Unicode
ရှီယွင်နန်မှာ တစ်သက်လုံးဆိုတဲ့ စကားလေးကြောင့် မှင်သက်သွားပြီး လော့လင်းရှန်းအား မော့ကြည့်လိုက်မိ၏။ သူဟာ ရယ်လိုက်ပြီး သူ့ယောကျ်ားရဲ့ ဆက်စီကျတဲ့ လည်စလုတ်လေးအား နမ်းလိုက်သည်။
"လော့လင်းရှန်း"
"အမ်?"
"...လောင်ကုန်း"
ရှီယွင်နန် တိုးတိုးလေးရေရွတ်နေပြီးနောက် သူ့လက်လေးက လော့လင်းရှန်းလည်စလုတ်လေးအား ခပ်ကြမ်းကြမ် ပွတ်သပ်နေ၏။
ကြောင်ကုတ်ခံရသလိုမျိုး စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရတာကြောင့်
လော့လင်းရှန်းဆီကနေ မသေချာမရေရာတဲ့ ညည်းသံလေးထွက်လာပြီး သူ့လည်စလုတ်လေးမှာ နီရဲလာသည်အထိ ပွတ်သပ်ခံနေရသည်။ "ပြဿနာ ရှာနေတာလား?"
ရှီယွင်နန်က ပြန်မဖြေ။ သူ့ခန္ဓာကိုယ်လေးက အလိုအလျောက် လော့လင်းရှန်း ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး တစ်ဖက်လူရဲ့ အသက်ရှူသံများက သူ့အား
လုံးဝဥဿုံ လွှမ်းခြုံခွင့် ပေးထားသည်။
အမှန်တော့ လော့လင်းရှန်း ခွဲစိတ်ဖို့ နိုင်ငံခြားသွားပြီး ဆေးရုံတက်ရကတည်းက သူတို့နှစ်ယောက်မှာ ပူးပူးကပ်ကပ် ထိတွေ့မှုတွေကို ထိန်းချုပ်ထားခဲ့ရလေသည်။
ရှီယွင်နန်မှာ လော့လင်းရှန်း၏ မျက်နှာချောချောလေးကို စိုက်ကြည့်ရင်း ပေါ်မလာတာကြာပြီဖြစ်တဲ့ ခပ်ဆိုးဆိုးအတွေးလေးဟာ ရုတ်တရက်ပေါ်ချလာသည်။
သူဟာ လော့လင်းရှန်း နှုတ်ခမ်းလေးကို ဖိကပ်လိုက်ပြီး ဗလုံးဗထွေး ညည်းတွားနေ၏။ သူ့ပုံစံလေးမှာ တကယ့်ကို ချစ်စရာ ကောင်းလှသည်ပင်။
လော့လင်းရှန်း တိုးတိုးလေးရယ်လိုက်ပြီး ပို ခပ်ကြမ်းကြမ်းနမ်းလိုက်၏။ ရှေ့တိုးနောက်ဆုတ် အထိအတွေ့တွေဟာ သူ့ချစ်သူ၏ ဆင်ခြေတုံတရားကို ဆွဲထုတ်သွားတော့သည်။
......
မိနစ်များစွာ ကုန်ဆုံးသွားလေပြီ။
တဖြေးဖြေး ပင်ပန်းနွယ်လျ လာမှသာ ရှီယွင်နန်တစ်ယောက် အရှိန်ကနေ ပြန်လွတ်မြောက်လာသည်။ သူက လော့လင်းရှန်း ရင်ခွင်ထဲတွင် ငြိမ်သက်စွာလှဲလျောင်းနေပြီး သူ့ချစ်သူ၏ လက်ဖဝါးလေးကို လိုက်စမ်းနေ၏။
သူ့နဖူးတွင်ချွေးများထွက်နေတာကြောင့် သူ့ဆံပင်လေးများ စိုစွတ်နေကာ ဖရိုဖရဲဖြစ်နေသော်လည်း ကြည့်ကောင်းနေသည်။
လော့လင်းရှန်းက သူ့လက်ချောင်းလေးတွေနဲ့ ယှက်နွယ်လိုက်ပြီး အပြုံးလေးနဲ့ မေးလာသည်။
"ဒီလောက်ဆို လုံလောက်ပြီလား?"
"....."
ရှီယွင်နန် မျက်လုံးလေးမှာ ရီဝေနေ၏။ သူ့ပုံလေးမှာ တစ်ဖက်လူ၏နွေးထွေးမှုရအောင် လက်မောင်းထဲတိုးဝင်ကာတွယ်ကပ်နေသည့် အနိုင်ကျင့်ခံနေရတဲ့ မြေခွေးလေးလိုပင်။
သို့သော်လည်း ထိုပုံလေးမှာ စက္ကန့်အနည်းငယ်မျှသာဖြစ်သွား၏။ ထို့နောက် သူကရက်စက်တဲ့ အကြည့်လေးနဲ့ မော့လာကာ ပြောလာလေသည်။
"ခင်ဗျားကတော့ ကိုယ့်ဘာသာပဲ ဖြေရှင်း"
ဘယ်သူက လော့လင်းရှန်းလက်ကို အရမ်းကြမ်းခိုင်းလို့လဲ? ခုတော့ သူဒီတိုင်းလေး လှဲနေပြီး အနားယူချင်နေပြီ။
လော့လင်းရှန်း နှစ်စက္ကန့်လောက် ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် သူကိုယ်သူ ချုပ်တည်းကာ ရှီယွင်နန်အား တင်းတင်းဖက်လိုက်လေသည်။
"... မင်းက နှလုံးသားမရှိတဲ့ ကောင်လေးပဲ"
...
လော့လင်းရှန်းတစ်ယောက် အချိန်ကွာခြားချက်ကြောင့် အိပ်မပျော်နိုင်ဖြစ်နေချိန် ရှီယွင်နန်ကတော့ ဒီရက်ပိုင်းတွေအတွင်း အိပ်မပျော်ဖြစ်နေခဲ့သည်ကို အတိုးချကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
နှစ်ယောက်သား ပွေ့ဖက်ရင်း မွန်းတည့်ချိန်လောက်ထိ အိပ်ပျော်သွားကြလေသည်။
"ကောင်းကောင်းအိပ်ပျော်ရဲ့လား?" လော့လင်းရှန်းက ရှီယွင်နန်နဖူးလေးကို ဂရုတစိုက် ပွတ်သပ်ပေးနေ၏။ အခုမှ အိပ်ယာက ထလာသည်မို့ သူ့အသံလေးမှာ လေးလေးပင်ပင် ဖြစ်နေသည်။
"အင်း..." ရှီယွင်နန် အသံပေးလိုက်ပြီး အပူအရင်းမြစ်ထုတ်ပေးသည့် သူ့ဘေးနားကလူအား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ "ဘယ်အချိန်ရှိနေပြီလဲ?"
