Tie the Knot (✔️)

De TtalgiJinnie

67.9K 6.9K 3K

(Unicode) အချစ်သည် ကမ္ဘာကြီးကိုလှပအောင်ဆန်းကြယ်စွာခြယ်မှုန်းနိုင်စွမ်း၏။ အချစ်သည် ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ... Mais

Prologue 🪢
1 🪢
2 🪢
3 🪢
4 🪢
5 🪢
6 🪢
7 🪢
8 🪢
9 🪢
10 🪢
11 🪢
12 🪢
13 🪢
14 🪢
15 🪢
16 🪢
17 🪢
Final 🪢

18 🪢

3.1K 331 133
De TtalgiJinnie

"ဟူချူလေး.. လာ။ မနက်စာအဆင်သင့်ဖြစ်ပြီလာစားတော့"

"ဟုတ်"

"ဘယ်လိုနေလဲ.. စားလို့အဆင်ပြေရဲ့လား"

"အင်း.. စားလို့အရမ်းကောင်းတယ်"

"တော်သေးတာပေါ့။ များများစားနော်"

ကြားနေကျမဟုတ်သောစိုးစိုးစီစီအသံလေးများကြောင့် နေ့လား၊ ညလား၊ အိပ်မက်လား၊ တကယ်လား.. မကွဲပြားတဲ့ယောင်ဝါးဝါးအတွေးများဖြင့်နိုးထလာရသောထိုနံနက်ခင်းသည်ဆော့ဂျင်အတွက်ယခင်နေ့များနှင့်မတူဘဲတမူကွဲပြားလို့နေသည်။

"အင်းးး"

အင်းခနဲသံရှည်တစ်ချက်ဆွဲကာညည်းညူရင်းအပျင်းကြောဆန့်ပြီးမျက်လုံးတွေကိုဖွင့်ဖို့ကြိုးစားပေမယ့်ခေါင်းထဲသို့ဝင်လာသောအသိစိတ်ရဲ့နောက်မှာရှေးဦးစွာခံစားလိုက်ရသည်ကသူ့မျက်လုံးတွေဖွင့်လို့မရအောင်လေးလံကျိန်းစပ်နေခြင်းပင်။ သူ.. မျက်မှောင်လေးကြုံ့ပြီးလေးတိလေးကန်ဖြင့်ထထိုင်ကာထုံဆေးမိသလိုထူထူအမ်းအမ်းဖြစ်နေသောမျက်ခွံတွေကိုတဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

"အမလေး! ဒါ.. ဘယ်သူကြီးတုန်း"

မှန်ထဲမှမြင်လိုက်ရတဲ့သူ့ပုံသူကြည့်ပြီးလန့်ဖျန့်ကာအသံထွက်၍ ပင်အော်လိုက်မိသည်။ မလန့်ဘဲနေမလား.. သူ့မျက်လုံးတွေကိုလည်းကြည့်ကြပါဦး။ ညကသူဘယ်လောက်တောင်အားရပါးရငိုလိုက်မိသည်မသိ.. မို့အစ်ဖောင်းကားနေတဲ့သူ့မျက်ခွံတွေက..မသိရင်ဖားမျက်လုံးကြီးအတိုင်း..ယောင်ယမ်းကာဖောင်းအစ်အစ်ကြီးဖြစ်လို့နေသည်။

"အားးး.. ကင်ဆော့ဂျင်ရေ.. သေလိုက်တော့.. ဒီတစ်ခါ.. တကယ်သေလိုက်တော့... အားးး.. ဘာလို့.. သူ့ရှေ့မှာမှ.... အားးး.. ရူးချင်တယ်.. တကယ်"

ဆော့ဂျင်.. သူ့ဆံပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဖွကာအော်ဟစ်ညည်းညူမိသည်။ ဘယ့်နှယ်.. ခင်ဗျားထက်ဆယ်ဆပိုပြတ်နိုင်တယ်ဆိုပြီးမာနတလူလူ၊ စိတ်ရူးတဝေဝေနဲ့ကျောခိုင်းထားခဲ့တဲ့ထိုလူ့ရှေ့မှာမှကလေးတစ်ယောက်လိုအော်ဟစ်ငိုယိုရတယ်လို့.. လူကြားလို့မှမကောင်း.. ကင်ဆော့ဂျင်ရယ်။

"ဦး.. Appa ရော.. မနက်စာမစားတော့ဘူးလား"

တစ်စွန်းတစ်စကြားလိုက်ရတဲ့ဟူချူလေးရဲ့အသံကြောင့်သူ့ဗိုက်သူလက်လေးနဲ့ဖိကြည့်မိသည်။ စားချင်တာပေါ့.. ဆာတာပေါ့.. ညကအများကြီးငိုလိုက်ရလို့အားပြတ်နေတာကို။ ဒါပေမယ့်...

"အင်း... ဟူချူ့ Appa နိုးပြီလားမသိဘူး။ ဦး သွားကြည့်လိုက်ဦးမယ်"

"ဟင်!"

ဟင့်အင်း.. ဟင့်အင်း.. လာလို့မရဘူးလေ။ ဒီပုံစံနဲ့တွေ့လို့ဘယ်ဖြစ်ပါ့မလဲ။ ဆော့ဂျင်.. အိပ်ရာဆီသို့အမြန်ပြေးသွားကာ.. ဗြုန်းခနဲလှဲချလိုက်ပြီးစောင်ခေါင်းမူးခြုံ၍မျက်စိမှိတ်ငြိမ်သက်နေလိုက်သည်။ ညကသူ့လုပ်ရပ်က.. သူ့ကိုယ်သူအရှက်ရစေတာမို့ထိုလူနဲ့သူမျက်နှာချင်းမဆိုင်ရဲပါ။

~ဖျတ်.. ဖျတ်.. ဖျတ်~

သူ.. စောင်အောက်တွင်မလှုပ်မယှက်ငြိမ်ငြိမ်လေးနေနေရင်းခြေသံကိုရင်တမမဖြင့်နားစွင့်ထားရသည်။

~ချလောက်~

တံခါးဖွင့်သံနှင့်အတူ.. သူ့ကုတင်ဘေးမှာရပ်သွားတဲ့ခြေသံ.. ပြီးတော့.. ဟင်းခနဲရယ်လိုက်တာလား.. သက်ပြင်းချလိုက်တာလားမသဲကွဲတဲ့အသံတိုးတိုးကိုကြားလိုက်ပြီးနောက်သူ.. ခေါင်းမြီးခြုံထားတဲ့စောင်လေးဟာတစုံတယောက်ကဆွဲခါလိုက်သလိုမျိုး.. အနည်းငယ်လှုပ်ခတ်သွားသည်။

"နိုးနေမှန်းသိတယ်.. ထတော့။ မနက်စာအဆင်သင့်ဖြစ်နေပြီ.. လာစား"

ဆော့ဂျင်.. ဘာအသံမှမပေးဘဲ လက်သည်းလေးကိုကိုက်ကာစောင်အောက်တွင်ငြိမ်သက်နေမိသည်။ ဒီလူ.. သူနိုးနေတာဘယ်လိုသိသွားပါလိမ့်..

"ကောင်းကောင်းပြောနေတုန်း.. ထလိုက်နော်။ မဟုတ်ရင်.. ဒီစောင်ကိုဆောင့်ဆွဲပစ်မှာ"

"ဟင့်အင်း.. ဆွဲနဲ့။ ပြီးတော့.. ဒီနေ့တနေကုန်ဒီစောင်ခြုံထဲကလုံးဝမထွက်ဘူး။ ဘယ်မှလည်းမသွားဘူး။ ဘာမှလည်းမစားဘူး။ ဘယ်သူနဲ့မှလည်းမတွေ့ဘူး။ ဘာစကားမှလည်းမပြောဘူး။ တနေကုန်ဒီအတိုင်းပဲနေမှာ"

စောင်အောက်ထဲကနေအလန့်တကြားပြန်အော်ရင်း အကယ်၍ သူ့စောင်ကိုလာဆွဲခဲ့သည်ရှိသော်ခုခံနိုင်အောင်စောင်ရဲ့အစွန်းစကိုတင်းနေအောင်လည်းဆုပ်ထားလိုက်သည်။

"တကယ်လား"

"တကယ်"

"တကယ်ပဲ.. ဘာမှမစားဘူးပေါ့"

"မစားဘူး"

"ပြီးတာပဲလေ"

သူကခုခံဖို့အသင့်ပြင်ထားပေမယ့်တစ်ဖက်ကလွယ်လွယ်ကူကူနဲ့အလျော့ပေးလာ​တော့.. ဘာလို့လဲဆိုတဲ့သိချင်စိတ်လေးကဝင်လာမိပြန်သည်။ ထို့ကြောင့်.. စောင်လေးကိုအသာလျှောချကာချောင်းကြည့်လိုက်တော့.. အခန်းထဲကနေထွက်သွားတဲ့အရိပ်ကလေးကိုသာတံခါးမပိတ်ခင်လှစ်ခနဲမြင်လိုက်ရ၏။ ဒါပဲလား.. ဘာမှထပ်မမေးတော့ဘူးလား။

~ဂွီ~

ဒါပေမယ့်.. ဆော့ဂျင်လေးဗိုက်ဆာနေတယ်လေ...

"ဟူချူ.. ဦးတို့ချောကလက်ကွတ်ကီးလုပ်စားကြမလား"

"ကွတ်ကီး?"

ကွတ်ကီးဆိုတဲ့အသံကြားတော့စောင်ခြုံထဲကကောင်လေး.. ဆတ်ခနဲခေါင်းထောင်လာသည်။

"တကယ်? ဦးကကွတ်ကီးလုပ်တတ်လို့လား"

"အရမ်းတော့မကျွမ်းကျင်ဘူးပေါ့။ ဟူချူလေးကဦးကိုကူညီပေးလေ"

"ရတာပေါ့။ ဟူချူက Appa ကိုကူညီပေးနေကျပဲ"

"လာ.. အဲ့ဒါဆိုကွတ်ကီးသွားလုပ်ရအောင်"

"အင်း.. ချောကလက်တွေအများကြီး.. အများကြီး.. ထည့်ပေးနော်"

"ဒါပေါ့"

သူလည်းချောကလက်ကွတ်ကီးကြိုက်တာပဲ။ ဆော့ဂျင်.. အိပ်ရာပေါ်မှထ,ကာအခန်းတံခါးနားသို့ခြေလှမ်းဖွဖွလှမ်း၍တိုးကပ်သွားမိသည်။ တံခါးတွင်သူ့နားကိုကပ်လိုက်ပြီးနားစွန့်ကြည့်တော့.. အပြင်ကနေရယ်ရယ်မောမောပြောကြဆိုနေကြတဲ့စကားသံတွေကိုကြားနေရသည်။ တစ်အိမ်ထဲအတူရှိနေကြပြီးအပယ်ခံလိုဖြစ်နေတော့လည်းဝမ်းနည်းစိတ်ကလေးကဝင်လာပြန်သည်။

"အဟင့်"

