ဦးဂျွန် ( Kookjin )

By YoneYone_2054

51.6K 7.6K 1.4K

ဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23 More

🤎intro 🤎
🤎1 🤎
🤎2🤎
🤎3🤎
🤎4🤎
🤎5🤎
🤎 6🤎
🤎7🤎
🤎9🤎
🤎10🤎
🤎11🤎
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎
🤎16🤎
🤎17🤎
🤎18🤎
🤎19🤎
🤎20🤎
🤎21🤎
🤎22🤎
🤎23🤎
🤎24🤎
🤎25🤎
🤎26🤎
🤎27🤎
🤎28🤎
🤎29🤎
🤎30🤎
🤎31🤎
🤎32🤎
🤎33 🤎
🤎 ending 🤎
🤎 အပိုင်းပို 🤎

🤎8🤎

1.5K 238 52
By YoneYone_2054

"အခုစိတ္၀င္စားၿပီလား ေဆာ့ဂ်င္"

"လုံး၀ပဲ"

ေဆာ့ဂ်င္က လက္ႏွစ္ဖက္ကို ၾကက္ေျခခတ္ကာ
ေခါင္းခါျပသည္။ အင္းေလ။ ဘယ္စိတ္၀င္စားပါ့
မလဲ။ ကုန္သြယ္ေရးနဲ႔ပတ္သက္တဲ့ ကိစၥေတြက
အင္မတန္႐ူပ္ေထြးတဲ့အျပင္ ႀကီးႀကီးမားမားကိစၥ
ေတြဆို အစိုးရနဲ႔ပါ ခ်ိတ္ဆက္ရေသးတာ။ ဆုံးျဖတ္
ခ်က္မွားသြားရင္လည္း တာ၀န္ႀကီးၿပီး တစ္ခုခုမ်ား
လြဲေခ်ာ္ခဲ့ရင္ နစ္နာေၾကးမွာလည္း နည္းသည္
မဟုတ္။

"စိတ္မ၀င္စားတဲ့အရာကို ဆက္မလုပ္တာပဲ
ေကာင္းတယ္ ဆရာ့ကိုေသခ်ာေျပာၾကည့္ပါလား
ကြၽန္ေတာ္က ေဆာ့ဂ်င္အတြက္ေျပာတာပါ"

"ကြၽန္ေတာ္ေျပာတယ္ အထိုးပါခံရတယ္ ဒါေပမယ့္
ဒုံရင္းက ဒုံရင္းပဲ ဘာမွမထူးျခားဘူး"

"ဟင္းး တစ္ဦးတည္းေသာ သားဆိုေတာ့လည္း
သူတို႔ကျဖစ္ခ်င္ရွာမွာပဲေလ"

နမ္ဂြၽန္းက ခပ္လွမ္းလွမ္းမွာကုန္ခ်ေနသည့္အလုပ္
သမားေတြကို ၾကည့္ကာေျပာလိုက္ျခင္း။ ျဖစ္ခ်င္
စရာလား။ ျဖစ္မယ့္ျဖစ္ ‌ဦးဂြၽန္နဲ႔ပဲျဖစ္မွာေပါ့။

"ဒါနဲ႔ နမ္ဂြၽန္းမွာ ေမာင္ႏွမမရွိဘူးလား"

"အစ္ကိုတစ္ေယာက္ေတာ့ ရွိတယ္ သူက အက်ႌဆိုင္
ဖြင့္ထားတယ္ ေျမာင္ဒုံးရပ္ကြက္မွာ"

"ညီအစ္ကိုႏွစ္ေယာက္ဆိုေတာ့ မိုက္တာေပါ့"

"ကြၽန္ေတာ္တို႔က တစ္ေယာက္တစ္မ်ိဳးဗ်
အစ္ကိုက အေရာင္ေတြစုံတာ စိတ္၀င္စားတယ္။
ဖက္ရွင္ကို ဘယ္လိုစတိုင္လ္က်က်၀တ္ရမလဲဆိုတာ စိတ္၀င္စားတယ္။ ကြၽန္ေတာ့္ေလာက္စာမေတာ္
ေပမယ့္ အစ္ကိုက အရမ္းၾကင္နာတယ္"

"နမ္ဂြၽန္းကေရာ"

"ကြၽန္ေတာ္ကလား.....စာေတာ္ၿပီးညဏ္ပဲေကာင္းတာ
ဘာကိုင္ကိုင္က်ိဳး အဲ့တာေၾကာင့္ အစ္ကိုက ကြၽန္ေတာ့္ကို အၿမဲေစာင့္ေရွာက္ရတယ္ေလ။ အစ္ကိုက
အေရာင္စုံတာႀကိဳက္သေလာက္ ကြၽန္ေတာ္က
အျပာေရာင္တစ္ခုထဲပဲႀကိဳက္တာ ပန္းခ်ီျပခန္းေတြ
သြားရတာႀကိဳက္တယ္။ စက္ဘီးစီးရတာ ႀကိဳက္
တယ္။ အပင္ေသးေသးေလးေတြ စိုက္ရတာႀကိဳက္
တယ္ ဒါေပမယ့္ ကြၽန္ေတာ့္အျဖစ္က စိုက္ေသပါဗ်ာ
ဘာစိုက္စိုက္ တစ္လပဲခံတယ္ ၿပီးရင္ ေသ"

"ဟားဟား အဲ့တာေၾကာင့္ စိုက္ေသလို႔ေခၚတာလား"

"ဟုတ္တယ္ အစ္ကိုနာမည္ေပးထားတာေလ
ကင္စိုက္ေသ ၿပီးေတာ့ ရွိေသးတယ္ ကင္နမ္က်ိဳး
ဆိုၿပီး"

သူ႔စကားကို ေဆာ့ဂ်င္က သေဘာေခြ႕စြာ တဟားဟားနဲ႔ရယ္ေနသည္။ ဒီအခိုက္အတန႔္ေလးေတြမွာ
ဘာေတြကိုမွတ္တမ္းတင္ရမလဲဆိုရင္ ရယ္သံေလး
ေတြပဲ။ သေဘာက်ရပါသည္။ ဒီရယ္သံေလးေတြက
အပူအပင္မရွိ ၊ စိတ္ဖိစီးမႈမရွိပဲ တစ္ဖက္သားကို
ေအးခ်မ္းၾကည္လင္ေစတဲ့ သေဘာတရားေတြပါရွိ
ေနပါ၏.......။

"ျပန္ၾကေတာ့မလား ကြၽန္ေတာ္တို႔"

"ဟုတ္ ျပန္ၾကမယ္ေလ "

ခုံတန္းလ်ားေလးမွထကာ ကားရပ္ထားသည့္ေနရာ
ကိုသြားမယ္ျပင္ေတာ့ နမ္ဂြၽန္းဆီမွ ဖုန္း၀င္လာ
သည္။

"ခဏေနာ္ ကြၽန္ေတာ္ ဖုန္းကိုင္လိုက္အုံးမယ္"

နမ္ဂြၽန္းက ဖုန္းေျမႇာက္ျပကာ ခုံတန္းလ်ားနဲ႔ခပ္လွမ္း
လွမ္းကိုထြက္သြားသည္။ တစ္ေယာက္ထဲ က်န္ခဲ့
တုန္း ဟိုၾကည့္ ဒီၾကည့္လုပ္ေနရင္း နားထဲတိုး၀င္လာ
တဲ့ အသံခ်ိဳခ်ိဳေလး။ ထက္ၿပီးၾကားရျပန္ပါၿပီ။

"ကေလးေလး"

"ဟင္"

လွည့္ၾကည့္လိုက္ေတာ့ ဦးဂြၽန္။ မ်က္ႏွာငယ္ေလးနဲ႔
သူ႔ကိုေခၚေနသည္။ ပင္ပန္းေနပုံေပါက္တဲ့ ဦးဂြၽန္
မ်က္ႏွာကိုၾကည့္ရင္း ရင္ထဲဆစ္ခနဲရယ္။ ျပန္ထူးဖို႔
လုပ္ေနတုန္း နမ္ဂြၽန္းက ျပန္ေရာက္လာေတာ့
အေစာက မ်က္ႏွာငယ္ေလးဟာ ခ်က္ခ်င္းဆိုသလို
တည္သြားၿပီး အၾကည့္စူးစူးေတြနဲ႔ စစ္ခင္းျပန္သည္။

"သူကဘယ္သူလဲ ကေလးေလး"

အသံမာမာဟာ ဘယ္ေတာ့မွ မေလွ်ာ့။ မမဟန္နဲ႔
တုန္းကတစ္ခါ။ အခုလည္းတစ္ခါ။ စိတ္တိုတိုနဲ႔
နမ္ဂြၽန္းလက္ေမာင္းရင္းကိုဆြဲကိုင္လိုက္မိသည္။
ဘာေတြလုပ္မိမွန္းလည္း ေဆာ့ဂ်င္ သတိမထားမိ
ေတာ့ပါ။

"ဘယ္သူျဖစ္ျဖစ္ေပါ့ "

"အသိလား ေဆာ့ဂ်င္"

"အင္း အသိပဲ ျပန္ရေအာင္ နမ္ဂြၽန္း"

"ခဏေနပါအုံး ဦးဂြၽန္နဲ႔စကားခဏေျပာရေအာင္
ခဏေလးပဲ"

တည္တံ့ေနတဲ့ မ်က္ႏွာက အသံခ်ိဳခ်ိဳေလးနဲ႔ေတာင္း
ဆိုေတာ့ မျငင္းပစ္ခ်င္စရာ။ ဦးဂြၽန္ကိုတစ္လွည့္၊
နမ္ဂြၽန္းကိုတစ္လွည့္ၾကည့္ရင္း ဗ်ာမ်ားေနသည္။
ထိုအခ်ိန္မွာပဲ နမ္ဂြၽန္းက သူဆြဲထားတဲ့လက္ကို
တည္ၿငိမ္စြာျဖဳတ္ေပးလိုက္ေလ၏။

"စကားေျပာၾကပါ ေအးေဆး ကြၽန္ေတာ္
ဘယ္ေလာက္ပဲျဖစ္ျဖစ္ ေစာင့္ႏိုင္ပါတယ္ "

