Unicode
~~~~~~~
"တောက်ခ်...ရန်ငြိမ်းအောင်
မင်းဘာလုပ်လိုက်တာလဲ!!။"
"အဟက်..မမြင်ဘူးလား။
တမင်တကာရိုက်ချလိုက်တာလေ။!
စီးကရတ်ကိုဖိနပ်ထိပ်နဲ့ဖိပြီး အရေးမပါသလိုပြောလာတဲ့ကောင်ကိုကြည့်ပြီး ငါ့မှာအသည်းတွေယားလွန်းလို့နားထဲကလေပူတွေပါထွက်လာရတယ်။
"တမင်တကာလုပ်ရအောင်
အဲ့တာမင်းသောက်ဆံနဲ့ဝယ်ထားတဲ့ဟာမို့လို့လား
မကောင်းတဲ့အကောင်ရဲ့!!။"
"အဟွန်း..အဲ့တာကရော မင်းသောက်ဆံနဲ့ဝယ်ထားတာမို့လို့လား ။အလကားရထားတဲ့ဟာကြီးကို။ စျေးထဲကလိုအသံပြဲနဲ့လာအော်မနေနဲ့။"
"အော်တော့ဘာဖြစ်လဲ...အဲ့တာငါ့ဆောက်ကြောင်းလေ။မင်းကသူများဟာကိုလဲဖျက်စီးသေးတယ် အသံကောင်းဟစ်နေရအောင်မင်းကဘာကောင်မို့လို့လဲ!!။"
စကားပြောအချိုးမပြေချက်ကတော့..တွေ့တဲ့အတိုင်းပဲ။ငါနော်..ဒေါသထွက်လိုက်တာဆိုတာ
ဘေးနားမှာရှိတဲ့အုတ်ခဲနဲ့သာပြေးရိုက်ပလိုက်ချင်တယ်။အဲ့ကောင်က တကယ်ကိုလူလိုနားမလည်တာ။
"ငါဘာကောင်လဲဆိုတာ မင်းမသိဘူးလား။
ပြန်မှတ်မိသွားအောင် ခေါင်းရိုက်ခွဲပေးရမလား!ဟမ်!!။"
လေသံမာမာနဲ့ ငါ့ကိုခြိမ်းခြောက်လာတဲ့ကောင်က
သူ့ကိုယ်သူနှစ်လုံးထီရောင်းတဲ့ကောင်ဆိုတာမေ့နေတဲ့ပုံပဲ။အဟား...ရန်ငြိမ်းအောင်တို့ကတော့ ငါ့ကိုလူသတ်ချင်လာအောင်လာလုပ်နေပြီ။
"မင်းလိုကောင်ကိုငါကကြောက်ရမှာလား။
လုပ်ရဲရင်လုပ်ကြည့်လိုက်လေ..ဒီမှာ
ဘယ်သူ့ကိုမှမကြောက်လို့အုပ်ကြီးလုပ်နေတာကွ!။"
"ဟုတ်လား..ငါ့ကိုဆိုရင်တော့ဖင်တုန်အောင်
ကြောက်တယ်ထင်နေတာ။"
"အား...ရန်ငြိမ်းအောင် မင်းကိုငါဒီနေ့ရအောင်
လုပ်သတ်မယ်။"
ပြဲလန်နေအောင်အော်ပြီး သူ့ဆီပြေးဝင်လာတဲ့ဂျပုကို
ရန်ငြိမ်းအောင် ခါးကနေဆွဲဖမ်းထားလိုက်တယ်။
ဒေါသတကြီးရိုက်နှက်လာတဲ့ ရင်ဘက်ကလက်သီးဆုတ်တွေကအားပြင်းလွန်းလို့နှလုံးကွဲပြီလားတောင်ထင်ရ။ဒီလက်သီးစုပ်သေးသေးလေးတွေမှာ အတွင်းအားဘယ်လောက်တောင်ခိုအောင်းနေလေသလဲ။
"လော်ပဲ..ငါ့ကမင်းကိုကြောက်တယ်များထင်နေလား။အုပ်ကြီးဆိုတဲ့နာမည်ကိုထိန်းနေလို့ကွ!။
"ဖုန်းး!"
