“ဟိုမှာ လယ်ကွင်းတွေ၊ တောင်တန်းတွေနဲ့
စမ်းချောင်းတွေအများကြီးရှိတယ်တဲ့။
ဦးဂျွန်တို့နေမယ့်ရွာကလေးမှာလေ”
“ဒါဆို အများကြီးအေးချမ်းနေမှာပဲနော်”
“ဒါပေါ့ အချစ်ရဲ့”
ဘူဆန်ကရွာငယ်လေးသို့ သွားနေသည့်လမ်းကလေး၌ဖြစ်သည်။ ဦးဂျွန်က ခွင့်ပြုချက်နှင့်အညီသူ့အားခေါ်လာခဲ့တာဖြစ်ပြီး မေမေတို့ကိုလည်းစိတ်ချဖို့နဲ့မစိုးရိမ်ဖို့ အတန်တန် ကတိပေးခဲ့ပါသေးသည်။ရွာဟာ ဘူဆန်ရဲ့အစွန်အဖျားဖြစ်ပြီး ဝေးလံခေါင်းပါတဲ့အရပ်ဖြစ်သောကြောင့် အနည်းငယ်တော့ပြင်ဆင်
သွားရသည်။
အစာပြေမုန့်တွေ၊ အ၀တ်အစားတွေ၊ ဆေးဝါးရိက္ခာနှင့်အတူ အသုံးအဆောင်ပစ္စည်းအချို့တွေ။ ဒါတွေအားလုံးကို ဦးဂျွန် ကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်ပြီးကားနောက်ခန်းနဲ့ နောက်ဖုံးတွင် နေရာအပြည့်ယူထားသည်။
“ဟိုရောက်ရင် ဆေးဝါးရှားမယ်ထင်တယ်”
“အင်း။ အဆက်အသွယ်လုပ်ရတာလည်း ခက်ခဲမှာအဲ့တာကြောင့် ဦးဂျွန် အများကြီးပြင်ဆင်လာတယ်”
“ဟုတ်လား”
“အင်း တစ်လတစ်ခါ ရိက္ခာနဲ့ ဆေးဝါး များများပို့ပေးဖို့ စာတမ်းတင်ခဲ့တယ်။ ဒေါက်တာထယ်ယောင်းက ဒီပရောဂျက်ကိုကိုင်တာလေ။ သူက တိကျပြီးမှန်ကန်တယ်။ အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေကတော့ ရွာလမ်းရောက်တာနဲ့ သိပ်မမိတော့ဘူးလို့ကြားတယ်”
“တော်တော်ဝေးတဲ့နေရာပဲ...”
“အဲ့တာကြောင့် ရောဂါဖြစ်ရင် ဘယ်သူမှမသိကြတာပေါ့။ ဒီလိုနေရာတွေမှာနေတဲ့လူတွေက အားလုံးထက် အခက်ခဲဆုံးပဲ ဟိုရောက်ရင် သိမှာပါ အခုတော့ အိပ်လိုက်အုံးလေ မနက်အစောကြီးထလာရတာ”
“ဘယ်သူနိုးတာလဲ ပြော”
မျက်စောင်းလေးထိုးကာ ရန်တွေ့လိုက်တော့ကားမောင်းနေသည့်ဆရာ၀န်ကြီးက တဟားဟားရယ်သည်။ သူ့ပါးတစ်ဖက်ကို ဖွဖွလေးလာဆွဲပြန်သည်။
“အိပ်တော့ ကလေးလေး
ရောက်ရင် ဦးဂျွန် နိုးမယ်
ဗိုက်ဆာရင်လည်း ပြောနော်
မုန့်တွေအများကြီး ပါတယ်”
“ဦးဂျွန်လည်း ကားမောင်းလို့ ညောင်းရင်
ခဏနားရမယ်နော် သိတယ်မလား”
“သိပါတယ်ဗျာ....အိပ်တော့နော် ကလေးလေး”
ကားမောင်းနေတဲ့ ဆရာ၀န်ကြီးရဲ့ ပါးတစ်ဖက်ကိုပြန်ဆွဲကာ ကလေးလေးသည် အိပ်ပျော်သွားရှာသည်။ မနက်၃နာရီထဲက အစောကြီးနိုးခဲ့ရတဲ့အပြင်မနက်စာတောင် သေချာမစားခဲ့။ တစ်ခုခုများနောက်ကျသွားရင်၊ လွဲချော်သွားရင်ဆိုတဲ့ စိတ်ကြောင့်
ဦးဂျွန်ဟာ တစ်ညလုံးလည်း မအိပ်နိုင်။
ခရီးအတွက်လိုအပ်တာတွေထည့်ရင်း သတိရရင် ရသလို ဖုန်းထဲမှတ်ထားတဲ့ ဆော့ဂျင်အကြိုက်လေးတွေကိုလည်း၀ယ်ရခြမ်းရပါသေးသည်။
တကယ်ဆို ဒီလိုဝေးလံခေါင်ပါးတဲ့ အရပ်တွေမခေါ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် ကလေး
မရှိရင်မနေနိုင်တာဟာ ကျွန်တော့်ရဲ့ အားနည်းချက်လေးပါပဲ။ မရှိရင်မနေနိုင်တာကလွဲလို့ ကျွန်တော့်မှာရောဂါကြီးကြီးမားမားတွေ မဖြစ်ခဲ့ပါဘူး။
အားလုံးကတော့ သိချင်နေကြမှာပဲ။ဘာလို့ ကျွန်တော်က ၅နှစ်ကျော် relationshipကိုမေ့ပြီး ဒီကလေးလေးအပေါ် ချစ်ခင်တွယ်တာနေရလဲဆိုတာကိုပေါ့။
ချစ်ခြင်းမေတ္တာမှာ ချည်ပုံချည်နည်း
အမျိူးမျိုးရှိကြောင်း ကျွန်တော်ကိုယ်တိုင်
