Unicode~
မနက်လင်းလို့ မျက်လုံးဖွင့်ဖွင့်ချင်း သူတွေ့လိုက်ရသည်က သူ့အခန်းခြေရင်းရှိ လှုပ်ကုလားထိုင်ပေါ် ထိုင်နေသော Jeon JungKook. ညတည်းက ပုံစံအတိုင်း.. သူ့ကို မလန့်လန့်အောင် လုပ်နေတာ။
ဘာလဲ.. သည်လူ တစ်ညလုံး မအိပ်ဘူးလား။
"ခင်ဗျား.. ညက ဘယ်မှာအိပ်လဲ"
"ဪ..မိုးတောင် လင်းသွားပြီ။ မင်္ဂလာနံနက်ခင်းပါ ကိုယ့်အသည်း"
"ခင်ဗျား ညမအိပ်ထားဘူးလား"
"အဲ့လိုပဲဖြစ်သွားတယ်"
စိတ္တဇကောင်။ တစ်ညလုံးငုတ်တုတ်ထိုင်နေတာ ပုံမှန်လူတစ်ယောက်ရဲ့အကျင့်မှမဟုတ်တာ။ ကြာရင် သူပဲအသက်တိုလိမ့်မည်၊ Jeon JungKookကတော့ ညမအိပ်ဘဲ သူ့အပေါင်ခံပစ္စည်းလေးကိုယ့်ကို စောင့်ကြည့်နေဦးမှာပဲ။
ထို့နောက်မှာတော့ Jeon JungKookတစ်ယောက် တစ်နေကုန်အလုပ်ရှုပ်လို့နေသည်။ မနက်ဖြန်မင်္ဂလာပွဲအတွက်ဟု ပြောသွားသေးသည်။
အခမ်းအနားအပြင်အဆင်၊ တည်ခင်းဧည့်ခံမည့် ပုံသဏ္ဌာန်၊ ကြွရောက်ချီးမြှင့်မည့်ဧည့်သည်တော်တွေ.. ဘာတစ်ခုကိုမှ မသိရသည့်တိုင် သူမနက်ဖြန် လက်ထပ်ရတော့မည်တဲ့လေ။
မနက်ဖြန်ဆိုတဲ့အချိန်ကို သူမရောက်ချင်။ နာရီလက်တံများအား ရပ်တန့်ထားလို့ရလျှင် သိပ်ကောင်းမည်။
သူတို့၏ မင်္ဂလာပွဲရက်စွဲက သူ့အတွက်တော့ ကျိန်စာသင့်ထားသော ရက်တစ်ရက်ကဲ့သို့။
တစ်နည်းနည်းဖြင့် ထွက်ပြေးလို့ ရပါရဲ့လား။ သူ့အိပ်ခန်းပြတင်းက လှမ်းကြည့်တော့ စံအိမ်ပတ်ပတ်လည်မှာ သက်တော်စောင့်တွေအပြည့်။
နေ့တိုင်းလိုလို သူ့အပြင်ထွက်တတ်သည်ကို တားဆီးပိတ်ပင်လေ့မရှိသော်လည်း လက်မထပ်ရခင် တစ်ရက်အလိုမှာတော့ သူဟာ တင်းကြပ်စွာ ပိတ်ပင်ချုပ်နှောင် ခံထားရသည်။
လက်နှစ်ဖက်ကို ပူးကပ်ဆုပ်ကိုင်ရင်း ကောင်းကင်ဘုံသို့ တမ်းတလိုက်သည်။ ဘာသာတရားကိုင်းရှိုင်းလွန်းလှသည်မဟုတ်သော်လည်း ကောင်းကင်ဘုံကိုတော့ သူယုံပါသည်။ သူ့အဖေက အဲ့သည်မှာရှိနေမှာ။
အဖေသာ သူ့ကိုမြင်ရင် သည်အကျဥ်းအကျပ်ထဲက လွတ်မြောက်အောင် ကူညီမှာပဲ။ သူဘယ်လောက်ဆုတောင်းတောင်း ထူးမလာတာဟာ သူ့ဆုတောင်းတွေ ကောင်းကင်ဘုံထိ မရောက်သေးလို့ပဲ ဖြစ်လိမ့်မည်။
နွေဦးညတစ်ညက သူ့ကို ရူးသွပ်စေနိုင်သော..။ သူ့မှာ အချစ်မရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို စတင်ဖို့ အကြောင်းဖန်လာပြီ။ ဘယ်လိုပဲ ခါးခါးသီးသီးဖြစ်နေပါစေဦး.. အများအမြင်မှာ ကိုယ်ဟာ သည်လူရဲ့ အကြင်ခင်ပွန်း။ ခင်ပွန်းဆိုသည့်နာမည်နှင့် လိုက်လျောညီထွေစွာ Jeon JungKookနှင့် လူရှေ့မျက်နှာပြရမည့် အခန်းကဏ္ဍတွေ တစ်ပုံကြီး။
အတွေးနဲ့တင် နှစ်မြို့ချင်စရာ နည်းနည်းလေးတောင်မရှိ။
သုံးနာရီစာ အချိန်ပိုင်းလေးကိုတော့ သူကျော်သွားနိုင်မှာ သေချာပါရဲ့နော်။
____
"သတို့သားလေးက သိပ်လှတာပဲ။ ဒါကြောင့်လည်း သူဌေးမင်းက မဒီတွေကိုလျစ်လျူရှုပြီး သခင်လေးမှသခင်လေး ဖြစ်နေတာကိုး"
ကြည့်ပျော်ရှုပျော်ဖြစ်အောင် လာပြင်ဆင်ပေးနေတဲ့ ဒေါ်ဒေါ်က သူတို့ကြားက ဆက်ဆံရေးကို သိသူမဟုတ်။ သူမချိပြုံးသာ ပြုံးပြရုံ။ လူတကာကိုလိုက်ပြီး သူတို့ဆက်ဆံရေးကို ရှင်းပြနေရအောင်လည်း မသင့်တော်လေဘူးမဟုတ်လား။
"ကြည့်ပါဦး။ အသားအရေလေးက နူးညံ့နေလိုက်တာများ.. ပဲ့ကျသွားမလားတောင် စိုးရတယ်"
သူကသာ တိတ်ဆိတ်နေတာ ဒေါ်ဒေါ်ကတော့ တရစပ်ကို ချီးမွမ်းနေ၏။ ကြာတော့ မျက်နှာပင် ဘယ်နားထားရမည်မသိတော့။
"ဘာမှတောင် သိပ်မပြင်လိုက်ရဘူး။ နဂိုတည်းက နတ်သားလေးဆိုတော့"
"ဒေါ်ဒေါ်မြောက်နေတော့ ကျွန်တော်မနေတတ်တော့ဘူး"
"ဒီအဘွားကြီးက အမှန်အတိုင်းပြောနေတာပါနော်။ သူဌေးမင်းကတော့ မြင်တာနဲ့ အသက်ရှူမှားသွားမယ်.. ကျွန်မပြောတာယုံ"
ဖြစ်နိုင်ပါသည်။ ဟင့်အင်း..ဖြစ်ကိုဖြစ်သွားတာ။
ဘုရားကျောင်းခန်းမ၏ လျှောက်လမ်းတည့်တည့် ကိုယ်လျှောက်လာချိန်မှာ Jeon JungKookက မျက်တောင်မခတ်စတမ်း ငေးမောကြည့်နေလျက်။ အသက်ရှူးမှားနေတာလား၊ အသက်ရှူဖိူ့လုံးလုံးမေ့သွားတာလား။
လပ်ထပ်ပွဲကို ကြွရောက်လာတဲ့ ဧည့်သည်များက Jeon JungKook၏ အသိုင်းအဝိုင်းကလူတွေချည်း။
ဟုတ်တာပေါ့လေ.. သူ့မှာ ဖိတ်စရာလူမှ မရှိတာပဲ။ သည်မြို့မှာ အပေါင်းအသင်းဆိုတာ မရှိရလေအောင် အကွက်ကျကျစီစဥ်နိုင်သူကြီးရယ်ပါ..။
သူရင်းနှီးပါတယ်ဆိုတဲ့ Antonကရော။ အို.. Antonကို သူခင်တာမှ မဟုတ်တာ။ သူသဘောကျတာ၊ စိတ်ဝင်စားတာ။ လူတစ်ယောက်အပေါ်မှာ တစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်နှင့် Antonကို သူ့ရင်ထဲ နေရာပေးထားလျက်သား။