"အာ့..သိပြီလေကွာ။အလကားရတဲ့နွားနို့တွေသောက်ပြီးဆောက်ရမ်း..ဆောက်ရမ်း မလုပ်ပါနဲ့လား။"
"အဲ့ဒါအလကားယူလာတာမဟုတ်ဘူး..ခွေးသားလေးရငါ့အကြွေးဝယ်လာတာဟ။လော်ပဲ...မင်းကငါ့ကိုဆို
အလကားစားတဲ့ကောင်လို့ပဲထင်နေတာမလား။"
"ဖုန်း..အုံး!!။"
အကြွေးယူလာတာဆိုပြီးပြောလိုက်၊နှမျောစရာကြီး၊
နွားနို့တွေစျေးတက်နေတာမင်းမသိဘူးလားဆိုပြီး
နီရဲနေတဲ့မျက်နှာကြီးနဲ့အော်လိုက်နဲ့ ရင်ဘက်ကို
တဖုန်းဖုန်းထုနေတာမို့ ရန်ငြိမ်းအောင်မှာ အတော်လေးကိုနာကျင်လာပြီးချောင်းပါဆိုးချင်လာရတယ်။
"အဟွတ်...သိပြီ၊သိပါပြီကွာ။
မင်းကိုယ့်ကိုအသေရိုက်သတ်တော့မလို့လား
အုပ်ကြီးလုပ်ပြီး လူသတ်မလို့ပေါ့လေ..ဟုတ်လား။"
သိသိသာသာပြောင်းလဲသွားတဲ့လေသံကြောင့်ထင်
နီရဲနေတဲ့မျက်နှာလေးက အသက်ပြင်းပြင်းရှုပြီး
သူ့ကိုပြန်ကြည့်လို့လာတယ်။ အနက်ရောင်
ကိုင်းမျက်မှန်အောက်က မျက်ဝန်းညိုလေးတွေမှာ
ခိုသီနေတဲ့ မျက်ရည်စလေးတွေကိုတွေ့လိုက်ရတာမို့ ခါးသိမ်သိမ်လေးကိုဖက်ထားမိတဲ့လက်တို့က
တင်းခနဲ။
"မင်းငါ့ကိုပြောချင်သလိုပြောပြီး
အခုမှလေပြေအေးနဲ့ လာလုပ်လို့ရမလား။
ငါ့ကိုဆောက်ပြဿနာမရှာခင် အခြေအနေကို
သိအောင်လုပ်ပါလားသောက်ကောက်ကွေးကောင်ရဲ့။!!"
"အင်း..အင်း။"
"မင်းကျတော့ ဟိုကလေးနဲ့သာယာနေတာလေ။
ပတ်ဝန်းကျင်အခြေအနေကိုမသိပဲ ငါ့ပဲ
ဆောက်ပြဿနာလိုက်ရှာနေပြီးတော့။"
"အင်း..ကိုယ်မှားသွားပါတယ် မငိုနဲ့တော့နော် ။
မင်းကို အဲ့ကောင်ကလိုတာထက်ပိုအရေးစိုက်နေလို့
ကိုယ်ကနည်းနည်းမကျေမနပ်ဖြစ်သွားရုံပါ။
ကိုယ့်ကိုယ်ကျ မင်းကအရေးမလုပ်ပဲနဲ့ ကျန်တဲ့လူတွေနဲ့ကျအရမ်းပြုံးနေခဲ့တာကိုး။"
