friEND(COMPLETED)

Per Kattamkaung

385K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... Més

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-23

7.4K 1K 149
Per Kattamkaung

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၄

တလိမ့်လိမ့်ထွက်နေသော မီးခိုးလုံးများဖြင့် ပြည့်နှက်နေသော အခန်းတွင်းမှာ ဖြစ်သည်။ ခွန်းနစ်ကုဋေက မနက်ကပဲ ဝယ်လာသည့် အသစ်စက်စက် ပလပ်စတစ် ခုံပုလေး‌ထက်တွင် ထိုင်လျက် မျက်ခုံးများမှာ တွန့်ချိုးလျက်ရှိ၏။ မျက်ခမ်းစပ်များမှာ မီးခိုးငွေ့များ၏ အရှိန်ကြောင့် ပူစပ်ကာ နေရခက်နေသလို ပြင်းလွန်းသည့် ရနံ့ကြောင့် နှာခေါင်းတစ်ခုလုံးပါ မွန်ထူနေသည့်တိုင် ဘာမှပြောနိုင်ခြင်းလည်း မရှိပေ။

"ခြင်ဆေးခွေထွန်းရင် အသက်ရှူကြပ်တယ်" လို့ ပြောမိလိုက်ကာမှ နနွင်းဓာတ်ကို အိတ်လိုက်ဝယ်လာသည့် လူကို ပြောစရာစကားပင် ကုန်နေပြီမို့ လုပ်ချင်တိုင်းသာ လုပ်ပါတော့ဆိုကာ လွှတ်ထားလိုက်ရခြင်းလည်း ဖြစ်၏။

အိမ်ပေါက်ဝမှာ ငုတ်တုပ်ကြီးထိုင်ကာ မီးဖိုငယ်လေးရဲ့ အပေါ်စီးမှနေ၍ တဟူးဟူး မှုတ်နေသူကတော့ ပူရကောင်းမှန်း ၊ မွန်းရကောင်းမှန်းလည်း တစ်ခုမှ သိပုံမရချေ။ နေချိုမောင်က သူ့တစ်ကိုယ်လုံး နနွင်းဓာတ်တွေပါစွဲသည်အထိ အားကြိုးမာန်တက်ကို နနွင်းမီးဖို ဖိုနေခဲ့တာဖြစ်သည်။ ငယ်ငယ်က အဆုတ်အခြေနေနှင့်သာဆို သေချာပေါက် ချောင်းတဟွတ်ဟွတ်ဆိုးကာ အသက်ရှူခက်သွားနိုင်ပေမဲ့ ဟိုးအရင်ကတည်းက အိမ်မှာ ရင်းနှီးနေသည့် ရနံ့ဖြစ်တာရော၊ အားကောင်းနေပြီဖြစ်သည့် အဆုတ်ကျန်းမားရေး၏ ကျေးဇူးပါ ပေါင်းကာ ယခုလိုနေနိုင်တာဖြစ်၏။

"ခြင်ကိုက်ရင် မကောင်းဘူး"

သူ့ခြေထောက်တစ်ခုလုံး ရစရာမရှိအောင် ခြင်ကိုက်ဖုတွေ ပေါက်နေတုန်းကတော့ ဘယ်လိုနေခဲ့သည်မသိ။ ခွန်းနစ်ကိုတော့ ခြင်ကိုက်မခံရစေနှင့်ဆိုကာ ဆရာကြီးလုပ်နေသူအား တစ်ခါတစ်လေတော့ နားလည်ရန် ခက်လွန်းပါသည်။ အရေပြား ဆရာဝန်နှင့် ပြကာ ကုပေးထားရသည့် သူ့ခြေထောက်ကို မြင်တိုင်း ဘယ်လိုများနေလာခဲ့ရပါလိမ့်ဟု စိတ်မကောင်းဖြစ်ရသူက အခုတော့ ခွန်းနစ်ကို ခြင်ကိုက်မခံဖို့ တိုက်တွန်းရင်း၊ လက်တွေ့ အကောင်အထည်ပါ ဖော်ပေးနေ၏။ ဒါက သူ့ကျေးဇူးတင်နည်း တစ်မျိုးပေလား။ တွေးရင်း စိတ်ရှုပ်လာသည့်အခါ လက်တွေကို လေထဲမှာခါယမ်းလျက် မီးခိုးငွေ့များကို ဖြိုခွဲပစ်လိုက်၏။

"နေချို"

"..."

"နေချို မောင် လို့"

"အင်း ပြော"

"မင်း ခြေထောက်ကို ဆေးလိမ်းပြီးပြီလား"

"အမ်"

"ဟင်း... လာ အဲ့ဒီ မီးဖိုကို ထားခဲ့ပြီး ဒီနားလာခဲ့"

လက်ယက်ခေါ်လိုက်သည်ဆိုလျှင်ပဲ ကျေးဇူးရှင်က ထိုင်ရာမှထကာ အနားလျှောက်လာသည်။ ခွန်းနစ် ရှေ့မှာ ရပ်သွားသူ၏ ဘောင်းဘီစကို ဆွဲလှန်တော့ သူ့ခြေထောက်တွေကို ရုန်းကန်လိုက်သူက မသိလျှင် ဘောင်းဘီချွတ်ချခံရမှာကို စိုးသည့်နှယ်။ "ငြိမ်ငြိမ် နေစမ်းပါကွ" ဟု ငေါက်လိုက်မှ ကြောင်တောင်တောင်နှင့် ရပ်သွားတာဖြစ်သည်။

"ကြည့် ဒီ ခြေဖမိုးက ဟာတွေက ကုတ်ထားပြန်တာမို့လား။ ပိုးဝင်သွားမယ်လို့ ငါမှာထားရဲ့သားနဲ့"

"ကုတ်တော့ မကုတ်ပါဘူး"

"မကုတ်ရင် အဖုတွေက ပေါက်နေပါ့မလား"

"..."

"ဆေးကရော ဘယ်မှာလဲ"

"အခန်းထဲမှာ"

"သွားယူခဲ့"

"ညကျမှ ငါ့ဟာငါ"

"နေချိုမောင်... မင်း ငါ့ကို ဆရာလုပ်နေအုန်းမှာလား"

"..."

"သွားယူ အခု"

မျက်နှာသေကြီးနှင့် လူက သူသာ ထလုပ်လိုက်ရင် ခွန်းနစ်က သူ့တစ်ချက်စာဆိုပေမဲ့ မျက်နှာကို တင်းနေအောင်ထားကာ ဂရုမစိုက်ဟန်ဖြင့်သာ ပြောလိုက်ရသည်။ ညဘက် အိပ်ရင်း ယား၍ ဟိုပွတ်သည်ပွတ် လုပ်ထားပုံရသော ခြင်ကိုင်ဖုတွေက ကြာလျှင် အနာတွေဖြစ်ကာ ပိုဆိုးသွားနိုင်သည်မို့တတ်နိုင်သမျှ မြန်မြန်ကုမှပဲ ဖြစ်မည်။

"သွားလေ"

တတိယမြောက် အချက်ပေးလိုက်မှုမှာ နေချိုမောင်က ခေါက်တင်ထားသည့် ဘောင်းဘီစတန်းလန်းဖြင့် သူ့အခန်းထဲ ဝင်သွားကာ ဆေးဘူးများထည့်ထားသော အိတ်ကလေးကို ခွန်းနစ်ဆီယူလာသည်။

"ထိုင် ဒီမှာ"

"ခြေထောက်ကို မ တင်ထား"

ဒူးအထိ ခေါက်တင်လိုက်သော ဘောင်းဘီစအောက်မှာ သူ့ခြေထောက်တွေက အနာရွတ်တွေ ဒဏ်ရာ ဒဏ်ချက်တွေဆိုတာ မနည်းမနောနှင့်။ သူငယ်ငယ်က စက်ဘီးတစ်စီးနှင့် မြစ်သားမြို့အနှံ့ပတ်ရင်း ဟိုနားလဲ ဒီနားလဲတွေဖြစ်ကာ အပွန်းအပဲ့တွေများကြောင်း သိထား၍သာ တော်သေးသည်။ ဒီကောင်က သိပ်ခေါင်းမာကာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရကောင်းမှန်း လုံးဝမသိသည့် ကောင်ပင်။

"မြင်လား "

လက်ပူးလက်ကြပ်မေးတော့ ချောင်းတစ်ချက်ဟန့်ကာ မသိချင်ယောင် ဆောင်သည့် နေချိုမောင်။ ဆေးဘူးကို ဖွင့်ကာ လက်ထိပ်ပေါ်သို့ ဂျယ်လ်ကိုညှစ်ချပြီး သူ့အနာအဖုတွေပေါ် လိမ်းပေးတော့ ခြေထောက်ကို ကျုံ့သည့်ပုံစံက မသိလျှင် အပျိုဖြန်းကလေးနှယ်။ ပြောလည်း ပြောသူသာမောမည်မို့ ခွန်းနစ်က ဒဏ်ရာတွေကိုသာ အာရုံစိုက် ဆေးလိမ်းပေးပြီး အခြောက်မြန်အောက် လေဖြင့် ခပ်ဖွဖွ မှုတ်ပေးလိုက်သည်။

လူတစ်ယောက်အတွက် တစ်ကိုယ်‌ရည်သန့်ရှင်းရေးက အရေးကြီးဆုံးဟု ခံယူထားသူ ခွန်းနစ်အတွက် နေချိုမောင်နှင့် တစ်အိုးထဲ တစ်အိမ်ထဲ နေရတာ ထင်သလောက် သဟဇာတဖြစ်လွန်းနေသည်တော့ မဟုတ်ပါ။ တစ်ခါတစ်လေ ဖြစ်သလို နေတတ်သူကြောင့် စိတ်မကြည်မလင်ဖြစ်ရသော်လည်း သုံးလအတွင်း တတ်နိုင်သမျှ ခွန်းနစ်ပြောသလို ကြိုးစားပြင်ရှာသည့် နေချိုကြောင့် ဆိုးဆိုးရွားရွား ပြဿနာ တက်တာမျိုးတော့ မရှိခဲ့ချေ။ ခြင်ထောင်ကို သေချာသိမ်းဖို့၊ အိပ်ရာကို ဖြစ်သလိုလုံးထွေးမထားဖို့၊ အခန်းကို သန့်ရှင်းအောင်ထားဖို့၊ အစားသောက်ကို စားပြီးလျှင် သေချာအုပ်ဖို့၊ ရှင်းလင်းဖို့ စတဲ့ အခြေခံလေးတွေကအစ ပြောနေသည့် ခွန်းနစ်ကို သူလည်း စိတ်ပျက်ကောင်း စိတ်ပျက်နေနိုင်ပေမဲ့ပေါ့။

ဘယ်လိုပင် ဖြစ်ပါစေ လူတစ်ယောက်နှင့် တစ်ယောက်ကြားမှာ လက်ခံနိုင်တာတွေ ရှိသလို၊ လက်မခံနိုင်တာတွေလည်း ရှိလိမ့်မည်။ ခွန်းနစ်က သူ့ရဲ့ အလုံးစုံကို ပြင်ဆင်ပိုင်ခွင့်ရော ပြင်ဆင်နိုင်စွမ်းရော မရှိပေမဲ့ ကောင်းမွန်သည့် အကျင့်တွေကို မွေးမြူပေးရမည့် ကိစ္စကတော့ သူငယ်ချင်းတစ်ယောက် အနေနှင့် လုပ်သင့်လုပ်ထိုက်သော ကိစ္စတစ်ရပ်ဟုသာ မှတ်ယူထားပါသည်။

