ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 370K 14.8K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

71.2

14K 2.2K 26
By Rozu_roro

Unicode

ဝမ်ရိပေ ဒါတွေကို ပြောပြလိုက်ပြီးနောက် သူ့လေသံမှာ လေးလေးပင်ပင်ဖြစ်နေ၏။ "ဦးလေးက ဒီလိုကိစ္စတွေကို စိတ်မပူဖို့ပြောပေမယ့် ငါတကယ်စိတ်မသက်မသာဖြစ်နေတာ"

ဝမ်ရိပေမှာ ဝမ်မိသားစုထဲတွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့ရတာကြောင့် ကိစ္စတော်တော်များများကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသည်။

ဝမ်ယန်ဖုန်းမှာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး တရုတ်တေးရေးအသင်းဥက္ကဋ္ဌလည်းဖြစ်သည်။  တေးရေးအခကြေးငွေများအပြင်၊ သူ့ဝင်ငွေများမှာ စုန့်ကျစ်ချိုးလောက်မများသော်လည်း သာမန်လူတွေရဲ့အမြင်မှာတော့ ယုံကြည်စိတ်ချအားကိုးထားလို့ ရနိုင်လေသည်။

ဒီနှစ်တွေအတွင်း စုန့်ကျစ်ချိုးက သူ့သားသမီးတွေကို ဆုံးမထားခွင့်ပိတ်ပင်ထားပေမယ့်လည်း၊ ထိုညီအစ်ကို မောင်နှမအတွက် သူ့ဦးလေးပေးခဲ့တဲ့အသုံးစရိတ်မှာ မနည်းပါ။

ငယ်စဉ်ကလေးဘဝကနေ အရွယ်ရောက်သည်အထိ သူနှစ်ယောက်၏ ကျောင်းစရိတ် နေထိုင်စရိတ်အားလုံးကို ဝမ်ယန်ဖုန်းက ပေးခဲ့သည်။ ဟုတ်တာပေါ့၊ စုန့်ကျစ်ချိုး ဝယ်ပေးတဲ့ တန်ဖိုးကြီး ပစ္စည်းများနှင့် သူတို့မုန့်ဖိုးကတော့သက်သက်စီပင်။

ရှီယွင်နန် သူမအတွေးတွေကို ဖောက်မြင်သည့်အတိုင်း ပြောလာ၏။

"သူ ပိုက်ဆံရှိတုန်းကတော့ ဦးလေးနဲ့ အဖိုးဆီက ပိုက်ဆံတောင်းတာ မမြင်ဖူးဘူး။ ခုဒါတွေဖြစ်သွားပြီး ကုမ္ပဏီရှယ်ယာတွေကို လက်မလွှတ်နိုင်တော့ ဝမ်မိသားစုကို ဒီအပေါက်အဖာတွေဖြည့်ပေးစေချင်နေတာပေါ့?"

ဆုတောင်းလေ!

"သူက ကွာရှင်းဖို့ အချိန်ဆွဲနေမှာကို ငါစိုးရိမ်တာ၊ ဦးလေးကို ဒုက္ခပေးရုံတင်မကဘူး အဘိုနိုးလာရင်လည်း နှိပ်စက်အုံးမယ်" ဝမ်ရိပေမှာ တကယ်စိုးရိမိနေမိသည်။ လက်ရှိ ဝမ်မိသားစုက တစ်ဖက်သားရဲ့ နှိပ်စက်ဒဏ်တွေကို မခံနိုင်ဘူးလေ။

"ကော စုန့်ကျစ်ချိုး ကိစ္စကို ကျွန်တော်ဖြေရှင်းလိုက်မယ်။ ဦးလေးကို စိတ်အေးအေးထားပြီး သူ့တောင်းဆိုချက်တွေကို မလိုက်လျောဖို့ ပြောထားလိုက်။စိတ်မပူပါနဲ့ သူအဘိုးကို ထပ်နှောက်ယှက်ခွင့် လုံးဝမပေးဘူး။"

ရှီယွင်နန်က သူ့ဘေးက လော့လင်းရှန်းအား ကြည့်ကာ ဖုန်းထဲက သူအား ပြောလိုက်သည်။

"ကျွန်တော် နောက်မှ ဆက်သွယ်လိုက်မယ်နော်"

"အိုကေလေ"

ဖုန်းချပြီးနောက် လော့လင်းရှန်းက ထိုကိစ္စအကြောင်း စကား စလိုက်သည်။

"ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ဟွာချန်းကုမ္ပဏီကို စောင့်ကြည့်ထားဖို့ မင်းကိုယ့်ကို ပြောခဲ့တယ်လေ။ သူတို့ရဲ့ နောက်ဆုံးရှယ်ယာရှင်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ နှစ်နာရီ စီစဉ်ထားတယ်တဲ့။"

သူ လူတစ်ယောက်ကို လွှတ်ထားခဲ့၏။ ထိုရှယ်ယာရှင်အစည်းအဝေးမှာ ဝမ်ချန်းလန်၏ တံဆိပ်တုံး ခိုးယူသည့်ကိစ္စနှင့် ကုမ္ပဏီရန်ပုံငွေများကိုအလွဲသုံးစားလုပ်ခဲ့သည့် ပြဿနာကိုဖြေရှင်းရန်ဖြစ်သည်။

နောက်တမျိုးပြောရရင်၊ စုန့်ကျစ်ချိုးက ရှယ်ယာရှင်တွေရှေ့တွင် ကုမ္ပဏီငွေရေးကြေးရေးအပေါက်အဖာတွေကို သူမပိုက်ဆံနဲ့ ဖြည့်ပေးမယ်လို့ ကတိပေးခဲ့သည်။ ထို့နေ့ အစည်းအဝေးတွင် ထိုကိစ္စကို တာဝန်ယူဖို့ အချိန်ရောက်လေပြီ။

လော့လင်းရှန်းက ချင်ကျန်းကြိုတင်ပြင်ဆင်ထားသည့် ဟွာချန်ရှယ်ယာရှင်များ၏ ရှယ်ယာပမာဏအချက်အလက်များကို ထုတ်လိုက်ပြီး ရှီယွင်နန်အား ပေးလိုက်သည်။

"ဟွာချန်မှာ စုစုပေါင်း ရှယ်ယာရှင် ခြောက်ယောက်ရှိတယ်။ စုန့်ကျစ်ချိုးက 40% ၊ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ချန်ရန်က 25% ၊ ကျန်လေးယောက်ကတော့ ရှယ်ယာတွေ တူတူပဲ။"

"အဓိကအချက်က စုန့်ကျစ်ချိုးက သူ့ကိုယ်ပိုင်ရှယ်ယာထဲက 8% ကို တိတ်တဆိတ် ထုတ်ရောင်းနေတာပဲ။"

ရှီယွင်နန် အံ့ဩသွား၏။

"ဘယ်တုန်းကလဲ?"

"မနေ့ကလေးတင်ပဲ၊ ကိုယ် လျှို့ဝှက်ဆက်သွယ်ဖို့ လူတွေ လွှတ်ထားတယ်။ အခု သူတို့ စျေးနှုန်းကို လျှော့ဖို့ ညှိနေတုန်းပဲ။"

"ဟွာချန် ရှယ်ယာရှင်စည်းမျဉ်းအရ၊ ရှယ်ယာ 8%အထက် လွှဲမယ်ဆို  ရှယ်ယာရှင်တစ်ဝက် မဲပေးမှ လွှဲလို့ရမှာ။"

စုန်ကျစ်ချိုးသည် ချန်ရန်က သူမလက်ထဲရှိ ရှယ်ယာများကို လိုချင်နေမှန်း သိတာကြောင့် သူမက တိတ်တိတ်လေး ထုတ်ရောင်းရန် စီစဉ်ခဲ့သည်။

ရှယ်ယာ ရောင်းပြီးရင်တောင် သူမလက်ထဲမှာ 32%ကျန်သေးတာကြောင့် ဟွာချန်ရှယ်ယာအများဆုံးလူနေရာမှာ သူမဆက်ရပ်တည်နေနိုင်မည်ဖြစ်သည်။

"ကျွန်တော့အစ်ကိုပြောတဲ့အတိုင်း သူ ဦးလေးကို တနင်္လာနေ့ သန်းနှစ်ဆယ်လာပေးခိုင်းတာ မအံ့ဩတော့ပါဘူး။"

ရှီယွင်နန် ကိစ္စတွေကို ချက်ချင်း သဘောပေါက်သွား၏-

ရှယ်ယာရောင်းလို့ရတဲ့ငွေ၊ ကွာရှင်းစရိတ်သန်း 20နဲ့ သူမစုထားတဲ့ငွေ၊ ချေးထားတဲ့ငွေတွေပေါင်းရင် ရှယ်ယာရှင်တွေရဲ့ ပါးစပ်ကို ပိတ်နိုင်သွားမှာပဲ။

"တံဆိပ်တုံး ခိုးတာက ဝမ်ချန်လန်းဆိုပေမယ့် အဲ့ဒါက သူမကိုယ်ပိုင်တံဆိပ်တုံးမလား? အဲ့တော့ သူမကလည်း ကုမ္ပဏီလုပ်ပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ သတ်မှတ်လို့ရတယ်မလား?"

လော့လင်းရှန်းက အေးအေးဆေးဆေး ခေါင်းညိတ်ပြလာသည်။ "အင်း ၊ သူနဲ့ ဝမ်ချန်းလန်က သားအမိဆိုတော့ တံဆိပ်တုံးခိုးခံရတာပါလို့ သက်သေထွက်ဆိုဖို့က ခက်တယ်။"

ရှီယွင်နန်က လော့လင်းရှန်းပြောတာကို သဘောပေါက်သွားပြီး လော့လင်းရှန်းအနားသို့ ကပ်ကာ အနမ်းလေး ခိုးလိုက်သည်။

"ခေါင်းဆောင်လော့၊ ခင်ဗျား နှလုံးသားကြီး ဘယ်လောက်တောင်မည်းနက်နေလဲဆိုတာ ကျွန်တော် မြင်နိုင်တယ်နော်"

လော့လင်းရှန်းက သူ့နှုတ်ခမ်းလေးကို လက်လေးနဲ့ ပွတ်သပ်ပေးနေ၏။ "ကိုယ်က မစ္စတာရှီအတွက် အခြေအနေကို စုံစမ်းထားတာပါ။ ဘာလုပ်မယ်ဆိုတာကတော့ မင်းဆုံးဖြတ်ပါ"

"ဟွာချန်ရှယ်ယာရှင်အစည်းအဝေးက ဗုဒ္ဓဟူးနေ့လား?"