"ထမင်းစားချိန်ရောက်တော့မယ်။ အိပ်ချင်နေသေးရင် နေ့ခင်းထိ အိပ်လိုက်လေ။ " လော့လင်းရှန်းက စိတ်ရှည်ရှည်နဲ့ ချော့မြူနေ၏။
"အိုကေလေ"
ဆယ်မိနစ်အကြာတွင်—
လော့လင်းရှန်းရေချိုးနေစဉ်၊ လေဝင်လေထွက်ကောင်းအာင် ရှီယွင်နန် ပြတင်းပေါက်နှင့် တံခါးလေးဖွင့်လိုက်သည့်အခါ ရွှေငါးလေးက တံခါးနားလေးမှာ လိမ်လိမ်မာမာလေး ဆောင့်ကြောင့်ထိုင်စောင့်နေရှာသည်။
ရှီယွင်နန် အံ့အားသင့်သွားကာ မျက်ခုံးပင့်လိုက်မိ၏။ သူ ကလေးလေးကို ဆွဲထူလိုက်လေသည်။
"ပေါင်ပေ့ ဘယ်လိုလုပ် ဒီမှာရှိနေသေးတာလဲ?"
"ရှောင်ရှုရှု ဒီနေ့ စနေနေ့လေ၊ မူကြိုပိတ်တယ်။ သားမနက်က ကျူရှင်သင်ပြီးသွားပြီ! ဘိုးဘိုးချင်က ရှုရှုတို့ကို နေ့လည်စာစားဖို့ လာခေါ်ခိုင်းလို့။"
ရွှေငါးလေး စိတ်ကူးမှာ အရမ်းရိုးရှင်း၏။ သူဟာ သူ့ဦးလေး နှစ်ယောက်ကို နှောက်ယှက်မိမှာ စိုးရိမ်တာကြောင့် သူတို့ဘာသာမထွက်လာခင်ထိ ထိုနေရာမှာပင် စောင့်နေဖို့ စိတ်ကူးထားသည်။
"ရှုရှု နိုးပြီလား? သားဝင်လာလို့ ရလား?"
ရွှေငါးလေးက အိပ်ခန်းထဲကို လှမ်းကြည့်လိုက်၏။ လူကြီးနှစ်ယောက် ခွင့်ပြုချက်မရှိဘဲ သူက လူကြီးတွေ အိပ်ခန်းထံသို့ မဝင်ဝံ့ပေ။
ရှီယွင်နန်က သူဝင်လို့ရအောင် ဘေးနားသို့ ရွှေ့ပေးလိုက်သည်။
"ဝင်လာလေ မင်းရှုရှု မျက်နှာသစ်နေတယ်၊ ဒို့တွေ ခဏနေ စားကြတာပေါ့"
"ဟုတ်"
ရှီယွင်နန်စကားကြားပြီးနောက်၊ ရွှေငါးလေးက ရေချိုးခန်းထဲသို့ တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်များက အဝတ်တောင်းထဲရှိ အိပ်ယာခင်းဆီသို့ ရောက်သွားသည်။
"ရှောင်ရှုရှု ဘာလို့ ရှုရှုတို့ အိပ်ယာခင်းကို လဲလိုက်တာလဲ?"
မနေ့ည သူ သူ့စောင်လေးလာယူတုန်းက ဒီအိပ်ယာခင်းတွေကို ခင်းထားတုန်းပဲလေ။ လုံးဝသန့်ရှင်းပြီး မွေးနေတာပဲဟာ။
"....."
ရှီယွင်နန် မှင်သက်သွား၏။ ဒါကို ရွှေငါးလေးသတိထားမိမယ်လို့သူ မထင်ထားခဲ့။ သူ ဘေစင်ရှေ့ရှိ လော့လင်းရှန်းကို တချက်ကြည့်လိုက်သည်။
လော့လင်းရှန်းမှာ မှန်ထဲကနေတဆင့် သူ့ချစ်သူ၏ အကူညီတောင်းနေသည့် အကြည့်လေးကို မြင်လိုက်၏။ သူတူလေးဟာ တကယ့်ကို မျက်စိလျှင်တာကြောင့် သူကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
ရေသုတ်ရန် တစ်ရှူးယူနေသည့် သူ့ပုံစံမှာ တည်ငြိမ်နေလျက်။
"ညစ်ပတ်သွားလို့ လဲလိုက်ပြီ။ ကျင်းယွီ အောက်ဆင်းပြီး ထမင်းသွားစားမယ်။"
ထင်ထားသည့်အတိုင်း၊ ရွှေငါးလေးက ဘာမေးခွန်းမှ ဆက်မမေးလာတော့။ စားမယ်ဆိုတဲ့ စကားကြားသည်နှင့် သူ့မျက်လုံးများမှာ တောက်ပသွား၏။ လော့လင်းရှန်းရှေ့မှာပဲ သူက ရှီယွင်နန် လက်လေးကို ဆုတ်ကိုင်ကာ ခါးယမ်းရင်း နှိုးဆော်နေတော့သည်။
"ရှောင်ရှုရှု မြန်မြန်ဆင်းရအောင်! ဒီနေ့ ငါးကြော် ကြော်ထားတယ်တဲ့! ဘိုးဘိုးချင်က ပြောတယ် အရိုးတွေလည်း ထုတ်ပြီးပြီတဲ့!"
သူ ဘိုးဘိုးချင်မသိအောင် တစ်တုံးခိုးနှိုက်စားခဲ့တယ်။ မွှေးကြိုင် ကြွပ်ရွပြီး စားလို့ ကောင်းချက်ပဲ။
"ဟုတ်ပါပြီကွာ"
ရှီယွင်နန်က လော့လင်းရှန်းအား ကြည့်လိုက်ပြီး သူ့တူလေးနောက်ကနေ လိုက်သွားလေသည်။
ပျော်ပျော်ရွှင်ရွှင် ထွက်သွားသည့် အသေးလေးနှင့် အကြီးလေးရဲ့ ကျောပြင်ကို ကြည့်ရင်း လော့လင်းရှန်းမှာ သူ့ဘဝက တကယ့်ကို အဓိပ္ပာယ်ရှိနေကြောင်း ခံစားလိုက်မိသည်။ ဝီးချဲလ်လေးနှင့် သူတို့နောက်က လိုက်သွားရင်း သူ့မျက်နှာပေါ်လေးမှာ အပြုံးတစ်ခုအား ချိတ်ဆွဲထားနေ၏။
...
