" အဆင်သင့်ဖြစ်ပြီလား ဟန်နီ "
" ဒီလိုကြီးသွားရမှာလား "
" ဟန်နီကဘယ်လိုသွားချင်လို့လဲ "
" ဒီနေ့ကအကုန်လုံးလှတပတဝတ်စားကြမှာလေ ဒါကိုကျွန်မကအဖြူအစိမ်းကြီးနဲ့သွားရမှာလား "
" ဟန်နီကဘယ်လိုဝတ်ချင်လို့လဲ "
" ဂါဝန်လှလှလေး "
ထိပ်ထားစံလည်းဒီနေ့ရဲ့အထူးရပိုင်ခွင့်တွေကို
အသုံးချပြီးချစ်သူရဲ့အလိုတော်ကိုလက်ဖြောက်လေးတချက်တီးကာဖြည့်ဆည်းပေးလိုက်လေသည်၊၊
ချက်ချင်းဆိုသလိုခွန်းငယ်ကိုယ်ပေါ်တွင်အဖြူရောင်ဂါဝန်တိုလေးမှာနေရာယူလို့သွားလေသည်၊၊
ခွန်းငယ်လည်းဝမ်းသာအားရဖြင့်ကိုယ်လေးကိုတစ်ပတ်လှည့်လိုက်လေသည် ၊၊
ထိပ်ထားစံကတော့သူမချစ်သူကိုကြည့်ရင်းသာပြုံးနေလေသည် ၊၊
" ထားကရော "
" တို့ကအဲ့လိုမျိုးတွေမကြိုက်ဘူး ဟန်နီ "
" လုပ်ပါ ထားရယ်
ကျွန်မတို့ဆင်တူလေးဝတ်ရအောင်လေ "
"တို့ကဗမာဆန်ဆန်လေးပဲကြိုက်တာ ဟန်နီရဲ့"
ခွန်းငယ်လည်းသူမလက်လေးကိုလက်လေးနှစ်ဖက်ဖြင့်ကိုင်ပြီးနှုတ်ခမ်းလေးဆူကာ
" ဒီတစ်ခါပါပဲ ထားရယ်
ကျွန်မက ထား , ဘယ်လိုနေလဲမြင်ချင်လို့ပါ
လုပ်ပါနော် "
ဒီတစ်ကြိမ်တော့ထိပ်ထားစံလည်းမငြင်းနိုင်တော့ပဲခွန်းငယ်ရဲ့အလိုကိုထပ်လိုက်ပြန်လေသည်၊၊
ထိပ်ထားစံလက်ဖြောက်လေးတချက်တီးလိုက်သည်နှင့်အနက်ရောင်ဂါဝန်တိုလေးဟာကိုယ်ပေါ်တွင်နေရာယူလို့သွားပြန်လေသည် ၊၊
ခွန်းငယ်ကတော့ပေါင်တံသွယ်သွယ်လေးနှင့်အရုပ်မလေးသဖွယ်လှပနေသည့်ထိပ်ထားစံရဲ့အလှတွင်နစ်မျှောသွားလေသည် ၊၊
ထိပ်ထားစံကတော့ကိုယ့်ကိုယ်တချက်ငုတ်ကြည့်ပြီးခွန်းငယ်ခေါင်းတွင်စုချည်ထားသည့်ခေါင်းစီးကြိုးလေးကိုဖြုတ်ချလိုက်သည် ၊၊
ထို့နောက်ပြေကျသွားသည့်လှိုင်းတွန့်လေးတွေရှိသည့်ခွန်းငယ်ရဲ့ဆံနွယ်လေးတွေကိုမပွအောင်လက်လေးနှင့်သပ်ပေးနေလေသည် ၊၊
ခွန်းငယ်ကတော့ထိပ်ထားစံရဲ့လှုပ်ရှားမှုတိုင်းကို
မျက်တောင်မခတ်တမ်းကြည့်ရင်း
" အရမ်းလှတာပဲ ထားရယ် "
ထိုစကားကြောင့်ထိပ်ထားစံရဲ့နှုတ်ခမ်းထောင့်လေးတွေကွေးတက်သွားပြီး
" ဟန်နီကပိုလှတာပါကွယ် "
" ထားကပိုလှတာပါဆို "
" ဟန်နီကပိုလှတာပါဆို "
" ထားကပိုလှတာပါဆိုနေ "
" ဒီလိုသာဆက်ငြင်းနေရင်အပြင်ထွက်ရတော့
မှာမဟုတ်ဘူးနော် ဟန်နီ "
ထိုစကားကြောင့်ခွန်းငယ်လည်းပြုံးပြီး
" ဟုတ်တယ် ဟုတ်တယ်
မိုးလင်းသွားလိမ့်မယ်
