Hate Poem Written With Love࿐

By --KO--

40.1K 1.3K 136

ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... More

Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25] (ပြန်လည်အမှားပြင်ခြင်း )(ျပန္လည္အမွားျပင္ျခင္း)
[26] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[27] (ပြန်လည်အမှားပြင်ခြင်း)( ျပန္လည္အမွားျပင္ျခင္း)
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]

[54]

256 16 0
By --KO--

[Unicode]

မတင်မကျဖြစ်နေသော ခံစားချက်များနှင့်အတူ လေးလံကာကြီးမားလွန်းသည့် တာဝန်များကြောင့် ရှင်းရဲ့ အမူအယာများက နက်နဲကာခန့်မှန်းရခက်လျက် ရှိလေသည်။ ကိုးလ်မှာလည်း ရှင်းရဲ့ အမည်ဖော်မရသော အမူအယာများကြောင့် အမြဲသတိကြီးကြီးထားနေရကာ စကားမှားသွားမှာကို စိုးရိမ်လေ့ရှိသည်။ မပြောင်းလဲကာ အရိပ်အကဲမသိသူဟာ လေပြေတစ်ယောက်ထဲသာ ရှိပေလိမ့်မည်။ သို့သော်လေပြေသည်လည်း တမင်မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်ပါလိမ့်မည်။

" ရှင်း ကော်ဖီပါ "

ကိုးလ်က ရှင်းလက်ထဲ ကော်ဖီထည့်ပေးလိုက်ပြီး တိတ်တဆိတ်သာ မီးဖိုချောင်ထဲ ပြန်လာခဲ့သော်လည်း လေပြေက သည်းမခံနိုင်စွာ မေးမြန်းလာခြင်းကို တိတ်ဆိတ်ခြင်းဖြင့် ကျော်လွှားသွားရန် မရနိုင်ခဲ့ချေ။

" ဘယ်လိုလဲ ကိုကိုက စကားပြန်ပြောပြီလား "

" ဟင့်အင်း "

အသာအယာခေါင်းခါပြရင် ကိုးလ် ပြန်ဖြေလိုက်သည်။

" ကိုကိုအခုတလော ထူးဆန်းနေတာ ဟိုတစ်ခါအလုပ်ကိစ္စဆိုပြီး အပြင်ထွက်သွားထဲက စကားတောင်ရေရေရာရာမပြောတော့ဘူး "

လေပြေက စိတ်ဓာတ်ကျနေသော ကိုးလ်ကို ကြည့်လိုက်ကာ အားပေးစကားပြောလာပြန်သည်။

" မစိုးရိမ်ပါနဲ့ ကိုကိုက အလုပ်အရမ်းများနေလို့ပဲ နေမှာပါ "

" ကျွန်တော်သိပါတယ် "

" အင်း လေပြေတို့ဂိမ်းသွား ကစားရအောင်လေ.... ဒီနေ့အပြင်သွားချင်စိတ်လည်းမရှိတော့ ကိုးလ်က အဖော်ပြုပေးပါလား "

" ကောင်းပြီလေ "

လေပြေညှင်းနဲ့ ဂိမ်းကစားနေတဲ့တစ်လျှောက်လုံး ကိုးလ်ရဲ့ စိတ်အင်အားအလုံးစုံဟာ အခြားလူရဲ့ ဆွဲငင်ခြင်းခံနေရသောကြောင့် အာရုံမစိုက်နိုင်ဘဲ ခဏခဏသေနေလေသည်။ ကြာလာသည့်အခါ လေပြေမှာ စိတ်မရှည်တော့သောကြောင့် စတင်ညီးတွားလာတော့သည်။

" မဆော့တော့ဘူး မဆော့တော့ဘူး  လေပြေ ဝတ္ထုပဲသွားဖတ်တော့မယ် "

နောက်ဆုံး ကိုးလ် တစ်ယောက်ထဲသာ ကျန်ခဲ့ပြီး ရုတ်တရက် သူဟာ ဒီအိမ်ဒီအသိုင်းအဝိုင်းနဲ့ မသင့်တော်သလို ခံစားနေရကာ နေရခက်လာခြင်းကိုသာ အမြဲတစေခံစားလာရလေသည်။ ရှင်းက အလွန်အမင်း အလုပ်များနေခြင်းကြောင့် သူ့နဲ့စကားတစ်ခွန်းနှစ်ခွန်းပြောဖို့တောင် အချိန်မရှိနေပါသော်ငြား တိမ်ယံဆင့်တစ်ချက်ခေါ်လိုက်လျှင် ချက်ခြင်းသွားတွေ့တတ်သည့်အပြင် နေ့တိုင်းနီးပါးလည်း ‌ဖုန်းဆက်လေ့ရှိကြသည်ပေ။

သူက အခုချိန်မှာ ရှင်းအတွက် အသုံးမဝင်‌တော့သောကြောင့် ဖယ်ထုတ်ခံလိုက်ရတာလည်း ဖြစ်နိုင်သလို ရှင်းက အားနာနေသည့်အတွက် သူ့ကို ဒီအိမ်ကနေထွက်သွားဖို့ မပြောတာလည်း ဖြစ်နိုင်ပေလိမ့်မည်။ သို့တည်းမဟုတ် သူ့ဘာသာအလိုက်တသိ ထွက်သွားတာကို စောင့်နေတာလည်း ဖြစ်ချင်ဖြစ်လိမ့်မည်။

အသိစိတ်ပြန်ဝင်လာချိန်တွင် ကိုးလ်တစ်ယောက် ရှင်းရဲ့ စာဖတ်ခန်းတံခါးကို နှစ်ကြိမ်လောက် ခေါက်ထားပြီးပြီဖြစ်လေရာ နောက်ပြန်ဆုတ်ဖို့ရာ အခွင့်အရေးမရှိခဲ့လေတော့ပေ။ သူဟာ မှတ်မိနေပါသေးသည်။ ရှင်းက စာဖတ်ခန်းနားကို ဘယ်သူ့ကိုမှလာခွင့်မပြုသည့်အပြင် ထိုအခန်းထဲ ခွင့်ပြုချက်မရှိဘဲ ဝင်လာပါက အလွန်အမင်းစိတ်ဆိုးတတ်ကာ ပြင်းပြင်းထန်ထန်လည်း ခြိမ်းခြောက်တတ်တာကိုလည်း ကိုးလ်တွေ့ဖူးသည်။ သန့်ရှင်းရေး လုပ်ပေးဖို့အတွက် အိမ်ဖော်နှစ်ယောက် ထိုအခန်းထဲ ဝင်လိုက်တုန်းကဆိုလျှင် ရှင်းဟာ မျက်တောင်တစ်ချက်မခပ်ဘဲ အလုပ်တန်းဖြုတ်ပစ်လိုက်သည်။ ယခုအခါမှာတော့ ကိုးလ်တစ်ယောက် ဘယ်လိုသတ္တိမျိုးနဲ့ ရှင်းရဲ့ စာဖတ်ခန်းတံခါးကို ခေါက်လိုက်မိလည်း ကိုယ့်ကိုကိုယ်လည်း မသိနိုင်တော့ပေ။

" ဘယ်သူလဲ "

တင်းမာကာ ပြတ်သားသည့်အသံလှိုင်းကြောင့် ကိုးလ်ရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ်တုန်တက်သွားပြီး ထပ်မံကာတုန်ယင်လာသည့် လက်တစ်ဖက်ကို အခြားလက်တစ်ဖက်နဲ့ ဖုံးကွယ်လိုက်ပြီး ကိုးလ်ပြန်ဖြေလိုက်လေသည်။

" ကျွန်တော်ပါ .... ဝင်လာလို့ရမလား "

စာဖတ်ခန်းထဲတွင် နောက်ထပ်ဘာအသံမှ ထပ်ထွက်မလာတော့သည့်အတွက် ကိုးလ်မှာ တစ်ရက်တာလုံးဒီတိုင်းပင် ကုန်ဆုံးသွားတော့မည်ဟု ထင်သည့်အချိန်ထိ မည်သည့်အသံတစ်စုံတစ်ရာမှ ထပ်ထွက်မလာခဲ့သေးပေ။ သူဟာ ကျောခိုင်းပြီး လှည့်ထွက်ဖို့ပြင်လိုက်သည့်အခါမှ ရှင်းရဲ့အသံကို ကြားလိုက်ရသည်။

" ဝင်လာခဲ့ "

တံခါးဆွဲဖွင့်လိုက်ချိန်တွင် ရှင်းက ဝတ်နေကျအဖြူရောင်နှင့်ပင် ကြည့်ကောင်းဆဲဖြစ်နေပြီး စားပွဲပေါ်က laptopနှင့် အလုပ်ရှုပ်နေကာ ကိုးလ်ကို တစ်ချက်ကလေးမှ လှည့်ကြည့်မလာခဲ့ပေ။ ကိုးလ်က ဆိုဖာပေါ်မှာ အလိုက်သင့် နေရာတစ်ခုရှာကြံ ထိုင်လိုက်ပြီး လေထုက သိပ်သည်းလာကာ သူတို့ကြားထဲ မကောင်းသည့်အငွေ့အသက်များသာ ကြီးစိုးချယ်လှယ်နေတော့သည်။

" ကိစ္စရှိလို့လား "

အသံသည်လည်း အေးစက်သလို စကားသည်လည်း ခပ်ပြတ်ပြတ်နိုင်လှ၏။

" ကျွန်တော်.....အိမ်ပြန်တော့မလို့ ရှင်းကို လာနှုတ်ဆက်တာပါ "

ခေါင်းငုံ့ကာ ရဲဆေးတင်ပြီး ကိုးလ် ပြန်ဖြေလိုက်ခြင်း ဖြစ်သော်လည်း အနားဆီလျှောက်လှမ်းလာနေသော ခြေသံများ ကြားမိချိန်တွင် မသိစိတ်အရ ကြောက်လန့်မိနေတုန်းပင်။

" ကောင်းပြီလေ ကိုယ်မတားပါဘူး "

ကိုးလ်က ခေါင်းမေ့ကြည့်လိုက်ချိန်တွင် ရှင်းရဲ့ အပြစ်အနာကင်းသော ရုပ်ရည်သည် တစ်ခဏမျှ လူကိုမှင်သက်သွားစေပြီး နူးညံ့သောအကြည်များဖြင့် မျက်နှာခြင်း ဆိုင်မိလိုက်လေသည်။

ရုတ်တရက် ကိုးလ်ဟာ အလွန်အမင်းကို စိတ်ပျက်သွားပြီး ဒေါသထွက်ခြင်းနှင့် အားမလိုအားမရဖြစ်ခြင်းကို တစ်ပြိုင်နက်ခံစားလိုက်ရကာ လူကိုပိုလို့အတွေးများသွားစေလေသည်။ ကိုးလ်အနေဖြင့် ရှင်းဟာ အရင်ကအတိုင်း သူ့ကိုသေချာပေါက် တားလိမ့်မည်ဟု မျှော်မှန်းထားသော်လည်း ထင်ထားသည့်အတိုင်း ဖြစ်မလာသည့်အခါတွင် အနည်းငယ်တော့ မကျေမနပ်ဖြစ်ရကာ နားမလည်နိုင်အောင်လည်း ဖြစ်ရလေသည်။ ရှင်းဟာ အမှန်တစ်ကယ်ပင် သူနဲ့မပက်သက်ချင်တော့တာ ဖြစ်နိုင်ပေလိမ့်မည်။

" ဒါပေမယ့်.... ကိုယ်ဖုန်းဆက်တိုင်း ကိုင်ရမယ် "

" ဗျာ "

ရှင့်ရဲ့ စကားကြောင့် ကိုးလ်မျက်နှာပေါ်မှ မျက်လုံးဝိုင်းဝိုင်းလေးများမှာ ပိုလို့ပင်ပြူးကျယ်ဝိုင်းစက်လာရပြီး အံ့အားသင့်နေသည့် အငွေ့အသက်များ ထုတ်လွှင့်ပေးနေခဲ့သည်။

" ကိုယ်အလုပ်လုပ်စရာတွေ ရှိသေးလို့ "

" အာ ဟုတ်သားပဲ ရှင်းရဲ့ အချိန်တွေယူသလိုဖြစ်သွားတယ် ကျွန်တော့်ကို ခွင့်ပြုပါဦး "

" ကိုးလ် ကိုယ့်ကိုကိုယ် ဂရုစိုက်နော် "

နောက်လှည့်ကာ အသံပိုင်ရှင် လေပြေရှင်းကို ပြန်လှည့်ကြည့်လိုက်ချိန်ဝယ် ထိုသူဟာ သူ့ရဲ့ laptop  ရှိရာကို ပြန်သွားနေတာ တွေ့လိုက်လေသည်။ ကိုးလ်အနေဖြင့် ဒါက ရှင်း စိတ်ထဲက နှစ်နှစ်ကာကာ သူ့အတွက် ရည်ညွှန်းပြောဆိုသည့် စကားပေဘဲလား ဒါမှမဟုတ် နောက်ဆုံး နှုတ်ဆက်စကားအနေဖြင့် ကြည့်ကောင်းအောင် အပေါ်ယံ ပြောလိုက်တဲ့စကားလားဆိုတာ ကိုယ်တိုင်လည်း မဝေခွဲနိုင်တော့သည်အထိ ဒွိဟဖြစ်ရသည်။

နောက်ဆုံးတော့လည်း ကိုးလ်က မည်သည့်ရွေးချယ်မှုကိုမှ မလုပ်ခဲ့ဘဲ အလိုက်တသိ အခန်းတံခါးကို ဆွဲပိတ်ကာ ထိုအိမ်မှ ထွက်ခွာခြင်းအမှုကိုသာ ဆောင်ရွက်ခဲ့သည်။ မသိစိတ်ထဲမှနေ၍ စာဖတ်ခန်းထဲက လူတစ်ယောက် လိုက်တားမှာကို ကိုးလ်မျှော်လင့်နေခဲ့တုန်းပင်။ သို့သော် ထိုမျှော်လင့်ချက်လေးမှာ ကိုးလ် သူ့အိမ်ကိုပြန်ရောက်တဲ့အခါ လုံးဝပျက်သုန်းသွားခဲ့ပါတော့သည်။

