ဦးဂျွန် ( Kookjin )

Von YoneYone_2054

51.7K 7.6K 1.4K

ဒီလမ်းကို ရွေးဖို့ နှလုံးသားတစ်ခုပဲ လိုအပ်မယ် ကလေးငယ်🤎 started - 10.9.22 Ended -March 9,23 Mehr

🤎intro 🤎
🤎1 🤎
🤎2🤎
🤎3🤎
🤎4🤎
🤎5🤎
🤎7🤎
🤎8🤎
🤎9🤎
🤎10🤎
🤎11🤎
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎
🤎16🤎
🤎17🤎
🤎18🤎
🤎19🤎
🤎20🤎
🤎21🤎
🤎22🤎
🤎23🤎
🤎24🤎
🤎25🤎
🤎26🤎
🤎27🤎
🤎28🤎
🤎29🤎
🤎30🤎
🤎31🤎
🤎32🤎
🤎33 🤎
🤎 ending 🤎
🤎 အပိုင်းပို 🤎

🤎 6🤎

1.5K 262 57
Von YoneYone_2054

ဟန္အာလ္ဆူး........။

တစ္နည္းအားျဖင့္ မမဟန္။ ေဆာ့ဂ်င္အထက္တန္း
တက္ေနတဲ့တစ္ေလွ်ာက္လုံးရဲ႕ အုပ္ထိန္းသူတစ္
ေယာက္။ ေမာင္ႏွမအရင္းေတြ မဟုတ္ၾကေပမယ့္
မမဟန္ဟာ ေမေမ့ဖက္မွေတာ္စပ္တာျဖစ္သည္။

မမဟာ ဥပေဒေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး
ေဆာ့ဂ်င္ အထက္တန္းတက္ေနတဲ့ ကာလတစ္
ေလွ်ာက္ဟာ မမရဲ႕ ေရွ႕ေနစာေမးပြဲေျဖဖို႔ျပင္ဆင္
ေနတဲ့ကာလေလးေတြ။ မမက ေဆာ့ဂ်င္လိုပဲတစ္ဦး
တည္းေသာ သမီး။ သို႔ေပမယ့္ မမမွာ မိဘေတြမရွိ
ၾကေတာ့ဖူး။ မမက သူ႔မိဘေတြထားခဲ့တဲ့ အေမြေတြ
နဲ႔ တစ္ေကာင္ႂကြက္ေလးျဖစ္ခဲ့ရရွာတာ။ ေဆာ့ဂ်င္ကိုသိပ္ခ်စ္သလို အိမ္ကအခုလိုေတြရန္ျဖစ္တိုင္း
ေဆာ့ဂ်င္ဖက္က ကာကြယ္ခဲ့တာခ်ည္းပဲ။

ငယ္ဘ၀အမွတ္တရေတြထဲ မသက္ဆိုင္သူဟာ
အျပည့္ပါ၀င္ေနခဲ့လွ်င္ အထက္တန္းတစ္ေလွ်ာက္
အမွတ္တရေတြထဲမွာေတာ့ မမဟန္ ပါ၀င္ေနခဲ့ပါ
သည္။

မမဟန္ဟာ အသားျဖဴျဖဴ ၊အရပ္ျမင့္ျမင့္ ။ခါးအထိ
ရွည္တဲ့ဆံပင္ေတြကို လိေမၼာ္ေရာင္အျပည့္ဆိုးကာ
ေကာက္ထားသည္။ ငယ္ငယ္ထဲက မ်က္ခုံးပါးတဲ့
မမဟာ အၿမဲလိုလို ေရွ႕ဆံၿမိတ္ေလးခ်ထားတတ္
သည္။ ေကာ့ၫႊတ္ေနတဲ့ မ်က္ေတာင္ဖ်ားေတြလူပ္
ခတ္သြားတိုင္း ၊ အညိဳေရာင္မ်က္၀န္းက်ဥ္းက်ဥ္း
ေလးက စူးစူးရွရွၾကည့္လိုက္တိုင္း ဥ‌ပေဒေက်ာင္း
တစ္ခုလုံးရဲ႕ အသည္းအူတိုင္ေတြ လူပ္ခတ္သြားတာ
ခ်ည္းပဲ။

Y2K fashionေတြ trending ျဖစ္မွန္း ေသခ်ာမသိ
ေပမယ့္ မမဟန္ ၀တ္လိုက္ရင္ေတာ့ ဥပေဒေက်ာင္း
မွာ trending ျဖစ္သြားခဲ့ရတာ။ ပိန္ပိန္ပါးပါးခႏၶာ
ကိုယ္ေလးက ဘယ္ေတာ့မွ က်လည္းမက်သလို
တက္လည္းမတတ္။ လိေမၼာ္ေရာင္ကို ဒီဇိုင္းစုံ၀တ္
တတ္တဲ့ မမရဲ႕ဖက္ရွင္ေတြက အၿမဲလိုလိုခမ္းနား
ေနတတ္တဲ့အျပင္ ေက်ာင္းထဲမမ၀င္သြားတိုင္း
ေရွ႕ေနေလာင္းေလးေတြက နာမည္တိုးတိုးေလး
ေပးတတ္သြားၾကသည္။

“ဟန္လိေမၼာ္”ဆိုၿပီး......။

မမက သူ႔အရွိန္အဝါနဲ႔သူ ခမ္းနားေနခဲ့ေပမယ့္
ေဆာ့ဂ်င္နဲ႔ဆိုရင္ေတာ့ ဒီလိုမဟုတ္ပါ။ ‌ေမာင္ႏွမ
မရွိလို႔ တစ္ဦးတည္းေသာ သမီးဆိုၿပီး အႏိုင္က်င့္
တာေတြ၊ ဗိုလ္က်တာေတြ.....မမနဲ႔သူ႔ၾကား ဒါေတြ
မရွိခဲ့။ မမဟာ သူ႔ကိုအၿမဲတေစ ဂ႐ုစိုက္ခဲ့ၿပီးပိတ္
ရက္ေတြတိုင္း အျပင္လိုက္ပို႔ခဲ့ပါသည္။

အမ်ားကေတာ့ မမကို အာလ္ဆူးလို႔ေခၚၾကသလို
ဆူးလ္လို႔လည္းတစ္လုံးထဲ ေခၚၾကသည္။ ေဆာ့ဂ်င္
အတြက္ေတာ့ မမဟန္ကလြဲ ေခၚစရာမရွိ။ မမဟန္
ကလည္း ေဆာ့ဂ်င္ကို ငယ္ေလးမွလြဲၿပီးက်န္တာ
မေခၚခဲ့။ ေမေမတို႔ဆီမွ မရခဲ့တဲ့ ဂ႐ုစိုက္မႈနဲ႔ ေႏြးေထြးျခင္းေတြကို မမဆီက အျပည့္အ၀ရခဲ့ပါသည္။

တစ္ခါတစ္ေလ ေသြးသားအရင္းမဟုတ္တဲ့လူေတြ
ဆီကရေသာ ခ်စ္ျခင္းေမတၱာေတြသည္ လူရင္း
ထက္ ပိုရခဲ့တာကို ကြၽန္ေတာ္ လက္ခံမိပါသည္။

####

“မမက ဘယ္တုန္းကေရာက္တာလဲ”

“ငယ္ေလးကို ဘယ္သူ႐ိုက္တာလဲ”

အေမးနဲ႔အေျဖဟာ မတိုက္ဆိုင္။ မမက သူ႔ကိုအၿမဲ
ေခ်ာင္ပိတ္ေမးတတ္သည္။ ယခုလည္း စားၾကည့္စားပြဲေပၚလက္ေထာက္ၿပီး သူ႔အား စူးစိုက္၍ၾကည့္
ကာ ပါးေပၚက ဒဏ္ရာကို ေမးေနသည္။

“အဲ့တာက”

“အမွန္တိုင္းေျဖ ငယ္ေလး”

ေဒါသထြက္ေနတဲ့ မမဟန္ရဲ႕ အသက္ရႉသံေတြက
အခန္းထဲ၌ ႀကီးစိုးေနသည္။ ေဆာ့ဂ်င္ မေျဖမခ်င္း
ေဆးဆိုးထားတဲ့ ႏူတ္ခမ္းပါးပါးေလးကို ကိုက္လိုက္၊ လက္သည္းနီဆိုးထားတဲ့ လက္ေခ်ာင္းေတြ
ကို ဆုပ္လိုက္ႏွင့္။ မမဟာ ေဒါသထြက္ရင္ အမူ
အရာေတြ ၿပိဳလဲလာသည္။

“ကြၽန္ေတာ့္ကို အလုပ္၀င္ခိုင္းတယ္ ေရွ႕အပတ္
႐ုံးတက္ရမယ္ဆိုၿပီး....ကြၽန္ေတာ္မွ စိတ္မ၀င္စားတာ”

“အဲ့တာနဲ႔ နင့္ကို႐ိုက္ေရာလား”

“.....”

တိတ္ဆိတ္ျခင္းသည္ ၀န္ခံျခင္းပင္။ မမဟန္
ထိုင္ရာမွထလာၿပီး သူ႔ေဘးနားမွာ မတ္တပ္လာ
ရပ္သည္။ နီရဲေနတဲ့ ပါးျပင္ေလးကို လက္နဲ႔ခပ္ဖြဖြ
ေလးအုပ္မိုးရင္း.....။

“ငါအဲ့တာေၾကာင့္ နင့္ကိုစိတ္မခ်တာ
ေျပာသားပဲ မျပန္ပါနဲ႔ဆိုတာကို....နင္ကျပန္သြား
တယ္ေလ ငါ့စကားသာနားေထာင္ရင္ နင္အခုလို
ျဖစ္မွာမဟုတ္ဖူး ငယ္ေလးရဲ႕”

“မမေရွ႕ေနျဖစ္ရင္ နင့္ကို အိမ္မွာေခၚထားမယ္
ဆရာ၀န္ႀကီးျဖစ္တဲ့အထိ မမေစာင့္ေရွာက္ေပးမယ္
ဆိုတာ အလကားမွမဟုတ္တာ....မမဟန္ ေရွ႕ေနျဖစ္
ေနၿပီ ငယ္ေလးရဲ႕.....ငါနင့္ကို အားမရလိုက္တာ
ငယ္ေလးရယ္”

သူ႔ပါးျပင္ကို အုပ္မိုးရင္း ငိုခ်လိုက္ပုံမ်ား။ဘယ္ေတာ့မွ မငိုတဲ့မမက အခုသူအ႐ိုက္ခံရလို႔
ငိုေနသည္တဲ့ေလ။ ေဆာ့ဂ်င္ စိတ္ထဲျပာသြားကာ
မမဟန္ကို ဖက္ထားလိုက္မိသည္။

“မငိုနဲ႔ေလ နင္ငိုရင္ငါလည္းငိုခ်င္တာေပါ့
မမရဲ႕”

“နင့္အသားအရည္က ဘယ္ေလာက္ထိ ထိခိုက္လြယ္
လဲဆိုတာ နင္မသိဖူးလား .....နင့္ပါးကို လာဆြဲတဲ့
နင့္သူငယ္ခ်င္းေတြကိုေတာင္ ငါဘယ္လိုရန္ျဖစ္ခဲ့
လဲ နင္ေမ့ေနတာလား ငယ္ေလး....”