မျက်မှန်အောက်ကမျက်ရည်စတွေကို လက်မနဲ့ဖိသုတ်ပေးပြီးရန်ငြိမ်းအောင် ဂျပုလေးကိုပြန်ချော့လိုက်ရတယ်။ရင်ခွင်မှီမျက်နှာလေးက သူ့ကိုပြန်ကြည့်ပြီးရန်တွေ့နေလိုက်တာများနှုတ်ခမ်းကိုထော်နေတာပဲ။ အင်း..သူကလဲဒီလိုအရာတွေကြောင့်ပဲ ဘယ်သူနဲ့မှစိတ်မချတာ။ သဝန်တိုတာလဲ
မပြောနဲ့လေ..ဒီအပုလေးကအရမ်းချစ်စရာကောင်းနေတဲ့ဟာကို။
"ကိုယ်.. ကိုယ်..ဆိုပြီးမသုံးနဲ့။ငါကလေးမဟုတ်ဘူး
လူဆိုးကောင်ရဲ့။ ငါအရေးလုပ်တုန်းက ကျမင်းပဲလာမပတ်သက်နဲ့လို့ပြောခဲ့တာလေ။"
ဒေါသရှိန်ကမပြေသေးတာကြောင့် တစ်ချက်တစ်ချက်စကားပြန်ပြောလာရင်အသံကအကျယ်ကြီး။
ပုရစ်လိုပဲ အကောင်သေးသလောက် အသံကစူး
နေရော။လူပြတ်တဲ့ပတ်ဝန်းကျင်ဆိုပေမဲ့ ဒီလောက်အသံဆိုလူတွေကြားသွားနိုင်တာကြောင့် သူဂျပုလေးရဲ့လက်ကိုဆွဲပြီး အနီးနားကဘုရားပျက်ကွင်းကြီးဆီခေါ်လာခဲ့တယ်။
"မင်း..ငါ့ကိုဘယ်ခေါ်နေတာလဲ။
ဟိတ်ကောင်...လွှတ်နော်၊ဘုရားပျက်မှာ ဥစ္စာစောင့်တွေရှိတယ်လို့။"
အနောက်ကနေ အသံပေါင်းစုံနဲ့အော်ပြီးလူကြားကောင်းအောင်သာပြောနေတာ။ သူ့လက်ကိုတော့လွှတ်ရဲတာမဟုတ်ဘူး၊ကိုင်ထားတာများကော်နဲ့ကပ်ထားတာကျနေတာပဲ။
"အာ..အဲ့တာဆိုမင်းအသံလျှော့တော့နော်။
ဥစ္စာစောင့်တွေ နားညည်းပြီးထွက်လာလိမ့်မယ်။"
သူအဲ့လိုပြောလိုက်တော့မှ ဂျပုလေးရဲ့အသံကလည်းတိတ်ကျသွားတယ်။ အဲ့တော့မှဘုရားပျက်တွေနားကဝါးရုံတောဆီခေါ်သွားပြီး ဂျပုလေးရဲ့ခါးကိုပြန်ဖက်လို့ရင်ခွင်ထဲပြန်ဆွဲသွင်းပစ်လိုက်တယ်။
"ဟ..ဟိတ်ကောင်။
မင်း..မင်းဘာလုပ်တာလဲ။"
"ဘာလုပ်လို့လဲ... ခုနကဒေါသမပြေသေးဘူးမလား
အခုရင်ဘက်ကိုပြန်ထုပြီးပြန်အော်လေ။
ဒီမှာဆိုဘယ်သူမှမကြားဘူး။"
သူပြောလိုက်တော့ မျက်နှာလေးကရဲခနဲ။
ဒါလားသူ့ကိုမကြိုက်တာ။ အဲ့လိုမှမဟုတ်ရင်
သူနမ်းတာကို ဒီအပုလေးကနှစ်ကြိမ်တိတိသည်းခံပါ့မလား။ဒီအရူးလေးက ကိုယ့်ခံစားချက်ကိုယ်မသိသေးလို့သာအခုလိုဆိုးနေတာရယ်။
"ဖယ်..ငါပြန်တော့မယ် ။"
"နေပါအုံး..!"
