Unicode
အပိုင်း ၃၆၆ - နင် ငါ့ ကို အကောင်းဆုံး ဆက်ဆံပေးတယ် (၃)
မုရှောင်းရှောင် နှင့် ဝီလီယမ်၏ အပြုအမူကို မြင်သောအခါ ဘက်တီ သည် ကောလဟာလများသည် မှားယွင်း နေကြောင်း သိလိုက်ရပြီး အနည်းငယ် စိတ်တိုလာသည်။
သူမမိသားစုက ဘာလို့ ဒေဝါလီခံမရသေးတာလဲ။
ဒါသာ အမှန်ဖြစ်မယ် ဆိုရင် သိပ်ကောင်းမှာပဲ!
မုရှောင်းရှောင် တစ်နေ့တာလုံး ဘာကိုမှစိတ်မပူရဘဲ ပျော်ရွှင်နေတာကိုမြင်ရတာကို ဘက်တီ အလွန်စက်ဆုပ်မုန်းတီး နေမိသည်။
မုရှောင်းရှောင် ရုတ်တရက်ထရပ်ပြီး ဘက်တီ ကို စိုက်ကြည့်လိုက်သည်။ နောက်မှ နှာခေါင်းကို လက်ညှိုးထိုးပြရင်း မုရှောင်းရှောင် က
“နင့်ရဲ့ မလိုမုန်းထားစကားတွေကို ငါမကြိုက်ဘူး။ တရုတ်ပြည်ကို ခေတ်နောက်ကျတဲ့နိုင်ငံလို့ ခေါ်တာ ဘာကိုဆိုလိုချင်တာလဲ။ နင် တရုတ်ပြည်ကို ရောက်ဖူးလား။ ငါတို့နိုင်ငံရဲ့ အစွမ်းအစကို နားလည်လို့ လား။ နင့်ရဲ့အမြင်တွေက ဘယ်လောက် တောင် ကျဉ်းလိုက်သလဲ။ ဘက်တီ၊ အို ဘက်တီ၊ မိန်းကလေးတစ်ယောက်အနေနဲ့၊ နင် တစ်နေ့တာလုံး အိတ်တွေဝယ်ဖို့ကိုပဲ ဂရုမစိုက်နေသင့်ဘူး။ နင့်ရဲ့အမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် လုပ်သင့်တယ်၊ ဒါမှမဟုတ်ရင် နင်က အမြင်ကျဉ်းတဲ့သူပဲဖြစ်နေလိမ့်မယ်။”
"နင်-"
ဘက်တီ ၏မျက်နှာသည် အစိမ်းရောင်နှင့် ခရမ်းရောင်ကြားတွင် အရောင်ပြေးကာ လှည့်ပတ်နေသည်။
"နင်က ဘာမို့လို့ ငါ့ကို ပညာလာပေးရတာလဲ။ နင့်ကိုနင် ဘယ်သူလို့ထင် နေတာလဲ။ နင်ဒီမှာ ရှိနေပြီး ဒီလောက် ကောင်းတဲ့ ဇိမ်ခံတဲ့နေရာကို ငါ့ဝမ်းကွဲအကိုကြောင့် ရောက်လာနိုင်တာ။ မဟုတ်ရင် နင်တစ်သက်လုံး ဒီကို ရောက်ဖူးမှာ မဟုတ်ဘူး။”
မုရှောင်းရှောင် စိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွား ပေမယ့် ဦးနှောက်မရှိတဲ့ လူနှင့် ဆက် ငြင်းခုန်ရန် စိတ်မပါတော့။
ဉာဏ်ရည်နိမ့်ပါးသူနှင့် ရန်ဖြစ်ခြင်းသည် သူမ၏အဆင့်အထိ အား အောက်ကျသွားစေကာ အဆင့်အတန်း တူသွားစေမည်ဖြစ်သည်။
"ဘက်တီ"
