Unicode
အပိုင်း ၇၆။ အခုမှ အရွယ်စရောက်လာတဲ့ မိန်းကလေးတစ်ယောက် အပိုင်း(၁)
အကောင်ပေါက်လေးအပြင် ယုန်နှစ်ကောင်နှင့် ရစ်နှက်နှစ်ကောင်ကိုလည်း လုရှန်းကျစ်က ယူလာပေးသေးသည်။ ယဲ့ကျန်းက အစေခံများကို ပေးပြီး သူမကမူ ရေချိုးရန် အိပ်ဆောင်သို့ ပြန်ရန်ပြင်သည်။
“ အစ်ကိုကြီး ဒီနေ့ အမဲလိုက်တာ ပျော်ဖို့ကောင်းလား”
ယဲ့ကျန်းက အပြုံးနှင့် မေးသည်။
“ကောင်းတာပေါ့။ ယောင်ယောင် မလိုက်ခဲ့တာ နှမြောစရာပဲ။ မဟုတ်ရင် ညီမလေး တကယ် သဘောကျနေမှာ”
လုရှန်းကျစ်က နောင်တရစွာ ပြောသည်။
သူကတော့ ဘယ်သိမှာလဲ။ သူတို့နဲ့ လိုက်သွားတာက ဒုက္ခပဲ ရောက်စေမှာ။ လုလင်ကျစ်နဲ့ မော့ရုန်ကျန်းတို့ ရှိနေမှတော့ ငါ ဘယ်ပျော်ရတော့မှာလဲ။
“ ညီမတို့ နောက်တစ်ကြိမ်မှ သွားကြတာပေါ့”
သူမ တက်ကြွစွာ ပြောလိုက်သည်။
လုရှန်းကျစ်က ခေါင်းညိတ်သည်။
“ ငါ့အထင် အခု ပြန်သွားရတော့မယ်။ အကြီးဆုံးအစ်ကို ဒေါသထွက်နေလောက်ပြီ”
“ အစ်ကိုကြီးက ဘာလို့ သူ့ကို ခေါ်လာခဲ့တာလဲ”
သူမ သဘောမကျသလို ပြောလိုက်သည်။
သူမ၏ အကြည့်က သူမကို ကြာပွတ်ပေးခဲ့သော ချောမောသောလူထံ ရောက်သွားသည်။ ထိုလူက လက်နောက်ပစ်ထားလျက် သူမ၏ ဖခင်နှင့် စကားပြောနေသည်။
“ထန်းကျန့်က လူကောင်းပါ။ သူကသာ ဧကရာဇ်ကို မပြောပေးရင် အစ်ကိုကြီး အခုလို လာပြီး လက်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး”
လုရှန်းကျစ်လည်း တစ်ခါတစ်ရံ ဆိုးသွမ်းလာသော ကလေးမအတွက် ခေါင်းကိုက်မိလေသည်။ သည်ညီမက တစ်ခါတစ်ခါ ပြောရဆိုရခက်သော်လည်း သူမ၏ လုပ်ဆောင်မှုတိုင်းက သတိထားမိချင်စရာ ဖြစ်နေခဲ့သည်။
ဧကရာဇ်ဟု ထည့်ပြောလိုက်သည်နှင့် ယဲ့ကျန်း မျက်မှောင်အနည်းငယ် ကြုတ်ပြီး ဘေးဘက်ကို မသိမသာကြည့်ကာ မေးသည်။
“ ဧကရာဇ်က…. တစ်ခုခုများ မေးသေးလား”
“ဧကရာဇ်ကသာ အစ်ကိုကြီးကို တစ်ခုခုမေးလာလို့ကတော့ ဧကရာဇ်က ငါ့ကို စကားပြောတယ်ဆိုပြီး အားလုံးကို လိုက်ပြောနေတော့မှာပေါ့”
လုရှန်းကျစ်က ပြုံးသည်။
“ အိုး”
ယဲ့ကျန်းက ခေါင်းညိတ်သည်။ သူမက ပေါ့ပါးစွာ ရယ်သည်။ သူမ စိတ်အေးသွားရသည်။ ကြည့်ရသည်မှာ မော့ရုန်ကျန်းက မနေ့ညက တွေ့ခဲ့သော မိန်းမကိုရှာရန် အမိန့်ထုတ်ခဲ့ဟန် မရပေ။