နမ္ဂြၽန္းဆီက ခြင့္ျပဳခ်က္မဟုတ္တဲ့ ခြင့္ျပဳခ်က္ရ
သည္ႏွင့္တစ္ၿပိဳင္နက္ ဦးဂြၽန္က သူ႔လက္ကိုဆြဲကာ
ထိုေနရာမွ ေခၚသြားသည္။ မမဟန္တုန္းကလိုမ်ိဳး။
ျဖည္းျဖည္းေခၚလည္းရသားနဲ႔ လက္တစ္ခုလုံးကို
ဆြဲေခၚသြားလိုက္တာမ်ား။ ေဒါသထြက္လြန္းလို႔
အသားေတြပါ တဆက္ဆက္တုန္သည္အထိ။

က်န္ခဲ့တဲ့ နမ္ဂြၽန္းကေတာ့ ထြက္သြားတဲ့ေက်ာျပင္
ႏွစ္ခုကိုၾကည့္ရင္း သက္ျပင္းခ်လိုက္မိသည္။တစ္
မနက္ထဲ အျမစ္တြယ္ခဲ့တဲ့ ႏွလုံးသားရဲ႕ ခံစားခ်က္
ေတြကို ေခါက္သိမ္းရင္း ကားထဲကို၀င္ခဲ့လိုက္ေလ
သည္။ ဘယ္ေတာ့မွ ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္
လာရင္ သဘာ၀ေလးဟာ ကံမေကာင္းခဲ့ပါ.....။

####

"ဦးဂြၽန္ ဘယ္လိုျဖစ္ေနလဲ!! လႊတ္ ကြၽန္ေတာ့္ကို
လႊတ္!! ဦးဂြၽန္!!"

"မင္းဘာလို႔ ကိုယ္မႀကိဳက္တာေတြပဲ
လုပ္ေနရတာလဲ ကင္ေဆာ့ဂ်င္!!!!"

ဆိပ္ကမ္းအစပ္နားေရာက္ေတာ့ ဦးဂြၽန္လက္ေတြကို
ျဖဳတ္ခ်ရင္း ေအာ္ဟစ္မိလိုက္သည္။ အေျခအေန
ေတြဟာ မဟန္။ ဦးဂြၽန္ကလည္း ေတာက္တစ္ေခါက္
ေခါက္နဲ႔ အသံေတြက တင္းမာေနသည္။

"ဘာလုပ္မိလို႔လဲ လုပ္မိရင္ေရာ ကြၽန္ေတာ့္ကိစၥေလ
ဦးဂြၽန္နဲ႔ ဘာမွမဆိုင္ဘူး နည္းနည္းသတိထားပါအုံး!!"

"ဆိုင္တယ္ ဆိုင္ကိုဆိုင္တယ္ မင္းကိုငါခ်စ္ေနတဲ့
အတြက္ ဒါေတြဟာ ငါဆိုင္တဲ့အရာေတြပဲ!!"

"႐ူးေနလား! ဦးဂြၽန္ကို ကြၽန္ေတာ္မခ်စ္ဘူးလို႔
ေျပာေနတယ္ေလ! ဘာလို႔ေရွ႕ဆက္တိုးခ်င္ေနရတာ
လဲ! ဦးဂြၽန္ တကယ္ပဲ နားမလည္ဘူးလား!!"

"ကေလးေလး .....ဦးဂြၽန္ အမ်ားႀကီးစဥ္းစားၿပီးမွ
ဆုံးျဖတ္ခ်က္ေတြ ခ်ခဲ့ရတာ ဦးဂြၽန္ မင္းကိုလြယ္
လြယ္ခ်စ္တယ္မ်ား ထင္ေနတာလား ဟမ္!"

"ဦးဂြၽန္လည္း အမ်ားႀကီးစဥ္းစားခဲ့ရသလို ကြၽန္ေတာ္လည္း စဥ္းစားခဲ့ရတာပဲ။ အခုမွလာၿပီး
ဇာတ္နာျပမေနနဲ႔ ။ ကြၽန္ေတာ္ ဦးဂြၽန္နဲ႔ပတ္သက္တဲ့
ခံစားခ်က္ေတြကို အဲ့ဒီ့ေန႔ထဲက အကုန္ေခါက္သိမ္း
လိုက္ၿပီးၿပီ"

"ဦးဂြၽန္က မင္းအတြက္ စာအုပ္မဟုတ္ဖူးေနာ္
ဖတ္ခ်င္တဲ့အခ်ိန္ဖတ္ၿပီး ေခ်ာင္ထဲထိုးထားရတဲ့အထိ ငါ့အခ်စ္ေတြက စာအုပ္မဟုတ္ေနဘူး!!"

"ဘာေတြမ်ား ေကာင္းခဲ့လို႔ အသံေကာင္းဟစ္ေန
တာလဲ!! ပိုင္ရွင္ရွိရက္နဲ႔ ကြၽန္ေတာ့္ကို စိတ္ယိုင္
ေအာင္ ျပဳစားေနတာေတြ ေတာ္ပါေတာ့!! ၾကာရင္
ဦးဂြၽန္ကို မုန္းမိေတာ့မယ္"

"ဘာေတြမ်ားေကာင္းခဲ့လို႔လဲတဲ့ ဟုတ္လား"

"ဟုတ္တယ္ ဘာေတြေကာင္းခဲ့လို႔လဲ အၿမဲတမ္း
ကြၽန္ေတာ့္ခံစားခ်က္ေတြကို လ်စ္လ်ဴရႈ႕ၿပီးေနေန
ခဲ့တဲ့လူက အခုမွဘာေတြေကာင္းျပခ်င္ေနတာလဲ!!"

"ကေလးေလး"

"မေခၚနဲ႔ မုန္းတယ္!! မုန္းလြန္းလို႔!"

"ကေလးေလး ဘာေျပာလိုက္တယ္"

မ်က္ရည္ေတြနဲ႔ ကေလးေလး။ သူ႔ဘ၀ထဲ သုံးႏွစ္
သားအ႐ြယ္ထဲက ေရာက္လာခဲ့တဲ့ ကေလးေလး။
မထိမတိေတြၾကား သံေယာဇဥ္မဟုတ္တဲ့ အရာေတြ
နဲ႔ႏွစ္ေယာက္လုံးက မတင္မက်ေတြျဖစ္ခဲ့ရတာ။
အားလုံးက သူ႔အမွားပဲ။

"ဟုတ္တယ္ ကြၽန္ေတာ္ ဦးဂြၽန္ကို မုန္းတယ္
မုန္းလြန္းလို႔ ေနာက္ထပ္ မဆုံပါရေစနဲ႔ေတာ့
မေတာ္တဆပဲျဖစ္ျဖစ္ တမင္ပဲျဖစ္ျဖစ္ ဆုံခဲ့ရင္ေတာင္ ကြၽန္ေတာ္တို႔ မသိခ်င္ေယာင္ေဆာင္ၾက
ရေအာင္....ေနာ္ ဦးဂြၽန္"

"ကေလးေလး ဦးဂြၽန္-"

"ေတာင္းပန္ပါတယ္ ဘာမွထက္မေျပာပါနဲ႔
ကြၽန္ေတာ့္ကို သနားပါ !"

မ်က္ရည္ေတြဟာ ကေလးေလးရဲ႕ပါးျပင္ေပၚမွာ
ရပ္နားျခင္းမရွိ က်ဆင္းေနသည္။ သူ သုတ္ေပး
ခ်င္ေပမယ့္ သူ႔လက္ေတြ လူပ္ရွားသြားသည့္
အခ်ိန္မွာပဲ ကေလးေလးက ေျပးထြက္သြားခဲ့ေလၿပီ။

ကေလးေလး
ကြၽန္ေတာ့္ကို တကယ္ပဲ မုန္းသြားၿပီလားဗ်ာ။

####

အိမ္ျပန္လမ္းတစ္ေလွ်ာက္ တိတ္ဆိတ္ေနသည္။
အဆင့္ဆင့္ ကာရံထားတဲ့ ေတာင္တန္းေတြကိုေက်ာ္
ျဖတ္ကာ လမ္းမႀကီးေတြေပၚ ျဖတ္ေျပးေနသည့္
နမ္ဂြၽန္းတို႔ကားေလးထဲ ေရဒီယိုမွလာေနေသာ
သီခ်င္းတစ္ပုဒ္မွလြဲ၍ မည္သည့္အသံမွ မၾကားရ။
တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ ေလထုဟာ ေန၀င္ခ်ိန္
ႏွင့္အတူ အထီးက်န္စြာတည္ရွိေန၏။

နမ္ဂြၽန္းကေတာ့ ဖုန္းတစ္လုံးနဲ႔ ဘာေတြလုပ္ေနလဲ
မသိ။ ေဆာ့ဂ်င္ကေတာ့ စိတ္ေတြမြန္းက်ပ္လြန္းလို႔
ျပတင္းေပါက္အျပင္ကိုၾကည့္လိုက္။ ပါလာတဲ့ဖုန္း
ကို ထုတ္ၿပီး အင္တာနက္သုံးလိုက္။ အမ်ိဳးမ်ိဳးအာ႐ုံ
ေျပာင္းေနေပမယ့္ ‌မရခဲ့ပါ။ ေနာက္ဆုံးေတာ့ သူ႔စိတ္
ေတြဟာ မသက္ဆိုင္သူထံပဲ ျပန္လည္ေရာက္ရွိေနခဲ့
တာပင္။

အမွန္တိုင္းေျပာရရင္ တိတ္တိတ္ေလးပဲ
သေဘာက်ခ်င္ခဲ့တာ။ ႐ူး႐ူးမူးမူးခ်စ္မိတဲ့အထိ
မျဖစ္ခ်င္ခဲ့ဖူး။

ဦးဂြၽန္က ကြၽန္ေတာ့္အတြက္ မဟုတ္ဖူးဆိုတာသိတဲ့
ေန႔ကစၿပီး နည္းလမ္းမ်ိဳးစုံနဲ႔ ေရွာင္ခဲ့ေပမယ့္
ထိန္းခ်ဳပ္ထားတဲ့ ႏွလုံးသားထဲ ဦးဂြၽန္၀င္လာခဲ့ပုံက
အကန႔္အသတ္မဲ့ပဲ။

