​နေဆဲ။ Anton​ရောက်တဲ့အချိန်အထိ အဆာမခံနိုင်သလို ​ရောက်လာရင်​တောင် ​နေစရိတ်စားစရိတ်​တွေအားလုံးနှင့် စပ်လျဥ်းပြီး လိုက်ဒုက္ခမ​ပေးချင်​။

သူ သည်လက်စွပ်ကို ​ရောင်းလိုက်သင့်လား။ တန်ဖိုး​တော့ အ​တော်မြင့်မည့်ပုံ။ အ​မေရိကန်​ဒေါ်လာ နှစ်​သောင်းအထက်​တော့ ရှိလိမ့်မည်။ သည်​လောက်ဆို ဖူလုံတာထက်ပို​နေပြီ။ ဘာလို့များ ​ငွေရ​ပေါက်ကို အခုမှ သတိထားမိတာပါလိမ့်။
သည်လက်စွပ်​ရောင်းရ​​ငွေနဲ့ဆို ​နေစရိတ်၊ စားစရိတ်သာမက ​မော်စကိုမှာ လည်ချင်ပတ်ချင် သုံးချင်ဖြုန်းချင်လို့ ရ​သေးသည်။

"ဒီမှာ.. ရတနာပစ္စည်း​ရောင်းလို့ရတဲ့နေရာသိလား။ စိန်​ထည်မြထည်​တွေ​ပေါ့"

ဧည့်ကြို​လေးက မျက်​မှောင်ကြုတ်ကြည့်ပြီး..

"တည့်တည့်သွား ဘယ်ဘက်ချိုး။ စိန်ဆိုင်တစ်ဆိုင်ရှိတယ်"

"​ကျေးဇူးပဲ။ Anton​ရောက်လာရင် Kim Taehyungလာသွားတယ်လို့ ​ပြောထား​​ပေးပါ"
____

"ဘာ​ရောင်းမှာလဲ.. ​ဘောင်ချာမပါရင်​တော့ ​သေချာစစ်ရလိမ့်မယ်​နော်"

​ဘောင်ချာမပါ​တော့ ဆိုင်ရှင်က သူ့ကို အထင်​သေးသလိုလို။ စကား​ပြောပုံက မာ​ရေ​ကျော​ရေ။
ကိုယ်က လိုချင်သူဆို​တော့လည်း ​အောက်ကျို့ကာပင် ဘယ်ဘက် လက်သူကြွယ်က လက်စွပ်​လေးကို ချွတ်ပြီး..

"ဒါ​လေး ​ရောင်းချင်တာ။ ​​ဘောင်ချာမ​ပါ​ပေမဲ့ ပစ္စည်းက အရည်အ​သွေး​မြင့်ပြီးသားပါ။ ပြီး​တော့ ကျွန်​တော့်အပိုင်ပါ"

ဆိုင်ရှင်က သူ့လက်စွပ်​လေးကို နှိုက်နှိုက်ချွတ်ချွတ်စစ်​ဆေးလျက်ရှိသည်။ Taehyungက သူ့မျက်နှာကို ခပ်ချီချီသာ ​မော့ထားသည်။ ဒါမှ သူ့ကို ​ဈေးမနှိမ်ရဲမှာ​လေ။ ​ငွေတအားလို​နေပုံနဲ့သာ နှိမ့်ချပြီး​နေလို့ကသာ စီးပွား​ရေးသမား​တွေဆိုတာ ​ခေါင်း​ပေါ်မှာ ဇရပ်​ဆောက်​နေမည့်လူ​တွေချည်း။

"ပစ္စည်းအရည်အ​သွေးက အရမ်း​ကောင်းလွန်း​နေတယ်။ ငါတို့ ဒါကို အ​ပေါင်ပဲခံနိုင်မယ်"

"ဟာ.. ရှုပ်ရှုပ်ယှက်ယှက်။ အပြတ်ပဲ​ရောင်းချင်တာ"

"ဒီလက်စွပ်က ​ဒေါ်လာ၅သန်း​လောက်တန်တယ်။ ဒီ​လောက်တန်​ကြေးမြင့်တဲ့ပစ္စည်းကို ငါတို့မ၀ယ်​ပေးနိုင်ဘူး။ ဘယ်လိုမှလည်း ပြန်​ရောင်းထွက်မှာ မဟုတ်ဘူး"

​ဒေါ်လာ၅သန်းဆိုတဲ့ စကား​​ကြောင့် အသက်ရှူပင် မှားချင်ချင်။ သူ့တစ်သက်မှာ သည်​လောက်များတဲ့ပမာဏကို ​ယောင်လို့ပင် မကြားခဲ့ဖူး။ သည်လိုပစ္စည်းက ကိုယ့်လက်သူကြွယ်ကို ဝန်းရံ၍ရှိ​နေခဲ့သည်တဲ့လား။
​ခေါင်းထဲ မူးခနဲ မိုက်ခနဲ ဖြစ်သွား​စေတဲ့ တန်​ကြေးမျိုး။
ဘာရည်ရွယ်ချက်နဲ့များ သည်​လောက်အကုန်အကျခံပြီး သူ့ကို လက်ထပ်ရတာလဲ။

အချစ်လား..။ ဟင့်အင်း.. အချစ်က တန်ဖိုးဖြတ်လို့ရတဲ့အရာမျိုးမဟုတ်။
Jeon JungKookက သည်ထက်တန်ဖိုးကြီးတာ​တွေလည်း ဝယ်နိုင်မှာပဲ။ ဒါက သူ့ကိုဆွယ်ဖို့ ​ငွေနည်းနည်း ရင်းလိုက်သည့်သ​ဘောသာ ဖြစ်လိမ့်မည်။
​လောကကြီးက မယုံရဆုံးအရာကို ပြပါဆိုလျှင် အဲ့တာက သူ​ဌေးမင်းJeon​ပြောတဲ့ အချစ်ဆိုသည့်စကား။

"ဒီလိုလုပ်ဗျာ။ စိန်ပွင့်ရယ်၊ ​ဘေးက မြ​တွေရယ်.. တစ်ပွင့်ချင်းစီဖြုတ်လိုက်။ ခင်ဗျားတို့ ​ရွှေထည်​ငွေထည်​တွေမှာ ပြန်​သုံးလို့ ရသားပဲ။ ကျွန်​တော် ဒီလက်စွပ်နဲ့​ရေစက်ကုန်ချင်လွန်းလို့ ​​ရောင်း​နေတာပါ"

​Taehyungဘက်က အဆုံးစွန်ထိ တိုက်တွန်း​နေ​တော့ ​နောက်ဆုံးမှာ ဆိုင်ရှင်ကြီးက လက်​လျှော့သွားသည်။

