Unicode
အပိုင်း ၇၉။ ဒဏ်ရာရခြင်း(၂)
ဖေးရှီက သမီးဖြစ်သူကို လက်ရမ်းခေါ်လျက် အလွန်ဖိအားများနေဟန်ရ၏။ ယဲ့ကျန်းက သူမဝတ်စုံအနားစများကို စုကိုင်ကာ ချက်ချင်းဆိုသလို အပြေးသွားသည်။ နှစ်ယောက်က အချင်းချင်း ထွေးပွေ့ထားပြီးနောက်တွင် ဖေးရှီက အသက်ကို ဖြောင့်အောင်ရှူပြီးနောက် စကားပြောနိုင်ရန် ခက်ခက်ခဲခဲကြိုးစားလိုက်ရ၏။
“တစ်ယောက်ယောက်က အကြောင်းကြားလာတယ်၊ သမီးရဲ့အစ်ကိုကြီး မြင်းပေါ်က ပြုတ်ကျပြီး ခြေထောက်ကျိုးသွားပြီတဲ့”
“ဒဏ်ရာ အရမ်းပြင်းတာလား”
ယဲ့ကျန်းသည်လည်း ထိုသတင်းကြောင့် အလွန်စိုးရိမ်သွားသည်။ သူမ လုရှန်းကျစ်အပေါ် ဘာမုန်းတီးမှုမှ မရှိသည့်အပြင် လုယောင်ယောင်ကို ကောင်းမွန်စွာ ဆက်ဆံသည့်အတွက် ကျေးဇူးပင်တင်မိသေး၏။ သူမ၏နှလုံးသားအောက်ခြေမှတစ်ဆင့် သူ ကောင်းမွန်သောဘဝရရန် အမြဲတမ်း မျှော်လင့်နေပြီးသားဖြစ်သည်။
သူမ၏မျက်နှာရှိ စိုးရိမ်မှုများကို မြင်သောအခါ သူ့သား၏ဒဏ်ရာက အလွန်အမင်း စိုးရိမ်ရသည်ဟုပင် သူမ ခံစားလိုက်ရ၏။ ဖေးရှီ၏ဒူးများက ခွေကျသွားကာ ရုတ်တရက် လဲကျမိမတတ်ဖြစ်သွားသည်။ ကံကောင်းစွာဖြင့်ပင် ယဲ့ကျန်းက လျင်မြန်စွာ ထိန်းထားပေးလိုက်နိုင်၏။
“အမေ မသိဘူး၊ ယောင်ယောင် အမေ သမီးအစ်ကိုကြီးကို မယုံဘူး၊ အမေကိုယ်တိုင် သွားကြည့်မှဖြစ်မယ်”
သူမ၏လင်းချွမ်က ဒဏ်ရာများကို ကုနိုင်ကြောင်းပြန်သတိရသွားသောအခါ ယဲ့ကျန်းက ချက်ချင်းပြောလိုက်သည်။
“အမေ သမီးလည်း လိုက်ခဲ့မယ်”
“ကောင်းပြီ”
ဖေးရှီက ဆက်မတွေးနေတော့ပေ။ သူမက ချက်ချင်းဆိုသလို တစ်ယောက်တည်း ကြိုမသွားမိသည့်အတွက် ကျေးဇူးတင်မိသွားသေး၏။
ဆရာမရှန်းက သည်အဖြစ်အပျက်များကြောင့် မျက်မှောင်ကြုတ်သည်။ သို့ရာတွင် ယဲ့ကျန်း ထွက်သွားခြင်းကို မတားပေ။ ယဲ့ကျန်းက သူမကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်ပြီးနောက် ခွင့်ပြုချက်တောင်းသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
အချိန်ကုန်သက်သာစေရန်အလို့ငှာ ဖေးရှီက ရထားလုံး မယူသွားခဲ့ဘဲ မြင်းနှစ်ကောင်ဖြင့်သာ သွား၏။
