Light Of The 'YuLong' [Comple...

By AlinkarchoTayy

71.6K 6K 207

//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ... More

Tayy's Note
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-13-
-14-
-FanArt For Yulong-
-15-
-16-
-18-
-19-
Final
Good Bye💛
-Hey!!!-

-17-

2.5K 218 3
By AlinkarchoTayy

Uni
/

စိတ်ပူပင်စရာတွေက နှင်းတွေလိုတဖြည်းဖြည်းကနေလုံးဝပျောက်ကွယ်သွားတယ်။ ရှောင်းကျန့်မပြန်ဖြစ်တော့ဘူးဆိုတဲ့သတင်းကိုသိသွားကြတဲ့အခါ အကြီးအကဲလုံအာနဲ့အတူမျိုးနွယ်စုတစ်ခုလုံးကသိပ်ပျော်နေကြပါတယ်။ ကျေးဇူးတင်ပါတယ်လို့လည်းတဖွဖွပြောကြသေးတယ်။ အထူးသဖြင့်ကလေးတွေကတော့သိပ်ပျော်နေတာပေါ့။  ပြီးတော့ယင်းအာနဲ့လက်ထပ်ပွဲကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မားမားဆီကနေတစ်ဆင့်သိရတဲ့အခါ ရှောင်းကျန့်တကယ်စိတ်လက်ပေါ့ပါးသွားပါတယ်။

နှစ်ဖက်မိဘတွေမျက်နှာနည်းနည်းပျက်ရတယ်ဆိုပေမယ့် 'အားကျန့်ကိုပျော်စေချင်တယ်'ဆိုပြီးပါးပါးပြောတဲ့စကားကို မားမားဆီကနေပြန်ကြားရတဲ့အခါ တစ်သက်လုံးထမ်းပိုးလာတဲ့အစိုင်အခဲတစ်ခုကိုချေဖျက်နိုင်သလိုခံစားလိုက်ရတယ်။ ဘဝတစ်လျှောက်လုံးထုတ်မပြခဲ့ဖူးတဲ့ပါးပါးရဲ့ဖခင်မေတ္တာကိုပွေ့ပိုက်ရရှိလိုက်ချိန်မှာ ရှောင်းကျန့်ပါးပါးကိုအားနာမိပါသေးတယ်။ ဒီအတောအတွင်းရှောင်းကျန့်ကပါးပါးကိုအမြင်မကြည်ခဲ့မိပါဘူး။ 

"ဆရာလေး ဘာတွေစဥ်းစားနေတာလဲ"

ဗလာစာအုပ်ရဲ့စာမျက်နှာတွေကိုဘာရယ်မဟုတ်တစ်ရွက်ချင်းလှန်နေရင်း အတွေးနယ်ချဲ့နေတဲ့ရှောင်းကျန့်ကိုဟွားဟွားကစပ်စုသလိုလာမေးတယ်။

"ဘာမှမစဥ်းစားပါဘူး ဟွားဟွားရယ်
ဘာသိချင်တာရှိလို့လဲ ဆရာ့ကိုပြော"

ဟွားဟွားရဲ့ဆံပင်အုပ်အုပ်ကိုအသာပုတ်ပြီးရှောင်းကျန့်မေးတော့ ဟွားဟွားကကျေနပ်သွားသလိုခေါင်းအရင်ညိမ့်တယ်။

"ဆရာလေးရဲ့အပါးက နောက်တစ်ခေါက်ထပ်လာပြီးဆရာလေးကိုပြန်ခေါ်ဦးမှာလားဟင်"

ဟွားဟွားရဲ့အမေးကိုရှောင်းကျန့်ပြုံးရင်း အသာခေါင်းယမ်းလိုက်တယ်။ ကလေးတွေရဲ့စိတ်ထဲမှာရှောင်းကျန့်ချင်းလုံကနေထွက်သွားမှာကိုကြောက်နေကြတယ်။ ပြီးတော့ရှောင်းကျန့်မပြန်ဖြစ်တော့တဲ့အကြောင်းကိုထပ်ခါထပ်ခါအတည်ပြုချင်ကြပါတယ်။ ဒါပေမယ့်သူတို့လေးတွေဘယ်နှကြိမ်ဘယ်နှခါပဲမေးမေး ရှောင်းကျန့်ကတော့အစကနေအဆုံးထိပြန်ဖြေဦးမှာပါပဲ။

"မခေါ်တော့ပါဘူး ဆရာကချင်းလုံမှာပဲနေတော့မှာ"

ရှောင်းကျန့်ဖြေတော့ ဟွားဟွားကသဘောကျသလိုပါးတွေမို့တက်နေအောင်ပြုံးတယ်။

"ဒါဆို သမီးတို့ဆီမှာနေလို့ အဲ့ဒီလူကြီးကဆရာလေးကိုဆူမှာလားဟင်"

စိတ်မချသလိုထပ်မေးနေတဲ့ဟွားဟွားရဲ့ခေါင်းကိုထပ်ပုတ်လိုက်တယ်။ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ရှောင်းကျန့်အနားမှာရပ်ပြီး ရှောင်းကျန့်ကိုမော့ကြည့်နေတဲ့ဟွားဟွားရဲ့မျက်လုံးကလေးတွေကကြယ်တွေလိုတောက်ပလို့။

"မဆူပါဘူး ဟွားဟွားရယ်
စိတ်မပူနဲ့နော်"

ရှောင်းကျန့်အဖြေကိုသဘောကျကျေနပ်သလို ဟွားဟွားကခေါင်းတဆတ်ဆတ်ညိမ့်နေတယ်။

"တော်သေးတာပေါ့ ဆရာလေးအဆူခံရမှာစိုးနေတာ သမီးက"

ရင်ဘတ်ကိုလက်နဲ့သပ်ပြီးစိတ်ပူဟန်လုပ်ပြနေတဲ့ဟွားဟွားကြောင့် ရှောင်းကျန့်ခပ်တိုးတိုးရယ်မိသွားတယ်။ ဒီကလေးတွေက လည်တဲ့နေရာကျလည်းတအားလည်ပါတယ်။ သိချင်တာသိရသွားပြီဖြစ်တဲ့ဟွားဟွားက ကျန်တဲ့ကလေးတွေရှိရာဆီပြန်သွားပြီ။ မကြာခင်နေ့လည်စာစားချိန်ရောက်တော့မယ်။ ပြောရရင်ရှောင်းကျန့်ရဲ့တိုင်းရင်းသားကောင်လေးလည်း နေ့လည်စာထမင်းချိုင့်လာပို့ပါတော့မယ်။

"အားလုံးပဲ နေ့လည်စာစားကြရအောင်
ရန်မဖြစ်ဘဲထမင်းကောင်းကောင်းစားကြနော်"

နေ့လည်စာစားရမယ့်အချိန်ရောက်လို့ ရှောင်းကျန့်ပြောတော့ ကလေးတွေကဟေးခနဲထအော်ကြတယ်။ ကလေးဆိုတော့ဗိုက်ဆာနေတာကိုလည်းဟန်ဆောင်မနေကြပါဘူး။ တစ်ခါတစ်လေဆိုကိုယ်ကအတန်းရှေ့မှာစာသင်နေတုန်း သူတို့လေးတွေဗိုက်ထဲကသံစုံတီးဝိုင်းရဲ့မြည်သံကိုကြားနေရတတ်သေးတာ။

"ဆရာရှောင်းကျန့် ကျွန်တော်လာပြီ"

ကလေးတွေထမင်းချိုင့်ကိုယ်စီနဲ့စားနေတာကိုကြည့်နေတုန်း စာသင်ခန်းအပေါက်ဝကနေဝမ်ရိပေါ်အသံကိုကြားရတယ်။ မေတ္တာချင်းဆက်နွယ်ပြီးနောက်ပိုင်း တိုင်းရင်းသားငဂျစ်ကလေးရဲ့အပြုံးတွေကို ရှောင်းကျန့်ဖောဖောသီသီမြင်ရတတ်ပါတယ်။ အခုလည်းအဲ့ဒီကောင်လေးက ရှောင်းကျန့်ကိုကြည့်ရင်းပြုံးလို့။ 