သူ့လက်ထဲကို ​ရောက်လာတဲ့ ​ဒေါ်လာ၅သန်းတန် ချက်လက်မှတ်။ တကယ်​တော့ သူသည်​လောက်ထိ ​ငွေမလို။ ​ဒေါ်လာ၅သန်းတန် ချက်လက်မှတ်ကြီးကို ကိုင်ပြီး ဘယ်နားသုံးရမည်ကိုပင် ​တွေ့မရ။ သူ​တွေးထား​သော ပိုလျှံလှပါချည်ရဲ့ဆိုတဲ့​ငွေပမာဏထက် ဒါက အဆ၂၀၀မက ပိုများသည်။

လက်ထပ်ပွဲအထိ အတူရှိဖူးတယ်ဆိုတဲ့ ​ရေစက်ကို ဖြတ်ချင်လွန်းလို့သာ ​ရောင်းလိုက်တာ။ စိန်​တွေမြ​တွေကို တစ်စစီဖြုတ်ပစ်ချင်ပစ်ဆိုပြီး တဇွတ်ထိုးလုပ်လိုက်တာ။

အခွင့်အ​ရေးရတုန်းဆိုပြီး ​ငွေ​တော်​တော်ဖြုန်းလိုက်မိသည်။ ​မော်စကိုမြို့​တော်က နာမည်ကြီး​နေရာ​တွေကို ​လျှောက်လည်ရင်း အချို့​နေရာ​တွေကVIPဝင်ခွင့်​တွေကိုပါ ဝယ်ပစ်သည်အထိ။ နာမည်ကြီး ကြယ်ငါးပွင့်စား​သောက်ဆိုင်မှာ ဗိုက်တင်းကား​နေ​အောင်စားပြီး ကြယ်ငါးပွင့်ဟိုတယ်မှာ အခန်းငှားလိုက်၏။

ခရီးပန်းလာသည့်အရှိန်​ရယ်၊ အဝအပြဲစား​သောက်လာသည့်အရှိန်ရယ်​ပေါင်းပြီး ကုတင်​ပေါ်​ရောက်သည်နှင့် အိပ်​ပျော်သွားသည်က တစ်ချိုးတည်း။
အအိပ်ဆက်သလို အအိပ်လည်းမက်တာ​ကြောင့် အိပ်ဖို့အချိန်​​တောင်မ​စောင့်လိုက်ရ။

"Kim Taehyung!"

'ဝုန်း!'

"လူကြီးမင်း..အဲ..သူ​ဌေးမင်း! အဲ့လိုလုပ်လို့မရပါဘူး"

သည်​လောက် ဝုန်းဝုန်းဒိုင်းဒိုင်းဝင်ချလာတဲ့အချိန် အိပ်​နေတဲ့လူမှာ မနိုးဘဲ ဘယ်​နေနိုင်မတဲ့လဲ။ အိပ်​ပျော်လွယ်သလို နိုးထလွယ်​လေသူမလား။

ထို့အပြင် သူနိုးသွားရသည့်အ​ကြောင်းအရင်းကိုပါ ချက်ချင်းသိလိုက်သည်။ ဩချ​လောက်စရာ.. Jeon JungKookက ဘာလို့ သည်​လောက်ထိ မြန်ရတာတဲ့လဲ။ အနည်းဆုံး နှစ်ရက်သုံးရက်​တော့ ကြာဦးမယ်လို့ သူက တွက်ထားတာ။

"Kim Taehyung! မင်း.. မင်း ကိုယ့်ကို လုပ်ရက်တယ်ကွာ!"

ဇက်ပြုတ်လုလုဖြစ်​​အောင်ကို သူ့ကိုဆွဲလားရမ်းလားလုပ်​နေတာ။ တစ်​ယောက်တည်းဆို တက်တက်ကြွကြွဖြစ်​နေတဲ့ သည်​ကောင်က Jeon JungKook​ရှေ့​ရောက်ရင် ကြိုးအဖြုတ်ခံထားရတဲ့ ရုပ်​သေးရုပ်ကဲ့သို့ မလှုပ်မယှက်။

"ဘာ..ဘာမှ မဖြစ်ဘူးမလားဟင်။ ထိခိုက်မိတာ​တွေ​ရော ရှိ​သေးလား။ ဒီကို​ရော ဘယ်လို​ရောက်လာတာလဲ"

ခုနကပဲ ​ဒေါသကြီးသလိုပုံစံဖြစ်​နေရာက ချက်ချင်း ညှိုးငယ်စွာ စိတ်​​​သောက​ရောက်သလို ဖြစ်သွားသူ။ သည်လူ့စိတ်ကို နားလည်​ပေးချင်ရင်​တောင် နားလည်​ပေးလို့မရ။
Taehyungဘက်က စကားပြန်မ​ပြောတာ​တောင် အဲ့သည်လူက တရစပ်​ပြော​​နေသတဲ့​လေ။

"ဘာမှမထိခိုက်မိလို့ ​တော်​သေးတာ​ပေါ့ အသည်းရယ်။ ဘာလို့အ​ဝေးကြီး ထွက်​ပြေးရတာလဲ။ ကိုယ်ရူးသွားရလိမ့်မယ်.. သိရဲ့လား"

"မဖက်နဲ့.. လွတ်"

အတင်းဖယ်ထုတ်ခံလိုက်ရ​​တော့မှ Jeon JungKook ​ကြောင်​တောင်​တောင်​လေးဖြစ်သွားသည်။ မြင်မြင်ရာလူကို လက်နက်နှင့်ခြိမ်း​ခြောက်တတ်သည့် လက်နက်စက်ရုံ​​မြောက်မြားစွာတို့၏ ပိုင်ရှင်က သူချစ်ရသူ​ရှေ့မှာ​တော့ ခဲမှန်​​သည့် စာသူငယ်ပမာ။

"ဟင်! လက်စွပ်​ရော.. လက်စွပ်​ဘယ်​ရောက်သွားတာလဲ"

အလွယ်တကူ​တွေးလိုက်မိသည်က Taehyung မသမာသူတစ်ဦးဦးနဲ့​တွေ့ပြီး လက်စွပ်​ပေးလိုက်ရတယ်ဟူ၍။
စီးပွား​ရေးမှာ ဉာဏ်​ကောင်းသ​လောက် အချစ်​ရေးမှာ​တော့ သုညပြီးရင်းသုည။

"​ရောင်းလိုက်တာ"

"ဘာ​ပြောတယ်"

"​ရောင်းလိုက်တာ။ ထပ်​ပြောရဦးမလား.. ခင်ဗျားနဲ့ ​ရေစက်ကုန်ချင်လို့ ​ရောင်းလိုက်တာ"

"မင်း​ရူး​နေလား! အဲ့ဒီလက်စွပ်ရဖို့ ကိုယ်ဘယ်​လောက်ထိ ခက်ခက်ခဲခဲ လုပ်ထားရလဲသိလား။ ​​ငွေကုန်ရတာကို​ပြော​နေတာ မဟုတ်ဘူးကွ! ကိုယ်ထည့်ထားရတဲ့ အချစ်​တွေ၊ ​မေတ္တာ​တွေအ​ကြောင်း ​ပြော​နေတာ!"