နေ့လည်စာစားပြီးနောက် ဝမ်ရိပေက ရှီယွင်နန်ဆီ ဖုန်းခေါ်လာသည်။
"ဟေး ကော"
"ယွင်နန် မင်းအခုအားလား? ငါစဉ်းစားနေမိတာ၊ ငါ မင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ထင်လို့။"
စိတ်အေးလက်အေးဖြစ်နေသည့် ရှီယွင်နန် မျက်ခုံးများမှာ တွန့်ချိုးသွားပြီး သူ့အသံမှာ လေးနက်သွားသည်။
"ကော ဘာဖြစ်လို့လဲ?"
"ဒီမနက် ငါဦးလေးနဲ့ လူနာစောင့်အလှည့်ပြောင်းတုန်း စုန့်ကျစ်ချိုးရောက်လာတယ်..."
ဝမ်ရိပေက သူကိုယ်တိုင်မြင်ခဲ့ ကြားခဲ့ရတာတွေကို ပြောပြလိုက်သည်။
ဝမ်ရိပေဟာ စုန့်ကျစ်ချိုးကို မယုံသလို၊ အမြဲတမ်း ကြင်နာတတ်တဲ့ ဝမ်ယန်ဖုန်းက သူမရဲ့မတန်တဆတောင်းဆိုချက်တွေကို လိုက်လျောပေးမှာ စိုးတာကြောင့် သူအထူးကြပ်မတ်ဆောင်ဆီ ပြန်သွားမိလိုက်၏။
ထို့နောက် ဝမ်ယန်ဖုန်းနှင့် စုန့်ကျစ်ချိုးက ဓာတ်လှေကားဘေးရှိ အရေးပေါ်ထွက်ပေါက်တံခါးထဲ ဝင်သွားတာကို သူတွေ့လိုက်ရသည်။
သူမကို မတွေ့ဖြစ်တာ လေးငါးရက်သာ ရှိသေးပေမယ့် စုန့်ကျစ်ချိုးပုံမှာ လုံးဝစိတ်ဝိညာဉ်ပျောက်ဆုံးနေသလိုမျိုးပင်။ သူမမျက်နှာပေါ်တွင် အရင်ကလို ကျော့ရှင်းလှပသည့် မိတ်ကပ်မရှိသလို သူမမျက်လုံးများမှာလည်း ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေ၏။
ဝမ်ချန်းလန် ကိစ္စတွေ၊ အချိန်တိုအတွင်း မဖြည့်ပေးနိုင်သေးတဲ့ ကုမ္ပဏီငွေရေးကြေးရေးကွာခြားချက်တွေဟာ သူမ၏ စိတ်ကော ခန္ဓာကိုယ်ကိုပါ ပင်ပန်းစေဖို့ လုံလောက်နေလေပြီ။
သို့သော်လည်း ဝမ်ယန်ဖုန်းရှေ့မှာတော့ သူမ၏ အားနည်းသည့်ပုံကို ပြရန် တွန့်ဆုံ့နေသေး၏။
"ကျွန်မ ပြီးခဲ့တဲ့နှစ်ရက်အတွင်း စဉ်းစားနေမိတယ်။ ဒီလိုမျိုး ဆက်နေဖို့ဆိုတာ တကယ့်ပဲ အဓိပ္ပာယ်မရှိဘူး"
"ကွာရှင်းဖို့ သဘောတူပါတယ်၊ ဒါမယ့် ကျွန်မပြောမယ်"
"လျော်ကြေးအနေနဲ့ ဒီနှစ်တွေအတွင်းရှိခဲ့တဲ့ နှစ်ယောက်ပိုင်ဆိုင်မှုတွေအပြင် သန်းငါးဆယ်နဲ့ အဖေ့နာမည်အောက်မှာရှိတဲ့ ဗီလာကိုလိုချင်တယ်။
အရေးပေါ်တံခါး အပြင်ဘက်က ဝမ်ရိပေမှာ ဒီမတန်တဆ တောင်းဆိုချက်တွေကို ကြားလိုက်ရ၏။
ယွမ်သန်းငါးဆယ်?
ပြီးတော့ အင်ပါယာမြို့တော်အလယ်ခေါင်မှာရှိတဲ့ ဗီလာတဲ့လား?
စုန့်ကျစ်ချိုးရဲ့ ကွာရှင်းလျော်ကြေးငွေက မများလွန်းဘူးလား?
သေချာတာပေါ့၊ ဝမ်ယန်ဖုန်းမျက်နှာမှာ ချက်ချင်းပျက်သွား၏။
"စုန့်ကျစ်ချိုး မင်းဘာဖြစ်နေတာလဲကွ?"
"ဘာလဲ? ဝမ်ယန်ဖုန်း ရှင့်လက်ထဲမှာ ဒီလောက်မရှိပေမယ့် အဘိုးကြီးမှာတော့ ရှိမှာပဲ။ ကျွန်မဘယ်လောက်ပဲ မကောင်းပါစေ ဝမ်မိသားစုအတွက် သားသမီးမွေးပေးခဲ့တယ်လေ။ ကျွန်မကလေးတွေအတွက် ဒီပိုက်ဆံလောက်တော့ ရခွင့်ရှိတယ်!"
စုန့်ကျစ်ချိုးလေသံမှာ ကြမ်းတမ်းအေးစက်နေ၏။
သူမ အရင်က အကြမ်းဖျင်း ခန့်မှန်းဖူးတယ်။ အဘိုးကြီး သေချာပေါက် တတ်နိုင်မှာပဲ။
ဝမ်ယန်ဖုန်း ဘာမှပြန်မပြောပေမယ့်လည်း စုန့်ကျစ်ချိုးရဲ့ အကြံကို သူ ဖောက်မြင်နေရသည်။
အရင်တုန်းကတော့ စုန့်ကျစ်ချိုး ကတ်ထဲမှာ ပိုက်ဆံတွေရှိသလို၊ သူမကုမ္ပဏီကလည်း ကောင်းကောင်းလည်ပတ်နေတာကြောင့် လူအိုကြီးဝမ်ရဲ့ အမွေတွေကို သိပ်ဂရုမစိုက်ခဲ့ပါ။ သူမက မြေးတွေဖြစ်သည့် ရှီယွင်နန်နှင့် ဝမ်ရိပေက သူမသားသမီးတွေထက် ပိုမရဖို့သာ အကောင်းဆုံးမျှော်လင့်ထားခဲ့သည်။
ဒါပေမယ့် ဒီနေ့က အရင်တုန်းကနဲ့ မတူတော့ဘူးလေ။ ဝမ်ချန်းလန်နဲ့ ကုမ္ပဏီမှာ ပြဿနာတွေဖြစ်နေတာကြောင့် သူမငွေလိုနေသည်။
ဟွာချန်ကုမ္ပဏီတွင် စုန့်ကျစ်ချိုး ရှယ်ယာများရှိ၏။ သူမသာ ရှယ်ယာတွေကို မရောင်းသရွေ့ ရန်ပုံငွေပြဿနာကို ဖြေရှင်းနိုင်သည်။ တစ်ချိန်တည်းမှာပင် သူမအနေဖြင့် သူမအား လုံးဝလက်မခံနိုင်ဖြစ်နေသည့် ကုမ္ပဏီကိုပါ ထိန်းချုပ်နိုင်သွားမည်လေ။
"အဖေ့ပိုက်ဆံက သူ့ဘာသာသူစုထားတာ။ အဖေ့ပိုင်ဆိုင်မှုတွေကို ခိုးဖို့မကြိုးစားနဲ့ ! နိုးလာတာနဲ့ သူပေးချင်တဲ့သူ ပေးလိမ့်မယ်၊ အဲ့ဒါသူ့ကိစ္စ၊ မင်းမှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး!"