မသွားခင်ကမြင်ခဲ့မိသော ရှင်းရဲ့ စားပွဲပေါ်က ဆေးလိပ်ဘူးကြောင့် ရှင်းရဲ့ကျန်းမာရေးကိုလည်း စိတ်ပူမိကာ ဘဝင်မကျဖြစ်မှုတို့ ယှဉ်တွဲဝင်ရောက်လာမှုကို ဘယ်လိုမှတာဆီးမရနိုင်ခဲ့ပေ။ ဒီနေ့သာ ထိုဆေးလိပ်ဘူးကို မမြင်ခဲ့မိပါက ရှင်း ဆေးလိပ်သောက်တတ်သည်ကို ကိုးလ် ဘယ်တော့မှသိလိမ့်မည်မဟုတ်။ အကြောင်းမှာ လေပြေရှင်းဟာ ကိုးလ်ရှေ့မှာ တစ်ခါမှ ဆေးလိပ်မသောက်ဖူးသောကြောင့်ပါပင်။

" ကိုကို....ကိုးလ်ကို တစ်နေ့လုံးမတွေ့မိသလိုဘဲ "

အပြင်မှ အလည်လွန်၍ ပြန်လာသော လေပြေတစ်ယောက် သူမအစ်ကိုဖြစ်သူအား မကျေမနပ် မေးခွန်းထုတ်လာခဲ့သည်။

တစ်နေကုန် လည်ပတ်နေပြီး ကိုးလ်ကို သတိရသေးတာလားဟု ရှင်း စိတ်ထဲမှ တွေးလိုက်ပြီး ညီဖြစ်သူကိုညအဖြေပြန်ပေးလိုက်လေသည်။

" ပြန်သွားပြီ "

ရှင်းက အသွားထက်သည့် ဓားတစ်လက်လို အဖြေပြန်ပေးလေသည်။

" အာ ... ကိုကိုက မတားလိုက်ဘူးလား "

" ငါခွင့်ပြုလိုက်တာ "

" မဟုတ်သေးပါဘူး....အပြင်မှာဆို ကိုးလ် ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ။ ဒါကို ကိုကိုက တစ်ချက်လေးတောင်မတွေးဘဲ ပြန်လွှတ်လိုက်တာပဲလား "

" သူ့နောက်ကို နောက်ယောင်ခံဖို့ လူလွှတ်ထားတယ် တစ်ခုခုမသင်္ကာတာနဲ့ ငါ့ကိုချက်ချင်း လှမ်းသတိပေးမှာပဲ "

" ဒါပေမယ့် အိမ်မှာရှိတာထက်တော့ ဘယ်ပိုစိတ်ချရမလဲ .....ကိုကိုက ကိုးလ်နဲ့ခြိမ်းခြောက်ခံထားရတုန်းဆို အတော်လေး ဒေါသထွက်သွားတာလေ အခုကျတော့ ကိုးလ်ကို ဂရုမစိုက်တော့ဘူးလား "

" လေပြေ ထပ်ပြောရင် အိမ်ပြင်ထွက်ခွင့် ၂ လပိတ်တယ် "

" ဟုတ်ပြီ ဟုတ်ပြီ လေပြေမပြောတော့ဘူး အပြင်ထွက်ခွင့်တော့ မပိတ်ပါနဲ့ "

ခြေထောက်ဆောင့်ကာ အခန်းထဲဝင်သွားသော လေပြေကို တစ်ချက်ကြည့်လိုက်ပြီး ရှင်း ဆိုဖာပေါ်မှာ အကြောင်းအရာတစ်ခုကို ဆက်ပြီးစဉ်းစားနေခဲ့လေသည်။ ကိုးလ်ကို အိမ်ပြန်လွှတ်လိုက်ခြင်းက ရှင်း ကိုယ်တိုင်ဆုံးဖြတ်လိုက်သည့် ကိစ္စတစ်ခုဖြစ်လေသည့်အတွက် နောင်တရဖို့အကြောင်းအရာ ရှိလာတော့မည်မဟုတ်ဟု သူယုံကြည်သည်။

ဖုန်းထုတ်လိုက်ပြီး နံပါတ်တစ်ခုကို ရိုက်ခေါ်လိုက်ကာ ရှင်းရဲ့အသံက အနည်းငယ် တည်တံ့သွားသည့်အသွင်နှင့် အလိုမကျမှုများ ရောယှက်နေသော အသွင်အဖြစ်သို့ ကူးပြောင်းသွားလေသည်။

" Daddy ...ကာစီနိုဝိုင်းမှာ မနေ့ကပြဿနာ တစ်ခုဖြစ်ခဲ့တယ် "

" သူလျှိုတွေ လာတဲ့ကိစ္စလား "

" တစ်ကယ်ဆိုရင် အဲ့နေရာတွေက ကျွန်တော့်နေရာပဲ ဘယ်သူမှမလာရဲဘူး.... ဦးစစ်ဟန်က အရမ်းတွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေတာပဲ "

" ရှင်း ဦးစစ်ဟန်က ထင်သလောက်မရိုးရှင်းဘူး သေချာပေါက် သတိထားရမယ် "

" အဲ့သူလျှိုတွေရဲ့ လက်တွေကိုဖြတ်ပြီး ကျွန်တော်သူ့ဆီ ပြန်ပို့ပေးလိုက်တယ်....ကျွန်တော့် ခွင့်ပြုချက်မရှိဘဲဝင်လာပြီး ဘယ်သူမှအကောင်းတိုင်း ပြန်မထွက်သွားစေရဘူး "

" ဒါကစစ်ပွဲကြေညာလိုက်တာနဲ့ အတူတူပဲ "

" ကျွန်တော်တို့ရဲ့ စစ်ပွဲက အစထဲက စပြီးနေပြီ "

ရှင်းရဲ့ ရက်စက်မှုများကို ဘယ်သူကမှ မေးခွန်းပြန်မထုတ်နိုင်ကြပေ။ ဦးစစ်ဟန်က မကောင်းမှုတို့၏ အရှင်ဆိုလျှင် လေပြေရှင်းက ရက်စက်ခြင်းတို့၏ ဘုရင်ဖြစ်ပေလိမ့်မည်။

ကိုးလ်တစ်ယောက် ရှင်းအိမ်က ပြန်လာပြီး သူ့အိမ်လေးကို သန့်ရှင်းရေးလုပ်ကာ အချိန်ကုန်မှန်းမသိ ကုန်နေခဲ့တာကြောင့် အလုပ်ရှာရန် စဉ်းစားထားသည့် အတွေးလေးပင် ခဏခေါက်သိမ်းထားလိုက်ရလေသည်။ သူပြန်လာမနေတာ ကြာပြီဖြစ်တဲ့အတွက် အိမ်ကပင့်ကူအိမ်အဖြစ် လုံးလုံးကူးပြောင်းသွားကာ ဖုန်တက်နေတာကြောင့် အတော်သန့်ရှင်းရေး လုပ်လိုက်ရကာ ညနေဘက်တွင် လိုင်းပေါ်မှအလုပ်ခေါ်စာများအား လေ့လာစုဆောင်းလိုက်ပြီး နောက်တစ်နေ့တွင် အလုပ်ရှာပုံတော် ဖွင့်ရသည်။

ကိစ္စအဝဝက ကိုးလ်အတွက်တော့ လွယ်ကူရိုးရှင်းခြင်းနှင့် အဆုံးသတ်လေ့ မရှိပေ။ သူ့အတွက်ဆိုလျှင် ဖြစ်တည်လာသမျှက ရှုပ်ထွေးပွေလီကာ ခက်ခဲကြမ်းတမ်းသည့် ဝင်္ကဘာလမ်းလို အမြဲတစေ အန္တရာယ်အပြည့်ဖြစ် နေသောကြောင့် ကိုးလ်ဟာ ထိုအရာများနှင့် ကျင့်သားရနေသားကျ နေပြီဖြစ်သည်။

ထင်ထားသည့်အတိုင်း သုံးရက်ဆက်တိုက် ရှာထားသည့်အလုပ်များမှာ ကိုးလ်ကိုတစ်ခုလေးမှ ပြန်ဆက်သွယ်မလာခဲ့ပေ။ လေးရက်မြောက်နေ့တွင် ထူးဆန်းစွာပင် ကိုးလ်ရဲ့ G-mailထဲဆို message တစ်စောင်ရောက်နေခဲ့ကာ အလုပ်ရကြောင်း အသိပေးစာဖြစ်နေကာ မနက်ဖြန်မှစပြီး အလုပ်လာဆင်းလို့ရပြီဖြစ်ကြောင်း ရေးထားတာကြောင့် ကိုးလ်ရဲ့ ဆုတောင်းလေး ပြည့်မြောက်သွားခဲ့တော့သည်။

ယခုရက်ပိုင်းတွင်းတွင် ပြဒါးရံနဲ့ တိမ်ယံဆင့်တို့ရဲ့ ဆက်ဆံရေးက ထင်သလောက်မတိုးတက်လာသော်လည်း ပိုဆိုးသွားသည်ဟုလည်း မဆိုလိုပေ။ ပြဒါးရံက အရင်တိုင်း ရှောင်ဖယ်နေခြင်းမရှိတော့သော်လည်း သူတို့နှစ်ယောက်လုံးအတွက် အခက်တွေ့စေမည့် ပြဿနာများကို တိမ်ယံဆင့် ဘက်က မကျူးကျော်လာတာကြောင့် အတော်လေးအဆင်ပြေနေခြင်းဖြစ်သည်။

" ရံ....တစ်ခုခုသောက်မလား "

" အခုဘယ်ချိန်ရှိနေပြီလဲ "

" ည 8 နာရီ "

" မင်းဘာသောက်နေတာလဲ အတော်လေးမွှေးတယ် "

" ကော်ဖီ "

" ကိုယ်မြည်းကြည့်လို့ရမလား "

" ကျွန်တော်အသစ်ဖော်ပေးမယ်လေ "

" မဟုတ်ဘူး ....မြည်းကြည့်ရုံလေးပါပဲ အပင်ပန်းခံစရာမလိုပါဘူး "

" ကောင်းပြီလေ ရံ သဘောအတိုင်းပဲ "

အငွေ့ထွက်နေသော်လည်း အပူချိန်သိပ်မပြင်းတော့သည့် ကော်ဖီခွက်ကို ပြဒါးရံနှုတ်ခမ်းနား တေ့ပေးလိုက်ကာ ထိုသူကတင်းတင်းစေ့ထားသော နှစ်ခမ်းနှစ်လွှာကို ဖွင့်ဟလျက် ခွက်ထဲက ကော်ဖီအား ဖြေးညှင်းစွာ သောက်နေခြင်းအား ကြည့်ရခြင်းမှာ တိမ်ယံဆင့်ရဲ့ နှလုံးစားကို ကြောင်လက်ဖဝါးလေးဖြင့် ခပ်ဖွဖွလေး ကုပ်ခြစ်နေသကဲ့သို့ ယားယံစေလေသည်။

" ဘယ်လိုလဲ "

" ကောင်းတယ် "

" ဒါက ကျွန်တော်ကိုယ်တိုင် စမ်းဖျော်ကြည့်ထားတာလေ "

" အင်း ဟင်းချက်တာတော့ မတော်ပေမယ့် ကော်ဖီဖျော်တဲ့နေရာမှာတော့ အရည်အချင်းရှိတယ် "

" မြှောက်ပင့်လွန်းနေပါပြီ "

ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေတဲ့ ကျန်းမာရေးအကူကို ပြဒါးရံ ခေါင်းခါရင်းဖြင့်သာ လျစ်လျူရှုလိုက်သည့်အခါ လေထုကအနည်းငယ် တိတ်ဆိတ်သွားပြီး ရေလှိုင်းသံများသာ ကြားရသော အခြေအနေသို့ ကူးပြောင်းသွားသည်။

ရုတ်တရက် ကောင်းကင်ပေါ်မှ တစ်စက်ချင်း ကျဆင်းလာသော မိုးစက်တို့က သစ်ပင်ထိပ်ဖျားနဲ့ အရွက်လေးများကို ပွတ်တိုက်သွားကာ အသံများထွက်လာနေခြင်းကို တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နှင့်အညီ နားအတော်ပါးသော ပြဒါးရံက ဦးစွားသတိထားမိသွားသည်။

" မိုးရွာနေတာလား "

" အာ ဟုတ်လောက်မယ်... မနက်က TV မှာ မုန်တိုင်းရှိတယ်လို့ ကြေညာထားတာ တွေ့လိုက်တယ် "

" အဲ့တာ အရမ်းလှလား "

ပြဒါးရံက မိုးရာသီကို အလွန်သဘောကျတတ်သည့်လူတစ်ယောက်ဖြစ်ကာ ကောင်းကင်ပေါ်က မိုးစက်တွေကျလာတာ ဘယ်လောက် ဆန်းကျယ်ဖို့ကောင်းလဲဆိုတာ တိမ်ယံဆင့်ကို ပြောပြဖူးသည်။ သို့သော် တိမ်ယံဆင့်က မိုးရာသီကို အလွန်မုန်းတီးလေ့ရှိပြီး နည်းနည်းလေးမှသဘောမကျတတ်ပေ။ နေရာတိုင်းက စိုထိုင်းထိုင်းနှင့် အလွန်စိတ်ပျက်ဖို့ကောင်းသည်ဟုသာ အမြဲတွေးတတ်သည်။