အရူး၊ ပြီး​တော့ စိတ္တဇ.. စိတ်မမှန်တဲ့လူ။ သူ့ကို က​လေးတစ်​ယောက်လို မြူလိုက်၊ ​ဒေါသထွက်လိုက် အရုပ်တစ်ရုပ်မှတ်​နေတာလား။
စိတ်ချ.. ခင်ဗျားဖြစ်​စေချင်တာမှန်သမျှကို ဆန့်ကျင်သွား​ပေးမယ်..။

TBC~

သတိထားမိကြ​လောက်မယ်ထင်ပါတယ်။
သူ​ဌေးမင်းJeonက Bipolar Characterမျိုးပါ။ Bipolar Disorderအ​ကြောင်းကို အ​သေအချာကြီး Approveလုပ်သွားမှာ​တော့ မဟုတ်​ပေမဲ့ သ​ဘောကျကြမယ်လို့ ​မျှော်လင့်ပါတယ်။

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ကြၽန္​ေတာ္ စကား​ေျပာမွားသြားတယ္ထင္တယ္"

"စကား​ေျပာတာ.. ဟုတ္လား။ မဟုတ္​ေသးဘူး.. မင္းဒီကို ​ေရာက္လာတာကိုက အမွား!"

"သူ​​ေဌးမင္း ဘာ​ေတြ​ေျပာ​ေနတာလဲ"

"မင္းက Taehyungနဲ႔ ​ေတြ႕ကို မ​ေတြ႕သင့္တဲ့လူ"

Anton ​ေျခတစ္လွမ္းခ်င္းစီ ​ေနာက္ဆုတ္သြားသည္။ ဘယ္​ေလာက္ပဲ ​ေဖာ္​ေဖာ္​ေ႐ြ​ေ႐ြ​ေနတတ္ၿပီး အ​ေၾကာက္အလန္႔မရွိသူဆိုပါ​​ေစ၊ ကိုယ့္နဖူးထိပ္မွာ ​​ေသနတ္​ေျပာင္းဝ​ေရာက္​ေနသည္ဆိုလွ်င္​ေတာ့ ​ေၾကာက္တတ္တာပါပဲ။ ​ေမာင္းခလုတ္ကို ႏွိပ္လိုက္႐ုံျဖင့္ ဦး​​ေႏွာက္တစ္ခုလုံး ပြင့္ထြက္ၿပီး​ ​ပြဲခ်င္းၿပီးသြားႏိုင္သည့္အခ်ိန္မွာ ​ေနာက္​ေနာက္​ေျပာင္​ေျပာင္ တုံ႔ျပန္ႏိုင္ဖို႔ဆိုတာ ​ေဝးစြ။

"မင္း​ေၾကာင့္ Taehyungက ငါ့ကို ထားသြားတာ။ အကုန္မင္း​ေၾကာင့္! မင္းကို သတ္ရမွ ငါ​ေက်နပ္မယ္"

​ေသနတ္က ျပဳတ္က်သြားသည္။ ပစ္ခ်လိုက္တာ ဒါမွမဟုတ္ လြတ္က်သြားတာ။ ဘယ္လိုပဲျဖစ္ပါ​ေစ သူ႔လည္ပင္း​ေပၚ တင္းက်ပ္​ေသာ အထိအ​ေတြ႕ ဝင္လာတာ​ေတာ့ ဧကန္ပင္။ လည္ပင္းညစ္ခံထားရသည္က ဤမွ် မႊန္းၾကပ္ဖြယ္​ေကာင္းသတဲ့လား။
ဘယ္လို႐ုန္း႐ုန္း ​ၾကမ္းျပင္ႏွင့္ ​ေျခဖ်ား လြတ္သြားသည္ကလြဲရင္ ဘာမွ ထူးျခားမလာ။

အသြားမ​ေတာ္ တစ္လွမ္းဆိုတာ ဒါမ်ိဳးျဖစ္လိမ့္မည္။ Taehyungဆီလာရင္း သူ​ေဌးမင္းJeonကို ​ေတြ႕ရဖို႔ပါ ​ေမွ်ာ္လင့္ခဲ့တာ မွန္​​ေသာ္လည္း အခု​ေတာ့ သူ႔အသက္မ​ေသ႐ုံသာ။ သူ​ေဌးမင္းက စိတၱဇပါလား။

"ခ်မ္းသာ​ေပးပါ။ ကြၽန္..ကြၽန္​ေတာ္ ​ေနာက္မလာ​ေတာ့ပါဘူး"

"သူ​ေဌးမင္း!"

ဝ႐ုန္းသုန္းကားဝင္လာ​ေသာ သက္​ေတာ္​ေစာင့္​ေကာင္​ေလးတစ္​ေယာက္။ ထိုအခ်ိန္မွ Antonကို လည္ပင္းညစ္ထားရာမွ လြတ္ခ်​ေပးမိ​ေတာ့သည္။ သူတကယ္ စိတ္လြတ္သြားတာ။ လူသတ္​မိေတာ့မလို႔တဲ့လား။
သူ႔စိတ္သူမထိန္းႏိုင္သည့္အတြက္ သူ႔ကိုယ္သူ အၿမဲစိတ္ပ်က္ရသည္။
သည္တစ္ခါ စိတ္မထိန္းႏိုင္လွ်င္ သူ႔ကိုယ္သူသာမက Taehyungကပါ စိတ္ပ်က္လိမ့္မည္။
အ​ေတြးနဲ႔တင္ ​ေၾကာက္ဖို႔​ေကာင္းလိုက္တာ..။

"သတိထားပါဦး သူ​ေဌးမင္း။ ကြၽန္​ေတာ္ ​ေဆးယူ​ေပးမယ္"

​​ေရာင္စုံ​ေဆးလုံး​ေတြက အျမင္လွ​သ​ေလာက္ အရသာခါးသည္။ ​ေရနဲ႔​ေမွ်ာခ်လိုက္ၿပီး​ေနာက္ အသက္ရႉမမွန္မွန္​​ေအာင္ ထိန္းညႇိ​ေနရလ်က္။
ထိုအခ်ိန္မွ သူ႔စိတ္က ၿငိမ္သက္စျပဳလာ၏။

"မင္းသြား​ေတာ့.. ငါ​​ေနာက္တစ္ႀကိမ္ သတ္ခ်င္စိတ္မ​ေပါက္လာခင္"

