UNICODE
အပိုင်း (၁၂)
ကိုယ့်ကို လူဆိုးလုပ်ခိုင်းတော့မှာပေါ့?
ဖေးပိုင်လည်း ခေါင်းထောင်ကြည့်လိုက်သည်။ လော့ယွီစန်း မေးသည့် အိမ်သေးသေးလေးက လော့ဖေးဖေး၏ သဲခုံစားပွဲ ဘယ်ဘက်ထောင့်ရှိ အိမ်သဏ္ဍာန်အရုပ်ကလေးကို ဆိုလိုကြောင်း ဖေးပိုင် သဘောပေါက်လိုက်၏။
"မိသားစုပါ.. ဖေးဖေးရဲ့ သဲခုံစားပွဲတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေ မြင်ဖူးတယ်.. အမြဲတမ်း အဲ့အိမ်သေးသေးလေးကိုပဲ ရွေးတယ်.. မိသားစုမှာ အားထုတ်မှု သိပ်မရှိဘူးဆိုတဲ့ သဘောမျိုးကို ပြောချင်တာနေမယ်" ဖေးပိုင်က အရုပ်များဘက်သို့ မေးငေါ့ပြလိုက်သည်။ "ဒီထက်ကြီးတဲ့ အိမ်တွေ အများကြီးပဲလေ.. ဒါပေမဲ့ ဖေးဖေးက အငယ်ဆုံးအသေးဆုံးအိမ်လေးကိုပဲ အမြဲရွေးတာ"
"မိသားစု"
လော့ယွီစန်းက အတွေးများနေသည့် ပုံစံမျိုးဖြင့် သံယောင်လိုက်ပြောသည်။
ဖေးပိုင်က ကားပေါ်၌ တွေးခဲ့သည့် အတွေးကို သတိရသွားကာ မထိန်းနိုင်တော့ဘဲ လော့ယွီစန်းအား မေးကြည့်၏။
"စီနီယာကိုကို.. ဖေးဖေးမှာ မိသားစုနဲ့ဆိုင်တဲ့ စိတ်ဒဏ်ရာမျိုး ရှိခဲ့ဖူးလားဟင်?"
လော့ယွီစန်းမှာ အချိန်အတန်ကြာ နှုတ်ဆိတ်သွား၏။ ဖေးပိုင်လည်း မိမိကိုယ်ကိုယ် စည်းကျော်မိပြီဟု ခံစားမိ၍ တောင်းပန်ရန်အပြု လော့ယွီစန်းထံမှာ စကားသံထွက်လာသည်။
"မသိဘူး.. သူ ခြောက်နှစ်မပြည့်ခင်တုန်းက ဘာတွေဖြစ်ခဲ့လဲ ငါ မသိဘူး"
__မသိဘူးတဲ့လား?
ဖေးပိုင်မှာ ထိုစကားဆိုလိုရင်းကို နားလည်လိုက်ပြီ။ လော့ဖေးဖေးဟာ လော့ယွီစန်း၏ ညီမအရင်း မဖြစ်နိုင်ကြောင်း မှန်းဆလိုက်၏။
ပို၍လေးလေးနက်နက် စဥ်းစားပြီးနောက် မေးခွန်းဆက်မေးရန် မသင့်တော်တော့ကြောင်း တွေးလိုက်သည်။ ချောင်းတစ်ချက်ဟန့်ကာ ခေါင်းစဥ်ပြောင်း၏။
"တကယ်တော့ ဒီအိမ်လေးက မိသားစုကိုပဲ ကိုယ်စားပြုတာမျိုးတော့ မဟုတ်ပါဘူး.. ကိုယ်ပိုင်စိတ်ဒဏ်ရာမျိုးနဲ့လည်း ဆိုင်ပါသေးတယ်.. အိမ်သေးသေးလေးက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းတာရယ်၊ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သေးတဲ့ သဘောသဘာဝနဲ့လည်း ဆိုင်ပါတယ်.. ကုသရင်းနဲ့တော့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာမှာပါ.. စီနီယာကိုကို တအား စိတ်မပူပါနဲ့"
လော့ယွီစန်းလည်း ဖုန်းတစ်ကောလ်ကို ဖြေကာ 'ဟင်'ဟု အာမေဍိတ်ပြုရင်း မတ်တပ်ထရပ်၏။ ထို့နောက် ဖေးပိုင်ဘက် လှည့်ပြောလိုက်သည်။
"ငါ သွားမှရတော့မယ်"
ဖေးပိုင်လည်း ပြုံးပြလိုက်၏။
"စီနီယာကိုကို ကိုယ့်အလုပ်သာ အာရုံစိုက်ပါ.. ဖေးဖေးကို ကျွန်တော့်ဆီ အပ်ထားလိုက်"
လော့ယွီစန်းလည်း ဖေးပိုင်အား စက္ကန့်ပိုင်းမျှ ငေးကြည့်နေ၏။ ထို့နောက် ရုတ်တရက်ဆိုသလို ဖေးပိုင်၏မျက်နှာဆီ လက်လှမ်းလိုက်သည်။
ဖေးပိုင်၏ ရင်ခုန်နှုန်းမှာ စက္ကန့်ပိုင်းမျှ လေးလံသွားသယောင်။ တဖြည်းဖြည်း ချဥ်းကပ်လာသည့် လော့ယွီစန်း၏လက်ချောင်းများကို ကြည့်ကာ စဥ်းစားခန်းဝင်နေ၏။