အခုမှ သေချာနားလည်ခဲ့ရတယ်။ သံယောဇဉ်နဲ့ချည်တာ ၊ မတော်တဆ ချည်မိတာ၊ဒါမှမဟုတ် နှစ်ပေါင်းများစွာ ချည်လာခဲ့မိတာ။ဘယ်လိုပဲ ချည်ချည် ချစ်ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်ပဲ ရောက်ကြမှာပဲ။
ဒါပေမယ့် မတူခဲ့ပါဘူး။ ကျွန်တော်နဲ့ ဆော့ဂျင်က သံယောဇဉ်တွေနဲ့ချည်ခဲ့တာဖြစ်ပြီး
မေ့ထားမိတဲ့ ခံစားချက်တွေကလည်း
နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် မအိုဟောင်းဘဲနုနယ်ပျိုပြစ်နေဆဲ ဖြစ်ခဲ့တယ်။
အရာခပ်သိမ်းပါပဲ ။
ဦးဂျွန် ဆိုတဲ့ခေါ်သံအနောက်
အရာခပ်သိမ်းဟာပြာကျအတိ
ငြိမ်းချမ်းခဲ့ရတာပါပဲ......။
#####
ဘူဆန်ကိုရောက်တော့ ညနေတောင်ရောက်နေပြီ။လမ်းတစ်လျှောက်လုံးလည်း ကားမောင်းခဲ့လို့ညောင်းချိနေတဲ့အပြင် ရွာကိုဆက်မောင်းဖို့ကလည်းနာရီပိုင်းလောက်လိုနေသေးသည်။ ဒါ့ကြောင့် ဒီညတစ်ညတော့ ဘူဆန်မှာတည်းပြီး မနက်မိုးလင်းမှ
ရွာကို ဆက်မောင်းဖို့ သူဆုံးဖြတ်လိုက်သည်။
မြို့ထဲ အတွင်းကျကျနေရာတစ်ခုမှာ ဟိုတယ်ကိုရှာတွေ့သွားပြီး ခါးပတ်ဖြုတ်ကာ ကားပေါ်မှဆင်းမယ်ကြံတော့ လူပ်ရွကာ
တအင့်အင့်ဖြင့် နိုးလာခဲ့တဲ့သူ။
“ရောက်ပြီလားဟင်”
အိပ်ယာထခါစ ပြတ်ရှရှအသံလေးဟာ ကားပေါ်ကဆင်းဖို့ပြင်နေတဲ့ လူပ်ရှားမှုအစုံကိုရပ်တန့်သွားစေပုံ။ လှည့်ကြည့်လိုက်တော့ အပျင်းကြောတွေဆန့်ကာ မျက်လုံးတွေကို အကြိမ်ကြိမ်အဖန်ဖန်ပွတ်သပ်နေသည်။
“အိပ်ရေး၀ရဲ့လား ကလေးလေး”
“အိပ်လို့ကောင်းတယ် ဦးဂျွန်ကားမောင်းတာ
ငြိမ်နေတာပဲ ”
“ချစ်လိုက်တာ”
ပါးအိအိလေးကိုဆွဲတော့ မျက်စောင်းလေးပါလာသည်။ အများကြီး မဆွဲရက်ပါ။ ကလေးငယ်ရဲ့အသားအရည်ဟာ ထိလွယ်ရှလွယ် ၊ နူးညံ့လွယ်တဲ့အပြင် အကြာကြီးဖိမိရင်တောင် အနီရာတွေကျန်ခဲ့တတ်သည်။
“ရွာက ဆက်သွားဖို့ဆိုကြာအုံးမှာ အခုညတော့ဟိုတယ်မှာပဲ တည်းလိုက်မလို့ မနက်ကျမှ စောစောထပြီးရွာကိုဆက်ကြမယ်လေ”
“အင်း ကောင်းသားပဲ ဒါနဲ့ ဘူဆန်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိတယ် သိလား”
သူငယ်ချင်းဆိုတဲ့ လေသံကြားတော့ ဆရာ၀န်ကြီးရဲ့မျက်ခုံးတွေ ကျုံ့သွားကာ ခပ်စူးစူးကြည့်လာသည်။
“ဘယ်ကသူငယ်ချင်းလဲ”
“အထက်တန်းတူတူတက်ခဲ့တာ သူ့နာမည်က
ပတ်ဂျီမင်းတဲ့ သေးသေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတယ် သူကလေ ကျွန်တော့်ပါးကို ခဏခဏလာလာဆွဲတတ်လို့ မမဟန်နဲ့တောင် ရန်ဖြစ်ဖူးတယ် သိလား ”
“ဘာ”
“ဟုတ်တယ် အဲ့တုန်းကလေ လမ်းကြားလေးထဲမှာရန်ဖြစ်တာထင်တယ် ခွေးတွေကလည်း လိုက်ဆွဲလို့ဆွဲ သူကလည်း မမဟန်နဲ့ ရန်ဖြစ်နေတဲ့ကြားထဲကကျွန်တော့်ပါးကို ဆွဲတာ မရမကပဲ ”
“ကလေးလေး”
“ပြောပြရအုံးမယ် သိလား ဂျီမင်းကလေ”
သူ့စကားကိုဆုံးအောင် နားမထောင်။ ကားပေါ်မှဆင်းသွားသည်။ ကျန်ခဲ့တဲ့ သူ့ခမျာ ကြောင်တောင်တောင်လေး။ ခါးပတ်ကိုမြန်မြန်ဖြုတ်ကာ ကားပေါ်မှလိုက်ဆင်းလိုက်လေသည်။
“ဘာလို့ဆင်းသွားတာလဲ
ဒီမှာစကားပြောနေတယ်လေ”
“အော် ကိုယ့်ရည်းစားတစ်ယောက်လုံး အရှေ့မှာတခြားတစ်ယောက်အကြောင်းပြောနေတာကောင်းလား စဉ်းစားလေ..... ကိုယ်တောင်အထိမခံလို့ သိမ်းတောင်ထားချင်တာ ဘာတဲ့ ပါးကိုလိုက်ဆွဲတယ်ဟုတ်လား!”
