Light Of The 'YuLong' [Comple...

Galing kay AlinkarchoTayy

71.5K 6K 207

//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ... Higit pa

Tayy's Note
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-13-
-14-
-FanArt For Yulong-
-15-
-16-
-17-
-18-
Final
Good Bye💛
-Hey!!!-

-19-

2.4K 217 3
Galing kay AlinkarchoTayy

Uni
/

ဘယ်ဖက်လက်ကအဆောင်ကျောက်ပုတီးလေးကြောင့်မဟုတ်ဘဲ ဝမ်ယွဲ့လုံတိုင်းရင်းသားလေးရဲ့ရင်ခွင်မှာခိုလှုံရတာကြောင့် ဖြတ်သန်းခဲ့ရသမျှရက်တွေဟာကြည်နူးချမ်း​မြေ့ခဲ့ပါတယ်။ ပင်ပန်းလာတိုင်းခိုလှုံစရာအဖြစ်ရှိနေပေးတတ်တဲ့တောင်ပေါ်သားလေးဟာ ထမင်းစားချိန်မမှန်ရင်လည်းလူကြီးလေးလိုဆူပူတတ်သေးတယ်။ တောင်ပေါ်လေတွေညင်ညင်သာသာကနေခပ်ကြမ်းကြမ်းအထိတိုက်ခတ်တတ်တာကိုလည်းကြုံရပြီးပြီ။ နှင်းတွေခပ်သည်းသည်းကနေခပ်ဖွဲဖွဲ၊ပြီးတော့လုံးဝစဲသွားတတ်တာကိုလည်း မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီးပြီ။ တစ်နှစ်ပတ်လုံးချမ်းအေးနေတတ်တဲ့ချင်းလုံမြေမှာ ရှောင်းကျန့်အတွက်နွေးထွေးစေတဲ့ကောင်လေးကိုရှာတွေ့ခဲ့ရခြင်းအတွက် ရှောင်းကျန့်ကအခြေအနေတွေအားလုံးကိုကျေးဇူးတင်ပါတယ်။

ချင်းလုံ​မြေမှာရှူရှိုက်ရတဲ့လေထုကအစ ယင်းလိုင်ချောင်းကရေတွေအဆုံးရှောင်းကျန့်အတွက်သဘောကျစရာကောင်းပါတယ်။ တခုတ်တရအနေနဲ့ မေတ္တာတွေကိုလိုလိုလားလားပေးခဲ့တဲ့တိုင်းရင်းသားကောင်လေးကိုရော၊ မေတ္တာရေးကိုလက်ခံပေးတဲ့မျိုးနွယ်စုတစ်ခုလုံးကိုရော လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ပြီးတော့ရှောင်းကျန့်ရဲ့ပါးပါးနဲ့မားမားပေါ့။ သူတို့တွေသာနှစ်လိုစွာလက်ခံမပေးခဲ့ဘူးဆိုရင် အပြည့်အဝစိတ်ပျော်နိုင်မှာမဟုတ်ပါဘူး။ ဒီအတောအတွင်းကုန်ဆုံးခဲ့ရတဲ့နေ့ရက်တွေမှာ ခဏခဏဖုန်းဆက်တတ်တဲ့ပါးပါးကြောင့် ဖုန်းလိုင်းမိတဲ့အချိန်တွေမှာဖုန်းပြောကြရင်း အရင်ကထက်ပိုပြီးရင်းနှီးလာခဲ့တယ်။ မားမားကတော့သဘောတကျပေါ့။

အချိန်ကာလအားဖြင့်တစ်နှစ်ကျော်သွားတယ်။ ဒီကာလတွေထဲမှာကလေးတွေကိုလည်းစာအများကြီးသင်ခဲ့သလို ဝမ်ယွဲ့လုံတိုင်းရင်းသားလေးနဲ့လည်းတစ်ရက်ထက်တစ်ရက်ပိုပြီးမေတ္တာချင်းဆက်နွယ်ခဲ့ပြီ။ ဒီနေ့ကသိပ်ကိုထူးခြားတဲ့နေ့။ အကြီးအကဲတို့အိမ်ဝန်းထဲမှာလူတွေရှုပ်နေတယ်။ ဝေလီဝေလင်းဆိုပေမယ့် ခပ်ဝဲဝဲစကားသံတွေဆူညံနေတယ်။ ကြည်ကြည်နူးနူးခုန်နေတဲ့ရင်ဘတ်ကိုအသာပုတ်ပြီးရှောင်းကျန့်ပြုံးမိသွားတယ်။ ရှောင်းကျန့်မအိပ်လို့မဖြစ်တာမို့အကြီးအကဲတို့အိမ်မှာမနေ့ညကအိပ်ရတယ်။ ဟုတ်တယ်။ ဒီနေ့ကဝမ်ရိပေါ်အသက်နှစ်ဆယ်တိတိပြည့်တဲ့နေ့။ ပြီးတော့ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့အကြီးအကဲအဖြစ်တာဝန်လွှဲပြောင်းယူတဲ့နေ့။

'ဝမ်ကျယ့်အသက်နှစ်ဆယ်ပြည့်တဲ့နေ့ကျရင် မျိုးနွယ်စုခေါင်းဆောင်အဖြစ်တာဝန်လွှဲပြောင်းပေးမယ် ပြီးတော့အဲ့ဒီနေ့မှာပဲဆရာလေးနဲ့ဝမ်ကျယ့်ကိုလက်ဆက်ပေးမယ်'

လွန်ခဲ့တဲ့တစ်နှစ်၊သေချာအောင်ပြောရရင်မျိုးနွယ်စုထံရှောင်းကျန့်တို့မေတ္တာရေးကိုချပြဝန်ခံပြီးမကြာခင်မှာပဲပြောခဲ့တဲ့အကြီးအကဲလုံအာရဲ့စကားကြောင့် ရှောင်းကျန့်ဒီကိုရောက်နေခဲ့တာ။ အတိအကျဆိုရင်ဒီနေ့ကဝမ်ရိပေါ်နဲ့ရှောင်းကျန့်လက်ထပ်မယ့်နေ့။ မျိုးနွယ်စုခေါင်းဆောင်လောင်းလျာလေးလည်း တရားဝင်မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာတော့မယ်။ ရှောင်းကျန့်လည်းဒီမျိုးနွယ်စုထဲကိုတရားဝင်ခြေချရတော့မယ်။ တသိမ့်သိမ့်ကြည်နူးရတယ်ဆိုတာဒီလိုမျိုးနဲ့တူပါရဲ့။ လက်မထပ်ရသေးတာကြောင့် တစ်နေရာဆီအိပ်ရတာတောင်မှရှောင်းကျန့်မှာရင်ခုန်လွန်ပြီးကောင်းကောင်းတောင်အိပ်လို့မပျော်။ ကာလသားစုရပ်မှာသွားအိပ်တဲ့တိုင်းရင်းသားကောင်လေးကတော့ဘယ်လိုနေမလဲမသိ။

မဂ်လာပွဲအတွက်စီစဥ်နေကြတဲ့လူတွေကိုကြည့်ရင်း ရှောင်းကျန့်ပြုံးနေမိတာမရပ်တော့ပါဘူး။ ဖူးစာမှန်တဲ့အခါမြေပြန့်ကနေလွင့်လာတဲ့ပုဝါလေးတစ်စကို တောင်ပေါ်သားလေးကသေချာဖမ်းဆုတ်နိုင်ခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာရှိရာအရပ်ဟာအိမ်ဖြစ်တာမို့ ချင်းလုံဟာရှောင်းကျန့်အတွက်နားခိုရာ၊ခိုလှုံရာအိမ်ကလေးတစ်လုံးပါပဲ။ ပါးပါးနဲ့မားမားက ရှောင်းကျန့်တို့လက်ထပ်ကြတော့မယ့်အကြောင်းကိုသိပေမယ့် ပါးပါးရဲ့ကုမ္ပဏီကိစ္စတွေကြောင့်မလာနိုင်ပါဘူး။ ဒါကိုမားမားကစိတ်မကောင်းဖြစ်နေပြီးတဖွဖွတောင်းပန်နေပါသေးတယ်။ ကိစ္စမရှိကြောင်း၊ နောက်ကျမှလာခဲ့လည်းရကြောင်းရှောင်းကျန့်ကသေချာပြောမှသာစိတ်လျှော့သွားတာ။

"ဆရာလေး အကြီးအကဲကရိုးရာဝတ်စုံလဲဖို့ပေးခိုင်းလိုက်ပါတယ်"

ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတုန်း မိန်းကလေးတစ်ယောက်ကရိုးရာဝတ်စုံလာပေးတယ်။ မနက်မိုးလင်းစရှောင်းကျန့်နိုးတည်းက 'အကြီးအကဲလောင်းလျာရဲ့ကြင်ယာဖက်မို့ဘာအလုပ်မှမလုပ်ရဘူး'ဆိုတဲ့အကြီးအကဲရဲ့စကားကြောင့် ရှောင်းကျန့်ကဘာမှမလုပ်ရဘူး။

"ဟုတ်ပြီ ကျွန်တော်လဲထားလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ ဆရာလေး"