ထို့အတူ တဖြေးဖြေး ကိုယ့်ကိုယ်ကိုယ် သတိထားမိလာတာက အခြားသူတစ်ယောက်နှင့် အတူရှိနေရတာ မျှဝေနေရတာဟာ အရမ်းဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပဲ ခွန်းနစ် လက်ခံနိုင်လောက်သည့် အတိုင်းအတာတစ်ခုတော့ ရှိသည်ဆိုတာကိုပင်။

ကိုယ့်ကိုယ်ကိုယ် ဂေးတစ်ယောက်ဟု လက်ခံပြီးသည့်နောက်မှာ ခွန်းနစ်က ယောက်ျားတစ်ယောက်နှင့် အတူဖြတ်သန်းရမည့် ကိစ္စတွေကို အကြိမ်ကြိမ် စဉ်းစားကြည့်ခဲ့ဖူးသည်။ သူတို့တွေ တရားဝင် ပေါင်းသင်းနေထိုင်ခွင့် မရလျှင်တောင် နှစ်ဦးသဘောတူ ဖြတ်သန်းရမည့် နေ့ရက်တွေမှာ ယုံယုံကြည်ကြည် လက်တွဲပြီး အချိုမြိန်ဆုံး နေ့ရက်တွေကိုပိုင်ဆိုင်ဖို့ဆိုတာ တွေးလေ မလွယ်ကူလေဖြစ်ခဲ့၏။ များသောအားဖြင့် လေးစားရသည့် အားကျရသည့် ဟန်ပန်များသော လူတွေကိုသာ သဘောကျခဲ့မိသည့် ခွန်းနစ်အတွက် ထိုလူတွေ၏ အားနည်းချက်တစ်ခုကို ဖြတ်ခနဲမြင်ရုံနှင့်ပင် စိတ်ပျက်လက်ပျက် ထွက်ပြေးခဲ့တာချည်းဖြစ်၏။

မှတ်မှတ်ရရ ပထမဆုံး ချိန်းတွေ့ကြည့်ဖို့ လုပ်ခဲ့မိသည့် အစ်ကိုကြီးဆိုလျှင် အသက်၃၄နှစ် နီးပါး ရှိကာ ဆေးကုမ္ပဏီတစ်ခုမှ ရာထူးကြီးကြီးတစ်ခုပင် ရထားသည်။ သူနှင့် သုံးလေးကြိမ်လောက် စကားစမြည်ပြောဖူးပေမဲ့ ခွန်းနစ်မြင်ရခဲ့သမျှဟာ သူပြချင်သော အကောင်းဆုံးဆိုတာတွေချည်းဖြစ်ကာ စိတ်ကွက်စရာ အပြုမူတစ်ခုကိုမြင်တာနှင့် ချက်ချင်းပင် ရှေ့တိုးမည့်အစီစဉ်ကို ရပ်ပစ်ခဲ့၏။ အလားတူပဲ သုံးနှစ်ခန့်အတွင်းမှာ ခွန်းနစ် စကားစမြည်ပြောရင်း တီးမိခေါက်မိသည့် ယောက်ျားတွေများပေမဲ့ အားလုံးက သူတို့ရဲ့ အကောင်းဆုံးတွေကိုသာ ရွေးချယ်ပြသထားသည်ချည်းဖြစ်ကာ နောက်ဆုံးမှာ ပေါ်လာမည့် အစစ်အမှန်တွေကို လက်ခံရန်သတ္တိမျိုးကိုမူ ခွန်းနစ်က မမွေးမြူချင်ခဲ့ချေ။ သို့အတွက် အဆုံးမှာ အားလုံးက အသိအစ်ကိုကြီး ဆိုသည့် ဆက်ဆံရေးများနှင့်သာ အဆုံးသတ်သွားကြတာ များပါသည်။

အကယ်၍ နေချိုမောင့်နေရာမှာ အခြားတစ်ယောက်သာဆို ခုလို ဆေးလိမ်းပေးဖို့မပြောနှင့် ခြေထောက်တွေကို ကြည့်ပေးဖို့ပင် လုပ်ချင်မှ လုပ်လိမ့်မည်။ အဆုံးစွန် ခွန်းနစ် ရဲ့ အချစ်ဦးဟူ၍ပင် သတ်မှတ်နိုင်သည့် အစ်ကိုဟိန်းသူရ ဆိုလျှင်တောင် ဒီလို ဂရုစိုက်မှုမျိုး ပေးနိုင်လိမ့်မည်ဟု မသေချာ။ အခြားသူတွေအတွက် ခွန်းနစ် အတတ်နိုင်ဆုံးအရာဟာ သူပေးသလောက် ငါပြန်ပေးမည်ဆိုသည့် အတိုင်းအတာမှာသာ ရှိကာ နေချိုမောင့်အတွက်တော့ သူဆီက ဘာရသည်ဆိုတာမျိုးထက် ခွန်းနစ်ကသာ တတ်နိုင်သမျှ လုပ်ပေးချင်နေတာဖြစ်သည်။

ဒါက ငယ်ရွယ်ချိန်ကတည်းက ရင်းနှီးခဲ့သည့် သံယောဇဉ်ကြောင့် ဖြစ်နိုင်သလို ၊အတူရှိချိန်တိုင်း သက်တောင့်သက်သာဖြစ်ကာ စိတ်တိုင်းကျ နေခွင့်ရသည့် ရှားရှားပါးပါး ဆက်ဆံရေးကြောင့်လည် ဖြစ်နိုင်သည်။ ဘယ်လိုပင် ဖြစ်ပါစေ နေချိုမောင့်ရဲ့ အကျည်းတန်သော အားနည်းချက်တို့မှာ ခွန်းနစ်အတွက် ဂရုဏာ ထားချင်စရာဖြစ်နေသည်ချည်းသာ ဖြစ်၏။

"ဒီအရွယ် ရောက်နေပြီ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရကောင်းမှန်းမသိဘူး။ တကယ့် ကောင်"

"..."

"နေမကောင်းရင် ဆေးသောက်ရမယ်။ နာနေရင် ဆေးလိမ်းရမယ်။ ညစ်ပတ်နေရင် သန့်ရှင်းရမယ်ဆိုတာ ကြောင်လေးတွေ ခွေးလေးတွေတောင် သိလို့ တအီအီအော်နေကြတာလေ"

"..."

"မင်းကတော့ အမြဲတမ်း ဖြစ်သလိုပဲ လုပ်နေတယ်"

"..."

"ပြောစရာရှိရင်လဲ ပြောပြီး။ စိတ်ညစ် စရာရှိရင်လဲ တိုင်ပင်ရမှာ မဟုတ်ဘူးလား"

"..."

"မိသားစုဆိုတာမရှိလည်း။ ဒီတိုင်း မင်းအတွက် နားထောင်ပေးမဲ့ သူငယ်ချင်းကတော့ ရှိမှာ မဟုတ်ဘူးလား"

"..."

"ငါ အိမ်နဲ့ အဆင်မပြေစဖြစ်တုန်းက ဘယ်သူနဲ့မှ ပြောစရာမရှိတော့လို့ ဘူတာကြီး ဘက်က  တောင်းစားတဲ့သူတွေဆီသွားပြီး တစ်နာရီ သုံးထောင်နဲ့ စကားပြောပစ်ခဲ့တာ"

"..."

"သူတို့ဆီက ဘာ အဖြေမှ မရပေမဲ့ ဒီတိုင်း ပြောချင်တာ ပြောလိုက်ရတာပဲ"

"..."

"မင်းကတော့ အမြဲ နှုတ်ဆိတ်နေတယ်"

မကျေမနပ် ပြောတော့ ခွန်းနစ်ကို ငေးနေသည့် သူ့မျက်ဝန်းတွေက တစ်ခုခုကို တွေးမိသွားပံုပေါက်သည်။ သူ့ရဲ့ ပိရိသေသပ်သော နှုတ်ခမ်းသားညိုညိုဟာ စကားတစ်ခွန်း ပြောဖို့ကိုပင် မဝံ့ရဲသည့်နှယ်။ စိတ်ထဲမှာပဲ အများကြီးသိမ်းထားရတာကြောင့်ပေလား။ ရှိရင်းစွဲအသက်ထက် ကြီးရင့်ပုံပေါ်နေသည့် နေချိုမောင်က ဝန်ထုပ်ဝန်ပိုးတွေ အများကြီးထမ်းထားရသလို သနားစရာကောင်းသည့်သူဟုလည်း ခွန်းနစ်ထင်သည်။

အတူရှိလာတာ လေးငါးလ ခန့်ရှိသည့်တိုင် သူ့အကြောင်း တစ်စွန်းတစ်စ ဖွင့်ဟဖော်မရှိသူက စိမ်းကားလွန်း၍ မဟုတ်တာ ယုံကြည်သည်။ သူသာ စိတ်လွတ်လက်လွတ် ပြောဆိုလာလျှင် အကောင်းဆုံးနှစ်သိမ့်ဖို့ အသင့်ရှိနေကြောင်း သူ့ကို ပြောပြချင်ပေမဲ့ ကိုယ်ပြောလိုက်ကာမှ ပိုပြီး ဝန်လေးသွားမည်ကိုလည်း စိုးရသေးသည်။

"ငါ ပြောတာတွေကို နားထောင်ဖို့ မုန်းသွားရင် ဘယ်လို လုပ်မှာလဲ"

ရုတ်တရက် ထေ့ငေါ့ခြင်းတွေ ပြည့်နှက်လာသော သူ့အကြည့်တွေကြောင့် ခဏတော့ ခွန်းနစ်‌ ဆွံ့အသွား၏။ သူဟာ တကယ်ပဲ သိချင်စိတ်အပြည့်နှင့် မေးလိုက်ပုံရသည်။ သူ့လက်တွေက ကြမ်းပြင်ထက် ထောက်ထားလျက် မျက်ဝန်းတွေဟာ ခွန်းနစ်မျက်နှာထက်မှ အလှုပ်အခတ် တစ်ခုခြင်းစီကိုလည်းကောင်း၊ မျက်ဝန်းအတွင်းမှ အပြောင်းလဲ တစ်ခုချင်းစီကိုလည်းကောင်း မျက်တောင်တစ်ချက်မခတ် စောင့်ကြည့်နေသည်မှာ ကြက်သီးထချင်စဖွယ်ပင် ကောင်းနေခဲ့၏။

"ဘာလို့ မုန်းရမှာလဲ ငါက"

"အဟင်း"

သူက ရယ်သည်။ သူ့နားရွက်မှ နားပေါက် ကလေးက နားကပ်လွတ်နေသည့်တိုင် ထင်ရှားသည့် အမှတ်အသားလေးသဖွယ် မီးရောင်အောက်မှာ ထင်ဟပ်နေ၏။

တဖြေးဖြေး လှုပ်ရှားလာခဲ့သော သူ့လက်ချောင်းရှည်တွေဟာ ခွန်းနစ်ပါးပြင်ကို အသာယာ ထိတွေ့လာပြီးနောက် ကြမ်းရှသော လက်ထိပ်တို့၏ ကျီစယ်မှုက ရိုးတိုးရွတဖြင့် ခွန်းနစ် အသိအာရုံထဲ နေရာယူသွားခဲ့၏။

သူက အပြုံးတစ်ခုဖြင့် မျက်နှာသေကို အသက်သွင်းလိုက်ကာ နူးညံ့စွာပဲ စကားကို ဆက်သည်။

"အဖုတွေ အထစ်တွေကို ပြပြီး ငါ့ကို ငြီးငွေ့ မသွားစေချင်ဘူး"

"..."

