Unicode
နှစ်ရက်အကြာတွင် လော့လင်းရှန်း၏ ခွဲစိတ်မှုကို စီစဉ်ထားသည့် နေ့အတိုင်း ခွဲစိတ်ခဲ့သည်။
ရှီယွင်နန်ကတော့ ခွဲစိတ်ခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။ ပထမဆုံးအကြိမ်အနေနဲ့ သူ့နှလုံးသားလေး သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသလို ခံစားနေရသည်။
အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးနေ၏။
ရှီယွင်နန်၏ မျက်လုံးများက တင်တင်းပိတ်ထားသည့် ခွဲစိတ်ခန်း တံခါးကိုသာ ကြည့်နေမိသည်။ သူ့ကိုယ်ဟန်အနေထားမှာ ခွဲစိတ်သည့် အစကနေ အခုထိ လုံးမရွေ့သေးပေ။ အချိန်အနည်းငယ်ကြာသည့်အခါ၊ သူ့မျက်လုံးများ ကျိန်းစပ်လာပြီး နီရဲလာတော့လေသည်။
ချင်ကျန်းက အချိန်ကို တချက်ကြည့်ကာ သူ့နားသို့ လျှောက်လာသည်။ "မစ္စတာရှီ၊ တစ်ခုခုအရင် စားထားချင်လား?"
ရှီယွင်နန် ခေါင်းခါပြလိုက်သည်။
တကယ့်ကို နေမထိထိုင်မသာ ဖြစ်နေသည့်အခြေအနေမှာ သူ့ခန္ဓာကိုယ်က တောင့်တောင့်ကြီး ပိုဖြစ်လာ၏။
ဘေးမှာရပ်နေသည့် ချင်ကျန်းနှင့် ယွမ်မုန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး သူ့အားဖြောင်းဖျဖို့ သူတို့ ဘော့စ်ကိုသာ အသုံးချလိုက်ကြရသည်။ "ဘော့စ်ကပြောတယ်၊ ခွဲစိတ်တာက ထင်ထားတာထက် ကြာနေရင် မင်းအချိန်မှန်မှန်စားဖို့ကို ကျွန်တော်တို့ စောင့်ကြည့်ပေးရမယ်တဲ့။"
ထိုစကားကြားသည့်အခါ ရှီယွင်နန်က မသိမသာ တုံ့ပြန်လာ၏။ မျက်မှောင်ကြုတ်ထားရခြင်းကြောင့် နာကျင်နေသည့် သူ့နားထင်များကို ပွတ်ကာ သူက သက်ပြင်းချလိုက်သည်။ " သောက်စရာ တစ်ခုခုသာ ဝယ်ပေးပါ။ ကျွန်တော် တကယ်စားမဝင်လို့။"
"ကောင်းပါပြီ"
ပြောပြီးသည်နှင့်၊ ခွဲစိတ်ခန်းတံခါးပွင့်လာကာ ခွဲစိတ်တာဝန်ခံ ဒေါက်တာဘန့်စ်က ထွက်လာသည်။
ရှီယွင်နန် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး၊ သူထလိုက်သည့်အခါ အကြာကြီး ထုံကျင်နေသည့် သူ့ခြေထောက်များကြောင့် သူလဲကျမလိုဖြစ်သွား၏။ အနောက်မှာ ရပ်နေသည့် ချင်ကျန်းက အမြန်တုံ့ပြန်ကာ ထိန်းလိုက်သောကြောင့် သူအမြန်ပဲ ပြန်တည်ငြိမ်သွားတော့သည်။
ဒေါက်တာဘန့်စ်က ရှီယွင်နန်ကို သိတာကြောင့် သူက အရင် ရှေ့သို့လှမ်းလာကာ—
"မစ္စတာရှီ၊ ကျွန်တော်အခုလေးတင် အထဲကလူနာကို ကုထားရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့ကို လူနာထပ်မပေးပါနဲ့ဗျာ။"
သူရဲ့ စိတ်အေးလက်အေး လေသံကိုကြားတော့ ရှီယွင်နန် မျှော်လင့်တကြီး မေးလိုက်သည်။ "ဒေါက်တာဘန့်စ် သူ...သူ ဘယ်လိုနေသေးလဲ?"
"ခွဲစိတ်မှုမတိုင်ခင်က မျှော်လင့်ထားသလိုပါပဲ။ ချောချောမွေ့မွေ့ ပြီးသွားတယ်။"
ဒေါက်တာဘန့်စ်က အမှန်အတိုင်းပြောလိုက်၏။ သို့သော် အရမ်းကြီးအာမခံသည့်စကားမျိုးတော့မပြောပါ။ "ခွဲစိတ်ပြီးနောက်ပိုင်း ပြန်ကောင်းလာဖို့အတွက်ကတော့ လူနာရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်တဲ့အပေါ်မှာပဲ မူတည်တာပါ။"
သူဟာ ဆေးပညာနယ်ပယ်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး၊ မရေမတွက်နိုင်သည့်လူနာများကို မြင်တွေ့ခဲ့ရ၏။ ထို့ကြောင့် ရလဒ်တစ်ခုတည်းကိုသာ တသတ်မတ်တည်း ကောက်ချက်ချလို့မရပေ။
"ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ ဒေါက်တာမီရှဲလ်ကော ကျွန်တော်တို့အဖွဲ့ကော အကောင်ဆုံး ဆောင်ရွက်ပေးခဲ့ပါတယ်။" ဒေါက်တာဘန့်စ်က သူနာပြုဆရာမပေးလာသည့် ဆေးစာအုပ်ကို ယူကာ လက်မှတ်ထိုးလိုက်သည်။
နောက်ဆုံးတော့ ရှီယွင်နန်၏ နှလုံးသားလေးမှာ တည်ငြိမ်သွားတော့လေသည်။ "ဒါဆို သူဘယ်တော့လောက် ထွက်လာမှာလဲ?"
"ခဏလေးစောင့်ပေးပါ ဆယ့်ငါးမိနစ်လောက်ပါပဲ။" ဒေါက်တာဘန့်စ်က အကြမ်းဖျင်း ခန့်မှန်းလိုက်ပြီး ခေါင်းညိတ်ပြကာ ဘေးက ဆေးကုသသည့်အခန်းထဲသို့ ဝင်သွားတော့သည်။
ရှီယွင်နန်၏ တင်းမာနေသည့် အာရုံကြောများမှာ လုံးဝပြေလျော့သွား၏။ သူရုတ်တရက် မိုက်ခနဲဖြစ်သွားပြီး နောက်ပြန်လှန်ကြတော့မည့်အချိန်—
ယွမ်မုန်နဲ့ ချင်ကျန်းက တပြိုင်နက်တည်း တုံ့ပြန်လိုက်ကာ သူ့အား ဖမ်းကိုင်လိုက်ကြသည်။
ရှီယွင်နန်လည်း နှစ်စက္ကန့် သုံးစက္ကန့်လောက် ခေါင်းထဲတွင် အမြင်မရှင်းဖြစ်နေ၏။ သူ့ခြေထောက် သေချာ ပြန်ခိုင်သွားတော့မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ "ခွဲစိတ်ခန်းအပြင်ဘက်မှာ ခဏလေးစောင့်နေရတာက တစ်ညလုံးဒီဇိုင်းဆွဲတာထက်တောင် ပိုပင်ပန်းမှန်း အခုမှပဲ နားလည်တော့တယ်။"
အရင်တုန်းက သူ ဘယ်လောက်ပဲ အလုပ်ကြိုးစားလုပ်ခဲ့လုပ်ခဲ့၊ သူ့မျက်လုံးများ ဆိုးရွားစွာဝေဝါးလာတယ်လို့ တခါမှ မခံစားခဲ့ရ။
ယွမ်မုန်က ချင်ကျန်းကို တချက်ကြည့်ကာ ပြောလာသည်။ "ငါ မစ္စတာရှီအတွက် စားစရာသွားဝယ်လိုက်အုံးမယ်။ မင်းဒီမှာ စောင့်နေခဲ့လိုက်။"
ချင်ကျန်း ခေါင်းညိတ်ပြလိုက်သည်။
ရှီယွင်နန်က သူ့အခြေအနေ တည်ငြိမ်သွားရန် ခုံပေါ်မှာ ပြန်မှီထိုင်လိုက်၏။
"ချင်ကျန်း"
"ဟုတ်ကဲ့?"
"မင်းလော့လင်ရှန်းနဲ့ အလုပ်တွဲလုပ်တာ ဘယ်လောက်ကြာပြီလဲ?"
နောက်ဆုံးတော့ သူ့နှလုံးသားလေး ပြန်တည်ငြိမ်သွားပြီး သူက ခဏလောက် စကားပြောချင်နေသည့် စိတ်ဖြစ်ပေါ်လာသည်။
ချင်ကျန်း : "မတော်တဆမဖြစ်ခင်တုန်းကတော့ ကျွန်တော်က ကုမ္ပဏီမှာ လက်ထောက် traineeပဲရှိသေးတာ။"
လက်ထောက်ဌာနမှ ခေါင်းဆောင်အကြီးအကဲမှာ လော့မိသားစုပြိုင်ဆိုင်မှုတွင် ပထမအိမ်တော်သိမ်းသွင်းတာခံလိုက်ရပြီး သူဟာမဆိုင်းမတွပင် လော့မိသားစု စတုတ္ထအိမ်တော်ကို သစ္စာဖောက်ခဲ့သည်။
လော့လင်းရှန်းမှာ ကားမတော်တဆဖြစ်မှုမှ နိုးလာပြီးဆယ်ရက်မပြည့်ခင်မှာပဲ ပူဆွေးသောကစိတ်နှင့် ဒဏ်ရာရနေတာကနေ သူ့ကိုယ်သူအတင်းအကြပ်နှစ်ဆ ပြန်အားမွေးခဲ့ရ၏။ ချင်ကျန်းကိုလည်း အထွေထွေလက်ထောက်ရာထူးအား ယာယီတိုးပေးခဲ့သည်။
"ယာယီရာထူးတိုးတာလား? ဒါဆို မင်းဘာလို့ နေဖို့ ရွေးချယ်ခဲ့တာလဲ?"
သူသိထားတဲ့အတိုင်းဆို လော့မိသားစု စတုတ္ထအိမ်တော်က ရှုံးလုနီးပါးဖြစ်ခဲ့တယ်လေ။ ဆန့်ကျင်ဘက်အနေနဲ့၊ အဓိကအိမ်တော်ကသာ အကျပ်ကိုင် လာဘ်ထိုးပြီး သေချာပေါက် နိုင်နေခဲ့တာ။
ချင်ကျန်းက နံရံကို မီကာ "ပင်မအိမ်တော်ကလူတွေ ကျွန်တော့ဆီက သတင်းလာမနှိုက်တာမျိုး မရှိခဲ့တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့က အကျိုးစီးပွါးတစ်ခုတည်းကိုသာ ကြည့်ပြီး မရိုးသားတဲ့ သူတွေဆိုတာ ကျွန်တော် သိတယ်လေ။ တစ်ခုခု မှားသွားရင် ကျွန်တော့ကို စွန့်ပစ်လိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။"
"ဒီလိုမျိုးဆို လှည့်ပြန်လို့ရမယ့် အခြေအနေမျိုးကိုပဲ ကျွန်တော်ရွေးမယ်။"
"အဲ့တုန်းက ခေါင်းဆောင် ကျွန်တော့ကို ရာထူးမတိုးပေးခင် တစ်ခွန်းပဲ ပြောခဲ့တယ်"
"သူ့မှာ ဆုံးရှုံးစရာမရှိတော့ဘူး အဲ့တော့ သူမနိုင်ရင်တောင် သူနဲ့အတူ အားလုံးကို ဆွဲချပစ်မယ်တဲ့။"
ရှီယွင်နန် ပြုံးလိုက်မိသည်။
ဒါဟာ တကယ့်ကို လော့လင်းရှန်း စတိုင်ပဲ။
လော့မိသားစု၏ ယှဉ်ပြိုင်မှုမှာ တစ်နှစ်နီးပါးကြာခဲ့၏။ လော့လင်းရှန်းမှာ အခြေအနေကို ပြန်ကောင်းမွန်စွာ လည်ပတ်နိုင်ခဲ့ပေမယ့် သူခြေထောက်ပြန် ကောင်းဖို့အတွက်တော့ အချိန်နှောင်းသွားခဲ့လေပြီ။
ချင်ကျန်းက ရှီယွင်နန် ကြားချင်နေသည့် အကြောင်းအရာကို သဘောပေါက်ကာ သူကဆက်ပြောလိုက်သည်။ "မတော်တဆမဖြစ်ခင်ကဆို ခေါင်းဆောင်က အင်ပါယာမြို့တော် အသိုင်းအဝိုင်းမှာ အကောင်းဆုံး သခင်လေးလို့တောင် ပြောလို့ရတယ်။"
သူဟာ လော့မိသားစုစတုတ္ထအိမ်တော်မှ သခင်လေးဖြစ်ပြီး အဘိုးမဆုံးမီ သူအချစ်ဆုံးမြေးငယ်လေးလည်း ဖြစ်သည်။
လူတွေအခု လော့မိသားစုသခင်လေးလို့ ခေါ်နေတဲ့ လော့ယန်ချွမ်းက လော့လင်းရှန်းနှင့် ယှဉ်ရင် ဘာမှမဟုတ်ပေ။
သူဟာ အရပ်ရှည်ပြီး ကြည့်ကောင်းသလို၊ မြင်းစီးခြင်း၊ သေနတ်ပစ်ခြင်းစသည့် အားကစားများမှာလည်း ကျွမ်းကျင်လှသည်။ သူ့ပုံစံဟာ အေးတိအေးစက် ဘာကိုမှ ဂရုမစိုက်တဲ့ ပုံဖြစ်ပေမယ့်လည်း သူ့လုပ်ရပ်တွေမှာ အမြဲ ကျိုးကြောင်းဆီလျော်လှသည်။
သူဟာ အဘိုးကြီးလော့နှင့် သူ့မိဘတွေ အကူအညီမပါဘဲနဲ့တောင် ပုံမှန်လည်ပတ်နိုင်သည့် အင်တာနက်ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သေးသည်။
နေရာတိုင်းတွင် ထူးချွန်နေသူများဟာ သွားလေရာ၌ လူတွေ၏ နှလုံးသားနှင့် စိတ်ကို အလွယ်တကူ အနိုက်ရနိုင်၏။ သူတို့အား"ဒဏ္ဍာရီလာ" ဖြစ်တည်မှုလို့တောင် သတ်မှတ်လို့ရနိုင်သည်။
ရှီယွင်နန်မှာ လော့လင်းရှန်း၏ အသွင်အပြင်ကို မြင်ယောင်ကြည့်နေမိပြီး တရုတ်နိုင်ငံကို ခဏခဏ ပြန်မလာမိသည့်အတွက် နောင်တရနေမိသည်။
မဟုတ်ရင် တချို့ဧည့်ခံပွဲတွေမှာ သူ လော့လင်းရှန်းနှင့် မိတ်ဆွေဖွဲ့မိမှာပင်။
ယွမ်မုန်က အစားအသောက်တွေနဲ့ ပြန်ရောက်လာ၏။ ရှီယွင်နန်က ဗိုက်ဆာသက်သာရန် oak milkဘူးကို ဖွင့်ကာ သောက်ချလိုက်သည်။
"နောက်တော့ကော?"
