-3-

3.3K 337 24
                                    

Uni
/

ဒီနေ့ကျောင်းပိတ်ရက်။ မနက်ကတော့စာသင်ခန်းထဲကိုသန့်ရှင်းရေးလုပ်တာရယ်၊ ကျောင်းဖွင့်ရက်ကျရင်ကလေးတွေကိုသင်ရမယ့်သင်ရိုးညွှန်းတမ်းကိုကြည့်နေတာရယ်နဲ့ အချိန်ကဘာရယ်မသိကုန်သွားတာမို့ သိပ်မပျင်းလိုက်။ ညနေရောက်တော့လူမရှိတဲ့စာသင်ကျောင်းကလေးမှာရှောင်းကျန့်ကနည်းနည်းတော့ပျင်းလာတာမို့ တောင်အောက်ကရွာကလေးဆီထွက်လာလိုက်တယ်။

ရွာလမ်းကလေးကပြန့်ပြူးနေတာမျိုးမဟုတ်ဘူး။ အဖုအထစ်နည်းနည်းရှိတဲ့လမ်းပေါ်မှာကလေးတွေပြေးလွှားဆော့ကစားနေကြတယ်။

"ဆရာလေး မဂ်လာပါ"

​လမ်းလျှောက်လာတဲ့ရှောင်းကျန့်ကိုမြင်တော့ကလေးတွေကအပြိုင်အဆိုင်နှုတ်ဆက်ကြတယ်။ ကလေးတွေကိုပြုံးပြနှုတ်ဆက်ရင်း အကြီးအကဲတို့အိမ်ဆီလျှောက်လာလိုက်တယ်။

"ဝေ့ ဆရာလေး
လမ်းလျှောက်ထွက်လာတာလား"

လမ်းမှာအမျိုးသမီးကြီးတစ်ယောက်ကမေးလာတာမို့ ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်တယ်။ အမျိုးသမီးကြီးနဲ့အတူရှောင်းကျန့်ရဲ့တပည့်လေးယွဲ့လွီလည်းပါတယ်။

"ဟုတ်တယ်ခင်ဗျ ကျွန်တော်လည်းတောင်ပေါ်မှာနည်းနည်းပျင်းလာတာနဲ့ပါ ဒါနဲ့ဘယ်သွားကြမလို့လဲ"

ရှောင်းကျန့်ကမေးတော့ ယွဲ့လွီကသွားကျိုးလေးတွေပေါ်အောင်ပြုံးပြတယ်။

"တောင်ခြေဘက်ကိုအမားနဲ့ဟင်းစားသွားရှာမလို့ ဆရာလေးရဲ့"

ယွဲ့လွီစကားကြောင့် အမျိုးသမီးကြီးကယွဲ့လွီရဲ့အမေဖြစ်မှန်းရှောင်းကျန့်သိလိုက်တယ်။

"သွားဦးမယ် ဆရာလေးရေ့
မှောင်လာရင်တောကောင်တွေနဲ့တွေမှာစိုးရတယ်"

"ဆရာလေး သားတို့သွားဦးမယ်"

ယွဲ့လွီနဲ့သူ့အမေကရှောင်းကျန့်ကိုအပြိုင်နှုတ်ဆက်လာတာမို့ရှောင်းကျန့်ပြုံးပြရင်းခေါင်းညိမ့်လိုက်တယ်။

"ကောင်းကောင်းသွားပါ အစ်မ
ဂရုစိုက်နော် ယွဲ့လွီ"

"ဟုတ်ကဲ့ ဆရာလေး"

Light Of The 'YuLong' [Complete]Where stories live. Discover now