friEND(COMPLETED)

By Kattamkaung

384K 41.9K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -16
Chapter -17
Chapter -18
Chapter-19
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter-20

8K 1K 71
By Kattamkaung

Unicode

‌တိမ်ညိုလေးအား ထွေးဖက်ခြင်း ၁

မရပ်စတမ်း လှမ်းနေသည့် ခြေလှမ်းကျဲတွေ။ ထက်သန်လွန်းနေသည့် စိတ်ဇောက အနှီခြေလှမ်းကျဲတွေကို မီးစာဖြည့်နေသည့်အလား၊ ပြင်းထန်လွန်းသည့် အသက်ရှူသံကြားမှာ ခြေစွပ်ဖိနပ်ကို ဟိုဘက်သည်ဘက် မှားလျှိုမိထားသည့် ခြေလှမ်းတို့က ကတ္တရာလမ်းမထက် တဇွတ်ထိုးဖြတ်သန်းလို့သွားသည်။

နေက ညိုလုပြီ။ ဗံဒါရွက်တို့ပင်လျှင် ငိုက်စိုက်ကျလို့။ မြှောက်တက်သွားသော လက်တွေကို ထိန်းကွပ်ဖို့ မစဉ်းစားနိုင်လိုက်ခင်မှာပဲ တင်းကြပ်စွာပွေ့ဖက်မိလိုက်သည့် ကိုယ်လုံးတစ်ခုက ရင်ခွင်ထဲသို့ငုံ့ကျလာသည်။မျက်နှာအပ်မိလိုက်သည့် ပုခုံးက ဘယ်လိုထူးခြားမွှေးပျံ့သည့် ရနံ့မှရှိမနေ၊ သမားရိုကျ  ကိုယ်နံ့နှင့် သားရေဂျာကင်နံ့တို့သာ ရောယှက်နေခဲ့သည်။

ဒီလိုမျိုး သားရေဂျာကင်ကြီး ဝတ်ထားတာတောင် ဘာလို့ နွေးထွေးနေတယ်ဆိုတဲ့ အငွေ့အသက်မျိုး သူ့ဆီက မရနိုင်ရတာလဲ။ တစ်နေကုန် အပြေးနှင်လာဟန်တူသည့် ဆိုင်ကယ်ကြီးရဲ့အင်ဂျင်ဆီမှ အပူက ခြေထောက်ကိုလာဟပ်ပေမဲ့ လက်ရှိ ကိုယ့်ရင်ထဲမှာဖြစ်နေသည့် ပူလောင်ခြင်းကိုမှီနိုင်မည်မထင်ပါ။

နေချို.... သူဟာ ခွန်းနစ်ရဲ့လက်မောင်းနှစ်ဖက်ကြားမှာ ငြိမ်သက်စွာ ကိုင်းညွှတ်ပေးထားခဲ့သည်။ စောဒကတက်သည့် အမူအရာမျိုး လုပ်ရကောင်းမှန်းမသိသည့် ကလေးတစ်ယောက်သဖွယ် ငြိမ်နေခဲ့ခြင်းဖြစ်၏။

"မင်း နေကောင်းရဲ့လား"

ရယ်ရခက် ငိုရခက် သူ့ဆီက ပထမဆုံးကြားရတဲ့စကားကြောင့် ခွန်းနစ်မှာ မြင့်မားလွန်းသည့် ကိုယ်ကြီးကိုလွှတ်ကာ နှာခေါင်းရှုံ့မိသွားသည်။ သတိလက်လွတ်ဖြစ်စဉ်က အားပါးတရပွေ့ဖက်မိပေမဲ့ ကိုယ့်အပြုမူကို မျက်နှာသေကြီးနှင့် ကြောင်အစွာ မေးခွန်းထုတ်နေသူကြောင့် ရှက်ရွံ့ရကောင်းမှန်း အသိဝင်လာခြင်းဖြစ်၏။

"ငါ...ငါ ဒီတိုင်း အိပ်မက်ဆိုး မက်လို့ပါ"

ကမ္ဘာ့ စောက်သုံးမကျဆုံး အဖြေကို ပြောပြီးတာတောင် ခွန်းနစ်က အမှားမလုပ်ထားသလို မျက်နှာပေးဖြင့် ဟန်ချီထားလိုက်သည်။ အမှန်တော့ ခွန်းနစ်ရဲ့ အိပ်မက်ဆိုးမဟုတ်ပါ။ နေချို့အိပ်မက်ဆိုးထဲမှာ ကိုယ်က နွမ်းလျသွားခဲ့တာ ဖြစ်ပါသည်။

"ခုရော အဆင်ပြေလား"

နှဖူးပေါ်  ငြင်သာစွာရောက်ရှိလာသည့် လက်ချောင်းရှည်တွေက ဆံ‌ပင်တွေကိုပါ သပ်တင်ပေးလာသည့်အခါ မျက်ဝန်းဝိုင်းတွေဟာ မထိန်းနိုင်စွာပဲ ထို လက်တို့၏ပိုင်ရှင်ကို မော့ကာငေးမောမိသွားသည်။ခရီးပန်းနေဟန်တူသော သူ့မျက်ဝန်းတွေက ညိုကာ သူ့နှုတ်ခမ်းက ခြောက်သွေ့အက်ကွဲနေ၏။ အကျည်းတန်းလွန်းသည့် မြင်ကွင်းဟာ ထိုအခိုက်အတန့်မှာ ခွန်းနစ်ကို မျက်နှာလွှဲမရအောင် ဆွဲဆောင်သွားခဲ့သည်။ နည်းနည်းလေးတောင် လှပမနေသည့် အဲ့ဒီမျက်နှာက ဘာကြောင့်များ ခွန်းနစ်ကို အသက်ရှူကြပ်ခာစေခဲ့ပါသနည်း။

"ငါ တစ်နေ့လုံးသတိရနေတာ... မင်းကို"

စွဲမက်ဖွယ် စကားလုံးတွေမဟုတ်ပါပဲ သိမ့်ခနဲဖြစ်သွားစေသည့် သူ့အပြောက စိတ်ရင်းတွေချည်း ပေါင်းထည့်ထားလို့ဟု ယူဆလိုက်ချင်သည်။ နူးနူးညံ့ညံ့ မပြောတတ်သည့် နေချိုမောင့်ထံမှ ပထမဆုံးအကြိမ်အဖြစ် ခွန်းနစ်ထံ ဝန်ခံသည့်စကားမှာ သူခွန်းနစ်ကို လွမ်းသည့်အကြောင်းဖြစ်သည်။

မင်း ဘယ်တွေရောက်နေခဲ့တာလဲဆိုသည့် သူဖြေရခက်စေမည့် မေးခွန်းတွေကို မေးချင်သည့်တိုင် ခွန်းနစ်မမေးရက်ပါ။ အနက်ရောင် သားရည်ဂျာကင်၏ အင်္ကျီလက်ကို လှမ်းကိုင်ကာ သူ့ကိုယ်လုံးကို ဆိုင်ကယ်ကြီးအနီးသို့ ပိုမိုတွန်းပို့ပစ်လိုက်သည်။

"ညနေစာ စားဖို့သွားကြစို့။ ဒီနေ့ မင်း လိုက်ကျွေးရမယ်"

"အဟင်း မင်းက ဆာနေတာပဲ"

ဆိုင်ကယ်ပေါ်တက်ရင်း ပြုံးသည်ဆိုရုံမှရယ်သော သူ့အမူရာက ဒီကနေ့မှ ကြည့်ကောင်းလွန်းနေသည်။ ကမ်းပေးလာသည့် ဆိုင်ကယ်ဦးထုပ်ကိုဆွဲယူကာ အမြန်နေရာယူလိုက်ရ၏။ ကိုယ်ဖြစ်ချင်ခဲ့တာ သူ့စိတ်ကို နှစ်သိမ့်နိုင်ဖို့ပေမဲ့ အခုတော့ ပြောင်းလဲမြန်နေသည့် ကိုယ့်စိတ်ကိုယ် ပြန်ထိန်းချုပ်ရမည့်ပုံ ပေါ်နေသည်။

"ငါ ငါ ချစ်တီးထမင်း စားချင်လို့"

"အင်း"

ဆိုင်ကယ်မောင်းရင်း နောက်ကို ငဲ့ဖြေသည့် သူ့အသံနောက်မှာ ကိုယ့်လက်တွေက အလိုလိုနေရင်း သူ့ခါးက အင်္ကျီစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်မိသွားသည်။ နောက်မှမြင်နေရသည့် ဂုတ်သားညိုညိုထက်တွင် အသားပိုသဖွယ် အဖုအလုံးငယ်လေးတွေ နှစ်လုံးသုံးလုံးအပြင် ကုတ်ခြစ်ထားပုံရသော အနာဖေးတက်ခါစ အနာတချို့ကို တွေ့ရ၏။ တိုစိတ်စိတ်ပေါက်နေသော သူ့ဆံမြှီးအစကလေးတွေကပင်လျှင် ဂရုဏာသက်ချင်စရာ ကောင်းနေသည်ကို တွေးမိသော် ခွန်းနစ်ရင်ထဲ တင်းကြပ်လို့လာပြန်သည်။