"တစ်ချိန်က ကောင်းကင်သားတော်လို့တောင် ခေါ်ထိုက်ရတဲ့သူက အခု ဝီးချဲလ်ကို အားကိုးနေရတယ်လေ။ သူလော့မိသားစုခေါင်းဆောင်နေရာမှာ ထိုင်နေပေမယ့်လည်း လူတွေသူနောက်ကွယ်မှာ သွားပုပ်လေလွင့်ပြောတာတွေကိုတော့ တားနိုင်မှာ မဟုတ်ဘူး။ ပထမနှစ်နှစ်အတွင်းမှာဆို၊သူ့ကို ဆန့်ကျင်ကြံစည်တဲ့သူတွေ မနည်းဘူး..."
တဖြည်းဖြည်းနှင့် လော့လင်းရှန်းဟာ ရက်စက်ပြီးခံစားချက်ကင်းမဲ့နေသည့် လော့မိသားစု ခေါင်းဆောင်ဖြစ်လာတော့သည်။
ရှီယွင်နန်က oatmeal ကိုဝါးလိုက်ကာ
"တကယ်လား? ကျွန်တော်ကတော့ ဘာလို့အဲ့လိုမထင်တာပါလိမ့်?"
ချင်ကျန်းနှင့် ယွမ်မုန်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကြသည်။
ဒါကို ဘယ်လိုခေါ်တာပါလိမ့်?
အမြဲတမ်း မျက်နှာသာပေးခံရတဲ့သူတွေကတော့ မကြောက်တတ်ကြဘူးလေ။
"ခေါင်းဆောင်က မင်းရှေ့မှာဆို တစ်မျိုး တခြားလူတွေရှေ့မှာဆို အခြားစိတ်တမျိုးလေ။"
ရှားရှားပါးပါး ယွမ်မုန်ကပါ ဝင်ထောက်ခံလာသည်။ "မစ္စတာရှီမင်းကသူ့အတွက် အရမ်းအရေးပါတယ်။"
ရှီယွင်နန်မှာ ဒီလူယုံတော်နှစ်ယောက်ဆီကနေ မြှောက်ပင့်စကားလေးကြားလိုက်ရတာကြောင့် သူ့မြေခွေးအမြှီးလေး လှုပ်ယမ်းနေပေမယ့်လည်း မျက်နှာထားမှာတော့ အေးဆေးတည်ငြိမ်နေဆဲပင်။
စောင့်နေလိုက်။
နောက်မှ ကျွန်တော် လော့လင်းရှန်းကို ခင်ဗျားတို့အတွက် လစာတိုးပေးဖို့ တောင်းဆိုပေးမယ်!
သူတွေးနေရင်း ခွဲစိတ်ခန်းတံခါးက ပြန်ပွင့်လာပြီး ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည့် လော့လင်းရှန်းအား ဆေးရုံဝန်ထမ်းများက တွန်းလာပေးသည်။
ရှီယွင်နန် အမြန်လျှောက်သွားလိုက်၏။ လော့လင်းရှန်း၏ ဖြူဖျော့နေသည့် ပါးလေးကိုထိတွေ့ရင်း သူမျက်ခုံးများမှာ စိုးရိမ်ပူပန်စိတ်ကြောင့် ထပ်မျက်မှောင်ကြုတ်မိလိုက်သည်။
"...လော့လင်းရှန်း"
ရှီယွင်နန် သူ့အနားသို့တိုးကာ အသံတိုးတိုးလေးဖြင့် ခေါ်လိုက်သည်။
ဘေးနားမှ သူနာပြုကပြောလာသည်။ "သိပ်မကပ်ပါနဲ့၊ လူနာကမေ့ဆေးမပျယ်သေးတော့ သူမကြားနိုင်သေးဘူး..."
သူစကားမဆုံးခင်မှာပဲ လော့လင်းရှန်း၏ မျက်ခွံလေးမှာ တုန်ယင်သွားပြီး ပွင့်လာ၏။
သူဟာ ငိုက်မျဉ်းနေပြီး လုံးဝအသိစိတ်ပြန်မလည်လာသေးသော်လည်း၊ တုန်ယင်နေသည့် မျက်လုံးလေးကို သေချာအာရုံစိုက်ကာ သူ့မျက်လုံးများက ရှီယွင်နန်မျက်နှာပေါ်မှာသာ ကော်လိုကပ်နေသည်။
"အကြာကြီး စောင့်လိုက်ရလား?" လော့လင်းရှန်း လက်ဖမိုးလေးက ခုတင်ပေါ်မှာ တင်ထားတဲ့ ရှီယွင်နန် လက်လေးပေါ် အုပ်မိုးလာပေး၏။ အထိအတွေ့ကြောင့် စိတ်မှာ အနည်းငယ် အေးမျှသွားသည်။ "အချိန်မှန် စားရဲ့လား?"
ခွဲစိတ်ပြီးတာနဲ့ လူနာက ဘယ်လိုလုပ်ဒီအသေးအဖွဲ့လေးတွေကို ဂရုစိုက်နိုင်ရတာလဲ?
"....."
ရှီယွင်နန် နှစ်စက္ကန့်ကြာ မှင်သက်သွားပြီး သူ့မျက်လုံးလေးတွေ စိုစွတ်သွားသည်။
ဆေးဝန်ထမ်းတွေ သူ့ကိုမတားတာမြင်တော့ သူက လော့လင်းရှန်းနားငုံ့ကိုင်းလိုက်၏။ တချိန်တည်းမှာပင် သူက ငိုချင်နေသလို ရယ်လည်းရယ်ချင်နေမိသည်။
"ကျွန်တော်ဘယ်လိုလုပ် မျိုကျပါ့မလဲ?"
"မိန်းမတွေ ကလေးမွေးနေချိန် အပြင်မှာစောင့်နေရတဲ့ ယောကျ်ားတွေရဲ့ စိတ်ကို အခုမှပဲ နားလည်တော့တယ်"
လော့လင်းရှန်းမှာ ပြုံးလိုက်မိပြီး သူ့လက်ချောင်းလေးများက သူ့ချစ်သူ၏ လက်ချောင်းလေးတွေကို ပွတ်သပ်နေမိသည်။
"မင်း ပေါက်ကရတွေ စပြောပြန်ပြီ"
လော့လင်းရှန်း အတင်းအားမွေးပြီး စကားပြောနေရသည်ကို မြင်တော့ ချက်ချင်းပဲ ရှီယွင်နန် သူ့ကိုတားလိုက်သည်။ "ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်တော့ဘူး။ ခင်ဗျားအဆင်ပြေရင် ရပြီ။ ခင်ဗျား အဝ အနားယူပြီးမှ ဆက်ပြောကြမယ်နော်။"
လော့လင်းရှန်းက တုံ့ပြန်သည့်အနေဖြင့် သူမျက်လုံးများကို ပိတ်ထားလိုက်လေသည်။
တစ်ပတ်အကြာတွင်—
ရုပ်ပိုင်းဆိုင်ရာအခြေအနေများ ပုံမှန်အနေထားသို့ ပြန်လည်အဆင်ပြေနေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် လော့လင်းရှန်းမှာ နဂိုနေသည့်VIP ဆေးရုံအခန်းထဲသို့ ပြန်ရောက်ရှိလာလေပြီ။
ရှီယွင်နန်က ကုတင်အစွန်းနားတွင်ထိုင်ကာ ပန်းသီးခွံလေးကို အမြှောင်းရှည်လေးဖြစ်အောင် ခွါနေ၏။
ရွှေငါးလေးကတော့ ဘေးနားတွင် အံ့ဩတကြီးကြည့်နေပြီး၊ သူ့အသက်ရှုသံလေးက ရှီယွင်နန်ခွါနေသည့် ပန်းသီးအခွံလေး ပျက်သွားမှာ စိုးရိမ်နေကာ အသက်ရှူတောင် အောင့်ထားနေမိသည်။
ကလေးလေး၏ မျက်နှာလေးနီရဲလာတော့ ရှီယွင်နန်က ပန်းသီးအခွံ အမှိုက်ပုံးထဲ ကျသည်အထိ အမြန်ခွါလိုက်လေသည်။
"ဟူးးး"
ရွှေငါးလေးက နှစ်ကြိမ်ဆက်တိုက် အသက်ရှူထုတ်လိုက်ပြီး သူ့လက်ကလေးနီရဲလာသည်အထိ လက်ခုပ်တီးနေတော့သည်။
"ဝိုးးး~ ရှောင်ရှုရှုက အရမ်းတော်တာပဲ!ဒီပန်းသီးက အရမ်းချိုမှာပဲနော်"
ချစ်စရာကောင်းတဲ့ သူ့ပုံစံလေးကို မြင်တော့ ရှီယွက်နန်မှာ သူ့အား မနမ်းဘဲ မနေနိုင်တော့။ ထို့နောက်သူက ခုတင်ပေါ်ရှိ လော့လင်းရှန်းအား အပြုံးလေးနဲ့ ကြည့်လိုက်သည်။
"ရှောင်ကျိလင်းကွေ့(လိမ္မာပါးနပ်တဲ့ တစ္ဆေလေး)၊ မင်းက မင်းရှုရှုရဲ့ ပန်းသီးကို စားချင်နေတာမလား?" ရှီယွင်နန်က ပန်းသီးသေးသေးလေးလှီးပြီး သူ့ကိုကမ်းပေးတော့
ရွှေငါးလေးက ပန်းသီးစိပ်လေးကို ဝမ်းသာအားရယူလိုက်သည်။
"မဟုတ်ပါဘူးနော်"
ရှီယွင်နန်က ဒီဘက်ခုတင်ဘက်ခြမ်းမှာနေရာယူထားကိုတွေတော့ သူက တစ်ဖက်ခုတင်ဘက်ခြမ်းသို့သွားကာ ခုနက ပန်းသီးစိပ်လေးအား လော့လင်းရှန်းပါးစမ်းနားလေးမှာ ခွံ့လာပေးသည်။
"ရှုရှု အာ~"
လော့လင်းရှန်း ပြုံးမိသွား၏။ သူက သူ့တူလေးအား စိတ်မပျက်စေလိုကာ
ပါးစပ်ဟပြီး အရည်ရွှမ်းသည့် ပန်းသီးလေးအား တစ်ကိုက်ကိုက်လိုက်သည်။
"ရှုရှု စားကောင်းလား?"
ရွှေငါးလေးက သူစားနေတာကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ စိုက်ကြည့်နေရင်း တံတွေးမျိုချနေ၏။ သူဟာ တကယ့်ကို အစားပုတ်လေးပင်။
ဒါကိုမြင်တော့ ရှီယွင်နန်က ကျန်တဲ့ပန်းသီးကို နှစ်ပိုင်း စိပ်လိုက်၏။
"ပေါင်ပေ့အတွက်"
လူတိုင်းဝေစုရတာကိုမြင်တော့ ရွှေငါးလေးက ချက်ချင်း သူ့ဆီပြန်ပြေးလာပြီး သူ့ခွေးခြေခုံသေးသေးလေးပေါ်တက်ကာ အားရပါးရ ကိုက်ဝါးတော့သည်။
သိပ်မကြာခင်မှာပဲ ဆရာဝန်နဲ့ နပ်စ်တွေက လော့လင်းရှန်း ခွဲစိတ်ဒဏ်ရာကို စစ်ဆေးပေးရန်နှင့် အဝတ်အစားလဲပေးရန် ရောက်လာကြလေသည်။
ရှီယွင်နန်က လော့လင်းရှန်း ခြေထောက်များကို စိုးရိမ်တကြီး ကြည့်မိလိုက်သည်။
"အခြေအနေ ဘယ်လိုတဲ့လဲ?"
"ပြန်ကောင်းလာနေပုံပါပဲ။" ဒေါက်တာဘန့််က ပြန်ဖြေလာပြီး လော့လင်းရှန်းအား မေးလာသည်။
"မစ္စတာလော့ ဘယ်လိုခံစားရလဲ?"
"ထုံပြီး နာတယ်။"
ရိုးရိုးရှင်းရှင်း စကားလေးတစ်ခွန်းက ခွဲစိတ်မှု အောင်မြင်တယ်ဟု ယူဆနိုင်လေသည်။
အရင်ကလို ဘာခံစားမှုမှမရသည့် အခြေအနေနှင့် ယှဉ်ရင် အခုလက်ရှိ နာကျင်နေသည့် ဝေဒနာမှာ တော်တော်ကြာ ပျောက်ဆုံးနေခဲ့တာပင်။ လော့လင်းရှန်းမှာ ဓားတောင်ကိုကျော်သလို မီးပင်လယ်ကိုလည်း ဖြတ်ခဲ့ရတာကြောင့် ဒီခဏတာဝေဒနာကို ခြွင်းချက်မရှိ ခံနိုင်ရည်ရှိနေသည်။
"ခွဲစိတ်ပြီးနောက်ပိုင်း ပြန်နလန်ထနိုင်မယ့်အစီအစဉ်ကို မင်းခန္ဓာကိုယ်အခြေအနေအရ အချိန်မရွေး ပြောင်းလဲပေးလိမ့်မယ်၊ ဒါမယ့် အဲ့လေ့ကျင့်ခန်းတွေကို ဒဏ်ရာအရှင်းပျောက်မှ စရမယ်။"
ဒေါက်တာဘန့်စ်မှာ ပွင့်လင်းတဲ့သူဖြစ်တာကြောင့် သူ့စကားများသည် အေးတိအေးစက်ဖြစ်သလို ကျိုးကြောင်းဆီလျော်လှသည်။
"မစ္စတာလော့ ဒီခွဲစိတ်မှု အောင်မြင်တာက ပထမခြေလှမ်းပဲရှိသေးတယ်နော်။ 100% ပြန်ကောင်းမယ်မဆိုလိုသေးဘူး။ မင်းရဲ့ စိတ်ကို ဒီတိုင်းလေးပဲ ထိန်းထားရမယ် အရမ်းမမျှော်လင့်နဲ့။"
'ပိုမျှော်လင့်လေလေ၊ ပိုစိတ်ပျက်ရလေလေပဲ။"
လော့လင်းရှန်းခေါင်းညိတ်လိုက်ကာ
"ကျွန်တော် နားလည်ပါတယ်"
ဆေးရုံဝန်ထမ်းတွေက အလုပ်ပြီးသွားသည်နှင့် အားလုံးအခန်းထဲက ထွက်သွားကြသည်။
လော့လင်းရှန်းက ရှီယွင်နန်ကို အရင် အကူအညီတောင်းလာ၏။ "ယွင်နန် ကိုယ်ထိုင်လို့ရအောင် ကူပေး။"
ရှီယွင်နန်က wet tissue နှင့် လက်သုတ်လိုက်ပြီး သူထိုင်လို့ရရန် ဂရုတစိုက် ထိန်းညှိပေးလိုက်သည်။
သူတို့နှစ်ဦးမှာ အလွန်နီးကပ်သွားပြီး အသက်ရှူသံလေးတွေရောယှက်နေလျက် ထူးထူးခြားခြား စိတ်လှုပ်ရှားရန် နှိုးဆွပေးနေသည်။
ဘေးက ရွှေငါးလေးကတော့ လော့လင်းရှန်း ခြေထောက်များကိုသာ တိတ်တဆိတ်ကြည့်နေမိ၏။ သူ့မှတ်ဥာဏ်တွေထဲမှာ လော့လင်းရှန်းက ဘယ်တော့မှ သူတို့လို မတ်တပ်မရပ်သလို လမ်းလည်း မလျှောက်ခဲ့ဘူးလေ။
"ရှုရှု"
ရွှေငါးလေးက သူ့နားသို့တိုးကပ်သွား၏။
ရှီယွင်နန်မှာ အာရုံက သူ့ဆီ ပြန်ရောက်သွားတော့သည်။ "ဘာဖြစ်လို့လဲ?"