သူမကို လာရောက်အကြောင်းကြားသော တော်ဝင်အစောင့်က အပြင်ဘက်တွင် ရပ်နေပြီးသား ဖြစ်သည်။ ဖေးရှီ ထွက်လာသည်နှင့် အနားတွင် အလွန်ချစ်စဖွယ် ကောင်းသော သခင်မလေးတစ်ယောက်က အဖော်ပြုလာကြောင်း မြင်သောအခါ မေးရိုးပြုတ်ကျမတတ် အံ့ဩသွားရ၏။
ဒီသခင်မလေးက သူ့အမေနဲ့အတူ သူ့နောက်မှာ လိုက်စီးမှာများလား။
သူ ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ မည်သည့်ရထားလုံးကိုမျှ မမြင်ရပေ။
သူ၏ စိတ်ရှုပ်ထွေးမှုကို ထိုချစ်စဖွယ်လှပသော သခင်မလေးက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ မြင်းပေါ် ပေါ့ပါးစွာ ခုန်တက်လိုက်ခြင်းဖြင့် ဖြတ်တောက်လိုက်၏။ ထိုနည်းဖြင့် သူ အတွေးလွန်သွားသည့်အတွက် ရှက်သွားရလေသည်။
ယဲ့ကျန်းက သူနှင့်ဘေးချင်းယှဉ်လျက် လိုက်နိုင်သည်။ ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ပြီးနောက် သူမ၏ခံစားချက်က ဆိုးရွားလာခဲ့၏။
ဒါက အမဲလိုက်ကွင်းကို သွားတဲ့လမ်းမဟုတ်ဘူး၊ ဒါက ချန်းသဲ့တောင်စံအိမ်ကို သွားနေတဲ့လမ်းပဲ။
ရုတ်တရက် သူမ လိုက်မည်ဟု ပြောလိုက်မိသည့်အတွက် နောင်တရသွားတော့သည်။
ငါ မော့ရုန်ကျန်းနဲ့ဆုံရင် ဘယ်လိုလုပ်မလဲ၊ သေချာပေါက်ကို လုရှန်းကျစ်က ငါ့အမေ စောင့်ရှောက်မှုအောက်မှာ ရှိနေသင့်တာ မဟုတ်လား။
အထိတ်တလန့်ဖြစ်နေချိန်တွင် ယဲ့ကျန်း ပြန်ရန်ပင် တွေးမိသေး၏။ သို့သော် သူမ ထိုသို့မတွေးနိုင်ခင်မှာပင် သူမတို့သည် ချန်းသဲ့တောင်စံအိမ်၏ ခမ်းနားသော ဂိတ်ဝင်ပေါက်များထံသို့ ရောက်သွား၏။
မြင်းပေါ်မှ ဆင်းပြီးနောက် စံအိမ်အပြင်ဘက်တွင် လျှောက်လာနေသော လုရှန်းကျစ်ကို မြင်လိုက်ရသည်။ သူ၏ အခြေအနေတိုင်းက ကောင်းမွန်နေ၏။
“အမေ၊ ယောင်ယောင် ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ”
လုရှန်းကျစ်က ကျွင်းကျစ်ထံသို့ ပြန်ကာ သတင်းပို့ရန်ပြင်နေသည့်အချိန်တွင်ပင် အမေနှင့်ညီမဖြစ်သူကို မြင်လိုက်ရသည့်အတွက် အံ့ဩသွားရ၏။