ဒီသူငယ်ချင်းက သူ့ဘဝကို ဘယ်လိုများ ရှင်သန်ခဲ့လိမ့်မလဲ။ အတူတူ ရှိခဲ့ဖူးသည့် ကာလတွေမှာ ခွန်းနစ်ရဲ့အပူပန်အားလုံးကိုသူ့ဆီမျှပေးခဲ့ဖူးပေမဲ့ သူ့ရဲ့ လောင်မြိုက်ခြင်းတွေကိုတော့ အစအနပင် ကိုယ့်ထံ ဟပ်ခွင့်မပေးခဲ့ချေ။ သိပ်ကို ‌အသိုဝှက်ကောင်းလွန်းသည်လား၊ သို့တည်းမဟုတ် သူကိုယ်တိုင်က ထိုအနာတရတွေကို မုန်းတီးစွာ ဖုံးကွယ်ထားချင်ခဲ့သည်လား။ သေချာတာကတော့ နေချိုခံစားနေရသည့် နာကျင်မှုဟာ သူ့ကို နှစ်ပေါင်းတာရှည်စွာ အထီးကျန်စေခဲ့မည်ဆိုတာပင်။ ဒီနှစ်တွေမှာ နေချိုက သူနှင့်အရင်းနှီးဆုံးဖြစ်ရမည့်သူတွေဆီမှာ စွန့်ပစ်ခံခဲ့ရရှာသည်ကို တွေးမိသောအခါ ခွန်းနစ် စိတ်ကို မထိန်းနိုင်တော့ပေ။

ဆိုင်ကယ်နောက်မှ သူ့ခါးကို တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။ စွန့်ပစ်ခံရသည့် ခံစားချက်ကို ခွန်းနစ်လောက် ဘယ်သူက နားလည်မှာလဲ။ တစ်ဘဝလုံး ပျောက်ရှသွားသလို ခံစားချက်၊ အားကိုးရာမရှိသလို ခံစားချက်၊ တစ်ခုခုလုပ်တိုင်း ငါမှားလို့မဖြစ်ဘူး ငါ့ဆီမှာ ဘယ်သူမှမရှိဘူးဆိုတဲ့ သတ္တိနဲ့ ယုံကြည်မှုယောင် ဟန်ဆောင်ထားတဲ့ သိမ်ငယ်မှုတွေကိုလေ။

"အနည်းဆုံးတော့ ငါက မင်းကို စာနာပေးမှာပါ"

တိုးညှင်းလွန်းသည့် ခွန်းနစ် အသံကို သူကြားမည်မထင်ပါ။တဝေါဝေါနှင်နေသော လေထုကြားမှ ဆိုင်ကယ်သံကြောင့် ထိုအသံက တစ်စချင်းစီ ပဲ့ကြွေပျံ့နှံ့သွားလောက်ပါလိမ့်မည်...။

.......................................

"နေချိုမောင် မင်း ငါနဲ့အတူနေချင်လား"

"ရူးနေပြီ...ရူးနေပြီ။ ငါတော့ စောက်ကျိုးနည်းကို ရူးနေပြီပဲ"

"ခွန်းနစ် ကုဋေကတော့ လုံးဝ သွက်သွက်ခါအောင် လွတ်သွားပြီ"

"ဘယ်လို သတ္တိနဲ့ ယောက်ျားတစ်ယောက်ကို အတူနေဖို့ ခေါ်နေတာလဲ ဒီဂေးကောင်ကတော့ ။ ကိုယ့်ဟာကိုယ်အခြေချဖို့တောင် မပြင်ဆင်နိုင်ပဲနဲ့... စောက်ရူးထမိနေတာ"

ခေါင်းအုံးကို မျက်နှာအပ်လို့ ဖင်ကုန်းရင်း လျှောက်အော်နေသည့် ခွန်းနစ်။ နေရင်းထိုင်ရင်း ဟီးရိုးလုပ်ချင်သည့် ဟော်မုန်းတွေက  ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကနေ ယိုစိမ့်လာကြသည်မသိပါ။ ထိုနေ့က ညနေစာစားပြီးအပြန် ပြောခဲ့မိသည့် စကားတွေက တစ်ပါတ်တိုင်အောင် ခွန်းနစ်ကို နှိပ်စက်နေခဲ့သည်။

ကိုယ့်ကို ကြိုက်ပါတယ်လို့ ဝန်ခံထားတဲ့လူကိုမှ အတူနေဖို့ ခေါ်ခဲ့မိသတဲ့။ ဒါက ဘယ်သူပဲဖြစ်ဖြစ် ရေလာမြောင်းပေးတာကို လက်ခံလိုက်ပြီလို့ ယူဆမည့်ကိစ္စလေ။ ခွန်းနစ်က ဘယ်တုန်းက မေတ္တာရှင်ကြီး ဖြစ်သွားရတာလဲ။ အမြဲ မကောင်းမြင်တာများပြီး တစ်ယောက်ထဲပဲ အတ္တကြီးနေတတ်တဲ့ ခွန်းနစ်ကလေ။

တွေးရင်း ရူးချင်လာတော့ ခြေထောက်တွေကို လေပေါ်ထောင်က ဟိုဟိုသည်သည် ကန်ကျောက်နေမိပြန်၏။ နေချိုမောင်က ခွန်းနစ်ကို လွယ်လွန်းတဲ့ကောင်လို့ ထင်သွားရင်ရော။ သူ့ကို သနားလို့ဆိုတဲ့အကြောင်း ပြောလိုက်ရင်လည်း စိတ်မကောင်းဖြစ်သွားနိုင်သည်။ ပိုဆိုးတာက စိတ်မြန်လွန်းသည့် ခွန်းနစ်တစ်ယောက် ထိုနေ့ကပဲ ဝေဖြိုးနိုင်ဆီဖုန်းဆက်ကာ တစ်ပါတ်ကျော်အတွင်း ဈေးသက်သာပြီး နှစ်ယောက်နေနိုင်မည့် အိမ်တစ်လုံးလောက် ငှားပေးဖို့ အာချောင်လိုက်ခြင်းပင်။ ခွေးသားက နေချို‌မောင်နှင့် အတူနေမည်ဆိုတာ သိရုံဖြင့် တကယ်ကြီးတွေ့အောင်ရှာလာသည်။ သူငယ်ချင်းနှစ်ယောက် ပေါင်းနေပြီး ငွေစုဖို့ကိုပင် တိုက်တွန်းနေသေး၏။

"နေချို့အဝတ်အိတ်တွေကို မင်းအဆောင်မှာ ခဏယူထားလို့ရလား။ အိမ် အဆင်သင့်မဖြစ်ခင် ထားစရာမရှိလို့"

ဒီနေရာမှာ အတူနေရအောင် ပြောလိုက်ရုံနှင့် သူ့အလုပ်က အဆောင်ကို ထွက်တော့မည်ပြောလိုက်သည့် နေချိုမောင်ကိုလည်း အံ့ဩပါသည်။ ခွန်းနစ်က အရူးဆိုလျှ သူကလည်း ခေါင်းထဲမှာ အဆံချောင်နေတာ ဖြစ်လိမ့်မည်။ အခုတော့ အဆောင်ကို နဂိုတက်နေချင်တဲ့သူတွေက ကြိုရောက်လာတာကြောင့် သူ့အထုပ်အပိုးတွေကို ထားဖို့ ခက်နေသည်ဟု ဝေဖြိုးနိုင်ဆီမှ သိရ၏။

"I need somebody who can love me at my worst"

ရူးချင်စိတ်ပေါက်နေတုန်း ဖုန်းဝင်လာတာကြောင့် ထကြည့်တော့ အခြားသူမဟုတ်။ ကျေးဇူးရှင်ဝေဖြိုးနိုင်က သူ အဆောင်ရှေ့ရောက်နေတာကြောင့် ဆင်းလာခဲ့ဖို့ လှမ်းခေါ်တာကြောင့် လက်ရှည်အပါးတစ်ထည်ကိုလျှိုကာ အိတ်ထောင်ထဲသို့ ပိုက်ဆံအချို့ ထိုးထည့်လိုက်သည်။ ခွေးသားလေးက ဧည့်သည်မို့ ခွန်းနစ်က ကျွေးရမွေးရလိမ့်အုန်းမည်ကိုး။

"ဘာလို့လာတာလဲ"

"ဒီဘက် ပစ္စည်းပို့စရာ ရှိရင်း ကြုံလို့ကွ။ ကားပါလာတဲ့အတူ နေချို့အဆောင်သွားသယ်ပေးမလို့။ သူကတော့ ညနေလောက်မှ ပြန်လာလောက်တယ်"

ဟုတ်သည်။ နေချိုမောင်က ဒီနေ့ အလုပ်ချိန်ရှိတာကြောင့် မနက်စာ အတူလာစားပြီးကတည်းက  ပိတ်ရက်ဖြစ်‌နေသော ခွန်းနစ်နှင့် မတွေ့ဖြစ်ပေ။ ခေါင်းငြိမ့်ပြရင်း ခွေးဘီလူးကားလေး၏ ရှေ့ခေါင်းမှာဝင်ထိုင်ကာ သူ့ပစ္စည်းတွေ သွားယူဖို့ လုပ်လိုက်သည်။ ခွန်းနစ်က လောလောဆယ် တစ်ယောက်အိပ်အခန်းမှာ သီးသန့်နေသည်မို့ နည်းနည်းတော့ နေရာချောင်ချိသေး၏။

နေချိုမောင်တို့အဆောင်က ခွန်းနစ်တို့ ဆေးရုံကနေ အတော်လှမ်းသည်။ တစ်ခါမှ မရောက်ဖူးသည်ကို အခွင့်ကောင်းယူပြီးတော့ပဲ ညာထား‌သည်ပဲလား။ တစ်ကြိမ်လောက် စိတ်ဝင်တစားမမေးခဲ့ဘူးသည့် ကိုယ့်ကိုယ်ကိုယ်ပင် ခွန်းနစ်စိတ်ပျက်သွားသည်။ ဒါလား နီးတာ။ တစ်နေ့တစ်နေ့ ဒီလောက် အဝေးကြီးကနေ လာပြီးဇာတ်ကားရိုက်နေသည့် ခွေးကောင်ကို ခွန်းနစ် ရိုက်သာ ရိုက်ချင်တော့သည်။