“မဟုတ္ပါဖူး မမရဲ႕ အခုဟာက”

“ငါနင့္မိဘေတြကိုေတာ့ ရန္သြားျဖစ္လို႔မရဖူးေလဟာ”

မမက သူ႔ရင္ခြင္ထဲမွာ တသိမ့္သိမ့္ငိုေနသည္။
အရင္ထဲက ေဆာ့ဂ်င္နဲ႔ပတ္သက္လာရင္ မမက
သိပ္ကို Sensitive ျဖစ္တဲ့အမ်ိဳး။ အသားအရည္က
အစ မ်က္ႏွာေလးပ်က္သြားရင္ေတာင္ ျပာယာခတ္
ေနတဲ့မမ။ ဘယ္ေတာ့မွ ခ်စ္ရတာ အမွားမျဖစ္ခဲ့ပါ။

“ငါက နင့္ကိုျပန္ေခၚဖို႔လာတာ ေရာက္ေရာက္ခ်င္း
ဆီးႀကိဳေနတဲ့ ျမင္ကြင္းက ရင္၀ကိုေဆာင့္ကန္ခံလိုက္ရသလိုပဲ။ အၿမဲေအးခ်မ္းတဲ့ကေလးကို
နင့္မိဘေတြမို႔လို႔ ရန္ကိုရွာတယ္”

“ေတာ္ပါေတာ့ ေအာက္ကၾကားရင္ ထက္ၿပီး
နားပူေနအုံးမယ္”

“စိတ္တိုတာကို”

မမကိုရင္ခြင္ထဲမွ ထုတ္ကာ မ်က္ရည္ေတြဝိုင္းသုတ္
ေပးလိုက္သည္။ ငိုခဲတဲ့ မိန္းကေလးဟာ သူအ႐ိုက္
ခံရတာျမင္ေတာ့ အထိန္းအကြပ္မဲ့ငိုခ်လိုက္သည့္ပုံ။
စားပြဲေပၚက တစ္သွ်ဳးကိုယူကာ မ်က္ရည္ေတြသုတ္
ဖို႔ကမ္းေပးလိုက္သည္။

“အခုတေလာ ဘာေတြလုပ္ေနလဲ
ေရာက္မယ္ဆိုတာ ႀကိဳမေျပာဖူး ႀကိဳသိရင္
လာႀကိဳမွာေပါ့”

“မမလည္းႀကိဳေျပာမလို႔ပါပဲ ငယ္ေလးကို surprise
‌ျဖစ္ေစခ်င္တာနဲ႔ တကယ္တမ္း surprise က
ငါျဖစ္သြားတယ္ေလ ”

မမစကားကို ေဆာ့ဂ်င္အားရပါးရ ရယ္မိသြားသည္။
ဟုတ္လည္းဟုတ္တာပဲ။ မမလာမယ့္အခ်ိန္က်မွ
ေဖေဖက ဆြဲထိုးဖို႔ျပင္လိုက္တာကိုး။

“ကားထဲမွာ မုန႔္ေတြ၀ယ္လာတယ္ ၿခံထြက္လိေမၼာ္သီးေတြေရာပဲ အခုေတာ့ဆင္းမယူေတာ့ဖူး မနက္ျဖန္
မွယူေနာ္ အခုဆင္းရင္ မျမင္ခ်င္တဲ့မ်က္ႏွာေတြျမင္
ေနရမယ္”

“မမ လိေမၼာ္ၿခံကိုသြားတုန္းပဲလား”

ေဆာ့ဂ်င္ အေမးကို မမဟန္က ခ်က္ခ်င္းမေျဖ။
ႏူတ္ခမ္းေလးေကြးတက္႐ုံမွ်ၿပဳံးျပသည္။ ၿပီးေတာ့
မွ ေခါင္းကိုျဖည္းျဖည္းခ်င္းၿငိမ့္ကာ မ်က္ႏွာလႊဲ
သြားသည္။

လိေမၼာ္ၿခံအေၾကာင္းေျပာတိုင္း မမက အၿမဲရွက္
ေနတတ္သည္။ ေဆာ့ဂ်င္ အထက္တန္းတက္ေနတုန္းက လိေမၼာ္ၿခံကို မမနဲ႔အတူ ေရာက္ဖူးေပမယ့္
သိပ္ေတာ့မမွတ္မိ။ လိေမၼာ္ၿခံမွာ လိေမၼာ္သီးခိုးရင္း
မမက လူတစ္ေယာက္ကို သေဘာက်ခဲ့မိတယ္ေလ။

“အဲ့လိုပဲရွက္ေနေတာ့မွာလား ေဆးလိမ္းေပးအုံးေလ
ပါးေတြစပ္ၿပီးကြဲထြက္ေတာ့မယ္”

“ဟင္ လာၿပီ မမလာၿပီ မမလိမ္းေပးမယ္”

သူ႔စကားကိုျပာယာခတ္သြားတဲ့မမက ခ်က္ခ်င္း
အနားကိုပိုတိုးလာသည္။ ကုတင္ေအာက္မွေဆး
ေသတၱာကိုယူေပးေတာ့ အူယားဖားယား ေဆးလိမ္း
ေပး‌သည္။ တစ္ခါတစ္ခါ ပခုံးသားကိုေက်ာ္ၿပီးဝဲက်
လာတဲ့ လိေမၼာ္ေရာင္ဆံႏြယ္ေတြကိုလည္း ေဆာ့ဂ်င္
ကိုင္ေပးထားရပါေသးသည္။

####

လိုအပ္တဲ့ စစ္ေဆးမႈေတြျပဳလုပ္ၿပီးသည့္ေနာက္
ဂ်ဳတီကုတ္ကို ကိုင္ကာ နားေနခန္းထဲ ဦးဂြၽန္၀င္လာ
ခဲ့သည္။ အခန္းထဲေရာက္ေတာ့ ထယ္ေယာင္းက
ဖုန္းကိုသည္းသည္းမည္းမည္းၾကည့္ၿပီး စာေတြ႐ိုက္
ေနသည္။ သူ၀င္လာတာကို မသိ။

ထယ္ေယာင္းကိုၾကည့္ရတာ ဒီရက္ပိုင္းေတာ္ေတာ္
ေပ်ာ္ေနသည့္ပုံ။ အလုပ္ကိုေစာေစာလာတဲ့အျပင္
ျပန္ရင္လည္း ကားတစ္စီးကိုေစာင့္ေနတတ္သည္။
တစ္ခါတစ္ေလ လမ္းႀကဳံလို႔ေခၚမယ္ဆိုရင္ေတာင္
မလိုက္။ ေလးေထာင့္ဆန္ဆန္အၿပဳံးေလးေတြနဲ႔
ေျပာတတ္တာက “ကိုကိုလာႀကိဳမွာ”ဆိုၿပီးေလ။

အခုထိ ထယ္ေယာင္းခ်စ္သူကိုမျမင္ဖူးေသးေပမယ့္
ထယ္ေယာင္းကို အမ်ားႀကီးခ်စ္ေပးမယ္ဆိုတာ
ေဘးလူတစ္ေယာက္အေနနဲ႔ အျပည့္အ၀ခံစားမိပါ
သည္။ဒါတြင္ဘယ္ကမလဲ။ ကိုယ္ခ်စ္ေနတဲ့လူက
ကိုယ့္ကိုျပန္ခ်စ္ေပးတဲ့အခိုက္အတန႔္ဟာ ကမာၻ႔
အေပ်ာ္ဆုံးအခ်ိန္ပဲေလ။

သူကသာ လမ္းေတြေခ်ာ္ၿပီး လြဲမွားခဲ့လို႔ ။ အနားမွာ
ရွိတဲ့သူကိုမျမင္မိခဲ့လို႔။ ကေလးငယ္အေပၚထားတဲ့
‌အခ်စ္ကို အခ်စ္လို႔မျမင္ႏိုင္ပဲ သံေယာဇဥ္ ၊
သံေယာဇဥ္ဆိုၿပီး ကိုယ့္ကိုယ္ကို တရားေတြခ်ေနခဲ့
တာ။ အသိေပးေနတဲ့ စည္းေတြကို ေမ့ေပ်ာက္ၿပီး
အခ်စ္ေတြဖြင့္ဟမိေတာ့လည္း သူတို႔ႏွစ္ေယာက္
ၾကား စည္းေတြကထက္ၿပီးတားစည္းေနျပန္သည္။

ခ်စ္ပါတယ္ မခ်စ္ဖူးဆိုတာမ်ိဳးမရွိခဲ့ပဲ အရိပ္တၾကည့္ၾကည့္နဲ႔ခ်စ္ခဲ့ပါတယ္။ စည္းေတြေဘာင္ေတြနဲ႔
ေထာက္ရမယ့္မ်က္ႏွာေတြရွိေတာ့ အခ်စ္ေတြဟာ
အျပစ္ေတြ။ အက္ေၾကာင္းေတြထပ္မယ့္ ဇာတ္လမ္း
မွာ ကေလးငယ္ေရာ သူေရာ ေရွ႕ဆက္မတိုးရဲၾက
ေတာ့ဖူး။

အရာအားလုံးရဲ႕အစကို ျပန္သြားမယ္။ သူလည္း
လမင္းေလးဆီ မသြားဖူး။ လမင္းေလးလည္း
သူ႔ဆီမလာနဲ႔။ အရာခပ္သိမ္းကို သူ႔ေနရာမွသူျပန္ထားခ်င္တယ္။ လြယ္ေတာ့မလြယ္ေပမယ့္လည္း။

“ေဒါက္တာဂြၽန္ ေရာက္တာၾကာၿပီလား”

ထယ္ေယာင္းအသံၾကားမွ အသိစိတ္ဟာ ပစၥပၸဳန္ကို
ျပန္ေရာက္လာသည္။ ေယာင္နနေခါင္းၿငိမ့္ျပေတာ့
ထယ္ေယာင္းက ရွက္ေနတဲ့ပုံ။ ၾကည့္ရတာထယ္
ေယာင္းဖုန္းေျပာေနတဲ့အသံေတြကို ၾကားသြားလို႔
အားနာေနတဲ့ပုံပဲ။

“ထယ္ေယာင္းေျပာတာ မၾကားပါဖူး ကြၽန္ေတာ္
ကိုယ့္အေတြးနဲ႔ကိုယ္မို႔ မသိလိုက္ဖူး”

“ဘာေတြေတြးလို႔လဲ ေဒါက္တာဂြၽန္က”

ေဒါက္တာဂြၽန္က သက္ျပင္းခပ္ႀကီးႀကီးတစ္ခုကို
ခ်သည္။ စားပြဲေပၚတင္ထားတဲ့ ေဘာပင္ကိုလက္နဲ႔
လွည့္ၿပီး မ်က္ေမွာင္ေတြကိုက်ဳံ႕ပစ္လိုက္၏။

“ကြၽန္ေတာ့္အဖို႔ ေျပာရခက္တယ္ဗ်ာ”

“ဒါဆို ဂ်ဳတီဆင္းရင္ ဆိုင္သြားထိုင္ၾကမလား
ကြၽန္ေတာ္တို႔လစာထုတ္တိုင္း မေသာက္ရတာၾကာၿပီေလ သြားၾကမလား”

“အဲ့လိုလုပ္မလား”

ထယ္ေယာင္းအေျပာကို သေဘာတူလိုက္မိသည္။
သူ႔အေနနဲ႔ ယမကာအကူအညီလိုသည္။ရဲေဆးတင္
ၿပီး လမင္းေလးထံ ေနာက္တစ္ခါ ျပန္ဖြင့္ေျပာဖို႔
အတြက္ ယမကာအကူအညီကို သူလိုအပ္ေနပါ
သည္......။

####

“လူတစ္ေယာက္ကို နင့္နင့္နဲနဲ ခ်စ္မိေနတာကို
သိတဲ့အခ်ိန္က ေနာက္က်သြားရင္ ဘယ္လိုျဖစ္သြား
မလဲ”

“ေသခ်ာေပါက္ ခံစားရမွာေပါ့”

“တစ္သက္လုံး မသိခ်င္ေယာင္ေဆာင္ၿပီး ေနလို႔ရမယ္ထင္ခဲ့ေပမယ့္ ေနလို႔မရတဲ့အခါ စည္းေတြေဘာင္ေတြလည္း ကြၽန္ေတာ္ မမူခ်င္ေတာ့ဖူး”

“ေဒါက္တာဂြၽန္က ေနာက္ထပ္အသစ္ေတြ႕ေနတာ
လား ဟုတ္လား ”

“အသစ္မဟုတ္ဘူး အေဟာင္းေလးပါပဲ
ဒီအတိုင္း ဆယ္ေက်ာ္သက္ဘ၀ရဲ႕ သီခ်င္းေဟာင္း
ေလးတစ္ပုဒ္လိုပဲ.....”