ပြန်မယ်ဆိုပြီးရင်ခွင်ထဲကရုန်းထွက်လာတဲ့သူကို
ရန်ငြိမ်းအောင် ခပ်တင်းတင်းပြန်ပွေ့ထားလိုက်တယ်။
မသိမသာတုန်ယင်နေတဲ့ စွပ်ကျယ်အပြဲအောက်က
ကိုယ်လေးက သူ့ကိုလန့်နေဟန်ရှိတာမို့
မေးဖျားလေးကိုဆွဲပင့်ပြီးအကြည့်ချင်းစုံစေလိုက်ရတယ်။ဒီကောင်ကြီးက သူနဲ့မှအခုလိုနုယွတတ်တာကိုတော့ဒီအုပ်ပုလေးကမသိရှာဘူး။ သနားစရာပဲ။
"ငါ့ကိုတကယ်ပြန်မချစ်ဘူးလားဟင်။
မင်းဘာကြောင့်ခံစားချက်တွေကိုဖုံးကွယ်နေရတာလဲ။"
"ဘယ်..ဘယ်မှာဖုံးထားလို့လဲ။
ယောက်ကျားအချင်းချင်းကြီးကို။"
ထိုစကားတွေကိုတော့ ဂျပုလေးကတည့်သူ့ကိုကြည့်ပြီးမပြောရဲအဝေးကိုငေးပြီးသာ အထစ်ထစ်အငေါ့ငေါ့နဲ့ပြောလာတယ်။
"ဒါဆို ငါမေးမယ်နော်။
မင်းသေချာဖြေ။"
"အင်း။"
"ငါမင်းကိုဘယ်နှစ်ခေါက်နမ်းဖူးလဲ။"
"ဟာ..မင်းဘာတွေမေးနေတာလဲ။"
ထုံးစံအတိုင်း ရဲတက်သွားတဲ့နားရွက်တွေနဲ့အတူ
အုပ်ပုလေးက ရုန်းကန်လာပြတယ်။ဒီလိုအခြေအနေရောက်မှတော့အသာတကြည်လွှတ်ပေးလိုက်ရအောင် သူကငတုံးမဟုတ်ဘူး။ ကြိတ်ချစ်ရတဲ့လူကို ထမင်းစားပြီးပြီးလား၊ဘာလုပ်နေလဲပဲ သွားမေးတတ်တဲ့ ရူးကြောင်ကြောင်ကောင်လဲမဟုတ်တာမို့
ဂျပုလေးရဲ့ကိုယ်ကိုဝါးပင်တွေကြားညှပ်ထားလိုက်ပြီး အရှေ့ကနေကာထားလိုက်တယ်။
"ကျော်ဇေယျာနိုင်..ဖြေလေကွာ။"
"နှစ်...နှစ်ခါ။"
တံတွေးမျိုချပြီးဖြေလာတဲ့ ဖြေလာတဲ့ဂျပုလေးရဲ့
စကားကိုသူခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်လူရဲ့
နှဖူးပေါ်ကချွေးစလေးတွေကိုသုတ်ပေးရင်း ထပ်မေးလိုက်တယ်။
"အင်း..မင်းအဲ့လိုအနမ်းခံရတာကိုရွံ့လား။
ငါမင်းပါးစပ်ထဲကိုလျှာပါထည့်ခဲ့တာလေ"
"ချီး..အဲ့တာထည့်ပြောစရာလိုလို့လား!။"
"ဖြေပါ..။"
"ချွဲပစ်မနေပါနဲ့ ရန်ကြီးရာ။
မင်းနဲ့မလိုက်ဘူးဟ။"
အဖြေကိုပြန်ပေးချင်ပုံမရတဲ့လူက အကြောင်းပြချက်ရှာပြီးစကားကိုလမ်းကြောင်းပြောင်းလာတယ်။
အဟမ်း..ရန်ငြိမ်းအောင်ကိုဒီလိုလုပ်လို့ရရိုးလား။
"အဲ့တာဆို..ဖြေလေ။မဖြေရင် ရုံးပတီသီးလိုချွဲပစ်လိုက်မယ်။"
"ရွံ ...ရွံတာရယ်လို့တော့မဟုတ်ဘူး။
မင်းကအရမ်းကြီးနမ်းတော့ငါကအသက်ရှုကျပ်ပြီး
မကြိုက်ရုံပဲ။"
မျက်မှန်ကိုတစ်ချက်ပင့်ပြီးအူကြောင်ကြားနဲ့ဖြေလာတဲ့ဂျပုလေးကိုကြည့်ပြီး သူတစ်ချက်ရယ်ချလိုက်တယ်။တကယ်ကိုဘာလုပ်လုပ်ချစ်ဖို့ကောင်းနေတော့တာပဲ။
"အင်း..အဲ့တာဆိုနောက်တစ်ခေါက်ကျ ဖြည်းဖြည်းပဲနမ်းမယ်လေ။"
"ဘာဆိုင်လို့လဲ။"
"အသက်ရှုကျပ်လို့ မကြိုက်ဘူးဆို။
အသက်ရှုမကျပ်ရင်တော့ ကြိုက်တယ်လို့ဆိုလိုတာမဟုတ်ဘူးလား။"
"ဟ..ဘယ်ကသာ။မဟုတ်ပါဘူးကွာ။!!"