ကျဉ်းမြောင်းသည့် အဆောင်နေရာကြောင့် ကားကို လမ်းထိပ်မှာပဲရပ်ခဲ့ကာ နှစ်ယောက်သား ဒူးကြားလမ်းငယ်ထဲသို့ လမ်းလျှောက်ဝင်ကြရ၏။အတန်းလိုက် ဖြစ်နေသည့် မြေစိုက်အိမ်ကလေးတွေက ထရံနှင့်အဖြစ်ဆောင်ထားရုံဖြစ်ကာ ကလေးတွေ ခွေးတွေကလည်း လမ်းမထက်မှာ ဆော့ကစားနေကြသေးသည်။ လူစုံသည့် ရပ်ကွက်မို့ သန့်ရှင်းသပ်ရပ်နေတာမျိုးလည်းမရှိ။ အဆောင်ဆိုသော နှစ်ထပ်တိုက်၏ဘေးဘက် ခြံဝန်းတွင်မူ အမှိုက်ပုံကြီးက ယင်တလောင်းလောင်းရှိနေသေးသည်။

ခွန်းနစ် ပျို့တက်ချင်လာသော စိတ်ကိုထိန်းကာ နေချိုနေသည်ဆိုသော အပေါ်ထပ်သို့တက်လာလိုက်၏။ အောက်ခံဘောင်းဘီများ၊ စွပ်ကျယ်များ ဟိုတစ်ထည် တစ်တစ်ထည် ချိတ်ထားသည့် အတွင်းလှေကားမှာ မှိုနံ့များ၊ ဖုန်နံ့များ မွှန်ထူနေကာ အပေါ်ထပ်ကိုခြေချလိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မူးတောင်လဲကျချင်သွားသည်။

ရှုပ်ပွနေသည့် ခြင်ထောင်ကြိုးတွေက အပေါ်ထပ်ဟောခန်းတစ်လျှောက် ဟိုကသွယ်ဒီကသွယ်နှင့် ပင့်ကူအိမ်လို ရှုပ်ယှက်ခက်နေကာ ပြတင်းပေါက် ကောင်းကောင်းတစ်ပေါ်ပင်မရှိသည်မို့ အခန်းက ပိတ်လှောင်နေသေးသည်။ နေချိုနေသည်ဆိုသော ဒေါင့်နေရာဆိုလျှင် ချောင်ကျလွန်းကာ နံရံမှာ ပုရွက်ဆိတ်အတန်းကြီးကလည်း ကြက်သီးထစဖွယ် သွားလာနေသေးသည်။

ဒါက လူနေတဲ့အိမ်တဲ့လား။ အလုပ်ရှင်ဆိုသည့် လူတွေကလည်း ဘက်ဂျက်သက်သာပြီးရော ဖြစ်သလိုထားကာ လူပါးဝလွန်းသည်။ ခွန်းနစ် စိတ်တိုလွန်းလို့ မျက်နှာက ဆူပုတ်လာကာ ယူရမည်ဆိုသော နေချို့အထုပ်တစ်ချို့ကို ‌သယ်ကာ အမြန်ဆင်းလာလိုက်၏။ ဒီနေရာမှာ ဆက်နေရင် အသက်ရှူကြပ်ပြီး သေသွားနိုင်လောက်သည်။ ကံကောင်းလို့ ဒီထိ ရောက်လာခဲ့မိတာပေါ့။မဟုတ်လျှင် အရူးလို နေချိုမောင်က ဒီလိုနေရာမျိုးမှာ ဘယ်အချိန်ထိ သောင်တင်နေလိမ့်မည်မသိ။ သူ့အသားအရည်တွေ ဒီလောက်ပျက်စီးနေရခြင်းရဲ့ အဖြေကို ခွန်းနစ်သိလိုက်ပြီ။သူ့ကို အတူနေဖို့ခေါ်မိတာ အသက်ရှည်ရာရှည်ကြောင်း ဖန်တီးပေးမိတာတောင် ဖြစ်ချင် ဖြစ်သွားနိုင်၏။

"အလုပ်ကရော အဆင်ပြေရဲ့လား။ နေရတာ စုတ်ပျက်နေတာပဲ"

"သူ့ အရည်ချင်းနဲ့ ဒီထက်ကောင်းတာ ရတာပေါ့ကွ။ဘာမက်ပြီး အဲ့မှာ လုပ်နေလဲ မသိဘူး"

ဆေးရုံနှင့် နီးလို့ ရွှေ့လာတဲ့အကြောင်း သူပြောဖူးတာကို ပြန်တွေးမိသည့်အခါ ခွန်းနစ် မျက်မှောင်တွေတွန့်ချိုးလာသလို လက်သီးတွေပါ တင်းနေအောင် ဆုပ်မိသွားသည်။တရားခံက ကိုယ်ပေါ့။ နေချိုမောင်ဟာ ခွန်းနစ်ကို လူဆိုးကောင်လို ခံစားရအောင် လုပ်လွန်းသည်။

"ဒီ အပါတ်အတွင်း မင်းပြောတဲ့အိမ်ကို ပြောင်းလို့ရအောင် ပြောပေး။ မဟုတ်ရင် ငါ ညဘက်တွေတောင် အအိပ်ဖြောင့်မယ်မထင်ဘူး"

နေရင်းထိုင်ရင်း အဟောက်ခံလိုက်ရသူ ဝေဖြိုးနိုင်ခင်မျာ အိမ်လည်းရှာပေးရ၊ အပြောအဆိုကလည်း ခံလိုက်ရရှာသည်။ ဒီခွန်းနစ်ကုဋေက ငယ်ငယ်ကတည်းက ဟောက်စားဆိုတာ သိ၍သာ သူသည်းခံနိုင်တာဖြစ်၏။ ဘာပဲဖြစ်ဖြစ် ဒီကောင်က သပ်သပ်ရပ်ရပ်မို့ သူနဲ့နေရင် နေချိုလည်း နည်းနည်းလောက်ဖြစ်ဖြစ် ပြောင်းလဲသွားမလားတွေးခဲ့မိတာ။သူ့ သူငယ်ချင်းကို အနိုင်ကျင့်ပြီး ခိုင်းစားမှာတော့ မဟုတ်ကောင်းပါဘူးနော်။

"နေချိုကြီးက နေတတ်ပါတယ်ကွာ "

"နေတတ်လို့ကို စိတ်တိုတာကွ။ နေတတ်တယ်ဆိုတာ ထိုက်သင့်တဲ့ နေရာမှာပဲ နေသင့်တာ။ဖြစ်သလို နေရမှာ မဟုတ်ဘူး။ ငါပြောသလို အိမ်ကိုရအောင်သာ လုပ်ထားပေး။ စရံငွေကို ငါ့အဆောင်ပို့ရင်း ယူသွားလိုက်။ မရရင် ငါတို့နှစ်ယောက်လုံး မင်းအိမ်ပေါ် တက်နေပစ်မယ်"

ငါ့ကိုဆို ငယ်နိုင်ကြီးကိုဖြစ်လို့..
စိတ်ထဲ ကျိတ်ပြောလိုက်ပေမဲ့ အပြင်မှာတော့ "အေးပါကွာ" တစ်ခွန်းဖြင့်သာ တုန့်ပြန်လိုက်နိုင်သည်။ သူငယ်ချင်းသုံးယောက်ရှိရင် နေချိုမောင်က အဖော်စပ်စရာမလိုအောင် ခွန်းနစ်ကုဋေဆိုသည့် ကောင်ဖက်ကို ပါနေပြီးသားမို့လား။ သူ့အဖြစ်က "သားဖက်က နေချိုရှိနေမှာတော့ ဖေဖေ အရှုံးပေးလိုက်ပါပြီ" ဆိုသည့် ကြော်ငြာလိုပြောဖို့သာ ကျန်တော့သည်လေ...။

.......................................

ရောက်လာသည်ဆိုကတည်းက မျက်လုံးတစ်ချက် ဆုံအောင်မကြည့်ပဲ ‌တင်းမာနေသည့်မျက်နှာထားကြောင့် နေချိုမောင် ထမင်းစားရင်း အကဲလှမ်းခတ်နေမိတာ အကြိမ်နှစ်ဆယ်မကတော့။ မနက်စာ အတူစားတုန်းက အကောင်း၊ ညစာစားတော့ ဘူးသီးပုတ်လို ရှုံ့တွနေသည့် ခွန်းနစ်ကုဋေရဲ့ ပုံစံက သူ့ကိုပါ စိတ်အလိုမကျဖြစ်လာစေသည်။ သူသိသလောက် နေ့လည်က မပြောမဆို ဝေဖြိုးနိုင်နှင့်အတူ သူ့အဆောင်ထိ ရောက်ချလာကာ ပစ္စည်းတွေ ယူသွားသည်ဆိုတာပင်။ ဒါဆို ဘာကိစ္စ ဒီလို အစာမကြေ စိတ်တိုင်းမကျဖြစ်နေရသလဲဆိုသည့် အဖြေအထိ လိုက်မစဉ်းစားနိုင်တာကတော့ သူ့အားနည်းချက်ဖြစ်မည်။

"ရေသောက်"

ရေခဲရေဘူးထဲမှ ရေကို ခွက်ထဲထည့်ပြီး တိုးပေးလိုက်တော့ စူးနေအောင် အကြည့်ခံရသည်။

"ထမင်းစားရင်း ဘယ်တုန်းက ရေသောက်လို့လဲ"