__ဖေးဖေးအရှေ့မှာ ဘာလုပ်ဖို့လဲဟ?
ဖေးပိုင်၏မျက်နှာအား ထိတွေ့မည့်ဆဲဆဲ ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် ဘာကြောင့်မှန်းမသိ လက်ပြန်ရုပ်လိုက်၏။
"မျက်တောင် ကျွတ်နေလို့.. ကိုယ့်ဘာသာကိုယ်ပဲ ဖယ်လိုက်တော့"
ဖေးပိုင်လည်း သတိပြန်လည်လာသည်။ ခေါင်းငုံ့ကာ သူ့ပါးသူ ပွတ်လိုက်၏။ ထို့နောက် ခေါင်းထောင်ကာ လော့ယွီစန်းအား တစ်ဖန်ပြန်ကြည့်သည်။
"ရှိသေးလား?"
လော့ယွီစန်း၏လည်စလုပ်က အထက်အောက်လှုပ်ရှားသွား၏။
"မရှိတော့ဘူး"
လော့ယွီစန်းက နက်ခ်တိုင်ကို အနည်းငယ်ဖြေလျှော့ပြီးနောက် တံခါးဖွင့်ကာ ထွက်သွားလေသည်။
ဖေးပိုင်လည်း လော့ယွီစန်း၏ခြေတံရှည်ရှည် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိ၏။ ခေတ္တမျှ ငိုင်နေပြီးနောက် လော့ဖေးဖေးအား ဆက်လက်မှတ်တမ်းတင်သည်။
ဆိုရပါလျှင် လော့မိသားစု၌ ဆရာတစ်ယောက်ဖြစ်ရခြင်းက အလွန်လွယ်ကူလှ၏။ သင်ကြားရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းများက လော့ယွီစန်း ငှားရမ်းထားသည့် ပညာရှင်များကိုယ်တိုင် ပြင်ဆင်ပေးထားခြင်းပင်။ ဖေးပိုင် ခေါင်းစားခံနေစရာမလို။ မာတိကာတစ်ခုချင်းစီ ပြီးမြောက်ရန်အတွက် ဖေးပိုင်က ဖေးဖေးနှင့်အတူ စိတ်ရှည်လက်ရှည် အဖော်ပြုပေးရန်သာ လိုသည်။
ဖေးပိုင်လည်း နယ်စွန်နယ်ဖျားရှိ မိဘမဲ့ဂေဟာများ၌ စေတနာ့ဝန်ထမ်းလုပ်ဖူးခဲ့သည့် အချိန်များကို ပြန်တွေးနေမိ၏။ အများစုက ဖေးဖေးအရွယ်မျှသာ ရှိဦးမည်။ ငါးယောက်၊ ခြောက်ယောက်သော ကလေးများက မှောင်မှောင်မည်းမည်းအခန်းကျဉ်းလေးထဲ စုနေကြကာ မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ဟူသည် ဗလာနတ္ထိ။ ကျန်းမာသန်စွမ်းသည့် ကလေးများက ငယ်ငယ်ရွယ်ရွယ်အချိန်များ၌ မွေးစားခံရသော်လည်း ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသည့် ကလေးငယ်များ၏ဘဝမှာ ခြားနားလေသည်။
ရံဖန်ရံခါတွင် ငွေကြေးသည် ပြဿနာအတော်များများကို ဖြေရှင်းနိုင်၏။ အကယ်၍ တစ်ဘဝစာ မလုံလောက်ခဲ့လျှင်ပင် အခြားလူများထက် သာယာချောမွေ့သည့် ဘဝကို ပိုင်ဆိုင်နိုင်သည်။
အနှီမိဘမဲ့ဂေဟာဆီ မရောက်ခဲ့သည်မှာ အတော်ကြာပြီပဲ။ ဖေးပိုင်လည်း အချိန်အားလပ်လျှင် တစ်ခေါက်လောက် အရောက်သွားရန် တွေးမိ၏။
အင်္ကျီစ အဆွဲခံလိုက်ရသလို ခံစားမိလိုက်သည်နှင့် ဖေးပိုင် ခေါင်းငုံ့လိုက်၏။ ထိုအခါ လော့ဖေးဖေးက ဖေးပိုင်ခြေထောက်အောက်တွင် ဖိထားသည့် ရုပ်ပုံစာအုပ်ကို လက်ညှိုးထိုးပြနေလေသည်။ ပါးစပ်မှလည်း အသံအချို့ ထွက်ပြ၏။
ဖေးပိုင်က ပြုံးပြုံးလေး ပြန်ပြောသည်။
"အိုး ဒါက ဆရာ ဖေးဖေးအတွက် ဝယ်လာပေးတဲ့ လက်ဆောင်လေးလေ.. ဖေးဖေး သဲခုံစားပွဲကို လုပ်ပြီးသွားတဲ့အချိန် ဘေးကနေ ကူဖတ်ပေးမယ်နော်"
လော့ဖေးဖေးက လုံးဝ မတုန်မလှုပ်နေလျက် ထိုစာအုပ်အား စိုက်ကြည့်နေ၏။ ဖေးပိုင်၏လက်အား ဆုပ်ထားသည့် ဖေးဖေး၏လက်က ပို၍ပိုကာ တင်းမာလာသည်။
ဖေးပိုင်လည်း ရွေးချယ်စရာ မရှိတော့၍ ထိုင်ခုံထက် ထိုင်၍ စာအုပ်ကို ပေါင်ပေါ် လှန်ဖတ်လိုက်၏။
"ဒါလေးကို ဖတ်ကြည့်နော်.. နားပြီးရင် သဲခုံစားပွဲကို ဆက်လုပ်တာပေါ့ ဟုတ်ပြီလား?"
