Light Of The 'YuLong' [Comple...

By AlinkarchoTayy

66.3K 5.8K 205

//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ... More

Tayy's Note
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-12-
-13-
-14-
-FanArt For Yulong-
-15-
-17-
-18-
-19-
Final
Good Bye💛
-Hey!!!-

-16-

2.2K 235 3
By AlinkarchoTayy

Uni
/

တဖျစ်ဖျစ်မြည်နေတဲ့မီးဖိုလေးလည်းငြိမ်းသွားသလို နည်းနည်းပါးပါးကျနေတဲ့နှင်းတွေလည်းစဲသွားတယ်။ မနက်ခင်းအလင်းရောင်နဲ့အတူ ပြန်ရတော့မယ်ဆိုတာတွေးမိတဲ့အခိုက် ရှောင်းကျန့်စိတ်ထဲနောက်ကျိသွားပုံများ။ မနေ့ညကမီးဖိုနားမှာအတူထိုင်ရင်း တစ်ယောက်ရင်ငွေ့တစ်ယောက်ခိုလှုံခဲ့တာတွေလည်းပြီးဆုံးသွားခဲ့ပြီ။ အချိန်တွေကသိပ်ကိုမြန်လွန်းပါတယ်။

"ဆရာလေး သားတို့တောင်အောက်ကိုဆင်းတော့မယ် ပြီးရင်ပြန်လာခဲ့မယ်"

မနက်မိုးလင်းတော့ ကလေးတွေကစောင်ထုတ်ကလေးတွေကိုယ်စီပိုက်ပြီးတောင်အောက်ကိုပြန်သွားကြတယ်။ မနေ့ညကဝမ်ရိပေါ်လည်းကလေးတွေနဲ့အတူအိပ်တယ်။ ဒါပေမယ့် ရှောင်းကျန့်ကိုတော့ 'ကလေးတွေအအိပ်ကြမ်းရင် ခင်ဗျားအိပ်ရေးပျက်လိမ့်မယ်'ဆိုတဲ့အကြောင်းပြချက်နဲ့ ကုတင်ပေါ်မှာပဲအိပ်ခိုင်းပါတယ်။ ဒီကောင်လေးဟာလေ ရှောင်းကျန့်အတွက်သိပ်တွေးတတ်လွန်းနေတယ်။ ဒီလိုနဲ့ဝေးကြတဲ့အခါ ဂရုတစိုက်ရှိမှုသေးသေးလေးတွေကိုကျိန်းသေလွမ်းရဦးမယ်နဲ့တူပါရဲ့။

"ဆရာရှောင်းကျန့်"

အဝတ်အစားအိတ်ပြင်ပြီးအပြင်ထွက်လာတော့ ဝမ်ရိပေါ်နဲ့တွေ့တယ်။ ကလေးတွေနဲ့အတူတောင်အောက်ကိုပြန်မသွားဘဲ ဘာလုပ်နေတာလဲလို့မေးဖို့ပြင်ပေမယ့် ရှောင်းကျန့်မမေးမိပါဘူး။

"ကျွန်တော်နောက်တစ်ခေါက်ထပ်မလာတော့ဘူးနော် ကောင်းကောင်းပြန်ပါ"

ရှောင်းကျန့်မျက်နှာကိုကြည့်ရင်း ပြောလာတဲ့စကားကြောင့်ရှောင်းကျန့်မျက်ရည်ဝေ့ချင်သွားတာကြောင့် ခေါင်းကိုအမြန်ငုံ့ချလိုက်ရတယ်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ ဝမ်ရိပေါ်ဆီကြည်မိတော့ မျက်ဝန်းတွေကနွမ်းနွမ်းလျလျ။

"ရိပေါ်သဘောပါပဲ ကျွန်တော်ကအဆင်ပြေပါတယ်"

ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကခေါင်းညိမ့်တယ်။ တောင်တန်းတွေကစိမ်းလို့ညှို့လို့။ ရှောင်းကျန့်ရင်ထဲမှာလည်းမှိုင်းလို့အုံ့လို့ပါပဲ။ တောပန်းကလေးတွေခြောက်သွားသလို ရှောင်းကျန့်နဲ့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးရဲ့အမှတ်တရတွေလည်းခြောက်သွေ့ဟောင်းနွမ်းသွားဦးမယ်နဲ့တူပါတယ်။

"အစစအရာရာဂရုစိုက်ပါ ဆရာရှောင်းကျန့်
မြေပြန့်ကချင်းလုံမှာလောက်တော့မအေးလောက်ဘူးဆိုပေမယ့် ခင်ဗျားကအအေးကြောက်တယ်မလား
အဲ့တာကြောင့်နွေးနွေးထွေးထွေးနေပါ"

အစစအရာရာဂရုစိုက်ဖို့မှာနေတဲ့ဝမ်ရိပေါ်အသံမှာ လှိုက်သံတွေပါနေတယ် ။ ဒါဟာရာသီဥတုအေးလို့ဖြစ်လာတဲ့အသံမျိုးမဟုတ်တာကို ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါကောင်းကောင်းသိပါတယ်။ အများကြီးရင်လေးနေပုံပါပဲ။ ထွက်သွားတဲ့သူထက်ကျန်ရစ်တဲ့လူကပိုခံစားရတယ်ဆိုတာမျိုးကမမှန်နိုင်ပါဘူး။ ခွဲခွာရခြင်းဟာနှစ်ဖက်လုံးအတွက်မို့ ရှောင်းကျန့်အတွက်မပျော်ရွှင်ရသလို ဝမ်ရိပေါ်အတွက်လည်းစိတ်ပူပင်စရာတွေပါ။

"ကျွန်တော်မရှိတဲ့အခါကျရင် ကလေးတွေကိုရိပေါ်ကပဲဂရုစိုက်ပေးပါဦး
စာသင်ရတာဝါသနာမပါလို့ဆိုပြီး ကလေးတွေကိုပစ်မထားပါနဲ့ ရိပေါ်"

ရှောင်းကျန့်စကားကို ဝမ်ရိပေါ်ကချက်ချင်းခေါင်းညိမ့်တယ်။ ဒီအမှာစကားကိုမပြောဖြစ်ရင်တောင် ဝမ်ရိပေါ်က ကလေးတွေကိုဂရုစိုက်မယ်ဆိုတာရှောင်းကျန့်ယုံကြည်ပါတယ်။

"အဲ့တာအတွက်စိတ်ချပါ ဆရာရှောင်းကျန့်
ကျွန်တော်ပြန်တော့မယ်"

ရှောင်းကျန့်ကိုပြောပြီးလှည့်ထွက်သွားတဲကျောပြင်နက်ပြာရောင်ကို အကြောင်းပြချက်မယ်မယ်ရရမရှိဘဲရပ်ကြည့်နေမိတယ်။ နောက်တစ်ခါထပ်မတွေ့ရတော့ဘူးဆိုတဲ့အတွေးနဲ့၊ နောက်တစ်ကြိမ်အဲ့ဒီရင်ငွေ့ကိုခိုလှုံခွင့်မရှိတော့ဘူးဆိုတဲ့အတွေးနဲ့ အချိန်အကြာကြီးရပ်ကြည့်မိတာပါပဲ။ တိုင်းရင်းသားကောင်လေးကတော့ ရှောင်းကျန့်ကိုလှည့်မကြည့်တော့ဘဲ တောင်ဆင်းလမ်းကနေတန်းတန်းမတ်မတ်ပြန်သွားတယ်။ တောင်ပေါ်မှာဘယ်သူမှမရှိတော့တဲ့အခါ ပြင်ဆင်ပြီးသားဖြစ်တဲ့အဝတ်ထုတ်ကိုဆွဲပြီးအပြင်ထွက်ထိုင်နေလိုက်တယ်။ မကြာခင်မှာကလေးတွေနဲ့အတူ ပါးပါးနဲ့မားမားရောရောက်လာပါတော့မယ်။

"ဆရာလေး သားတို့ရောက်ပြီ
အမားတို့လည်းပါတယ်"

"ငါတို့လည်းပါလာတယ် ဆရာလေးရေ"

ခဏလောက်ကြာတော့ ကလေးတွေနဲ့အတူသူတို့မိဘတွေပါရောက်လာတာမို့ရှောင်းကျန့်အံ့သြသွားတယ်။ သူတို့အတွက်ရှောင်းကျန့်ကမီးအိမ်လေးတစ်လုံးလိုရှိနေခဲ့တယ်ဆိုတာအလိမ်အညာတွေမဟုတ်ခဲ့ပါဘူး။ သူတို့ရင်ထဲမှာရော၊ကလေးတွေရဲ့နှလုံးသားထဲမှာပါ ရှောင်းကျန့်ဟာအလင်းရောင်လေးတစ်ခုအဖြစ်ရှိနေခဲ့​ကြောင်းသိရတဲ့အခါ တောင်ပေါ်မြေကိုနောက်ထပ်တစ်ကြိမ်သံယောစဥ်ဖြစ်မိပြန်တယ်။ ဒီလူတွေနဲ့ခွဲရမှာကိုရှောင်းကျန့်မလိုလာပါဘူး။ အဲ့ဒီနောက်မှာတော့ ခပ်လှမ်းလှမ်းကနေပါလာတာက ရှောင်းကျန့်ရဲ့ပါးပါးနဲ့မားမား။ ပြီးတော့အကြီးအကဲလုံအာ။ အားလုံးရဲ့မျက်နှာမှာရှောင်းကျန့်ကိုမသွားစေလိုကြောင်း၊ပြန်ထည့်ပေးလိုက်ဖို့နှမြောကြောင်းအရိပ်အယောင်တွေကိုယ်စီနဲ့။ ဒါပေမယ့်ရှောင်းကျန့်ချစ်ရတဲ့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးကတော့ပါမလာခဲ့ဘူး။