Antonက ဖ​ေနာင့္ႏွင့္တင္ပါးတစ္သားတည္းက်​​ေအာင္ ​​ေျပး​ေတာ့သည္။ ​ေနာက္တစ္ခါမ်ား သည္အိမ္ကို တစ္​ေယာက္တည္း​​ေယာင္လို႔ပင္ ​ေျခဦးလွည့္မွာ မဟုတ္​ေတာ့။
ပထမတစ္ခါမွာ ကံ​ေကာင္းလို႔ အသက္​ေဘးက လြတ္တယ္ဆို​ေသာ္လည္း ​ေနာက္တစ္ခါမွာ​ေတာ့ လြတ္ခ်င္​မွ လြတ္​ေတာ့မည္။

သူ​ေဌးမင္းJeonက ပုံမွန္လူနဲ႔ နည္းနည္းမွမတူတာပဲ။

သူ​ေသာက္​ေနတဲ့ ​ေဆး​ေတြက​ေရာ.. ဘာ​ေတြလဲ။

"အဆင္​ေျပရဲ႕လား သူ​ေဌးမင္း"

"​ေျပတယ္။ ငါ့ကို ​ေရ​ေနာက္တစ္ခြက္​ေလာက္ယူ​လာ​ေပး Audie"

Audieက သက္​ေတာ္​ေစာင့္မ်ား အနက္မွ သူ႔အနား အ​ေနအမ်ားဆုံး သက္​ေတာ္​ေစာင့္။ ​ေသနတ္လက္​ေျဖာင့္သမားတစ္ဦးျဖစ္ၿပီး ကိုယ္ခံပညာအဆင့္ျမင့္လြန္းလို႔ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အနီးကပ္သက္​ေတာ္​ေစာင့္ျဖစ္လာျခင္း။
Audieက Taehyungထက္​ေတာင္ တစ္ႏွစ္​ေက်ာ္ခန္႔ ငယ္​ေသးသည္။

"သူ​ေဌးမင္း အဲ့သည္​ေဆး​ေတြ ဆက္တိုက္​ေသာက္​ေနရတာ ​ေကာင္းတဲ့အ​ေျခအ​ေနမဟုတ္ဘူးလို႔ ဆရာဝန္က ​ေျပာတယ္"

"ငါသိသားပဲ"

"​ေဆး​ေတြက ​ေဘးထြက္ဆိုးက်ိဳးမ်ားလြန္းၿပီး ​ေဆးမတိုးတာမ်ိဳးျဖစ္တတ္တယ္တဲ့"

"ငါသိတယ္လို႔ ​ေျပာၿပီးၿပီ​ေလ"

Audieစိတ္ပူတာကို နားလည္​ေပမဲ့ သူဘာတတ္ႏိုင္မွာလဲ။ သည္​ေဆး​ေတြမွ မ​ေသာက္ရင္ အ႐ူးလုံးလုံးျဖစ္သြားႏိုင္တာကို သည္အတိုင္းထိုင္​ေစာင့္​ေနရမွာလား။
နဂိုက​ေတာင္ Taehyung​ေလးက သူ႔ကို မုန္း​ေနရွာတာ။ သူသာ ႐ူးသြားရင္ သူ႔ဆီျပန္လာ​ေတာ့မွာ မဟုတ္ဘူး​ေလ။

"ငါနား​ေတာ့မယ္ Audie.. ဧည္သည္​ေတြလာရင္ မရွိဘူးလို႔​ေျဖလိုက္၊ သတင္း​ေထာက္​ေတြလာရင္လည္း ​ေမာင္းထုတ္လိုက္"

Audie ဘာမွ မတတ္ႏိုင္စြာ ထြက္သြားရသည္။ သူ​ေဌးမင္းကို ထိန္းခ်ဳပ္ႏိုင္မည့္သူက သခင္​ေလး Kim Taehyung တစ္​ေယာက္တည္း။
သူတို႔ႏွစ္​ေယာက္ၾကားက ဇာတ္လမ္းကို ​ေရ​ေရရာရာမသိ​ေသာ္လည္း သူ႔အျမင္မွာ​ေတာ့ သခင္​ေလးက ​ေသြး​ေအး​ရက္စက္​ေနတာခ်ည္း။

စိတ္ၿငိမ္​ေဆးကို ​ေသာက္သင့္တဲ့ ပမာဏထက္​ ေက်ာ္လြန္​၍ ​ေသာက္သုံးပါမွ စိတ္ၿငိမ္တာျဖစ္သည့္အတြက္ သူ​ေဌးမင္း၏ မိသားစုဆရာဝန္က ထိုအ​ေျခအ​ေနကို သိပ္ၿပီးသ​ေဘာမက်လွ​ေခ်။
အနီးစပ္ဆုံးသက္​ေတာ္​ေစာင့္ျဖစ္​ေသာ သူက​​ေနတစ္ဆင့္ မွာၾကား​ေသာ္လည္း သူဘာတတ္ႏိုင္မွာလဲ။

သူ႔အစား သခင္​ေလးKim Taehyungကသာ သည္ကိစၥကို တာဝန္ယူ​ေပးသင့္တာ မဟုတ္ပါလား။
____

"Taehyung.. မသြားပါနဲ႔ ဟင့္အင္း.. Taehyung!"

​ေခြၽးတၿပိဳက္ၿပိဳက္က်ၿပီး သူႏိုးလာခ်ိန္မွာ သူ႔အခန္းက လုံးဝအ​ေမွာင္အတိ။ အိပ္မက္ထဲမွာ​ေတာင္ သူကခ်စ္ကံမ​ေကာင္း​ေန။ လက္​ေတြ႕ဘဝမွာ ခ်စ္ရသူက လက္ထပ္ပြဲမွာ ထားခဲ့သည့္နည္းတူ အိပ္မက္ထဲမွာလည္း က်န္ရစ္သူျဖစ္ရျပန္ၿပီတဲ့​ေလ။
​ေနာက္စရာမဟုတ္.. ဒါက ရင္နာစရာအတိ။

မီးအိမ္ကမီးကို ဖြင့္ၿပီး တိုင္ကပ္နာရီကို ၾကည့္​ေတာ့ မနက္ ၅နာရီ။ သူမွတ္မိသ​ေလာက္ သူအ႐ုဏ္တက္ခ်ိန္အထိ ကုလားထိုင္​ေပၚ ထိုင္​ေနခဲ့တာ။ သူအိပ္တာ ၂နာရီ​ေတာင္ မၾကာ​ေသးတဲ့သ​ေဘာ။ သည္လိုသာ အိပ္​ေရးပ်က္​ေနမယ္ဆိုရင္ သူ႔က်န္းမာ​ေရးအတြက္ မ​ေကာင္းလွ​ေခ်။
အိပ္​ေရးပ်က္တာရယ္၊ ရႈပ္​ေထြး​ေပြလီလွ​ေသာ စီးပြား​​ေရးလုပ္ငန္း​ေတြရယ္ ​ေပါင္းလိုက္ပါက သူ႔ကို မ​ေသ​​ေသ​ေအာင္၊ မ႐ူး႐ူး​ေအာင္ ညႇဥ္းပန္း​​ေနသည့္ႏွယ္။

'​ေဒါက္ ​ေဒါက္!'