"ခု သောက်"

ခုသောက်ချင်မလားလို့ ဟု နူးညံ့စွာ ပြောလိုက်ချင်သော်ငြား သူ့နှုတ်ဖျားမှ လွယ်ကူစွာ ထွက်မလာနိုင်။အကျိုးဆက်အနေနှင့် ရဲတွတ်လာသော မျက်နှာနှင့် ဒေါသထွက်သွားသည့် ခွန်းနစ်ကုဋေက ဟက်ခနဲ မရယ်ချင်ပဲ ထရယ်ကာ နေချို့ကို "ခွေးသား" ဟု ထဆဲသည်။ မိုက်ရိုင်းပေမဲ့ ခွန်းနစ်ကုဋေပုံစံက ကလေးတစ်‌ယောက်လို့ ခွင့်လွှတ် နားလည်ပေးချင်စရာမှလွဲ၍ အခြားအတွေးမျိုး တွေးမရနိုင်ခဲ့ပေ။

"မင်းအဆောင်နဲ့ ငါ့အဆောင်က ငွေဆောင်နဲ့ ခါကာဘိုရာဇီလောက် ကွာတာကို နေ့တိုင်းလာတဲ့ ကိစ္စလေး ပြောစမ်းပါအုန်း"

"ဟမ်...အဲ့လောက်ဝေးတာကို ဘာအရူးထနေတာလဲ မင်းက"

"မဝေးပါဘူး"

"ဘာ"

"ဝေးတော့ဝေးပေမဲ့"

"မင်းဆီ လာရတာပဲ"

အံ့ဩလွန်းသည့် ရုပ်မျိုး ခွန်းနစ်ကုဋေက လုပ်ပြန်သည်။ဒီလိုဆိုတော့ ခဏခဏ စိတ်ဆိုးအောင် လုပ်ချင်စရာကောင်းလွန်း၏။ အမှန်လည်း နေချိုကိုယ်တိုင် ခွန်းနစ်ကုဋေနှင့် တွေ့ဖို့အတွက် ဒီအလုပ်ကို လုပ်တာဖြစ်သည်။ အဆောင်က အရမ်းဝေးလွန်းတာ သိပေမဲ့ အပြင်ဆောင်နေဖို့ ရှာရမည်ပျင်းတာရော ဇရာဘယာ များတာရောကြောင့် ထူးထွေပြီး မရွေးခဲ့တာလည်းပါ၏။

"အေး အဲ့လိုတွေပဲ ပြောနေ"

"ဒီမှာ ကြည့်စမ်း"

ပြောပြောဆိုဆို သူဝတ်ထားသည့် လက်ရှည်တို တံတောင်ဆစ်ဆွဲမြှောက်ပြတော့ နီရဲတွတ်နေသည့် အသားရည်နှင့် အင်ပြင်သဖွယ် ပိန်းထနေသော အဖုထစ်တွေက လက်ဖျံအပြည့် ထနေသည်။ နေချို မျက်မှောင်ကို ကြုံ့ကာ သူ့လက်ကို စိုက်ကြည့်လိုက်မိ၏။

"တွေ့လား ခဏလေး ခြေချမိတာတောင် မင်းအဆောင်က သတ္တဝါတွေ ငါ့ကိုဆော်သွားကြတာ"

မကျေမချမ်းပြောဆိုနေသည်မှာ တရှူးတရှူး တရှဲရှဲ အသံများပင် ထွက်တော့မတတ်ဖြစ်နေသည်။ နေချို အဲ့ဒီ‌မှာနေခဲ့တာကြာပေမဲ့ ဒီလောက်ကြီးထိတော့ ဆိုးဆိုးဝါးဝါး ဂျပိုးကိုက် မခံခဲ့ရဘူးပါ။ ခွန်းနစ်ကုဋေရဲ့ အရေပြားက နူးညံ့လွန်းတာကြောင့် ဖြစ်လိမ့်မည်။

"ဆေးလိမ်း"

"ငါ့ကို ဆရာလုပ်မနေနဲ့။မင်းသာ အဲ့ကနေ အမြန်ပြောင်းဖို့လုပ်"

"အေး တစ်လက်စထဲ ကြိုပြောထားမယ်။ ငါက လုံးဝ အသန့်ကြိုက်တဲ့ကောင်နော်။ ငါနဲ့နေလို့ အဲ့လို ညစ်စုတ်နေရင် မင်းသေပြီပဲ နေချိုမောင်"

"ဇီဇာကြောင်တဲ့ကောင်မို့ အတူမနေချင်ရင် အခုကတည်းက စရံကြေးလျော်လိုက်တော့"

နေချို မထိန်းနိုင်စွာ ပြုံးလိုက်မိသည်။ ခံစားချက်က ကောင်းလွန်းလို့ ကိုယ်တွင်းက အကြောဆိုင်တွေရဲ့ လှုပ်ရှားပုံကို ထိန်းသိမ်းရကောင်းမှန်းပင် မသိတော့ပါ။ ခွန်းနစ်ကုဋေရဲ့ ဆရာကြီးလုပ်ပြီး သူ့ကိုဝေဖန်နေသည့် အရုပ်ဆိုးလှတဲ့ မျက်နှာထားကိုရော ၊ ထိုသို့ အလွှမ်းမိုးခံနေရသည့် အနေအထားကရော သူ့ကို ပျော်ရွှင်လာစေသည်။ တစ်ယောက်‌ယောက်က သူ့အနားကို ရောက်လာတိုင်း စိတ်ရှုပ်စရာကောင်းစွာ တွန်းထုတ်နေခဲ့သည့် သူ့လက်တွေက ဒီတစ်ကြိမ်မှာတော့ မျက်စိရှေ့ကလူကို သူ့ထံသို့ တင်းတင်းကြပ်ကြပ် ဆွဲခေါ်ချင်နေ၏။

‌အချိန်အတော်ကြာ ပိတ်ထားခဲ့သော ပြတင်းတံခါးကို အမှတ်မထင်ဖွင့်လိုက်မိသလိုနူးညံ့သော လေညှင်းရဲ့ လတ်ဆတ်မှုက သူ့စိတ်နှင့်ကိုယ်ကို ကြည်လင်သွားစေသည့် ခံစားချက်မျိုးနှင့် ဆင်တူလွန်းသည်။လောကမှာ အာရုံစိုက်စရာ အရာတစ်ခုပိုင်ဆိုင်လိုက်ရတာ ဒီလောက်ထိ နေလို့ကောင်းသွားစေသည်လား။

စကားတွေ အများကြီး ပြောရတာ မကြိုက်ပေမဲ့ ခွန်းနစ်ကုဋေ ပြောသမျှ ကောင်းတာတွေရော ဆိုးတာတွေရောကိုတော့ စိတ်ဝင်တစားနားထောင်ချင်၏။

တစ်ခါတစ်ရံ စကားပြောတိုင်း တလှုပ်လှုပ်မြင်နေရသည့် နှာတံစင်းစင်းထက်မှ မှဲ့အနက်ကလေးကို လက်ညှိုးနှင့် ထိုးချေချင်လာသည့် စိတ်ကိုတော့ ဒီကရှေ့ သူအတော်လေး ထိန်းချုပ်ရလိမ့်မည် ထင်ပါသည်။

………………………………………………

စာရေးသူ၏ အမှာစာ:

ခွန်းနစ်ကုဋေ ဆရာကြီးလို့
သုံးခေါက်ဆီ အော်ပေးလိုက်ကြပါ!!!

Zawgyi

‌တိမ္ညိုေလးအား ေထြးဖက္ျခင္း ၁

မရပ္စတမ္း လွမ္းေနသည့္ ေျခလွမ္းက်ဲေတြ။ ထက္သန္လြန္းေနသည့္ စိတ္ေဇာက အႏွီေျခလွမ္းက်ဲေတြကို မီးစာျဖည့္ေနသည့္အလား၊ ျပင္းထန္လြန္းသည့္ အသက္ရႉသံၾကားမွာ ေျခစြပ္ဖိနပ္ကို ဟိုဘက္သည္ဘက္ မွားလွ်ိုမိထားသည့္ ေျခလွမ္းတို႔က ကတၱရာလမ္းမထက္ တဇြတ္ထိုးျဖတ္သန္းလို႔သြားသည္။

ေနက ညိုလုၿပီ။ ဗံဒါ႐ြက္တို႔ပင္လွ်င္ ငိုက္စိုက္က်လိဳ႕။ ျမႇောက္တက္သြားေသာ လက္ေတြကို ထိန္းကြပ္ဖို႔ မစဥ္းစားနိုင္လိုက္ခင္မွာပဲ တင္းၾကပ္စြာေပြ႕ဖက္မိလိုက္သည့္ ကိုယ္လုံးတစ္ခုက ရင္ခြင္ထဲသို႔ငုံ႕က်လာသည္။မ်က္ႏွာအပ္မိလိုက္သည့္ ပုခုံးက ဘယ္လိုထူးျခားေမႊးပ်ံ့သည့္ ရနံ႕မွရွိမေန၊ သမားရိုက်  ကိုယ္နံ႕ႏွင့္ သားေရဂ်ာကင္နံ႕တို႔သာ ေရာယွက္ေနခဲ့သည္။