လော့ဖေးဖေးက ခေါင်းမညိတ်ပြသလို ခေါင်းလည်း မခါပြချေ။ ကစားကွင်းပုံပါနေသည့် ရုပ်ပုံကားချပ်ဆီ လက်လှမ်းပြီး အချိန်အတန်ကြာ ထိကိုင်ကြည့်နေ၏။ ထို့နောက် ဖေးပိုင်ဆီ လှည့်ကြည့်ကာ အမေးပြုချင်သည့် မျက်လုံးများဖြင့် ကြည့်နေလေသည်။
"ဒါကို ချားရဟတ်လို့ခေါ်တယ်"
ဖေးပိုင်က ထိုစကားလုံးကို ပြောပြီးနောက် လော့ဖေးဖေး နားမလည်လောက်ကြောင်း တွေးမိ၏။ ထို့ကြောင့် ဖုန်းထုတ်ကာ သူငယ်ချင်းအုပ်စုနှင့် ကစားကွင်းသို့ သွားခဲ့စဥ်က အတန်းဖော်တစ်ယောက် ရိုက်ကူးပေးထားသော ဗီဒီယိုကို ရှာလိုက်သည်။
ဗီဒီယိုထဲ၌ ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသည့် ဖေးပိုင်သည် မြင်းရုပ်ပေါ်၌ စီး၍ လက်နှစ်ချောင်းထောင်ကာ ပို့စ်ပေးထား၏။
ဖေးပိုင်အား ဖုန်းစခရင်ထက်၌ မြင်လိုက်ရသည်နှင့် လော့ဖေးဖေး၏မျက်ဝန်းအရောင်များ တောက်ပသွားကာ စိတ်လှုပ်တရှား အသံထွက်လေသည်။
ဖေးပိုင်က ရုတ်တရက် နားမလည်လိုက်သော်လည်း ခန့်မှန်းကာ ပြန်ပြောလေ၏။
"ဟုတ်တယ်.. ဒါဆရာပဲ"
လော့ဖေးဖေးလည်း မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဥ်းစားနေပြီးနောက်မှ သူ့ကိုယ်သူ လက်ညှိုးထိုးပြ၏။
"သမီးလည်း သွားချင်တာလား?" လော့ဖေးဖေး အပြင်ထွက်ခွင့် ရှိ၊ မရှိ ဖေးပိုင် အတပ်မသိသေးသောကြောင့် မရေမရာ ပြန်ဖြေလိုက်ရသည်။ "သမီးရဲ့ကိုကို ခွင့်ပြုရင်တော့ အဲ့ကို တူတူသွားကြတာပေါ့"
ဖေးပိုင်မှာ ထိုည၌ လော့ဖေးဖေး၏တုံ့ပြန်မှုကို ဤမျှ မြန်မြန်ဆန်ဆန် ရမည်မှန်း မမျှော်မှန်းထားခဲ့ချေ။ အိပ်ရာဝင်ခါနီး လော့ယွီစန်းထံမှ ဖုန်းဝင်လာ၏။
"ဖေးဖေးပြောတာ မင်း သူ့ကို ကစားကွင်းခေါ်သွားမလို့ဆို?"
မိန်းကလေးငယ်မှာ ရှင်းရှင်းလင်းလင်း စကားမပြောနိုင်သေးသော်ငြား လော့ယွီစန်းက ခေါင်းစဥ်ကို မွှေနှောက်ကာ ခန့်မှန်းနိုင်လေသည်။ ဖေးပိုင်လည်း လက်ထဲရှိ ရေးလက်စ ပရောဂျက်အစီအစဥ်ကို အောက်ချကာ လော့ယွီစန်းအား ရှင်းပြ၏။
"တိတိကျကျ ပြောရရင်.. သူက ကျွန်တော့်ကို ကစားကွင်းခေါ်သွားစေချင်တာပါ"
တစ်ဖက်လူမှ အသံထွက်မလာသည့်အခါ ဖေးပိုင်က ဆက်ပြောလေသည်။
"ဒီလိုကိစ္စမျိုးဆို ကျွန်တော်လည်း ကိုယ့်စိတ်နဲ့ကိုယ် မဆုံးဖြတ်ရဲတော့ အစ်ကိုဖြစ်သူကို မေးကြည့်ဦးမယ်လို့ ဖေးဖေးကို ပြောထားတာပါ"
"ငါ့ကို လူဆိုးလုပ်ခိုင်းတော့မှာပေါ့?"
လော့ယွီစန်း၏အသံထဲတွင် အပြုံးရိပ်များ ယှက်သန်းနေ၏။
ဖေးပိုင်မှာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"မဟုတ်ရပါဘူး.. စီနီယာကိုကိုက ဖေးဖေး အပြင်ထွက်လို့ရတယ်လို့ ဆုံးဖြတ်ပေးတော့မှ သူ့ကို အပြင်ခေါ်ထုတ်သွားဖို့ အဆင်ပြေလို့ပါ" ဖေးပိုင်က ထိုင်ခုံထက် အချိန်ကြာမြင့်စွာ ထိုင်ထား၍ အကြောဆန့်ပြီးနောက် ဆက်ပြော၏။ "သူလည်း အိမ်မှာ တစ်နေကုန် နေရတာကို.. ပျင်းနေမှာပဲ"
လော့ယွီစန်းက ဤသို့ ပြောလာသည်။
"ကောင်းပြီလေ.. ငါ ခွင့်ပြုတယ်"
"အယ်? ဘာကို ခွင့်ပြုတာလဲ?"