ရိုးရာဝတ်စုံလေးကိုလက်လွှဲယူရင်းရှောင်းကျန့်ပြောလိုက်တော့ တိုင်းရင်းသူမိန်းကလေးကခေါင်းညိမ့်ပြီးထွက်သွားတယ်။ အဝတ်အစားလဲဖို့ဝမ်ရိပေါ်အိပ်တဲ့အခန်းထဲကိုသွားလိုက်တယ်။ ညကလည်းရှောင်းကျန့်ဒီအခန်းထဲမှာအိပ်တာပါပဲ။ စိတ်လှုပ်ရှားနေတာကြောင့်ညကကောင်းကောင်းအိပ်မပျော်ပေမယ့် မနက်မိုးလင်းတော့ငြီးစီစီဖြစ်နေတာမျိုးမရှိဘူး။ ဝမ်ရိပေါ်အတွက်ရိုးရာဝတ်စုံကိုတော့စုရပ်ဆီသွားပို့ပါလိမ့်မယ်။ စုရပ်ကနေတစ်ခါတည်းအဝတ်အစားလဲပြီးမှလာဖို့ အကြီးအကဲလုံအာကဝမ်ရိပေါ်ကိုမှာလိုက်တာရှောင်းကျန့်ကြားပါတယ်။

ဒီတစ်ခါရိုးရာဝတ်စုံကပုံမှန်မြင်နေကျရိုးရာဝတ်စုံတွေနဲ့မတူဘူး။ မဂ်လာအခမ်းအနားမှာသီးသန့်ဝတ်တဲ့ဝတ်စုံ။ အထူးသဖြင့်မျိုးနွယ်စုခေါင်းဆောင်နဲ့သူ့ကြင်ယာဖက်အတွက်သီးသန့်ယက်လုပ်ရတဲ့ဝတ်စုံပါ။ နက်ပြာရောင်ပဲဆိုပေမယ့် ဒီဝတ်စုံရဲ့လက်ဖျားတွေမှာကျနေတဲ့ချည်မျှင်စတွေကအပြာနုရောင်နဲ့အဖြူရောင်တွေချည်း။ ကျန်တဲ့အရောင်မပါဘူး။ ရိုးရာဝတ်စုံရဲ့ရင်ဘတ်မှာယွိလုံတောင်တန်းရဲ့ပုံကိုချည်အဖြူရောင်နဲ့ထိုးထားတယ်။ ပြီးတော့ယွိလုံတောင်တန်းရဲ့ဘေးမှာအပြာရောင်တောပန်းတစ်ပွင့်ရှိတယ်။ ပြီးတော့ဝမ်ရိပေါ်နဲ့ရှောင်းကျန့်နာမည်ကိုယှဥ်တွဲရေးထိုးထားပါတယ်။ အဝါရောင်ချည်နဲ့ထိုးထားတဲ့နာမည်နှစ်ခုကိုလက်နဲ့ခပ်ဖွဖွပွတ်သပ်ရင်းရှောင်းကျန့်ရင်ထဲမှာလှိုက်ဖိုကြည်နူးနေတယ်။

"အိပ်မက်မဟုတ်ဘူးပဲ"

ရိုးရာဝတ်စုံဝတ်ပြီးသွားတဲ့အခါကိုယ့်ရင်ဘတ်ကိုယ်လက်နဲ့အသာပုတ်ရင်း ရှောင်းကျန့်ပြောမိတယ်။ ရိုးရာဝတ်စုံရဲ့ဘောင်ဘီကတော့အရမ်းမထူးခြားပါဘူး။ အောက်ခြေမှာအပြာနုရောင်နဲ့အဖြူရောင်ချည်တွေပါတာကလွဲရင်ပုံမှန်ပါပဲ။ ဒုတိယအကြိမ်မြောက်ဝတ်ရတဲ့ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့ရိုးရာဝတ်စုံဟာ သာမန်ထက်ထူးခြားတဲ့လက်ထပ်မဂ်လာဝတ်စုံဖြစ်လာလိမ့်မယ်လို့ဘယ်တုန်းကမှတွေးမကြည့်ခဲ့ဖူးပါဘူး။ ဒါပေမယ့်မထင်ထားတာကဖြစ်လာခဲ့ပါပြီ။

"ဆရာရှောင်းကျန့် ကျွန်တော်ဝင်လာလို့ရလား"

အသံဝဲဝဲ​အေးအေးလေးကအခန်းပြင်ကနေထွက်ပေါ်လာတာမို့ ရှောင်းကျန့်အသာပြုံးလိုက်တယ်။ သတို့သားလောင်းလေးရောက်လာပြီပဲ။

"ရတယ် ရိပေါ် လာခဲ့"

ရှောင်းကျန့်တို့မြို့ပေါ်မှာလိုအခန်းတံခါးဘာညာမရှိတဲ့အခန်းမို့ ဝမ်ရိပေါ်ကတန်းဝင်လာတယ်။ မဂ်လာဝတ်စုံလဲပြီးဖြစ်တဲ့ရှောင်းကျန့်ကိုမြင်တော့မျက်ဝန်းတွေကနူးနူးညံ့ညံ့။ ဝမ်ရိပေါ်ရဲ့ရိုးရာဝတ်စုံကလည်းရှောင်းကျန့်နဲ့တစ်ပုံစံတည်းပဲ။ ခန္ဓာကိုယ်ပိုကြီးတဲ့ဝမ်ရိပေါ်ရဲ့ဝတ်စုံကတော့နည်းနည်းလေးပိုကြီးပါလိမ့်မယ်။

"ခင်ဗျားလှတယ်
တောပန်းကလေးတွေထက်ခင်ဗျားကပိုလှတယ် သိလား ရှောင်းကျန့်"

ကုတင်ပေါ်မှာထိုင်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးပြောလာတဲ့ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်ယောင်ယမ်းပြီးခေါင်းငုံ့မိသွားတယ်။ ဒီခြောက်နှစ်ငယ်တဲ့ကောင်လေးကတော့ ဘယ်လိုတောင်ရဲတင်းလို့လူကိုလှတယ်လို့လာပြောရတာလဲ။

"ကျွန်တော်ခင်ဗျားကိုတကယ်ပိုင်တော့မှာ"

ရှောင်းကျန့်အနားမှာဝင်ထိုင်ပြီး ရှောင်းကျန့်ပုခုံးတွေကိုအသာဖက်ရင်း ဝမ်ရိပေါ်ကခပ်ဝဲဝဲဒေသိယသံနဲ့ပြောပါတယ်။ နောက်ဆုံးတော့ရှောင်းကျန့်ကိုဝမ်ရိပေါ်ကတကယ်ပိုင်တော့မယ်။ ရှောင်းကျန့်ကလည်းဝမ်ရိပေါ်ရဲ့အစစ်အမှန်ဆိုင်သူဖြစ်လာပါတော့မယ်။

"အခမ်းအနားစတော့မယ်ထင်တယ် ကျွန်တော်တို့သွားကြတော့မလား"

ကုတင်ပေါ်မှာမဟုတ်တော့ဘဲရှောင်းကျန့်ရှေ့မှာရပ်နေပြီးလက်ဖဝါးတစ်ဖက်ကိုကမ်းပေးရင်း ဝမ်ရိပေါ်ကပြောလာတယ်။ ရှောင်းကျန့်လည်းခေါင်းတစ်ချက်ကိုကြည်နူးနှစ်သိမ့်စွာညိမ့်ပြလိုက်ရင်းကမ်းထားတဲ့လက်ကိုတွဲလိုက်တယ်။ ဒီနေ့ကနေစပြီးအသက်ရှင်ရမယ့်ကာလတွေမှာဒီလက်ကိုပဲတွဲပြီးဒီလူ့ကိုပဲချစ်မြတ်နိုးပါတော့မယ်။ ဒီလူနဲ့သာဆိုရင်အခက်အခဲဘယ်လောက်ကြုံကြုံပေါ့။ ဒီခြောက်နှစ်ငယ်တဲ့တိုင်းရင်းသားလေးသာအနားမှာရှိနေပေးရင် ဘာတွေပဲဖြစ်လာပါစေ၊ရှောင်းကျန့်မကြောက်ပါဘူး။ နာကျင်ရတယ်ဆိုရင်တောင်ဒီလူရှိတာမို့၊ပျော်ရွှင်ရတယ်ဆိုရင်လည်းဒီလူနဲ့ပဲမို့ကျေနပ်ပါတယ်။

"ဆရာလေးနဲ့ဝမ်ကျယ်အဆင်သင့်ဖြစ်ရင်သွားကြရအောင်"