ဝမ်ယန်ဖုန်းမှာ ဒီတောင်းဆိုချက်တွေကို လုံးဝသဘောမတူနိုင်ပေမယ့် နှစ်နှစ်ဆယ်ကျော် ခံစားချက်တွေကို ဒီလိုအကျည်းတန်တဲ့ နည်းနဲ့ အဆုံးမသတ်ချင်နေပေ။
"မင်းမှာ ပိုက်ဆံအခက်အခဲရှိနေရင် ငါစုထားတဲ့ ပိုက်ဆံတွေအားလုံးကို ယူသုံးလိုက်လို့ရတယ်။ ဝမ်ယိုက လူကြီးဖြစ်နေပြီ။ သူဘယ်သူနဲ့ နေချင်လဲဆိုတာ သူ့စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
"ရှေ့လျှောက် သားသမီးသာ ပိုက်ဆံလိုမယ်ဆိုရင် အဖေတစ်ယောက်အနေနဲ့ ငါထောက်ပံ့ပေးမယ်။ သူအိမ်ထောင်ပြုရမယ့်အရွယ်ရောက်ရင်လည်း သူ့ခန်းဝင်ပစ္စည်းအတွက် ငါလုံလုံလောက်လောက် ပိုကံဆံစုနိုင်တယ်။"
လူအိုကြီးရဲ့ ခန္ဓာကိုယ် အခြေအနေမှာ သိပ်မကောင်းသေး။ သားသမီးမြေးတွေအနေနဲ့ အမွေခွဲမယ်ဆိုတဲ့ ဝတ္တရားမသိတဲ့ အတွေးမျိုး သူတို့တွေးလို့ မဖြစ်ပေ။
အဖေတစ်ယောက် ခင်ပွန်းတစ်ယောက်ဖြစ်တဲ့ ဝမ်ယန်ဖုန်းအနေနဲ့ ကွာရှင်းသည့်တိုင် သူ့တွင် တာဝန်ယူဖို့ ဆန္ဒရှိနေသေး၏။ ဒါက ရက်ရောနေပါပြီလို့ သူယူဆထားသည်။
ဒါပေမယ့် စုန့်ကျစ်ချိုးကတော့ ခုထိ သဘောမတူနိုင်သေးပါ။
" ဒါဆို အဖေနိုးလာတာနဲ့ ကွာရှင်းမယ်ဆိုတဲ့ အကြောင်းထုတ်ပြောမယ်၊ ပြီးရင်သူ့ဆီက တောင်းပြမယ်! အဘိုးကြီးက သူ့မြေးတွေကို ဒုက္ခခံစားစေချင်ပါ့မလားဆိုတာ ကြည့်ရတာပေါ့..."
"မင်းက တကယ့်ကို တရားလွန်လွန်းနေပြီ!"
စုန့်ကျစ်ချိုးက ဝမ်ရိပေဒေါသကို လျစ်လျူရှုလိုက်ပြီး နောက်သို့ ခြေလှမ်းတစ်လှမ်းဆုတ်ကာ အလျော့ပေးလိုက်သည်။ "ဒါဆို၊ အဖေ့နာမည်အောက်က ဗီလာကို မယူတော့ဘူး၊ ဒါမယ့် သန်း ၅၀ တော့ပေးရမယ်!"
သူမကပြောနေရင်း အချိန်ကိုပါ ကန့်သတ်ပေးလာသည်။ "တနင်္လာနေ့မွန်းတည့်မတိုင်ခင် သိန်းနှစ်ဆယ်အရင်ပေး၊ ရှင်သာ ပေးမယ်ဆိုရင် ကျွန်မကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးနိုင်တယ်။"
သူမက ပြောပြီးသည်နှင့် အရေးပေါ်ထွက်ပေါက်လှေကားကနေ ပြေးဆင်းသွားတော့လေသည်။
Zawgyi
ရွီယြင္နန္မွာ တစ္သက္လုံးဆိုတဲ့ စကားေလးေၾကာင့္ မွင္သက္သြားၿပီး ေလာ့လင္းရွန္းအား ေမာ့ၾကည့္လိုက္မိ၏။ သူဟာ ရယ္လိုက္ၿပီး သူ႔ေယာက်္ားရဲ႕ ဆက္စီက်တဲ့ လည္စလုတ္ေလးအား နမ္းလိုက္သည္။
"ေလာ့လင္းရွန္း"
"အမ္?"
"...ေလာင္ကုန္း"
ရွီယြင္နန္ တိုးတိုးေလးေရ႐ြတ္ေနၿပီးေနာက္ သူ႔လက္ေလးက ေလာ့လင္းရွန္းလည္စလုတ္ေလးအား ခပ္ၾကမ္းၾကမ္ ပြတ္သပ္ေန၏။
ေၾကာင္ကုတ္ခံရသလိုမ်ိဳး စပ္ဖ်ဥ္းဖ်ဥ္းခံစားလိုက္ရတာေၾကာင့္
ေလာ့လင္းရွန္းဆီကေန မေသခ်ာမေရရာတဲ့ ညည္းသံေလးထြက္လာၿပီး သူ႔လည္စလုတ္ေလးမွာ နီရဲလာသည္အထိ ပြတ္သပ္ခံေနရသည္။ "ျပႆနာ ရွာေနတာလား?"