“ စတုတ္ထညီလေး ငါတို့ ပြန်သင့်ပြီ”
ထန်းကျန့်က အနားရောက်လာကာ လုရှန်းကျစ်ကို ပြောသော်လည်း သူ၏ မျက်လုံးက ယဲ့ကျန်းထံတွင်သာ ရှိသည်။
“ တတိယညီမ ကိုယ်တို့ တွေ့ကြပြန်ပြီနော်”
ခပ်မြန်မြန် ဂါရဝပြုပြီးနောက် ယဲ့ကျန်းက မေးသည်။
“ အမတ်ထန်း ဒီနေ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲများ ရှိပါသေးသလား”
“ တတိယညီမသာ ပါလာရင်တော့ ကိုယ်တို့ ပြိုင်ဖြစ်မှာ သေချာတာပေါ့”
ယဲ့ကျန်းက မျက်ခုံးပင့်ကာ လက်ပိုက်ပြီး ပြောသည်။
“ အိုး ရှုံးရင် ပေးဖို့အတွက် အမတ်မင်းမှာ ငွေရောင်ကြာပွတ် ထပ်ရှိနေသေးလို့လား”
အာ သူ ဘယ်လိုဖြေရမှာလဲ… သူ အမြဲတမ်းတော့ မရှုံးနေပါဘူး
ထန်းကျန့် ဆွံ့အစွာ တွေးသည်။
လုရှန်းကျစ်သည်လည်း သူ့ညီမ၏ မကြင်နာတတ်ပုံကို တွေးကာ အသာချောင်းဟန့်သည်။
“ ညီမလေး အစ်ကိုတို့ သွားရတော့မယ်”
ထန်းကျန့်လည်း သည်လိုအခြေအနေမျိုးတွင် စခန်းသို့ မပြန်ချင်ပါပေ။ သူက သည်မီးပုံတွင်သာ ထိုင်ပြီး အလှလေးနှင့်အတူ အသားကင်စားရင်း စကားပြောချင်သည်။ သို့သော် ဧကရာဇ်င ချက်ချင်းပြန်လာရန် မှာထားသည်။ ထို့ကြောင့် ဂိတ်ဘက်သို့သာ လျှောက်သွားလိုက်ရသည်။
မီးပုံနှင့် ဝေးသထက် ဝေးလာပြီးနောက် သူတို့ဖြတ်လာခဲ့သော လမ်းတို့ပင် မှောင်နေသည်။ လုရှန်းကျစ်က ခဲလုံးကို ခလုတ်တိုက်သည်။
“ အစ်ကိုကြီး သတိထားလေ”
ယဲ့ကျန်းက လှမ်းအော်သည်။
“ တတိယညီမ ဘာလို့ စတုတ္ထညီလေးကိုပဲ ဂရုစိုက်နေတာလဲ”
သူက သူမ အာရုံစိုက်တာ ခံရဖို့ ကြာပွတ်ကိုတောင် ရင်းထားတာလေ။ အခုတော့ လျစ်လျူရှုခံရပြီလား။
ယဲ့ကျန်းက သူ့ကို မထူးခြားသလို စိုက်ကြည့်သည်။
“အမတ်ထန်းကတော့ ဖြည်းဖြည်းလျှောက်ဖို့ လိုမယ်မထင်ဘူး။ ရှင့်ရဲ့ မျက်နှာက ကျောက်တုံးထက်တောင် မာနေဦးမယ်ဆိုတာ ကျွန်မ သိတယ်”
လုရှန်းကျစ်က သူ့ညီမ၏ မှတ်ချက်ကြောင့် စိုက်ကြည့်ပေးလိုက်သည်။ ကံကောင်းသည်မှာ လုရှီမင်နှင့် ဖေးရှီတို့က အနည်းငယ်လှမ်းနေသည့်အတွက် မကြားကြပေ။ သူ ထန်းကျန့်ကို လှည့်ကြည့်ကာ တောင်းပန်လိုက်သည်။