ယဲ့ကျန်းက အဖြူရောင်အဝတ်စဖြင့် ပတ်ထားရသော လက်မောင်းနှင့် ပေါ့ပါးစွာလျှောက်နေသော ခြေထောက်ကို ကြည့်လိုက်ပြီးနောက် မသက်မသာဖြစ်သွားသည်။
“အစ်ကို နင် ခြေထောက်ကျိုးသွားတာ မဟုတ်ဘူးလား”
သူမ မထိန်းနိုင်စွာ လုရှန်းကျစ်ကို မေးလိုက်၏။
သူက မြေပြင်တွင် တည့်မတ်စွာ ရပ်နေနိုင်လေသည်။ သူမ ခေါင်းလှည့်ကာ အခြားတစ်ဖက်ကို ကြည့်သောအခါ သူမ၏အကြည့်ကို လက်ရှိအခါတွင် ရှောင်နေသော တော်ဝင်အစောင့်ကို မြင်လိုက်ရ၏။ သူမ ထိုအစောင့်ကို စူးရှစွာကြည့်လိုက်မိသည်။
လုရှန်းကျစ် အံ့ဩသွားသည်။
“အကြီးဆုံးအစ်ကိုက ဒီအစ်ကိုကို ကယ်ဖို့အတွက်နဲ့ မြင်းပေါ်က ပြုတ်ကျသွားခဲ့တာ၊ ဒါကြောင့် သူ့ရဲ့ဘယ်ခြေထောက် ဒဏ်ရာရသွားတယ်”
သူတို့ ထိုအကြောင်း မသိခင်ကတည်းက ဖေးရှီက ယဲ့ကျန်းကို ကျော်ဖြတ်လျက် သူမ၏သားကို တင်းကြပ်စွာဖက်ကာ သူ၏အခြေအနေ ကောင်းမွန်ခြင်းရှိမရှိ စစ်ဆေးနေလေသည်။ သူ့သားကောင်းမွန်ကြောင်း မြင်သောအခါ စိတ်သက်သာရသယောင် သက်ပြင်းချ၏။
“မင်းရဲ့အကြီးဆုံးအစ်ကိုရဲ့ အခြေအနေက ဘယ်လိုနေလဲ၊ ငါတို့ကိုခေါ်သွားပြီး တွေ့လို့ရနိုင်လား”
သူမ၏နှလုံးသားထဲတွင် အကြိမ်ထောင်သောင်းမက သေချာနေသည်မှာ သူမ မည်သည့်နည်းနှင့်မျှ ထိုနေရာအတွင်းသို့ ခြေမချလိုပေ။ မည်သို့ပင်ဆိုစေ လုလင်ကျစ် သေသွားလျှင် အကောင်းဆုံး ဖြစ်သည်။ သူမ ကြိုသိထားမည်ဆိုလျှင် သည်နေရာသို့ လိုက်လာခဲ့လိမ့်မည် မဟုတ်ပေ။
“ဟုတ်တယ်၊ ကျွန်တော့်အကြီးဆုံးအစ်ကို အနားယူနေတယ်၊ အမေ၊ ညီမလေး ကျွန်တော် အဲဒီကိုခေါ်သွားပေးနိုင်ပါတယ်”
လုရှန်းကျစ်က ပြောသည်။
ဖေးရှီက ယဲ့ကျန်းကိုလှည့်ကြည့်ကာ ပြောသည်။
“ယောင်ယောင် သွားစို့”
မလိုက်လိုသော ယဲ့ကျန်းက ဖေးရှီကို ခပ်တိုးတိုးပြောသည်။
“အမေ သမီးဘာလို့ အရင်မပြန်ရမှာလဲ၊ သမီး ဆရာမရှန်းနဲ့ လေ့ကျင့်တာ မပြီးသေး …”
“ပေါက်ကရတွေ မင်းရဲ့အကြီးဆုံးအစ်ကိုက မင်းရဲ့အစ်ကိုကြီးကို ကယ်ဖို့အတွက်နဲ့ ဒဏ်ရာရသွားတာကို ဒီလိုပြန်လို့ ဘယ်ဖြစ်ပါ့မလဲ၊ အခုသွားပြီး ကြည့်ရမယ်”
ယဲ့ကျန်း ဆန္ဒမရှိသော်လည်း နောက်မှ လိုက်သွားခဲ့ရသည်။
“ဒါပေါ့ အမေရဲ့”
...