ဝီလီယမ်က မျက်မှောင်ကြုတ်ပြီး သူ့လေသံက ထက်ရှ ပြတ်သားနေသည်။
"မင်းရဲ့အမူအရာက ဘယ်လိုတွေ ဖြစ်နေတာလဲ? မင်း ကျင့်ဝတ်တွေ ပိုသင်ယူဖို့ အိမ်ပြန်ဖို့လိုတယ်လို့ ငါခံစား နေရတယ်။ မင်းရဲ့အမူအကျင့်တွေက ဒီလိုတရားဝင် ဧည့်ခံပွဲ တွေအတွက် အဆင်မပြေဘူး။”
ဒါကိုကြားတော့ ဘက်တီ ထိတ်လန့်သွားပြီး
"မဟုတ်ဘူး မဟုတ်ဘူး ဝမ်းကွဲအကို ! ညီမက သူမနဲ့ နောက်နေတာပါ…”
ဘက်တီသည် ဤကဲ့သို့သော ဇိမ်ခံပွဲကို တက်ရောက်ခြင်းဖြင့် ရှားရှားပါးပါး အမေရိက၏ နေရာအရပ်ရပ်မှ အထက်တန်းစား လူတော်များ နှင့် ပေါင်းသင်းခွင့် ရနိုင်သောကြောင့် ဤအခွင့်အရေးကို မဆုံးရှုံးချင်ပါ။
မုရှောင်းရှောင် က အေးစက်သော ရယ်သံ တစ်ခုကို ပေးလိုက်သည်။
“နင့်ဟာသက ငါ့အတွက်တော့ ရယ်စရာ မဟုတ်ဘူး။”
ဝီလီယမ်သည် ဘက်တီ အား "တောင်းပန်ပါ" ဟု မပြောမီ သူမ၏ မျက်လုံးကို ကြည့်လိုက်သည်။
ဘက်တီ က ထိုစူးရှပြီး အမိန့်ဆန်သော အကြည့်မျညးကြောင့် မှိန်ဖျော့သွားရသည်။
“ငါ… ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူး… တောင်းလဲ မတောင်းပန်ချင်ဘူး။ ဝမ်းကွဲအကို ၊ အကို့ရဲ့ဝမ်းကွဲအစ်မက ဘယ်သူလဲ။ ဘာလို့ အပြင်လူကို ကာကွယ်ပေး နေရတာလဲ။ ရတယ် နင်တို့အားလုံး ငါ့ကိုမကြိုက်ရင် ငါထွက်သွားလိုက်မယ် ဟုတ်ပြီလား"
သူမဆက်နေပါက မုရှောင်းရှောင် ကို တကယ်တောင်းပန်ရတော့မှာမို့ အမြန်ထွက်သွားဟန်ပြင်လိုက်သည်။
ဘက်တီ ဆုတ်ခွာရာတွင် အနည်းငယ် အလျင်စလိုဖြစ်ပြီး ပန်းကန်များကိုင်ဆောင်ထားသော စားပွဲထိုးဖြင်: မတော်တဆ ဝင်တိုက်မိသွားသည်။
“အား –”
ဘက်တီ က သံကုန် ဟစ်အော်ကာ ကြွေမွပြီး ပေရေနေသော ၀တ်စုံကိုစိုက်ကြည့်ရင်း စားပွဲထိုးကို ပြစ်တင်ကြိမ်းမောင်းကျိန်ဆဲသည်။
"ဒါက ဝတ်စုံအသစ်! ဒါက ဘယ်လို အမှိုက်ပန်းကန်မျိုးလဲ။ အရမ်းရွံရစရာကောင်းတယ်။ အဲဒါကြောင့် ငါ တရုတ်ဟင်းလျာတွေကို မုန်းတယ် - အရသာက ဆိုးရုံတင်မကဘူး၊ အကျည်းလဲ တန်တယ်။ တကယ်အားဖြင့်တော့ အမှိုက်သာသာပါပဲ။ ခွေးတောင်မစားဘူး!"