တစ်ခါတုန်းကဆိုလျှင် ပြဒါးရံတစ်ယောက် တိမ်ယံဆင့် မိုးရာသီကို သ‌ဘောမကျတတ်မှန်း မသိဘဲ မိုးရွာထဲ လမ်းလျှောက်ထွက်ကြည့်ဖို့ တိုက်တွန်းလာဖူးလေသည်။ ဆင့်က အကြောင်းပြချက်တစ်ခုမှ မပေးဘဲ တစ်ချက်ထဲနှင့် ငြင်းပစ်လိုက်ဖို့ တစ်လက်မလောက်လေးဘဲအလိုမှာ သူ့ချစ်သူကောင်လေး၏ မျှော်လင့်တကြီးဖြစ်နေသော မျက်ဝန်းများနှင့် စိတ်အားထက်သန်သော အမူအယာအား တွေ့လိုက်ချိန်တွင် နှုတ်ခမ်းထက်က ငြင်းဆိုနိုင်မည့်စကားများအား ခဝါချလိုက်ပြီး ခပ်ဖွဖွလေးပြုံးလျက် သဘောတူလက်ခံလိုက်လေသည်။

" ကောင်းပြီလေ "

အသံသည်ကာ ချစ်ခြင်းများစွာနှင့် လက်နက်ချ အရှုံးပေးမှုတို့ ထင်ဟပ်နေသောကြောင့် စင်္ကြာဝဠာ တစ်တိုင်းလုံးတွင် နားထောင်လို့အကောင်းဆုံးဖြစ်ကာ တိမ်ယံဆင့်၏ ပြဒါးရံထံတွင် ဂန္တာဝင်‌တွင်စွာ ကျရှုံးခန်းဖြစ်သည်။

" Alex "

ပြဒါးရံဆီက အသံကြားမှ ဆင့်တစ်ယောက် အတိတ်ကစကားသံများနှင့် အဆက်ပြတ်သွားလေသည်။

" တော်တော်လေး လှတယ် "

အတော်ကြာသည့်အခါမှ ဆင့်က နောက်တစ်ခွန်းထပ်ပြောလိုက်လေသည်။

" ကျွန်တော်နဲ့အတူ လမ်းလျှောက်ထွက်ချင်လား "

" အွန်း "

တိမ်ယံဆင့်၏ အနုစိတ်သည့် အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည့် ရှည်လျားသေးသွယ်သော လက်တစ်ဖက်သည် ပြဒါးရံ၏ သန်မာကာကြီးမားသည့် လက်တစ်ဖက်ကို ရစ်တွယ်လိုက်ပြီး အပြင်ဘက်သို့ ဦးဆောင်ခေါ်သွားလေသည်။

မိုးစက်တို့နဲ့ ထိတွေ့လိုက်ချင်းမှာပဲ တိမ်ယံဆင့်ရဲ့ အတွေးနယ်ပယ်လေးထဲကို ပြဒါးရံနဲ့ ပက်သက်တဲ့ အမှတ်တရလေးများ ဝင်ရောက်လာပြန်လေသည်။

အဲ့ဒီ့နေ့က ပြဒါးရံနဲ့ မိုးရေထဲ လျှောက်သွားပြီးတဲ့အဆုံးမှာ တိမ်ယံဆင့်တစ်ယောက် အပြင်းအထန်ကို နေမကောင်းဖြစ်ခဲ့လေတော့သည်။ ထို့နောက် နေမကောင်းဖြစ်နေတဲ့ ဆင့်နဲ့ ဆန့်ကျင်စွာ အလွန်အမင်း ကြည့်ရဆိုးသော မျက်နှာထားဖြင့် သူ့ချစ်သူကောင်လေးက မငိုရုံတစ်မယ် ဆေးသောက်ဖို့ တောင်းဆိုလာခဲ့သည်။

" ဆေးသောက်လိုက်ပါနော် ဟုတ်ပြီလား "

" ကျွန်တော်အဆင်ပြေပါတယ် ကိုယ်လေးနည်းနည်း နွေးနေရုံပါပဲ "

" ခေါင်းမမာစမ်းပါနဲ့ ဆင့်ရယ်... အခုတောင် နှာတွေဆေးပြီး ကိုယ်တွေပူနေတာ ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲ "

" မသောက်ချင်ဘူး "

" ဒီဆေးသောက်ပြီးရင် ဆင့် လိုချင်တာ အကုန်ဖြည့်ဆည်းပေးမယ် "

အဲ့ဒီနောက်ပိုင်းကစပြီး ပြဒါးရံက မိုးရွာထဲလမ်းလျှောက်ထွက်ဖို့ တိမ်ယံဆင့်ကို ဘယ်တော့မှ ထပ်ပြောမလာခဲ့တော့ပေ။ ဆင့် ဘက်ကစကားစမိလိုက်လျှင်တောင် ထိုသူက အလျင်အမြန်ငြင်းဆန်တတ်ပြီး " တိမ်ယံဆင့်ထက် ဘယ်အရာမှ အရေးမကြီးဘူး " ဟုပြောလာတတ်သည်။

" ရံ အအေးမိမယ်နော် "

မီးရောင်အောက်တွင် တစ်စက်ခြင်း ကျဆင်းလာသည့် မိုးစက်တို့က ပြဒါးရံ‌ကိုယ်ပေါ် သက်ဆင်းသွားလေတိုင်း မြင်ကွင်းကအတော်လေး ကျက်သရေရှိကာ တင့်တယ်ပြောင်မြောက်လွန်းလှသည်ဟု တိမ်ယံဆင့် မတွေးဘဲမနေနိုင်ခဲ့ချေ။ ဆင့်တစ်ယောက် ချက်ချင်းပင် ပန်းချီဆွဲသည့်ကိရိယာများကို ပြေးယူလျက် ထိုအခိုက်အတန့်ကို မှတ်တမ်းတင်ထားချင်သော်လည်း ကံဆိုးစွာပင် သူ့လက်ထဲ၌ ပန်းချီနှင့်ပက်သက်သည့် ဘာပစ္စည်းမှ ရှိမနေခဲ့သောကြောင့် ပြဒါးရံပေးသည့် မျက်လုံးတစ်စုံဖြင့်သာ မှတ်တမ်းတင်ထားရန် တတ်နိုင်ခဲ့သည်။

" တော်ပြီ နေမကောင်းဖြစ်သွားလိမ့်မယ် "

" ခဏလေးပါ ကိုယ်ဒီလို လွတ်လပ်မှုကို မခံစားရတာကြာပြီ ခဏလေးဘဲ ဆက်နေရအောင် "

တိမ်ယံဆင့်မှာ မည်သည့်ခွန်အားများနှင့် ငြင်းဆန်နိုင်လိမ့်မည်နည်း။ ပြဒါးရံက တောင်ဆိုလာတိုင်းသူဟာ တစ်ချက်ကလေးမှ မငြင်းဆန်ဘဲ လိုက်လျောခဲ့သည်ချည်းသာ။ ဤသည်မှာ သူဟာ အားနည်းပျော့ညံ့နေခြင်းကြောင့်မဟုတ်ဘဲ ပြဒါးရံ စိတ်မကောင်း ဖြစ်သွားမှာကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။

နောက်ထပ် နာရီဝက်ကြာသော် ,

" နာရီဝက်ပြည့်ပြီ အိမ်ထဲပြန်ဝင်ရအောင် "

" ခဏလေး "

" ရံ !! "

" ကိုယ်မင်းပြောတာကို နားထောင်မှာပါ ... ဒါပေမယ့် ကိုယ့်ကိုတစ်ခုလောက် ကူညီလို့ရမလား "

" ပြော "

" Alex ဆီကနေ ဆင့်ရဲ့ ကိုယ်သင်းနံ့ရနေတယ်... ကိုယ်သတိထားမိနေတာ အတော်လေးကြာပြီ တိုက်ဆိုင်မှုလို့ပဲ ထင်ထားခဲ့တာ ဒါပေမယ့်မဟုတ်ဘူး အချိန်ကြာလာလေ ပိုပြီးသေချာလာလေပဲ ..... အဲ့တာက ဆင့်ဆီကရတဲ့ အနံ့နဲ့တူတူပဲ "

" ဒါပေမယ့် ရံ လက်ခံဖို့ တွန့်ဆုတ်နေတုန်းပဲမလား ။ ရပါတယ်.... အဆင်ပြေတာမလို့ စိတ်မပူနဲ့နော် ရံဘက်က ကျွန်တော့်ကို Alex  လို့မြင်ရင် ကျွန်တော်က Alex ပဲ ၊ ရံ ဘက်က တိမ်ယံဆင့်လို့မြင်ရင် ကျွန်တော်က တိမ်ယံဆင့်ဘဲ "

ဆင့်က ပြဒါးရံရဲ့ နှုတ်ခမ်းကို ခပ်ဖွဖွလေးနမ်းလိုက်တဲ့အခါ မိုးစက်တွေကြောင့် ထိုနှုတ်ခမ်းသားလေးက အနည်းငယ်အေးစက်နေခဲ့လေသည်။ သို့ပါသော်ငြား သူဟာအရမ်း သဘောကျရပါ၏။

" ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ အရေးမကြီးပါဘူး... သေချာတာတစ်ခုက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော် ရံ အနားမှာဘဲ အမြဲရှိနေမှာ "

" မင်း တစ်ကယ်ပဲ ဘယ်သူလဲ ? "

" အထဲပြန်ဝင်ကြရအောင် ရံ ဖျားသွားလိမ့်မယ် "

" ကိုယ်မေးတာကို ဖြေပါ "

" ကျွန်တော်က ... "

" Alex, ရံလေး မိုးရွာထဲ ထီးမပါဘဲ ဘာလုပ်နေကြတာလဲ.... 9 နာရီတောင် ထိုးနေပြီ "

" အာ... အချိန်ကအဲ့လောက်တောင် ရှိသွားပြီလား ။ ကျွန်တော်တို့ လမ်းခဏဆင်းလျှောက်တာပါ "

ပြဒါးရံရဲ့ မေးခွန်းကို အဖြေပြန်မပေးတော့ဘဲ ပြဒါးရံရဲ့လက်ကိုဆွဲပြီးသာ အိမ်ပေါ်ပြန်တက်လာခဲ့ကြလေသည်။ ယွန်းဟေမီက ထုံးစံအတိုင်း အမျိုးသမီးတို့သဘာဝ စိုးရိမ်စိတ်များကာ နှစ်ယောက်လုံးကို နေမကောင်းမဖြစ်စေရန် ဆူပူနေလျက် ရှိသည်။ မရေမတွက်နိုင်သော ဆုံးမစကားများအား ‌နားထောင်ပြီးနောက်တွင် သုံးယောက်လုံး တိတ်တဆိတ်သာ အိပ်ယာဝင်ခဲ့ကြသည်။

နောက်တစ်နေ့မနက်တွင် ရှင်းရဲ့ ဖုန်းထဲကို နံပါတ်စိမ်းတစ်ခုထံမှ message  ပို့ထားသည်အား အမှတ်မထင်တွေ့လိုက်ရလေသည်။ အစပိုင်းတွင် ရှင်းရဲ့ အကျင့်စရိုက်အရ အရေးလုပ်ကာ ကြည့်လိုက်မည်မဟုတ်သော်လည်း သုံးကြိမ်ဆက်တိုက် စာဝင်လာသည့်အခါတွင် အနည်းငယ် စိတ်တိုသွားရကာ screen ပေါ်မှာပေါ်နေသော စာသားက ရှင်းရဲ့ အမြင်အာရုံကို ဖမ်းစားသွားသည့်အခိုက်တွင် မျက်မှောင်ကြုတ်လျက် ဒေါသထွက်နေသော အမူအရာအား မဖန်တီးဘဲမနေနိုင်တော့ချေ။

" ငါတို့ဆီကို ရောက်နေတဲ့ သူငယ်ချင်းလေးရဲ့မျက်နှာကို ကြည့်စမ်းပါဦး မင်းနဲ့ရင်းနှီးမနေဘူးလား လေပြေရှင်း "

" သူကတော်တော်လေးကို မနာခံတတ်တာဘဲ ငါတို့နည်းနည်းလောက် ရိုက်လိုက်မှ ဆက်မရုန်းတော့တာ "

ထိုစာနှစ်ကြောင်းအပြင် အောက်ဘက်မှာ ကိုးလ်ရဲ့ ပုံအား ပို့ပေးထားလေသည်။ ထိုင်ခုံပေါ်တွင် လက်နောက်ပြန်ကြိုးတုပ်ထားပြီး အင်္ကျီများက ဖရိုဖရဲဖြစ်နေကာ လည်ပင်းတွင် အညိုအမဲစွဲနေသည့် လက်ငါးချောင်းရာက အထင်းသားပေါ်လွင်နေလေသည်။ မျက်နှာအောက်ပိုင်းရှိ ပါးစပ်မှာ တိပ်နဲ့အကပ်ခံထားရတာကြောင့် သဲသဲကွဲကွဲမမြင်ရသော်ငြား မျက်ဝန်းတစ်ဝိုက်တွင်လည်း အညိုမဲအကွက်များရှိနေကာ ခေါင်းပေါ်မှစီးကျနေသော သွေးစီးကြောင်းကြောင့် ရှင်းရဲ့ ဒေါသကထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး လက်ထဲကဖုန်းကို ကိုင်ပေါက်လိုက်ချိန်တွင် ၎င်းက တစစီကွဲကြေသွားကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားလေတော့သည်။

" ရာရာစစ ငါ့လူကို ထိရဲတယ်ပေါ့  "

ကိုးလ်ရဲ့ အဖမ်းခံထားရတဲ့ပုံက လေပြေရှင်းကို မိုးမီးလောင်အောင် ဆွပေးလိုက်တာနဲ့အတူတူပင်ဖြစ်လေသည်။ ရှင်းက အံဆွဲထဲက Tablet ကို အလျင်အမြန်ထုတ်လိုက်ပြီး ကိုးလ်ကို အချိန်ပြည့်စောင့်ကြည့်ရန် ခိုင်းထားသော လူနှစ်ယောက်ဆီသို့ ဖုန်းခေါ်လိုက်သည်။