Zawgyi
အပိုင္း ၇၉။ ဒဏ္ရာရျခင္း(၂)
ေဖး႐ွီက သမီးျဖစ္သူကို လက္ရမ္းေခၚလ်က္ အလြန္ဖိအားမ်ားေနဟန္ရ၏။ ယဲ့က်န္းက သူမဝတ္စုံအနားစမ်ားကို စုကိုင္ကာ ခ်က္ခ်င္းဆိုသလို အေျပးသြားသည္။ ႏွစ္ေယာက္က အခ်င္းခ်င္း ေထြးေပြ႕ထားၿပီးေနာက္တြင္ ေဖး႐ွီက အသက္ကို ေျဖာင့္ေအာင္႐ွဴၿပီးေနာက္ စကားေျပာႏိုင္ရန္ ခက္ခက္ခဲခဲႀကိဳးစားလိုက္ရ၏။
“တစ္ေယာက္ေယာက္က အေၾကာင္းၾကားလာတယ္၊ သမီးရဲ႕အစ္ကိုႀကီး ျမင္းေပၚက ျပဳတ္က်ၿပီး ေျခေထာက္က်ိဳးသြားၿပီတဲ့”
“ဒဏ္ရာ အရမ္းျပင္းတာလား”
ယဲ့က်န္းသည္လည္း ထိုသတင္းေၾကာင့္ အလြန္စိုးရိမ္သြားသည္။ သူမ လု႐ွန္းက်စ္အေပၚ ဘာမုန္းတီးမႈမွ မ႐ွိသည့္အျပင္ လုေယာင္ေယာင္ကို ေကာင္းမြန္စြာ ဆက္ဆံသည့္အတြက္ ေက်းဇူးပင္တင္မိေသး၏။ သူမ၏ႏွလုံးသားေအာက္ေျခမွတစ္ဆင့္ သူ ေကာင္းမြန္ေသာဘဝရရန္ အၿမဲတမ္း ေမွ်ာ္လင့္ေနၿပီးသားျဖစ္သည္။
သူမ၏မ်က္ႏွာ႐ွိ စိုးရိမ္မႈမ်ားကို ျမင္ေသာအခါ သူ႕သား၏ဒဏ္ရာက အလြန္အမင္း စိုးရိမ္ရသည္ဟုပင္ သူမ ခံစားလိုက္ရ၏။ ေဖး႐ွီ၏ဒူးမ်ားက ေခြက်သြားကာ ႐ုတ္တရက္ လဲက်မိမတတ္ျဖစ္သြားသည္။ ကံေကာင္းစြာျဖင့္ပင္ ယဲ့က်န္းက လ်င္ျမန္စြာ ထိန္းထားေပးလိုက္ႏိုင္၏။
“အေမ မသိဘူး၊ ေယာင္ေယာင္ အေမ သမီးအစ္ကိုႀကီးကို မယုံဘူး၊ အေမကိုယ္တိုင္ သြားၾကည့္မွျဖစ္မယ္”
သူမ၏လင္းခြၽမ္က ဒဏ္ရာမ်ားကို ကုႏိုင္ေၾကာင္းျပန္သတိရသြားေသာအခါ ယဲ့က်န္းက ခ်က္ခ်င္းေျပာလိုက္သည္။
“အေမ သမီးလည္း လိုက္ခဲ့မယ္”
“ေကာင္းၿပီ”
ေဖး႐ွီက ဆက္မေတြးေနေတာ့ေပ။ သူမက ခ်က္ခ်င္းဆိုသလို တစ္ေယာက္တည္း ႀကိဳမသြားမိသည့္အတြက္ ေက်းဇူးတင္မိသြားေသး၏။
ဆရာမ႐ွန္းက သည္အျဖစ္အပ်က္မ်ားေၾကာင့္ မ်က္ေမွာင္ၾကဳတ္သည္။ သို႔ရာတြင္ ယဲ့က်န္း ထြက္သြားျခင္းကို မတားေပ။ ယဲ့က်န္းက သူမကို အဓိပၸာယ္အျပည့္ျဖင့္ ၾကည့္ၿပီးေနာက္ ခြင့္ျပဳခ်က္ေတာင္းသည့္ဟန္ျဖင့္ ေခါင္းညိတ္ျပလိုက္၏။
အခ်ိန္ကုန္သက္သာေစရန္အလို႔ငွာ ေဖး႐ွီက ရထားလုံး မယူသြားခဲ့ဘဲ ျမင္းႏွစ္ေကာင္ျဖင့္သာ သြား၏။