မုရှောင်းရှောင် က ထရပ်လိုက်ပြီး စားပွဲကို ဆောင့်ရိုက်လိုက်သည်။ သူမ မျက်နှာက ပြင်းထန်ကာ လူကို သေစေနိုင်သော အကြည့်တို့ဖြင့် ပြည့်နှက်နေပြီး ဘက်တီ ဆီသို့ လျှောက်သွားသည်။
ဝီလီယမ် သည် မုရှောင်းရှောင် ကို ရွှင်မြူးစွာကြည့်နေခဲ့ပြီး
သူမကို မတားခဲ့ပေ။
ဘက်တီ သည် သူမ၏ ၀တ်စားဆင်ယင်မှုတွင် နစ်မွန်းနေဆဲဖြစ်ပြီး မုရှောင်းရှောင် သူမဆီ လမ်းလျှောက်လာသည်ကို သတိမပြုမိသေးပေ။ ဘက်တီ၏အဖော် အမျိုးသမီးနှစ် ယောက်သည်လဲ သူမအား အစေခံအချို့နှင့် သုတ်သင်ရှင်းလင်းရန် အရူးအမူးကူညီနေခဲ့သည်။
“ဟုတ်တယ် ငါလဲ အဲလိုပဲ ထင်တယ်။ တရုတ်ဟင်းလျာက ကမ္ဘာပေါ်တွင် အမှိုက်အဆန်ဆုံးဟင်းလျာတွေပဲ ၊ ဘာကြောင့် လူတော်တော်များများက အဲဒါတွေကို သဘောကျတာလဲ မသိ တော့ဘူး။ တရုတ်တွေက အမှိုက်စားရတာ ကြိုက်တဲ့ပုံပဲ ”
ဒါကိုကြားတော့ မုရှောင်းရှောင် ရဲ့မျက်နှာက ချက်ချင်းပဲ ပိုလို့တောင် မည်းမှောင်သွားရတယ်။ သူမသည် လက်သီးများကို တင်းတင်းဆုပ်ထားရင်း ဘက်တီ ၏နောက်တွင် ရပ်နေခဲ့သည်။
“ ထွက်သွားစမ်း ! ငါ့ကိုမနှောင့်ယှက်နဲ့!"
ဘက်တီ က သူမပုခုံးကို ပုတ်တဲ့လူက ဘယ်သူလဲဆိုတာ သိရန် လှည့်ကြည့်ဖို့ စိတ်မ၀င်စားဘဲ ပြန်ဖြေလိုက်သည်။
"ငါ နင့်ကို တစ်ခုခု ပြောချင်တယ်"
မုရှောင်းရှောင် က သူမကို ကြမ်းတမ်းစွာ ဆွဲလှည့်ပစ်လိုက်သည်။
ဘက်တီ က သူမကို လှမ်းပုတ်နေတဲ့သူကို ဘယ်သူလဲဆိုတာ သိသွားခဲ့ပြီး ချက်ချင်း စိတ်မချမ်း မသာဖြင့်
"မုရှောင်းရှောင်! နင်ဘာလိုချင်တာလဲ? ဘာပြောချင်တာ လဲ။ နင်က ငါ့ကို ဆူငေါက်ချင် နေတာလား။ လုပ်လိုက်လေ ငါနင့်ကို မကြောက်ဘူး!"
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
အပိုင္း ၃၆၆ - နင္ ငါ့ ကို အေကာင္းဆုံး ဆက္ဆံေပးတယ္ (၃)
မုေရွာင္းေရွာင္ ႏွင့္ ဝီလီယမ္၏ အျပဳအမူကို ျမင္ေသာအခါ ဘက္တီ သည္ ေကာလဟာလမ်ားသည္ မွားယြင္း ေနေၾကာင္း သိလိုက္ရၿပီး အနည္းငယ္ စိတ္တိုလာသည္။
သူမမိသားစုက ဘာလို႔ ေဒဝါလီခံမရေသးတာလဲ။
ဒါသာ အမွန္ျဖစ္မယ္ ဆိုရင္ သိပ္ေကာင္းမွာပဲ!