"ဘယ္သူလဲ"

"ကြၽန္​ေတာ္ပါ"

​ေယာက်္ားတစ္​ေယာက္အသံဆို​ေတာ့ သက္​ေတာ္​ေစာင့္​ေတြထဲက ျဖစ္ရမည္။ ဝင္လာသူကို ၾကည့္​ေတာ့ Audie. Audieအသံကို​ေတာင္ သူဘာလို႔ မမွတ္မိႏိုင္ရတာပါလိမ့္။

"ဘာကိစၥရွိလို႔လဲ"

"သခင္​ေလးသြားႏိုင္​ေျခအရွိဆုံးခရီးစဥ္​ေတြထဲက ​ေမာ္စကိုပါ။ ကြၽန္​ေတာ္ ခုန​ေန​ေလယာဥ္နဲ႔ လိုက္သြားလိုက္ပါ့မယ္"

"​ေနဦး.. ငါကိုယ္တိုင္လိုက္မယ္"

"မျဖစ္ဘူး သူ​ေဌးမင္း။ မ​ေန႔က သူ​ေဌးမင္း​ေဆး​ေသာက္တာမ်ားသြား​ေတာ့ ဆရာဝန္ကို အ​ေၾကာင္းၾကားထားတယ္။ သူ​ဒီ​ေန႔ လာလိမ့္မယ္.. သူ​ေဌးမင္းကိုလည္း အလုပ္ကိစၥ​ေတြမလုပ္ဘဲ အနားယူဖို႔​ေျပာထားတယ္"

"မင္း လွ်ာရွည္လွခ်ည္လား Audie! မရဘူး ငါသြားမယ္။ သူ​ေမာ္စကိုမွာ ရွိ​​​ေနတာ ငါသြား​ေခၚမွ ျဖစ္မယ္"

ခရီး​​ေဆာင္အိတ္ထဲ ရွိသမွ်အဝတ္​ေတြ ​ေကာက္ထည့္ပါတဲ့ Jeon JungKook. အိပ္ရာထစျဖစ္၍ ဆံပင္မ်ားက ရႈပ္ရႈပ္​​ေထြး​ေထြး။ အက်ႌက ၾကယ္သီးအျပည့္အစုံ မတပ္ထား။
အၿမဲလိုလို သပ္ရပ္​ေၾကာ့​ေမာ့​ေန​ေသာ သူ​ေဌးမင္းက သည္လူပါဆိုတာ ယုံခ်င္စရာတစ္ကြက္မွ မရွိ။

"Taehyung.. ကိုယ့္Taehyung..ကိုယ့္အသည္း​ေရ.."

သူ႔ႏႈတ္ဖ်ားက ဂါထာတစ္ပုဒ္လို တတြတ္တြတ္႐ြတ္ဆို​ေနမိတဲ့ နာမည္ရယ္။ Taehyungကိုမွ ျပန္မ​ေတြ႕ရရင္ သူအ႐ူး​ေထာင္ ​ေရာက္ရ​ေတာ့မည္။
____

ဆိုဗီယက္ျပည္​ေထာင္စု၊ ​ေမာ္စကိုၿမိဳ႕​ေတာ္။

​ေရာက္လိုရာ​ေရာက္ဆိုၿပီး ထြက္​ေျပးလာခဲ့လိုက္တာ၊ ၾကားဖူး႐ုံသာ ၾကားဖူးၿပီး တစ္ခါမွမ​ေရာက္ဖူးတဲ့ ႏိုင္ငံအထိ။ ထို႔အျပင္ ထို​ႏိုင္ငံ၏ ၿမိဳ႕​ေတာ္​ေမာ္စကိုအထိ။

ဆိုဗီယက္​ေတြက လႈပ္လႈပ္ရွားရွား သြားလာ​ေနၾကသည္။ သူတစ္​ေယာက္တည္း ဆိုဗီယက္​ေတြၾကား ​ေယာင္ခ်ာခ်ာ။ ႐ုရွားဘာသာစကားကိုလည္း တစ္လုံးတစ္ပါဒမွ် နားမလည္၊ မတတ္ကြၽမ္း။ ဘယ္လိုသတၱိနဲ႔မ်ား သူသည္အထိ ​ေျပးလာတာပါလိမ့္။

Jeon JungKookဆီက ထြက္​ေျပးခ်င္စိတ္နဲ႔ လုပ္ခ်င္ရာ​ေတြ လုပ္ပစ္လိုက္တာ။ တျခားႏိုင္ငံထိ ​ေျပးႏိုင္ရင္ လိုက္မရွာ​ေလာက္​ေတာ့ဘူးလို႔ ထင္မိတာ​ေၾကာင့္လား။ ဒါဆိုရင္​ေတာ့ မင္း​ေတာ္​ေတာ္တုံးတာပဲ Kim Taehyung.
တျခားႏိုင္ငံမကလို႔ တျခားၿဂိဳဟ္အထိ ​ထြက္​ေျပးရင္​ေတာင္ အာကာသယာဥ္ စင္းလုံးငွားၿပီး လိုက္ခဲ့မည့္သူက Jeon JungKookပဲ​​​ေလ..။

"ဒီမွာ ဒီမွာ"

​ေခၚမိတဲ့လူကလည္း ကံဆိုးစြာပင္ အဂၤလိပ္စကားလုံးဝနားမလည္သည့္ ဆိုဗီယက္အဘြားႀကီး။ Kim Taehyungတို႔က ကံဆိုးခ်င္ရင္ ဆက္တိုက္။ ​ေခၚသာ​ေခၚၿပီး ဘာ​ေျပာရမွန္းမသိ​ေတာ့ ဟီးခနဲသာ ရယ္ျပလိုက္​ေတာ့သည္။

ထိုအဘြားက သူ႔ကို ဘုၾကည့္ၾကည့္ၿပီး ပါးစပ္ကလည္း တစ္ခုခု​ေျပာသြား​ေသးသည္။ ဘာ​​ေျပာသြားလဲဆိုတာကို​ေတာ့ သူနားမလည္လိုက္။

အဲ့လိုနဲ႔ သူဟာ ​ေမာ္စကိုၿမိဳ႕​ေတာ္မွာ တစ္လမ္းဝင္တစ္လမ္းထြက္ ဟို​ေမးစမ္းသည္​ေမးစမ္းရင္း သူ႔အတြက္ တစ္ခုတည္း​ေသာ အကူအညီရႏိုင္မည့္​ေနရာကို ​ေရာက္လာခဲ့သည္။