“ကြၽန္ေတာ္ၾကားသေလာက္ေတာ့ ေဒါက္တာ့ဆီမွာ
ခ်စ္သူရွိတယ္ ၾကားတယ္။ တစ္ခါမွလည္း ေဆး႐ုံကိုမေခၚလာဘူးေနာ္ ဘာလို႔လဲ အခုသူနဲ႔ျပတ္ၿပီး
ေနာက္ထပ္အသစ္ေတြ႕ေနတာလား”

ထယ္ေယာင္းစကားကို ေခါင္းခါ၍ ‌ခြက္ထဲဆိုဂ်ဳ
အျပည့္ျဖည့္ကာ အရွိန္နဲ႔ေမာ့လိုက္သည္။ခါးသက္
သည့္အရသာႏွင့္အတူ လည္ေခ်ာင္းထဲ ပူရွိန္းရွိန္း
ျဖစ္သြားသည့္ ခံစားခ်က္ ။ ရင္ဘတ္တစ္ခုလုံးပူ
သြားကာ အျမင္အာ႐ုံေတြ ေလးလာလာသည္။

“ဒါဆို အခုတြဲေနရင္း အသစ္ထက္ေတြ႕တာလား”

“ကြၽန္ေတာ္ စဥ္းစားရခက္တယ္ ထယ္ေယာင္းရယ္
ကြၽန္ေတာ္ထင္ခဲ့တာ အခုတစ္ေယာက္ကိုပဲ အၿမဲတမ္းအတြက္ေပါ့ အၿမဲတမ္းအတြက္ ခ်စ္ႏိုင္ခဲ့
မယ္ထင္ခဲ့တာ ....ဒါေပမယ့္ ကြၽန္ေတာ့္ကေလးေလး
ကိုျပန္ေတြ႕လိုက္ရေတာ့....ကြၽန္ေတာ့္စိတ္ေတြ လုံး၀
ဥသုန္ အေရာင္ေျပာင္းသြားခဲ့တယ္”

ထယ္ေယာင္းကေတာ့ သိပ္မူးတဲ့ပုံမေပၚေသး။ သူက
ေတာ့ မ်က္ႏွာတစ္ခုလုံးရဲကာ အရွိန္တက္ေနၿပီ။
အာေလးလွ်ာေလးနဲ႔ ရင္ဖြင့္ေနမိတဲ့အျဖစ္ဟာ
မနက္ႏိုးလာရင္ေတာ့ ရွက္ခ်င္စရာပါပဲေလ။

“ခင္ဗ်ားေျပာတဲ့ ခင္ဗ်ားကေလးေလးက ဘယ္လိုမ်ိဳးေလးလဲ ဘယ္လိုပုံစံေလးမို႔ ခင္ဗ်ားက လက္ရွိ
ကိုေတာင္ ေက်ာ္ၿပီး ‌ျမင္ခဲ့မိတာလဲ”

“သူကေလ....အေအးခ်မ္းဆုံးကေလးေလးပဲ
သူက အၿမဲတမ္းၿပဳံးရယ္ေနတတ္တယ္။ တစ္ဖက္
သားကို ဘယ္ေတာ့မွ စိတ္ညစ္ေအာင္ မျပဳဖူး။
ေပ်ာ္ေပ်ာ္ေနတတ္တယ္။ ဂိမ္းေဆာ့ရင္ ခါးမတ္မတ္
ထိုင္တဲ့အက်င့္ေလးေတြ၊ လူတစ္ေယာက္ကိုျမင္တာ
နဲ႔ ေခါင္းငုံ႔အ႐ိုအေသေပးတတ္တာေလးေတြ.....”

“လိမ္မာယဥ္ေက်းတဲ့ ကေလးေလးမို႔ ကြၽန္ေတာ္က
အေရာင္မဆိုးခ်င္ခဲ့တာ။ အဲ့တာေၾကာင့္ မသိခ်င္
ေယာင္ေဆာင္ရင္းနဲ႔ပဲ ဒီလိုအေျခအေနေတြျဖစ္လာ
ခဲ့တယ္ ဒါေပမယ့္.....ဒါေပမယ့္”

ဆရာ၀န္ႀကီးဟာ စကားအဆုံးတြင္ မ်က္ရည္ေတြနဲ႔
ငိုခ်လိုက္သည္။ ထယ္ေယာင္း တစ္သွ်ဴးအျမန္ထုတ္ကာ ေပးလိုက္ေပမယ့္ မမွီ။ လက္ႏွစ္ဖက္ကို
မ်က္ႏွာအုပ္ၿပီး ငိုေနသည္မွာ တသိမ့္သိမ့္။

အခ်စ္ဆိုတဲ့အရာဟာ ဘယ္ေလာက္မ်ားဆန္းၾကယ္
လို႔ လူတစ္ေယာက္ကိုေက်ာ္ၿပီးေတာင္ ျမင္ႏိုင္ရတာ
လဲ။ အၿမဲတမ္း တည္ၿငိမ္ဂုဏ္ယူစရာေကာင္းတဲ့လူ
ကိုေတာင္ မ်က္ႏွာငုံ႔ေခါင္းခ်ၿပီး ငိုသည္အထိျပဳစား
ရက္တဲ့အခ်စ္။ ကိုကိုနဲ႔ဆုံတဲ့အခါ ဒီအခ်စ္အေၾကာင္း ေမးျမန္းရအုံးမည္။

“ကြၽန္ေတာ္ ‌ခင္ဗ်ားခံစားခ်က္ကို ကိုယ္ခ်င္းမစာႏိုင္
ေပမယ့္ နားလည္ေပးႏိုင္ပါတယ္ ဆုေတာင္းေတြမွား
ခဲ့ၾကတယ္လို႔ပဲ ခံယူလိုက္ေပါ့ဗ်ာ”

“အရင္ဘ၀က ဆုေဝာာင္းေတြမွားခဲ့တာလား
ဒါမွမဟုတ္ ေနာက္က်မွ ကံၾကမၼာက ေပးဆုံခဲ့တာ
လား ဘာပဲျဖစ္ျဖစ္ သံေယာဇဥ္ဆိုတဲ့ေခါင္းစဥ္
ေအာက္က ႐ုန္းထြက္ခ်င္တယ္ဗ်ာ”

အရက္ပုလင္းေတြဟာ တစ္ပုလင္းၿပီးတစ္ပုလင္း။
မနက္ျဖန္ ဂ်ဳတီမရွိလို႔ ထယ္ေယာင္းလည္း မရပ္ပဲ
အေဖာ္ျဖစ္ေပးေနလိုက္သည္။ ၾကာလာ ၾကာေလ
ပိုသိလိုက္ရတာက ေဒါက္တာဂြၽန္တစ္ေယာက္ဟာသူ႔ကေလးေလးအေပၚ နင့္နင့္နဲနဲ႔ကို ခ်စ္မိေနတဲ့
အျပင္ အရာခပ္သိမ္းဟာ ကေလးေလးဆိုတဲ့နာမ္
စားနဲ႔အတူ ေပ်ာ္၀င္ေနခဲ့တာ။ တစ္ဖက္မိန္းကေလး
ကိုေတာ့ အားနာမိပါသည္။ သို႔ေပမယ့္ ထိုမိန္းကေလးကို တစ္ခါမွ ထယ္ေယာင္း မျမင္ဖူး။
မေတြ႕ဖူးပါ။ ဘာလို႔မေခၚလာတာလဲကိုေတာ့
ထယ္ေယာင္း ေမးခ်င္မိပါသည္။

“ခင္ဗ်ားေကာင္မေလးကို ဘာလို႔ေဆး႐ုံမေခၚလာ
တာလဲ တစ္ခါမွ မျမင္ဖူးေသးဘူးေရာ”

“သူမအား ကိုယ္မအားနဲ႔ မေခၚျဖစ္ခဲ့တာ။
အရင္ကစဥ္းစားမိပါေသးတယ္ ဒါေပမယ့္
ကြၽန္ေတာ္ မေခၚခ်င္ခဲ့မိဖူး”

“ခင္ဗ်ား သူ႔ကိုခ်စ္ေရာခ်စ္ရဲ႕လား”

ထယ္ေယာင္းအေမးကို ဆရာ၀န္ႀကီးက မေျဖ။
ဆိုင္အျပင္ဖက္ကိုသာ ေတြေတြေလးေငးၾကည့္ေန
သည္။ ေမးခြန္းေတြအတြက္ အေျဖဟာမရွိေန။
ကေလးေလးကို ခ်စ္မွန္းေသခ်ာတဲ့ေန႔ကစၿပီး
အဆက္အသြယ္သိပ္မရတဲ့ ၀မ္နဲ႔ တျဖည္းျဖည္းခ်င္း
ေဝးကြာေနခဲ့တာေလ။ နားလည္ရခက္ပါသည္။

“ခင္ဗ်ားကို ခင္ဗ်ား ေမးၾကည့္သင့္တယ္
တကယ္ခ်စ္တာ ခင္ဗ်ားေကာင္မေလးကိုလား
ကေလးေလးကိုလား ဆိုတာ”

“အႀကိမ္ႀကိမ္ေမးၾကည့္ၿပီးၿပီ။ စိတ္ေတြလည္း မေသခ်ာလို႔ ေဒါသေတြလည္းထြက္ခဲ့ၿပီးၿပီ။ တိတိ
က်က်အေျဖမထြက္လာဖူး။ ကြၽန္ေတာ္ ေမးတိုင္း
ထြက္လာတာက ကေလးေလးကို ေစာင့္ေရွာက္ခ်င္
တယ္ ညလုံးေပါက္ဂိမ္းေဆ့ာတတ္တဲ့ သူ႔ကို
ကြၽန္ေတာ္ ဆူခ်င္တယ္ သူငယ္ခ်င္းမရွိတဲ့ သူ႔
အတြက္ ကြၽန္ေတာ္ကပဲ သူငယ္ခ်င္း ၊ ကြၽန္ေတာ္က
ပဲ ခ်စ္သူ ကြၽန္ေတာ္ကပဲ အရာရာျဖစ္ခ်င္တယ္
သူ႔ရင္ဘတ္ထဲ ကြၽန္ေတာ္ အၿမဲရွိခ်င္တယ္...”

“ခင္ဗ်ားကခ်စ္တာ မဟုတ္ဖူး အတၱျဖစ္သြားၿပီ
ဒါက် ”

“ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို မုန္းလိုက္တာဗ်ာ
မေသခ်ာမွန္းသိရက္နဲ႔ လူတစ္ေယာက္ကို ႀကိဳးေတြ
ခ်ည္တယ္ လူတစ္ေယာက္ကိုက် မေရရာ မေသခ်ာ
တဲ့ ခံစားခ်က္ေတြနဲ႔ ေနခိုင္းတယ္ ကြၽန္ေတာ္က
တကယ္မေကာင္းတဲ့ေကာင္ပါပဲဗ်ာ”

သံေယာဇဥ္မွန္းမသိ ၊အခ်စ္မွန္းမသိ ။ ဆရာ၀န္
တစ္ေယာက္ျဖစ္ၿပီး ကိုယ့္ကိုယ္ကို ဘာျဖစ္ေနမွန္း
မသိတဲ့လူတစ္ေယာက္ပါ။ ကေလးေလးထံပိုသာ
ေနတဲ့ေမတၱာေတြကို ပါဆယ္ထုတ္ၿပီး ေပ်ာက္ကြယ္
သြားခ်င္လိုက္သည္။ ဒါဟာ အခ်စ္လို႔မဆိုႏိုင္ပါဖူး
လို႔ သတိေတြေပးရလြန္းလို႔ ဆရာ၀န္ႀကီးရဲ႕ဦးေႏွာက္
ေလးလည္း ပင္ပန္းေနၿပီ။

ျပဒါးတစ္လမ္း သံတစ္လမ္းမဟုတ္ေပမယ့္
ခ်စ္တဲ့သူနဲ႔ ပိုခ်စ္မိတဲ့သူ ႏွစ္ေယာက္ၾကား
ဆရာ၀န္ႀကီးသည္ ေ႐ြးခ်ယ္ရခက္ဆဲ။
တစ္ေယာက္ကိုေ႐ြးလိုက္ရင္ တစ္ေယာက္က
ငိုရမယ္။ တစ္ေယာက္မွ မေ႐ြးပဲထားလိုက္ရင္လည္း
သူအသည္းကြဲရမယ္။ ႏွလုံးသားေတြ ထိန္းခ်ဳပ္ရ
ခက္လိုက္ပုံမ်ား အကန႔္အသတ္မဲ့။

“အရမ္းမေသာက္နဲ႔ေတာ့ ေဒါက္တာ”

“တစ္ခြက္ပဲ ဟီးး တစ္ခြက္ေလးပဲ”

ညည့္နက္ကာ အရက္ပုလင္းေတြ ပုံသြားသည္အထိ
သူတို႔ဆိုင္မွ မျပန္ျဖစ္ေသး။ ထယ္ေယာင္းကေတာ့
ပိုက္ဆံရွင္းၿပီး စားပြဲေပၚ ေမွာက္အိပ္ေနတဲ့ ေဂ်ာင္ဂု
ကိုၾကည့္ၿပီး အိမ္ဘယ္လိုျပန္ပို႔ရမလဲဆိုတာ ေတြး
ေနရသည္။

“ ထယ္ထယ္ေရ ”

“ကိုကို”

ဆိုင္ထဲေျပး၀င္လာတဲ့ ထယ္ထယ့္ခ်စ္သူ။
နာမည္က ယြန္ဂီတဲ့.....။ ဒယ္ဂူရဲ႕လိေမၼာ္ၿခံပိုင္ရွင္
ေလးေပါ့။ သူ႔မွာညီမေလးတစ္ေယာက္ရွိတယ္။
အခုထိေတာ့ ထယ္ထယ္နဲ႔မမိတ္ဆက္ရေသးဖူး။
အရင္ကလည္းေျပာဖူးပါတယ္။ ခ်စ္သူရွိတယ္ဆိုၿပီး
ဇြတ္ျငင္းခဲ့တဲ့ ခ်စ္သူေလ။ သူ႔မွာရည္းစားမရွိမွန္း
ေပၚတဲ့ေန႔ကစၿပီး ထယ္ထယ္ကေတာ့ မရမကျပန္
လိုက္ခဲ့တာ။