" ကိုးလ် ဘယ်မှာလဲ "

" ဟို...အဲ့တာက "

" ငါမေးတာကိုဖြေ ! "

" သူလွန်ခဲ့တဲ့ရက်တွေက အလုပ်လိုက်ရှာနေတာ ကြည့်ရတာတော့ အလုပ်ရလို့ ဒီနေ့သွားဆင်းတယ် ထင်တာပဲ... ဒါပေမယ့် လမ်းတစ်ဝက်လောက်ရောက်တော့ သူ့ကိုရှာမတွေ့တော့ဘူး ပျောက်သွားတယ် "

" တောက် !  "

ဖုန်းချသွားပြီး လေပြေရှင်းရဲ့ ဒေါသလှိုင်းများကြောင့် ဖုန်းတစ်ဖက်မှ လူနှစ်ယောက်ဟာ ဒူး‌တုန်ကာကြောက်ရွံ့လာပြီး နှလုံးပင် ပါးစပ်မှခုန်ထွက်လာတော့မည်ဟု ထင်ရလေသည်။ ကိုးလ်ကို ဘယ်လောက်ထိ စိတ်ပူနေလဲ ရှင်း တစ်ယောက်သာ အသိဆုံးဖြစ်လေသည့်အတွက် သူဟာစောစောက အလွတ်ကျက်လိုက်သော ဖုန်းနံပါတ်စိမ်းတစ်ခုကို Tablet မှတစ်ဆင့် ခေါ်လိုက်ရင်း တည်ငြိမ်အောင်ဖန်တီးယူလိုက်လေသည်။

" မင်းဖုန်းဆက်လာဖို့အရမ်းကြာတာပဲ ငါတို့ကအခုချိန်လောက်ဆို မင်းပျာယာခပ်နေလောက်ပြီထင်နေတာ ဒီလောက်တောင် တည်ငြိမ်နိုင်သေးတယ်ပေါ့ "

" လိုချင်တာဘာလဲ "

" အရင်တိုင်းပဲ လွယ်ပါတယ် ။ မင်းမှာရွေးချယ်ခွင့် နှစ်ခုရှိတယ် ပထမတစ်ခုက ဒီကောင်လေးအစား မင်းလာပြီးအသေခံလေ... ဒုတိယတစ်ခုက ဒီကောင်လေးကိုပဲ အသေခံခိုင်းလိုက်ပေါ့ ။ "

" ....... "

" မင်းဘာသာ ရွေးချယ်ပါ ငါတို့အကြပ်မကိုင်တတ်ပါဘူး ။ ဒါနဲ့ မင်းလာတာနောက်ကျရင်လည်း သူအသက်မရှင်လောက်တော့ဘူး.... အဲ့ကောင်လေးရဲ့ ကိုယ်ပေါ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းလေးတစ်ခု တပ်ပေးထားတယ် "

တစ်ဖက်လူက ဖုန်းချသွားချိန်တွင် ရှင်းက ထိုဖုန်းအား hack ပြီးတည်နေရာကို ခြေရာခံရန် ကြံစည်လိုက်သော်လည်း ထိုလူကအတော်ပါးနပ်ပုံရကာ ဖုန်းက ချက်ချင်းပင် စက်ပိတ်သွားခဲ့လေပြီ။ ကျဉ်းထဲကြပ်ထဲရောက်နေချိန် ရှင်းအတွက် အတော်လေး ရွေးချယ်ရခက်နေပြီဖြစ်သည်။ သူဟာနှစ်ခါပြန်စဉ်းစားစရာမလိုဘဲ ချက်ချင်းပင် ကိုးလ်နှင့် နေရာချင်းလဲကာ အသေခံလိုက်မည် ဖြစ်သော်ငြား အချိန်ကြာသွားလျှင်လည်း ကိုးလ်ရဲ့ အသက်အန္တရာယ်က စိုးရိမ်ရပေဦးမည်။ ထိုအတိုင်းသာဖြစ်လာခဲ့လျှင် ရှင်းက ဦးစစ်ဟန်နဲ့ပက်သက်သော ဘယ်သူ့ကိုမှ အသက်ရှင်ခွင့် ပေးလိမ့်မည်မဟုတ်ပေ။ ကိုးလ်ရဲ့ အသက်တစ်ချောင်းအတွက် ထိုလူများစွာရဲ့ အသက်များနှင့် ပြန်အလျော်ပေးရမည်ဖြစ်သည်။

ရုတ်တရက် ရှင်းက ကိုးလ်ရဲ့ ဖိနပ်ထဲမှာ သူတပ်ထားသည့် ခြေရာခံစက်ကို သတိရသွားခဲ့လေသည်။ ပုံမှန်ဆိုလျှင် ထိုခြေရာခံစက်က စက္ကန့်တိုင်း ကိုးလ်ရှိနေသည့် နေရာကို ညွှန်ပြပေးနေရမည်ဖြစ်သော်လည်း အခုသူဖွင့်ကြည့်လိုက်သည့်အခါတွင် ကိုးလ်အိမ်နဲ့ တစ်နာရီလောက်ကားစီးရပါသော မြို့တစ်ခုတွင် လုံးဝပိတ်သွားကာ မြေပုံပေါ်က သင်္ကေတသည်လည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။ လေပြေရှင်းတစ်ယောက် ထိုခြေရာခံစက်နောက်ဆုံးညွှန်ပြခဲ့သည့်နေရာအား ခေါက်တုန့်ခေါက်ပြန်ကြည့်နေကာ ထိုနေရာမှ နောက်ထပ် နာရီဝက်မျှ ခြေလျင်ဆက်သွားလျှင် ဆောက်လက်စ စက်ရုံတစ်ခုရှိနေသည်ဖြစ်သည်။

ထိုစက်ရုံပိုင်ရှင်က ငွေရေးကြေးရေးမလုံလောက်သည့်အတွက် ဆောက်လက်စအဆောက်အဦးကို ရပ်ထားသည်မှာ နှစ်ဝက်မျှကြာနေပြီဖြစ်လေသည်။ အချောမသတ်ရသေးသည့်အပြင် တစ်ဝက်တစ်ပျက် အဆောက်အဦးဖြစ်‌တာကြောင့် ထိုနေရာက ခိုင်ခံနေမည်ဟု အာမမခံနိုင်သည့်အပြင် လူပြတ်သည့်နေရာတစ်ခုဖြစ်တာကြောင့် ရှင်းရဲ့ မသိစိတ်၏ လှုံ့ဆော်မှုအရ ကိုးလ်က ထိုနေရာ၌ ရှိနေလိမ့်မည်ဟု ထင်ကြေးပေးမိသည်။

ချက်ချင်းပင် Tablet ကိုပိတ်လိုက်ပြီး စားပွဲပေါ်ပစ်ချလိုက်ကာ အံဆွဲထဲက ဖုန်းနောက်တစ်လုံးယူလိုက်ပြီး လေအလျင်ထက် လျင်မြန်သောနှုန်းဖြင့် ကားစက်နှိုးပြီး ထိုအဆောက်အဦးဆီမောင်းထွက်လာခဲ့လေသည်။ ရှင်းက အတော်လေး ဆန္ဒစောနေခဲ့သည့်အပြင် စိုးရိမ်စိတ်များလွန်ကဲနေခြင်းကြောင့် ဘာကိုမှသေချာရေရာစွာ ဝေဖန်မပိုင်းခြားနိုင်တော့ဘဲ စိတ်ခံစားချက်နောက်ကိုသာ လိုက်ခဲ့သည့်အတွက် လက်အောက်ငယ်သားတွေကို လုံခြုံရေးအရ အတူခေါ်သွားဖို့တောင် မေ့လျော့သွားခဲ့ရသည်။

အမည်တပ်ထားခြင်းမရှိသည့် သံယောဇဉ်နှင့်ပက်သက်လာလျှင် လူတိုင်း ဆင်ခြင်တုံတရားကင်းမဲ့ သွားတတ်ကြသည်။ လေပြေရှင်းတောင်မှဘဲ ထိုလောကီရေးရာကို မလွန်ဆန်နိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ရှင်းက ကိုးလ်ကို အိမ်ပြန်လွှတ်လိုက်ခြင်းအပေါ် အလွန်အမင်းနောင်တရလာခဲ့ကာ ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ မနေနိုင်တော့ပါချေ။ အကယ်၍ သူသာ ထိုအချိန်တုန်းက ကိုးလ်ကို ဖမ်းဆွဲထားခဲ့လျှင် ယခုကဲ့သို့ဖြစ်လာလိမ့်မည်မဟုတ်သည့်အပြင် ကိုးလ်လည်း သူ့ကြောင့်နဲ့ အန္တရာယ်ကျရောက်လိမ့်မည် မဟုတ်ပေ။ ရှင်း တစ်ယောက် ကိုယ့်ကိုကိုယ်အပြစ်တင်မိရုံသာမက အမုန်းကြီးမုန်းမိသည်အထိ ကိုးလ်အပေါ်ထားတဲ့ သူ့ရဲ့ သံယောဇဉ်တွေက ခိုင်မြဲနေခဲ့သည်။

သူထင်ထားလိုက်သည်က အလုပ်တွေအရမ်းရှုပ်နေသည့်အတွက် ကိုးလ်ကို ကောင်းကောင်းဂရုမစိုက်နိုင်တာကြောင့် ကိုးလ်အလိုရှိတဲ့တိုင်း လုပ်ခွင့်ပြုလိုက်ခြင်းသာဖြစ်လေသည်။ ကိုးလ် ပုံစံကြည့်ရသည်မှာ အချိန်တွေကြာလာတာတောင် ရှင်းအိမ်မှာနေရတာ မသက်မသာဖြစ်နေသည့်အတွက် ရှင်းအနေဖြင့် ကိုးလ်ကို ပြန်လွှတ်လိုက်ဖို့အပြင် ရွေးချယ်စရာမရှိခဲ့ခြင်းဖြစ်သည်။ နေ့တိုင်း ကိုးလ် နေရခက်နေတာကို ကြည့်‌ရတာထက်စာလျှင် အရင်တိုင်းလွတ်လွတ်လပ်လပ်နှင့် ပြုံးပျော်နေတာက ပိုကောင်းသည်ဟု ရှင်း ထင်လိုက်ခြင်းကြောင့်ပင်။သို့သော် ထိုဆုံးဖြတ်ချက်က ယခုလိုအခြေအနေထိ ရောက်သွားမည်ကိုသာ ကြိုသိခဲ့လျှင် သူဟာ ဘယ်တော့မှ ကိုးလ်ကို အိမ်ကထွက်သွားဖို့ ခွင့်ပြုခဲ့လိမ့်မည် မဟုတ်ပေ။

_______________________________________

Note/

Welcome to 2023. May you have better days than the past. I love you all.🌸

______________________________________

[Zawgyi]

မတင္မက်ျဖစ္ေနေသာ ခံစားခ်က္မ်ားႏွင့္အတူ ေလးလံကာႀကီးမားလြန္းသည့္ တာဝန္မ်ားေၾကာင့္ ရွင္းရဲ႕ အမူအယာမ်ားက နက္နဲကာခန႔္မွန္းရခက္လ်က္ ရွိေလသည္။ ကိုးလ္မွာလည္း ရွင္းရဲ႕ အမည္ေဖာ္မရေသာ အမူအယာမ်ားေၾကာင့္ အၿမဲသတိႀကီးႀကီးထားေနရကာ စကားမွားသြားမွာကို စိုးရိမ္ေလ့ရွိသည္။ မေျပာင္းလဲကာ အရိပ္အကဲမသိသူဟာ ေလေျပတစ္ေယာက္ထဲသာ ရွိေပလိမ့္မည္။ သို႔ေသာ္ေလေျပသည္လည္း တမင္မသိခ်င္ေယာင္ေဆာင္ေနျခင္းသာ ျဖစ္ပါလိမ့္မည္။

" ရွင္း ေကာ္ဖီပါ "

ကိုးလ္က ရွင္းလက္ထဲ ေကာ္ဖီထည့္ေပးလိုက္ၿပီး တိတ္တဆိတ္သာ မီးဖိုေခ်ာင္ထဲ ျပန္လာခဲ့ေသာ္လည္း ေလေျပက သည္းမခံႏိုင္စြာ ေမးျမန္းလာျခင္းကို တိတ္ဆိတ္ျခင္းျဖင့္ ေက်ာ္လႊားသြားရန္ မရႏိုင္ခဲ့ေခ်။

" ဘယ္လိုလဲ ကိုကိုက စကားျပန္ေျပာၿပီလား "

" ဟင့္အင္း "

အသာအယာေခါင္းခါျပရင္ ကိုးလ္ ျပန္ေျဖလိုက္သည္။

" ကိုကိုအခုတေလာ ထူးဆန္းေနတာ ဟိုတစ္ခါအလုပ္ကိစၥဆိုၿပီး အျပင္ထြက္သြားထဲက စကားေတာင္ေရေရရာရာမေျပာေတာ့ဘူး "

ေလေျပက စိတ္ဓာတ္က်ေနေသာ ကိုးလ္ကို ၾကည့္လိုက္ကာ အားေပးစကားေျပာလာျပန္သည္။

" မစိုးရိမ္ပါနဲ႔ ကိုကိုက အလုပ္အရမ္းမ်ားေနလို႔ပဲ ေနမွာပါ "

" ကြၽန္ေတာ္သိပါတယ္ "

" အင္း ေလေျပတို႔ဂိမ္းသြား ကစားရေအာင္ေလ.... ဒီေန႔အျပင္သြားခ်င္စိတ္လည္းမရွိေတာ့ ကိုးလ္က အေဖာ္ျပဳေပးပါလား "

" ေကာင္းၿပီေလ "

