Unicode
အပိုင်း (၇၀) မှတ်ဉာဏ်များ ချည်နှောင်ထားသော နေရာ(၂)
သူက သူမ၏ လှပသော အပြုံးကို ကြည့်ပြီးနောက် တစ်ခဏခန့် တွေးတောလိုက်သည်။ သူ့အနေဖြင့် လွတ်လမ်း မရှိတော့ကြောင်း သိသောအခါ သဘောတူ လိုက်ရတော့၏။၊
"ကောင်းပြီ ကောင်းပြီ"
ယဲ့ကျန်းက ချိုမြိန်စွာ ပြုံးသည်။
"ညီမ အစ်ကိုက အတော်ဆုံးပဲ"
"သွားပြီး နားတော့"
လုရှန်းကျစ်က သူမ၏ ခေါင်းကို ပုတ်ကာ ပြောသည်။ သူ၏ မျက်နှာတွင် ညီမကို အလိုလိုက်သော အမူအရာကို အပြည့် ဖော်လိုက်၏။
လုရှန်းကျစ်က အထဲသို့ ဝင်သွားသော သူ့ညီမ၏ အမူအရာကို ကြည့်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းချသည်။ သူ့ညီမက လူရိုင်းမလေးမှ ဒီလို မြင့်မြတ်သော သခင်မလေး တစ်ယောက် အသွင် ပြောင်းခဲ့သည်မှာ သိပ်မကြာ ခဲ့သေးပေ။ သူ ဆုံခဲ့ဖူးသမျှ မိန်းကလေးတိုင်းတွင် လုမိသားစုမှ မိန်းကလေးများကို ထည့်သွင်းလိုက်မည် ဆိုလျှင်ပင် မည်သူကမှ သူမနှင့် မယှဉ်နိုင်ဟု ရုတ်တရက် ခံစား မိလိုက်သည်။
ထိုကြောင့်ပါပဲ တစ်စုံတစ်ယောက်ကသာ သူ့ညီမကို လက်ထပ်ခဲ့လျင် ဆိုသော အချက်ကို တွေးမိလေပြီး သူ့ညီမကို ကောင်းကောင်း မဆက်ဆံနိုင်ကြောင်း တွေးမိသောအခါ သူ အလွန် ဒေါသ ထွက်လာခဲ့သည်။
ကလေးလို ညီမလေးက ကြီးပြင်းလာတာ မြန်လွန်းတယ်၊ သူ စိတ်ရှိသမျှ အကောင်းဆုံး ကြိုးစားပြီး ကာကွယ်ရမယ်။ သူ့အဖေကို ဒီအကြောင်း ပြောမှ ဖြစ်တော့မှာပဲ။
လုရှီမင်က သူ့ခေါင်းကို ဖြတ်ရိုက်သည်။
"အခု ဒီအကြောင်းတွေ ပြောရမဲ့ အချိန်လား။ ငါလည်း မင်း ညီမကို လက်ထပ်ဖို့ ခွင့်မပြုနိုင်သေးပါဘူး၊ ငါ လုံးဝ ခွင့်မပြုဘူး။ ကြိုးစားရဲတဲ့ ကောင်တိုင်း လက်သီး မြည်းရမယ်"
ထိုသို့ ပြောပြီးနောက် လုရှီမင်က လက်သီး နှစ်ဖက်လုံးကို လေထဲတွင် ယမ်းပြသည်။
လုရှန်းးကျစ်က ခေါင်းညိတ်သည်။
"အဖေ အဖေက ဉာဏ်ကောင်းတာပဲ"
"ဒါပေါ့ ဒါပေါ့ ဒါကြောင့် မင်းလည်း ဉာဏ်ကောင်းအောင် ကြိုးစား သင့်တယ်"
လုရှီမင်က သူ့သားကို သင်ပြ ပြန်သည်။
...