"ဒီနေ့ကျွန်တော်နည်းနည်းနောက်ကျသွားတယ် အပါးနဲ့တောင်ယာဖက်ကိုခဏလိုက်သွားရလို့"

ရှောင်းကျန့်မမေးပါဘဲနဲ့ဖြေရှင်းချက်တွေပေးနေရှာတဲ့ဝမ်ရိပေါ်ကိုကြည့်ရင်း ရှောင်းကျန့်ရင်ထဲနွေးမြမြ။ အတူတူရှိရခြင်းဆိုတဲ့အသိမှာတောင်ပေါ်လေကလည်းနှလုံးသားရဲ့အနက်ရှိုင်းဆုံးအထိအေးမြမြပေါ့။

"နောက်မကျပါဘူး ရိပေါ်ရယ်
ကျွန်တော်မဆာသေးပါဘူး"

ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကပြုံးနေရင်းနဲ့ခေါင်းညိမ့်တယ်။ ပြီးတော့ရှောင်းကျန့်ဆီကိုထမင်းချိုင့်လေးလက်လွှဲပေးလာတာမို့ ရှောင်းကျန့်လက်နှစ်ဖက်နဲ့ယူထားလိုက်တယ်။

"တော်သေးတာပေါ့ ခင်ဗျားဗိုက်ဆာနေမှာကိုတွေးပူနေတာ"

လေအဝှေ့မှာနဖူးပေါ်ကိုဝဲကျသွားတဲ့ရှောင်းကျန့်ရဲ့ဆံနွယ်နုနုတွေကိုလက်နဲ့သပ်တင်ပေးရင်း ဝမ်ရိပေါ်ကပြောပါတယ်။ ထမင်းချိုင့်ဆွဲထားတာမို့ လက်မအားဖြစ်နေတဲ့ရှောင်းကျန့်ကိုယ်စား ဆံပင်တွေကိုဝမ်ရိ​ပေါ်ကသပ်တင်ပေးလိုက်တဲ့အခါ ရင်ထဲလှိုက်ဖိုကြည်နူးပြီးအပြုံးနုနုတွေထပ်ခါထပ်ခါပြုံးမိတာကရှောင်းကျန့်ပဲဖြစ်ပါတယ်။ ကလေးတွေကနေ့လည်စာစားချိန်ဆိုဘာကိုမှသတိမရတော့တာကြောင့် ရှောင်းကျန့်တို့နှစ်ယောက်ကိုအာရုံထဲတောင်မထည့်ကြဘူး။ ဒီလိုနဲ့ပူပင်ခြင်းကင်းရတဲ့ရင်ခုန်သံတွေကြားမှာ ရှောင်းကျန့်ကထပ်ခါတလဲလဲပျော်မြူးနေပါသေးတယ်။

"ကြားရတာရိုးအီနေမလားမသိပေမယ့် ဒီနေ့အတွက်လည်းမြေပြန့်သားကိုကျွန်တော်ချစ်တယ်"

ရှောင်းကျန့်ဆံပင်တွေကိုပွတ်သပ်ကိုင်တွယ်နေရင်း ဝမ်ရိပေါ်ကပြောတယ်။ ရိုးအီသွားဖို့ဆိုတာတွေးတောင်မတွေးကြည့်ဖူးတဲ့အရာပါပဲ။ ထပ်ခါတလဲလဲကြိမ်ဖန်များစွာ အတိအကျပြောရရင်ဘဝတစ်သက်တာလုံးကြားရချင်တဲ့ဝေါဟာရသီချင်းလေးတစ်ပုဒ်ဟာ တိုင်းရင်းသားကောင်လေးရဲ့ချစ်စကားတိုတိုလေးတွေဖြစ်ပါလိမ့်မယ်။ အသက်ကြီးတဲ့သူရဲ့ခေါင်းကိုမကိုင်ရဘူးရယ်လို့လည်းရှောင်းကျန့်အပြစ်မဆိုရက်သလိုအပြစ်လည်းမမြင်မိဘူး။ ပြောရရင်ဒီကောင်လေးကရှောင်းကျန့်ကိုတစ်ချိန်လုံးကာကွယ်ပေးခဲ့သေးတာ။

"နေ့တိုင်းဆိုရင်တောင် ကျွန်တော်ကျေကျေနပ်နပ်နားထောင်ဦးမှာပါ ရိပေါ်သာနေ့တိုင်းပြောပြဖို့ဆန္ဒရှိရင်ပေါ့"

နေ့လည်စာထမင်းချိုင့်ရဲ့ကိုင်းလေးကိုလက်နှစ်ဖက်နဲ့ဆွဲထားရင်း ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကကြည်ကြည်နူးနူးပြုံးတယ်။ ရှောင်းကျန့်ဆံပင်တွေကိုကိုင်မနေတော့တဲ့ဝမ်ရိပေါ်ရဲ့လက်တွေဟာရိုးရာဝတ်စုံရဲ့အိတ်ကပ်ထဲမှာနေရာတကျရှိလို့။

"အရာအားလုံးထက်ကျွန်တော့်ကိုရွေးချယ်ပေးခဲ့လို့ ကျွန်တော်ဆရာရှောင်းကျန့်ကိုကျေးဇူးတင်ပါတယ် ပြီးတော့မျိုးနွယ်စုနဲ့ချင်းလုံကိုတန်ဖိုးထားပေးတဲ့အတွက်ရောပေါ့"

ကျေးဇူးတင်စကားတွေပြောနေတဲ့ကောင်လေးကိုရှောင်းကျန့်ခပ်လွင်လွင်ပြုံးရင်းခေါင်းညိမ့်ပြလိုက်တယ်။

"ကျေးဇူးတင်မယ့်အစား ကျွန်တော့်ကိုပိုပြီးချစ်လိုက်ပါလား အကြီးအကဲလောင်းလျာရဲ့"

ရှောင်းကျန့်က​ခပ်နောက်နောက်ကလေးပြန်ပြောတော့ ဝမ်ရိပေါ်ကသွားတန်းတွေပေါ်အောင်ရယ်တယ်။ ပြီးတော့ပြောသေးတယ်။ 'အခုလည်းခင်ဗျားကိုကျွန်တော်သိပ်ချစ်နေပြီးသားပါ'တဲ့။

"ကဲ!! ကျွန်တော်ပြန်တော့မယ် နေ့လည်စာမြန်မြန်စားတော့"

ရှောင်းကျန့်လက်ထဲကထမင်းချိုင့်ကိုမေးငေါ့ပြပြီးဝမ်ရိပေါ်ကပြောလာတဲ့အခါ ရှောင်းကျန့်ခေါင်းကိုအသာညိမ့်ပြလိုက်တယ်။

"ဟုတ်ပြီ ဒါဆိုကျွန်တော်လည်းစာသင်ခန်းထဲပြန်ဝင်တော့မယ်"

ရှောင်းကျန့်ကိုခေါင်းတစ်ချက်ညိမ့်ပြပြီးဝမ်ရိပေါ်ကပြန်သွားတယ်။ ထမင်းချိုင့်လေးဆွဲပြီးရှောင်းကျန့်ဝင်လာတော့ ကလေးတွေကနေ့လည်စာတောင်စားပြီးလုနီးနေပြီ။ ရှောင်းကျန့်နေ့လည်စာကိုခပ်မြန်မြန်စားလိုက်တယ်။ ပြည်မကဟင်းလျာတွေရဲ့အရသာနဲ့ကွာဟနေတယ်ဆိုရင်တောင် မေတ္တာနဲ့ချက်ပြုတ်တဲ့တောင်ပေါ်ဒေသရဲ့ရိုးရာဟင်းလျာတွေမို့စားရတာကြည်နူးနှစ်သိမ့်မိပါတယ်။