"ဆရာလေး ဒါကငါကိုယ်တိုင်ယက်ထားတဲ့ရိုးရာဝတ်စုံပါ ဆရာလေးတို့မြေပြန့်မှာတော့ဘယ်လိုဓလေ့ရှိတယ်ဆိုတာငါမသိပေမယ့် ငါတို့ဝမ်ယွဲ့လုံမျိုးနွယ်စုမှာတော့ ရိုးရာဝတ်စုံပေးတယ်ဆိုတာကိုယ့်အတွက်အရေးပါတဲ့သူတွေကိုပဲပေးတာပါ လီဟုန့်အသက်ကိုကယ်ခဲ့တဲ့အတွက်ငါဆရာလေးကိုသိပ်ကျေးဇူးတင်ပါတယ်"

လီဟုန့်အမေကစကားအရှည်ကြီးပြောရင်း နက်ပြာရောင်တောက်နေတဲ့ရိုးရာဝတ်စုံလေးကိုကမ်းပေးလာတယ်။ ဒီလိုအရာတွေကိုကြုံလိုက်ရတဲ့အခါမှ ရှောင်းကျန့်ကိုယ်တိုင်လည်း ဒီချင်းလုံမြေကိုဘယ်လောက်တန်ဖိုးထားမြတ်နိုးမိ​ကြောင်းသိရတယ်။ နှလုံးသားအထိဆို့နင့်သွားလိုက်ပုံများ။

"ဆရာလေးက ငါတို့ချင်းလုံရွာနဲ့ငါတို့ဝမ်ယွဲ့လုံမျိုးနွယ်စုအတွက်အားထားရတဲ့မီးအိမ်ကလေးတစ်လုံးပါပဲ ငါတို့အားလုံးဆရာလေးကိုသတိရနေပါ့မယ်"

အကြီးအကဲလုံအာရဲ့စကားကြောင့် ရွာသူရွာသားတွေနဲ့ကလေးတွေကမျက်ရည်တွေဝေ့နေရာကနေ စပြီးငိုကြတယ်။ ရှောင်းကျန့်လည်းမငိုပါနဲ့လို့မတားရက်တဲ့အပြင် ကိုယ်တိုင်ပါဆို့နင့်ပြီးငိုချပစ်ချင်နေတာမို့ ဘာမှပြန်မပြောမိဘူး။

"ဆရာလေး ဖြစ်နိုင်ရင်မပြန်ပါနဲ့လား ဆရာလေးရယ်"

အသက်ခပ်ကြီးကြီးအဒေါ်ကြီးကရိုးရာဝတ်စုံရဲ့လက်ဖျားနဲ့မျက်ရည်တွေကိုသုတ်ရင်းပြောလာတာမို့ ရှောင်းကျန့်လည်းမျက်ရည်တစ်စက်ပေါက်ခနဲကျသွားတယ်။

"ဆရာလေးကိုစိတ်မကောင်းဖြစ်အောင်မလုပ်ကြနဲ့ အားလုံး"

အကြီးအကဲရဲ့ဟန့်တားသံအောက်မှာ ရွာသူရွာသားတွေကခိုးရှိုက်တဲ့သူရှိုက်၊ခိုးငိုတဲ့သူငိုနဲ့။ ဒါပေမယ့်ဟန်မဆောင်တတ်တဲ့ကလေးတွေကတော့ရှောင်းကျန့်အနားမှာသိသိသာသာကိုငိုနေကြသေးတယ်။

"ဆရာလေး အမားကိုနေ့တိုင်းဟင်းကောင်းချက်ခိုင်းပေးမယ်လေ သားတို့ဆီမှာပဲနေပါ မပြန်ပါနဲ့"

ရှောင်းကျန့်ရဲ့ဘောင်းဘီအနားစကိုလာဆုတ်ရင်းပြောလိုက်တဲ့ ယွဲ့လွီစကားကြောင့် ရှောင်းကျန့်ကြိတ်ငိုရတယ်။ ဒီကလေးတွေဟာလေ လူကိုစိတ်မကောင်းဖြစ်အောင်အရမ်းလုပ်တတ်တာပဲ။

"အကုန်လုံးကျန်းမာရေးဂရုစိုက်ကြနော်
အမားနဲ့အပါးတို့ရဲ့စကားကိုနားထောင်ကြ ဆရာ့တပည့်တွေကလိမ္မာပါတယ် ဟုတ်တယ်မလား"

ကလေးတွေနဲ့အရပ်ညီအောင်ဒူးထောက်ချလိုက်ပြီး ရှောင်းကျန့်ပြောတဲ့အခါ ကလေးတွေကမျက်ရည်ဇွတ်သုတ်ရင်း အလုအယက်ခေါင်းညိမ့်ကြတယ်။ 'မလိမ္မာရင်ဆရာကမချစ်ဘူး'လို့ပြောတဲ့နေ့ကစပြီး ရှောင်းကျန့်ကသူတို့ကိုမလိမ္မာဘူးလို့သတ်မှတ်လိုက်မှာကို ကလေးတွေကစိုးရိမ်နေတတ်ပါတယ်။

"အားကျန့် ပြန်ကြရအောင်
နောက်ကျနေလိမ့်မယ်"

လူအုပ်နဲ့နည်းနည်းလှမ်းတဲ့နေရာမှာရပ်နေတဲ့ပါးပါးကရှောင်းကျန့်ကိုလှမ်းသတိပေးလာတာမို့ ရှောင်းကျန့်လည်းမျက်ရည်တွေကိုဆွယ်တာလက်ဖျားနဲ့ဖိသုတ်ရင်းခေါင်းညိမ့်လိုက်တယ်။ မားမားကိုကြည့်မိတော့ရှောင်းကျန့်အပေါ်သနားအားနာတဲ့မျက်ဝန်းတွေနဲ့။

"အားလုံးပဲ ကျွန်တော်သွားပြီနော်
အစစအရာရာဂရုစိုက်ကြပါ"

စကားပြန်မပြောနိုင်ဘဲတသိမ့်သိမ့်ရှိုက်ငိုရင်း အားလုံးကခေါင်းညိမ့်ကြတယ်။ ကလေးတွေကတော့သူတို့ထပ်ဆွဲထားတဲ့ရှောင်းကျန့်ဘောင်းဘီရဲ့အောက်အနားစကိုမလွှတ်ချင်ဘဲလွှတ်ပေးလိုက်တယ်။ အဝတ်ထုတ်လေးကိုဆွဲရင်း ပါးပါးတို့နဲ့အတူတောင်အောက်ကိုဆင်းလာခဲ့လိုက်တယ်။ ရွာသူ၊ရွာသားတွေကတော့တောင်ပေါ်မှာလက်ပြကျန်ခဲ့လေရဲ့။ မပြန်ပါနဲ့ရယ်လို့နားပူနားဆာလုပ်ပြီးဇွတ်မတားကြတဲ့ဒီလူတွေဟာ ရှောင်းကျန့်ကွယ်ရာမှာတော့တသိမ့်သိမ့်ရှိုက်ငိုသူကငို၊ ကြိတ်ငိုသူကငိုနဲ့ပေါ့။

"အားကျန့် တက်လေ"

ရွာပြင်ရောက်တော့ ကားတံခါးကိုဆွဲဖွင့်ပြီးမှမတက်ဘဲရပ်နေတဲ့ရှောင်းကျန့်လက်မောင်းကိုမားမားကအသာတို့ရင်းပြောတယ်။ ချက်ချင်းမတက်သေးဘဲ ဘေးဘီဝန်းကျင်ကိုမျှော်လင့်ချက်ခပ်သေးသေးနဲ့ဝေ့ဝဲကြည့်မိတယ်။ တကယ်ကြီးလာနှုတ်မဆက်တော့ဘူးပဲ အဲ့ဒီအကြီးအကဲလောင်းလျာက။

"ကဲ မောင်းပြီနော်"

ရှောင်းကျန့်ရော၊မားမားပါကားပေါ်တက်ပြီးတဲ့အခါ ပါးပါးကကားစက်နှိုးတယ်။ ကားစက်သံငြိမ်ငြိမ်နဲ့အတူ ကားကလေးကစထွက်လာတယ်။ ရှောင်းကျန့်ကတော့ကျန်ရစ်ခဲ့ပြီဖြစ်တဲ့ရွာကလေးကိုနောက်ကြည့်မှန်ကနေကြည့်ရင်း ဗျာများနေတုန်း။ တစ်နေရာရာကနေများစောင့်ကြည့်နေလေမလားရယ်ဆိုတဲ့အတွေးနဲ့ အလောသုံးဆယ်ကြည့်မိပေမယ့် အရိပ်အယောင်တောင်မမြင်ရတဲ့အခါ ရှောင်းကျန့်ရင်တွေနာရတယ်။

"အားကျန့်"

တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ရွာကလေးကိုလှည့်ငေးနေတုန်း ပါးပါးကခေါ်လာတယ်။

"ဟုတ်ကဲ့ ပြောပါ ပါး"

ရှောင်းကျန့်ကို ကားရှေ့ခန်းရဲ့နောက်ကြည့်မှန်ကနေတစ်ဆင့်ပါးပါးကကြည့်လာတယ်။

"ဟိုရောက်ရင်ယင်းအာနဲ့အမြန်ဆုံးလက်ထပ်ရမယ် မင်းလည်းမငယ်တော့ဘူး"

အဝတ်အိတ်ကိုကိုင်ထားတဲ့ရှောင်းကျန့်လက်တွေအလိုလိုဆုတ်မိသွားတယ်။ မားမားကတော့ဘေးနားကနေသက်ပြင်းတွေချနေလေရဲ့။ တစ်ခါတစ်လေရူးမိုက်ဖို့တွေးမိစေတဲ့အထိ ပါးပါးကတင်းကြပ်တယ်။ အခုမှမဟုတ်ဘူး။ ဟိုးအရင်တည်းကပဲ။ အိမ်ကထွက်ပြေးဖို့ကြိုးစားဖူးတဲ့အထိ ရှောင်းကျန့်ကပါးပါးရဲ့စည်းတွေ၊ဘောင်တွေထဲမှာကြီးပြင်းခဲ့ရတယ်။ အမြဲတမ်းဆူပူနေတာမဟုတ်ပေမယ့် ပါးပါးရဲ့စကားကိုပယ်ရှားဖို့ရှောင်းကျန့်မှာသတ္တိမရှိခဲ့တဲ့အပြင် မားမားကိုစိတ်မညစ်စေချင်ခဲ့တာလည်းပါတယ်။