"ဖေးဖေးကို ကစားကွင်းခေါ်သွားဖို့ ခွင့်ပြုတယ်လို့" လော့ယွီစန်းက စကားရပ်လိုက်၏။ ထို့နောက် "ကလေးလုံခြုံရေးလည်း ရှိသေးတာမို့ ငါပါ လိုက်မယ်"
ဆိုရပါလျှင် ကလေးနှစ်ယောက်တည်း အပြင်သွား၍ မကောင်းချေ။ အုပ်ထိန်းသူမိဘများကပါ ဘေးမှ အဖော်လိုက်ပေးရန် လိုသည်။
"ဒါပေမဲ့ ဟိုတစ်ခါ အန်တီကျန်း ပြောတာကျတော့....."
အန်တီကျန်းက ဤသို့ ပြောခဲ့၏။ လော့ဖေးဖေးမှာ သူ့ဘဝ၏ကျန်သက်တမ်းအတွင်း အပြင်ထွက်ဖို့ရာ မဖြစ်နိုင်ဟု။ ထိုစကားကို ဖေးပိုင် ပြန်ကြားယောင်နေရင်း မသင့်တော်သင့်နှယ် ခံစားရ၍ စကားလွှဲလိုက်၏။
"ဖေးဖေး အဆင်ပြေမှာပါနော်?"
"ငါ သူ့နံဘေးမှာ ရှိရင် ပြေပါတယ်.. အရင်တုန်းကလည်း သူ့ကို အပြင်ခေါ်သွားဖို့ စဥ်းစားဖူးတယ်.. ဒါပေမဲ့ ငါလည်း အချိန်မရခဲ့တော့"
ဖေးပိုင်လည်း အကျိုးအကြောင်း ဆီလျော်သည်ဟု တွေးနေသည်။ လော့ဖေးဖေးမှာ လော့ယွီစန်းအရှေ့၌သာဆိုလျှင် စကားများများစားစား ပြောရသည်ကို မနှစ်ခြိုက်သည့်အချက်မှလွဲ၍ သာမန်မိန်းကလေးတစ်ဦးနှင့် မကွဲပြားမခြားနားပင်။
ဖေးပိုင်က ဆိုပါ၏။
"ဟုတ်ကဲ့ပါ ဒါဆို စီနီယာကိုကိုပဲ အချိန်ညှိပေးပါနော်"
လော့ယွီစန်းက မေးလိုက်သည်။
"ဒီတစ်ပတ် စနေဆို အဆင်ပြေလား? ဒါကို မင်းရဲ့ အလုပ်ချိန်အနေနဲ့ ထည့်တွက်ပေးမှာပါ"
ဖေးပိုင်က 'အယ်'ဟု အာမေဍိတ်ပြုပြီးနောက် ဤသို့ ပြောလာ၏။
"တကယ်တော့ စီနီယာကိုကို.. ဒါကို ကျွန်တော့်အလုပ်ချိန်လို့ ထည့်တွက်ပေးစရာ မလိုပါဘူး"
"ဘာလို့?"
အမှန်မှာ ဖေးဖေးအား ကစားကွင်းသို့ လိုက်ပို့ပေးရုံနှင့် ဆုချီးမြှင့်ပေးရန် မလိုကြောင်း ပြောချင်သော်ငြား စဥ်းစားတွေးတောလိုက်ပြီးနောက်မှ လော့ယွီစန်းက မေးလိုက်လေ၏။
"ဘာလို့လဲ မှန်းကြည့်လေ?"
[T/N - Finally set up the first date! ∩^ω^∩ ]
🫧🫧🫧🫧🫧🫧🫧🫧
ZAWGYI
အပိုင္း (၁၂)
ကိုယ့္ကို လူဆိုးလုပ္ခိုင္းေတာ့မွာေပါ့?
ေဖးပိုင္လည္း ေခါင္းေထာင္ၾကည့္လိုက္သည္။ ေလာ့ယြီစန္း ေမးသည့္ အိမ္ေသးေသးေလးက ေလာ့ေဖးေဖး၏ သဲခုံစားပြဲ ဘယ္ဘက္ေထာင့္ရွိ အိမ္သ႑ာန္အ႐ုပ္ကေလးကို ဆိုလိုေၾကာင္း ေဖးပိုင္ သေဘာေပါက္လိုက္၏။
"မိသားစုပါ.. ေဖးေဖးရဲ့ သဲခုံစားပြဲေတြကို မွတ္တမ္းတင္ထားတဲ့ ဓာတ္ပုံေတြ ျမင္ဖူးတယ္.. အျမဲတမ္း အဲ့အိမ္ေသးေသးေလးကိုပဲ ေရြးတယ္.. မိသားစုမွာ အားထုတ္မွု သိပ္မရွိဘူးဆိုတဲ့ သေဘာမ်ိဳးကို ေျပာခ်င္တာေနမယ္" ေဖးပိုင္က အ႐ုပ္မ်ားဘက္သို႔ ေမးေငါ့ျပလိုက္သည္။ "ဒီထက္ႀကီးတဲ့ အိမ္ေတြ အမ်ားႀကီးပဲေလ.. ဒါေပမဲ့ ေဖးေဖးက အငယ္ဆုံးအေသးဆုံးအိမ္ေလးကိုပဲ အျမဲေရြးတာ"
"မိသားစု"
ေလာ့ယြီစန္းက အေတြးမ်ားေနသည့္ ပုံစံမ်ိဳးျဖင့္ သံေယာင္လိုက္ေျပာသည္။
ေဖးပိုင္က ကားေပၚ၌ ေတြးခဲ့သည့္ အေတြးကို သတိရသြားကာ မထိန္းနိုင္ေတာ့ဘဲ ေလာ့ယြီစန္းအား ေမးၾကည့္၏။
"စီနီယာကိုကို.. ေဖးေဖးမွာ မိသားစုနဲ႔ဆိုင္တဲ့ စိတ္ဒဏ္ရာမ်ိဳး ရွိခဲ့ဖူးလားဟင္?"