ညနေခင်းတွင် ယဲ့ကျန်း စားသောက်ပြီးသောအခါ သူမက သိုင့်မေ့ကို ရေပူစမ်းသို့ ဆွဲခေါ်သွားပြီး စိတ်လှုပ်ရှား တက်ကြွစွာ ပြောသည်။
"ငါ အရင်ဆင်းပြီး ရေခဏ စိမ်လိုက်မယ်၊ နင် ငါ့ကို အပြင်မှာ စောင့်နေ"
သိုင့်မေက စိုးရိမ်စွာ ပြောသည်။
"သခင်မလေး အခုက မှောင်နေပါပြီ၊ ကျွန်မတို့ မနက်ဖြန်မှ လာကြရင်ရော ဘယ်လိုပါလဲ"
ယဲ့ကျန်းက ပြုံးသည်။
"အာ ဒီနေ့ ငါ့ရဲ့ ခန္ဓာကိုယ်က လမ်းခရီးကြမ်းလို့ တောင့်တင်း နေတာ။ ငါ အခု ရေမစိမ်ရရင် ည ကောင်းကောင်း အိပ်နိုင်မယ် မထင်ဘူး"
"မစိုးရိမ် ပါနဲ့၊ ငါ ရေဘယ်လို ကူးရမလဲ သိတယ်၊ ဒီ အနီးနားမှာပဲ နေမှာပါ။ ဒီအနားလေးမှာ စိမ်ရုံပါပဲ။ ရေပူစမ်း ဆိုတာက တကယ်တော့ မောပန်း နွမ်းနယ်မှုတွေကို ပြေပျောက် စေတယ်လေ။ နင့်ရဲ့ အသားအရေကိုလည်း ပိုပြီး လှစေသေးတယ်"
သူက သိုင့်မေကို စိတ်အေးအောင် ပြောလိုက်သည်။
သူမ၏ သခင်မ၏ အလောတကြီး ပြောနေမှုကို နားထောင်ပြီး နောက်တွင် သိုင့်မေက ရှေ့သို့ တက်လာသည်။ သို့သော် ရေထဲသို့ ဆင်းခြင်း မဟုတ်ဘဲ ယဲ့ကျန်းကိုသာ အပြင်ဝတ်များ ချွန်ပေးပြီးနောက် အပြင်တွင် စောင့်ဆိုင်းရန် ဆုံးဖြတ် ထားလိုက်၏။
ယဲ့ကျန်း၏ အပြင်ဝတ်များက ရေကန်ပေါ်သို့ ကျသွားပြီး နောက်တွင် သူမ၏ ခြေထောက်က မြေပြင်သို့ ထိသွားသည်။ သူမ၏ ဖြူဖွေးကာ လှပနူးညံ့သော ပခုံးတန်းများက ထွက်ပေါ် လာခဲ့၏။
"သခင်မလေး သခင်မလေး ဆံပင် ချချင်ပါသလား"
သိုင့်မေက သူမ၏ သခင်မလေး၏ နှင်းဆီရောင် သန်းသော အသားအရေများကို ကြည့်ကာ တိတ်ဆိတ်စွာ မေးလိုက်သည်။
ယဲ့ကျန်းက ခေါင်းညိတ်ပြီးနောက် သိုင့်မေ့က သူမ၏ ခေါင်းပေါ်မှ ဆံထိုးများကို ညင်သာစွာ ဖြုတ်လိုက်ခြင်းကို ကြည့်လိုက်သည်။ သူမ၏ အနက်ရောင် ဆံပင်များက ခါးတစ်လျှောက် အထိ ဖြာကျလာခဲ့၏။
သူမက ပိုးသား ဘောင်းဘီ အရှည်နှင့် အတွင်းဝတ် တစ်စုံကိုသာ ဝတ်ဆင် ထားတော့သည်။ သူမ၏ ဆံပင်တွင်လည်း ဘာဆီမှ မလိမ်းထားပေ။ သူမ ဆံပင်၏ အရှည်က ခါးအထိ ရောက်နေခဲ့ပြီ ဖြစ်ကာ လွတ်လပ်စွာဖြင့် လရောင် အောက်တွင် ဖြာကျ တောက်ပနေခဲ့၏။