ရွှေငါးလေးက သူတို့နားတိုးလာရင်း မျက်ရည်များ ဝဲနေလျက် "ရှုရှု ဘယ်တော့မှ ဆေးရုံက ဆင်းလို့ရမှာလဲ? ခုနတုန်းက...ရှုရှုက သူ့ခြေထောက်နာတယ်တဲ့... ဝူးဝူးဝူး.."
သူဟာကလေးပဲ ရှိသေးသည်မို့ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရသည်မှာ တကယ့်ကို ပြင်းထန်သည့်ကိစ္စဟုထင်နေရှာသည်။
သူအရင်က ဘယ်လိုမှမနေခဲ့ပေမယ့် လော့လင်းရှန်းနဲ့ ဆရာဝန်ဆီမှ နာတယ်ဆိုတဲ့ စကားကို ကြားရသည့်အခါ သူက ဝမ်းနည်နေမိသည်။
ရွှေငါးလေး ရှီယွင်နန်ကို အရမ်းသဘောကျပေမယ့်လည်း၊ လော့လင်းရှန်းကသာ သူငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့သည့် ဆွေမျိုးရင်းချာပေ။
"ကြည့်လေ ခင်ဗျားပြောတော့ ရွှေငါးလေးက ကျွန်တော့ကိုပဲ အမြဲ လိုက်ကပ်နေတာဆို?" ရှီယွင်နန်က ပြောနေရင်း ရွှေငါးလေးကို ချီကာ ခုတင်ဘေးကခုံတွင် ထိုင်လိုက်သည်။ "ခင်ဗျား နာတယ်ပြောတာနဲ့ ဒီကောင်လေးမှာ စိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်ပါ ကျနေပြီ။"
ဒါကိုကြားတော့ လော့လင်းရှန်းမှာ ဝမ်းသာကျေနပ်သွားသလို၊ တစ်ချိန်တည်းမှာပင် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ထိုအချိန်တုန်းက လော့မိသားစု ဘေးအန္တရာယ်ကြုံခဲ့ရပြီး လော့လင်းရှန်းနှင့် နို့စို့အရွယ်လေး လော့ကျင်းယွီသာ ကျန်ခဲ့ကြသည်။
အချိန်တိုင်း လော့လင်းရှန်းဟာ ဦးလေးလို့ပြောနေခဲ့ပေမယ့် ဖခင်နှလုံးသားဖြင့် သူ့အား ပျိုးထောင်ခဲ့လေသည်။ အခု သူနှင့်ရှီယွင်နန် လက်ထပ်ထားပြီဖြစ်၍ သူတို့မှာ သားသမီးရင်းချာ ရှိလာမည်မဟုတ်။
လိင်တူလက်ထပ်ခြင်းက တရားဝင်ဖြစ်သည်မို့ သူတို့နှစ်ဦး မိဘမဲ့ဂေဟာကနေ ကလေးမွေးစားလို့ရသော်လည်း လော့လင်းရှန်းမှာ နဂိုကတည်းက ဒီလိုအစီအစဉ်မျိုး ရှိမနေခဲ့။
ရွှေငါးလေးဟာ အမြဲလိမ္မာပြီး စဉ်းစားတွေးခေါ်တတ်သလို တခါတလေ ပါးနပ်တတ်သေးသည်။
သို့သော် သူ့ဦးလေးဖြစ်သည့် လော့လင်းရှန်းကတော့ ရွှေငါးလေးဟာ သူ့နဲ့အသက်တူကလေးတွေထက် ပိုစိတ်ထိခိုက်လွယ်တတ်မှန်း၊ အသေးအဖွဲ့လေးကအစ သူ့ကို အကြာကြီး စိတ်ပူစေနိုင်မှန်း သိထားလေသည်။
လူကြီးတစ်ယောက်အနေနဲ့ ရွှေငါးလေး အရွယ်ရောက်ကြီးပြင်းလာရန် တတ်နိုင်သမျှ စိတ်လုံခြုံမှုပေးရမည်ဖြစ်သည်။
လော့လင်းရှန်းက ရွှေငါးလေးကို သူ့နဲ့နီးကပ်စွာ ဖက်လိုက်ပြီး သူ့တူလေး၏ မျက်ရည်တွေကို သုတ်ပေးလျက် ရှားရှားပါးပါး နူးညံ့ချိုသာသည့် လေသံလေးဖြင့် ပြောလိုက်သည်။ "ကျင်းယွီ၊ ရှုရှု နေကောင်းပါတယ်။ သိပ်မကြာခင် ဆေးရုံက ဆင်းရတော့မှာပါ။"
ရွှေငါးလေးက တရှုံ့ရှုံ့ရှိုက်နေလျက်-
"တကယ်လား?"
ရှီယွင်နန်က သူ့ပါးဖောင်းဖောင်းလေးကို ညှစ်လိုက်ကာ
"တကယ်ပေါ့ ရှောင်ရှုရှု သက်သေခံပေးလို့ရတယ်။"
သူက လော့လင်းရှန်းအားကြည့်ကာ ကလေးရှေ့မှာပင် ပြတ်ပြတ်သားသား ကတိပေးလိုက်သည်။ "ဒီတစ်ခေါက် ဆေးရုံက ဆင်းရင် မင်းရဲ့ရှုရှုက ပေါင်ပေ့ မြင်းကြီးကြီးစီးလို့ရအောင် ခေါ်သွားပေးမယ်တဲ့။"
မြင်းအကြီးကြီးစီးမယ်?
"ဘယ်လို?"
"ရှောင်ရှုရှု သားက အခု မြင်းပုလေးပဲ စီးလို့ရသေးတာလေ။"
လော့လင်းရှန်းကော ရွှေငါးလေးကောက မတုံ့ပြန်လာကြ။
ရှီယွင်နန်မှာ အကြီးလေးနှင့် အသေးလေး၏ မျက်လုံးလေးတွေကို တွေ့သည့်အခါ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။
ဒီတူဝရီးနှစ်ယောက်ကတော့ ငယ်ငယ်လေးကတည်းက ပိုက်ဆံအရမ်းသုံးရတဲ့ တကယ့်မြင်းကြီးစီးတာနဲ့ သေနတ်ပစ်တဲ့ ကစားနည်းတွေပဲသိကြတာလား? တချို့ကလေးတွေအတွက်တော့ မြင်းကြီးစီးတယ်ဆိုတာ သူတို့ အဖေ၊ အဘိုး ပုခုံးပေါ် ထိုင်ပြီး လမ်းလျှောက်ရတာကိုပြောတာလေ။
အဲ့တုန်းက ရှီရှန်းတစ်ယောက် လူယုတ်မာဖြစ်ခဲ့ပေမယ့်၊ ရှီယွင်နန်ကတော့ သူ့ကလေးဘဝအမှတ်တရတွေက်ို နှစ်သက်ဆဲပင်။
"ရှောင်ရှုရှု"
ကလေးတွေရဲ့ စိတ်ခံစားချက်အတက်အကျမှာ တကယ့်ကို မြန်လှ၏။ ခဏအကြာမှာပဲ သူ့မျက်ရည်လေးတွေမှာ လုံးဝမရှိတော့။
သူက ရှီယွင်နန် နှင့် လော့လင်းရှန်းကြားထဲမှာ ညှပ်မိနေပြီး လှုပ်လို့မရတာကိုတွေ့တော့ ရွှေငါးလေးက နောက်လေးကို ဆုတ်ကာ မသိမသာ မျက်နှာလေးရဲလာတော့သည်။
"ရှောင်ရှုရှု"
"ဘာဖြစ်လို့လဲ?"
"သား အီးအီး ပါချင်တယ်။" ရွှေငါးလေးက စကားတောင်ထစ်နေရှာသည်။
"....."
လော့လင်းရှန်းနှင့် ရှီယွင်နန်မှာ တစ်ယောက်ကိုတစ်ယောက် ငြိမ်သက်စွာ ကြည့်လိုက်မိရင်း ရယ်မောလိုက်ကြ၏။
"ကိုယ်ဘာသာကိုယ် အိမ်သာထဲသွားပြီး ဖင်ကို ပြောင်အောင် သုတ်ခဲ့နော်။" ရှီယွင်နန်က ရွှေငါးလေးကို အောက်ချပေးရင်း ပြောလိုက်သည်။
ရှုရှုနှစ်ယောက် သူ့ကို ရယ်နေတော့၊ ရွှေငါးလေးမှာ ပါးကနေ လည်ပင်းအထိ နီရဲသွားပြီး "—အားး!" ဆိုတဲ့ အသံလေးနဲ့အတူ အိမ်သာထဲသို့ ဝင်ပြေးသွားတော့လေသည်။
ထောင့်နားက ရေချိုးခန်းတံခါးလေးမှာ ပိတ်သွား၏။
ရှီယွင်နန်က လော့လင်းရှန်းနဲ့ ပိုနီးသွားအောင် သူ့ခုံလေးကို ရှေ့သို့ဆွဲလိုက်သည်။ "ခင်ဗျားခြေထောက်တွေကို တကယ်ခံစားမိတာလား? နာလား?"
လော့လင်းရှန်းက သူ့ကို မဖုံးကွယ်ထားပေ။ "ကံကောင်းလို့ မေ့ဆေးပျယ်တာနဲ့ နာနေတာ။"
အစကတော့ ထုံကျင်နေပြီ၊ နောက်ပိုင်းမှာတော့ ထုံကျင်နေတာကနေ ကိုက်ခဲလာသည်။ အခုတော့ ဝေဒနာကို သိသိသာသာ ခံစားနိုင်နေလေပြီ။
ရှီယွင်နန် သက်ပြင်းချကာ
"အဲ့ဒါ ကောင်းတာလား?"
"ဟုတ်တာပေါ့။"
ရှီယွင်နန်က သူ့ခြေထောက်ကို တဖန်ထပ်ကြည့်လိုက်မိသည်။ "သည်းမခံနိုင်လောက်တဲ့ထိ နာနေရင်တော့ ဆရာဝန်ကို ဆေးထိုးခိုင်းလိုက်ရအောင်နော်?"
"ရပါတယ် ဒါလေးက ကိုယ့်အတွက် မပြောပလောက်ပါဘူး။ ဆေးထိုးလိုက်လို့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်သွားစေချင်ဘူး။"
နှစ်ပေါင်းများစွာ တင်းမာနေခဲ့သည့် လော့လင်းရှန်း၏ နှလုံးသားကြိုးလေးတွေမှာ နောက်ဆုံးတော့ ပြေလျော့သွားလေပြီ။ "မနာတာ ကြာပြီ။ ခံစားလို့ကောင်းတယ်။"
ရှီယွင်နန်က ပြုံးလိုက်ကာ၊ သူ့ချစ်သူရဲ့ ရည်ရွယ်ချက်ကို ပြန်မချေပတော့ပေ။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ငြိမ်သက်စွာ ကြည့်နေကြ၏။
ရုတ်တရက် ရှီယွင်နန်တစ်ခုခုကို တွေးမိသွားကာ သူက မေးလိုက်သည်။ "ခင်ဗျား တကယ် အကိုက်အခဲပျောက်ဆေး မလိုဘူးလား?"
"မလို......"
လော့လင်းရှန်း ငြင်းတော့မယ့် အချိန်မှာပဲ ရှီယွင်နန်၏ မသိမသာ အပြုံးလေးကို ဖမ်းမိလိုက်ကာ
သူ့ဘက်သို့ လှည့်လိုက်ပြီး စိတ်ဝင်တစားနဲ့ မေးလိုက်သည်။ "အကိုက်အခဲပျောက်ဖို့အတွက် သောက်ဆေးကော ဆေးထိုးဖို့ကော တကယ်မလိုတာပါ။ ဒေါက်တာရှီဆီမှာ တခြားလှည့်ကွက်လေးတွေများ ရှိနေလား?"
ရေချိုးခန်းတံခါး မပွင့်သေးတာကို တွေ့တော့၊ ရှီယွင်နန်က ကလေးရှေ့မှာ သုံးတဲ့ လေးနက်သည့် မျက်နှာထားကို ဖယ်ထုတ်လိုက်ပြီး—
သူက ကုတင်အစွန်းတွင် လက်နှစ်ဖက်ကို ထောက်လိုက်ကာ သူတို့နှစ်ဦးကြားက အကွာအဝေးကို နီးကပ်စေလိုက်၏။
ရှီယွင်နန်က စိတ်ကိုဆွတဲ့အနေနဲ့ လော့လင်းရှန်း နှာဖျားလေးကို ပွတ်သပ်လိုက်သည်။ "မစ္စတာလော့၊ ကျွန်တော် ခင်ဗျားကို အကိုက်အခဲပျောက်အနမ်းကုထုံးလေး အခမဲ့အစမ်းပေးရင်ကော? ခင်ဗျားဘယ်လိုသဘောရ...အမ်."