ေလာ့ယြီစန္းမွာ အခ်ိန္အတန္ၾကာ ႏွုတ္ဆိတ္သြား၏။ ေဖးပိုင္လည္း မိမိကိုယ္ကိုယ္ စည္းေက်ာ္မိၿပီဟု ခံစားမိ၍ ေတာင္းပန္ရန္အျပဳ ေလာ့ယြီစန္းထံမွာ စကားသံထြက္လာသည္။
"မသိဘူး.. သူ ေျခာက္ႏွစ္မျပည့္ခင္တုန္းက ဘာေတြျဖစ္ခဲ့လဲ ငါ မသိဘူး"
__မသိဘူးတဲ့လား?
ေဖးပိုင္မွာ ထိုစကားဆိုလိုရင္းကို နားလည္လိုက္ၿပီ။ ေလာ့ေဖးေဖးဟာ ေလာ့ယြီစန္း၏ ညီမအရင္း မျဖစ္နိုင္ေၾကာင္း မွန္းဆလိုက္၏။
ပို၍ေလးေလးနက္နက္ စဥ္းစားၿပီးေနာက္ ေမးခြန္းဆက္ေမးရန္ မသင့္ေတာ္ေတာ့ေၾကာင္း ေတြးလိုက္သည္။ ေခ်ာင္းတစ္ခ်က္ဟန့္ကာ ေခါင္းစဥ္ေျပာင္း၏။
"တကယ္ေတာ့ ဒီအိမ္ေလးက မိသားစုကိုပဲ ကိုယ္စားျပဳတာမ်ိဳးေတာ့ မဟုတ္ပါဘူး.. ကိုယ္ပိုင္စိတ္ဒဏ္ရာမ်ိဳးနဲ႔လည္း ဆိုင္ပါေသးတယ္.. အိမ္ေသးေသးေလးက သူ႔ရဲ့ စိတ္ပိုင္းဆိုင္ရာ အားနည္းတာရယ္၊ ကိုယ့္ကိုယ္ကိုယ္ မကာကြယ္နိုင္ေသးတဲ့ သေဘာသဘာဝနဲ႔လည္း ဆိုင္ပါတယ္.. ကုသရင္းနဲ႔ေတာ့ ျဖည္းျဖည္းခ်င္း ျပန္ေကာင္းလာမွာပါ.. စီနီယာကိုကို တအား စိတ္မပူပါနဲ႔"
ေလာ့ယြီစန္းလည္း ဖုန္းတစ္ေကာလ္ကို ေျဖကာ 'ဟင္'ဟု အာေမဍိတ္ျပဳရင္း မတ္တပ္ထရပ္၏။ ထို႔ေနာက္ ေဖးပိုင္ဘက္ လွည့္ေျပာလိုက္သည္။
"ငါ သြားမွရေတာ့မယ္"
ေဖးပိုင္လည္း ျပဳံးျပလိုက္၏။
"စီနီယာကိုကို ကိုယ့္အလုပ္သာ အာ႐ုံစိုက္ပါ.. ေဖးေဖးကို ကၽြန္ေတာ့္ဆီ အပ္ထားလိုက္"
ေလာ့ယြီစန္းလည္း ေဖးပိုင္အား စကၠန့္ပိုင္းမၽွ ေငးၾကည့္ေန၏။ ထို႔ေနာက္ ႐ုတ္တရက္ဆိုသလို ေဖးပိုင္၏မ်က္ႏွာဆီ လက္လွမ္းလိုက္သည္။
ေဖးပိုင္၏ ရင္ခုန္ႏွုန္းမွာ စကၠန့္ပိုင္းမၽွ ေလးလံသြားသေယာင္။ တျဖည္းျဖည္း ခ်ဥ္းကပ္လာသည့္ ေလာ့ယြီစန္း၏လက္ေခ်ာင္းမ်ားကို ၾကည့္ကာ စဥ္းစားခန္းဝင္ေန၏။
__ေဖးေဖးအေရွ႕မွာ ဘာလုပ္ဖို႔လဲဟ?
ေဖးပိုင္၏မ်က္ႏွာအား ထိေတြ႕မည့္ဆဲဆဲ ႐ုတ္တရက္ ရပ္လိုက္သည္။ ထို႔ေနာက္ ဘာေၾကာင့္မွန္းမသိ လက္ျပန္႐ုပ္လိုက္၏။
"မ်က္ေတာင္ ကၽြတ္ေနလို႔.. ကိုယ့္ဘာသာကိုယ္ပဲ ဖယ္လိုက္ေတာ့"
ေဖးပိုင္လည္း သတိျပန္လည္လာသည္။ ေခါင္းငုံ႔ကာ သူ႔ပါးသူ ပြတ္လိုက္၏။ ထို႔ေနာက္ ေခါင္းေထာင္ကာ ေလာ့ယြီစန္းအား တစ္ဖန္ျပန္ၾကည့္သည္။
"ရွိေသးလား?"