ဝမ်းခေါင်းသံကြီးနဲ့ ထငြင်းလာတဲ့ အုပ်ပုရဲ့နှုတ်ခမ်းတွေကိုရန်ငြိမ်းအောင် ဖိကပ်နမ်းပစ်လိုက်တယ်။ကျိန်းသေပေါက်ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲမှာလှောင်ပိတ်ပြီးတော့ပေါ့။ဒီတစ်ခါမှာတော့
သူအလျင်စလိုမလုပ်တော့။ပြန်မနမ်းတတ်တဲ့နှုတ်ခမ်းပါးလေးကို အပေါ်တစ်လှည့်၊အောက်တစ်လှည့်စုပ်နမ်းပြီး..အစောပိုင်းကသောက်ခဲ့တဲ့
လက်ဖက်ရည်အနံ့လေးကိုပြန်ရှာနေလိုက်တယ်။
ချစ်ရပါတယ်..ဒီလူအသေးလေးကိုမှ သူမရရင်ရူးတော့မလိုတောင်ထင်မိတယ်။လူတွေခပ်ရိုင်းရိုင်းပြောပြောကြတဲ့ လင်တရူး ဆိုတာဒီလိုမျိုးများလား။ နှစ်ယောက်သားတစ်ယောက်ကိုယ်တစ်ယောက် ခံစားချက်တွေထပ်တူကျသွားတဲ့အခါကျရင်တော့ ဒီလူကဘယ်လောက်တောင်ရူးခဲ့ရကြောင်းလက်ဖက်ရည်သောက်ရင်းပြောပြချင်ပါတယ်။
ငါ့ကိုရန်ငြိမ်းအောင်က တကယ်ကိုဖြည်းဖြည်းလေးနမ်းနေတာ။နှုတ်ခမ်းဖျားမှာဝဲနေတဲ့စီးကရတ်အနံ့ကငါ့ရဲ့အာရုံတွေအကုန်လုံးကိုထိန်းချုပ်ထားတယ်။
တလှပ်လှပ်နဲ့အခုန်မြန်နေတဲ့
ရင်ဘတ်က ခပ်အိအိနှုတ်ခမ်းဖူးတွေကြောင့်
ပြုတ်ကျတော့မလိုဘဲ။ ငါအစကရုန်းဖို့လုပ်ပါသေးတယ်..ဒါပေမဲ့ အဲ့ကောင်ကအားကြီးနဲ့ဖက်ထားတော့
ဘယ်လိုရုန်းရတော့မှာလဲ။နမ်းရတာကလဲအဆိုးကြီးတော့မဟုတ်ပါဘူး..ပျော်စရာကောင်းတယ်။ကြည့်ရတာ..ဒါငါလိုချင်နေတဲ့နောက်ဆက်တွဲအခြေအနေပဲထင်ရဲ့။
တဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာတဲ့အနမ်းတိုက်ပွဲတစ်ခုမှာဘယ်သူကအနိုင်ရမလဲမသိလိုက်ခင်မှာပဲ ရန်ငြိမ်းအောင် ကငါ့ကိုယ်ကိုဆွဲခွာသွားတယ်။
"ကဲ..ဘယ်လိုလဲသိပြီလား။"
"အဟမ်း..အဲ့..အဲ့လောက်လဲမဟုတ်ပါဘူးကွာ။
ငါမသိချင်ယောင်ဆောင်လိုက်တော့ ရန်ငြိမ်းအောင် ရဲ့မျက်နှာက လူမမာလိုညိုးကျသွားရတယ်။
ရန်ငြိမ်းအောင် ရဲ့ အဲ့လိုအမူအယာကိုမြင်လိုက်ရတိုင်းဘာကြောင့်မှန်းမသိငါသိပ်ပျော်တာပဲ။