သူ.. ကြမ်းခင်းကိုဖနောင့်ဖြင့်တစ်ချက်ဆောင့်၍ မျက်မှောင်လေးကုတ်၊ နှုတ်ခမ်းလေးစူထားမိသည်။ ဗိုက်ထဲကလည်း ကိုယ့်ဒေါသနဲ့ကိုယ်ပဲ.. ခံပေါ့လို့အပြစ်တင်ရှုံ့ချရင်းသူတို့ရဲ့ရပိုင်ခွင့်ကိုဆန္ဒပြတောင်းဆိုနေသည့်နှယ် မရပ်မနားတဂွီဂွီအော်မြည်လျက်ရှိကြသည်။ ထို့နောက်သိပ်မကြာခင်မှာပဲသူ့နှာဝသို့အခုမှလောလောလတ်လတ် oven ထဲကထုတ်ခါစလတ်လတ်ဆတ်ဆတ်ချောကလက်ကွတ်ကီးနံ့သင်းသင်းလေးကလာရိုက်ခတ်ကျီစယ်လာသောအခါတွင်တော့ ဗိုက်ဆာလွန်းလို့ဒူးတွေပင်ညွတ်ခွေချင်လာ၏။

"မင်းတို့ဘာလိုချင်မှန်းသိပေမယ့်.... မင်းတို့လိုချင်တာငါမပေးနိုင်သေးဘူးလေ။ ဒီတော့.. ငါ.. ဘာဆက်လုပ်သင့်သလဲ။ နည်းနည်းလောက်အကြံပေးစမ်းပါ.. မျက်နှာပြောင်တိုက်ပြီးထွက်သွားသင့်လား.. ဘယ်လိုထင်လဲ"

~ဂွီ~

"မင်းတို့ပြောလို့နော်... မင်းတို့ကြောင့်ငါအခန်းပြင်ကိုမထွက်ချင်ဘဲထွက်ရတာနော်"

~ဂွီ~

"အေး.. သိရင်ပြီးတာပဲ။ မင်းတို့အတွက်အရှက်ကိုဘေးချိတ်ပြီးမင်းတို့လိုချင်တာသွားယူပေးရမှာ"

ဗိုက်ထဲကပိုးမျိုးရှစ်ဆယ်နဲ့ဆွေးနွေးတိုင်ပင်ပြီးသကာလ.. စိတ်ပိုင်းဖြတ်၍အခန်းတံခါးကိုအသံမကြားအောင်ဖွင့်ကာခေါင်းလုံးလုံးလေးကိုအရင်.. အခန်းပြင်ထုတ်လိုက်သည်။ ထိုစဥ်.. ပိုမိုပီပြင်လာတဲ့ကွတ်ကီးနံ့ကသူ့ကိုမီးဖိုခန်းထဲအပြေးသွားချင်စိတ်ဖြစ်အောင်လှုံ့ဆော်လာတော့လည်း...

"Appa..ဒီမှာ.. ကွတ်ကီး။ ဟူချူတို့ကွတ်ကီးတွေလုပ်ထားတယ်။ Appa အတွက်လည်းဟူချူချန်ထားပေးတယ်.. လာစားလေ။ အရမ်းစားလို့ကောင်းတယ်"

သူ့ကိုမြင်တော့ဟူချူကဝမ်းသာအားရလှမ်းအော်ခေါ်သည်။ ဟူချူ့ဘေးကဂျောင်ကုကတော့နားလည်ရခက်တဲ့မျက်နှာထားနဲ့.. သူ့ကိုစိုက်ကြည့်နေသည်။ နှုတ်ခမ်းတွေကလည်းပြုံးချင်နေသယောင်ယောင်။ သူ့ကိုလှောင်ရယ်ချင်နေတာလား...

"ဪ.. ဟုတ်လား။ Appa က.. သိပ်စားချင်စိတ်မရှိသေးလို့"

စားချင်စိတ်မရှိတဲ့လူရဲ့အကြည့်တွေကလည်းထမင်းစားပွဲပေါ်တွင်သာဖြန့်ကျက်ထားသည်။

"Appa.. ပြောတော့အစားကိုပုံမှန်စားမှလူကြီးစစ်စစ်ဖြစ်မှာဆို။ Appa ကလူကြီးစစ်စစ်မဖြစ်သေးဘူးလား"

"အဟွန်း"

တွေ့လား.. ဒီလူသူ့ကိုလှောင်ရယ်ချင်နေတာပါဆိုမှ။

"ကဲ.. ဟူချူ.. ဦးပြန်တော့မယ်။ နောက်မှထပ်တွေ့ကြတာပေါ့"

"ဟုတ်ကဲ့... ကောင်းကောင်းပြန်ပါခင်ဗျာ"

"အင်း"

ဂျောင်ကုကဟူချူ့ခေါင်းလေးကိုတစ်ချက်ပုတ်၍သူ့ကိုတော့မျက်လုံးတစ်ချက်ဝေ့ကာစောင်းကြည့်ရုံကြည့်သွားပြီးထွက်သွားသည်။

"ဟို"

အနောက်ကနေကြားလိုက်ရတဲ့မပွင့်တပွင့်လေသံတိုးတိုးကြောင့်သူလှည့်ကြည့်လိုက်တော့ခေါင်းလေးငုံ့ပြီးခပ်ရို့ရို့လေးရပ်နေတဲ့လူသားလေးဟာ သူ့အင်္ကျီစကိုမရဲတရဲလေးလှမ်းဆွဲထားသေးသည်.. ခွေးပေါက်စလေးအစာတောင်းနေသလိုမျိုး...

"ဘာလဲ"

သူ့လေသံမာမာကြောင့်ခေါင်းလေးကပိုငုံ့သွားလေရဲ့.. အိမ်စီးကွင်းထိုးဖိနပ်ထိပ်မှာထိုးထွက်နေတဲ့ခြေချောင်းလေးတွေကလည်းကုတ်ကာဆန့်ကာဖြင့်အနေခက်နေသည့်ဟန်။ တစ်မနက်လုံးသူ့ကိုအသည်းယားအောင်မျိုးစုံလုပ်နေသူလေးရဲ့ရှေ့မှာရုပ်ကြီးကိုတည်ထားရတာတကယ်မလွယ်ကူတဲ့ကိစ္စပါ။ဒါပေမယ့်.. သူ့ရဲ့ မာနခဲ​လေးကလည်းလွယ်လွယ်နဲ့တော့ဝန်ချတောင်းပန်လာမှာမဟုတ်မှန်းသိနေတော့ကား...

"ဒီနေ့.. အလုပ်မလာနဲ့တော့။ မနက်ဖြန်ကျရင်လည်းပြပွဲရှိလို့အလုပ်များဦးမှာမဟုတ်လား။ အဲ့ဒါကြောင့်.. ဒီနေ့တစ်ရက်တော့အိမ်မှာပဲအေးဆေးအနားယူလိုက်.. ဟုတ်ပြီလား"

ဒီတော့လည်း.. သိုးကလေးလိုရိုကျိုးဝပ်တွားစွာဖြင့်ခေါင်းလေးကိုဆတ်ခနဲမြန်မြန်ဆန်ဆန်ညိတ်ပြရှာသည်။ နှုတ်ခမ်းနီနီထွေးထွေးလေးကတော့အစူမပျက်။ ရွံ့သလိုလို၊ လန့်သလိုလိုမျက်နှာလေးနဲ့မျက်လွှာချရပ်နေပုံကအသည်းယားစရာ။

"သွားမယ်"

နှုတ်ခမ်းဖူးဖူးလေးကိုဖွင့်ဟပြီးတစ်ခုခုပြောမည့်ဟန်ပြင်လိုက်သည်ကိုမြင်ပေမယ့်မသိချင်ယောင်ဆောင်ကာလှည့်ထွက်လာခဲ့သည်.. ဒီအဆိုးလေးကိုတနေကုန်နေမထိထိုင်မသာကလိကလိဖြစ်စေချင်တဲ့ဆန္ဒလေးနဲ့ပေါ့...

သူကြားဖူးတာတစ်ခုရှိတယ်... မေတ္တာဆိုတာ ဖြူစင်လွန်းတဲ့အခါအသိဉာဏ်ရောအကြောင်းအရာပါပျောက်သွားတတ်သတဲ့။ စိတ်ပင်ပန်းနေတဲ့အချိန်.. အနားမှာပဲနေပြီးနှစ်သိမ့်မှုတွေပေးချင်ပေမယ့် သူ့အူတူးလေးကိုဒီအခွင့်အရေးမှာလိမ္မာသွားအောင်ဆုံးမချင်သေးတယ်လေ...

********** **********

"နွားနို့လည်းပါပြီ။ ပြီးတော့.. ကြက်ဥ.. ပေါင်မုန့်.. ခေါက်ဆွဲထုပ်.. နောက်.. ဘာဝယ်ဖို့ကျန်သေးပါလိမ့်"

ဆော့ဂျင်.. ဈေးဝယ်စာရင်းကိုပါးစပ်မှရေရွတ်ရင်းသူ့နောက်မှတစ်စုံတစ်ယောက်လိုက်လာသလိုအသိကလေးကြောင့်သေချာသွားအောင် လှမ်းနေတဲ့ခြေလှမ်းတွေကိုတိခနဲရပ်လိုက်သည်။ ထိုအခါသူ့နောက်ကပါလာတဲ့လူကလည်းသူ့ကိုကျော်တတ်ခြင်းမပြုဘဲသူနဲ့အတူတူရပ်လိုက်သည်ကိုသတိထားမိ​သောအခါ.. ဖျတ်ခနဲနောက်လှည့်ကြည့်လိုက်တော့ထိုသူသည်လှစ်ခနဲနီးစပ်ရာကားတစ်စီးနောက်ကုန်းကုန်းကွကွပြေးဝင်သွားသည်။

"ဆံပင်တွေမြင်နေရတာမို့.. ထွက်လာခဲ့"

သူ့စကားကြောင့်ထိုသူကခါးမတ်ပြီးကားနောက်ကနေမဝင့်မရဲထွက်လာသည်။

"ဆော့ဂျီနီ"

"လိုက်ခဲ့"

သူ.. ထိုစကားကိုမျက်နှာထားတင်းတင်းဖြင့်ပြောပြီးအရှေ့မှဦးဆောင်ထွက်လာခဲ့တော့ဂျီမင်းကလည်းသူ့အနောက်ကနေခေါင်းလေးငုံ့ပြီးလိုက်လာသည်။

"ထိုင်လေ.. ဘာရပ်လုပ်နေတာလဲ"

ပန်းခြံထဲကဒန်းတစ်ခုပေါ်မှာဝင်ထိုင်ရင်းသူပြောတော့.. ဂျီမင်းကလည်းသူ့ဘေးကလွတ်နေတဲ့ဒန်းပေါ်တွင်ဝင်ထိုင်လိုက်သည်။

"ဒီနေရာကိုမှတ်မိလား"

ဂျီမင်းကခေါင်းလေးငုံ့ပြီးအတိတ်ကိုပြန်လည်မြင်ယောင်ဟန်ဖြင့်သွားလေးတွေပေါ်အောင်ပြုံးသည်။

"မှတ်မိတာပေါ့.. ဘယ်မေ့ပါ့မလဲ။ ဒီနေရာမှာ.. ငါတို့နှစ်ယောက်သူငယ်ချင်းစဖြစ်ခဲ့ကြတာပဲ"

စိတ်သဘောထားနူးညံ့လွန်းပြီးလူတကာကိုစေတနာသန့်သန့်နဲ့ကူညီပေးတတ်တာဂျီမင်းရဲ့ချစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုဖြစ်သည်။ အဲ့ဒီ့အကျင့်လေးကိုပဲအခွင့်ကောင်းယူတတ်တဲ့လူတစ်စုက ဂျီမင်းကိုနည်းမျိုးစုံနဲ့အနိုင်ကျင့်ခိုင်းစားကြသည်။ ဒါကို.. အမြင်မတော်တဲ့သူက.. ဂျီမင်းဘေးကနေရပ်တည်ပေးရင်းသူတို့နှစ်ယောက်သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။သူ..မှတ်မိသေးသည်.. အဲ့ဒီ့နေ့က.. ကျောင်းကလူမိုက်တွေနဲ့ထိုးကြိတ်သတ်ပုတ်ခဲ့တဲ့သူတို့နှစ်ယောက်.. ဖူးယောင်နေတဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအသားနာဖို့တောင်သတိမရဘဲအကြာကြီးထိုင်ရယ်ခဲ့ကြတာကို..