“ တစ်မျိုးမထင်ပါနဲ့ အမတ်ထန်း ကျွန်တော့်ညီမက ဒီလိုပဲ။ တအားဆိုးတာ၊ စကားလည်း များတယ်”
သူတို့ကို လှမ်းမြင်သော လုရှီမင်နှင့် ဖေးရှီက ပြုံးသည်။ အနားသို့ လျှောက်လာပြီး လူငယ်များကို တံခါးထိ လိုက်ပို့သည်။
ထန်းကျန့်က ယဉ်ကျေးစွာ ပြောသည်။
“ တတိယဦးလေး ကျွန်တော့်ကို လိုက်ပို့ဖို့ မလိုပါဘူး။ ကျွန်တော်နဲ့ လင်ကျစ်က ညီအစ်ကိုတွေလို နေတာပါ။ ဒါကြောင့် သူ့ဦးလေးကလည်း ကျွန်တော့်ဦးလေးပါပဲ”
လုရှီမင်က ကူကယ်ရာမဲ့သလို ပြုံးလိုက်သည်။
သူ အမတ်မင်းရဲ့ ဦးလေးအဖြစ် မခံယူရဲပါဘူး။
သူတို့ ပြန်ဝင်လာသောအခါ ဥယျာဉ်ထဲသို့ ပြန်သွားလိုက်ကြသည်။ ဆရာမရှန်းက ခုံပေါ်ထိုင်ကာ ကုချင်းကို ပွေ့တင်ထားသည်။ သူမက မီးရောင်အောက်တွင် အတွေးလွန်နေဟန်ဖြစ်နေသည်။
သူမ ဆရာမရှန်း၏ အနားတွင် ဝင်ထိုင်လိုက်သည်။
“ ဆရာမရှန်း တီးတာ တကယ်ကောင်းတာပဲ”
ဆရာမရှန်းက ပြန်မဖြေဘဲ ယဲ့ကျန်းကိုသာ စိုက်ကြည့်လာသည်။
“နင်က ကောင်းကောင်းလည်း ကနိုင်တယ်။ ဘာလို့ ကုချင်း မတီးတတ်တာလဲ”
...
Zawgyi
အပိုင္း ၇၆။ အခုမွ အ႐ြယ္စေရာက္လာတဲ့ မိန္းကေလးတစ္ေယာက္ အပိုင္း(၁)
အေကာင္ေပါက္ေလးအျပင္ ယုန္ႏွစ္ေကာင္ႏွင့္ ရစ္ႏွက္ႏွစ္ေကာင္ကိုလည္း လု႐ွန္းက်စ္က ယူလာေပးေသးသည္။ ယဲ့က်န္းက အေစခံမ်ားကို ေပးၿပီး သူမကမူ ေရခ်ိဳးရန္ အိပ္ေဆာင္သို႔ ျပန္ရန္ျပင္သည္။
“ အစ္ကိုႀကီး ဒီေန႔ အမဲလိုက္တာ ေပ်ာ္ဖို႔ေကာင္းလား”
ယဲ့က်န္းက အျပဳံးႏွင့္ ေမးသည္။
“ေကာင္းတာေပါ့။ ေယာင္ေယာင္ မလိုက္ခဲ့တာ ႏွေျမာစရာပဲ။ မဟုတ္ရင္ ညီမေလး တကယ္ သေဘာက်ေနမွာ”
လု႐ွန္းက်စ္က ေနာင္တရစြာ ေျပာသည္။
သူကေတာ့ ဘယ္သိမွာလဲ။ သူတို႔နဲ႔ လိုက္သြားတာက ဒုကၡပဲ ေရာက္ေစမွာ။ လုလင္က်စ္နဲ႔ ေမာ့႐ုန္က်န္းတို႔ ႐ွိေနမွေတာ့ ငါ ဘယ္ေပ်ာ္ရေတာ့မွာလဲ။
“ ညီမတို႔ ေနာက္တစ္ႀကိမ္မွ သြားၾကတာေပါ့”
သူမ တက္ႂကြစြာ ေျပာလိုက္သည္။
လု႐ွန္းက်စ္က ေခါင္းညိတ္သည္။
“ ငါ့အထင္ အခု ျပန္သြားရေတာ့မယ္။ အႀကီးဆုံးအစ္ကို ေဒါသထြက္ေနေလာက္ၿပီ”
“ အစ္ကိုႀကီးက ဘာလို႔ သူ႕ကို ေခၚလာခဲ့တာလဲ”