အကြီးအကဲရဲ့စကားကိုဝမ်ရိပေါ်ကခေါင်းညိမ့်ပြတယ်။ ပြီးတော့'သွားလို့ရပြီ အပါး'တဲ့။ အခမ်းအနားလုပ်မှာကအကြီးအကဲလုံအာတို့အိမ်ဝန်းထဲမှာမဟုတ်ဘူး။ ယင်းလိုင်ချောင်းနားကတောင်ကုန်းပေါ်မှာရှိတဲ့မျိုးနွယ်စုအထိမ်းအမှတ်ကျောက်တိုင်ရှိရာအဆောက်အဦးမှာလုပ်မှာ။ ရှောင်းကျန့်တစ်ခါမှမရောက်ဖူးသလိုရှိမှန်းလည်းမသိပါဘူး။ ဝမ်ရိပေါ်ပြောတာကတော့ အဲ့ဒီနေရာကအကြီးအကဲတင်မြှောက်တာနဲ့အကြီးအကဲရဲ့မဂ်လာပွဲကလွဲပြီးသွားလေ့မရှိကြဘူးတဲ့။ ဒါကြောင့်မို့ရှောင်းကျန့်မရောက်ဖူးတာဖြစ်ပါလိမ့်မယ်။

"ကဲ!!! ဒါဆိုအားလုံးသွားကြမယ်"

အကြီးအကဲရဲ့ဆော်သြစကားသံအဆုံးမှာ လူအုပ်စုကြီးကမျိုးနွယ်စုကျောက်တိုင်ရှိရာအဆောက်အဦးဆီကိုဦးတည်ကြတယ်။ အကြီးအကဲလုံအာကရှေ့ဆုံးက။ ပြီးတော့ဝမ်ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲလို့နောက်ကလိုက်တယ်။ အဲ့ဒီနောက်မှာတော့ချင်းလုံရွာသူ၊ရွာသားတွေပါတယ်။ အဲ့ဒီကိုသွားတဲ့လမ်းတစ်လျှောက်လုံးမှာဝမ်ရိပေါ်မျက်နှာကခါတိုင်းထက်ပိုချိုတဲ့အပြုံးတွေနဲ့။ ရှောင်းကျန့်ကတော့ အပြုံးတောက်တောက်နဲ့တိုင်းရင်းသားလေးရဲ့လက်ကိုအားပြုလျှောက်ခဲ့ရင်းခပ်နွေး​နွေးရင်ခုန်သံတွေကိုသယ်ဆောင်ထားရတယ်။ ရှောင်းကျန့်တို့တွေလက်ထပ်ရတော့မယ်။

"ရောက်ပြီ ဒီနေရာပဲ"

တောင်ကုန်းမို့မို့ပေါ်မှာဆောက်ထားတဲ့သစ်သားအဆောက်အဦးခပ်ကျယ်ကျယ်ဆီရောက်တော့ ရှောင်းကျန့်ကိုလှည့်ကြည့်ရင်းဝမ်ရိပေါ်ကပြောပါတယ်။ အဆောက်အဦးကသစ်သားအဆောက်အဦးခပ်ကျယ်ကျယ်ဖြစ်ပြီးအမိုးတော့ပါပေမယ့်အကာအရံမရှိဘူး။ ခြေတံတိုအဆောက်အဦးရဲ့ကြမ်းပြင်မှာသစ်သားတွေခင်းထားတယ်။ အဲ့တာရဲ့ရှေ့နားမှာတော့ အဖြူရောင်ကျောက်တိုင်ရှိတယ်။ ကျောက်တိုင်နားမှာအရိပ်ရသစ်ပင်တွေလည်းရှိတာကြောင့်နေပူမနေပါဘူး။ ဝမ်ရိပေါ်ပြောတဲ့မျိုးနွယ်စုကျောက်တိုင်ဖြစ်မယ်ထင်ပါရဲ့။

"ဆရာလေးနဲ့ဝမ်ကျယ် ဒီကိုလာ"

ရွာသူ၊ရွာသားတွေကအဆောက်အဦးရဲ့သစ်သားကြမ်းခင်းပေါ်မှာစုထိုင်လိုက်ကြတယ်။ မျိုးနွယ်စုကျောက်တိုင်ရှေ့မှာရပ်နေရင်း အကြီးအကဲလုံအာကရှောင်းကျန့်တို့ကိုခေါ်တယ်။ အဖြူရောင်ကျောက်တိုင်မှာရှောင်းကျန့်မဖတ်တတ်တဲ့စာတွေရေးထားတယ်။ ဝမ်ရိပေါ်ပြောတာကတော့ဒါကဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့ဘာသာနဲ့ရေးထားတာပါတဲ့။ ခပ်သေးသေးစာလုံးတွေကကျောက်တိုင်မှာအပြည့်ပဲ။

"ယနေ့မှစ၍ကျွန်ုပ်၏မျိုးနွယ်စုအကြီးအကဲရာထူးအား ကျွန်ုပ်၏သားဖြစ်သူဝမ်ရိပေါ်အားတရားဝင်လွှဲပြောင်းအပ်ပါတယ်
မျိုးနွယ်စုရဲ့ဘိုးဘေးဘီဘင်တို့အနေနဲ့ ကျွန်ုပ်တာဝန်ယူသမျှကာလပတ်လုံးကျေနပ်ခဲ့ကြဖို့မျှော်လင့်ပါတယ်"

မျိုးနွယ်စုရိုးရာကျောက်တိုင်ကိုကိုင်ရင်းမျက်စိစုံမှိတ်ထားပြီးအကြီးအကဲလုံအာကပြောတယ်။ ပြီးတော့ဝမ်ယွဲ့လုံဘာသာစကားလို့ထင်ရတဲ့၊ရှောင်းကျန့်နားမလည်တဲ့စကားတွေလည်းရွတ်နေသေးတယ်။

"မျိုးနွယ်စုကျောက်တိုင်ကိုအရိုအသေပေးလိုက်ဦး ဝမ်ကျယ်"

ဝမ်ရိပေါ်ကလည်း အကြီးအကဲပြောတဲ့အတိုင်းရိုးရာကျောက်တိုင်ကိုလက်နဲ့ထိလိုက်တယ်။ ပြီးတော့အကြီးအကဲလိုပဲဝမ်ယွဲ့လုံဘာသာစကားနဲ့တစ်ခုခုပြောနေသေးတယ်။

"ဆရာရှောင်းကျန့် ကျွန်တော်အနားလာ"

နံဘေးမှာရပ်ရင်းငေးနေတဲ့ရှောင်းကျန့်ကိုဝမ်ရိပေါ်ကအနားလာဖို့ခေါ်တယ်။ အခုအကြီးအကဲလုံအာကမျိုးနွယ်စုကျောက်တိုင်ရဲ့ရှေ့တည့်တည့်မှာဖြစ်ပြီးရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကတော့အကြီးအကဲလုံအာရဲ့ရှေ့နားမှာမျက်နှာချင်းဆိုင်ရပ်နေရတယ်။ ရွာသူ၊ရွာသားတွေကတော့အဆောက်အဦးထဲကနေကြည့်နေကြတယ်။

"ဒီနေ့ဒီအချိန်ကနေစပြီး ငါ့သားဝမ်ကျယ်ကိုဆရာလေးဆီအပ်ပါတယ်
မျိုးနွယ်စုခေါင်းဆောင်ရဲ့ကြင်ယာဖက်အနေနဲ့ ငါ့သားအပေါ်မှာရော၊မျိုးနွယ်စုတစ်ခုလုံးအပေါ်မှာပါလမ်းပြမီးအိမ်အဖြစ်ရှိနေပေးပါ"

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ရဲ့လက်တွေကိုဆုတ်ကိုင်လိုက်ရင်း အကြီးအကဲကပြောတဲ့အခါ ရှောင်းကျန့်ကမျက်ရည်တွေဝဲလို့။ ဝမ်ရိပေါ်ကတော့'ကျွန်တော့်ကိုခင်ဗျားပိုင်သွားပါပြီ'ဆိုတဲ့အပြုံးနုနုတွေနဲ့ပေါ့။ မျက်ရည်ဝဲလာလို့ရွာသူ၊ရွာသားတွေဆီအကြည့်ပို့မိတော့ သူတို့အားလုံးကလည်းနှစ်သိမ့်ကြည်နူးတဲ့အပြုံးတွေကိုယ်စီနဲ့။

"ကျွန်တော့်ကိုယုံကြည်လက်ခံပေးတဲ့အတွက် မျိုးနွယ်စုကိုကျေးဇူးတင်ပါတယ်"

ရှောင်းကျန့်ပြောတော့ အကြီးအကဲလုံအာနှစ်လိုဖွယ်ပြုံးရင်းခေါင်းညိမ့်တယ်။

"ကျူးယွယ် ချည်ကြိုးတွေယူခဲ့တော့"

ထိုင်နေကြတဲ့လူအုပ်စုထဲကိုအကြီးအကဲလုံအာကလှမ်းပြောတဲ့အခါ မိန်းကလေးတစ်ယောက်ကထလာပြီးချည်အဖြူနဲ့အပြာရောင်ကိုကျစ်ထားတဲ့လက်ပတ်ကြိုးလိုပုံစံလေးတွေကို ဝမ်ရိပေါ်ဆီလာပေးတယ်။

"ရိပေါ်!.."