"အင်း"

ရှီယွင်နန်က မျက်ခုံးလေးပင့်ကာ စိတ်မပါလက်ပါပြောလာသည်။

"အိုကေလေ ကျွန်တော် သူ့ကိုနောက်ထပ်အံ့သြစရာတစ်ခု အပိုထပ်လောင်းပေးလိုက်ရလည်း စိတ်မကွက်ပါဘူး"

...

ဗုဒ္ဓဟူးနေ့၊ ဟွာချန်ဂီတတူရိယာကုမ္ပဏီတွင်—

ကုမ္ပဏီအစည်းဝေးခန်းထဲရှိ လေထုအခြေနေမှာ အရင်ကနဲ့ မတူစွာ အေးစက်စက်ဖြစ်နေ၏။

အစည်းအဝေးတာဝန်ခံအတွင်းရေးမှူးမှာ ရှယ်ယာရှင်ခြောက်ဦးနှင့် စကားပြောနေရမှာဆိုးတာကြောင့် သူ့ကိုယ်လေးကို ငုံးတစ်ကောင်လို ဝပ်ထားရှာသည်။

"ဒါရိုက်တာစုန့် ပြောထားတဲ့စကားကို ပြန်ရုတ်သိမ်းတာက မင်းအတွက် မကောင်းဘူးနော်?"

ဟွာချန်ရဲ့ ဒုတိယအကြီးဆုံးရှယ်ယာရှင် ချန်ရန်က လေသံမာမာနဲ့ ပြောလာ၏။

သူကမျက်မှန်ကို ပင့်တင်လိုက်ပြီး တခြာရှယ်ယာရှင်တွေ ဘာမှမပြောခင် အရင်ပြောလာသည်။ "အရင်တခေါက် ရှယ်ယာရှင်အစည်းအဝေးတုန်းက ကုမ္ပဏီရန်ပုံတွေကို မင်းပိုက်ဆံနဲ့ ဖြည့်ပေးမယ်လို့ သဘောတူခဲ့တယ်လေ။ မင်းက ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်လို့သာ ငါတို့ ရဲကိုမတိုင်ခဲ့တာ။"

"ဘာလို့လဲ? ဆယ်ရက်တောင်မပြည့်သေးတာကို ဘယ်လိုလုပ် ပြောထားတဲ့ပိုက်ဆံရဲ့ တစ်ဝက်တောင်စျေးလာစစ်နေတာလဲ? ကျွန်တော်တို့ ဟွာချန်ရှယ်ယာရှင်တွေကို လွယ်တယ်လို့ ထင်နေတာလား? "

စကားနာထိုးနေသည်မှာ ပိုပိုသိသာလာ၏။

အဓိကထိုင်ခုံတွင်ထိုင်နေသည့် စုန့်ကျစ်ချိုးမှာ အသက်ရှူကြပ်သွားသော်လည်း အတင်းပြုံးပြနေရသည်။ "ဥက္ကဌချန်က နောက်နေပြန်ပြီ။ ကျွန်မဆိုလိုတာက ရန်ပုံငွေတစ်ဝက်ကို အရင်ပေးပြီး ကျန်တာနောက်မှ ဆွေးနွေးမယ်လို့ ပြောချင်တာပါ။"

"တကယ်လို ရန်ပုံငွေလိုလာတာတွေရှိရင်လည်း ကျွန်မက ဖြည့်ပေးမှာပါ။"

"ပြီးတော့၊ ဒီနှစ်ကုန်လောက်ကြရင် ကျွန်မကိုယ်ပိုင်ရှယ်ယာတွေကနေ ရခဲ့တဲ့ အမြတ်တွေကို ရှယ်ယာရှင်အားလုံးအတွက် အပိုဝေစုခွဲဝေပေးဖို့လည်း စဉ်းစားထားပါတယ်"

ဒါဟာ စုန့်ကျစ်ချိုး၏ အချိန်ဆွဲထားမည့် ဗျူဟာပင်။

အချိန်တိုအတွင်း တစ်ခါတည်းနဲ့ ပိုက်ဆံချေဖို့ သူမမှာ အဲ့လောက်ရှိမနေဘူး။ ရှယ်ယာရှင်တွေကို အချိုသပ်ပြီး အချိန်ဆွဲထားနိုင်အောင်လို့ "အနာဂတ်အမြတ်အစွန်း" နည်းဗျူဟာကိုသာ ထုတ်သုံးရတော့သည်။

ကုန်ပစ္စည်းတွေအတွက်သာ ချော့ချော့မွေ့မွေ့ ငွေပေးချေနိုင်မယ်ဆို ရှယ်ယာရှင်တွေရဲ့ နှစ်ကုန်အမြတ်ဝေစုတွေကို မထိခိုက်နိုင်သည့်အပြင် အမြတ်တောင်ရနိုင်လေသည်။ ဒါဟာ သူတို့အတွက် လုံးဝအရှုံးမရှိနေပါ။

စုန့်ကျစ်ချိုးက သူတို့ကို ဆက်ဖြောင်းဖျနေသည်။  "နိုင်ငံခြားကဝယ်သူတွေ ဒီကုန်ပစ္စည်းတွေကို မလိုချင်ဘူးဆိုပေမယ့် တခြားမှာ ရောင်းလို့ မရဘူးလို့ မဆိုလိုဘူးလေ။ အရင်းအနှီးတွေကို တဖြည်းဖြည်းချင်း ပြန်ယူနိုင်သရွေ့..."

"အခု ငါတို့ထုတ်ကုန်တွေရဲ့ ရောင်းအားက ကြန့်ကြာကုန်ပြီ။ ရန်ပုံငွေပြတ်လပ်နေလို့ အရင်အစီအစဉ်အတိုင်း အသစ်ထုတ်လို့ကလည်း မရသေးဘူး။ ဒီလိုမျိုးသာ ဆက်ဖြစ်နေရင် ငါတို့ကုမ္ပဏီ ရေရှည်လည်ပတ်နိုင်ဖို့ အကျိုးမြတ်တွေဘယ်ရနိုင်ပါ့မလဲ? ငါသဘောမတူဘူး!"

ချန်ရန်က စုန့်ကျစ်ချိုး သဘောထားကို ဆန့်ကျင်သည့်အနေဖြင့် စားပွဲခုံအား ရိုက်ချပလိုက်သည်။

"ဥက္ကဌချန် ကျွန်တော်တို့သူကို အခွင့်ရေးပေးသင့်တယ် မဟုတ်ဘူးလား? နောက်ဆုံး ပိုက်ဆံမပေးမှာလည်း မဟုတ်ဘူးလေ။" ရှယ်ယာရှင်တချို့ကတော့ စုန့်ကျစ်ချိုးအား ထောက်ခံနေကြသည်။ "ကျွန်တော်တို့က မိတ်ဆွေတွေပဲဟာ ဘာလို့တစ်ယောက်မျက်နှာ တစ်ယောက် ဆုတ်ဖြဲနေကြမှာလဲ?"

"အသိမိတ်ဆွေထဲမှာ ဒါရိုက်တာစုန့်လို ကုမ္ပဏီပိုက်ဆံကို ထိရဲတဲ့သူမျိုးရှိလို့လား?" တခြားရှယ်ယာရှင်တစ်ဦးကလည်း ပြန်တုံ့ပြန်လာ၏။

စုန့်ကျစ်ချိုး မျက်လုံးများမှာ မည်းမှောင်သွား၏။ သူမကဒီအခြေအနေကို မျှော်လင့်ထားတာဖြစ်တာကြောင့် အေးအေးဆေးဆေးသာ ပြောလိုက်သည်။  "ဒါဆိုလည်း မဲပေးပြီး ဆုံးဖြတ်ကြတာပေါ့"

အားလုံးမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မတူညီတဲ့ သဘောထားတွေ ထုတ်ပြနေကြ၏။

ချန်ရန်ဘက်မှာ သူအပါအဝင်သုံးယောက်ဖြစ်ပြီး စုန့်ကျစ်ချိုးဘက်မှာလည်း ထိုကဲ့သို့ အလားတူဖြစ်နေသည်။

စုန့်ကျစ်ချိုး မသိမသာ ပြုံးလိုက်၏။ "ဥက္ကဌချန်၊ ကျွန်မတို့ လက်ထဲမှာ ရှိတဲ့ ရှယ်ယာတွေအရ၊ ကြည့်ရတာ ကျွန်မဘက်ကနေစ......"

"ဒါရိုက်တာစုန့် အဲ့ဒါထက် ခင်ဗျားရှယ်ယာတွေကို တိတ်တိတ်လေးထုတ်ရောင်းထားတယ်ဆိုတဲ့အကြောင်းကော ကျွန်တော်တို့ကို ပြောဖို့အစီအစဉ်မရှိဘူးလား?"

"....."

စုန့်ကျစ်ချိုး မျက်နှာ ချက်ချင်းပျက်သွား၏။ ဒီကိစ္စက ချန်ရန်နားရောက်သွားလိမ့်မယ်လို့ သူမ မထင်ထားဘူးလေ။

ဒါကိုကြားတော့ တခြားရှယ်ယာရှင်တွေလည်း အံ့ဩသွားကြသည်။

"ရှယ်ယာတွေကို ထုတ်ရောင်းထားတယ်?  ဘယ်တုန်းကလဲ?"

"နေအုံး ရှယ်ယာ​တွေရောင်းတာ ငါ့ကို ဘယ်သူမှ မပြောကြပါလား?

"ဥက္ကဌချန် ခင်ဗျားဘယ်လိုသိတာလဲ?"