သူမ သေဘာမက်သလို ေျပာလိုက္သည္။
သူမ၏ အၾကည့္က သူမကို ၾကာပြတ္ေပးခဲ့ေသာ ေခ်ာေမာေသာလူထံ ေရာက္သြားသည္။ ထိုလူက လက္ေနာက္ပစ္ထားလ်က္ သူမ၏ ဖခင္ႏွင့္ စကားေျပာေနသည္။
“ထန္းက်န္႔က လူေကာင္းပါ။ သူကသာ ဧကရာဇ္ကို မေျပာေပးရင္ အစ္ကိုႀကီး အခုလို လာၿပီး လက္ေဆာင္ေပးႏိုင္မွာ မဟုတ္ဘူး”
လု႐ွန္းက်စ္လည္း တစ္ခါတစ္ရံ ဆိုးသြမ္းလာေသာ ကေလးမအတြက္ ေခါင္းကိုက္မိေလသည္။ သည္ညီမက တစ္ခါတစ္ခါ ေျပာရဆိုရခက္ေသာ္လည္း သူမ၏ လုပ္ေဆာင္မႈတိုင္းက သတိထားမိခ်င္စရာ ျဖစ္ေနခဲ့သည္။
ဧကရာဇ္ဟု ထည့္ေျပာလိုက္သည္ႏွင့္ ယဲ့က်န္း မ်က္ေမွာင္အနည္းငယ္ ၾကဳတ္ၿပီး ေဘးဘက္ကို မသိမသာၾကည့္ကာ ေမးသည္။
“ ဧကရာဇ္က…. တစ္ခုခုမ်ား ေမးေသးလား”
“ဧကရာဇ္ကသာ အစ္ကိုႀကီးကို တစ္ခုခုေမးလာလို႔ကေတာ့ ဧကရာဇ္က ငါ့ကို စကားေျပာတယ္ဆိုၿပီး အားလုံးကို လိုက္ေျပာေနေတာ့မွာေပါ့”
လု႐ွန္းက်စ္က ျပဳံးသည္။
“ အိုး”
ယဲ့က်န္းက ေခါင္းညိတ္သည္။ သူမက ေပါ့ပါးစြာ ရယ္သည္။ သူမ စိတ္ေအးသြားရသည္။ ၾကည့္ရသည္မွာ ေမာ့႐ုန္က်န္းက မေန႔ညက ေတြ႕ခဲ့ေသာ မိန္းမကို႐ွာရန္ အမိန္႔ထုတ္ခဲ့ဟန္ မရေပ။
“ စတုတၳညီေလး ငါတို႔ ျပန္သင့္ၿပီ”
ထန္းက်န္႔က အနားေရာက္လာကာ လု႐ွန္းက်စ္ကို ေျပာေသာ္လည္း သူ၏ မ်က္လုံးက ယဲ့က်န္းထံတြင္သာ ႐ွိသည္။
“ တတိယညီမ ကိုယ္တို႔ ေတြ႕ၾကျပန္ၿပီေနာ္”
ခပ္ျမန္ျမန္ ဂါရဝျပဳၿပီးေနာက္ ယဲ့က်န္းက ေမးသည္။
“ အမတ္ထန္း ဒီေန႔ စိတ္ဝင္စားစရာေကာင္းတဲ့ ၿပိဳင္ပြဲမ်ား ႐ွိပါေသးသလား”
“ တတိယညီမသာ ပါလာရင္ေတာ့ ကိုယ္တို႔ ၿပိဳင္ျဖစ္မွာ ေသခ်ာတာေပါ့”
ယဲ့က်န္းက မ်က္ခုံးပင့္ကာ လက္ပိုက္ၿပီး ေျပာသည္။
“ အိုး ႐ႈံးရင္ ေပးဖို႔အတြက္ အမတ္မင္းမွာ ေငြေရာင္ၾကာပြတ္ ထပ္႐ွိေနေသးလို႔လား”
အာ သူ ဘယ္လိုေျဖရမွာလဲ… သူ အၿမဲတမ္းေတာ့ မ႐ႈံးေနပါဘူး
ထန္းက်န္႔ ဆြံ႕အစြာ ေတြးသည္။
လု႐ွန္းက်စ္သည္လည္း သူ႕ညီမ၏ မၾကင္နာတတ္ပုံကို ေတြးကာ အသာေခ်ာင္းဟန္႔သည္။
“ ညီမေလး အစ္ကိုတို႔ သြားရေတာ့မယ္”