ရွီယြင္နန္က ျပန္မေျဖ။ သူ႔ခႏၶာကိုယ္ေလးက အလိုအေလ်ာက္ ေလာ့လင္းရွန္း ရင္ခြင္ထဲသို႔ တိုးဝင္သြားၿပီး တစ္ဖက္လူရဲ႕ အသက္ရွဴသံမ်ားက သူ႔အား
လုံးဝဥႆုံ လႊမ္းၿခဳံခြင့္ ေပးထားသည္။
အမွန္ေတာ့ ေလာ့လင္းရွန္း ခြဲစိတ္ဖို႔ ႏိုင္ငံျခားသြားၿပီး ေဆး႐ုံတက္ရကတည္းက သူတို႔ႏွစ္ေယာက္မွာ ပူးပူးကပ္ကပ္ ထိေတြ႕မႈေတြကို ထိန္းခ်ဳပ္ထားခဲ့ရေလသည္။
ရွီယြင္နန္မွာ ေလာ့လင္းရွန္း၏ မ်က္ႏွာေခ်ာေခ်ာေလးကို စိုက္ၾကည့္ရင္း ေပၚမလာတာၾကာၿပီျဖစ္တဲ့ ခပ္ဆိုးဆိုးအေတြးေလးဟာ ႐ုတ္တရက္ေပၚခ်လာသည္။
သူဟာ ေလာ့လင္းရွန္း ႏႈတ္ခမ္းေလးကို ဖိကပ္လိုက္ၿပီး ဗလုံးဗေထြး ညည္းတြားေန၏။ သူ႔ပုံစံေလးမွာ တကယ့္ကို ခ်စ္စရာ ေကာင္းလွသည္ပင္။
ေလာ့လင္းရွန္း တိုးတိုးေလးရယ္လိုက္ၿပီး ပို ခပ္ၾကမ္းၾကမ္းနမ္းလိုက္၏။ ေရွ႕တိုးေနာက္ဆုတ္ အထိအေတြ႕ေတြဟာ သူ႔ခ်စ္သူ၏ ဆင္ေျခတုံတရားကို ဆြဲထုတ္သြားေတာ့သည္။
......
မိနစ္မ်ားစြာ ကုန္ဆုံးသြားေလၿပီ။
တေျဖးေျဖး ပင္ပန္းႏြယ္လ် လာမွသာ ရွီယြင္နန္တစ္ေယာက္ အရွိန္ကေန ျပန္လြတ္ေျမာက္လာသည္။ သူက ေလာ့လင္းရွန္း ရင္ခြင္ထဲတြင္ ၿငိမ္သက္စြာလွဲေလ်ာင္းေနၿပီး သူ႔ခ်စ္သူ၏ လက္ဖဝါးေလးကို လိုက္စမ္းေန၏။
သူ႔နဖူးတြင္ေခြၽးမ်ားထြက္ေနတာေၾကာင့္ သူ႔ဆံပင္ေလးမ်ား စိုစြတ္ေနကာ ဖ႐ိုဖရဲျဖစ္ေနေသာ္လည္း ၾကည့္ေကာင္းေနသည္။
ေလာ့လင္းရွန္းက သူ႔လက္ေခ်ာင္းေလးေတြနဲ႔ ယွက္ႏြယ္လိုက္ၿပီး အၿပဳံးေလးနဲ႔ ေမးလာသည္။
"ဒီေလာက္ဆို လုံေလာက္ၿပီလား?"
"....."
ရွီယြင္နန္ မ်က္လုံးေလးမွာ ရီေဝေန၏။ သူ႔ပုံေလးမွာ တစ္ဖက္လူ၏ေႏြးေထြးမႈရေအာင္ လက္ေမာင္းထဲတိုးဝင္ကာတြယ္ကပ္ေနသည့္ အႏိုင္က်င့္ခံေနရတဲ့ ေျမေခြးေလးလိုပင္။
သို႔ေသာ္လည္း ထိုပုံေလးမွာ စကၠန႔္အနည္းငယ္မွ်သာျဖစ္သြား၏။ ထို႔ေနာက္ သူကရက္စက္တဲ့ အၾကည့္ေလးနဲ႔ ေမာ့လာကာ ေျပာလာေလသည္။
"ခင္ဗ်ားကေတာ့ ကိုယ့္ဘာသာပဲ ေျဖရွင္း"
ဘယ္သူက ေလာ့လင္းရွန္းလက္ကို အရမ္းၾကမ္းခိုင္းလို႔လဲ? ခုေတာ့ သူဒီတိုင္းေလး လွဲေနၿပီး အနားယူခ်င္ေနၿပီ။
ေလာ့လင္းရွန္း ႏွစ္စကၠန႔္ေလာက္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီးေနာက္ သူကိုယ္သူ ခ်ဳပ္တည္းကာ ရွီယြင္နန္အား တင္းတင္းဖက္လိုက္ေလသည္။
"... မင္းက ႏွလုံးသားမရွိတဲ့ ေကာင္ေလးပဲ"
...
ေလာ့လင္းရွန္းတစ္ေယာက္ အခ်ိန္ကြာျခားခ်က္ေၾကာင့္ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနခ်ိန္ ရွီယြင္နန္ကေတာ့ ဒီရက္ပိုင္းေတြအတြင္း အိပ္မေပ်ာ္ျဖစ္ေနခဲ့သည္ကို အတိုးခ်ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားသည္။
ႏွစ္ေယာက္သား ေပြ႕ဖက္ရင္း မြန္းတည့္ခ်ိန္ေလာက္ထိ အိပ္ေပ်ာ္သြားၾကေလသည္။
"ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား?" ေလာ့လင္းရွန္းက ရွီယြင္နန္နဖူးေလးကို ဂ႐ုတစိုက္ ပြတ္သပ္ေပးေန၏။ အခုမွ အိပ္ယာက ထလာသည္မို႔ သူ႔အသံေလးမွာ ေလးေလးပင္ပင္ ျဖစ္ေနသည္။
"အင္း..." ရွီယြင္နန္ အသံေပးလိုက္ၿပီး အပူအရင္းျမစ္ထုတ္ေပးသည့္ သူ႔ေဘးနားကလူအား စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။ "ဘယ္အခ်ိန္ရွိေနၿပီလဲ?"