"ပြီးတော့..ကျောင်းတူတူသွားဖို့ငါ.. မင်းကိုလာစောင့်တော့လည်းဒီနေရာမှာပဲ။ ကျောင်းလစ်ကြတော့လည်းတခြားဂိမ်းဆိုင်တွေ.. စာအုပ်ဆိုင်တွေမသွားဘဲနဲ့.. ဒီနေရာမှာပဲအချိန်လာဖြုန်းကြတာပဲမဟုတ်လား"

"အဟင်း.. ဟုတ်ပါရဲ့.. ငါတို့ရဲ့ပျော်စရာတွေ.. အမှတ်တရတွေက.. ဒီနေရာမှာအများကြီးရှိနေတာပဲ"

သူတို့နှစ်ယောက်စလုံးပြိုင်တူအသာအယာပြုံးရင်းခေတ္တမျှငြိမ်သက်သွားကြသည်။

"ပျော်စရာတွေ...အမှတ်တရတွေ.... ငါ.. ငယ်ငယ်တုန်းကတော့.. ဒါတွေကိုအကြာကြီးတည်မြဲနေမယ်လို့ထင်ခဲ့ဖူးတယ်။ အခု.. နေလာရင်း, နေလာရင်းနဲ့.. တဖြည်းဖြည်းနဲ့နားလည်လာတယ်..အဲ့ဒီ့ပျော်စရာတွေ၊အမှတ်တရတွေကလည်း... ညက ညအိပ်ရာဝင်ပုံပြင်ပြောနေတုန်းအကောင်းကြီးရှိသေးတဲ့မေမေကမနက်ရောက်တော့ငါ့ကိုနှုတ်ဆက်သွားသလိုမျိုး.. ငါ့ဘေးနားမှာအကြာကြီးနေပေးမယ်လို့ကတိပေးခဲ့တဲ့ဖေဖေက.. မျက်စိတစ်မှိတ်အတွင်းမှာပဲငါ့ကိုခွဲခွာသွားခဲ့သလိုမျိုး.. အတူတူအိုမင်းကြမယ်ဆိုတဲ့ဂျွန်းက.. တစ်ရက်၊ တစ်မနက်တည်းမှာငါ့ကိုထားသွားသလိုမျိုး... ငါ့အနားကနေ.. မကြာခင်ပျောက်ကွယ်သွားကြမှာပဲ"

"ဂျင်နီ.. "

"အဲ့ဒါကြောင့်.. ဂျီမင်း... မင်းကတော့.. ငါ့ဘေးမှာကြာကြာလေးနေပေးရမယ်ထင်တယ်။ မဟုတ်ရင်... ငါအရမ်းအထီးကျန်ရလိမ့်မယ်"

"ဂျင်နီ"

ဂျီမင်းကဝုန်းခနဲထရပ်ကာ.. သူ့တကိုယ်လုံးကိုတင်းနေအောင်ပွေ့ဖက်လာသည်။

"တောင်းပန်ပါတယ်.. ဂျင်နီ... ငါ.. ငါ.. မှားသွားပါတယ်"

"ရား.. ဖယ်စမ်းပါ.. အသက်ရှူကျပ်နေပြီဟ"

"ငါ.. မင်းကိုအရမ်းလွမ်းနေတာ... ဟူချူလေးကိုလည်းလွမ်းတယ်.. ပြီးတော့.. တောင်းပန်ပါတယ်။ ငါ.. မင်းကိုအကြာကြီးဖုံးကွယ်ထားဖို့မရည်ရွယ်ပါဘူး.. တကယ်ပါ။ ဂျွန်းက.. ဂျွန်းက.. Dal Group ကိုမင်းလက်ထဲစိတ်ချလက်ချထည့်နိုင်မယ့်အချိန်အထိလျှို့ဝှက်ထား​ပေးပါဆိုလို့"

"သိပါတယ်.. ဂျွန်းကလည်းမင်းသူငယ်ချင်းပဲလေ။ မင်းလည်းဒီလိုဆုံးဖြတ်ချက်မျိုးချဖို့အများကြီးခက်ခဲခဲ့မှာ။ Aigoo! ငါတို့ ဂျာမန်း.. အရမ်းပင်ပန်းခဲ့မှာပဲ"

"မဟုတ်တာ.. မင်း.. ပင်ပန်းခဲ့တာတွေကိုဘယ်မှီပါ့မလဲ။ ငါတို့ ဆော့ဂျီနီလေး.. သနားပါတယ်.. ဘာအမှားမှလည်းမလုပ်ခဲ့ဘဲအလကားစွပ်စွဲခံခဲ့ရတယ်။ သူများတွေဝိုင်းကဲ့ရဲ့တာခံခဲ့ရတယ်။ အဲ့ဒါတွေအားလုံး.. ငါ့ကြောင့်.. ငါ.. မကောင်းခဲ့လို့ဖြစ်ရတာ... တောင်းပန်ပါတယ်.. ဂျင်နီ။ ငါ.. တကယ်..စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ ငါလေ.. အဲ့ဒီ့ကိစ္စတွေကိုမင်းကိုမပြောဘဲဖုံးကွယ်ခဲ့တယ်ဆိုပေမယ့်.. ငါ.. အတတ်နိုင်ဆုံးဂျွန်းနဲ့ကင်းအောင်နေခဲ့ပါတယ်"

"ဟုတ်ပါပြီ"

"ဂျွန်းဆီကပိုက်ဆံကိုလက်ခံခဲ့တယ်ဆိုတာကလည်းလေ.. အဲ့တုန်းက.. မင်းက.. လုပ်ငန်းလုပ်ဖို့ငွေအရမ်းလိုနေတဲ့အခြေအနေမို့လို့လက်ခံခဲ့တာပါ။ ဒါပေမယ့်..အဲ့ဒီ့ပိုက်ဆံတွေကိုလည်းလေ.. ဒါရိုက်တာဂျွန်ဆီကယူပြီးအကုန်ပြန်ဆပ်ပြီးပါပြီ"

"ဘာပြောတယ်!"

********** **********

"မင်္ဂလာပါ.. YeonHwa Gallery ကနေကြိုဆိုပါ.. အော.. ဥက္ကဌကြီး"

"ယောက်ဖ.. အဲ.. ဥက္ကဌကြီးကိုယ်တိုင်ရောက်လာတာလား.. ဒီဘက်ကိုကြွ... "

"ရတယ်.. မင်းနေခဲ့။ ဟို.. သူငယ်.. မင်းပဲငါ့ကိုလိုက်ရှင်းပြစမ်း"

"ဗျာ?"

သူတို့ရဲ့ပြပွဲကိုထူးထူးခြားခြားတက်ရောက်လာတဲ့ဥက္ကဌကြီးက အူလျားဖားလျားပြေးကြိုတဲ့မန်နေဂျာဘတ်တို့ကိုကျော်ကာသူ့ကိုပဲအရေးတယူဆက်ဆံလာတာကြောင့် မန်နေဂျာဘတ်ကလည်းသူ့ကိုကွက်ကြည့်ကွက်ကြည့်နဲ့စူးစမ်းသလိုကြည့်နေပြီးသူကိုယ်တိုင်ကလည်းကြောင်စီကြောင်စီနဲ့တောင့်တောင့်လေးရပ်နေမိသည်။

"ဟေး.. သူငယ်.. ဘာလုပ်နေတာလဲ.. အရှေ့ကနေလမ်းပြလေ"

"အမ်! အာ.. ဟုတ်ကဲ့။ ဒီဘက်ကိုကြွပါ.. ဥက္ကဌကြီး"

"အဟမ်း"

ဥက္ကဌကြီးကချောင်းတစ်ချက်ဟန့်ကာလက်နှစ်ဖက်ကိုနောက်ပစ်ရင်းသူ.. ညွှန်ပြရာနောက်သို့လိုက်လာခဲ့သည်။ သူ.. နောက်သို့မသိမသာလှည့်ကာမန်နေဂျာဘတ်ကိုအကဲခတ်ကြည့်တော့မန်နေဂျာဘတ်ကိုသူတို့ကိုမျက်မှောင်ကြီးကြုံ့ပြီးစိုက်ကြည့်နေလေရဲ့။

"ဒီ.. ပြပွဲကမင်းရဲ့အိုင်ဒီယာဆို"

"ဟုတ်ပါတယ်.. ခင်ဗျ"

"မဆိုးပါဘူး.. တော်သားပဲ။ ကလေးတွေကလည်းတော်ကြတယ်.. ပန်းချီတွေအကုန်လုံးကလက်ရာမြောက်နေလို့ပညာသင်ဆုအတွက်ဘယ်သူ့ကိုရွေးရမှန်းတောင်မသိတော့ဘူး။ ဒါနဲ့.. ဒါက.. "

ဥက္ကဌကြီးကပြခန်းရဲ့ထောင့်ဆုံးကပန်းချီကားတစ်ချပ်၏ရှေ့တွင်ခြေစုံရပ်လိုက်တော့သူလည်းတုံ့ခနဲရပ်လိုက်မိသည်။

"ဒါ.. မင်းပုံမဟုတ်ဘူးလား"

"ခင်ဗျာ?"