ချည်ကြိုးတွေရောက်လာတာနဲ့ရှောင်းကျန့်ရှေ့မှာဒူးထောက်ထိုင်ချလိုက်တဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်အာမေဋိတ်ထွက်သွားတယ်။ ဘာမှမဖြစ်ပါဘူးဆိုတဲ့သဘောနဲ့ ဝမ်ရိပေါ်ကခေါင်းယမ်းပြရင်း ရှောင်းကျန့်ရဲ့ညာဖက်ခြေထောက်ကိုအသာဖွဖွလေးချည်ကြိုးပတ်ပေးနေတဲ့အခါ တင်းမခံနိုင်ဘဲမျက်ရည်တွေကျလာတာကရှောင်းကျန့်ပါပဲ။ အကြီးအကဲလုံအာကတော့နံဘေးကနေခပ်ပြုံးပြုံးကြည့်နေလေရဲ့။

"အဖြူရောင်ချည်ကြိုးတွေကခင်ဗျားအပေါ်ကျွန်တော်ထားတဲ့မေတ္တာကိုရည်ရွယ်ပြီး အပြာရောင်ချည်ကြိုးတွေကတော့ ကျွန်တော့်တစ်ဘဝလုံးခင်ဗျားကိုမြတ်နိုးသွားပါ့မယ်ဆိုတဲ့အဓိပ္ပါယ်"

ရှောင်းကျန့်ကိုချည်ကြိုးပတ်ပေးနေရင်း ဝမ်ရိပေါ်ကပြောပါတယ်။ လေးလေးနက်နက်အဓိပ္ပါယ်တွေကြောင့် ရှောင်းကျန့်ငိုပြီးရင်းငိုချင်သွားတယ်။ တိုင်းရင်းသားနဲ့ဖူးစာဆုံပြီးရိုးရာအခမ်းအနားနဲ့လက်ထပ်ရလိမ့်မယ်လို့ရှောင်းကျန့်အိပ်မက်တောင်မမက်ခဲ့ဖူးဘူးပဲ။

"ခင်ဗျားရော ကျွန်တော့်ကိုချည်ပေးချင်ရဲ့လား"

ရှောင်းကျန့်ကိုချည်ကြိုးချည်ပေးပြီးတဲ့အခါ ဝမ်ရိပေါ်ကထလာရင်းကျန်နေသေးတဲ့ကျစ်ပြီးသားချည်ကြိုးကိုပေးလာတာမို့ ရှောင်းကျန့်မျက်ရည်တွေကြားထဲကနေခေါင်းညိမ့်လိုက်တယ်။

"ချည်ကြိုးတွေရဲ့အဓိပ္ပါယ်အတိုင်း ကျွန်တော်ရိပေါ်အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာနဲ့အတူ ဖြတ်သန်းရမယ့်နောက်ကာလတွေအားလုံးမှာရိပေါ်ကိုအဖော်ပြုသွားပါ့မယ်"

တိုင်းရင်းသားလေးရဲ့ညာဖက်ခြေထောက်ကိုချည်ကြိုးချည်ပေးရင်းရှောင်းကျန့်ပြောတော့ တိုးဖွဖွရယ်သံကိုကြားရသေးတယ်။ ရှောင်းကျန့်လိုမငိုပေမယ့် အဲ့ဒီရယ်သံတိုးတိုးမှာချစ်ခြင်းမေတ္တာတွေအပြည့်ကိန်းအောင်းနေပါတယ်။ ဝမ်ရိပေါ်ကိုချည်ကြိုးချည်ပေးပြီးထရပ်လိုက်တော့ဝမ်ရိပေါ်ရဲ့မျက်ဝန်းတွေကကြယ်ကလေးတွေဝင်နေသလိုတောက်ပနေပုံများ။

"အခုဆိုရင်ငါ့သားဝမ်ရိပေါ်ကလည်း ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့အကြီးအကဲဖြစ်သွားသလို ဆရာလေးရှောင်းကျန့်ကလည်းဝမ်ယွဲ့လုံမျိုးနွယ်စုခေါင်းဆောင်ရဲ့ကြင်ယာဖက်ဖြစ်သွားပါပြီ"

ထိုင်နေကြတဲ့လူအုပ်ဖက်ကိုအကြီးအကဲလုံအာကပြောတဲ့အခါ လူအုပ်ကြီးကလည်းခေါင်းတစ်ညိမ့်ညိမ့်နဲ့။

"မျိုးနွယ်စုရဲ့အကြီးအကဲအနေနဲ့မျိုးနွယ်စုကိုအသက်နဲ့လဲပြီးကာကွယ်စောင့်ရှောက်သွားပါ့မယ် ပြီးတော့ကြင်ယာဖက်အပေါ်မှာလည်းအသက်နဲ့ထပ်တူမြတ်နိုးသွားပါ့မယ်လို့ကတိပြုပါတယ်"

ရှောင်းကျန့်လက်တစ်ဖက်ကိုအသာဆုတ်ကိုင်ရင်း ရွာသူ၊ရွာသားတွေဖက်ကိုကြည့်ပြီးဝမ်ရိပေါ်ကပြောတော့ ရွာသူရွာသားတွေကသဘောကျကျေနပ်သလိုပြုံးနေကြတယ်။ အမျိုးသမီးကြီးတွေကဆိုမျက်ရည်တွေတောင်ကျလို့။ အဲ့ဒီနောက်လူအုပ်ဆီကနေအကြည့်လွှဲပြီးဝမ်ရိပေါ်ကရှောင်းကျန့်ကိုမြတ်မြတ်နိုးနိုးကြည့်လာတယ်။

"ကျွန်တော့်လက်ထဲကိုစိတ်ချလက်ချထည့်ပေးတဲ့အတွက် ခင်ဗျားမိဘတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်"

ရှောင်းကျန့်ပုခုံးနှစ်ဖက်ကိုဆုတ်ကိုင်ရင်းဝမ်ရိပေါ်ကအသံဝဲဝဲနဲ့ပြောတယ်။

"ပြီးတော့ကျွန်တော့်ကိုချစ်ပေးတဲ့အတွက်ခင်ဗျားကိုလည်းကျေးဇူးတင်တယ် နောက်လာမယ့်ရက်တွေမှာကျွန်တော်ကပိုပြီးချစ်ပေးပါ့မယ်"

စကားအဆုံးနဖူးဆီရုတ်တရက်ဆန်စွာနူးနူးညံ့ညံ့ထိကပ်လာတဲ့နှုတ်ခမ်းနွေးနွေးကြောင့် ရှောင်းကျန့်မျက်လုံးတွေကိုမှိတ်ချလိုက်တယ်။ 'ဝေး'ခနဲအော်သံကြားလိုက်ရတာကလူအုပ်ဆီကဖြစ်မှန်းမျက်လုံးဖွင့်မကြည့်ရင်တောင်ရှောင်းကျန့်သိပါတယ်။ အနမ်းနုနုကြားမှာရှောင်းကျန့်ကိုယ်၊စိတ်၊နှလုံးသုံးပါးလုံးငြိမ်းချမ်းပါတယ်။

//ချစ်ခြင်းမေတ္တာဟာအဲ့သလိုကြည်နူးနှစ်သိမ့်ဖို့ကောင်းပါသတဲ့//

#TayyYizhan
23.12.2022(Fri)
A/N နောက်အပိုင်းဟာနောက်ဆုံးfinalပါ။ သိစေချင်တာကတော့မျိုးနွယ်စုကအကြီးကြီးမဟုတ်ပါဘူး။
Weddingကိုရေးတာလိုအပ်ချက်တွေရှိရင်တောင်းပန်ပါတယ်၊ရိုးရာအခမ်းအနားဆိုတော့သာမန်မြင်နေကျweddingတွေနဲ့မတူတာမို့ပါ။ ပြီးတော့တေးတေးကမဂ်လာလည်းမဆောင်ဖူးတော့သေချာမသိဘူးလေ🤣

Zawgyi
/

ဘယ္ဖက္လက္ကအေဆာင္ေက်ာက္ပုတီးေလးေၾကာင့္မဟုတ္ဘဲ ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးရဲ႕ရင္ခြင္မွာခိုလႈံရတာေၾကာင့္ ျဖတ္သန္းခဲ့ရသမွ်ရက္ေတြဟာၾကည္ႏူးခ်မ္း​ေျမ့ခဲ့ပါတယ္။ ပင္ပန္းလာတိုင္းခိုလႈံစရာအျဖစ္ရွိေနေပးတတ္တဲ့ေတာင္ေပၚသားေလးဟာ ထမင္းစားခ်ိန္မမွန္ရင္လည္းလူႀကီးေလးလိုဆူပူတတ္ေသးတယ္။ ေတာင္ေပၚေလေတြညင္ညင္သာသာကေနခပ္ၾကမ္းၾကမ္းအထိတိုက္ခတ္တတ္တာကိုလည္းႀကဳံရၿပီးၿပီ။ ႏွင္းေတြခပ္သည္းသည္းကေနခပ္ဖြဲဖြဲ၊ၿပီးေတာ့လုံးဝစဲသြားတတ္တာကိုလည္း မ်က္ဝါးထင္ထင္ေတြ႕ခဲ့ရၿပီးၿပီ။ တစ္ႏွစ္ပတ္လုံးခ်မ္းေအးေနတတ္တဲ့ခ်င္းလုံေျမမွာ ေရွာင္းက်န့္အတြက္ေႏြးေထြးေစတဲ့ေကာင္ေလးကိုရွာေတြ႕ခဲ့ရျခင္းအတြက္ ေရွာင္းက်န့္ကအေျခအေနေတြအားလုံးကိုေက်းဇူးတင္ပါတယ္။