“ဟမ် ဦးဂျွန်”
“မင်းမမဟန်ကလည်း ဒါမျိုးကျ ရန်ပဲဖြစ်တတ်တယ် သေအောင်တော့ မရိုက်ခဲ့ဘူးနော် ပြောလိုက်ရင် လေကြီးမိုးကြီး....ငယ်လေး ငယ်လေးနဲ့”
“မဆိုင်တဲ့လူကို ဆွဲမထည့်ပါနဲ့
ဦးဂျွန် ဘာဖြစ်နေတာလဲ တကယ်”
“ဘာဖြစ်နေလဲဆိုတာ နည်းနည်းတောင်
မရိပ်မိဘူးလား မင်း”
“မသိလို့ပေါ့ သိရင်မေးမလား နေပါအုံး အခုဦးဂျွန်က ကျွန်တော့်ကို သ၀န်တိုနေတာလား”
သူမေးလိုက်တော့ ဆရာ၀န်ကြီးက အံကြိတ်၍ကြည့်လာသည်။ ကြောက်နေတာမျိုးတော့မဟုတ်။ပြန်ပြီးမျက်လုံးပြူးပြလိုက်သည့်အခါ ဆရာ၀န်ကြီးရဲ့အံ
တွေ အလိုအလျောက်တိုသွားရလေရဲ့။
“ဦးဂျွန်”
“ဘာလဲ!!”
“ဘယ်လိုထူးနေတာလဲ
“ဘာလဲကွာ”
“ဦးဂျွန်လို့....”
“ဗျာ ”
ဘယ်တော့မှပဲ။ လမင်းလေးသည် ဘယ်တော့မှစင်ပေါ်ကမဆင်းဘူး။ ဦးဂျွန်ဆိုတဲ့ခေါ်သံနဲ့တင်ဒီလူဟာ အမြဲတမ်း ရိုရိုကျိုးကျိုးနဲ့ ပုံသေဖြစ်ပေးရတယ်။ ချစ်မိတော့လည်း ခက်ရတာပဲပေါ့။
“သ၀န်မတိုနဲ့ သူက ဒီအတိုင်း သူငယ်ချင်းပဲ
အခု သူ့မွေးရပ်မြေရောက်လို့ သတိရသွားလို့ပြောပြမိတာ သ၀န်တိုစရာလား”
“မဟုတ်သေးပါဘူး။ ကျန်တာ ထားပါ ။ သူငယ်ချင်းအထိ လက်ခံပေးတယ် ဘာလို့ ပါးကိုဆွဲတဲ့ကိစ္စကပါလာရတာလဲ ပြီးတော့ ကိုယ်မကြိုက်ဘူးဆိုတာဟောဒီ မျက်နှာမည်းကြီးမှာ ပေါ်နေတာလေ
မသိဘူးလား!”
“အဲ့ဒီမျက်နှာမည်းကြီးကို မကြည့်မိလို့
မသိတာပေါ့ သိရင် ပြောပါ့မလား စဉ်းစားလေ”
“အကြောတင်းလိုက်တာ ဘယ်လိုဟာလေးလဲ”
“အကြောတင်းတယ် ဘာဖြစ်လဲ!”
“ဘာမှမဟုတ်ပါဘူး အကြောတင်းရင် နိုပ်ပေးမလို့လာ...လာ ဟိုတယ်ထဲဘိုကင်သွားလုပ်ရမယ်”
ဆက်ပြောနေရင် လက်သဘောတွေ လမင်းလေးဆီကရတော့မှာ ကြိုသိနေလို့ လက်မောင်းမှဆွဲကာဟိုတယ်ရှိရာသို့ခေါ်လာခဲ့သည်။ သူခေါ်သည့်နောက်ဆူဆူပုပ်ပုပ်နဲ့ တရွတ်တိုက်ပါလာသူဟာ ဟိုတယ်ရဲ့
Reception ရောက်သည်အထိ မျက်နှာဟာ မလျော့သွား။ လက်နှစ်ဖက်ကို သူဆွဲလို့မရအောင် အတင်းဆွဲပိုက်ထားသေးသည်။
“မင်္ဂလာပါရှင့် Paradise Hotelမှ ကြိုဆိုပါတယ်ဘယ်နှစ်ခန်းပြင်ပေးရမလဲရှင့်”
“တစ်ခန်း”
“နှစ်ခန်း”
ပြိုင်တူထွက်ပေါ်လာတဲ့အသံကြောင့် ကောင်မလေးကြောင်သွားသည်။ ဆော့ဂျင်ကိုကြည့်တော့ သူမဟုတ်သလို မျက်နှာကိုတစ်ဖက်လှည့်ထားသည်။
“တစ်ခန်းပဲပေး ညီမ”
“ဟုတ်ကဲ့ နှစ်ယောက်အိပ်ပဲနော်”
“တစ်ယောက်အိပ် နှစ်လုံးပေး
မဟုတ်ရင် မတည်းဘူး”
“ကလေးလေး!”