ပန်းရောင် အတွင်းဝတ်စုံက သူမ၏ ပိန်ပါးသော ပခုံးနှင့် ကပ်နေခဲ့ကာ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သူမ၏ ကျဉ်းမြောင်းသော ခါးကလည်း ချစ်စဖွယ် ဖြစ်နေခဲ့ကာ သေးသွယ်သော ခြေထောက် များကလည်း ဖြေးညင်းစွာဖြင့် လှုပ်ရှား သွားပြီး ရေကန်ဆီသို့ ချဉ်းကပ် သွားခဲ့ကာ နက်ရှိုင်းသည်ထက် နက်ရှိုင်းအောင် ဝင်ရောက် သွားခဲ့၏။
လရောင်က တောက်ပ နေသည်။ သူမ၏ အသားအရေက ကျောက်စိမ်းသဖွယ်ပင် ဖြစ်သွားခဲ့သေး၏။
သူမက အမျိုးသမီး ဖြစ်သည့်တိုင်အောင် သိုင့်မေ ကိုယ်တိုင်ကပင် ရှက်ရွံ့ သွားရသည်။
သူမ၏နှလုံးခုန်နှုန်းကပင် မြန်ဆန် လာခဲ့၏။
ဒါက သူမ၏ အရှေ့မှ အလှတရားကို မည်သို့သော စကားလုံးများဖြင့် ဖော်ပြရမှန်း မသိအောင် အထိ ဖြစ်သွားရစေသည်။
တတိယ သခင်မလေး ဘယ်တုန်းက ဒီလောက်အထိ လှသွားတာလဲံ
ယဲ့ကျန်းက ကျေနပ်စွာဖြင့် ရေပူစမ်းထဲတွင် လှည့်လည် ကူးခတ် နေသည်။ သူမ၏ ဖခင်က သူမကို သူမ၏ အစ်ကို ၂ နှင့်အတူ ငယ်စဉ်ကတည်းက ရေကူး သင်ပေးခဲ့၏။ သူမ၏ မျက်ရည်များက ကျဆင်း လာခဲ့သည်။ နွေးထွေးသော ခံစားချက်က တစ်ကိုယ်လုံး အနှံ့ ပျံ့လွင့်သွားခဲ့၏။
သူမ ချစ်သော သူတိုင်း သေသွား ခဲ့ရလေပြီ။
Zawgyi
အပိုင္း (၇၀) မွတ္ဉာဏ္မ်ား ခ်ည္ေႏွာင္ထားေသာ ေနရာ(၂)
သူက သူမ၏ လွပေသာ အျပဳံးကို ၾကည့္ၿပီးေနာက္ တစ္ခဏခန္႔ ေတြးေတာလိုက္သည္။ သူ႕အေနျဖင့္ လြတ္လမ္း မ႐ွိေတာ့ေၾကာင္း သိေသာအခါ သေဘာတူ လိုက္ရေတာ့၏။၊
"ေကာင္းၿပီ ေကာင္းၿပီ"
ယဲ့က်န္းက ခ်ိဳၿမိန္စြာ ျပဳံးသည္။
"ညီမ အစ္ကိုက အေတာ္ဆုံးပဲ"
"သြားၿပီး နားေတာ့"
လု႐ွန္းက်စ္က သူမ၏ ေခါင္းကို ပုတ္ကာ ေျပာသည္။ သူ၏ မ်က္ႏွာတြင္ ညီမကို အလိုလိုက္ေသာ အမူအရာကို အျပည့္ ေဖာ္လိုက္၏။
လု႐ွန္းက်စ္က အထဲသို႔ ဝင္သြားေသာ သူ႕ညီမ၏ အမူအရာကို ၾကည့္ၿပီးေနာက္ စိတ္ထဲတြင္ သက္ျပင္းခ်သည္။ သူ႕ညီမက လူ႐ိုင္းမေလးမွ ဒီလို ျမင့္ျမတ္ေသာ သခင္မေလး တစ္ေယာက္ အသြင္ ေျပာင္းခဲ့သည္မွာ သိပ္မၾကာ ခဲ့ေသးေပ။ သူ ဆုံခဲ့ဖူးသမွ် မိန္းကေလးတိုင္းတြင္ လုမိသားစုမွ မိန္းကေလးမ်ားကို ထည့္သြင္းလိုက္မည္ ဆိုလွ်င္ပင္ မည္သူကမွ သူမႏွင့္ မယွဥ္ႏိုင္ဟု ႐ုတ္တရက္ ခံစား မိလိုက္သည္။