ေလာ့ယြီစန္း၏လည္စလုပ္က အထက္ေအာက္လွုပ္ရွားသြား၏။
"မရွိေတာ့ဘူး"
ေလာ့ယြီစန္းက နက္ခ္တိုင္ကို အနည္းငယ္ေျဖေလၽွာ့ၿပီးေနာက္ တံခါးဖြင့္ကာ ထြက္သြားေလသည္။
ေဖးပိုင္လည္း ေလာ့ယြီစန္း၏ေျခတံရွည္ရွည္ ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားသည္အထိ ေငးၾကည့္ေနမိ၏။ ေခတၱမၽွ ငိုင္ေနၿပီးေနာက္ ေလာ့ေဖးေဖးအား ဆက္လက္မွတ္တမ္းတင္သည္။
ဆိုရပါလၽွင္ ေလာ့မိသားစု၌ ဆရာတစ္ေယာက္ျဖစ္ရျခင္းက အလြန္လြယ္ကူလွ၏။ သင္ၾကားေရးစနစ္ႏွင့္ သင္ရိုးညႊန္းတမ္းမ်ားက ေလာ့ယြီစန္း ငွားရမ္းထားသည့္ ပညာရွင္မ်ားကိုယ္တိုင္ ျပင္ဆင္ေပးထားျခင္းပင္။ ေဖးပိုင္ ေခါင္းစားခံေနစရာမလို။ မာတိကာတစ္ခုခ်င္းစီ ၿပီးေျမာက္ရန္အတြက္ ေဖးပိုင္က ေဖးေဖးႏွင့္အတူ စိတ္ရွည္လက္ရွည္ အေဖာ္ျပဳေပးရန္သာ လိုသည္။
ေဖးပိုင္လည္း နယ္စြန္နယ္ဖ်ားရွိ မိဘမဲ့ေဂဟာမ်ား၌ ေစတနာ့ဝန္ထမ္းလုပ္ဖူးခဲ့သည့္ အခ်ိန္မ်ားကို ျပန္ေတြးေနမိ၏။ အမ်ားစုက ေဖးေဖးအရြယ္မၽွသာ ရွိဦးမည္။ ငါးေယာက္၊ ေျခာက္ေယာက္ေသာ ကေလးမ်ားက ေမွာင္ေမွာင္မည္းမည္းအခန္းက်ဥ္းေလးထဲ စုေနၾကကာ မ်က္ဝန္းမ်ားထဲ၌ ေမၽွာ္လင့္ခ်က္ဟူသည္ ဗလာနတၳိ။ က်န္းမာသန္စြမ္းသည့္ ကေလးမ်ားက ငယ္ငယ္ရြယ္ရြယ္အခ်ိန္မ်ား၌ ေမြးစားခံရေသာ္လည္း ႐ုပ္ပိုင္းဆိုင္ရာ မသန္စြမ္းသည့္ ကေလးငယ္မ်ား၏ဘဝမွာ ျခားနားေလသည္။
ရံဖန္ရံခါတြင္ ေငြေၾကးသည္ ျပႆနာအေတာ္မ်ားမ်ားကို ေျဖရွင္းနိုင္၏။ အကယ္၍ တစ္ဘဝစာ မလုံေလာက္ခဲ့လၽွင္ပင္ အျခားလူမ်ားထက္ သာယာေခ်ာေမြ႕သည့္ ဘဝကို ပိုင္ဆိုင္နိုင္သည္။
အႏွီမိဘမဲ့ေဂဟာဆီ မေရာက္ခဲ့သည္မွာ အေတာ္ၾကာၿပီပဲ။ ေဖးပိုင္လည္း အခ်ိန္အားလပ္လၽွင္ တစ္ေခါက္ေလာက္ အေရာက္သြားရန္ ေတြးမိ၏။
အကၤ်ီစ အဆြဲခံလိုက္ရသလို ခံစားမိလိုက္သည္ႏွင့္ ေဖးပိုင္ ေခါင္းငုံ႔လိုက္၏။ ထိုအခါ ေလာ့ေဖးေဖးက ေဖးပိုင္ေျခေထာက္ေအာက္တြင္ ဖိထားသည့္ ႐ုပ္ပုံစာအုပ္ကို လက္ညႇိုးထိုးျပေနေလသည္။ ပါးစပ္မွလည္း အသံအခ်ိဳ႕ ထြက္ျပ၏။
ေဖးပိုင္က ျပဳံးျပဳံးေလး ျပန္ေျပာသည္။
"အိုး ဒါက ဆရာ ေဖးေဖးအတြက္ ဝယ္လာေပးတဲ့ လက္ေဆာင္ေလးေလ.. ေဖးေဖး သဲခုံစားပြဲကို လုပ္ၿပီးသြားတဲ့အခ်ိန္ ေဘးကေန ကူဖတ္ေပးမယ္ေနာ္"
ေလာ့ေဖးေဖးက လုံးဝ မတုန္မလွုပ္ေနလ်က္ ထိုစာအုပ္အား စိုက္ၾကည့္ေန၏။ ေဖးပိုင္၏လက္အား ဆုပ္ထားသည့္ ေဖးေဖး၏လက္က ပို၍ပိုကာ တင္းမာလာသည္။
ေဖးပိုင္လည္း ေရြးခ်ယ္စရာ မရွိေတာ့၍ ထိုင္ခုံထက္ ထိုင္၍ စာအုပ္ကို ေပါင္ေပၚ လွန္ဖတ္လိုက္၏။
"ဒါေလးကို ဖတ္ၾကည့္ေနာ္.. နားၿပီးရင္ သဲခုံစားပြဲကို ဆက္လုပ္တာေပါ့ ဟုတ္ၿပီလား?"