ဦီးဂြၽန္ကို ခ်စ္မိတဲ့ေန႔ကစၿပီး ဆရာ၀န္နားၾကပ္ေတြ
ကိုခ်စ္တတ္လာတယ္။ ဂ်ဳတီကုတ္ေလးကိုပိုက္ၿပီး
ေဆး႐ုံေကာ္ရစ္တာထဲ ေျပးလႊားခ်င္တယ္။ ႏွလုံး
ခုန္သံေတြကို စိတ္၀င္စားတတ္သလို ေဆးထိုးအပ္
ေတြလည္းကိုင္ခ်င္ခဲ့တာပဲ။

ခ်စ္ျခင္းေမတၱာဆိုတာ လူတစ္ေယာက္ရဲ႕
"ကေလးေလး"ဆိုတဲ့ ေခၚသံလြင္လြင္ေလးျဖစ္မယ္လို႔ ကြၽန္ေတာ္မထင္ခဲ့ဖူး။ ဘ၀မွာ မထင္ထားတာ
ေတြျဖစ္လာေတာ့ ဘ၀ဟာ Biochemistry ဘာသာရပ္
ေတြကို ျမတ္ႏိုးတတ္လာတယ္။

ခ်စ္တယ္ဆိုတာ နားၾကပ္ကိုင္တဲ့ လက္ကေလး
ေတြကို တယုတယ ဆုပ္ကိုင္ခ်င္တဲ့ စိတ္ကေလး
ပါပဲ။ အဲ့ထက္လည္း ပိုေကာင္းပိုႏိုင္မွာေပါ့။ အရာ
ခပ္သိမ္း မထိန္းခ်ဳပ္ႏိုင္တဲ့အခါ ခ်စ္ျခင္းေမတၱာရဲ႕
အစြန္အဖ်ားေတြမွာ နားလည္ဖို႔ခက္တဲ့ စာေမးပြဲ
ေမးခြန္းေတြလိုပါပဲ။

ေအးခ်မ္းစြာ ခ်စ္ခ်င္ခဲ့ေပမယ့္
မေအးခ်မ္းတဲ့အခါ လမင္းေလးဟာ
မီးေတာင္ေလးပမာ ပူပူေလာင္ေလာင္။
ပူေလာင္ေပမယ့္ သံသရာတစ္ေကြ႕ကိုေတာ့‌
နားၾကပ္ကိုင္တဲ့လက္ဖဝါးေတြထဲ
ကံၾကမၼာတစ္ခုလုံးကို ဖြက္ထားေစခ်င္ေသးတယ္။

အေတြးေတြလြန္ေတာ့ မ်က္ရည္တစ္စက္ဟာ ဘယ္
ဖက္ပါးျပင္မွ ေပါက္ခနဲ။ နမ္ဂြၽန္း မျမင္ခင္လ်င္
ျမန္စြာသုတ္လိုက္သည္။ တၿငိမ့္ၿငိမ့္သြားေနတဲ့လမ္းမကိုၾကည့္ရင္း လက္ပတ္နာရီကို ထုတ္ၾကည့္
ေတာ့ အခ်ိန္အားျဖင့္ ညေန၅နာရီ။

"ဒါက ဘယ္ေနရာလဲဟင္"

"ဆိုးလ္အ၀င္ပဲ ေဆာ့ဂ်င္ ေရွ႕နားဆို တံတားေရာက္
ၿပီ "

"ဒါဆို တံတားမွာ ကြၽန္ေတာ့္ကိုခ်ေပးခဲ့ပါလား
အိမ္မျပန္ခ်င္ေသးဘူး ခဏေလာက္ လမ္းေလွ်ာက္
ခ်င္လို႔"

"ဆရာေမးရင္ေရာ ကိုယ္ ဘယ္လိုေျဖလိုက္ရမလဲ"

ခ်ိဳသည္လည္းမဟုတ္ ၊ နက္သည္လည္းမဟုတ္
နမ္ဂြၽန္းအသံဟာ တည္ၿငိမ္ၿပီးၾကည္လင္ေနသည့္
အမ်ိဳး။ လွည့္ၾကည့္လိုက္ေတာ့ နမ္ဂြၽန္းက ေျခတစ္
ဖက္ခ်ိတ္ထိုင္ရင္း သူ႔ကိုေမးေငါ့ျပေနသည္။

"ဗိုက္ဆာလို႔ စားေသာက္ဆိုင္ေရွ႕ခ်ေပးခဲ့တယ္
ေျပာလိုက္ပါ ေဖေဖက က်န္တာဆို မယုံေပမယ့္
အစားနဲ႔ဆို ယုံပါတယ္"

‌ဦးဂြၽန္နဲ႔လည္းယုံပါတယ္ဆိုတဲ့ စကားကိုေတာ့
ထည့္မေျပာလိုက္မိ။ နမ္ဂြၽန္းက သူ႔စကားကို
ေခါင္းၿငိမ့္ၿပီးတဲ့ေနာက္ ဒ႐ိုင္ဘာကို တံတားအစပ္
မွာရပ္ေပးဖို႔ ေျပာသည္။ သိပ္မၾကာ။ တံတားနားကို
ေရာက္တဲ့အခါ သူတို႔ကားေလး တိခနဲရပ္သြားသည္။

"ဒီေန႔အတြက္ တာ၀န္ေက်ပါတယ္ ေက်းဇူးလည္း
တင္ပါတယ္ နမ္ဂြၽန္း.....ေနာက္ရက္ေတြ႐ုံးမွာဆုံပါမယ္"

‌ခါးကို႐ို႕ကာ အေလးျပဳေတာ့ နမ္ဂြၽန္းက ကားထဲမွ
ထြက္လာသည္။ ရာသီဥတုက ေဆာင္းအ၀င္မို႔
အနည္းငယ္ေတာ့ ခ်မ္းစိမ့္စိမ့္ႏိုင္သည္။ တျဖဴးျဖဴး
တိုက္ခတ္ေနတဲ့ ေလျပည္ဟာ အ႐ိုးထဲထိမဟုတ္ရင္
ေတာင္ ၾကက္သီးေလးေတြထတဲ့အထိ ေအးႏိုင္စြမ္း
ရွိသည္။

"‌ကြၽန္ေတာ္က ခံစားခ်က္ကိုဦးစားေပးတဲ့ေနရာမွာ
မေတာ္ေပမယ့္ အႀကံတစ္ခုေတာ့ ေပးခ်င္တယ္။
ဘ၀မွာ ခက္တယ္ဆိုရင္ လြယ္တာမွ မရွိပဲ။မျဖစ္ႏိုင္
ရင္ျဖစ္ႏိုင္တဲ့ လမ္းကိုေဖာက္ရမယ္။ စိတ္၀င္စား
တာနဲ႔ ဝါသနာပါတာကိုပဲ ေ႐ြးခ်ယ္လိုက္ပါ....
မဟုတ္ရင္ တစ္သက္လုံးမေပ်ာ္႐ႊင္ပဲ ေနသြားရလိမ့္
မယ္”

“ကိုယ္မင္းေပ်ာ္တာပဲ ျမင္ခ်င္တယ္ေနာ္ ”

နမ္ဂြၽန္းရဲ႕မ်က္၀န္းေတြထဲ ႏူးညံ့ျခင္းအျပည့္၊ သိမ္
ေမြ႕ျခင္းအျပည့္။ ေၾကကြဲေနတဲ့ အရိပ္အေယာင္
ေတြလား။ မ်က္ရည္ေတြလား မသဲကြဲတဲ့ အရည္
ၾကည္ေတြ၀င္းလဲ့ေနေသးသည္။ ဒါဟာ ေဆာင္းေလ
တိုက္ခတ္မႈေၾကာင့္ပဲ ျဖစ္မွာပါေလ။

“နမ္ဂြၽန္းေျပာသလို ႀကိဳးစားပါမယ္
ေက်းဇူးပါပဲ ”

“ဒါဆို ကိုယ့္ကိုခြင့္ျပဳပါအုံး”

နမ္ဂြၽန္းကားေပၚတက္သြားသည္အထိ ေဆာ့ဂ်င္
ထိုေနရာေလးမွာပဲ ရပ္ေနမိသည္။ ဘာရယ္ေၾကာင့္
မွန္းမသိ။ ရင္ထဲတစ္ခုခုကို ခံစားမိလိုက္သလိုပဲ။

“စိတ္ေတြ႐ူပ္လိုက္တာကြာ”

#####

တျဖည္းျဖည္းနဲ႔ညေမွာင္လာသည္။ တံတားအရွည္
ႀကီးကို ‌ျဖည္းညႇင္းစြာျဖတ္သန္းရင္း စိတ္ကူးေပါက္
တဲ့ဆိုင္ေတြထဲ ၀င္ကာ မုန႔္ေတြစားလိုက္။ ကုန္တိုက္
ေတြေတြ႕ရင္ ေလွ်ာက္ၾကည့္လိုက္နဲ႔ အခ်ိန္ေတြဘယ္
လိုကုန္သြားလဲမသိ။ သတိရလို႔ နာရီထုတ္ၾကည့္ေတာ့ အခ်ိန္က ည၈နာရီခြဲေနၿပီ။ သူေတာ္ေတာ္
အခ်ိန္ေတြျဖဳန္းခဲ့မိတာပဲ။

“ျပန္မွျဖစ္ေတာ့မယ္ ”

ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းကိုထုတ္ၾကည့္ေတာ့
ေဖေဖက ဖုန္းေတြေခၚထားတဲ့အျပင္ မျပန္လာေသး
ဖူးလားဆိုတဲ့ စာေတြပို႔‌ထားသည္။ ဖုန္းျပန္မဆက္
ခ်င္၍ “အခုျပန္လာၿပီ”ဆိုတဲ့ စာေလးကို ခပ္ျမန္ျမန္
႐ိုက္ပို႔ကာ လမ္းခ်ိဳးေလးထဲ၀င္လာခဲ့သည္။