"ပါး ကျွန်တော်ပြောစရာရှိတယ်"

မွေးလာပြီးတည်းကမတွန်းလှန်ခဲ့ဖူးတဲ့သတ္တိတွေကိုစုပြီးတဲ့အခိုက်မှာ ရှောင်းကျန့်ပြောလိုက်တဲ့အခါ ပါးပါးကကားမောင်းနေရင်းနဲ့ခေါင်းညိမ့်တယ်။

"ကားခဏလောက်ရပ်ပေးပါ
ကျွန်တော့်မှာပါးကိုပြောစရာတွေရှိနေတယ်"

မားမားရော၊ပါးပါးပါ အံ့အားသင့်သလိုရှောင်းကျန့်ကိုကြည့်လာပေမယ့် ပါးပါးကအရင်အကြည့်လွှဲသွားပြီးကားစက်ကိုရပ်လိုက်တယ်။ အခုဆိုချင်းလုံနဲ့လည်းတော်တော်ဝေးလာပြီ။ ဒါပေမယ့်မြို့ပြတွေဆီမရောက်သေးဘူး။ ဝမ်ရိပေါ်လာကြိုခဲ့တဲ့တောလမ်းကလေးမှာပဲရှိသေးတယ်။

"ပါးကိုဘာပြောချင်တာလဲ အားကျန့်"

ကားရှေ့ခန်းရဲ့နောက်ကြည့်မှန်ကနေ ရှောင်းကျန့်ကိုစူးစိုက်ကြည့်ရင်း ပါးပါးမေးတယ်။

"ကျွန်တော်ယင်းအာနဲ့လက်မထပ်ချင်ဘူး ပါး
ကျွန်တော်ယင်းအာကိုမချစ်ဘူး"

သတ္တိတွေကိုရသလောက်စုပြီး ရှောင်းကျန့်ပြောတဲ့အခါ ပါးပါးကလှည့်ကြည့်လာရင်းမျက်မှောင်ကျုံ့တယ်။

"အချစ်ဆိုတာဘာလဲအားကျန့်သိလို့လား ပြောစမ်းပါဦး ပါးကို"

လေးနက်တဲ့လေသံနဲ့မေးလာတဲ့ပါးပါးမျက်နှာကိုစေ့စေ့ကြည့်ရင်း ရှောင်းကျန့်သက်ပြင်းတစ်ချက်ကိုအားယူပြီးရှိုက်လိုက်တယ်။

"ကျွန်တော့်မှာချစ်ရမယ့်သူရှိပါတယ်
ယင်းအာမဟုတ်တဲ့တခြားလူပါ"

ရှောင်းကျန့်ပြောတော့ မားမားကမယုံနိုင်သလိုကြည့်လာပေမယ့် ပါးပါးကတော့သာမန်မျက်နှာထားနဲ့ပဲ။ ဘာမှထူးထူးခြားခြားအံ့သြဟန်မပြဘူး။

"မဟုတ်မှအကြီးအကဲရဲ့သားများလား
အားကျန့်ချစ်ရတဲ့သူက"

ပါးပါးရဲ့တည့်တိုးမေးလာတဲ့မေးခွန်းကြောင့် ရှောင်းကျန့်မျက်လုံးတွေဝိုင်းခနဲ။ ပါးပါးကဒီအကြောင်းကိုဘယ်လိုသိနေခဲ့တာတဲ့လဲ။

"ပါးကိုငတုံးလေးလို့တွေးမနေနဲ့ အားကျန့်
ပါးတို့စရောက်လာတဲ့နေ့လည်တုန်းက အဲ့ဒီကောင်လေးရဲ့စိုးရိမ်ပူပင်လွန်းနေတဲ့မျက်ဝန်းတွေကို ပါးမမြင်နိုင်ဘူးလို့များအားကျန့်တွေးနေခဲ့တာလား"

ပါးပါးကတည်တည်ငြိမ်ငြိမ်ပဲပြောလာတဲ့အခါ သက်ပြင်းတွေခဏခဏချနေတာမားမဖြစ်ပြီးမလှုပ်မယှက်ထိုင်နေမိတာကတော့ရှောင်းကျန့်ပါပဲ။ နည်းနည်းအသိဝင်လာတော့ ရှောင်းကျန့်ကားတံခါးကိုဖွင့်ပြီးအပြင်မှာထွက်လိုက်တယ်။ အဲ့ဒီအခါပါးရော၊မားရောကပါ ကားပေါ်ကဆင်းလာကြတယ်။

"ကျွန်တော်ယင်းအာနဲ့လက်မထပ်နိုင်ပါဘူး တောင်းပန်ပါတယ်"

အဝတ်အိတ်ကိုကျစ်နေအောင်ဆွဲထားပြီးရှောင်းကျန့်ပြောတဲ့အခါ မားမားရှောင်းကျန့်လက်မောင်းကိုသတိပေးသလိုလာကိုင်တယ်။ မားမားကိုအားနာပေမယ့် ရှောင်းကျန့်လည်းနေရတာမွန်းကျပ်လာပြီ။

"ဘာလို့တောင်းပန်တာလဲ အားကျန့်"

ပါးပါးက စိတ်ပျက်နေတဲ့လေသံမဟုတ်ဘဲပုံမှန်လေသံနဲ့ရှောင်းကျန့်ကိုမေးပါတယ်။

"ကပ်ရမယ့်ကမ်းဟာအဲ့ဒီအမျိုးသားမဟုတ်သ၍ ကျွန်တော်ရွက်မလွှင့်ချင်ပါဘူး"

ပါးပါးမျက်နှာကိုမကြည့်ဘဲ မြေပြင်ကိုစိုက်ကြည့်နေရင်း ရှောင်းကျန့်ပြောတော့ ပါးပါးဆီကစကားသံထွက်မလာဘူး။

"ကျွန်တော်ပါးတို့နဲ့ပြန်မလိုက်နိုင်တော့ပါဘူး ချင်းလုံကိုပဲပြန်တော့မှာပါ
အဲ့တာကြောင့်တောင်းပန်ပါတယ် ပါး"

ရှောင်းကျန့်စကားဆုံးတာနဲ့ ပုခုံးပေါ်ရောက်လာတဲ့လက်ဖဝါးတစ်ဖက်ကြောင့် ရှေင်းကျန့်မော့ကြည့်လိုက်တော့ ပါးပါးကရှောင်းကျန့်တစ်ခါမှမမြင်ဖူးတဲ့အပြုံးနုနုနဲ့ရှောင်းကျန့်ကိုကြည့်နေတယ်။

"အားကျန့်တောင် ပါးကိုအရင်လိုမကြောက်တော့ဘူးပဲ"

ရှောင်းကျန့်ပုခုံးကိုခပ်ဖွဖွဆုတ်ထားရင်း ပါးပါးကပြောပါတယ်။ သေချာတာပေါ့။ ရှောင်းကျန့်ပါးပါးကိုဒီတစ်ကြိမ်ပဲသိသိသာသာငြင်းဆန်ဖို့၊တွန်းလှန်ဖို့အင်အားရှိခဲ့တာ။ ဘာကြောင့်လဲဆိုရင်ဝမ်ယွဲ့လုံတိုင်းရင်းသားလေးကြောင့်၊ ချင်းလုံ​မြေကြောင့်၊ ပြီးတော့ကလေးတွေကြောင့်ပါပဲ။

"ဒီတစ်ကြိမ်မှာအားကျန့်စကားကိုပါးပါးအလေးထားပေးပါ့မယ်
ကဲ!!! ကားပေါ်တက်တော့ ချင်းလုံကိုပြန်ကြရအောင်"

ပါးပါးစကားကြောင့် ရှောင်းကျန့်မျက်ရည်ဝဲနေရာကနေ ကလေးလိုပါးပါးကိုဖက်ပြီးငိုမိတယ်။ တစ်ချိန်လုံးတင်းကျပ်ခဲ့တဲ့ပါးပါးက ဒီတစ်ကြိမ်မှာတော့ ရှောင်းကျန့်ဆန္ဒကိုအလေးထားပေးတယ်ဆိုတဲ့အသိကြောင့် လှိုက်တက်လာတဲ့ကြည်နူးစိတ်ကဖုံးမရ၊ဖိမရ။ ပါးပါးကကားဘေးမှာရပ်ရင်းငိုနေတဲ့ရှောင်းကျန့်နောက်ကျောကိုအသာပုတ်ပေးရင်းပြောပါတယ်။ 'အားကျန့်ကိုပါးလည်းချစ်ပါတယ်'တဲ့။ မားမားကတော့ရှောင်းကျန့်တို့နှစ်ယောက်ကိုကြည့်ရင်းခိုးငိုနေလေရဲ့။

"ကဲ!! ချင်းလုံကိုပြန်ကြရအောင်
မဟုတ်ရင်အားကျန့်ကခြေလျင်ပြန်တော့မယ့်ပုံပဲ"

ပါးပါးစကားကြောင့် ရှောင်းကျန့်ရော၊မားမားပါရယ်မိကြတယ်။ ကားလေးကိုချင်းလုံမြေရှိရာဆီပြန်လည်ဦးတည်တဲ့အခိုက် ရှောင်းကျန့်ရဲ့ဝမ်ယွဲ့လုံတိုင်းရင်းသားလေးဘယ်လိုပုံစံနဲ့ဆီးကြိုမလဲဆိုတာတွေးပြီးရင်ခုန်ပါတယ်။ ဒါပေမယ့်ပြန်တဲ့အချိန်တုန်းက လာနှုတ်မဆက်ခဲ့တဲ့အတွက်နည်းနည်းတော့စိတ်ခုချင်တယ်။