တခြားသူတွေရဲ့ သံသယမေးခွန်းတွေကို ကြားတော့ ချန်ရန်က ထိုကိစ္စကို ဆက်လက်ဖော်ထုတ်လိုက်သည်။  "ရှယ်ယာအပြောင်းအလဲဖြစ်သွားတာကို မပြောခင် ဒါရိုက်တာစုန့်က အခြေအနေတွေရှုပ်နေတာကို အခွင့်ကောင်းယူပြီး အစည်းအဝေးခေါ်တယ် ပြီးရင် ကိုယ့်အတွက်ကိုယ် အချိန်ဆွဲနေတာပေါ့? "

စုန့်ကျစ်ချိုး စိတ်ကို တည်ငြိမ်အောင်ထိန်းကာ ဝန်ခံလိုက်၏။ "ဟုတ်တယ်၊ ကျွန်မရဲ့ 8%ကို ရောင်းလိုက်တယ်။ ကုမ္ပဏီစည်းမျဉ်းတွေအရဆို 8%ကျော်မှ ရှယ်ယာရှင်တွေကို အသိပေးရမှာလေ။ အဲ့တော့ ထုတ်ရောင်းဖို့ ကျွန်မအနေနဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပြီးသားပါ။"

"ပြီးတော့ ရှယ်ယာတွေ ရောင်းထားရင်တောင် ကျွန်မက အများဆုံးရှယ်ယာရှင် ဖြစ်နေတုန်းပဲ။"

စုန့်ကျစ်ချိုးက သူမစီစဉ်ထားတိုင်း ပြောနေ၏။ သူမမှာ ကိုယ့်ကိုယ့်ကို ယုံကြည်မှုပိုတက်လာဖို့ ကြိုးစားနေရရှာလေသည်။

သူမပြောပြီးသည်နှင့် ချန်ရန်က ရှယ်ယာရောင်းချ ဝယ်ယူသဘောတူညီချက်ကော်ပီစာရွက်ကို စားပွဲပေါ်ပစ်ချလိုက်သည်။

ဘန်းဆိုသည့် အသံနှင့်အတူ ကော်ပီစာရွက်ဟာ စုန့်ကျစ်ချိုးရှေ့မှောက်သို့ ရောက်ရှိသွား၏။

"ဒါရိုက်တာစုန့်၊ အားတော့နာပါတယ်ဗျာ၊ ဒါပေမယ့် တစ်ချို့အရာတွေက ခင်ဗျား စိတ်ကူးထားတာနဲ့ ကွဲလွဲနေနိုင်တာပဲလေ"

"....."

စုန့်ကျစ်ချိုးတစ်ယောက် စားပွဲပေါ်ရှိ စာရွက်များကို မြင်လိုက်ရသည့်အခါ ခံစားချက်မျိုးစုံခံစားလိုက်ရ၏။ သူမ စာရွက်အားအမြန်ဖတ်ကြည့်လိုက်သည့်အခါ ချက်ချင်း သူမမျက်နှာ ဖြူဖျော့သွားတော့သည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!

ချန်ရန်က သူမမျက်နှာအမူယာကိုကြည့်ပြီး လေ့သံကို ပိုကျယ်လိုက်သည်။ "ဒါရိုက်တာစုန့် ပြန်ရောင်းလိုက်တဲ့ 8%က တိုက်ဆိုက်စွာနဲ့ပဲ ကျွန်တော့အိတ်ကပ်ထဲရောက်လာတာပဲဗျာ။"

ပိုတိတိကျကျပြောရလျှင် ချန်ရန်က ဟွာချန်ရဲ့ 33%ရှယ်ယာကို လက်ဝယ်ကိုင်ဆောင်ထားပြီး စုန့်ကျစ်ချိုးမှာတော့ 32%သာ ကျန်ရှိတော့သည်။

"ဒါဆို အခုမဲရလဒ်တွေက..."

"ဒါရိုက်တာစုန့်  ရန်ပုံငွေပိုက်ဆံတွေကို အချိန်ဆွဲနေတာ ကျွန်တော် သဘောမတူဘူး။ အရင်တခေါက်အစည်းအဝေးမှာ ပြောခဲ့သလိုပဲ ဒီနေ့အတွင်း ပြန်ဆပ်နိုင်ရင်တော့၊ နှစ်ပေါင်းများစွာ ပါတနာဖြစ်ခဲ့တဲ့အနေနဲ့ ဒီကိစ္စကို တိတ်တဆိတ်ပဲ ကြေအေးလိုက်တာပေါ့။"

"အဲ့လိုမှ မဟုတ်ရင်တော့ ရဲခေါ်ပြီး လုပ်ထုံးလုပ်နည်းတွေအရ လုပ်ရမှာပဲ။"

ချန်ရန် စကားကြားပြီးနောက် စုန့်ကျစ်ချိုးမှာ ထိုနေရာမှာပဲ ကြက်သေသေနေမိသည်။ ခဏအကြာမှာတော့ သူမက အသိစိတ်ပြန်ဝင်လာ၏။

"ဒါမဖြစ်နိုင်ဘူး ချန်ရန် မင်းကော်ပီစာချုပ်က အတုပဲဖြစ်ရမယ်!"

ဆယ်ရက်မပြည့်သေးခင်မှာပဲ စုန့်ကျစ်ချိုးကို ခြေကုန်လက်ပန်းကျစေသည့် ကိစ္စတွေဖြစ်ပွါးခဲ့​လေသည်။

ဝမ်ချန်းလန် ထောင်ထဲမရောက်ရေးအတွက်၊ အဆက်အသွယ်များရှာဖွေရန် သူမ နေရာအနှံ့ ပြေးလွှားနေခဲ့ရသည်။ ရှယ်ယာပြန်ရောင်းချမယ့် ကိစ္စကိုတော့ သူမ ဝမ်ဝမ်ယိုကို လွှဲထားတာပင်။

ကုမ္ပဏီတွင် ချန်ရန်နှင့် စုန့်ကျစ်ချိုးမှာ ပြိုင်ဘက်များဖြစ်ကြသည်။

သူ့သမီးလေးဖြစ်တဲ့ ဝမ်ဝမ်ယိုက ဒီလိုအသိဥာဏ်မရှိတဲ့ လုပ်ရပ်မျိုး လုပ်ပါ့မလား?

ပြီးတော့၊ သူတို့သားအမိက စာချုပ်မှာလက်မှတ်မထိုးခင် ဝယ်သူရဲ့အထောက်အထားကို အတည်ပြုခဲ့သေးတယ်လေ။ အဲ့လူက ချန်ရန်အကြောင်း လုံးဝမသိလောက်ပါဘူး!

"အတု?" ချန်ရန် ခေါင်းယမ်းလိုက်ပြီး စုန့်ကျစ်ချိုးအား သရော်သည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"စုန့်ကျစ်ချိုး... စုန့်ကျစ်ချိုး မင်း ငယ်ငယ်တုန်းက စီးပွါးရေးမှာတော်ခဲ့တာကိုတော့ ငါဝန်ခံပါတယ်။ ဒါမယ့် ကံမကောင်းစွာနဲ့ပဲ၊ မင်းကသားသမီးတွေကို အသေအလိုလိုက်ခဲ့တော့ ကိုယ့်ကိုယ်ကို သေလမ်းအထိ တွန်းပို့ခံလိုက်ရတာပေါ့"

ချန်ရန် ပြောပြီးသည်နှင့် သူ့အနောက်က လက်ထောက်အား အမိန့်ပေးလိုက်သည်။ "ဂုဏ်သရေရှိ ဧည့်သည့်ကို အထဲဖိတ်လိုက်။"

"ဟုတ်ကဲ့ပါ ဥက္ကဌချန်"

လက်ထောက်က အစည်းအဝေးခန်းထဲကနေ အမြန်ထွက်သွားပြီး သုံးမိနစ်အတွင်း လူတစ်ယောက်ကို ဦးဆောင် ခေါ်လာ၏။

စုန့်ကျစ်ချိုးမှာ အစည်းအဝေးခန်းထဲ ရုတ်တရက်ပေါ်လာသည့် ရှီယွင်နန်ကိုကြည့်ရင်း မယုံကြည်နိုင်စွာ မေးလိုက်မိ၏။ "ရှီယွင်နန်၊ မင်း ဒီကို ဘာလာလုပ်တာလဲ!"

"မစ္စတာရှီက ကျွန်တော်ဖိတ်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည်ပဲ"  ချန်ရန်က ချက်ချင်းပဲ ကြေငြာလိုက်သည်။

"ဒါရိုက်တာစုန့်က ဒီရန်ပုံငွေအပေါက်အဖာတွေကို မဖြည့်ပေးနိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ ရှေ့လျှောက် ဟွာချန်တိုးတက်အောင်ကူညီပေးဖို့ ပံ့ပိုးပေးမယ့်လူသစ်လိုတယ်လေ။"

ရှီယွင်နန်ကလည်း သူပြောတာကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကာ "အားလုံးပဲ လော့အုပ်စုကိုယ်စား၊ ကျွန်တော်က ဟွာချန်ဂီတတူရိယာကုမ္ပဏီနဲ့   သုံးလတစ်ကြိမ်ပူးပေါင်းဖို့ရောက်လာတာပါ။ ပူးပေါင်းဖို့ ဆန္ဒရှိကြပါရဲ့လား?"

ဤသည်မှာ စုန့်ကျစ်ချိုးကိုဖြုတ်ချရန်အတွက် ရှီယွင်နန် နှင့် ချန်ရန် ညှိနှိုင်းခဲ့သည့် သဘောတူညီချက်ဖြစ်သည်။ သေချာတာပေါ့။ ရန်ပုံငွေက နောက်မှ ဝင်လာရင်တောင် ဝမ်ရိပေနဲ့ ဆွေးနွေးပြီးရင် ဒါတွေအားလုံးက သူ့ကိုယ်ပိုင်ဝင်ငွေဖြစ်လာမှာပဲ။

ရှီယွင်နန် "လော့အုပ်စု"ကို အသုံးချရတဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းလေသည်- သူ့ယောကျ်ား နာမည်နှင့် ပိုင်ဆိုင်မှုတွေဟာ ခြိမ်းခြောက်ဖွယ်ရာဖြစ်တာကြောင့် အခြေအနေနဲ့လူတွေကို ထိန်းချုပ်ရန် သုံးလိုက်ခြင်းဖြစ်သည်။

ကျန်သည့် ရှယ်ယာရှင်လေးဦးမှာ လော့အုပ်စုအကြောင်း မကြားဖူးဘဲနေကြပါ့မလား။ သူတို့မျက်နှာများမှာ ချက်ချင်းပင် အားရကျေနပ်သွားကြသည်။

"ဥက္ကဌချန် ၊ မစ္စတာရှီ ပြောတာတွေက တကယ်လား?"

"အမှန်ပဲ ငါတို့ ဘယ်လိုလုပ် ဆန္ဒမရှိဘဲနေမှာလဲ?"

သို့သော်လည်း အဖြေတိတိကျကျမရသေးခင် ယူနီဖောင်းဝတ်ထားသည့် ရဲအရာရှိသုံးဦးက ဝင်လာသည်။

"ဒီမှာ စုန့်ကျစ်ချိုးက ဘယ်သူလဲ?"