သူလည်းဥက္ကဌကြီးညွှန်ပြတဲ့ပန်းချီကားကိုလှည့်ကြည့်လိုက်တော့.. မျက်လုံးတွေပိတ်ကျသည်အထိအားရပါးရပြုံးရယ်ရင်းစက်ဘီးစီးနေသည့်.. ထိုပန်းချီကားထဲကကောင်လေးသည်သူနှင့်ခပ်ဆင်ဆင်တူနေသည်။ ရွေဝါရောင်ဖြာလဲ့နေသောနေရောင်ဟပ်လျက်လွတ်လပ်ပေါ့ပါးစွာပြုံးရယ်နေသောထိုကောင်လေးရဲ့မျက်နှာလေးသည်ပန်းရောင်သမ်းကာသိမ်​မွေ့စွာလှပနေ၏။ ပြာလွင်နေသည့်ကောင်းကင်ကြီးရဲ့ပံ့ပိုးမှုကြောင့်လား.. ရွှေအိုရောင်တောက်နေသောနေရောင်ခြည်ကပဲအသွင်ပြောင်းစေသည်လားမသိ.. စိမ်းစိမ်းစိုစိုသစ်တောအုပ်ကိုနောက်ခံလျက်ပျော်ရွှင်မြူးထူးနေပုံလေးက.. သက်ဝင်ရုပ်ထုလေးတစ်ရုပ်သဖွယ်စာဖွဲ့လို့မရအောင်လှရက်လွန်းသည်။

"ပန်းချီကားနာမည်က.. ဘာတဲ့လဲ"

"012486 တဲ့... နာမည်ကလည်းထူးဆန်းလိုက်တာ။ ဒါနဲ့.. ဘာလို့.. ဒီပန်းချီကားကိုအရင်ကသတိမထားမိပါလိမ့်"

"အဲ့ဒီ့တော့.. ဘယ်လိုသဘောရလဲ"

"အင်းးး... ဒီပန်းချီကားက ကလေးတစ်ယောက်ရဲ့လက်ရာတော့ဘယ်လိုမှမဟုတ်နိုင်ဘူး။ တကယ်လို့.. ကလေးတစ်ယောက်ကဒီပန်းချီကိုဆွဲခဲ့တယ်ဆိုရင်တော့.. အဲ့ဒီ့ကလေးက.. ပန်းချီပညာမှာအတော်ပါရမီထူးတဲ့သူပဲဖြစ်ရမယ်"

"ဘာတွေပြောနေတာလဲ။ငါကမင်းငါ့မြေးကိုဘယ်လိုသဘောထားလဲလို့မေးတာ။ ဒီပန်းချီအကြောင်းမေးနေတာမဟုတ်ဘူး"

"ဪ.. အဲ့ဒါကိုမေးတာလား"

"ဟုတ်တယ်"

"ဘယ်လိုသဘောထားလဲဆိုတော့... ဘယ်လိုပြောရမလဲ.. စစတွေ့ချင်းတုန်းကတော့.. ပြောရဆိုရလက်ပေါက်ကတ်ပြီး.. အလကားနေရင်းဘဝင်မြင့်နေတဲ့..ကျက်သရေတစ်စက်မှမရှိ..."

"မင်းအခုပြောနေတာငါ့မြေးအကြောင်းနော်"

"ဥက္ကဌကြီးပဲဘယ်လိုမြင်လဲပြောဆို။ first impression တုန်းကခံစားရတဲ့အတိုင်း.. အမှန်ပြောတဲ့ဟာပဲကို"

"ထားပါတော့.. ဆက်ပြော.. ဆက်ပြော"

"တွေ့စကအမြင်ကတ်စရာကောင်းခဲ့ပေမယ့်.. သူ့အကြောင်းသိလာတာနဲ့အမျှ.. သူကအရမ်းနွေးထွေးတတ်ပြီးကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ တခါတလေ.. ကလေးဆန်ဆန်ပြုမူတတ်တာကလွဲလို့ပေါ့။ ဒါပေမယ့်.. အဲ့ဒါလေးကလည်းတစ်မျိုး ချစ်စရာကောင်း.... အဟမ်း.. ကျွန်တော်ပြောချင်တာက.. ဒါရိုက်တာဂျွန်က.. ကလေးတစ်ယောက်လိုဖြူစင်ပြီးစိတ်ကောင်းရှိတဲ့လူတစ်ယောက်ပါလို့"

"အဲ့ဒါဆိုရင်.. မင်းကငါ့မြေးကိုဘယ်တော့အဖြေပြန်ပေးမှာလဲ"

"ဘာလဲ.. ဥက္ကဌကြီးကကျွန်တော့်ကိုငွေထုပ်နဲ့ပေါက်မလို့လား"

"လုပ်လာပြီ.. ငွေသံကြားတာနဲ့မျက်လုံးကအစအရောင်လက်ခနဲပဲ"

ဥက္ကဌကြီးရဲ့ဆူသလိုလို, မာန်သလိုလို.. အပြောကြောင့်သူ.. ခေါင်းလေးငုံ့ပြီးပြုံ့မိသွားသည်။

"ဥက္ကဌကြီးက.. ကျွန်တော့်ကိုလက်ခံပေးနိုင်တယ်ပေါ့"

သူ့အမေးကိုဥက္ကဌကြီးကချက်ချင်းမဖြေဘဲသူနဲ့မျက်လုံးချင်းဆုံအောင်ကြည့်သည်။

"ဟိုဆော့ကပြောတယ်.. ဂျောင်ကုက.. မင်းမောင်းတဲ့ကားကိုစီးခဲ့တယ်ဆို။ အဲ့ဒါကြောင့်.. အဲ့ဒါကြောင့်.. မင်းကိုလက်ခံပေးလိုက်တာ"

"ဗျာ"

"ဂျောင်ကုမှာ claustrophobia ရှိတာသိတယ်မဟုတ်လား"

"ဟုတ်ကဲ့.. သိပါတယ်"

"ဘာလို့.. အဲ့လိုဖြစ်လဲဆိုတာကိုရောသိလား"

"ဟင့်အင်း.. အဲ့ဒါတော့သေချာမသိ... "

"ဂျောင်ကု.. အသက် ၈နှစ်အရွယ်လောက်ကပြန်ပေးဆွဲခံရဖူးတယ်။အဲ့ဒီ့တုန်းကဂျောင်ကုလေးကပြန်ပေးသမားရဲ့ကားနောက်ဖုံးထဲမှာနာရီ ၂၀လောက်ပိတ်လှောင်ခံခဲ့ရရှာတာ။ ကံကောင်းထောက်မလို့အသက်အန္တရာယ်မကြုံလိုက်ဘဲအိမ်ကိုပြန်လာနိုင်တယ်ဆိုပေမယ့်.. အဲ့ဒီ့နောက်ပိုင်းနေရာကျဥ်းကျဥ်းလေးတွေကိုကြောက်တဲ့ရောဂါဖြစ်လာခဲ့တာပဲ။ အထူးသဖြင့်.. ကားစီးရမှာကိုကြောက်တတ်တဲ့ဂျောင်ကုက.. ဘယ်သူ့ကိုမှမယုံလို့ကားကိုသူကိုယ်တိုင်မောင်းရမှစိတ်ချတတ်တာ။သူ့လိုလူမျိုးကယုံယုံကြည်ကြည်နဲ့မင်းမောင်းတဲ့ကားကိုစီးခဲ့တယ်ဆိုတော့.. မင်းအပေါ်မှာသူ့ရဲ့စိတ်ရင်းဘယ်လောက်လေးနက်လဲဆိုတာ.. ထုတ်မပြောလဲသိနိုင်တာပဲ"

ဆော့ဂျင်.. အဖိုးရှေ့မှာတွေတွေဝေဝေလေးရပ်နေရင်း.. တနေ့ကသူ့ကြောင့်စိတ်တင်းပြီးဘတ်စ်ကားပေါ်တက်လာရတဲ့ဂျောင်ကုရဲ့ဖြူဖတ်ဖြူလျော်မျက်နှာကိုမြင်ယောင်ပြီးငိုချင်လာသည်။ ဒီတခါရလိုက်တဲ့နောင်တကတော့ခါးသက်သက်ရှတတကြီးပါလား...

"ဂျွန်ဂျောင်ကုမှာ... Claustrophobia ရှိတယ်တဲ့လား.... ဟွန်း.. စိတ်ဝင်စားစရာပဲ"

သူတို့ရပ်နေတဲ့နေရာနဲ့မလှမ်းမကန်းမှာသူတို့ပြောသမျှချောင်းနားထောင်နေသူတစ်ဦးလည်းရှိနေသေးရဲ့။

********** **********

ပြခန်းရဲ့ထောင့်တနေရာမှတခြားချိတ်ဆွဲထားသော ကလေးပန်းချီများနှင့်မတူဘဲတမူကွဲပြားနေသည့်ထိုပန်းချီကားလေးရှေ့လာ, လာရပ်နေမိတာဒါပါနဲ့ဆိုဘယ်နှစ်ကြိမ်ရှိနေပြီလဲတောင်မရေတွက်နိုင်တော့ပါ။ ဒီ.. ပန်းချီကားထဲကကောင်လေးကတကယ်ပဲ.. သူ့ပုံလား။

"ဆော့ဂျင်.. အလုပ်မဆင်းသေးဘူးလား။ ပြန်တော့လေ.. ဒီနေ့တနေကုန်ပင်ပန်းထားတာမဟုတ်လား။ စောစောပြန်ပြီး.. နားလိုက်တော့"

"ဟုတ်။ ကျွန်တော်လည်းအခုပဲအလုပ်ဆင်းတော့မလို့ပါ။ ဒါနဲ့... "

သူကစကားကိုရှေ့ဆက်သင့်, မဆက်သင့်အောက်နှုတ်ခမ်းလေးကိုဖွဖွဖိကိုက်ပြီးစဥ်းစားနေတုန်း.. ဟိုဆော့ကသူ့မျက်နှာကိုကြည့်ကာသူဘာပြောချင်လဲနားလည်သည့်ဟန်ဖြင့်ပြုံးသည်။

"ဒီနေ့.. ဂျောင်ကုဒီကိုမလာဘူးလေ။ ဆော့ဂျင်လည်းသိတယ်မဟုတ်လား.. သူကလူများတဲ့နေရာတွေမှာမနေနိုင်ဘူး"

"ဪ..."

ဆော့ဂျင်ရဲ့ ဪဆိုတဲ့အသံလေးကသူ့အသံမှဟုတ်ပါလေစလို့သံသယဝင်ရလောက်အောင်ဖျော့တော့​တော့လေးပါ။

"ဒါဆို.. ကျွန်တော်ပြန်တော့မယ်နော်"

"အင်း"

ပြန်တော့မယ်သာပြောတာလူကတော့ပန်းချီကားရဲ့ရှေ့ကနေတစ်လက်မမှမရွေ့။ ပန်းချီကားရှေ့တွင်ခပ်ငိုင်ငိုင်ရပ်နေမိဆဲ..

"ဒါ.. ဆော့ဂျင်ရဲ့ပုံမဟုတ်လား"

"ဗျာ?.. ဟိုဆော့ရောအဲ့လိုမြင်လား.. ဒါ.. ကျွန်တော့်ပုံလို့"

"ဒါပေါ့.. ဒီလောက်သိသာနေတာပဲကို"

"ဟုတ်လို့လား"

ဆော့ဂျင်.. မျက်လုံးလေးဝိုင်းသွားကာနှုတ်ခမ်းလွှာလေးပင်ဆတ်ခနဲတုန်သွားသည်ထင်မိ၏။ သူ့မျက်စိရှေ့မှာမြင်နေရတဲ့.. ပန်းချီကားထဲမှကောင်လေးကတော့အားရပါးရပြုံးရယ်နေတာမျက်နှာလေးကကြည်လင်လို့။ သူ.. ပြုံးရင်ရောအဲ့လိုပုံပဲလား.. သူမသိပါ။ သူအဲ့လိုစိတ်လွတ်လက်လွတ်မပြုံးမိတာဘယ်လောက်ကြာနေပြီလဲ...