ရည္းစားလိုက္နည္းဟာ လြယ္ေတာ့မလြယ္ခဲ့ပါ။
ခ်စ္တဲ့သူကို အပိုင္လိုခ်င္ေတာ့ သူ႔ပတ္၀န္းက်င္က
လူေတြအကုန္လုံးနဲ႔ အဆင္ေျပေအာင္ ေပါင္းသင္းခဲ့
ရတာခ်ည္းပဲ။ ခြင့္ရက္ရွည္ေတြယူတယ္။ဒယ္ဂူကို
သြားတယ္။ ေယာကၡမ ေတာ္စပ္မယ့္ ခ်စ္သူေမေမ
ကို ရေအာင္ေပါင္း။ သူငယ္ခ်င္းေတြလို႔ ယြန္ဂီက
ျငင္းလႊတ္တိုင္း မၾကာခင္ သူ႔ကိုယူမွာ ခြင့္ျပဳေပးပါ
ဆိုၿပီး အရွက္ေလးမဲ့မဲ့နဲ႔ ဒယ္ဂူအထိ သြားၿပီး
ဇြတ္တ႐ြတ္ေတြ လုပ္ခဲ့တာခ်ည္းပဲ။

ယြန္ဂီက ျငင္းေနခဲ့ မူေနခဲ့ေပမယ့္ ေမေမကေတာ့
မမူ။ ထယ္ထယ့္ကိုျမင္ထဲက သားအရင္းလိုခ်စ္ခင္
တဲ့အျပင္ လိေမၼာ္ၿခံကိုအားတိုင္းလာလည္ဖို႔ေခၚ
သည္။ ယြန္ဂီဆီက အေျဖမရေသးခင္ေတာ့ ဒယ္ဂူ
ကိုေခ်ာင္းေပါက္မတတ္သြားခဲ့ေပမယ့္ ခ်စ္သူျဖစ္တဲ့
ေနာက္ပိုင္းကစၿပီး အားရင္ေတာင္မသြားျဖစ္ေတာ့။
ေယာကၡမကို ပလစ္လိုက္တဲ့ အေနအထားေရာက္
သြားေပမယ့္ ကိုကိုကေတာ့ သိပ္ခ်စ္ပါသည္။

“ထယ္ထယ္ သူ႔ကို ျပန္ပို႔ေပးရမယ္ဆို”

“ဟုတ္တယ္ ကားငွားၿပီးပို႔ရင္ရတယ္ ဒါေပမယ့္
ကားအထိ ‌တြဲေခၚဖို႔ သူ႔ကိုထယ္ထယ္ မႏိုင္ဖူး
ကိုကို”

မ်က္ႏွာငယ္ေလးသည္ စေတာ္ဘယ္ရီေလးလို။
မခ်စ္ပဲမေနႏိုင္ေအာင္ ထယ္ထယ္သည္ ျပဳစား
ေနခဲ့တာ နတ္သားေလးသကဲ့သို႔။ သိပ္ခ်စ္ရပါသည္။

“ကားငွားလိုက္ ထယ္ထယ္ ကိုကိုသူ႔ကိုတြဲေခၚေပး
မယ္ ”

“ကိုကိုႏိုင္ပါ့မလား တစ္ေယာက္ထဲ”

“ကိုယ့္ကိုယုံလိုက္စမ္းပါ အခ်စ္ဆုံးရဲ႕!”

ေက်နပ္သြားသူ ထယ္ထယ္တစ္ေယာက္ ၿပဳံးေန
သည္မွာမရပ္ေတာ့။ ‌သူ႔ေခါင္းကိုဖြဖြေလးပုတ္ေပး
လာတဲ့ကိုကို႔ေၾကာင့္ ရွက္ၿပဳံးေလးနဲ႔ ကားငွားဖို႔သာ
ဆိုင္ျပင္ေျပးထြက္လာခဲ့သည္။ ကိုကိုက မခ်စ္ဖူး
လို႔သာ မူေနတာ။ ခ်စ္ပါတယ္။ ထယ္ေယာင္းဆို
တဲ့ နတ္သားေလးကို အသည္းေသးေသးေလးထဲက
ေန ကိုကိုက ခ်စ္ပါတယ္။

“သူ႔ကို အိမ္ေသခ်ာပို႔ေပးပါအုံးေနာ္ ကားဆရာႀကီး”

“စိတ္ခ်ပါဗ်ာ”

ငွားထားသည့္ကားထဲ ဆရာ၀န္ႀကီးကိုထည့္ေပးၿပီး
တဲ့ေနာက္ ထယ္ထယ္တို႔အတြဲေလးဟာ တံတားဆီ
ကိုေျခဆန႔္လာခဲ့သည္။ အခ်ိန္အားျဖင့္ ညသန္းေခါင္
ယံ။ ၾကယ္ကေလးေတြ ေကာင္းကင္၌ မွိတ္တုတ္
မွိတ္တုတ္နဲ႔ လင္းလက္ေနသည္။

“ထယ္ထယ္ ၾကယ္ၾကည့္ရတာ ႀကိဳက္လား”

“ႀကိဳက္ေတာ့ႀကိဳက္ေပမယ့္ ညသန္းေခါင္ယံဆို
မၾကည့္ရဲဖူး အနီးကပ္ျဖစ္ေနသလို ခံစားရတယ္
ၿပီးေတာ့ ၾကယ္ေတြက မၿငိမ္ပဲ လူပ္ေနရင္ ေကာင္း
ကင္တစ္ခုလုံး ထယ္ထယ့္ဆီ ၿပိဳက်ေတာ့မယ့္
အတိုင္းပဲ”

ကိုကိုဟာ သူ႔စကားကို သြားေသးေသးေလးေတြေပၚ
သည္အထိအားရပါးရ ရယ္ျပသည္။ သူ႔စကားကို
ရယ္ရေကာင္းလားဆိုၿပီး မ်က္ေစာင္းထိုးလိုက္ေတာ့
မေနႏိုင္သူဟာ ရင္ခြင္ထဲထည့္ၿပီး တံတားအလယ္၌
ရပ္လိုက္၏။

“ဘာလုပ္တာလဲ အိမ္ျပန္ေနာက္က်ေအာင္”

“သန္းေခါင္ယံၾကယ္ေတြၾကည့္ရင္း မေၾကာက္ေအာင္ ကိုကိုဖက္ထားေပးမယ္ ထယ္ထယ္”

ရင္ခြင္ထဲ သိမ္းႀကဳံးဖက္ထားရင္း ထယ္ထယ့္ရဲ႕
ပခုံးေလးေပၚ ေမးတင္လာသည့္ကိုကို။ လက္ႏွစ္
ဖက္က ထယ္ထယ့္ကိုဖက္ထားသည့္အျပင္ ထယ္
ထယ့္ရဲ႕ အေႏြးထည္အိတ္ကပ္ထဲ လက္ေတြကိုစု
ထည့္ထားသည္။

ရင္ခြင္ေႏြးေႏြးေလးထဲမွေန၍ ၾကယ္ေတြကိုေမာ့
ၾကည့္ေတာ့ စိတ္ထင္သလို ေၾကာက္စရာမေကာင္း
ေတာ့။ ေမွာင္မိုက္ေနတဲ့ ေကာင္းကင္ထက္ ၾကယ္
ကေလးေတြ စုံလင္စြာေနရာယူထားၿပီး အစြမ္းကုန္
လင္းလက္ေပးေနသည္။ လမင္းကိုေတာ့ မျမင္မိပါ။

“သန္းေခါင္ယံၾကယ္ေတြေတာင္ မလင္းႏိုင္ေတာ့ဖူး
ကိုကိုဖက္ထားေပးလို႔”

“အပိုေတြ”

“မပိုပါဖူး ကိုကိုက ထယ္ေယာင္းကိုသိပ္ခ်စ္တာ”

“ထယ္ထယ္ကလည္း သိပ္ခ်စ္တာ သိတယ္မလား”

“အသိဆုံးေပါ့ အခ်စ္ဆုံးရယ္...”

သန္းေခါင္ယံၾကယ္ေတြကို ေနာက္ခံထားၿပီးေပးခဲ့
ၾကတဲ့ အနမ္းေတြသည္ ခ်စ္သူ႔သက္တမ္းတစ္
ေလွ်ာက္လုံးရဲ႕ ပထမဆုံးအနမ္းေလးအျဖစ္
မွတ္ညဏ္ေတြထဲ က်န္ရစ္ခဲ့သည္။

relationship တစ္ခုမွာ ပထမဆုံးအနမ္းေတြနဲ႔
အထိအေတြ႕ေတြဟာ ဘယ္ေတာ့မွ ေမ့ထားလို႔ရတဲ့
အထိမပါဖူး။ ခ်စ္သူေတြ ခ်စ္မိၾကရင္ စာေရးသူ
ေတာင္ လိုက္မမမွီႏိုင္သည္အထိ ခ်ိဳၿမိန္စရာအျပည့္.......။

###

“ဒီနားပဲရပ္ေပးပါ ဦးေလး”

“ဟင္ ျဖစ္ပါ့မလား လူေလးက မူးေနတာ
အိမ္အထိမေရာက္ပဲျဖစ္ေနရင္ လူေလးသူငယ္ခ်င္း
ေတြစိတ္ပူေနအုံးမယ္ ”

“ရတယ္ ကြၽန္ေတာ္ အမူးေျပၿပီ ဒီမွာ ကားခ
သူတို႔ရွင္းေပးခဲ့ၿပီဆိုေပမယ့္ ထက္ယူလိုက္ေနာ္
လိုက္ပို႔ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”

ဆရာ၀န္ႀကီး မူးေနသည့္အခါ ရက္ေရာမႈေတြဟာ
နည္းနည္းေနာေနာမဟုတ္ခဲ့ပါ။ ရီေဝေဝမ်က္လုံးေတြ
နဲ႔ ပိုက္ဆံအိတ္ထဲက ၀မ္တစ္ေသာင္းတန္အား
တစ္ေထာင္တန္အထင္နဲ႔ ကားဆရာကိုေပးလိုက္မိသည္။

ကားဆရာႀကီးကိုႏူတ္ဆက္ကာ ကားေပၚမွဆင္းေတာ့ သူတို႔လမ္းထိပ္က ပန္းၿခံေလးနားျဖစ္ေန
သည္။ အိမ္ကိုလည္းမျပန္ခ်င္။ မူးေနသည့္အခါအိမ္
ျပန္ရင္ ေျဖရမည့္ေမးခြန္းေပါင္းမ်ားစြာေတြရွိေန
သည္။ တစ္ခုခုလြဲေခ်ာ္ေျဖမိရင္ နစ္နာမယ့္သူေတြ
ရွိေနလို႔ ပန္းၿခံေလးဆီသာ ေလွ်ာက္လာခဲ့မိသည္။

ပန္းၿခံထဲက ဒန္းတစ္ခုထဲ ထိုင္ရင္း ေကာင္းကင္ႀကီး
ကိုေမာ့ၾကည့္ေတာ့ ၾကယ္ေတြဟာ သဘင္ျပပြဲသကဲ့
သို႔ စုံစုံလင္လင္။ ၾကယ္ေတြကို ေမာ္မၾကည့္ျဖစ္တာ
ဘယ္ေလာက္ၾကာၿပီလဲမသိ။ ဂ်ဳတီကုတ္နဲ႔လုံးပမ္း
ခဲ့ရတဲ့ေန႔ေတြဆီ ျပန္ေတြးမိေတာ့ မြန္းၾကပ္လာသည္
မို႔ ၾကယ္သီးႏွစ္လုံးေလာက္ ျဖဳတ္ပစ္လိုက္မိသည္။

“မမဟန္ ကြၽန္ေတာ္မႀကိဳက္ဖူးဆို!”