"ဒါ ျမင္းစီးခ်န္ပီယံ Antonရဲ႕ ျမင္းကလပ္ဟုတ္ပါရဲ႕​ေနာ္"

"ဟုတ္ပါတယ္။ သခင္​ေလးAntonက​ေတာ့ ဒီ​ေန႔ည​ေနပိုင္း​ေလာက္မွ ​​​ေမာ္စကိုကို ​ေရာက္ပါလိမ့္မယ္"

"ဪ..သူလူဝီဗီးလ္မွာ ရွိ​ေနတုန္းလား"

"ဟုတ္ပါတယ္"

"ကြၽန္​ေတာ္က သူ႔မိတ္​ေဆြပါ။ မယုံရင္ သူလာရင္လည္း ​ေမးၾကည့္လို႔ရပါတယ္။ အဲ့တာ ကြၽန္​ေတာ့္ကို ဒီမွာ တည္းခိုခြင့္​ေပးႏိုင္မလား"

ဧည့္ႀကိဳ​ေကာင္​ေလးက သူ႔ကို မယုံသလို ၾကည့္လာသည္။ သူ႔ပုံစံက အ၀တ္တစ္ထည္ကိုယ္တစ္ခုႏွင့္ ​ေရာက္လာသူမွန္း သိသာလွသည္။ မ​ေန႔မနက္တည္းက ၀တ္ထား​ေသာ သတို႔သားဝတ္စုံႀကီးႏွင့္ မအပ္မစပ္ ​ေမာ္စကိုၿမိဳ႕​ေတာ္မွာ သြားလာ​ေနလိုက္ပုံမ်ား ရွယ္ဖြယ္အတိ။
သည္လိုလူကို Antonသူငယ္ခ်င္းလို႔ မယုံႏိုင္တာ အဆန္းမဟုတ္​။

"​ေကာင္းၿပီ​ေလ။ သခင္​ေလးက ည​ေနဘက္​ေရာက္မွာဆို​ေတာ့ မ​ေရာက္လာခင္အထိ ဟိုခုံတန္းမွာ ထိုင္​ေစာင့္လို႔ရတယ္"

ဧည့္ႀကိဳ​ေကာ္တာ​ေထာင့္​ေလးမွာ ကုတ္ကုတ္​​ေလး ထိုင္​ေစာင့္​ေနသည့္ Kim Taehyung. မသိရင္ အ​ေျခမဲ့ အ​ေနမဲ့ အိမ္ရာမဲ့​ေလးသဖြယ္။
သည္အ​ေျခအ​ေန​ေရာက္​ေအာင္ ​ေျပးလာခဲ့မွ​ေတာ့ သည္လိုပဲ​ေနရ​ေတာ့မွာ​ေပါ့။ သူဘာတတ္ႏိုင္မွာလဲ။

သူ႔ကိုယ္သူလည္း အံ့ဩသည္။ အခ်ည္းႏွီးျဖစ္မည္မွန္း သိသိရက္နဲ႔ အခ်ိန္ကုန္လူပန္းခံၿပီး ထြက္​ေျပး​ေနရတယ္လို႔။ သူပန္းသလို Jeon JungKookလည္း အလုပ္ပ်က္ၿပီး ပင္ပန္းပါ​ေစဆိုတဲ့စိတ္နဲ႔လား မ​ေျပာတတ္​ေတာ့ပါ။

ဗိုက္ထဲက ဂြီခနဲ ျမည္လာသည္။ သူ႔လက္သူၾကည့္မိ​ေတာ့ စိန္စီျမရံလက္စြပ္​ေလး ရွိ​ေနဆဲ။ Anton​ေရာက္တဲ့အခ်ိန္အထိ အဆာမခံႏိုင္သလို ​ေရာက္လာရင္​ေတာင္ ​ေနစရိတ္စားစရိတ္​ေတြအားလုံးႏွင့္ စပ္လ်ဥ္းၿပီး လိုက္ဒုကၡမ​ေပးခ်င္​။

သူ သည္လက္စြပ္ကို ​ေရာင္းလိုက္သင့္လား။ တန္ဖိုး​ေတာ့ အ​ေတာ္ျမင့္မည့္ပုံ။ အ​ေမရိကန္​ေဒၚလာ ႏွစ္​ေသာင္းအထက္​ေတာ့ ရွိလိမ့္မည္။ သည္​ေလာက္ဆို ဖူလုံတာထက္ပို​ေနၿပီ။ ဘာလို႔မ်ား ​ေငြရ​ေပါက္ကို အခုမွ သတိထားမိတာပါလိမ့္။
သည္လက္စြပ္​ေရာင္းရ​​ေငြနဲ႔ဆို ​ေနစရိတ္၊ စားစရိတ္သာမက ​ေမာ္စကိုမွာ လည္ခ်င္ပတ္ခ်င္ သုံးခ်င္ျဖဳန္းခ်င္လို႔ ရ​ေသးသည္။

"ဒီမွာ.. ရတနာပစၥည္း​ေရာင္းလို႔ရတဲ့ေနရာသိလား။ စိန္​ထည္ျမထည္​ေတြ​ေပါ့"

ဧည့္ႀကိဳ​ေလးက မ်က္​ေမွာင္ၾကဳတ္ၾကည့္ၿပီး..

"တည့္တည့္သြား ဘယ္ဘက္ခ်ိဳး။ စိန္ဆိုင္တစ္ဆိုင္ရွိတယ္"

"​ေက်းဇူးပဲ။ Anton​ေရာက္လာရင္ Kim Taehyungလာသြားတယ္လို႔ ​ေျပာထား​​ေပးပါ"
____

"ဘာ​ေရာင္းမွာလဲ.. ​ေဘာင္ခ်ာမပါရင္​ေတာ့ ​ေသခ်ာစစ္ရလိမ့္မယ္​ေနာ္"

​ေဘာင္ခ်ာမပါ​ေတာ့ ဆိုင္ရွင္က သူ႔ကို အထင္​ေသးသလိုလို။ စကား​ေျပာပုံက မာ​ေရ​ေက်ာ​ေရ။
ကိုယ္က လိုခ်င္သူဆို​ေတာ့လည္း ​ေအာက္က်ိဳ႕ကာပင္ ဘယ္ဘက္ လက္သူႂကြယ္က လက္စြပ္​ေလးကို ခြၽတ္ၿပီး..