ခ်င္းလုံ​ေျမမွာရႉရွိုက္ရတဲ့ေလထုကအစ ယင္းလိုင္ေခ်ာင္းကေရေတြအဆုံးေရွာင္းက်န့္အတြက္သေဘာက်စရာေကာင္းပါတယ္။ တခုတ္တရအေနနဲ႕ ေမတၱာေတြကိုလိုလိုလားလားေပးခဲ့တဲ့တိုင္းရင္းသားေကာင္ေလးကိုေရာ၊ ေမတၱာေရးကိုလက္ခံေပးတဲ့မ်ိဳးႏြယ္စုတစ္ခုလုံးကိုေရာ လွိုက္လွိုက္လွဲလွဲေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ေရွာင္းက်န့္ရဲ႕ပါးပါးနဲ႕မားမားေပါ့။ သူတို႔ေတြသာႏွစ္လိုစြာလက္ခံမေပးခဲ့ဘူးဆိုရင္ အျပည့္အဝစိတ္ေပ်ာ္နိုင္မွာမဟုတ္ပါဘူး။ ဒီအေတာအတြင္းကုန္ဆုံးခဲ့ရတဲ့ေန႕ရက္ေတြမွာ ခဏခဏဖုန္းဆက္တတ္တဲ့ပါးပါးေၾကာင့္ ဖုန္းလိုင္းမိတဲ့အခ်ိန္ေတြမွာဖုန္းေျပာၾကရင္း အရင္ကထက္ပိုၿပီးရင္းႏွီးလာခဲ့တယ္။ မားမားကေတာ့သေဘာတက်ေပါ့။

အခ်ိန္ကာလအားျဖင့္တစ္ႏွစ္ေက်ာ္သြားတယ္။ ဒီကာလေတြထဲမွာကေလးေတြကိုလည္းစာအမ်ားႀကီးသင္ခဲ့သလို ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးနဲ႕လည္းတစ္ရက္ထက္တစ္ရက္ပိုၿပီးေမတၱာခ်င္းဆက္ႏြယ္ခဲ့ၿပီ။ ဒီေန႕ကသိပ္ကိုထူးျခားတဲ့ေန႕။ အႀကီးအကဲတို႔အိမ္ဝန္းထဲမွာလူေတြရႈပ္ေနတယ္။ ေဝလီေဝလင္းဆိုေပမယ့္ ခပ္ဝဲဝဲစကားသံေတြဆူညံေနတယ္။ ၾကည္ၾကည္ႏူးႏူးခုန္ေနတဲ့ရင္ဘတ္ကိုအသာပုတ္ၿပီးေရွာင္းက်န့္ၿပဳံးမိသြားတယ္။ ေရွာင္းက်န့္မအိပ္လို႔မျဖစ္တာမို႔အႀကီးအကဲတို႔အိမ္မွာမေန႕ညကအိပ္ရတယ္။ ဟုတ္တယ္။ ဒီေန႕ကဝမ္ရိေပၚအသက္ႏွစ္ဆယ္တိတိျပည့္တဲ့ေန႕။ ၿပီးေတာ့ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕အႀကီးအကဲအျဖစ္တာဝန္လႊဲေျပာင္းယူတဲ့ေန႕။

'ဝမ္က်ယ့္အသက္ႏွစ္ဆယ္ျပည့္တဲ့ေန႕က်ရင္ မ်ိဳးႏြယ္စုေခါင္းေဆာင္အျဖစ္တာဝန္လႊဲေျပာင္းေပးမယ္ ၿပီးေတာ့အဲ့ဒီေန႕မွာပဲဆရာေလးနဲ႕ဝမ္က်ယ့္ကိုလက္ဆက္ေပးမယ္'

လြန္ခဲ့တဲ့တစ္ႏွစ္၊ေသခ်ာေအာင္ေျပာရရင္မ်ိဳးႏြယ္စုထံေရွာင္းက်န့္တို႔ေမတၱာေရးကိုခ်ျပဝန္ခံၿပီးမၾကာခင္မွာပဲေျပာခဲ့တဲ့အႀကီးအကဲလုံအာရဲ႕စကားေၾကာင့္ ေရွာင္းက်န့္ဒီကိုေရာက္ေနခဲ့တာ။ အတိအက်ဆိဳရင္ဒီေန႕ကဝမ္ရိေပၚနဲ႕ေရွာင္းက်န့္လက္ထပ္မယ့္ေန႕။ မ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာေလးလည္း တရားဝင္မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္လာေတာ့မယ္။ ေရွာင္းက်န့္လည္းဒီမ်ိဳးႏြယ္စုထဲကိုတရားဝင္ေျခခ်ရေတာ့မယ္။ တသိမ့္သိမ့္ၾကည္ႏူးရတယ္ဆိုတာဒီလိုမ်ိဳးနဲ႕တူပါရဲ႕။ လက္မထပ္ရေသးတာေၾကာင့္ တစ္ေနရာဆီအိပ္ရတာေတာင္မွေရွာင္းက်န့္မွာရင္ခုန္လြန္ၿပီးေကာင္းေကာင္းေတာင္အိပ္လို႔မေပ်ာ္။ ကာလသားစုရပ္မွာသြားအိပ္တဲ့တိုင္းရင္းသားေကာင္ေလးကေတာ့ဘယ္လိုေနမလဲမသိ။

မဂ္လာပြဲအတြက္စီစဥ္ေနၾကတဲ့လူေတြကိုၾကည့္ရင္း ေရွာင္းက်န့္ၿပဳံးေနမိတာမရပ္ေတာ့ပါဘူး။ ဖူးစာမွန္တဲ့အခါေျမျပန့္ကေနလြင့္လာတဲ့ပုဝါေလးတစ္စကို ေတာင္ေပၚသားေလးကေသခ်ာဖမ္းဆုတ္နိုင္ခဲ့ပါတယ္။ ခ်စ္ျခင္းေမတၱာရွိရာအရပ္ဟာအိမ္ျဖစ္တာမို႔ ခ်င္းလုံဟာေရွာင္းက်န့္အတြက္နားခိုရာ၊ခိုလႈံရာအိမ္ကေလးတစ္လုံးပါပဲ။ ပါးပါးနဲ႕မားမားက ေရွာင္းက်န့္တို႔လက္ထပ္ၾကေတာ့မယ့္အေၾကာင္းကိုသိေပမယ့္ ပါးပါးရဲ႕ကုမၸဏီကိစၥေတြေၾကာင့္မလာနိုင္ပါဘူး။ ဒါကိုမားမားကစိတ္မေကာင္းျဖစ္ေနၿပီးတဖြဖြေတာင္းပန္ေနပါေသးတယ္။ ကိစၥမရွိေၾကာင္း၊ ေနာက္က်မွလာခဲ့လည္းရေၾကာင္းေရွာင္းက်န့္ကေသခ်ာေျပာမွသာစိတ္ေလွ်ာ့သြားတာ။

"ဆရာေလး အႀကီးအကဲကရိုးရာဝတ္စုံလဲဖို႔ေပးခိုင္းလိုက္ပါတယ္"

ပတ္ဝန္းက်င္ကိုလိုက္ၾကည့္ေနတုန္း မိန္းကေလးတစ္ေယာက္ကရိုးရာဝတ္စုံလာေပးတယ္။ မနက္မိုးလင္းစေရွာင္းက်န့္နိုးတည္းက 'အႀကီးအကဲေလာင္းလ်ာရဲ႕ၾကင္ယာဖက္မို႔ဘာအလုပ္မွမလုပ္ရဘူး'ဆိုတဲ့အႀကီးအကဲရဲ႕စကားေၾကာင့္ ေရွာင္းက်န့္ကဘာမွမလုပ္ရဘူး။

"ဟုတ္ၿပီ ကြၽန္ေတာ္လဲထားလိုက္ပါ့မယ္"

"ဟုတ္ကဲ့ပါ ဆရာေလး"

ရိုးရာဝတ္စုံေလးကိုလက္လႊဲယူရင္းေရွာင္းက်န့္ေျပာလိုက္ေတာ့ တိုင္းရင္းသူမိန္းကေလးကေခါင္းညိမ့္ၿပီးထြက္သြားတယ္။ အဝတ္အစားလဲဖို႔ဝမ္ရိေပၚအိပ္တဲ့အခန္းထဲကိုသြားလိုက္တယ္။ ညကလည္းေရွာင္းက်န့္ဒီအခန္းထဲမွာအိပ္တာပါပဲ။ စိတ္လႈပ္ရွားေနတာေၾကာင့္ညကေကာင္းေကာင္းအိပ္မေပ်ာ္ေပမယ့္ မနက္မိုးလင္းေတာ့ၿငီးစီစီျဖစ္ေနတာမ်ိဳးမရွိဘူး။ ဝမ္ရိေပၚအတြက္ရိုးရာဝတ္စုံကိုေတာ့စုရပ္ဆီသြားပို႔ပါလိမ့္မယ္။ စုရပ္ကေနတစ္ခါတည္းအဝတ္အစားလဲၿပီးမွလာဖို႔ အႀကီးအကဲလုံအာကဝမ္ရိေပၚကိုမွာလိုက္တာေရွာင္းက်န့္ၾကားပါတယ္။

