-7-

2.4K 281 9
                                    

Uni
/

တရားဝင်ပိုးပန်းပြီဆိုတဲ့နေ့ကစပြီး ဝမ်ရိပေါ်ကညနေတိုင်း တောင်ပေါ်ကစာသင်ကျောင်းလေးဆီရောက်လာတတ်တယ်။ စကားတတ်တဲ့တိုင်းရင်းသားလေးက ရှောင်းကျန့်စိတ်ကိုနွေးထွေးစေတာတော့အမှန်ပါပဲ။ ကုန်လွန်သွားတဲ့သုံးလအတွင်း အိမ်နဲ့ဖုန်းဆက်ရတိုင်း၊ပါးပါးနဲ့ဖုန်းပြောမိတိုင်းနောက်ကျိသွားတတ်တဲ့ရှောင်းကျန့်စိတ်တွေကို အဲ့ဒီတိုင်းရင်းသားလေးရဲ့အပြုံးချိုချိုနဲ့ကုစားရတာအကြိမ်ကြိမ်အဖန်ဖန်ဖြစ်လာတော့ ညနေခင်းတွေဆိုရှောင်းကျန့်ကပါမျှော်မိတော့တာပါပဲ။

နေ့လည်စာထမင်းလာပို့တိုင်း ကုန်အောင်စားဖို့ပြောပြီးမှပြန်တတ်တဲ့ဝမ်ရိပေါ်က ည​နေခင်းတွေနွေးနွေးထွေးထွေးမဝတ်ထားရင်လည်း ရှောင်းကျန့်ကိုမချင့်မရဲဆူပူတတ်သေးတာ။ တစ်နေ့ထက်တစ်နေ့စကားတတ်လာတဲ့အဲ့ဒီဝမ်ယွဲ့လုံတိုင်းရင်းသားလေးကြောင့် ရှောင်းကျန့်ချင်းလုံရွာကလေးကိုမခွဲချင်တော့ပါဘူး။ ပြီးတော့ရှောင်းကျန့်ကိုယ်တိုင်ကလည်း ဒီကာလတွေအတွင်းဝမ်ရိပေါ်ကိုသံယောစဥ်တွယ်မိနေတာအမှန်ပါပဲ။ ခေါင်းစဥ်မယ်မယ်ရရမရှိသေးပေမယ့် ခွဲခွာမသွားချင်တာရှောင်းကျန့်အသိ။ ဒါပေမယ့်လည်း ရှောင်းကျန့်ကတစ်ချိန်ကျရင် ယင်းအာကိုလက်ထပ်ရမယ်ဆိုတဲ့အသိကိုလည်းမကျော်လွှားနိုင်ပြန်ဘူး။ အတွေးပူပူတွေတွေးမိလို့ငိုင်ကျသွားတဲ့အခါတိုင်း တိုင်းရင်းသားလေးကစကားတစ်ခွန်းနဲ့အားပေးလေ့ရှိတယ်။

"တစ်ခုခုဆိုရင်မြေပြန့်သားရှေ့မှာကျွန်တော်ရှိနေပေးပါ့မယ်  မပူပင်ပါနဲ့လား ခင်ဗျားရယ်"

တိုင်းရင်းသားသံခပ်ဝဲဝဲနဲ့အဲ့ဒီစကားကြားရတိုင်းရှောင်းကျန့်ကြည်ကြည်နူးနူးပြုံးမိတာမရပ်တန့်တော့ပါဘူး။ အဲ့ဒီတိုင်းရင်းသားလေးကလေ...အဲ့ဒီဆယ့်ရှစ်နှစ်ကျော်ကောင်လေးက ရှောင်းကျန့်အရှေ့မှာရှိပါ့မယ်တဲ့။ တောင်ပေါ်မှာတောပန်းကလေးတွေပေါပါတယ်။ တောပန်းကလေးတွေနဲ့အတူ၊ တပည့်ကလေးတွေနဲ့အတူ၊ ရှောင်းကျန့်ကဝမ်ရိပေါ်ကိုတွယ်တာမိခဲ့ပြီးပြီ။ သံယောစဥ်ကဖြတ်ရခက်တယ်ဆိုရင်တောင် ဒီသံယောစဥ်တွေကရှောင်းကျန့်ရဲ့ဘဝတစ်လျှောက်လုံးသယ်ဆောင်သွားမယ့်အမှတ်တရလှလှတွေဖြစ်ပါတယ်။

Light Of The 'YuLong' [Complete]Where stories live. Discover now