တောပန်းရနံ့ရယ်၊ ကားပေါ်ကနေခံစားရတဲ့လေငွေ့နွေးနွေးရယ်နဲ့ရှောင်းကျန့်ပြုံးနေမိတယ်။ မားမားကတော့ပါးပါးအားတဲ့ရက်တွေဆိုလာတွေ့မယ့်အကြောင်း၊အစစအရာဂရုစိုက်ဖို့အကြောင်း၊ ဖုန်းလိုင်းမိတဲ့အခါမမေ့မလျော့ဖုန်းဆက်ဖို့အကြောင်းတဖွဖွမှာပါတယ်။ သမာရိုးကျထက်ဆန်းကျယ်တဲ့မေတ္တာရေးကိုမိဘတွေကလက်ခံကြတယ်ဆိုတဲ့အသိဟာ ဘယ်အရာနဲ့မှမတူအောင်ပျော်ရွှင်ရပါတယ်။ ခပ်ကြာကြာပြန်လှည့်မောင်းပြီးတဲ့အခါ ချင်းလုံရဲ့အဝင်ဝကိုရောက်လာတယ်။ တောင်ခြေဖက်သွားကြချိန်လား၊ တောင်ယာသွားလုပ်နေကြချိန်လားမသိပေမယ့် ချင်းလုံရွာဟာတိတ်ဆိတ်လို့။

"အားကျန့် ဆင်းတော့
ပါးတို့မလိုက်တော့ဘူး
အစစအရာရာသေချာဂရုစိုက်နော်" 

ရှောင်းကျန့်ကားပေါ်ကဆင်းပြီးတဲ့အခါ ပါးပါးနဲ့မားမားကကားပေါ်ကဆင်းမနေတော့ဘဲ မှာပါတယ်။

"ဟုတ်ကဲ့ပါ ပါး
ပါးတို့လည်းကောင်းကောင်းပြန်ပါ"

ရှောင်းကျန့်ပြောတော့ ကားပေါ်ကပါးပါးရော၊မားမားရောက ပြုံးပြရင်းခေါင်းညိမ့်ကြတယ်။ ပါးပါးတို့ကားလေးပြန်လှည့်သွားတဲ့အခါ ရှောင်းကျန့်ချင်းလုံမြေကိုစဝင်လိုက်တယ်။ တောင်ယာဆင်းနေပုံရတဲ့ရွာကလေးထက် ရှောင်းကျန့်ရဲ့စာသင်ကျောင်းကလေးရှိရာကိုအရင်သွားဖို့တွေးပါတယ်။ အဝတ်အိတ်ထားပြီးတဲ့အခါ အကြီးအကဲရဲ့နေအိမ်ကိုသွားပြီးတိုင်းရင်းသားကောင်လေးကိုဆူချင်သေးတယ်။ ဘာလို့နှုတ်မဆက်ဘဲနေနိုင်ရတာလဲဆိုပြီးပေါ့။ အဆင်ပြေပါတယ်လို့ပြောခဲ့တာရှောင်းကျန့်မဟုတ်တဲ့အတိုင်း။

တောင်တက်လမ်းလေးကနေတက်လာတဲ့ရှောင်းကျန့်ရဲ့ခြေလှမ်းတွေဟာတက်ကြွနေပုံများ။ မခွဲခွာရတော့ဘူးဆိုတဲ့အသိကြောင့် တောပန်းရနံ့လေးတွေတောင်အနားမှာဝေ့ဝဲသင်းပျံ့လာသလိုလို။ လက်ထဲကအဝတ်အိတ်ကိုပေါ့ပေါ့ပါးပါးဆွဲရင်းတောင်ပေါ်ကိုတက်လာလိုက်တယ်။ တောင်တက်လမ်းရဲ့အဆုံး စာသင်ကျောင်းကလေးအနားကိုရောက်တော့မြင်လိုက်ရတာကကျောပြင်နက်ပြာပြာ။ အတူထိုင်နေကျတောင်ကမူလေးပေါ်မှာထိုင်ရင်းတောင်တန်းအုပ်အုပ်တွေဆီကိုငေးလို့။

တားထားရင်ရမယ်မှန်းသိရဲ့သားနဲ့မတားခဲ့ဘဲ အခုမှဘာလို့ဒီမှာရောက်နေရတာတဲ့လဲ။ ဒီတောင်ပေါ်သားကတော့ တကယ်ခက်တာပဲ။ ကျန်ရစ်ခဲ့မယ်ဆိုရင်လည်းမေ့မေ့ပျောက်ပျောက်နေနိုင်တာမဟုတ်ပါဘဲနဲ့။

"ရိပေါ်"

အဝတ်အိတ်ကိုမြေကြီးပေါ်မှာချလိုက်ရင်း ရှောင်းကျန့်ခေါ်တော့ ကျောပေးထားတဲ့လူကဆတ်ခနဲလှည့်ကြည့်လာတယ်။ လက်ထဲမှာလည်းခရမ်းရောင်အနားသတ်ထားတဲ့အဖြူရောင်ပန်းပွင့်လေးနဲ့။ မျက်ရည်တွေဝေ့နေတဲ့ကြားထဲကနေ အဲ့ဒီတိုင်းရင်းသားကောင်လေးကရှောင်းကျန့်ရှိရာကိုအပြေးလာတယ်။

"ခင်ဗျားလား တကယ်ပဲခင်ဗျားပြန်လာတာလား ကျွန်တော့်ဆီ"

ရှောင်းကျန့်ကိုလွတ်ထွက်သွားမတတ်ဖက်ရင်း ဝမ်ရိပေါ်ကပြောတယ်။

"ချင်းလုံကကျွန်တော့်အိမ်ပဲလေ
ပြီးတော့ကလေးတွေကိုလည်းကျွန်တော်စာသင်ရဦးမှာ"

ရှောင်းကျန့်ပြောတဲ့အခါ ဝမ်ရိပေါ်ကဖက်ထားတာကိုလွှတ်ရင်းခေါင်းညိမ့်တယ်။ ပြီးတော့ခပ်ဖွဖွပြုံးတယ်။

"မိဘကခေါ်တာကိုမလိုက်ဘဲပြန်လာတဲ့ဆရာရှောင်းကျန့်ကဆိုးလိုက်တာဗျာ"

ရှောင်းကျန့်နဖူးကဆံပင်တွေကိုသပ်တင်ပေးရင်း ဝမ်ရိပေါ်ကခပ်တိုးတိုးဆိုတယ်။ အနီးကပ်မို့သေချာကြားတဲ့ရှောင်းကျန့်ကတော့မကျေမနပ်ဖြစ်သွားတယ်။ ဒီလောက်သတ္တိတွေစုပြီးပြန်လာရတဲ့မျက်နှာကိုမှမထောက်။

"ကျွန်တော့်ကတော့မပြန်စေချင်တာကိုမတားဘဲပြန်လွှတ်နေတဲ့ဝမ်ရိပေါ်က ကျွန်တော့်ထက်ပိုဆိုးတယ်လို့ထင်တယ်"

မကျေမနပ်နဲ့ပြောလိုက်တာကြောင့် အသံကနည်းနည်းကျယ်သွားတဲ့အခါ ဝမ်ရိပေါ်ကစိတ်လိုလက်ရရယ်တယ်။

"ဟုတ်ပါတယ် ကျွန်တော်ကဆရာရှောင်းကျန့်ထက်ဆိုးတယ်"

ပြောပြီးတာနဲ့ရှောင်းကျန့်နဖူးကိုထိကပ်လာတဲ့နွေးထွေးတဲ့နှုတ်ခမ်းတွေ။ လုပ်ချင်ရာလုပ်ပြီးတဲ့အခါတောင်ပေါ်သားကပြောတယ်။ 'ပိုဆိုးတဲ့လူမို့အခွင့်အရေးပိုယူဦးမယ်'တဲ့။

#TayyYizhan
16.12.2022(Fri)
A/N
~ဟိုတစ်နွေဆီက သူငယ်စဥ်တွယ်တာတဲ့ ကြင်နာသူမြေပြန့်သားလေးလိုက်လို့လာခေါ်စဥ်တစ်ချိန်က တောင်ပေါ်မြေတစ်ဖက်၊ ကြင်နာသူတစ်ဖက် ဒီအခက်အခဲလက်တွဲဖြုတ်လို့ခေါင်းခါခဲ့~

မရေးဘူးလုပ်နေရင်းကနေ အများကြီးပျော်လို့အများကြီးရေးထားပါတယ်။ ( သီချင်းရဲ့ဒီအပိုဒ်နဲ့ဆင်ဆင်တူပါတယ်။ လုံးဝဥသုံကြီးတော့မတူပါဘူး။နည်းနည်းတော့ကွဲတယ်)

Zawgyi
/

တဖ်စ္ဖ်စ္ျမည္ေနတဲ့မီးဖိုေလးလည္းၿငိမ္းသြားသလို နည္းနည္းပါးပါးက်ေနတဲ့ႏွင္းေတြလည္းစဲသြားတယ္။ မနက္ခင္းအလင္းေရာင္နဲ႕အတူ ျပန္ရေတာ့မယ္ဆိုတာေတြးမိတဲ့အခိုက္ ေရွာင္းက်န့္စိတ္ထဲေနာက္က်ိသြားပုံမ်ား။ မေန႕ညကမီးဖိုနားမွာအတူထိုင္ရင္း တစ္ေယာက္ရင္ေငြ႕တစ္ေယာက္ခိုလႈံခဲ့တာေတြလည္းၿပီးဆုံးသြားခဲ့ၿပီ။ အခ်ိန္ေတြကသိပ္ကိုျမန္လြန္းပါတယ္။

"ဆရာေလး သားတို႔ေတာင္ေအာက္ကိုဆင္းေတာ့မယ္ ၿပီးရင္ျပန္လာခဲ့မယ္"

မနက္မိုးလင္းေတာ့ ကေလးေတြကေစာင္ထုတ္ကေလးေတြကိုယ္စီပိုက္ၿပီးေတာင္ေအာက္ကိုျပန္သြားၾကတယ္။ မေန႕ညကဝမ္ရိေပၚလည္းကေလးေတြနဲ႕အတူအိပ္တယ္။ ဒါေပမယ့္ ေရွာင္းက်န့္ကိုေတာ့ 'ကေလးေတြအအိပ္ၾကမ္းရင္ ခင္ဗ်ားအိပ္ေရးပ်က္လိမ့္မယ္'ဆိုတဲ့အေၾကာင္းျပခ်က္နဲ႕ ကုတင္ေပၚမွာပဲအိပ္ခိုင္းပါတယ္။ ဒီေကာင္ေလးဟာေလ ေရွာင္းက်န့္အတြက္သိပ္ေတြးတတ္လြန္းေနတယ္။ ဒီလိုနဲ႕ေဝးၾကတဲ့အခါ ဂ႐ုတစိုက္ရွိမႈေသးေသးေလးေတြကိုက်ိန္းေသလြမ္းရဦးမယ္နဲ႕တူပါရဲ႕။