စုန့်ကျစ်ချိုးမှာ တစ်ခုခုမကောင်းတာဖြစ်လာတော့မည်ကို ခံစားလိုက်မိကာ ရုတ်တရက် နှလုံးတုန်သွား၏။

"... ကျ ကျွန်မပါ"

"တိုင်ကြားသူ ချန်ရန်က မင်းကို လျှို့ဝှက်စာချုပ်ချုပ်ဆိုမှု အများပိုင်ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်မှု ကုမ္ပဏီပိုင်ဆိုင်မှုကို ထိပါးမှုနဲ့ သံသယရှိကြောင်း စွပ်စွဲထားပါတယ်။ ကျေးဇူးပြုပြီး စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့နဲ့ အတူ လိုက်လာပေးပါ"

ထိုစကားများကြားလိုက်ရသည့်အခါ ရှီယွင်နန်နှင့် ချန်ရန်မှလွဲ အားလုံး အံ့ဩသွားကြ၏။

စုန့်ကျစ်ချိုးက သူ့သားကိုတမင်လုပ်ခွင့်ပေးထားတာလို့ သူတို့သံသယဝင်ပေမယ့် တစ်ဖက်လူက ဥက္ကဋ္ဌဖြစ်ပြီး ရန်ပုံငွေကိုလည်း ပြန်ဖြည့်ပေးမယ်လို့ ကတိပေးထားတာကြောင့် ရဲခေါ်ပြီး တရားစွဲမယ့်ကိစ္စကို မလုပ်ခဲ့ကြ။

မမျှော်လင့်ဘဲ ချန်ရန်က တိတ်တဆိတ်လှုပ်ရှားခဲ့တာလား?

ဒါပေမယ့် စာချုပ်ကော်ပီသာ အမှန်ဆို ချန်ရန်က သေချာပေါက် ရက်အနည်းငယ်အတွင်း ဟွာချန်ရှယ်ယာအများဆုံးလူ ဖြစ်သွားမှာမလား?

အခု ဟွာချန်က လော့အုပ်စုနှင့် ပူးပေါင်းတော့မယ်ဆိုတော့ စုန့်ကျစ်ချိုးရဲ့ အရင်အဆိုပြုချက်တွေထက် ပိုကောင်းနေသလိုပဲ။

သူမအတွက် ရပ်တည်ပေးမည့် ရှယ်ယာရှင်များမရှိသည်ကို တွေ့လိုက်ရသည့်အခါ စုန့်ကျစ်ချိုးနှလုံးသားလေးလစ်ဟာသွား၏။ သူမအင်အားတွေ တခဏချင်း ကုန်ဆုံးသွားပြီး ကုလားထိုင်ပေါ်လဲကျသွားတော့သည်။

"....."

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သူမ စိတ်ကူးထားတာတွေနဲ့ ဘာလို့ တူမနေရတာလဲ?

ရှီယွင်နန်က ဥပဒေအရာရှိများကို ယဉ်ယဉ်ကျေးကျေးတောင်းဆိုလိုက်ပြီးနောက် စုန့်ကျစ်ချိုးနားသို့ လျှောက်လှမ်းသွားလိုက်သည်။

"အဒေါ် ( ကျို့မား)"

စုန့်ကျစ်ချိုးမှာ အသက်ရှုကြပ်သွား၏။ ထို'အဒေါ်' ဆိုတဲ့ အခေါ်အဝေါ်မှာ ရွဲ့နေသလိုမျိုးပင်။

သူမက ရှီယွင်နန်ကိုကြည့်ကာ အားနည်းချည့်နဲ့နေသည့် အသံဖြင့် မေးလာ၏။  "ရှီယွင်နန်၊ နင်တကယ်ပဲ ဘာလိုချင်တာလဲ? ငါတို့သားအမိကို ဒုက္ခပေးတာ မဝသေးဘူးလား?"

ရှီယွင်နန်ကတော့ မတုန်မလှုပ် ပြန်မေးလိုက်သည်။  "ခင်ဗျားကကော? ကလေးနှစ်ယောက်ကို မွေးပေးပြီး ဝမ်မိသားစုအပေါ် ဒုက္ခပေးရတာမလုံလောက် သေးဘူးလို့ထင်နေတာလား?"

"အဘိုးက ဒီအရွယ်ကြီးမှာ လုံလုံလောက်လောက်မထိခိုက်သေးဘူးလို့ ထင်နေတာလား?"

ထိုမေးခွန်းထွက်ဆိုလာတော့ စုန့်ကျစ်ချိုးမှာ ပြန်ချေပဖို့ရာ ပြောစရာစကားမဲ့သွား၏။

"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့မှာ ခင်ဗျားအတွက်သတင်းကောင်း နှစ်ခုရှိတယ်"  ရှီယွင်နန်က အနည်းငယ်ငုံ့ကိုင်းကာ ဂရုမစိုက်သည့်ပုံလေးနဲ့ ပြောလာသည်။

"ဝမ်ချန်းလန် ထောင်ကလွတ်နိုင်မှာမဟုတ်ဘူး။ ဒီကိစ္စမှာ ခင်ဗျားရဲကို အမှန်တိုင်းပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်ချန်းလန်ကသာ ခင်ဗျားနောက်ကွယ်မှာ အပြစ်လုပ်ခဲ့တဲ့သူပဲလေ"

"ဒါပေမယ့် ဒီလိုအခြေအနေမျိုးဆို သူနှစ်ပိုကျမှာပဲ"

"ကျွန်တော်မေးကြည့်တာတော့ ကုမ္ပဏီဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ပြီး ကုမ္ပဏီလုပ်ပိုင်ခွင့်တွေကို ချိုးဖောက်ရင် ထောင်ဒဏ်သုံးနှစ်ကနေ စတာတဲ့"

"....."

စုန့်ကျစ်ချိုးရဲ့ မျက်လုံးများမှာ ဂနာမငြိမ်ဖြစ်စွာ တုန်လှုပ်နေပြီး စိတ်သောကပူပန်သည့် မျက်နှာအမူယာဖြစ်သွားသည်။

ရှီယွင်နန် "ကျစ်ကျစ်"ဟု စုပ်သပ်လိုက်ပြီး နှစ်ယောက်တည်းသာကြားရသည့် လေသံဖြင့် ထပ်ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ခင်ဗျား ဝမ်ချန်းလန်ကို မခံစားစေချင်ဘူးဆို၊ ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး သားအမိ ချစ်ခြင်းမေတ္တာတွေကို ပြလို့ရပါတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ချန်းလန်က မားမားဘွိုင်းလေးဆိုတော့ သူ့အမေ့ သူ့ကို ထုတ်ပေးနိုင်မယ့် အချိန်ကို တစ်နေ့လုံး စောင့်နေမှာပဲ။ ခင်ဗျားသူ့ကို အစွမ်းကုန်ကြိုးစားပြီး မကယ်ချင်ဘူးလား?"

ရှီယွင်နန်က စုန့်ကျစ်ချိုးအား မသနားသလို၊ အေးတိအေးစက် လှောင်ပြောင်လိုက်သည်။

"အဒေါ်၊  အဒေါ်တို့ သားအမိရဲ့ ချစ်ခြင်းမေတ္တာတွေကို ထောင်ထဲထိ ဆက်သယ်သွားနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ အခုချိန်ကစပြီး ဝမ်မိသားစုကို ထပ်ဒုက္ခပေးဖို့ စဉ်းတောင် မစဉ်းစားပါနဲ့။"








Zawgyi

ဝမ္ရိေပ ဒါေတြကို ေျပာျပလိုက္ၿပီးေနာက္ သူ႔ေလသံမွာ ေလးေလးပင္ပင္ျဖစ္ေန၏။ "ဦးေလးက ဒီလိုကိစၥေတြကို စိတ္မပူဖို႔ေျပာေပမယ့္ ငါတကယ္စိတ္မသက္မသာျဖစ္ေနတာ"

ဝမ္ရိေပမွာ ဝမ္မိသားစုထဲတြင္ ဆယ္ႏွစ္ေက်ာ္ေနထိုင္ခဲ့ရတာေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားကို သူ႔မ်က္စိျဖင့္ တပ္အပ္ျမင္ခဲ့ရသည္။

ဝမ္ယန္ဖုန္းမွာ တကၠသိုလ္ပါေမာကၡတစ္ဦးျဖစ္ၿပီး တ႐ုတ္ေတးေရးအသင္းဥကၠ႒လည္းျဖစ္သည္။ ေတးေရးအခေၾကးေငြမ်ားအျပင္၊ သူ႔ဝင္ေငြမ်ားမွာ စုန္႔က်စ္ခ်ိဳးေလာက္မမ်ားေသာ္လည္း သာမန္လူေတြရဲ႕အျမင္မွာေတာ့ ယုံၾကည္စိတ္ခ်အားကိုးထားလို႔ ရႏိုင္ေလသည္။

ဒီႏွစ္ေတြအတြင္း စုန္႔က်စ္ခ်ိဳးက သူ႔သားသမီးေတြကို ဆုံးမထားခြင့္ပိတ္ပင္ထားေပမယ့္လည္း၊ ထိုညီအစ္ကို ေမာင္ႏွမအတြက္ သူ႔ဦးေလးေပးခဲ့တဲ့အသုံးစရိတ္မွာ မနည္းပါ။

ငယ္စဥ္ကေလးဘဝကေန အ႐ြယ္ေရာက္သည္အထိ သူႏွစ္ေယာက္၏ ေက်ာင္းစရိတ္ ေနထိုင္စရိတ္အားလုံးကို ဝမ္ယန္ဖုန္းက ေပးခဲ့သည္။ ဟုတ္တာေပါ့၊ စုန္႔က်စ္ခ်ိဳး ဝယ္ေပးတဲ့ တန္ဖိုးႀကီး ပစၥည္းမ်ားႏွင့္ သူတို႔မုန္႔ဖိုးကေတာ့သက္သက္စီပင္။

ရွီယြင္နန္ သူမအေတြးေတြကို ေဖာက္ျမင္သည့္အတိုင္း ေျပာလာ၏။

"သူ ပိုက္ဆံရွိတုန္းကေတာ့ ဦးေလးနဲ႔ အဖိုးဆီက ပိုက္ဆံေတာင္းတာ မျမင္ဖူးဘူး။ ခုဒါေတြျဖစ္သြားၿပီး ကုမၸဏီရွယ္ယာေတြကို လက္မလႊတ္ႏိုင္ေတာ့ ဝမ္မိသားစုကို ဒီအေပါက္အဖာေတြျဖည့္ေပးေစခ်င္ေနတာေပါ့?"

ဆုေတာင္းေလ!