ဒီတစ္ခါရိုးရာဝတ္စုံကပုံမွန္ျမင္ေနက်ရိဳးရာဝတ္စုံေတြနဲ႕မတူဘူး။ မဂ္လာအခမ္းအနားမွာသီးသန့္ဝတ္တဲ့ဝတ္စုံ။ အထူးသျဖင့္မ်ိဳးႏြယ္စုေခါင္းေဆာင္နဲ႕သူ႕ၾကင္ယာဖက္အတြက္သီးသန့္ယက္လုပ္ရတဲ့ဝတ္စုံပါ။ နက္ျပာေရာင္ပဲဆိုေပမယ့္ ဒီဝတ္စုံရဲ႕လက္ဖ်ားေတြမွာက်ေနတဲ့ခ်ည္မွ်င္စေတြကအျပာႏုေရာင္နဲ႕အျဖဴေရာင္ေတြခ်ည္း။ က်န္တဲ့အေရာင္မပါဘူး။ ရိုးရာဝတ္စုံရဲ႕ရင္ဘတ္မွာယြိလုံေတာင္တန္းရဲ႕ပုံကိုခ်ည္အျဖဴေရာင္နဲ႕ထိုးထားတယ္။ ၿပီးေတာ့ယြိလုံေတာင္တန္းရဲ႕ေဘးမွာအျပာေရာင္ေတာပန္းတစ္ပြင့္ရွိတယ္။ ၿပီးေတာ့ဝမ္ရိေပၚနဲ႕ေရွာင္းက်န့္နာမည္ကိုယွဥ္တြဲေရးထိုးထားပါတယ္။ အဝါေရာင္ခ်ည္နဲ႕ထိုးထားတဲ့နာမည္ႏွစ္ခုကိုလက္နဲ႕ခပ္ဖြဖြပြတ္သပ္ရင္းေရွာင္းက်န့္ရင္ထဲမွာလွိုက္ဖိုၾကည္ႏူးေနတယ္။

"အိပ္မက္မဟုတ္ဘူးပဲ"

ရိုးရာဝတ္စုံဝတ္ၿပီးသြားတဲ့အခါကိုယ့္ရင္ဘတ္ကိုယ္လက္နဲ႕အသာပုတ္ရင္း ေရွာင္းက်န့္ေျပာမိတယ္။ ရိုးရာဝတ္စုံရဲ႕ေဘာင္ဘီကေတာ့အရမ္းမထူးျခားပါဘူး။ ေအာက္ေျခမွာအျပာႏုေရာင္နဲ႕အျဖဴေရာင္ခ်ည္ေတြပါတာကလြဲရင္ပုံမွန္ပါပဲ။ ဒုတိယအႀကိမ္ေျမာက္ဝတ္ရတဲ့ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕ရိုးရာဝတ္စုံဟာ သာမန္ထက္ထူးျခားတဲ့လက္ထပ္မဂ္လာဝတ္စုံျဖစ္လာလိမ့္မယ္လို႔ဘယ္တုန္းကမွေတြးမၾကည့္ခဲ့ဖူးပါဘူး။ ဒါေပမယ့္မထင္ထားတာကျဖစ္လာခဲ့ပါၿပီ။

"ဆရာေရွာင္းက်န့္ ကြၽန္ေတာ္ဝင္လာလို႔ရလား"

အသံဝဲဝဲ​ေအးေအးေလးကအခန္းျပင္ကေနထြက္ေပၚလာတာမို႔ ေရွာင္းက်န့္အသာၿပဳံးလိုက္တယ္။ သတို႔သားေလာင္းေလးေရာက္လာၿပီပဲ။

"ရတယ္ ရိေပၚ လာခဲ့"

ေရွာင္းက်န့္တို႔ၿမိဳ႕ေပၚမွာလိုအခန္းတံခါးဘာညာမရွိတဲ့အခန္းမို႔ ဝမ္ရိေပၚကတန္းဝင္လာတယ္။ မဂ္လာဝတ္စုံလဲၿပီးျဖစ္တဲ့ေရွာင္းက်န့္ကိုျမင္ေတာ့မ်က္ဝန္းေတြကႏူးႏူးညံ့ညံ့။ ဝမ္ရိေပၚရဲ႕ရိုးရာဝတ္စုံကလည္းေရွာင္းက်န့္နဲ႕တစ္ပုံစံတည္းပဲ။ ခႏၶာကိုယ္ပိုႀကီးတဲ့ဝမ္ရိေပၚရဲ႕ဝတ္စုံကေတာ့နည္းနည္းေလးပိုႀကီးပါလိမ့္မယ္။

"ခင္ဗ်ားလွတယ္
ေတာပန္းကေလးေတြထက္ခင္ဗ်ားကပိုလွတယ္ သိလား ေရွာင္းက်န့္"

ကုတင္ေပၚမွာထိုင္ေနတဲ့ေရွာင္းက်န့္ကိုၾကည့္ၿပီးေျပာလာတဲ့ဝမ္ရိေပၚစကားေၾကာင့္ ေရွာင္းက်န့္ေယာင္ယမ္းၿပီးေခါင္းငုံ႕မိသြားတယ္။ ဒီေျခာက္ႏွစ္ငယ္တဲ့ေကာင္ေလးကေတာ့ ဘယ္လိုေတာင္ရဲတင္းလို႔လူကိုလွတယ္လို႔လာေျပာရတာလဲ။

"ကြၽန္ေတာ္ခင္ဗ်ားကိုတကယ္ပိုင္ေတာ့မွာ"

ေရွာင္းက်န့္အနားမွာဝင္ထိုင္ၿပီး ေရွာင္းက်န့္ပုခုံးေတြကိုအသာဖက္ရင္း ဝမ္ရိေပၚကခပ္ဝဲဝဲေဒသိယသံနဲ႕ေျပာပါတယ္။ ေနာက္ဆုံးေတာ့ေရွာင္းက်န့္ကိုဝမ္ရိေပၚကတကယ္ပိုင္ေတာ့မယ္။ ေရွာင္းက်န့္ကလည္းဝမ္ရိေပၚရဲ႕အစစ္အမွန္ဆိုင္သူျဖစ္လာပါေတာ့မယ္။

"အခမ္းအနားစေတာ့မယ္ထင္တယ္ ကြၽန္ေတာ္တို႔သြားၾကေတာ့မလား"

ကုတင္ေပၚမွာမဟုတ္ေတာ့ဘဲေရွာင္းက်န့္ေရွ႕မွာရပ္ေနၿပီးလက္ဖဝါးတစ္ဖက္ကိုကမ္းေပးရင္း ဝမ္ရိေပၚကေျပာလာတယ္။ ေရွာင္းက်န့္လည္းေခါင္းတစ္ခ်က္ကိုၾကည္ႏူးႏွစ္သိမ့္စြာညိမ့္ျပလိုက္ရင္းကမ္းထားတဲ့လက္ကိုတြဲလိုက္တယ္။ ဒီေန႕ကေနစၿပီးအသက္ရွင္ရမယ့္ကာလေတြမွာဒီလက္ကိုပဲတြဲၿပီးဒီလူ႕ကိုပဲခ်စ္ျမတ္နိုးပါေတာ့မယ္။ ဒီလူနဲ႕သာဆိုရင္အခက္အခဲဘယ္ေလာက္ႀကဳံႀကဳံေပါ့။ ဒီေျခာက္ႏွစ္ငယ္တဲ့တိုင္းရင္းသားေလးသာအနားမွာရွိေနေပးရင္ ဘာေတြပဲျဖစ္လာပါေစ၊ေရွာင္းက်န့္မေၾကာက္ပါဘူး။ နာက်င္ရတယ္ဆိုရင္ေတာင္ဒီလူရွိတာမို႔၊ေပ်ာ္႐ႊင္ရတယ္ဆိုရင္လည္းဒီလူနဲ႕ပဲမို႔ေက်နပ္ပါတယ္။

"ဆရာေလးနဲ႕ဝမ္က်ယ္အဆင္သင့္ျဖစ္ရင္သြားၾကရေအာင္"

အႀကီးအကဲရဲ႕စကားကိုဝမ္ရိေပၚကေခါင္းညိမ့္ျပတယ္။ ၿပီးေတာ့'သြားလို႔ရၿပီ အပါး'တဲ့။ အခမ္းအနားလုပ္မွာကအႀကီးအကဲလုံအာတို႔အိမ္ဝန္းထဲမွာမဟုတ္ဘူး။ ယင္းလိုင္ေခ်ာင္းနားကေတာင္ကုန္းေပၚမွာရွိတဲ့မ်ိဳးႏြယ္စုအထိမ္းအမွတ္ေက်ာက္တိုင္ရွိရာအေဆာက္အဦးမွာလုပ္မွာ။ ေရွာင္းက်န့္တစ္ခါမွမေရာက္ဖူးသလိုရွိမွန္းလည္းမသိပါဘူး။ ဝမ္ရိေပၚေျပာတာကေတာ့ အဲ့ဒီေနရာကအႀကီးအကဲတင္ျမႇောက္တာနဲ႕အႀကီးအကဲရဲ႕မဂ္လာပြဲကလြဲၿပီးသြားေလ့မရွိၾကဘူးတဲ့။ ဒါေၾကာင့္မို႔ေရွာင္းက်န့္မေရာက္ဖူးတာျဖစ္ပါလိမ့္မယ္။