"ဆရာေရွာင္းက်န့္"

အဝတ္အစားအိတ္ျပင္ၿပီးအျပင္ထြက္လာေတာ့ ဝမ္ရိေပၚနဲ႕ေတြ႕တယ္။ ကေလးေတြနဲ႕အတူေတာင္ေအာက္ကိုျပန္မသြားဘဲ ဘာလုပ္ေနတာလဲလို႔ေမးဖို႔ျပင္ေပမယ့္ ေရွာင္းက်န့္မေမးမိပါဘူး။

"ကြၽန္ေတာ္ေနာက္တစ္ေခါက္ထပ္မလာေတာ့ဘူးေနာ္ ေကာင္းေကာင္းျပန္ပါ"

ေရွာင္းက်န့္မ်က္ႏွာကိုၾကည့္ရင္း ေျပာလာတဲ့စကားေၾကာင့္ေရွာင္းက်န့္မ်က္ရည္ေဝ့ခ်င္သြားတာေၾကာင့္ ေခါင္းကိုအျမန္ငုံ႕ခ်လိဳက္ရတယ္။ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးမွ ဝမ္ရိေပၚဆီၾကည္မိေတာ့ မ်က္ဝန္းေတြကႏြမ္းႏြမ္းလ်လ်။

"ရိေပၚသေဘာပါပဲ ကြၽန္ေတာ္ကအဆင္ေျပပါတယ္"

ေရွာင္းက်န့္ေျပာေတာ့ ဝမ္ရိေပၚကေခါင္းညိမ့္တယ္။ ေတာင္တန္းေတြကစိမ္းလို႔ညွို႔လို႔။ ေရွာင္းက်န့္ရင္ထဲမွာလည္းမွိုင္းလို႔အုံ႕လို႔ပါပဲ။ ေတာပန္းကေလးေတြေျခာက္သြားသလို ေရွာင္းက်န့္နဲ႕ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးရဲ႕အမွတ္တရေတြလည္းေျခာက္ေသြ႕ေဟာင္းႏြမ္းသြားဦးမယ္နဲ႕တူပါတယ္။

"အစစအရာရာဂ႐ုစိုက္ပါ ဆရာေရွာင္းက်န့္
ေျမျပန့္ကခ်င္းလုံမွာေလာက္ေတာ့မေအးေလာက္ဘူးဆိုေပမယ့္ ခင္ဗ်ားကအေအးေၾကာက္တယ္မလား
အဲ့တာေၾကာင့္ေႏြးေႏြးေထြးေထြးေနပါ"

အစစအရာရာဂ႐ုစိုက္ဖို႔မွာေနတဲ့ဝမ္ရိေပၚအသံမွာ လွိုက္သံေတြပါေနတယ္ ။ ဒါဟာရာသီဥတုေအးလို႔ျဖစ္လာတဲ့အသံမ်ိဳးမဟုတ္တာကို ဝမ္ရိေပၚေရာ ေရွာင္းက်န့္ပါေကာင္းေကာင္းသိပါတယ္။ အမ်ားႀကီးရင္ေလးေနပုံပါပဲ။ ထြက္သြားတဲ့သူထက္က်န္ရစ္တဲ့လူကပိုခံစားရတယ္ဆိုတာမ်ိဳးကမမွန္နိုင္ပါဘူး။ ခြဲခြာရျခင္းဟာႏွစ္ဖက္လုံးအတြက္မို႔ ေရွာင္းက်န့္အတြက္မေပ်ာ္႐ႊင္ရသလို ဝမ္ရိေပၚအတြက္လည္းစိတ္ပူပင္စရာေတြပါ။

"ကြၽန္ေတာ္မရွိတဲ့အခါက်ရင္ ကေလးေတြကိုရိေပၚကပဲဂ႐ုစိုက္ေပးပါဦး
စာသင္ရတာဝါသနာမပါလို႔ဆိုၿပီး ကေလးေတြကိုပစ္မထားပါနဲ႕ ရိေပၚ"

ေရွာင္းက်န့္စကားကို ဝမ္ရိေပၚကခ်က္ခ်င္းေခါင္းညိမ့္တယ္။ ဒီအမွာစကားကိုမေျပာျဖစ္ရင္ေတာင္ ဝမ္ရိေပၚက ကေလးေတြကိုဂ႐ုစိုက္မယ္ဆိုတာေရွာင္းက်န့္ယုံၾကည္ပါတယ္။

"အဲ့တာအတြက္စိတ္ခ်ပါ ဆရာေရွာင္းက်န့္
ကြၽန္ေတာ္ျပန္ေတာ့မယ္"

ေရွာင္းက်န့္ကိုေျပာၿပီးလွည့္ထြက္သြားတဲေက်ာျပင္နက္ျပာေရာင္ကို အေၾကာင္းျပခ်က္မယ္မယ္ရရမရွိဘဲရပ္ၾကည့္ေနမိတယ္။ ေနာက္တစ္ခါထပ္မေတြ႕ရေတာ့ဘူးဆိုတဲ့အေတြးနဲ႕၊ ေနာက္တစ္ႀကိမ္အဲ့ဒီရင္ေငြ႕ကိုခိုလႈံခြင့္မရွိေတာ့ဘူးဆိုတဲ့အေတြးနဲ႕ အခ်ိန္အၾကာႀကီးရပ္ၾကည့္မိတာပါပဲ။ တိုင္းရင္းသားေကာင္ေလးကေတာ့ ေရွာင္းက်န့္ကိုလွည့္မၾကည့္ေတာ့ဘဲ ေတာင္ဆင္းလမ္းကေနတန္းတန္းမတ္မတ္ျပန္သြားတယ္။ ေတာင္ေပၚမွာဘယ္သူမွမရွိေတာ့တဲ့အခါ ျပင္ဆင္ၿပီးသားျဖစ္တဲ့အဝတ္ထုတ္ကိုဆြဲၿပီးအျပင္ထြက္ထိုင္ေနလိုက္တယ္။ မၾကာခင္မွာကေလးေတြနဲ႕အတူ ပါးပါးနဲ႕မားမားေရာေရာက္လာပါေတာ့မယ္။

"ဆရာေလး သားတို႔ေရာက္ၿပီ
အမားတို႔လည္းပါတယ္"

"ငါတို႔လည္းပါလာတယ္ ဆရာေလးေရ"

ခဏေလာက္ၾကာေတာ့ ကေလးေတြနဲ႕အတူသူတို႔မိဘေတြပါေရာက္လာတာမို႔ေရွာင္းက်န့္အံ့ၾသသြားတယ္။ သူတို႔အတြက္ေရွာင္းက်န့္ကမီးအိမ္ေလးတစ္လုံးလိုရွိေနခဲ့တယ္ဆိုတာအလိမ္အညာေတြမဟုတ္ခဲ့ပါဘူး။ သူတို႔ရင္ထဲမွာေရာ၊ကေလးေတြရဲ႕ႏွလုံးသားထဲမွာပါ ေရွာင္းက်န့္ဟာအလင္းေရာင္ေလးတစ္ခုအျဖစ္ရွိေနခဲ့​ေၾကာင္းသိရတဲ့အခါ ေတာင္ေပၚေျမကိုေနာက္ထပ္တစ္ႀကိမ္သံေယာစဥ္ျဖစ္မိျပန္တယ္။ ဒီလူေတြနဲ႕ခြဲရမွာကိုေရွာင္းက်န့္မလိုလာပါဘူး။ အဲ့ဒီေနာက္မွာေတာ့ ခပ္လွမ္းလွမ္းကေနပါလာတာက ေရွာင္းက်န့္ရဲ႕ပါးပါးနဲ႕မားမား။ ၿပီးေတာ့အႀကီးအကဲလုံအာ။ အားလုံးရဲ႕မ်က္ႏွာမွာေရွာင္းက်န့္ကိုမသြားေစလိုေၾကာင္း၊ျပန္ထည့္ေပးလိုက္ဖို႔ႏွေျမာေၾကာင္းအရိပ္အေယာင္ေတြကိုယ္စီနဲ႕။ ဒါေပမယ့္ေရွာင္းက်န့္ခ်စ္ရတဲ့ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးကေတာ့ပါမလာခဲ့ဘူး။

"ဆရာေလး ဒါကငါကိုယ္တိုင္ယက္ထားတဲ့ရိုးရာဝတ္စုံပါ ဆရာေလးတို႔ေျမျပန့္မွာေတာ့ဘယ္လိုဓေလ့ရွိတယ္ဆိုတာငါမသိေပမယ့္ ငါတို႔ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုမွာေတာ့ ရိုးရာဝတ္စုံေပးတယ္ဆိုတာကိုယ့္အတြက္အေရးပါတဲ့သူေတြကိုပဲေပးတာပါ လီဟုန့္အသက္ကိုကယ္ခဲ့တဲ့အတြက္ငါဆရာေလးကိုသိပ္ေက်းဇူးတင္ပါတယ္"

လီဟုန့္အေမကစကားအရွည္ႀကီးေျပာရင္း နက္ျပာေရာင္ေတာက္ေနတဲ့ရိုးရာဝတ္စုံေလးကိုကမ္းေပးလာတယ္။ ဒီလိုအရာေတြကိုႀကဳံလိုက္ရတဲ့အခါမွ ေရွာင္းက်န့္ကိုယ္တိုင္လည္း ဒီခ်င္းလုံေျမကိုဘယ္ေလာက္တန္ဖိုးထားျမတ္နိုးမိ​ေၾကာင္းသိရတယ္။ ႏွလုံးသားအထိဆို႔နင့္သြားလိုက္ပုံမ်ား။