ဆိုးလိုက်တာ။ ဆိုးလိုက်တာလို့ပဲ ရင်ထဲမှရေရွတ်ရင်း ကောင်မလေးကို ခေါင်းငြိမ့်ပြလိုက်သည်။ခဏကြာတော့ဖောင်မှာ လိုအပ်တဲ့အချက်အလက်တွေဖြည့်ပြီး မှတ်ပုံတင်တွေအပ်ကာ အခန်းသော့ယူ၍ အခန်းရှိရာကိုတက်လာခဲ့သည်။
“ဒီအခန်းပါရှင့်
အထုပ်တွေကို ခဏနေ လာပို့ပေးပါလိမ့်မယ်နော်”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
သာယာတဲ့အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်”
၀န်ထမ်းမလေးထွက်သွားတော့ ဆော့ဂျင်က အခန်းတံခါးကိုဆွဲဖွင့်ကာ ဘုဆတ်ဆတ်နဲ့၀င်သွားသည်။အခန်းတံခါးကို သေချာပိတ်ကာ ကြည့်တော့ကုတင်ပေါ်မှာ ပုံ့ပုံ့ကြီးထိုင်နေသူ။ စိတ်ဆိုးပြေဖို့နေနေသာသာ လက်နှစ်ဖက်ကို ပိုက်ထားပုံဟာ စင်ပေါ်က။
“ကလေးလေး”
“ပြော”
“ခဏနေ ရေချိုးနော် ပြီးရင် တစ်ခုခုသွားစားကြမယ်ဌာနကို ဦးဂျွန် သတင်းပို့လိုက်အုံးမယ်”
ဘာစကားမှမတုံ့ပြန်လာသည်မို့ အိတ်ထဲမှဖုန်းကိုထုတ်ကာ ဟိုတယ်ရဲ့ balcony ရှိရာကိုထွက်လာခဲ့လိုက်သည်။ balcony အပြင်ဘက်ရောက်တော့မှသက်ပြင်းချကာ ဖုန်းကိုဖွင့်လိုက်၏။
“ဟယ်လို ထယ်ယောင်းလား
ကျွန်တော်ပါ ဒေါက်တာဂျွန်
ဘူဆန်မှာတစ်ညတည်းပြီး မနက်ဖြန်မှ
ရွာကိုဆက်ဖို့ စီစဉ်ထားတယ်ဗျ”
တိုးတိတ်စွာကြားနေရတဲ့ ဦးဂျွန်ရဲ့ဖုန်းပြောသံတွေကိုနားထောင်ရင်း ဆော့ဂျင် ကုတင်ပေါ် လှဲချလိုက်သည်။ နီယွမ်မီးလုံးတစ်ခုထဲသာ နေရာယူထားသည့်ဟိုတယ်မျက်နှာကျက်ကိုကြည့်ရင်း ခြေချောင်းများကိုလူပ်ရမ်းကာ ဆော့ကစားနေလိုက်သည်။
“စိတ်ဆိုးစရာလား ပါးလေးကိုဆွဲလို့ဆွဲတဲ့
အကြောင်းပြောတာလေ နားလည်ပေးရမှာမဟုတ်ဘူးလား ပြီးတော့ ငါ့သူငယ်ချင်း ပတ်ဂျီမင်းကဘယ်လောက်ထိ ချစ်ဖို့ကောင်းလဲ နေပါစေအုံးဖုန်းဆက်ပြီးကိုခေါ်အုံးမယ် ဒင်းနဲ့တွေ့အောင်....”
ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ လက်တွေသည် မခေါ်ဖြစ်တာကြာတဲ့ သူငယ်ချင်းလေးဆီသို့.....။
“ဟယ်လို Jimin Ah”
“အော ငါဘူဆန်ရောက်နေတယ် တွေ့ကြမလား”
“အိုကေ အိုကေ ငါ့ဟိုတယ်လိပ်စာ ပို့ပေးမယ်လာခဲ့သိလား lobster ကိုအခွံနွာကျွေးမယ်”
ဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် ဦးဂျွန်ကအခန်းထဲပြန်၀င်လာသည်။ လုပ်ချင်တာလုပ်ပြီးပြီမို့ ဖုန်းကိုပိတ်ကာ ကုတင်ထက်ပြန်လှဲနေလိုက်သည်။
“ခဏနေ ရေချိုးနော်
အခုတော့ ဦးဂျွန်အရင်ချိုးနှင့်မယ်”
“အင်း”
တွေ့ကြသေးတာပေါ့။
သ၀န်တိုတဲ့မျက်နှာမည်းကြီးကို။
သူ့အလှည့်တုန်းက သ၀န်တိုတာထက်
ပိုတိုအောင်လုပ်ပြအုံးမယ်.....။
####
“စားသောက်ဆိုင်က ဟိုတယ်နားမှာရှိတယ်ပြောတယ် အရမ်းကောင်းတယ်တဲ့”
“ဟုတ်လား ”
“အဲ့ပဲသွားကြမယ်နော် ”
“အင်း”
ဦးဂျွန်က ဟိုတယ်အခန်းတံခါးကိုပိတ်နေရင်းပြောလာသည်။ ခေါင်းငြိမ့်ပြပြီးနောက် ကော်ရစ်တာကိုပဲကြည့်နေမိသည်။ ပတ်ဂျီမင်း ချက်ချင်းလာမယ်ဆိုပြီးအခုထိမလာသေးဘူး။ ပြောတော့ဖြင့် သူ့အိမ်နဲ့ဟိုတယ်က ခြေရင်းခေါင်းရင်းဆိုပဲ။
“Kim Seok Jin!!!!!!!!”
ပြောမဆုံးသေးပါ။ ခြေလှမ်းသေးသေးလေးတွေနဲ့ပြေးလာသူဟာ ကျောင်းတုန်းကလို သေးသေးသွယ်သွယ်လေးပဲ။ အဝါရောင်ဆံပင်တွေက အရင်မြင်နေကျပုံရိပ်ထက် ပိုတက်ကြွကာလှပနေသည်။ဆွယ်တာအဖြူလေးက ပြေးလိုက်တဲ့ခြေလှမ်းတွေနဲ့အတူ ခါးသေးသေးလေးဟာ လွင့်ခနဲ။ အဲ့လိုမျိုး
ဟိုပေါ်ဒီပေါ်လေးတွေ၀တ်ပြီး လှပကြော့မော့နေတာဆိုလို့ ဒီကမ္ဘာမှာ ပတ်ဂျီမင်းပဲရှိမယ်ထင်ပါသည်။
“Jimin Ah....လွမ်းနေတာ ငါ့ဖက်ထုပ်လေး”
“ကျောင်းပြီးတော့ တစ်ခေါက်တောင်လာမလည်ဘူးနေနိုင်တယ်နော် ငါက မင်းပါးအိအိလေးကိုသတိရနေတာ!!”