အခုေရာက္ေနတဲ့ေနရာက ေျမာင္ဒုံးရပ္ကြက္။ သူတို႔
ေနတာကေတာ့ ဂန္နမ္း။ အလွမ္းေတာ့ေဝးလွသည္။
သို႔ေပမယ့္ တစ္ညလုံး အခ်ိန္‌ပိုေတြမရွိေအာင္စဥ္း
စားထားလို႔ အိမ္အထိလမ္းေလွ်ာက္မယ္ဟုေတြးထားမိသည္။ သူေတြးထားတာက အိမ္ကိုေရာက္ရင္
ဘာမွမေတြးပဲ အိပ္ပစ္လိုက္မယ္။ ေရလည္းမခ်ိဳး
ေတာ့ဖူး။ စာေရးသူေတာင္ ေရမခ်ိဳးတာ သူလည္း
မခ်ိဳးခ်င္။

ဖ်တ္~ဖ်တ္~ဖ်တ္

ကိုယ့္အေတြးနဲ႔ကိုယ္ ေတြးေပ်ာ္ေနတုန္း ၾကားလိုက္
ရတဲ့ေျခသံေၾကာင့္ တိခနဲရပ္လိုက္မိသည္။ စိတ္ထဲ
လည္း မသကၤာလို႔လွည့္ၾကည့္ေတာ့ မည္သူမွမရွိ။

“စိတ္ထင္ပဲေနမွာပါ”

ေၾကာက္ေနမွာစိုးလို႔ ကိုယ့္ကိုယ္ကိုေခ်ာ့ေပါင္းရင္း
ျပန္ထြက္လာခဲ့သည္။ သို႔ေပမယ့္ တျဖည္းျဖည္းနီး
ကပ္လာတဲ့အသံနဲ႔အတူ လွည့္ၾကည့္ေတာ့ သူ႔
အေနာက္မွာ ရပ္ေနတဲ့ လူသုံးေယာက္။

“ဘယ္ ဘယ္သူလဲ ”

“တစ္ေယာက္ထဲ လမ္းမွားေနတာလား
ေဘဘီ”

လမ္းသရဲစတိုင္လ္ေတြနဲ႔ ၀တ္ပုံစားပုံေတြဟာ
အခ်ိဳးမေျပ။ ဖ႐ိုဖရဲနဲ႔ အရက္နံ႔ေတြဟာ
တေထာင္းေထာင္း။ တျဖည္းျဖည္းနဲ႔နီးကပ္လာ
သည္ႏွင့္အမွ် အရက္နံ႔ေတြက ပိုျပင္းရွလာသည္။

“ခင္ဗ်ားတို႔က ဘယ္သူေတြလဲ
လာေႏွာင့္ယွက္မယ္ မႀကံနဲ႔ေနာ္ ”

“ေႏွာင့္ယွက္စရာလား ကိုယ္က ေဘဘီေလးကို
လုံၿခဳံစိတ္ခ်ရတဲ့ေနရာေလး ေခၚသြားမလို႔
လိုက္မယ္မလား”

“ဖယ္စမ္း! မထိနဲ႔ က်ဳပ္အသားကို!”

“ေအာေဟာ အဆိုးေလးပဲ ေဟ့ေရာင္ေတြ ငါတို႔ဒီည
လူေ႐ြးမမွားဘူးထင္တယ္ ျမင္ေယာင္ၾကည့္စမ္း
အဆိုးေလးနဲ႔ ဟားဟား”

“လူယုတ္မာ!!”

လက္ကိုဆြဲဖို႔တိုးလာတဲ့သူအား တြန္းခ်လိုက္ေတာ့
အနည္းငယ္ဟန္ပ်က္သြားသည္။ ‌ေျပာင္ေခ်ာ္ေခ်ာ္
ေစာက္ခြက္ကေတာ့ မပ်က္ပါ။

“ေဘဘီေလးကလဲ”

“အနားမကပ္နဲ႔ လူယုတ္မာ!!!”

“ဒုန္း!!”

“အား!!”

ညိဳ႕သႀကီးကိုပိတ္ကန္လိုက္ေတာ့ တစ္ေယာက္ဟာ
လဲက်သြားသည္။ တစ္ေယာက္ၿပီးတစ္ေယာက္နီး
ကပ္လာေတာ့ ဆြဲမိဆြဲရာ တုတ္တစ္ေခ်ာင္းကိုဆြဲ
ထားလိုက္သည္။

“တုတ္ကိုင္ရမွာမဟုတ္ဘူး ေဘဘီေလးရဲ႕
ကိုင္တာမွားေနတယ္ ”

“ေဟ့ေရာင္ေတြ ၾကည့္ပါအုံး လက္ေတြတုန္ေနတာကြာ ခ်စ္စရာေလး!!”

“ဒီလူလိုနားမလည္တဲ့ဟာေတြ ကဲကြ!!!”

“ဝုန္းး ဒုန္း!!”

ႏွစ္ေယာက္ေလာက္ကို တုတ္နဲ႔႐ိုက္ခ်လိုက္ေတာ့
အမူးသမားေတြကို ေသြးဆြေပးလိုက္မိသည္ထင္။
အနည္းငယ္နာက်င္သြားတဲ့ အမူးသမားေတြက
လဲရာမွျပန္ထလာကာ သူ႔အနားကိုတျဖည္းျဖည္း
ခ်င္းဝိုင္းလာသည္။

“ေဘဘီေလးက အရမ္းဆိုးတာပဲ....ကိုယ့္ကို
စိတ္မရွည္ေအာင္လုပ္ေနတာ”

“က်ဳပ္အသားကိုမထိနဲ႔!!”

“အ့! အေမ့!”

ေဆာ့ဂ်င္ဆံပင္ေတြကို ဆြဲေဆာင့္လိုက္တဲ့ လူ။
ေနာက္တစ္ေယာက္က ေဆာ့ဂ်င္ပါးႏွစ္ဖက္ကို
မထိတထိလာဆြသည္။ ေျခေထာက္အားလို႔႐ုန္း
မယ္ႀကံေတာ့ က်န္တဲ့တစ္ေယာက္က ေျခေထာက္
ေတြကိုခ်ဳပ္လိုက္၏။

“ခင္ဗ်ားတို႔!! ဖယ္စမ္း!! က်ဳပ္ကိုလႊတ္!! လႊတ္လို႔
ေျပာေနတယ္ေလ!!! ခင္ဗ်ားတို႔!!!”

“စကားသိပ္မ်ားတာပဲ ေဘဘီေလးက....ေဟ့ေရာင္
ေတြခ်ဳပ္ေခၚခဲ့ ဟိုတယ္သြားမယ္!”

“လူယုတ္မာေတြ!!!!”

အတင္းအၾကပ္ခ်ဳပ္ထားသည့္ၾကားမွ ႐ုန္းရင္းဆန္
ခတ္ေတြျဖစ္ကုန္သည္။ အားပါပါနဲ႔ ႐ုန္းရင္းသူ႔ကို
ခ်ဳပ္ထားတဲ့လက္ကို ကိုက္ခ်လိုက္ေတာ့ ခ်ဳပ္ထား
တဲ့ဟန္ပ်က္သြားသည္။

“အားးး ေခြးေကာင္!!!!”

“ထြက္ေျပးၿပီ! ေဟ့ေရာင္ေတြ လိုက္ဖမ္းစမ္း!!!”

သူေျပးခဲ့ေပမယ့္ ကံမေကာင္းခဲ့။ ထိုလူသုံးေယာက္
က သူ႔အား ေလအလ်င္လိုဖမ္းမိသြားခဲ့သည္။
ေယာက်ၤားေလးအားရွိသမွ် ႐ုန္းေပမယ့္ သုံး
ေယာက္ တစ္ေယာက္မို႔ ခက္ခဲလွသည္။

“ဖယ္စမ္း!! လူယုတ္မာေတြ!!  ေအာက္တန္းစား!!”

“စကားေတြမ်ားတဲ့လူကို ပိတ္ေပးမယ္
ကိုယ္တို႔က ညင္သာပါတယ္!”

သူ႔လက္ေတြကိုခ်ဳပ္ကာ အက်ႌၾကယ္သီးေတြကို
ခြၽတ္ဖို႔ျပင္လာတဲ့ အမူးသမားေတြေၾကာင့္
ေဆာ့ဂ်င္ ေအာ္ငိုခ်င္လာသည္။ ႐ုတ္တရက္
သတိရမိတာ ဦးဂြၽန္။ ဦးဂြၽန္ လာကယ္ပါေတာ့!

“ခင္ဗ်ားတို႔!! ရဲတိုင္ပစ္မယ္!!! လႊတ္!!
က်ဳပ္ကိုလႊတ္!!!”

“ဘာမွမလုပ္ဘူး အ၀တ္ေလးပဲခြၽတ္မွာ
ေဘဘီေလးက ရွက္လို႔လား ဟုတ္သားပဲ
လမ္းထဲမွာကို ...ေဟ့ေရာင္ေတြ လူရွင္းတဲ့ေနရာ
သြားမယ္ ေခၚခဲ့!”

“မလိုက္ဘူး!! လႊတ္!! က်ဳပ္ကိုလႊတ္!!!”

“ကူညီၾကပါအုံး !! ဒီမွာ အႏိုင္က်င့္ေနလို႔ပါ!!!
ကူညီၾကပါအုံး!! အား”

“တစ္ခါေအာ္ တစ္ခါပဲေနာ္ ေဘဘီ!!”

“ဦးဂြၽန္!! ဦးဂြၽန္ ကြၽန္ေတာ့္ကိုကယ္ပါ အီးဟီးး
ကြၽန္ေတာ္ ေၾကာက္တယ္ ! ဦးဂြၽန္ေရ!! အီးး”

တုန္ယင္ေနတဲ့ကေလးဟာ ဘယ္လိုပဲအားသုံး၍
႐ုန္းကန္ေနပါေစ။ သုံးေယာက္အားကိုမႏိုင္။
ေၾကာက္လြန္းလို႔ မ်က္ရည္ေလးေတြဝဲကာ
ထိုလူသုံးေယာက္ရဲ႕ နီးကပ္လာတဲ့မ်က္ႏွာစုတ္စုတ္
ေတြကို ေခါင္းယမ္းကာဖယ္ေနရသည္။

ပါးေတြကိုကိုင္လိုက္၊ ႏူတ္ခမ္းေလးကို လက္နဲ႔လာ
ပြတ္သြားလိုက္။ မေတာ္တေရာ္ေတြလုပ္ေနတာ
လမ္းထဲမွာလည္း တစ္ေယာက္မွမရွိ။ ျမင္လည္း
မျမင္ၾက။ ေအာ္ဟစ္ကာအကူအညီေတာင္းမယ္လုပ္
ေတာ့ သူ႔ပါးစပ္ကိုပိတ္လာၾကသည္။

“အားး”

ပါးစပ္ကိုအုပ္လာတဲ့ လက္ကိုကိုက္ခ်လိုက္ေတာ့
ထိုလူက ခ်က္ခ်င္းဆိုသလိုပဲ။

“ေဖာင္း!!”