“မမက ခ်စ္လို႔စတာေလ စိတ္မဆိုးရဖူး
ငယ္ေလး စိတ္ဆိုးရင္ မနက္ျဖန္ ကိတ္မုန႔္မ၀ယ္ေကြၽးဖူး”

“အမေလး အမေလး ကိတ္မုန႔္နဲ႔မ်ား စိတ္ဆိုးေျပ
မယ္ထင္ေနလား ေခ်ာကလက္ကိတ္ေလးမွာထားလိုက္”

“ဟားဟား! တကယ့္ကေလးေလး”

ရင္းႏွီးေနတဲ့အသံဟာ သူ႔အၾကားအာ႐ုံထဲခုန္ဆင္း
လာကာ ပတ္၀န္းက်င္ကို ခ်က္ခ်င္းဆိုသလိုၾကည့္
လိုက္မိသည္။

“ကေလးေလး”

လမ္းထဲမ၀င္ေသးပဲ ေကာင္မေလးတစ္ေယာက္နဲ႔
ရယ္ေမာေနသည့္ ကေလးငယ္။ ကေလးေလးက
ဘယ္တုန္းကမ်ား ဒီေလာက္အထိ သူမ်ားနဲ႔ရယ္ေမာ
ေနတတ္တာလဲ။ သူငယ္ခ်င္းေတာင္ မရွိတဲ့သူက
ဘယ္လိုျဖစ္ၿပီး ရယ္ေမာေနရတာလဲ။

“မမကို ကုန္းပိုးျပမယ္ ဒီကေန အိမ္အထိ”

“ေတာ္ပါ အရင္ကလည္း အဲ့လိုကုန္းပိုးမယ္ဆိုၿပီး
ငါ့ကို လမ္းလည္မွာတြန္းခ်သြားတာ မွတ္ထားတယ္
ေနာ္ မေမ့ေသးဖူး ဦးေႏွာက္ေကာင္းေသးတယ္”

“မႏိုင္လို႔ေလဗ်ာ”

“ေတာ္ပါၿပီ ဆရာရယ္ ကြၽန္မ အရမ္းေၾကာက္ပါတယ္”

“လာပါဆို လာဗ်”

မမကိုကုန္းပိုးဖို႔ လိုက္ဖမ္းေတာ့မမကထြက္ေျပး
သည္။ ဒီလိုနဲ႔ သူ႔ဖမ္း ကိုယ့္ဖမ္းလုပ္ရင္း အခက္
မသင့္လို႔ မမရဲ႕လက္က ေဆာ့ဂ်င္နဖူးေလးကို
မေတာ္တဆ႐ိုက္မိသြားခဲ့၏။

“အ့!”

“ဟယ္ ေဆာရီး ေဆာရီး ဘြာေတး ဘြာေတး
မမ မေတာ္မဆ ႐ိုက္မိသြားတယ္ လာ လာ
မမ ဥဳံဖြလုပ္ေပးမယ္ ငယ္ေလးကို”

မနာေပမယ့္ မမက ျပာယာခတ္သြားသည္မို႔ စခ်င္
တဲ့စိတ္နဲ႔ နာဟန္ေဆာင္ကာ မ်က္ႏွာေလးမဲ့ၿပီးမမ
အနားကိုသြားလိုက္သည္။ မမက နဖူးကိုအုပ္မိုးထား
တဲ့ သူ႔ဆံပင္ေတြကိုလွန္တင္ရင္း နဖူးကို ဥဳံဖြလုပ္
ေပးဖို႔ ႏူတ္ခမ္းက အနားကို ကပ္လာေတာ့ ၾကားလိုက္ရတဲ့ အသံနက္နက္ႀကီး။

“ကင္ေဆာ့ဂ်င္!!!!!”

TBC......

Facebook မသုံးရေတာ့ တအားပ်င္းေနတာ
စကားလာေျပာၾကပါလားဟင္ ༎ຶ⁠‿⁠༎ຶ

.
.
.
.
.
.
ဟန်အာလ်ဆူး........။

တစ်နည်းအားဖြင့် မမဟန်။ ဆော့ဂျင်အထက်တန်း
တက်နေတဲ့တစ်လျှောက်လုံးရဲ့ အုပ်ထိန်းသူတစ်
ယောက်။ မောင်နှမအရင်းတွေ မဟုတ်ကြပေမယ့်
မမဟန်ဟာ မေမေ့ဖက်မှတော်စပ်တာဖြစ်သည်။

မမဟာ ဥပဒေကျောင်းသူတစ်ယောက်ဖြစ်ပြီး
ဆော့ဂျင် အထက်တန်းတက်နေတဲ့ ကာလတစ်
လျှောက်ဟာ မမရဲ့ ရှေ့နေစာမေးပွဲဖြေဖို့ပြင်ဆင်
နေတဲ့ကာလလေးတွေ။ မမက ဆော့ဂျင်လိုပဲတစ်ဦး
တည်းသော သမီး။ သို့ပေမယ့် မမမှာ မိဘတွေမရှိ
ကြတော့ဖူး။ မမက သူ့မိဘတွေထားခဲ့တဲ့ အမွေတွေ
နဲ့ တစ်ကောင်ကြွက်လေးဖြစ်ခဲ့ရရှာတာ။ ဆော့ဂျင်ကိုသိပ်ချစ်သလို အိမ်ကအခုလိုတွေရန်ဖြစ်တိုင်း
ဆော့ဂျင်ဖက်က ကာကွယ်ခဲ့တာချည်းပဲ။

ငယ်ဘ၀အမှတ်တရတွေထဲ မသက်ဆိုင်သူဟာ
အပြည့်ပါ၀င်နေခဲ့လျှင် အထက်တန်းတစ်လျှောက်
အမှတ်တရတွေထဲမှာတော့ မမဟန် ပါ၀င်နေခဲ့ပါ
သည်။

မမဟန်ဟာ အသားဖြူဖြူ ၊အရပ်မြင့်မြင့် ။ခါးအထိ
ရှည်တဲ့ဆံပင်တွေကို လိမ္မော်ရောင်အပြည့်ဆိုးကာ
ကောက်ထားသည်။ ငယ်ငယ်ထဲက မျက်ခုံးပါးတဲ့
မမဟာ အမြဲလိုလို ရှေ့ဆံမြိတ်လေးချထားတတ်
သည်။ ကော့ညွှတ်နေတဲ့ မျက်တောင်ဖျားတွေလူပ်
ခတ်သွားတိုင်း ၊ အညိုရောင်မျက်၀န်းကျဉ်းကျဉ်း
လေးက စူးစူးရှရှကြည့်လိုက်တိုင်း ဥ‌ပဒေကျောင်း
တစ်ခုလုံးရဲ့ အသည်းအူတိုင်တွေ လူပ်ခတ်သွားတာ
ချည်းပဲ။

Y2K fashionတွေ trending ဖြစ်မှန်း သေချာမသိ
ပေမယ့် မမဟန် ၀တ်လိုက်ရင်တော့ ဥပဒေကျောင်း
မှာ trending ဖြစ်သွားခဲ့ရတာ။ ပိန်ပိန်ပါးပါးခန္ဓာ
ကိုယ်လေးက ဘယ်တော့မှ ကျလည်းမကျသလို
တက်လည်းမတတ်။ လိမ္မော်ရောင်ကို ဒီဇိုင်းစုံ၀တ်
တတ်တဲ့ မမရဲ့ဖက်ရှင်တွေက အမြဲလိုလိုခမ်းနား
နေတတ်တဲ့အပြင် ကျောင်းထဲမမ၀င်သွားတိုင်း
ရှေ့နေလောင်းလေးတွေက နာမည်တိုးတိုးလေး
ပေးတတ်သွားကြသည်။

“ဟန်လိမ္မော်”ဆိုပြီး......။

မမက သူ့အရှိန်အဝါနဲ့သူ ခမ်းနားနေခဲ့ပေမယ့်
ဆော့ဂျင်နဲ့ဆိုရင်တော့ ဒီလိုမဟုတ်ပါ။ ‌မောင်နှမ
မရှိလို့ တစ်ဦးတည်းသော သမီးဆိုပြီး အနိုင်ကျင့်
တာတွေ၊ ဗိုလ်ကျတာတွေ.....မမနဲ့သူ့ကြား ဒါတွေ
မရှိခဲ့။ မမဟာ သူ့ကိုအမြဲတစေ ဂရုစိုက်ခဲ့ပြီးပိတ်
ရက်တွေတိုင်း အပြင်လိုက်ပို့ခဲ့ပါသည်။

အများကတော့ မမကို အာလ်ဆူးလို့ခေါ်ကြသလို
ဆူးလ်လို့လည်းတစ်လုံးထဲ ခေါ်ကြသည်။ ဆော့ဂျင်
အတွက်တော့ မမဟန်ကလွဲ ခေါ်စရာမရှိ။ မမဟန်
ကလည်း ဆော့ဂျင်ကို ငယ်လေးမှလွဲပြီးကျန်တာ
မခေါ်ခဲ့။ မေမေတို့ဆီမှ မရခဲ့တဲ့ ဂရုစိုက်မှုနဲ့ နွေးထွေးခြင်းတွေကို မမဆီက အပြည့်အ၀ရခဲ့ပါသည်။

တစ်ခါတစ်လေ သွေးသားအရင်းမဟုတ်တဲ့လူတွေ
ဆီကရသော ချစ်ခြင်းမေတ္တာတွေသည် လူရင်း
ထက် ပိုရခဲ့တာကို ကျွန်တော် လက်ခံမိပါသည်။

####

“မမက ဘယ်တုန်းကရောက်တာလဲ”

“ငယ်လေးကို ဘယ်သူရိုက်တာလဲ”

အမေးနဲ့အဖြေဟာ မတိုက်ဆိုင်။ မမက သူ့ကိုအမြဲ
ချောင်ပိတ်မေးတတ်သည်။ ယခုလည်း စားကြည့်စားပွဲပေါ်လက်ထောက်ပြီး သူ့အား စူးစိုက်၍ကြည့်
ကာ ပါးပေါ်က ဒဏ်ရာကို မေးနေသည်။

“အဲ့တာက”

“အမှန်တိုင်းဖြေ ငယ်လေး”

ဒေါသထွက်နေတဲ့ မမဟန်ရဲ့ အသက်ရှူသံတွေက
အခန်းထဲ၌ ကြီးစိုးနေသည်။ ဆော့ဂျင် မဖြေမချင်း
ဆေးဆိုးထားတဲ့ နူတ်ခမ်းပါးပါးလေးကို ကိုက်လိုက်၊ လက်သည်းနီဆိုးထားတဲ့ လက်ချောင်းတွေ
ကို ဆုပ်လိုက်နှင့်။ မမဟာ ဒေါသထွက်ရင် အမူ
အရာတွေ ပြိုလဲလာသည်။

“ကျွန်တော့်ကို အလုပ်၀င်ခိုင်းတယ် ရှေ့အပတ်
ရုံးတက်ရမယ်ဆိုပြီး....ကျွန်တော်မှ စိတ်မ၀င်စားတာ”

“အဲ့တာနဲ့ နင့်ကိုရိုက်ရောလား”

“.....”

တိတ်ဆိတ်ခြင်းသည် ၀န်ခံခြင်းပင်။ မမဟန်
ထိုင်ရာမှထလာပြီး သူ့ဘေးနားမှာ မတ်တပ်လာ
ရပ်သည်။ နီရဲနေတဲ့ ပါးပြင်လေးကို လက်နဲ့ခပ်ဖွဖွ
လေးအုပ်မိုးရင်း.....။

“ငါအဲ့တာကြောင့် နင့်ကိုစိတ်မချတာ
ပြောသားပဲ မပြန်ပါနဲ့ဆိုတာကို....နင်ကပြန်သွား
တယ်လေ ငါ့စကားသာနားထောင်ရင် နင်အခုလို
ဖြစ်မှာမဟုတ်ဖူး ငယ်လေးရဲ့”

“မမရှေ့နေဖြစ်ရင် နင့်ကို အိမ်မှာခေါ်ထားမယ်
ဆရာ၀န်ကြီးဖြစ်တဲ့အထိ မမစောင့်ရှောက်ပေးမယ်
ဆိုတာ အလကားမှမဟုတ်တာ....မမဟန် ရှေ့နေဖြစ်
နေပြီ ငယ်လေးရဲ့.....ငါနင့်ကို အားမရလိုက်တာ
ငယ်လေးရယ်”

သူ့ပါးပြင်ကို အုပ်မိုးရင်း ငိုချလိုက်ပုံများ။ဘယ်တော့မှ မငိုတဲ့မမက အခုသူအရိုက်ခံရလို့
ငိုနေသည်တဲ့လေ။ ဆော့ဂျင် စိတ်ထဲပြာသွားကာ
မမဟန်ကို ဖက်ထားလိုက်မိသည်။

“မငိုနဲ့လေ နင်ငိုရင်ငါလည်းငိုချင်တာပေါ့
မမရဲ့”

“နင့်အသားအရည်က ဘယ်လောက်ထိ ထိခိုက်လွယ်
လဲဆိုတာ နင်မသိဖူးလား .....နင့်ပါးကို လာဆွဲတဲ့
နင့်သူငယ်ချင်းတွေကိုတောင် ငါဘယ်လိုရန်ဖြစ်ခဲ့
လဲ နင်မေ့နေတာလား ငယ်လေး....”