"သူက ကြာရွင္းဖို႔ အခ်ိန္ဆြဲေနမွာကို ငါစိုးရိမ္တာ၊ ဦးေလးကို ဒုကၡေပး႐ုံတင္မကဘူး အဘိုႏိုးလာရင္လည္း ႏွိပ္စက္အုံးမယ္" ဝမ္ရိေပမွာ တကယ္စိုးရိမိေနမိသည္။ လက္ရွိ ဝမ္မိသားစုက တစ္ဖက္သားရဲ႕ ႏွိပ္စက္ဒဏ္ေတြကို မခံႏိုင္ဘူးေလ။

"ေကာ စုန္႔က်စ္ခ်ိဳး ကိစၥကို ကြၽန္ေတာ္ေျဖရွင္းလိုက္မယ္။ ဦးေလးကို စိတ္ေအးေအးထားၿပီး သူ႔ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာဖို႔ ေျပာထားလိုက္။စိတ္မပူပါနဲ႔ သူအဘိုးကို ထပ္ေႏွာက္ယွက္ခြင့္ လုံးဝမေပးဘူး။"

ရွီယြင္နန္က သူ႔ေဘးက ေလာ့လင္းရွန္းအား ၾကည့္ကာ ဖုန္းထဲက သူအား ေျပာလိုက္သည္။

"ကြၽန္ေတာ္ ေနာက္မွ ဆက္သြယ္လိုက္မယ္ေနာ္"

"အိုေကေလ"

ဖုန္းခ်ၿပီးေနာက္ ေလာ့လင္းရွန္းက ထိုကိစၥအေၾကာင္း စကား စလိုက္သည္။

"ၿပီးခဲ့တဲ့ ႏွစ္ရက္တုန္းက ဟြာခ်န္းကုမၸဏီကို ေစာင့္ၾကည့္ထားဖို႔ မင္းကိုယ့္ကို ေျပာခဲ့တယ္ေလ။ သူတို႔ရဲ႕ ေနာက္ဆုံးရွယ္ယာရွင္အစည္းအေဝးကို ဗုဒၶဟူးေန႔ ႏွစ္နာရီ စီစဥ္ထားတယ္တဲ့။"

သူ လူတစ္ေယာက္ကို လႊတ္ထားခဲ့၏။ ထိုရွယ္ယာရွင္အစည္းအေဝးမွာ ဝမ္ခ်န္းလန္၏ တံဆိပ္တုံး ခိုးယူသည့္ကိစၥႏွင့္ ကုမၸဏီရန္ပုံေငြမ်ားကိုအလြဲသုံးစားလုပ္ခဲ့သည့္ ျပႆနာကိုေျဖရွင္းရန္ျဖစ္သည္။

ေနာက္တမ်ိဳးေျပာရရင္၊ စုန္႔က်စ္ခ်ိဳးက ရွယ္ယာရွင္ေတြေရွ႕တြင္ ကုမၸဏီေငြေရးေၾကးေရးအေပါက္အဖာေတြကို သူမပိုက္ဆံနဲ႔ ျဖည့္ေပးမယ္လို႔ ကတိေပးခဲ့သည္။ ထို႔ေန႔ အစည္းအေဝးတြင္ ထိုကိစၥကို တာဝန္ယူဖို႔ အခ်ိန္ေရာက္ေလၿပီ။

ေလာ့လင္းရွန္းက ခ်င္က်န္းႀကိဳတင္ျပင္ဆင္ထားသည့္ ဟြာခ်န္ရွယ္ယာရွင္မ်ား၏ ရွယ္ယာပမာဏအခ်က္အလက္မ်ားကို ထုတ္လိုက္ၿပီး ရွီယြင္နန္အား ေပးလိုက္သည္။

"ဟြာခ်န္မွာ စုစုေပါင္း ရွယ္ယာရွင္ ေျခာက္ေယာက္ရွိတယ္။ စုန္႔က်စ္ခ်ိဳးက 40% ၊ ဒုတိယအႀကီးဆုံး ရွယ္ယာရွင္ ခ်န္ရန္က 25% ၊ က်န္ေလးေယာက္ကေတာ့ ရွယ္ယာေတြ တူတူပဲ။"

"အဓိကအခ်က္က စုန္႔က်စ္ခ်ိဳးက သူ႔ကိုယ္ပိုင္ရွယ္ယာထဲက 8% ကို တိတ္တဆိတ္ ထုတ္ေရာင္းေနတာပဲ။"

ရွီယြင္နန္ အံ့ဩသြား၏။

"ဘယ္တုန္းကလဲ?"

"မေန႔ကေလးတင္ပဲ၊ ကိုယ္ လွ်ိဳ႕ဝွက္ဆက္သြယ္ဖို႔ လူေတြ လႊတ္ထားတယ္။ အခု သူတို႔ ေစ်းႏႈန္းကို ေလွ်ာ့ဖို႔ ညႇိေနတုန္းပဲ။"

"ဟြာခ်န္ ရွယ္ယာရွင္စည္းမ်ဥ္းအရ၊ ရွယ္ယာ 8%အထက္ လႊဲမယ္ဆို  ရွယ္ယာရွင္တစ္ဝက္ မဲေပးမွ လႊဲလို႔ရမွာ။"

စုန္က်စ္ခ်ိဳးသည္ ခ်န္ရန္က သူမလက္ထဲရွိ ရွယ္ယာမ်ားကို လိုခ်င္ေနမွန္း သိတာေၾကာင့္ သူမက တိတ္တိတ္ေလး ထုတ္ေရာင္းရန္ စီစဥ္ခဲ့သည္။

ရွယ္ယာ ေရာင္းၿပီးရင္ေတာင္ သူမလက္ထဲမွာ 32%က်န္ေသးတာေၾကာင့္ ဟြာခ်န္ရွယ္ယာအမ်ားဆုံးလူေနရာမွာ သူမဆက္ရပ္တည္ေနႏိုင္မည္ျဖစ္သည္။

"ကြၽန္ေတာ့အစ္ကိုေျပာတဲ့အတိုင္း သူ ဦးေလးကို တနလၤာေန႔ သန္းႏွစ္ဆယ္လာေပးခိုင္းတာ မအံ့ဩေတာ့ပါဘူး။"

ရွီယြင္နန္ ကိစၥေတြကို ခ်က္ခ်င္း သေဘာေပါက္သြား၏-

ရွယ္ယာေရာင္းလို႔ရတဲ့ေငြ၊ ကြာရွင္းစရိတ္သန္း 20နဲ႔ သူမစုထားတဲ့ေငြ၊ ေခ်းထားတဲ့ေငြေတြေပါင္းရင္ ရွယ္ယာရွင္ေတြရဲ႕ ပါးစပ္ကို ပိတ္ႏိုင္သြားမွာပဲ။

"တံဆိပ္တုံး ခိုးတာက ဝမ္ခ်န္လန္းဆိုေပမယ့္ အဲ့ဒါက သူမကိုယ္ပိုင္တံဆိပ္တုံးမလား? အဲ့ေတာ့ သူမကလည္း ကုမၸဏီလုပ္ပိုင္ခြင့္ကို ခ်ိဳးေဖာက္တယ္လို႔ သတ္မွတ္လို႔ရတယ္မလား?"

ေလာ့လင္းရွန္းက ေအးေအးေဆးေဆး ေခါင္းညိတ္ျပလာသည္။ "အင္း ၊ သူနဲ႔ ဝမ္ခ်န္းလန္က သားအမိဆိုေတာ့ တံဆိပ္တုံးခိုးခံရတာပါလို႔ သက္ေသထြက္ဆိုဖို႔က ခက္တယ္။"

ရွီယြင္နန္က ေလာ့လင္းရွန္းေျပာတာကို သေဘာေပါက္သြားၿပီး ေလာ့လင္းရွန္းအနားသို႔ ကပ္ကာ အနမ္းေလး ခိုးလိုက္သည္။

"ေခါင္းေဆာင္ေလာ့၊ ခင္ဗ်ား ႏွလုံးသားႀကီး ဘယ္ေလာက္ေတာင္မည္းနက္ေနလဲဆိုတာ ကြၽန္ေတာ္ ျမင္ႏိုင္တယ္ေနာ္"

ေလာ့လင္းရွန္းက သူ႔ႏႈတ္ခမ္းေလးကို လက္ေလးနဲ႔ ပြတ္သပ္ေပးေန၏။ "ကိုယ္က မစၥတာရွီအတြက္ အေျခအေနကို စုံစမ္းထားတာပါ။ ဘာလုပ္မယ္ဆိုတာကေတာ့ မင္းဆုံးျဖတ္ပါ"

"ဟြာခ်န္ရွယ္ယာရွင္အစည္းအေဝးက ဗုဒၶဟူးေန႔လား?"

"အင္း"

ရွီယြင္နန္က မ်က္ခုံးေလးပင့္ကာ စိတ္မပါလက္ပါေျပာလာသည္။

"အိုေကေလ ကြၽန္ေတာ္ သူ႔ကိုေနာက္ထပ္အံ့ၾသစရာတစ္ခု အပိုထပ္ေလာင္းေပးလိုက္ရလည္း စိတ္မကြက္ပါဘူး"

...

ဗုဒၶဟူးေန႔၊ ဟြာခ်န္ဂီတတူရိယာကုမၸဏီတြင္—

ကုမၸဏီအစည္းေဝးခန္းထဲရွိ ေလထုအေျခေနမွာ အရင္ကနဲ႔ မတူစြာ ေအးစက္စက္ျဖစ္ေန၏။

အစည္းအေဝးတာဝန္ခံအတြင္းေရးမႉးမွာ ရွယ္ယာရွင္ေျခာက္ဦးႏွင့္ စကားေျပာေနရမွာဆိုးတာေၾကာင့္ သူ႔ကိုယ္ေလးကို ငုံးတစ္ေကာင္လို ဝပ္ထားရွာသည္။

"ဒါ႐ိုက္တာစုန္႔ ေျပာထားတဲ့စကားကို ျပန္႐ုတ္သိမ္းတာက မင္းအတြက္ မေကာင္းဘူးေနာ္?"