ကံဆိုးမိုးမှောင်ကျချင်တော့ သူက မကြာခင်မိနစ်အနည်းငယ်အတွင်း အိမ်ထောင်သည် ဖြစ်တော့မည်တဲ့လေ။
သင်းအုပ်ဆရာက သမ္မာကျမ်းစာအုပ်ကို ကိုင်လျက် သူတို့နှစ်ယောက်ကြား ရပ်နေသည်။ သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ပြီးလျှင် ကျမ်းစာထဲက ကောက်နုတ်ချက်အချို့ကို ရွတ်ဆိုပြလျက်။ အိမ်ထောင်သည်ဖြစ်ခါစကာလအတွက်ဆိုပြီး ဩဝါဒအရှည်ကြီးရယ်၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး ဆုံးမစကားအများကြီးရယ်။
ဒါတွေကို နားထောင်ရတာ ကျက်သရေတုံးလိုက်သည့်ဖြစ်ခြင်း။ ဘုရားသားတော်သင်းအုပ်ဆရာကိုတော့ အားနာပါရဲ့။ သူပြောတဲ့ ကျမ်းစာကောက်နုတ်ချက်တွေဆိုတာကလည်း အမုန်းတရားတွေနဲ့အစပြုရမည့် အိမ်ထောင်ရေးအတွက် အသုံးမဝင်လောက်လေဘူးလေ။
"Mr. Jeon JungKookက ကတိကဝတ်စကားဆိုပေးပါဦး"
"မင်းကိုချစ်ရတဲ့ ချစ်ခြင်းတွေပါပဲ။ ဘုရားသခင်ရဲ့ အလိုဆန္ဒကို ဖြည့်ပေးနိုင်ဖို့ ဆုတောင်းခဲ့ဖူးတယ်။ ဒီညတော့ သူ့ဆန္ဒပြည့်ပြီ ထင်လောက်ပါတယ်။ လက်ရှိရဲ့လောကဓံ၊ မသေချာတဲ့အနာဂတ်ရဲ့ ဖိအား.. အချိန်တိုင်းမှာ ကိုယ့်သစ္စာတရားဟာ မင်းနောက်လိုက်နေပါလိမ့်မယ်။ မင်း ဘုရားသခင်နောက် လိုက်သလိုပေါ့။ မင်းက ကိုယ့်အိပ်မက်ကိုယ့်ဆုတောင်းလေးပဲဖြစ်ခဲ့တယ်။ ဒီနေ့တော့ ကိုယ့်ဆုတောင်းပြည့်သွားရပါပြီ။ မင်းနဲ့အတူ အချိန်တွေဖြတ်ကျော်ခွင့်ပေးလို့ အဖဘုရားသခင်ကိုလည်း ကျေးဇူးတင်ရပါတယ်။ ကိုယ့်ဘဝကို မင်းဆီအပ်နှင်းကြောင်း ကတိပြုပါတယ်။ ဒီနေ့ ကိုယ့်ကိုယ်ကိုယ် Kim Taehyungအား ပေးလိုက်ပါတယ်။
ချစ်ခြင်းတွေနဲ့တကွ ဒီလက်စွပ်ကို ဝတ်ဆင်ပြီး နောက်နေ့ရက်များစွာ ကိုယ့်အတွက်ရှိပေးပါ။ ကောင်းကင်းဘုံကို မင်းလက်ခံသလို ကိုယ့်ကို လက်ခံပေးပါ။"
ဇာလက်အိတ်လေးအပေါ်ကနေ စွပ်လာသော စိန်စီမြရံလက်စွပ်တစ်ကွင်း။ လက်စွပ်တစ်ကွင်းနှင့် သူ့ဘဝကို သိမ်းပိုက်လိုက်ပြီပေါ့။ ဇာပဝါပါးအုပ်ထားသည့်ကြားက Jeon JungKookကို ကြည့်တော့ အနိုင်ရလေသူ၏ မာန်တို့ အပြည့်။
ကိုယ့်ကို သူတစ်သက်လုံးပိုင်သွားလေပြီ။
မင်္ဂလာခန်းမက ရုတ်ချည်းပင် ခြောက်ကပ်သေဆုံးသွားရသည်။ အလှဆင်ထားသော အဖြူရောင်နှင်းဆီငုံတို့က အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။ ရှေးဟောင်းပန်းချီကားတစ်ချပ်ကဲ့သို့ ချောက်ချားစရာကောင်းသော ဤနေရာ။
အသိစိတ်မကပ်ကပ်အောင်လုပ်ပြီးမှ သင်းအုပ်ဆရာက သူ့ကို ကြည့်နေတာ သိတော့သည်။
ဟုတ်တာပေါ့.. သူကတိကဝတ်ပြုဖို့အလှည့်ရောက်လာပြီပဲ။ ချောင်းတစ်ချက်ဟန့်လိုက်ပြီး တစ်ခုခုပါးစပ်ကထွက်လာဖို့ ကြိုးစားကြည့်သည်။
နှုတ်ဖျားဝမှာတင် ပျက်စီးကြေကွဲသွားသော စကားလုံးတွေရယ်။ အချစ်မပြောနဲ့ စကားလုံးတောင်မရှိ။
"တစ်ကြောင်းလောက်ပဲဖြစ်ဖြစ်ပြောလိုက်လေ အသည်းရဲ့"
"ကျွန်တော်Kim Taehyungသည် သတို့သားဖြစ်သူ Jeon JungKookကို အကြင်ခင်ပွန်းအဖြစ် လက်ခံပါတယ်"
ကမ္ဘာ့အတိုဆုံး မင်္ဂလာကတိကဝတ်။ ဒါကိုတောင် သူပြောဖို့ မနည်းအားမွေးလိုက်ရတာ။ ပြောမိပြီးမှ သူရရှိသိမိလိုက်တာက နောင်တများ။ ထိုအချိန်မှာ Jeon JungKookလက်သူကြွယ်မှာလည်း လက်စွပ်က နေရာယူပြီးလျက်သား။
ဟင့်အင်း.. လက်မထပ်ချင်ဘူး..လုံးဝလုံးဝသေချာသောအဖြေက လက်မထပ်ချင်ဘူးဆိုတာပင်။
"ဤမင်္ဂလာပွဲကို ကန့်ကွက်မည့်သူရှိပါသလား"
ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်..ထိုစကားကို တရားဟောဆရာက သုံးကြိမ်တိုင်တိုင်မေးသည်။ ပထမနှစ်ကြိမ်မှာတော့ သူသည်းခံလို့ နားထောင်နေမိတာပါပဲ။ ခန်းမကြီးကလည်း အပ်ကျသံကြားရမတတ် တိတ်ဆိတ်လို့။
သူ့ကိုယ်သူ သည်စိတ်ပျက်စရာအခိုက်အတန့်ကို ကျော်သွားနိုင်မယ်လို့ပဲ လုံးဝဥဿုံ ယုံကြည်ထားမိတာ။
တကယ်တမ်း တတိယအကြိမ်ကြားရချိန်မှာတော့ ဖြူလွှလွှဇာလက်အိတ်နှင့် ထုံမွမ်းအပ်သော သူ့လက်ချောင်းများကြား ချွေးစီးပြန်ချင်လာသလိုလို။
ကျောက်ချထားသည့်နှယ် ကြမ်းပြင်နှင့်ကပ်တွယ်ထားသော ခြေဖဝါးတစ်စုံက တက်ကြွလို့လာသည်။
"ကျွန်တော် ကန့်ကွက်ပါတယ်"
သံပြိုင်ကြားရသော ဟာခနဲ၊ ဟင်ခနဲ အသံကိုယ်စီ။
အားလုံးကို တုန်လှုပ်သွားစေသော ထိုအသံလာရာအရပ်က သတို့သားလေး၏နှုတ်ဖျားမှ။ ထိုအသံနှင့်အတူ ပြေးလွှားသံကို ကြားလိုက်ရ၏။
အဖြစ်အပျက်ကမြန်ဆန်လွန်းတော့ ဧည့်ပရိတ်သတ်တွေမှာ ပြေးလွှားမှုကြောင့်ဖြစ်ပေါ်လာသော လေအဝေ့ကလွဲလို့ ကျန်တာ ဘာကိုမှ မခံစားမိ။ ကိုယ်စီ ကြောင်အမ်းနေကြသော မျက်လုံးများက အဝိုင်းသား။
"ပြေးသွားပြီ လိုက်ကြလေ..ဘာလုပ်နေကြတာလဲ!"