ဒီပန်းချီကားထဲကဇာတ်လိုက်လေးကဟိုဆော့နဲ့အဖိုးပြောသလို သူလို့ပဲဆိုကြပါစို့။ ဒါဆို.. ဒီပန်းချီကိုဘယ်သူဆွဲတာလဲ။ ပြီးတော့.. ပန်းချီကားရဲ့နာမည်ကလည်း...

"012486"

"မင်းကိုထာဝရချစ်နေမယ်"

"ဟင်?"

"012486 ရဲ့အဓိပ္ပါယ်က.. မင်းကိုထာဝရချစ်နေမယ်တဲ့"

ဟိုဆော့ရဲ့စကားကြောင့် ရုတ်တရက်ရင်ခုန်စိတ်လှုပ်ရှားဖို့ကိုတောင်မေ့သွားကာ.. မှင်သက်စွာကြောင်တောင်တောင်လေးဖြစ်နေသည်။

"ဆော့ဂျင်..မသိဘူးလား။အဲ့ဒါ.. pager code လေ။ နေပါဦး.. ကျွန်တော်မှတ်မိတဲ့တခြား code တွေရှိပါသေးတယ်။ ဘာတဲ့ 2525 ဆို.. မုန်းတယ် မုန်းတယ်။ 10288 ဆို.. ငါဖျားနေတယ်။ ပြီးတော့.. 1010235 ဆိုရင်.. မင်းကိုအရူးအမူးချစ်နေမိပါပြီ..."

ဟိုဆော့ကအာဘောင်အာရင်းသန်သန်စကားတွေပြောနေပေမယ့်.. ဟိုဆော့ပြောနေတဲ့စကားတွေကသူ့နားထဲတစ်လုံးမှမဝင်။

"သစ်ပင်တွေ.. စက်ဘီး... ငါ.. ဘယ်တုန်းကစက်ဘီးစီးခဲ့ဖူး.... အော...."

ဆော့ဂျင်.. မျက်လုံးလေးတွေအရောင်တောက်ကာမျက်နှာလေးကကြည်လင်ပြုံးမြလာသည်။ ဆော့ဂျင်သည်ထိုအပြုံးလေးကိုဆင်မြန်းလျက်ပင်.. ဟိုဆော့ဘက်လှည့်၍..

"ဟိုဆော့.. ဒါရိုက်တာဂျွန်.. အခုဘယ်မှာလဲ"

********** **********

နေအရောင်ကလျှင်မြန်စွာရုတ်သိမ်းသွားသောအခါ ကောင်းကင်ကြီးသည်ခရမ်းရင့်ရောင်သမ်းလာသော်လည်းလက်ကျန်နေရောင်ခြည်​ကြောင့်အရောင်လင်းလက်တောက်ပနေဆဲပင်။ သူ.. လေသာဆောင်မှာရပ်လျက်.. ကျယ်ဝန်း၍သစ်ကြီးဝါးကြီးများဖြင့်စိမ်းစိုလှပသောသူ့ခြံကြီးကိုငုံ့ကြည့်နေမိသည်။

ဒီအိမ်ကြီးမှာတစ်ယောက်တည်းနေဖို့အတွက်ကျယ်လွန်းတယ်လို့တွေးမိရင်း.. ဒီလိုနေရာမျိုးမှာချစ်ရသူနှင့်ချစ်ရည်တူမျှသောမိသားစုဘဝလေးကိုတည်​ဆောက်ခွင့်ရလျှင်သိပ်ကောင်းမှာပဲဆိုတဲ့အတွေးလေးကလည်းတစ်ဆက်တည်းဝင်လာပြန်သည်။ အတွေးနဲ့တင်ကြည်နူးချမ်းမြေ့သွားရကာစိတ်ကူးယဥ်ချင်စဖွယ်အလိုအလျောက်ဖြစ်တည်လာသည့်အခြေအနေတစ်ခုကိုမတွန်းလှန်နိုင်ဘဲသတိလက်လွတ်ပြုံးနေမိ​တော့သည်။

ထိုစဥ်.. ရေကူးကန်ဘေးရှိရောင်စုံထီးကြီးများနှင့်အပန်းဖြေအနားယူသည့်ခုံတန်းရှည်များကိုဖြတ်၍ ပြေးလာသောရင်းနှီးသည့်အရိပ်လေးတစ်ခုကိုဖျတ်ခနဲမြင်လိုက်ရသည်။ သူများအမြင်မှားသလားလို့တွေးနေတုန်း.. သူ့နောက်ဘက်ကနေကြားလိုက်ရတဲ့ခြေသံလေး။ သူ.. အနောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်သူဘယ်ဝါဆိုတာအတည်မပြုနိုင်သေးခင်မှာပဲ.. သူ့ရင်ခွင်ထဲထွေးခနဲပြေးဝင်လာတဲ့နွေးနွေးအိအိကိုယ်လုံးလေးကြောင့်နောက်ကိုယိုင်မသွားအောင်ထိုလူသားလေးရဲ့ခါးသိမ်သိမ်လေးကိုအမိအရဖက်ထားရင်းဟန်ချက်ထိန်းထားရသည်။

"ချစ်တယ်.. အရမ်းချစ်တယ်။ တကယ်တော့.. ကိုယ့်ကိုယ်ကိုသိနေတာကြာပါပြီ။ အဲ့ဒါကိုဝန်မခံနိုင်ဘဲအကြာကြီးတွေဝေနေမိတဲ့အတွက်တောင်းပန်ပါတယ်။ နောက်ကို.. ကျွန်တော်ကအများကြီးအများကြီးပိုချစ်ပေးပါ့မယ်။ ကတိပေးပါတယ်"

ဟန်ဆောင်ဖုံးအုပ်ထားသည့်အကာတွေကိုဆွဲခွာလွှင့်ပစ်ချင်နေတာဘယ်လောက်ကြာပြီမသိ။ ရင်ထဲမှာတင်းကြပ်တုတ်နှောင်ထားမိတာလည်းဘယ်လောက်ကြာပြီမသိ။ ရိုးစင်းစွာဝန်ခံဖို့ပင်ပန်းတကြီးကြိုးစားစရာမလိုဘဲစကားလုံးတွေလွင့်ထွက်သွားသည်။ ပြီးတော့.. အဲ့ဒီလိုပွင့်လင်းစွာဝန်ခံလိုက်ဖို့လည်းလိုအပ်တဲ့အချိန်ကိုရောက်နေပြီမဟုတ်လား.. ဒီလိုမှမဟုတ်ရင်ဆော့ဂျင်.. တစ်သက်မှာတစ်ကြိမ်သာစစ်စစ်မှန်မှန်ခံစားရသောအချစ်ဆိုတာကိုဆုံးရှုံးရလိမ့်မည်။

"သိပြီ.. သိပြီမို့လို့.. အရင်လွှတ်လိုက်"

"ဟင်"

"လွှတ်.. လို့"

"လွှတ်ထားတယ်လေ.. ကျွန်တော့်လက်တွေကဒီမှာ"

"အဟမ်း"

အရှက်ပြေချောင်းဟန့်ရင်းဆော့ဂျင်ရဲ့ခါးကိုသိမ်းဖက်ထားတဲ့သူ့လက်တွေကိုဖြည်းဖြည်းချင်းပြန်ရုတ်လိုက်ရသည်။ ဒီတစ်သက်မကြားရတော့ဘူးလို့ထင်ထားတဲ့ မာနခဲအဆိုးလေးရဲ့နှုတ်မှဖွင့်ဟဝန်ခံသံကိုကြားလိုက်ရတာကြောင့် ရင်ထဲမှာလည်းဘင်ခရာတီးဝိုင်းရောက်နေသလိုပင်။ ကလေးလေးတစ်ယောက်လိုခုန်ပေါက်ပျော်မြူးလိုက်ချင်သော်လည်းဣန္ဒြေဆည်ကာမျက်နှာကိုတည်ထားရသည်။

"နောက်ဆုတ်"

"နောက်.. ဆုတ်ရမယ်?"

"အနားမလာနဲ့ဦး... မင်းကိုစိတ်ဆိုးနေသေးတယ်"

သူကရုပ်တည်ကြီးနဲ့ပြောလိုက်တော့.. ဝမ်းနည်းသွားသည်ထင်..အောက်နှုတ်ခမ်းလေးပင်ခပ်မဲ့မဲ့ဖြစ်သွားတာကိုမြင်လိုက်ရသည်။ ပြီးတော့သက်ပြင်းလေးတစ်ချက်ချ၍ သူ့ရဲ့မျက်နှာကိုမျက်လုံးလေးလှန်ကာ မဝံ့မရဲမော့ကြည့်လာရင်း..

"အဲ့ဒါဆို.. စိတ်ဆိုးပြေအောင်ဘာလုပ်ပေးရမလဲ"

"ဘာလုပ်ရမှာလဲ.. ချော့ရမှာပေါ့"

"ဘယ်လိုချော့ရမှာလဲ။ ကြာမှာလား.. ကြာမယ်ဆိုရင်တော့ဒီနေ့ကျွန်တော်အချိန်သိပ်မရလို့။ နောက်မှသပ်သပ်တခါလာချော့လို့မရဘူးလား။ အိမ်မှာ.. ဟူချူ့ကိုလည်းတစ်ယောက်တည်းထားခဲ့ရလို့ပါ"

ဖြစ်ရတယ်.. အချော့ခံချင်တဲ့လူက အချော့ခံဖို့ရက်ချိန်းပေးရမလိုလို.. ဘာလိုလိုနဲ့.. ကင်ဆော့ဂျင်တို့လုပ်ပုံ။

"ဟူချူ့ကိုဒီကိုခေါ်လာဖို့ဟိုဆော့ကိုဖုန်းဆက်ပေးမယ်။ မင်းကတော့.. ဒီမှာပဲနေ။ ဒီကနေတစ်လှမ်းမှရွေ့ဖို့စိတ်မကူးနဲ့နော်။ ဒီည.. စိတ်ဆိုးပြေအောင်မချော့လို့ကတော့တစ်သက်လုံးစိတ်ဆိုးမပြေဘူးမှတ်..ကြားလား"

ဒီလိုကျတော့လည်း.. နဝေတိန်တောင်ရုပ်ကလေးနဲ့ဆံပင်ကောက်ကွေးလေးတွေခါသွားသည်အထိခေါင်းလေးကိုခပ်သွက်သွက်ညိတ်ပြရှာသည်။

"တစ်လှမ်းမှမရွေ့နဲ့နော်"

ဟိုဆော့ကိုဖုန်းဆက်ဖို့ထွက်လာချိန်မှာတောင်သူ့မှာစိတ်မဖြောင့်နိုင်ဘဲထပ်မှာခဲ့ရသေးသည်။ တော်ကြာစိတ်မရှည်ဘူးဆိုပြီးထပြန်သွားရင်လည်း.. ဒုက္ခ။သူ့မှာဟက်ကော့ကြီးဖြစ်ကျန်ခဲ့ရဦးမည်။

********** **********

"Appa ရော"

"ဟူချူ့ Appa လည်းဒီမှာရှိတယ်။ ဒါပေမယ့်.. ဟူချူ့ Appa ကအရမ်းဆိုးလို့.. အခု.. သူ့ကိုအပြစ်ပေးထားတယ်။ အဲ့ဒါကြောင့်. ဒီညတော့.. ဟူချူလေးလည်းဒီမှာပဲအိပ်ရလိမ့်မယ်။ အိပ်လို့ဖြစ်ရဲ့လား"