ကျန်သည့် စကားသံလေးမှာ လော့လင်းရှန်း၏ တက်ကြွနေသည့် အနမ်းလေးဘက်သို့ ကျဆင်းသွားလေသည်။
သူတို့နှစ်ယောက်ရဲ့ အသက်ရှုသံတွေ ရောယှက်သွားချိန်မှာတော့ ခွဲစိတ်မှုကြောင့် မျိုသိပ်ထားရသည့် ဆန္ဒတွေဟာ ပေါက်ထွက်လာတော့သည်။
လော့လင်းရှန်းက ရှီယွင်နန် ခေါင်းလေးကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုက်ထားပြီး သူ့ချစ်သူအား အနမ်းမှ လွတ်မြောက်ခွင့်မပေးပေ။
သွက်လက်ကျွမ်းကျင်စွာ လှုပ်ရှားနေသည့် လျှာဖဖျားလေးဟာ နှုတ်ခမ်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး၊ ဝင်ရောက်လို့ရသည့် နေရာမှန်သမျှကို လျှက်လိုက် စုပ်လိုက်လုပ်နေသည်။
အထိအတွေ့နောက်တွင်၊ ပူလောင်ခြင်းနှင့် ရောနှောနေသည့် အသက်ရှူသံတွေဟာ လိုက်ပါလာပြီး မသဲမကွဲ ညည်းတွားသံတွေဟာ သူတို့နားထဲတွင် ပဲ့တင်ထပ်လာသည်။
ကုတင်စွန်းတွင် ထောက်ထားသည့် ရှီယွင်နန်လက်လေးတွေဟာ အနမ်းကြောင့် သိသိသာသာ အားလျော့သွားပြီး၊ လော့လင်းရှန်း ရင်ခွင်ထဲသို့ လဲကျလာလေသည်။
သူနောက်သို့ ဆုတ်ရန် ခေါင်းမော့လိုက်၏။ ရှုပ်ထွေးနေသည့် သူ့မျက်လုံးလေးထဲတွင် ဆင်ခြေတုံတရား အမျှင်တန်းလေးနှင့် ထိန်းချုပ်ချင်သည့်စိတ်လေးက ကျန်ရှိနေလျက်-
"နေအုံး......ခင်ဗျားခြေထောက်......"
"ရပါတယ်၊ အဲ့ထိ မမှီပါဘူး"
လော့လင်းရှန်းက ရှီယွင်နန်၏ စိုစွတ်နေသော နှုတ်ခမ်းလေးကို ထပ်ခါထပ်ခါ ပွတ်သပ်နေရင်း ရှီယွင်နန် တုံ့ပြန်လာဖို့ သူကကြင်နာစွာ အချိန်ပေးလာသည်။ "ဒေါက်တာရှီ၊ မင်းရဲ့ အနမ်းကုထုံးက အခုစနေပြီနော်။"
လော့လင်းရှန်း၏ ရာဂစွန်းထင်းနေသည့် အသံတိုးတိုးလေးမှာ ဆွဲဆောင်မှုရှိလှပြီး ရှီယွင်နန်၏ ပါးပြင်လေးကို ပူနွေးသွားစေတော့သည်။ "ရေချိုးခန်းထဲမှာ ရွှေငါးလေး ရှိနေတုန်းပဲ"
"သူ မမြင်သင့်တာတွေကို ကိုယ်မြင်ခွင့်မပေးပါဘူး။"
လော့လင်းရှန်းက ပြန်ပြောလာပြီးနောက် နှုတ်ခမ်းနွေးနွေးလေးကို တဖန်နမ်းရှိုက်လာပြန်သည်။
ရှီယွင်နန်မှာ ရွှေငါးလေး မိသွားမှာကို စိုးရိမ်သော်လည်း၊ သူ့ချစ်သူဆီကနေ ထိန်းမရသိမ်းမရ လှုံ့ဆော်ခံနေရ၏။
"အမ်..."
သူတို့နှစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကို လျစ်လျူရှုထားလို့ မရတော့တဲ့အထိ အကြာကြီး နမ်းနေမိကြသည်။ လော့လင်းရှန်းက ထိန်းမနိုင်သိမ်းမရ အနမ်းရေဝဲထဲကနေ ရှီယွင်နန်အား ပြန်ဆွဲထုတ်လိုက်၏။
သူက သူ့လက်များအား သူ့ချစ်သူခါးပေါ်တွင် ရစ်ပတ်ထားလျက်၊ အကဲဖြတ်စကားလေးမပြောခင် အသက်ဝဝရှူလိုက်သည်။ "ဒေါက်တာရှီရဲ့ အနမ်းကုထုံးက အရမ်းကောင်းတာပဲ။ နောက်လည်း ကျွန်တော်ခင်ဗျားကို လာရှာမယ်နော်"
ရှီယွင်နန်မှာ သူ့ကိုယ့်သူ တွင်းနက်ကြီး တူးမိလိုက်မှန်း ရုတ်တရက် ခံစားလိုက်မိသည်။ သူဟာ အနမ်းကြောင့် အပြည့်အဝ ပြန်မသက်သာသေးသော်လည်း အရှုံးတော့ မပေးချင်နေပေ။ "ခင်ဗျား ခြေထောက်တွေ ပြန်ကောင်းသွားရင် ဒီလိုနာကျင်တာသက်သာတဲ့ကုထုံးမျိုး ရတော့မှာ မဟုတ်ဘူး။"
လော့လင်းရှန်းက ရယ်လိုက်ပြီး သူ့နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။
"ကိုယ့်ခြေထောက်တွေကောင်းသွားရင် ကိုယ်တို့ ဒီထက်အများကြီး ပိုလုပ်ရမယ်။"
"....."
ရှီယွင်နန်မှာ အရင်ကလို မြန်မြန် ပြန်မတုံ့ပြန်နိုင်ဖြစ်သွား၏။
သူ့မှာ လော့လင်းရှန်း ခါးက ခွန်အားကြောင့် သူ့ခါးနဲ့ ဝမ်းဗိုက်နား နာကျင်နေခဲ့ရတယ်လေ။ သူ့ခန္ဓာကိုယ်က နေရာတချို့မှာလည်း နေမထိုင်ထိုင်မသာ ဖြစ်ခဲ့ရသေးတယ်။
နှစ်ယောက်သား အနမ်း၏ နွေးထွေးမှုမှာ အလွန်အကြူးနစ်ဝင်နေတာကြောင့် ရေချိုးခန်းထဲရှိ သူတို့၏ တူလေးကို မေ့နေကြသည်။
ထိုအချိန်တွင် ကိစ္စရှင်းပြီး သေချာသန့်စင်ပြီးတဲ့ ရွှေငါးလေးတစ်ကောင်ကတော့ ရေချိုးခန်းတံခါးနားလေးမှာ မှီနေပြီး နားလေးစွင့်ကာ အပြင်ကအသံလေးတွေကို နားထောင်ရင်း သူ့မျက်နှာလေးမှာ အရင်ကထက် ပိုယောက်ယက်ခတ်နေတော့သည်။
ရှုရှုနဲ့ ရှောင်ရှုရှု နမ်းနေကြပြန်ပြီလား?
သူအခုထွက်သွားလို့ ရှောင်ရှုရှုရှက်သွားပြန်ရင် ဘယ်လိုလုပ်မလဲ?
ဟေး ဒါက တကယ်ခက်တာပဲ!
...
ရွှေငါးလေးတစ်ယောက် ရေချိုးခန်းထဲတွင် နောက်ဆယ်မိနစ်လောက် ထပ်နေလိုက်ရ၏။
တော်တော်ကြာတော့မှ ရှီယွင်နန်မှာ အလန့်တကြား တံခါးခေါက်လိုက်ပြီး သူ့ကို ခေါ်ထုတ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဆေးရုံမှ ပြင်ဆင်ပေးထားသည့် အာဟာရရှိတဲ့အစားအစာများနှင့် ညစာဟာ တချိန်တည်းမှာပင် လာပို့၏။
ညနေမှောင်စပြုလာပြီမို့ နေဝင်ချိန်အပူဟာ ပြတင်းပေါက်များကြားကနေ စူးရှထိုးဖောက်နေသည်။
ရှီယွင်နန် ထိုလှပသည့် မြင်ကွင်းလေးကို ဓာတ်ပုံရိုက်ထားရန် သူ့ဖုန်းကို လိုက်ရှာလိုက်စဉ် ဖုန်းမှာ အားကုန်နေလေပြီ။
"စားနှင့်နော် ကျွန်တော် ဖုန်းအား သွားသွင်းလိုက်အုံးမယ်"
ရှီယွင်နန် သူထိုင်နေရာမှထကာ တစ်ဖက်က လျှပ်စစ်ပလပ်ပေါက်နားသို့ လျှောက်သွားလိုက်သည်။
အားသွင်းလိုက်သည့်ဖုန်းမှာ စက်ပြန်ပွင့်လာလေသည်။ ရှီယွင်နန် အလုပ်ကိစ္စကို သတိရသွားပြီး စစ်ဆေးရန် WeChat ထဲသို့ ဝင်ကြည့်လိုက်သည်။
အနည်းငယ်ဟမ်းနေပြီးနောက် မမျှော်လင့်ဘဲ၊ WeChat တွင် Pinထောက်ထားသည့် ဝမ်ရိပေဆီကနေ မက်ဆေ့ချ်များစွာ စီတန်းဝင်လာသည်။
အသံမက်ဆေ့ချ်များနှင့် missed callများပါ ရှိနေ၏။
နောက်ဆုံးအဝင်ကောမှာ လွန်ခဲ့တဲ့ ခြောက်မိနစ်ကပင်။
ရှီယွင်နန် တရုတ်စံတော်ချိန်အဖြစ် ပြောင်းကြည့်လိုက်သည့်အခါ တစ်ခုခုဖြစ်နေမှန်း ရှင်းရှင်းလင်းလင်းသဘောပေါက်သွားပြီး၊ ဝမ်ရိပေဆီ ဖုန်းပြန်ခေါ်ဆိုလိုက်သည်။
သုံးစက္ကန့်တောင်မကြာခင်မှာပဲ ဝမ်ရိပေက ဖုန်းကိုင်လာလေသည်။
"ဟယ်လို ယွင်နန်?"
ရှီယွင်နန်က ဝမ်ရိပေရဲ့ အရေးတကြီးအခြေအနေကို ကြားကာ တည့်တိုးပဲမေးလိုက်သည်။
"ကော၊ ဘာတွေဖြစ်နေလို့လဲ?"
သူ့ညီလေးအသံကြားသည့်အခါ အမြဲတမ်းနွေးထွေးချိုသာနေသည့် ဝမ်ရိပေ၏ လေသံမှာ ရုတ်တရက် လေးနက်သွားပြီး ပူပင်သောကရောက်နေသည်။
"ယွင်နန်၊ ဝမ်မိသားစုမှာ ကိစ္စတစ်ခုဖြစ်သွားတယ်။"
(အပိုင်းတွေက အရမ်းရှည်တာပဲ။ Etrans ကနှစ်ပိုင်းခွဲပေမယ့် ရိုရို တစ်ပိုင်းလုံး တင်ပေးလိုက်ပြီနော်။ ဟီး spoilerကို cmt မှာ ရေးထားတယ်)
Zawgyi
ႏွစ္ရက္အၾကာတြင္ ေလာ့လင္းရွန္း၏ ခြဲစိတ္မႈကို စီစဥ္ထားသည့္ ေန႔အတိုင္း ခြဲစိတ္ခဲ့သည္။
ရွီယြင္နန္ကေတာ့ ခြဲစိတ္ခန္းအျပင္ဘက္တြင္ ေစာင့္ဆိုင္းေန၏။ ပထမဆုံးအႀကိမ္အေနနဲ႔ သူ႔ႏွလုံးသားေလး သူ႔လည္ေခ်ာင္းထဲတြင္ တစ္ဆို႔ေနသလို ခံစားေနရသည္။
အခ်ိန္ေတြက တစ္မိနစ္ၿပီးတစ္မိနစ္ ကုန္ဆုံးေန၏။
ရွီယြင္နန္၏ မ်က္လုံးမ်ားက တင္တင္းပိတ္ထားသည့္ ခြဲစိတ္ခန္း တံခါးကိုသာ ၾကည့္ေနမိသည္။ သူ႔ကိုယ္ဟန္အေနထားမွာ ခြဲစိတ္သည့္ အစကေန အခုထိ လုံးမေ႐ြ႕ေသးေပ။ အခ်ိန္အနည္းငယ္ၾကာသည့္အခါ၊ သူ႔မ်က္လုံးမ်ား က်ိန္းစပ္လာၿပီး နီရဲလာေတာ့ေလသည္။
ခ်င္က်န္းက အခ်ိန္ကို တခ်က္ၾကည့္ကာ သူ႔နားသို႔ ေလွ်ာက္လာသည္။ "မစၥတာရွီ၊ တစ္ခုခုအရင္ စားထားခ်င္လား?"
ရွီယြင္နန္ ေခါင္းခါျပလိုက္သည္။
တကယ့္ကို ေနမထိထိုင္မသာ ျဖစ္ေနသည့္အေျခအေနမွာ သူ႔ခႏၶာကိုယ္က ေတာင့္ေတာင့္ႀကီး ပိုျဖစ္လာ၏။
ေဘးမွာရပ္ေနသည့္ ခ်င္က်န္းႏွင့္ ယြမ္မုန္မွာ တစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္ၾကၿပီး သူ႔အားေျဖာင္းဖ်ဖို႔ သူတို႔ ေဘာ့စ္ကိုသာ အသုံးခ်လိုက္ၾကရသည္။ "ေဘာ့စ္ကေျပာတယ္၊ ခြဲစိတ္တာက ထင္ထားတာထက္ ၾကာေနရင္ မင္းအခ်ိန္မွန္မွန္စားဖို႔ကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ေပးရမယ္တဲ့။"
ထိုစကားၾကားသည့္အခါ ရွီယြင္နန္က မသိမသာ တုံ႔ျပန္လာ၏။ မ်က္ေမွာင္ၾကဳတ္ထားရျခင္းေၾကာင့္ နာက်င္ေနသည့္ သူ႔နားထင္မ်ားကို ပြတ္ကာ သူက သက္ျပင္းခ်လိုက္သည္။ " ေသာက္စရာ တစ္ခုခုသာ ဝယ္ေပးပါ။ ကြၽန္ေတာ္ တကယ္စားမဝင္လို႔။"
"ေကာင္းပါၿပီ"
ေျပာၿပီးသည္ႏွင့္၊ ခြဲစိတ္ခန္းတံခါးပြင့္လာကာ ခြဲစိတ္တာဝန္ခံ ေဒါက္တာဘန႔္စ္က ထြက္လာသည္။
ရွီယြင္နန္ ျဖည္းျဖည္းခ်င္း လွည့္ၾကည့္လိုက္ၿပီး၊ သူထလိုက္သည့္အခါ အၾကာႀကီး ထုံက်င္ေနသည့္ သူ႔ေျခေထာက္မ်ားေၾကာင့္ သူလဲက်မလိုျဖစ္သြား၏။ အေနာက္မွာ ရပ္ေနသည့္ ခ်င္က်န္းက အျမန္တုံ႔ျပန္ကာ ထိန္းလိုက္ေသာေၾကာင့္ သူအျမန္ပဲ ျပန္တည္ၿငိမ္သြားေတာ့သည္။
ေဒါက္တာဘန္႔စ္က ရွီယြင္နန္ကို သိတာေၾကာင့္ သူက အရင္ ေရွ႕သို႔လွမ္းလာကာ—
"မစၥတာရွီ၊ ကြၽန္ေတာ္အခုေလးတင္ အထဲကလူနာကို ကုထားရတာပါ။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့ကို လူနာထပ္မေပးပါနဲ႔ဗ်ာ။"
သူရဲ႕ စိတ္ေအးလက္ေအး ေလသံကိုၾကားေတာ့ ရွီယြင္နန္ ေမွ်ာ္လင့္တႀကီး ေမးလိုက္သည္။ "ေဒါက္တာဘန္႔စ္ သူ...သူ ဘယ္လိုေနေသးလဲ?"