လိုချင်တဲ့ဇာတ်ကွက်နဲ့ကွက်တိ။ ပါးအိအိနှစ်ဖက်ကိုဂျီမင်းက ဆွဲဖဲ့ကာ လူကို ဖက်နမ်းမတက် ခွတက်ပြီးဖက်လာသည်။ အနောက်ကလူကိုတော့လှည့်မကြည့်မိသေး။ ဘယ်လိုဖြစ်နေမလဲဆိုတာ ကျောပေးထားရုံနဲ့တင်ခံစားမိနေပြီမို့ ဂျီမင်းကိုသာ မနိုင်တနိုင်ပြန်
ဖက်ထားမိလိုက်သည်။
“Jimin Ah...ဘာစားလာလဲ ”
“မစားလာဘူး မင်းနဲ့တွေ့မယ်လုပ်ထားလို့ ပြင်ဆင်ပြီးထွက်လာတာ မင်းကရော”
“ငါက ညစာစားမလို့ လိုက်မလား”
“လိုက်မယ် လိုက်မယ်”
မျက်စိအရှေ့မှာဖြစ်ပျက်နေတဲ့ အကောင်သေးသေးနဲ့သူ့ကလေးကိုကြည့်ပြီး အသက်ရှူတွေကြပ်ချင်လာရသည်။ ဖက်ထားလိုက်ပုံများ ဝေးကွာမတတ်။အသံဆာဆာတွေသည် ကော်ရစ်တာတစ်လျှောက်
ပြည့်နှက်ကာ ဦးဂျွန်ရဲ့နားစည်တွေသည်ကွဲထွက်လုနီးပါး။ အဆိုးဆုံးက ပါးကိုလိုက်ဆွဲနေတာတွေ။
လက်ပိစိတွေက ပါးအိအိကိုလိုက်ဆွဲနေတာများသူ့အသားမဟုတ်တိုင်း။ သူ့ပါးမဟုတ်တိုင်း။ပါးနှစ်ဖက်က နီရဲနေပြီ။ ဒါကို သူ့ဟာလေးကလည်းငြိမ်ခံနေတာပဲ။ အတော်သဘောကျနေပုံရမယ်။
“အဟမ်း! သွားမယ်”
“ဆော့ဂျင်နီး အဲ့တာ ဘယ်သူလဲ”
“သူက...”
“ကိုယ်က သူ့ချစ်သူပါ အသေးလေး”
“ဘာ!!”
ဂျီမင်းက ဆော့ဂျင်ကိုဖက်ထားရာမှခွာလိုက်သည်။နီမြန်းလာတဲ့မျက်နှာကြီးက ဦးဂျွန်ကိုစိုက်ကြည့်နေပြီး မျက်မှောင်တွေကျုံ့လာသည်။
“အသေးလေးက မသိသေးဘူးထင်တယ်
ကိုယ်နဲ့သူနဲ့က”
“နားထောင်လို့အကောင်းမှတ်နေတယ်
ဘာအသေးလေးလဲ လူကိုများ ရာရာစစ”
“သေးလို့ အသေးလေးလို့ခေါ်တာ ထူးဆန်းတာလားအခေါ်မခံချင်ရင် ဘားခိုလေ အရပ်ထွက်အောင်”
“ခိုတယ် ဘားခိုရုံတင်မဟုတ်ဘူး စီးပါစီးတာ!!သဘောပေါက်! အရပ်က သူ့ဟာသူထွက်မလာတာ!”
“ဆေးရုံလိုက်ခဲ့မလား သေချာခွဲစိတ်ပေးမယ်
အရပ်ရှည်ဆေးလည်းတိုက်မယ်လေ”
“ဟာ!!!”
အရပ်ကိုထိလို့ဆွေ့ဆွေ့ခုန်နေတဲ့ ဂျီမင်းကိုဆွဲခေါ်ကာထိုနေရာမှထွက်လာခဲ့ကြသည်။
ဦးဂျွန်ကတော့ဂျီမင်းကိုစလိုက်ရလို့ပျော်နေမည်ထင်။ သူကတော့အကောက်သန်တဲ့ သူငယ်ချင်းကိုချော့ရတော့မည်။ ကျောင်းမှာထဲက ဆော့ဂျင်က ရုပ်ရှည်နဲ့ပတ်သပ်ပြီး sensitive ဖြစ်သလောက် ဂျီမင်းကလည်း
အရပ်နဲ့ပတ်သက်ရင် sensitive ။
လမင်းလေး မပျော်တော့ပါ......။
#####
“ဆော့ဂျင်နီ ပါးစပ်ဟ အာ....”
“ဒါလေးစားကြည့် အရမ်းကောင်းတယ်”
“ပုစွန်တွေ အရမ်းစားကောင်းတယ်ဟုတ်
ငါတို့ဘူဆန်ထွက်လေ”
“ဆော့ဂျင်နီ .....ငါနဲ့နေခဲ့မလား
နေ့တိုင်းပုစွန်ကင်ကျွေးမယ်လေ”
“ဆော့ဂျင်နီ....”