သူမကို လာေရာက္အေၾကာင္းၾကားေသာ ေတာ္ဝင္အေစာင့္က အျပင္ဘက္တြင္ ရပ္ေနၿပီးသား ျဖစ္သည္။ ေဖး႐ွီ ထြက္လာသည္ႏွင့္ အနားတြင္ အလြန္ခ်စ္စဖြယ္ ေကာင္းေသာ သခင္မေလးတစ္ေယာက္က အေဖာ္ျပဳလာေၾကာင္း ျမင္ေသာအခါ ေမး႐ိုးျပဳတ္က်မတတ္ အံ့ဩသြားရ၏။
ဒီသခင္မေလးက သူ႕အေမနဲ႔အတူ သူ႕ေနာက္မွာ လိုက္စီးမွာမ်ားလား။
သူ ပတ္ဝန္းက်င္ကို လွည့္ၾကည့္သည္။ မည္သည့္ရထားလုံးကိုမွ် မျမင္ရေပ။
သူ၏ စိတ္႐ႈပ္ေထြးမႈကို ထိုခ်စ္စဖြယ္လွပေသာ သခင္မေလးက ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ႐ွိဘဲ ျမင္းေပၚ ေပါ့ပါးစြာ ခုန္တက္လိုက္ျခင္းျဖင့္ ျဖတ္ေတာက္လိုက္၏။ ထိုနည္းျဖင့္ သူ အေတြးလြန္သြားသည့္အတြက္ ႐ွက္သြားရေလသည္။
ယဲ့က်န္းက သူႏွင့္ေဘးခ်င္းယွဥ္လ်က္ လိုက္ႏိုင္သည္။ ပတ္ဝန္းက်င္ ႐ႈခင္းမ်ားကို ၾကည့္ၿပီးေနာက္ သူမ၏ခံစားခ်က္က ဆိုး႐ြားလာခဲ့၏။
ဒါက အမဲလိုက္ကြင္းကို သြားတဲ့လမ္းမဟုတ္ဘူး၊ ဒါက ခ်န္းသဲ့ေတာင္စံအိမ္ကို သြားေနတဲ့လမ္းပဲ။
႐ုတ္တရက္ သူမ လိုက္မည္ဟု ေျပာလိုက္မိသည့္အတြက္ ေနာင္တရသြားေတာ့သည္။
ငါ ေမာ့႐ုန္က်န္းနဲ႔ဆုံရင္ ဘယ္လိုလုပ္မလဲ၊ ေသခ်ာေပါက္ကို လု႐ွန္းက်စ္က ငါ့အေမ ေစာင့္ေ႐ွာက္မႈေအာက္မွာ ႐ွိေနသင့္တာ မဟုတ္လား။
အထိတ္တလန္႔ျဖစ္ေနခ်ိန္တြင္ ယဲ့က်န္း ျပန္ရန္ပင္ ေတြးမိေသး၏။ သို႔ေသာ္ သူမ ထိုသို႔မေတြးႏိုင္ခင္မွာပင္ သူမတို႔သည္ ခ်န္းသဲ့ေတာင္စံအိမ္၏ ခမ္းနားေသာ ဂိတ္ဝင္ေပါက္မ်ားထံသို႔ ေရာက္သြား၏။
ျမင္းေပၚမွ ဆင္းၿပီးေနာက္ စံအိမ္အျပင္ဘက္တြင္ ေလွ်ာက္လာေနေသာ လု႐ွန္းက်စ္ကို ျမင္လိုက္ရသည္။ သူ၏ အေျခအေနတိုင္းက ေကာင္းမြန္ေန၏။
“အေမ၊ ေယာင္ေယာင္ ဘယ္လိုျဖစ္ၿပီး ေရာက္လာၾကတာလဲ”
လု႐ွန္းက်စ္က ကြၽင္းက်စ္ထံသို႔ ျပန္ကာ သတင္းပို႔ရန္ျပင္ေနသည့္အခ်ိန္တြင္ပင္ အေမႏွင့္ညီမျဖစ္သူကို ျမင္လိုက္ရသည့္အတြက္ အံ့ဩသြားရ၏။
ယဲ့က်န္းက အျဖဴေရာင္အဝတ္စျဖင့္ ပတ္ထားရေသာ လက္ေမာင္းႏွင့္ ေပါ့ပါးစြာေလွ်ာက္ေနေသာ ေျခေထာက္ကို ၾကည့္လိုက္ၿပီးေနာက္ မသက္မသာျဖစ္သြားသည္။