ဟြာခ်န္ရဲ႕ ဒုတိယအႀကီးဆုံးရွယ္ယာရွင္ ခ်န္ရန္က ေလသံမာမာနဲ႔ ေျပာလာ၏။

သူကမ်က္မွန္ကို ပင့္တင္လိုက္ၿပီး တျခာရွယ္ယာရွင္ေတြ ဘာမွမေျပာခင္ အရင္ေျပာလာသည္။ "အရင္တေခါက္ ရွယ္ယာရွင္အစည္းအေဝးတုန္းက ကုမၸဏီရန္ပုံေတြကို မင္းပိုက္ဆံနဲ႔ ျဖည့္ေပးမယ္လို႔ သေဘာတူခဲ့တယ္ေလ။ မင္းက ဘုတ္အဖြဲ႕ဥကၠ႒ျဖစ္လို႔သာ ငါတို႔ ရဲကိုမတိုင္ခဲ့တာ။"

"ဘာလို႔လဲ? ဆယ္ရက္ေတာင္မျပည့္ေသးတာကို ဘယ္လိုလုပ္ ေျပာထားတဲ့ပိုက္ဆံရဲ႕ တစ္ဝက္ေတာင္ေစ်းလာစစ္ေနတာလဲ? ကြၽန္ေတာ္တို႔ ဟြာခ်န္ရွယ္ယာရွင္ေတြကို လြယ္တယ္လို႔ ထင္ေနတာလား? "

စကားနာထိုးေနသည္မွာ ပိုပိုသိသာလာ၏။

အဓိကထိုင္ခုံတြင္ထိုင္ေနသည့္ စုန္႔က်စ္ခ်ိဳးမွာ အသက္ရွဴၾကပ္သြားေသာ္လည္း အတင္းၿပဳံးျပေနရသည္။ "ဥကၠဌခ်န္က ေနာက္ေနျပန္ၿပီ။ ကြၽန္မဆိုလိုတာက ရန္ပုံေငြတစ္ဝက္ကို အရင္ေပးၿပီး က်န္တာေနာက္မွ ေဆြးေႏြးမယ္လို႔ ေျပာခ်င္တာပါ။"

"တကယ္လို ရန္ပုံေငြလိုလာတာေတြရွိရင္လည္း ကြၽန္မက ျဖည့္ေပးမွာပါ။"

"ၿပီးေတာ့၊ ဒီႏွစ္ကုန္ေလာက္ၾကရင္ ကြၽန္မကိုယ္ပိုင္ရွယ္ယာေတြကေန ရခဲ့တဲ့ အျမတ္ေတြကို ရွယ္ယာရွင္အားလုံးအတြက္ အပိုေဝစုခြဲေဝေပးဖို႔လည္း စဥ္းစားထားပါတယ္"

ဒါဟာ စုန္႔က်စ္ခ်ိဳး၏ အခ်ိန္ဆြဲထားမည့္ ဗ်ဴဟာပင္။

အခ်ိန္တိုအတြင္း တစ္ခါတည္းနဲ႔ ပိုက္ဆံေခ်ဖို႔ သူမမွာ အဲ့ေလာက္ရွိမေနဘူး။ ရွယ္ယာရွင္ေတြကို အခ်ိဳသပ္ၿပီး အခ်ိန္ဆြဲထားႏိုင္ေအာင္လို႔ "အနာဂတ္အျမတ္အစြန္း" နည္းဗ်ဴဟာကိုသာ ထုတ္သုံးရေတာ့သည္။

ကုန္ပစၥည္းေတြအတြက္သာ ေခ်ာ့ေခ်ာ့ေမြ႕ေမြ႕ ေငြေပးေခ်ႏိုင္မယ္ဆို ရွယ္ယာရွင္ေတြရဲ႕ ႏွစ္ကုန္အျမတ္ေဝစုေတြကို မထိခိုက္ႏိုင္သည့္အျပင္ အျမတ္ေတာင္ရႏိုင္ေလသည္။ ဒါဟာ သူတို႔အတြက္ လုံးဝအရႈံးမရွိေနပါ။

စုန္႔က်စ္ခ်ိဳးက သူတို႔ကို ဆက္ေျဖာင္းဖ်ေနသည္။  "ႏိုင္ငံျခားကဝယ္သူေတြ ဒီကုန္ပစၥည္းေတြကို မလိုခ်င္ဘူးဆိုေပမယ့္ တျခားမွာ ေရာင္းလို႔ မရဘူးလို႔ မဆိုလိုဘူးေလ။ အရင္းအႏွီးေတြကို တျဖည္းျဖည္းခ်င္း ျပန္ယူႏိုင္သေ႐ြ႕..."

"အခု ငါတို႔ထုတ္ကုန္ေတြရဲ႕ ေရာင္းအားက ၾကန္႔ၾကာကုန္ၿပီ။ ရန္ပုံေငြျပတ္လပ္ေနလို႔ အရင္အစီအစဥ္အတိုင္း အသစ္ထုတ္လို႔ကလည္း မရေသးဘူး။ ဒီလိုမ်ိဳးသာ ဆက္ျဖစ္ေနရင္ ငါတို႔ကုမၸဏီ ေရရွည္လည္ပတ္ႏိုင္ဖို႔ အက်ိဳးျမတ္ေတြဘယ္ရႏိုင္ပါ့မလဲ? ငါသေဘာမတူဘူး!"

ခ်န္ရန္က စုန္႔က်စ္ခ်ိဳး သေဘာထားကို ဆန္႔က်င္သည့္အေနျဖင့္ စားပြဲခုံအား ႐ိုက္ခ်ပလိုက္သည္။

"ဥကၠဌခ်န္ ကြၽန္ေတာ္တို႔သူကို အခြင့္ေရးေပးသင့္တယ္ မဟုတ္ဘူးလား? ေနာက္ဆုံး ပိုက္ဆံမေပးမွာလည္း မဟုတ္ဘူးေလ။" ရွယ္ယာရွင္တခ်ိဳ႕ကေတာ့ စုန္႔က်စ္ခ်ိဳးအား ေထာက္ခံေနၾကသည္။ "ကြၽန္ေတာ္တို႔က မိတ္ေဆြေတြပဲဟာ ဘာလို႔တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ဆုတ္ၿဖဲေနၾကမွာလဲ?"

"အသိမိတ္ေဆြထဲမွာ ဒါ႐ိုက္တာစုန္႔လို ကုမၸဏီပိုက္ဆံကို ထိရဲတဲ့သူမ်ိဳးရွိလို႔လား?" တျခားရွယ္ယာရွင္တစ္ဦးကလည္း ျပန္တုံ႔ျပန္လာ၏။

စုန္႔က်စ္ခ်ိဳး မ်က္လုံးမ်ားမွာ မည္းေမွာင္သြား၏။ သူမကဒီအေျခအေနကို ေမွ်ာ္လင့္ထားတာျဖစ္တာေၾကာင့္ ေအးေအးေဆးေဆးသာ ေျပာလိုက္သည္။  "ဒါဆိုလည္း မဲေပးၿပီး ဆုံးျဖတ္ၾကတာေပါ့"

အားလုံးမွာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ရင္း မတူညီတဲ့ သေဘာထားေတြ ထုတ္ျပေနၾက၏။

ခ်န္ရန္ဘက္မွာ သူအပါအဝင္သုံးေယာက္ျဖစ္ၿပီး စုန္႔က်စ္ခ်ိဳးဘက္မွာလည္း ထိုကဲ့သို႔ အလားတူျဖစ္ေနသည္။

စုန္႔က်စ္ခ်ိဳး မသိမသာ ၿပဳံးလိုက္၏။ "ဥကၠဌခ်န္၊ ကြၽန္မတို႔ လက္ထဲမွာ ရွိတဲ့ ရွယ္ယာေတြအရ၊ ၾကည့္ရတာ ကြၽန္မဘက္ကေနစ......"

"ဒါ႐ိုက္တာစုန္႔ အဲ့ဒါထက္ ခင္ဗ်ားရွယ္ယာေတြကို တိတ္တိတ္ေလးထုတ္ေရာင္းထားတယ္ဆိုတဲ့အေၾကာင္းေကာ ကြၽန္ေတာ္တို႔ကို ေျပာဖို႔အစီအစဥ္မရွိဘူးလား?"

"....."

စုန္႔က်စ္ခ်ိဳး မ်က္ႏွာ ခ်က္ခ်င္းပ်က္သြား၏။ ဒီကိစၥက ခ်န္ရန္နားေရာက္သြားလိမ့္မယ္လို႔ သူမ မထင္ထားဘူးေလ။

ဒါကိုၾကားေတာ့ တျခားရွယ္ယာရွင္ေတြလည္း အံ့ဩသြားၾကသည္။

"ရွယ္ယာေတြကို ထုတ္ေရာင္းထားတယ္?  ဘယ္တုန္းကလဲ?"

"ေနအုံး ရွယ္ယာ​ေတြေရာင္းတာ ငါ့ကို ဘယ္သူမွ မေျပာၾကပါလား?

"ဥကၠဌခ်န္ ခင္ဗ်ားဘယ္လိုသိတာလဲ?"

တျခားသူေတြရဲ႕ သံသယေမးခြန္းေတြကို ၾကားေတာ့ ခ်န္ရန္က ထိုကိစၥကို ဆက္လက္ေဖာ္ထုတ္လိုက္သည္။  "ရွယ္ယာအေျပာင္းအလဲျဖစ္သြားတာကို မေျပာခင္ ဒါ႐ိုက္တာစုန္႔က အေျခအေနေတြရႈပ္ေနတာကို အခြင့္ေကာင္းယူၿပီး အစည္းအေဝးေခၚတယ္ ၿပီးရင္ ကိုယ့္အတြက္ကိုယ္ အခ်ိန္ဆြဲေနတာေပါ့? "

စုန္႔က်စ္ခ်ိဳး စိတ္ကို တည္ၿငိမ္ေအာင္ထိန္းကာ ဝန္ခံလိုက္၏။ "ဟုတ္တယ္၊ ကြၽန္မရဲ႕ 8%ကို ေရာင္းလိုက္တယ္။ ကုမၸဏီစည္းမ်ဥ္းေတြအရဆို 8%ေက်ာ္မွ ရွယ္ယာရွင္ေတြကို အသိေပးရမွာေလ။ အဲ့ေတာ့ ထုတ္ေရာင္းဖို႔ ကြၽန္မအေနနဲ႔ ဆုံးျဖတ္ခ်က္ခ်ပိုင္ခြင့္ရွိၿပီးသားပါ။"

"ၿပီးေတာ့ ရွယ္ယာေတြ ေရာင္းထားရင္ေတာင္ ကြၽန္မက အမ်ားဆုံးရွယ္ယာရွင္ ျဖစ္ေနတုန္းပဲ။"

စုန္႔က်စ္ခ်ိဳးက သူမစီစဥ္ထားတိုင္း ေျပာေန၏။ သူမမွာ ကိုယ့္ကိုယ့္ကို ယုံၾကည္မႈပိုတက္လာဖို႔ ႀကိဳးစားေနရရွာေလသည္။

သူမေျပာၿပီးသည္ႏွင့္ ခ်န္ရန္က ရွယ္ယာေရာင္းခ် ဝယ္ယူသေဘာတူညီခ်က္ေကာ္ပီစာ႐ြက္ကို စားပြဲေပၚပစ္ခ်လိုက္သည္။

ဘန္းဆိုသည့္ အသံႏွင့္အတူ ေကာ္ပီစာ႐ြက္ဟာ စုန္႔က်စ္ခ်ိဳးေရွ႕ေမွာက္သို႔ ေရာက္ရွိသြား၏။

"ဒါ႐ိုက္တာစုန္႔၊ အားေတာ့နာပါတယ္ဗ်ာ၊ ဒါေပမယ့္ တစ္ခ်ိဳ႕အရာေတြက ခင္ဗ်ား စိတ္ကူးထားတာနဲ႔ ကြဲလြဲေနႏိုင္တာပဲေလ"

"....."