"မင်းကို ကောင်းတာတွေပဲ သိပြီး ကောင်းတဲ့အရာတွေချည်းပဲ ပိုင်ဆိုင်စေချင်တာလေ"

ထို တဒင်္ဂတွင် မည်သည့် ဆင်ယင်ခမ်းနားမှုတို့မှ မရှိသလို မည်သည့် နောက်ခံတေးဂီတတို့မျှ ရှိမနေခဲ့ပါ။ သို့ရာတွင် စိတ်၏ သိမ်မွေ့ခြင်းသည် ဟိုးအထွဋ်အထိပ်ထိ ရောက်သွားပုံရကာ ကျေနပ်ခြင်းထက်ကျော်လွန်လျက် ပီတိနှင့် နှစ်လိုခြင်းကို အပြည့်အဝကြီး ခံစားလိုက်ရပါသည်။

..................................

"အဲ့တော့ ဘာလဲ။နင်က သူ့ကို ကြိုက်တာလား မကြိုက်ဘူးလား"

"..."

"စိတ်ရှိတယ်တော့ ထပ်မလုပ်နဲ့တော့ ကုဋေ။ နင် ခုလိုထိ လက်ပွန်းတတီးနေတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးမို့လား"

"သူက ငယ်ငယ်ကတည်းက သိတဲ့သူလေ"

"အဲ့ဒါဆို တူလား"

"ဘာကလဲ"

"ခံစားချက်... ခံစားချက်ချင်း တူလားမေးတာ။ နင် အရင်တုန်းက သိခဲ့တဲ့ နေချိုမောင်နဲ့ တူနေတုန်းလား။နင် ဘယ်လိုမြင်တယ်ဆိုတာ နင်ပဲ အသိဆုံးပါ ကုဋေရယ်။ ငါတော့ မဟုတ်လည်း တွဲဖြစ်မဲ့အတူတူ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး"

"ငါတို့ပြန်တွေ့တာ တစ်နှစ်မပြည့်သေးဘူး"

"ဒါပေမဲ့ နင်တို့ ဘယ်ခြေလှမ်းနေလည်း သိသားရဲ့ မသိချင်ယောင် ဆောင်နေကြတာတော့ မဟုတ်သေးဘူးလေ။ ပြီးတော့ သူ့ဘက်က နင့်ကိုဖွင့်ပြောထားတာနော်"

"တစ်ခါထဲရယ်"

"ဟဲ့ တစ်ခါပြောရင် တစ်သက်လုံးပြောတာပဲလေ။ မင်းကို ကြိုက်တယ်ပြောပြီးမှ မကြိုက်တော့ဘူး ပြောဖို့ဆိုတာ သူ‌ နောက်တစ်ယောက်တွေ့မှပဲ ဖြစ်လိမ့်မယ်"

ယုရဲ့ စကားအဆုံး ငြိမ်ကျသွားသည့် ခွန်းနစ်က အတွေးများနေသူတစ်ယောက်နှယ်။ ခုတလော မတင်မကျဖြစ်နေသည့်စိတ်ကြောင့် တစ်အိမ်ထဲနေသည့် နေချိုမောင်နှင့်ပင် အကြောမတည့် ဖြစ်ချင်နေသည်မို့ ခုလို ယုရဲ့ပိတ်ရက်မှာ တွေ့ကြဖို့ ချိန်းဆိုလိုက်တာဖြစ်၏။

အလုပ်ဝင်ပြီးကတည်းက ယုက ခွန်းနစ်ရဲ့ သူငယ်ချင်း အရင်းအခြာလို ဖြစ်နေတာကြောင့် တိုင်ပင်စရာကိစ္စရှိလျှင် သူမဆီတိုင်ပင်ရစမြဲသာ။ ယုက အမြင်ကျယ်ကာ မျှမျှတတ တွေးတတ်တာကြောင့် များသောအားဖြင့် သူမအကြံတွေက ခွန်းနစ်အတွက် ထိရောက်တာသာ များပါသည်။

"ငါ သူ့ကို မယုံဘူး"

"ဟင်"

"ငါ့အပေါ် အများကြီး လျှို့ဝှက်ထားသလိုပဲ"

ပြောပြီးတာနှင့် စားပွဲထက်က အအေးခွက်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ စူးစိုက်ကြည့်မိနေသည့် ခွန်းနစ်။

"သူ ဘာဖြစ်ချင်နေသလဲ ဆိုတာတွေ ဘာမှထုတ်မပြဘူး။ အမြဲ ငါကပဲ လိုက်ခန့်မှန်းနေရတယ်"

"နောက်ပြီး...နောက်ပြီးတော့"

"သူ့မှာ တခြားတစ်ယောက် ရှိနေတယ်ထင်တယ်"

"ဟင်..."

"ထားပါတော့ဟာ။ ငါ့ ရည်းစားလည်း မဟုတ်ဘူး။ သူ့ဟာသူ အခြားကြိုက်တဲ့သူရှိလဲ အေးတာပဲ...အ...အ သေ သေပါပြီ"

"ယု နင့် ငါ့ကို သေအောင်လုပ်နေတာလား"

တဂွက်ဂွက် အခေါက်ခံလိုက်ရသည့် ခေါင်းကို ဖိကိုင်လို့ မျက်လုံးပြူးကြီးများဖြင့် အော်ဟစ်နေသူကို ကြည့်ရင်း ယု တစ်ခွန်းသာ ပြောလိုက်သည်။

"အေး သေ သေ"

ဒီလောက် လိန်ပိန်ပြီး ပူလောင်နေရတာတောင် ကိုယ့်ကိုယ်ကိုယ် ညာနေသည့် ကောင်က သူမလက်ဆစ်တွေနဲ့သာ တန်သည်။ နေချိုမောင်ကသာတကယ် တခြားတစ်ယောက်နှင့် ချစ်သူဖြစ်သွားလျှင် ခွန်းနစ်ကုဋေကို သူမကိုယ်တိုင် မြက်တွေကျွေးပစ်မည်။ ကိုယ့်ကို ကြိုက်ပါတယ် ပြောထားတဲ့သူနဲ့ အတူတူနေပြီး ကိုယ်ကလည်း စိတ်ရှိနေတာကိုတောင် ဘာမှမဖြစ်မြောက်လာဘူးဆိုလျှင် ဒီကောင်လောက် အသုံးမကျသည့်လူ ရှိတော့မည် မထင်ပါ။

"နင့် ဘေးမှာ တစ်ချိန်လုံးရှိနေပြီး သူများလက်ထဲသာ ပါသွားရင် တိုင်နဲ့ခေါင်းသာ ပြေးဆောင့်လိုက်တော့ ကုဋေ။ ငါ ဒါပဲ ပြောမယ်"

"..."

သူမ ပြောတော့ မျက်နှာလေး အိုကျသွားပုံက သနားစရာ။ ကုဋေ ရုပ်ခံကလေးရှိသလို အလုပ်အကိုင်နဲ့မို့ မက်စရာလေးဖြစ်နေသည့်တိုင် တွေဝေကာ အတွေးများလွန်းသည်။ ဖြစ်ပါ့မလားဆိုသည့် စိတ်ကြောင့် သူလက်လွတ်ခဲ့ရသည့် အခွင့်အ‌ရေးတွေဆိုတာ သူမ သိသလောက်ဆိုလျှင်ပင် မနည်းလှချေ။ ခုလို နှလုံးသား ရေးရာကိစ္စမှာတောင် နှေးတိနှေးတုံ့နှင့် လိပ်ကလေးလို လုပ်နေပြန်၏။ တကယ်ဆို စကြိုက်တာ နေချိုမောင်ပေမဲ့ အစစ အရာရာ လိုက်ဖြည့်ဆည်းပေးနေတာ ကုဋေဟုသာ သူမက မြင်သည်။ သူငယ်ချင်းဆိုသည့် ခေါင်းစဉ်အောက်မှာ အဲ့ဒီလူကို လိုတာမှန်သမျှ လုပ်ပေးနေခဲ့ပြီးတာတောင် သူ့ရင်ခုန်သံသူ ညာချင်နေသေးသည့် ကုဋေ...။

"ဟိုကလဲ နောက်တစ်ခေါက်လောက် ကြိုက်တယ်ထပ်ပြောရင် သေမှာကျနေတာပဲ"

"ငါလဲ အဲ့ဒါပြောတာကို"

တိုးတိုးလေးပြောပေမဲ့ ကြားဖြစ်အောင် ကြားလိုက်ရသည့် စကားကြောင့် သူမ ထိန်းမရအောင် ရယ်မိသွားသည်။

"နင်က ပြောတော့ရော ဘာဖြစ်မှာမို့လဲ။ နင်လဲ ကြိုက်နေပြီပဲကို"

ကုဋေက သူမအပြောကို နှာခေါင်းရှုံ့ကာ ခေါင်းယမ်း၏။

"မပြောချင်ပါဘူး။ ငါက ဘာလို့ပြောရမှာလဲ။ သူက အရင်ကြိုက်တာပဲ။ သူထပ်ပြော"

"ဟင်းဟင်း ကုဋေ ကုဋေ။ နင် ဘယ်အချိန်ထိ စောင့်မလည်း ငါကြည့်အုန်းမယ်။ နေချိုမောင်ထက် နင်က ပိုဖြစ်နေတာ"

လက်မခံသလို ခေါင်းယမ်းပြလည်း တကယ်တမ်း အမှန်ကို ကုဋေ သိကို သိပါလိမ့်မည်။ ဘယ်သူ့ကိုပဲ လိမ်ညာနိုင်ပါစေ ကိုယ့်ကိုယ်ကိုယ်တော့ ညာလို့ မရနိုင်ဘူးမို့လား။

.....................................