ေလာ့ေဖးေဖးက ေခါင္းမညိတ္ျပသလို ေခါင္းလည္း မခါျပေခ်။ ကစားကြင္းပုံပါေနသည့္ ႐ုပ္ပုံကားခ်ပ္ဆီ လက္လွမ္းၿပီး အခ်ိန္အတန္ၾကာ ထိကိုင္ၾကည့္ေန၏။ ထို႔ေနာက္ ေဖးပိုင္ဆီ လွည့္ၾကည့္ကာ အေမးျပဳခ်င္သည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနေလသည္။
"ဒါကို ခ်ားရဟတ္လို႔ေခၚတယ္"
ေဖးပိုင္က ထိုစကားလုံးကို ေျပာၿပီးေနာက္ ေလာ့ေဖးေဖး နားမလည္ေလာက္ေၾကာင္း ေတြးမိ၏။ ထို႔ေၾကာင့္ ဖုန္းထုတ္ကာ သူငယ္ခ်င္းအုပ္စုႏွင့္ ကစားကြင္းသို႔ သြားခဲ့စဥ္က အတန္းေဖာ္တစ္ေယာက္ ရိုက္ကူးေပးထားေသာ ဗီဒီယိုကို ရွာလိုက္သည္။
ဗီဒီယိုထဲ၌ ေဘ့စ္ေဘာဦးထုပ္ကို ေဆာင္းထားသည့္ ေဖးပိုင္သည္ ျမင္း႐ုပ္ေပၚ၌ စီး၍ လက္ႏွစ္ေခ်ာင္းေထာင္ကာ ပို႔စ္ေပးထား၏။
ေဖးပိုင္အား ဖုန္းစခရင္ထက္၌ ျမင္လိုက္ရသည္ႏွင့္ ေလာ့ေဖးေဖး၏မ်က္ဝန္းအေရာင္မ်ား ေတာက္ပသြားကာ စိတ္လွုပ္တရွား အသံထြက္ေလသည္။
ေဖးပိုင္က ႐ုတ္တရက္ နားမလည္လိုက္ေသာ္လည္း ခန့္မွန္းကာ ျပန္ေျပာေလ၏။
"ဟုတ္တယ္.. ဒါဆရာပဲ"
ေလာ့ေဖးေဖးလည္း မ်က္ေမွာင္ၾကဳတ္ကာ ေခတၱမၽွ စဥ္းစားေနၿပီးေနာက္မွ သူ႔ကိုယ္သူ လက္ညႇိုးထိုးျပ၏။
"သမီးလည္း သြားခ်င္တာလား?" ေလာ့ေဖးေဖး အျပင္ထြက္ခြင့္ ရွိ၊ မရွိ ေဖးပိုင္ အတပ္မသိေသးေသာေၾကာင့္ မေရမရာ ျပန္ေျဖလိုက္ရသည္။ "သမီးရဲ့ကိုကို ခြင့္ျပဳရင္ေတာ့ အဲ့ကို တူတူသြားၾကတာေပါ့"
ေဖးပိုင္မွာ ထိုည၌ ေလာ့ေဖးေဖး၏တုံ႔ျပန္မွုကို ဤမၽွ ျမန္ျမန္ဆန္ဆန္ ရမည္မွန္း မေမၽွာ္မွန္းထားခဲ့ေခ်။ အိပ္ရာဝင္ခါနီး ေလာ့ယြီစန္းထံမွ ဖုန္းဝင္လာ၏။
"ေဖးေဖးေျပာတာ မင္း သူ႔ကို ကစားကြင္းေခၚသြားမလို႔ဆို?"
မိန္းကေလးငယ္မွာ ရွင္းရွင္းလင္းလင္း စကားမေျပာနိုင္ေသးေသာ္ျငား ေလာ့ယြီစန္းက ေခါင္းစဥ္ကို ေမႊေႏွာက္ကာ ခန့္မွန္းနိုင္ေလသည္။ ေဖးပိုင္လည္း လက္ထဲရွိ ေရးလက္စ ပေရာဂ်က္အစီအစဥ္ကို ေအာက္ခ်ကာ ေလာ့ယြီစန္းအား ရွင္းျပ၏။
"တိတိက်က် ေျပာရရင္.. သူက ကၽြန္ေတာ့္ကို ကစားကြင္းေခၚသြားေစခ်င္တာပါ"
တစ္ဖက္လူမွ အသံထြက္မလာသည့္အခါ ေဖးပိုင္က ဆက္ေျပာေလသည္။
"ဒီလိုကိစၥမ်ိဳးဆို ကၽြန္ေတာ္လည္း ကိုယ့္စိတ္နဲ႔ကိုယ္ မဆုံးျဖတ္ရဲေတာ့ အစ္ကိုျဖစ္သူကို ေမးၾကည့္ဦးမယ္လို႔ ေဖးေဖးကို ေျပာထားတာပါ"
"ငါ့ကို လူဆိုးလုပ္ခိုင္းေတာ့မွာေပါ့?"