ကိုယ်ရံတော်၊ သက်တော်စောင့်များကလည်း အချိန်လွန်မှ သတိဝင်လာသည့်နှယ်။ သက်တော်စောင့်တွေကို မဆူနိုင်၊ မဆဲနိုင်တော့။ ဘာတတ်နိုင်တော့မှာတဲ့လဲ။ သူ့သိက္ခါကို ချိုးဖျက်ပစ်တာအတွက် သူစိတ်မဆိုးနိုင်ပေမဲ့ သူ့နှလုံးသားကို မရေမတွက်နိုင် ခွဲနိုင်လွန်းတော့ နာကျင်ရသား။
အခါနှောင်းသွားပြီတဲ့လား.. သူ့နှုတ်ခမ်းပါးက အလိုလိုတွန့်ချိုးမိသည်။ ပျော်နေတာတော့မဟုတ်.. ဒါက သူ့ရဲ့ သရော်ပြုံးသက်သက်။ ရူးနေပြီလို့ ထင်ကြလည်း ထင်ကြပါစေတော့။ အရူးသက်ရင့်နေပြီလေ..။
နာကျင်နေသော ဝဲဘက်ရင်အုံကို ဘယ်သူမှ သတိမထားမိစေရန် အတတ်နိုင်ဆုံး မျက်နှာထားကို တည်တည်ထားရသည်။ ရင်ဘတ်ထဲကဒဏ်ရာ သူ့အားညှဥ်းပန်းလိုက်ပုံများ.. အဆိပ်ခပ်ထားတဲ့ လက်လုပ်ကော်ဖီခါးခါးတစ်ခွက်အတိုင်း။
"ဟား ဟား ဟား!"
ရယ်သံက ဟိန်းခနဲ။ ကျယ်ဝန်းလှချည်ရဲ့ဆိုတဲ့ဘုရားကျောင်းခန်းမထဲက ဧည့်ပရိတ်သတ်ဟူသမျှတို့ဟာ သူ့အား လူထူးလူဆန်းတစ်ယောက်လိုကြည့်ရင်း အရူးတစ်ယောက်ဟု နာမည်ပေးကင်ပွန်းတပ်နေကြလေရဲ့။
"သူ ကိုယ့်ဆီက ထွက်သွားပြန်ပြီ.."
နောက်ထပ်တစ်ကြိမ်ပေါ့..။ ကျန်နေခဲ့သူက ဒဏ်ရာပရပွနဲ့ နှလုံးသားကို ထွေးပိုက်ရင်း ညည်းညူမိလေ၏။
အနန္ဒအကြိမ်မြောက် ထွက်ပြေးစမ်း.. ကိုယ်က အနန္ဒအကြိမ်မြောက် ဖမ်းဆုပ်ထားဦးမှာ..။
"သူမရှိတော့ဘူး"
သက်တော်စောင့်တစ်ယောက်၏ အသံကို ကြားရတော့ သူဆတ်ခနဲ ခေါင်းညိတ်ပြသည်။
ခဏခဏထွက်ပြေးနေသော်လည်း သည်တစ်ခါတော့ သူတုန်လှုပ်မိသား။ လက်ထပ်ပွဲကြီးထဲဖြစ်နေလို့ ထင်ပါရဲ့...။ ထွက်ပြေးမှာစိုးလို့ အသေအချာကို လူအများကြီးဖိတ်ထားခဲ့တာ။ အနည်းဆုံးတော့ လူတွေကြား ကိုယ့်ကို မထားခဲ့လောက်ဘူးထင်လို့။
တကယ်တော့ ကိုယ့်အတွက် ငဲ့ညာမှုမှမရှိတာ။
ကိုယ်ကျင့်သားမရသေးဘူး ကိုယ့််အသည်းရေ..။
မင်းထွက်ပြေးတာကို ကျင့်သားရအောင် နောက်တစ်ခေါက်လောက် လက်ထပ်ပွဲကျင်းပကြသေးတာပေါ့..။
____
"သူဌေးမင်း.. ဒါ သူထွက်ပြေးလောက်တဲ့နေရာတွေပါ"
သက်တော်စောင့်လေးပေးတဲ့ ဖိုင်တွဲကို ယူကြည့်သည်။ ဖင်စီခံထဲ ငြိမ်းကျသွားသည့် ဆေးလိပ်မီးတငွေ့ငွေ့။ မငြိမ်းနိုင်တာက သူ့ရင်ထဲက အပူမီးတလောင်လောင် တမြိုက်မြိုက်။
"တက္ကဆက်၊ မော်စကို၊ နယူးယော့ခ်..အင်း.."
မရေမတွက်နိုင်သော မြို့နာမည်များနှင့် ပြည်နယ်ဒေသနာမည်တွေ။ တကယ်တမ်းရှာဖွေလျှင် ရက်ပိုင်းအတွင်း တွေ့နိုင်သည်။ အမြဲတမ်း သူရှာတွေ့ခဲ့တာပဲလေ။
အခုတော့ သူ့မှာ ခွန်အားမရှိ။ မင်္ဂလာပွဲမှာတောင် ထားရက်နိုင်လေသူအား ဘယ်ပုံဘယ်နည်း မျက်နှာပြောင်တိုက်ရပါ့မလဲ။
"မိုးချုပ်နေပါပြီ သူဌေးမင်း။ ကျွန်တော် ညတွင်းချင်းရှာပေးပါမယ်။ သူဌေးမင်း အိပ်လိုက်ပါဦး"
"မအိပ်သေးပါဘူးကွာ..။ မင်းတို့လည်း နားနားနေနေရှာ.."
Kim Taehyungပျောက်ရင် အရူးမီးဝိုင်းသလို လိုက်ရှာတတ်သော သူဌေးမင်းJeonက သည်တစ်ခါတော့ ထူးခြားစွာပင် တည်ငြိမ်လို့နေသည်။
အကြည့်တွေက ကြေကွဲအက်ရှလျက်ရှိပြီး ရင်ထဲဘယ်လောက်ထိ ပြိုလဲနေတယ်ဆိုတာ ဖောက်ထွင်းမြင်နိုင်ပါ၏။
"သူဌေးမင်း.."