"ခြဲစိတ္မႈမတိုင္ခင္က ေမွ်ာ္လင့္ထားသလိုပါပဲ။ ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးသြားတယ္။"
ေဒါက္တာဘန္႔စ္က အမွန္အတိုင္းေျပာလိုက္၏။ သို႔ေသာ္ အရမ္းႀကီးအာမခံသည့္စကားမ်ိဳးေတာ့မေျပာပါ။ "ခြဲစိတ္ၿပီးေနာက္ပိုင္း ျပန္ေကာင္းလာဖို႔အတြက္ကေတာ့ လူနာရဲ႕ ခႏၶာကိုယ္ ႀကံ့ခိုင္တဲ့အေပၚမွာပဲ မူတည္တာပါ။"
သူဟာ ေဆးပညာနယ္ပယ္ကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့ၿပီး၊ မေရမတြက္ႏိုင္သည့္လူနာမ်ားကို ျမင္ေတြ႕ခဲ့ရ၏။ ထို႔ေၾကာင့္ ရလဒ္တစ္ခုတည္းကိုသာ တသတ္မတ္တည္း ေကာက္ခ်က္ခ်လို႔မရေပ။
"ကြၽန္ေတာ္ ေျပာႏိုင္တာတစ္ခုကေတာ့ ေဒါက္တာမီရွဲလ္ေကာ ကြၽန္ေတာ္တို႔အဖြဲ႕ေကာ အေကာင္ဆုံး ေဆာင္႐ြက္ေပးခဲ့ပါတယ္။" ေဒါက္တာဘန႔္စ္က သူနာျပဳဆရာမေပးလာသည့္ ေဆးစာအုပ္ကို ယူကာ လက္မွတ္ထိုးလိုက္သည္။
ေနာက္ဆုံးေတာ့ ရွီယြင္နန္၏ ႏွလုံးသားေလးမွာ တည္ၿငိမ္သြားေတာ့ေလသည္။ "ဒါဆို သူဘယ္ေတာ့ေလာက္ ထြက္လာမွာလဲ?"
"ခဏေလးေစာင့္ေပးပါ ဆယ့္ငါးမိနစ္ေလာက္ပါပဲ။" ေဒါက္တာဘန္႔စ္က အၾကမ္းဖ်င္း ခန႔္မွန္းလိုက္ၿပီး ေခါင္းညိတ္ျပကာ ေဘးက ေဆးကုသသည့္အခန္းထဲသို႔ ဝင္သြားေတာ့သည္။
ရွီယြင္နန္၏ တင္းမာေနသည့္ အာ႐ုံေၾကာမ်ားမွာ လုံးဝေျပေလ်ာ့သြား၏။ သူ႐ုတ္တရက္ မိုက္ခနဲျဖစ္သြားၿပီး ေနာက္ျပန္လွန္ၾကေတာ့မည့္အခ်ိန္—
ယြမ္မုန္နဲ႔ ခ်င္က်န္းက တၿပိဳင္နက္တည္း တုံ႔ျပန္လိုက္ကာ သူ႔အား ဖမ္းကိုင္လိုက္ၾကသည္။
ရွီယြင္နန္လည္း ႏွစ္စကၠန႔္ သုံးစကၠန႔္ေလာက္ ေခါင္းထဲတြင္ အျမင္မရွင္းျဖစ္ေန၏။ သူ႔ေျခေထာက္ ေသခ်ာ ျပန္ခိုင္သြားေတာ့မွ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္မိသည္။ "ခြဲစိတ္ခန္းအျပင္ဘက္မွာ ခဏေလးေစာင့္ေနရတာက တစ္ညလုံးဒီဇိုင္းဆြဲတာထက္ေတာင္ ပိုပင္ပန္းမွန္း အခုမွပဲ နားလည္ေတာ့တယ္။"
အရင္တုန္းက သူ ဘယ္ေလာက္ပဲ အလုပ္ႀကိဳးစားလုပ္ခဲ့လုပ္ခဲ့၊ သူ႔မ်က္လုံးမ်ား ဆိုး႐ြားစြာေဝဝါးလာတယ္လို႔ တခါမွ မခံစားခဲ့ရ။
ယြမ္မုန္က ခ်င္က်န္းကို တခ်က္ၾကည့္ကာ ေျပာလာသည္။ "ငါ မစၥတာရွီအတြက္ စားစရာသြားဝယ္လိုက္အုံးမယ္။ မင္းဒီမွာ ေစာင့္ေနခဲ့လိုက္။"
ခ်င္က်န္း ေခါင္းညိတ္ျပလိုက္သည္။
ရွီယြင္နန္က သူ႔အေျခအေန တည္ၿငိမ္သြားရန္ ခုံေပၚမွာ ျပန္မွီထိုင္လိုက္၏။
"ခ်င္က်န္း"
"ဟုတ္ကဲ့?"
"မင္းေလာ့လင္ရွန္းနဲ႔ အလုပ္တြဲလုပ္တာ ဘယ္ေလာက္ၾကာၿပီလဲ?"
ေနာက္ဆုံးေတာ့ သူ႔ႏွလုံးသားေလး ျပန္တည္ၿငိမ္သြားၿပီး သူက ခဏေလာက္ စကားေျပာခ်င္ေနသည့္ စိတ္ျဖစ္ေပၚလာသည္။
ခ်င္က်န္း : "မေတာ္တဆမျဖစ္ခင္တုန္းကေတာ့ ကြၽန္ေတာ္က ကုမၸဏီမွာ လက္ေထာက္ traineeပဲရွိေသးတာ။"
လက္ေထာက္ဌာနမွ ေခါင္းေဆာင္အႀကီးအကဲမွာ ေလာ့မိသားစုၿပိဳင္ဆိုင္မႈတြင္ ပထမအိမ္ေတာ္သိမ္းသြင္းတာခံလိုက္ရၿပီး သူဟာမဆိုင္းမတြပင္ ေလာ့မိသားစု စတုတၳအိမ္ေတာ္ကို သစၥာေဖာက္ခဲ့သည္။
ေလာ့လင္းရွန္းမွာ ကားမေတာ္တဆျဖစ္မႈမွ ႏိုးလာၿပီးဆယ္ရက္မျပည့္ခင္မွာပဲ ပူေဆြးေသာကစိတ္ႏွင့္ ဒဏ္ရာရေနတာကေန သူ႔ကိုယ္သူအတင္းအၾကပ္ႏွစ္ဆ ျပန္အားေမြးခဲ့ရ၏။ ခ်င္က်န္းကိုလည္း အေထြေထြလက္ေထာက္ရာထူးအား ယာယီတိုးေပးခဲ့သည္။
"ယာယီရာထူးတိုးတာလား? ဒါဆို မင္းဘာလို႔ ေနဖို႔ ေ႐ြးခ်ယ္ခဲ့တာလဲ?"
သူသိထားတဲ့အတိုင္းဆို ေလာ့မိသားစု စတုတၳအိမ္ေတာ္က ရႈံးလုနီးပါးျဖစ္ခဲ့တယ္ေလ။ ဆန႔္က်င္ဘက္အေနနဲ႔၊ အဓိကအိမ္ေတာ္ကသာ အက်ပ္ကိုင္ လာဘ္ထိုးၿပီး ေသခ်ာေပါက္ ႏိုင္ေနခဲ့တာ။
ခ်င္က်န္းက နံရံကို မီကာ "ပင္မအိမ္ေတာ္ကလူေတြ ကြၽန္ေတာ့ဆီက သတင္းလာမႏႈိက္တာမ်ိဳး မရွိခဲ့တာေတာ့ မဟုတ္ပါဘူး၊ ဒါေပမယ့္ သူတို႔က အက်ိဳးစီးပြါးတစ္ခုတည္းကိုသာ ၾကည့္ၿပီး မ႐ိုးသားတဲ့ သူေတြဆိုတာ ကြၽန္ေတာ္ သိတယ္ေလ။ တစ္ခုခု မွားသြားရင္ ကြၽန္ေတာ့ကို စြန႔္ပစ္လိုက္ဖို႔ တြန႔္ဆုတ္ေနမွာ မဟုတ္ဘူး။"
"ဒီလိုမ်ိဳးဆို လွည့္ျပန္လို႔ရမယ့္ အေျခအေနမ်ိဳးကိုပဲ ကြၽန္ေတာ္ေ႐ြးမယ္။"
"အဲ့တုန္းက ေခါင္းေဆာင္ ကြၽန္ေတာ့ကို ရာထူးမတိုးေပးခင္ တစ္ခြန္းပဲ ေျပာခဲ့တယ္"
"သူ႔မွာ ဆုံးရႈံးစရာမရွိေတာ့ဘူး အဲ့ေတာ့ သူမႏိုင္ရင္ေတာင္ သူနဲ႔အတူ အားလုံးကို ဆြဲခ်ပစ္မယ္တဲ့။"
ရွီယြင္နန္ ၿပဳံးလိုက္မိသည္။
ဒါဟာ တကယ့္ကို ေလာ့လင္းရွန္း စတိုင္ပဲ။
ေလာ့မိသားစု၏ ယွဥ္ၿပိဳင္မႈမွာ တစ္ႏွစ္နီးပါးၾကာခဲ့၏။ ေလာ့လင္းရွန္းမွာ အေျခအေနကို ျပန္ေကာင္းမြန္စြာ လည္ပတ္ႏိုင္ခဲ့ေပမယ့္ သူေျခေထာက္ျပန္ ေကာင္းဖို႔အတြက္ေတာ့ အခ်ိန္ေႏွာင္းသြားခဲ့ေလၿပီ။
ခ်င္က်န္းက ရွီယြင္နန္ ၾကားခ်င္ေနသည့္ အေၾကာင္းအရာကို သေဘာေပါက္ကာ သူကဆက္ေျပာလိုက္သည္။ "မေတာ္တဆမျဖစ္ခင္ကဆို ေခါင္းေဆာင္က အင္ပါယာၿမိဳ႕ေတာ္ အသိုင္းအဝိုင္းမွာ အေကာင္းဆုံး သခင္ေလးလို႔ေတာင္ ေျပာလို႔ရတယ္။"
သူဟာ ေလာ့မိသားစုစတုတၳအိမ္ေတာ္မွ သခင္ေလးျဖစ္ၿပီး အဘိုးမဆုံးမီ သူအခ်စ္ဆုံးေျမးငယ္ေလးလည္း ျဖစ္သည္။
လူေတြအခု ေလာ့မိသားစုသခင္ေလးလို႔ ေခၚေနတဲ့ ေလာ့ယန္ခြၽမ္းက ေလာ့လင္းရွန္းႏွင့္ ယွဥ္ရင္ ဘာမွမဟုတ္ေပ။
သူဟာ အရပ္ရွည္ၿပီး ၾကည့္ေကာင္းသလို၊ ျမင္းစီးျခင္း၊ ေသနတ္ပစ္ျခင္းစသည့္ အားကစားမ်ားမွာလည္း ကြၽမ္းက်င္လွသည္။ သူ႔ပုံစံဟာ ေအးတိေအးစက္ ဘာကိုမွ ဂ႐ုမစိုက္တဲ့ ပုံျဖစ္ေပမယ့္လည္း သူ႔လုပ္ရပ္ေတြမွာ အၿမဲ က်ိဳးေၾကာင္းဆီေလ်ာ္လွသည္။
သူဟာ အဘိုးႀကီးေလာ့ႏွင့္ သူ႔မိဘေတြ အကူအညီမပါဘဲနဲ႔ေတာင္ ပုံမွန္လည္ပတ္ႏိုင္သည့္ အင္တာနက္ကုမၸဏီကို တည္ေထာင္ႏိုင္ခဲ့ေသးသည္။
ေနရာတိုင္းတြင္ ထူးခြၽန္ေနသူမ်ားဟာ သြားေလရာ၌ လူေတြ၏ ႏွလုံးသားႏွင့္ စိတ္ကို အလြယ္တကူ အႏိုက္ရႏိုင္၏။ သူတို႔အား"ဒ႑ာရီလာ" ျဖစ္တည္မႈလို႔ေတာင္ သတ္မွတ္လို႔ရႏိုင္သည္။
ရွီယြင္နန္မွာ ေလာ့လင္းရွန္း၏ အသြင္အျပင္ကို ျမင္ေယာင္ၾကည့္ေနမိၿပီး တ႐ုတ္ႏိုင္ငံကို ခဏခဏ ျပန္မလာမိသည့္အတြက္ ေနာင္တရေနမိသည္။
မဟုတ္ရင္ တခ်ိဳ႕ဧည့္ခံပြဲေတြမွာ သူ ေလာ့လင္းရွန္းႏွင့္ မိတ္ေဆြဖြဲ႕မိမွာပင္။
ယြမ္မုန္က အစားအေသာက္ေတြနဲ႔ ျပန္ေရာက္လာ၏။ ရွီယြင္နန္က ဗိုက္ဆာသက္သာရန္ oak milkဘူးကို ဖြင့္ကာ ေသာက္ခ်လိုက္သည္။
"ေနာက္ေတာ့ေကာ?"
"တစ္ခ်ိန္က ေကာင္းကင္သားေတာ္လို႔ေတာင္ ေခၚထိုက္ရတဲ့သူက အခု ဝီးခ်ဲလ္ကို အားကိုးေနရတယ္ေလ။ သူေလာ့မိသားစုေခါင္းေဆာင္ေနရာမွာ ထိုင္ေနေပမယ့္လည္း လူေတြသူေနာက္ကြယ္မွာ သြားပုပ္ေလလြင့္ေျပာတာေတြကိုေတာ့ တားႏိုင္မွာ မဟုတ္ဘူး။ ပထမႏွစ္ႏွစ္အတြင္းမွာဆို၊သူ႔ကို ဆန္႔က်င္ႀကံစည္တဲ့သူေတြ မနည္းဘူး..."