ဒီလိုမ်ိဳး သားေရဂ်ာကင္ႀကီး ဝတ္ထားတာေတာင္ ဘာလို႔ ေႏြးေထြးေနတယ္ဆိုတဲ့ အေငြ႕အသက္မ်ိဳး သူ႕ဆီက မရနိုင္ရတာလဲ။ တစ္ေနကုန္ အေျပးႏွင္လာဟန္တူသည့္ ဆိုင္ကယ္ႀကီးရဲ႕အင္ဂ်င္ဆီမွ အပူက ေျခေထာက္ကိုလာဟပ္ေပမဲ့ လက္ရွိ ကိုယ့္ရင္ထဲမွာျဖစ္ေနသည့္ ပူေလာင္ျခင္းကိုမွီနိုင္မည္မထင္ပါ။

ေနခ်ိဳ.... သူဟာ ခြန္းနစ္ရဲ႕လက္ေမာင္းႏွစ္ဖက္ၾကားမွာ ၿငိမ္သက္စြာ ကိုင္းၫႊတ္ေပးထားခဲ့သည္။ ေစာဒကတက္သည့္ အမူအရာမ်ိဳး လုပ္ရေကာင္းမွန္းမသိသည့္ ကေလးတစ္ေယာက္သဖြယ္ ၿငိမ္ေနခဲ့ျခင္းျဖစ္၏။

"မင္း ေနေကာင္းရဲ႕လား"

ရယ္ရခက္ ငိုရခက္ သူ႕ဆီက ပထမဆုံးၾကားရတဲ့စကားေၾကာင့္ ခြန္းနစ္မွာ ျမင့္မားလြန္းသည့္ ကိုယ္ႀကီးကိုလႊတ္ကာ ႏွာေခါင္းရႈံ႕မိသြားသည္။ သတိလက္လြတ္ျဖစ္စဥ္က အားပါးတရေပြ႕ဖက္မိေပမဲ့ ကိုယ့္အျပဳမူကို မ်က္ႏွာေသႀကီးႏွင့္ ေၾကာင္အစြာ ေမးခြန္းထုတ္ေနသူေၾကာင့္ ရွက္႐ြံ႕ရေကာင္းမွန္း အသိဝင္လာျခင္းျဖစ္၏။

"ငါ...ငါ ဒီတိုင္း အိပ္မက္ဆိုး မက္လို႔ပါ"

ကမာၻ႔ ေစာက္သုံးမက်ဆဳံး အေျဖကို ေျပာၿပီးတာေတာင္ ခြန္းနစ္က အမွားမလုပ္ထားသလို မ်က္ႏွာေပးျဖင့္ ဟန္ခ်ီထားလိုက္သည္။ အမွန္ေတာ့ ခြန္းနစ္ရဲ႕ အိပ္မက္ဆိုးမဟုတ္ပါ။ ေနခ်ိဳ႕အိပ္မက္ဆိုးထဲမွာ ကိုယ္က ႏြမ္းလ်သြားခဲ့တာ ျဖစ္ပါသည္။

"ခုေရာ အဆင္ေျပလား"

ႏွဖူးေပၚ  ျငင္သာစြာေရာက္ရွိလာသည့္ လက္ေခ်ာင္းရွည္ေတြက ဆံ‌ပင္ေတြကိုပါ သပ္တင္ေပးလာသည့္အခါ မ်က္ဝန္းဝိုင္းေတြဟာ မထိန္းနိုင္စြာပဲ ထို လက္တို႔၏ပိုင္ရွင္ကို ေမာ့ကာေငးေမာမိသြားသည္။ခရီးပန္းေနဟန္တူေသာ သူ႕မ်က္ဝန္းေတြက ညိုကာ သူ႕ႏႈတ္ခမ္းက ေျခာက္ေသြ႕အက္ကြဲေန၏။ အက်ည္းတန္းလြန္းသည့္ ျမင္ကြင္းဟာ ထိုအခိုက္အတန႔္မွာ ခြန္းနစ္ကို မ်က္ႏွာလႊဲမရေအာင္ ဆြဲေဆာင္သြားခဲ့သည္။ နည္းနည္းေလးေတာင္ လွပမေနသည့္ အဲ့ဒီမ်က္ႏွာက ဘာေၾကာင့္မ်ား ခြန္းနစ္ကို အသက္ရႉၾကပ္ခာေစခဲ့ပါသနည္း။

"ငါ တစ္ေန႕လုံးသတိရေနတာ... မင္းကို"

စြဲမက္ဖြယ္ စကားလုံးေတြမဟုတ္ပါပဲ သိမ့္ခနဲျဖစ္သြားေစသည့္ သူ႕အေျပာက စိတ္ရင္းေတြခ်ည္း ေပါင္းထည့္ထားလို႔ဟု ယူဆလိုက္ခ်င္သည္။ ႏူးႏူးညံ့ညံ့ မေျပာတတ္သည့္ ေနခ်ိဳေမာင့္ထံမွ ပထမဆုံးအႀကိမ္အျဖစ္ ခြန္းနစ္ထံ ဝန္ခံသည့္စကားမွာ သူခြန္းနစ္ကို လြမ္းသည့္အေၾကာင္းျဖစ္သည္။

မင္း ဘယ္ေတြေရာက္ေနခဲ့တာလဲဆိုသည့္ သူေျဖရခက္ေစမည့္ ေမးခြန္းေတြကို ေမးခ်င္သည့္တိုင္ ခြန္းနစ္မေမးရက္ပါ။ အနက္ေရာင္ သားရည္ဂ်ာကင္၏ အကၤ်ီလက္ကို လွမ္းကိုင္ကာ သူ႕ကိုယ္လုံးကို ဆိုင္ကယ္ႀကီးအနီးသို႔ ပိုမိုတြန္းပို႔ပစ္လိုက္သည္။

"ညေနစာ စားဖို႔သြားၾကစို႔။ ဒီေန႕ မင္း လိုက္ေကြၽးရမယ္"

"အဟင္း မင္းက ဆာေနတာပဲ"

ဆိုင္ကယ္ေပၚတက္ရင္း ၿပဳံးသည္ဆို႐ုံမွရယ္ေသာ သူ႕အမူရာက ဒီကေန႕မွ ၾကည့္ေကာင္းလြန္းေနသည္။ ကမ္းေပးလာသည့္ ဆိုင္ကယ္ဦးထုပ္ကိုဆြဲယူကာ အျမန္ေနရာယူလိုက္ရ၏။ ကိုယ္ျဖစ္ခ်င္ခဲ့တာ သူ႕စိတ္ကို ႏွစ္သိမ့္နိုင္ဖို႔ေပမဲ့ အခုေတာ့ ေျပာင္းလဲျမန္ေနသည့္ ကိုယ့္စိတ္ကိုယ္ ျပန္ထိန္းခ်ဳပ္ရမည့္ပုံ ေပၚေနသည္။

"ငါ ငါ ခ်စ္တီးထမင္း စားခ်င္လို႔"

"အင္း"

ဆိုင္ကယ္ေမာင္းရင္း ေနာက္ကို ငဲ့ေျဖသည့္ သူ႕အသံေနာက္မွာ ကိုယ့္လက္ေတြက အလိုလိုေနရင္း သူ႕ခါးက အကၤ်ီစကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္မိသြားသည္။ ေနာက္မွျမင္ေနရသည့္ ဂုတ္သားညိုညိုထက္တြင္ အသားပိုသဖြယ္ အဖုအလုံးငယ္ေလးေတြ ႏွစ္လုံးသုံးလုံးအျပင္ ကုတ္ျခစ္ထားပုံရေသာ အနာေဖးတက္ခါစ အနာတခ်ိဳ႕ကို ေတြ႕ရ၏။ တိုစိတ္စိတ္ေပါက္ေနေသာ သူ႕ဆံျမႇီးအစကေလးေတြကပင္လွ်င္ ဂ႐ုဏာသက္ခ်င္စရာ ေကာင္းေနသည္ကို ေတြးမိေသာ္ ခြန္းနစ္ရင္ထဲ တင္းၾကပ္လို႔လာျပန္သည္။

ဒီသူငယ္ခ်င္းက သူ႕ဘဝကို ဘယ္လိုမ်ား ရွင္သန္ခဲ့လိမ့္မလဲ။ အတူတူ ရွိခဲ့ဖူးသည့္ ကာလေတြမွာ ခြန္းနစ္ရဲ႕အပူပန္အားလုံးကိုသူ႕ဆီမွ်ေပးခဲ့ဖူးေပမဲ့ သူ႕ရဲ႕ ေလာင္ၿမိဳက္ျခင္းေတြကိုေတာ့ အစအနပင္ ကိုယ့္ထံ ဟပ္ခြင့္မေပးခဲ့ေခ်။ သိပ္ကို ‌အသိုဝွက္ေကာင္းလြန္းသည္လား၊ သို႔တည္းမဟုတ္ သူကိုယ္တိုင္က ထိုအနာတရေတြကို မုန္းတီးစြာ ဖုံးကြယ္ထားခ်င္ခဲ့သည္လား။ ေသခ်ာတာကေတာ့ ေနခ်ိဳခံစားေနရသည့္ နာက်င္မႈဟာ သူ႕ကို ႏွစ္ေပါင္းတာရွည္စြာ အထီးက်န္ေစခဲ့မည္ဆိုတာပင္။ ဒီႏွစ္ေတြမွာ ေနခ်ိဳက သူႏွင့္အရင္းႏွီးဆုံးျဖစ္ရမည့္သူေတြဆီမွာ စြန႔္ပစ္ခံခဲ့ရရွာသည္ကို ေတြးမိေသာအခါ ခြန္းနစ္ စိတ္ကို မထိန္းနိုင္ေတာ့ေပ။

ဆိုင္ကယ္ေနာက္မွ သူ႕ခါးကို တင္းၾကပ္စြာ ဖက္ထားလိုက္မိသည္။ စြန႔္ပစ္ခံရသည့္ ခံစားခ်က္ကို ခြန္းနစ္ေလာက္ ဘယ္သူက နားလည္မွာလဲ။ တစ္ဘဝလုံး ေပ်ာက္ရွသြားသလို ခံစားခ်က္၊ အားကိုးရာမရွိသလို ခံစားခ်က္၊ တစ္ခုခုလုပ္တိုင္း ငါမွားလို႔မျဖစ္ဘူး ငါ့ဆီမွာ ဘယ္သူမွမရွိဘူးဆိုတဲ့ သတၱိနဲ႕ ယုံၾကည္မႈေယာင္ ဟန္ေဆာင္ထားတဲ့ သိမ္ငယ္မႈေတြကိုေလ။

"အနည္းဆုံးေတာ့ ငါက မင္းကို စာနာေပးမွာပါ"

တိုးညွင္းလြန္းသည့္ ခြန္းနစ္ အသံကို သူၾကားမည္မထင္ပါ။တေဝါေဝါႏွင္ေနေသာ ေလထုၾကားမွ ဆိုင္ကယ္သံေၾကာင့္ ထိုအသံက တစ္စခ်င္းစီ ပဲ့ေႂကြပ်ံ့ႏွံ႕သြားေလာက္ပါလိမ့္မည္...။

.......................................