"ဘာဖြစ်နေတာလဲ"

ဆိုင်ကယ် ရပ်လိုက်ချင်း ကြားလိုက်ရသည့် စကားကြောင့် ခွန်းနစ်မျက်နှာက ရေခဲရိုက်လိုက်သလို ပိုလို့ပင် အေးစက်သွားသည်။ ဦးထုပ် ကမ်းပေးလာသူကတော့ ထုံးစံအတိုင်း သူ့ရဲ့မူပိုင်မျက်နှာသေနှင့် ဘာဖြစ်လို့ ဖြစ်နေမှန်း မသိပုံဖမ်းကာ ခပ်အေးအေးပဲ မေး၏။

"မတက်ဘူးလား"

ဦးထုပ်ကို မယူပဲ ပေတေရပ်နေတော့ ခေါင်းပေါ် ဇွက်ခနဲလှမ်းစွပ်ပေးပြီး ဆိုင်ကယ်နောက်ခုံကို ပုတ်ပြသည့်သူ။ သုံးနာရီ လာခေါ်ဖို့ပြောထားတာကို ငါးနာရီမှလာခေါ်ပြီး သူ ဘာမှမမှားထားသလို လုပ်နေသည့် နေချိုမောင်ကြောင့် သွေးတက်သေတော့မည့် ခွန်းနစ်ကတော့ တရိပ်ရိပ်တက်နေသော ဒေါသတွေကိုမြိုချရလွန်းလို့ လည်ချောင်းပင် ခြောက်ကပ်လာပြီ။

"လာလေ"

နောက်တစ်ကြိမ် ထပ်ပြီး ခေါ်ပြန်သည့်သူ။ "စိတဲ မရှင်းရင် ဒဲ့မေးလိုက်လေ။သူက သူလုပ်နေတာတွေကို ပြောရကောင်းမှန်း မသိအောင် စကားနည်းတာလည်း ပါချင်ပါမှာပေါ့ဟယ်" ဆိုသော ယုစကားကို ကြားယောင်လာတော့ အရဲစွန့်ကာ သူ့မျက်ဝန်းတွေကို စူးစိုက်ကြည့်ပစ်လိုက်၏။

"ဘာလို့ နောက်ကျနေတာလဲ"

"ငါလား"

"..."

"သူငယ်ချင်း တစ်ယောက်ကို ပို့စရာလေးရှိလို့"

လာပြန်ပြီ သူငယ်ချင်း။ ထွက်ကျလာတော့မည့် ဒေါသကို ဖိထိန်းရင်း ခွန်းနစ် အသက်ရှူသံက ပြင်းထန်လာ၏။ သူငယ်ချင်း သူငယ်ချင်း... ဘယ် စောက်သူငယ်ချင်းကို သွားသွားတွေ့နေလို့ ခွန်းနစ်ကို ကြို‌ဖို့အတွက် နောက်ကျနေရတာလည်းဟု မေးချင်လွန်းလို့ သေတော့မည်။ လှစ်ခနဲ ပျောက်ပျောက်သွားပြီး ပြန်လာလျှင် သူငယ်ချင်းနဲ့တွေ့သည်ပဲ ဆင်ခြေပေးနေသည့် နေချိုမောင်က တကယ်ပဲ နောက်တစ်ယောက်တွေ့နေသည်လား။

"မင်း"

"..."

"မင်း သူငယ်ချင်းက ဘယ်သူလဲ"

"..."

"ဝေဖြိုးနိုင်လို့ ငါကို မပြောနဲ့။ သူ သူမိန်းမနဲ့ အင်းဝဘက် ရောက်နေတယ်လို့ ငါဖုန်းဆက်ပြီးပြီ"

"အော်"

"..."

"သူနဲ့တွေ့တာ မဟုတ်ပါဘူး"

"အဲ့ဒါဆို ဘယ်သူလဲ"

"ရှိတယ်။ မင်း မသိဘူး"

ဟင်း.. မျက်နှာလွှဲလိုက်သည့် ခွန်းနစ်က ငါသိသားပဲ ဆိုသည့်အထာနှင့်။ သောကြာနေ့တွေဆို ခွန်းနစ်ကို ချန်ထားပြီး ပျောက်ပျောက်သွားတာ အဲ့ဒီ စောက် သူငယ်ချင်းကြောင့်ပေါ့။ သူ့ကို စိတ်တိုသလို ဒီလို ကိစ္စလေးအတွက် ကလေးဆန်စွာ မနာလိုဖြစ်မိနေသည့် ကိုယ့်ကိုယ်ကိုယ်လည်း ခွန်းနစ် ဒေါသထွက်၏။ အသက်ကြီးလာမှ တွပ်ကပ်ပြီး သဝန်တိုတတ်လာတာ ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ။

"မပြန်ချင်ဘူးလား"

"သူက လှလား"

"..."

အမေးနှင့်တခြား ပြန်ထပ်ပြီး အမေးခံလိုက်ရတာကြောင့် ကြောင်အသွားသည့် နေချိုမောင်ခင်မျာ အူလည်လည်နှင့်။ရောက်ကတည်းက သူ့ကို နှာကစ်နေသည့် ခွန်းခွန်း စိတ်ကျေနပ်အောင် အလိုက်သင့် နေနေပေမဲ့ ပိုပြီးတော့တောင် ပုပ်သိုးလာသည့် မျက်နှာက သူ့ကို အတော်လေး မကျေမနပ်ဖြစ်နေပုံရပါသည်။ခက်တာက ခွန်းခွန်းပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သေချာမသိသေးသလို သူလုပ်ပေးလိုက်လို့ ပိုပြီး မရွှင်မလန်းဖြစ်သွားမှာကိုလည်း စိုးရသေး၏။ဒီတော့ အမှန်တိုင်းပြောပြီး သူကျေနပ်အောင် လုပ်ပေးတာကပဲ ကောင်းမည်ထင်သည်။

"လှပါတယ်"

"အော်...ဟုတ်လား"

"အင်း ဆံပင် အရှည်နဲ့။ အရပ်လည်း ရှည်တယ်"

"..."

"စကားတော့ သိပ်မပြောဘူး။သူက အေးလို့"

"မင်းနဲ့လိုက်တာပေါ့"

"ဟမ်"

"တောက်!! ပြန်မယ်ကွာ သွားသွား"

နေရင်းထိုင်ရင်း ဒေါသတွေထွက်ကာ ဆိုင်ကယ်ပေါ်ဝရုန်းသုန်းကား တက်သည့် ခွန်းနစ်ကုဋေ။ နေချို့ အသားကို လုံးဝမထိပဲ ဆိုင်ကယ်ဖင်ထိုင်ခုံအစွန်းမှာထိုင်ကာ "အိမ်ပြန်မယ်" ဟု ထအော်သည်။ နောက်ကြည့်မှန်က မြင်ရသည့် မျက်နှာမှာမူ ပေါက်ထွက်ခါနီး ပူဖောင်းလို တင်းတင်းမာလျက် နှာခေါင်းတစ်ခုလုံးဟာ ရဲတွတ်နေသည်။

"အင်း"

‌အိမ်ပြန်ချင်တယ်ဆိုတော့လည်း သဘောအတိုင်း ပြန်ပို့ဖို့သာ ရှိသည်။ ခုတလောအိမ်မှာနေရင် စိတ်မကြည်သလိုဖြစ်နေသည်မို့ သူငယ်ချင်းနှင့်တွေ့တုန်း ပျော်ပါစေဆိုကာ နောက်ကျမှ လာကြိုပေးပေမဲ့ ခွန်းခွန်းက ပိုပြီးတောင် မပျော်သည့်ပုံ ပေါက်လာ၏။

အတူနေရတာ စိတ်များ ကုန်သွားသလားလို့တွေးမိတော့ နေချို့မျက်ဝန်းတွေ မှုန်မှိုင်းသွားကာ ဆိုင်ကယ်မှန်မှတဆင့် နောက်က မျက်နှာထံ ခဏခဏ ကြည့်နေမိတော့သည်။

"စိတ်မဆိုးပါနဲ့"

တိုးတိုးလေး ရေရွတ်မိသော စကားကို နောက်ကလူ ကြားမည်မထင်။ တစ်ခါတစ်လေတော့ ပုခုံးကနေ တင်းတင်းဖက်လို့ ဖိအားပေး ပြုံးခိုင်းပြီး အတင်းအကြပ် ပျော်နေခိုင်းချင်သည့်  ဆန္ဒကို အကောင်ထည် ဖော်ပစ်လိုက်ချင်သည်။ ပုံစံအမှန်ကိုတွေ့သည့်တိုင် ဖမ်းဆုပ်ပေးထားမည့် ခွန်းခွန်းလက်တစ်စုံကို စိတ်ကူးယဉ်လွန်း၍ထင်။ လက်တွေ့မှာ ခွန်းခွန်းက သူ့ရဲ့ အရာရာကို လက်ခံနေသည်ဟု မကြာခဏ ထင်ယောင်ထင်မှား ဖြစ်ဖြစ်လာ၏။

...........................................................

စာရေးသူ၏ အမှာစာ:

ခွန်းနစ်ကုဋေက ရိုက်ပေါက်နော်
ပါဆင်နယ်လတီက ကတမ်နဲ့တော်တော်တူတယ်။ တစ်ယောက်ထဲ လောင်တာမျိုး။

စကားမစပ် နေချို့ သူငယ်ချင်းကို ခန့်မှန်းပါ

မတွေ့တာ ကြာပါပြီ
Vote 300ရရင် ပြန်လာပါ့မယ်

Zawgyi

တိမ္ညိုေလးလည္း အေႏြးဓာတ္လိုပါတယ္ ၄

တလိမ့္လိမ့္ထြက္ေနေသာ မီးခိုးလုံးမ်ားျဖင့္ ျပည့္ႏွက္ေနေသာ အခန္းတြင္းမွာ ျဖစ္သည္။ ခြန္းနစ္ကုေဋက မနက္ကပဲ ဝယ္လာသည့္ အသစ္စက္စက္ ပလပ္စတစ္ ခုံပုေလး‌ထက္တြင္ ထိုင္လ်က္ မ်က္ခုံးမ်ားမွာ တြန႔္ခ်ိဳးလ်က္ရွိ၏။ မ်က္ခမ္းစပ္မ်ားမွာ မီးခိုးေငြ႕မ်ား၏ အရွိန္ေၾကာင့္ ပူစပ္ကာ ေနရခက္ေနသလို ျပင္းလြန္းသည့္ ရနံ႕ေၾကာင့္ ႏွာေခါင္းတစ္ခုလုံးပါ မြန္ထူေနသည့္တိုင္ ဘာမွေျပာနိုင္ျခင္းလည္း မရွိေပ။

"ျခင္ေဆးေခြထြန္းရင္ အသက္ရႉၾကပ္တယ္" လို႔ ေျပာမိလိုက္ကာမွ နႏြင္းဓာတ္ကို အိတ္လိုက္ဝယ္လာသည့္ လူကို ေျပာစရာစကားပင္ ကုန္ေနၿပီမို႔ လုပ္ခ်င္တိုင္းသာ လုပ္ပါေတာ့ဆိုကာ လႊတ္ထားလိုက္ရျခင္းလည္း ျဖစ္၏။

အိမ္ေပါက္ဝမွာ ငုတ္တုပ္ႀကီးထိုင္ကာ မီးဖိုငယ္ေလးရဲ႕ အေပၚစီးမွေန၍ တဟူးဟူး မႈတ္ေနသူကေတာ့ ပူရေကာင္းမွန္း ၊ မြန္းရေကာင္းမွန္းလည္း တစ္ခုမွ သိပုံမရေခ်။ ေနခ်ိဳေမာင္က သူ႕တစ္ကိုယ္လုံး နႏြင္းဓာတ္ေတြပါစြဲသည္အထိ အားႀကိဳးမာန္တက္ကို နႏြင္းမီးဖို ဖိုေနခဲ့တာျဖစ္သည္။ ငယ္ငယ္က အဆုတ္အေျခေနႏွင့္သာဆို ေသခ်ာေပါက္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးကာ အသက္ရႉခက္သြားနိုင္ေပမဲ့ ဟိုးအရင္ကတည္းက အိမ္မွာ ရင္းႏွီးေနသည့္ ရနံ႕ျဖစ္တာေရာ၊ အားေကာင္းေနၿပီျဖစ္သည့္ အဆုတ္က်န္းမားေရး၏ ေက်းဇူးပါ ေပါင္းကာ ယခုလိုေနနိုင္တာျဖစ္၏။