ထိုသုံးေယာက္ထဲမွ စိတ္မရွည္ပုံရတဲ့လူက သူ႔မ်က္ႏွာကိုပိတ္႐ိုက္လိုက္၏။ ထိုအခါ လည္ထြက္
သြားတဲ့မ်က္ႏွာေလးနဲ႔ နာက်င္သြားတဲ့အစိတ္အပိုင္း
ေတြ။ ကမာၻတစ္ခုလုံးခ်ာခ်ာလည္။ ဦးဂြၽန္ ျမန္ျမန္
လာကယ္ပါေတာ့။

“အားး !!”

“ေအာ္ေလ ထက္ေအာ္စမ္း ထက္ေအာ္ရင္
ထက္႐ိုက္မယ္ !”

ထိုအခ်ိန္ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ သူတို႔ထံ
ကားမီးခပ္စူးစူးက်ေရာက္လာသည္။ စူးရွလြန္းတဲ့
အလင္းေရာင္ေၾကာင့္ အမူးသမားမ်ားအနည္းငယ္
ရွဲသြားကာ အျပဳအမူေတြၿငိမ္သက္ေနတုန္းကားေပၚ
မွ လူတစ္ေယာက္ဆင္းလာသည္။

ေျပာင္လက္ေနတဲ့ ရႉးဖိနပ္ဟာ ကတၱရာလမ္းမေပၚ
ထိကပ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ခ်ိဳရွရွအသံေလး
ထြက္ေပၚလာခဲ့၏။

“ငါ့ကေလးေလးကို ထိတဲ့ေကာင္မွန္သမွ်
သတ္ပစ္မယ္ ”

TBC......

.
.
.
.
.
.
.
.
.
.
.
"အခုစိတ်၀င်စားပြီလား ဆော့ဂျင်"

"လုံး၀ပဲ"

ဆော့ဂျင်က လက်နှစ်ဖက်ကို ကြက်ခြေခတ်ကာ
ခေါင်းခါပြသည်။ အင်းလေ။ ဘယ်စိတ်၀င်စားပါ့
မလဲ။ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေက
အင်မတန်ရူပ်ထွေးတဲ့အပြင် ကြီးကြီးမားမားကိစ္စ
တွေဆို အစိုးရနဲ့ပါ ချိတ်ဆက်ရသေးတာ။ ဆုံးဖြတ်
ချက်မှားသွားရင်လည်း တာ၀န်ကြီးပြီး တစ်ခုခုများ
လွဲချော်ခဲ့ရင် နစ်နာကြေးမှာလည်း နည်းသည်
မဟုတ်။

"စိတ်မ၀င်စားတဲ့အရာကို ဆက်မလုပ်တာပဲ
ကောင်းတယ် ဆရာ့ကိုသေချာပြောကြည့်ပါလား
ကျွန်တော်က ဆော့ဂျင်အတွက်ပြောတာပါ"

"ကျွန်တော်ပြောတယ် အထိုးပါခံရတယ် ဒါပေမယ့်
ဒုံရင်းက ဒုံရင်းပဲ ဘာမှမထူးခြားဘူး"

"ဟင်းး တစ်ဦးတည်းသော သားဆိုတော့လည်း
သူတို့ကဖြစ်ချင်ရှာမှာပဲလေ"

နမ်ဂျွန်းက ခပ်လှမ်းလှမ်းမှာကုန်ချနေသည့်အလုပ်
သမားတွေကို ကြည့်ကာပြောလိုက်ခြင်း။ ဖြစ်ချင်
စရာလား။ ဖြစ်မယ့်ဖြစ် ‌ဦးဂျွန်နဲ့ပဲဖြစ်မှာပေါ့။

"ဒါနဲ့ နမ်ဂျွန်းမှာ မောင်နှမမရှိဘူးလား"

"အစ်ကိုတစ်ယောက်တော့ ရှိတယ် သူက အင်္ကျီဆိုင်
ဖွင့်ထားတယ် မြောင်ဒုံးရပ်ကွက်မှာ"

"ညီအစ်ကိုနှစ်ယောက်ဆိုတော့ မိုက်တာပေါ့"

"ကျွန်တော်တို့က တစ်ယောက်တစ်မျိုးဗျ
အစ်ကိုက အရောင်တွေစုံတာ စိတ်၀င်စားတယ်။
ဖက်ရှင်ကို ဘယ်လိုစတိုင်လ်ကျကျ၀တ်ရမလဲဆိုတာ စိတ်၀င်စားတယ်။ ကျွန်တော့်လောက်စာမတော်
ပေမယ့် အစ်ကိုက အရမ်းကြင်နာတယ်"

"နမ်ဂျွန်းကရော"

"ကျွန်တော်ကလား.....စာတော်ပြီးညဏ်ပဲကောင်းတာ
ဘာကိုင်ကိုင်ကျိုး အဲ့တာကြောင့် အစ်ကိုက ကျွန်တော့်ကို အမြဲစောင့်ရှောက်ရတယ်လေ။ အစ်ကိုက
အရောင်စုံတာကြိုက်သလောက် ကျွန်တော်က
အပြာရောင်တစ်ခုထဲပဲကြိုက်တာ ပန်းချီပြခန်းတွေ
သွားရတာကြိုက်တယ်။ စက်ဘီးစီးရတာ ကြိုက်
တယ်။ အပင်သေးသေးလေးတွေ စိုက်ရတာကြိုက်
တယ် ဒါပေမယ့် ကျွန်တော့်အဖြစ်က စိုက်သေပါဗျာ
ဘာစိုက်စိုက် တစ်လပဲခံတယ် ပြီးရင် သေ"

"ဟားဟား အဲ့တာကြောင့် စိုက်သေလို့ခေါ်တာလား"

"ဟုတ်တယ် အစ်ကိုနာမည်ပေးထားတာလေ
ကင်စိုက်သေ ပြီးတော့ ရှိသေးတယ် ကင်နမ်ကျိုး
ဆိုပြီး"

သူ့စကားကို ဆော့ဂျင်က သဘောခွေ့စွာ တဟားဟားနဲ့ရယ်နေသည်။ ဒီအခိုက်အတန့်လေးတွေမှာ
ဘာတွေကိုမှတ်တမ်းတင်ရမလဲဆိုရင် ရယ်သံလေး
တွေပဲ။ သဘောကျရပါသည်။ ဒီရယ်သံလေးတွေက
အပူအပင်မရှိ ၊ စိတ်ဖိစီးမှုမရှိပဲ တစ်ဖက်သားကို
အေးချမ်းကြည်လင်စေတဲ့ သဘောတရားတွေပါရှိ
နေပါ၏.......။

"ပြန်ကြတော့မလား ကျွန်တော်တို့"

"ဟုတ် ပြန်ကြမယ်လေ "

ခုံတန်းလျားလေးမှထကာ ကားရပ်ထားသည့်နေရာ
ကိုသွားမယ်ပြင်တော့ နမ်ဂျွန်းဆီမှ ဖုန်း၀င်လာ
သည်။

"ခဏနော် ကျွန်တော် ဖုန်းကိုင်လိုက်အုံးမယ်"

နမ်ဂျွန်းက ဖုန်းမြှောက်ပြကာ ခုံတန်းလျားနဲ့ခပ်လှမ်း
လှမ်းကိုထွက်သွားသည်။ တစ်ယောက်ထဲ ကျန်ခဲ့
တုန်း ဟိုကြည့် ဒီကြည့်လုပ်နေရင်း နားထဲတိုး၀င်လာ
တဲ့ အသံချိုချိုလေး။ ထက်ပြီးကြားရပြန်ပါပြီ။

"ကလေးလေး"

"ဟင်"

လှည့်ကြည့်လိုက်တော့ ဦးဂျွန်။ မျက်နှာငယ်လေးနဲ့
သူ့ကိုခေါ်နေသည်။ ပင်ပန်းနေပုံပေါက်တဲ့ ဦးဂျွန်
မျက်နှာကိုကြည့်ရင်း ရင်ထဲဆစ်ခနဲရယ်။ ပြန်ထူးဖို့
လုပ်နေတုန်း နမ်ဂျွန်းက ပြန်ရောက်လာတော့
အစောက မျက်နှာငယ်လေးဟာ ချက်ချင်းဆိုသလို
တည်သွားပြီး အကြည့်စူးစူးတွေနဲ့ စစ်ခင်းပြန်သည်။

"သူကဘယ်သူလဲ ကလေးလေး"

အသံမာမာဟာ ဘယ်တော့မှ မလျှော့။ မမဟန်နဲ့
တုန်းကတစ်ခါ။ အခုလည်းတစ်ခါ။ စိတ်တိုတိုနဲ့
နမ်ဂျွန်းလက်မောင်းရင်းကိုဆွဲကိုင်လိုက်မိသည်။
ဘာတွေလုပ်မိမှန်းလည်း ဆော့ဂျင် သတိမထားမိ
တော့ပါ။

"ဘယ်သူဖြစ်ဖြစ်ပေါ့ "

"အသိလား ဆော့ဂျင်"

"အင်း အသိပဲ ပြန်ရအောင် နမ်ဂျွန်း"

"ခဏနေပါအုံး ဦးဂျွန်နဲ့စကားခဏပြောရအောင်
ခဏလေးပဲ"

တည်တံ့နေတဲ့ မျက်နှာက အသံချိုချိုလေးနဲ့တောင်း
ဆိုတော့ မငြင်းပစ်ချင်စရာ။ ဦးဂျွန်ကိုတစ်လှည့်၊
နမ်ဂျွန်းကိုတစ်လှည့်ကြည့်ရင်း ဗျာများနေသည်။
ထိုအချိန်မှာပဲ နမ်ဂျွန်းက သူဆွဲထားတဲ့လက်ကို
တည်ငြိမ်စွာဖြုတ်ပေးလိုက်လေ၏။