"ဒါ​ေလး ​ေရာင္းခ်င္တာ။ ​​ေဘာင္ခ်ာမ​ပါ​ေပမဲ့ ပစၥည္းက အရည္အ​ေသြး​ျမင့္ၿပီးသားပါ။ ၿပီး​ေတာ့ ကြၽန္​ေတာ့္အပိုင္ပါ"

ဆိုင္ရွင္က သူ႔လက္စြပ္​ေလးကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္စစ္​ေဆးလ်က္ရွိသည္။ Taehyungက သူ႔မ်က္ႏွာကို ခပ္ခ်ီခ်ီသာ ​ေမာ့ထားသည္။ ဒါမွ သူ႔ကို ​ေဈးမႏွိမ္ရဲမွာ​ေလ။ ​ေငြတအားလို​ေနပုံနဲ႔သာ ႏွိမ့္ခ်ၿပီး​ေနလို႔ကသာ စီးပြား​ေရးသမား​ေတြဆိုတာ ​ေခါင္း​ေပၚမွာ ဇရပ္​ေဆာက္​ေနမည့္လူ​ေတြခ်ည္း။

"ပစၥည္းအရည္အ​ေသြးက အရမ္း​ေကာင္းလြန္း​ေနတယ္။ ငါတို႔ ဒါကို အ​ေပါင္ပဲခံႏိုင္မယ္"

"ဟာ.. ရႈပ္ရႈပ္ယွက္ယွက္။ အျပတ္ပဲ​ေရာင္းခ်င္တာ"

"ဒီလက္စြပ္က ​ေဒၚလာ၅သန္း​ေလာက္တန္တယ္။ ဒီ​ေလာက္တန္​ေၾကးျမင့္တဲ့ပစၥည္းကို ငါတို႔မ၀ယ္​ေပးႏိုင္ဘူး။ ဘယ္လိုမွလည္း ျပန္​ေရာင္းထြက္မွာ မဟုတ္ဘူး"

​ေဒၚလာ၅သန္းဆိုတဲ့ စကား​​ေၾကာင့္ အသက္ရႉပင္ မွားခ်င္ခ်င္။ သူ႔တစ္သက္မွာ သည္​ေလာက္မ်ားတဲ့ပမာဏကို ​ေယာင္လို႔ပင္ မၾကားခဲ့ဖူး။ သည္လိုပစၥည္းက ကိုယ့္လက္သူႂကြယ္ကို ဝန္းရံ၍ရွိ​ေနခဲ့သည္တဲ့လား။
​ေခါင္းထဲ မူးခနဲ မိုက္ခနဲ ျဖစ္သြား​ေစတဲ့ တန္​ေၾကးမ်ိဳး။
ဘာရည္႐ြယ္ခ်က္နဲ႔မ်ား သည္​ေလာက္အကုန္အက်ခံၿပီး သူ႔ကို လက္ထပ္ရတာလဲ။

အခ်စ္လား..။ ဟင့္အင္း.. အခ်စ္က တန္ဖိုးျဖတ္လို႔ရတဲ့အရာမ်ိဳးမဟုတ္။
Jeon JungKookက သည္ထက္တန္ဖိုးႀကီးတာ​ေတြလည္း ဝယ္ႏိုင္မွာပဲ။ ဒါက သူ႔ကိုဆြယ္ဖို႔ ​ေငြနည္းနည္း ရင္းလိုက္သည့္သ​ေဘာသာ ျဖစ္လိမ့္မည္။
​ေလာကႀကီးက မယုံရဆုံးအရာကို ျပပါဆိုလွ်င္ အဲ့တာက သူ​ေဌးမင္းJeon​ေျပာတဲ့ အခ်စ္ဆိုသည့္စကား။

"ဒီလိုလုပ္ဗ်ာ။ စိန္ပြင့္ရယ္၊ ​ေဘးက ျမ​ေတြရယ္.. တစ္ပြင့္ခ်င္းစီျဖဳတ္လိုက္။ ခင္ဗ်ားတို႔ ​ေ႐ႊထည္​ေငြထည္​ေတြမွာ ျပန္​သုံးလို႔ ရသားပဲ။ ကြၽန္​ေတာ္ ဒီလက္စြပ္နဲ႔​ေရစက္ကုန္ခ်င္လြန္းလို႔ ​​ေရာင္း​ေနတာပါ"

​Taehyungဘက္က အဆုံးစြန္ထိ တိုက္တြန္း​ေန​ေတာ့ ​ေနာက္ဆုံးမွာ ဆိုင္ရွင္ႀကီးက လက္​ေလွ်ာ့သြားသည္။

သူ႔လက္ထဲကို ​ေရာက္လာတဲ့ ​ေဒၚလာ၅သန္းတန္ ခ်က္လက္မွတ္။ တကယ္​ေတာ့ သူသည္​ေလာက္ထိ ​ေငြမလို။ ​ေဒၚလာ၅သန္းတန္ ခ်က္လက္မွတ္ႀကီးကို ကိုင္ၿပီး ဘယ္နားသုံးရမည္ကိုပင္ ​ေတြ႕မရ။ သူ​ေတြးထား​ေသာ ပိုလွ်ံလွပါခ်ည္ရဲ႕ဆိုတဲ့​ေငြပမာဏထက္ ဒါက အဆ၂၀၀မက ပိုမ်ားသည္။

လက္ထပ္ပြဲအထိ အတူရွိဖူးတယ္ဆိုတဲ့ ​ေရစက္ကို ျဖတ္ခ်င္လြန္းလို႔သာ ​ေရာင္းလိုက္တာ။ စိန္​ေတြျမ​ေတြကို တစ္စစီျဖဳတ္ပစ္ခ်င္ပစ္ဆိုၿပီး တဇြတ္ထိုးလုပ္လိုက္တာ။

အခြင့္အ​ေရးရတုန္းဆိုၿပီး ​ေငြ​ေတာ္​ေတာ္ျဖဳန္းလိုက္မိသည္။ ​ေမာ္စကိုၿမိဳ႕​ေတာ္က နာမည္ႀကီး​ေနရာ​ေတြကို ​ေလွ်ာက္လည္ရင္း အခ်ိဳ႕​ေနရာ​ေတြကVIPဝင္ခြင့္​ေတြကိုပါ ဝယ္ပစ္သည္အထိ။ နာမည္ႀကီး ၾကယ္ငါးပြင့္စား​ေသာက္ဆိုင္မွာ ဗိုက္တင္းကား​ေန​ေအာင္စားၿပီး ၾကယ္ငါးပြင့္ဟိုတယ္မွာ အခန္းငွားလိုက္၏။

ခရီးပန္းလာသည့္အရွိန္​ရယ္၊ အဝအၿပဲစား​ေသာက္လာသည့္အရွိန္ရယ္​ေပါင္းၿပီး ကုတင္​ေပၚ​ေရာက္သည္ႏွင့္ အိပ္​ေပ်ာ္သြားသည္က တစ္ခ်ိဳးတည္း။
အအိပ္ဆက္သလို အအိပ္လည္းမက္တာ​ေၾကာင့္ အိပ္ဖို႔အခ်ိန္​​ေတာင္မ​ေစာင့္လိုက္ရ။

"Kim Taehyung!"

'ဝုန္း!'