ေလာ့ယြီစန္း၏အသံထဲတြင္ အျပဳံးရိပ္မ်ား ယွက္သန္းေန၏။
ေဖးပိုင္မွာ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။
"မဟုတ္ရပါဘူး.. စီနီယာကိုကိုက ေဖးေဖး အျပင္ထြက္လို႔ရတယ္လို႔ ဆုံးျဖတ္ေပးေတာ့မွ သူ႔ကို အျပင္ေခၚထုတ္သြားဖို႔ အဆင္ေျပလို႔ပါ" ေဖးပိုင္က ထိုင္ခုံထက္ အခ်ိန္ၾကာျမင့္စြာ ထိုင္ထား၍ အေၾကာဆန့္ၿပီးေနာက္ ဆက္ေျပာ၏။ "သူလည္း အိမ္မွာ တစ္ေနကုန္ ေနရတာကို.. ပ်င္းေနမွာပဲ"
ေလာ့ယြီစန္းက ဤသို႔ ေျပာလာသည္။
"ေကာင္းၿပီေလ.. ငါ ခြင့္ျပဳတယ္"
"အယ္? ဘာကို ခြင့္ျပဳတာလဲ?"
"ေဖးေဖးကို ကစားကြင္းေခၚသြားဖို႔ ခြင့္ျပဳတယ္လို႔" ေလာ့ယြီစန္းက စကားရပ္လိုက္၏။ ထို႔ေနာက္ "ကေလးလုံျခဳံေရးလည္း ရွိေသးတာမို႔ ငါပါ လိုက္မယ္"
ဆိုရပါလၽွင္ ကေလးႏွစ္ေယာက္တည္း အျပင္သြား၍ မေကာင္းေခ်။ အုပ္ထိန္းသူမိဘမ်ားကပါ ေဘးမွ အေဖာ္လိုက္ေပးရန္ လိုသည္။
"ဒါေပမဲ့ ဟိုတစ္ခါ အန္တီက်န္း ေျပာတာက်ေတာ့....."
အန္တီက်န္းက ဤသို႔ ေျပာခဲ့၏။ ေလာ့ေဖးေဖးမွာ သူ႔ဘဝ၏က်န္သက္တမ္းအတြင္း အျပင္ထြက္ဖို႔ရာ မျဖစ္နိုင္ဟု။ ထိုစကားကို ေဖးပိုင္ ျပန္ၾကားေယာင္ေနရင္း မသင့္ေတာ္သင့္ႏွယ္ ခံစားရ၍ စကားလႊဲလိုက္၏။
"ေဖးေဖး အဆင္ေျပမွာပါေနာ္?"
"ငါ သူ႔နံေဘးမွာ ရွိရင္ ေျပပါတယ္.. အရင္တုန္းကလည္း သူ႔ကို အျပင္ေခၚသြားဖို႔ စဥ္းစားဖူးတယ္.. ဒါေပမဲ့ ငါလည္း အခ်ိန္မရခဲ့ေတာ့"
ေဖးပိုင္လည္း အက်ိဳးအေၾကာင္း ဆီေလ်ာ္သည္ဟု ေတြးေနသည္။ ေလာ့ေဖးေဖးမွာ ေလာ့ယြီစန္းအေရွ႕၌သာဆိုလၽွင္ စကားမ်ားမ်ားစားစား ေျပာရသည္ကို မႏွစ္ၿခိဳက္သည့္အခ်က္မွလြဲ၍ သာမန္မိန္းကေလးတစ္ဦးႏွင့္ မကြဲျပားမျခားနားပင္။
ေဖးပိုင္က ဆိုပါ၏။
"ဟုတ္ကဲ့ပါ ဒါဆို စီနီယာကိုကိုပဲ အခ်ိန္ညႇိေပးပါေနာ္"
ေလာ့ယြီစန္းက ေမးလိုက္သည္။
"ဒီတစ္ပတ္ စေနဆို အဆင္ေျပလား? ဒါကို မင္းရဲ့ အလုပ္ခ်ိန္အေနနဲ႔ ထည့္တြက္ေပးမွာပါ"
ေဖးပိုင္က 'အယ္'ဟု အာေမဍိတ္ျပဳၿပီးေနာက္ ဤသို႔ ေျပာလာ၏။
"တကယ္ေတာ့ စီနီယာကိုကို.. ဒါကို ကၽြန္ေတာ့္အလုပ္ခ်ိန္လို႔ ထည့္တြက္ေပးစရာ မလိုပါဘူး"
"ဘာလို႔?"
အမွန္မွာ ေဖးေဖးအား ကစားကြင္းသို႔ လိုက္ပို႔ေပး႐ုံႏွင့္ ဆုခ်ီးျမႇင့္ေပးရန္ မလိုေၾကာင္း ေျပာခ်င္ေသာ္ျငား စဥ္းစားေတြးေတာလိုက္ၿပီးေနာက္မွ ေလာ့ယြီစန္းက ေမးလိုက္ေလ၏။
"ဘာလို႔လဲ မွန္းၾကည့္ေလ?"
[T/N - Finally set up the first date! ∩^ω^∩ ]
🫧🫧🫧🫧🫧🫧🫧🫧