“ဆော့ဂျင်နီ”
ထပ်ခါတလဲလဲ ထပ်နေတဲ့ အသံဆာဆာတွေဟာဒီဆိုင်ထဲ တော်တော်အမြင်ကပ်စရာ။ အဲ့နှစ်ယောက်ကသူ့တို့နှစ်ယောက်တစ်ကမ္ဘာထင်ပြီး ဘေးလူကိုအဖက်တောင်မလုပ်တော့ဖူး။ စိတ်တိုတိုနဲ့ ပုစွန်အသားတွေကိုခက်ရင်းနဲ့ထိုးပြီး ဝါးပြနေလိုက်သည်။
“အယ် ဆော့ဂျင်နီရဲ့အချဉ်လေးကုန်သွားပြီပဲ
ဟိုဖက်က ဦးလေးကြီး သွားယူပေးပါအုံး”
“ဟမ်! ဘာပြောလိုက်တယ်”
“အချဉ်ကုန်နေပြီ အဲ့တာ ဦးလေးကြီးက သွားယူပေးပါလို့ပြောတာလေ ဘာမှားလို့လဲဟင်”
ခွေးပေါက်လေးလို မျက်လုံးလေးနဲ့ မျက်နှာကိုငယ်ပြတော့ ထွက်ရမယ့်ဒေါသတွေက ရပ်တန့်သွားကာသူ့ကလေးကိုကြည့်တော့ ယူပေးလိုက်လေဆိုတဲ့အကြည့်တွေ။
“ဟင်းးး”
သက်ပြင်းချကာ အချဉ်ခွက်ကိုဆောင့်ခနဲယူပြီးထိုဝိုင်းမှ ထထွက်လာခဲ့သည်။ အချဉ်ဖြည့်တဲ့ကောင်တာကိုရောက်တော့ လူကအုံနေသည်။ စိတ်ထဲအချဉ်ညှစ်တဲ့စက်နဲ့ ဟိုပတ်ဂျီမင်းဆိုတဲ့ညှောင့်စိကိုထည့်ညှစ်လိုက်ချင်မိသည်။
“ညှောင့်စိန်....သက်သက်တကူးတက
ဘူဆန်မှာတည်းမယ်ဆိုထဲက ငါမှားတာ
ငါကိုကလျှာရှည်တာ ဟိုကလည်း သူငယ်ချင်းမျက်နှာ တစ်ကမ္ဘာ ငါ့ကို
ရှိရဲ့လားတောင်မသိဘူး”
“ဒေါက်တာဂျွန် ဘာတွေပြောနေတာလဲ
တစ်ယောက်ထဲ”
“အမလေး”
အချဉ်ထည့်ဖို့တန်းစီနေတုန်း အနောက်မှကြားလိုက်ရသည့်အသံကြောင့်လှည့်ကြည့်တော့ လန့်သွားကာအံ့ဩသွားရသည်။
“ဂျီနာ?”
“ဟုတ်တယ်လေ ကျွန်မကိုမမှတ်မိဘူးလား
၀မ့်သူငယ်ချင်းလေ။ ၀မ့်မွေးနေ့တုန်းက ဆုံဖူးတယ်လေ။ ၀မ်က တရုတ်ပြည်ခဏပြန်သွားတယ်လို့တော့ကျွန်မ သတင်းကြားတယ် နေကောင်းတယ်မလားသူ....ဟိုတစ်ခေါက်ဖုန်းဆက်တုန်းကတော့ဆေးခန်း
ပြနေရတယ်လို့ပြောတယ်”
“အင်း ....ကျွန်တော် ရုတ်တရက်ဆိုတော့
မမှတ်မိဘူးဖြစ်သွားတာ တောင်းပန်ပါတယ်”
“မဟုတ်တာ ရပါတယ် ဒါနဲ့ဘူဆန်ကိုဘာလာလုပ်တာလဲ ဒေါက်တာက”
“တာ၀န်ကျလို့ပါ ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးနော်”
အချဉ်ရည်ကိုဆက်မထည့်တော့ဘဲ ထိုမိန်းကလေးကိုနူတ်ဆက်ကာ လှည့်ထွက်လာခဲ့သည်။ မယဉ်ကျေးတဲ့ အပြုအမူဖြစ်သွားမှန်းသိသော်လည်းနောက်လှည့်မကြည့်မိ။ ဆော့ဂျင်ရှိရာကိုသာ မြန်မြန်လျှောက်လာခဲ့လိုက်သည်။
“ပြန်မယ် ထ”
“စားလို့မပြီးသေးဘူးလေ”
“ထစမ်းပါ! မ၀သေးရင် ဟိုတယ်ရောက်မှထက်မှာပေးမယ် အခုပြန်ကြမယ် ထ”
“ဦးဂျွန်”
“အခုချက်ချင်းထ”
ဆော့ဂျင်လက်ကိုဆွဲကာ ထခိုင်းတော့ မထလာ။ငုံ့ကြည့်လိုက်တော့ သူ့အားမော်ကြည့်နေတဲ့မျက်မှောင်တွေနဲ့တိုးသည်။ ကျန်တဲ့အချိန်တွေဆိုသည်းခံနိုင်ပေမယ့်အခုချိန်မှာတော့မဖြစ်။ ၀မ့်သူငယ်ချင်းတွေ့သွားခဲ့ရင် ဇာတ်လမ်းတွေကပိုရူပ်သွားနိုင်သည်။
“မပြန်ဘူး ကုန်အောင်စားမှာ”
“ပြန်မယ်လို့ပြောနေတယ်လေ အခုချက်ချင်းထ”
“ဦးလေး...ဦးလေးဘာဖြစ်နေတာလဲ
ဆော့ဂျင်နီက စားနေတုန်းလေ”
“မင်း၀င်မပါနဲ့ အသေးလေး”
ဦးဂျွန်က ဂျီမင်းကိုလက်ညိုးထိုးကာခပ်တည်တည်ပြောလိုက်တော့ ဂျီမင်းကငြိမ်ကျသွားသည်။ စားပွဲထောင့်ကိုပြေးကပ်သွားပုံအရ သိပ်ကြောက်သွားသည့်ဟန်။ ချက်ချင်းဆိုသလို ဆော့ဂျင် မတ်တပ်ရပ်လိုက်မိသည်။
“ဝုန်းး”
“ဦးဂျွန် ဘာဖြစ်နေလဲ အခုကျွန်တော့်သူငယ်ချင်းနဲ့ညစာစားတာတောင် ဦးဂျွန်က မကြည်ဖြူဘူးလားဘာလို့လိုက်ပြီးချုပ်ချယ်နေရတာလဲ!!!”
“ဘယ်မှာချုပ်ချယ်လို့လဲ!!!! အခုကလည်းဟိုတယ်ရောက်ရင် ထက်မှာပေးမယ်လို့ ငါပြောတယ်လေ!!နေစမ်းပါအုံး....ချုပ်ချယ်တယ် ဟုတ်လားငါချုပ်ချယ်ရင် ဒီအသေးကောင်နဲ့မင်းနဲ့ အခုလိုထိုင်ပြီးတစ်ကမ္ဘာလုပ်နေမှာတောင် မဟုတ်ဘူး!!”
“အဲ့တာချုပ်ချယ်တာ ....ချုပ်ချယ်နေတာ
သက်သက်မဲ့လူကို ရွာအထိခေါ်ပြီးချုပ်ချယ်နေတာမနေဘူး ပြန်မယ် အခုချက်ချင်း အိမ်ကိုပြန်မယ်!!!”