"ျခင္ကိုက္ရင္ မေကာင္းဘူး"

သူ႕ေျခေထာက္တစ္ခုလုံး ရစရာမရွိေအာင္ ျခင္ကိုက္ဖုေတြ ေပါက္ေနတုန္းကေတာ့ ဘယ္လိုေနခဲ့သည္မသိ။ ခြန္းနစ္ကိုေတာ့ ျခင္ကိုက္မခံရေစႏွင့္ဆိုကာ ဆရာႀကီးလုပ္ေနသူအား တစ္ခါတစ္ေလေတာ့ နားလည္ရန္ ခက္လြန္းပါသည္။ အေရျပား ဆရာဝန္ႏွင့္ ျပကာ ကုေပးထားရသည့္ သူ႕ေျခေထာက္ကို ျမင္တိုင္း ဘယ္လိုမ်ားေနလာခဲ့ရပါလိမ့္ဟု စိတ္မေကာင္းျဖစ္ရသူက အခုေတာ့ ခြန္းနစ္ကို ျခင္ကိုက္မခံဖို႔ တိုက္တြန္းရင္း၊ လက္ေတြ႕ အေကာင္အထည္ပါ ေဖာ္ေပးေန၏။ ဒါက သူ႕ေက်းဇူးတင္နည္း တစ္မ်ိဳးေပလား။ ေတြးရင္း စိတ္ရႈပ္လာသည့္အခါ လက္ေတြကို ေလထဲမွာခါယမ္းလ်က္ မီးခိုးေငြ႕မ်ားကို ၿဖိဳခြဲပစ္လိုက္၏။

"ေနခ်ိဳ"

"..."

"ေနခ်ိဳ ေမာင္ လို႔"

"အင္း ေျပာ"

"မင္း ေျခေထာက္ကို ေဆးလိမ္းၿပီးၿပီလား"

"အမ္"

"ဟင္း... လာ အဲ့ဒီ မီးဖိုကို ထားခဲ့ၿပီး ဒီနားလာခဲ့"

လက္ယက္ေခၚလိုက္သည္ဆိုလွ်င္ပဲ ေက်းဇူးရွင္က ထိုင္ရာမွထကာ အနားေလွ်ာက္လာသည္။ ခြန္းနစ္ ေရွ႕မွာ ရပ္သြားသူ၏ ေဘာင္းဘီစကို ဆြဲလွန္ေတာ့ သူ႕ေျခေထာက္ေတြကို ႐ုန္းကန္လိုက္သူက မသိလွ်င္ ေဘာင္းဘီခြၽတ္ခ်ခံရမွာကို စိုးသည့္ႏွယ္။ "ၿငိမ္ၿငိမ္ ေနစမ္းပါကြ" ဟု ေငါက္လိုက္မွ ေၾကာင္ေတာင္ေတာင္ႏွင့္ ရပ္သြားတာျဖစ္သည္။

"ၾကည့္ ဒီ ေျခဖမိုးက ဟာေတြက ကုတ္ထားျပန္တာမို႔လား။ ပိုးဝင္သြားမယ္လို႔ ငါမွာထားရဲ႕သားနဲ႕"

"ကုတ္ေတာ့ မကုတ္ပါဘူး"

"မကုတ္ရင္ အဖုေတြက ေပါက္ေနပါ့မလား"

"..."

"ေဆးကေရာ ဘယ္မွာလဲ"

"အခန္းထဲမွာ"

"သြားယူခဲ့"

"ညက်မွ ငါ့ဟာငါ"

"ေနခ်ိဳေမာင္... မင္း ငါ့ကို ဆရာလုပ္ေနအုန္းမွာလား"

"..."

"သြားယူ အခု"

မ်က္ႏွာေသႀကီးႏွင့္ လူက သူသာ ထလုပ္လိုက္ရင္ ခြန္းနစ္က သူ႕တစ္ခ်က္စာဆိုေပမဲ့ မ်က္ႏွာကို တင္းေနေအာင္ထားကာ ဂ႐ုမစိုက္ဟန္ျဖင့္သာ ေျပာလိုက္ရသည္။ ညဘက္ အိပ္ရင္း ယား၍ ဟိုပြတ္သည္ပြတ္ လုပ္ထားပုံရေသာ ျခင္ကိုင္ဖုေတြက ၾကာလွ်င္ အနာေတြျဖစ္ကာ ပိုဆိုးသြားနိုင္သည္မို႔တတ္နိုင္သမွ် ျမန္ျမန္ကုမွပဲ ျဖစ္မည္။

"သြားေလ"

တတိယေျမာက္ အခ်က္ေပးလိုက္မႈမွာ ေနခ်ိဳေမာင္က ေခါက္တင္ထားသည့္ ေဘာင္းဘီစတန္းလန္းျဖင့္ သူ႕အခန္းထဲ ဝင္သြားကာ ေဆးဘူးမ်ားထည့္ထားေသာ အိတ္ကေလးကို ခြန္းနစ္ဆီယူလာသည္။

"ထိုင္ ဒီမွာ"

"ေျခေထာက္ကို မ တင္ထား"

ဒူးအထိ ေခါက္တင္လိုက္ေသာ ေဘာင္းဘီစေအာက္မွာ သူ႕ေျခေထာက္ေတြက အနာ႐ြတ္ေတြ ဒဏ္ရာ ဒဏ္ခ်က္ေတြဆိုတာ မနည္းမေနာႏွင့္။ သူငယ္ငယ္က စက္ဘီးတစ္စီးႏွင့္ ျမစ္သားၿမိဳ႕အႏွံ႕ပတ္ရင္း ဟိုနားလဲ ဒီနားလဲေတြျဖစ္ကာ အပြန္းအပဲ့ေတြမ်ားေၾကာင္း သိထား၍သာ ေတာ္ေသးသည္။ ဒီေကာင္က သိပ္ေခါင္းမာကာ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ရေကာင္းမွန္း လုံးဝမသိသည့္ ေကာင္ပင္။

"ျမင္လား "

လက္ပူးလက္ၾကပ္ေမးေတာ့ ေခ်ာင္းတစ္ခ်က္ဟန႔္ကာ မသိခ်င္ေယာင္ ေဆာင္သည့္ ေနခ်ိဳေမာင္။ ေဆးဘူးကို ဖြင့္ကာ လက္ထိပ္ေပၚသို႔ ဂ်ယ္လ္ကိုညွစ္ခ်ၿပီး သူ႕အနာအဖုေတြေပၚ လိမ္းေပးေတာ့ ေျခေထာက္ကို က်ဳံ႕သည့္ပုံစံက မသိလွ်င္ အပ်ိဳျဖန္းကေလးႏွယ္။ ေျပာလည္း ေျပာသူသာေမာမည္မို႔ ခြန္းနစ္က ဒဏ္ရာေတြကိုသာ အာ႐ုံစိုက္ ေဆးလိမ္းေပးၿပီး အေျခာက္ျမန္ေအာက္ ေလျဖင့္ ခပ္ဖြဖြ မႈတ္ေပးလိုက္သည္။

လူတစ္ေယာက္အတြက္ တစ္ကိုယ္‌ရည္သန႔္ရွင္းေရးက အေရးႀကီးဆုံးဟု ခံယူထားသူ ခြန္းနစ္အတြက္ ေနခ်ိဳေမာင္ႏွင့္ တစ္အိုးထဲ တစ္အိမ္ထဲ ေနရတာ ထင္သေလာက္ သဟဇာတျဖစ္လြန္းေနသည္ေတာ့ မဟုတ္ပါ။ တစ္ခါတစ္ေလ ျဖစ္သလို ေနတတ္သူေၾကာင့္ စိတ္မၾကည္မလင္ျဖစ္ရေသာ္လည္း သုံးလအတြင္း တတ္နိုင္သမွ် ခြန္းနစ္ေျပာသလို ႀကိဳးစားျပင္ရွာသည့္ ေနခ်ိဳေၾကာင့္ ဆိုးဆိုး႐ြား႐ြား ျပႆနာ တက္တာမ်ိဳးေတာ့ မရွိခဲ့ေခ်။ ျခင္ေထာင္ကို ေသခ်ာသိမ္းဖို႔၊ အိပ္ရာကို ျဖစ္သလိုလုံးေထြးမထားဖို႔၊ အခန္းကို သန႔္ရွင္းေအာင္ထားဖို႔၊ အစားေသာက္ကို စားၿပီးလွ်င္ ေသခ်ာအုပ္ဖို႔၊ ရွင္းလင္းဖို႔ စတဲ့ အေျခခံေလးေတြကအစ ေျပာေနသည့္ ခြန္းနစ္ကို သူလည္း စိတ္ပ်က္ေကာင္း စိတ္ပ်က္ေနနိုင္ေပမဲ့ေပါ့။

ဘယ္လိုပင္ ျဖစ္ပါေစ လူတစ္ေယာက္ႏွင့္ တစ္ေယာက္ၾကားမွာ လက္ခံနိုင္တာေတြ ရွိသလို၊ လက္မခံနိုင္တာေတြလည္း ရွိလိမ့္မည္။ ခြန္းနစ္က သူ႕ရဲ႕ အလုံးစုံကို ျပင္ဆင္ပိုင္ခြင့္ေရာ ျပင္ဆင္နိုင္စြမ္းေရာ မရွိေပမဲ့ ေကာင္းမြန္သည့္ အက်င့္ေတြကို ေမြးျမဴေပးရမည့္ ကိစၥကေတာ့ သူငယ္ခ်င္းတစ္ေယာက္ အေနႏွင့္ လုပ္သင့္လုပ္ထိုက္ေသာ ကိစၥတစ္ရပ္ဟုသာ မွတ္ယူထားပါသည္။

ထို႔အတူ တေျဖးေျဖး ကိုယ့္ကိုယ္ကိုယ္ သတိထားမိလာတာက အျခားသူတစ္ေယာက္ႏွင့္ အတူရွိေနရတာ မွ်ေဝေနရတာဟာ အရမ္းဆိုးဆိုးဝါးဝါးႀကီးေတာ့ မဟုတ္ပဲ ခြန္းနစ္ လက္ခံနိုင္ေလာက္သည့္ အတိုင္းအတာတစ္ခုေတာ့ ရွိသည္ဆိုတာကိုပင္။