တျဖည္းျဖည္းႏွင့္ ေလာ့လင္းရွန္းဟာ ရက္စက္ၿပီးခံစားခ်က္ကင္းမဲ့ေနသည့္ ေလာ့မိသားစု ေခါင္းေဆာင္ျဖစ္လာေတာ့သည္။
ရွီယြင္နန္က oatmeal ကိုဝါးလိုက္ကာ
"တကယ္လား? ကြၽန္ေတာ္ကေတာ့ ဘာလို႔အဲ့လိုမထင္တာပါလိမ့္?"
ခ်င္က်န္းႏွင့္ ယြမ္မုန္မွာ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္ၾကသည္။
ဒါကို ဘယ္လိုေခၚတာပါလိမ့္?
အၿမဲတမ္း မ်က္ႏွာသာေပးခံရတဲ့သူေတြကေတာ့ မေၾကာက္တတ္ၾကဘူးေလ။
"ေခါင္းေဆာင္က မင္းေရွ႕မွာဆို တစ္မ်ိဳး တျခားလူေတြေရွ႕မွာဆို အျခားစိတ္တမ်ိဳးေလ။"
ရွားရွားပါးပါး ယြမ္မုန္ကပါ ဝင္ေထာက္ခံလာသည္။ "မစၥတာရွီမင္းကသူ႔အတြက္ အရမ္းအေရးပါတယ္။"
ရွီယြင္နန္မွာ ဒီလူယုံေတာ္ႏွစ္ေယာက္ဆီကေန ေျမႇာက္ပင့္စကားေလးၾကားလိုက္ရတာေၾကာင့္ သူ႔ေျမေခြးအျမႇီးေလး လႈပ္ယမ္းေနေပမယ့္လည္း မ်က္ႏွာထားမွာေတာ့ ေအးေဆးတည္ၿငိမ္ေနဆဲပင္။
ေစာင့္ေနလိုက္။
ေနာက္မွ ကြၽန္ေတာ္ ေလာ့လင္းရွန္းကို ခင္ဗ်ားတို႔အတြက္ လစာတိုးေပးဖို႔ ေတာင္းဆိုေပးမယ္!
သူေတြးေနရင္း ခြဲစိတ္ခန္းတံခါးက ျပန္ပြင့္လာၿပီး ေဆး႐ုံကုတင္ေပၚတြင္ လဲေလ်ာင္းေနသည့္ ေလာ့လင္းရွန္းအား ေဆး႐ုံဝန္ထမ္းမ်ားက တြန္းလာေပးသည္။
ရွီယြင္နန္ အျမန္ေလွ်ာက္သြားလိုက္၏။ ေလာ့လင္းရွန္း၏ ျဖဴေဖ်ာ့ေနသည့္ ပါးေလးကိုထိေတြ႕ရင္း သူမ်က္ခုံးမ်ားမွာ စိုးရိမ္ပူပန္စိတ္ေၾကာင့္ ထပ္မ်က္ေမွာင္ၾကဳတ္မိလိုက္သည္။
"...ေလာ့လင္းရွန္း"
ရွီယြင္နန္ သူ႔အနားသို႔တိုးကာ အသံတိုးတိုးေလးျဖင့္ ေခၚလိုက္သည္။
ေဘးနားမွ သူနာျပဳကေျပာလာသည္။ "သိပ္မကပ္ပါနဲ႔၊ လူနာကေမ့ေဆးမပ်ယ္ေသးေတာ့ သူမၾကားႏိုင္ေသးဘူး..."
သူစကားမဆုံးခင္မွာပဲ ေလာ့လင္းရွန္း၏ မ်က္ခြံေလးမွာ တုန္ယင္သြားၿပီး ပြင့္လာ၏။
သူဟာ ငိုက္မ်ဥ္းေနၿပီး လုံးဝအသိစိတ္ျပန္မလည္လာေသးေသာ္လည္း၊ တုန္ယင္ေနသည့္ မ်က္လုံးေလးကို ေသခ်ာအာ႐ုံစိုက္ကာ သူ႔မ်က္လုံးမ်ားက ရွီယြင္နန္မ်က္ႏွာေပၚမွာသာ ေကာ္လိုကပ္ေနသည္။
"အၾကာႀကီး ေစာင့္လိုက္ရလား?" ေလာ့လင္းရွန္း လက္ဖမိုးေလးက ခုတင္ေပၚမွာ တင္ထားတဲ့ ရွီယြင္နန္ လက္ေလးေပၚ အုပ္မိုးလာေပး၏။ အထိအေတြ႕ေၾကာင့္ စိတ္မွာ အနည္းငယ္ ေအးမွ်သြားသည္။ "အခ်ိန္မွန္ စားရဲ႕လား?"
ခြဲစိတ္ၿပီးတာနဲ႔ လူနာက ဘယ္လိုလုပ္ဒီအေသးအဖြဲ႕ေလးေတြကို ဂ႐ုစိုက္ႏိုင္ရတာလဲ?
"....."
ရွီယြင္နန္ ႏွစ္စကၠန႔္ၾကာ မွင္သက္သြားၿပီး သူ႔မ်က္လုံးေလးေတြ စိုစြတ္သြားသည္။
ေဆးဝန္ထမ္းေတြ သူ႔ကိုမတားတာျမင္ေတာ့ သူက ေလာ့လင္းရွန္းနားငုံ႔ကိုင္းလိုက္၏။ တခ်ိန္တည္းမွာပင္ သူက ငိုခ်င္ေနသလို ရယ္လည္းရယ္ခ်င္ေနမိသည္။
"ကြၽန္ေတာ္ဘယ္လိုလုပ္ မ်ိဳက်ပါ့မလဲ?"
"မိန္းမေတြ ကေလးေမြးေနခ်ိန္ အျပင္မွာေစာင့္ေနရတဲ့ ေယာက်္ားေတြရဲ႕ စိတ္ကို အခုမွပဲ နားလည္ေတာ့တယ္"
ေလာ့လင္းရွန္းမွာ ၿပဳံးလိုက္မိၿပီး သူ႔လက္ေခ်ာင္းေလးမ်ားက သူ႔ခ်စ္သူ၏ လက္ေခ်ာင္းေလးေတြကို ပြတ္သပ္ေနမိသည္။
"မင္း ေပါက္ကရေတြ စေျပာျပန္ၿပီ"
ေလာ့လင္းရွန္း အတင္းအားေမြးၿပီး စကားေျပာေနရသည္ကို ျမင္ေတာ့ ခ်က္ခ်င္းပဲ ရွီယြင္နန္ သူ႔ကိုတားလိုက္သည္။ "ကြၽန္ေတာ္ ခင္ဗ်ားကို မေႏွာင့္ယွက္ေတာ့ဘူး။ ခင္ဗ်ားအဆင္ေျပရင္ ရၿပီ။ ခင္ဗ်ား အဝ အနားယူၿပီးမွ ဆက္ေျပာၾကမယ္ေနာ္။"
ေလာ့လင္းရွန္းက တုံ႔ျပန္သည့္အေနျဖင့္ သူမ်က္လုံးမ်ားကို ပိတ္ထားလိုက္ေလသည္။
တစ္ပတ္အၾကာတြင္—
႐ုပ္ပိုင္းဆိုင္ရာအေျခအေနမ်ား ပုံမွန္အေနထားသို႔ ျပန္လည္အဆင္ေျပေနၿပီျဖစ္ေၾကာင္း အတည္ျပဳၿပီးေနာက္ ေလာ့လင္းရွန္းမွာ နဂိုေနသည့္VIP ေဆး႐ုံအခန္းထဲသို႔ ျပန္ေရာက္ရွိလာေလၿပီ။
ရွီယြင္နန္က ကုတင္အစြန္းနားတြင္ထိုင္ကာ ပန္းသီးခြံေလးကို အေျမႇာင္းရွည္ေလးျဖစ္ေအာင္ ခြါေန၏။
ေ႐ႊငါးေလးကေတာ့ ေဘးနားတြင္ အံ့ဩတႀကီးၾကည့္ေနၿပီး၊ သူ႔အသက္ရႈသံေလးက ရွီယြင္နန္ခြါေနသည့္ ပန္းသီးအခြံေလး ပ်က္သြားမွာ စိုးရိမ္ေနကာ အသက္ရွဴေတာင္ ေအာင့္ထားေနမိသည္။
ကေလးေလး၏ မ်က္ႏွာေလးနီရဲလာေတာ့ ရွီယြင္နန္က ပန္းသီးအခြံ အမႈိက္ပုံးထဲ က်သည္အထိ အျမန္ခြါလိုက္ေလသည္။
"ဟူးးး"
ေ႐ႊငါးေလးက ႏွစ္ႀကိမ္ဆက္တိုက္ အသက္ရွဴထုတ္လိုက္ၿပီး သူ႔လက္ကေလးနီရဲလာသည္အထိ လက္ခုပ္တီးေနေတာ့သည္။
"ဝိုးးး~ ေရွာင္ရႈရႈက အရမ္းေတာ္တာပဲ!ဒီပန္းသီးက အရမ္းခ်ိဳမွာပဲေနာ္"
ခ်စ္စရာေကာင္းတဲ့ သူ႔ပုံစံေလးကို ျမင္ေတာ့ ရွီယြက္နန္မွာ သူ႔အား မနမ္းဘဲ မေနႏိုင္ေတာ့။ ထို႔ေနာက္သူက ခုတင္ေပၚရွိ ေလာ့လင္းရွန္းအား အၿပဳံးေလးနဲ႔ ၾကည့္လိုက္သည္။
"ေရွာင္က်ိလင္းေကြ႕(လိမၼာပါးနပ္တဲ့ တေစၦေလး)၊ မင္းက မင္းရႈရႈရဲ႕ ပန္းသီးကို စားခ်င္ေနတာမလား?" ရွီယြင္နန္က ပန္းသီးေသးေသးေလးလွီးၿပီး သူ႔ကိုကမ္းေပးေတာ့
ေ႐ႊငါးေလးက ပန္းသီးစိပ္ေလးကို ဝမ္းသာအားရယူလိုက္သည္။
"မဟုတ္ပါဘူးေနာ္"
ရွီယြင္နန္က ဒီဘက္ခုတင္ဘက္ျခမ္းမွာေနရာယူထားကိုေတြေတာ့ သူက တစ္ဖက္ခုတင္ဘက္ျခမ္းသို႔သြားကာ ခုနက ပန္းသီးစိပ္ေလးအား ေလာ့လင္းရွန္းပါးစမ္းနားေလးမွာ ခြံ႕လာေပးသည္။
"ရႈရႈ အာ~"
ေလာ့လင္းရွန္း ၿပဳံးမိသြား၏။ သူက သူ႔တူေလးအား စိတ္မပ်က္ေစလိုကာ
ပါးစပ္ဟၿပီး အရည္႐ႊမ္းသည့္ ပန္းသီးေလးအား တစ္ကိုက္ကိုက္လိုက္သည္။
"ရႈရႈ စားေကာင္းလား?"
ေ႐ႊငါးေလးက သူစားေနတာကို မ်က္လုံးဝိုင္းဝိုင္းေလးနဲ႔ စိုက္ၾကည့္ေနရင္း တံေတြးမ်ိဳခ်ေန၏။ သူဟာ တကယ့္ကို အစားပုတ္ေလးပင္။
ဒါကိုျမင္ေတာ့ ရွီယြင္နန္က က်န္တဲ့ပန္းသီးကို ႏွစ္ပိုင္း စိပ္လိုက္၏။
"ေပါင္ေပ့အတြက္"
လူတိုင္းေဝစုရတာကိုျမင္ေတာ့ ေ႐ႊငါးေလးက ခ်က္ခ်င္း သူ႔ဆီျပန္ေျပးလာၿပီး သူ႔ေခြးေျခခုံေသးေသးေလးေပၚတက္ကာ အားရပါးရ ကိုက္ဝါးေတာ့သည္။
သိပ္မၾကာခင္မွာပဲ ဆရာဝန္နဲ႔ နပ္စ္ေတြက ေလာ့လင္းရွန္း ခြဲစိတ္ဒဏ္ရာကို စစ္ေဆးေပးရန္ႏွင့္ အဝတ္အစားလဲေပးရန္ ေရာက္လာၾကေလသည္။
ရွီယြင္နန္က ေလာ့လင္းရွန္း ေျခေထာက္မ်ားကို စိုးရိမ္တႀကီး ၾကည့္မိလိုက္သည္။
"အေျခအေန ဘယ္လိုတဲ့လဲ?"
"ျပန္ေကာင္းလာေနပုံပါပဲ။" ေဒါက္တာဘန္႔္က ျပန္ေျဖလာၿပီး ေလာ့လင္းရွန္းအား ေမးလာသည္။
"မစၥတာေလာ့ ဘယ္လိုခံစားရလဲ?"
"ထုံၿပီး နာတယ္။"
႐ိုး႐ိုးရွင္းရွင္း စကားေလးတစ္ခြန္းက ခြဲစိတ္မႈ ေအာင္ျမင္တယ္ဟု ယူဆႏိုင္ေလသည္။
အရင္ကလို ဘာခံစားမႈမွမရသည့္ အေျခအေနႏွင့္ ယွဥ္ရင္ အခုလက္ရွိ နာက်င္ေနသည့္ ေဝဒနာမွာ ေတာ္ေတာ္ၾကာ ေပ်ာက္ဆုံးေနခဲ့တာပင္။ ေလာ့လင္းရွန္းမွာ ဓားေတာင္ကိုေက်ာ္သလို မီးပင္လယ္ကိုလည္း ျဖတ္ခဲ့ရတာေၾကာင့္ ဒီခဏတာေဝဒနာကို ႁခြင္းခ်က္မရွိ ခံႏိုင္ရည္ရွိေနသည္။
"ခြဲစိတ္ၿပီးေနာက္ပိုင္း ျပန္နလန္ထႏိုင္မယ့္အစီအစဥ္ကို မင္းခႏၶာကိုယ္အေျခအေနအရ အခ်ိန္မေ႐ြး ေျပာင္းလဲေပးလိမ့္မယ္၊ ဒါမယ့္ အဲ့ေလ့က်င့္ခန္းေတြကို ဒဏ္ရာအရွင္းေပ်ာက္မွ စရမယ္။"
ေဒါက္တာဘန္႔စ္မွာ ပြင့္လင္းတဲ့သူျဖစ္တာေၾကာင့္ သူ႔စကားမ်ားသည္ ေအးတိေအးစက္ျဖစ္သလို က်ိဳးေၾကာင္းဆီေလ်ာ္လွသည္။
"မစၥတာေလာ့ ဒီခြဲစိတ္မႈ ေအာင္ျမင္တာက ပထမေျခလွမ္းပဲရွိေသးတယ္ေနာ္။ 100% ျပန္ေကာင္းမယ္မဆိုလိုေသးဘူး။ မင္းရဲ႕ စိတ္ကို ဒီတိုင္းေလးပဲ ထိန္းထားရမယ္ အရမ္းမေမွ်ာ္လင့္နဲ႔။"
'ပိုေမွ်ာ္လင့္ေလေလ၊ ပိုစိတ္ပ်က္ရေလေလပဲ။"
ေလာ့လင္းရွန္းေခါင္းညိတ္လိုက္ကာ
"ကြၽန္ေတာ္ နားလည္ပါတယ္"
ေဆး႐ုံဝန္ထမ္းေတြက အလုပ္ၿပီးသြားသည္ႏွင့္ အားလုံးအခန္းထဲက ထြက္သြားၾကသည္။
ေလာ့လင္းရွန္းက ရွီယြင္နန္ကို အရင္ အကူအညီေတာင္းလာ၏။ "ယြင္နန္ ကိုယ္ထိုင္လို႔ရေအာင္ ကူေပး။"
ရွီယြင္နန္က wet tissue ႏွင့္ လက္သုတ္လိုက္ၿပီး သူထိုင္လို႔ရရန္ ဂ႐ုတစိုက္ ထိန္းညႇိေပးလိုက္သည္။
သူတို႔ႏွစ္ဦးမွာ အလြန္နီးကပ္သြားၿပီး အသက္ရွဴသံေလးေတြေရာယွက္ေနလ်က္ ထူးထူးျခားျခား စိတ္လႈပ္ရွားရန္ ႏႈိးဆြေပးေနသည္။
ေဘးက ေ႐ႊငါးေလးကေတာ့ ေလာ့လင္းရွန္း ေျခေထာက္မ်ားကိုသာ တိတ္တဆိတ္ၾကည့္ေနမိ၏။ သူ႔မွတ္ဥာဏ္ေတြထဲမွာ ေလာ့လင္းရွန္းက ဘယ္ေတာ့မွ သူတို႔လို မတ္တပ္မရပ္သလို လမ္းလည္း မေလွ်ာက္ခဲ့ဘူးေလ။
"ရႈရႈ"
ေ႐ႊငါးေလးက သူ႔နားသို႔တိုးကပ္သြား၏။
ရွီယြင္နန္မွာ အာ႐ုံက သူ႔ဆီ ျပန္ေရာက္သြားေတာ့သည္။ "ဘာျဖစ္လို႔လဲ?"