စုန္႔က်စ္ခ်ိဳးတစ္ေယာက္ စားပြဲေပၚရွိ စာ႐ြက္မ်ားကို ျမင္လိုက္ရသည့္အခါ ခံစားခ်က္မ်ိဳးစုံခံစားလိုက္ရ၏။ သူမ စာ႐ြက္အားအျမန္ဖတ္ၾကည့္လိုက္သည့္အခါ ခ်က္ခ်င္း သူမမ်က္ႏွာ ျဖဴေဖ်ာ့သြားေတာ့သည္။

ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ!

ခ်န္ရန္က သူမမ်က္ႏွာအမူယာကိုၾကည့္ၿပီး ေလ့သံကို ပိုက်ယ္လိုက္သည္။ "ဒါ႐ိုက္တာစုန္႔ ျပန္ေရာင္းလိုက္တဲ့ 8%က တိုက္ဆိုက္စြာနဲ႔ပဲ ကြၽန္ေတာ့အိတ္ကပ္ထဲေရာက္လာတာပဲဗ်ာ။"

ပိုတိတိက်က်ေျပာရလွ်င္ ခ်န္ရန္က ဟြာခ်န္ရဲ႕ 33%ရွယ္ယာကို လက္ဝယ္ကိုင္ေဆာင္ထားၿပီး စုန္႔က်စ္ခ်ိဳးမွာေတာ့ 32%သာ က်န္ရွိေတာ့သည္။

"ဒါဆို အခုမဲရလဒ္ေတြက..."

"ဒါ႐ိုက္တာစုန္႔  ရန္ပုံေငြပိုက္ဆံေတြကို အခ်ိန္ဆြဲေနတာ ကြၽန္ေတာ္ သေဘာမတူဘူး။ အရင္တေခါက္အစည္းအေဝးမွာ ေျပာခဲ့သလိုပဲ ဒီေန႔အတြင္း ျပန္ဆပ္ႏိုင္ရင္ေတာ့၊ ႏွစ္ေပါင္းမ်ားစြာ ပါတနာျဖစ္ခဲ့တဲ့အေနနဲ႔ ဒီကိစၥကို တိတ္တဆိတ္ပဲ ေၾကေအးလိုက္တာေပါ့။"

"အဲ့လိုမွ မဟုတ္ရင္ေတာ့ ရဲေခၚၿပီး လုပ္ထုံးလုပ္နည္းေတြအရ လုပ္ရမွာပဲ။"

ခ်န္ရန္ စကားၾကားၿပီးေနာက္ စုန္႔က်စ္ခ်ိဳးမွာ ထိုေနရာမွာပဲ ၾကက္ေသေသေနမိသည္။ ခဏအၾကာမွာေတာ့ သူမက အသိစိတ္ျပန္ဝင္လာ၏။

"ဒါမျဖစ္ႏိုင္ဘူး ခ်န္ရန္ မင္းေကာ္ပီစာခ်ဳပ္က အတုပဲျဖစ္ရမယ္!"

ဆယ္ရက္မျပည့္ေသးခင္မွာပဲ စုန္႔က်စ္ခ်ိဳးကို ေျခကုန္လက္ပန္းက်ေစသည့္ ကိစၥေတြျဖစ္ပြါးခဲ့​ေလသည္။

ဝမ္ခ်န္းလန္ ေထာင္ထဲမေရာက္ေရးအတြက္၊ အဆက္အသြယ္မ်ားရွာေဖြရန္ သူမ ေနရာအႏွံ႔ ေျပးလႊားေနခဲ့ရသည္။ ရွယ္ယာျပန္ေရာင္းခ်မယ့္ ကိစၥကိုေတာ့ သူမ ဝမ္ဝမ္ယိုကို လႊဲထားတာပင္။

ကုမၸဏီတြင္ ခ်န္ရန္ႏွင့္ စုန္႔က်စ္ခ်ိဳးမွာ ၿပိဳင္ဘက္မ်ားျဖစ္ၾကသည္။

သူ႔သမီးေလးျဖစ္တဲ့ ဝမ္ဝမ္ယိုက ဒီလိုအသိဥာဏ္မရွိတဲ့ လုပ္ရပ္မ်ိဳး လုပ္ပါ့မလား?

ၿပီးေတာ့၊ သူတို႔သားအမိက စာခ်ဳပ္မွာလက္မွတ္မထိုးခင္ ဝယ္သူရဲ႕အေထာက္အထားကို အတည္ျပဳခဲ့ေသးတယ္ေလ။ အဲ့လူက ခ်န္ရန္အေၾကာင္း လုံးဝမသိေလာက္ပါဘူး!

"အတု?" ခ်န္ရန္ ေခါင္းယမ္းလိုက္ၿပီး စုန္႔က်စ္ခ်ိဳးအား သေရာ္သည့္မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။

"စုန္႔က်စ္ခ်ိဳး... စုန္႔က်စ္ခ်ိဳး မင္း ငယ္ငယ္တုန္းက စီးပြါးေရးမွာေတာ္ခဲ့တာကိုေတာ့ ငါဝန္ခံပါတယ္။ ဒါမယ့္ ကံမေကာင္းစြာနဲ႔ပဲ၊ မင္းကသားသမီးေတြကို အေသအလိုလိုက္ခဲ့ေတာ့ ကိုယ့္ကိုယ္ကို ေသလမ္းအထိ တြန္းပို႔ခံလိုက္ရတာေပါ့"

ခ်န္ရန္ ေျပာၿပီးသည္ႏွင့္ သူ႔အေနာက္က လက္ေထာက္အား အမိန္႔ေပးလိုက္သည္။ "ဂုဏ္သေရရွိ ဧည့္သည့္ကို အထဲဖိတ္လိုက္။"

"ဟုတ္ကဲ့ပါ ဥကၠဌခ်န္"

လက္ေထာက္က အစည္းအေဝးခန္းထဲကေန အျမန္ထြက္သြားၿပီး သုံးမိနစ္အတြင္း လူတစ္ေယာက္ကို ဦးေဆာင္ ေခၚလာ၏။

စုန္႔က်စ္ခ်ိဳးမွာ အစည္းအေဝးခန္းထဲ ႐ုတ္တရက္ေပၚလာသည့္ ရွီယြင္နန္ကိုၾကည့္ရင္း မယုံၾကည္ႏိုင္စြာ ေမးလိုက္မိ၏။ "ရွီယြင္နန္၊ မင္း ဒီကို ဘာလာလုပ္တာလဲ!"

"မစၥတာရွီက ကြၽန္ေတာ္ဖိတ္ထားတဲ့ ဂုဏ္သေရရွိ ဧည့္သည္ပဲ"  ခ်န္ရန္က ခ်က္ခ်င္းပဲ ေၾကျငာလိုက္သည္။

"ဒါ႐ိုက္တာစုန္႔က ဒီရန္ပုံေငြအေပါက္အဖာေတြကို မျဖည့္ေပးႏိုင္ဘူးလို႔ ကြၽန္ေတာ္ထင္တယ္။ ေရွ႕ေလွ်ာက္ ဟြာခ်န္တိုးတက္ေအာင္ကူညီေပးဖို႔ ပံ့ပိုးေပးမယ့္လူသစ္လိုတယ္ေလ။"

ရွီယြင္နန္ကလည္း သူေျပာတာကို ေထာက္ခံသည့္အေနျဖင့္ ေခါင္းညိတ္ကာ "အားလုံးပဲ ေလာ့အုပ္စုကိုယ္စား၊ ကြၽန္ေတာ္က ဟြာခ်န္ဂီတတူရိယာကုမၸဏီနဲ႔   သုံးလတစ္ႀကိမ္ပူးေပါင္းဖို႔ေရာက္လာတာပါ။ ပူးေပါင္းဖို႔ ဆႏၵရွိၾကပါရဲ႕လား?"

ဤသည္မွာ စုန္႔က်စ္ခ်ိဳးကိုျဖဳတ္ခ်ရန္အတြက္ ရွီယြင္နန္ ႏွင့္ ခ်န္ရန္ ညႇိႏႈိင္းခဲ့သည့္ သေဘာတူညီခ်က္ျဖစ္သည္။ ေသခ်ာတာေပါ့။ ရန္ပုံေငြက ေနာက္မွ ဝင္လာရင္ေတာင္ ဝမ္ရိေပနဲ႔ ေဆြးေႏြးၿပီးရင္ ဒါေတြအားလုံးက သူ႔ကိုယ္ပိုင္ဝင္ေငြျဖစ္လာမွာပဲ။

ရွီယြင္နန္ "ေလာ့အုပ္စု"ကို အသုံးခ်ရတဲ့ အေၾကာင္းျပခ်က္ကေတာ့ ႐ိုးရွင္းေလသည္- သူ႔ေယာက်္ား နာမည္ႏွင့္ ပိုင္ဆိုင္မႈေတြဟာ ၿခိမ္းေျခာက္ဖြယ္ရာျဖစ္တာေၾကာင့္ အေျခအေနနဲ႔လူေတြကို ထိန္းခ်ဳပ္ရန္ သုံးလိုက္ျခင္းျဖစ္သည္။

က်န္သည့္ ရွယ္ယာရွင္ေလးဦးမွာ ေလာ့အုပ္စုအေၾကာင္း မၾကားဖူးဘဲေနၾကပါ့မလား။ သူတို႔မ်က္ႏွာမ်ားမွာ ခ်က္ခ်င္းပင္ အားရေက်နပ္သြားၾကသည္။

"ဥကၠဌခ်န္ ၊ မစၥတာရွီ ေျပာတာေတြက တကယ္လား?"