"ထမင္းစားခ်ိန္ေရာက္ေတာ့မယ္။ အိပ္ခ်င္ေနေသးရင္ ေန႔ခင္းထိ အိပ္လိုက္ေလ။ " ေလာ့လင္းရွန္းက စိတ္ရွည္ရွည္နဲ႔ ေခ်ာ့ျမဴေန၏။
"အိုေကေလ"
ဆယ္မိနစ္အၾကာတြင္—
ေလာ့လင္းရွန္းေရခ်ိဳးေနစဥ္၊ ေလဝင္ေလထြက္ေကာင္းအာင္ ရွီယြင္နန္ ျပတင္းေပါက္ႏွင့္ တံခါးေလးဖြင့္လိုက္သည့္အခါ ေ႐ႊငါးေလးက တံခါးနားေလးမွာ လိမ္လိမ္မာမာေလး ေဆာင့္ေၾကာင့္ထိုင္ေစာင့္ေနရွာသည္။
ရွီယြင္နန္ အံ့အားသင့္သြားကာ မ်က္ခုံးပင့္လိုက္မိ၏။ သူ ကေလးေလးကို ဆြဲထူလိုက္ေလသည္။
"ေပါင္ေပ့ ဘယ္လိုလုပ္ ဒီမွာရွိေနေသးတာလဲ?"
"ေရွာင္ရႈရႈ ဒီေန႔ စေနေန႔ေလ၊ မူႀကိဳပိတ္တယ္။ သားမနက္က က်ဴရွင္သင္ၿပီးသြားၿပီ! ဘိုးဘိုးခ်င္က ရႈရႈတို႔ကို ေန႔လည္စာစားဖို႔ လာေခၚခိုင္းလို႔။"
ေ႐ႊငါးေလး စိတ္ကူးမွာ အရမ္း႐ိုးရွင္း၏။ သူဟာ သူ႔ဦးေလး ႏွစ္ေယာက္ကို ေႏွာက္ယွက္မိမွာ စိုးရိမ္တာေၾကာင့္ သူတို႔ဘာသာမထြက္လာခင္ထိ ထိုေနရာမွာပင္ ေစာင့္ေနဖို႔ စိတ္ကူးထားသည္။
"ရႈရႈ ႏိုးၿပီလား? သားဝင္လာလို႔ ရလား?"
ေ႐ႊငါးေလးက အိပ္ခန္းထဲကို လွမ္းၾကည့္လိုက္၏။ လူႀကီးႏွစ္ေယာက္ ခြင့္ျပဳခ်က္မရွိဘဲ သူက လူႀကီးေတြ အိပ္ခန္းထံသို႔ မဝင္ဝံ့ေပ။
ရွီယြင္နန္က သူဝင္လို႔ရေအာင္ ေဘးနားသို႔ ေ႐ႊ႕ေပးလိုက္သည္။
"ဝင္လာေလ မင္းရႈရႈ မ်က္ႏွာသစ္ေနတယ္၊ ဒို႔ေတြ ခဏေန စားၾကတာေပါ့"
"ဟုတ္"
ရွီယြင္နန္စကားၾကားၿပီးေနာက္၊ ေ႐ႊငါးေလးက ေရခ်ိဳးခန္းထဲသို႔ တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႔အၾကည့္မ်ားက အဝတ္ေတာင္းထဲရွိ အိပ္ယာခင္းဆီသို႔ ေရာက္သြားသည္။
"ေရွာင္ရႈရႈ ဘာလို႔ ရႈရႈတို႔ အိပ္ယာခင္းကို လဲလိုက္တာလဲ?"
မေန႔ည သူ သူ႔ေစာင္ေလးလာယူတုန္းက ဒီအိပ္ယာခင္းေတြကို ခင္းထားတုန္းပဲေလ။ လုံးဝသန္႔ရွင္းၿပီး ေမြးေနတာပဲဟာ။
"....."
ရွီယြင္နန္ မွင္သက္သြား၏။ ဒါကို ေ႐ႊငါးေလးသတိထားမိမယ္လို႔သူ မထင္ထားခဲ့။ သူ ေဘစင္ေရွ႕ရွိ ေလာ့လင္းရွန္းကို တခ်က္ၾကည့္လိုက္သည္။
ေလာ့လင္းရွန္းမွာ မွန္ထဲကေနတဆင့္ သူ႔ခ်စ္သူ၏ အကူညီေတာင္းေနသည့္ အၾကည့္ေလးကို ျမင္လိုက္၏။ သူတူေလးဟာ တကယ့္ကို မ်က္စိလွ်င္တာေၾကာင့္ သူကိုယ္တိုင္လည္း ဘာလုပ္ရမွန္းမသိ ျဖစ္ေနေတာ့သည္။
ေရသုတ္ရန္ တစ္ရွဴးယူေနသည့္ သူ႔ပုံစံမွာ တည္ၿငိမ္ေနလ်က္။
"ညစ္ပတ္သြားလို႔ လဲလိုက္ၿပီ။ က်င္းယြီ ေအာက္ဆင္းၿပီး ထမင္းသြားစားမယ္။"
ထင္ထားသည့္အတိုင္း၊ ေ႐ႊငါးေလးက ဘာေမးခြန္းမွ ဆက္မေမးလာေတာ့။ စားမယ္ဆိုတဲ့ စကားၾကားသည္ႏွင့္ သူ႔မ်က္လုံးမ်ားမွာ ေတာက္ပသြား၏။ ေလာ့လင္းရွန္းေရွ႕မွာပဲ သူက ရွီယြင္နန္ လက္ေလးကို ဆုတ္ကိုင္ကာ ခါးယမ္းရင္း ႏႈိးေဆာ္ေနေတာ့သည္။
"ေရွာင္ရႈရႈ ျမန္ျမန္ဆင္းရေအာင္! ဒီေန႔ ငါးေၾကာ္ ေၾကာ္ထားတယ္တဲ့! ဘိုးဘိုးခ်င္က ေျပာတယ္ အ႐ိုးေတြလည္း ထုတ္ၿပီးၿပီတဲ့!"
သူ ဘိုးဘိုးခ်င္မသိေအာင္ တစ္တုံးခိုးႏႈိက္စားခဲ့တယ္။ ေမႊးႀကိဳင္ ႂကြပ္႐ြၿပီး စားလို႔ ေကာင္းခ်က္ပဲ။
"ဟုတ္ပါၿပီကြာ"
ရွီယြင္နန္က ေလာ့လင္းရွန္းအား ၾကည့္လိုက္ၿပီး သူ႔တူေလးေနာက္ကေန လိုက္သြားေလသည္။
ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ထြက္သြားသည့္ အေသးေလးႏွင့္ အႀကီးေလးရဲ႕ ေက်ာျပင္ကို ၾကည့္ရင္း ေလာ့လင္းရွန္းမွာ သူ႔ဘဝက တကယ့္ကို အဓိပၸာယ္ရွိေနေၾကာင္း ခံစားလိုက္မိသည္။ ဝီးခ်ဲလ္ေလးႏွင့္ သူတို႔ေနာက္က လိုက္သြားရင္း သူ႔မ်က္ႏွာေပၚေလးမွာ အၿပဳံးတစ္ခုအား ခ်ိတ္ဆြဲထားေန၏။
...