"အင်း"

ဟူချူကခေါင်းလေးညိတ်ပြပြီးသူ ဟ,ပေးတဲ့စောင်ကြားထဲအသာတကြည်ဝင်အိပ်သည်။

"ဒါနဲ့.. Appa ကဘာအပြစ်လုပ်ထားလို့လဲဟင်။ ဟူချူ့ Appa အမှားကြီးကြီးလုပ်ထားရင်လည်း Appa တောင်းပန်ရင်ဦးကခွင့်လွှတ်ပေးလိုက်ပါနော်။Appa က samchon နဲ့လည်းရန်ဖြစ်ထားလို့ဒီရက်ပိုင်းအရမ်းပင်ပန်းနေတာ။ Appa ကိုအကြာကြီးအပြစ်မပေးပါနဲ့နော်"

"စိတ်ချပါ။ ဟူချူ့ Appa ကိုအကြာကြီးအပြစ်မပေးပါဘူး"

သူ ကတိပေးလိုက်မှစိတ်ချသွားဟန်ဖြင့်ဟူချူလေးကမျက်လုံးလေးမှိတ်ပြီးအိပ်ဖို့ပြင်သည်။

"ပုံပြင်ဖတ်ပြရဦးမလား"

"ဟင့်အင်း.. ဟူချူက ကလေးလေးမှမဟုတ်တာ"

"ဟုတ်ပါပြီ"

သူ ဟူချူ့ဘေးတွင်တင်ပါးလွှဲဝင်ထိုင်ရင်းမျက်လုံးလေးမှိတ်ရင်းငြိမ်နေတဲ့ဟူချူ့ရဲ့ရင်ဘတ်လေးကိုအသာအယာပုတ်ရင်းချော့မြူမိတော့သိပ်မကြာခင်မှာပဲဟူချူ့ထံမှဟောက်သံပိစိလေးထွက်လာသည်။ သူပြုံးလိုက်ပြီးအိပ်ပျော်နေပြီဖြစ်တဲ့ဟူချူ့နဖူးလေးကိုခပ်ဖွဖွနမ်းကာမီးမှိတ်၍အခန်းထဲမှထွက်လာခဲ့သည်။

ဟူချူလေးကိုသိပ်ပြီးအခန်းထဲကထွက်လာပြီးသူ့ရဲ့အူတူးလေးရှိတဲ့ဧည့်ခန်းဆီသို့ချက်ချင်းမသွားသေးဘဲလှေကားထိပ်ကနေကုန်းကုန်းကွကွလှမ်းကြည့်မိသည်။ ဧည့်ခန်းထဲတွင်သတိအနေအထားဖြင့်တောင့်တောင့်လေးရပ်နေတဲ့သူ့အူတူးလေးကမျက်မှောင်လေးကုတ်ပြီးသက်ပြင်း​တွေဘယ်နှစ်ကြိမ်တောင်ချနေသည်မသိ.. ပခုံးစွန်းလေးနှစ်ဖက်နိမ့်ခနဲဖြစ်သွားတာကိုမြင်နေရသည်။ စူတူတူဖြစ်နေတဲ့နှုတ်ခမ်းလေးကတော့အစဥ်အလာမပြတ်ယစ်မူးချင်စရာပါ။

"အဟမ်း"

သူ့အသံကြားတော့တွန့်ခနဲဖြစ်သွားသည့် ကိုယ်ငယ်လေးကမသိမသာခါးလေးမတ်သွားသည်။ ခပ်တည်တည်နဲ့ဆိုဖာတွင်ဝင်ထိုင်လိုက်တော့သူ့ကိုမျက်လုံးလေးစွေကြည့်လာပေမယ့်သူ့ဘေးမှာဝင်မထိုင်သေးဘဲကျောက်ရုပ်လေးလိုရပ်နေဆဲ။

"ထိုင်"

မျက်နှာထားတည်တည်နဲ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာလေသံကအစမာနေတော့ဆော့ဂျင်လည်းတုံ့တုံ့ဆိုင်းဆိုင်းနှင့်ပင် ဂျောင်ကုနဲ့အနည်းငယ်လှမ်းသည့်နေရာတွင်ဝင်ထိုင်လိုက်သည်။ ဘာများဆက်ပြောဦးမလဲလို့စောင့်ကြည့်ပေမယ့်ဂျောင်ကုကဘာစကားမှဆိုမလာတော့ဘဲ remote ကိုယူကာတီဗွီကိုဖွင့်၏။ ထို့နောက်ဘာကြောင့်ရယ်မသိ..ထိုင်နေရာမှဆတ်ခနဲထရပ်ပြီးထွက်သွားသည်။

"ဘာလဲဟ"

ဆော့ဂျင်.. ပါးစပ်လေးဟ,ကာမေ့မေ့လျော့လျော့ငေးနေခိုက်.. ဂျောင်ကုကစောင်တစ်ထည်ပိုက်ပြီးသူ့အနားကိုပြန်ရောက်လာသည်။တခြားလက်တစ်ဖက်မှာလည်းလင်ဗန်းငယ်တစ်ခုပါလာသေးသည်။ ထိုလင်ဗန်းထဲတွင်တော့အစာပြေမုန့်တချို့နှင့်အအေးဗူးနှစ်ဗူးပါသည်။ ပြီးတော့.. သူ့ဘေးတွင်ဝင်ထိုင်ကာလင်ဗန်းကိုစားပွဲပေါ်တင်ပြီးယူလာတဲ့စောင်ကိုသူ့ကိုယ်ပေါ်လွှားခြုံပေးသည့်အပြင်အအေးဗူးနဲ့မုန့်ထုပ်တွေကိုပါအသင့်ဖွင့်ပေးသေးသည်။ စိတ်ဆိုးတာကလည်းဘယ်လိုကြီးမှန်းလဲမသိဘူး.. နားလည်ရခက်လိုက်တာ။

ဒီလိုနဲ့ရုပ်ရှင်တစ်ကားတောင်ပြီးတော့မယ်.. ယခုအချိန်ထိသူတို့နှစ်ဦးစကားမပြောဖြစ်ကြသေးပါ။ စိတ်ဆိုးနေတယ်ဆိုတဲ့လူကြီးကမျက်နှာကြီးကိုတစ်ချိန်လုံးသုန်မှုန်ထားပေမယ့်.. ရုပ်ရှင်ကြည့်နေချိန်တစ်လျှောက်လုံးသူလိုအပ်တာမှန်သမျှဂရုတစိုက်နဲ့ဝတ္တရားမပျက်လုပ်ပေးဖို့ကိုလည်းမမေ့။ ဒါဖြင့်စိတ်ပြေသွားပြီလားဆိုတော့လည်းမဟုတ်ပြန်။ချော့ရမယ်ဆိုပြီးတော့အခုချိန်ထိဘယ်လိုချော့စေချင်လဲမပြောသေးသဖြင့်သူ့မှာအတွေးများစွာဖြင့်ရင်မောရနေရသည်။

"ဟို.. "

ထိုအသံတိမ်တိမ်လေးကိုအဆုံးမခံစေဘဲပခုံးကနေသိုင်းဖက်လိုက်သောအခါလေလျော့သွားတဲ့လေထိုးရုပ်လေးလိုအလိုက်သင့်ယိမ်းနွဲ့ကာသူ့ရင်ခွင်ထဲပါလာသည်။ အစမှာတော့ကြောင်အသွားသည့်ဟန်မျက်လုံးလေးပေကလပ်ပေကလပ်နဲ့သူ့မျက်နှာကိုမငေးနေပြီးမှသူနဲ့အကြည့်ချင်းဆုံတော့အနည်းငယ်ရဲတင်းလာသည်ထင်.. ပါးဖောင်းဖောင်းလေးတွေမို့တက်သွားအောင်ပြုံးပြသည်။ ပြီးတော့.. သူ့ရင်ခွင်ထဲပိုတိုးဝင်ကာသူ့ခါးကိုလက်လေးနှစ်ဖက်ဖြင့်တင်းနေအောင်ဖက်လာသည်။

"ချစ်တယ်"

သည်းအူစိမ့်တုန်သွားစေသောလေသံဖွဖွလေးနဲ့ပြောရင်းသူ့မေးရိုးကိုကြာကြာဖိကပ်နမ်း၏။ မထင်မှတ်ထားတဲ့အပြုအမူလေးရယ်.. နှုတ်ခမ်းဖူးဖူးလေးရဲ့အိစက်စက်အထိအတွေ့ရယ်မှာနစ်မြောသွားလိုက်တာနှလုံးခုန်သံတောင်စက္ကန့်ပိုင်းလောက်ရပ်တန့်သွားသလိုပင်။

"ချစ်တယ်.. လို့။ အူတူးလေးကိုစိတ်ဆိုးမပြေသေးဘူးလား.. ဟင်"

အနီးကပ်မြင်နေရတဲ့ဖူးဥနေတဲ့မျက်နှာလေးနဲ့နှာတံလုံးလုံးလေးဟာကိုက်စားချင်စရာ။

"မပြေဘူး.. ချော့"

"အူတူးလေးကလေ.. အချစ်ခံချင်လို့ဆိုးမိတာပါလို့။ နောက်အဲ့လိုမဖြစ်ရအောင်ဆင်ခြင်မယ်လေ.. နော်။ အူတူးလေးကအများကြီးလည်းပိုချစ်ပေးမယ်လေ.. အဲ့ဒါကြောင့်စိတ်မဆိုးပါနဲ့တော့.. နော်.. နော်လို့.. ဟန်နီဘန်နီ.. နော်"

"ကိုကို.. အူတူးမှားသွားပါတယ်လို့.. ပြော"

"ကိုကို.. အူတူးလေးမှားသွားပါတယ်။ နောက်မဖြစ်စေရပါဘူး.. ရပြီလား"

"မသိဘူး"

အနည်းငယ်ပြုံးယောင်သမ်းသောနှုတ်ခမ်းများဖြင့်ပြောလာသဖြင့်ဆော့ဂျင်.. ရင်ထဲကအပူတစ်ဝက်ပင်လျော့ကျသွားသလိုခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်းတစိမ့်စိမ့်တွေးကာအချစ်ပိုလာရသောလူသားလေးမို့မစို့မပို့အပြုံးလေးမြင်ရရုံနဲ့တင်ဒီနှလုံးသားလေးဟာပျော့ခွေသွားမတတ်ပါ။

"တကယ်တော့လေ.. အူတူးလေးမှာလေ.. ကိုကိုတစ်ယောက်တည်းပဲရှိတာပါလို့"

"ဟား.. ရူးတော့မှာပဲ"

"အမေ့!"