ထိုေၾကာင့္ပါပဲ တစ္စုံတစ္ေယာက္ကသာ သူ႕ညီမကို လက္ထပ္ခဲ့လ်င္ ဆိုေသာ အခ်က္ကို ေတြးမိေလၿပီး သူ႕ညီမကို ေကာင္းေကာင္း မဆက္ဆံႏိုင္ေၾကာင္း ေတြးမိေသာအခါ သူ အလြန္ ေဒါသ ထြက္လာခဲ့သည္။
ကေလးလို ညီမေလးက ႀကီးျပင္းလာတာ ျမန္လြန္းတယ္၊ သူ စိတ္႐ွိသမွ် အေကာင္းဆုံး ႀကိဳးစားၿပီး ကာကြယ္ရမယ္။ သူ႕အေဖကို ဒီအေၾကာင္း ေျပာမွ ျဖစ္ေတာ့မွာပဲ။
လု႐ွီမင္က သူ႕ေခါင္းကို ျဖတ္႐ိုက္သည္။
"အခု ဒီအေၾကာင္းေတြ ေျပာရမဲ့ အခ်ိန္လား။ ငါလည္း မင္း ညီမကို လက္ထပ္ဖို႔ ခြင့္မျပဳႏိုင္ေသးပါဘူး၊ ငါ လုံးဝ ခြင့္မျပဳဘူး။ ႀကိဳးစားရဲတဲ့ ေကာင္တိုင္း လက္သီး ျမည္းရမယ္"
ထိုသို႔ ေျပာၿပီးေနာက္ လု႐ွီမင္က လက္သီး ႏွစ္ဖက္လုံးကို ေလထဲတြင္ ယမ္းျပသည္။
လု႐ွန္းးက်စ္က ေခါင္းညိတ္သည္။
"အေဖ အေဖက ဉာဏ္ေကာင္းတာပဲ"
"ဒါေပါ့ ဒါေပါ့ ဒါေၾကာင့္ မင္းလည္း ဉာဏ္ေကာင္းေအာင္ ႀကိဳးစား သင့္တယ္"
လု႐ွီမင္က သူ႕သားကို သင္ျပ ျပန္သည္။
...
ညေနခင္းတြင္ ယဲ့က်န္း စားေသာက္ၿပီးေသာအခါ သူမက သိုင့္ေမ့ကို ေရပူစမ္းသို႔ ဆြဲေခၚသြားၿပီး စိတ္လႈပ္႐ွား တက္ႂကြစြာ ေျပာသည္။
"ငါ အရင္ဆင္းၿပီး ေရခဏ စိမ္လိုက္မယ္၊ နင္ ငါ့ကို အျပင္မွာ ေစာင့္ေန"
သိုင့္ေမက စိုးရိမ္စြာ ေျပာသည္။
"သခင္မေလး အခုက ေမွာင္ေနပါၿပီ၊ ကြၽန္မတို႔ မနက္ျဖန္မွ လာၾကရင္ေရာ ဘယ္လိုပါလဲ"
ယဲ့က်န္းက ျပဳံးသည္။
"အာ ဒီေန႔ ငါ့ရဲ႕ ခႏၶာကိုယ္က လမ္းခရီးၾကမ္းလို႔ ေတာင့္တင္း ေနတာ။ ငါ အခု ေရမစိမ္ရရင္ ည ေကာင္းေကာင္း အိပ္ႏိုင္မယ္ မထင္ဘူး"
"မစိုးရိမ္ ပါနဲ႔၊ ငါ ေရဘယ္လို ကူးရမလဲ သိတယ္၊ ဒီ အနီးနားမွာပဲ ေနမွာပါ။ ဒီအနားေလးမွာ စိမ္႐ုံပါပဲ။ ေရပူစမ္း ဆိုတာက တကယ္ေတာ့ ေမာပန္း ႏြမ္းနယ္မႈေတြကို ေျပေပ်ာက္ ေစတယ္ေလ။ နင့္ရဲ႕ အသားအေရကိုလည္း ပိုၿပီး လွေစေသးတယ္"
သူက သိုင့္ေမကို စိတ္ေအးေအာင္ ေျပာလိုက္သည္။
သူမ၏ သခင္မ၏ အေလာတႀကီး ေျပာေနမႈကို နားေထာင္ၿပီး ေနာက္တြင္ သိုင့္ေမက ေ႐ွ႕သို႔ တက္လာသည္။ သို႔ေသာ္ ေရထဲသို႔ ဆင္းျခင္း မဟုတ္ဘဲ ယဲ့က်န္းကိုသာ အျပင္ဝတ္မ်ား ခြၽန္ေပးၿပီးေနာက္ အျပင္တြင္ ေစာင့္ဆိုင္းရန္ ဆုံးျဖတ္ ထားလိုက္၏။