ချစ်ခြင်းမေတ္တာဟာအလှဆုံးပန်းကလေးတစ်ပွင့်ဆိုရင် စိုက်ပျိုးတဲ့သူဟာအနူးညံ့ဆုံးဥယာဥ်မှူးတစ်ယောက်ဖြစ်လိမ့်မယ်။ လေဝှေ့လို့အနံ့တွေပျံ့လွင့်လာတဲ့အခါ ထွေးပိုက်ရှူရှိုက်မိသူတိုင်းကိုကြည်နူးချမ်း​မြေ့စေနိုင်ပါတယ်။ ရှောင်းကျန့်ကဝမ်ရိပေါ်ကိုချစ်သလိုမျိုး၊ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုချစ်သလိုမျိုး၊ ပြီးတော့ချင်းလုံမှာရှိတဲ့ကလေးတွေကရှောင်းကျန့်ကိုချစ်တဲ့ပုံစံမျိုးပေါ့။ စိတ်ပင်ပန်းရခြင်းအလျဥ်းမရှိပါဘဲ တွေးမိတိုင်းဆုံခွင့်ရစေခဲ့တဲ့ကံကြမ္မာကိုကျေးဇူးအထပ်ထပ်တင်နေမိတော့တာပါပဲ။

ချစ်ခြင်းမေတ္တာဟာသိပ်အေးချမ်းပါတယ်။ အထူးသဖြင့်ဝမ်ယွဲ့လုံတိုင်းရင်းသားလေးက ရှောင်းကျန့်အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာမျိုးဟာ အေးချမ်းနှစ်သိမ့်စေနိုင်တယ်။ ပြီးတော့အားငယ်ဝမ်းနည်းတဲ့အခါတွေမှာဆို နွေးထွေးပွေ့ပိုက်တတ်ပါသေးတယ်။ နောက်ဆုံးတော့လှေကလေးဟာ ကပ်ရမယ့်ကမ်းဆီရွက်လွှင့်လာခဲ့ပြီပဲဖြစ်ပါတယ်။

~~~

ဒီနေ့ကကျောင်းပိတ်ရက်။ တစ်နည်းအားဖြင့်တကူးတကပိတ်ပေးလိုက်ရတဲ့ကျောင်းပိတ်ရက်ပေါ့။ နှစ်သစ်အတွက်ကောက်သစ်စားပွဲတော်ရောက်တော့မှာမို့ ရွာသူရွာသားအားလုံးကတောင်ယာဆင်းနေကြတယ်။ အဲ့တော့ကလေးတွေကအိမ်စောင့်ပေါ့။ ကောက်သစ်စားပွဲတော်ကတစ်နှစ်မှတစ်ခါပဲကျင်းပတာ။ ပြီးတော့တစ်ရက်တည်းရယ်။ ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့ရိုးရာပွဲတော်မို့ မျိုးနွယ်စုတစ်ခုလုံးတူညီရိုးရာဝတ်စုံဝတ်ပြီးတောင်ပေါ်မှာကောက်သစ်စားပွဲတော်ကိုကျင်းပလေ့ရှိကြကြောင်းကို ဝမ်ရိပေါ်ကနေတစ်ဆင့်ရှောင်းကျန့်သိရတယ်။ အဲ့ရက်ကျရင်ကိုယ်ပိုင်တောင်ယာခင်းတွေက အကောင်းဆုံးဆိုတဲ့အသီးအနှံကိုယူလာပြီးအချင်းချင်းဖလှယ်ကြရတယ်။ ပွဲကျင်းပလေ့ရှိတဲ့နေရာကရှောင်းကျန့်နေတဲ့တောင်ပေါ်မှာ။ အခုကပွဲအတွက်ကြိုတင်ပြင်ဆင်နေကြတုန်းပေါ့။ နောက်တစ်ပတ်ဆိုရင်ပွဲတော်ရက်ရောက်ပြီ။

ကလေးတွေကိုသုံးရက်လောက်ကျောင်းပိတ်ထားတာမို့ဒီရက်ပိုင်းရှောင်းကျန့်အတော်လေးပျင်းစရာကောင်းတယ်လို့ခံစားနေရပါတယ်။ လာနေကျကောင်လေးကလည်းနေ့လည်ထမင်းစားချိန်လေးပဲလာတော့တယ်။ မနက်စောနဲ့ညနေခင်းတွေကျဝမ်ရိပေါ်လည်းမအားတော့ဘူးလေ။ အကြီးအကဲလုံအာနဲ့အတူတောင်ယာဆင်းနေရတယ်။ အဲ့တော့အရင်လောက်ရှောင်းကျန့်နဲ့မတွေ့ဖြစ်တာမို့ ရှောင်းကျန့်ကတောင်ပေါ်မှာတစ်ယောက်တည်းပါပဲ။ ရွာထဲဆင်းရအောင်လည်းအကုန်လုံးနီးပါးကတောင်ယာတွေသွားကြတာဆိုတော့အဆင်မပြေပါဘူး။

//ယွိလုံတောင်တန်း
ဝမ်ယွဲ့လုံမျိုးနွယ်စု
ချင်းလုံရွာ//

ဒီကိုမရောက်ခင်ကဒီဒေသအကြောင်းဆိုပြီးရေးခဲ့ဖူးတဲ့မှတ်စုစာအုပ်လေးကိုအမှတ်မထင်ပြန်တွေ့တယ်။ ဘာရယ်လို့မဟုတ်ဘဲ တစ်အုပ်လုံးမှာမှအဲ့ဒီစာလေးသုံးကြောင်းပဲပါ,ပါတယ်။

//ဝမ်ယွဲ့လုံမျိုးနွယ်စုခေါင်းဆောင်လောင်းလျာ ဝမ်ရိပေါ်//

ဘောပင်ကိုကောက်ကိုင်ပြီး အကြောင်းပြချက်မရှိထပ်ရေးမိသွားတဲ့စာကြောင်းကိုကြည့်ပြီးရှောင်းကျန့်အကြာကြီးပြုံးနေမိပါတယ်။ ဒီဒေသနဲ့ပတ်သက်ရင် ဝမ်ရိပေါ်ဆိုတာရှောင်းကျန့်ဘယ်တော့မှမေ့ထားလို့မရတဲ့၊ စွဲထင်ကျန်ရစ်စေမယ့်ပြယုဂ်ကလေးတစ်ခုဖြစ်ပါတယ်။

~Ring~Ring~Ring~

အသံမြည်လာတဲ့ဖုန်းကြောင့်ကြည့်မိလိုက်တော့ အိမ်ဖုန်းနံပါတ်။ ပြောသာပြောရတာပါ။ ရှောင်းကျန့်ကိုဖုန်းဆက်မယ့်သူကလည်းအိမ်ကလွဲလို့မရှိပါဘူး။ တစ်ကြိမ်တစ်ခါဖျတ်ခနဲမိသွားပုံရတဲ့လိုင်းကြောင့် ဖုန်းကကံကောင်းထောက်မစွာဝင်လာပုံပါပဲ။

'ဟယ်လို မား'

ခပ်မြန်မြန်ပဲဖုန်းဖြေလိုက်တယ်။ ရှိရင်းစွဲလိုင်းတိုင်လေးပျောက်မသွားဖို့အရေးရှောင်းကျန့်ခမျာလှုပ်တောင်မလှုပ်ရဲဘူး။

'ဟယ်လို အားကျန့်
အဆင်ပြေရဲ့လား...မဟုတ်ဘူး
အားကျန့်အဆင်ပြေနေမှာပါ မားသိတယ်'

ရယ်သံလွင်လွင်လေးနဲ့ပြောလာတဲ့ဖုန်းထဲကမားမားရဲ့စကားသံကြောင့် ရှောင်းကျန့်နှုတ်ခမ်းထောင့်စွန်းလေးတွေကော့တက်နေအောင်ပြုံးရင်းခပ်တိုးတိုးရယ်လိုက်တယ်။