"ဆရာေလးက ငါတို႔ခ်င္းလုံ႐ြာနဲ႕ငါတို႔ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုအတြက္အားထားရတဲ့မီးအိမ္ကေလးတစ္လုံးပါပဲ ငါတို႔အားလုံးဆရာေလးကိုသတိရေနပါ့မယ္"

အႀကီးအကဲလုံအာရဲ႕စကားေၾကာင့္ ႐ြာသူ႐ြာသားေတြနဲ႕ကေလးေတြကမ်က္ရည္ေတြေဝ့ေနရာကေန စၿပီးငိုၾကတယ္။ ေရွာင္းက်န့္လည္းမငိုပါနဲ႕လို႔မတားရက္တဲ့အျပင္ ကိုယ္တိုင္ပါဆို႔နင့္ၿပီးငိုခ်ပစ္ခ်င္ေနတာမို႔ ဘာမွျပန္မေျပာမိဘူး။

"ဆရာေလး ျဖစ္နိုင္ရင္မျပန္ပါနဲ႕လား ဆရာေလးရယ္"

အသက္ခပ္ႀကီးႀကီးအေဒၚႀကီးကရိုးရာဝတ္စုံရဲ႕လက္ဖ်ားနဲ႕မ်က္ရည္ေတြကိုသုတ္ရင္းေျပာလာတာမို႔ ေရွာင္းက်န့္လည္းမ်က္ရည္တစ္စက္ေပါက္ခနဲက်သြားတယ္။

"ဆရာေလးကိုစိတ္မေကာင္းျဖစ္ေအာင္မလုပ္ၾကနဲ႕ အားလုံး"

အႀကီးအကဲရဲ႕ဟန့္တားသံေအာက္မွာ ႐ြာသူ႐ြာသားေတြကခိုးရွိုက္တဲ့သူရွိုက္၊ခိုးငိုတဲ့သူငိုနဲ႕။ ဒါေပမယ့္ဟန္မေဆာင္တတ္တဲ့ကေလးေတြကေတာ့ေရွာင္းက်န့္အနားမွာသိသိသာသာကိုငိုေနၾကေသးတယ္။

"ဆရာေလး အမားကိုေန႕တိုင္းဟင္းေကာင္းခ်က္ခိုင္းေပးမယ္ေလ သားတို႔ဆီမွာပဲေနပါ မျပန္ပါနဲ႕"

ေရွာင္းက်န့္ရဲ႕ေဘာင္းဘီအနားစကိုလာဆုတ္ရင္းေျပာလိုက္တဲ့ ယြဲ႕လြီစကားေၾကာင့္ ေရွာင္းက်န့္ႀကိတ္ငိုရတယ္။ ဒီကေလးေတြဟာေလ လူကိုစိတ္မေကာင္းျဖစ္ေအာင္အရမ္းလုပ္တတ္တာပဲ။

"အကုန္လုံးက်န္းမာေရးဂ႐ုစိုက္ၾကေနာ္
အမားနဲ႕အပါးတို႔ရဲ႕စကားကိုနားေထာင္ၾက ဆရာ့တပည့္ေတြကလိမၼာပါတယ္ ဟုတ္တယ္မလား"

ကေလးေတြနဲ႕အရပ္ညီေအာင္ဒူးေထာက္ခ်လိဳက္ၿပီး ေရွာင္းက်န့္ေျပာတဲ့အခါ ကေလးေတြကမ်က္ရည္ဇြတ္သုတ္ရင္း အလုအယက္ေခါင္းညိမ့္ၾကတယ္။ 'မလိမၼာရင္ဆရာကမခ်စ္ဘူး'လို႔ေျပာတဲ့ေန႕ကစၿပီး ေရွာင္းက်န့္ကသူတို႔ကိုမလိမၼာဘူးလို႔သတ္မွတ္လိုက္မွာကို ကေလးေတြကစိုးရိမ္ေနတတ္ပါတယ္။

"အားက်န့္ ျပန္ၾကရေအာင္
ေနာက္က်ေနလိမ့္မယ္"

လူအုပ္နဲ႕နည္းနည္းလွမ္းတဲ့ေနရာမွာရပ္ေနတဲ့ပါးပါးကေရွာင္းက်န့္ကိုလွမ္းသတိေပးလာတာမို႔ ေရွာင္းက်န့္လည္းမ်က္ရည္ေတြကိုဆြယ္တာလက္ဖ်ားနဲ႕ဖိသုတ္ရင္းေခါင္းညိမ့္လိုက္တယ္။ မားမားကိုၾကည့္မိေတာ့ေရွာင္းက်န့္အေပၚသနားအားနာတဲ့မ်က္ဝန္းေတြနဲ႕။

"အားလုံးပဲ ကြၽန္ေတာ္သြားၿပီေနာ္
အစစအရာရာဂ႐ုစိုက္ၾကပါ"

စကားျပန္မေျပာနိုင္ဘဲတသိမ့္သိမ့္ရွိုက္ငိုရင္း အားလုံးကေခါင္းညိမ့္ၾကတယ္။ ကေလးေတြကေတာ့သူတို႔ထပ္ဆြဲထားတဲ့ေရွာင္းက်န့္ေဘာင္းဘီရဲ႕ေအာက္အနားစကိုမလႊတ္ခ်င္ဘဲလႊတ္ေပးလိုက္တယ္။ အဝတ္ထုတ္ေလးကိုဆြဲရင္း ပါးပါးတို႔နဲ႕အတူေတာင္ေအာက္ကိုဆင္းလာခဲ့လိုက္တယ္။ ႐ြာသူ၊႐ြာသားေတြကေတာ့ေတာင္ေပၚမွာလက္ျပက်န္ခဲ့ေလရဲ႕။ မျပန္ပါနဲ႕ရယ္လို႔နားပူနားဆာလုပ္ၿပီးဇြတ္မတားၾကတဲ့ဒီလူေတြဟာ ေရွာင္းက်န့္ကြယ္ရာမွာေတာ့တသိမ့္သိမ့္ရွိုက္ငိုသူကငို၊ ႀကိတ္ငိုသူကငိုနဲ႕ေပါ့။

"အားက်န့္ တက္ေလ"

႐ြာျပင္ေရာက္ေတာ့ ကားတံခါးကိုဆြဲဖြင့္ၿပီးမွမတက္ဘဲရပ္ေနတဲ့ေရွာင္းက်န့္လက္ေမာင္းကိုမားမားကအသာတို႔ရင္းေျပာတယ္။ ခ်က္ခ်င္းမတက္ေသးဘဲ ေဘးဘီဝန္းက်င္ကိုေမွ်ာ္လင့္ခ်က္ခပ္ေသးေသးနဲ႕ေဝ့ဝဲၾကည့္မိတယ္။ တကယ္ႀကီးလာႏႈတ္မဆက္ေတာ့ဘူးပဲ အဲ့ဒီအႀကီးအကဲေလာင္းလ်ာက။

"ကဲ ေမာင္းၿပီေနာ္"

ေရွာင္းက်န့္ေရာ၊မားမားပါကားေပၚတက္ၿပီးတဲ့အခါ ပါးပါးကကားစက္ႏွိုးတယ္။ ကားစက္သံၿငိမ္ၿငိမ္နဲ႕အတူ ကားကေလးကစထြက္လာတယ္။ ေရွာင္းက်န့္ကေတာ့က်န္ရစ္ခဲ့ၿပီျဖစ္တဲ့႐ြာကေလးကိုေနာက္ၾကည့္မွန္ကေနၾကည့္ရင္း ဗ်ာမ်ားေနတုန္း။ တစ္ေနရာရာကေနမ်ားေစာင့္ၾကည့္ေနေလမလားရယ္ဆိုတဲ့အေတြးနဲ႕ အေလာသုံးဆယ္ၾကည့္မိေပမယ့္ အရိပ္အေယာင္ေတာင္မျမင္ရတဲ့အခါ ေရွာင္းက်န့္ရင္ေတြနာရတယ္။

"အားက်န့္"

တျဖည္းျဖည္းေပ်ာက္ကြယ္သြားတဲ့႐ြာကေလးကိုလွည့္ေငးေနတုန္း ပါးပါးကေခၚလာတယ္။

"ဟုတ္ကဲ့ ေျပာပါ ပါး"

ေရွာင္းက်န့္ကို ကားေရွ႕ခန္းရဲ႕ေနာက္ၾကည့္မွန္ကေနတစ္ဆင့္ပါးပါးကၾကည့္လာတယ္။

"ဟိုေရာက္ရင္ယင္းအာနဲ႕အျမန္ဆုံးလက္ထပ္ရမယ္ မင္းလည္းမငယ္ေတာ့ဘူး"

အဝတ္အိတ္ကိုကိုင္ထားတဲ့ေရွာင္းက်န့္လက္ေတြအလိုလိုဆုတ္မိသြားတယ္။ မားမားကေတာ့ေဘးနားကေနသက္ျပင္းေတြခ်ေနေလရဲ႕။ တစ္ခါတစ္ေလ႐ူးမိုက္ဖို႔ေတြးမိေစတဲ့အထိ ပါးပါးကတင္းၾကပ္တယ္။ အခုမွမဟုတ္ဘူး။ ဟိုးအရင္တည္းကပဲ။ အိမ္ကထြက္ေျပးဖို႔ႀကိဳးစားဖူးတဲ့အထိ ေရွာင္းက်န့္ကပါးပါးရဲ႕စည္းေတြ၊ေဘာင္ေတြထဲမွာႀကီးျပင္းခဲ့ရတယ္။ အၿမဲတမ္းဆူပူေနတာမဟုတ္ေပမယ့္ ပါးပါးရဲ႕စကားကိုပယ္ရွားဖို႔ေရွာင္းက်န့္မွာသတၱိမရွိခဲ့တဲ့အျပင္ မားမားကိုစိတ္မညစ္ေစခ်င္ခဲ့တာလည္းပါတယ္။

"ပါး ကြၽန္ေတာ္ေျပာစရာရွိတယ္"