"ကဲ!!! ဒါဆိုအားလုံးသြားၾကမယ္"

အႀကီးအကဲရဲ႕ေဆာ္ၾသစကားသံအဆုံးမွာ လူအုပ္စုႀကီးကမ်ိဳးႏြယ္စုေက်ာက္တိုင္ရွိရာအေဆာက္အဦးဆီကိုဦးတည္ၾကတယ္။ အႀကီးအကဲလုံအာကေရွ႕ဆုံးက။ ၿပီးေတာ့ဝမ္ရိေပၚကေရွာင္းက်န့္လက္ကိုဆြဲလို႔ေနာက္ကလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့ခ်င္းလုံ႐ြာသူ၊႐ြာသားေတြပါတယ္။ အဲ့ဒီကိုသြားတဲ့လမ္းတစ္ေလွ်ာက္လုံးမွာဝမ္ရိေပၚမ်က္ႏွာကခါတိုင္းထက္ပိုခ်ိဳတဲ့အၿပဳံးေတြနဲ႕။ ေရွာင္းက်န့္ကေတာ့ အၿပဳံးေတာက္ေတာက္နဲ႕တိုင္းရင္းသားေလးရဲ႕လက္ကိုအားျပဳေလွ်ာက္ခဲ့ရင္းခပ္ေႏြး​ေႏြးရင္ခုန္သံေတြကိုသယ္ေဆာင္ထားရတယ္။ ေရွာင္းက်န့္တို႔ေတြလက္ထပ္ရေတာ့မယ္။

"ေရာက္ၿပီ ဒီေနရာပဲ"

ေတာင္ကုန္းမို႔မို႔ေပၚမွာေဆာက္ထားတဲ့သစ္သားအေဆာက္အဦးခပ္က်ယ္က်ယ္ဆီေရာက္ေတာ့ ေရွာင္းက်န့္ကိုလွည့္ၾကည့္ရင္းဝမ္ရိေပၚကေျပာပါတယ္။ အေဆာက္အဦးကသစ္သားအေဆာက္အဦးခပ္က်ယ္က်ယ္ျဖစ္ၿပီးအမိုးေတာ့ပါေပမယ့္အကာအရံမရွိဘူး။ ေျခတံတိုအေဆာက္အဦးရဲ႕ၾကမ္းျပင္မွာသစ္သားေတြခင္းထားတယ္။ အဲ့တာရဲ႕ေရွ႕နားမွာေတာ့ အျဖဴေရာင္ေက်ာက္တိုင္ရွိတယ္။ ေက်ာက္တိုင္နားမွာအရိပ္ရသစ္ပင္ေတြလည္းရွိတာေၾကာင့္ေနပူမေနပါဘူး။ ဝမ္ရိေပၚေျပာတဲ့မ်ိဳးႏြယ္စုေက်ာက္တိုင္ျဖစ္မယ္ထင္ပါရဲ႕။

"ဆရာေလးနဲ႕ဝမ္က်ယ္ ဒီကိုလာ"

႐ြာသူ၊႐ြာသားေတြကအေဆာက္အဦးရဲ႕သစ္သားၾကမ္းခင္းေပၚမွာစုထိုင္လိုက္ၾကတယ္။ မ်ိဳးႏြယ္စုေက်ာက္တိုင္ေရွ႕မွာရပ္ေနရင္း အႀကီးအကဲလုံအာကေရွာင္းက်န့္တို႔ကိုေခၚတယ္။ အျဖဴေရာင္ေက်ာက္တိုင္မွာေရွာင္းက်န့္မဖတ္တတ္တဲ့စာေတြေရးထားတယ္။ ဝမ္ရိေပၚေျပာတာကေတာ့ဒါကဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕ဘာသာနဲ႕ေရးထားတာပါတဲ့။ ခပ္ေသးေသးစာလုံးေတြကေက်ာက္တိုင္မွာအျပည့္ပဲ။

"ယေန႕မွစ၍ကြၽန္ုပ္၏မ်ိဳးႏြယ္စုအႀကီးအကဲရာထူးအား ကြၽန္ုပ္၏သားျဖစ္သူဝမ္ရိေပၚအားတရားဝင္လႊဲေျပာင္းအပ္ပါတယ္
မ်ိဳးႏြယ္စုရဲ႕ဘိုးေဘးဘီဘင္တို႔အေနနဲ႕ ကြၽန္ုပ္တာဝန္ယူသမွ်ကာလပတ္လုံးေက်နပ္ခဲ့ၾကဖို႔ေမွ်ာ္လင့္ပါတယ္"

မ်ိဳးႏြယ္စုရိုးရာေက်ာက္တိုင္ကိုကိုင္ရင္းမ်က္စိစုံမွိတ္ထားၿပီးအႀကီးအကဲလုံအာကေျပာတယ္။ ၿပီးေတာ့ဝမ္ယြဲ႕လုံဘာသာစကားလို႔ထင္ရတဲ့၊ေရွာင္းက်န့္နားမလည္တဲ့စကားေတြလည္း႐ြတ္ေနေသးတယ္။

"မ်ိဳးႏြယ္စုေက်ာက္တိုင္ကိုအရိုအေသေပးလိုက္ဦး ဝမ္က်ယ္"

ဝမ္ရိေပၚကလည္း အႀကီးအကဲေျပာတဲ့အတိုင္းရိုးရာေက်ာက္တိုင္ကိုလက္နဲ႕ထိလိုက္တယ္။ ၿပီးေတာ့အႀကီးအကဲလိုပဲဝမ္ယြဲ႕လုံဘာသာစကားနဲ႕တစ္ခုခုေျပာေနေသးတယ္။

"ဆရာေရွာင္းက်န့္ ကြၽန္ေတာ္အနားလာ"

နံေဘးမွာရပ္ရင္းေငးေနတဲ့ေရွာင္းက်န့္ကိုဝမ္ရိေပၚကအနားလာဖို႔ေခၚတယ္။ အခုအႀကီးအကဲလုံအာကမ်ိဳးႏြယ္စုေက်ာက္တိုင္ရဲ႕ေရွ႕တည့္တည့္မွာျဖစ္ၿပီးေရွာင္းက်န့္နဲ႕ဝမ္ရိေပၚကေတာ့အႀကီးအကဲလုံအာရဲ႕ေရွ႕နားမွာမ်က္ႏွာခ်င္းဆိုင္ရပ္ေနရတယ္။ ႐ြာသူ၊႐ြာသားေတြကေတာ့အေဆာက္အဦးထဲကေနၾကည့္ေနၾကတယ္။

"ဒီေန႕ဒီအခ်ိန္ကေနစၿပီး ငါ့သားဝမ္က်ယ္ကိုဆရာေလးဆီအပ္ပါတယ္
မ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ၾကင္ယာဖက္အေနနဲ႕ ငါ့သားအေပၚမွာေရာ၊မ်ိဳးႏြယ္စုတစ္ခုလုံးအေပၚမွာပါလမ္းျပမီးအိမ္အျဖစ္ရွိေနေပးပါ"

ေရွာင္းက်န့္နဲ႕ဝမ္ရိေပၚရဲ႕လက္ေတြကိုဆုတ္ကိုင္လိုက္ရင္း အႀကီးအကဲကေျပာတဲ့အခါ ေရွာင္းက်န့္ကမ်က္ရည္ေတြဝဲလို႔။ ဝမ္ရိေပၚကေတာ့'ကြၽန္ေတာ့္ကိုခင္ဗ်ားပိုင္သြားပါၿပီ'ဆိုတဲ့အၿပဳံးႏုႏုေတြနဲ႕ေပါ့။ မ်က္ရည္ဝဲလာလို႔႐ြာသူ၊႐ြာသားေတြဆီအၾကည့္ပို႔မိေတာ့ သူတို႔အားလုံးကလည္းႏွစ္သိမ့္ၾကည္ႏူးတဲ့အၿပဳံးေတြကိုယ္စီနဲ႕။

"ကြၽန္ေတာ့္ကိုယုံၾကည္လက္ခံေပးတဲ့အတြက္ မ်ိဳးႏြယ္စုကိုေက်းဇူးတင္ပါတယ္"

ေရွာင္းက်န့္ေျပာေတာ့ အႀကီးအကဲလုံအာႏွစ္လိုဖြယ္ၿပဳံးရင္းေခါင္းညိမ့္တယ္။

"က်ဴးယြယ္ ခ်ည္ႀကိဳးေတြယူခဲ့ေတာ့"

ထိုင္ေနၾကတဲ့လူအုပ္စုထဲကိုအႀကီးအကဲလုံအာကလွမ္းေျပာတဲ့အခါ မိန္းကေလးတစ္ေယာက္ကထလာၿပီးခ်ည္အျဖဴနဲ႕အျပာေရာင္ကိုက်စ္ထားတဲ့လက္ပတ္ႀကိဳးလိုပုံစံေလးေတြကို ဝမ္ရိေပၚဆီလာေပးတယ္။

"ရိေပၚ!.."