'ကျွန်တော်အဆင်ပြေပါတယ် မားရဲ့
ပါးနဲ့မားနေကောင်းရဲ့လား'

ဖွင့်ထားတဲ့ဗလာစာအုပ်ကလေးကို လက်တစ်ဖက်ကနေအသာလှမ်းပိတ်ရင်းရှောင်းကျန့်မေးလိုက်တယ်။ လိုင်းကျသွားမှာစိုးပေမယ့်လက်ကရောက်သွားတာမို့မထူးပါဘူးဆိုပြီးပိတ်လိုက်တာ။ ပြီးတော့ဖုန်းကိုင်ထားတဲ့လက်လည်းမဟုတ်လို့ပေါ့။

'ကောင်းပါတယ် သားပါးကတော့ဟိုတစ်နေ့ကသွေးတွေတိုးလို့familyဒေါက်တာခေါ်လိုက်ရသေးတယ် အားကျန့်'

မားမားကတော့ပုံမှန်လေသံနဲ့ပြောတာဆိုပေမယ့် ရှောင်းကျန့်ကပါးပါးကိုစိတ်ပူသွားတယ်။ တွေးကြည့်မိတော့တစ်လျှောက်လုံးရှောင်းကျန့်ပါးပါးကိုစိုးရိမ်ပူပင်ခဲ့တာရှားတယ်။ မချစ်တာမဟုတ်ပေမယ့် အလှမ်းကွာခဲ့ကြတာပါ။ ပါးပါးကလည်းအလုပ်နဲ့၊ ရှောင်းကျန့်ကလည်းကျောင်းနဲ့ဆိုတော့ စကားအေးအေးဆေးဆေးပြောဖူးတာမရှိသလောက်ပါပဲ။ ပါးပါးချထားတဲ့စည်းကမ်းတွေကို ရှောင်းကျန့်လိုက်နာခဲ့ရုံကလွဲပြီပေါ့။

'ပါးအနားမှာရှိလား မား'

ပါးပါးနဲ့ဖုန်းပြောချင်သေးတာကြောင့် ရှောင်းကျန့်မေးလိုက်တယ်။ ကံကောင်းတာကခုထိဖုန်းလိုင်းကကောင်းနေတုန်းပဲ။.

'ရှိတယ် အားကျန့်
ပါးပါးကိုပေးလိုက်မယ်နော် ခဏလေးကိုင်ထားဦး'

ရှောင်းကျန့်ကိုပြောပြီးတော့ မားမားကပါးပါးကိုဖုန်းပေးဖို့လုပ်နေတယ်။ ပါးပါးကအစတည်းကအနားမှာရှိပုံပါပဲ။ 'ရှင်လည်းအားကျန့်နဲ့ပြောချင်နေတာပဲမလား'ဆိုပြီးမေးတဲ့မားမရဲ့ခပ်တိုးတိုးအသံကိုရှောင်းကျန့်ကြားနေရတယ်။

'ဟယ်လို အားကျန့်'

ဖုန်းထဲကနေကြားရတဲ့ပါးပါးရဲ့အသံက အရင်အခါတွေတုန်းကလို မာမာထန်ထန်မဟုတ်ဘူး။ ရှောင်းကျန့်စိတ်ထင်လို့လားတော့မသိ။ ပါးပါးရဲ့အသံကနူးနူးညံ့ညံ့။

'ပါး တစ်နေ့ကသွေးတိုးလို့ဆို
ကျွန်တော့်ကိုမားပြောတာ'

ရှောင်းကျန့်မေးတော့ ပါးပါးကဖုန်းထဲကနေတိုးတိုးဖွဖွရယ်တယ်။

'ဘာမှမဖြစ်ပါဘူး အားကျန့်ရယ်
နည်းနည်းပါးပါးပါ'

ပုံမှန်အသံနဲ့ပါးပါးကပြောပါတယ်။

'ကျန်းမာရေးဂရုစိုက်ပါ ပါး'

ရှောင်းကျန့်ကစိတ်ပူသလိုမှာတော့ ပါးပါးက' အားကျန့်သာကိုယ့်ကိုယ်ကိုဂရုစိုက် ပါးတို့ကိုမပူပါနဲ့'တဲ့။ ဒီလိုနဲ့ဗွေဖောက်လာတဲ့ဖုန်းလိုင်းကြောင့်စကားသံတွေကမရှင်းလင်းတော့တာမို့ ဖုန်းကိုချလိုက်တယ်။ မားမားကတော့ရှောင်းကျန့်နဲ့ပါးပါးအဆင်ပြေသွားလို့ ကျိန်းသေပေါက်ပျော်နေမှာပါပဲ။ ရှောင်းကျန့်လည်းပျော်ပါတယ်။ သမာရိုးကျအချစ်ဇာတ်လမ်းတစ်ပုဒ်ထက်ထူးကဲကောင်းထူးကဲနိုင်တဲ့တောင်တန်းဒေသရဲ့အချစ်ဇာတ်လမ်းလေးမှာ ပါးပါးသာသဘောထားကြီးမပေးခဲ့ရင် မျက်ရည်တွေထပ်ပြီးကျန်ခဲ့ဦးမှာပါပဲ။

လေပြေသွေးတဲ့အခါ လေထုထဲကနေကောက်စပါးအနံ့သင်းသင်းရတယ်။ အဲ့တာအပြင်သစ်သီးဝလံတွေရဲ့ရနံ့မွှေးမွှေးပါရောထွေးနေလေရဲ့။ ဒါတွေဟာနောက်အပတ်ဆိုရင်ကျင်းပမယ့်ကောက်သစ်စားပွဲအတွက်ရှေ့ပြေးလက္ခဏာတွေဖြစ်ပါလိမ့်မယ်။

#TayyYizhan
20.12.2022(Tue)
A/N ပွဲတော်တစ်ခုခုထည့်မယ်ဆိုပြီးတွေးတော့ ကောက်သစ်စားပွဲတော်ကိုပဲတွေးမိသွားတယ်။ ပုံစံကွဲလွဲနိုင်ပါတယ်။

Zawgyi
/

စိတ္ပူပင္စရာေတြက ႏွင္းေတြလိုတျဖည္းျဖည္းကေနလုံးဝေပ်ာက္ကြယ္သြားတယ္။ ေရွာင္းက်န့္မျပန္ျဖစ္ေတာ့ဘူးဆိုတဲ့သတင္းကိုသိသြားၾကတဲ့အခါ အႀကီးအကဲလုံအာနဲ႕အတူမ်ိဳးႏြယ္စုတစ္ခုလုံးကသိပ္ေပ်ာ္ေနၾကပါတယ္။ ေက်းဇူးတင္ပါတယ္လို႔လည္းတဖြဖြေျပာၾကေသးတယ္။ အထူးသျဖင့္ကေလးေတြကေတာ့သိပ္ေပ်ာ္ေနတာေပါ့။  ၿပီးေတာ့ယင္းအာနဲ႕လက္ထပ္ပြဲကိုဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း မားမားဆီကေနတစ္ဆင့္သိရတဲ့အခါ ေရွာင္းက်န့္တကယ္စိတ္လက္ေပါ့ပါးသြားပါတယ္။

ႏွစ္ဖက္မိဘေတြမ်က္ႏွာနည္းနည္းပ်က္ရတယ္ဆိုေပမယ့္ 'အားက်န့္ကိုေပ်ာ္ေစခ်င္တယ္'ဆိုၿပီးပါးပါးေျပာတဲ့စကားကို မားမားဆီကေနျပန္ၾကားရတဲ့အခါ တစ္သက္လုံးထမ္းပိုးလာတဲ့အစိုင္အခဲတစ္ခုကိုေခ်ဖ်က္နိုင္သလိုခံစားလိုက္ရတယ္။ ဘဝတစ္ေလွ်ာက္လုံးထုတ္မျပခဲ့ဖူးတဲ့ပါးပါးရဲ႕ဖခင္ေမတၱာကိုေပြ႕ပိုက္ရရွိလိုက္ခ်ိန္မွာ ေရွာင္းက်န့္ပါးပါးကိုအားနာမိပါေသးတယ္။ ဒီအေတာအတြင္းေရွာင္းက်န့္ကပါးပါးကိုအျမင္မၾကည္ခဲ့မိပါဘူး။ 