ေလေျပညႇင္းနဲ႔ ဂိမ္းကစားေနတဲ့တစ္ေလွ်ာက္လုံး ကိုးလ္ရဲ႕ စိတ္အင္အားအလုံးစုံဟာ အျခားလူရဲ႕ ဆြဲငင္ျခင္းခံေနရေသာေၾကာင့္ အာ႐ုံမစိုက္ႏိုင္ဘဲ ခဏခဏေသေနေလသည္။ ၾကာလာသည့္အခါ ေလေျပမွာ စိတ္မရွည္ေတာ့ေသာေၾကာင့္ စတင္ညီးတြားလာေတာ့သည္။

" မေဆာ့ေတာ့ဘူး မေဆာ့ေတာ့ဘူး  ေလေျပ ဝတၳဳပဲသြားဖတ္ေတာ့မယ္ "

ေနာက္ဆုံး ကိုးလ္ တစ္ေယာက္ထဲသာ က်န္ခဲ့ၿပီး ႐ုတ္တရက္ သူဟာ ဒီအိမ္ဒီအသိုင္းအဝိုင္းနဲ႔ မသင့္ေတာ္သလို ခံစားေနရကာ ေနရခက္လာျခင္းကိုသာ အၿမဲတေစခံစားလာရေလသည္။ ရွင္းက အလြန္အမင္း အလုပ္မ်ားေနျခင္းေၾကာင့္ သူ႔နဲ႔စကားတစ္ခြန္းႏွစ္ခြန္းေျပာဖို႔ေတာင္ အခ်ိန္မရွိေနပါေသာ္ျငား တိမ္ယံဆင့္တစ္ခ်က္ေခၚလိုက္လွ်င္ ခ်က္ျခင္းသြားေတြ႕တတ္သည့္အျပင္ ေန႔တိုင္းနီးပါးလည္း ‌ဖုန္းဆက္ေလ့ရွိၾကသည္ေပ။

သူက အခုခ်ိန္မွာ ရွင္းအတြက္ အသုံးမဝင္‌ေတာ့ေသာေၾကာင့္ ဖယ္ထုတ္ခံလိုက္ရတာလည္း ျဖစ္ႏိုင္သလို ရွင္းက အားနာေနသည့္အတြက္ သူ႔ကို ဒီအိမ္ကေနထြက္သြားဖို႔ မေျပာတာလည္း ျဖစ္ႏိုင္ေပလိမ့္မည္။ သို႔တည္းမဟုတ္ သူ႔ဘာသာအလိုက္တသိ ထြက္သြားတာကို ေစာင့္ေနတာလည္း ျဖစ္ခ်င္ျဖစ္လိမ့္မည္။

အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ကိုးလ္တစ္ေယာက္ ရွင္းရဲ႕ စာဖတ္ခန္းတံခါးကို ႏွစ္ႀကိမ္ေလာက္ ေခါက္ထားၿပီးၿပီျဖစ္ေလရာ ေနာက္ျပန္ဆုတ္ဖို႔ရာ အခြင့္အေရးမရွိခဲ့ေလေတာ့ေပ။ သူဟာ မွတ္မိေနပါေသးသည္။ ရွင္းက စာဖတ္ခန္းနားကို ဘယ္သူ႔ကိုမွလာခြင့္မျပဳသည့္အျပင္ ထိုအခန္းထဲ ခြင့္ျပဳခ်က္မရွိဘဲ ဝင္လာပါက အလြန္အမင္းစိတ္ဆိုးတတ္ကာ ျပင္းျပင္းထန္ထန္လည္း ၿခိမ္းေျခာက္တတ္တာကိုလည္း ကိုးလ္ေတြ႕ဖူးသည္။ သန႔္ရွင္းေရး လုပ္ေပးဖို႔အတြက္ အိမ္ေဖာ္ႏွစ္ေယာက္ ထိုအခန္းထဲ ဝင္လိုက္တုန္းကဆိုလွ်င္ ရွင္းဟာ မ်က္ေတာင္တစ္ခ်က္မခပ္ဘဲ အလုပ္တန္းျဖဳတ္ပစ္လိုက္သည္။ ယခုအခါမွာေတာ့ ကိုးလ္တစ္ေယာက္ ဘယ္လိုသတၱိမ်ိဳးနဲ႔ ရွင္းရဲ႕ စာဖတ္ခန္းတံခါးကို ေခါက္လိုက္မိလည္း ကိုယ့္ကိုကိုယ္လည္း မသိႏိုင္ေတာ့ေပ။

" ဘယ္သူလဲ "

တင္းမာကာ ျပတ္သားသည့္အသံလႈိင္းေၾကာင့္ ကိုးလ္ရဲ႕ ခႏၶာကိုယ္ဟာ အနည္းငယ္တုန္တက္သြားၿပီး ထပ္မံကာတုန္ယင္လာသည့္ လက္တစ္ဖက္ကို အျခားလက္တစ္ဖက္နဲ႔ ဖုံးကြယ္လိုက္ၿပီး ကိုးလ္ျပန္ေျဖလိုက္ေလသည္။

" ကြၽန္ေတာ္ပါ .... ဝင္လာလို႔ရမလား "

စာဖတ္ခန္းထဲတြင္ ေနာက္ထပ္ဘာအသံမွ ထပ္ထြက္မလာေတာ့သည့္အတြက္ ကိုးလ္မွာ တစ္ရက္တာလုံးဒီတိုင္းပင္ ကုန္ဆုံးသြားေတာ့မည္ဟု ထင္သည့္အခ်ိန္ထိ မည္သည့္အသံတစ္စုံတစ္ရာမွ ထပ္ထြက္မလာခဲ့ေသးေပ။ သူဟာ ေက်ာခိုင္းၿပီး လွည့္ထြက္ဖို႔ျပင္လိုက္သည့္အခါမွ ရွင္းရဲ႕အသံကို ၾကားလိုက္ရသည္။

" ဝင္လာခဲ့ "

တံခါးဆြဲဖြင့္လိုက္ခ်ိန္တြင္ ရွင္းက ဝတ္ေနက်အျဖဴေရာင္ႏွင့္ပင္ ၾကည့္ေကာင္းဆဲျဖစ္ေနၿပီး စားပြဲေပၚက laptopႏွင့္ အလုပ္ရႈပ္ေနကာ ကိုးလ္ကို တစ္ခ်က္ကေလးမွ လွည့္ၾကည့္မလာခဲ့ေပ။ ကိုးလ္က ဆိုဖာေပၚမွာ အလိုက္သင့္ ေနရာတစ္ခုရွာႀကံ ထိုင္လိုက္ၿပီး ေလထုက သိပ္သည္းလာကာ သူတို႔ၾကားထဲ မေကာင္းသည့္အေငြ႕အသက္မ်ားသာ ႀကီးစိုးခ်ယ္လွယ္ေနေတာ့သည္။

" ကိစၥရွိလို႔လား "

အသံသည္လည္း ေအးစက္သလို စကားသည္လည္း ခပ္ျပတ္ျပတ္ႏိုင္လွ၏။

" ကြၽန္ေတာ္.....အိမ္ျပန္ေတာ့မလို႔ ရွင္းကို လာႏႈတ္ဆက္တာပါ "

ေခါင္းငုံ႔ကာ ရဲေဆးတင္ၿပီး ကိုးလ္ ျပန္ေျဖလိုက္ျခင္း ျဖစ္ေသာ္လည္း အနားဆီေလွ်ာက္လွမ္းလာေနေသာ ေျခသံမ်ား ၾကားမိခ်ိန္တြင္ မသိစိတ္အရ ေၾကာက္လန႔္မိေနတုန္းပင္။

" ေကာင္းၿပီေလ ကိုယ္မတားပါဘူး "

ကိုးလ္က ေခါင္းေမ့ၾကည့္လိုက္ခ်ိန္တြင္ ရွင္းရဲ႕ အျပစ္အနာကင္းေသာ ႐ုပ္ရည္သည္ တစ္ခဏမွ် လူကိုမွင္သက္သြားေစၿပီး ႏူးညံ့ေသာအၾကည္မ်ားျဖင့္ မ်က္ႏွာျခင္း ဆိုင္မိလိုက္ေလသည္။

႐ုတ္တရက္ ကိုးလ္ဟာ အလြန္အမင္းကို စိတ္ပ်က္သြားၿပီး ေဒါသထြက္ျခင္းႏွင့္ အားမလိုအားမရျဖစ္ျခင္းကို တစ္ၿပိဳင္နက္ခံစားလိုက္ရကာ လူကိုပိုလို႔အေတြးမ်ားသြားေစေလသည္။ ကိုးလ္အေနျဖင့္ ရွင္းဟာ အရင္ကအတိုင္း သူ႔ကိုေသခ်ာေပါက္ တားလိမ့္မည္ဟု ေမွ်ာ္မွန္းထားေသာ္လည္း ထင္ထားသည့္အတိုင္း ျဖစ္မလာသည့္အခါတြင္ အနည္းငယ္ေတာ့ မေက်မနပ္ျဖစ္ရကာ နားမလည္ႏိုင္ေအာင္လည္း ျဖစ္ရေလသည္။ ရွင္းဟာ အမွန္တစ္ကယ္ပင္ သူနဲ႔မပက္သက္ခ်င္ေတာ့တာ ျဖစ္ႏိုင္ေပလိမ့္မည္။

" ဒါေပမယ့္.... ကိုယ္ဖုန္းဆက္တိုင္း ကိုင္ရမယ္ "

" ဗ်ာ "

ရွင့္ရဲ႕ စကားေၾကာင့္ ကိုးလ္မ်က္ႏွာေပၚမွ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားမွာ ပိုလို႔ပင္ျပဴးက်ယ္ဝိုင္းစက္လာရၿပီး အံ့အားသင့္ေနသည့္ အေငြ႕အသက္မ်ား ထုတ္လႊင့္ေပးေနခဲ့သည္။

" ကိုယ္အလုပ္လုပ္စရာေတြ ရွိေသးလို႔ "

" အာ ဟုတ္သားပဲ ရွင္းရဲ႕ အခ်ိန္ေတြယူသလိုျဖစ္သြားတယ္ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး "

" ကိုးလ္ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ေနာ္ "

ေနာက္လွည့္ကာ အသံပိုင္ရွင္ ေလေျပရွင္းကို ျပန္လွည့္ၾကည့္လိုက္ခ်ိန္ဝယ္ ထိုသူဟာ သူ႔ရဲ႕ laptop  ရွိရာကို ျပန္သြားေနတာ ေတြ႕လိုက္ေလသည္။ ကိုးလ္အေနျဖင့္ ဒါက ရွင္း စိတ္ထဲက ႏွစ္ႏွစ္ကာကာ သူ႔အတြက္ ရည္ၫႊန္းေျပာဆိုသည့္ စကားေပဘဲလား ဒါမွမဟုတ္ ေနာက္ဆုံး ႏႈတ္ဆက္စကားအေနျဖင့္ ၾကည့္ေကာင္းေအာင္ အေပၚယံ ေျပာလိုက္တဲ့စကားလားဆိုတာ ကိုယ္တိုင္လည္း မေဝခြဲႏိုင္ေတာ့သည္အထိ ဒြိဟျဖစ္ရသည္။

ေနာက္ဆုံးေတာ့လည္း ကိုးလ္က မည္သည့္ေ႐ြးခ်ယ္မႈကိုမွ မလုပ္ခဲ့ဘဲ အလိုက္တသိ အခန္းတံခါးကို ဆြဲပိတ္ကာ ထိုအိမ္မွ ထြက္ခြာျခင္းအမႈကိုသာ ေဆာင္႐ြက္ခဲ့သည္။ မသိစိတ္ထဲမွေန၍ စာဖတ္ခန္းထဲက လူတစ္ေယာက္ လိုက္တားမွာကို ကိုးလ္ေမွ်ာ္လင့္ေနခဲ့တုန္းပင္။ သို႔ေသာ္ ထိုေမွ်ာ္လင့္ခ်က္ေလးမွာ ကိုးလ္ သူ႔အိမ္ကိုျပန္ေရာက္တဲ့အခါ လုံးဝပ်က္သုန္းသြားခဲ့ပါေတာ့သည္။

မသြားခင္ကျမင္ခဲ့မိေသာ ရွင္းရဲ႕ စားပြဲေပၚက ေဆးလိပ္ဘူးေၾကာင့္ ရွင္းရဲ႕က်န္းမာေရးကိုလည္း စိတ္ပူမိကာ ဘဝင္မက်ျဖစ္မႈတို႔ ယွဥ္တြဲဝင္ေရာက္လာမႈကို ဘယ္လိုမွတာဆီးမရႏိုင္ခဲ့ေပ။ ဒီေန႔သာ ထိုေဆးလိပ္ဘူးကို မျမင္ခဲ့မိပါက ရွင္း ေဆးလိပ္ေသာက္တတ္သည္ကို ကိုးလ္ ဘယ္ေတာ့မွသိလိမ့္မည္မဟုတ္။ အေၾကာင္းမွာ ေလေျပရွင္းဟာ ကိုးလ္ေရွ႕မွာ တစ္ခါမွ ေဆးလိပ္မေသာက္ဖူးေသာေၾကာင့္ပါပင္။

" ကိုကို....ကိုးလ္ကို တစ္ေန႔လုံးမေတြ႕မိသလိုဘဲ "

အျပင္မွ အလည္လြန္၍ ျပန္လာေသာ ေလေျပတစ္ေယာက္ သူမအစ္ကိုျဖစ္သူအား မေက်မနပ္ ေမးခြန္းထုတ္လာခဲ့သည္။

တစ္ေနကုန္ လည္ပတ္ေနၿပီး ကိုးလ္ကို သတိရေသးတာလားဟု ရွင္း စိတ္ထဲမွ ေတြးလိုက္ၿပီး ညီျဖစ္သူကိုညအေျဖျပန္ေပးလိုက္ေလသည္။