ေမြးလာၿပီးတည္းကမတြန္းလွန္ခဲ့ဖူးတဲ့သတၱိေတြကိုစုၿပီးတဲ့အခိုက္မွာ ေရွာင္းက်န့္ေျပာလိုက္တဲ့အခါ ပါးပါးကကားေမာင္းေနရင္းနဲ႕ေခါင္းညိမ့္တယ္။

"ကားခဏေလာက္ရပ္ေပးပါ
ကြၽန္ေတာ့္မွာပါးကိုေျပာစရာေတြရွိေနတယ္"

မားမားေရာ၊ပါးပါးပါ အံ့အားသင့္သလိုေရွာင္းက်န့္ကိုၾကည့္လာေပမယ့္ ပါးပါးကအရင္အၾကည့္လႊဲသြားၿပီးကားစက္ကိုရပ္လိုက္တယ္။ အခုဆိုခ်င္းလုံနဲ႕လည္းေတာ္ေတာ္ေဝးလာၿပီ။ ဒါေပမယ့္ၿမိဳ႕ျပေတြဆီမေရာက္ေသးဘူး။ ဝမ္ရိေပၚလာႀကိဳခဲ့တဲ့ေတာလမ္းကေလးမွာပဲရွိေသးတယ္။

"ပါးကိုဘာေျပာခ်င္တာလဲ အားက်န့္"

ကားေရွ႕ခန္းရဲ႕ေနာက္ၾကည့္မွန္ကေန ေရွာင္းက်န့္ကိုစူးစိုက္ၾကည့္ရင္း ပါးပါးေမးတယ္။

"ကြၽန္ေတာ္ယင္းအာနဲ႕လက္မထပ္ခ်င္ဘူး ပါး
ကြၽန္ေတာ္ယင္းအာကိုမခ်စ္ဘူး"

သတၱိေတြကိုရသေလာက္စုၿပီး ေရွာင္းက်န့္ေျပာတဲ့အခါ ပါးပါးကလွည့္ၾကည့္လာရင္းမ်က္ေမွာင္က်ဳံ႕တယ္။

"အခ်စ္ဆိုတာဘာလဲအားက်န့္သိလို႔လား ေျပာစမ္းပါဦး ပါးကို"

ေလးနက္တဲ့ေလသံနဲ႕ေမးလာတဲ့ပါးပါးမ်က္ႏွာကိုေစ့ေစ့ၾကည့္ရင္း ေရွာင္းက်န့္သက္ျပင္းတစ္ခ်က္ကိုအားယူၿပီးရွိုက္လိုက္တယ္။

"ကြၽန္ေတာ့္မွာခ်စ္ရမယ့္သူရွိပါတယ္
ယင္းအာမဟုတ္တဲ့တျခားလူပါ"

ေရွာင္းက်န့္ေျပာေတာ့ မားမားကမယုံနိုင္သလိုၾကည့္လာေပမယ့္ ပါးပါးကေတာ့သာမန္မ်က္ႏွာထားနဲ႕ပဲ။ ဘာမွထူးထူးျခားျခားအံ့ၾသဟန္မျပဘူး။

"မဟုတ္မွအႀကီးအကဲရဲ႕သားမ်ားလား
အားက်န့္ခ်စ္ရတဲ့သူက"

ပါးပါးရဲ႕တည့္တိုးေမးလာတဲ့ေမးခြန္းေၾကာင့္ ေရွာင္းက်န့္မ်က္လုံးေတြဝိုင္းခနဲ။ ပါးပါးကဒီအေၾကာင္းကိုဘယ္လိုသိေနခဲ့တာတဲ့လဲ။

"ပါးကိုငတုံးေလးလို႔ေတြးမေနနဲ႕ အားက်န့္
ပါးတို႔စေရာက္လာတဲ့ေန႕လည္တုန္းက အဲ့ဒီေကာင္ေလးရဲ႕စိုးရိမ္ပူပင္လြန္းေနတဲ့မ်က္ဝန္းေတြကို ပါးမျမင္နိုင္ဘူးလို႔မ်ားအားက်န့္ေတြးေနခဲ့တာလား"

ပါးပါးကတည္တည္ၿငိမ္ၿငိမ္ပဲေျပာလာတဲ့အခါ သက္ျပင္းေတြခဏခဏခ်ေနတာမားမျဖစ္ၿပီးမလႈပ္မယွက္ထိုင္ေနမိတာကေတာ့ေရွာင္းက်န့္ပါပဲ။ နည္းနည္းအသိဝင္လာေတာ့ ေရွာင္းက်န့္ကားတံခါးကိုဖြင့္ၿပီးအျပင္မွာထြက္လိုက္တယ္။ အဲ့ဒီအခါပါးေရာ၊မားေရာကပါ ကားေပၚကဆင္းလာၾကတယ္။

"ကြၽန္ေတာ္ယင္းအာနဲ႕လက္မထပ္နိုင္ပါဘူး ေတာင္းပန္ပါတယ္"

အဝတ္အိတ္ကိုက်စ္ေနေအာင္ဆြဲထားၿပီးေရွာင္းက်န့္ေျပာတဲ့အခါ မားမားေရွာင္းက်န့္လက္ေမာင္းကိုသတိေပးသလိုလာကိုင္တယ္။ မားမားကိုအားနာေပမယ့္ ေရွာင္းက်န့္လည္းေနရတာမြန္းက်ပ္လာၿပီ။

"ဘာလို႔ေတာင္းပန္တာလဲ အားက်န့္"

ပါးပါးက စိတ္ပ်က္ေနတဲ့ေလသံမဟုတ္ဘဲပုံမွန္ေလသံနဲ႕ေရွာင္းက်န့္ကိုေမးပါတယ္။

"ကပ္ရမယ့္ကမ္းဟာအဲ့ဒီအမ်ိဳးသားမဟုတ္သ၍ ကြၽန္ေတာ္႐ြက္မလႊင့္ခ်င္ပါဘူး"

ပါးပါးမ်က္ႏွာကိုမၾကည့္ဘဲ ေျမျပင္ကိုစိုက္ၾကည့္ေနရင္း ေရွာင္းက်န့္ေျပာေတာ့ ပါးပါးဆီကစကားသံထြက္မလာဘူး။

"ကြၽန္ေတာ္ပါးတို႔နဲ႕ျပန္မလိုက္နိုင္ေတာ့ပါဘူး ခ်င္းလုံကိုပဲျပန္ေတာ့မွာပါ
အဲ့တာေၾကာင့္ေတာင္းပန္ပါတယ္ ပါး"

ေရွာင္းက်န့္စကားဆုံးတာနဲ႕ ပုခုံးေပၚေရာက္လာတဲ့လက္ဖဝါးတစ္ဖက္ေၾကာင့္ ေရွင္းက်န့္ေမာ့ၾကည့္လိုက္ေတာ့ ပါးပါးကေရွာင္းက်န့္တစ္ခါမွမျမင္ဖူးတဲ့အၿပဳံးႏုႏုနဲ႕ေရွာင္းက်န့္ကိုၾကည့္ေနတယ္။

"အားက်န့္ေတာင္ ပါးကိုအရင္လိုမေၾကာက္ေတာ့ဘူးပဲ"

ေရွာင္းက်န့္ပုခုံးကိုခပ္ဖြဖြဆုတ္ထားရင္း ပါးပါးကေျပာပါတယ္။ ေသခ်ာတာေပါ့။ ေရွာင္းက်န့္ပါးပါးကိုဒီတစ္ႀကိမ္ပဲသိသိသာသာျငင္းဆန္ဖို႔၊တြန္းလွန္ဖို႔အင္အားရွိခဲ့တာ။ ဘာေၾကာင့္လဲဆိုရင္ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးေၾကာင့္၊ ခ်င္းလုံ​ေျမေၾကာင့္၊ ၿပီးေတာ့ကေလးေတြေၾကာင့္ပါပဲ။

"ဒီတစ္ႀကိမ္မွာအားက်န့္စကားကိုပါးပါးအေလးထားေပးပါ့မယ္
ကဲ!!! ကားေပၚတက္ေတာ့ ခ်င္းလုံကိုျပန္ၾကရေအာင္"

ပါးပါးစကားေၾကာင့္ ေရွာင္းက်န့္မ်က္ရည္ဝဲေနရာကေန ကေလးလိုပါးပါးကိုဖက္ၿပီးငိုမိတယ္။ တစ္ခ်ိန္လုံးတင္းက်ပ္ခဲ့တဲ့ပါးပါးက ဒီတစ္ႀကိမ္မွာေတာ့ ေရွာင္းက်န့္ဆႏၵကိုအေလးထားေပးတယ္ဆိုတဲ့အသိေၾကာင့္ လွိုက္တက္လာတဲ့ၾကည္ႏူးစိတ္ကဖုံးမရ၊ဖိမရ။ ပါးပါးကကားေဘးမွာရပ္ရင္းငိုေနတဲ့ေရွာင္းက်န့္ေနာက္ေက်ာကိုအသာပုတ္ေပးရင္းေျပာပါတယ္။ 'အားက်န့္ကိုပါးလည္းခ်စ္ပါတယ္'တဲ့။ မားမားကေတာ့ေရွာင္းက်န့္တို႔ႏွစ္ေယာက္ကိုၾကည့္ရင္းခိုးငိုေနေလရဲ႕။

"ကဲ!! ခ်င္းလုံကိုျပန္ၾကရေအာင္
မဟုတ္ရင္အားက်န့္ကေျခလ်င္ျပန္ေတာ့မယ့္ပုံပဲ"

ပါးပါးစကားေၾကာင့္ ေရွာင္းက်န့္ေရာ၊မားမားပါရယ္မိၾကတယ္။ ကားေလးကိုခ်င္းလုံေျမရွိရာဆီျပန္လည္ဦးတည္တဲ့အခိုက္ ေရွာင္းက်န့္ရဲ႕ဝမ္ယြဲ႕လုံတိုင္းရင္းသားေလးဘယ္လိုပုံစံနဲ႕ဆီးႀကိဳမလဲဆိုတာေတြးၿပီးရင္ခုန္ပါတယ္။ ဒါေပမယ့္ျပန္တဲ့အခ်ိန္တုန္းက လာႏႈတ္မဆက္ခဲ့တဲ့အတြက္နည္းနည္းေတာ့စိတ္ခုခ်င္တယ္။