ေန႔လည္စာစားၿပီးေနာက္ ဝမ္ရိေပက ရွီယြင္နန္ဆီ ဖုန္းေခၚလာသည္။
"ေဟး ေကာ"
"ယြင္နန္ မင္းအခုအားလား? ငါစဥ္းစားေနမိတာ၊ ငါ မင္းနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ထင္လို႔။"
စိတ္ေအးလက္ေအးျဖစ္ေနသည့္ ရွီယြင္နန္ မ်က္ခုံးမ်ားမွာ တြန္႔ခ်ိဳးသြားၿပီး သူ႔အသံမွာ ေလးနက္သြားသည္။
"ေကာ ဘာျဖစ္လို႔လဲ?"
"ဒီမနက္ ငါဦးေလးနဲ႔ လူနာေစာင့္အလွည့္ေျပာင္းတုန္း စုန္႔က်စ္ခ်ိဳးေရာက္လာတယ္..."
ဝမ္ရိေပက သူကိုယ္တိုင္ျမင္ခဲ့ ၾကားခဲ့ရတာေတြကို ေျပာျပလိုက္သည္။
ဝမ္ရိေပဟာ စုန္႔က်စ္ခ်ိဳးကို မယုံသလို၊ အၿမဲတမ္း ၾကင္နာတတ္တဲ့ ဝမ္ယန္ဖုန္းက သူမရဲ႕မတန္တဆေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာေပးမွာ စိုးတာေၾကာင့္ သူအထူးၾကပ္မတ္ေဆာင္ဆီ ျပန္သြားမိလိုက္၏။
ထို႔ေနာက္ ဝမ္ယန္ဖုန္းႏွင့္ စုန္႔က်စ္ခ်ိဳးက ဓာတ္ေလွကားေဘးရွိ အေရးေပၚထြက္ေပါက္တံခါးထဲ ဝင္သြားတာကို သူေတြ႕လိုက္ရသည္။
သူမကို မေတြ႕ျဖစ္တာ ေလးငါးရက္သာ ရွိေသးေပမယ့္ စုန္႔က်စ္ခ်ိဳးပုံမွာ လုံးဝစိတ္ဝိညာဥ္ေပ်ာက္ဆုံးေနသလိုမ်ိဳးပင္။ သူမမ်က္ႏွာေပၚတြင္ အရင္ကလို ေက်ာ့ရွင္းလွပသည့္ မိတ္ကပ္မရွိသလို သူမမ်က္လုံးမ်ားမွာလည္း ပင္ပန္းႏြမ္းနယ္မႈမ်ားျဖင့္ ျပည့္ႏွက္ေန၏။
ဝမ္ခ်န္းလန္ ကိစၥေတြ၊ အခ်ိန္တိုအတြင္း မျဖည့္ေပးႏိုင္ေသးတဲ့ ကုမၸဏီေငြေရးေၾကးေရးကြာျခားခ်က္ေတြဟာ သူမ၏ စိတ္ေကာ ခႏၶာကိုယ္ကိုပါ ပင္ပန္းေစဖို႔ လုံေလာက္ေနေလၿပီ။
သို႔ေသာ္လည္း ဝမ္ယန္ဖုန္းေရွ႕မွာေတာ့ သူမ၏ အားနည္းသည့္ပုံကို ျပရန္ တြန္႔ဆုံ႔ေနေသး၏။
"ကြၽန္မ ၿပီးခဲ့တဲ့ႏွစ္ရက္အတြင္း စဥ္းစားေနမိတယ္။ ဒီလိုမ်ိဳး ဆက္ေနဖို႔ဆိုတာ တကယ့္ပဲ အဓိပၸာယ္မရွိဘူး"
"ကြာရွင္းဖို႔ သေဘာတူပါတယ္၊ ဒါမယ့္ ကြၽန္မေျပာမယ္"
"ေလ်ာ္ေၾကးအေနနဲ႔ ဒီႏွစ္ေတြအတြင္းရွိခဲ့တဲ့ ႏွစ္ေယာက္ပိုင္ဆိုင္မႈေတြအျပင္ သန္းငါးဆယ္နဲ႔ အေဖ့နာမည္ေအာက္မွာရွိတဲ့ ဗီလာကိုလိုခ်င္တယ္။
အေရးေပၚတံခါး အျပင္ဘက္က ဝမ္ရိေပမွာ ဒီမတန္တဆ ေတာင္းဆိုခ်က္ေတြကို ၾကားလိုက္ရ၏။
ယြမ္သန္းငါးဆယ္?
ၿပီးေတာ့ အင္ပါယာၿမိဳ႕ေတာ္အလယ္ေခါင္မွာရွိတဲ့ ဗီလာတဲ့လား?
စုန္႔က်စ္ခ်ိဳးရဲ႕ ကြာရွင္းေလ်ာ္ေၾကးေငြက မမ်ားလြန္းဘူးလား?
ေသခ်ာတာေပါ့၊ ဝမ္ယန္ဖုန္းမ်က္ႏွာမွာ ခ်က္ခ်င္းပ်က္သြား၏။
"စုန္႔က်စ္ခ်ိဳး မင္းဘာျဖစ္ေနတာလဲကြ?"
"ဘာလဲ? ဝမ္ယန္ဖုန္း ရွင့္လက္ထဲမွာ ဒီေလာက္မရွိေပမယ့္ အဘိုးႀကီးမွာေတာ့ ရွိမွာပဲ။ ကြၽန္မဘယ္ေလာက္ပဲ မေကာင္းပါေစ ဝမ္မိသားစုအတြက္ သားသမီးေမြးေပးခဲ့တယ္ေလ။ ကြၽန္မကေလးေတြအတြက္ ဒီပိုက္ဆံေလာက္ေတာ့ ရခြင့္ရွိတယ္!"