"မင်းငါ့ကိုမသနားဘူးလားဟင်..ငါမင်းကိုဆယ်စုနှစ်တစ်ခုလောက်ကြိုက်လာခဲ့ရတာကို မင်းကဒီလိုပဲနေနိုင်တာလား။"
"ဒါပေမဲ့..ငါတို့ကယောက်ျားလေးတွေပဲဟာ
ဘယ်လိုဖြစ်နိုင်မှာလဲ ။"
သူသက်ပြင်းတစ်ချက်ကိုခပ်တင်းတင်းမှုတ်ထုတ်လိုက်ရတယ်။ကျော်ဇေယျာနိုင်ဆိုတဲ့ ငနဲကအရပ်ပုသလောက်တော်တော်အရစ်ရှည်တဲ့ကောင်ပဲ။
"သုံးကြိမ်တောင်နှုတ်ခမ်းချင်းတေ့ပြီးနမ်းပြီးတာကို
အခုထိယောက်ျားလေးချင်းဆိုတာကိုမင်းပြောရဲသေးတယ်လား..သောက်ပေါမလုပ်နဲ့ကျော်ဇေယျာနိုင်
ငါစိတ်မရှည်တော့ဘူးနော်။"
အောင်မာ..ဒီကောင်ငါ့ကိုအော်လိုက်တာလား။
အခုငါ့ကိုလေသံမာမာနဲ့ပြောလိုက်တာပေါ့လေ။
ငါမပြောဘူးလား ရန်ငြိမ်းအောင်ဆိုတဲ့ကောင်က
စိတ်မမှန်ဘူးလို့။ဒီလို အခုတစ်မျိုး၊တော်ကြာတစ်မျိုး
ကောင်ကိုငါဘယ်လိုယုံကြည်ပုံအပ်ရမှာလဲ။
"ဘယ်ကိုအာရုံရောက်နေပြန်တာလဲ။
ငါမေးတာကိုဖြေလေ!!။"
"သောက်ဂွပဲ..မင်းငါ့ကိုလာမအော်နဲ့နော်။
ယောက်ျားချင်းကြိုက်တာလွယ်တယ်များထင်နေလားမင်းကလွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကခြောက်နေခဲ့တာလေ ငါကအခုမှခြောက်မဲ့လူကွ!!။"
"ဟမ်..!။"
မမျှော်လင့်ဘဲကြားလိုက်ရတဲ့စကားကြောင့် ရန်ငြိမ်းအောင်မျက်လုံးပြူးသွားရတယ်။အ...အခုမှခြောက်မဲ့လူဆိုတော့သူ့ကိုပြန်ကြိုက်မယ်လို့ပြောလိုက်တာမဟုတ်လား။
"ကျော်..ကျော်ဇေယျာနိုင်
မင်း..မင်းငါ့ကိုပြန်ကြိုက်မယ်လို့ပြောလိုက်တာမလားဟင်။ဟုတ်တယ်မလား..ဖြေပါအုံးအချစ်ရာ။"
အကျိုးနည်းလွန်းတဲ့သောက်
နှုတ်ခမ်းကိုငါအညိုးနဲ့ဖိကိုက်ပစ်လိုက်တယ်။
ဒီပါးစပ်ကလဲယောင်ပြီးထွက်သွားရတယ်လို့။
"ဟင်..ဟုတ်တယ်မလားလို့။
ဖြေပါကွာ..အဓိကကငါတို့ချစ်နေဖို့ပဲလိုတာပါ။
ငါကတိပေးပါတယ်..မင်းကိုကာကွယ်ပြီးအရာအားလုံးနဲ့ရင်ဆိုင်ဖို့ငါကတိပေးတယ်။"
"အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။
မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က
လှန်ရဲမှာလဲ!။"