“မဟုတ်ပါဖူး မမရဲ့ အခုဟာက”

“ငါနင့်မိဘတွေကိုတော့ ရန်သွားဖြစ်လို့မရဖူးလေဟာ”

မမက သူ့ရင်ခွင်ထဲမှာ တသိမ့်သိမ့်ငိုနေသည်။
အရင်ထဲက ဆော့ဂျင်နဲ့ပတ်သက်လာရင် မမက
သိပ်ကို Sensitive ဖြစ်တဲ့အမျိုး။ အသားအရည်က
အစ မျက်နှာလေးပျက်သွားရင်တောင် ပြာယာခတ်
နေတဲ့မမ။ ဘယ်တော့မှ ချစ်ရတာ အမှားမဖြစ်ခဲ့ပါ။

“ငါက နင့်ကိုပြန်ခေါ်ဖို့လာတာ ရောက်ရောက်ချင်း
ဆီးကြိုနေတဲ့ မြင်ကွင်းက ရင်၀ကိုဆောင့်ကန်ခံလိုက်ရသလိုပဲ။ အမြဲအေးချမ်းတဲ့ကလေးကို
နင့်မိဘတွေမို့လို့ ရန်ကိုရှာတယ်”

“တော်ပါတော့ အောက်ကကြားရင် ထက်ပြီး
နားပူနေအုံးမယ်”

“စိတ်တိုတာကို”

မမကိုရင်ခွင်ထဲမှ ထုတ်ကာ မျက်ရည်တွေဝိုင်းသုတ်
ပေးလိုက်သည်။ ငိုခဲတဲ့ မိန်းကလေးဟာ သူအရိုက်
ခံရတာမြင်တော့ အထိန်းအကွပ်မဲ့ငိုချလိုက်သည့်ပုံ။
စားပွဲပေါ်က တစ်သျှုးကိုယူကာ မျက်ရည်တွေသုတ်
ဖို့ကမ်းပေးလိုက်သည်။

“အခုတလော ဘာတွေလုပ်နေလဲ
ရောက်မယ်ဆိုတာ ကြိုမပြောဖူး ကြိုသိရင်
လာကြိုမှာပေါ့”

“မမလည်းကြိုပြောမလို့ပါပဲ ငယ်လေးကို surprise
‌ဖြစ်စေချင်တာနဲ့ တကယ်တမ်း surprise က
ငါဖြစ်သွားတယ်လေ ”

မမစကားကို ဆော့ဂျင်အားရပါးရ ရယ်မိသွားသည်။
ဟုတ်လည်းဟုတ်တာပဲ။ မမလာမယ့်အချိန်ကျမှ
ဖေဖေက ဆွဲထိုးဖို့ပြင်လိုက်တာကိုး။

“ကားထဲမှာ မုန့်တွေ၀ယ်လာတယ် ခြံထွက်လိမ္မော်သီးတွေရောပဲ အခုတော့ဆင်းမယူတော့ဖူး မနက်ဖြန်
မှယူနော် အခုဆင်းရင် မမြင်ချင်တဲ့မျက်နှာတွေမြင်
နေရမယ်”

“မမ လိမ္မော်ခြံကိုသွားတုန်းပဲလား”

ဆော့ဂျင် အမေးကို မမဟန်က ချက်ချင်းမဖြေ။
နူတ်ခမ်းလေးကွေးတက်ရုံမျှပြုံးပြသည်။ ပြီးတော့
မှ ခေါင်းကိုဖြည်းဖြည်းချင်းငြိမ့်ကာ မျက်နှာလွှဲ
သွားသည်။

လိမ္မော်ခြံအကြောင်းပြောတိုင်း မမက အမြဲရှက်
နေတတ်သည်။ ဆော့ဂျင် အထက်တန်းတက်နေတုန်းက လိမ္မော်ခြံကို မမနဲ့အတူ ရောက်ဖူးပေမယ့်
သိပ်တော့မမှတ်မိ။ လိမ္မော်ခြံမှာ လိမ္မော်သီးခိုးရင်း
မမက လူတစ်ယောက်ကို သဘောကျခဲ့မိတယ်လေ။

“အဲ့လိုပဲရှက်နေတော့မှာလား ဆေးလိမ်းပေးအုံးလေ
ပါးတွေစပ်ပြီးကွဲထွက်တော့မယ်”

“ဟင် လာပြီ မမလာပြီ မမလိမ်းပေးမယ်”

သူ့စကားကိုပြာယာခတ်သွားတဲ့မမက ချက်ချင်း
အနားကိုပိုတိုးလာသည်။ ကုတင်အောက်မှဆေး
သေတ္တာကိုယူပေးတော့ အူယားဖားယား ဆေးလိမ်း
ပေး‌သည်။ တစ်ခါတစ်ခါ ပခုံးသားကိုကျော်ပြီးဝဲကျ
လာတဲ့ လိမ္မော်ရောင်ဆံနွယ်တွေကိုလည်း ဆော့ဂျင်
ကိုင်ပေးထားရပါသေးသည်။

####

လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးသည့်နောက်
ဂျုတီကုတ်ကို ကိုင်ကာ နားနေခန်းထဲ ဦးဂျွန်၀င်လာ
ခဲ့သည်။ အခန်းထဲရောက်တော့ ထယ်ယောင်းက
ဖုန်းကိုသည်းသည်းမည်းမည်းကြည့်ပြီး စာတွေရိုက်
နေသည်။ သူ၀င်လာတာကို မသိ။

ထယ်ယောင်းကိုကြည့်ရတာ ဒီရက်ပိုင်းတော်တော်
ပျော်နေသည့်ပုံ။ အလုပ်ကိုစောစောလာတဲ့အပြင်
ပြန်ရင်လည်း ကားတစ်စီးကိုစောင့်နေတတ်သည်။
တစ်ခါတစ်လေ လမ်းကြုံလို့ခေါ်မယ်ဆိုရင်တောင်
မလိုက်။ လေးထောင့်ဆန်ဆန်အပြုံးလေးတွေနဲ့
ပြောတတ်တာက “ကိုကိုလာကြိုမှာ”ဆိုပြီးလေ။

အခုထိ ထယ်ယောင်းချစ်သူကိုမမြင်ဖူးသေးပေမယ့်
ထယ်ယောင်းကို အများကြီးချစ်ပေးမယ်ဆိုတာ
ဘေးလူတစ်ယောက်အနေနဲ့ အပြည့်အ၀ခံစားမိပါ
သည်။ဒါတွင်ဘယ်ကမလဲ။ ကိုယ်ချစ်နေတဲ့လူက
ကိုယ့်ကိုပြန်ချစ်ပေးတဲ့အခိုက်အတန့်ဟာ ကမ္ဘာ့
အပျော်ဆုံးအချိန်ပဲလေ။

သူကသာ လမ်းတွေချော်ပြီး လွဲမှားခဲ့လို့ ။ အနားမှာ
ရှိတဲ့သူကိုမမြင်မိခဲ့လို့။ ကလေးငယ်အပေါ်ထားတဲ့
‌အချစ်ကို အချစ်လို့မမြင်နိုင်ပဲ သံယောဇဉ် ၊
သံယောဇဉ်ဆိုပြီး ကိုယ့်ကိုယ်ကို တရားတွေချနေခဲ့
တာ။ အသိပေးနေတဲ့ စည်းတွေကို မေ့ပျောက်ပြီး
အချစ်တွေဖွင့်ဟမိတော့လည်း သူတို့နှစ်ယောက်
ကြား စည်းတွေကထက်ပြီးတားစည်းနေပြန်သည်။

ချစ်ပါတယ် မချစ်ဖူးဆိုတာမျိုးမရှိခဲ့ပဲ အရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ပါတယ်။ စည်းတွေဘောင်တွေနဲ့
ထောက်ရမယ့်မျက်နှာတွေရှိတော့ အချစ်တွေဟာ
အပြစ်တွေ။ အက်ကြောင်းတွေထပ်မယ့် ဇာတ်လမ်း
မှာ ကလေးငယ်ရော သူရော ရှေ့ဆက်မတိုးရဲကြ
တော့ဖူး။

အရာအားလုံးရဲ့အစကို ပြန်သွားမယ်။ သူလည်း
လမင်းလေးဆီ မသွားဖူး။ လမင်းလေးလည်း
သူ့ဆီမလာနဲ့။ အရာခပ်သိမ်းကို သူ့နေရာမှသူပြန်ထားချင်တယ်။ လွယ်တော့မလွယ်ပေမယ့်လည်း။

“ဒေါက်တာဂျွန် ရောက်တာကြာပြီလား”

ထယ်ယောင်းအသံကြားမှ အသိစိတ်ဟာ ပစ္စပ္ပုန်ကို
ပြန်ရောက်လာသည်။ ယောင်နနခေါင်းငြိမ့်ပြတော့
ထယ်ယောင်းက ရှက်နေတဲ့ပုံ။ ကြည့်ရတာထယ်
ယောင်းဖုန်းပြောနေတဲ့အသံတွေကို ကြားသွားလို့
အားနာနေတဲ့ပုံပဲ။

“ထယ်ယောင်းပြောတာ မကြားပါဖူး ကျွန်တော်
ကိုယ့်အတွေးနဲ့ကိုယ်မို့ မသိလိုက်ဖူး”

“ဘာတွေတွေးလို့လဲ ဒေါက်တာဂျွန်က”

ဒေါက်တာဂျွန်က သက်ပြင်းခပ်ကြီးကြီးတစ်ခုကို
ချသည်။ စားပွဲပေါ်တင်ထားတဲ့ ဘောပင်ကိုလက်နဲ့
လှည့်ပြီး မျက်မှောင်တွေကိုကျုံ့ပစ်လိုက်၏။

“ကျွန်တော့်အဖို့ ပြောရခက်တယ်ဗျာ”

“ဒါဆို ဂျုတီဆင်းရင် ဆိုင်သွားထိုင်ကြမလား
ကျွန်တော်တို့လစာထုတ်တိုင်း မသောက်ရတာကြာပြီလေ သွားကြမလား”

“အဲ့လိုလုပ်မလား”

ထယ်ယောင်းအပြောကို သဘောတူလိုက်မိသည်။
သူ့အနေနဲ့ ယမကာအကူအညီလိုသည်။ရဲဆေးတင်
ပြီး လမင်းလေးထံ နောက်တစ်ခါ ပြန်ဖွင့်ပြောဖို့
အတွက် ယမကာအကူအညီကို သူလိုအပ်နေပါ
သည်......။

####

“လူတစ်ယောက်ကို နင့်နင့်နဲနဲ ချစ်မိနေတာကို
သိတဲ့အချိန်က နောက်ကျသွားရင် ဘယ်လိုဖြစ်သွား
မလဲ”

“သေချာပေါက် ခံစားရမှာပေါ့”

“တစ်သက်လုံး မသိချင်ယောင်ဆောင်ပြီး နေလို့ရမယ်ထင်ခဲ့ပေမယ့် နေလို့မရတဲ့အခါ စည်းတွေဘောင်တွေလည်း ကျွန်တော် မမူချင်တော့ဖူး”

“ဒေါက်တာဂျွန်က နောက်ထပ်အသစ်တွေ့နေတာ
လား ဟုတ်လား ”

“အသစ်မဟုတ်ဘူး အဟောင်းလေးပါပဲ
ဒီအတိုင်း ဆယ်ကျော်သက်ဘ၀ရဲ့ သီချင်းဟောင်း
လေးတစ်ပုဒ်လိုပဲ.....”

“ကျွန်တော်ကြားသလောက်တော့ ဒေါက်တာ့ဆီမှာ
ချစ်သူရှိတယ် ကြားတယ်။ တစ်ခါမှလည်း ဆေးရုံကိုမခေါ်လာဘူးနော် ဘာလို့လဲ အခုသူနဲ့ပြတ်ပြီး
နောက်ထပ်အသစ်တွေ့နေတာလား”

ထယ်ယောင်းစကားကို ခေါင်းခါ၍ ‌ခွက်ထဲဆိုဂျု
အပြည့်ဖြည့်ကာ အရှိန်နဲ့မော့လိုက်သည်။ခါးသက်
သည့်အရသာနှင့်အတူ လည်ချောင်းထဲ ပူရှိန်းရှိန်း
ဖြစ်သွားသည့် ခံစားချက် ။ ရင်ဘတ်တစ်ခုလုံးပူ
သွားကာ အမြင်အာရုံတွေ လေးလာလာသည်။

“ဒါဆို အခုတွဲနေရင်း အသစ်ထက်တွေ့တာလား”

“ကျွန်တော် စဉ်းစားရခက်တယ် ထယ်ယောင်းရယ်
ကျွန်တော်ထင်ခဲ့တာ အခုတစ်ယောက်ကိုပဲ အမြဲတမ်းအတွက်ပေါ့ အမြဲတမ်းအတွက် ချစ်နိုင်ခဲ့
မယ်ထင်ခဲ့တာ ....ဒါပေမယ့် ကျွန်တော့်ကလေးလေး
ကိုပြန်တွေ့လိုက်ရတော့....ကျွန်တော့်စိတ်တွေ လုံး၀
ဥသုန် အရောင်ပြောင်းသွားခဲ့တယ်”

ထယ်ယောင်းကတော့ သိပ်မူးတဲ့ပုံမပေါ်သေး။ သူက
တော့ မျက်နှာတစ်ခုလုံးရဲကာ အရှိန်တက်နေပြီ။
အာလေးလျှာလေးနဲ့ ရင်ဖွင့်နေမိတဲ့အဖြစ်ဟာ
မနက်နိုးလာရင်တော့ ရှက်ချင်စရာပါပဲလေ။

“ခင်ဗျားပြောတဲ့ ခင်ဗျားကလေးလေးက ဘယ်လိုမျိုးလေးလဲ ဘယ်လိုပုံစံလေးမို့ ခင်ဗျားက လက်ရှိ
ကိုတောင် ကျော်ပြီး ‌မြင်ခဲ့မိတာလဲ”

“သူကလေ....အအေးချမ်းဆုံးကလေးလေးပဲ
သူက အမြဲတမ်းပြုံးရယ်နေတတ်တယ်။ တစ်ဖက်
သားကို ဘယ်တော့မှ စိတ်ညစ်အောင် မပြုဖူး။
ပျော်ပျော်နေတတ်တယ်။ ဂိမ်းဆော့ရင် ခါးမတ်မတ်
ထိုင်တဲ့အကျင့်လေးတွေ၊ လူတစ်ယောက်ကိုမြင်တာ
နဲ့ ခေါင်းငုံ့အရိုအသေပေးတတ်တာလေးတွေ.....”