မုေရွာင္းေရွာင္ တစ္ေန႔တာလုံး ဘာကိုမွစိတ္မပူရဘဲ ေပ်ာ္႐ႊင္ေနတာကိုျမင္ရတာကို ဘက္တီ အလြန္စက္ဆုပ္မုန္းတီး ေနမိသည္။
မုေရွာင္းေရွာင္ ႐ုတ္တရက္ထရပ္ၿပီး ဘက္တီ ကို စိုက္ၾကည့္လိုက္သည္။ ေနာက္မွ ႏွာေခါင္းကို လက္ညႇိဳးထိုးျပရင္း မုေရွာင္းေရွာင္ က
“နင့္ရဲ႕ မလိုမုန္းထားစကားေတြကို ငါမႀကိဳက္ဘူး။ တ႐ုတ္ျပည္ကို ေခတ္ေနာက္က်တဲ့ႏိုင္ငံလို႔ ေခၚတာ ဘာကိုဆိုလိုခ်င္တာလဲ။ နင္ တ႐ုတ္ျပည္ကို ေရာက္ဖူးလား။ ငါတို႔ႏိုင္ငံရဲ႕ အစြမ္းအစကို နားလည္လို႔ လား။ နင့္ရဲ႕အျမင္ေတြက ဘယ္ေလာက္ ေတာင္ က်ဥ္းလိုက္သလဲ။ ဘက္တီ၊ အို ဘက္တီ၊ မိန္းကေလးတစ္ေယာက္အေနနဲ႔၊ နင္ တစ္ေန႔တာလုံး အိတ္ေတြဝယ္ဖို႔ကိုပဲ ဂ႐ုမစိုက္ေနသင့္ဘူး။ နင့္ရဲ႕အျမင္ေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္လာေအာင္ လုပ္သင့္တယ္၊ ဒါမွမဟုတ္ရင္ နင္က အျမင္က်ဥ္းတဲ့သူပဲျဖစ္ေနလိမ့္မယ္။”
"နင္-"
ဘက္တီ ၏မ်က္ႏွာသည္ အစိမ္းေရာင္ႏွင့္ ခရမ္းေရာင္ၾကားတြင္ အေရာင္ေျပးကာ လွည့္ပတ္ေနသည္။
"နင္က ဘာမို႔လို႔ ငါ့ကို ပညာလာေပးရတာလဲ။ နင့္ကိုနင္ ဘယ္သူလို႔ထင္ ေနတာလဲ။ နင္ဒီမွာ ရွိေနၿပီး ဒီေလာက္ ေကာင္းတဲ့ ဇိမ္ခံတဲ့ေနရာကို ငါ့ဝမ္းကြဲအကိုေၾကာင့္ ေရာက္လာႏိုင္တာ။ မဟုတ္ရင္ နင္တစ္သက္လုံး ဒီကို ေရာက္ဖူးမွာ မဟုတ္ဘူး။”
မုေရွာင္းေရွာင္ စိတ္ထဲ ေထာင္းခနဲ ေဒါသထြက္သြား ေပမယ့္ ဦးေႏွာက္မရွိတဲ့ လူႏွင့္ ဆက္ ျငင္းခုန္ရန္ စိတ္မပါေတာ့။
ဉာဏ္ရည္နိမ့္ပါးသူႏွင့္ ရန္ျဖစ္ျခင္းသည္ သူမ၏အဆင့္အထိ အား ေအာက္က်သြားေစကာ အဆင့္အတန္း တူသြားေစမည္ျဖစ္သည္။
"ဘက္တီ"
ဝီလီယမ္က မ်က္ေမွာင္ၾကဳတ္ၿပီး သူ႔ေလသံက ထက္ရွ ျပတ္သားေနသည္။
"မင္းရဲ႕အမူအရာက ဘယ္လိုေတြ ျဖစ္ေနတာလဲ? မင္း က်င့္ဝတ္ေတြ ပိုသင္ယူဖို႔ အိမ္ျပန္ဖို႔လိုတယ္လို႔ ငါခံစား ေနရတယ္။ မင္းရဲ႕အမူအက်င့္ေတြက ဒီလိုတရားဝင္ ဧည့္ခံပြဲ ေတြအတြက္ အဆင္မေျပဘူး။”