"အင်း..ဟုတ်တယ်။အချစ်နဲ့သာဆိုကိုယ်တို့ကို
ဘယ်သူမှပြောရဲမှာမဟုတ်ဘူး..ဘယ်သူမှမပြောနိုင်စေရဘူး။"
ရန်ငြိမ်းအောင် အလိုအလျောက်စီးကျလာတဲ့မျက်ရည်တွေကိုသုတ်ပစ်ပြီး သူ့အရှေ့ကဂျပုလေးကိုပွေ့ချီလိုက်တယ်။
"အား...ဟိတ်ကောင်အပေါ်ကိုမမြှောက်နဲ့လေ
ပြုတ်ကျလိမ့်မယ်။"
လေထဲမှာတစ်ချက်ဝဲပြီးအောက်ကိုပြန်ပြုတ်ကျလာတဲ့အပုလေးကိုဖမ်းပြီး သူတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ရတယ်။ မယုံနိုင်စရာပဲ...တကယ်ကိုမယုံနိုင်စရာကောင်းပေမဲ့ဒါကတကယ့်အဖြစ်အပျက်ပဲ။ သူ့ရင်ခွင်ထဲမှာအပုလေးကတရားဝင်ရောက်ရှိနေပြီ..ဒါတွေအားလုံးကတကယ့်လက်တွေ့ပဲ။
"ပြွစ်..ကိုယ့်အသက်လေး။!"
"လူဆိုးကောင်!!"
နှုတ်ခမ်းလေးကိုအသံမြည်အောင်စုပ်နမ်းတော့ ရှက်စနိုးနဲ့ခေါ်ဝေါ်လာတဲ့နာမည်ပြောင်လေးက တကယ်ကိုကျေနပ်စရာလေး။ သူလုံးဝစိတ်မရှည်တော့တာမို့ အုပ်ပုလေးရဲ့နှုတ်ခမ်းတွေကို ပဥ္စမအကြိမ်မြောက်သိမ်းပိုက်လိုက်ပါတော့တယ်။
တစ်ဖက်လူလဲသဘောကျတဲ့ တရားဝင်အခြေအနေတစ်ခုကိုသက်သေထူဖို့အတွက်ပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[ဟမ့်...အုပ်ကြီးတို့များအဖြေပြန်ပေးတာတောင်
ဘုနဲ့ဘောက်။😒]
Upပေးလိုက်ပါပြီ၊ဖတ်ပေးဖို့မင်းလေးတို့တာဝန်ပါ။
ဒီFicလေးကိုသဘောကျတယ်ဆို မိတ်ဆွေ၊သူငယ်ချင်းတွေကိုညွှန်းပေးပါဦး။ Review လေးတွေလည်းစေတနာပါရင်ရေးပေးလို့ရပါတယ်လို့။
Cmtလေးတွေမျှော်နေပါတယ်နော်။
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊
Zawgyi
~~~~~~~
မင်းဘာလုပ်လိုက်တာလဲ!!။"
"အဟက်..မမြင်ဘူးလား။
စီးကရတ်ကိုဖိနပ်ထိပ်နဲ့ဖိပြီး အရေးမပါသလိုပြောလာတဲ့ကောင်ကိုကြည့်ပြီး ငါအသည်းတွေယားလွန်းလို့နားထဲကလေပူတွေပါထွက်လာရတယ်။
"တမင်တကာလုပ်ရအောင်
မကောင်းတဲ့အကောင်ရဲ့!!။"
လေသံမာမာနဲ့ ငါ့ကိုချိန်းချောက်လာတဲ့ကောင်က
ကြောက်တယ်ထင်နေတာ။"
လုပ်သတ်မယ်။"
"ဖုန်းး!"