"အမွန္ပဲ ငါတို႔ ဘယ္လိုလုပ္ ဆႏၵမရွိဘဲေနမွာလဲ?"

သို႔ေသာ္လည္း အေျဖတိတိက်က်မရေသးခင္ ယူနီေဖာင္းဝတ္ထားသည့္ ရဲအရာရွိသုံးဦးက ဝင္လာသည္။

"ဒီမွာ စုန္႔က်စ္ခ်ိဳးက ဘယ္သူလဲ?"

စုန္႔က်စ္ခ်ိဳးမွာ တစ္ခုခုမေကာင္းတာျဖစ္လာေတာ့မည္ကို ခံစားလိုက္မိကာ ႐ုတ္တရက္ ႏွလုံးတုန္သြား၏။

"... က် ကြၽန္မပါ"

"တိုင္ၾကားသူ ခ်န္ရန္က မင္းကို လွ်ိဳ႕ဝွက္စာခ်ဳပ္ခ်ဳပ္ဆိုမႈ အမ်ားပိုင္ဘ႑ာေငြမ်ားကို အလြဲသုံးစားလုပ္မႈ ကုမၸဏီပိုင္ဆိုင္မႈကို ထိပါးမႈနဲ႔ သံသယရွိေၾကာင္း စြပ္စြဲထားပါတယ္။ ေက်းဇူးျပဳၿပီး စုံစမ္းစစ္ေဆးဖို႔ ကြၽန္ေတာ္တို႔နဲ႔ အတူ လိုက္လာေပးပါ"

ထိုစကားမ်ားၾကားလိုက္ရသည့္အခါ ရွီယြင္နန္ႏွင့္ ခ်န္ရန္မွလြဲ အားလုံး အံ့ဩသြားၾက၏။

စုန္႔က်စ္ခ်ိဳးက သူ႔သားကိုတမင္လုပ္ခြင့္ေပးထားတာလို႔ သူတို႔သံသယဝင္ေပမယ့္ တစ္ဖက္လူက ဥကၠ႒ျဖစ္ၿပီး ရန္ပုံေငြကိုလည္း ျပန္ျဖည့္ေပးမယ္လို႔ ကတိေပးထားတာေၾကာင့္ ရဲေခၚၿပီး တရားစြဲမယ့္ကိစၥကို မလုပ္ခဲ့ၾက။

မေမွ်ာ္လင့္ဘဲ ခ်န္ရန္က တိတ္တဆိတ္လႈပ္ရွားခဲ့တာလား?

ဒါေပမယ့္ စာခ်ဳပ္ေကာ္ပီသာ အမွန္ဆို ခ်န္ရန္က ေသခ်ာေပါက္ ရက္အနည္းငယ္အတြင္း ဟြာခ်န္ရွယ္ယာအမ်ားဆုံးလူ ျဖစ္သြားမွာမလား?

အခု ဟြာခ်န္က ေလာ့အုပ္စုႏွင့္ ပူးေပါင္းေတာ့မယ္ဆိုေတာ့ စုန္႔က်စ္ခ်ိဳးရဲ႕ အရင္အဆိုျပဳခ်က္ေတြထက္ ပိုေကာင္းေနသလိုပဲ။

သူမအတြက္ ရပ္တည္ေပးမည့္ ရွယ္ယာရွင္မ်ားမရွိသည္ကို ေတြ႕လိုက္ရသည့္အခါ စုန္႔က်စ္ခ်ိဳးႏွလုံးသားေလးလစ္ဟာသြား၏။ သူမအင္အားေတြ တခဏခ်င္း ကုန္ဆုံးသြားၿပီး ကုလားထိုင္ေပၚလဲက်သြားေတာ့သည္။

"....."

ဒါက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?

သူမ စိတ္ကူးထားတာေတြနဲ႔ ဘာလို႔ တူမေနရတာလဲ?

ရွီယြင္နန္က ဥပေဒအရာရွိမ်ားကို ယဥ္ယဥ္ေက်းေက်းေတာင္းဆိုလိုက္ၿပီးေနာက္ စုန္႔က်စ္ခ်ိဳးနားသို႔ ေလွ်ာက္လွမ္းသြားလိုက္သည္။

"အေဒၚ ( က်ိဳ႕မား)"

စုန္႔က်စ္ခ်ိဳးမွာ အသက္ရႈၾကပ္သြား၏။ ထို'အေဒၚ' ဆိုတဲ့ အေခၚအေဝၚမွာ ႐ြဲ႕ေနသလိုမ်ိဳးပင္။

သူမက ရွီယြင္နန္ကိုၾကည့္ကာ အားနည္းခ်ည့္နဲ႔ေနသည့္ အသံျဖင့္ ေမးလာ၏။  "ရွီယြင္နန္၊ နင္တကယ္ပဲ ဘာလိုခ်င္တာလဲ? ငါတို႔သားအမိကို ဒုကၡေပးတာ မဝေသးဘူးလား?"

ရွီယြင္နန္ကေတာ့ မတုန္မလႈပ္ ျပန္ေမးလိုက္သည္။  "ခင္ဗ်ားကေကာ? ကေလးႏွစ္ေယာက္ကို ေမြးေပးၿပီး ဝမ္မိသားစုအေပၚ ဒုကၡေပးရတာမလုံေလာက္ ေသးဘူးလို႔ထင္ေနတာလား?"

"အဘိုးက ဒီအ႐ြယ္ႀကီးမွာ လုံလုံေလာက္ေလာက္မထိခိုက္ေသးဘူးလို႔ ထင္ေနတာလား?"

ထိုေမးခြန္းထြက္ဆိုလာေတာ့ စုန္႔က်စ္ခ်ိဳးမွာ ျပန္ေခ်ပဖို႔ရာ ေျပာစရာစကားမဲ့သြား၏။

"ဘာပဲျဖစ္ျဖစ္၊ ကြၽန္ေတာ့မွာ ခင္ဗ်ားအတြက္သတင္းေကာင္း ႏွစ္ခုရွိတယ္"  ရွီယြင္နန္က အနည္းငယ္ငုံ႔ကိုင္းကာ ဂ႐ုမစိုက္သည့္ပုံေလးနဲ႔ ေျပာလာသည္။

"ဝမ္ခ်န္းလန္ ေထာင္ကလြတ္ႏိုင္မွာမဟုတ္ဘူး။ ဒီကိစၥမွာ ခင္ဗ်ားရဲကို အမွန္တိုင္းေျပာလို႔ရပါတယ္။ ဘာပဲျဖစ္ျဖစ္ ဝမ္ခ်န္းလန္ကသာ ခင္ဗ်ားေနာက္ကြယ္မွာ အျပစ္လုပ္ခဲ့တဲ့သူပဲေလ"

"ဒါေပမယ့္ ဒီလိုအေျခအေနမ်ိဳးဆို သူႏွစ္ပိုက်မွာပဲ"

"ကြၽန္ေတာ္ေမးၾကည့္တာေတာ့ ကုမၸဏီဘ႑ာေငြကို အလြဲသုံးစားလုပ္ၿပီး ကုမၸဏီလုပ္ပိုင္ခြင့္ေတြကို ခ်ိဳးေဖာက္ရင္ ေထာင္ဒဏ္သုံးႏွစ္ကေန စတာတဲ့"

"....."

စုန္႔က်စ္ခ်ိဳးရဲ႕ မ်က္လုံးမ်ားမွာ ဂနာမၿငိမ္ျဖစ္စြာ တုန္လႈပ္ေနၿပီး စိတ္ေသာကပူပန္သည့္ မ်က္ႏွာအမူယာျဖစ္သြားသည္။

ရွီယြင္နန္ "က်စ္က်စ္"ဟု စုပ္သပ္လိုက္ၿပီး ႏွစ္ေယာက္တည္းသာၾကားရသည့္ ေလသံျဖင့္ ထပ္ေျပာလိုက္သည္။ "ဟုတ္တာေပါ့၊ ခင္ဗ်ား ဝမ္ခ်န္းလန္ကို မခံစားေစခ်င္ဘူးဆို၊ ကိုယ့္ကိုယ္ကို အျပစ္တင္ၿပီး သားအမိ ခ်စ္ျခင္းေမတၱာေတြကို ျပလို႔ရပါတယ္"

"ဘယ္လိုပဲျဖစ္ျဖစ္ ဝမ္ခ်န္းလန္က မားမားဘြိဳင္းေလးဆိုေတာ့ သူ႔အေမ့ သူ႔ကို ထုတ္ေပးႏိုင္မယ့္ အခ်ိန္ကို တစ္ေန႔လုံး ေစာင့္ေနမွာပဲ။ ခင္ဗ်ားသူ႔ကို အစြမ္းကုန္ႀကိဳးစားၿပီး မကယ္ခ်င္ဘူးလား?"

ရွီယြင္နန္က စုန္႔က်စ္ခ်ိဳးအား မသနားသလို၊ ေအးတိေအးစက္ ေလွာင္ေျပာင္လိုက္သည္။

"အေဒၚ၊  အေဒၚတို႔ သားအမိရဲ႕ ခ်စ္ျခင္းေမတၱာေတြကို ေထာင္ထဲထိ ဆက္သယ္သြားႏိုင္ပါေစလို႔ ကြၽန္ေတာ္ဆုေတာင္းေပးလိုက္ပါတယ္။ အခုခ်ိန္ကစၿပီး ဝမ္မိသားစုကို ထပ္ဒုကၡေပးဖို႔ စဥ္းေတာင္ မစဥ္းစားပါနဲ႔။"

Continue Reading

You'll Also Like

58.5K 10.4K 11
လူသားတစ်ယောက်နှင့် သရဲလေးတစ်ကောင်၏ အကြောင်း။ ​ရှေးခေတ် တရုတ်ပြည်နောက်ခံနဲ့ ဘာသာပြန် ဝတ္ထုတိုလေးပါ။ အရှုပ်အထွေးသိပ်မရှိဘဲ ပေါ့ပေါ့ပါးပါးလေး စိတ်ချမ်း...
31.1K 4K 27
{Own Creation} ဆံုခ်က္​မဲ့ခ်စ္​ျခင္​းဆိုတာ ဘယ္​လိုမ်ိဳးလဲ။ တကယ္​ပဲ ဆံုစည္​းဖို႔မျဖစ္​ႏုိင္​တာ ​ေသခ်ာၿပီလား? ဆုံချက်​မဲ့ချစ်​ခြင်းဆိုတာ ဘယ်​လိုမျိုးလဲ...
338K 26.8K 29
Mini Story Uni Life Style Sweet Romance