စုန္႔က်စ္ခ်ိဳးေလသံမွာ ၾကမ္းတမ္းေအးစက္ေန၏။
သူမ အရင္က အၾကမ္းဖ်င္း ခန္႔မွန္းဖူးတယ္။ အဘိုးႀကီး ေသခ်ာေပါက္ တတ္ႏိုင္မွာပဲ။
ဝမ္ယန္ဖုန္း ဘာမွျပန္မေျပာေပမယ့္လည္း စုန္႔က်စ္ခ်ိဳးရဲ႕ အႀကံကို သူ ေဖာက္ျမင္ေနရသည္။
အရင္တုန္းကေတာ့ စုန္႔က်စ္ခ်ိဳး ကတ္ထဲမွာ ပိုက္ဆံေတြရွိသလို၊ သူမကုမၸဏီကလည္း ေကာင္းေကာင္းလည္ပတ္ေနတာေၾကာင့္ လူအိုႀကီးဝမ္ရဲ႕ အေမြေတြကို သိပ္ဂ႐ုမစိုက္ခဲ့ပါ။ သူမက ေျမးေတြျဖစ္သည့္ ရွီယြင္နန္ႏွင့္ ဝမ္ရိေပက သူမသားသမီးေတြထက္ ပိုမရဖို႔သာ အေကာင္းဆုံးေမွ်ာ္လင့္ထားခဲ့သည္။
ဒါေပမယ့္ ဒီေန႔က အရင္တုန္းကနဲ႔ မတူေတာ့ဘူးေလ။ ဝမ္ခ်န္းလန္နဲ႔ ကုမၸဏီမွာ ျပႆနာေတြျဖစ္ေနတာေၾကာင့္ သူမေငြလိုေနသည္။
ဟြာခ်န္ကုမၸဏီတြင္ စုန္႔က်စ္ခ်ိဳး ရွယ္ယာမ်ားရွိ၏။ သူမသာ ရွယ္ယာေတြကို မေရာင္းသေ႐ြ႕ ရန္ပုံေငြျပႆနာကို ေျဖရွင္းႏိုင္သည္။ တစ္ခ်ိန္တည္းမွာပင္ သူမအေနျဖင့္ သူမအား လုံးဝလက္မခံႏိုင္ျဖစ္ေနသည့္ ကုမၸဏီကိုပါ ထိန္းခ်ဳပ္ႏိုင္သြားမည္ေလ။
"အေဖ့ပိုက္ဆံက သူ႔ဘာသာသူစုထားတာ။ အေဖ့ပိုင္ဆိုင္မႈေတြကို ခိုးဖို႔မႀကိဳးစားနဲ႔ ! ႏိုးလာတာနဲ႔ သူေပးခ်င္တဲ့သူ ေပးလိမ့္မယ္၊ အဲ့ဒါသူ႔ကိစၥ၊ မင္းမွာ ဆုံးျဖတ္ပိုင္ခြင့္ မရွိဘူး!"
ဝမ္ယန္ဖုန္းမွာ ဒီေတာင္းဆိုခ်က္ေတြကို လုံးဝသေဘာမတူႏိုင္ေပမယ့္ ႏွစ္ႏွစ္ဆယ္ေက်ာ္ ခံစားခ်က္ေတြကို ဒီလိုအက်ည္းတန္တဲ့ နည္းနဲ႔ အဆုံးမသတ္ခ်င္ေနေပ။
"မင္းမွာ ပိုက္ဆံအခက္အခဲရွိေနရင္ ငါစုထားတဲ့ ပိုက္ဆံေတြအားလုံးကို ယူသုံးလိုက္လို႔ရတယ္။ ဝမ္ယိုက လူႀကီးျဖစ္ေနၿပီ။ သူဘယ္သူနဲ႔ ေနခ်င္လဲဆိုတာ သူ႔စိတ္ႀကိဳက္ဆုံးျဖတ္ပိုင္ခြင့္ရွိတယ္"
"ေရွ႕ေလွ်ာက္ သားသမီးသာ ပိုက္ဆံလိုမယ္ဆိုရင္ အေဖတစ္ေယာက္အေနနဲ႔ ငါေထာက္ပံ့ေပးမယ္။ သူအိမ္ေထာင္ျပဳရမယ့္အ႐ြယ္ေရာက္ရင္လည္း သူ႔ခန္းဝင္ပစၥည္းအတြက္ ငါလုံလုံေလာက္ေလာက္ ပိုကံဆံစုႏိုင္တယ္။"
လူအိုႀကီးရဲ႕ ခႏၶာကိုယ္ အေျခအေနမွာ သိပ္မေကာင္းေသး။ သားသမီးေျမးေတြအေနနဲ႔ အေမြခြဲမယ္ဆိုတဲ့ ဝတၱရားမသိတဲ့ အေတြးမ်ိဳး သူတို႔ေတြးလို႔ မျဖစ္ေပ။
အေဖတစ္ေယာက္ ခင္ပြန္းတစ္ေယာက္ျဖစ္တဲ့ ဝမ္ယန္ဖုန္းအေနနဲ႔ ကြာရွင္းသည့္တိုင္ သူ႔တြင္ တာဝန္ယူဖို႔ ဆႏၵရွိေနေသး၏။ ဒါက ရက္ေရာေနပါၿပီလို႔ သူယူဆထားသည္။
ဒါေပမယ့္ စုန္႔က်စ္ခ်ိဳးကေတာ့ ခုထိ သေဘာမတူႏိုင္ေသးပါ။
" ဒါဆို အေဖႏိုးလာတာနဲ႔ ကြာရွင္းမယ္ဆိုတဲ့ အေၾကာင္းထုတ္ေျပာမယ္၊ ၿပီးရင္သူ႔ဆီက ေတာင္းျပမယ္! အဘိုးႀကီးက သူ႔ေျမးေတြကို ဒုကၡခံစားေစခ်င္ပါ့မလားဆိုတာ ၾကည့္ရတာေပါ့..."
"မင္းက တကယ့္ကို တရားလြန္လြန္းေနၿပီ!"
စုန္႔က်စ္ခ်ိဳးက ဝမ္ရိေပေဒါသကို လ်စ္လ်ဴရႈလိုက္ၿပီး ေနာက္သို႔ ေျခလွမ္းတစ္လွမ္းဆုတ္ကာ အေလ်ာ့ေပးလိုက္သည္။ "ဒါဆို၊ အေဖ့နာမည္ေအာက္က ဗီလာကို မယူေတာ့ဘူး၊ ဒါမယ့္ သန္း ၅၀ ေတာ့ေပးရမယ္!"
သူမကေျပာေနရင္း အခ်ိန္ကိုပါ ကန္႔သတ္ေပးလာသည္။ "တနလၤာေန႔မြန္းတည့္မတိုင္ခင္ သိန္းႏွစ္ဆယ္အရင္ေပး၊ ရွင္သာ ေပးမယ္ဆိုရင္ ကြၽန္မကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးေပးႏိုင္တယ္။"
သူမက ေျပာၿပီးသည္ႏွင့္ အေရးေပၚထြက္ေပါက္ေလွကားကေန ေျပးဆင္းသြားေတာ့ေလသည္။