"ဆရာေလး ဘာေတြစဥ္းစားေနတာလဲ"

ဗလာစာအုပ္ရဲ႕စာမ်က္ႏွာေတြကိုဘာရယ္မဟုတ္တစ္႐ြက္ခ်င္းလွန္ေနရင္း အေတြးနယ္ခ်ဲ့ေနတဲ့ေရွာင္းက်န့္ကိုဟြားဟြားကစပ္စုသလိုလာေမးတယ္။

"ဘာမွမစဥ္းစားပါဘူး ဟြားဟြားရယ္
ဘာသိခ်င္တာရွိလို႔လဲ ဆရာ့ကိုေျပာ"

ဟြားဟြားရဲ႕ဆံပင္အုပ္အုပ္ကိုအသာပုတ္ၿပီးေရွာင္းက်န့္ေမးေတာ့ ဟြားဟြားကေက်နပ္သြားသလိုေခါင္းအရင္ညိမ့္တယ္။

"ဆရာေလးရဲ႕အပါးက ေနာက္တစ္ေခါက္ထပ္လာၿပီးဆရာေလးကိုျပန္ေခၚဦးမွာလားဟင္"

ဟြားဟြားရဲ႕အေမးကိုေရွာင္းက်န့္ၿပဳံးရင္း အသာေခါင္းယမ္းလိုက္တယ္။ ကေလးေတြရဲ႕စိတ္ထဲမွာေရွာင္းက်န့္ခ်င္းလုံကေနထြက္သြားမွာကိုေၾကာက္ေနၾကတယ္။ ၿပီးေတာ့ေရွာင္းက်န့္မျပန္ျဖစ္ေတာ့တဲ့အေၾကာင္းကိုထပ္ခါထပ္ခါအတည္ျပဳခ်င္ၾကပါတယ္။ ဒါေပမယ့္သူတို႔ေလးေတြဘယ္ႏွႀကိမ္ဘယ္ႏွခါပဲေမးေမး ေရွာင္းက်န့္ကေတာ့အစကေနအဆုံးထိျပန္ေျဖဦးမွာပါပဲ။

"မေခၚေတာ့ပါဘူး ဆရာကခ်င္းလုံမွာပဲေနေတာ့မွာ"

ေရွာင္းက်န့္ေျဖေတာ့ ဟြားဟြားကသေဘာက်သလိုပါးေတြမို႔တက္ေနေအာင္ၿပဳံးတယ္။

"ဒါဆို သမီးတို႔ဆီမွာေနလို႔ အဲ့ဒီလူႀကီးကဆရာေလးကိုဆူမွာလားဟင္"

စိတ္မခ်သလိုထပ္ေမးေနတဲ့ဟြားဟြားရဲ႕ေခါင္းကိုထပ္ပုတ္လိုက္တယ္။ ထိုင္ခုံေပၚမွာထိုင္ေနတဲ့ေရွာင္းက်န့္အနားမွာရပ္ၿပီး ေရွာင္းက်န့္ကိုေမာ့ၾကည့္ေနတဲ့ဟြားဟြားရဲ႕မ်က္လုံးကေလးေတြကၾကယ္ေတြလိုေတာက္ပလို႔။

"မဆူပါဘူး ဟြားဟြားရယ္
စိတ္မပူနဲ႕ေနာ္"

ေရွာင္းက်န့္အေျဖကိုသေဘာက်ေက်နပ္သလို ဟြားဟြားကေခါင္းတဆတ္ဆတ္ညိမ့္ေနတယ္။

"ေတာ္ေသးတာေပါ့ ဆရာေလးအဆူခံရမွာစိုးေနတာ သမီးက"

ရင္ဘတ္ကိုလက္နဲ႕သပ္ၿပီးစိတ္ပူဟန္လုပ္ျပေနတဲ့ဟြားဟြားေၾကာင့္ ေရွာင္းက်န့္ခပ္တိုးတိုးရယ္မိသြားတယ္။ ဒီကေလးေတြက လည္တဲ့ေနရာက်လည္းတအားလည္ပါတယ္။ သိခ်င္တာသိရသြားၿပီျဖစ္တဲ့ဟြားဟြားက က်န္တဲ့ကေလးေတြရွိရာဆီျပန္သြားၿပီ။ မၾကာခင္ေန႕လည္စာစားခ်ိန္ေရာက္ေတာ့မယ္။ ေျပာရရင္ေရွာင္းက်န့္ရဲ႕တိုင္းရင္းသားေကာင္ေလးလည္း ေန႕လည္စာထမင္းခ်ိဳင့္လာပို႔ပါေတာ့မယ္။

"အားလုံးပဲ ေန႕လည္စာစားၾကရေအာင္
ရန္မျဖစ္ဘဲထမင္းေကာင္းေကာင္းစားၾကေနာ္"

ေန႕လည္စာစားရမယ့္အခ်ိန္ေရာက္လို႔ ေရွာင္းက်န့္ေျပာေတာ့ ကေလးေတြကေဟးခနဲထေအာ္ၾကတယ္။ ကေလးဆိုေတာ့ဗိုက္ဆာေနတာကိုလည္းဟန္ေဆာင္မေနၾကပါဘူး။ တစ္ခါတစ္ေလဆိုကိုယ္ကအတန္းေရွ႕မွာစာသင္ေနတုန္း သူတို႔ေလးေတြဗိုက္ထဲကသံစုံတီးဝိုင္းရဲ႕ျမည္သံကိုၾကားေနရတတ္ေသးတာ။

"ဆရာေရွာင္းက်န့္ ကြၽန္ေတာ္လာၿပီ"

ကေလးေတြထမင္းခ်ိဳင့္ကိုယ္စီနဲ႕စားေနတာကိုၾကည့္ေနတုန္း စာသင္ခန္းအေပါက္ဝကေနဝမ္ရိေပၚအသံကိုၾကားရတယ္။ ေမတၱာခ်င္းဆက္ႏြယ္ၿပီးေနာက္ပိုင္း တိုင္းရင္းသားငဂ်စ္ကေလးရဲ႕အၿပဳံးေတြကို ေရွာင္းက်န့္ေဖာေဖာသီသီျမင္ရတတ္ပါတယ္။ အခုလည္းအဲ့ဒီေကာင္ေလးက ေရွာင္းက်န့္ကိုၾကည့္ရင္းၿပဳံးလို႔။ 

"ဒီေန႕ကြၽန္ေတာ္နည္းနည္းေနာက္က်သြားတယ္ အပါးနဲ႕ေတာင္ယာဖက္ကိုခဏလိုက္သြားရလို႔"

ေရွာင္းက်န့္မေမးပါဘဲနဲ႕ေျဖရွင္းခ်က္ေတြေပးေနရွာတဲ့ဝမ္ရိေပၚကိုၾကည့္ရင္း ေရွာင္းက်န့္ရင္ထဲေႏြးျမျမ။ အတူတူရွိရျခင္းဆိုတဲ့အသိမွာေတာင္ေပၚေလကလည္းႏွလုံးသားရဲ႕အနက္ရွိုင္းဆုံးအထိေအးျမျမေပါ့။

"ေနာက္မက်ပါဘူး ရိေပၚရယ္
ကြၽန္ေတာ္မဆာေသးပါဘူး"

ေရွာင္းက်န့္ေျပာေတာ့ ဝမ္ရိေပၚကၿပဳံးေနရင္းနဲ႕ေခါင္းညိမ့္တယ္။ ၿပီးေတာ့ေရွာင္းက်န့္ဆီကိုထမင္းခ်ိဳင့္ေလးလက္လႊဲေပးလာတာမို႔ ေရွာင္းက်န့္လက္ႏွစ္ဖက္နဲ႕ယူထားလိုက္တယ္။

"ေတာ္ေသးတာေပါ့ ခင္ဗ်ားဗိုက္ဆာေနမွာကိုေတြးပူေနတာ"