ရုတ်တရက် ဆိုဖာပေါ်တွန်းလှဲခံလိုက်ရသဖြင့်လန့်သွားရရှာတဲ့အူတူးလေးကအာမေဋိတ်အသံလေးနဲ့အတူသူ့ရင်ဘတ်ကိုလက်သီးဆုပ်လေးဖြင့်အလန့်တကြားတွန်းလာသည်။ အချစ်ရဲ့အငွေ့အသက်လေးတွေဖြင့်စိုစွတ်တောက်ပလျက်အံ့ဩစိတ်နဲ့ပြူးဝိုင်းသွားသည့်မျက်ဝန်းလေးတွေကလည်းအကြိမ်ကြိမ်ပြိုလဲချင်စရာ။ ထိတွေ့လိုက်သည်နှင့်ရှက်စိတ်ကြောင့်ခပ်ရဲရဲဖြစ်သွားသောပါးမို့မို့လေးကိုနှာခေါင်းနစ်ဝင်သည်အထိအားရပါးရနမ်းသည်။ ထို့နောက်ဖြောင့်စင်းနေသောနှာတံလေးတစ်လျှောက်နှစ်သက်ရလွန်းစွာညင်ညင်သာသာပွတ်တိုက်နမ်းပြီးလျှင်နှင်းဆီဖူးနှုတ်ခမ်း​လေးတွေဆီဦးတည်လိုက်ချိန်မှာတော့...

"ခဏ.. ခဏ.. ခဏလေးနေကြဦး။ ငါ.. ဟိုဘက်ကိုသွားချင်လို့"

"ဟင်!"

"ဟို.. ဟိုဆော့က.. ဒီကိုဘယ်လိုလုပ်... "

"ကျွန်တော်လည်းဒီမှာပဲနေတာလေ.. ဆော့ဂျင်ရဲ့"

"မင်း.. ဘယ်တုန်းကရောက်နေတာလဲ"

"မင်း.. တွေ့ကရာစားမယ်ဆိုတဲ့ကျားကြီးလိုမခုန်အုပ်ခင်.. နှစ်မိနစ်အလိုလောက်က"

"ဘာ!"

"ဟဲ.. ဟဲ..ငါ့ကိုအားမနာပါနဲ့.. ဆက်လုပ်ကြပါ။ ဒါပေမယ့်ငါရေဆာလို့.. ဟိုးဘက်တော့ခဏသွားခွင့်ပြု"

"ဂျောင်ဟိုဆော့!"

"မဟုတ်ဘူး.. တကယ်တော့.. ဒီဘက်ကိုသွားချင်တာ"

"ရား! မင်းအိမ်ပြောင်းတော့"

"သေတောင်မပြောင်းဘူး။ ဒီမှာပဲနေပြီးနေ့တိုင်း free show ကြည့်မှာ"

********** **********

ဖုန်းမြည်သံကြောင့်ဆော့ဂျင်အိပ်ရာမှဖျတ်ခနဲနိုးလာချိန်တွင်သူ့ရဲ့ခန္ဓာကိုယ်လေးနွေးထွေးနေတာကိုရှေးဦးစွာခံစားရသည်။ ဂျောင်ကုရဲ့လက်တစ်ဖက်ကသူ့ရဲ့ခေါင်းအောက်တွင်ရှိနေပြီးကျန်လက်တစ်ဖက်ဖြင့်သူ့ရဲ့ခန္ဓာကိုယ်ကိုနွေးနေတဲ့ရင်ခွင်ထဲမှာအံဝင်ဂွင်ကျထွေးပွေ့ထားသည်။ ဖုန်းသံတွေအဆက်မပြတ်မြည်နေပေမယ့်ဂျောင်ကုကတော့အိပ်မောကျဆဲမို့သူ.. အိပ်ရာမှညင်သာစွာထ၍ဖုန်းကိုထ, ယူလိုက်သည်။

စောစောစီးစီးဘယ်သူများဖုန်းဆက်သလဲလို့ကြည့်လိုက်တော့သူ့ဖုန်းကိုဆက်တိုက်ခေါ်နေသူမှာ.. ဂျွန်းဖြစ်နေသည်။ ထုံးစံအတိုင်းဖုန်းကိုမကိုင်ဘဲချလိုက်ပြီး အောက်နှုတ်ခမ်းကိုဖိကိုက်လျက်ဖုန်းစခရင်ကိုတွေတွေလေးကြည့်နေမိသည်။

"ထွက်ပြေးနေရုံနဲ့.. ဒီကိစ္စကပြေလည်သွားမှာမဟုတ်ဘူးဆိုတာသိတယ်မဟုတ်လား"

"အော.. ဖုန်းသံကြောင့်နိုးသွားတာလား"

ဂျောင်ကုကအသာအယာခေါင်းခါပြပြီးပွယောင်းယောင်းဖြစ်နေသောဆံပင်တို့ကိုသပ်ကာကုတင်ပေါ်တွင်ပုံ့ပုံ့လေးထိုင်နေသောသူ့ကိုယ်လေးကိုသိုင်းဖက် ၍သူ့ပခုံးပေါ်တွင်မေးတင်လျက်ပါးမို့မို့လေးကိုတရွှတ်ရွှတ်နမ်းသည်။

"သွားတွေ့လိုက်ပါ"

"တကယ်.. တွေ့လို့ဖြစ်ရဲ့လား"

"သေချာပေါက်သွားတွေ့ရမှာပေါ့။ သူနဲ့ရှင်းစရာတွေအများကြီးရှိတယ်မဟုတ်လား။ ပြီးတော့.. ကိုယ်ကသဘောထားသေးသိမ်တဲ့သူလုံးဝမဟုတ်ဘူးနော်.. အရမ်းအေးဆေးတဲ့.. cool guy ပါ"

"ဟား.. အဲ့ဒီ့အပြောတွေကိုပဲကြောက်နေရတာ"

သူ့စကားကြောင့်ဂျောင်ကုကခပ်ဖွဖွရယ်သည်။

"ကိုယ်.. အဖော်လိုက်ပေးရမလား"

"ဟင့်အင်း.. ရတယ်။ ကိုယ့်ဘာသာကိုယ်သွားတွေ့လိုက်မယ်"

ဂျောင်ကုကိုတော့ဘာမှမဖြစ်သလိုလေသံအေးအေးဖြင့်ပြောလိုက်ပေမယ့်.. မသိမသာသက်ပြင်းလေးတစ်ချက်တော့ခိုးရှိုက်မိလိုက်သည်။

********** **********

"လာတွေ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဘာသောက်မလဲ.. သောက်နေကျ americano ပဲလား"

"အေးအေးဆေးဆေးကော်ဖီအတူတူထိုင်သောက်နိုင်မယ့်စိတ်အခြေအနေမဟုတ်တာမို့.. ပြောစရာရှိတာသာမြန်မြန်ပြောပါ"

ဂျွန်းကခေါင်းကိုငုံ့ကာမချိပြုံးပြုံးသည်။ ထို့နောက်.. စားပွဲပေါ်သို့ဖိုင်တချို့တင်ကာသူ့ရှေ့သို့အသာအယာတွန်းပို့ပေးရင်း...

"ဒါ.. ဆော့ဂျင်ရဲ့ပိုင်ဆိုင်မှုအားလုံးပါ။ Dal Group အအောင်မြင်ဆုံးအနေအထားရောက်မှပိုင်ရှင်လက်ထဲပြန်ထည့်ပေးမယ်လို့ရည်ရွယ်ထားပေမယ့်.. မှန်းထားတဲ့အချိန်ထက်နည်းနည်းစောသွားခဲ့ပါတယ်။ အခုလည်း.. ဆော့ဂျင်ရဲ့ဖေဖေတည်ထောင်ခဲ့တဲ့ကုမ္ပဏီကအကောင်းဆုံးအနေအထားလို့မဆိုနိုင်ပေမယ့်တည်ငြိမ်တဲ့အခြေအနေမှာရှိ​နေတဲ့အတွက်.. ဒီကုမ္ပဏီကိုလွှဲပြောင်းယူပြီးရင်လည်းကောင်းကောင်းရပ်တည်နိုင်မှာပါ"

"ဘယ်အချိန်ကတည်းကလဲ.. မင်းတို့ဘယ်အချိန်ကတည်းက.. ဒီလိုလုပ်ဖို့ကြံစည်ထားကြတာလဲ"

"ကိုယ်တို့.. မင်္ဂလာဆောင်တဲ့နေ့က။ အဲ့ဒီ့နေ့မှာသိလိုက်တာ။ အဲ့ဒါကြောင့်.. သိသိချင်း Vegas ကရုံးခွဲကိုသွားပြီး Dal Group ဆက်ပြီးရပ်တည်နိုင်အောင်ကာကွယ်လိုက်နိုင်ပေမယ့်.. အမေ့မှာတခြားအစီအစဥ်ရှိနေမှန်းမသိခဲ့လိုက်ဘူး။ အသဲ.. ကိုယ့်နောက်ကိုလိုက်လာတဲ့ကိစ္စကိုယ်ကြိုသိခဲ့ရင်.... တောင်းပန်ပါတယ်.. မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက်.. နာကျင်စေတဲ့အတွက်.. အရာအားလုံးအတွက်.. တောင်းပန်ပါတယ်"

"ဟွန့်.. အခုမှလာတောင်းပန်တော့ဘာလုပ်ရမှာလဲ။ အဲ့ဒီ့တောင်းပန်စကားတွေကငါ့ရဲ့စိတ်ဒဏ်ရာတွေကိုကုစားပေးနိုင်လိမ့်မယ်လို့ထင်နေတာလား။ငါ..နစ်နာခဲ့တာတွေအတွက်.. ညစ်နွမ်းခဲ့ရတဲ့ငါ့ရဲ့ဂုဏ်သိက္ခာ.. ငါ့မိဘတွေရဲ့ဂုဏ်သိက္ခာအတွက်.. ဘာပြန်လုပ်ပေးမှာလဲ.. ဘယ်လိုပြန်လျော်ပေးမှာလဲ.. ဟမ်"

"မင်းရဲ့.. ဂုဏ်သိက္ခာအတွက်အမှန်အတိုင်းဖြစ်စေရပါမယ်။ မကြာခင်.. မီဒီယာတွေခေါ်ပြီးတစ်နိုင်ငံလုံးသိအောင်ကြေငြာပေးဖို့လည်းစီစဥ်ထားပါတယ်။ အဲ့ဒါမှမကျေနပ်နိုင်ဘူးဆိုရင်လည်း... "

နမ်ဂျွန်းကရုတ်တရတ်သူ့ရှေ့မှာဒူးထောက်ထိုင်လိုက်သဖြင့်သူ.. အလန့်တကြားထ, ရပ်လိုက်မိသည်။

"ဘာလုပ်တာလဲ"

"ဒီလို.. ဒူးထောက်ပြီးတောင်းပန်ပါ့မယ်။ ဒူးထောက်တောင်းပန်ရုံနဲ့ကိုယ့်ရဲ့အပြစ်တွေမကျေနိုင်ဘူးဆိုတာသိပါတယ်။ ခွင့်လွှတ်မှုကိုလိုချင်လို့အပိုလုပ်ပြနေတာလည်းမဟုတ်ပါဘူး.... "

"အဲ့ဒါဆိုလည်းအပိုတွေလာလုပ်ပြမနေနဲ့.. ထလိုက်တော့။ ပြီးတော့.. အကုန်ပြန်လိုချင်တယ်.. အခုမင်းတို့နေနေတဲ့အိမ်ပါမကျန်.. ငါ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှ.. အားလုံး.. အကုန်ပြန်ပေးဖို့ပြင်ထားပါ"

ဆော့ဂျင်.. ထိုစကားကိုပြောပြီးလှည့်ထွက်လာခဲ့သည်။ ပျက်သုဥ်းသွားပြီဖြစ်တဲ့မေတ္တာတရားတွေရဲ့နောက်မှာနားလည်မှု၊ ငဲ့ညှာခြင်းတွေအားလုံးတစ်စစီမျောလွင့်ပါသွားပြီမို့.. အလွယ်တကူခွင့်လွှတ်နိုင်ဖို့လည်းလွယ်ကူလိမ့်မည်မထင်ပါ။

********** **********

လက်တစ်ဖက်ကစာရွက်ကိုကိုင်ကာကျန်တစ်ဖက်ကနံပါတ်တွေနေရာကိုအုပ်ထားသည်။ ထို့နောက်အုပ်ထားတဲ့လက်ကိုဖြည်းဖြည်းချင်းဖယ်ကြည့်တော့.. ရှေ့ဆုံးဂဏန်း 9 ကိုမြင်လိုက်တာနဲ့သေချာသွားပြီ။ DNA ကိုက်ညီမှုက 99.9994%.. ရလဒ်အရ ဂျွန်ဂျောင်ကုနှင့်ကင်ဟူချူသည်သားအဖတော်စပ်ကြသည်.. တဲ့။

"Wow! Daebak! တကယ်ကြီး.. ဟူချူကဂျောင်ကုရဲ့သားလား"

"အမလေး!"