ဒါကိုၾကားေတာ့ ဘက္တီ ထိတ္လန႔္သြားၿပီး
"မဟုတ္ဘူး မဟုတ္ဘူး ဝမ္းကြဲအကို ! ညီမက သူမနဲ႔ ေနာက္ေနတာပါ…”
ဘက္တီသည္ ဤကဲ့သို႔ေသာ ဇိမ္ခံပြဲကို တက္ေရာက္ျခင္းျဖင့္ ရွားရွားပါးပါး အေမရိက၏ ေနရာအရပ္ရပ္မွ အထက္တန္းစား လူေတာ္မ်ား ႏွင့္ ေပါင္းသင္းခြင့္ ရႏိုင္ေသာေၾကာင့္ ဤအခြင့္အေရးကို မဆုံးရႈံးခ်င္ပါ။
မုေရွာင္းေရွာင္ က ေအးစက္ေသာ ရယ္သံ တစ္ခုကို ေပးလိုက္သည္။
“နင့္ဟာသက ငါ့အတြက္ေတာ့ ရယ္စရာ မဟုတ္ဘူး။”
ဝီလီယမ္သည္ ဘက္တီ အား "ေတာင္းပန္ပါ" ဟု မေျပာမီ သူမ၏ မ်က္လုံးကို ၾကည့္လိုက္သည္။
ဘက္တီ က ထိုစူးရွၿပီး အမိန႔္ဆန္ေသာ အၾကည့္မ်ညးေၾကာင့္ မွိန္ေဖ်ာ့သြားရသည္။
“ငါ… ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာမဟုတ္ဘူး… ေတာင္းလဲ မေတာင္းပန္ခ်င္ဘူး။ ဝမ္းကြဲအကို ၊ အကို႔ရဲ႕ဝမ္းကြဲအစ္မက ဘယ္သူလဲ။ ဘာလို႔ အျပင္လူကို ကာကြယ္ေပး ေနရတာလဲ။ ရတယ္ နင္တို႔အားလုံး ငါ့ကိုမႀကိဳက္ရင္ ငါထြက္သြားလိုက္မယ္ ဟုတ္ၿပီလား"
သူမဆက္ေနပါက မုေရွာင္းေရွာင္ ကို တကယ္ေတာင္းပန္ရေတာ့မွာမို႔ အျမန္ထြက္သြားဟန္ျပင္လိုက္သည္။
ဘက္တီ ဆုတ္ခြာရာတြင္ အနည္းငယ္ အလ်င္စလိုျဖစ္ၿပီး ပန္းကန္မ်ားကိုင္ေဆာင္ထားေသာ စားပြဲထိုးျဖင္: မေတာ္တဆ ဝင္တိုက္မိသြားသည္။
“အား –”
ဘက္တီ က သံကုန္ ဟစ္ေအာ္ကာ ေႂကြမြၿပီး ေပေရေနေသာ ၀တ္စုံကိုစိုက္ၾကည့္ရင္း စားပြဲထိုးကို ျပစ္တင္ႀကိမ္းေမာင္းက်ိန္ဆဲသည္။
"ဒါက ဝတ္စုံအသစ္! ဒါက ဘယ္လို အမႈိက္ပန္းကန္မ်ိဳးလဲ။ အရမ္း႐ြံရစရာေကာင္းတယ္။ အဲဒါေၾကာင့္ ငါ တ႐ုတ္ဟင္းလ်ာေတြကို မုန္းတယ္ - အရသာက ဆိုး႐ုံတင္မကဘူး၊ အက်ည္းလဲ တန္တယ္။ တကယ္အားျဖင့္ေတာ့ အမႈိက္သာသာပါပဲ။ ေခြးေတာင္မစားဘူး!"