“ကင်ဆော့ဂျင်!!!”
“ဘာလဲ!!!!”
“ဟိုတယ်ပြန်ကြမယ်လို့....”
သောင်းကျန်းနေတဲ့ကလေးလေးက သူ့အသံကြားတော့ငြိမ်ကျသွားသည်။ အစောကဒေါသတွေထွက်ပြီးအော်လိုက်မိတာ နောင်တရမိသွားသည်။သူ့ကလေးက ဒီလိုမျိုးချော့ပြောရင် ရရဲ့သားနဲ့။
“နော်....လိမ်မာပါတယ် ကလေးက
ဟိုဖက်က အသေးလေးလည်း ပြန်တော့နော်
ဒီဖက်က ကလေးလေးကတော့ ကိုယ်နဲ့လိုက်ခဲ့ဟိုတယ်ပြန်ကြမယ်...နော်”
ဆိုင်ထဲကလူတွေကလည်း ရုတ်တရက်ဆူပူအော်ဟစ်ပြီးငြိမ်ကျသွားတဲ့ သူတို့သုံးယောက်ကိုကြည့်နေသည်။ ဂျီမင်းကတော့ စားပွဲထောင့်မှာကပ်၍ ငြိမ်သက်နေသည်။ ကလေးလေးလက်ကိုဆွဲလိုက်တော့ အသာလေးပါလာသည်။ အောက်ချထားတဲ့မျက်နှာလေးကို မေးစေ့မှတဆင့် ဆွဲယူကြည့်တော့ မျက်ရည်လေးတွေ ကပ်ညှိနေတဲ့မျက်စောင်း
လှလှလေးတွေ။ သူ့ကိုမကြည့်ဘဲ ဆိုင်အပြင်ဘက်ကိုကြည့်နေသည်။
“ပြန်ကြမယ်နော် ဟိုတယ်ရောက်မှ
ဦးဂျွန် ချော့မယ် ချော့ပါ့မယ်ကလေးရယ်”
ပိုက်ဆံအိတ်နဲ့ဖုန်းတွေယူကာ ကလေးလက်ကိုဆွဲပြီးဆိုင်ထဲမှထွက်လာခဲ့သည်။ ကျန်ခဲ့တဲ့ ဂျီမင်းကတော့မျက်စိရှေ့က မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီး ရင်ဘတ်လေး တဖိဖိနဲ့။ ဆိုင်ထဲကသူတွေကလည်း ဟိုနှစ်ယောက်ပြန်သွားပြီဆိုမှ အကြည့်တွေလွှဲသွားကြသည်။
ထိုစဉ် ဂျီမင်းအနားကို လျှောက်လာခဲ့သည့် မိန်းကလေးတစ်ယောက်။ ဂျီမင်းကိုကြည့်နေကာတစ်ခုခုကို မေးချင်နေသည့်ဟန်။
“ဘာလဲဟင်”
နှလုံးသိပ်မကောင်းသူမို့ ကြမ်းကြမ်းတမ်းတမ်းတွေမြင်လိုက်ရင် ရင်တုန်တတ်သည်။ ရင်ဘတ်လေးကိုလက်နဲ့ဖိရင်းမေးတော့ ထိုမိန်းကလေးက သူ့ဘေး၌လာထိုင်သည်။
“ဟိုလေ အစောကနှစ်ယောက်က ဘာတွေလဲဆိုတာသိလားဟင်”
“အစောကနှစ်ယောက်....ဘယ်နှစ်ယောက်လဲ
ဆိုင်ထဲမှာအများကြီးလေ”
“ဒီနားမှာ အော်ဟစ်သွားတဲ့နှစ်ယောက်ကိုမေးတာပါသူတို့နှစ်ယောက်က ဘာတော်တာလဲဆိုတာမောင်လေးများ သိမလားလို့လေ”
“အာ....ဆော့ဂျင်နီနဲ့ သူ့ဦးလေးကြီးကိုပြောတာလားသူတို့က ရည်းစားတွေလေ”
“ရှင်!”
#####
ဟိုတယ်ကိုပြန်ရောက်တော့ ဆော့ဂျင်က တွဲထားတဲ့လက်ကိုဖြုတ်ပြီးအခန်းထဲအရင်ပြေး၀င်သွားသည်။ချက်ချင်းအနောက်ကနေ လိုက်၀င်တော့ ကုတင်ပေါ်မှာ ကျောပေး၍ ထိုင်နေတဲ့ သူ့ကလေးလေး။
“ဦးဂျွန် တောင်းပန်ပါတယ်”
“......”
“ဦးဂျွန် စိတ်တကယ်ဆက်သွားမိတယ်
တောင်းပန်ပါတယ် ကလေးရယ်
ကိုယ် တကယ်တောင်းပန်ပါတယ် ”
“......”