ကိုယ့္ကိုယ္ကိုယ္ ေဂးတစ္ေယာက္ဟု လက္ခံၿပီးသည့္ေနာက္မွာ ခြန္းနစ္က ေယာက္်ားတစ္ေယာက္ႏွင့္ အတူျဖတ္သန္းရမည့္ ကိစၥေတြကို အႀကိမ္ႀကိမ္ စဥ္းစားၾကည့္ခဲ့ဖူးသည္။ သူတို႔ေတြ တရားဝင္ ေပါင္းသင္းေနထိုင္ခြင့္ မရလွ်င္ေတာင္ ႏွစ္ဦးသေဘာတူ ျဖတ္သန္းရမည့္ ေန႕ရက္ေတြမွာ ယုံယုံၾကည္ၾကည္ လက္တြဲၿပီး အခ်ိဳၿမိန္ဆုံး ေန႕ရက္ေတြကိုပိုင္ဆိုင္ဖို႔ဆိုတာ ေတြးေလ မလြယ္ကူေလျဖစ္ခဲ့၏။ မ်ားေသာအားျဖင့္ ေလးစားရသည့္ အားက်ရသည့္ ဟန္ပန္မ်ားေသာ လူေတြကိုသာ သေဘာက်ခဲ့မိသည့္ ခြန္းနစ္အတြက္ ထိုလူေတြ၏ အားနည္းခ်က္တစ္ခုကို ျဖတ္ခနဲျမင္႐ုံႏွင့္ပင္ စိတ္ပ်က္လက္ပ်က္ ထြက္ေျပးခဲ့တာခ်ည္းျဖစ္၏။

မွတ္မွတ္ရရ ပထမဆုံး ခ်ိန္းေတြ႕ၾကည့္ဖို႔ လုပ္ခဲ့မိသည့္ အစ္ကိုႀကီးဆိုလွ်င္ အသက္၃၄ႏွစ္ နီးပါး ရွိကာ ေဆးကုမၸဏီတစ္ခုမွ ရာထူးႀကီးႀကီးတစ္ခုပင္ ရထားသည္။ သူႏွင့္ သုံးေလးႀကိမ္ေလာက္ စကားစျမည္ေျပာဖူးေပမဲ့ ခြန္းနစ္ျမင္ရခဲ့သမွ်ဟာ သူျပခ်င္ေသာ အေကာင္းဆုံးဆိုတာေတြခ်ည္းျဖစ္ကာ စိတ္ကြက္စရာ အျပဳမူတစ္ခုကိုျမင္တာႏွင့္ ခ်က္ခ်င္းပင္ ေရွ႕တိုးမည့္အစီစဥ္ကို ရပ္ပစ္ခဲ့၏။ အလားတူပဲ သုံးႏွစ္ခန႔္အတြင္းမွာ ခြန္းနစ္ စကားစျမည္ေျပာရင္း တီးမိေခါက္မိသည့္ ေယာက္်ားေတြမ်ားေပမဲ့ အားလုံးက သူတို႔ရဲ႕ အေကာင္းဆုံးေတြကိုသာ ေ႐ြးခ်ယ္ျပသထားသည္ခ်ည္းျဖစ္ကာ ေနာက္ဆုံးမွာ ေပၚလာမည့္ အစစ္အမွန္ေတြကို လက္ခံရန္သတၱိမ်ိဳးကိုမူ ခြန္းနစ္က မေမြးျမဴခ်င္ခဲ့ေခ်။ သို႔အတြက္ အဆုံးမွာ အားလုံးက အသိအစ္ကိုႀကီး ဆိုသည့္ ဆက္ဆံေရးမ်ားႏွင့္သာ အဆုံးသတ္သြားၾကတာ မ်ားပါသည္။

အကယ္၍ ေနခ်ိဳေမာင့္ေနရာမွာ အျခားတစ္ေယာက္သာဆို ခုလို ေဆးလိမ္းေပးဖို႔မေျပာႏွင့္ ေျခေထာက္ေတြကို ၾကည့္ေပးဖို႔ပင္ လုပ္ခ်င္မွ လုပ္လိမ့္မည္။ အဆုံးစြန္ ခြန္းနစ္ ရဲ႕ အခ်စ္ဦးဟူ၍ပင္ သတ္မွတ္နိုင္သည့္ အစ္ကိုဟိန္းသူရ ဆိုလွ်င္ေတာင္ ဒီလို ဂ႐ုစိုက္မႈမ်ိဳး ေပးနိုင္လိမ့္မည္ဟု မေသခ်ာ။ အျခားသူေတြအတြက္ ခြန္းနစ္ အတတ္နိုင္ဆုံးအရာဟာ သူေပးသေလာက္ ငါျပန္ေပးမည္ဆိုသည့္ အတိုင္းအတာမွာသာ ရွိကာ ေနခ်ိဳေမာင့္အတြက္ေတာ့ သူဆီက ဘာရသည္ဆိုတာမ်ိဳးထက္ ခြန္းနစ္ကသာ တတ္နိုင္သမွ် လုပ္ေပးခ်င္ေနတာျဖစ္သည္။

ဒါက ငယ္႐ြယ္ခ်ိန္ကတည္းက ရင္းႏွီးခဲ့သည့္ သံေယာဇဥ္ေၾကာင့္ ျဖစ္နိုင္သလို ၊အတူရွိခ်ိန္တိုင္း သက္ေတာင့္သက္သာျဖစ္ကာ စိတ္တိုင္းက် ေနခြင့္ရသည့္ ရွားရွားပါးပါး ဆက္ဆံေရးေၾကာင့္လည္ ျဖစ္နိုင္သည္။ ဘယ္လိုပင္ ျဖစ္ပါေစ ေနခ်ိဳေမာင့္ရဲ႕ အက်ည္းတန္ေသာ အားနည္းခ်က္တို႔မွာ ခြန္းနစ္အတြက္ ဂ႐ုဏာ ထားခ်င္စရာျဖစ္ေနသည္ခ်ည္းသာ ျဖစ္၏။

"ဒီအ႐ြယ္ ေရာက္ေနၿပီ။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ရေကာင္းမွန္းမသိဘူး။ တကယ့္ ေကာင္"

"..."

"ေနမေကာင္းရင္ ေဆးေသာက္ရမယ္။ နာေနရင္ ေဆးလိမ္းရမယ္။ ညစ္ပတ္ေနရင္ သန႔္ရွင္းရမယ္ဆိုတာ ေၾကာင္ေလးေတြ ေခြးေလးေတြေတာင္ သိလို႔ တအီအီေအာ္ေနၾကတာေလ"

"..."

"မင္းကေတာ့ အၿမဲတမ္း ျဖစ္သလိုပဲ လုပ္ေနတယ္"

"..."

"ေျပာစရာရွိရင္လဲ ေျပာၿပီး။ စိတ္ညစ္ စရာရွိရင္လဲ တိုင္ပင္ရမွာ မဟုတ္ဘူးလား"

"..."

"မိသားစုဆိုတာမရွိလည္း။ ဒီတိုင္း မင္းအတြက္ နားေထာင္ေပးမဲ့ သူငယ္ခ်င္းကေတာ့ ရွိမွာ မဟုတ္ဘူးလား"

"..."

"ငါ အိမ္နဲ႕ အဆင္မေျပစျဖစ္တုန္းက ဘယ္သူနဲ႕မွ ေျပာစရာမရွိေတာ့လို႔ ဘူတာႀကီး ဘက္က  ေတာင္းစားတဲ့သူေတြဆီသြားၿပီး တစ္နာရီ သုံးေထာင္နဲ႕ စကားေျပာပစ္ခဲ့တာ"

"..."

"သူတို႔ဆီက ဘာ အေျဖမွ မရေပမဲ့ ဒီတိုင္း ေျပာခ်င္တာ ေျပာလိုက္ရတာပဲ"

"..."

"မင္းကေတာ့ အၿမဲ ႏႈတ္ဆိတ္ေနတယ္"

မေက်မနပ္ ေျပာေတာ့ ခြန္းနစ္ကို ေငးေနသည့္ သူ႕မ်က္ဝန္းေတြက တစ္ခုခုကို ေတြးမိသြားပံုေပါက္သည္။ သူ႕ရဲ႕ ပိရိေသသပ္ေသာ ႏႈတ္ခမ္းသားညိုညိုဟာ စကားတစ္ခြန္း ေျပာဖို႔ကိုပင္ မဝံ့ရဲသည့္ႏွယ္။ စိတ္ထဲမွာပဲ အမ်ားႀကီးသိမ္းထားရတာေၾကာင့္ေပလား။ ရွိရင္းစြဲအသက္ထက္ ႀကီးရင့္ပုံေပၚေနသည့္ ေနခ်ိဳေမာင္က ဝန္ထုပ္ဝန္ပိုးေတြ အမ်ားႀကီးထမ္းထားရသလို သနားစရာေကာင္းသည့္သူဟုလည္း ခြန္းနစ္ထင္သည္။

အတူရွိလာတာ ေလးငါးလ ခန႔္ရွိသည့္တိုင္ သူ႕အေၾကာင္း တစ္စြန္းတစ္စ ဖြင့္ဟေဖာ္မရွိသူက စိမ္းကားလြန္း၍ မဟုတ္တာ ယုံၾကည္သည္။ သူသာ စိတ္လြတ္လက္လြတ္ ေျပာဆိုလာလွ်င္ အေကာင္းဆုံးႏွစ္သိမ့္ဖို႔ အသင့္ရွိေနေၾကာင္း သူ႕ကို ေျပာျပခ်င္ေပမဲ့ ကိုယ္ေျပာလိုက္ကာမွ ပိုၿပီး ဝန္ေလးသြားမည္ကိုလည္း စိုးရေသးသည္။

"ငါ ေျပာတာေတြကို နားေထာင္ဖို႔ မုန္းသြားရင္ ဘယ္လို လုပ္မွာလဲ"

႐ုတ္တရက္ ေထ့ေငါ့ျခင္းေတြ ျပည့္ႏွက္လာေသာ သူ႕အၾကည့္ေတြေၾကာင့္ ခဏေတာ့ ခြန္းနစ္‌ ဆြံ႕အသြား၏။ သူဟာ တကယ္ပဲ သိခ်င္စိတ္အျပည့္ႏွင့္ ေမးလိုက္ပုံရသည္။ သူ႕လက္ေတြက ၾကမ္းျပင္ထက္ ေထာက္ထားလ်က္ မ်က္ဝန္းေတြဟာ ခြန္းနစ္မ်က္ႏွာထက္မွ အလႈပ္အခတ္ တစ္ခုျခင္းစီကိုလည္းေကာင္း၊ မ်က္ဝန္းအတြင္းမွ အေျပာင္းလဲ တစ္ခုခ်င္းစီကိုလည္းေကာင္း မ်က္ေတာင္တစ္ခ်က္မခတ္ ေစာင့္ၾကည့္ေနသည္မွာ ၾကက္သီးထခ်င္စဖြယ္ပင္ ေကာင္းေနခဲ့၏။

"ဘာလို႔ မုန္းရမွာလဲ ငါက"

"အဟင္း"

သူက ရယ္သည္။ သူ႕နား႐ြက္မွ နားေပါက္ ကေလးက နားကပ္လြတ္ေနသည့္တိုင္ ထင္ရွားသည့္ အမွတ္အသားေလးသဖြယ္ မီးေရာင္ေအာက္မွာ ထင္ဟပ္ေန၏။

တေျဖးေျဖး လႈပ္ရွားလာခဲ့ေသာ သူ႕လက္ေခ်ာင္းရွည္ေတြဟာ ခြန္းနစ္ပါးျပင္ကို အသာယာ ထိေတြ႕လာၿပီးေနာက္ ၾကမ္းရွေသာ လက္ထိပ္တို႔၏ က်ီစယ္မႈက ရိုးတိုး႐ြတျဖင့္ ခြန္းနစ္ အသိအာ႐ုံထဲ ေနရာယူသြားခဲ့၏။

သူက အၿပဳံးတစ္ခုျဖင့္ မ်က္ႏွာေသကို အသက္သြင္းလိုက္ကာ ႏူးညံ့စြာပဲ စကားကို ဆက္သည္။

"အဖုေတြ အထစ္ေတြကို ျပၿပီး ငါ့ကို ၿငီးေငြ႕ မသြားေစခ်င္ဘူး"

"..."