မုေရွာင္းေရွာင္ က ထရပ္လိုက္ၿပီး စားပြဲကို ေဆာင့္႐ိုက္လိုက္သည္။ သူမ မ်က္ႏွာက ျပင္းထန္ကာ လူကို ေသေစႏိုင္ေသာ အၾကည့္တို႔ျဖင့္ ျပည့္ႏွက္ေနၿပီး ဘက္တီ ဆီသို႔ ေလွ်ာက္သြားသည္။
ဝီလီယမ္ သည္ မုေရွာင္းေရွာင္ ကို ႐ႊင္ျမဴးစြာၾကည့္ေနခဲ့ၿပီး
သူမကို မတားခဲ့ေပ။
ဘက္တီ သည္ သူမ၏ ၀တ္စားဆင္ယင္မႈတြင္ နစ္မြန္းေနဆဲျဖစ္ၿပီး မုေရွာင္းေရွာင္ သူမဆီ လမ္းေလွ်ာက္လာသည္ကို သတိမျပဳမိေသးေပ။ ဘက္တီ၏အေဖာ္ အမ်ိဳးသမီးႏွစ္ ေယာက္သည္လဲ သူမအား အေစခံအခ်ိဳ႕ႏွင့္ သုတ္သင္ရွင္းလင္းရန္ အ႐ူးအမူးကူညီေနခဲ့သည္။
“ဟုတ္တယ္ ငါလဲ အဲလိုပဲ ထင္တယ္။ တ႐ုတ္ဟင္းလ်ာက ကမာၻေပၚတြင္ အမႈိက္အဆန္ဆုံးဟင္းလ်ာေတြပဲ ၊ ဘာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက အဲဒါေတြကို သေဘာက်တာလဲ မသိ ေတာ့ဘူး။ တ႐ုတ္ေတြက အမႈိက္စားရတာ ႀကိဳက္တဲ့ပုံပဲ ”
ဒါကိုၾကားေတာ့ မုေရွာင္းေရွာင္ ရဲ႕မ်က္ႏွာက ခ်က္ခ်င္းပဲ ပိုလို႔ေတာင္ မည္းေမွာင္သြားရတယ္။ သူမသည္ လက္သီးမ်ားကို တင္းတင္းဆုပ္ထားရင္း ဘက္တီ ၏ေနာက္တြင္ ရပ္ေနခဲ့သည္။
“ ထြက္သြားစမ္း ! ငါ့ကိုမေႏွာင့္ယွက္နဲ႔!"
ဘက္တီ က သူမပုခုံးကို ပုတ္တဲ့လူက ဘယ္သူလဲဆိုတာ သိရန္ လွည့္ၾကည့္ဖို႔ စိတ္မ၀င္စားဘဲ ျပန္ေျဖလိုက္သည္။
"ငါ နင့္ကို တစ္ခုခု ေျပာခ်င္တယ္"
မုေရွာင္းေရွာင္ က သူမကို ၾကမ္းတမ္းစြာ ဆြဲလွည့္ပစ္လိုက္သည္။
ဘက္တီ က သူမကို လွမ္းပုတ္ေနတဲ့သူကို ဘယ္သူလဲဆိုတာ သိသြားခဲ့ၿပီး ခ်က္ခ်င္း စိတ္မခ်မ္း မသာျဖင့္
"မုေရွာင္းေရွာင္! နင္ဘာလိုခ်င္တာလဲ? ဘာေျပာခ်င္တာ လဲ။ နင္က ငါ့ကို ဆူေငါက္ခ်င္ ေနတာလား။ လုပ္လိုက္ေလ ငါနင့္ကို မေၾကာက္ဘူး!"
Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္