“လိမ်မာယဉ်ကျေးတဲ့ ကလေးလေးမို့ ကျွန်တော်က
အရောင်မဆိုးချင်ခဲ့တာ။ အဲ့တာကြောင့် မသိချင်
ယောင်ဆောင်ရင်းနဲ့ပဲ ဒီလိုအခြေအနေတွေဖြစ်လာ
ခဲ့တယ် ဒါပေမယ့်.....ဒါပေမယ့်”

ဆရာ၀န်ကြီးဟာ စကားအဆုံးတွင် မျက်ရည်တွေနဲ့
ငိုချလိုက်သည်။ ထယ်ယောင်း တစ်သျှူးအမြန်ထုတ်ကာ ပေးလိုက်ပေမယ့် မမှီ။ လက်နှစ်ဖက်ကို
မျက်နှာအုပ်ပြီး ငိုနေသည်မှာ တသိမ့်သိမ့်။

အချစ်ဆိုတဲ့အရာဟာ ဘယ်လောက်များဆန်းကြယ်
လို့ လူတစ်ယောက်ကိုကျော်ပြီးတောင် မြင်နိုင်ရတာ
လဲ။ အမြဲတမ်း တည်ငြိမ်ဂုဏ်ယူစရာကောင်းတဲ့လူ
ကိုတောင် မျက်နှာငုံ့ခေါင်းချပြီး ငိုသည်အထိပြုစား
ရက်တဲ့အချစ်။ ကိုကိုနဲ့ဆုံတဲ့အခါ ဒီအချစ်အကြောင်း မေးမြန်းရအုံးမည်။

“ကျွန်တော် ‌ခင်ဗျားခံစားချက်ကို ကိုယ်ချင်းမစာနိုင်
ပေမယ့် နားလည်ပေးနိုင်ပါတယ် ဆုတောင်းတွေမှား
ခဲ့ကြတယ်လို့ပဲ ခံယူလိုက်ပေါ့ဗျာ”

“အရင်ဘ၀က ဆုဝောာင်းတွေမှားခဲ့တာလား
ဒါမှမဟုတ် နောက်ကျမှ ကံကြမ္မာက ပေးဆုံခဲ့တာ
လား ဘာပဲဖြစ်ဖြစ် သံယောဇဉ်ဆိုတဲ့ခေါင်းစဉ်
အောက်က ရုန်းထွက်ချင်တယ်ဗျာ”

အရက်ပုလင်းတွေဟာ တစ်ပုလင်းပြီးတစ်ပုလင်း။
မနက်ဖြန် ဂျုတီမရှိလို့ ထယ်ယောင်းလည်း မရပ်ပဲ
အဖော်ဖြစ်ပေးနေလိုက်သည်။ ကြာလာ ကြာလေ
ပိုသိလိုက်ရတာက ဒေါက်တာဂျွန်တစ်ယောက်ဟာသူ့ကလေးလေးအပေါ် နင့်နင့်နဲနဲ့ကို ချစ်မိနေတဲ့
အပြင် အရာခပ်သိမ်းဟာ ကလေးလေးဆိုတဲ့နာမ်
စားနဲ့အတူ ပျော်၀င်နေခဲ့တာ။ တစ်ဖက်မိန်းကလေး
ကိုတော့ အားနာမိပါသည်။ သို့ပေမယ့် ထိုမိန်းကလေးကို တစ်ခါမှ ထယ်ယောင်း မမြင်ဖူး။
မတွေ့ဖူးပါ။ ဘာလို့မခေါ်လာတာလဲကိုတော့
ထယ်ယောင်း မေးချင်မိပါသည်။

“ခင်ဗျားကောင်မလေးကို ဘာလို့ဆေးရုံမခေါ်လာ
တာလဲ တစ်ခါမှ မမြင်ဖူးသေးဘူးရော”

“သူမအား ကိုယ်မအားနဲ့ မခေါ်ဖြစ်ခဲ့တာ။
အရင်ကစဉ်းစားမိပါသေးတယ် ဒါပေမယ့်
ကျွန်တော် မခေါ်ချင်ခဲ့မိဖူး”

“ခင်ဗျား သူ့ကိုချစ်ရောချစ်ရဲ့လား”

ထယ်ယောင်းအမေးကို ဆရာ၀န်ကြီးက မဖြေ။
ဆိုင်အပြင်ဖက်ကိုသာ တွေတွေလေးငေးကြည့်နေ
သည်။ မေးခွန်းတွေအတွက် အဖြေဟာမရှိနေ။
ကလေးလေးကို ချစ်မှန်းသေချာတဲ့နေ့ကစပြီး
အဆက်အသွယ်သိပ်မရတဲ့ ၀မ်နဲ့ တဖြည်းဖြည်းချင်း
ဝေးကွာနေခဲ့တာလေ။ နားလည်ရခက်ပါသည်။

“ခင်ဗျားကို ခင်ဗျား မေးကြည့်သင့်တယ်
တကယ်ချစ်တာ ခင်ဗျားကောင်မလေးကိုလား
ကလေးလေးကိုလား ဆိုတာ”

“အကြိမ်ကြိမ်မေးကြည့်ပြီးပြီ။ စိတ်တွေလည်း မသေချာလို့ ဒေါသတွေလည်းထွက်ခဲ့ပြီးပြီ။ တိတိ
ကျကျအဖြေမထွက်လာဖူး။ ကျွန်တော် မေးတိုင်း
ထွက်လာတာက ကလေးလေးကို စောင့်ရှောက်ချင်
တယ် ညလုံးပေါက်ဂိမ်းဆေ့ာတတ်တဲ့ သူ့ကို
ကျွန်တော် ဆူချင်တယ် သူငယ်ချင်းမရှိတဲ့ သူ့
အတွက် ကျွန်တော်ကပဲ သူငယ်ချင်း ၊ ကျွန်တော်က
ပဲ ချစ်သူ ကျွန်တော်ကပဲ အရာရာဖြစ်ချင်တယ်
သူ့ရင်ဘတ်ထဲ ကျွန်တော် အမြဲရှိချင်တယ်...”

“ခင်ဗျားကချစ်တာ မဟုတ်ဖူး အတ္တဖြစ်သွားပြီ
ဒါကျ ”

“ကျွန်တော် ကိုယ့်ကိုယ်ကို မုန်းလိုက်တာဗျာ
မသေချာမှန်းသိရက်နဲ့ လူတစ်ယောက်ကို ကြိုးတွေ
ချည်တယ် လူတစ်ယောက်ကိုကျ မရေရာ မသေချာ
တဲ့ ခံစားချက်တွေနဲ့ နေခိုင်းတယ် ကျွန်တော်က
တကယ်မကောင်းတဲ့ကောင်ပါပဲဗျာ”

သံယောဇဉ်မှန်းမသိ ၊အချစ်မှန်းမသိ ။ ဆရာ၀န်
တစ်ယောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဘာဖြစ်နေမှန်း
မသိတဲ့လူတစ်ယောက်ပါ။ ကလေးလေးထံပိုသာ
နေတဲ့မေတ္တာတွေကို ပါဆယ်ထုတ်ပြီး ပျောက်ကွယ်
သွားချင်လိုက်သည်။ ဒါဟာ အချစ်လို့မဆိုနိုင်ပါဖူး
လို့ သတိတွေပေးရလွန်းလို့ ဆရာ၀န်ကြီးရဲ့ဦးနှောက်
လေးလည်း ပင်ပန်းနေပြီ။

ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်ပေမယ့်
ချစ်တဲ့သူနဲ့ ပိုချစ်မိတဲ့သူ နှစ်ယောက်ကြား
ဆရာ၀န်ကြီးသည် ရွေးချယ်ရခက်ဆဲ။
တစ်ယောက်ကိုရွေးလိုက်ရင် တစ်ယောက်က
ငိုရမယ်။ တစ်ယောက်မှ မရွေးပဲထားလိုက်ရင်လည်း
သူအသည်းကွဲရမယ်။ နှလုံးသားတွေ ထိန်းချုပ်ရ
ခက်လိုက်ပုံများ အကန့်အသတ်မဲ့။

“အရမ်းမသောက်နဲ့တော့ ဒေါက်တာ”

“တစ်ခွက်ပဲ ဟီးး တစ်ခွက်လေးပဲ”

ညည့်နက်ကာ အရက်ပုလင်းတွေ ပုံသွားသည်အထိ
သူတို့ဆိုင်မှ မပြန်ဖြစ်သေး။ ထယ်ယောင်းကတော့
ပိုက်ဆံရှင်းပြီး စားပွဲပေါ် မှောက်အိပ်နေတဲ့ ဂျောင်ဂု
ကိုကြည့်ပြီး အိမ်ဘယ်လိုပြန်ပို့ရမလဲဆိုတာ တွေး
နေရသည်။

“ ထယ်ထယ်ရေ ”

“ကိုကို”

ဆိုင်ထဲပြေး၀င်လာတဲ့ ထယ်ထယ့်ချစ်သူ။
နာမည်က ယွန်ဂီတဲ့.....။ ဒယ်ဂူရဲ့လိမ္မော်ခြံပိုင်ရှင်
လေးပေါ့။ သူ့မှာညီမလေးတစ်ယောက်ရှိတယ်။
အခုထိတော့ ထယ်ထယ်နဲ့မမိတ်ဆက်ရသေးဖူး။
အရင်ကလည်းပြောဖူးပါတယ်။ ချစ်သူရှိတယ်ဆိုပြီး
ဇွတ်ငြင်းခဲ့တဲ့ ချစ်သူလေ။ သူ့မှာရည်းစားမရှိမှန်း
ပေါ်တဲ့နေ့ကစပြီး ထယ်ထယ်ကတော့ မရမကပြန်
လိုက်ခဲ့တာ။

ရည်းစားလိုက်နည်းဟာ လွယ်တော့မလွယ်ခဲ့ပါ။
ချစ်တဲ့သူကို အပိုင်လိုချင်တော့ သူ့ပတ်၀န်းကျင်က
လူတွေအကုန်လုံးနဲ့ အဆင်ပြေအောင် ပေါင်းသင်းခဲ့
ရတာချည်းပဲ။ ခွင့်ရက်ရှည်တွေယူတယ်။ဒယ်ဂူကို
သွားတယ်။ ယောက္ခမ တော်စပ်မယ့် ချစ်သူမေမေ
ကို ရအောင်ပေါင်း။ သူငယ်ချင်းတွေလို့ ယွန်ဂီက
ငြင်းလွှတ်တိုင်း မကြာခင် သူ့ကိုယူမှာ ခွင့်ပြုပေးပါ
ဆိုပြီး အရှက်လေးမဲ့မဲ့နဲ့ ဒယ်ဂူအထိ သွားပြီး
ဇွတ်တရွတ်တွေ လုပ်ခဲ့တာချည်းပဲ။

ယွန်ဂီက ငြင်းနေခဲ့ မူနေခဲ့ပေမယ့် မေမေကတော့
မမူ။ ထယ်ထယ့်ကိုမြင်ထဲက သားအရင်းလိုချစ်ခင်
တဲ့အပြင် လိမ္မော်ခြံကိုအားတိုင်းလာလည်ဖို့ခေါ်
သည်။ ယွန်ဂီဆီက အဖြေမရသေးခင်တော့ ဒယ်ဂူ
ကိုချောင်းပေါက်မတတ်သွားခဲ့ပေမယ့် ချစ်သူဖြစ်တဲ့
နောက်ပိုင်းကစပြီး အားရင်တောင်မသွားဖြစ်တော့။
ယောက္ခမကို ပလစ်လိုက်တဲ့ အနေအထားရောက်
သွားပေမယ့် ကိုကိုကတော့ သိပ်ချစ်ပါသည်။

“ထယ်ထယ် သူ့ကို ပြန်ပို့ပေးရမယ်ဆို”

“ဟုတ်တယ် ကားငှားပြီးပို့ရင်ရတယ် ဒါပေမယ့်
ကားအထိ ‌တွဲခေါ်ဖို့ သူ့ကိုထယ်ထယ် မနိုင်ဖူး
ကိုကို”

မျက်နှာငယ်လေးသည် စတော်ဘယ်ရီလေးလို။
မချစ်ပဲမနေနိုင်အောင် ထယ်ထယ်သည် ပြုစား
နေခဲ့တာ နတ်သားလေးသကဲ့သို့။ သိပ်ချစ်ရပါသည်။

“ကားငှားလိုက် ထယ်ထယ် ကိုကိုသူ့ကိုတွဲခေါ်ပေး
မယ် ”

“ကိုကိုနိုင်ပါ့မလား တစ်ယောက်ထဲ”

“ကိုယ့်ကိုယုံလိုက်စမ်းပါ အချစ်ဆုံးရဲ့!”