"မင္းကို ေကာင္းတာေတြပဲ သိၿပီး ေကာင္းတဲ့အရာေတြခ်ည္းပဲ ပိုင္ဆိုင္ေစခ်င္တာေလ"

ထို တဒဂၤတြင္ မည္သည့္ ဆင္ယင္ခမ္းနားမႈတို႔မွ မရွိသလို မည္သည့္ ေနာက္ခံေတးဂီတတို႔မွ် ရွိမေနခဲ့ပါ။ သို႔ရာတြင္ စိတ္၏ သိမ္ေမြ႕ျခင္းသည္ ဟိုးအထြဋ္အထိပ္ထိ ေရာက္သြားပုံရကာ ေက်နပ္ျခင္းထက္ေက်ာ္လြန္လ်က္ ပီတိႏွင့္ ႏွစ္လိုျခင္းကို အျပည့္အဝႀကီး ခံစားလိုက္ရပါသည္။

..................................

"အဲ့ေတာ့ ဘာလဲ။နင္က သူ႕ကို ႀကိဳက္တာလား မႀကိဳက္ဘူးလား"

"..."

"စိတ္ရွိတယ္ေတာ့ ထပ္မလုပ္နဲ႕ေတာ့ ကုေဋ။ နင္ ခုလိုထိ လက္ပြန္းတတီးေနတာ ဘယ္တုန္းကမွ မရွိခဲ့ဘူးမို႔လား"

"သူက ငယ္ငယ္ကတည္းက သိတဲ့သူေလ"

"အဲ့ဒါဆို တူလား"

"ဘာကလဲ"

"ခံစားခ်က္... ခံစားခ်က္ခ်င္း တူလားေမးတာ။ နင္ အရင္တုန္းက သိခဲ့တဲ့ ေနခ်ိဳေမာင္နဲ႕ တူေနတုန္းလား။နင္ ဘယ္လိုျမင္တယ္ဆိုတာ နင္ပဲ အသိဆုံးပါ ကုေဋရယ္။ ငါေတာ့ မဟုတ္လည္း တြဲျဖစ္မဲ့အတူတူ အခ်ိန္ဆြဲေနတာကို မႀကိဳက္ပါဘူး"

"ငါတို႔ျပန္ေတြ႕တာ တစ္ႏွစ္မျပည့္ေသးဘူး"

"ဒါေပမဲ့ နင္တို႔ ဘယ္ေျခလွမ္းေနလည္း သိသားရဲ႕ မသိခ်င္ေယာင္ ေဆာင္ေနၾကတာေတာ့ မဟုတ္ေသးဘူးေလ။ ၿပီးေတာ့ သူ႕ဘက္က နင့္ကိုဖြင့္ေျပာထားတာေနာ္"

"တစ္ခါထဲရယ္"

"ဟဲ့ တစ္ခါေျပာရင္ တစ္သက္လုံးေျပာတာပဲေလ။ မင္းကို ႀကိဳက္တယ္ေျပာၿပီးမွ မႀကိဳက္ေတာ့ဘူး ေျပာဖို႔ဆိုတာ သူ‌ ေနာက္တစ္ေယာက္ေတြ႕မွပဲ ျဖစ္လိမ့္မယ္"

ယုရဲ႕ စကားအဆုံး ၿငိမ္က်သြားသည့္ ခြန္းနစ္က အေတြးမ်ားေနသူတစ္ေယာက္ႏွယ္။ ခုတေလာ မတင္မက်ျဖစ္ေနသည့္စိတ္ေၾကာင့္ တစ္အိမ္ထဲေနသည့္ ေနခ်ိဳေမာင္ႏွင့္ပင္ အေၾကာမတည့္ ျဖစ္ခ်င္ေနသည္မို႔ ခုလို ယုရဲ႕ပိတ္ရက္မွာ ေတြ႕ၾကဖို႔ ခ်ိန္းဆိုလိုက္တာျဖစ္၏။

အလုပ္ဝင္ၿပီးကတည္းက ယုက ခြန္းနစ္ရဲ႕ သူငယ္ခ်င္း အရင္းအျခာလို ျဖစ္ေနတာေၾကာင့္ တိုင္ပင္စရာကိစၥရွိလွ်င္ သူမဆီတိုင္ပင္ရစၿမဲသာ။ ယုက အျမင္က်ယ္ကာ မွ်မွ်တတ ေတြးတတ္တာေၾကာင့္ မ်ားေသာအားျဖင့္ သူမအႀကံေတြက ခြန္းနစ္အတြက္ ထိေရာက္တာသာ မ်ားပါသည္။

"ငါ သူ႕ကို မယုံဘူး"

"ဟင္"

"ငါ့အေပၚ အမ်ားႀကီး လွ်ို႔ဝွက္ထားသလိုပဲ"

ေျပာၿပီးတာႏွင့္ စားပြဲထက္က အေအးခြက္ကို လက္ႏွစ္ဖက္ႏွင့္ဆုပ္ကိုင္ကာ စူးစိုက္ၾကည့္မိေနသည့္ ခြန္းနစ္။

"သူ ဘာျဖစ္ခ်င္ေနသလဲ ဆိုတာေတြ ဘာမွထုတ္မျပဘူး။ အၿမဲ ငါကပဲ လိုက္ခန႔္မွန္းေနရတယ္"

"ေနာက္ၿပီး...ေနာက္ၿပီးေတာ့"

"သူ႕မွာ တျခားတစ္ေယာက္ ရွိေနတယ္ထင္တယ္"

"ဟင္..."

"ထားပါေတာ့ဟာ။ ငါ့ ရည္းစားလည္း မဟုတ္ဘူး။ သူ႕ဟာသူ အျခားႀကိဳက္တဲ့သူရွိလဲ ေအးတာပဲ...အ...အ ေသ ေသပါၿပီ"

"ယု နင့္ ငါ့ကို ေသေအာင္လုပ္ေနတာလား"

တဂြက္ဂြက္ အေခါက္ခံလိုက္ရသည့္ ေခါင္းကို ဖိကိုင္လို႔ မ်က္လုံးျပဴးႀကီးမ်ားျဖင့္ ေအာ္ဟစ္ေနသူကို ၾကည့္ရင္း ယု တစ္ခြန္းသာ ေျပာလိုက္သည္။

"ေအး ေသ ေသ"

ဒီေလာက္ လိန္ပိန္ၿပီး ပူေလာင္ေနရတာေတာင္ ကိုယ့္ကိုယ္ကိုယ္ ညာေနသည့္ ေကာင္က သူမလက္ဆစ္ေတြနဲ႕သာ တန္သည္။ ေနခ်ိဳေမာင္ကသာတကယ္ တျခားတစ္ေယာက္ႏွင့္ ခ်စ္သူျဖစ္သြားလွ်င္ ခြန္းနစ္ကုေဋကို သူမကိုယ္တိုင္ ျမက္ေတြေကြၽးပစ္မည္။ ကိုယ့္ကို ႀကိဳက္ပါတယ္ ေျပာထားတဲ့သူနဲ႕ အတူတူေနၿပီး ကိုယ္ကလည္း စိတ္ရွိေနတာကိုေတာင္ ဘာမွမျဖစ္ေျမာက္လာဘူးဆိုလွ်င္ ဒီေကာင္ေလာက္ အသုံးမက်သည့္လူ ရွိေတာ့မည္ မထင္ပါ။

"နင့္ ေဘးမွာ တစ္ခ်ိန္လုံးရွိေနၿပီး သူမ်ားလက္ထဲသာ ပါသြားရင္ တိုင္နဲ႕ေခါင္းသာ ေျပးေဆာင့္လိုက္ေတာ့ ကုေဋ။ ငါ ဒါပဲ ေျပာမယ္"

"..."

သူမ ေျပာေတာ့ မ်က္ႏွာေလး အိုက်သြားပုံက သနားစရာ။ ကုေဋ ႐ုပ္ခံကေလးရွိသလို အလုပ္အကိုင္နဲ႕မို႔ မက္စရာေလးျဖစ္ေနသည့္တိုင္ ေတြေဝကာ အေတြးမ်ားလြန္းသည္။ ျဖစ္ပါ့မလားဆိုသည့္ စိတ္ေၾကာင့္ သူလက္လြတ္ခဲ့ရသည့္ အခြင့္အ‌ေရးေတြဆိုတာ သူမ သိသေလာက္ဆိုလွ်င္ပင္ မနည္းလွေခ်။ ခုလို ႏွလုံးသား ေရးရာကိစၥမွာေတာင္ ေႏွးတိေႏွးတုံ႕ႏွင့္ လိပ္ကေလးလို လုပ္ေနျပန္၏။ တကယ္ဆို စႀကိဳက္တာ ေနခ်ိဳေမာင္ေပမဲ့ အစစ အရာရာ လိုက္ျဖည့္ဆည္းေပးေနတာ ကုေဋဟုသာ သူမက ျမင္သည္။ သူငယ္ခ်င္းဆိုသည့္ ေခါင္းစဥ္ေအာက္မွာ အဲ့ဒီလူကို လိုတာမွန္သမွ် လုပ္ေပးေနခဲ့ၿပီးတာေတာင္ သူ႕ရင္ခုန္သံသူ ညာခ်င္ေနေသးသည့္ ကုေဋ...။

"ဟိုကလဲ ေနာက္တစ္ေခါက္ေလာက္ ႀကိဳက္တယ္ထပ္ေျပာရင္ ေသမွာက်ေနတာပဲ"

"ငါလဲ အဲ့ဒါေျပာတာကို"

တိုးတိုးေလးေျပာေပမဲ့ ၾကားျဖစ္ေအာင္ ၾကားလိုက္ရသည့္ စကားေၾကာင့္ သူမ ထိန္းမရေအာင္ ရယ္မိသြားသည္။

"နင္က ေျပာေတာ့ေရာ ဘာျဖစ္မွာမို႔လဲ။ နင္လဲ ႀကိဳက္ေနၿပီပဲကို"

ကုေဋက သူမအေျပာကို ႏွာေခါင္းရႈံ႕ကာ ေခါင္းယမ္း၏။

"မေျပာခ်င္ပါဘူး။ ငါက ဘာလို႔ေျပာရမွာလဲ။ သူက အရင္ႀကိဳက္တာပဲ။ သူထပ္ေျပာ"

"ဟင္းဟင္း ကုေဋ ကုေဋ။ နင္ ဘယ္အခ်ိန္ထိ ေစာင့္မလည္း ငါၾကည့္အုန္းမယ္။ ေနခ်ိဳေမာင္ထက္ နင္က ပိုျဖစ္ေနတာ"

လက္မခံသလို ေခါင္းယမ္းျပလည္း တကယ္တမ္း အမွန္ကို ကုေဋ သိကို သိပါလိမ့္မည္။ ဘယ္သူ႕ကိုပဲ လိမ္ညာနိုင္ပါေစ ကိုယ့္ကိုယ္ကိုယ္ေတာ့ ညာလို႔ မရနိုင္ဘူးမို႔လား။

.....................................