"အင်း..ပြော"
"တစ်နေ့နေ့တော့ သခင်လေးမြင်လာမှာပါ။ ဘေးလူတွေတောင်မြင်နေရတဲ့အရာကို သူမမြင်ဘဲ မနေနိုင်ပါဘူး"
ဪ.. သူ့အဖြစ်က သက်တော်စောင့်တစ်ယောက်၏ နှစ်သိမ့်အားပေးခြင်းကို ခံနေရတယ်တဲ့လား။ လာကြည့်လှည့်ပါဦး ကိုယ့်အသည်းရေ..။ မင်းမရှိတော့ ကိုယ်က သိပ်သနားဖို့ ကောင်းနေပြီလေ။
လူပုံအလယ်မှာ ကိုယ်က မင်္ဂလာပွဲမှာ ကျန်ရစ်ဖြစ်သွားတဲ့ကောင်ကြီးပေါ့။ နားဝင်ဆိုးသလို ခံစားရတာ မချိုမြိန်တဲ့ အမည်နာမတစ်ခု။ လက်မခံချင်လည်း မရတော့။ ကိုယ်က ကျန်ရစ်အမှန်ပဲလေ။
"သွားလို့ရပြီ။ တစ်ခုခုထူးရင် အကြောင်းကြား။ ငါကိုယ်တိုင်လိုက်သွားမှာမလို့"
ကိုယ်ကိုကိုင်းညွှတ်နှုတ်ဆက်သွားတဲ့ သက်တော်စောင့်။
သည်ညလည်း သူအိပ်ပျော်မှာမဟုတ်။ သူကိုယ်တိုင်ရေးခဲ့တဲ့ ကတိက၀တ်စာလွှာက အလဟဿဖြစ်သွားပြီး သူ့အိပ်မက်လက်ထပ်ပွဲလေး ပြိုလဲပျက်စီးရသောနေ့။
သူအိပ်မပျော်သည့်ရောဂါအခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလို့လာသည်။ အိပ်ဆေးတွေက ဆေးမတိုးသလိုဖြစ်လာပြီး တစ်ညလုံးမျက်စိကြောင်နေတတ်၏။ ညမအိပ်ဖြစ်လို့ နေ့လည်အလုပ်လုပ်ချိန်တွေမှာ အိပ်ချင်ရဲ့လားဆိုတော့လည်း အိပ်ချင်စိတ်ကို ပျောက်ဆုံးနေခဲ့တာ။
သူ့မိသားစုဆရာဝန်ကတော့ သတိပေးရှာပါသည်။
'ဆေးမတိုးဘူးဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး' တဲ့လေ။
____
"သူဌေးမင်း.. ဧည့်သည်လာတယ်။ သခင်လေးကို တွေ့ချင်လို့တဲ့"
အသစ်ရောက်လာသော ကျည်ဆန်တွေကို စစ်ဆေးနေရင်း အခန်းရှေ့က အိမ်အကူလေးအော်သံကို ကြားလိုက်ရသည်။ အလုပ်လုပ်နေချိန် ဧည့်သည်တွေလာရင် အာရုံက နောက်ချင်ချင်။
"ဘယ်သူတဲ့လဲ"
"Antonလို့ပြောတယ် သူဌေးမင်း။ သခင်လေးအကြောင်း သူမသိသေးဘူးထင်လို့ ဘာမှပြန်မပြောရသေးဘူး"
Anton ဆိုတဲ့ နာမည်ကြောင့် ညာဘက်လက်မှာ အသင့်ကိုင်ထားသော ကျည်တောင့်အသစ်စက်စက်လေးအား အသုံးပြုချင်သွားသည်။
Antonဆိုတဲ့ကောင်သာ မပေါ်လာခဲ့ရင် Taehyungက ထွက်ပြေးချင်မှ ပြေးမှာ။ သေချာပေါက် အဲ့သည်ကောင်ကြောင့်ပဲ ဖြစ်လိမ့်မည်။
ဘာလုပ်ရမလဲ.. ဘာမှမတွေးဘဲ သည်အတိုင်း သတ်ပစ်လိုက်ရမလား။ သတ်ပစ်လိုက်ရင်ရော.. သူ့ကို Taehyungက ပိုမုန်းသွားလေးမလား။
အို.. မသိအောင် သတ်ပစ်မယ်။ သည်မြို့မှာ သူဌေးမင်းJeonမလုပ်နိုင်တာ ဘာများရှိလို့လဲ။ လူဝီဗီးလ်ရဲ့ ဖန်ဆင်းရှင်တစ်ပိုင်းပဲလေ.. ဟုတ်တယ် မဟုတ်လား။
"အခန်းထဲ လွှတ်လိုက်"
"ဟုတ်ကဲ့ သူဌေးမင်း"
ခြောက်လုံးပြူးသေနတ်ထဲ ကျည်အပြည့်ထည့်လိုက်သည်။ တရားဝင်မထုတ်လုပ်ရသေးသော ကျည်အသစ်တွေဖြစ်သည်။ စမ်းသပ်ပြီးသားဖြစ်သွားတာပေါ့.. မဟုတ်ရင်တောင် စမ်းသပ်ခကုန်နေရဦးမှာ။
စိတ်ရိုင်းဆိုသည်က ကိုယ်အစိုးမရနိုင်သော မကောင်းဆိုးဝါးများအနက် အင်အားအကြီးဆုံးဆိုလည်း မမှားပါလေ။
"သူဌေးမင်းက အခန်းထဲလာဆိုတော့ ကျွန်တော်များ ဘာအပြစ်လုပ်မိလို့လဲလို့"
"ထိုင်လေ"
သူ့ကုတင်ခြေရင်းက ဆိုဖာကို မေးဆတ်ပြရင်း ညွှန်ပြ၏။ Antonပုံစံက ဟိုတစ်နေ့က တွေ့ခဲ့သော မြင်းစီးသမားလေးနှင့်မတူ။ ပေါ့ပေါ့ပါးပါးလူငယ်တစ်ယောက်လို။ ဂျင်းဂျာကင်အပြာဖျော့ဖျော့နှင့် အထဲက စွပ်ကျယ်အင်္ကျီတစ်ထည်.. စင်တင်တေးဂီတမှာ ဆိုနေကျ အဆိုတော်ပေါက်စတစ်ယောက်နှင့် ပိုလို့တူသည်။
"Taehyungကို လာတွေ့တာဗျ။ သူမနေ့က ကျွန်တော်နဲ့ ချိန်းထားတာကို မလာလို့လေ"
"အင်း.. ကိုယ်ဘယ်မှမထွက်ခိုင်းလို့"
"ဟာ.. သူလည်း လူငယ်ပဲ ထွက်ချင်မှာပေါ့။ သူ့ခမျာ အမြဲစိတ်ဓါတ်ကျနေတာကို.. ဘယ်လောက်တောင်မွှန်းကြပ်လိမ့်မလဲ"
Taehyungက Antonကို ရင်ဖွင့်ရလောက်တဲ့အထိ တွယ်တာတယ်ပေါ့။ မနာလိုစိတ်က ချက်ချင်းပေါ်လာသည်။ သူနှစ်နှစ်ဆယ်လုံး စောင့်စားခဲ့ရတဲ့အရာတွေကို Antonက ရက်ပိုင်းအတွင်း အပိုင်ယူသွားပြီတဲ့လား။
"မင်းကိုယ်မင်း သူ့အကြောင်းသိလှပြီမထင်နဲ့"
"ဪ.. ဒါပေမဲ့ အလုပ်ရှင်နဲ့ သူငယ်ချင်းနဲ့ သိတာချင်း ဘယ်တူပါ့မလဲ။ Taehyungက သူ့အဖေကို လွမ်း.."
"တော်တော့! မင်းသောက်ပါးစပ်ကို ပိတ်ထား!"
သေနတ်မောင်းတင်းသံထွက်လာပြီး Antonနဖူးတည့်တည့်မှာ ပြောင်းဝကို ချိန်ထားမိလျက်သား။
Anton ကြောက်လွန်းလို့ ကျောက မတ်ခနဲ။ သူက နည်းနည်းတော့ စကားများပြီး ဖော်ရွေတတ်သည်။ သူပြောသည့်အထဲ သူဌေးမင်းဒေါသထွက်လောက်စရာ ဘာတွေပါသွားတာပါလိမ့်။
သေမင်းခံတွင်းဝရောက်နေသောအဖြစ်မှာတောင် သူဌေးမင်းကို စိုက်ကြည့်ဖြစ်အောင်ကြည့်လိုက်မိသေးသည်။