"ဖုန်း..အုံး!!။"
အကြွေးယူလာတာဆိုပြီးပြောလိုက်၊နှမျောစရာကြီး၊နွားနို့တွဈေးတက်နေတာမင်းမသိဘူးလားဆိုပြီးနီရဲနေတဲ့မျက်နှာကြီးနဲ့အော်လိုက်နဲ့ ရင်ဘက်ကိုတဖုန်းဖုန်းထုနေတာမို့ ရန်ငြိမ်းအောင်မှာ အတော်လေးကိုနာကျင်လာပြီးချောင်းပါဆိုးချင်လာရတယ်။
အခုမှလေပြေအေးနဲ့ လာပြောလို့ရမလား။
"အင်း..အင်း။"
"ဟ..ဟိတ်ကောင်။
မင်း..မင်းဘာလုပ်တာလဲ။"
"ဖယ်..ငါပြန်တော့မယ် ။"
"နေပါဦး..!"
"ဒါဆို ငါမေးမယ်နော်။
မင်းသေချာဖြေ။"
"အင်း။"
"နှစ်...နှစ်ခါ။"
"ဖြေပါ..။"
မင်းနဲ့မလိုက်ဘူးဟ။"
"ဘာဆိုင်လို့လဲ။"
"ဟ..ဘယ်ကသာ။မဟုတ်ပါဘူးကွာ။!!"
ရင်ဘက်က ခပ်အိအိနှုတ်ခမ်းဖူးတွေကြောင့် ပြုတ်ကျတော့မလိုပဲ။ ငါအစကရုန်းဖို့လုပ်ပါသေးတယ်..ဒါပေမဲ့ အဲ့ကောင်ကအားကြီးနဲ့ဖက်ထားတော့ ငါဘယ်လိုရုန်းရတော့မှာလဲ။
နမ်းရတာလဲအဆိုးကြီးတော့မဟုတ်ပါဘူး..ပျော်စရာကောင်းတယ်။ကြည့်ရတာတော့..ဒါငါလိုချင်နေတဲ့နောက်ဆက်တွဲအခြေအနေပဲထင်ရဲ့။
တဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာတဲ့အနမ်းတိုက်ပွဲတစ်ခုမှာဘယ်သူကအနိုင်ရမလဲမသိလိုက်ခင်မှပဲ ရန်ငြိမ်းအောင် ကငါ့ကိုယ်ကိုဆွဲခွာသွားတယ်။
"ကဲ..ဘယ်လိုလဲသိပြီလား။"
"အဟမ်း..အဲ့..အဲ့လောက်လည်းမဟုတ်ပါဘူးကွာ။
"သုံးကြိမ်တောင်နှုတ်ခမ်းချင်းတေ့ပြီးနမ်းပြီးတာကိုအခုထိယောက်ျားလေးချင်းဆိုတာကိုမင်းပြောရဲသေးတယ်လား..ဆောက်ပေါမလုပ်နဲ့ကျော်ဇေယျာနိုင် ငါစိတ်မရှည်တော့ဘူးနော်။"
ငါမေးတာကိုဖြေလေ!!။"
ယောက်ျားချင်းကြိုက်တာလွယ်တယ်များမင်းထင်နေလားမင်းကလွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကခြောက်နေခဲ့တာလေငါကအခုမှခြောက်မဲ့လူကွ!!။"
"ဟမ်..!။"
"ဟင်..ဟုတ်တယ်မလားလို့။
လှန်ရဲမှာလဲ!။"
ပြုတ်ကျလိမ့်မယ်။"
"ပြွစ်..ကိုယ့်အသက်လေး။!"
"လူဆိုးကောင်!!"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