" ျပန္သြားၿပီ "

ရွင္းက အသြားထက္သည့္ ဓားတစ္လက္လို အေျဖျပန္ေပးေလသည္။

" အာ ... ကိုကိုက မတားလိုက္ဘူးလား "

" ငါခြင့္ျပဳလိုက္တာ "

" မဟုတ္ေသးပါဘူး....အျပင္မွာဆို ကိုးလ္ ဘယ္ေလာက္ေတာင္ အႏၲရာယ္မ်ားလိုက္လဲ။ ဒါကို ကိုကိုက တစ္ခ်က္ေလးေတာင္မေတြးဘဲ ျပန္လႊတ္လိုက္တာပဲလား "

" သူ႔ေနာက္ကို ေနာက္ေယာင္ခံဖို႔ လူလႊတ္ထားတယ္ တစ္ခုခုမသကၤာတာနဲ႔ ငါ့ကိုခ်က္ခ်င္း လွမ္းသတိေပးမွာပဲ "

" ဒါေပမယ့္ အိမ္မွာရွိတာထက္ေတာ့ ဘယ္ပိုစိတ္ခ်ရမလဲ .....ကိုကိုက ကိုးလ္နဲ႔ၿခိမ္းေျခာက္ခံထားရတုန္းဆို အေတာ္ေလး ေဒါသထြက္သြားတာေလ အခုက်ေတာ့ ကိုးလ္ကို ဂ႐ုမစိုက္ေတာ့ဘူးလား "

" ေလေျပ ထပ္ေျပာရင္ အိမ္ျပင္ထြက္ခြင့္ ၂ လပိတ္တယ္ "

" ဟုတ္ၿပီ ဟုတ္ၿပီ ေလေျပမေျပာေတာ့ဘူး အျပင္ထြက္ခြင့္ေတာ့ မပိတ္ပါနဲ႔ "

ေျခေထာက္ေဆာင့္ကာ အခန္းထဲဝင္သြားေသာ ေလေျပကို တစ္ခ်က္ၾကည့္လိုက္ၿပီး ရွင္း ဆိုဖာေပၚမွာ အေၾကာင္းအရာတစ္ခုကို ဆက္ၿပီးစဥ္းစားေနခဲ့ေလသည္။ ကိုးလ္ကို အိမ္ျပန္လႊတ္လိုက္ျခင္းက ရွင္း ကိုယ္တိုင္ဆုံးျဖတ္လိုက္သည့္ ကိစၥတစ္ခုျဖစ္ေလသည့္အတြက္ ေနာင္တရဖို႔အေၾကာင္းအရာ ရွိလာေတာ့မည္မဟုတ္ဟု သူယုံၾကည္သည္။

ဖုန္းထုတ္လိုက္ၿပီး နံပါတ္တစ္ခုကို ႐ိုက္ေခၚလိုက္ကာ ရွင္းရဲ႕အသံက အနည္းငယ္ တည္တံ့သြားသည့္အသြင္ႏွင့္ အလိုမက်မႈမ်ား ေရာယွက္ေနေသာ အသြင္အျဖစ္သို႔ ကူးေျပာင္းသြားေလသည္။

" Daddy ...ကာစီႏိုဝိုင္းမွာ မေန႔ကျပႆနာ တစ္ခုျဖစ္ခဲ့တယ္ "

" သူလွ်ိဳေတြ လာတဲ့ကိစၥလား "

" တစ္ကယ္ဆိုရင္ အဲ့ေနရာေတြက ကြၽန္ေတာ့္ေနရာပဲ ဘယ္သူမွမလာရဲဘူး.... ဦးစစ္ဟန္က အရမ္းေတြ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္ရွိေနတာပဲ "

" ရွင္း ဦးစစ္ဟန္က ထင္သေလာက္မ႐ိုးရွင္းဘူး ေသခ်ာေပါက္ သတိထားရမယ္ "

" အဲ့သူလွ်ိဳေတြရဲ႕ လက္ေတြကိုျဖတ္ၿပီး ကြၽန္ေတာ္သူ႔ဆီ ျပန္ပို႔ေပးလိုက္တယ္....ကြၽန္ေတာ့္ ခြင့္ျပဳခ်က္မရွိဘဲဝင္လာၿပီး ဘယ္သူမွအေကာင္းတိုင္း ျပန္မထြက္သြားေစရဘူး "

" ဒါကစစ္ပြဲေၾကညာလိုက္တာနဲ႔ အတူတူပဲ "

" ကြၽန္ေတာ္တို႔ရဲ႕ စစ္ပြဲက အစထဲက စၿပီးေနၿပီ "

ရွင္းရဲ႕ ရက္စက္မႈမ်ားကို ဘယ္သူကမွ ေမးခြန္းျပန္မထုတ္ႏိုင္ၾကေပ။ ဦးစစ္ဟန္က မေကာင္းမႈတို႔၏ အရွင္ဆိုလွ်င္ ေလေျပရွင္းက ရက္စက္ျခင္းတို႔၏ ဘုရင္ျဖစ္ေပလိမ့္မည္။

ကိုးလ္တစ္ေယာက္ ရွင္းအိမ္က ျပန္လာၿပီး သူ႔အိမ္ေလးကို သန႔္ရွင္းေရးလုပ္ကာ အခ်ိန္ကုန္မွန္းမသိ ကုန္ေနခဲ့တာေၾကာင့္ အလုပ္ရွာရန္ စဥ္းစားထားသည့္ အေတြးေလးပင္ ခဏေခါက္သိမ္းထားလိုက္ရေလသည္။ သူျပန္လာမေနတာ ၾကာၿပီျဖစ္တဲ့အတြက္ အိမ္ကပင့္ကူအိမ္အျဖစ္ လုံးလုံးကူးေျပာင္းသြားကာ ဖုန္တက္ေနတာေၾကာင့္ အေတာ္သန႔္ရွင္းေရး လုပ္လိုက္ရကာ ညေနဘက္တြင္ လိုင္းေပၚမွအလုပ္ေခၚစာမ်ားအား ေလ့လာစုေဆာင္းလိုက္ၿပီး ေနာက္တစ္ေန႔တြင္ အလုပ္ရွာပုံေတာ္ ဖြင့္ရသည္။

ကိစၥအဝဝက ကိုးလ္အတြက္ေတာ့ လြယ္ကူ႐ိုးရွင္းျခင္းႏွင့္ အဆုံးသတ္ေလ့ မရွိေပ။ သူ႔အတြက္ဆိုလွ်င္ ျဖစ္တည္လာသမွ်က ရႈပ္ေထြးေပြလီကာ ခက္ခဲၾကမ္းတမ္းသည့္ ဝကၤဘာလမ္းလို အၿမဲတေစ အႏၲရာယ္အျပည့္ျဖစ္ ေနေသာေၾကာင့္ ကိုးလ္ဟာ ထိုအရာမ်ားႏွင့္ က်င့္သားရေနသားက် ေနၿပီျဖစ္သည္။

ထင္ထားသည့္အတိုင္း သုံးရက္ဆက္တိုက္ ရွာထားသည့္အလုပ္မ်ားမွာ ကိုးလ္ကိုတစ္ခုေလးမွ ျပန္ဆက္သြယ္မလာခဲ့ေပ။ ေလးရက္ေျမာက္ေန႔တြင္ ထူးဆန္းစြာပင္ ကိုးလ္ရဲ႕ G-mailထဲဆို message တစ္ေစာင္ေရာက္ေနခဲ့ကာ အလုပ္ရေၾကာင္း အသိေပးစာျဖစ္ေနကာ မနက္ျဖန္မွစၿပီး အလုပ္လာဆင္းလို႔ရၿပီျဖစ္ေၾကာင္း ေရးထားတာေၾကာင့္ ကိုးလ္ရဲ႕ ဆုေတာင္းေလး ျပည့္ေျမာက္သြားခဲ့ေတာ့သည္။

ယခုရက္ပိုင္းတြင္းတြင္ ျပဒါးရံနဲ႔ တိမ္ယံဆင့္တို႔ရဲ႕ ဆက္ဆံေရးက ထင္သေလာက္မတိုးတက္လာေသာ္လည္း ပိုဆိုးသြားသည္ဟုလည္း မဆိုလိုေပ။ ျပဒါးရံက အရင္တိုင္း ေရွာင္ဖယ္ေနျခင္းမရွိေတာ့ေသာ္လည္း သူတို႔ႏွစ္ေယာက္လုံးအတြက္ အခက္ေတြ႕ေစမည့္ ျပႆနာမ်ားကို တိမ္ယံဆင့္ ဘက္က မက်ဴးေက်ာ္လာတာေၾကာင့္ အေတာ္ေလးအဆင္ေျပေနျခင္းျဖစ္သည္။

" ရံ....တစ္ခုခုေသာက္မလား "

" အခုဘယ္ခ်ိန္ရွိေနၿပီလဲ "

" ည 8 နာရီ "

" မင္းဘာေသာက္ေနတာလဲ အေတာ္ေလးေမႊးတယ္ "

" ေကာ္ဖီ "

" ကိုယ္ျမည္းၾကည့္လို႔ရမလား "

" ကြၽန္ေတာ္အသစ္ေဖာ္ေပးမယ္ေလ "

" မဟုတ္ဘူး ....ျမည္းၾကည့္႐ုံေလးပါပဲ အပင္ပန္းခံစရာမလိုပါဘူး "

" ေကာင္းၿပီေလ ရံ သေဘာအတိုင္းပဲ "

အေငြ႕ထြက္ေနေသာ္လည္း အပူခ်ိန္သိပ္မျပင္းေတာ့သည့္ ေကာ္ဖီခြက္ကို ျပဒါးရံႏႈတ္ခမ္းနား ေတ့ေပးလိုက္ကာ ထိုသူကတင္းတင္းေစ့ထားေသာ ႏွစ္ခမ္းႏွစ္လႊာကို ဖြင့္ဟလ်က္ ခြက္ထဲက ေကာ္ဖီအား ေျဖးညႇင္းစြာ ေသာက္ေနျခင္းအား ၾကည့္ရျခင္းမွာ တိမ္ယံဆင့္ရဲ႕ ႏွလုံးစားကို ေၾကာင္လက္ဖဝါးေလးျဖင့္ ခပ္ဖြဖြေလး ကုပ္ျခစ္ေနသကဲ့သို႔ ယားယံေစေလသည္။

" ဘယ္လိုလဲ "

" ေကာင္းတယ္ "

" ဒါက ကြၽန္ေတာ္ကိုယ္တိုင္ စမ္းေဖ်ာ္ၾကည့္ထားတာေလ "

" အင္း ဟင္းခ်က္တာေတာ့ မေတာ္ေပမယ့္ ေကာ္ဖီေဖ်ာ္တဲ့ေနရာမွာေတာ့ အရည္အခ်င္းရွိတယ္ "

" ေျမႇာက္ပင့္လြန္းေနပါၿပီ "

ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္ရွိေနတဲ့ က်န္းမာေရးအကူကို ျပဒါးရံ ေခါင္းခါရင္းျဖင့္သာ လ်စ္လ်ဴရႈလိုက္သည့္အခါ ေလထုကအနည္းငယ္ တိတ္ဆိတ္သြားၿပီး ေရလႈိင္းသံမ်ားသာ ၾကားရေသာ အေျခအေနသို႔ ကူးေျပာင္းသြားသည္။

႐ုတ္တရက္ ေကာင္းကင္ေပၚမွ တစ္စက္ခ်င္း က်ဆင္းလာေသာ မိုးစက္တို႔က သစ္ပင္ထိပ္ဖ်ားနဲ႔ အ႐ြက္ေလးမ်ားကို ပြတ္တိုက္သြားကာ အသံမ်ားထြက္လာေနျခင္းကို တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ႏွင့္အညီ နားအေတာ္ပါးေသာ ျပဒါးရံက ဦးစြားသတိထားမိသြားသည္။

" မိုး႐ြာေနတာလား "

" အာ ဟုတ္ေလာက္မယ္... မနက္က TV မွာ မုန္တိုင္းရွိတယ္လို႔ ေၾကညာထားတာ ေတြ႕လိုက္တယ္ "

" အဲ့တာ အရမ္းလွလား "

ျပဒါးရံက မိုးရာသီကို အလြန္သေဘာက်တတ္သည့္လူတစ္ေယာက္ျဖစ္ကာ ေကာင္းကင္ေပၚက မိုးစက္ေတြက်လာတာ ဘယ္ေလာက္ ဆန္းက်ယ္ဖို႔ေကာင္းလဲဆိုတာ တိမ္ယံဆင့္ကို ေျပာျပဖူးသည္။ သို႔ေသာ္ တိမ္ယံဆင့္က မိုးရာသီကို အလြန္မုန္းတီးေလ့ရွိၿပီး နည္းနည္းေလးမွသေဘာမက်တတ္ေပ။ ေနရာတိုင္းက စိုထိုင္းထိုင္းႏွင့္ အလြန္စိတ္ပ်က္ဖို႔ေကာင္းသည္ဟုသာ အၿမဲေတြးတတ္သည္။

တစ္ခါတုန္းကဆိုလွ်င္ ျပဒါးရံတစ္ေယာက္ တိမ္ယံဆင့္ မိုးရာသီကို သ‌ေဘာမက်တတ္မွန္း မသိဘဲ မိုး႐ြာထဲ လမ္းေလွ်ာက္ထြက္ၾကည့္ဖို႔ တိုက္တြန္းလာဖူးေလသည္။ ဆင့္က အေၾကာင္းျပခ်က္တစ္ခုမွ မေပးဘဲ တစ္ခ်က္ထဲႏွင့္ ျငင္းပစ္လိုက္ဖို႔ တစ္လက္မေလာက္ေလးဘဲအလိုမွာ သူ႔ခ်စ္သူေကာင္ေလး၏ ေမွ်ာ္လင့္တႀကီးျဖစ္ေနေသာ မ်က္ဝန္းမ်ားႏွင့္ စိတ္အားထက္သန္ေသာ အမူအယာအား ေတြ႕လိုက္ခ်ိန္တြင္ ႏႈတ္ခမ္းထက္က ျငင္းဆိုႏိုင္မည့္စကားမ်ားအား ခဝါခ်လိုက္ၿပီး ခပ္ဖြဖြေလးၿပဳံးလ်က္ သေဘာတူလက္ခံလိုက္ေလသည္။