အံကြိတ်ထား၍ ပိုထင်ရှားနေသော မေးရိုး၊ နှုတ်ခမ်းပါးပါး၊ မျက်ဆံနက်နက်.. စွဲမက်ဖွယ်ရုပ်အင်္ဂါ အပြည့်အစုံရှိပါလျက် တစ်ချိန်တည်းမှာပဲ ကြောက်ဖို့ကောင်းလိုက်တာ..။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
မနက္လင္းလို႔ မ်က္လုံးဖြင့္ဖြင့္ခ်င္း သူေတြ႕လိုက္ရသည္က သူ႔အခန္းေျခရင္းရွိ လႈပ္ကုလားထိုင္ေပၚ ထိုင္ေနေသာ Jeon JungKook. ညတည္းက ပုံစံအတိုင္း.. သူ႔ကို မလန္႔လန္႔ေအာင္ လုပ္ေနတာ။
ဘာလဲ.. သည္လူ တစ္ညလုံး မအိပ္ဘူးလား။
"ခင္ဗ်ား.. ညက ဘယ္မွာအိပ္လဲ"
"ဪ..မိုးေတာင္ လင္းသြားၿပီ။ မဂၤလာနံနက္ခင္းပါ ကိုယ့္အသည္း"
"ခင္ဗ်ား ညမအိပ္ထားဘူးလား"
"အဲ့လိုပဲျဖစ္သြားတယ္"
စိတၱဇေကာင္။ တစ္ညလုံးငုတ္တုတ္ထိုင္ေနတာ ပုံမွန္လူတစ္ေယာက္ရဲ႕အက်င့္မွမဟုတ္တာ။ ၾကာရင္ သူပဲအသက္တိုလိမ့္မည္၊ Jeon JungKookကေတာ့ ညမအိပ္ဘဲ သူ႔အေပါင္ခံပစၥည္းေလးကိုယ့္ကို ေစာင့္ၾကည့္ေနဦးမွာပဲ။
ထို႔ေနာက္မွာေတာ့ Jeon JungKookတစ္ေယာက္ တစ္ေနကုန္အလုပ္ရႈပ္လို႔ေနသည္။ မနက္ျဖန္မဂၤလာပြဲအတြက္ဟု ေျပာသြားေသးသည္။
အခမ္းအနားအျပင္အဆင္၊ တည္ခင္းဧည့္ခံမည့္ ပုံသဏၭာန္၊ ႂကြေရာက္ခ်ီးျမႇင့္မည့္ဧည့္သည္ေတာ္ေတြ.. ဘာတစ္ခုကိုမွ မသိရသည့္တိုင္ သူမနက္ျဖန္ လက္ထပ္ရေတာ့မည္တဲ့ေလ။
မနက္ျဖန္ဆိုတဲ့အခ်ိန္ကို သူမေရာက္ခ်င္။ နာရီလက္တံမ်ားအား ရပ္တန္႔ထားလို႔ရလွ်င္ သိပ္ေကာင္းမည္။
သူတို႔၏ မဂၤလာပြဲရက္စြဲက သူ႔အတြက္ေတာ့ က်ိန္စာသင့္ထားေသာ ရက္တစ္ရက္ကဲ့သို႔။
တစ္နည္းနည္းျဖင့္ ထြက္ေျပးလို႔ ရပါရဲ႕လား။ သူ႔အိပ္ခန္းျပတင္းက လွမ္းၾကည့္ေတာ့ စံအိမ္ပတ္ပတ္လည္မွာ သက္ေတာ္ေစာင့္ေတြအျပည့္။
ေန႔တိုင္းလိုလို သူ႔အျပင္ထြက္တတ္သည္ကို တားဆီးပိတ္ပင္ေလ့မရွိေသာ္လည္း လက္မထပ္ရခင္ တစ္ရက္အလိုမွာေတာ့ သူဟာ တင္းၾကပ္စြာ ပိတ္ပင္ခ်ဳပ္ေႏွာင္ ခံထားရသည္။
လက္ႏွစ္ဖက္ကို ပူးကပ္ဆုပ္ကိုင္ရင္း ေကာင္းကင္ဘုံသို႔ တမ္းတလိုက္သည္။ ဘာသာတရားကိုင္းရႈိင္းလြန္းလွသည္မဟုတ္ေသာ္လည္း ေကာင္းကင္ဘုံကိုေတာ့ သူယုံပါသည္။ သူ႔အေဖက အဲ့သည္မွာရွိေနမွာ။
အေဖသာ သူ႔ကိုျမင္ရင္ သည္အက်ဥ္းအက်ပ္ထဲက လြတ္ေျမာက္ေအာင္ ကူညီမွာပဲ။ သူဘယ္ေလာက္ဆုေတာင္းေတာင္း ထူးမလာတာဟာ သူ႔ဆုေတာင္းေတြ ေကာင္းကင္ဘုံထိ မေရာက္ေသးလို႔ပဲ ျဖစ္လိမ့္မည္။
ေႏြဦးညတစ္ညက သူ႔ကို ႐ူးသြပ္ေစႏိုင္ေသာ..။ သူ႔မွာ အခ်စ္မရွိတဲ့ အိမ္ေထာင္ေရးတစ္ခုကို စတင္ဖို႔ အေၾကာင္းဖန္လာၿပီ။ ဘယ္လိုပဲ ခါးခါးသီးသီးျဖစ္ေနပါေစဦး.. အမ်ားအျမင္မွာ ကိုယ္ဟာ သည္လူရဲ႕ အၾကင္ခင္ပြန္း။ ခင္ပြန္းဆိုသည့္နာမည္ႏွင့္ လိုက္ေလ်ာညီေထြစြာ Jeon JungKookႏွင့္ လူေရွ႕မ်က္ႏွာျပရမည့္ အခန္းက႑ေတြ တစ္ပုံႀကီး။
အေတြးနဲ႔တင္ ႏွစ္ၿမိဳ႕ခ်င္စရာ နည္းနည္းေလးေတာင္မရွိ။
သုံးနာရီစာ အခ်ိန္ပိုင္းေလးကိုေတာ့ သူေက်ာ္သြားႏိုင္မွာ ေသခ်ာပါရဲ႕ေနာ္။
____
"သတို႔သားေလးက သိပ္လွတာပဲ။ ဒါေၾကာင့္လည္း သူေဌးမင္းက မဒီေတြကိုလ်စ္လ်ဴရႈၿပီး သခင္ေလးမွသခင္ေလး ျဖစ္ေနတာကိုး"
ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္ေအာင္ လာျပင္ဆင္ေပးေနတဲ့ ေဒၚေဒၚက သူတို႔ၾကားက ဆက္ဆံေရးကို သိသူမဟုတ္။ သူမခ်ိၿပဳံးသာ ၿပဳံးျပ႐ုံ။ လူတကာကိုလိုက္ၿပီး သူတို႔ဆက္ဆံေရးကို ရွင္းျပေနရေအာင္လည္း မသင့္ေတာ္ေလဘူးမဟုတ္လား။
"ၾကည့္ပါဦး။ အသားအေရေလးက ႏူးညံ့ေနလိုက္တာမ်ား.. ပဲ့က်သြားမလားေတာင္ စိုးရတယ္"
သူကသာ တိတ္ဆိတ္ေနတာ ေဒၚေဒၚကေတာ့ တရစပ္ကို ခ်ီးမြမ္းေန၏။ ၾကာေတာ့ မ်က္ႏွာပင္ ဘယ္နားထားရမည္မသိေတာ့။
"ဘာမွေတာင္ သိပ္မျပင္လိုက္ရဘူး။ နဂိုတည္းက နတ္သားေလးဆိုေတာ့"
"ေဒၚေဒၚေျမာက္ေနေတာ့ ကြၽန္ေတာ္မေနတတ္ေတာ့ဘူး"
"ဒီအဘြားႀကီးက အမွန္အတိုင္းေျပာေနတာပါေနာ္။ သူေဌးမင္းကေတာ့ ျမင္တာနဲ႔ အသက္ရႉမွားသြားမယ္.. ကြၽန္မေျပာတာယုံ"
ျဖစ္ႏိုင္ပါသည္။ ဟင့္အင္း..ျဖစ္ကိုျဖစ္သြားတာ။
ဘုရားေက်ာင္းခန္းမ၏ ေလွ်ာက္လမ္းတည့္တည့္ ကိုယ္ေလွ်ာက္လာခ်ိန္မွာ Jeon JungKookက မ်က္ေတာင္မခတ္စတမ္း ေငးေမာၾကည့္ေနလ်က္။ အသက္ရႉးမွားေနတာလား၊ အသက္ရႉဖိူ႔လုံးလုံးေမ့သြားတာလား။
လပ္ထပ္ပြဲကို ႂကြေရာက္လာတဲ့ ဧည့္သည္မ်ားက Jeon JungKook၏ အသိုင္းအဝိုင္းကလူေတြခ်ည္း။
ဟုတ္တာေပါ့ေလ.. သူ႔မွာ ဖိတ္စရာလူမွ မရွိတာပဲ။ သည္ၿမိဳ႕မွာ အေပါင္းအသင္းဆိုတာ မရွိရေလေအာင္ အကြက္က်က်စီစဥ္ႏိုင္သူႀကီးရယ္ပါ..။
သူရင္းႏွီးပါတယ္ဆိုတဲ့ Antonကေရာ။ အို.. Antonကို သူခင္တာမွ မဟုတ္တာ။ သူသေဘာက်တာ၊ စိတ္ဝင္စားတာ။ လူတစ္ေယာက္အေပၚမွာ တစ္ခါမွ မျဖစ္ဖူးတဲ့ ခံစားခ်က္ႏွင့္ Antonကို သူ႔ရင္ထဲ ေနရာေပးထားလ်က္သား။