"ဘာျဖစ္ေနတာလဲ"

ဆိုင္ကယ္ ရပ္လိုက္ခ်င္း ၾကားလိုက္ရသည့္ စကားေၾကာင့္ ခြန္းနစ္မ်က္ႏွာက ေရခဲရိုက္လိုက္သလို ပိုလို႔ပင္ ေအးစက္သြားသည္။ ဦးထုပ္ ကမ္းေပးလာသူကေတာ့ ထုံးစံအတိုင္း သူ႕ရဲ႕မူပိုင္မ်က္ႏွာေသႏွင့္ ဘာျဖစ္လို႔ ျဖစ္ေနမွန္း မသိပုံဖမ္းကာ ခပ္ေအးေအးပဲ ေမး၏။

"မတက္ဘူးလား"

ဦးထုပ္ကို မယူပဲ ေပေတရပ္ေနေတာ့ ေခါင္းေပၚ ဇြက္ခနဲလွမ္းစြပ္ေပးၿပီး ဆိုင္ကယ္ေနာက္ခုံကို ပုတ္ျပသည့္သူ။ သုံးနာရီ လာေခၚဖို႔ေျပာထားတာကို ငါးနာရီမွလာေခၚၿပီး သူ ဘာမွမမွားထားသလို လုပ္ေနသည့္ ေနခ်ိဳေမာင္ေၾကာင့္ ေသြးတက္ေသေတာ့မည့္ ခြန္းနစ္ကေတာ့ တရိပ္ရိပ္တက္ေနေသာ ေဒါသေတြကိုၿမိဳခ်ရလြန္းလို႔ လည္ေခ်ာင္းပင္ ေျခာက္ကပ္လာၿပီ။

"လာေလ"

ေနာက္တစ္ႀကိမ္ ထပ္ၿပီး ေခၚျပန္သည့္သူ။ "စိတဲ မရွင္းရင္ ဒဲ့ေမးလိုက္ေလ။သူက သူလုပ္ေနတာေတြကို ေျပာရေကာင္းမွန္း မသိေအာင္ စကားနည္းတာလည္း ပါခ်င္ပါမွာေပါ့ဟယ္" ဆိုေသာ ယုစကားကို ၾကားေယာင္လာေတာ့ အရဲစြန႔္ကာ သူ႕မ်က္ဝန္းေတြကို စူးစိုက္ၾကည့္ပစ္လိုက္၏။

"ဘာလို႔ ေနာက္က်ေနတာလဲ"

"ငါလား"

"..."

"သူငယ္ခ်င္း တစ္ေယာက္ကို ပို႔စရာေလးရွိလို႔"

လာျပန္ၿပီ သူငယ္ခ်င္း။ ထြက္က်လာေတာ့မည့္ ေဒါသကို ဖိထိန္းရင္း ခြန္းနစ္ အသက္ရႉသံက ျပင္းထန္လာ၏။ သူငယ္ခ်င္း သူငယ္ခ်င္း... ဘယ္ ေစာက္သူငယ္ခ်င္းကို သြားသြားေတြ႕ေနလို႔ ခြန္းနစ္ကို ႀကိဳ‌ဖို႔အတြက္ ေနာက္က်ေနရတာလည္းဟု ေမးခ်င္လြန္းလို႔ ေသေတာ့မည္။ လွစ္ခနဲ ေပ်ာက္ေပ်ာက္သြားၿပီး ျပန္လာလွ်င္ သူငယ္ခ်င္းနဲ႕ေတြ႕သည္ပဲ ဆင္ေျခေပးေနသည့္ ေနခ်ိဳေမာင္က တကယ္ပဲ ေနာက္တစ္ေယာက္ေတြ႕ေနသည္လား။

"မင္း"

"..."

"မင္း သူငယ္ခ်င္းက ဘယ္သူလဲ"

"..."

"ေဝၿဖိဳးနိုင္လို႔ ငါကို မေျပာနဲ႕။ သူ သူမိန္းမနဲ႕ အင္းဝဘက္ ေရာက္ေနတယ္လို႔ ငါဖုန္းဆက္ၿပီးၿပီ"

"ေအာ္"

"..."

"သူနဲ႕ေတြ႕တာ မဟုတ္ပါဘူး"

"အဲ့ဒါဆို ဘယ္သူလဲ"

"ရွိတယ္။ မင္း မသိဘူး"

ဟင္း.. မ်က္ႏွာလႊဲလိုက္သည့္ ခြန္းနစ္က ငါသိသားပဲ ဆိုသည့္အထာႏွင့္။ ေသာၾကာေန႕ေတြဆို ခြန္းနစ္ကို ခ်န္ထားၿပီး ေပ်ာက္ေပ်ာက္သြားတာ အဲ့ဒီ ေစာက္ သူငယ္ခ်င္းေၾကာင့္ေပါ့။ သူ႕ကို စိတ္တိုသလို ဒီလို ကိစၥေလးအတြက္ ကေလးဆန္စြာ မနာလိုျဖစ္မိေနသည့္ ကိုယ့္ကိုယ္ကိုယ္လည္း ခြန္းနစ္ ေဒါသထြက္၏။ အသက္ႀကီးလာမွ တြပ္ကပ္ၿပီး သဝန္တိုတတ္လာတာ ဘယ္ေလာက္ေတာင္ ရွက္စရာ ေကာင္းလိုက္သလဲ။

"မျပန္ခ်င္ဘူးလား"

"သူက လွလား"

"..."

အေမးႏွင့္တျခား ျပန္ထပ္ၿပီး အေမးခံလိုက္ရတာေၾကာင့္ ေၾကာင္အသြားသည့္ ေနခ်ိဳေမာင္ခင္မ်ာ အူလည္လည္ႏွင့္။ေရာက္ကတည္းက သူ႕ကို ႏွာကစ္ေနသည့္ ခြန္းခြန္း စိတ္ေက်နပ္ေအာင္ အလိုက္သင့္ ေနေနေပမဲ့ ပိုၿပီးေတာ့ေတာင္ ပုပ္သိုးလာသည့္ မ်က္ႏွာက သူ႕ကို အေတာ္ေလး မေက်မနပ္ျဖစ္ေနပုံရပါသည္။ခက္တာက ခြန္းခြန္းေပ်ာ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ ေသခ်ာမသိေသးသလို သူလုပ္ေပးလိုက္လို႔ ပိုၿပီး မ႐ႊင္မလန္းျဖစ္သြားမွာကိုလည္း စိုးရေသး၏။ဒီေတာ့ အမွန္တိုင္းေျပာၿပီး သူေက်နပ္ေအာင္ လုပ္ေပးတာကပဲ ေကာင္းမည္ထင္သည္။

"လွပါတယ္"

"ေအာ္...ဟုတ္လား"

"အင္း ဆံပင္ အရွည္နဲ႕။ အရပ္လည္း ရွည္တယ္"

"..."

"စကားေတာ့ သိပ္မေျပာဘူး။သူက ေအးလို႔"

"မင္းနဲ႕လိုက္တာေပါ့"

"ဟမ္"

"ေတာက္!! ျပန္မယ္ကြာ သြားသြား"

ေနရင္းထိုင္ရင္း ေဒါသေတြထြက္ကာ ဆိုင္ကယ္ေပၚဝ႐ုန္းသုန္းကား တက္သည့္ ခြန္းနစ္ကုေဋ။ ေနခ်ိဳ႕ အသားကို လုံးဝမထိပဲ ဆိုင္ကယ္ဖင္ထိုင္ခုံအစြန္းမွာထိုင္ကာ "အိမ္ျပန္မယ္" ဟု ထေအာ္သည္။ ေနာက္ၾကည့္မွန္က ျမင္ရသည့္ မ်က္ႏွာမွာမူ ေပါက္ထြက္ခါနီး ပူေဖာင္းလို တင္းတင္းမာလ်က္ ႏွာေခါင္းတစ္ခုလုံးဟာ ရဲတြတ္ေနသည္။

"အင္း"

‌အိမ္ျပန္ခ်င္တယ္ဆိုေတာ့လည္း သေဘာအတိုင္း ျပန္ပို႔ဖို႔သာ ရွိသည္။ ခုတေလာအိမ္မွာေနရင္ စိတ္မၾကည္သလိုျဖစ္ေနသည္မို႔ သူငယ္ခ်င္းႏွင့္ေတြ႕တုန္း ေပ်ာ္ပါေစဆိုကာ ေနာက္က်မွ လာႀကိဳေပးေပမဲ့ ခြန္းခြန္းက ပိုၿပီးေတာင္ မေပ်ာ္သည့္ပုံ ေပါက္လာ၏။

အတူေနရတာ စိတ္မ်ား ကုန္သြားသလားလို႔ေတြးမိေတာ့ ေနခ်ိဳ႕မ်က္ဝန္းေတြ မႈန္မွိုင္းသြားကာ ဆိုင္ကယ္မွန္မွတဆင့္ ေနာက္က မ်က္ႏွာထံ ခဏခဏ ၾကည့္ေနမိေတာ့သည္။

"စိတ္မဆိုးပါနဲ႕"

တိုးတိုးေလး ေရ႐ြတ္မိေသာ စကားကို ေနာက္ကလူ ၾကားမည္မထင္။ တစ္ခါတစ္ေလေတာ့ ပုခုံးကေန တင္းတင္းဖက္လို႔ ဖိအားေပး ၿပဳံးခိုင္းၿပီး အတင္းအၾကပ္ ေပ်ာ္ေနခိုင္းခ်င္သည့္  ဆႏၵကို အေကာင္ထည္ ေဖာ္ပစ္လိုက္ခ်င္သည္။ ပုံစံအမွန္ကိုေတြ႕သည့္တိုင္ ဖမ္းဆုပ္ေပးထားမည့္ ခြန္းခြန္းလက္တစ္စုံကို စိတ္ကူးယဥ္လြန္း၍ထင္။ လက္ေတြ႕မွာ ခြန္းခြန္းက သူ႕ရဲ႕ အရာရာကို လက္ခံေနသည္ဟု မၾကာခဏ ထင္ေယာင္ထင္မွား ျဖစ္ျဖစ္လာ၏။

...........................................................

စာေရးသူ၏ အမွာစာ:

ခြန္းနစ္ကုေဋက ရိုက္ေပါက္ေနာ္
ပါဆင္နယ္လတီက ကတမ္နဲ႕ေတာ္ေတာ္တူတယ္။ တစ္ေယာက္ထဲ ေလာင္တာမ်ိဳး။

စကားမစပ္ ေနခ်ိဳ႕ သူငယ္ခ်င္းကို ခန႔္မွန္းပါ

မေတြ႕တာ ၾကာပါၿပီ
Vote 300ရရင္ ျပန္လာပါ့မယ္

Continua llegint

You'll Also Like

962K 182K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
80.2K 6.5K 77
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်...
270K 27.1K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...