ခ်ည္ႀကိဳးေတြေရာက္လာတာနဲ႕ေရွာင္းက်န့္ေရွ႕မွာဒူးေထာက္ထိုင္ခ်လိဳက္တဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္အာေမဋိတ္ထြက္သြားတယ္။ ဘာမွမျဖစ္ပါဘူးဆိုတဲ့သေဘာနဲ႕ ဝမ္ရိေပၚကေခါင္းယမ္းျပရင္း ေရွာင္းက်န့္ရဲ႕ညာဖက္ေျခေထာက္ကိုအသာဖြဖြေလးခ်ည္ႀကိဳးပတ္ေပးေနတဲ့အခါ တင္းမခံနိုင္ဘဲမ်က္ရည္ေတြက်လာတာကေရွာင္းက်န့္ပါပဲ။ အႀကီးအကဲလုံအာကေတာ့နံေဘးကေနခပ္ၿပဳံးၿပဳံးၾကည့္ေနေလရဲ႕။

"အျဖဴေရာင္ခ်ည္ႀကိဳးေတြကခင္ဗ်ားအေပၚကြၽန္ေတာ္ထားတဲ့ေမတၱာကိုရည္႐ြယ္ၿပီး အျပာေရာင္ခ်ည္ႀကိဳးေတြကေတာ့ ကြၽန္ေတာ့္တစ္ဘဝလုံးခင္ဗ်ားကိုျမတ္နိုးသြားပါ့မယ္ဆိုတဲ့အဓိပၸါယ္"

ေရွာင္းက်န့္ကိုခ်ည္ႀကိဳးပတ္ေပးေနရင္း ဝမ္ရိေပၚကေျပာပါတယ္။ ေလးေလးနက္နက္အဓိပၸါယ္ေတြေၾကာင့္ ေရွာင္းက်န့္ငိုၿပီးရင္းငိုခ်င္သြားတယ္။ တိုင္းရင္းသားနဲ႕ဖူးစာဆုံၿပီးရိုးရာအခမ္းအနားနဲ႕လက္ထပ္ရလိမ့္မယ္လို႔ေရွာင္းက်န့္အိပ္မက္ေတာင္မမက္ခဲ့ဖူးဘူးပဲ။

"ခင္ဗ်ားေရာ ကြၽန္ေတာ့္ကိုခ်ည္ေပးခ်င္ရဲ႕လား"

ေရွာင္းက်န့္ကိုခ်ည္ႀကိဳးခ်ည္ေပးၿပီးတဲ့အခါ ဝမ္ရိေပၚကထလာရင္းက်န္ေနေသးတဲ့က်စ္ၿပီးသားခ်ည္ႀကိဳးကိုေပးလာတာမို႔ ေရွာင္းက်န့္မ်က္ရည္ေတြၾကားထဲကေနေခါင္းညိမ့္လိုက္တယ္။

"ခ်ည္ႀကိဳးေတြရဲ႕အဓိပၸါယ္အတိုင္း ကြၽန္ေတာ္ရိေပၚအေပၚထားတဲ့ခ်စ္ျခင္းေမတၱာနဲ႕အတူ ျဖတ္သန္းရမယ့္ေနာက္ကာလေတြအားလုံးမွာရိေပၚကိုအေဖာ္ျပဳသြားပါ့မယ္"

တိုင္းရင္းသားေလးရဲ႕ညာဖက္ေျခေထာက္ကိုခ်ည္ႀကိဳးခ်ည္ေပးရင္းေရွာင္းက်န့္ေျပာေတာ့ တိုးဖြဖြရယ္သံကိုၾကားရေသးတယ္။ ေရွာင္းက်န့္လိုမငိုေပမယ့္ အဲ့ဒီရယ္သံတိုးတိုးမွာခ်စ္ျခင္းေမတၱာေတြအျပည့္ကိန္းေအာင္းေနပါတယ္။ ဝမ္ရိေပၚကိုခ်ည္ႀကိဳးခ်ည္ေပးၿပီးထရပ္လိုက္ေတာ့ဝမ္ရိေပၚရဲ႕မ်က္ဝန္းေတြကၾကယ္ကေလးေတြဝင္ေနသလိုေတာက္ပေနပုံမ်ား။

"အခုဆိုရင္ငါ့သားဝမ္ရိေပၚကလည္း ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕အႀကီးအကဲျဖစ္သြားသလို ဆရာေလးေရွာင္းက်န့္ကလည္းဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုေခါင္းေဆာင္ရဲ႕ၾကင္ယာဖက္ျဖစ္သြားပါၿပီ"

ထိုင္ေနၾကတဲ့လူအုပ္ဖက္ကိုအႀကီးအကဲလုံအာကေျပာတဲ့အခါ လူအုပ္ႀကီးကလည္းေခါင္းတစ္ညိမ့္ညိမ့္နဲ႕။

"မ်ိဳးႏြယ္စုရဲ႕အႀကီးအကဲအေနနဲ႕မ်ိဳးႏြယ္စုကိုအသက္နဲ႕လဲၿပီးကာကြယ္ေစာင့္ေရွာက္သြားပါ့မယ္ ၿပီးေတာ့ၾကင္ယာဖက္အေပၚမွာလည္းအသက္နဲ႕ထပ္တူျမတ္နိုးသြားပါ့မယ္လို႔ကတိျပဳပါတယ္"

ေရွာင္းက်န့္လက္တစ္ဖက္ကိုအသာဆုတ္ကိုင္ရင္း ႐ြာသူ၊႐ြာသားေတြဖက္ကိုၾကည့္ၿပီးဝမ္ရိေပၚကေျပာေတာ့ ႐ြာသူ႐ြာသားေတြကသေဘာက်ေက်နပ္သလိုၿပဳံးေနၾကတယ္။ အမ်ိဳးသမီးႀကီးေတြကဆိုမ်က္ရည္ေတြေတာင္က်လိဳ႕။ အဲ့ဒီေနာက္လူအုပ္ဆီကေနအၾကည့္လႊဲၿပီးဝမ္ရိေပၚကေရွာင္းက်န့္ကိုျမတ္ျမတ္နိုးနိုးၾကည့္လာတယ္။

"ကြၽန္ေတာ့္လက္ထဲကိုစိတ္ခ်လက္ခ်ထည့္ေပးတဲ့အတြက္ ခင္ဗ်ားမိဘေတြကိုကြၽန္ေတာ္ေက်းဇူးတင္ပါတယ္"

ေရွာင္းက်န့္ပုခုံးႏွစ္ဖက္ကိုဆုတ္ကိုင္ရင္းဝမ္ရိေပၚကအသံဝဲဝဲနဲ႕ေျပာတယ္။

"ၿပီးေတာ့ကြၽန္ေတာ့္ကိုခ်စ္ေပးတဲ့အတြက္ခင္ဗ်ားကိုလည္းေက်းဇူးတင္တယ္ ေနာက္လာမယ့္ရက္ေတြမွာကြၽန္ေတာ္ကပိုၿပီးခ်စ္ေပးပါ့မယ္"

စကားအဆုံးနဖူးဆီ႐ုတ္တရက္ဆန္စြာႏူးႏူးညံ့ညံ့ထိကပ္လာတဲ့ႏႈတ္ခမ္းေႏြးေႏြးေၾကာင့္ ေရွာင္းက်န့္မ်က္လုံးေတြကိုမွိတ္ခ်လိဳက္တယ္။ 'ေဝး'ခနဲေအာ္သံၾကားလိုက္ရတာကလူအုပ္ဆီကျဖစ္မွန္းမ်က္လုံးဖြင့္မၾကည့္ရင္ေတာင္ေရွာင္းက်န့္သိပါတယ္။ အနမ္းႏုႏုၾကားမွာေရွာင္းက်န့္ကိုယ္၊စိတ္၊ႏွလုံးသုံးပါးလုံးၿငိမ္းခ်မ္းပါတယ္။

//ခ်စ္ျခင္းေမတၱာဟာအဲ့သလိုၾကည္ႏူးႏွစ္သိမ့္ဖို႔ေကာင္းပါသတဲ့//

#TayyYizhan
23.12.2022(Fri)
A/N ေနာက္အပိုင္းဟာေနာက္ဆုံးfinalပါ။ သိေစခ်င္တာကေတာ့မ်ိဳးႏြယ္စုကအႀကီးႀကီးမဟုတ္ပါဘူး။
Weddingကိုေရးတာလိုအပ္ခ်က္ေတြရွိရင္ေတာင္းပန္ပါတယ္၊ရိုးရာအခမ္းအနားဆိုေတာ့သာမန္ျမင္ေနက်weddingေတြနဲ႕မတူတာမို႔ပါ။ ၿပီးေတာ့ေတးေတးကမဂ္လာလည္းမေဆာင္ဖူးေတာ့ေသခ်ာမသိဘူးေလ🤣

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

2M 57.2K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
783K 29K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
358K 31.2K 89
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)