ကံဆိုးမိုးေမွာင္က်ခ်င္ေတာ့ သူက မၾကာခင္မိနစ္အနည္းငယ္အတြင္း အိမ္ေထာင္သည္ ျဖစ္ေတာ့မည္တဲ့ေလ။
သင္းအုပ္ဆရာက သမၼာက်မ္းစာအုပ္ကို ကိုင္လ်က္ သူတို႔ႏွစ္ေယာက္ၾကား ရပ္ေနသည္။ သူတို႔ႏွစ္ေယာက္ကို တစ္လွည့္စီၾကည့္ၿပီးလွ်င္ က်မ္းစာထဲက ေကာက္ႏုတ္ခ်က္အခ်ိဳ႕ကို ႐ြတ္ဆိုျပလ်က္။ အိမ္ေထာင္သည္ျဖစ္ခါစကာလအတြက္ဆိုၿပီး ဩဝါဒအရွည္ႀကီးရယ္၊ ေဆာင္ရန္ေရွာင္ရန္ဆိုၿပီး ဆုံးမစကားအမ်ားႀကီးရယ္။
ဒါေတြကို နားေထာင္ရတာ က်က္သေရတုံးလိုက္သည့္ျဖစ္ျခင္း။ ဘုရားသားေတာ္သင္းအုပ္ဆရာကိုေတာ့ အားနာပါရဲ႕။ သူေျပာတဲ့ က်မ္းစာေကာက္ႏုတ္ခ်က္ေတြဆိုတာကလည္း အမုန္းတရားေတြနဲ႔အစျပဳရမည့္ အိမ္ေထာင္ေရးအတြက္ အသုံးမဝင္ေလာက္ေလဘူးေလ။
"Mr. Jeon JungKookက ကတိကဝတ္စကားဆိုေပးပါဦး"
"မင္းကိုခ်စ္ရတဲ့ ခ်စ္ျခင္းေတြပါပဲ။ ဘုရားသခင္ရဲ႕ အလိုဆႏၵကို ျဖည့္ေပးႏိုင္ဖို႔ ဆုေတာင္းခဲ့ဖူးတယ္။ ဒီညေတာ့ သူ႔ဆႏၵျပည့္ၿပီ ထင္ေလာက္ပါတယ္။ လက္ရွိရဲ႕ေလာကဓံ၊ မေသခ်ာတဲ့အနာဂတ္ရဲ႕ ဖိအား.. အခ်ိန္တိုင္းမွာ ကိုယ့္သစၥာတရားဟာ မင္းေနာက္လိုက္ေနပါလိမ့္မယ္။ မင္း ဘုရားသခင္ေနာက္ လိုက္သလိုေပါ့။ မင္းက ကိုယ့္အိပ္မက္ကိုယ့္ဆုေတာင္းေလးပဲျဖစ္ခဲ့တယ္။ ဒီေန႔ေတာ့ ကိုယ့္ဆုေတာင္းျပည့္သြားရပါၿပီ။ မင္းနဲ႔အတူ အခ်ိန္ေတြျဖတ္ေက်ာ္ခြင့္ေပးလို႔ အဖဘုရားသခင္ကိုလည္း ေက်းဇူးတင္ရပါတယ္။ ကိုယ့္ဘဝကို မင္းဆီအပ္ႏွင္းေၾကာင္း ကတိျပဳပါတယ္။ ဒီေန႔ ကိုယ့္ကိုယ္ကိုယ္ Kim Taehyungအား ေပးလိုက္ပါတယ္။
ခ်စ္ျခင္းေတြနဲ႔တကြ ဒီလက္စြပ္ကို ဝတ္ဆင္ၿပီး ေနာက္ေန႔ရက္မ်ားစြာ ကိုယ့္အတြက္ရွိေပးပါ။ ေကာင္းကင္းဘုံကို မင္းလက္ခံသလို ကိုယ့္ကို လက္ခံေပးပါ။"
ဇာလက္အိတ္ေလးအေပၚကေန စြပ္လာေသာ စိန္စီျမရံလက္စြပ္တစ္ကြင္း။ လက္စြပ္တစ္ကြင္းႏွင့္ သူ႔ဘဝကို သိမ္းပိုက္လိုက္ၿပီေပါ့။ ဇာပဝါပါးအုပ္ထားသည့္ၾကားက Jeon JungKookကို ၾကည့္ေတာ့ အႏိုင္ရေလသူ၏ မာန္တို႔ အျပည့္။
ကိုယ့္ကို သူတစ္သက္လုံးပိုင္သြားေလၿပီ။
မဂၤလာခန္းမက ႐ုတ္ခ်ည္းပင္ ေျခာက္ကပ္ေသဆုံးသြားရသည္။ အလွဆင္ထားေသာ အျဖဴေရာင္ႏွင္းဆီငုံတို႔က အနက္ေရာင္အျဖစ္ ေျပာင္းလဲသြားသည္။ ေရွးေဟာင္းပန္းခ်ီကားတစ္ခ်ပ္ကဲ့သို႔ ေခ်ာက္ခ်ားစရာေကာင္းေသာ ဤေနရာ။
အသိစိတ္မကပ္ကပ္ေအာင္လုပ္ၿပီးမွ သင္းအုပ္ဆရာက သူ႔ကို ၾကည့္ေနတာ သိေတာ့သည္။
ဟုတ္တာေပါ့.. သူကတိကဝတ္ျပဳဖို႔အလွည့္ေရာက္လာၿပီပဲ။ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး တစ္ခုခုပါးစပ္ကထြက္လာဖို႔ ႀကိဳးစားၾကည့္သည္။
ႏႈတ္ဖ်ားဝမွာတင္ ပ်က္စီးေၾကကြဲသြားေသာ စကားလုံးေတြရယ္။ အခ်စ္မေျပာနဲ႔ စကားလုံးေတာင္မရွိ။
"တစ္ေၾကာင္းေလာက္ပဲျဖစ္ျဖစ္ေျပာလိုက္ေလ အသည္းရဲ႕"
"ကြၽန္ေတာ္Kim Taehyungသည္ သတို႔သားျဖစ္သူ Jeon JungKookကို အၾကင္ခင္ပြန္းအျဖစ္ လက္ခံပါတယ္"
ကမာၻ႔အတိုဆုံး မဂၤလာကတိကဝတ္။ ဒါကိုေတာင္ သူေျပာဖို႔ မနည္းအားေမြးလိုက္ရတာ။ ေျပာမိၿပီးမွ သူရရွိသိမိလိုက္တာက ေနာင္တမ်ား။ ထိုအခ်ိန္မွာ Jeon JungKookလက္သူႂကြယ္မွာလည္း လက္စြပ္က ေနရာယူၿပီးလ်က္သား။
ဟင့္အင္း.. လက္မထပ္ခ်င္ဘူး..လုံးဝလုံးဝေသခ်ာေသာအေျဖက လက္မထပ္ခ်င္ဘူးဆိုတာပင္။
"ဤမဂၤလာပြဲကို ကန္႔ကြက္မည့္သူရွိပါသလား"
ပထမအႀကိမ္၊ ဒုတိယအႀကိမ္၊ တတိယအႀကိမ္..ထိုစကားကို တရားေဟာဆရာက သုံးႀကိမ္တိုင္တိုင္ေမးသည္။ ပထမႏွစ္ႀကိမ္မွာေတာ့ သူသည္းခံလို႔ နားေထာင္ေနမိတာပါပဲ။ ခန္းမႀကီးကလည္း အပ္က်သံၾကားရမတတ္ တိတ္ဆိတ္လို႔။
သူ႔ကိုယ္သူ သည္စိတ္ပ်က္စရာအခိုက္အတန္႔ကို ေက်ာ္သြားႏိုင္မယ္လို႔ပဲ လုံးဝဥႆုံ ယုံၾကည္ထားမိတာ။
တကယ္တမ္း တတိယအႀကိမ္ၾကားရခ်ိန္မွာေတာ့ ျဖဴလႊလႊဇာလက္အိတ္ႏွင့္ ထုံမြမ္းအပ္ေသာ သူ႔လက္ေခ်ာင္းမ်ားၾကား ေခြၽးစီးျပန္ခ်င္လာသလိုလို။
ေက်ာက္ခ်ထားသည့္ႏွယ္ ၾကမ္းျပင္ႏွင့္ကပ္တြယ္ထားေသာ ေျခဖဝါးတစ္စုံက တက္ႂကြလို႔လာသည္။
"ကြၽန္ေတာ္ ကန္႔ကြက္ပါတယ္"
သံၿပိဳင္ၾကားရေသာ ဟာခနဲ၊ ဟင္ခနဲ အသံကိုယ္စီ။
အားလုံးကို တုန္လႈပ္သြားေစေသာ ထိုအသံလာရာအရပ္က သတို႔သားေလး၏ႏႈတ္ဖ်ားမွ။ ထိုအသံႏွင့္အတူ ေျပးလႊားသံကို ၾကားလိုက္ရ၏။
အျဖစ္အပ်က္ကျမန္ဆန္လြန္းေတာ့ ဧည့္ပရိတ္သတ္ေတြမွာ ေျပးလႊားမႈေၾကာင့္ျဖစ္ေပၚလာေသာ ေလအေဝ့ကလြဲလို႔ က်န္တာ ဘာကိုမွ မခံစားမိ။ ကိုယ္စီ ေၾကာင္အမ္းေနၾကေသာ မ်က္လုံးမ်ားက အဝိုင္းသား။
"ေျပးသြားၿပီ လိုက္ၾကေလ..ဘာလုပ္ေနၾကတာလဲ!"