" ေကာင္းၿပီေလ "

အသံသည္ကာ ခ်စ္ျခင္းမ်ားစြာႏွင့္ လက္နက္ခ် အရႈံးေပးမႈတို႔ ထင္ဟပ္ေနေသာေၾကာင့္ စၾကၤာဝဠာ တစ္တိုင္းလုံးတြင္ နားေထာင္လို႔အေကာင္းဆုံးျဖစ္ကာ တိမ္ယံဆင့္၏ ျပဒါးရံထံတြင္ ဂႏၲာဝင္‌တြင္စြာ က်ရႈံးခန္းျဖစ္သည္။

" Alex "

ျပဒါးရံဆီက အသံၾကားမွ ဆင့္တစ္ေယာက္ အတိတ္ကစကားသံမ်ားႏွင့္ အဆက္ျပတ္သြားေလသည္။

" ေတာ္ေတာ္ေလး လွတယ္ "

အေတာ္ၾကာသည့္အခါမွ ဆင့္က ေနာက္တစ္ခြန္းထပ္ေျပာလိုက္ေလသည္။

" ကြၽန္ေတာ္နဲ႔အတူ လမ္းေလွ်ာက္ထြက္ခ်င္လား "

" အြန္း "

တိမ္ယံဆင့္၏ အႏုစိတ္သည့္ အစိတ္အပိုင္းမ်ားထဲမွ တစ္ခုျဖစ္သည့္ ရွည္လ်ားေသးသြယ္ေသာ လက္တစ္ဖက္သည္ ျပဒါးရံ၏ သန္မာကာႀကီးမားသည့္ လက္တစ္ဖက္ကို ရစ္တြယ္လိုက္ၿပီး အျပင္ဘက္သို႔ ဦးေဆာင္ေခၚသြားေလသည္။

မိုးစက္တို႔နဲ႔ ထိေတြ႕လိုက္ခ်င္းမွာပဲ တိမ္ယံဆင့္ရဲ႕ အေတြးနယ္ပယ္ေလးထဲကို ျပဒါးရံနဲ႔ ပက္သက္တဲ့ အမွတ္တရေလးမ်ား ဝင္ေရာက္လာျပန္ေလသည္။

အဲ့ဒီ့ေန႔က ျပဒါးရံနဲ႔ မိုးေရထဲ ေလွ်ာက္သြားၿပီးတဲ့အဆုံးမွာ တိမ္ယံဆင့္တစ္ေယာက္ အျပင္းအထန္ကို ေနမေကာင္းျဖစ္ခဲ့ေလေတာ့သည္။ ထို႔ေနာက္ ေနမေကာင္းျဖစ္ေနတဲ့ ဆင့္နဲ႔ ဆန႔္က်င္စြာ အလြန္အမင္း ၾကည့္ရဆိုးေသာ မ်က္ႏွာထားျဖင့္ သူ႔ခ်စ္သူေကာင္ေလးက မငို႐ုံတစ္မယ္ ေဆးေသာက္ဖို႔ ေတာင္းဆိုလာခဲ့သည္။

" ေဆးေသာက္လိုက္ပါေနာ္ ဟုတ္ၿပီလား "

" ကြၽန္ေတာ္အဆင္ေျပပါတယ္ ကိုယ္ေလးနည္းနည္း ေႏြးေန႐ုံပါပဲ "

" ေခါင္းမမာစမ္းပါနဲ႔ ဆင့္ရယ္... အခုေတာင္ ႏွာေတြေဆးၿပီး ကိုယ္ေတြပူေနတာ ပိုဆိုးသြားရင္ ဘယ္လိုလုပ္မလဲ "

" မေသာက္ခ်င္ဘူး "

" ဒီေဆးေသာက္ၿပီးရင္ ဆင့္ လိုခ်င္တာ အကုန္ျဖည့္ဆည္းေပးမယ္ "

အဲ့ဒီေနာက္ပိုင္းကစၿပီး ျပဒါးရံက မိုး႐ြာထဲလမ္းေလွ်ာက္ထြက္ဖို႔ တိမ္ယံဆင့္ကို ဘယ္ေတာ့မွ ထပ္ေျပာမလာခဲ့ေတာ့ေပ။ ဆင့္ ဘက္ကစကားစမိလိုက္လွ်င္ေတာင္ ထိုသူက အလ်င္အျမန္ျငင္းဆန္တတ္ၿပီး " တိမ္ယံဆင့္ထက္ ဘယ္အရာမွ အေရးမႀကီးဘူး " ဟုေျပာလာတတ္သည္။

" ရံ အေအးမိမယ္ေနာ္ "

မီးေရာင္ေအာက္တြင္ တစ္စက္ျခင္း က်ဆင္းလာသည့္ မိုးစက္တို႔က ျပဒါးရံ‌ကိုယ္ေပၚ သက္ဆင္းသြားေလတိုင္း ျမင္ကြင္းကအေတာ္ေလး က်က္သေရရွိကာ တင့္တယ္ေျပာင္ေျမာက္လြန္းလွသည္ဟု တိမ္ယံဆင့္ မေတြးဘဲမေနႏိုင္ခဲ့ေခ်။ ဆင့္တစ္ေယာက္ ခ်က္ခ်င္းပင္ ပန္းခ်ီဆြဲသည့္ကိရိယာမ်ားကို ေျပးယူလ်က္ ထိုအခိုက္အတန႔္ကို မွတ္တမ္းတင္ထားခ်င္ေသာ္လည္း ကံဆိုးစြာပင္ သူ႔လက္ထဲ၌ ပန္းခ်ီႏွင့္ပက္သက္သည့္ ဘာပစၥည္းမွ ရွိမေနခဲ့ေသာေၾကာင့္ ျပဒါးရံေပးသည့္ မ်က္လုံးတစ္စုံျဖင့္သာ မွတ္တမ္းတင္ထားရန္ တတ္ႏိုင္ခဲ့သည္။

" ေတာ္ၿပီ ေနမေကာင္းျဖစ္သြားလိမ့္မယ္ "

" ခဏေလးပါ ကိုယ္ဒီလို လြတ္လပ္မႈကို မခံစားရတာၾကာၿပီ ခဏေလးဘဲ ဆက္ေနရေအာင္ "

တိမ္ယံဆင့္မွာ မည္သည့္ခြန္အားမ်ားႏွင့္ ျငင္းဆန္ႏိုင္လိမ့္မည္နည္း။ ျပဒါးရံက ေတာင္ဆိုလာတိုင္းသူဟာ တစ္ခ်က္ကေလးမွ မျငင္းဆန္ဘဲ လိုက္ေလ်ာခဲ့သည္ခ်ည္းသာ။ ဤသည္မွာ သူဟာ အားနည္းေပ်ာ့ညံ့ေနျခင္းေၾကာင့္မဟုတ္ဘဲ ျပဒါးရံ စိတ္မေကာင္း ျဖစ္သြားမွာကို စိုးရိမ္ေသာေၾကာင့္သာ ျဖစ္သည္။

ေနာက္ထပ္ နာရီဝက္ၾကာေသာ္ ,

" နာရီဝက္ျပည့္ၿပီ အိမ္ထဲျပန္ဝင္ရေအာင္ "

" ခဏေလး "

" ရံ !! "

" ကိုယ္မင္းေျပာတာကို နားေထာင္မွာပါ ... ဒါေပမယ့္ ကိုယ့္ကိုတစ္ခုေလာက္ ကူညီလို႔ရမလား "

" ေျပာ "

" Alex ဆီကေန ဆင့္ရဲ႕ ကိုယ္သင္းနံ႔ရေနတယ္... ကိုယ္သတိထားမိေနတာ အေတာ္ေလးၾကာၿပီ တိုက္ဆိုင္မႈလို႔ပဲ ထင္ထားခဲ့တာ ဒါေပမယ့္မဟုတ္ဘူး အခ်ိန္ၾကာလာေလ ပိုၿပီးေသခ်ာလာေလပဲ ..... အဲ့တာက ဆင့္ဆီကရတဲ့ အနံ႔နဲ႔တူတူပဲ "

" ဒါေပမယ့္ ရံ လက္ခံဖို႔ တြန႔္ဆုတ္ေနတုန္းပဲမလား ။ ရပါတယ္.... အဆင္ေျပတာမလို႔ စိတ္မပူနဲ႔ေနာ္ ရံဘက္က ကြၽန္ေတာ့္ကို Alex  လို႔ျမင္ရင္ ကြၽန္ေတာ္က Alex ပဲ ၊ ရံ ဘက္က တိမ္ယံဆင့္လို႔ျမင္ရင္ ကြၽန္ေတာ္က တိမ္ယံဆင့္ဘဲ "

ဆင့္က ျပဒါးရံရဲ႕ ႏႈတ္ခမ္းကို ခပ္ဖြဖြေလးနမ္းလိုက္တဲ့အခါ မိုးစက္ေတြေၾကာင့္ ထိုႏႈတ္ခမ္းသားေလးက အနည္းငယ္ေအးစက္ေနခဲ့ေလသည္။ သို႔ပါေသာ္ျငား သူဟာအရမ္း သေဘာက်ရပါ၏။

" ကြၽန္ေတာ္ ဘယ္သူဘယ္ဝါဆိုတာ အေရးမႀကီးပါဘူး... ေသခ်ာတာတစ္ခုက ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ရံ အနားမွာဘဲ အၿမဲရွိေနမွာ "

" မင္း တစ္ကယ္ပဲ ဘယ္သူလဲ ? "

" အထဲျပန္ဝင္ၾကရေအာင္ ရံ ဖ်ားသြားလိမ့္မယ္ "

" ကိုယ္ေမးတာကို ေျဖပါ "

" ကြၽန္ေတာ္က ... "

" Alex, ရံေလး မိုး႐ြာထဲ ထီးမပါဘဲ ဘာလုပ္ေနၾကတာလဲ.... 9 နာရီေတာင္ ထိုးေနၿပီ "

" အာ... အခ်ိန္ကအဲ့ေလာက္ေတာင္ ရွိသြားၿပီလား ။ ကြၽန္ေတာ္တို႔ လမ္းခဏဆင္းေလွ်ာက္တာပါ "

ျပဒါးရံရဲ႕ ေမးခြန္းကို အေျဖျပန္မေပးေတာ့ဘဲ ျပဒါးရံရဲ႕လက္ကိုဆြဲၿပီးသာ အိမ္ေပၚျပန္တက္လာခဲ့ၾကေလသည္။ ယြန္းေဟမီက ထုံးစံအတိုင္း အမ်ိဳးသမီးတို႔သဘာဝ စိုးရိမ္စိတ္မ်ားကာ ႏွစ္ေယာက္လုံးကို ေနမေကာင္းမျဖစ္ေစရန္ ဆူပူေနလ်က္ ရွိသည္။ မေရမတြက္ႏိုင္ေသာ ဆုံးမစကားမ်ားအား ‌နားေထာင္ၿပီးေနာက္တြင္ သုံးေယာက္လုံး တိတ္တဆိတ္သာ အိပ္ယာဝင္ခဲ့ၾကသည္။

ေနာက္တစ္ေန႔မနက္တြင္ ရွင္းရဲ႕ ဖုန္းထဲကို နံပါတ္စိမ္းတစ္ခုထံမွ message  ပို႔ထားသည္အား အမွတ္မထင္ေတြ႕လိုက္ရေလသည္။ အစပိုင္းတြင္ ရွင္းရဲ႕ အက်င့္စ႐ိုက္အရ အေရးလုပ္ကာ ၾကည့္လိုက္မည္မဟုတ္ေသာ္လည္း သုံးႀကိမ္ဆက္တိုက္ စာဝင္လာသည့္အခါတြင္ အနည္းငယ္ စိတ္တိုသြားရကာ screen ေပၚမွာေပၚေနေသာ စာသားက ရွင္းရဲ႕ အျမင္အာ႐ုံကို ဖမ္းစားသြားသည့္အခိုက္တြင္ မ်က္ေမွာင္ၾကဳတ္လ်က္ ေဒါသထြက္ေနေသာ အမူအရာအား မဖန္တီးဘဲမေနႏိုင္ေတာ့ေခ်။

" ငါတို႔ဆီကို ေရာက္ေနတဲ့ သူငယ္ခ်င္းေလးရဲ႕မ်က္ႏွာကို ၾကည့္စမ္းပါဦး မင္းနဲ႔ရင္းႏွီးမေနဘူးလား ေလေျပရွင္း "

" သူကေတာ္ေတာ္ေလးကို မနာခံတတ္တာဘဲ ငါတို႔နည္းနည္းေလာက္ ႐ိုက္လိုက္မွ ဆက္မ႐ုန္းေတာ့တာ "