"စကားပြောကြပါ အေးဆေး ကျွန်တော်
ဘယ်လောက်ပဲဖြစ်ဖြစ် စောင့်နိုင်ပါတယ် "

နမ်ဂျွန်းဆီက ခွင့်ပြုချက်မဟုတ်တဲ့ ခွင့်ပြုချက်ရ
သည်နှင့်တစ်ပြိုင်နက် ဦးဂျွန်က သူ့လက်ကိုဆွဲကာ
ထိုနေရာမှ ခေါ်သွားသည်။ မမဟန်တုန်းကလိုမျိုး။
ဖြည်းဖြည်းခေါ်လည်းရသားနဲ့ လက်တစ်ခုလုံးကို
ဆွဲခေါ်သွားလိုက်တာများ။ ဒေါသထွက်လွန်းလို့
အသားတွေပါ တဆက်ဆက်တုန်သည်အထိ။

ကျန်ခဲ့တဲ့ နမ်ဂျွန်းကတော့ ထွက်သွားတဲ့ကျောပြင်
နှစ်ခုကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။တစ်
မနက်ထဲ အမြစ်တွယ်ခဲ့တဲ့ နှလုံးသားရဲ့ ခံစားချက်
တွေကို ခေါက်သိမ်းရင်း ကားထဲကို၀င်ခဲ့လိုက်လေ
သည်။ ဘယ်တော့မှ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်
လာရင် သဘာ၀လေးဟာ ကံမကောင်းခဲ့ပါ.....။

####

"ဦးဂျွန် ဘယ်လိုဖြစ်နေလဲ!! လွှတ် ကျွန်တော့်ကို
လွှတ်!! ဦးဂျွန်!!"

"မင်းဘာလို့ ကိုယ်မကြိုက်တာတွေပဲ
လုပ်နေရတာလဲ ကင်ဆော့ဂျင်!!!!"

ဆိပ်ကမ်းအစပ်နားရောက်တော့ ဦးဂျွန်လက်တွေကို
ဖြုတ်ချရင်း အော်ဟစ်မိလိုက်သည်။ အခြေအနေ
တွေဟာ မဟန်။ ဦးဂျွန်ကလည်း တောက်တစ်ခေါက်
ခေါက်နဲ့ အသံတွေက တင်းမာနေသည်။

"ဘာလုပ်မိလို့လဲ လုပ်မိရင်ရော ကျွန်တော့်ကိစ္စလေ
ဦးဂျွန်နဲ့ ဘာမှမဆိုင်ဘူး နည်းနည်းသတိထားပါအုံး!!"

"ဆိုင်တယ် ဆိုင်ကိုဆိုင်တယ် မင်းကိုငါချစ်နေတဲ့
အတွက် ဒါတွေဟာ ငါဆိုင်တဲ့အရာတွေပဲ!!"

"ရူးနေလား! ဦးဂျွန်ကို ကျွန်တော်မချစ်ဘူးလို့
ပြောနေတယ်လေ! ဘာလို့ရှေ့ဆက်တိုးချင်နေရတာ
လဲ! ဦးဂျွန် တကယ်ပဲ နားမလည်ဘူးလား!!"

"ကလေးလေး .....ဦးဂျွန် အများကြီးစဉ်းစားပြီးမှ
ဆုံးဖြတ်ချက်တွေ ချခဲ့ရတာ ဦးဂျွန် မင်းကိုလွယ်
လွယ်ချစ်တယ်များ ထင်နေတာလား ဟမ်!"

"ဦးဂျွန်လည်း အများကြီးစဉ်းစားခဲ့ရသလို ကျွန်တော်လည်း စဉ်းစားခဲ့ရတာပဲ။ အခုမှလာပြီး
ဇာတ်နာပြမနေနဲ့ ။ ကျွန်တော် ဦးဂျွန်နဲ့ပတ်သက်တဲ့
ခံစားချက်တွေကို အဲ့ဒီ့နေ့ထဲက အကုန်ခေါက်သိမ်း
လိုက်ပြီးပြီ"

"ဦးဂျွန်က မင်းအတွက် စာအုပ်မဟုတ်ဖူးနော်
ဖတ်ချင်တဲ့အချိန်ဖတ်ပြီး ချောင်ထဲထိုးထားရတဲ့အထိ ငါ့အချစ်တွေက စာအုပ်မဟုတ်နေဘူး!!"

"ဘာတွေများ ကောင်းခဲ့လို့ အသံကောင်းဟစ်နေ
တာလဲ!! ပိုင်ရှင်ရှိရက်နဲ့ ကျွန်တော့်ကို စိတ်ယိုင်
အောင် ပြုစားနေတာတွေ တော်ပါတော့!! ကြာရင်
ဦးဂျွန်ကို မုန်းမိတော့မယ်"

"ဘာတွေများကောင်းခဲ့လို့လဲတဲ့ ဟုတ်လား"

"ဟုတ်တယ် ဘာတွေကောင်းခဲ့လို့လဲ အမြဲတမ်း
ကျွန်တော့်ခံစားချက်တွေကို လျစ်လျူရှု့ပြီးနေနေ
ခဲ့တဲ့လူက အခုမှဘာတွေကောင်းပြချင်နေတာလဲ!!"

"ကလေးလေး"

"မခေါ်နဲ့ မုန်းတယ်!! မုန်းလွန်းလို့!"

"ကလေးလေး ဘာပြောလိုက်တယ်"

မျက်ရည်တွေနဲ့ ကလေးလေး။ သူ့ဘ၀ထဲ သုံးနှစ်
သားအရွယ်ထဲက ရောက်လာခဲ့တဲ့ ကလေးလေး။
မထိမတိတွေကြား သံယောဇဉ်မဟုတ်တဲ့ အရာတွေ
နဲ့နှစ်ယောက်လုံးက မတင်မကျတွေဖြစ်ခဲ့ရတာ။
အားလုံးက သူ့အမှားပဲ။

"ဟုတ်တယ် ကျွန်တော် ဦးဂျွန်ကို မုန်းတယ်
မုန်းလွန်းလို့ နောက်ထပ် မဆုံပါရစေနဲ့တော့
မတော်တဆပဲဖြစ်ဖြစ် တမင်ပဲဖြစ်ဖြစ် ဆုံခဲ့ရင်တောင် ကျွန်တော်တို့ မသိချင်ယောင်ဆောင်ကြ
ရအောင်....နော် ဦးဂျွန်"

"ကလေးလေး ဦးဂျွန်-"

"တောင်းပန်ပါတယ် ဘာမှထက်မပြောပါနဲ့
ကျွန်တော့်ကို သနားပါ !"

မျက်ရည်တွေဟာ ကလေးလေးရဲ့ပါးပြင်ပေါ်မှာ
ရပ်နားခြင်းမရှိ ကျဆင်းနေသည်။ သူ သုတ်ပေး
ချင်ပေမယ့် သူ့လက်တွေ လူပ်ရှားသွားသည့်
အချိန်မှာပဲ ကလေးလေးက ပြေးထွက်သွားခဲ့လေပြီ။

ကလေးလေး
ကျွန်တော့်ကို တကယ်ပဲ မုန်းသွားပြီလားဗျာ။

####

အိမ်ပြန်လမ်းတစ်လျှောက် တိတ်ဆိတ်နေသည်။
အဆင့်ဆင့် ကာရံထားတဲ့ တောင်တန်းတွေကိုကျော်
ဖြတ်ကာ လမ်းမကြီးတွေပေါ် ဖြတ်ပြေးနေသည့်
နမ်ဂျွန်းတို့ကားလေးထဲ ရေဒီယိုမှလာနေသော
သီချင်းတစ်ပုဒ်မှလွဲ၍ မည်သည့်အသံမှ မကြားရ။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ လေထုဟာ နေ၀င်ချိန်
နှင့်အတူ အထီးကျန်စွာတည်ရှိနေ၏။

နမ်ဂျွန်းကတော့ ဖုန်းတစ်လုံးနဲ့ ဘာတွေလုပ်နေလဲ
မသိ။ ဆော့ဂျင်ကတော့ စိတ်တွေမွန်းကျပ်လွန်းလို့
ပြတင်းပေါက်အပြင်ကိုကြည့်လိုက်။ ပါလာတဲ့ဖုန်း
ကို ထုတ်ပြီး အင်တာနက်သုံးလိုက်။ အမျိုးမျိုးအာရုံ
ပြောင်းနေပေမယ့် ‌မရခဲ့ပါ။ နောက်ဆုံးတော့ သူ့စိတ်
တွေဟာ မသက်ဆိုင်သူထံပဲ ပြန်လည်ရောက်ရှိနေခဲ့
တာပင်။

အမှန်တိုင်းပြောရရင် တိတ်တိတ်လေးပဲ
သဘောကျချင်ခဲ့တာ။ ရူးရူးမူးမူးချစ်မိတဲ့အထိ
မဖြစ်ချင်ခဲ့ဖူး။

ဦးဂျွန်က ကျွန်တော့်အတွက် မဟုတ်ဖူးဆိုတာသိတဲ့
နေ့ကစပြီး နည်းလမ်းမျိုးစုံနဲ့ ရှောင်ခဲ့ပေမယ့်
ထိန်းချုပ်ထားတဲ့ နှလုံးသားထဲ ဦးဂျွန်၀င်လာခဲ့ပုံက
အကန့်အသတ်မဲ့ပဲ။

ဦီးဂျွန်ကို ချစ်မိတဲ့နေ့ကစပြီး ဆရာ၀န်နားကြပ်တွေ
ကိုချစ်တတ်လာတယ်။ ဂျုတီကုတ်လေးကိုပိုက်ပြီး
ဆေးရုံကော်ရစ်တာထဲ ပြေးလွှားချင်တယ်။ နှလုံး
ခုန်သံတွေကို စိတ်၀င်စားတတ်သလို ဆေးထိုးအပ်
တွေလည်းကိုင်ချင်ခဲ့တာပဲ။

ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်ရဲ့
"ကလေးလေး"ဆိုတဲ့ ခေါ်သံလွင်လွင်လေးဖြစ်မယ်လို့ ကျွန်တော်မထင်ခဲ့ဖူး။ ဘ၀မှာ မထင်ထားတာ
တွေဖြစ်လာတော့ ဘ၀ဟာ Biochemistry ဘာသာရပ်
တွေကို မြတ်နိုးတတ်လာတယ်။

ချစ်တယ်ဆိုတာ နားကြပ်ကိုင်တဲ့ လက်ကလေး
တွေကို တယုတယ ဆုပ်ကိုင်ချင်တဲ့ စိတ်ကလေး
ပါပဲ။ အဲ့ထက်လည်း ပိုကောင်းပိုနိုင်မှာပေါ့။ အရာ
ခပ်သိမ်း မထိန်းချုပ်နိုင်တဲ့အခါ ချစ်ခြင်းမေတ္တာရဲ့
အစွန်အဖျားတွေမှာ နားလည်ဖို့ခက်တဲ့ စာမေးပွဲ
မေးခွန်းတွေလိုပါပဲ။

အေးချမ်းစွာ ချစ်ချင်ခဲ့ပေမယ့်
မအေးချမ်းတဲ့အခါ လမင်းလေးဟာ
မီးတောင်လေးပမာ ပူပူလောင်လောင်။
ပူလောင်ပေမယ့် သံသရာတစ်ကွေ့ကိုတော့‌
နားကြပ်ကိုင်တဲ့လက်ဖဝါးတွေထဲ
ကံကြမ္မာတစ်ခုလုံးကို ဖွက်ထားစေချင်သေးတယ်။

အတွေးတွေလွန်တော့ မျက်ရည်တစ်စက်ဟာ ဘယ်
ဖက်ပါးပြင်မှ ပေါက်ခနဲ။ နမ်ဂျွန်း မမြင်ခင်လျင်
မြန်စွာသုတ်လိုက်သည်။ တငြိမ့်ငြိမ့်သွားနေတဲ့လမ်းမကိုကြည့်ရင်း လက်ပတ်နာရီကို ထုတ်ကြည့်
တော့ အချိန်အားဖြင့် ညနေ၅နာရီ။

"ဒါက ဘယ်နေရာလဲဟင်"

"ဆိုးလ်အ၀င်ပဲ ဆော့ဂျင် ရှေ့နားဆို တံတားရောက်
ပြီ "

"ဒါဆို တံတားမှာ ကျွန်တော့်ကိုချပေးခဲ့ပါလား
အိမ်မပြန်ချင်သေးဘူး ခဏလောက် လမ်းလျှောက်
ချင်လို့"

"ဆရာမေးရင်ရော ကိုယ် ဘယ်လိုဖြေလိုက်ရမလဲ"

ချိုသည်လည်းမဟုတ် ၊ နက်သည်လည်းမဟုတ်
နမ်ဂျွန်းအသံဟာ တည်ငြိမ်ပြီးကြည်လင်နေသည့်
အမျိုး။ လှည့်ကြည့်လိုက်တော့ နမ်ဂျွန်းက ခြေတစ်
ဖက်ချိတ်ထိုင်ရင်း သူ့ကိုမေးငေါ့ပြနေသည်။

"ဗိုက်ဆာလို့ စားသောက်ဆိုင်ရှေ့ချပေးခဲ့တယ်
ပြောလိုက်ပါ ဖေဖေက ကျန်တာဆို မယုံပေမယ့်
အစားနဲ့ဆို ယုံပါတယ်"

‌ဦးဂျွန်နဲ့လည်းယုံပါတယ်ဆိုတဲ့ စကားကိုတော့
ထည့်မပြောလိုက်မိ။ နမ်ဂျွန်းက သူ့စကားကို
ခေါင်းငြိမ့်ပြီးတဲ့နောက် ဒရိုင်ဘာကို တံတားအစပ်
မှာရပ်ပေးဖို့ ပြောသည်။ သိပ်မကြာ။ တံတားနားကို
ရောက်တဲ့အခါ သူတို့ကားလေး တိခနဲရပ်သွားသည်။

"ဒီနေ့အတွက် တာ၀န်ကျေပါတယ် ကျေးဇူးလည်း
တင်ပါတယ် နမ်ဂျွန်း.....နောက်ရက်တွေရုံးမှာဆုံပါမယ်"

‌ခါးကိုရို့ကာ အလေးပြုတော့ နမ်ဂျွန်းက ကားထဲမှ
ထွက်လာသည်။ ရာသီဥတုက ဆောင်းအ၀င်မို့
အနည်းငယ်တော့ ချမ်းစိမ့်စိမ့်နိုင်သည်။ တဖြူးဖြူး
တိုက်ခတ်နေတဲ့ လေပြည်ဟာ အရိုးထဲထိမဟုတ်ရင်
တောင် ကြက်သီးလေးတွေထတဲ့အထိ အေးနိုင်စွမ်း
ရှိသည်။

"‌ကျွန်တော်က ခံစားချက်ကိုဦးစားပေးတဲ့နေရာမှာ
မတော်ပေမယ့် အကြံတစ်ခုတော့ ပေးချင်တယ်။
ဘ၀မှာ ခက်တယ်ဆိုရင် လွယ်တာမှ မရှိပဲ။မဖြစ်နိုင်
ရင်ဖြစ်နိုင်တဲ့ လမ်းကိုဖောက်ရမယ်။ စိတ်၀င်စား
တာနဲ့ ဝါသနာပါတာကိုပဲ ရွေးချယ်လိုက်ပါ....
မဟုတ်ရင် တစ်သက်လုံးမပျော်ရွှင်ပဲ နေသွားရလိမ့်
မယ်”

“ကိုယ်မင်းပျော်တာပဲ မြင်ချင်တယ်နော် ”

နမ်ဂျွန်းရဲ့မျက်၀န်းတွေထဲ နူးညံ့ခြင်းအပြည့်၊ သိမ်
မွေ့ခြင်းအပြည့်။ ကြေကွဲနေတဲ့ အရိပ်အယောင်
တွေလား။ မျက်ရည်တွေလား မသဲကွဲတဲ့ အရည်
ကြည်တွေ၀င်းလဲ့နေသေးသည်။ ဒါဟာ ဆောင်းလေ
တိုက်ခတ်မှုကြောင့်ပဲ ဖြစ်မှာပါလေ။

“နမ်ဂျွန်းပြောသလို ကြိုးစားပါမယ်
ကျေးဇူးပါပဲ ”

“ဒါဆို ကိုယ့်ကိုခွင့်ပြုပါအုံး”

နမ်ဂျွန်းကားပေါ်တက်သွားသည်အထိ ဆော့ဂျင်
ထိုနေရာလေးမှာပဲ ရပ်နေမိသည်။ ဘာရယ်ကြောင့်
မှန်းမသိ။ ရင်ထဲတစ်ခုခုကို ခံစားမိလိုက်သလိုပဲ။

“စိတ်တွေရူပ်လိုက်တာကွာ”

#####

တဖြည်းဖြည်းနဲ့ညမှောင်လာသည်။ တံတားအရှည်
ကြီးကို ‌ဖြည်းညှင်းစွာဖြတ်သန်းရင်း စိတ်ကူးပေါက်
တဲ့ဆိုင်တွေထဲ ၀င်ကာ မုန့်တွေစားလိုက်။ ကုန်တိုက်
တွေတွေ့ရင် လျှောက်ကြည့်လိုက်နဲ့ အချိန်တွေဘယ်
လိုကုန်သွားလဲမသိ။ သတိရလို့ နာရီထုတ်ကြည့်တော့ အချိန်က ည၈နာရီခွဲနေပြီ။ သူတော်တော်
အချိန်တွေဖြုန်းခဲ့မိတာပဲ။

“ပြန်မှဖြစ်တော့မယ် ”

ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်တော့
ဖေဖေက ဖုန်းတွေခေါ်ထားတဲ့အပြင် မပြန်လာသေး
ဖူးလားဆိုတဲ့ စာတွေပို့‌ထားသည်။ ဖုန်းပြန်မဆက်
ချင်၍ “အခုပြန်လာပြီ”ဆိုတဲ့ စာလေးကို ခပ်မြန်မြန်
ရိုက်ပို့ကာ လမ်းချိုးလေးထဲ၀င်လာခဲ့သည်။

အခုရောက်နေတဲ့နေရာက မြောင်ဒုံးရပ်ကွက်။ သူတို့
နေတာကတော့ ဂန်နမ်း။ အလှမ်းတော့ဝေးလှသည်။
သို့ပေမယ့် တစ်ညလုံး အချိန်‌ပိုတွေမရှိအောင်စဉ်း
စားထားလို့ အိမ်အထိလမ်းလျှောက်မယ်ဟုတွေးထားမိသည်။ သူတွေးထားတာက အိမ်ကိုရောက်ရင်
ဘာမှမတွေးပဲ အိပ်ပစ်လိုက်မယ်။ ရေလည်းမချိုး
တော့ဖူး။ စာရေးသူတောင် ရေမချိုးတာ သူလည်း
မချိုးချင်။

ဖျတ်~ဖျတ်~ဖျတ်

ကိုယ့်အတွေးနဲ့ကိုယ် တွေးပျော်နေတုန်း ကြားလိုက်
ရတဲ့ခြေသံကြောင့် တိခနဲရပ်လိုက်မိသည်။ စိတ်ထဲ
လည်း မသင်္ကာလို့လှည့်ကြည့်တော့ မည်သူမှမရှိ။

“စိတ်ထင်ပဲနေမှာပါ”

ကြောက်နေမှာစိုးလို့ ကိုယ့်ကိုယ်ကိုချော့ပေါင်းရင်း
ပြန်ထွက်လာခဲ့သည်။ သို့ပေမယ့် တဖြည်းဖြည်းနီး
ကပ်လာတဲ့အသံနဲ့အတူ လှည့်ကြည့်တော့ သူ့
အနောက်မှာ ရပ်နေတဲ့ လူသုံးယောက်။

“ဘယ် ဘယ်သူလဲ ”

“တစ်ယောက်ထဲ လမ်းမှားနေတာလား
ဘေဘီ”

လမ်းသရဲစတိုင်လ်တွေနဲ့ ၀တ်ပုံစားပုံတွေဟာ
အချိုးမပြေ။ ဖရိုဖရဲနဲ့ အရက်နံ့တွေဟာ
တထောင်းထောင်း။ တဖြည်းဖြည်းနဲ့နီးကပ်လာ
သည်နှင့်အမျှ အရက်နံ့တွေက ပိုပြင်းရှလာသည်။

“ခင်ဗျားတို့က ဘယ်သူတွေလဲ
လာနှောင့်ယှက်မယ် မကြံနဲ့နော် ”

“နှောင့်ယှက်စရာလား ကိုယ်က ဘေဘီလေးကို
လုံခြုံစိတ်ချရတဲ့နေရာလေး ခေါ်သွားမလို့
လိုက်မယ်မလား”

“ဖယ်စမ်း! မထိနဲ့ ကျုပ်အသားကို!”