ေ႐ႊငါးေလးက သူတို႔နားတိုးလာရင္း မ်က္ရည္မ်ား ဝဲေနလ်က္ "ရႈရႈ ဘယ္ေတာ့မွ ေဆး႐ုံက ဆင္းလို႔ရမွာလဲ? ခုနတုန္းက...ရႈရႈက သူ႔ေျခေထာက္နာတယ္တဲ့... ဝူးဝူးဝူး.."
သူဟာကေလးပဲ ရွိေသးသည္မို႔ ေနမေကာင္းျဖစ္ၿပီး ေဆး႐ုံတက္ရသည္မွာ တကယ့္ကို ျပင္းထန္သည့္ကိစၥဟုထင္ေနရွာသည္။
သူအရင္က ဘယ္လိုမွမေနခဲ့ေပမယ့္ ေလာ့လင္းရွန္းနဲ႔ ဆရာဝန္ဆီမွ နာတယ္ဆိုတဲ့ စကားကို ၾကားရသည့္အခါ သူက ဝမ္းနည္ေနမိသည္။
ေ႐ႊငါးေလး ရွီယြင္နန္ကို အရမ္းသေဘာက်ေပမယ့္လည္း၊ ေလာ့လင္းရွန္းကသာ သူငယ္ငယ္ေလးကတည္းက ရင္းႏွီးခဲ့သည့္ ေဆြမ်ိဳးရင္းခ်ာေပ။
"ၾကည့္ေလ ခင္ဗ်ားေျပာေတာ့ ေ႐ႊငါးေလးက ကြၽန္ေတာ့ကိုပဲ အၿမဲ လိုက္ကပ္ေနတာဆို?" ရွီယြင္နန္က ေျပာေနရင္း ေ႐ႊငါးေလးကို ခ်ီကာ ခုတင္ေဘးကခုံတြင္ ထိုင္လိုက္သည္။ "ခင္ဗ်ား နာတယ္ေျပာတာနဲ႔ ဒီေကာင္ေလးမွာ စိတ္မေကာင္းျဖစ္လြန္းလို႔ မ်က္ရည္ပါ က်ေနၿပီ။"
ဒါကိုၾကားေတာ့ ေလာ့လင္းရွန္းမွာ ဝမ္းသာေက်နပ္သြားသလို၊ တစ္ခ်ိန္တည္းမွာပင္ ဘာလုပ္ရမွန္းမသိျဖစ္သြားသည္။
ထိုအခ်ိန္တုန္းက ေလာ့မိသားစု ေဘးအႏၲရာယ္ႀကဳံခဲ့ရၿပီး ေလာ့လင္းရွန္းႏွင့္ ႏို႔စို႔အ႐ြယ္ေလး ေလာ့က်င္းယြီသာ က်န္ခဲ့ၾကသည္။
အခ်ိန္တိုင္း ေလာ့လင္းရွန္းဟာ ဦးေလးလို႔ေျပာေနခဲ့ေပမယ့္ ဖခင္ႏွလုံးသားျဖင့္ သူ႔အား ပ်ိဳးေထာင္ခဲ့ေလသည္။ အခု သူႏွင့္ရွီယြင္နန္ လက္ထပ္ထားၿပီျဖစ္၍ သူတို႔မွာ သားသမီးရင္းခ်ာ ရွိလာမည္မဟုတ္။
လိင္တူလက္ထပ္ျခင္းက တရားဝင္ျဖစ္သည္မို႔ သူတို႔ႏွစ္ဦး မိဘမဲ့ေဂဟာကေန ကေလးေမြးစားလို႔ရေသာ္လည္း ေလာ့လင္းရွန္းမွာ နဂိုကတည္းက ဒီလိုအစီအစဥ္မ်ိဳး ရွိမေနခဲ့။
ေ႐ႊငါးေလးဟာ အၿမဲလိမၼာၿပီး စဥ္းစားေတြးေခၚတတ္သလို တခါတေလ ပါးနပ္တတ္ေသးသည္။
သို႔ေသာ္ သူ႔ဦးေလးျဖစ္သည့္ ေလာ့လင္းရွန္းကေတာ့ ေ႐ႊငါးေလးဟာ သူ႔နဲ႔အသက္တူကေလးေတြထက္ ပိုစိတ္ထိခိုက္လြယ္တတ္မွန္း၊ အေသးအဖြဲ႕ေလးကအစ သူ႔ကို အၾကာႀကီး စိတ္ပူေစႏိုင္မွန္း သိထားေလသည္။
လူႀကီးတစ္ေယာက္အေနနဲ႔ ေ႐ႊငါးေလး အ႐ြယ္ေရာက္ႀကီးျပင္းလာရန္ တတ္ႏိုင္သမွ် စိတ္လုံၿခဳံမႈေပးရမည္ျဖစ္သည္။
ေလာ့လင္းရွန္းက ေ႐ႊငါးေလးကို သူ႔နဲ႔နီးကပ္စြာ ဖက္လိုက္ၿပီး သူ႔တူေလး၏ မ်က္ရည္ေတြကို သုတ္ေပးလ်က္ ရွားရွားပါးပါး ႏူးညံ့ခ်ိဳသာသည့္ ေလသံေလးျဖင့္ ေျပာလိုက္သည္။ "က်င္းယြီ၊ ရႈရႈ ေနေကာင္းပါတယ္။ သိပ္မၾကာခင္ ေဆး႐ုံက ဆင္းရေတာ့မွာပါ။"
ေ႐ႊငါးေလးက တရႈံ႕ရႈံ႕ရႈိက္ေနလ်က္-
"တကယ္လား?"
ရွီယြင္နန္က သူ႔ပါးေဖာင္းေဖာင္းေလးကို ညႇစ္လိုက္ကာ
"တကယ္ေပါ့ ေရွာင္ရႈရႈ သက္ေသခံေပးလို႔ရတယ္။"
သူက ေလာ့လင္းရွန္းအားၾကည့္ကာ ကေလးေရွ႕မွာပင္ ျပတ္ျပတ္သားသား ကတိေပးလိုက္သည္။ "ဒီတစ္ေခါက္ ေဆး႐ုံက ဆင္းရင္ မင္းရဲ႕ရႈရႈက ေပါင္ေပ့ ျမင္းႀကီးႀကီးစီးလို႔ရေအာင္ ေခၚသြားေပးမယ္တဲ့။"
ျမင္းအႀကီးႀကီးစီးမယ္?
"ဘယ္လို?"
"ေရွာင္ရႈရႈ သားက အခု ျမင္းပုေလးပဲ စီးလို႔ရေသးတာေလ။"
ေလာ့လင္းရွန္းေကာ ေ႐ႊငါးေလးေကာက မတုံ႔ျပန္လာၾက။
ရွီယြင္နန္မွာ အႀကီးေလးႏွင့္ အေသးေလး၏ မ်က္လုံးေလးေတြကို ေတြ႕သည့္အခါ ကူကယ္ရာမဲ့စြာ ေခါင္းခါလိုက္မိသည္။
ဒီတူဝရီးႏွစ္ေယာက္ကေတာ့ ငယ္ငယ္ေလးကတည္းက ပိုက္ဆံအရမ္းသုံးရတဲ့ တကယ့္ျမင္းႀကီးစီးတာနဲ႔ ေသနတ္ပစ္တဲ့ ကစားနည္းေတြပဲသိၾကတာလား? တခ်ိဳ႕ကေလးေတြအတြက္ေတာ့ ျမင္းႀကီးစီးတယ္ဆိုတာ သူတို႔ အေဖ၊ အဘိုး ပုခုံးေပၚ ထိုင္ၿပီး လမ္းေလွ်ာက္ရတာကိုေျပာတာေလ။
အဲ့တုန္းက ရွီရွန္းတစ္ေယာက္ လူယုတ္မာျဖစ္ခဲ့ေပမယ့္၊ ရွီယြင္နန္ကေတာ့ သူ႔ကေလးဘဝအမွတ္တရေတြက္ို ႏွစ္သက္ဆဲပင္။
"ေရွာင္ရႈရႈ"
ကေလးေတြရဲ႕ စိတ္ခံစားခ်က္အတက္အက်မွာ တကယ့္ကို ျမန္လွ၏။ ခဏအၾကာမွာပဲ သူ႔မ်က္ရည္ေလးေတြမွာ လုံးဝမရွိေတာ့။
သူက ရွီယြင္နန္ ႏွင့္ ေလာ့လင္းရွန္းၾကားထဲမွာ ညႇပ္မိေနၿပီး လႈပ္လို႔မရတာကိုေတြ႕ေတာ့ ေ႐ႊငါးေလးက ေနာက္ေလးကို ဆုတ္ကာ မသိမသာ မ်က္ႏွာေလးရဲလာေတာ့သည္။
"ေရွာင္ရႈရႈ"
"ဘာျဖစ္လို႔လဲ?"
"သား အီးအီး ပါခ်င္တယ္။" ေ႐ႊငါးေလးက စကားေတာင္ထစ္ေနရွာသည္။
"....."
ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္မွာ တစ္ေယာက္ကိုတစ္ေယာက္ ၿငိမ္သက္စြာ ၾကည့္လိုက္မိရင္း ရယ္ေမာလိုက္ၾက၏။
"ကိုယ္ဘာသာကိုယ္ အိမ္သာထဲသြားၿပီး ဖင္ကို ေျပာင္ေအာင္ သုတ္ခဲ့ေနာ္။" ရွီယြင္နန္က ေ႐ႊငါးေလးကို ေအာက္ခ်ေပးရင္း ေျပာလိုက္သည္။
ရႈရႈႏွစ္ေယာက္ သူ႔ကို ရယ္ေနေတာ့၊ ေ႐ႊငါးေလးမွာ ပါးကေန လည္ပင္းအထိ နီရဲသြားၿပီး "—အားး!" ဆိုတဲ့ အသံေလးနဲ႔အတူ အိမ္သာထဲသို႔ ဝင္ေျပးသြားေတာ့ေလသည္။
ေထာင့္နားက ေရခ်ိဳးခန္းတံခါးေလးမွာ ပိတ္သြား၏။
ရွီယြင္နန္က ေလာ့လင္းရွန္းနဲ႔ ပိုနီးသြားေအာင္ သူ႔ခုံေလးကို ေရွ႕သို႔ဆြဲလိုက္သည္။ "ခင္ဗ်ားေျခေထာက္ေတြကို တကယ္ခံစားမိတာလား? နာလား?"
ေလာ့လင္းရွန္းက သူ႔ကို မဖုံးကြယ္ထားေပ။ "ကံေကာင္းလို႔ ေမ့ေဆးပ်ယ္တာနဲ႔ နာေနတာ။"
အစကေတာ့ ထုံက်င္ေနၿပီ၊ ေနာက္ပိုင္းမွာေတာ့ ထုံက်င္ေနတာကေန ကိုက္ခဲလာသည္။ အခုေတာ့ ေဝဒနာကို သိသိသာသာ ခံစားႏိုင္ေနေလၿပီ။
ရွီယြင္နန္ သက္ျပင္းခ်ကာ
"အဲ့ဒါ ေကာင္းတာလား?"
"ဟုတ္တာေပါ့။"
ရွီယြင္နန္က သူ႔ေျခေထာက္ကို တဖန္ထပ္ၾကည့္လိုက္မိသည္။ "သည္းမခံႏိုင္ေလာက္တဲ့ထိ နာေနရင္ေတာ့ ဆရာဝန္ကို ေဆးထိုးခိုင္းလိုက္ရေအာင္ေနာ္?"
"ရပါတယ္ ဒါေလးက ကိုယ့္အတြက္ မေျပာပေလာက္ပါဘူး။ ေဆးထိုးလိုက္လို႔ ေနာက္ဆက္တြဲ ျပႆနာေတြ မျဖစ္သြားေစခ်င္ဘူး။"
ႏွစ္ေပါင္းမ်ားစြာ တင္းမာေနခဲ့သည့္ ေလာ့လင္းရွန္း၏ ႏွလုံးသားႀကိဳးေလးေတြမွာ ေနာက္ဆုံးေတာ့ ေျပေလ်ာ့သြားေလၿပီ။ "မနာတာ ၾကာၿပီ။ ခံစားလို႔ေကာင္းတယ္။"
ရွီယြင္နန္က ၿပဳံးလိုက္ကာ၊ သူ႔ခ်စ္သူရဲ႕ ရည္႐ြယ္ခ်က္ကို ျပန္မေခ်ပေတာ့ေပ။
ႏွစ္ေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ ၿငိမ္သက္စြာ ၾကည့္ေနၾက၏။
႐ုတ္တရက္ ရွီယြင္နန္တစ္ခုခုကို ေတြးမိသြားကာ သူက ေမးလိုက္သည္။ "ခင္ဗ်ား တကယ္ အကိုက္အခဲေပ်ာက္ေဆး မလိုဘူးလား?"