ေလအေဝွ႕မွာနဖူးေပၚကိုဝဲက်သြားတဲ့ေရွာင္းက်န့္ရဲ႕ဆံႏြယ္ႏုႏုေတြကိုလက္နဲ႕သပ္တင္ေပးရင္း ဝမ္ရိေပၚကေျပာပါတယ္။ ထမင္းခ်ိဳင့္ဆြဲထားတာမို႔ လက္မအားျဖစ္ေနတဲ့ေရွာင္းက်န့္ကိုယ္စား ဆံပင္ေတြကိုဝမ္ရိ​ေပၚကသပ္တင္ေပးလိုက္တဲ့အခါ ရင္ထဲလွိုက္ဖိုၾကည္ႏူးၿပီးအၿပဳံးႏုႏုေတြထပ္ခါထပ္ခါၿပဳံးမိတာကေရွာင္းက်န့္ပဲျဖစ္ပါတယ္။ ကေလးေတြကေန႕လည္စာစားခ်ိန္ဆိုဘာကိုမွသတိမရေတာ့တာေၾကာင့္ ေရွာင္းက်န့္တို႔ႏွစ္ေယာက္ကိုအာ႐ုံထဲေတာင္မထည့္ၾကဘူး။ ဒီလိုနဲ႕ပူပင္ျခင္းကင္းရတဲ့ရင္ခုန္သံေတြၾကားမွာ ေရွာင္းက်န့္ကထပ္ခါတလဲလဲေပ်ာ္ျမဴးေနပါေသးတယ္။

"ၾကားရတာရိုးအီေနမလားမသိေပမယ့္ ဒီေန႕အတြက္လည္းေျမျပန့္သားကိုကြၽန္ေတာ္ခ်စ္တယ္"

ေရွာင္းက်န့္ဆံပင္ေတြကိုပြတ္သပ္ကိုင္တြယ္ေနရင္း ဝမ္ရိေပၚကေျပာတယ္။ ရိုးအီသြားဖို႔ဆိုတာေတြးေတာင္မေတြးၾကည့္ဖူးတဲ့အရာပါပဲ။ ထပ္ခါတလဲလဲႀကိမ္ဖန္မ်ားစြာ အတိအက်ေျပာရရင္ဘဝတစ္သက္တာလုံးၾကားရခ်င္တဲ့ေဝါဟာရသီခ်င္းေလးတစ္ပုဒ္ဟာ တိုင္းရင္းသားေကာင္ေလးရဲ႕ခ်စ္စကားတိုတိုေလးေတြျဖစ္ပါလိမ့္မယ္။ အသက္ႀကီးတဲ့သူရဲ႕ေခါင္းကိုမကိုင္ရဘူးရယ္လို႔လည္းေရွာင္းက်န့္အျပစ္မဆိုရက္သလိုအျပစ္လည္းမျမင္မိဘူး။ ေျပာရရင္ဒီေကာင္ေလးကေရွာင္းက်န့္ကိုတစ္ခ်ိန္လုံးကာကြယ္ေပးခဲ့ေသးတာ။

"ေန႕တိုင္းဆိုရင္ေတာင္ ကြၽန္ေတာ္ေက်ေက်နပ္နပ္နားေထာင္ဦးမွာပါ ရိေပၚသာေန႕တိုင္းေျပာျပဖို႔ဆႏၵရွိရင္ေပါ့"

ေန႕လည္စာထမင္းခ်ိဳင့္ရဲ႕ကိုင္းေလးကိုလက္ႏွစ္ဖက္နဲ႕ဆြဲထားရင္း ေရွာင္းက်န့္ေျပာေတာ့ ဝမ္ရိေပၚကၾကည္ၾကည္ႏူးႏူးၿပဳံးတယ္။ ေရွာင္းက်န့္ဆံပင္ေတြကိုကိုင္မေနေတာ့တဲ့ဝမ္ရိေပၚရဲ႕လက္ေတြဟာရိုးရာဝတ္စုံရဲ႕အိတ္ကပ္ထဲမွာေနရာတက်ရွိလို႔။

"အရာအားလုံးထက္ကြၽန္ေတာ့္ကိုေ႐ြးခ်ယ္ေပးခဲ့လို႔ ကြၽန္ေတာ္ဆရာေရွာင္းက်န့္ကိုေက်းဇူးတင္ပါတယ္ ၿပီးေတာ့မ်ိဳးႏြယ္စုနဲ႕ခ်င္းလုံကိုတန္ဖိုးထားေပးတဲ့အတြက္ေရာေပါ့"

ေက်းဇူးတင္စကားေတြေျပာေနတဲ့ေကာင္ေလးကိုေရွာင္းက်န့္ခပ္လြင္လြင္ၿပဳံးရင္းေခါင္းညိမ့္ျပလိုက္တယ္။

"ေက်းဇူးတင္မယ့္အစား ကြၽန္ေတာ့္ကိုပိုၿပီးခ်စ္လိုက္ပါလား အႀကီးအကဲေလာင္းလ်ာရဲ႕"

ေရွာင္းက်န့္က​ခပ္ေနာက္ေနာက္ကေလးျပန္ေျပာေတာ့ ဝမ္ရိေပၚကသြားတန္းေတြေပၚေအာင္ရယ္တယ္။ ၿပီးေတာ့ေျပာေသးတယ္။ 'အခုလည္းခင္ဗ်ားကိုကြၽန္ေတာ္သိပ္ခ်စ္ေနၿပီးသားပါ'တဲ့။

"ကဲ!! ကြၽန္ေတာ္ျပန္ေတာ့မယ္ ေန႕လည္စာျမန္ျမန္စားေတာ့"

ေရွာင္းက်န့္လက္ထဲကထမင္းခ်ိဳင့္ကိုေမးေငါ့ျပၿပီးဝမ္ရိေပၚကေျပာလာတဲ့အခါ ေရွာင္းက်န့္ေခါင္းကိုအသာညိမ့္ျပလိုက္တယ္။

"ဟုတ္ၿပီ ဒါဆိုကြၽန္ေတာ္လည္းစာသင္ခန္းထဲျပန္ဝင္ေတာ့မယ္"

ေရွာင္းက်န့္ကိုေခါင္းတစ္ခ်က္ညိမ့္ျပၿပီးဝမ္ရိေပၚကျပန္သြားတယ္။ ထမင္းခ်ိဳင့္ေလးဆြဲၿပီးေရွာင္းက်န့္ဝင္လာေတာ့ ကေလးေတြကေန႕လည္စာေတာင္စားၿပီးလုနီးေနၿပီ။ ေရွာင္းက်န့္ေန႕လည္စာကိုခပ္ျမန္ျမန္စားလိုက္တယ္။ ျပည္မကဟင္းလ်ာေတြရဲ႕အရသာနဲ႕ကြာဟေနတယ္ဆိုရင္ေတာင္ ေမတၱာနဲ႕ခ်က္ျပဳတ္တဲ့ေတာင္ေပၚေဒသရဲ႕ရိုးရာဟင္းလ်ာေတြမို႔စားရတာၾကည္ႏူးႏွစ္သိမ့္မိပါတယ္။

ခ်စ္ျခင္းေမတၱာဟာအလွဆုံးပန္းကေလးတစ္ပြင့္ဆိုရင္ စိုက္ပ်ိဳးတဲ့သူဟာအႏူးညံ့ဆုံးဥယာဥ္မႉးတစ္ေယာက္ျဖစ္လိမ့္မယ္။ ေလေဝွ႕လို႔အနံ႕ေတြပ်ံ့လြင့္လာတဲ့အခါ ေထြးပိုက္ရႉရွိုက္မိသူတိုင္းကိုၾကည္ႏူးခ်မ္း​ေျမ့ေစနိုင္ပါတယ္။ ေရွာင္းက်န့္ကဝမ္ရိေပၚကိုခ်စ္သလိုမ်ိဳး၊ ဝမ္ရိေပၚကေရွာင္းက်န့္ကိုခ်စ္သလိုမ်ိဳး၊ ၿပီးေတာ့ခ်င္းလုံမွာရွိတဲ့ကေလးေတြကေရွာင္းက်န့္ကိုခ်စ္တဲ့ပုံစံမ်ိဳးေပါ့။ စိတ္ပင္ပန္းရျခင္းအလ်ဥ္းမရွိပါဘဲ ေတြးမိတိုင္းဆုံခြင့္ရေစခဲ့တဲ့ကံၾကမၼာကိုေက်းဇူးအထပ္ထပ္တင္ေနမိေတာ့တာပါပဲ။

ခ်စ္ျခင္းေမတၱာဟာသိပ္ေအးခ်မ္းပါတယ္။ အထူးသျဖင့္ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးက ေရွာင္းက်န့္အေပၚထားတဲ့ခ်စ္ျခင္းေမတၱာမ်ိဳးဟာ ေအးခ်မ္းႏွစ္သိမ့္ေစနိုင္တယ္။ ၿပီးေတာ့အားငယ္ဝမ္းနည္းတဲ့အခါေတြမွာဆို ေႏြးေထြးေပြ႕ပိုက္တတ္ပါေသးတယ္။ ေနာက္ဆုံးေတာ့ေလွကေလးဟာ ကပ္ရမယ့္ကမ္းဆီ႐ြက္လႊင့္လာခဲ့ၿပီပဲျဖစ္ပါတယ္။