“အောဟော အဆိုးလေးပဲ ဟေ့ရောင်တွေ ငါတို့ဒီည
လူရွေးမမှားဘူးထင်တယ် မြင်ယောင်ကြည့်စမ်း
အဆိုးလေးနဲ့ ဟားဟား”

“လူယုတ်မာ!!”

လက်ကိုဆွဲဖို့တိုးလာတဲ့သူအား တွန်းချလိုက်တော့
အနည်းငယ်ဟန်ပျက်သွားသည်။ ‌ပြောင်ချော်ချော်
စောက်ခွက်ကတော့ မပျက်ပါ။

“ဘေဘီလေးကလဲ”

“အနားမကပ်နဲ့ လူယုတ်မာ!!!”

“ဒုန်း!!”

“အား!!”

ညို့သကြီးကိုပိတ်ကန်လိုက်တော့ တစ်ယောက်ဟာ
လဲကျသွားသည်။ တစ်ယောက်ပြီးတစ်ယောက်နီး
ကပ်လာတော့ ဆွဲမိဆွဲရာ တုတ်တစ်ချောင်းကိုဆွဲ
ထားလိုက်သည်။

“တုတ်ကိုင်ရမှာမဟုတ်ဘူး ဘေဘီလေးရဲ့
ကိုင်တာမှားနေတယ် ”

“ဟေ့ရောင်တွေ ကြည့်ပါအုံး လက်တွေတုန်နေတာကွာ ချစ်စရာလေး!!”

“ဒီလူလိုနားမလည်တဲ့ဟာတွေ ကဲကွ!!!”

“ဝုန်းး ဒုန်း!!”

နှစ်ယောက်လောက်ကို တုတ်နဲ့ရိုက်ချလိုက်တော့
အမူးသမားတွေကို သွေးဆွပေးလိုက်မိသည်ထင်။
အနည်းငယ်နာကျင်သွားတဲ့ အမူးသမားတွေက
လဲရာမှပြန်ထလာကာ သူ့အနားကိုတဖြည်းဖြည်း
ချင်းဝိုင်းလာသည်။

“ဘေဘီလေးက အရမ်းဆိုးတာပဲ....ကိုယ့်ကို
စိတ်မရှည်အောင်လုပ်နေတာ”

“ကျုပ်အသားကိုမထိနဲ့!!”

“အ့! အမေ့!”

ဆော့ဂျင်ဆံပင်တွေကို ဆွဲဆောင့်လိုက်တဲ့ လူ။
နောက်တစ်ယောက်က ဆော့ဂျင်ပါးနှစ်ဖက်ကို
မထိတထိလာဆွသည်။ ခြေထောက်အားလို့ရုန်း
မယ်ကြံတော့ ကျန်တဲ့တစ်ယောက်က ခြေထောက်
တွေကိုချုပ်လိုက်၏။

“ခင်ဗျားတို့!! ဖယ်စမ်း!! ကျုပ်ကိုလွှတ်!! လွှတ်လို့
ပြောနေတယ်လေ!!! ခင်ဗျားတို့!!!”

“စကားသိပ်များတာပဲ ဘေဘီလေးက....ဟေ့ရောင်
တွေချုပ်ခေါ်ခဲ့ ဟိုတယ်သွားမယ်!”

“လူယုတ်မာတွေ!!!!”

အတင်းအကြပ်ချုပ်ထားသည့်ကြားမှ ရုန်းရင်းဆန်
ခတ်တွေဖြစ်ကုန်သည်။ အားပါပါနဲ့ ရုန်းရင်းသူ့ကို
ချုပ်ထားတဲ့လက်ကို ကိုက်ချလိုက်တော့ ချုပ်ထား
တဲ့ဟန်ပျက်သွားသည်။

“အားးး ခွေးကောင်!!!!”

“ထွက်ပြေးပြီ! ဟေ့ရောင်တွေ လိုက်ဖမ်းစမ်း!!!”

သူပြေးခဲ့ပေမယ့် ကံမကောင်းခဲ့။ ထိုလူသုံးယောက်
က သူ့အား လေအလျင်လိုဖမ်းမိသွားခဲ့သည်။
ယောင်္ကျားလေးအားရှိသမျှ ရုန်းပေမယ့် သုံး
ယောက် တစ်ယောက်မို့ ခက်ခဲလှသည်။

“ဖယ်စမ်း!! လူယုတ်မာတွေ!!  အောက်တန်းစား!!”

“စကားတွေများတဲ့လူကို ပိတ်ပေးမယ်
ကိုယ်တို့က ညင်သာပါတယ်!”

သူ့လက်တွေကိုချုပ်ကာ အင်္ကျီကြယ်သီးတွေကို
ချွတ်ဖို့ပြင်လာတဲ့ အမူးသမားတွေကြောင့်
ဆော့ဂျင် အော်ငိုချင်လာသည်။ ရုတ်တရက်
သတိရမိတာ ဦးဂျွန်။ ဦးဂျွန် လာကယ်ပါတော့!

“ခင်ဗျားတို့!! ရဲတိုင်ပစ်မယ်!!! လွှတ်!!
ကျုပ်ကိုလွှတ်!!!”

“ဘာမှမလုပ်ဘူး အ၀တ်လေးပဲချွတ်မှာ
ဘေဘီလေးက ရှက်လို့လား ဟုတ်သားပဲ
လမ်းထဲမှာကို ...ဟေ့ရောင်တွေ လူရှင်းတဲ့နေရာ
သွားမယ် ခေါ်ခဲ့!”

“မလိုက်ဘူး!! လွှတ်!! ကျုပ်ကိုလွှတ်!!!”

“ကူညီကြပါအုံး !! ဒီမှာ အနိုင်ကျင့်နေလို့ပါ!!!
ကူညီကြပါအုံး!! အား”

“တစ်ခါအော် တစ်ခါပဲနော် ဘေဘီ!!”

“ဦးဂျွန်!! ဦးဂျွန် ကျွန်တော့်ကိုကယ်ပါ အီးဟီးး
ကျွန်တော် ကြောက်တယ် ! ဦးဂျွန်ရေ!! အီးး”

တုန်ယင်နေတဲ့ကလေးဟာ ဘယ်လိုပဲအားသုံး၍
ရုန်းကန်နေပါစေ။ သုံးယောက်အားကိုမနိုင်။
ကြောက်လွန်းလို့ မျက်ရည်လေးတွေဝဲကာ
ထိုလူသုံးယောက်ရဲ့ နီးကပ်လာတဲ့မျက်နှာစုတ်စုတ်
တွေကို ခေါင်းယမ်းကာဖယ်နေရသည်။

ပါးတွေကိုကိုင်လိုက်၊ နူတ်ခမ်းလေးကို လက်နဲ့လာ
ပွတ်သွားလိုက်။ မတော်တရော်တွေလုပ်နေတာ
လမ်းထဲမှာလည်း တစ်ယောက်မှမရှိ။ မြင်လည်း
မမြင်ကြ။ အော်ဟစ်ကာအကူအညီတောင်းမယ်လုပ်
တော့ သူ့ပါးစပ်ကိုပိတ်လာကြသည်။

“အားး”

ပါးစပ်ကိုအုပ်လာတဲ့ လက်ကိုကိုက်ချလိုက်တော့
ထိုလူက ချက်ချင်းဆိုသလိုပဲ။

“ဖောင်း!!”

ထိုသုံးယောက်ထဲမှ စိတ်မရှည်ပုံရတဲ့လူက သူ့မျက်နှာကိုပိတ်ရိုက်လိုက်၏။ ထိုအခါ လည်ထွက်
သွားတဲ့မျက်နှာလေးနဲ့ နာကျင်သွားတဲ့အစိတ်အပိုင်း
တွေ။ ကမ္ဘာတစ်ခုလုံးချာချာလည်။ ဦးဂျွန် မြန်မြန်
လာကယ်ပါတော့။

“အားး !!”

“အော်လေ ထက်အော်စမ်း ထက်အော်ရင်
ထက်ရိုက်မယ် !”

ထိုအချိန် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် သူတို့ထံ
ကားမီးခပ်စူးစူးကျရောက်လာသည်။ စူးရှလွန်းတဲ့
အလင်းရောင်ကြောင့် အမူးသမားများအနည်းငယ်
ရှဲသွားကာ အပြုအမူတွေငြိမ်သက်နေတုန်းကားပေါ်
မှ လူတစ်ယောက်ဆင်းလာသည်။

ပြောင်လက်နေတဲ့ ရှူးဖိနပ်ဟာ ကတ္တရာလမ်းမပေါ်
ထိကပ်သွားသည်နှင့်တစ်ပြိုင်နက် ချိုရှရှအသံလေး
ထွက်ပေါ်လာခဲ့၏။

“ငါ့ကလေးလေးကို ထိတဲ့ကောင်မှန်သမျှ
သတ်ပစ်မယ် ”

TBC......

Continue Reading

You'll Also Like

169K 12.9K 42
What is love? It's hurts for me. .... Adult sence ⚠️
109K 18.6K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
3.9K 452 20
ကောင်လေးတွေကိုလွမ်းလို့ အဖော်ပြုပေးချင်တဲ့စိတ်ကြောင့် ဟာသလေးနှောပြီးရေးထားတာဖြစ်ပါတယ်။
292K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)