ေတာပန္းရနံ႕ရယ္၊ ကားေပၚကေနခံစားရတဲ့ေလေငြ႕ေႏြးေႏြးရယ္နဲ႕ေရွာင္းက်န့္ၿပဳံးေနမိတယ္။ မားမားကေတာ့ပါးပါးအားတဲ့ရက္ေတြဆိုလာေတြ႕မယ့္အေၾကာင္း၊အစစအရာဂ႐ုစိုက္ဖို႔အေၾကာင္း၊ ဖုန္းလိုင္းမိတဲ့အခါမေမ့မေလ်ာ့ဖုန္းဆက္ဖို႔အေၾကာင္းတဖြဖြမွာပါတယ္။ သမာရိုးက်ထက္ဆန္းက်ယ္တဲ့ေမတၱာေရးကိုမိဘေတြကလက္ခံၾကတယ္ဆိုတဲ့အသိဟာ ဘယ္အရာနဲ႕မွမတူေအာင္ေပ်ာ္႐ႊင္ရပါတယ္။ ခပ္ၾကာၾကာျပန္လွည့္ေမာင္းၿပီးတဲ့အခါ ခ်င္းလုံရဲ႕အဝင္ဝကိုေရာက္လာတယ္။ ေတာင္ေျခဖက္သြားၾကခ်ိန္လား၊ ေတာင္ယာသြားလုပ္ေနၾကခ်ိန္လားမသိေပမယ့္ ခ်င္းလုံ႐ြာဟာတိတ္ဆိတ္လို႔။

"အားက်န့္ ဆင္းေတာ့
ပါးတို႔မလိုက္ေတာ့ဘူး
အစစအရာရာေသခ်ာဂ႐ုစိုက္ေနာ္" 

ေရွာင္းက်န့္ကားေပၚကဆင္းၿပီးတဲ့အခါ ပါးပါးနဲ႕မားမားကကားေပၚကဆင္းမေနေတာ့ဘဲ မွာပါတယ္။

"ဟုတ္ကဲ့ပါ ပါး
ပါးတို႔လည္းေကာင္းေကာင္းျပန္ပါ"

ေရွာင္းက်န့္ေျပာေတာ့ ကားေပၚကပါးပါးေရာ၊မားမားေရာက ၿပဳံးျပရင္းေခါင္းညိမ့္ၾကတယ္။ ပါးပါးတို႔ကားေလးျပန္လွည့္သြားတဲ့အခါ ေရွာင္းက်န့္ခ်င္းလုံေျမကိုစဝင္လိုက္တယ္။ ေတာင္ယာဆင္းေနပုံရတဲ့႐ြာကေလးထက္ ေရွာင္းက်န့္ရဲ႕စာသင္ေက်ာင္းကေလးရွိရာကိုအရင္သြားဖို႔ေတြးပါတယ္။ အဝတ္အိတ္ထားၿပီးတဲ့အခါ အႀကီးအကဲရဲ႕ေနအိမ္ကိုသြားၿပီးတိုင္းရင္းသားေကာင္ေလးကိုဆူခ်င္ေသးတယ္။ ဘာလို႔ႏႈတ္မဆက္ဘဲေနနိုင္ရတာလဲဆိုၿပီးေပါ့။ အဆင္ေျပပါတယ္လို႔ေျပာခဲ့တာေရွာင္းက်န့္မဟုတ္တဲ့အတိုင္း။

ေတာင္တက္လမ္းေလးကေနတက္လာတဲ့ေရွာင္းက်န့္ရဲ႕ေျခလွမ္းေတြဟာတက္ႂကြေနပုံမ်ား။ မခြဲခြာရေတာ့ဘူးဆိုတဲ့အသိေၾကာင့္ ေတာပန္းရနံ႕ေလးေတြေတာင္အနားမွာေဝ့ဝဲသင္းပ်ံ့လာသလိုလို။ လက္ထဲကအဝတ္အိတ္ကိုေပါ့ေပါ့ပါးပါးဆြဲရင္းေတာင္ေပၚကိုတက္လာလိုက္တယ္။ ေတာင္တက္လမ္းရဲ႕အဆုံး စာသင္ေက်ာင္းကေလးအနားကိုေရာက္ေတာ့ျမင္လိုက္ရတာကေက်ာျပင္နက္ျပာျပာ။ အတူထိုင္ေနက်ေတာင္ကမူေလးေပၚမွာထိုင္ရင္းေတာင္တန္းအုပ္အုပ္ေတြဆီကိုေငးလို႔။

တားထားရင္ရမယ္မွန္းသိရဲ႕သားနဲ႕မတားခဲ့ဘဲ အခုမွဘာလို႔ဒီမွာေရာက္ေနရတာတဲ့လဲ။ ဒီေတာင္ေပၚသားကေတာ့ တကယ္ခက္တာပဲ။ က်န္ရစ္ခဲ့မယ္ဆိုရင္လည္းေမ့ေမ့ေပ်ာက္ေပ်ာက္ေနနိုင္တာမဟုတ္ပါဘဲနဲ႕။

"ရိေပၚ"

အဝတ္အိတ္ကိုေျမႀကီးေပၚမွာခ်လိဳက္ရင္း ေရွာင္းက်န့္ေခၚေတာ့ ေက်ာေပးထားတဲ့လူကဆတ္ခနဲလွည့္ၾကည့္လာတယ္။ လက္ထဲမွာလည္းခရမ္းေရာင္အနားသတ္ထားတဲ့အျဖဴေရာင္ပန္းပြင့္ေလးနဲ႕။ မ်က္ရည္ေတြေဝ့ေနတဲ့ၾကားထဲကေန အဲ့ဒီတိုင္းရင္းသားေကာင္ေလးကေရွာင္းက်န့္ရွိရာကိုအေျပးလာတယ္။

"ခင္ဗ်ားလား တကယ္ပဲခင္ဗ်ားျပန္လာတာလား ကြၽန္ေတာ့္ဆီ"

ေရွာင္းက်န့္ကိုလြတ္ထြက္သြားမတတ္ဖက္ရင္း ဝမ္ရိေပၚကေျပာတယ္။

"ခ်င္းလုံကကြၽန္ေတာ့္အိမ္ပဲေလ
ၿပီးေတာ့ကေလးေတြကိုလည္းကြၽန္ေတာ္စာသင္ရဦးမွာ"

ေရွာင္းက်န့္ေျပာတဲ့အခါ ဝမ္ရိေပၚကဖက္ထားတာကိုလႊတ္ရင္းေခါင္းညိမ့္တယ္။ ၿပီးေတာ့ခပ္ဖြဖြၿပဳံးတယ္။

"မိဘကေခၚတာကိုမလိုက္ဘဲျပန္လာတဲ့ဆရာေရွာင္းက်န့္ကဆိုးလိုက္တာဗ်ာ"

ေရွာင္းက်န့္နဖူးကဆံပင္ေတြကိုသပ္တင္ေပးရင္း ဝမ္ရိေပၚကခပ္တိုးတိုးဆိုတယ္။ အနီးကပ္မို႔ေသခ်ာၾကားတဲ့ေရွာင္းက်န့္ကေတာ့မေက်မနပ္ျဖစ္သြားတယ္။ ဒီေလာက္သတၱိေတြစုၿပီးျပန္လာရတဲ့မ်က္ႏွာကိုမွမေထာက္။

"ကြၽန္ေတာ့္ကေတာ့မျပန္ေစခ်င္တာကိုမတားဘဲျပန္လႊတ္ေနတဲ့ဝမ္ရိေပၚက ကြၽန္ေတာ့္ထက္ပိုဆိုးတယ္လို႔ထင္တယ္"

မေက်မနပ္နဲ႕ေျပာလိုက္တာေၾကာင့္ အသံကနည္းနည္းက်ယ္သြားတဲ့အခါ ဝမ္ရိေပၚကစိတ္လိုလက္ရရယ္တယ္။

"ဟုတ္ပါတယ္ ကြၽန္ေတာ္ကဆရာေရွာင္းက်န့္ထက္ဆိုးတယ္"

ေျပာၿပီးတာနဲ႕ေရွာင္းက်န့္နဖူးကိုထိကပ္လာတဲ့ေႏြးေထြးတဲ့ႏႈတ္ခမ္းေတြ။ လုပ္ခ်င္ရာလုပ္ၿပီးတဲ့အခါေတာင္ေပၚသားကေျပာတယ္။ 'ပိုဆိုးတဲ့လူမို႔အခြင့္အေရးပိုယူဦးမယ္'တဲ့။

#TayyYizhan
16.12.2022(Fri)
A/N
~ဟိုတစ္ေႏြဆီက သူငယ္စဥ္တြယ္တာတဲ့ ၾကင္နာသူေျမျပန့္သားေလးလိုက္လို႔လာေခၚစဥ္တစ္ခ်ိန္က ေတာင္ေပၚေျမတစ္ဖက္၊ ၾကင္နာသူတစ္ဖက္ ဒီအခက္အခဲလက္တြဲျဖဳတ္လို႔ေခါင္းခါခဲ့~

မေရးဘူးလုပ္ေနရင္းကေန အမ်ားႀကီးေပ်ာ္လို႔အမ်ားႀကီးေရးထားပါတယ္။ ( သီခ်င္းရဲ႕ဒီအပိုဒ္နဲ႕ဆင္ဆင္တူပါတယ္။ လုံးဝဥသုံႀကီးေတာ့မတူပါဘူး။နည္းနည္းေတာ့ကြဲတယ္)

Continue Reading

You'll Also Like

875K 19.9K 48
In wich a one night stand turns out to be a lot more than that.
1M 35.8K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
10.1K 73 22
Damiano and his girlfriend.Fluff,smut and all your requests
2.7K 52 10
Y/N (Zoella) Aarseth lives w/ her older brother. (Øystein Aarseth), Her brother is THE founder of the band "MAYHEM" while you are his 'manager' but w...