ကျေနပ်သွားသူ ထယ်ထယ်တစ်ယောက် ပြုံးနေ
သည်မှာမရပ်တော့။ ‌သူ့ခေါင်းကိုဖွဖွလေးပုတ်ပေး
လာတဲ့ကိုကို့ကြောင့် ရှက်ပြုံးလေးနဲ့ ကားငှားဖို့သာ
ဆိုင်ပြင်ပြေးထွက်လာခဲ့သည်။ ကိုကိုက မချစ်ဖူး
လို့သာ မူနေတာ။ ချစ်ပါတယ်။ ထယ်ယောင်းဆို
တဲ့ နတ်သားလေးကို အသည်းသေးသေးလေးထဲက
နေ ကိုကိုက ချစ်ပါတယ်။

“သူ့ကို အိမ်သေချာပို့ပေးပါအုံးနော် ကားဆရာကြီး”

“စိတ်ချပါဗျာ”

ငှားထားသည့်ကားထဲ ဆရာ၀န်ကြီးကိုထည့်ပေးပြီး
တဲ့နောက် ထယ်ထယ်တို့အတွဲလေးဟာ တံတားဆီ
ကိုခြေဆန့်လာခဲ့သည်။ အချိန်အားဖြင့် ညသန်းခေါင်
ယံ။ ကြယ်ကလေးတွေ ကောင်းကင်၌ မှိတ်တုတ်
မှိတ်တုတ်နဲ့ လင်းလက်နေသည်။

“ထယ်ထယ် ကြယ်ကြည့်ရတာ ကြိုက်လား”

“ကြိုက်တော့ကြိုက်ပေမယ့် ညသန်းခေါင်ယံဆို
မကြည့်ရဲဖူး အနီးကပ်ဖြစ်နေသလို ခံစားရတယ်
ပြီးတော့ ကြယ်တွေက မငြိမ်ပဲ လူပ်နေရင် ကောင်း
ကင်တစ်ခုလုံး ထယ်ထယ့်ဆီ ပြိုကျတော့မယ့်
အတိုင်းပဲ”

ကိုကိုဟာ သူ့စကားကို သွားသေးသေးလေးတွေပေါ်
သည်အထိအားရပါးရ ရယ်ပြသည်။ သူ့စကားကို
ရယ်ရကောင်းလားဆိုပြီး မျက်စောင်းထိုးလိုက်တော့
မနေနိုင်သူဟာ ရင်ခွင်ထဲထည့်ပြီး တံတားအလယ်၌
ရပ်လိုက်၏။

“ဘာလုပ်တာလဲ အိမ်ပြန်နောက်ကျအောင်”

“သန်းခေါင်ယံကြယ်တွေကြည့်ရင်း မကြောက်အောင် ကိုကိုဖက်ထားပေးမယ် ထယ်ထယ်”

ရင်ခွင်ထဲ သိမ်းကြုံးဖက်ထားရင်း ထယ်ထယ့်ရဲ့
ပခုံးလေးပေါ် မေးတင်လာသည့်ကိုကို။ လက်နှစ်
ဖက်က ထယ်ထယ့်ကိုဖက်ထားသည့်အပြင် ထယ်
ထယ့်ရဲ့ အနွေးထည်အိတ်ကပ်ထဲ လက်တွေကိုစု
ထည့်ထားသည်။

ရင်ခွင်နွေးနွေးလေးထဲမှနေ၍ ကြယ်တွေကိုမော့
ကြည့်တော့ စိတ်ထင်သလို ကြောက်စရာမကောင်း
တော့။ မှောင်မိုက်နေတဲ့ ကောင်းကင်ထက် ကြယ်
ကလေးတွေ စုံလင်စွာနေရာယူထားပြီး အစွမ်းကုန်
လင်းလက်ပေးနေသည်။ လမင်းကိုတော့ မမြင်မိပါ။

“သန်းခေါင်ယံကြယ်တွေတောင် မလင်းနိုင်တော့ဖူး
ကိုကိုဖက်ထားပေးလို့”

“အပိုတွေ”

“မပိုပါဖူး ကိုကိုက ထယ်ယောင်းကိုသိပ်ချစ်တာ”

“ထယ်ထယ်ကလည်း သိပ်ချစ်တာ သိတယ်မလား”

“အသိဆုံးပေါ့ အချစ်ဆုံးရယ်...”

သန်းခေါင်ယံကြယ်တွေကို နောက်ခံထားပြီးပေးခဲ့
ကြတဲ့ အနမ်းတွေသည် ချစ်သူ့သက်တမ်းတစ်
လျှောက်လုံးရဲ့ ပထမဆုံးအနမ်းလေးအဖြစ်
မှတ်ညဏ်တွေထဲ ကျန်ရစ်ခဲ့သည်။

relationship တစ်ခုမှာ ပထမဆုံးအနမ်းတွေနဲ့
အထိအတွေ့တွေဟာ ဘယ်တော့မှ မေ့ထားလို့ရတဲ့
အထိမပါဖူး။ ချစ်သူတွေ ချစ်မိကြရင် စာရေးသူ
တောင် လိုက်မမမှီနိုင်သည်အထိ ချိုမြိန်စရာအပြည့်.......။

###

“ဒီနားပဲရပ်ပေးပါ ဦးလေး”

“ဟင် ဖြစ်ပါ့မလား လူလေးက မူးနေတာ
အိမ်အထိမရောက်ပဲဖြစ်နေရင် လူလေးသူငယ်ချင်း
တွေစိတ်ပူနေအုံးမယ် ”

“ရတယ် ကျွန်တော် အမူးပြေပြီ ဒီမှာ ကားခ
သူတို့ရှင်းပေးခဲ့ပြီဆိုပေမယ့် ထက်ယူလိုက်နော်
လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဆရာ၀န်ကြီး မူးနေသည့်အခါ ရက်ရောမှုတွေဟာ
နည်းနည်းနောနောမဟုတ်ခဲ့ပါ။ ရီဝေဝေမျက်လုံးတွေ
နဲ့ ပိုက်ဆံအိတ်ထဲက ၀မ်တစ်သောင်းတန်အား
တစ်ထောင်တန်အထင်နဲ့ ကားဆရာကိုပေးလိုက်မိသည်။

ကားဆရာကြီးကိုနူတ်ဆက်ကာ ကားပေါ်မှဆင်းတော့ သူတို့လမ်းထိပ်က ပန်းခြံလေးနားဖြစ်နေ
သည်။ အိမ်ကိုလည်းမပြန်ချင်။ မူးနေသည့်အခါအိမ်
ပြန်ရင် ဖြေရမည့်မေးခွန်းပေါင်းများစွာတွေရှိနေ
သည်။ တစ်ခုခုလွဲချော်ဖြေမိရင် နစ်နာမယ့်သူတွေ
ရှိနေလို့ ပန်းခြံလေးဆီသာ လျှောက်လာခဲ့မိသည်။

ပန်းခြံထဲက ဒန်းတစ်ခုထဲ ထိုင်ရင်း ကောင်းကင်ကြီး
ကိုမော့ကြည့်တော့ ကြယ်တွေဟာ သဘင်ပြပွဲသကဲ့
သို့ စုံစုံလင်လင်။ ကြယ်တွေကို မော်မကြည့်ဖြစ်တာ
ဘယ်လောက်ကြာပြီလဲမသိ။ ဂျုတီကုတ်နဲ့လုံးပမ်း
ခဲ့ရတဲ့နေ့တွေဆီ ပြန်တွေးမိတော့ မွန်းကြပ်လာသည်
မို့ ကြယ်သီးနှစ်လုံးလောက် ဖြုတ်ပစ်လိုက်မိသည်။

“မမဟန် ကျွန်တော်မကြိုက်ဖူးဆို!”

“မမက ချစ်လို့စတာလေ စိတ်မဆိုးရဖူး
ငယ်လေး စိတ်ဆိုးရင် မနက်ဖြန် ကိတ်မုန့်မ၀ယ်ကျွေးဖူး”

“အမလေး အမလေး ကိတ်မုန့်နဲ့များ စိတ်ဆိုးပြေ
မယ်ထင်နေလား ချောကလက်ကိတ်လေးမှာထားလိုက်”

“ဟားဟား! တကယ့်ကလေးလေး”

ရင်းနှီးနေတဲ့အသံဟာ သူ့အကြားအာရုံထဲခုန်ဆင်း
လာကာ ပတ်၀န်းကျင်ကို ချက်ချင်းဆိုသလိုကြည့်
လိုက်မိသည်။

“ကလေးလေး”

လမ်းထဲမ၀င်သေးပဲ ကောင်မလေးတစ်ယောက်နဲ့
ရယ်မောနေသည့် ကလေးငယ်။ ကလေးလေးက
ဘယ်တုန်းကများ ဒီလောက်အထိ သူများနဲ့ရယ်မော
နေတတ်တာလဲ။ သူငယ်ချင်းတောင် မရှိတဲ့သူက
ဘယ်လိုဖြစ်ပြီး ရယ်မောနေရတာလဲ။

“မမကို ကုန်းပိုးပြမယ် ဒီကနေ အိမ်အထိ”

“တော်ပါ အရင်ကလည်း အဲ့လိုကုန်းပိုးမယ်ဆိုပြီး
ငါ့ကို လမ်းလည်မှာတွန်းချသွားတာ မှတ်ထားတယ်
နော် မမေ့သေးဖူး ဦးနှောက်ကောင်းသေးတယ်”

“မနိုင်လို့လေဗျာ”

“တော်ပါပြီ ဆရာရယ် ကျွန်မ အရမ်းကြောက်ပါတယ်”

“လာပါဆို လာဗျ”

မမကိုကုန်းပိုးဖို့ လိုက်ဖမ်းတော့မမကထွက်ပြေး
သည်။ ဒီလိုနဲ့ သူ့ဖမ်း ကိုယ့်ဖမ်းလုပ်ရင်း အခက်
မသင့်လို့ မမရဲ့လက်က ဆော့ဂျင်နဖူးလေးကို
မတော်တဆရိုက်မိသွားခဲ့၏။

“အ့!”

“ဟယ် ဆောရီး ဆောရီး ဘွာတေး ဘွာတေး
မမ မတော်မဆ ရိုက်မိသွားတယ် လာ လာ
မမ ဥုံဖွလုပ်ပေးမယ် ငယ်လေးကို”

မနာပေမယ့် မမက ပြာယာခတ်သွားသည်မို့ စချင်
တဲ့စိတ်နဲ့ နာဟန်ဆောင်ကာ မျက်နှာလေးမဲ့ပြီးမမ
အနားကိုသွားလိုက်သည်။ မမက နဖူးကိုအုပ်မိုးထား
တဲ့ သူ့ဆံပင်တွေကိုလှန်တင်ရင်း နဖူးကို ဥုံဖွလုပ်
ပေးဖို့ နူတ်ခမ်းက အနားကို ကပ်လာတော့ ကြားလိုက်ရတဲ့ အသံနက်နက်ကြီး။

“ကင်ဆော့ဂျင်!!!!!”

TBC......

Weiterlesen

Das wird dir gefallen

64.1K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
3.9K 453 20
ကောင်လေးတွေကိုလွမ်းလို့ အဖော်ပြုပေးချင်တဲ့စိတ်ကြောင့် ဟာသလေးနှောပြီးရေးထားတာဖြစ်ပါတယ်။
6.7K 692 38
ငါဘယ္​​ေတာ့မွ အရက္​မ​ေသာက္​​ေတာ့ပါဘူး ရန္​လဲမျဖစ္​​ေတာ့ဘူး က​ေလးမႀကိဳက္​တာ​ေတြလဲ ဘာတစ္​ခုမွမလုပ္​​ေတာ့ပါဘူး ကင္​...
38.4K 5.7K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...