~~~

ဒီေန႕ကေက်ာင္းပိတ္ရက္။ တစ္နည္းအားျဖင့္တကူးတကပိတ္ေပးလိုက္ရတဲ့ေက်ာင္းပိတ္ရက္ေပါ့။ ႏွစ္သစ္အတြက္ေကာက္သစ္စားပြဲေတာ္ေရာက္ေတာ့မွာမို႔ ႐ြာသူ႐ြာသားအားလုံးကေတာင္ယာဆင္းေနၾကတယ္။ အဲ့ေတာ့ကေလးေတြကအိမ္ေစာင့္ေပါ့။ ေကာက္သစ္စားပြဲေတာ္ကတစ္ႏွစ္မွတစ္ခါပဲက်င္းပတာ။ ၿပီးေတာ့တစ္ရက္တည္းရယ္။ ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕ရိုးရာပြဲေတာ္မို႔ မ်ိဳးႏြယ္စုတစ္ခုလုံးတူညီရိုးရာဝတ္စုံဝတ္ၿပီးေတာင္ေပၚမွာေကာက္သစ္စားပြဲေတာ္ကိုက်င္းပေလ့ရွိၾကေၾကာင္းကို ဝမ္ရိေပၚကေနတစ္ဆင့္ေရွာင္းက်န့္သိရတယ္။ အဲ့ရက္က်ရင္ကိုယ္ပိုင္ေတာင္ယာခင္းေတြက အေကာင္းဆုံးဆိုတဲ့အသီးအႏွံကိုယူလာၿပီးအခ်င္းခ်င္းဖလွယ္ၾကရတယ္။ ပြဲက်င္းပေလ့ရွိတဲ့ေနရာကေရွာင္းက်န့္ေနတဲ့ေတာင္ေပၚမွာ။ အခုကပြဲအတြက္ႀကိဳတင္ျပင္ဆင္ေနၾကတုန္းေပါ့။ ေနာက္တစ္ပတ္ဆိုရင္ပြဲေတာ္ရက္ေရာက္ၿပီ။

ကေလးေတြကိုသုံးရက္ေလာက္ေက်ာင္းပိတ္ထားတာမို႔ဒီရက္ပိုင္းေရွာင္းက်န့္အေတာ္ေလးပ်င္းစရာေကာင္းတယ္လို႔ခံစားေနရပါတယ္။ လာေနက်ေကာင္ေလးကလည္းေန႕လည္ထမင္းစားခ်ိန္ေလးပဲလာေတာ့တယ္။ မနက္ေစာနဲ႕ညေနခင္းေတြက်ဝမ္ရိေပၚလည္းမအားေတာ့ဘူးေလ။ အႀကီးအကဲလုံအာနဲ႕အတူေတာင္ယာဆင္းေနရတယ္။ အဲ့ေတာ့အရင္ေလာက္ေရွာင္းက်န့္နဲ႕မေတြ႕ျဖစ္တာမို႔ ေရွာင္းက်န့္ကေတာင္ေပၚမွာတစ္ေယာက္တည္းပါပဲ။ ႐ြာထဲဆင္းရေအာင္လည္းအကုန္လုံးနီးပါးကေတာင္ယာေတြသြားၾကတာဆိုေတာ့အဆင္မေျပပါဘူး။

//ယြိလုံေတာင္တန္း
ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စု
ခ်င္းလုံ႐ြာ//

ဒီကိုမေရာက္ခင္ကဒီေဒသအေၾကာင္းဆိုၿပီးေရးခဲ့ဖူးတဲ့မွတ္စုစာအုပ္ေလးကိုအမွတ္မထင္ျပန္ေတြ႕တယ္။ ဘာရယ္လို႔မဟုတ္ဘဲ တစ္အုပ္လုံးမွာမွအဲ့ဒီစာေလးသုံးေၾကာင္းပဲပါ,ပါတယ္။

//ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာ ဝမ္ရိေပၚ//

ေဘာပင္ကိုေကာက္ကိုင္ၿပီး အေၾကာင္းျပခ်က္မရွိထပ္ေရးမိသြားတဲ့စာေၾကာင္းကိုၾကည့္ၿပီးေရွာင္းက်န့္အၾကာႀကီးၿပဳံးေနမိပါတယ္။ ဒီေဒသနဲ႕ပတ္သက္ရင္ ဝမ္ရိေပၚဆိုတာေရွာင္းက်န့္ဘယ္ေတာ့မွေမ့ထားလို႔မရတဲ့၊ စြဲထင္က်န္ရစ္ေစမယ့္ျပယုဂ္ကေလးတစ္ခုျဖစ္ပါတယ္။

~Ring~Ring~Ring~

အသံျမည္လာတဲ့ဖုန္းေၾကာင့္ၾကည့္မိလိုက္ေတာ့ အိမ္ဖုန္းနံပါတ္။ ေျပာသာေျပာရတာပါ။ ေရွာင္းက်န့္ကိုဖုန္းဆက္မယ့္သူကလည္းအိမ္ကလြဲလို႔မရွိပါဘူး။ တစ္ႀကိမ္တစ္ခါဖ်တ္ခနဲမိသြားပုံရတဲ့လိုင္းေၾကာင့္ ဖုန္းကကံေကာင္းေထာက္မစြာဝင္လာပုံပါပဲ။

'ဟယ္လို မား'

ခပ္ျမန္ျမန္ပဲဖုန္းေျဖလိုက္တယ္။ ရွိရင္းစြဲလိုင္းတိုင္ေလးေပ်ာက္မသြားဖို႔အေရးေရွာင္းက်န့္ခမ်ာလႈပ္ေတာင္မလႈပ္ရဲဘူး။