"ေနခ်ိဳေမာင္ မင္း ငါနဲ႕အတူေနခ်င္လား"

"႐ူးေနၿပီ...႐ူးေနၿပီ။ ငါေတာ့ ေစာက္က်ိဳးနည္းကို ႐ူးေနၿပီပဲ"

"ခြန္းနစ္ ကုေဋကေတာ့ လုံးဝ သြက္သြက္ခါေအာင္ လြတ္သြားၿပီ"

"ဘယ္လို သတၱိနဲ႕ ေယာက္်ားတစ္ေယာက္ကို အတူေနဖို႔ ေခၚေနတာလဲ ဒီေဂးေကာင္ကေတာ့ ။ ကိုယ့္ဟာကိုယ္အေျခခ်ဖိဳ႕ေတာင္ မျပင္ဆင္နိုင္ပဲနဲ႕... ေစာက္႐ူးထမိေနတာ"

ေခါင္းအုံးကို မ်က္ႏွာအပ္လို႔ ဖင္ကုန္းရင္း ေလွ်ာက္ေအာ္ေနသည့္ ခြန္းနစ္။ ေနရင္းထိုင္ရင္း ဟီးရိုးလုပ္ခ်င္သည့္ ေဟာ္မုန္းေတြက  ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းကေန ယိုစိမ့္လာၾကသည္မသိပါ။ ထိုေန႕က ညေနစာစားၿပီးအျပန္ ေျပာခဲ့မိသည့္ စကားေတြက တစ္ပါတ္တိုင္ေအာင္ ခြန္းနစ္ကို ႏွိပ္စက္ေနခဲ့သည္။

ကိုယ့္ကို ႀကိဳက္ပါတယ္လို႔ ဝန္ခံထားတဲ့လူကိုမွ အတူေနဖို႔ ေခၚခဲ့မိသတဲ့။ ဒါက ဘယ္သူပဲျဖစ္ျဖစ္ ေရလာေျမာင္းေပးတာကို လက္ခံလိုက္ၿပီလို႔ ယူဆမည့္ကိစၥေလ။ ခြန္းနစ္က ဘယ္တုန္းက ေမတၱာရွင္ႀကီး ျဖစ္သြားရတာလဲ။ အၿမဲ မေကာင္းျမင္တာမ်ားၿပီး တစ္ေယာက္ထဲပဲ အတၱႀကီးေနတတ္တဲ့ ခြန္းနစ္ကေလ။

ေတြးရင္း ႐ူးခ်င္လာေတာ့ ေျခေထာက္ေတြကို ေလေပၚေထာင္က ဟိုဟိုသည္သည္ ကန္ေက်ာက္ေနမိျပန္၏။ ေနခ်ိဳေမာင္က ခြန္းနစ္ကို လြယ္လြန္းတဲ့ေကာင္လို႔ ထင္သြားရင္ေရာ။ သူ႕ကို သနားလို႔ဆိုတဲ့အေၾကာင္း ေျပာလိုက္ရင္လည္း စိတ္မေကာင္းျဖစ္သြားနိုင္သည္။ ပိုဆိုးတာက စိတ္ျမန္လြန္းသည့္ ခြန္းနစ္တစ္ေယာက္ ထိုေန႕ကပဲ ေဝၿဖိဳးနိုင္ဆီဖုန္းဆက္ကာ တစ္ပါတ္ေက်ာ္အတြင္း ေဈးသက္သာၿပီး ႏွစ္ေယာက္ေနနိုင္မည့္ အိမ္တစ္လုံးေလာက္ ငွားေပးဖို႔ အာေခ်ာင္လိုက္ျခင္းပင္။ ေခြးသားက ေနခ်ိဳ‌ေမာင္ႏွင့္ အတူေနမည္ဆိုတာ သိ႐ုံျဖင့္ တကယ္ႀကီးေတြ႕ေအာင္ရွာလာသည္။ သူငယ္ခ်င္းႏွစ္ေယာက္ ေပါင္းေနၿပီး ေငြစုဖို႔ကိုပင္ တိုက္တြန္းေနေသး၏။

"ေနခ်ိဳ႕အဝတ္အိတ္ေတြကို မင္းအေဆာင္မွာ ခဏယူထားလို႔ရလား။ အိမ္ အဆင္သင့္မျဖစ္ခင္ ထားစရာမရွိလို႔"

ဒီေနရာမွာ အတူေနရေအာင္ ေျပာလိုက္႐ုံႏွင့္ သူ႕အလုပ္က အေဆာင္ကို ထြက္ေတာ့မည္ေျပာလိုက္သည့္ ေနခ်ိဳေမာင္ကိုလည္း အံ့ဩပါသည္။ ခြန္းနစ္က အ႐ူးဆိုလွ် သူကလည္း ေခါင္းထဲမွာ အဆံေခ်ာင္ေနတာ ျဖစ္လိမ့္မည္။ အခုေတာ့ အေဆာင္ကို နဂိုတက္ေနခ်င္တဲ့သူေတြက ႀကိဳေရာက္လာတာေၾကာင့္ သူ႕အထုပ္အပိုးေတြကို ထားဖို႔ ခက္ေနသည္ဟု ေဝၿဖိဳးနိုင္ဆီမွ သိရ၏။

"I need somebody who can love me at my worst"

႐ူးခ်င္စိတ္ေပါက္ေနတုန္း ဖုန္းဝင္လာတာေၾကာင့္ ထၾကည့္ေတာ့ အျခားသူမဟုတ္။ ေက်းဇူးရွင္ေဝၿဖိဳးနိုင္က သူ အေဆာင္ေရွ႕ေရာက္ေနတာေၾကာင့္ ဆင္းလာခဲ့ဖို႔ လွမ္းေခၚတာေၾကာင့္ လက္ရွည္အပါးတစ္ထည္ကိုလွ်ိုကာ အိတ္ေထာင္ထဲသို႔ ပိုက္ဆံအခ်ိဳ႕ ထိုးထည့္လိုက္သည္။ ေခြးသားေလးက ဧည့္သည္မို႔ ခြန္းနစ္က ေကြၽးရေမြးရလိမ့္အုန္းမည္ကိုး။

"ဘာလို႔လာတာလဲ"

"ဒီဘက္ ပစၥည္းပို႔စရာ ရွိရင္း ႀကဳံလို႔ကြ။ ကားပါလာတဲ့အတူ ေနခ်ိဳ႕အေဆာင္သြားသယ္ေပးမလို႔။ သူကေတာ့ ညေနေလာက္မွ ျပန္လာေလာက္တယ္"

ဟုတ္သည္။ ေနခ်ိဳေမာင္က ဒီေန႕ အလုပ္ခ်ိန္ရွိတာေၾကာင့္ မနက္စာ အတူလာစားၿပီးကတည္းက  ပိတ္ရက္ျဖစ္‌ေနေသာ ခြန္းနစ္ႏွင့္ မေတြ႕ျဖစ္ေပ။ ေခါင္းၿငိမ့္ျပရင္း ေခြးဘီလူးကားေလး၏ ေရွ႕ေခါင္းမွာဝင္ထိုင္ကာ သူ႕ပစၥည္းေတြ သြားယူဖို႔ လုပ္လိုက္သည္။ ခြန္းနစ္က ေလာေလာဆယ္ တစ္ေယာက္အိပ္အခန္းမွာ သီးသန႔္ေနသည္မို႔ နည္းနည္းေတာ့ ေနရာေခ်ာင္ခ်ိေသး၏။

ေနခ်ိဳေမာင္တို႔အေဆာင္က ခြန္းနစ္တို႔ ေဆး႐ုံကေန အေတာ္လွမ္းသည္။ တစ္ခါမွ မေရာက္ဖူးသည္ကို အခြင့္ေကာင္းယူၿပီးေတာ့ပဲ ညာထား‌သည္ပဲလား။ တစ္ႀကိမ္ေလာက္ စိတ္ဝင္တစားမေမးခဲ့ဘူးသည့္ ကိုယ့္ကိုယ္ကိုယ္ပင္ ခြန္းနစ္စိတ္ပ်က္သြားသည္။ ဒါလား နီးတာ။ တစ္ေန႕တစ္ေန႕ ဒီေလာက္ အေဝးႀကီးကေန လာၿပီးဇာတ္ကားရိုက္ေနသည့္ ေခြးေကာင္ကို ခြန္းနစ္ ရိုက္သာ ရိုက္ခ်င္ေတာ့သည္။