သွားရအောင်လေ ထား "
ဒါနဲ့ပဲခွန်းငယ်လည်းထိပ်ထားစံရဲ့လက်မောင်းလေးကိုဖက်တွယ်ရင်းအိမ်မှထွက်ခဲ့လေသည် ၊၊
ခွန်းငယ်သွားနေကျဖြစ်တဲ့လမ်းလေးဟာအရင်အတိုင်းလူအသွားအလာမပျက်ပေ ၊၊
လူငယ်တွေကတော့ဒီလိုပွဲလမ်းသဘင်နေ့မှာဒီဇိုင်းမျိုးစုံပြင်ဆင်ထွက်လာကြသည် ၊၊
တချို့ကတော့မျက်နှာမှာသွေးသံတရဲရဲဖြင့်ပြင်ဆင်ခြယ်သကာထွက်လာကြသည် ၊၊
ည၈နာရီလောက်ပဲရှိသည်မို့ထုံးစံအတိုင်းလမ်းထိပ်တွင်မိုးပျံပူဖောင်းသည်မှာရောက်လို့နေသည်၊၊
ထို့ကြောင့်ကလေးတွေနဲ့ကလေးအမေဖြစ်သူတို့မှာတိုးကြိတ်ကာဝယ်နေကြလေသည် ၊၊
ထိုမြင်ကွင်းလေးကိုကြည့်ရင်းထိပ်ထားစံတစ်ယောက်ပြုံးနေမိသည် ၊၊
ထိုစဥ်ကလေးတစ်ယောက်လက်တွင်ကိုင်ထားသည့်စုချည်ထားသည့်မိုးပျံပူဖောင်း၃လုံးမှာလွတ်ထွက်လို့သွားလေသည် ၊၊
ခွန်းငယ်တစ်ယောက်ထိုမြင်ကွင်းကိုကြည့်ရင်း
ထိပ်ထားစံကိုဖက်တွယ်ထားတဲ့လက်လေးကိုဖြုတ်ပြီးခြေလှမ်းတွေကိုရပ်ကာနှမြောတသဖြစ်နေလေသည် ၊၊
ကလေးကတော့အသံပြဲနှင့်ငိုနေသည်မို့အမေဖြစ်သူမှာအသစ်ထပ်ဝယ်ကာကလေးလက်ထဲသို့အမြန်ထည့်ပေးလိုက်ရသည် ၊၊
ထိပ်ထားစံကတော့အပေါ်သို့တဖြည်းဖြည်းတက်နေပြီဖြစ်တဲ့ပူဖောင်းလေးကိုဖမ်းယူလိုက်လေသည် ၊၊
ထို့ကြောင့်ခွန်းငယ်မှာအံ့သြတကြီးဖြင့်
" ဒီလိုလည်းထား ,ကရတာပဲလား "
ထိပ်ထားစံကတော့ပြုံးရင်းပူဖောင်းလေးတွေလွတ်ထွက်မသွားအောင်ခွန်းငယ်ရဲ့ဆံနွယ်လေး
တွေထိပ်မှာချည်နှောင်ပေးလိုက်လေသည် ၊၊
ထို့နောက်ခေါင်းမှာပူဖောင်းလေးတွေနဲ့ရှုပ်ယှက်ခတ်နေသည့်ခွန်းငယ်ကိုကြည့်ရင်းအသဲတယားယားဖြစ်နေလေသည် ၊၊
ခွန်းငယ်ကတော့ထိပ်ထားစံလုပ်ပေးသည့်အတိုင်းသဘောကျကာလက်မောင်းပြန်ဖက်တွယ်ပြီးခရီးဆက်လေသည် ၊၊
" ရွှေရည် !! "
ခွန်းငယ်တစ်ယောက်ခပ်လှမ်းလှမ်းကရွှေရည်ကိုတွေ့လိုက်သည်မို့ထိပ်ထားစံကိုဖက်တွယ်ထားသည့်လက်ကိုလွှတ်ပြီးရွှေရည်နောက်ကိုအပြေးအလွှားနှင့်လိုက်လေသည် ၊၊
ဒီလိုနှင့်ခွန်းငယ်လည်းရွှေရည့်နောက်ကိုခြေလှမ်း
ခပ်ကျဲကျဲတွေဖြင့်ပြေးလိုက်ရင်းခေါင်းပေါ်ကပူဖောင်းတွေမှာလွတ်ထွက်ကာသွားတော့သည် ၊၊
ကားဂိတ်ရောက်တော့ရွှေရည်မှာရပ်လို့သွားလေသည် ၊၊
ထို့ကြောင့်ခွန်းငယ်လည်းရွှေရည်ဘေးတွင်ရပ်ကာစကားတွေတတွတ်တွတ်ပြောနေလေသည် ၊၊
သို့သော်ခွန်းငယ်ပြောသည့်စကားများကိုရွှေရည့်မှာမကြားပေ ၊၊
ခဏကြာတော့ရွှေရည်စောင့်နေသည့်ကားမှာရောက်လာသည်မို့ရွှေရည်တစ်ယောက်Busကားပေါ်သို့တက်သွားလေသည် ၊၊
ထို့ကြောင့်ခွန်းငယ်လည်းနောက်ကနေလိုက်တက်လေသည် ၊၊
ကားပေါ်ရောက်တော့လူတွေမှာသူမကိုယ်မှဖြတ်လျှောက်ကာသွားကြသည်မို့ခွန်းငယ်မှာကိုယ့်ကိုယ်ငုတ်ကြည့်ရင်းကြောင်အမ်းအမ်းဖြစ်နေလေသည်၊၊
ရွှေရည်နားတွင်လူတွေရှိနေသည်မို့ခွန်းငယ်လည်းလှမ်းမြင်နေရသည့်အနေအထားတွင်သာရပ်ရင်းလိုက်လာခဲ့လေသည် ၊၊
ဒီလိုနှင့်မှတ်တိုင်တစ်ခုသို့ရောက်ခါနီးတွင်ရွှေရည်
တစ်ယောက်ဆင်းဖို့ဟန်ပြင်နေလေသည် ၊၊
ကားရပ်သွားသည်နှင့်ရွှေရည်လည်းဆင်းလေသည်၊၊
ထို့ကြောင့်ခွန်းငယ်လည်းနောက်ကနေလိုက်ဆင်းလေသည် ၊၊
ထို့နောက်ရွှေရည့်နောက်မှလိုက်လေသည် ၊၊
ရွှေရည့်ခြေထောက်မှာမြန်သည်မို့ခွန်းငယ်မှာနောက်ကနေမနည်းလိုက်လာရသည် ၊၊
ဆေးရုံဆိုသည့်အဆောက်အဦးထဲကိုရွှေရည်ဝင်သွားသည်မို့ခွန်းငယ်လည်းနောက်ကနေတူတူလိုက်ဝင်လေသည် ၊၊
သို့သော်ဆေးရုံထဲရောက်သည်နှင့်လူတွေနှင့်ရှုပ်ယှက်ခတ်ပြီးခွန်းငယ်မှာရွှေရည့်ကိုမျက်ခြေပြတ်သွားလေသည် ၊၊
ဘာမှမသိတဲ့ရွှေရည်ကတော့ဓာတ်လှေကားထဲဝင်ကာအပေါ်သို့တက်သွားလေသည် ၊၊
ခွန်းငယ်တစ်ယောက်ကတော့ဘယ်သွားလို့ဘယ်လာရမှန်းမသိကာမတ်တပ်ရပ်၍ဟိုကြည့်ဒီကြည့်ဖြင့်သာကျန်ခဲ့လေသည် ၊၊
" ဟာ . . . "
ထိုတော့မှခွန်းငယ်လည်းထိပ်ထားစံကိုသတိရကာဆေးရုံအပြင်သို့ပြေးထွက်လာလေသည် ၊၊
" ထား !! "
ခွန်းငယ်တစ်ယောက်စိုးရိမ်စိတ်အပြည့်ဖြင့်အော်ဟစ်ကာရှာနေမိလေသည် ၊၊
သို့သော်ထိပ်ထားစံရဲ့အရိပ်အယောင်ကိုမတွေ့သည်မို့မျက်ရည်တွေအလိုလိုကျလာလေသည် ၊၊
ထိုစဥ်ခွန်းငယ်အနောက်မှထိပ်ထားစံရောက်လာ၍ခါးလေးကိုဖက်တွယ်ထားလိုက်လေသည် ၊၊
ချက်ချင်းဆိုသလိုခွန်းငယ်လည်းအနောက်သို့လှည့်လိုက်ပြီးထိပ်ထားစံကိုကြည့်လိုက်လေသည် ၊၊
ထိပ်ထားစံလည်းခွန်းငယ်မျက်ရည်တွေကိုတယုတယသုတ်ပေးရင်း
" ဘာလို့ငိုတာလဲ ဟန်နီ "
" ထား , ကို ထပ်ပြီးမတွေ့တော့မှာစိုးလို့ "
" တို့ , ဒီမှာရှိနေပြီလေ "
" ဒီကိုဘယ်လိုသိပြီးရောက်လာတာလဲဟင် "
" ဟန်နီ့ရဲ့ကိုယ်သင်းရနံ့လေးတွေကြောင့်ပေါ့ "
ခွန်းငယ်လည်းဘာမှဆက်မပြောတော့ဘဲထိပ်ထားစံရဲ့လည်တိုင်လေးကိုသာဖက်တွယ်ထားလိုက်တော့လေသည် ၊၊