"မလို......"
ေလာ့လင္းရွန္း ျငင္းေတာ့မယ့္ အခ်ိန္မွာပဲ ရွီယြင္နန္၏ မသိမသာ အၿပဳံးေလးကို ဖမ္းမိလိုက္ကာ
သူ႔ဘက္သို႔ လွည့္လိုက္ၿပီး စိတ္ဝင္တစားနဲ႔ ေမးလိုက္သည္။ "အကိုက္အခဲေပ်ာက္ဖို႔အတြက္ ေသာက္ေဆးေကာ ေဆးထိုးဖို႔ေကာ တကယ္မလိုတာပါ။ ေဒါက္တာရွီဆီမွာ တျခားလွည့္ကြက္ေလးေတြမ်ား ရွိေနလား?"
ေရခ်ိဳးခန္းတံခါး မပြင့္ေသးတာကို ေတြ႕ေတာ့၊ ရွီယြင္နန္က ကေလးေရွ႕မွာ သုံးတဲ့ ေလးနက္သည့္ မ်က္ႏွာထားကို ဖယ္ထုတ္လိုက္ၿပီး—
သူက ကုတင္အစြန္းတြင္ လက္ႏွစ္ဖက္ကို ေထာက္လိုက္ကာ သူတို႔ႏွစ္ဦးၾကားက အကြာအေဝးကို နီးကပ္ေစလိုက္၏။
ရွီယြင္နန္က စိတ္ကိုဆြတဲ့အေနနဲ႔ ေလာ့လင္းရွန္း ႏွာဖ်ားေလးကို ပြတ္သပ္လိုက္သည္။ "မစၥတာေလာ့၊ ကြၽန္ေတာ္ ခင္ဗ်ားကို အကိုက္အခဲေပ်ာက္အနမ္းကုထုံးေလး အခမဲ့အစမ္းေပးရင္ေကာ? ခင္ဗ်ားဘယ္လိုသေဘာရ...အမ္."
က်န္သည့္ စကားသံေလးမွာ ေလာ့လင္းရွန္း၏ တက္ႂကြေနသည့္ အနမ္းေလးဘက္သို႔ က်ဆင္းသြားေလသည္။
သူတို႔ႏွစ္ေယာက္ရဲ႕ အသက္ရႈသံေတြ ေရာယွက္သြားခ်ိန္မွာေတာ့ ခြဲစိတ္မႈေၾကာင့္ မ်ိဳသိပ္ထားရသည့္ ဆႏၵေတြဟာ ေပါက္ထြက္လာေတာ့သည္။
ေလာ့လင္းရွန္းက ရွီယြင္နန္ ေခါင္းေလးကို လက္တစ္ဖက္တည္းျဖင့္ ဆုပ္ကိုက္ထားၿပီး သူ႔ခ်စ္သူအား အနမ္းမွ လြတ္ေျမာက္ခြင့္မေပးေပ။
သြက္လက္ကြၽမ္းက်င္စြာ လႈပ္ရွားေနသည့္ လွ်ာဖဖ်ားေလးဟာ ႏႈတ္ခမ္းထဲသို႔ ထိုးေဖာက္ဝင္ေရာက္လာၿပီး၊ ဝင္ေရာက္လို႔ရသည့္ ေနရာမွန္သမွ်ကို လွ်က္လိုက္ စုပ္လိုက္လုပ္ေနသည္။
အထိအေတြ႕ေနာက္တြင္၊ ပူေလာင္ျခင္းႏွင့္ ေရာေႏွာေနသည့္ အသက္ရွဴသံေတြဟာ လိုက္ပါလာၿပီး မသဲမကြဲ ညည္းတြားသံေတြဟာ သူတို႔နားထဲတြင္ ပဲ့တင္ထပ္လာသည္။
ကုတင္စြန္းတြင္ ေထာက္ထားသည့္ ရွီယြင္နန္လက္ေလးေတြဟာ အနမ္းေၾကာင့္ သိသိသာသာ အားေလ်ာ့သြားၿပီး၊ ေလာ့လင္းရွန္း ရင္ခြင္ထဲသို႔ လဲက်လာေလသည္။
သူေနာက္သို႔ ဆုတ္ရန္ ေခါင္းေမာ့လိုက္၏။ ရႈပ္ေထြးေနသည့္ သူ႔မ်က္လုံးေလးထဲတြင္ ဆင္ေျခတုံတရား အမွ်င္တန္းေလးႏွင့္ ထိန္းခ်ဳပ္ခ်င္သည့္စိတ္ေလးက က်န္ရွိေနလ်က္-
"ေနအုံး......ခင္ဗ်ားေျခေထာက္......"
"ရပါတယ္၊ အဲ့ထိ မမွီပါဘူး"
ေလာ့လင္းရွန္းက ရွီယြင္နန္၏ စိုစြတ္ေနေသာ ႏႈတ္ခမ္းေလးကို ထပ္ခါထပ္ခါ ပြတ္သပ္ေနရင္း ရွီယြင္နန္ တုံ႔ျပန္လာဖို႔ သူကၾကင္နာစြာ အခ်ိန္ေပးလာသည္။ "ေဒါက္တာရွီ၊ မင္းရဲ႕ အနမ္းကုထုံးက အခုစေနၿပီေနာ္။"
ေလာ့လင္းရွန္း၏ ရာဂစြန္းထင္းေနသည့္ အသံတိုးတိုးေလးမွာ ဆြဲေဆာင္မႈရွိလွၿပီး ရွီယြင္နန္၏ ပါးျပင္ေလးကို ပူေႏြးသြားေစေတာ့သည္။ "ေရခ်ိဳးခန္းထဲမွာ ေ႐ႊငါးေလး ရွိေနတုန္းပဲ"
"သူ မျမင္သင့္တာေတြကို ကိုယ္ျမင္ခြင့္မေပးပါဘူး။"
ေလာ့လင္းရွန္းက ျပန္ေျပာလာၿပီးေနာက္ ႏႈတ္ခမ္းေႏြးေႏြးေလးကို တဖန္နမ္းရႈိက္လာျပန္သည္။
ရွီယြင္နန္မွာ ေ႐ႊငါးေလး မိသြားမွာကို စိုးရိမ္ေသာ္လည္း၊ သူ႔ခ်စ္သူဆီကေန ထိန္းမရသိမ္းမရ လႈံ႕ေဆာ္ခံေနရ၏။
"အမ္..."
သူတို႔ႏွစ္ဦး၏ ႐ုပ္ပိုင္းဆိုင္ရာတုံ႔ျပန္မႈကို လ်စ္လ်ဴရႈထားလို႔ မရေတာ့တဲ့အထိ အၾကာႀကီး နမ္းေနမိၾကသည္။ ေလာ့လင္းရွန္းက ထိန္းမႏိုင္သိမ္းမရ အနမ္းေရဝဲထဲကေန ရွီယြင္နန္အား ျပန္ဆြဲထုတ္လိုက္၏။
သူက သူ႔လက္မ်ားအား သူ႔ခ်စ္သူခါးေပၚတြင္ ရစ္ပတ္ထားလ်က္၊ အကဲျဖတ္စကားေလးမေျပာခင္ အသက္ဝဝရွဴလိုက္သည္။ "ေဒါက္တာရွီရဲ႕ အနမ္းကုထုံးက အရမ္းေကာင္းတာပဲ။ ေနာက္လည္း ကြၽန္ေတာ္ခင္ဗ်ားကို လာရွာမယ္ေနာ္"
ရွီယြင္နန္မွာ သူ႔ကိုယ့္သူ တြင္းနက္ႀကီး တူးမိလိုက္မွန္း ႐ုတ္တရက္ ခံစားလိုက္မိသည္။ သူဟာ အနမ္းေၾကာင့္ အျပည့္အဝ ျပန္မသက္သာေသးေသာ္လည္း အရႈံးေတာ့ မေပးခ်င္ေနေပ။ "ခင္ဗ်ား ေျခေထာက္ေတြ ျပန္ေကာင္းသြားရင္ ဒီလိုနာက်င္တာသက္သာတဲ့ကုထုံးမ်ိဳး ရေတာ့မွာ မဟုတ္ဘူး။"
ေလာ့လင္းရွန္းက ရယ္လိုက္ၿပီး သူ႔ႏႈတ္ခမ္းေလးကို ကိုက္လိုက္သည္။
"ကိုယ့္ေျခေထာက္ေတြေကာင္းသြားရင္ ကိုယ္တို႔ ဒီထက္အမ်ားႀကီး ပိုလုပ္ရမယ္။"
"....."
ရွီယြင္နန္မွာ အရင္ကလို ျမန္ျမန္ ျပန္မတုံ႔ျပန္ႏိုင္ျဖစ္သြား၏။
သူ႔မွာ ေလာ့လင္းရွန္း ခါးက ခြန္အားေၾကာင့္ သူ႔ခါးနဲ႔ ဝမ္းဗိုက္နား နာက်င္ေနခဲ့ရတယ္ေလ။ သူ႔ခႏၶာကိုယ္က ေနရာတခ်ိဳ႕မွာလည္း ေနမထိုင္ထိုင္မသာ ျဖစ္ခဲ့ရေသးတယ္။
ႏွစ္ေယာက္သား အနမ္း၏ ေႏြးေထြးမႈမွာ အလြန္အၾကဴးနစ္ဝင္ေနတာေၾကာင့္ ေရခ်ိဳးခန္းထဲရွိ သူတို႔၏ တူေလးကို ေမ့ေနၾကသည္။
ထိုအခ်ိန္တြင္ ကိစၥရွင္းၿပီး ေသခ်ာသန္႔စင္ၿပီးတဲ့ ေ႐ႊငါးေလးတစ္ေကာင္ကေတာ့ ေရခ်ိဳးခန္းတံခါးနားေလးမွာ မွီေနၿပီး နားေလးစြင့္ကာ အျပင္ကအသံေလးေတြကို နားေထာင္ရင္း သူ႔မ်က္ႏွာေလးမွာ အရင္ကထက္ ပိုေယာက္ယက္ခတ္ေနေတာ့သည္။
ရႈရႈနဲ႔ ေရွာင္ရႈရႈ နမ္းေနၾကျပန္ၿပီလား?
သူအခုထြက္သြားလို႔ ေရွာင္ရႈရႈရွက္သြားျပန္ရင္ ဘယ္လိုလုပ္မလဲ?
ေဟး ဒါက တကယ္ခက္တာပဲ!
...
ေ႐ႊငါးေလးတစ္ေယာက္ ေရခ်ိဳးခန္းထဲတြင္ ေနာက္ဆယ္မိနစ္ေလာက္ ထပ္ေနလိုက္ရ၏။
ေတာ္ေတာ္ၾကာေတာ့မွ ရွီယြင္နန္မွာ အလန္႔တၾကား တံခါးေခါက္လိုက္ၿပီး သူ႔ကို ေခၚထုတ္လိုက္ရသည္။
တစ္ခ်ိန္တည္းမွာပင္ ေဆး႐ုံမွ ျပင္ဆင္ေပးထားသည့္ အာဟာရရွိတဲ့အစားအစာမ်ားႏွင့္ ညစာဟာ တခ်ိန္တည္းမွာပင္ လာပို႔၏။
ညေနေမွာင္စျပဳလာၿပီမို႔ ေနဝင္ခ်ိန္အပူဟာ ျပတင္းေပါက္မ်ားၾကားကေန စူးရွထိုးေဖာက္ေနသည္။
ရွီယြင္နန္ ထိုလွပသည့္ ျမင္ကြင္းေလးကို ဓာတ္ပုံ႐ိုက္ထားရန္ သူ႔ဖုန္းကို လိုက္ရွာလိုက္စဥ္ ဖုန္းမွာ အားကုန္ေနေလၿပီ။
"စားႏွင့္ေနာ္ ကြၽန္ေတာ္ ဖုန္းအား သြားသြင္းလိုက္အုံးမယ္"
ရွီယြင္နန္ သူထိုင္ေနရာမွထကာ တစ္ဖက္က လွ်ပ္စစ္ပလပ္ေပါက္နားသို႔ ေလွ်ာက္သြားလိုက္သည္။
အားသြင္းလိုက္သည့္ဖုန္းမွာ စက္ျပန္ပြင့္လာေလသည္။ ရွီယြင္နန္ အလုပ္ကိစၥကို သတိရသြားၿပီး စစ္ေဆးရန္ WeChat ထဲသို႔ ဝင္ၾကည့္လိုက္သည္။
အနည္းငယ္ဟမ္းေနၿပီးေနာက္ မေမွ်ာ္လင့္ဘဲ၊ WeChat တြင္ Pinေထာက္ထားသည့္ ဝမ္ရိေပဆီကေန မက္ေဆ့ခ်္မ်ားစြာ စီတန္းဝင္လာသည္။
အသံမက္ေဆ့ခ်္မ်ားႏွင့္ missed callမ်ားပါ ရွိေန၏။
ေနာက္ဆုံးအဝင္ေကာမွာ လြန္ခဲ့တဲ့ ေျခာက္မိနစ္ကပင္။
ရွီယြင္နန္ တ႐ုတ္စံေတာ္ခ်ိန္အျဖစ္ ေျပာင္းၾကည့္လိုက္သည့္အခါ တစ္ခုခုျဖစ္ေနမွန္း ရွင္းရွင္းလင္းလင္းသေဘာေပါက္သြားၿပီး၊ ဝမ္ရိေပဆီ ဖုန္းျပန္ေခၚဆိုလိုက္သည္။
သုံးစကၠန႔္ေတာင္မၾကာခင္မွာပဲ ဝမ္ရိေပက ဖုန္းကိုင္လာေလသည္။
"ဟယ္လို ယြင္နန္?"
ရွီယြင္နန္က ဝမ္ရိေပရဲ႕ အေရးတႀကီးအေျခအေနကို ၾကားကာ တည့္တိုးပဲေမးလိုက္သည္။
"ေကာ၊ ဘာေတြျဖစ္ေနလို႔လဲ?"
သူ႔ညီေလးအသံၾကားသည့္အခါ အၿမဲတမ္းေႏြးေထြးခ်ိဳသာေနသည့္ ဝမ္ရိေပ၏ ေလသံမွာ ႐ုတ္တရက္ ေလးနက္သြားၿပီး ပူပင္ေသာကေရာက္ေနသည္။
"ယြင္နန္၊ ဝမ္မိသားစုမွာ ကိစၥတစ္ခုျဖစ္သြားတယ္။"
(အပိုင္းေတြက အရမ္းရွည္တာပဲ။ Etrans ကႏွစ္ပိုင္းခြဲေပမယ့္ ႐ို႐ို တစ္ပိုင္းလုံး တင္ေပးလိုက္ၿပီေနာ္။ ဟီး spoilerကို cmt မွာ ေရးထားတယ္)