က်ဥ္းေျမာင္းသည့္ အေဆာင္ေနရာေၾကာင့္ ကားကို လမ္းထိပ္မွာပဲရပ္ခဲ့ကာ ႏွစ္ေယာက္သား ဒူးၾကားလမ္းငယ္ထဲသို႔ လမ္းေလွ်ာက္ဝင္ၾကရ၏။အတန္းလိုက္ ျဖစ္ေနသည့္ ေျမစိုက္အိမ္ကေလးေတြက ထရံႏွင့္အျဖစ္ေဆာင္ထား႐ုံျဖစ္ကာ ကေလးေတြ ေခြးေတြကလည္း လမ္းမထက္မွာ ေဆာ့ကစားေနၾကေသးသည္။ လူစုံသည့္ ရပ္ကြက္မို႔ သန႔္ရွင္းသပ္ရပ္ေနတာမ်ိဳးလည္းမရွိ။ အေဆာင္ဆိုေသာ ႏွစ္ထပ္တိုက္၏ေဘးဘက္ ၿခံဝန္းတြင္မူ အမွိုက္ပုံႀကီးက ယင္တေလာင္းေလာင္းရွိေနေသးသည္။

ခြန္းနစ္ ပ်ိဳ႕တက္ခ်င္လာေသာ စိတ္ကိုထိန္းကာ ေနခ်ိဳေနသည္ဆိုေသာ အေပၚထပ္သို႔တက္လာလိုက္၏။ ေအာက္ခံေဘာင္းဘီမ်ား၊ စြပ္က်ယ္မ်ား ဟိုတစ္ထည္ တစ္တစ္ထည္ ခ်ိတ္ထားသည့္ အတြင္းေလွကားမွာ မွိုနံ႕မ်ား၊ ဖုန္နံ႕မ်ား မႊန္ထူေနကာ အေပၚထပ္ကိုေျခခ်လိဳက္သည္ႏွင့္ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ မူးေတာင္လဲက်ခ်င္သြားသည္။

ရႈပ္ပြေနသည့္ ျခင္ေထာင္ႀကိဳးေတြက အေပၚထပ္ေဟာခန္းတစ္ေလွ်ာက္ ဟိုကသြယ္ဒီကသြယ္ႏွင့္ ပင့္ကူအိမ္လို ရႈပ္ယွက္ခက္ေနကာ ျပတင္းေပါက္ ေကာင္းေကာင္းတစ္ေပၚပင္မရွိသည္မို႔ အခန္းက ပိတ္ေလွာင္ေနေသးသည္။ ေနခ်ိဳေနသည္ဆိုေသာ ေဒါင့္ေနရာဆိုလွ်င္ ေခ်ာင္က်လြန္းကာ နံရံမွာ ပု႐ြက္ဆိတ္အတန္းႀကီးကလည္း ၾကက္သီးထစဖြယ္ သြားလာေနေသးသည္။

ဒါက လူေနတဲ့အိမ္တဲ့လား။ အလုပ္ရွင္ဆိုသည့္ လူေတြကလည္း ဘက္ဂ်က္သက္သာၿပီးေရာ ျဖစ္သလိုထားကာ လူပါးဝလြန္းသည္။ ခြန္းနစ္ စိတ္တိုလြန္းလို႔ မ်က္ႏွာက ဆူပုတ္လာကာ ယူရမည္ဆိုေသာ ေနခ်ိဳ႕အထုပ္တစ္ခ်ိဳ႕ကို ‌သယ္ကာ အျမန္ဆင္းလာလိုက္၏။ ဒီေနရာမွာ ဆက္ေနရင္ အသက္ရႉၾကပ္ၿပီး ေသသြားနိုင္ေလာက္သည္။ ကံေကာင္းလို႔ ဒီထိ ေရာက္လာခဲ့မိတာေပါ့။မဟုတ္လွ်င္ အ႐ူးလို ေနခ်ိဳေမာင္က ဒီလိုေနရာမ်ိဳးမွာ ဘယ္အခ်ိန္ထိ ေသာင္တင္ေနလိမ့္မည္မသိ။ သူ႕အသားအရည္ေတြ ဒီေလာက္ပ်က္စီးေနရျခင္းရဲ႕ အေျဖကို ခြန္းနစ္သိလိုက္ၿပီ။သူ႕ကို အတူေနဖို႔ေခၚမိတာ အသက္ရွည္ရာရွည္ေၾကာင္း ဖန္တီးေပးမိတာေတာင္ ျဖစ္ခ်င္ ျဖစ္သြားနိုင္၏။

"အလုပ္ကေရာ အဆင္ေျပရဲ႕လား။ ေနရတာ စုတ္ပ်က္ေနတာပဲ"

"သူ႕ အရည္ခ်င္းနဲ႕ ဒီထက္ေကာင္းတာ ရတာေပါ့ကြ။ဘာမက္ၿပီး အဲ့မွာ လုပ္ေနလဲ မသိဘူး"

ေဆး႐ုံႏွင့္ နီးလို႔ ေ႐ႊ႕လာတဲ့အေၾကာင္း သူေျပာဖူးတာကို ျပန္ေတြးမိသည့္အခါ ခြန္းနစ္ မ်က္ေမွာင္ေတြတြန႔္ခ်ိဳးလာသလို လက္သီးေတြပါ တင္းေနေအာင္ ဆုပ္မိသြားသည္။တရားခံက ကိုယ္ေပါ့။ ေနခ်ိဳေမာင္ဟာ ခြန္းနစ္ကို လူဆိုးေကာင္လို ခံစားရေအာင္ လုပ္လြန္းသည္။

"ဒီ အပါတ္အတြင္း မင္းေျပာတဲ့အိမ္ကို ေျပာင္းလို႔ရေအာင္ ေျပာေပး။ မဟုတ္ရင္ ငါ ညဘက္ေတြေတာင္ အအိပ္ေျဖာင့္မယ္မထင္ဘူး"

ေနရင္းထိုင္ရင္း အေဟာက္ခံလိုက္ရသူ ေဝၿဖိဳးနိုင္ခင္မ်ာ အိမ္လည္းရွာေပးရ၊ အေျပာအဆိုကလည္း ခံလိုက္ရရွာသည္။ ဒီခြန္းနစ္ကုေဋက ငယ္ငယ္ကတည္းက ေဟာက္စားဆိုတာ သိ၍သာ သူသည္းခံနိုင္တာျဖစ္၏။ ဘာပဲျဖစ္ျဖစ္ ဒီေကာင္က သပ္သပ္ရပ္ရပ္မို႔ သူနဲ႕ေနရင္ ေနခ်ိဳလည္း နည္းနည္းေလာက္ျဖစ္ျဖစ္ ေျပာင္းလဲသြားမလားေတြးခဲ့မိတာ။သူ႕ သူငယ္ခ်င္းကို အနိုင္က်င့္ၿပီး ခိုင္းစားမွာေတာ့ မဟုတ္ေကာင္းပါဘူးေနာ္။

"ေနခ်ိဳႀကီးက ေနတတ္ပါတယ္ကြာ "

"ေနတတ္လို႔ကို စိတ္တိုတာကြ။ ေနတတ္တယ္ဆိုတာ ထိုက္သင့္တဲ့ ေနရာမွာပဲ ေနသင့္တာ။ျဖစ္သလို ေနရမွာ မဟုတ္ဘူး။ ငါေျပာသလို အိမ္ကိုရေအာင္သာ လုပ္ထားေပး။ စရံေငြကို ငါ့အေဆာင္ပို႔ရင္း ယူသြားလိုက္။ မရရင္ ငါတို႔ႏွစ္ေယာက္လုံး မင္းအိမ္ေပၚ တက္ေနပစ္မယ္"

ငါ့ကိုဆို ငယ္နိုင္ႀကီးကိုျဖစ္လို႔..
စိတ္ထဲ က်ိတ္ေျပာလိုက္ေပမဲ့ အျပင္မွာေတာ့ "ေအးပါကြာ" တစ္ခြန္းျဖင့္သာ တုန႔္ျပန္လိုက္နိုင္သည္။ သူငယ္ခ်င္းသုံးေယာက္ရွိရင္ ေနခ်ိဳေမာင္က အေဖာ္စပ္စရာမလိုေအာင္ ခြန္းနစ္ကုေဋဆိုသည့္ ေကာင္ဖက္ကို ပါေနၿပီးသားမို႔လား။ သူ႕အျဖစ္က "သားဖက္က ေနခ်ိဳရွိေနမွာေတာ့ ေဖေဖ အရႈံးေပးလိုက္ပါၿပီ" ဆိုသည့္ ေၾကာ္ျငာလိုေျပာဖို႔သာ က်န္ေတာ့သည္ေလ...။

.......................................