လမင်းလေးထံမှ ဘာအသံမှမလာ။ ကျောပေး၍ထိုင်နေသည်မှာ အသက်ပင်မရှူတော့သလိုမျိုး။ အရုပ်လေးချထားသည့်နှယ် တိတ်ဆိတ်နေတဲ့အခန်းအလယ်က ကော်ပတ်ရုပ်လေးသည် သေချာပေါက်မျက်ရည်တွေဝဲနေခဲ့သည်။
“အဲ့လိုကြီးတော့ မနေပါနဲ့
ကိုယ့်ကိုစကားပြောပါအုံး နော်
ကိုယ်တောင်းပန်ပါတယ်”
သူဘယ်လိုခေါ်ခေါ် ပြန်စာမလာတဲ့ ဖြစ်တည်မှုလေးရဲ့အရှေ့ကို လျှောက်သွားလိုက်သည်။ ဒူးတစ်ဖက်ထောက်ကာ ထိုင်နေသူရဲ့လက်ချောင်းတွေဆုပ်ကိုင်တော့လည်း မရုန်း။ မျက်နှာချင်း မဆိုင်ဆိုင်အောင်
ကြည့်ပြန်တော့လည်း တစ်ဖက်ကိုသာလွှဲထားပြန်သည်။
“ကလေးလေး ....အဲ့လိုကြီးမနေနဲ့လေ
ဦးဂျွန်ကို စိတ်ဆိုးနေသေးတယ်ဆို ထုချင်ထု
ရိုက်ချင်ရိုက်လိုက်! ဒါမှမဟုတ် ဘယ်လိုလုပ်ချင်လဲ။ဦးဂျွန် ဘာလုပ်ပေးရမလဲ။ တစ်ခုခုစားမလား။ဦးဂျွန် ဘယ်လိုလုပ်မှ -”
“မအော်နဲ့”
“ဟင်”
“မအော်နဲ့လို့.....မကြိုက်ဘူး”
ဦးဂျွန် ခေတ္တမျှငြိမ်သက်သွားသည်။ ကလေးငယ်ကမျက်နှာကိုအောက်ချ၍ နူတ်ခမ်းလေးတွေတသိမ့်သိမ့်တုန်နေသည်။ မော်မကြည့်လာတဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးရင်း ခဏကြာတော့ ကျဆင်းလာတဲ့ မျက်ရည်ဥတွေ။ စိုးရိမ်စိတ်တွေဟာ သွေးကြောတွေနဲ့အပြိုင် ဒိန်းခနဲ။
“ကလေးလေး”
“ဦးဂျွန်က အော်တော့ ကျွန်တော် ၀မ်းနည်းတာပေါ့ဘာလို့အော်လဲ! မကြိုက်ဘူး မအော်နဲ့! အော်တာမကြိုက်ဘူး! နောက်လည်းမအော်နဲ့! အခုလည်းမအော်နဲ့ ဘယ်တော့မှ မအော်နဲ့! ၀မ်းနည်းတယ်လို့ပြောနေတယ်လေ!!”
ရှိူက်ကြီးတငင်ငိုချလာတဲ့ ကလေးငယ်ဟာ မျက်ရည်တွေနဲ့အပြိုင်။ပေါင်နှစ်ဖက်ပေါ်တင်ထားတဲ့လက်သီးဆုပ်လေးတွေကလည်း တုန်ယင်နေပြီးငိုနေသည်မှာ တသိမ့်သိမ့်။ ချက်ချင်းဆိုသလိုကလေးငယ်ကိုပွေ့ဖက်လိုက်တော့ အလိုက်သင့်လေးပါလာသည်။
“တောင်းပန်ပါတယ် ဦးဂျွန်တောင်းပန်ပါတယ်။နောက်မအော်တော့ဘူးနော်....ဘယ်တော့မှကလေးကို ဦးဂျွန်မအော်တော့ပါဘူး ။တောင်းပန်ပါတယ် တောင်းပန်ပါတယ်”
တဖွဖွအက်ကြောင်းထပ်နေခဲ့တဲ့ တောင်းပန်ပါတယ်ဆိုတဲ့အသံတွေ။ ဟိုတယ်အခန်းထဲ ညံနေခဲ့တံ့ထိုအသံတွေဟာ ရှိုက်သံတွေနဲ့အပြိုင်။ ဖက်ထားရင်းနဲ့ပဲ အချိန်တွေကျော်လွန်ခဲ့သည်။
“တောင်းပန်ပါတယ် ကလေးရယ်
ဦးဂျွန်အမှားပါ တောင်းပန်ပါတယ်
နောက်မအော်တော့ပါဘူးနော်
ခွင့်လွှတ်ပါ ကလေးရယ် ”
“မငိုပါနဲ့တော့နော် ဦးဂျွန်ရင်တွေပေါက်ထွက်တော့မယ် တောင်းပန်ပါတယ် ငါမှားတာ ငါ့ကလေးမျက်ရည်ကျအောင် ငါလုပ်တာ !”
ဆော့ဂျင်ပေါင်ပေါ် မျက်နှာအပ်ကာ သူလည်းငိုချလိုက်တော့ လမင်းလေး ထိတ်လန့်သွားသည်။ဦးဂျွန်ရဲ့ပခုံးကိုဆုပ်ကိုင်လိုက်ကာ မျက်နှာလေးကိုမော့စေလိုက်သည်။
“မငိုပါနဲ့ ဦးဂျွန်
ကျွန်တော်လည်း မငိုတော့ဘူး
အဲ့တာကြောင့် မျက်ရည်တွေသုတ်ပါနော်”
“သုတ်ပေး ”
“အင်းအင်း သုတ်ပေးမယ် မငိုနဲ့တော့
ကလေးလား ပြော”
“ငိုနေရင် ကလေးပဲ”
မျက်ရည်တွေတိတ်သွားတော့ ရယ်သံသဲ့သဲ့လေးတွေထွက်လာသည်။ အဆင်ပြေသွားတဲ့အခါ ဒူးထောက်ရာမှ ဆော့ဂျင်ဘေး၌ ၀င်ထိုင်လိုက်သည်။ရူပ်ပွနေတဲ့ ဆံပင်ကောက်ကောက်လေးတွေကိုနားရွတ်ကြား၌ညှပ်တင်ပေးတော့ လမင်းလေးဟာသူ့ကိုလှည့်ကြည့်၍ ပြုံးပြလာသည်။
“ချစ်တယ်
တောင်းလည်းတောင်းပန်တယ် ”
“ဘယ်လောက်ထိချစ်တာလဲ”
“အသွားအပြန်မရှိပါဘူး ကလေးရယ်”
TBC.......
#####
“မဟုတျသေးပါဘူး။ ကနြျတာ ထားပါ ။ သူငယျခငြျးအထိ လကျခံပေးတယျ ဘာလို့ ပါးကိုဆှဲတဲ့ကိစ်စကပါလာရတာလဲ ပွီးတော့ ကိုယျမကွိုကျဘူးဆိုတာဟောဒီ မကြျနှာမညျးကွီးမှာ ပေါျနတောလေ
မသိဘူးလား!”
####
“Kim Seok Jin!!!!!!!!”
#####
#####
“......”
“......”
TBC.......