-18-

2.3K 219 1
                                    

Uni
/

ကလေးတွေကိုပိတ်ပေးထားတဲ့ကျောင်းပိတ်ရက်ပြီးသွားပြီ။ အတိအကျပြောရရင်ဒီနေ့ကကောက်သစ်စားပွဲတော်ရက်ကိုရောက်လာပြီ။ တောင်ပေါ်မှာကျင်းပမှာဖြစ်လို့ ရှောင်းကျန့်မနက်အစောကြီးထပြီးမျက်နှာသစ်၊ခြေလက်ဆေးထားလိုက်တယ်။ ကိုယ်ကတောင်ပေါ်မှာနေတဲ့သူဆိုတော့ စောစောနိုးထားမှအဆင်ပြေလိမ့်မယ်လို့ရှောင်းကျန့်ထင်တယ်။ ပြီးတော့ရှောင်းကျန့်ကိုယ်တိုင်လည်း ဒီပွဲမှာပါဦးမှာပါ။ ချင်းလုံရဲ့ဆရာလေးတစ်ယောက်အနေနဲ့၊ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့သွေးချင်းတစ်ယောက်အနေနဲ့ ရှောင်းကျန့်လည်းဒီပွဲအခမ်းအနားမှာရှိနေပါလိမ့်မယ်။

'ကောက်သစ်စားပွဲတော်ရက်ရောက်ရင် မျိုးနွယ်စုဝင်တစ်ယောက်အနေနဲ့ ခင်ဗျားရိုးရာဝတ်စုံဝတ်ထားတာကိုကျွန်တော်မြင်ချင်တယ်'

နေ့လည်စာထမင်းချိုင့်လာပို့တိုင်း တောင်းဆိုသလိုခဏခဏပြောလေ့ရှိတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ကိုယ်တိုင်လည်း လီဟုန့်အမားပေးထားတဲ့ရိုးရာဝတ်စုံကိုဝတ်ဖို့တွေးထားပါတယ်။ မနက်လင်းခါစမို့အအေးဓာတ်ကပတ်ဝန်းကျင်ကိုလွှမ်းခြုံထားသေးတယ်။ ဝတ်ထားတဲ့ဆွယ်တာနဲ့အောက်ခံရှပ်အဖြူကိုချွတ်ပြီး အသင့်ရှိတဲ့ရိုးရာဝတ်စုံကိုဝတ်လိုက်တယ်။ ယက်လုပ်ပြီးခါစမို့ချည်မျှင်နံ့ရနေသေးတဲ့ရိုးရာဝတ်စုံနက်ပြာရောင်က ရှောင်းကျန့်ကိုယ်ပေါ်မှာနေရာတကျ။ ဖြူဆွတ်နေတာမဟုတ်ပေမယ့် ရိုးရာအက်ျီလက်တိုကြောင့်ပေါ်နေတဲ့ရှောင်းကျန့်လက်မောင်းသားတွေကဝင်းဝင်းဖန့်ဖန့်ရှိနေတယ်။

တိုင်းချုပ်ထားသလားလို့မေးရလောက်အောင် အံဝင်ခွင်ကျဖြစ်နေတဲ့ရိုးရာဝတ်စုံကြောင့် ရှောင်းကျန့်ပြုံးမိသွားတယ်။ ပုံမှန်ဝတ်နေကျခပ်ပွပွဘောင်းဘီတွေမဟုတ်ပေမယ့် ရိုးရာဘောင်းဘီကလည်းနေရတာလွတ်လွတ်လပ်လပ်ရှိပါတယ်။ အက်ျီလက်ဖျားမှာတလှုပ်လှုပ်ဖြစ်နေတဲ့ရောင်စုံချည်မျှင်စတွေကိုကြည့်နေတဲ့ရှောင်းကျန့်မျက်လုံးတွေကရယ်မြူးရိပ်သန်းလို့။ နောက်ဆုံးတော့လည်း ရှောင်းကျန့်ကချင်းလုံမြေနဲ့အသားကျတယ်ဆိုတာထက်ရင်းနှီးကျွမ်းဝင်တဲ့အခြေအနေကိုရောက်လာခဲ့ပြီ။ ချစ်ခြင်းမေတ္တာအားဖြင့် ယွိလုံတောင်တန်း၊ဝမ်ယွဲ့လုံမျိုးနွယ်စုနဲ့အတူ ချင်းလုံမြေကရှောင်းကျန့်စိတ်ထဲဟိုးအနက်ဆုံးထိချဥ်းနင်းဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။

Light Of The 'YuLong' [Complete]Where stories live. Discover now