ေရာက္လာသည္ဆိုကတည္းက မ်က္လုံးတစ္ခ်က္ ဆုံေအာင္မၾကည့္ပဲ ‌တင္းမာေနသည့္မ်က္ႏွာထားေၾကာင့္ ေနခ်ိဳေမာင္ ထမင္းစားရင္း အကဲလွမ္းခတ္ေနမိတာ အႀကိမ္ႏွစ္ဆယ္မကေတာ့။ မနက္စာ အတူစားတုန္းက အေကာင္း၊ ညစာစားေတာ့ ဘူးသီးပုတ္လို ရႈံ႕တြေနသည့္ ခြန္းနစ္ကုေဋရဲ႕ ပုံစံက သူ႕ကိုပါ စိတ္အလိုမက်ျဖစ္လာေစသည္။ သူသိသေလာက္ ေန႕လည္က မေျပာမဆို ေဝၿဖိဳးနိုင္ႏွင့္အတူ သူ႕အေဆာင္ထိ ေရာက္ခ်လာကာ ပစၥည္းေတြ ယူသြားသည္ဆိုတာပင္။ ဒါဆို ဘာကိစၥ ဒီလို အစာမေၾက စိတ္တိုင္းမက်ျဖစ္ေနရသလဲဆိုသည့္ အေျဖအထိ လိုက္မစဥ္းစားနိုင္တာကေတာ့ သူ႕အားနည္းခ်က္ျဖစ္မည္။

"ေရေသာက္"

ေရခဲေရဘူးထဲမွ ေရကို ခြက္ထဲထည့္ၿပီး တိုးေပးလိုက္ေတာ့ စူးေနေအာင္ အၾကည့္ခံရသည္။

"ထမင္းစားရင္း ဘယ္တုန္းက ေရေသာက္လို႔လဲ"

"ခု ေသာက္"

ခုေသာက္ခ်င္မလားလို႔ ဟု ႏူးညံ့စြာ ေျပာလိုက္ခ်င္ေသာ္ျငား သူ႕ႏႈတ္ဖ်ားမွ လြယ္ကူစြာ ထြက္မလာနိုင္။အက်ိဳးဆက္အေနႏွင့္ ရဲတြတ္လာေသာ မ်က္ႏွာႏွင့္ ေဒါသထြက္သြားသည့္ ခြန္းနစ္ကုေဋက ဟက္ခနဲ မရယ္ခ်င္ပဲ ထရယ္ကာ ေနခ်ိဳ႕ကို "ေခြးသား" ဟု ထဆဲသည္။ မိုက္ရိုင္းေပမဲ့ ခြန္းနစ္ကုေဋပုံစံက ကေလးတစ္‌ေယာက္လို႔ ခြင့္လႊတ္ နားလည္ေပးခ်င္စရာမွလြဲ၍ အျခားအေတြးမ်ိဳး ေတြးမရနိုင္ခဲ့ေပ။

"မင္းအေဆာင္နဲ႕ ငါ့အေဆာင္က ေငြေဆာင္နဲ႕ ခါကာဘိုရာဇီေလာက္ ကြာတာကို ေန႕တိုင္းလာတဲ့ ကိစၥေလး ေျပာစမ္းပါအုန္း"

"ဟမ္...အဲ့ေလာက္ေဝးတာကို ဘာအ႐ူးထေနတာလဲ မင္းက"

"မေဝးပါဘူး"

"ဘာ"

"ေဝးေတာ့ေဝးေပမဲ့"

"မင္းဆီ လာရတာပဲ"

အံ့ဩလြန္းသည့္ ႐ုပ္မ်ိဳး ခြန္းနစ္ကုေဋက လုပ္ျပန္သည္။ဒီလိုဆိုေတာ့ ခဏခဏ စိတ္ဆိုးေအာင္ လုပ္ခ်င္စရာေကာင္းလြန္း၏။ အမွန္လည္း ေနခ်ိဳကိုယ္တိုင္ ခြန္းနစ္ကုေဋႏွင့္ ေတြ႕ဖို႔အတြက္ ဒီအလုပ္ကို လုပ္တာျဖစ္သည္။ အေဆာင္က အရမ္းေဝးလြန္းတာ သိေပမဲ့ အျပင္ေဆာင္ေနဖို႔ ရွာရမည္ပ်င္းတာေရာ ဇရာဘယာ မ်ားတာေရာေၾကာင့္ ထူးေထြၿပီး မေ႐ြးခဲ့တာလည္းပါ၏။

"ေအး အဲ့လိုေတြပဲ ေျပာေန"

"ဒီမွာ ၾကည့္စမ္း"

ေျပာေျပာဆိုဆို သူဝတ္ထားသည့္ လက္ရွည္တို တံေတာင္ဆစ္ဆြဲျမႇောက္ျပေတာ့ နီရဲတြတ္ေနသည့္ အသားရည္ႏွင့္ အင္ျပင္သဖြယ္ ပိန္းထေနေသာ အဖုထစ္ေတြက လက္ဖ်ံအျပည့္ ထေနသည္။ ေနခ်ိဳ မ်က္ေမွာင္ကို ႀကဳံ႕ကာ သူ႕လက္ကို စိုက္ၾကည့္လိုက္မိ၏။

"ေတြ႕လား ခဏေလး ေျခခ်မိတာေတာင္ မင္းအေဆာင္က သတၱဝါေတြ ငါ့ကိုေဆာ္သြားၾကတာ"

မေက်မခ်မ္းေျပာဆိုေနသည္မွာ တရႉးတရႉး တရွဲရွဲ အသံမ်ားပင္ ထြက္ေတာ့မတတ္ျဖစ္ေနသည္။ ေနခ်ိဳ အဲ့ဒီ‌မွာေနခဲ့တာၾကာေပမဲ့ ဒီေလာက္ႀကီးထိေတာ့ ဆိုးဆိုးဝါးဝါး ဂ်ပိဳးကိုက္ မခံခဲ့ရဘူးပါ။ ခြန္းနစ္ကုေဋရဲ႕ အေရျပားက ႏူးညံ့လြန္းတာေၾကာင့္ ျဖစ္လိမ့္မည္။

"ေဆးလိမ္း"

"ငါ့ကို ဆရာလုပ္မေနနဲ႕။မင္းသာ အဲ့ကေန အျမန္ေျပာင္းဖို႔လုပ္"

"ေအး တစ္လက္စထဲ ႀကိဳေျပာထားမယ္။ ငါက လုံးဝ အသန႔္ႀကိဳက္တဲ့ေကာင္ေနာ္။ ငါနဲ႕ေနလို႔ အဲ့လို ညစ္စုတ္ေနရင္ မင္းေသၿပီပဲ ေနခ်ိဳေမာင္"

"ဇီဇာေၾကာင္တဲ့ေကာင္မို႔ အတူမေနခ်င္ရင္ အခုကတည္းက စရံေၾကးေလ်ာ္လိုက္ေတာ့"

ေနခ်ိဳ မထိန္းနိုင္စြာ ၿပဳံးလိုက္မိသည္။ ခံစားခ်က္က ေကာင္းလြန္းလို႔ ကိုယ္တြင္းက အေၾကာဆိုင္ေတြရဲ႕ လႈပ္ရွားပုံကို ထိန္းသိမ္းရေကာင္းမွန္းပင္ မသိေတာ့ပါ။ ခြန္းနစ္ကုေဋရဲ႕ ဆရာႀကီးလုပ္ၿပီး သူ႕ကိုေဝဖန္ေနသည့္ အ႐ုပ္ဆိုးလွတဲ့ မ်က္ႏွာထားကိုေရာ ၊ ထိုသို႔ အလႊမ္းမိုးခံေနရသည့္ အေနအထားကေရာ သူ႕ကို ေပ်ာ္႐ႊင္လာေစသည္။ တစ္ေယာက္‌ေယာက္က သူ႕အနားကို ေရာက္လာတိုင္း စိတ္ရႈပ္စရာေကာင္းစြာ တြန္းထုတ္ေနခဲ့သည့္ သူ႕လက္ေတြက ဒီတစ္ႀကိမ္မွာေတာ့ မ်က္စိေရွ႕ကလူကို သူ႕ထံသို႔ တင္းတင္းၾကပ္ၾကပ္ ဆြဲေခၚခ်င္ေန၏။

‌အခ်ိန္အေတာ္ၾကာ ပိတ္ထားခဲ့ေသာ ျပတင္းတံခါးကို အမွတ္မထင္ဖြင့္လိုက္မိသလိုႏူးညံ့ေသာ ေလညွင္းရဲ႕ လတ္ဆတ္မႈက သူ႕စိတ္ႏွင့္ကိုယ္ကို ၾကည္လင္သြားေစသည့္ ခံစားခ်က္မ်ိဳးႏွင့္ ဆင္တူလြန္းသည္။ေလာကမွာ အာ႐ုံစိုက္စရာ အရာတစ္ခုပိုင္ဆိုင္လိုက္ရတာ ဒီေလာက္ထိ ေနလို႔ေကာင္းသြားေစသည္လား။

စကားေတြ အမ်ားႀကီး ေျပာရတာ မႀကိဳက္ေပမဲ့ ခြန္းနစ္ကုေဋ ေျပာသမွ် ေကာင္းတာေတြေရာ ဆိုးတာေတြေရာကိုေတာ့ စိတ္ဝင္တစားနားေထာင္ခ်င္၏။

တစ္ခါတစ္ရံ စကားေျပာတိုင္း တလႈပ္လႈပ္ျမင္ေနရသည့္ ႏွာတံစင္းစင္းထက္မွ မွဲ႕အနက္ကေလးကို လက္ညွိုးႏွင့္ ထိုးေခ်ခ်င္လာသည့္ စိတ္ကိုေတာ့ ဒီကေရွ႕ သူအေတာ္ေလး ထိန္းခ်ဳပ္ရလိမ့္မည္ ထင္ပါသည္။

………………………………………………

စာေရးသူ၏ အမွာစာ:

ခြန္းနစ္ကုေဋ ဆရာႀကီးလို႔
သုံးေခါက္ဆီ ေအာ္ေပးလိုက္ၾကပါ!!!

Continue Reading

You'll Also Like

270K 27K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
66K 5.3K 25
အချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အ‌ကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို...
80.1K 6.4K 77
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြောင်းလဲခြင်းလေပြည် တွေ တိုက်ခတ်လို့ မျှော်...
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...