ယဲ့က်န္း၏ အျပင္ဝတ္မ်ားက ေရကန္ေပၚသို႔ က်သြားၿပီး ေနာက္တြင္ သူမ၏ ေျခေထာက္က ေျမျပင္သို႔ ထိသြားသည္။ သူမ၏ ျဖဴေဖြးကာ လွပႏူးညံ့ေသာ ပခုံးတန္းမ်ားက ထြက္ေပၚ လာခဲ့၏။
"သခင္မေလး သခင္မေလး ဆံပင္ ခ်ခ်င္ပါသလား"
သိုင့္ေမက သူမ၏ သခင္မေလး၏ ႏွင္းဆီေရာင္ သန္းေသာ အသားအေရမ်ားကို ၾကည့္ကာ တိတ္ဆိတ္စြာ ေမးလိုက္သည္။
ယဲ့က်န္းက ေခါင္းညိတ္ၿပီးေနာက္ သိုင့္ေမ့က သူမ၏ ေခါင္းေပၚမွ ဆံထိုးမ်ားကို ညင္သာစြာ ျဖဳတ္လိုက္ျခင္းကို ၾကည့္လိုက္သည္။ သူမ၏ အနက္ေရာင္ ဆံပင္မ်ားက ခါးတစ္ေလွ်ာက္ အထိ ျဖာက်လာခဲ့၏။
သူမက ပိုးသား ေဘာင္းဘီ အ႐ွည္ႏွင့္ အတြင္းဝတ္ တစ္စုံကိုသာ ဝတ္ဆင္ ထားေတာ့သည္။ သူမ၏ ဆံပင္တြင္လည္း ဘာဆီမွ မလိမ္းထားေပ။ သူမ ဆံပင္၏ အ႐ွည္က ခါးအထိ ေရာက္ေနခဲ့ၿပီ ျဖစ္ကာ လြတ္လပ္စြာျဖင့္ လေရာင္ ေအာက္တြင္ ျဖာက် ေတာက္ပေနခဲ့၏။
ပန္းေရာင္ အတြင္းဝတ္စုံက သူမ၏ ပိန္ပါးေသာ ပခုံးႏွင့္ ကပ္ေနခဲ့ကာ တစ္ကိုယ္လုံးကို လႊမ္းျခဳံထားသည္။ သူမ၏ က်ဥ္းေျမာင္းေသာ ခါးကလည္း ခ်စ္စဖြယ္ ျဖစ္ေနခဲ့ကာ ေသးသြယ္ေသာ ေျခေထာက္ မ်ားကလည္း ေျဖးညင္းစြာျဖင့္ လႈပ္႐ွား သြားၿပီး ေရကန္ဆီသို႔ ခ်ဥ္းကပ္ သြားခဲ့ကာ နက္႐ိႈင္းသည္ထက္ နက္႐ိႈင္းေအာင္ ဝင္ေရာက္ သြားခဲ့၏။
လေရာင္က ေတာက္ပ ေနသည္။ သူမ၏ အသားအေရက ေက်ာက္စိမ္းသဖြယ္ပင္ ျဖစ္သြားခဲ့ေသး၏။
သူမက အမ်ိဳးသမီး ျဖစ္သည့္တိုင္ေအာင္ သိုင့္ေမ ကိုယ္တိုင္ကပင္ ႐ွက္႐ြံ႕ သြားရသည္။
သူမ၏ႏွလုံးခုန္ႏႈန္းကပင္ ျမန္ဆန္ လာခဲ့၏။
ဒါက သူမ၏ အေ႐ွ႕မွ အလွတရားကို မည္သို႔ေသာ စကားလုံးမ်ားျဖင့္ ေဖာ္ျပရမွန္း မသိေအာင္ အထိ ျဖစ္သြားရေစသည္။
တတိယ သခင္မေလး ဘယ္တုန္းက ဒီေလာက္အထိ လွသြားတာလဲံ
ယဲ့က်န္းက ေက်နပ္စြာျဖင့္ ေရပူစမ္းထဲတြင္ လွည့္လည္ ကူးခတ္ ေနသည္။ သူမ၏ ဖခင္က သူမကို သူမ၏ အစ္ကို ၂ ႏွင့္အတူ ငယ္စဥ္ကတည္းက ေရကူး သင္ေပးခဲ့၏။ သူမ၏ မ်က္ရည္မ်ားက က်ဆင္း လာခဲ့သည္။ ေႏြးေထြးေသာ ခံစားခ်က္က တစ္ကိုယ္လုံး အႏွံ႔ ပ်ံ႕လြင့္သြားခဲ့၏။
သူမ ခ်စ္ေသာ သူတိုင္း ေသသြား ခဲ့ရေလၿပီ။