ကိုယ္ရံေတာ္၊ သက္ေတာ္ေစာင့္မ်ားကလည္း အခ်ိန္လြန္မွ သတိဝင္လာသည့္ႏွယ္။ သက္ေတာ္ေစာင့္ေတြကို မဆူႏိုင္၊ မဆဲႏိုင္ေတာ့။ ဘာတတ္ႏိုင္ေတာ့မွာတဲ့လဲ။ သူ႔သိကၡါကို ခ်ိဳးဖ်က္ပစ္တာအတြက္ သူစိတ္မဆိုးႏိုင္ေပမဲ့ သူ႔ႏွလုံးသားကို မေရမတြက္ႏိုင္ ခြဲႏိုင္လြန္းေတာ့ နာက်င္ရသား။
အခါေႏွာင္းသြားၿပီတဲ့လား.. သူ႔ႏႈတ္ခမ္းပါးက အလိုလိုတြန္႔ခ်ိဳးမိသည္။ ေပ်ာ္ေနတာေတာ့မဟုတ္.. ဒါက သူ႔ရဲ႕ သေရာ္ၿပဳံးသက္သက္။ ႐ူးေနၿပီလို႔ ထင္ၾကလည္း ထင္ၾကပါေစေတာ့။ အ႐ူးသက္ရင့္ေနၿပီေလ..။
နာက်င္ေနေသာ ဝဲဘက္ရင္အုံကို ဘယ္သူမွ သတိမထားမိေစရန္ အတတ္ႏိုင္ဆုံး မ်က္ႏွာထားကို တည္တည္ထားရသည္။ ရင္ဘတ္ထဲကဒဏ္ရာ သူ႔အားညႇဥ္းပန္းလိုက္ပုံမ်ား.. အဆိပ္ခပ္ထားတဲ့ လက္လုပ္ေကာ္ဖီခါးခါးတစ္ခြက္အတိုင္း။
"ဟား ဟား ဟား!"
ရယ္သံက ဟိန္းခနဲ။ က်ယ္ဝန္းလွခ်ည္ရဲ႕ဆိုတဲ့ဘုရားေက်ာင္းခန္းမထဲက ဧည့္ပရိတ္သတ္ဟူသမွ်တို႔ဟာ သူ႔အား လူထူးလူဆန္းတစ္ေယာက္လိုၾကည့္ရင္း အ႐ူးတစ္ေယာက္ဟု နာမည္ေပးကင္ပြန္းတပ္ေနၾကေလရဲ႕။
"သူ ကိုယ့္ဆီက ထြက္သြားျပန္ၿပီ.."
ေနာက္ထပ္တစ္ႀကိမ္ေပါ့..။ က်န္ေနခဲ့သူက ဒဏ္ရာပရပြနဲ႔ ႏွလုံးသားကို ေထြးပိုက္ရင္း ညည္းညဴမိေလ၏။
အနႏၵအႀကိမ္ေျမာက္ ထြက္ေျပးစမ္း.. ကိုယ္က အနႏၵအႀကိမ္ေျမာက္ ဖမ္းဆုပ္ထားဦးမွာ..။
"သူမရွိေတာ့ဘူး"
သက္ေတာ္ေစာင့္တစ္ေယာက္၏ အသံကို ၾကားရေတာ့ သူဆတ္ခနဲ ေခါင္းညိတ္ျပသည္။
ခဏခဏထြက္ေျပးေနေသာ္လည္း သည္တစ္ခါေတာ့ သူတုန္လႈပ္မိသား။ လက္ထပ္ပြဲႀကီးထဲျဖစ္ေနလို႔ ထင္ပါရဲ႕...။ ထြက္ေျပးမွာစိုးလို႔ အေသအခ်ာကို လူအမ်ားႀကီးဖိတ္ထားခဲ့တာ။ အနည္းဆုံးေတာ့ လူေတြၾကား ကိုယ့္ကို မထားခဲ့ေလာက္ဘူးထင္လို႔။
တကယ္ေတာ့ ကိုယ့္အတြက္ ငဲ့ညာမႈမွမရွိတာ။
ကိုယ္က်င့္သားမရေသးဘူး ကိုယ့္္အသည္းေရ..။
မင္းထြက္ေျပးတာကို က်င့္သားရေအာင္ ေနာက္တစ္ေခါက္ေလာက္ လက္ထပ္ပြဲက်င္းပၾကေသးတာေပါ့..။
____
"သူေဌးမင္း.. ဒါ သူထြက္ေျပးေလာက္တဲ့ေနရာေတြပါ"
သက္ေတာ္ေစာင့္ေလးေပးတဲ့ ဖိုင္တြဲကို ယူၾကည့္သည္။ ဖင္စီခံထဲ ၿငိမ္းက်သြားသည့္ ေဆးလိပ္မီးတေငြ႕ေငြ႕။ မၿငိမ္းႏိုင္တာက သူ႔ရင္ထဲက အပူမီးတေလာင္ေလာင္ တၿမိဳက္ၿမိဳက္။
"တကၠဆက္၊ ေမာ္စကို၊ နယူးေယာ့ခ္..အင္း.."
မေရမတြက္ႏိုင္ေသာ ၿမိဳ႕နာမည္မ်ားႏွင့္ ျပည္နယ္ေဒသနာမည္ေတြ။ တကယ္တမ္းရွာေဖြလွ်င္ ရက္ပိုင္းအတြင္း ေတြ႕ႏိုင္သည္။ အၿမဲတမ္း သူရွာေတြ႕ခဲ့တာပဲေလ။
အခုေတာ့ သူ႔မွာ ခြန္အားမရွိ။ မဂၤလာပြဲမွာေတာင္ ထားရက္ႏိုင္ေလသူအား ဘယ္ပုံဘယ္နည္း မ်က္ႏွာေျပာင္တိုက္ရပါ့မလဲ။
"မိုးခ်ဳပ္ေနပါၿပီ သူေဌးမင္း။ ကြၽန္ေတာ္ ညတြင္းခ်င္းရွာေပးပါမယ္။ သူေဌးမင္း အိပ္လိုက္ပါဦး"
"မအိပ္ေသးပါဘူးကြာ..။ မင္းတို႔လည္း နားနားေနေနရွာ.."
Kim Taehyungေပ်ာက္ရင္ အ႐ူးမီးဝိုင္းသလို လိုက္ရွာတတ္ေသာ သူေဌးမင္းJeonက သည္တစ္ခါေတာ့ ထူးျခားစြာပင္ တည္ၿငိမ္လို႔ေနသည္။
အၾကည့္ေတြက ေၾကကြဲအက္ရွလ်က္ရွိၿပီး ရင္ထဲဘယ္ေလာက္ထိ ၿပိဳလဲေနတယ္ဆိုတာ ေဖာက္ထြင္းျမင္ႏိုင္ပါ၏။
"သူေဌးမင္း.."