'ဟယ္လို အားက်န့္
အဆင္ေျပရဲ႕လား...မဟုတ္ဘူး
အားက်န့္အဆင္ေျပေနမွာပါ မားသိတယ္'

ရယ္သံလြင္လြင္ေလးနဲ႕ေျပာလာတဲ့ဖုန္းထဲကမားမားရဲ႕စကားသံေၾကာင့္ ေရွာင္းက်န့္ႏႈတ္ခမ္းေထာင့္စြန္းေလးေတြေကာ့တက္ေနေအာင္ၿပဳံးရင္းခပ္တိုးတိုးရယ္လိုက္တယ္။

'ကြၽန္ေတာ္အဆင္ေျပပါတယ္ မားရဲ႕
ပါးနဲ႕မားေနေကာင္းရဲ႕လား'

ဖြင့္ထားတဲ့ဗလာစာအုပ္ကေလးကို လက္တစ္ဖက္ကေနအသာလွမ္းပိတ္ရင္းေရွာင္းက်န့္ေမးလိုက္တယ္။ လိုင္းက်သြားမွာစိုးေပမယ့္လက္ကေရာက္သြားတာမို႔မထူးပါဘူးဆိုၿပီးပိတ္လိုက္တာ။ ၿပီးေတာ့ဖုန္းကိုင္ထားတဲ့လက္လည္းမဟုတ္လို႔ေပါ့။

'ေကာင္းပါတယ္ သားပါးကေတာ့ဟိုတစ္ေန႕ကေသြးေတြတိုးလို႔familyေဒါက္တာေခၚလိုက္ရေသးတယ္ အားက်န့္'

မားမားကေတာ့ပုံမွန္ေလသံနဲ႕ေျပာတာဆိုေပမယ့္ ေရွာင္းက်န့္ကပါးပါးကိုစိတ္ပူသြားတယ္။ ေတြးၾကည့္မိေတာ့တစ္ေလွ်ာက္လုံးေရွာင္းက်န့္ပါးပါးကိုစိုးရိမ္ပူပင္ခဲ့တာရွားတယ္။ မခ်စ္တာမဟုတ္ေပမယ့္ အလွမ္းကြာခဲ့ၾကတာပါ။ ပါးပါးကလည္းအလုပ္နဲ႕၊ ေရွာင္းက်န့္ကလည္းေက်ာင္းနဲ႕ဆိုေတာ့ စကားေအးေအးေဆးေဆးေျပာဖူးတာမရွိသေလာက္ပါပဲ။ ပါးပါးခ်ထားတဲ့စည္းကမ္းေတြကို ေရွာင္းက်န့္လိုက္နာခဲ့႐ုံကလြဲၿပီေပါ့။

'ပါးအနားမွာရွိလား မား'

ပါးပါးနဲ႕ဖုန္းေျပာခ်င္ေသးတာေၾကာင့္ ေရွာင္းက်န့္ေမးလိုက္တယ္။ ကံေကာင္းတာကခုထိဖုန္းလိုင္းကေကာင္းေနတုန္းပဲ။.

'ရွိတယ္ အားက်န့္
ပါးပါးကိုေပးလိုက္မယ္ေနာ္ ခဏေလးကိုင္ထားဦး'

ေရွာင္းက်န့္ကိုေျပာၿပီးေတာ့ မားမားကပါးပါးကိုဖုန္းေပးဖို႔လုပ္ေနတယ္။ ပါးပါးကအစတည္းကအနားမွာရွိပုံပါပဲ။ 'ရွင္လည္းအားက်န့္နဲ႕ေျပာခ်င္ေနတာပဲမလား'ဆိုၿပီးေမးတဲ့မားမရဲ႕ခပ္တိုးတိုးအသံကိုေရွာင္းက်န့္ၾကားေနရတယ္။

'ဟယ္လို အားက်န့္'

ဖုန္းထဲကေနၾကားရတဲ့ပါးပါးရဲ႕အသံက အရင္အခါေတြတုန္းကလို မာမာထန္ထန္မဟုတ္ဘူး။ ေရွာင္းက်န့္စိတ္ထင္လို႔လားေတာ့မသိ။ ပါးပါးရဲ႕အသံကႏူးႏူးညံ့ညံ့။

'ပါး တစ္ေန႕ကေသြးတိုးလို႔ဆို
ကြၽန္ေတာ့္ကိုမားေျပာတာ'

ေရွာင္းက်န့္ေမးေတာ့ ပါးပါးကဖုန္းထဲကေနတိုးတိုးဖြဖြရယ္တယ္။

'ဘာမွမျဖစ္ပါဘူး အားက်န့္ရယ္
နည္းနည္းပါးပါးပါ'

ပုံမွန္အသံနဲ႕ပါးပါးကေျပာပါတယ္။

'က်န္းမာေရးဂ႐ုစိုက္ပါ ပါး'

ေရွာင္းက်န့္ကစိတ္ပူသလိုမွာေတာ့ ပါးပါးက' အားက်န့္သာကိုယ့္ကိုယ္ကိုဂ႐ုစိုက္ ပါးတို႔ကိုမပူပါနဲ႕'တဲ့။ ဒီလိုနဲ႕ေဗြေဖာက္လာတဲ့ဖုန္းလိုင္းေၾကာင့္စကားသံေတြကမရွင္းလင္းေတာ့တာမို႔ ဖုန္းကိုခ်လိဳက္တယ္။ မားမားကေတာ့ေရွာင္းက်န့္နဲ႕ပါးပါးအဆင္ေျပသြားလို႔ က်ိန္းေသေပါက္ေပ်ာ္ေနမွာပါပဲ။ ေရွာင္းက်န့္လည္းေပ်ာ္ပါတယ္။ သမာရိုးက်အခ်စ္ဇာတ္လမ္းတစ္ပုဒ္ထက္ထူးကဲေကာင္းထူးကဲနိုင္တဲ့ေတာင္တန္းေဒသရဲ႕အခ်စ္ဇာတ္လမ္းေလးမွာ ပါးပါးသာသေဘာထားႀကီးမေပးခဲ့ရင္ မ်က္ရည္ေတြထပ္ၿပီးက်န္ခဲ့ဦးမွာပါပဲ။

ေလေျပေသြးတဲ့အခါ ေလထုထဲကေနေကာက္စပါးအနံ႕သင္းသင္းရတယ္။ အဲ့တာအျပင္သစ္သီးဝလံေတြရဲ႕ရနံ႕ေမႊးေမႊးပါေရာေထြးေနေလရဲ႕။ ဒါေတြဟာေနာက္အပတ္ဆိုရင္က်င္းပမယ့္ေကာက္သစ္စားပြဲအတြက္ေရွ႕ေျပးလကၡဏာေတြျဖစ္ပါလိမ့္မယ္။

#TayyYizhan
20.12.2022(Tue)
A/N ပြဲေတာ္တစ္ခုခုထည့္မယ္ဆိုၿပီးေတြးေတာ့ ေကာက္သစ္စားပြဲေတာ္ကိုပဲေတြးမိသြားတယ္။ ပုံစံကြဲလြဲနိုင္ပါတယ္။

Continue Reading

You'll Also Like

1.8K 146 12
☽ 𝐈'𝐦 𝐇𝐢𝐬 𝐰𝐨𝐦𝐚𝐧| Everett Ross☽ Written by Millie Smith "𝒀𝒐𝒖 𝒌𝒏𝒐𝒘 𝒚𝒐𝒖 𝒔𝒉𝒐𝒖𝒍𝒅 𝒔𝒕𝒂𝒓𝒕 𝒆𝒎𝒃𝒓𝒂𝒄𝒊𝒏𝒈 ...
1M 33.4K 79
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
12.5K 217 10
After going through many failed relationships with his past lovers, Michael is desperate to find the perfect woman who loves him for who he is. He me...
161K 11.4K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...