“အစ္ကို နင္ ေျခေထာက္က်ိဳးသြားတာ မဟုတ္ဘူးလား”
သူမ မထိန္းႏိုင္စြာ လု႐ွန္းက်စ္ကို ေမးလိုက္၏။
သူက ေျမျပင္တြင္ တည့္မတ္စြာ ရပ္ေနႏိုင္ေလသည္။ သူမ ေခါင္းလွည့္ကာ အျခားတစ္ဖက္ကို ၾကည့္ေသာအခါ သူမ၏အၾကည့္ကို လက္႐ွိအခါတြင္ ေ႐ွာင္ေနေသာ ေတာ္ဝင္အေစာင့္ကို ျမင္လိုက္ရ၏။ သူမ ထိုအေစာင့္ကို စူး႐ွစြာၾကည့္လိုက္မိသည္။
လု႐ွန္းက်စ္ အံ့ဩသြားသည္။
“အႀကီးဆုံးအစ္ကိုက ဒီအစ္ကိုကို ကယ္ဖို႔အတြက္နဲ႔ ျမင္းေပၚက ျပဳတ္က်သြားခဲ့တာ၊ ဒါေၾကာင့္ သူ႕ရဲ႕ဘယ္ေျခေထာက္ ဒဏ္ရာရသြားတယ္”
သူတို႔ ထိုအေၾကာင္း မသိခင္ကတည္းက ေဖး႐ွီက ယဲ့က်န္းကို ေက်ာ္ျဖတ္လ်က္ သူမ၏သားကို တင္းၾကပ္စြာဖက္ကာ သူ၏အေျခအေန ေကာင္းမြန္ျခင္း႐ွိမ႐ွိ စစ္ေဆးေနေလသည္။ သူ႕သားေကာင္းမြန္ေၾကာင္း ျမင္ေသာအခါ စိတ္သက္သာရသေယာင္ သက္ျပင္းခ်၏။
“မင္းရဲ႕အႀကီးဆုံးအစ္ကိုရဲ႕ အေျခအေနက ဘယ္လိုေနလဲ၊ ငါတို႔ကိုေခၚသြားၿပီး ေတြ႕လို႔ရႏိုင္လား”
သူမ၏ႏွလုံးသားထဲတြင္ အႀကိမ္ေထာင္ေသာင္းမက ေသခ်ာေနသည္မွာ သူမ မည္သည့္နည္းႏွင့္မွ် ထိုေနရာအတြင္းသို႔ ေျခမခ်လိုေပ။ မည္သို႔ပင္ဆိုေစ လုလင္က်စ္ ေသသြားလွ်င္ အေကာင္းဆုံး ျဖစ္သည္။ သူမ ႀကိဳသိထားမည္ဆိုလွ်င္ သည္ေနရာသို႔ လိုက္လာခဲ့လိမ့္မည္ မဟုတ္ေပ။
“ဟုတ္တယ္၊ ကြၽန္ေတာ့္အႀကီးဆုံးအစ္ကို အနားယူေနတယ္၊ အေမ၊ ညီမေလး ကြၽန္ေတာ္ အဲဒီကိုေခၚသြားေပးႏိုင္ပါတယ္”
လု႐ွန္းက်စ္က ေျပာသည္။
ေဖး႐ွီက ယဲ့က်န္းကိုလွည့္ၾကည့္ကာ ေျပာသည္။
“ေယာင္ေယာင္ သြားစို႔”
မလိုက္လိုေသာ ယဲ့က်န္းက ေဖး႐ွီကို ခပ္တိုးတိုးေျပာသည္။
“အေမ သမီးဘာလို႔ အရင္မျပန္ရမွာလဲ၊ သမီး ဆရာမ႐ွန္းနဲ႔ ေလ့က်င့္တာ မၿပီးေသး …”
“ေပါက္ကရေတြ မင္းရဲ႕အႀကီးဆုံးအစ္ကိုက မင္းရဲ႕အစ္ကိုႀကီးကို ကယ္ဖို႔အတြက္နဲ႔ ဒဏ္ရာရသြားတာကို ဒီလိုျပန္လို႔ ဘယ္ျဖစ္ပါ့မလဲ၊ အခုသြားၿပီး ၾကည့္ရမယ္”
ယဲ့က်န္း ဆႏၵမ႐ွိေသာ္လည္း ေနာက္မွ လိုက္သြားခဲ့ရသည္။
“ဒါေပါ့ အေမရဲ႕”
...