"အင္း..ေျပာ"
"တစ္ေန႔ေန႔ေတာ့ သခင္ေလးျမင္လာမွာပါ။ ေဘးလူေတြေတာင္ျမင္ေနရတဲ့အရာကို သူမျမင္ဘဲ မေနႏိုင္ပါဘူး"
ဪ.. သူ႔အျဖစ္က သက္ေတာ္ေစာင့္တစ္ေယာက္၏ ႏွစ္သိမ့္အားေပးျခင္းကို ခံေနရတယ္တဲ့လား။ လာၾကည့္လွည့္ပါဦး ကိုယ့္အသည္းေရ..။ မင္းမရွိေတာ့ ကိုယ္က သိပ္သနားဖို႔ ေကာင္းေနၿပီေလ။
လူပုံအလယ္မွာ ကိုယ္က မဂၤလာပြဲမွာ က်န္ရစ္ျဖစ္သြားတဲ့ေကာင္ႀကီးေပါ့။ နားဝင္ဆိုးသလို ခံစားရတာ မခ်ိဳၿမိန္တဲ့ အမည္နာမတစ္ခု။ လက္မခံခ်င္လည္း မရေတာ့။ ကိုယ္က က်န္ရစ္အမွန္ပဲေလ။
"သြားလို႔ရၿပီ။ တစ္ခုခုထူးရင္ အေၾကာင္းၾကား။ ငါကိုယ္တိုင္လိုက္သြားမွာမလို႔"
ကိုယ္ကိုကိုင္းၫႊတ္ႏႈတ္ဆက္သြားတဲ့ သက္ေတာ္ေစာင့္။
သည္ညလည္း သူအိပ္ေပ်ာ္မွာမဟုတ္။ သူကိုယ္တိုင္ေရးခဲ့တဲ့ ကတိက၀တ္စာလႊာက အလဟႆျဖစ္သြားၿပီး သူ႔အိပ္မက္လက္ထပ္ပြဲေလး ၿပိဳလဲပ်က္စီးရေသာေန႔။
သူအိပ္မေပ်ာ္သည့္ေရာဂါအေျခအေနက တစ္ေန႔ထက္တစ္ေန႔ ပိုဆိုးလို႔လာသည္။ အိပ္ေဆးေတြက ေဆးမတိုးသလိုျဖစ္လာၿပီး တစ္ညလုံးမ်က္စိေၾကာင္ေနတတ္၏။ ညမအိပ္ျဖစ္လို႔ ေန႔လည္အလုပ္လုပ္ခ်ိန္ေတြမွာ အိပ္ခ်င္ရဲ႕လားဆိုေတာ့လည္း အိပ္ခ်င္စိတ္ကို ေပ်ာက္ဆုံးေနခဲ့တာ။
သူ႔မိသားစုဆရာဝန္ကေတာ့ သတိေပးရွာပါသည္။
'ေဆးမတိုးဘူးဆိုတာ ေကာင္းတဲ့လကၡဏာမဟုတ္ဘူး' တဲ့ေလ။
____
"သူေဌးမင္း.. ဧည့္သည္လာတယ္။ သခင္ေလးကို ေတြ႕ခ်င္လို႔တဲ့"
အသစ္ေရာက္လာေသာ က်ည္ဆန္ေတြကို စစ္ေဆးေနရင္း အခန္းေရွ႕က အိမ္အကူေလးေအာ္သံကို ၾကားလိုက္ရသည္။ အလုပ္လုပ္ေနခ်ိန္ ဧည့္သည္ေတြလာရင္ အာ႐ုံက ေနာက္ခ်င္ခ်င္။
"ဘယ္သူတဲ့လဲ"
"Antonလို႔ေျပာတယ္ သူေဌးမင္း။ သခင္ေလးအေၾကာင္း သူမသိေသးဘူးထင္လို႔ ဘာမွျပန္မေျပာရေသးဘူး"
Anton ဆိုတဲ့ နာမည္ေၾကာင့္ ညာဘက္လက္မွာ အသင့္ကိုင္ထားေသာ က်ည္ေတာင့္အသစ္စက္စက္ေလးအား အသုံးျပဳခ်င္သြားသည္။
Antonဆိုတဲ့ေကာင္သာ မေပၚလာခဲ့ရင္ Taehyungက ထြက္ေျပးခ်င္မွ ေျပးမွာ။ ေသခ်ာေပါက္ အဲ့သည္ေကာင္ေၾကာင့္ပဲ ျဖစ္လိမ့္မည္။
ဘာလုပ္ရမလဲ.. ဘာမွမေတြးဘဲ သည္အတိုင္း သတ္ပစ္လိုက္ရမလား။ သတ္ပစ္လိုက္ရင္ေရာ.. သူ႔ကို Taehyungက ပိုမုန္းသြားေလးမလား။
အို.. မသိေအာင္ သတ္ပစ္မယ္။ သည္ၿမိဳ႕မွာ သူေဌးမင္းJeonမလုပ္ႏိုင္တာ ဘာမ်ားရွိလို႔လဲ။ လူဝီဗီးလ္ရဲ႕ ဖန္ဆင္းရွင္တစ္ပိုင္းပဲေလ.. ဟုတ္တယ္ မဟုတ္လား။
"အခန္းထဲ လႊတ္လိုက္"
"ဟုတ္ကဲ့ သူေဌးမင္း"
ေျခာက္လုံးျပဴးေသနတ္ထဲ က်ည္အျပည့္ထည့္လိုက္သည္။ တရားဝင္မထုတ္လုပ္ရေသးေသာ က်ည္အသစ္ေတြျဖစ္သည္။ စမ္းသပ္ၿပီးသားျဖစ္သြားတာေပါ့.. မဟုတ္ရင္ေတာင္ စမ္းသပ္ခကုန္ေနရဦးမွာ။
စိတ္႐ိုင္းဆိုသည္က ကိုယ္အစိုးမရႏိုင္ေသာ မေကာင္းဆိုးဝါးမ်ားအနက္ အင္အားအႀကီးဆုံးဆိုလည္း မမွားပါေလ။
"သူေဌးမင္းက အခန္းထဲလာဆိုေတာ့ ကြၽန္ေတာ္မ်ား ဘာအျပစ္လုပ္မိလို႔လဲလို႔"
"ထိုင္ေလ"
သူ႔ကုတင္ေျခရင္းက ဆိုဖာကို ေမးဆတ္ျပရင္း ၫႊန္ျပ၏။ Antonပုံစံက ဟိုတစ္ေန႔က ေတြ႕ခဲ့ေသာ ျမင္းစီးသမားေလးႏွင့္မတူ။ ေပါ့ေပါ့ပါးပါးလူငယ္တစ္ေယာက္လို။ ဂ်င္းဂ်ာကင္အျပာေဖ်ာ့ေဖ်ာ့ႏွင့္ အထဲက စြပ္က်ယ္အက်ႌတစ္ထည္.. စင္တင္ေတးဂီတမွာ ဆိုေနက် အဆိုေတာ္ေပါက္စတစ္ေယာက္ႏွင့္ ပိုလို႔တူသည္။
"Taehyungကို လာေတြ႕တာဗ်။ သူမေန႔က ကြၽန္ေတာ္နဲ႔ ခ်ိန္းထားတာကို မလာလို႔ေလ"
"အင္း.. ကိုယ္ဘယ္မွမထြက္ခိုင္းလို႔"
"ဟာ.. သူလည္း လူငယ္ပဲ ထြက္ခ်င္မွာေပါ့။ သူ႔ခမ်ာ အၿမဲစိတ္ဓါတ္က်ေနတာကို.. ဘယ္ေလာက္ေတာင္မႊန္းၾကပ္လိမ့္မလဲ"
Taehyungက Antonကို ရင္ဖြင့္ရေလာက္တဲ့အထိ တြယ္တာတယ္ေပါ့။ မနာလိုစိတ္က ခ်က္ခ်င္းေပၚလာသည္။ သူႏွစ္ႏွစ္ဆယ္လုံး ေစာင့္စားခဲ့ရတဲ့အရာေတြကို Antonက ရက္ပိုင္းအတြင္း အပိုင္ယူသြားၿပီတဲ့လား။
"မင္းကိုယ္မင္း သူ႔အေၾကာင္းသိလွၿပီမထင္နဲ႔"
"ဪ.. ဒါေပမဲ့ အလုပ္ရွင္နဲ႔ သူငယ္ခ်င္းနဲ႔ သိတာခ်င္း ဘယ္တူပါ့မလဲ။ Taehyungက သူ႔အေဖကို လြမ္း.."
"ေတာ္ေတာ့! မင္းေသာက္ပါးစပ္ကို ပိတ္ထား!"
ေသနတ္ေမာင္းတင္းသံထြက္လာၿပီး Antonနဖူးတည့္တည့္မွာ ေျပာင္းဝကို ခ်ိန္ထားမိလ်က္သား။
Anton ေၾကာက္လြန္းလို႔ ေက်ာက မတ္ခနဲ။ သူက နည္းနည္းေတာ့ စကားမ်ားၿပီး ေဖာ္ေ႐ြတတ္သည္။ သူေျပာသည့္အထဲ သူေဌးမင္းေဒါသထြက္ေလာက္စရာ ဘာေတြပါသြားတာပါလိမ့္။
ေသမင္းခံတြင္းဝေရာက္ေနေသာအျဖစ္မွာေတာင္ သူေဌးမင္းကို စိုက္ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္မိေသးသည္။
အံႀကိတ္ထား၍ ပိုထင္ရွားေနေသာ ေမး႐ိုး၊ ႏႈတ္ခမ္းပါးပါး၊ မ်က္ဆံနက္နက္.. စြဲမက္ဖြယ္႐ုပ္အဂၤါ အျပည့္အစုံရွိပါလ်က္ တစ္ခ်ိန္တည္းမွာပဲ ေၾကာက္ဖို႔ေကာင္းလိုက္တာ..။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