ထန္းက်န္႔လည္း သည္လိုအေျခအေနမ်ိဳးတြင္ စခန္းသို႔ မျပန္ခ်င္ပါေပ။ သူက သည္မီးပုံတြင္သာ ထိုင္ၿပီး အလွေလးႏွင့္အတူ အသားကင္စားရင္း စကားေျပာခ်င္သည္။ သို႔ေသာ္ ဧကရာဇ္င ခ်က္ခ်င္းျပန္လာရန္ မွာထားသည္။ ထို႔ေၾကာင့္ ဂိတ္ဘက္သို႔သာ ေလွ်ာက္သြားလိုက္ရသည္။
မီးပုံႏွင့္ ေဝးသထက္ ေဝးလာၿပီးေနာက္ သူတို႔ျဖတ္လာခဲ့ေသာ လမ္းတို႔ပင္ ေမွာင္ေနသည္။ လု႐ွန္းက်စ္က ခဲလုံးကို ခလုတ္တိုက္သည္။
“ အစ္ကိုႀကီး သတိထားေလ”
ယဲ့က်န္းက လွမ္းေအာ္သည္။
“ တတိယညီမ ဘာလို႔ စတုတၳညီေလးကိုပဲ ဂ႐ုစိုက္ေနတာလဲ”
သူက သူမ အာ႐ုံစိုက္တာ ခံရဖို႔ ၾကာပြတ္ကိုေတာင္ ရင္းထားတာေလ။ အခုေတာ့ လ်စ္လ်ဴ႐ႈခံရၿပီလား။
ယဲ့က်န္းက သူ႕ကို မထူးျခားသလို စိုက္ၾကည့္သည္။
“အမတ္ထန္းကေတာ့ ျဖည္းျဖည္းေလွ်ာက္ဖို႔ လိုမယ္မထင္ဘူး။ ႐ွင့္ရဲ႕ မ်က္ႏွာက ေက်ာက္တုံးထက္ေတာင္ မာေနဦးမယ္ဆိုတာ ကြၽန္မ သိတယ္”
လု႐ွန္းက်စ္က သူ႕ညီမ၏ မွတ္ခ်က္ေၾကာင့္ စိုက္ၾကည့္ေပးလိုက္သည္။ ကံေကာင္းသည္မွာ လု႐ွီမင္ႏွင့္ ေဖး႐ွီတို႔က အနည္းငယ္လွမ္းေနသည့္အတြက္ မၾကားၾကေပ။ သူ ထန္းက်န္႔ကို လွည့္ၾကည့္ကာ ေတာင္းပန္လိုက္သည္။
“ တစ္မ်ိဳးမထင္ပါနဲ႔ အမတ္ထန္း ကြၽန္ေတာ့္ညီမက ဒီလိုပဲ။ တအားဆိုးတာ၊ စကားလည္း မ်ားတယ္”
သူတို႔ကို လွမ္းျမင္ေသာ လု႐ွီမင္ႏွင့္ ေဖး႐ွီက ျပဳံးသည္။ အနားသို႔ ေလွ်ာက္လာၿပီး လူငယ္မ်ားကို တံခါးထိ လိုက္ပို႔သည္။
ထန္းက်န္႔က ယဥ္ေက်းစြာ ေျပာသည္။
“ တတိယဦးေလး ကြၽန္ေတာ့္ကို လိုက္ပို႔ဖို႔ မလိုပါဘူး။ ကြၽန္ေတာ္နဲ႔ လင္က်စ္က ညီအစ္ကိုေတြလို ေနတာပါ။ ဒါေၾကာင့္ သူ႕ဦးေလးကလည္း ကြၽန္ေတာ့္ဦးေလးပါပဲ”
လု႐ွီမင္က ကူကယ္ရာမဲ့သလို ျပဳံးလိုက္သည္။
သူ အမတ္မင္းရဲ႕ ဦးေလးအျဖစ္ မခံယူရဲပါဘူး။
သူတို႔ ျပန္ဝင္လာေသာအခါ ဥယ်ာဥ္ထဲသို႔ ျပန္သြားလိုက္ၾကသည္။ ဆရာမ႐ွန္းက ခုံေပၚထိုင္ကာ ကုခ်င္းကို ေပြ႕တင္ထားသည္။ သူမက မီးေရာင္ေအာက္တြင္ အေတြးလြန္ေနဟန္ျဖစ္ေနသည္။
သူမ ဆရာမ႐ွန္း၏ အနားတြင္ ဝင္ထိုင္လိုက္သည္။
“ ဆရာမ႐ွန္း တီးတာ တကယ္ေကာင္းတာပဲ”
ဆရာမ႐ွန္းက ျပန္မေျဖဘဲ ယဲ့က်န္းကိုသာ စိုက္ၾကည့္လာသည္။
“နင္က ေကာင္းေကာင္းလည္း ကႏိုင္တယ္။ ဘာလို႔ ကုခ်င္း မတီးတတ္တာလဲ”
...