ထိုစာႏွစ္ေၾကာင္းအျပင္ ေအာက္ဘက္မွာ ကိုးလ္ရဲ႕ ပုံအား ပို႔ေပးထားေလသည္။ ထိုင္ခုံေပၚတြင္ လက္ေနာက္ျပန္ႀကိဳးတုပ္ထားၿပီး အက်ႌမ်ားက ဖ႐ိုဖရဲျဖစ္ေနကာ လည္ပင္းတြင္ အညိဳအမဲစြဲေနသည့္ လက္ငါးေခ်ာင္းရာက အထင္းသားေပၚလြင္ေနေလသည္။ မ်က္ႏွာေအာက္ပိုင္းရွိ ပါးစပ္မွာ တိပ္နဲ႔အကပ္ခံထားရတာေၾကာင့္ သဲသဲကြဲကြဲမျမင္ရေသာ္ျငား မ်က္ဝန္းတစ္ဝိုက္တြင္လည္း အညိဳမဲအကြက္မ်ားရွိေနကာ ေခါင္းေပၚမွစီးက်ေနေသာ ေသြးစီးေၾကာင္းေၾကာင့္ ရွင္းရဲ႕ ေဒါသကထိန္းခ်ဳပ္ႏိုင္စြမ္း ကင္းမဲ့သြားၿပီး လက္ထဲကဖုန္းကို ကိုင္ေပါက္လိုက္ခ်ိန္တြင္ ၎က တစစီကြဲေၾကသြားကာ အစိတ္စိတ္အမႊာမႊာျဖစ္သြားေလေတာ့သည္။

" ရာရာစစ ငါ့လူကို ထိရဲတယ္ေပါ့  "

ကိုးလ္ရဲ႕ အဖမ္းခံထားရတဲ့ပုံက ေလေျပရွင္းကို မိုးမီးေလာင္ေအာင္ ဆြေပးလိုက္တာနဲ႔အတူတူပင္ျဖစ္ေလသည္။ ရွင္းက အံဆြဲထဲက Tablet ကို အလ်င္အျမန္ထုတ္လိုက္ၿပီး ကိုးလ္ကို အခ်ိန္ျပည့္ေစာင့္ၾကည့္ရန္ ခိုင္းထားေသာ လူႏွစ္ေယာက္ဆီသို႔ ဖုန္းေခၚလိုက္သည္။

" ကိုးလ္ ဘယ္မွာလဲ "

" ဟို...အဲ့တာက "

" ငါေမးတာကိုေျဖ ! "

" သူလြန္ခဲ့တဲ့ရက္ေတြက အလုပ္လိုက္ရွာေနတာ ၾကည့္ရတာေတာ့ အလုပ္ရလို႔ ဒီေန႔သြားဆင္းတယ္ ထင္တာပဲ... ဒါေပမယ့္ လမ္းတစ္ဝက္ေလာက္ေရာက္ေတာ့ သူ႔ကိုရွာမေတြ႕ေတာ့ဘူး ေပ်ာက္သြားတယ္ "

" ေတာက္ !  "

ဖုန္းခ်သြားၿပီး ေလေျပရွင္းရဲ႕ ေဒါသလႈိင္းမ်ားေၾကာင့္ ဖုန္းတစ္ဖက္မွ လူႏွစ္ေယာက္ဟာ ဒူး‌တုန္ကာေၾကာက္႐ြံ႕လာၿပီး ႏွလုံးပင္ ပါးစပ္မွခုန္ထြက္လာေတာ့မည္ဟု ထင္ရေလသည္။ ကိုးလ္ကို ဘယ္ေလာက္ထိ စိတ္ပူေနလဲ ရွင္း တစ္ေယာက္သာ အသိဆုံးျဖစ္ေလသည့္အတြက္ သူဟာေစာေစာက အလြတ္က်က္လိုက္ေသာ ဖုန္းနံပါတ္စိမ္းတစ္ခုကို Tablet မွတစ္ဆင့္ ေခၚလိုက္ရင္း တည္ၿငိမ္ေအာင္ဖန္တီးယူလိုက္ေလသည္။

" မင္းဖုန္းဆက္လာဖို႔အရမ္းၾကာတာပဲ ငါတို႔ကအခုခ်ိန္ေလာက္ဆို မင္းပ်ာယာခပ္ေနေလာက္ၿပီထင္ေနတာ ဒီေလာက္ေတာင္ တည္ၿငိမ္ႏိုင္ေသးတယ္ေပါ့ "

" လိုခ်င္တာဘာလဲ "

" အရင္တိုင္းပဲ လြယ္ပါတယ္ ။ မင္းမွာေ႐ြးခ်ယ္ခြင့္ ႏွစ္ခုရွိတယ္ ပထမတစ္ခုက ဒီေကာင္ေလးအစား မင္းလာၿပီးအေသခံေလ... ဒုတိယတစ္ခုက ဒီေကာင္ေလးကိုပဲ အေသခံခိုင္းလိုက္ေပါ့ ။ "

" ....... "

" မင္းဘာသာ ေ႐ြးခ်ယ္ပါ ငါတို႔အၾကပ္မကိုင္တတ္ပါဘူး ။ ဒါနဲ႔ မင္းလာတာေနာက္က်ရင္လည္း သူအသက္မရွင္ေလာက္ေတာ့ဘူး.... အဲ့ေကာင္ေလးရဲ႕ ကိုယ္ေပၚမွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ပစၥည္းေလးတစ္ခု တပ္ေပးထားတယ္ "

တစ္ဖက္လူက ဖုန္းခ်သြားခ်ိန္တြင္ ရွင္းက ထိုဖုန္းအား hack ၿပီးတည္ေနရာကို ေျခရာခံရန္ ႀကံစည္လိုက္ေသာ္လည္း ထိုလူကအေတာ္ပါးနပ္ပုံရကာ ဖုန္းက ခ်က္ခ်င္းပင္ စက္ပိတ္သြားခဲ့ေလၿပီ။ က်ဥ္းထဲၾကပ္ထဲေရာက္ေနခ်ိန္ ရွင္းအတြက္ အေတာ္ေလး ေ႐ြးခ်ယ္ရခက္ေနၿပီျဖစ္သည္။ သူဟာႏွစ္ခါျပန္စဥ္းစားစရာမလိုဘဲ ခ်က္ခ်င္းပင္ ကိုးလ္ႏွင့္ ေနရာခ်င္းလဲကာ အေသခံလိုက္မည္ ျဖစ္ေသာ္ျငား အခ်ိန္ၾကာသြားလွ်င္လည္း ကိုးလ္ရဲ႕ အသက္အႏၲရာယ္က စိုးရိမ္ရေပဦးမည္။ ထိုအတိုင္းသာျဖစ္လာခဲ့လွ်င္ ရွင္းက ဦးစစ္ဟန္နဲ႔ပက္သက္ေသာ ဘယ္သူ႔ကိုမွ အသက္ရွင္ခြင့္ ေပးလိမ့္မည္မဟုတ္ေပ။ ကိုးလ္ရဲ႕ အသက္တစ္ေခ်ာင္းအတြက္ ထိုလူမ်ားစြာရဲ႕ အသက္မ်ားႏွင့္ ျပန္အေလ်ာ္ေပးရမည္ျဖစ္သည္။

႐ုတ္တရက္ ရွင္းက ကိုးလ္ရဲ႕ ဖိနပ္ထဲမွာ သူတပ္ထားသည့္ ေျခရာခံစက္ကို သတိရသြားခဲ့ေလသည္။ ပုံမွန္ဆိုလွ်င္ ထိုေျခရာခံစက္က စကၠန႔္တိုင္း ကိုးလ္ရွိေနသည့္ ေနရာကို ၫႊန္ျပေပးေနရမည္ျဖစ္ေသာ္လည္း အခုသူဖြင့္ၾကည့္လိုက္သည့္အခါတြင္ ကိုးလ္အိမ္နဲ႔ တစ္နာရီေလာက္ကားစီးရပါေသာ ၿမိဳ႕တစ္ခုတြင္ လုံးဝပိတ္သြားကာ ေျမပုံေပၚက သေကၤတသည္လည္း ေပ်ာက္ကြယ္သြားသည္ကို ေတြ႕လိုက္ရေလသည္။ ေလေျပရွင္းတစ္ေယာက္ ထိုေျခရာခံစက္ေနာက္ဆုံးၫႊန္ျပခဲ့သည့္ေနရာအား ေခါက္တုန႔္ေခါက္ျပန္ၾကည့္ေနကာ ထိုေနရာမွ ေနာက္ထပ္ နာရီဝက္မွ် ေျခလ်င္ဆက္သြားလွ်င္ ေဆာက္လက္စ စက္႐ုံတစ္ခုရွိေနသည္ျဖစ္သည္။

ထိုစက္႐ုံပိုင္ရွင္က ေငြေရးေၾကးေရးမလုံေလာက္သည့္အတြက္ ေဆာက္လက္စအေဆာက္အဦးကို ရပ္ထားသည္မွာ ႏွစ္ဝက္မွ်ၾကာေနၿပီျဖစ္ေလသည္။ အေခ်ာမသတ္ရေသးသည့္အျပင္ တစ္ဝက္တစ္ပ်က္ အေဆာက္အဦးျဖစ္‌တာေၾကာင့္ ထိုေနရာက ခိုင္ခံေနမည္ဟု အာမမခံႏိုင္သည့္အျပင္ လူျပတ္သည့္ေနရာတစ္ခုျဖစ္တာေၾကာင့္ ရွင္းရဲ႕ မသိစိတ္၏ လႈံ႕ေဆာ္မႈအရ ကိုးလ္က ထိုေနရာ၌ ရွိေနလိမ့္မည္ဟု ထင္ေၾကးေပးမိသည္။

ခ်က္ခ်င္းပင္ Tablet ကိုပိတ္လိုက္ၿပီး စားပြဲေပၚပစ္ခ်လိုက္ကာ အံဆြဲထဲက ဖုန္းေနာက္တစ္လုံးယူလိုက္ၿပီး ေလအလ်င္ထက္ လ်င္ျမန္ေသာႏႈန္းျဖင့္ ကားစက္ႏႈိးၿပီး ထိုအေဆာက္အဦးဆီေမာင္းထြက္လာခဲ့ေလသည္။ ရွင္းက အေတာ္ေလး ဆႏၵေစာေနခဲ့သည့္အျပင္ စိုးရိမ္စိတ္မ်ားလြန္ကဲေနျခင္းေၾကာင့္ ဘာကိုမွေသခ်ာေရရာစြာ ေဝဖန္မပိုင္းျခားႏိုင္ေတာ့ဘဲ စိတ္ခံစားခ်က္ေနာက္ကိုသာ လိုက္ခဲ့သည့္အတြက္ လက္ေအာက္ငယ္သားေတြကို လုံၿခဳံေရးအရ အတူေခၚသြားဖို႔ေတာင္ ေမ့ေလ်ာ့သြားခဲ့ရသည္။

အမည္တပ္ထားျခင္းမရွိသည့္ သံေယာဇဥ္ႏွင့္ပက္သက္လာလွ်င္ လူတိုင္း ဆင္ျခင္တုံတရားကင္းမဲ့ သြားတတ္ၾကသည္။ ေလေျပရွင္းေတာင္မွဘဲ ထိုေလာကီေရးရာကို မလြန္ဆန္ႏိုင္ခဲ့ေပ။ တစ္ခ်ိန္တည္းမွာပင္ ရွင္းက ကိုးလ္ကို အိမ္ျပန္လႊတ္လိုက္ျခင္းအေပၚ အလြန္အမင္းေနာင္တရလာခဲ့ကာ ကိုယ့္ကိုကိုယ္ အျပစ္မတင္ဘဲ မေနႏိုင္ေတာ့ပါေခ်။ အကယ္၍ သူသာ ထိုအခ်ိန္တုန္းက ကိုးလ္ကို ဖမ္းဆြဲထားခဲ့လွ်င္ ယခုကဲ့သို႔ျဖစ္လာလိမ့္မည္မဟုတ္သည့္အျပင္ ကိုးလ္လည္း သူ႔ေၾကာင့္နဲ႔ အႏၲရာယ္က်ေရာက္လိမ့္မည္ မဟုတ္ေပ။ ရွင္း တစ္ေယာက္ ကိုယ့္ကိုကိုယ္အျပစ္တင္မိ႐ုံသာမက အမုန္းႀကီးမုန္းမိသည္အထိ ကိုးလ္အေပၚထားတဲ့ သူ႔ရဲ႕ သံေယာဇဥ္ေတြက ခိုင္ၿမဲေနခဲ့သည္။

သူထင္ထားလိုက္သည္က အလုပ္ေတြအရမ္းရႈပ္ေနသည့္အတြက္ ကိုးလ္ကို ေကာင္းေကာင္းဂ႐ုမစိုက္ႏိုင္တာေၾကာင့္ ကိုးလ္အလိုရွိတဲ့တိုင္း လုပ္ခြင့္ျပဳလိုက္ျခင္းသာျဖစ္ေလသည္။ ကိုးလ္ ပုံစံၾကည့္ရသည္မွာ အခ်ိန္ေတြၾကာလာတာေတာင္ ရွင္းအိမ္မွာေနရတာ မသက္မသာျဖစ္ေနသည့္အတြက္ ရွင္းအေနျဖင့္ ကိုးလ္ကို ျပန္လႊတ္လိုက္ဖို႔အျပင္ ေ႐ြးခ်ယ္စရာမရွိခဲ့ျခင္းျဖစ္သည္။ ေန႔တိုင္း ကိုးလ္ ေနရခက္ေနတာကို ၾကည့္‌ရတာထက္စာလွ်င္ အရင္တိုင္းလြတ္လြတ္လပ္လပ္ႏွင့္ ၿပဳံးေပ်ာ္ေနတာက ပိုေကာင္းသည္ဟု ရွင္း ထင္လိုက္ျခင္းေၾကာင့္ပင္။သို႔ေသာ္ ထိုဆုံးျဖတ္ခ်က္က ယခုလိုအေျခအေနထိ ေရာက္သြားမည္ကိုသာ ႀကိဳသိခဲ့လွ်င္ သူဟာ ဘယ္ေတာ့မွ ကိုးလ္ကို အိမ္ကထြက္သြားဖို႔ ခြင့္ျပဳခဲ့လိမ့္မည္ မဟုတ္ေပ။

_______________________________________

Note/

Welcome to 2023. May you have better days than the past. I love you all.🌸

Continue Reading

You'll Also Like

136K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
327K 22.8K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
147K 15.9K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
35.4K 1.8K 42
ရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထား...