ဦးဂျွန် ( Kookjin )

By YoneYone_2054

51.7K 7.6K 1.4K

ဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23 More

🤎intro 🤎
🤎1 🤎
🤎2🤎
🤎3🤎
🤎4🤎
🤎5🤎
🤎 6🤎
🤎7🤎
🤎8🤎
🤎9🤎
🤎10🤎
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎
🤎16🤎
🤎17🤎
🤎18🤎
🤎19🤎
🤎20🤎
🤎21🤎
🤎22🤎
🤎23🤎
🤎24🤎
🤎25🤎
🤎26🤎
🤎27🤎
🤎28🤎
🤎29🤎
🤎30🤎
🤎31🤎
🤎32🤎
🤎33 🤎
🤎 ending 🤎
🤎 အပိုင်းပို 🤎

🤎11🤎

1.6K 239 43
By YoneYone_2054

ဆေးရုံကိုရောက်တော့ ဒေါက်တာဂျွန်က
ယွန်ဂီနဲ့အတူ ထွက်သွားသည်။ ဆော့ဂျင်ကို ထယ်ယောင်းနဲ့ခဏထားခဲ့ရင်း ထယ်ယောင်းက ဆော့ဂျင်ရဲ့ပါးကိုဆေးလိမ်းပေးနေသည်။ အဖြစ်အပျက်အကုန်လုံးအိမ်ကိုပြောပြတော့ ဦးဂျွန်နဲ့ ရှေ့ဆင့်နောက်ဆင့်
ရောက်ချလာခဲ့သည်။

“ဘယ်လိုဖြစ်ရတာလဲ သားရယ်”

“မတော်တဆပါ မေမေ သားအဆင်ပြေပါတယ်”

“ဘာအဆင်ပြေရမှာလဲ! ငါ့သားမျက်နှာလှလှလေးကို အဲ့ကောင်တွေအကုန် တရားစွဲပစ်မယ်!”

“အန်တီ စိတ်လျှော့ပါ...”

မမဟန်က ၀င်ပြောတေ့ာ မေမေက သက်ပြင်းတွေချကာ ဖေဖေ့ဘက်ကိုလှည့်သွားသည်။ ဖေဖေကဦးဂျွန်နဲ့ဖြစ်ကြောင်းကုန်စင်ကို ပြောနေကြသည်။

“အဲ့တာရှင့်ကြောင့်ဖြစ်တာ"

“ဘာရယ်”

“ဟုတ်တယ်လေ ရှင်သာ ကျွန်မသားကို ရှင့်အလုပ်မသွားခိုင်းရင် ဒီလိုကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူး။ရှင်က အမြဲတမ်း ရှင့်ရုံးကိုပဲလွှတ်ချင်နေတာ။အခုတော့ ကျွန်မသားမျက်နှာလေး ထိခိုက်ရပြီ
အဲ့တာရှင့်ကြောင့်ပဲ!!”

“ဟာ မိန်းမ....အခုက မတော်တဆလေ ပြီးတော့မင်းသားက စားသောက်ဆိုင်မှာ ဆိုလို့ ငါကလည်းစိတ်ချလိုက်တာပေါ့ အခုလိုဖြစ်မယ်မှန်းသိရင်ငါကလွှတ်မလား”

“အို....မသိဘူး မသိဘူး ကျွန်မသားကို အခုကစပြီးဘယ်မှမလွှတ်နိုင်ဘူး ရှင့်အလုပ်ရှင့်ဟာရှင်လုပ်ကျွန်မသားကို ဘာတစ်ခုမှလာမခိုင်းနဲ့!ခိုင်းတာနဲ့ ရှင်နဲ့ကျွန်မ တွေ့မယ်”

“မလုပ်ခိုင်းလို့ ဖြစ်မလား မင်းမွေးထားတာ
သားနော်။ ‌ပြီးတော့ ယောင်္ကျားလေး....ယောင်္ကျားလေးတစ်ယောက်က ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ရမယ်။ ရင်ဆိုင်စရာရှိ ရင်ဆိုင်ရမယ်။ ပျော့ညံ့နေလို့မဖြစ်ဘူး တစ်ခုခုဖြစ်တာနဲ့ အိမ်ကလူကြီးတွေကို
အကူအညီတောင်းတာ အကျင့်တစ်ခုလိုဖြစ်နေပြီ”

“အန်ကယ်လ်...”

မေမေနဲ့ဖေဖေ စကားတွေအငြင်းအခုံပြုနေတုန်းဦးဂျွန်က ကြည်လင်စွာပင် ဖေဖေ့ကိုခေါ်လိုက်သည်။ထိုအခါ ဖေဖေက ဂရုဏာဒေါသအသံတွေငြိမ်သက်ကာ ဦးဂျွန်ကိုလှည့်ကြည့်လိုက်၏။

“အခု အန်ကယ်လ်ပြောတာက ဆော့ဂျင်လေးအတွက်ဆိုတာ မှန်ပါတယ်။ မိဘက သားသမီးကိုဆုံးမတာဟာ မိသားစုတိုင်းရဲ့ အခြေခံအကျဆုံးအချက်တစ်ခုပါ။ ဒါပေမယ့် ဆုံးမရင်းနဲ့ ချောက်ထဲ‌တွန်းပို့တာမျိုးတော့ မဖြစ်စေချင်ဘူး။ သားသမီး
ကောင်းဖို့အတွက် လုပ်တာမှန်တယ်၊ သားသမီးကောင်းစားဖို့အတွက် အန်ကယ်လ်ကြိုးစားနေတာမှန်တယ် ဒါပေမယ့်......
အိမ်မက်ရှိပြီးသားလူတစ်ယောက်ကို ပုံစံခွက်ထဲ သွင်းနေတာကတော့
သဘာ၀မကျဘူးလို့ မြင်တယ်”

“သားသမီးကို ဘာဖြစ်စေချင်တယ်ဆိုတာထက်သားသမီးက ဘာဖြစ်ချင်တာလဲ ဆိုတဲ့မေးခွန်းကိုမိဘတိုင်း မေးသင့်တယ်။ ဆရာ၀န်ဖြစ်မှ ၊ အင်ဂျင်နီယာဖြစ်မှ Company ပိုင်ရှင်ဖြစ်မှ ဆိုရင် ဒါဟာ
အိမ်မက်မဟုတ်ဘူး ပုံစံခွက်တွေပဲ။
မိဘတွေပဲစိတ်ဒုက္ခရောက်တာ မဟုတ်ဘူး။ သားသမီးတွေမပျော်ရင်လည်း စိတ်ဒုက္ခရောက်ရတယ်”

“အိမ်မက်ရှိတဲ့ လူတစ်ယောက်ကို ကိုယ်လိုချင်သလိုအတင်းလုပ်ယူနေရင် အဆုံးမှာ အနာတရတွေနဲ့ပဲဇာတ်သိမ်းသွားလိမ့်မယ်။ ကျွန်တော်ကတော့ဆော့ဂျင်လေးကို အဲ့လိုမဖြစ်စေချင်ဘူးဗျာ ။သူဖြစ်ချင်တာ သူလုပ်ချင်တာကို အနောက်ကနေငွေအင်အားမဟုတ်ရင်တောင် စိတ်ဓာတ်ခွန်အား
ပေးပြီး အတူရှိနေစေချင်တယ်”

သူ့ကိုကြည့်၍ ပြောလာသော ဦးဂျွန်ရဲ့လေသံတွေသည် ပျော့ပျောင်းကာ နူးညံ့နေသည်။ ဖေဖေကတော့ ဦးဂျွန်ရဲ့ အပြောတွေအောက် မျောသွားသလားမသိ။ မေမေကတော့ ကောင်းတယ် ကောင်းတယ်ဟုဆိုတာ ဆော့ဂျင်ပါးပြင်လေးကို ‌အုပ်မိုး‌လာသည်။

“ဦးလေးဖြစ်စေချင်တာ ကျွန်တော် သိပါတယ်နားလည်း လည်ပါတယ်။ ကြိုးစားတဲ့လူကပျော်ရမှာပဲ မကြိုးစားတဲ့လူကတော့ မပျော်ရဘူး။ဘ၀မှာ အရည်အချင်းစစ်တာဆိုလို့ ကြိုးစားမှုနဲ့စာမေးပွဲတွေပဲရှိတယ်။ ဆော့ဂျင်ကို မယုံရင်တောင်မကြာခင် ထွက်လာမယ့် အမှတ်စာရင်းကိုတော့ယုံကြည်သင့်ပါတယ်”

ဖေဖေကတော့ လက်လျှော့သွားသည်ထင်။ သက်ပြင်းတွေချကာ ထိုင်ခုံ၌ထိုင်လိုက်သည်။ ထို့နောက်ဦးဂျွန်က စကားတစ်ခွန်းကိုဆက်ပြောသေးသည်။

“သားသမီးကပဲ မိဘကို ငရဲပေးတာမဟုတ်ပါဘူး။မိဘကလည်း သားသမီးကို ငရဲပေးတတ်ပါတယ်။လူကြီးတွေပဲ အမြဲမှန်နေတာမျိုးတော့မဟုတ်ဘူး လူငယ်တွေမှာလည်း အမှန်တရားနဲ့စဉ်းစားညဏ်ဆိုတာ ရှိပါသေးတယ်.....”

“အေးကွာ...မင်းစကားတွေကြောင့် ဦးလေး
လက်လျှော့လိုက်ပါပြီ။ ဆော့ဂျင် ဝါသနာပါတဲ့အိမ်မက်ကိုပဲ ထောက်ပံ့ပေးပါတော့မယ်”

“ဟာ! ဖေဖေ တကယ်နော်!!”

ထခုန်မတတ် ပျော်သွားသည့် ကလေးလေးဟာကုတင်ထက် လက်သီးလက်မောင်းတန်းကာပျော်ရွှင်နေသည်။ ငိုထားသည့် မျက်၀န်းအစ်အစ်တွေ မှိတ်ကျမတတ် ။ ပြုံးနေသည်မှာ အဖြူရောင်သွားတန်းလေးပေါ်နေသည်အထိပင်။

“တကယ်ပါ ဖေဖေက လိမ်ပါ့မလား”

“ဟီးဟီး မေမေ ကြားတယ်နော် သားမနက်ဖြန်ကစပြီး ရုံးတက်စရာမလိုဘူးတဲ့ မမဟန်လည်းကြားတယ်မလား အဟီးး ပျော်လိုက်တာ!”

ကလေးလေးက မမဟန်ဟုဆိုကာ ကုတင်အစွန်း၌ထိုင်နေသော လိမ္မော်ရောင်မကို ပြောပြနေသည်မှာပြုံးပြုံးရွှင်ရွှင်။ အဲ့ဒီ လိမ္မော်ရောင်မကလည်း ပြုံးနေပြီး ကလေးလေးရဲ့ ခေါင်းကိုဖွဖွလေးပုတ်ပေးနေသည်။ အနေအထားတွေ မကြိုက်လိုက်တာ။

ဆရာ၀န်ကြီးဟာ သည်းမခံနိုင်တဲ့အဆုံး ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထိုအခါ မော်ကြည့်လာတဲ့ မျက်အိမ်တွေဟာ သနားစရာ။ မသနားဘူး။လုံး၀မသနားဘူး။ လိမ္မော်ရောင်မရောပဲ။

“အဟမ်း! အန်ကယ်လ်တို့ပြန်ချင်ပြန်တော့လေ။ကျွန်တော် ဂျုတီရှိသေးလို့”

“အေးအေး ပြန်ကြတာပေါ့
ဆော့ဂျင်ရော”

“သူ့ကိုထားခဲ့”

ပြတ်သားတဲ့အသံနောက် ဖေဖေကတော့ ခေါင်းငြိမ့်ကာ အခန်းထဲမှ အရင်ထွက်သွားသည်။ဆော့ဂျင်ကြောင်အ,နေစဉ်မှာပဲ မေမေကလည်း သူ့ကိုနူတ်ဆက်ကာ ထွက်သွားသည်။

“မမဟန်”

“ပြန်တော့မယ် နဂါးမျက်စောင်းတွေလည်း
မလိုချင်ဘူး မိုးကြိုးလည်းအပစ်မခံနိုင်ဘူး
‌မနက်ဖြန်မှ ဆုံကြမယ် ငယ်လေး”

မမဟန်ဟာ သူမရဲ့လိမ္မော်ရောင်ဆံပင်တွေကိုထိုးဖွရင်း အခန်းထဲမှ ထွက်သွားသည်။ မမဟန်ရဲ့တံခါးပိတ်သံ ‘ဂျောက်’ဆိုတဲ့အသံလေးအဆုံး ဆော့ဂျင်တစ်ကိုယ်လုံးတုန်တက်သွားရသည်။

“အဟွန်း!”

မထီမဲ့မြင် ချောင်းဟန့်သံဟာ တံခါးကိုသေချာပိတ်ပြီး အနားကိုလျှောက်လာနေသည်။ နားနေခန်းထဲနှစ်ယောက်ထဲ ကျန်ခဲ့သည့် ခံစားချက်ကဘယ်လိုလဲမသိ။ ရင်တုန်သလိုနဲ့ ကတုန်ကယင်ကြီး။

“သက်သာလား"

“ဟုတ်”

“ဆေးရော ”

“ဟုတ် လိမ်းထားပါတယ်”

“‌အိပ်လိုက်တော့”

“ဗျာ”

ဆော့ဂျင် ကြောင်တောင်တောင်လေးကြည့်မိတော့ဦးဂျွန်က သူ့စားပွဲ၌ထိုင်ကာ စာအုပ်တစ်ချို့ကိုဖတ်ဖို့ပြင်နေသည်။ သွေးအနည်းငယ်စွန်းနေတဲ့ အင်္ကျီလက်တွေကိုခေါက်တင်၍ ဖောင်တိန်တစ်ချောင်း
ကိုင်ကာ စာအုပ်တွေထဲရေးခြစ်နေသော ဆရာ၀န်ကြီးဟာ အခန့်ညားဆုံး။

“ဉီးဂျွန်...”

ခပ်တိုးတိုးလေးခေါ်မိသည့်အခါ ဘာလဲ ဆိုတဲ့မျက်၀န်းအိမ်တွေဟာ လက်ခနဲ။ ဆော့ဂျင် တစ်ချက်ပြုံးမိသွားသည်။

“အင်္ကျီမလဲဘူးလား သွေးတွေပေနေတယ်”

“မင်းအိပ်ပျော်သွားမှ လဲမှာ အိပ်တော့”

“အနံ့စွဲကုန်မှာပေါ့ အခုလဲလိုက်လေ”

“လျှာကိုရှည်တယ် အိပ်မှာသာအိပ်စမ်းပါ”

သိပ်ပြီးမကျယ်ပေမယ့် ဆော့ဂျင် တစ်ကိုယ်လုံးတုန်တက်သွားကာ ကုတင်နံရံဖက်ကို ပြေးကပ်လိုက်သည်။ ဒူးနှစ်ဖက်ကိုကွေးကာ ဦးဂျွန်ဘက်ကိုကျောပေးရင်း မျက်လုံးတွေကို ဇွတ်မှိတ်ချပစ်လိုက်သည်။

ဦးဂျွန်ဆီက ဘာအသံမှမကြားရ။ ဆော့ဂျင်ရဲ့အသက်ရှူသံလေးသာ အခန်းကျဉ်းလေးထဲ ကြီးစိုးနေသည်။ ခဏကြာတော့ သူ့ကျောဘက်၌ အိခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

ဦးဂျွန်တက်လာတာလား ဆိုတဲ့အတွေးနဲ့ခါးလေးလှည့်ကာ မျက်လုံးစွေကြည့်တော့ ဦးဂျွန်ဟာ သူ့ဘေး၌ လက်ကိုခေါင်းအုံး၍ ခြေထောက်တစ်ဖက်ကိုထောင်ထားသည်။ နဖူးပေါ်လက်တင်၍ တစ်ခုခုကိုအကျယ်တ၀င့်စဉ်းစားနေသည့်ပုံ။ အသက်ရှူလိုက်
တိုင်းစုန်ချည်ဆန်ချည်မြင့်တက်သွားတဲ့ ရင်အုပ်ကျယ်ကျယ်။ ကြည့်ရင်းနဲ့ပင် မျက်လုံးတွေသည်ထိုနေရာမှ မခွာနိုင်ခဲ့။

“ကင်ဆော့ဂျင်”

“ဗျာ”

တုန်တုန်ယင်ယင် အသံလေးသည် ဦးဂျွန်ကိုသိပ်ကြောက်နေမည့်ဟန်။ အူယားဖားယား ထူးလိုက်ပုံများ စိတ်အလိုမကျခြင်းတွေသည် ထိုအသံလေးပေါ်ခလုတ်တိုက်ကာ တိခနဲ အေးချမ်းသွားရသည်။

“ပြောတော့ ဦးဂျွန်မရှိဘဲ နေနိုင်တယ်ဆို”

“ပြောတော့ ဦးဂျွန်မရှိလည်း ကိုယ့်ဟာကိုယ်
စောင့်ရှောက်နိုင်တယ်ဆို”

“ဦးဂျွန်မရှိဘဲ ၆နှစ်လုံးလည်းနေလာခဲ့တယ်
တစ်ပတ်လုံးလည်း နေနိုင်ခဲ့တယ်ဆိုပြီး
အသံကောင်းဟစ်ခဲ့တာ ပြောပါအုံး”

“ဉီးဂျွန်နဲ့ မတော်တဆ ဆုံရင်တောင် ဘာမှမဖြစ်ခဲ့သလို နေကြရအောင်ဆိုပြီး ပြောခဲ့တာ ဘယ်သူလဲ”

လမင်းလေးသည် အသံပင်မထွက်။ မျက်ရည်အဝိုင်းသားနှင့် ဦးဂျွန်ကို ငေးကြည့်နေမိသည်။

“ပြောပါအုံး။ ဦးဂျွန်နဲ့ ဆုံခဲ့ရင်တောင်
တစိမ်းလိုနေမယ်ပြောပြီး အခုတွေ့တော့ ဦးဂျွန်ဆီပြေးလာခဲ့ရတဲ့ အကြောင်းလေး"

“ဦးဂျွန်!!”

“ဘာလဲ”

“ချစ်တယ် ”

တစ်ဖက်ကိုမကြည့်ဘဲ ပြောချင်ရာတွေပြောနေသောဆရာ၀န်ကြီးသည် ထိုစကားအဆုံးနဲ့ တိခနဲငြိမ်ကျသွားကာ မျက်လုံးဝိုင်းကြီးတွေနဲ့ စောင်းငဲ့၍ကြည့်လာသည်။ဒါဟာ အိမ်မက်လား၊ လက်တွေ့လားခွဲခြားနေတုန်းမှာပဲ မျက်ရည်တွေနဲ့ ချစ်တဲ့အကြောင်းတွေကို လမင်းလေးက၀န်ခံလာ၏။

“ဟုတ်တယ်။ ကျွန်တော် ဦးဂျွန်ကိုချစ်တယ်။
အခုမှမဟုတ်ဘဲ အရင်ထဲကပဲ......။ ဦးဂျွန်မရှိရင်နေနိုင်ပါတယ်ဆိုပြီး အသံကောင်းတွေ ဟစ်ခဲ့ပေမယ့် တကယ်တမ်းကျ မနေနိုင်ဘူး။ လွမ်းတယ်။မတွေ့ရရင် သတိရတယ်။ တွေ့ရတော့လည်း မပိုင်ရလို့ ငိုချင်တယ်။ ကျွန်တော် အသံကောင်းတွေဟစ်ပြီး ဟန်ဆောင်ခဲ့ပေမယ့် သူက.....သူက ညာလို့မရဘူးဖြစ်နေတယ် ဦးဂျွန်”

လက်ညိုးကောက်ကောက်လေးနဲ့ ရင်ဘတ်ကိုထိုးပြသည့်အခါ ‌ဆရာ၀န်ကြီးလိပ်ပြာတွေသည် နားနေခန်းထဲလွင့်မတတ်။ ချစ်တဲ့အကြောင်းတွေကိုနားထောင်နေရသည့်အချိန်တွေသည် လောကအလှပဆုံးပဲ။

“ကလေးလေး”

“ကျွန်တော်.....ဦးဂျွန်ကို....ချစ်ပါတယ်”

ပွေ့ဖက်မှုတွေသည် တခမ်းတနားပဲ။ ဘယ်လောက်ထိဖြေရှင်းရခက်တဲ့ စည်းတွေရှိရှိ ဒီရင်ခွင်တွေသည် ကမ္ဘာတဆုံး လုံခြုံစေအုံးမှာပဲ။

“သိပ်ချစ်တယ်”

ရင်ခွင်ထဲမှာ မော်ကြည့်လာသည့်အခါ
ကြည်ကြည်လင်လင် မျက်၀န်းတွေသည်
လောကကမ္ဘာ ။

ဟုတ်တယ်။ ဒီမျက်၀န်းတွေက သူ့ကမ္ဘာပဲ။
ချစ်ခြင်းမေတ္တာကို မသင်ကြားပေးခဲ့ပေမယ့်
သံယောဇဉ်တွေအကြောင်း နားလည်စေတယ်။မေတ္တာထုထည်ရဲ့ အတိမ်အနက်တွေဟာစည်းတွေဘောင်တွေကြားတောင် ကမောက်ကမဖြစ်စေနိုင်တဲ့ အကြောင်းတွေ သင်ပေးတယ်။

“ကိုယ်လည်း မင်းကိုချစ်တယ် လမင်းလေး”

“ကျွန်တော်...”

“ချစ်တာပဲခေါင်းထဲထည့်ထားနော်
သိပ်ချစ်တယ် ကလေးလေး”

ပခုံးမှဆွဲလိုက်တော့ လမင်းလေးက နူးညံ့စွာပါလာသည်။ မျက်နှာချင်းဆိုင်စေပြီး စိုက်ကြည့်မိသည့်အခါ မျက်၀န်းတွေထံ အရာအားလုံးပျော်၀င်သွားခဲ့ရသည်။ ညို့အားကောင်းခဲ့ပုံများ ဆံပင်ကောက်ကောက်လေးတွေ သပ်တင်လိုက်တိုင်းဆရာ၀န်ကြီး ဟာ ရင်ခုန်သံတွေ ဗရမ်းဗတာ။

“အွင့်”

ဦးဂျွန်က သူ့အား မေးစေ့လေးမှဆွဲကာ နူတ်ခမ်းချင်းထိကပ်လိုက်သည်။ နူးညံ့စွာပျော်၀င်ခဲ့တဲ့အနမ်းတွေဟာ ထိကပ်ရုံနှင့်မပြီး။ အောက်နူတ်ခမ်းအိအိလေးကို စိတ်ကြိုက်ခြယ်လှယ်ရင်း အားမရ
သည့်အခါ တိခနဲကိုက်ချမိလိုက်သည်။ ထိုအခါပွင့်ဟသွားတဲ့ နူတ်ခမ်းဖူးဖူးလေးတွေကြား ပျော်ရွှင်တိုးဝှေ့နေခဲ့တဲ့ နွေးထွေးသည့် အရာလေး။

စိတ်လိုလက်ရ စတင်ခဲ့သော အနမ်းတွေသည် အချိန်တော်တော်ကြာသည်အထိ မပြီးခဲ့။ လည်တိုင်ကိုပွေ့ဖက်
ကာ ဆက်လက်ကြာရှည်စေခဲ့သည်။

ဘယ်လောက်ပဲ ဦးနှောက်က တားမြစ်ပါစေ
နှလုံးသားရဲ့အလိုကို လိုက်ခဲ့မိတယ်။
ချစ်ခြင်းမေတ္တာတစ်ခုမှာ ဖေဖေက ဦးနှောက်နဲ့ဆုံးဖြတ်ဖို့ပြောဖူးတယ်။ မေမေကတော့ နှလုံးသားနဲ့ဆုံးဖြတ်ရမယ်တဲ့။ မေမေ့စကားကို နားထောင်မိလိုက်တယ် ထင်တာပဲ။

ဘာပဲဖြစ်ဖြစ် ဒီလူကြီးအနားမှာ
အိုမင်းချင်တဲ့ စိတ်‌ကလေးဟာ
ရေမြေတ‌ဆုံး ကြီးပြင်းနေအုံးမှာ......။

####

.ဦးဂျွန်ရဲ့နားနေခန်းကို ဆော့ဂျင် ရောက်နေသည်။ဦးဂျွန်ကတော့ ဂျုတီမပြီးသေးလို့ အခုထိပြန်မရောက်သေး။ ဦးဂျွန်ပြန်လာရင် အမောပြေဖြစ်အောင် ဦးဂျွန်ရဲ့စားပွဲလေး၌ ငြိမ်ငြိမ်လေးထိုင်နေလိုက်မိသည်။

“အော ဓာတ်ပုံကြီး”

အဖြူအမည်းဘောင်ခတ်ထားတဲ့ ဓာတ်ပုံလေးတစ်ပုံဟာ ဦးဂျွန်ရဲ့ laptopဘေး၌ ထောင်ထားသည်။ယူကြည့်လိုက်တော့ ပုံဟာ ရင်းနှီးမလိုနဲ့မရင်းနှီးပြန်။သေချာစူးစိုက်၍ကြည့်တော့မှ သတိရသွားခဲ့ရသည်။

ဓာတ်ပုံထဲမှာ ကောင်လေးနှစ်ယောက်။ တစ်ယောက်ကအရပ်ရှည်ရှည်နဲ့ တစ်ယောက်က သေးသေးလေး။ပခုံးကျယ်ကျယ်တွေက ဘယ်သူမှန်းခန့်မှန်းလို့ရသည်အထိ အမှတ်တရတွေသည် မရိုးအီ။ယုန်သွားနှစ်ချောင်းနဲ့ ရယ်နေတဲ့ကောင်လေးသည်
လောကအလှဆုံး။ ဒါကိုသဘောတကျ ကြည့်နေတဲ့ကောင်လေးငယ်ဟာလည်း အချီခံထားရသည့်ကြားမှ ပြုံးပျော်နေသေးသည်။

“ဟော....ဆော့ဂျင်ပါလား
အချိန်မှန်တယ်နော်”

အခန်းထဲရောက်ချလာသည့် အသံနက်နက်လေးကြောင့် ဆော့ဂျင်ကိုယ်လေးမတ်သွားသည်။၀င်လာသူဟာ အခြားမဟုတ်။ဒေါက်တာထယ်ယောင်းဖြစ်သည်။ လက်ထဲက ဓာတ်ပုံကို ပြန်ထောင်ရင်းထယ်ယောင်းကိုနူတ်ဆက်လိုက်၏။

“မင်္ဂလာပါ ဒေါက်တာထယ်ယောင်း”

“ဆေးကုတဲ့အချိန်မဟုတ်ရင် ထယ်ယောင်းလို့ပဲခေါ်ပါ ရင်းရင်းနှီးနှီးပေါ့”

ထယ်ယောင်းက အပေါ်ထပ်ဂျုတီကုတ်လေးကိုချွတ်ကာ တန်းပေါ်၌ ချိတ်နေရင်းပြောသည်။ အဖြူရောင်ရှပ်အင်္ကျီလေးကို လက်ဖျံအထိခေါက်တင်တော့ဒီလူဟာ ငေးခနဲ။ အရင်ဘ၀က ဆုတောင်းတွေ
ကောင်းခဲ့ပုံရမယ်။

“ဒါနဲ့ မေးရအုံးမယ် ဒေါက်တာဂျွန်နဲ့က ငယ်ငယ်ထဲက အနီးစပ်ဆုံးတွေဆို”

“ဟုတ်”

ဆော့ဂျင် နားရွတ်လေးတွေနီရဲသွားမည်ထင်။ဘယ်နေရာ ဘယ်ကိုပဲသွားသွား ဦးဂျွန်ကိုမေ့ထားလို့မရဘူး။ နာမည်လေးကြားရုံနဲ့တင် ရင်ခုန်သံတွေဗရမ်းဗတာဖြစ်လာတယ်။ အသံလေးကြားလိုက်ရင်‌ဒေါက်တာဂျွန်ဆိုတဲ့ နာမ်အပေါ် ခလုတ်တွေတိုက်ချင်လာတယ်။

“ကျွန်တော့်ကို လွန်ခဲ့တဲ့အပတ်တွေက ဒေါက်တာဂျွန်ရင်ဖွင့်သေးတယ် ဆော့ဂျင်အကြောင်းတွေကိုပေါ့”

“ဟုတ်လား ဘာတွေပြောတာလဲ”

သိချင်စိတ်တွေသည် ဆရာ၀န်ကြီးနဲ့ပတ်သက်လာရင်ဖုံးမရ၊ ဖိမရ။ သေးသေးလေးပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားပဲဖြစ်‌ဖြစ် ဘယ်လိုနေနေ သိချင်မိသည်။

“တစ်ညလုံးပဲ.....အရက်တွေသောက်ပြီး လူတစ်ယောက်ကိုချစ်မိသွားတဲ့အကြောင်းတွေရင်ဖွင့်နေခဲ့တာ။ ကျွန်တော် ကားငှားပို့လိုက်ရသေးတယ်”

ကြည့်ရတာ မမဟန်နဲ့သူ့ကိုအထင်လွဲတဲ့ ညကိုပြောတာထင်ပါသည်။ အဲ့ညက သူလည်း စိတ်ဆိုးဆိုးနဲ့ဦးဂျွန်ကို ဟောက်စားလုပ်ခဲ့သေးတယ်။

“သူက သံယောဇဉ်နဲ့ချစ်ခြင်းမေတ္တာကြားမှာ
ဝေခွဲရခက်နေခဲ့တာ ။ ကိုယ်တိုင်က ဆရာ၀န်
တစ်ယောက်ဖြစ်လျက်နဲ့ ရင်ဘတ်ထဲကဝေဒနာကိုသူကိုယ်တိုင် မသိဘူး”

“ကျွန်တော်ကတော့ မသိချင်ယောင်ဆောင်ခဲ့တာ”

ခေါင်းငုံ့ကာ မျက်နှာကိုအောက်ချ၍ တိုးတိုးလေးဆိုလိုက်တော့ ထယ်ယောင်းက ကြည့်လာသည်။အတန်ကြာစိုက်ကြည့်ပြီးမှ လေးထောင့်ဆန်ဆန်အပြုံးလေးနဲ့ ပြန်လည်ပြုံးပြလာသည်။

“ဘယ်သူမှမဖြစ်ချင်ခဲ့တဲ့အရာကို ဖြစ်ခဲ့ရင်
အစစ်အမှန်ပဲတဲ့.....၀မ်းမနည်းနဲ့”

ထယ်ယောင်းက သူ့ပခုံးကိုဆုပ်ကိုင်ရင်းဆိုလာသည်။ သူလည်း ပြန်လည်ပြုံးပြရင်း ဦးဂျွန်စားပွဲယပေါ်က စာအုပ်လေးတွေ၊ ကွန်ပျုတာနဲ့ ဓာတ်ပုံလေးတွေကို လက်ညိုးလေးနဲ့ထိနေလိုက်မိသည်။

“ကျွီ”

ပွင့်ဟလာသော အခန်းတံခါးရဲ့အနောက် ဂျုတီကုတ်နဲ့ဖြစ်တည်မှုလေး ပါလာသည်။ ပင်ပန်းနေသည့်ဂျုတီကုတ်လေးဟာ နွမ်းပျနေတဲ့မျက်နှာထားနဲ့။ချွေးစက်တွေသုတ်ရင်း မောပန်းနေသည့်ကြားမှထိုင်နေသူအား ပြုံးပြလာသည်။

“ရောက်တာကြာပြီလား”

“သိပ်မကြာသေးပါဘူး”

“ကော်ဖီသောက်မလား မုန့်မှာလိုက်ရမလား
အိမ်ကရော ဘာစားခဲ့လဲ စားနေကျပဲ
မှာလိုက်ရမလား”

“အဂန်း အဲ မှားလို့ အဟမ်း!”

ထယ်ယောင်းရဲ့လုပ်ချောင်းအသံကြီးထွက်ပေါ်လာသည့်အခါ ဆရာ၀န်ကြီးက ရှက်သွားဟန်။ဂုတ်ကိုပွတ်ကာ နူတ်ခမ်းတွေကိုဖိကိုက်ကာ မျက်စိရှေ့ကကလေးငယ်ကိုကြည့်နေမိသည်။

ကလေးငယ်လည်း ထိုနည်းတူ။ နီရဲလာတဲ့နားရွတ်တွေနဲ့အတူ မျက်လုံးလေးက ခုံအောက်ကိုအကြည့်ပို့ထားသည်။

“ကဲ.....ကျွန်တော်လည်း လူနာတွေကိုသွားစစ်အုံးမယ် နှစ်ယောက်သား ပျော်ရွှင်စရာကောင်းတဲ့အချိန်လေး ဖြစ်ပါစေနော် ”

ထယ်ယောင်းက ပြောပြီးတာနဲ့ ဂျုတီကုတ်ကိုယူကာအခန်းထဲမှထွက်သွားသည်။

“ဦးဂျွန်"

ခေါ်သံလှလှလေး နားထဲခုန်ဆင်းခဲ့ပုံများ။ နားထဲမှတဆင့် ရင်ဘတ်ထဲပြိုခနဲ။ လှည့်ကြည့်တော့ကလေးငယ်က စားပွဲပေါ်က ဓာတ်ပုံကိုလက်ညိုးထိုးပြသည်။

“အဲ့တာ ဘယ်သူလဲ ”

“အနာဂတ်လေးလေ ”

“ဟွန်း”

သိနေပေမယ့် မသိချင်ယောင်ဆောင်ပြီး မေးမိတဲ့အခိုက်အတန့်တွေဟာ အင်မတန်ပျော်စရာ။ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးရင်း ဦးဂျွန်အနားကိုထသွားလိုက်သည်။

“ဦးဂျွန်ပြောစရာရှိတယ်”

“အင်း ပြောလေ”

ဂျုတီကုတ်ကိုချွတ်ကာ ချိတ်မှာချိတ်ပြီး ဆံပင်တွေကိုသပ်တင်လိုက်သည့်ပုံ။ ထင်းနေတဲ့မျက်ခုံး၊ပိရိသေသပ်တဲ့ နူတ်ခမ်းပါး၊ ဖြောင့်စင်းနေတဲ့ နှာတံနဲ့မေးရိုးသွယ်သွယ်တွေ။ ဝိုင်းစက်နေတဲ့မျက်၀န်းတွေ
နဲ့ မှဲ့နက်လေးကတော့ ဒုတိယမြောက် ဘဒ္ဒကမ္ဘာပဲ။

“ဦးဂျွန် နယ်ဖက်ကို house ဆင်းရမယ်
အဲ့တာလနဲ့ချီကြာမှာ”

“ဟင်”

“ဟုတ်တယ် အခုပဲစာကျလာတာ။ နယ်ဖက်မှာအခုတလော ငှက်ဖျားတွေ အရမ်းဖြစ်နေကြလို့မဖြစ်မနေသွားရမယ်”

“ဦးဂျွန်တစ်ယောက်ထဲလား”

“အင်း”

“ခွဲစရာတွေက ပေါ်လာပြန်ပြီ”

လမင်းလေးဟာ နူတ်ခမ်းလေးကိုထော်ကာမျက်နှာကိုအောက်ချသွားသည်။ ထိုအခါ ဦးဂျွန်က ချက်ချင်းမျက်နှာကိုဆွဲယူစေလိုက်သည်။ မျက်၀န်းချင်းဆုံသွားသည့်အခိုက်အတန့်မှာ ဖြတ်ခနဲဆိုသလိုဦးဂျွန်က သူ့ပါးထံ နှာတံနှစ်၀င်သည်အထိနမ်းရိူက်
လိုက်သည်။

“မင်းကိုပါခေါ်သွားမယ်လေ”

“ကျွန်တော်က ဘာလိုက်လုပ်ပေးရမှာလဲ”

“ဆေးအကူပေါ့ လူနာတွေကို ဦးဂျွန်က ဆေးကုရင်ကလေးလေးက ဘေးကကူပေး”

“အလကားလား ဒါဆိုဟင့်အင်းနော်”

“အဟား! အချစ်တွေပေးမယ်လေ”

“ဝါးစားလို့မရရင် လက်မခံဘူး”

ဂျစ်တူးလေးဟာ အဲ့သည်လို။ ဆံပင်ကောက်ကောက်တွေကို ထိုးဖွကာ ရင်ခွင်ထဲထည့်လိုက်တော့ အလိုက်သင့်ပါလာသည်။

“မေမေတို့က ခွင့်ပြုပါမလား”

“ဦးဂျွန်နဲ့ဆို ခွင့်ပြုထားတာပဲဟာ မလိုပါဘူး
လျှောက်မတွေးနဲ့ ”

ဦးဂျွန်က ပြောပြီးတာနဲ့ သူ့ခေါင်းကိုဖွဖွလေးလာပုတ်သည်။ ကြည့်ရတာ အိမ်နဲ့ပတ်သက်လာရင်ဦးဂျွန်က အပိုင်တွက်ထားပုံရသည်။ ဖြစ်နိုင်ရင်သူလည်း ခေါင်းညိတ်လိုက်ချင်ပေမယ့် ဖေဖေက‌ရုံးမတက်တော့သည့်ကိစ္စနှင့်ပတ်သက်၍ သိပ်အခဲကြေသေးသည်မဟုတ်။ သို့ပေမယ့် မေမေကသူ့ကို ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့ကိုဘယ်မှပေးမထွက်တော့တာ ပိုဆိုးသည်။

“အင့်”

အတွေးများနေတဲ့ သူ့ကို ဦးဂျွန်က ရင်ခွင်ထဲထည့်၍ဖက်လိုက်သည်။ ချွေးနံ့မမည်တဲ့ ချွေးရနံ့ဟာ ခပ်သင်းသင်းလေး နှာဖျားထဲတိုးဝင်လာသည်။ ဦးဂျွန်ရဲ့ ကျစ်ကျစ်လစ်လစ် လက်မောင်းထဲ ခေါင်းမှီရင်း
မျက်နှာလှလှလေးသည် ရင်ခွင်ကျယ်နှင့်အနီးဆုံး။

“တစ်ခုခုသွားစားကြရအောင်လေ
ဂျုတီကပြီးပြီ တစ်ခါထဲပြန်ကြမယ်”

“၀ယ်ကျွေးနော် ပိုက်ဆံမပါဘူး”

“ကြိုက်သလောက်စား အိမ်ပေါင်ပြီး၀ယ်ကျွေးမယ်”

ဆော့ဂျင်ရဲ့တခစ်ခစ်ရယ်သံလေးတွေဟာ နားနေခန်းထဲ အပြည့်။ နှစ်ယောက်သား တစ်ယောက်လက်တစ်ယောက်ဆွဲကာ နားနေခန်းထဲမှ စားသောက်ဆိုင်ရှိရာသို့ ထွက်လာခဲ့လေသည်။

####

ဒီနေ့က ပိတ်ရက်။ ဖေဖေလည်း အိမ်မှာရှိသောကြောင့် အိမ်၌လူစုံသည်ဟု ပြောရမည်။ ဒါတွင်ဘယ်ကမလဲ။ ဦးဂျွန်တို့မိသားစုလည်း လာလည်မယ်ဆိုလို့ မေမေက မနက်စောစောထပြီးဟင်းတွေချက်နေသည်။

“မေမေ”

မီးဖိုချောင်ထဲ ဟင်းရွတ်ခြွေနေသည့် မေမေဟာသူ့အသံကြားတော့ လှည့်ကြည့်၍ပြုံးပြသည်။မေမေ့အနားကိုသွားကာ အနောက်မှသိုင်းဖက်ပြီးပခုံးပေါ် မေးတင်တော့ မေမေက ယားလို့ထင်။ပခုံးကိုတွန့်ကာ သူ့ကိုခေါင်းနဲ့ဖွဖွလေး နောက်ပြန်ထိလာသည်။

“ယားတယ် ကလေးရဲ့"

“ဟီးး ချစ်လို့ကို”

“မကြာခင် ဦးဂျွန်လာတော့မယ်နော် ဧည့်ခန်းကိုသန့်ရှင်းရေးလုပ်ထားအုံး။ မေမေ့ဟင်းတွေကကျက်တော့မယ် အရွတ်ကြော်ပဲကျန်တော့တယ်”

“လုပ်ပြီးပါပြီ အစောကတင်ပဲ ပြီးတာ
ခဏနေ ရေချိုးမလို့ သားက”

“နင့်အဖေကတော့ သူ့အခန်းထဲကကို ထွက်မလာဘူး။ထုံးစံအတိုင်း စာရင်းတွေနဲ့ပဲ အလုပ်ရူပ်နေပြီလားမသိ ပိတ်ရက်မှာ..”

မေမေက ကန်စွန်းရွတ်တွေကို ရေဆေးရင်းညည်းတော့ ဆော့ဂျင် သက်ပြင်းချမိသွားသည်။ မေမေကဖေဖေနဲ့ အရင်လိုမျိုး နေချင်တာ။ အရင်တုန်းကဆိုဖေဖေက ညနေငါးနာရီဆို ရုံးကပြန်လာပြီ။သူ့အတွက် မုန့်တစ်ခုမဟုတ်တစ်ခု၀ယ်လာနေကျ။ညတိုင်းလည်း မိသားစုနဲ့ရုပ်ရှင်ကြည့်နေကျ။ထမင်းလည်းတူတူစားနေကျ။ အခုကတော့ အဲ့လိုမဟုတ်
တော့။ ဖေဖေဟာ ရုံးခွဲတွေဖွင့်နိုင်သည်နှင့်အမျှအချိန်တွေ ပိုရှားလာသည်။

“သားငယ် ဟဲ့သားငယ်!"

“ဗျာ ဗျာ ”

“ဘာတွေ အတွေးများနေတာလဲ အရှေ့မှာဦးဂျွန်တို့လာပြီထင်တယ် သွားခေါ်ချည်”

မေမေက တံတောင်နဲ့တွန်းထုတ်တော့ ဆော့ဂျင်လည်း အတွေးစများကိုရပ်ကာ အိမ်ရှေ့ကိုထွက်လာခဲ့သည်။ ခြံထဲကို ရောက်တော့ ဦးဂျွန်တို့ကားလေးက ခြံရှေ့၌ ရပ်ထားသည်။ သူ တံခါးဖွင့်နေတာမြင်တော့ ဦးဂျွန်က ဆင်းလာပြီး ကူဖွင့်ပေးသည်။

“လွမ်းနေတာနော် ”

“တံခါးသာအရင်ဖွင့်ပါနော်”

ကဲကဲသဲသဲတွေသည် ဆေးရုံကနေတဆင့်အိမ်အထိပါလာပုံရသည်။ ခြံတံခါးကိုဆွဲဖွင့်ပေးတော့ ဦးဂျွန်တို့ကားလေး ခြံထဲကို၀င်လာသည်။ ကြည့်ရတာဦးဂျွန်ဖေဖေ မောင်းလာသည်ထင်ပါ၏။ အန်တီကတော့ ကားပေါ်ကဆင်းဆင်းချင်း သူ့အားပြုံးပြနူတ်ဆက်လာသည်။

“မေမေကအထဲမှာ အန်တီ
သားက ရေချိုးအုံးမှာမို့ ဧည့်ခန်းထဲ မေမေနဲ့
စကားပြောနှင့်ကြနော် ”

“အေးဆေးလုပ် ဆော့ဂျင်ရ ဦးတို့က ညနေစောင်းမှပြန်မှာ”

ဦးဂျွန်ဖေဖေကို ခေါင်းငြိမ့်နူတ်ဆက်ပြီးနောက်အပေါ်ထပ်ကိုတက်လာခဲ့သည်။ အခန်းထဲမရောက်ခင် ဦးဂျွန်ကိုလှမ်းကြည့်တော့ မေမေတို့နဲ့စကားပြောနေ၍ သူ့ဆီလိုက်လာဖို့မအား။ အကြပ်ရိုက်နေသည့် မျက်နှာလေးက သူ့ကို အားကိုးတကြီးလှမ်း
ကြည့်ရှာတော့ လျှာထုတ်ကာ ပြောင်ပြလိုက်မိသည်။

အခန်းထဲရောက်တော့ အင်္ကျီကိုမြန်မြန်ချွတ်ကာရေချိုးဖို့ပြင်လိုက်သည်။ ခါတိုင်းရေချိုးရင် ဘဲရုပ်တွေ တစ်ပုံကြီးနဲ့ ဇိမ်ဆွဲပြီးချိုးနေကြ။ အခုကတော့ဇိမ်ဆွဲလို့မရ။ ဧည့်သည်တွေရောက်နေတယ်ဆိုတဲ့အသိဟာ ဆပ်ပြာတောင် ဘယ်လိုတိုက်မိသွားသလဲမသိချေ။

“အမလေး!”

ရေချိုးပြီး သဘတ်တစ်ပိုင်းနဲ့ပြန်ထွက်လာတော့ဦးဂျွန်က ကုတင်ပေါ်မှာ လက်နောက်ပစ်၍ထိုင်နေသည်။ ချက်ချင်းပဲ စိတ်ထဲ ပူထူသွားကာ တန်းပေါ်က သဘတ်တစ်ထည်ကိုဆွဲယူပြီး ခန္ဓာကိုယ်အပေါ်
ပိုင်းကိုအုပ်လိုက်မိသည်။

“ရေချိုးတာ မြန်လိုက်တာ ”

“အကြာကြီးချိုးရင် အအေးပက်မှာပေါ့”

“အ၀တ်မြန်မြန်၀တ် ။ ရေပြောင်အောင်သုတ်အုံး။ဦးဂျွန်က အအေးပက်မှာစိုးလို့ လိုက်လာတာ။ခါတိုင်းရေချိုးရင် အရမ်းကြာတာ သိလို့”

“အပြင်ထွက်လေ ဘယ်လိုလဲရမှာလဲ”

“ဟော....ရှက်နေတာလား
ငယ်ငယ်ထဲက ရှူးရှူးတောင် တည်ပေးခဲ့တဲ့လူကို”

“ဦးဂျွန်!!!”

သူအော်လိုက်တော့ လက်‌ထောင်ကာ အရှူံးပေးပါပြီဆိုတဲ့ ပုံစံနဲ့ တဟားဟားရယ်ကာ အခန်းထဲမှထွက်သွားလေသည်။ ဒီလူကြီးက သူ့ကိုဘယ်လိုများထင်နေလဲမသိ။ ကလေးများထင်နေသလား။ အမြဲတစ်ခုမဟုတ် တစ်ခုစလိုက်ရမှ နေသာထိုင်သာကိုရှိတာ။

ဆော့ဂျင် ခေါင်းခါလိုက်ပြီး ဗီရိုထဲမှ အင်္ကျီတစ်ထည်ကို မြန်မြန်ကောက်စွပ်လိုက်သည်။ အိမ်နေရင်းချည်ဘောင်းဘီကို၀တ်ကာ ဆံပင်တွေကို မဖြီးပဲလက်ဖြင့်ထိုးဖွလိုက်သည်။ အနေအထားအရ ဖရိုဖရဲ
နိုင်သော်လည်း ဘယ်လိုနေနေချောသူအတွက်ဒါတွေဟာ သိပ်မလို။

အောက်ထပ်ကိုရောက်တော့ မေမေတို့စကားဝိုင်းကောင်းနေသည်။ စီးပွားရေးသမားတွေဖြစ်တဲ့အဖေနှစ်ယောက်ကတော့ သူတို့လုပ်ငန်းတွေအကြောင်းပြောနေတာ အာပေါင်အာရင်းသန်သန်။‌မေမေ့ဘေးနား၌ ခပ်ကျူံ့ကျုံ့လေး၀င်ထိုင်လိုက်မိသည်။

“ဒို့ဆော့ဂျင်လေးရော အခုတလော ဘာတွေလုပ်နေလဲ”

“သားက သူ့ဦးဂျွန်ဆေးရုံသွားလိုက် ၊ ဂိမ်းဆော့လိုက်နဲ့ပဲ အနားပေးထားတယ် အမှတ်စာရင်းထွက်မှသူပြန်ပြီး စမှာလေ”

မေမေက ၀င်ပြောတော့ သူအားတက်သွားရသည်။တကယ်ဆို ဖေဖေက သူ့ရုံးကိုမသွားတော့လို့အခုထိသိပ်ကျေနပ်သေးတာမဟုတ်ဘူး။ မေမေကတော့သူ့ဖက်အပြည့်အ၀ရှိနေလို့ တော်ပါသေးသည်။

“ကောင်းပါတယ် နားလို့ရတုန်းအ၀နားထား
မင်းဦးဂျွန်လို အလုပ်လုပ်ရမယ့်အချိန်ရောက်ရင်နားရမှာတောင် မဟုတ်ဘူး သိလား”

“မေမေကလည်း”

“မေမေပြောတာမှန်တာပဲလေ သားက အိမ်မှာရှိတယ်ဆိုတာရှားတယ် မဟုတ်လား အမြဲတမ်းဂျုတီ ဂျုတီနဲ့ ဒီမအေကိုပစ်ထား”

“မေမေ့ကိုပစ်ထားတာ မဟုတ်ရပါဘူး
သားလည်း ”

“တော်ပါ သားတစ်ယောက်မွေးထားပါတယ်
ဆေးရုံမှာပဲ အချိန်တွေကုန်နေတယ် ဒီလိုမှန်းသိငယ်ငယ်ထဲက ဆော့ဂျင်လေးကိုပါ မွေးစားလိုက်တယ်  နော”

“အဟွန်း!”

စကားအဆုံး ဆရာ၀န်ကြီးရဲ့ချောင်းဟန့်သံကြောင့်ကလေးလေးခမျာ တံတွေးသီးသွားရသည်။အန်တီကတော့ သားဖြစ်သူအကြောင်း မေမေတို့နဲ့အတင်းပြောနေပေမယ့် သူ့သားကတေ့ာ အဲ့လိုမဟုတ်။

မျက်လုံးဝိုင်းကြီးတွေသည် သူ့အားစူးစိုက်၍
ကြည့်ကာ ပြုံးပြနေသည်မှာ အဆုံးမရှိ....။

လူခြောက်ယောက်ထိုင်နေသည့်အနက် သူ့တစ်ယောက်ထဲပဲ သေချာကြည့်၍ ပြုံးနေသည်မို့လူကြီးတွေ ရိပ်မိမှာစိုးလို့ မျက်မှောင်ကျုံ့ပြတော့ထိုလူကြီးက မျက်ခုံးတစ်ဖက်ပြန်ပင့်ပြသည်။

ဘယ်လိုဟာကြီးလဲ.......။

“အန်တီကင်မ်”

ဆူညံနေတဲ့ လူကြီးစကားဝိုင်းထံ ဦးဂျွန်ရဲ့အသံချိုချိုလေးထိုးဖောက်သွားသည်။ လူကြီးတွေကဘာလဲဟု မေးငေါ့ပြတော့ ဦးဂျွန်က သူ့ကိုတစ်ချက်ကြည့်သည်။ ထို့နောက် အကြည့်လွှဲသွားသည်။

“ကျွန်တော် အန်တီကင်မ့်ဆီမှာ ခွင့်တစ်ခုလောက်တောင်းချင်လို့ပါ”

“ပြောလေ သားဂျောင်”

“ကျွန်တော် အန်တီကင်မ်တို့ရဲ့သားလေးကို
ခေါ်သွားချင်လို့”

“ဘယ်ကိုလဲ သားဂျောင်”

“ကျွန်တော် ဘူဆန်က ရွာလေးတစ်ခုကို တာ၀န်ကျတယ်။ အနည်းဆုံး ၆လလောက်တော့ ကြာမယ်။အဲ့တာ ဆော့ဂျင်လေးကို ခေါ်သွားချင်တယ်။ကျွန်တော့်ကို ခွင့်ပြုပေးပါ အန်တီကင်မ်”

မေမေသည် ဘာစကားမှမဆို။ ဆော့ဂျင်ကိုကြည့်လိုက်၊ ဖေဖေ့ကိုကြည့်လိုက်နှင့် အလုပ်များနေခဲ့သည်။ ဦးဂျွန်ကိုကြည့်တော့ သူ့စကားအပေါ်ယုံကြည်ချက်ရှိရှိနဲ့ အားမလျော့သည့်ပုံ။ အင်္ကျီစကိုဆုပ်ကိုင်ထားရင်း အောက်နူတ်ခမ်းတွေကိုသာဆော့ဂျင် ဖိကိုက်နေမိသည်။

အကယ်၍ အကယ်၍များ မေမေတို့က လိုက်ခွင့်မပေးခဲ့ရင် ဦးဂျွန်နဲ့ လပေါင်းများစွာ သူခွဲရတော့မှာ။ အခုမှ သေချာမြင်ခဲ့ကြတဲ့ ဆက်ဆံရေးတွေမို့ဖြစ်နိုင်ရင် တစ်စက္ကန့်လေးတွေတောင် ခွဲချင်တာမဟုတ်ဘူး။ ပိုတယ်ပဲပြောပြော သဲတယ်ပဲပြောပြော ဦးဂျွန်ကို သူချစ်တယ်။ သူအမြဲတမ်း ဦးဂျွန်နဲ့
တူတူရှိနေချင်တယ်။

“သားဂျောင်ကို အန်တီတို့ ယုံပါတယ်
စိတ်လည်းချပါတယ် ဒါပေမယ့် သားလေးကိုစိတ်မချဖြစ်တာရယ်”

“စိတ်ချပါ အန်တီ။ ကျွန်တော် ဆော့ဂျင်လေးကိုအကောင်းဆုံးစောင့်ရှောက်မှာပါ။ အခုခေါ်သွားတာကလည်း သူ့အတွက်ပါ။ ကျွန်တော်နဲ့အတူ ဆေးကုရင်း ဆော့ဂျင်အတွက် အတွေ့အကြုံတွေ ဝေမျှပေး
ချင်လို့ပါ။ ဟိုရောက်ရင် ပျင်းရမှာမျိုး မရှိနိုင်လို့စိတ်မပူပါနဲ့နော် ”

“အင်းး အန်ကယ်လ့်သားကို စိတ်ချမယ်နော်”

ဖေဖေက၀င်ပြောတော့ ဦးဂျွန်က ခေါင်းတဆက်ဆက်ငြိမ့်ပြသည်။

“‌အန်တီတို့ ခွင့်ပြုပါတယ်ကွယ်
သားလေးကလည်း သူ့ဦးဂျွန်နဲ့ဆို ပျော်မှာပါ
စိတ်ချပါတယ် သားဂျောင်နဲ့ဆို”

“ကျေးဇူးတင်ပါတယ် အန်တီ
ခွင့်ပြုပေးတဲ့အတွက်”

ထိုမှသာ ဆော့ဂျင်ရင်ထဲမှ အလုံးကြီးကျသွားလေသည်။ ဦးဂျွန်ကိုကြည့်တော့ သူ့အား အေးဆေးပါဆိုတဲ့အကြည့်နဲ့။ တကယ်ဆို ညထဲက ဖုန်းပြောရင်းဒီအကြောင်းကို တိုင်ပင်ခဲ့ကြတာ။ မေမေတို့ခွင့်မပြု
လောက်ဘူးပဲထင်ခဲ့တာ။ ဦးဂျွန်ပြောခဲ့သလိုပဲ။မေမေတို့က ဦးဂျွန်နဲ့ဆို ဘာပဲဖြစ်ဖြစ် ခွင့်ပြုတယ်။

“စားကြတော့မလား ဟင်းတွေတော့ ပြင်ထားပြီးပြီ”

“ကောင်းသားပဲ စားကြမယ်လေ ပြီးမှစကားဆက်ပြောကြတာပေါ့”

မေမေနဲ့ အန်တီက ထမင်းစားဖို့အတွက် မီးဖိုချောင်ထဲ၀င်မယ်ပြင်တော့ ဆော့ဂျင်ပါ လိုက်ထလိုက်မိသည်။ ထိုစဉ် ဖုန်းသံတစ်ခုဟာ မြည်လာခဲ့သည်။

“တီ တီ တီ ”

ဘယ်သူ့ဖုန်းလဲလို့ လှည့်ကြည့်တော့ ဦးဂျွန်ရဲ့ဖုန်း။ဦးဂျွန်ကလည်း အိတ်ကပ်ထဲက သူ့ဖုန်းကိုထုတ်ပြီးကြည့်နေသည်။ ထို့နောက် သိသိသာသာမျက်နှာပျက်သွားကာ ဆော့ဂျင်ကို မဝံ့မရဲပြန်ကြည့်လာသည်။ ဆော့ဂျင်ကတော့ ထိုအကြည့်တွေကိုနားမလည်။

“သား ဘယ်သူ့ဖုန်းလဲ ကိုင်လိုက်လေ
အရေးကြီးကိစ္စထင်တယ်”

“အော် ဟဲ့သား ဘယ်သူ့ဖုန်းလဲလို့!”

အန်တီက ဒုတိယတစ်ကြိမ်သတိပေးမှ
ဦးဂျွန်ကသူ့ဖုန်းကို ပြန်ကြည့်ကာ တိုးတိုးလေးဆို၏။

“၀မ်....၀မ် ပါ မေမေ”

“၀မ်ပဲသားရယ်။ မေမေ့ကိုတောင် ဟိုတစ်နေ့ကဆက်သေးတယ်။သားဆီခေါ်မရလို့ဆိုပြီး မြန်မြန်ကိုင်လိုက် မေမေတို့ ထမင်းစားခန်းထဲစောင့်နေမယ်”

“ဟုတ်ကဲ့မေမေ”

အခြေအနေတွေကလည်း ဒီလိုအချိန်ကျမှလာဖြစ်ရတယ်လို့။ ဆော့ဂျင်ကိုလည်း မကြည့်ရဲတော့ဘဲဖုန်းကိုင်ကာ ခြံထဲကို သူ ထွက်လာခဲ့မိသည်။

ခြံထဲရောက်တော့မှ ဖုန်းကို ဖွင့်ကာ ၀မ့်ဆီပြန်ခေါ်လိုက်သည်။

“ဟယ်လို ၀မ်"

“ဂျောင်....နေကောင်းရဲ့လား”

“အင်း ကောင်းပါတယ် ၀မ်ရော”

“ကောင်းပါတယ်။ ဒါနဲ့ ကျွန်မဆီတောင် ဖုန်းမဆက်ဘူးနော်။ ဆက်တော့လည်း မကိုင်ဘူး အဆင်ရောပြေရဲ့လား”

“ဒီလိုပဲ နည်းနည်းအလုပ်ရူပ်”

“အင်းပါ အဆင်ပြေအောင်နေနော် ကျွန်မ ရှေ့အပတ်ပြန်လာမယ်ဆိုတဲ့ အကြောင်း ပြောပြမလို့လုပ်ထားပေမယ့် ဒီမနက် ကိစ္စတစ်ခုကိုမြင်ပြီး အခြေအနေတွေက နည်းနည်းရူပ်ထွေးသွားတယ်။ ကျွန်မလပိုင်းလောက် ပြန်မလာဖြစ်သေးဘူး ဂျောင်”

၀မ့်စကားတွေဟာ ရင်ထဲဘယ်လိုမှမနေ။ နှစ်ရှည်လများတွဲလာခဲ့တဲ့ ဆက်ဆံရေးတွေဟာ ဒီလိုမျိုးကျဘယ်လိုပြန်ပြီးနွေးထွေးရမလဲ သေချာမသိ။ သူအဆင်ပြေရင်ပြီးရော ဆိုပြီး ပစ်ထားလိုက်ရင် တဖြည်းဖြည်းနဲ့ အေးစက်လာတာပဲ။ တစ်ယောက်နဲ့
တစ်ယောက် ရိုးအီတာလည်းမဟုတ်။ တဖြည်းဖြည်းနဲ့ ဝေးကွာလာခဲ့တာ လပေါင်းများစွာပဲ။

“ဂျောင်! ဂျောင်! ကျွန်မပြောတာ ကြားရဲ့လား”

“ဟမ် အင်းအင်း ကြားပါတယ်”

“ကျွန်မ ပြန်မလာဖြစ်သေးဘူး။
အဆင်ပြေအောင် နေနော် ဘာပဲဖြစ်ဖြစ်
စိတ်ထဲပထမဆုံး ခံစားရတာကိုပဲ ရွေးချယ်
ကျွန်မ ရှင့်ကို သတိရပါတယ် ....”

“အင်း ကိုယ်ရော”

“ဒါပဲနော် ”

၀မ် ငိုနေသလားမသိ ၊ အသံကအနည်းငယ်တုန်ယင်နေသည်။ ဖုန်းချပြီးတဲ့နောက် သူလည်းပင်ပန်းစွာ သက်ပြင်းချလိုက်ပြီး ကောင်းကင်ကိုမော်ကြည့်လိုက်မိသည်။

ငှက်ငယ်အချို့ ပျံသန်းနေသည်။ ပြေးလွှားဆော့ကစားနေတဲ့ တိမ်စိုင်အချို့ရှိသည်။ နေရောင်ပျပျဟာ ခြံထဲကို ပနံသင့်စွာ ဖြာကျနေတဲ့အပြင်နှင်းဆီပန်းရနံ့တွေက နှာဖျားထဲ တိုးဝှေ့လာသည်။

“ဟင်းး”

ဒုတိယအကြိမ်မြောက် သက်ပြင်းချကာ အိမ်ထဲကို၀င်ခဲ့သည်။ ဧည့်ခန်းထဲတော့ ဘယ်သူမှမရှိ။ ထမင်းစားခန်းထဲရောက်တော့ မေမေနဲ့အန်တီကင်မ်တို့က သူ့ကိုစောင့်နေသည်။ လစ်ဟာနေတဲ့ ထောင့်စွန်းခုံလေးကိုကြည့်တော့ ချစ်သူဟာမရှိနေ။

“မေမေ ဆော့ဂျင်လေးရော”

“အရေးကြီးကိစ္စရှိလို့ဆိုပြီး အနောက်တံခါးကနေထွက်သွားတယ် သားငယ်”

TBC ......
















အိမျမကျမဟုတျဘူး ပုံစံခှကျတှပေဲ။
မိဘတှပေဲစိတျဒုက်ခရောကျတာ မဟုတျဘူး။ သားသမီးတှမေပြောျရငျလညျး စိတျဒုက်ခရောကျရတယျ”































“အငျ်ကြီမလဲဘူးလား သှေးတှပေနေတေယျ”


























လောကကမ်ဘာ ။

ဟုတျတယျ။ ဒီမကြျဝနျးတှကေ သူ့ကမ်ဘာပဲ။










####









































နဲ့ မှဲ့နကျလေးကတော့ ဒုတိယမွောကျ ဘဒ်ဒကမ်ဘာပဲ။
























####


































































အရေးကွီးကိစ်စထငျတယျ”
























“မမေေ ဆော့ဂငြျလေးရော”

“အရေးကွီးကိစ်စရှိလို့ဆိုပွီး အနောကျတံခါးကနထှေကျသှားတယျ သားငယျ”

TBC ......

Continue Reading

You'll Also Like

6.7K 692 38
ငါဘယ်​​တော့မှ အရက်​မ​သောက်​​တော့ပါဘူး ရန်​လဲမဖြစ်​​တော့ဘူး က​လေးမကြိုက်​တာ​တွေလဲ ဘာတစ်​ခုမှမလုပ်​​တော့ပါဘူး ကင်​...
3.9K 453 20
ကောင်လေးတွေကိုလွမ်းလို့ အဖော်ပြုပေးချင်တဲ့စိတ်ကြောင့် ဟာသလေးနှောပြီးရေးထားတာဖြစ်ပါတယ်။
292K 50.2K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
38.8K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...