"လူႀကီးမင္း..အဲ..သူ​ေဌးမင္း! အဲ့လိုလုပ္လို႔မရပါဘူး"

သည္​ေလာက္ ဝုန္းဝုန္းဒိုင္းဒိုင္းဝင္ခ်လာတဲ့အခ်ိန္ အိပ္​ေနတဲ့လူမွာ မႏိုးဘဲ ဘယ္​ေနႏိုင္မတဲ့လဲ။ အိပ္​ေပ်ာ္လြယ္သလို ႏိုးထလြယ္​ေလသူမလား။

ထို႔အျပင္ သူႏိုးသြားရသည့္အ​ေၾကာင္းအရင္းကိုပါ ခ်က္ခ်င္းသိလိုက္သည္။ ဩခ်​ေလာက္စရာ.. Jeon JungKookက ဘာလို႔ သည္​ေလာက္ထိ ျမန္ရတာတဲ့လဲ။ အနည္းဆုံး ႏွစ္ရက္သုံးရက္​ေတာ့ ၾကာဦးမယ္လို႔ သူက တြက္ထားတာ။

"Kim Taehyung! မင္း.. မင္း ကိုယ့္ကို လုပ္ရက္တယ္ကြာ!"

ဇက္ျပဳတ္လုလုျဖစ္​​ေအာင္ကို သူ႔ကိုဆြဲလားရမ္းလားလုပ္​ေနတာ။ တစ္​ေယာက္တည္းဆို တက္တက္ႂကြႂကြျဖစ္​ေနတဲ့ သည္​ေကာင္က Jeon JungKook​ေရွ႕​ေရာက္ရင္ ႀကိဳးအျဖဳတ္ခံထားရတဲ့ ႐ုပ္​ေသး႐ုပ္ကဲ့သို႔ မလႈပ္မယွက္။

"ဘာ..ဘာမွ မျဖစ္ဘူးမလားဟင္။ ထိခိုက္မိတာ​ေတြ​ေရာ ရွိ​ေသးလား။ ဒီကို​ေရာ ဘယ္လို​ေရာက္လာတာလဲ"

ခုနကပဲ ​ေဒါသႀကီးသလိုပုံစံျဖစ္​ေနရာက ခ်က္ခ်င္း ညႇိဳးငယ္စြာ စိတ္​​​ေသာက​ေရာက္သလို ျဖစ္သြားသူ။ သည္လူ႔စိတ္ကို နားလည္​ေပးခ်င္ရင္​ေတာင္ နားလည္​ေပးလို႔မရ။
Taehyungဘက္က စကားျပန္မ​ေျပာတာ​ေတာင္ အဲ့သည္လူက တရစပ္​ေျပာ​​ေနသတဲ့​ေလ။

"ဘာမွမထိခိုက္မိလို႔ ​ေတာ္​ေသးတာ​ေပါ့ အသည္းရယ္။ ဘာလို႔အ​ေဝးႀကီး ထြက္​ေျပးရတာလဲ။ ကိုယ္႐ူးသြားရလိမ့္မယ္.. သိရဲ႕လား"

"မဖက္နဲ႔.. လြတ္"

အတင္းဖယ္ထုတ္ခံလိုက္ရ​​ေတာ့မွ Jeon JungKook ​ေၾကာင္​ေတာင္​ေတာင္​ေလးျဖစ္သြားသည္။ ျမင္ျမင္ရာလူကို လက္နက္ႏွင့္ၿခိမ္း​ေျခာက္တတ္သည့္ လက္နက္စက္႐ုံ​​ေျမာက္ျမားစြာတို႔၏ ပိုင္ရွင္က သူခ်စ္ရသူ​ေရွ႕မွာ​ေတာ့ ခဲမွန္​​သည့္ စာသူငယ္ပမာ။

"ဟင္! လက္စြပ္​ေရာ.. လက္စြပ္​ဘယ္​ေရာက္သြားတာလဲ"

အလြယ္တကူ​ေတြးလိုက္မိသည္က Taehyung မသမာသူတစ္ဦးဦးနဲ႔​ေတြ႕ၿပီး လက္စြပ္​ေပးလိုက္ရတယ္ဟူ၍။
စီးပြား​ေရးမွာ ဉာဏ္​ေကာင္းသ​ေလာက္ အခ်စ္​ေရးမွာ​ေတာ့ သုညၿပီးရင္းသုည။

"​ေရာင္းလိုက္တာ"

"ဘာ​ေျပာတယ္"

"​ေရာင္းလိုက္တာ။ ထပ္​ေျပာရဦးမလား.. ခင္ဗ်ားနဲ႔ ​ေရစက္ကုန္ခ်င္လို႔ ​ေရာင္းလိုက္တာ"

"မင္း​႐ူး​ေနလား! အဲ့ဒီလက္စြပ္ရဖို႔ ကိုယ္ဘယ္​ေလာက္ထိ ခက္ခက္ခဲခဲ လုပ္ထားရလဲသိလား။ ​​ေငြကုန္ရတာကို​ေျပာ​ေနတာ မဟုတ္ဘူးကြ! ကိုယ္ထည့္ထားရတဲ့ အခ်စ္​ေတြ၊ ​ေမတၱာ​ေတြအ​ေၾကာင္း ​ေျပာ​ေနတာ!"

အ႐ူး၊ ၿပီး​ေတာ့ စိတၱဇ.. စိတ္မမွန္တဲ့လူ။ သူ႔ကို က​ေလးတစ္​ေယာက္လို ျမဴလိုက္၊ ​ေဒါသထြက္လိုက္ အ႐ုပ္တစ္႐ုပ္မွတ္​ေနတာလား။
စိတ္ခ်.. ခင္ဗ်ားျဖစ္​ေစခ်င္တာမွန္သမွ်ကို ဆန္႔က်င္သြား​ေပးမယ္..။

TBC~

သတိထားမိၾက​ေလာက္မယ္ထင္ပါတယ္။
သူ​ေဌးမင္းJeonက Bipolar Characterမ်ိဳးပါ။ Bipolar Disorderအ​ေၾကာင္းကို အ​ေသအခ်ာႀကီး Approveလုပ္သြားမွာ​ေတာ့ မဟုတ္​ေပမဲ့ သ​ေဘာက်ၾကမယ္လို႔ ​ေမွ်ာ္လင့္ပါတယ္။

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Weiterlesen

Das wird dir gefallen

86K 9K 38
အချစ်သာ နေမင်းကြီးဆိုရင်...ထယ်က နေမင်းကြီးဘေးမှာ ဝန်းရံနေမဲ့ ဂြိုလ်ငယ်လေးတစ်လုံး .... Start - May 15,2021 End _ Sep 17,2021 အခ်စ္သာ ေနမင္းႀကီးဆိုရင္...
1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.1M 116K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
478K 13.7K 39
What is Edward never came back to Bella? What if he stayed hidden, only leaving his apartment to hunt at night? It takes years for him to finally ven...