စာရွက်ပေါ်ကဂဏန်းတွေပေါ်မှာပဲမျက်လုံးအပြူးသားနဲ့အာရုံရောက်နေတဲ့ဂျီမင်း.. သူ့နား, နားမှာကြားလိုက်ရတဲ့အသံကြောင့်ထခုန်မိမတတ်လန့်သွားရသည်။

"ဟိုဆော့? ဟိုဆော့.. ဟိုဆော့က.. ဒီကိုဘယ်လိုလုပ်.. "

"ဒီနားကိုကိစ္စရှိလို့လာရင်းနဲ့ဂျီမင်းကိုတွေ့လို့..အဲ့ဒါ.."

"DNA စစ်တဲ့နေရာကို? ကိစ္စရှိလို့လာတယ်? ဟုတ်မှလည်းပြောစမ်းပါ.. ဟိုဆော့ရယ်"

သူ့စကားကြောင့်ဟိုဆော့ကမပွင့်တပွင့်ရယ်သည်။

"ဟဲ.. ဟဲ.. အမှန်ကဂျီမင်းနောက်ကိုနောက်ယောင်ခံလိုက်လာတာ။ တကယ်တော့.. ဒီကိုဂျီမင်း ပထမဆုံးအကြိမ်လာကတည်းကဂျီမင်းနောက်ကနေလိုက်ချောင်းခဲ့တာ"

"ဘာ!"

"ဟုတ်တယ်လေ.. ဂျီမင်းကမသင်္ကာစရာတွေပဲလုပ်နေတာကိုး။ အဲ့ဒါကြောင့်လိုက်ချောင်းမိတာပေါ့။ ဒါနဲ့.. ဒီအဖြေကတကယ်ကြီးလား။ ဟူချူကဂျောင်ကုရဲ့သားပေါ့.. ဟုတ်လား"

"မြင်တဲ့အတိုင်းပဲလေ။ ကျွန်တော်လည်းဘာဆက်လုပ်ရမှန်းတောင်မသိတော့ပါဘူး"

"ကာယကံရှင်တွေကိုအသိပေးရမှာပေါ့"

"ဖြစ်ပါ့မလား"

"ကျွန်တော့်ကိုသာယုံလိုက်စမ်းပါ"

တကယ်ပဲ.. ဂျောင်ဟိုဆော့ကယုံကြည်စရာကြီးပါ။ အခုဂျောင်ကုရဲ့အရှေ့မှာရောက်နေတာနာရီဝက်လောက်ကြာနေပြီ.. အခုအချိန်ထိစကားတစ်ခွန်းမှမဟဘဲကျောက်ရုပ်ကြီးလိုပါးစပ်ကြီးပိတ်ပြီးရပ်နေတဲ့ယုံကြည်စရာဂျောင်ဟို​ဆော့ရယ်ပါ။

"ဒီမှာ.. ငါကလေ.. ပြခန်းထဲထည့်ထားချင်စရာကောင်းလောက်အောင်လက်ရာမြောက်ပန်းပုရုပ်တစ်ရုပ်လိုပြီးပြည့်စုံမှန်းကိုယ့်ကိုယ်ကိုလည်းသိတယ်။ ဒါပေမယ့်.. အဲ့လိုကြီးလာရပ်ကြည့်နေကြတာကို.. နည်းနည်းတော့... "

"ဟူချူကမင်းရဲ့သားတဲ့"

"ဘာ!"

ပြောချလိုက်တော့လည်းတုံးတိကြီး။

"ဂျီမင်း.. ပြလိုက်လေ"

ဟိုဆော့ကတံတောင်နဲ့တွတ်ကာပြောလာတော့သူ့မှာတုန်တုန်ယင်ယင်နဲ့အဖြေစာရွက်ကိုဂျောင်ကုရဲ့လက်ထဲသွားပေးရသည်။

"ဟင်! ဒါ.. ဒါက... "

"ဘာဖြစ်ရမှာလဲ... Vegas baby ပေါ့"

"Vegas? ဒါဆို.. အဲ့ဒါ.. အိပ်မက်မဟုတ်ဘူးပေါ့.. တကယ်ပေါ့"

"တကယ်မို့လို့.. အဲ့တုန်းကမျိုးစေ့လေးတောင်အခုသုံးနှစ်သားဖြစ်နေပြီ"

"အဲ့ဒါဆို.. ငါက.. ဆော့ဂျင်နဲ့... ရား.. မင်းပြောတော့အဲ့နေ့ကငါကပြန်ရောက်ရောက်ချင်းမှောက်သွားတာဆို"

"ဟုတ်တယ်လေ.. မနက် ၄နာရီလောက်ကြီးပြန်ရောက်လာပြီးတန်းမှောက်သွားတာပဲ"

"ဘာ! မနက် ၄နာရီ.. ဟုတ်လား။ အဲ့ဒါကိုဘာလို့အခုမှလာပြောတာလဲ"

"မင်းမှဘယ်အချိန်ပြန်ရောက်လာလဲလို့မှမမေးတာ"

"ရား! မင်း... "

ထိုစဥ်.. ထမြည်လာတဲ့ဖုန်းသံကြောင့်ဂျောင်ဟိုဆော့တို့သက်သာယာရသွားသည်။ သူ.. ဖုန်းကိုယူကြည့်လိုက်တော့အချိန်ကိုက်ဖုန်းဆက်လာသူက.. အဖိုး။

"အကြားအမြင်များရနေလားမသိဘူး"

********** **********

"ဒီကိစ္စကဘယ်လိုဖြစ်တာလဲ.. ရှင်းစမ်း"

အဖိုးသူ့ရှေ့ကိုပစ်ချလာတဲ့ tablet ကိုယူကြည့်လိုက်တော့.. ဆော့ဂျင်ရှေ့မှာဒူးထောက်ထိုင်နေတဲ့ကင်နမ်ဂျွန်းရဲ့ဓါတ်ပုံနှင့်အတူ 'သူတို့ပြန်ပေါင်းထုတ်ကြမှာလား'ဆိုတဲ့ခေါင်းစီးနဲ့သတင်းတစ်ပုဒ်ကိုမြင်လိုက်ရသည်။

"ကင်ဆော့ဂျင်က.. CEO ကင်နမ်ဂျွန်းရဲ့ခင်ပွန်းဟောင်း.. ဟုတ်လား။ ပြီးတော့.. ကင်ဆော့ဂျင်မှာကလေးတစ်ယောက်လည်းရှိသေးတယ်ဆို"

"ဟုတ်တယ်လေ။ ကျွန်တော်ကရော.. မရှိဘူးပြောမိလို့လား"

"ဘာပြောတယ်! ဒီမှာ.. ငါကလေ.. ခေတ်ရှေ့ပြေးတဲ့အဖိုးကြီးမို့လို့.. မင်းဟာမင်းကလေးရှိတဲ့သူနဲ့ပဲယူ, ယူ.. တစ်ခုလပ်နဲ့ပဲယူ,ယူ.. စိတ်မဝင်စားဘူး။ ဒါပေမယ့်.. ယောက်ျားကွယ်ရာမှာဖောက်ပြန်ပြီးဘယ်သူနဲ့ရမှန်းမသိတဲ့ကလေးကို... "

"ဖောက်ပြန်တာမဟုတ်ဘူးလို့"

"ဖောက်ပြန်တာမဟုတ်ရင်ဘာလဲ"

"အဲ့ဒါက... အဲ့ဒါကိုမပြောခင်.. အဖိုးကျန်းမာရေးအခြေအနေဘယ်လိုရှိလဲ။ နှလုံးတို့.. သွေးတိုးတို့.. ဆီးချိုတို့.. အားလုံးပုံမှန်ပဲလား"

"အပိုတွေပြောမနေနဲ့.. မေးတာသာဖြေ"

"ဟင်း"

ဂျောင်ကုကရင်ဘတ်ကြီးတစ်ခုလုံးမို့မောက်သည်အထိအသက်ရှူသွင်းကာ.. လေပူတွေမှုတ်ထုတ်လိုကပြီး..

"အဲ့ဒီ့ကလေးက... ကျွန်တော့်ကလေး"

"ဘာ! ဒါဆို.. ကင်ဆော့ဂျင်နဲ့ဖောက်ပြန်ခဲ့တာမင်းပေါ့.. ဟုတ်လား"

"ဟာဗျာ.. မဟုတ်ပါဘူး။ အဲ့ဒါတွေက.. အဖိုးရဲ့ယောက်ဖမကောင်းလို့ဖြစ်ရတာ။ Vegas မှာသူ.. ကျွန်တော့်ကိုဆေးခတ်ခဲ့လို့... ထားပါတော့။ အဲ့ဒါတွေနောက်မှပဲသေချာရှင်းပြတော့မယ်။ အခုအဖိုးသိထားရမှာက.. ဆော့ဂျင်ကဖောက်ပြန်ခဲ့တဲ့သူတစ်ယောက်လုံးဝမဟုတ်ဘူးဆိုတာရယ်.. ဟူချူက.. ကျွန်တော့်သားဆိုတာရယ်ပဲ"

"ဟူချူဆိုတာ.. "

"ကျွန်တော့်သားပါဆိုမှ။ မယုံရင်.. ဒီမှာ DNA စစ်ထားတာရှိတယ်"

အဖိုးကသူလှမ်းပေးလိုက်တဲ့ DNA အဖြေစာရွက်ကိုမျက်မှောင်ကြီးကြုတ်၍ဖတ်ပြီးနောက်စာကြည့်မျက်မှန်ကိုချွတ်ကာစားပွဲပေါ်အသာအယာတင်၍..

"အဲ့ဒီ့ကလေးကို.. ငါ့ဆီခေါ်လာခဲ့"

********** **********

အချိန်ပေးပြီးဖတ်ပေးကြတဲ့ reader လေးတွေအားလုံးကျေးဇူးပါ 🥰

Sunday ပြန်ဆုံကြမယ်

**********

Zawgyi

"ဟူခ်ဴေလး.. လာ။ မနက္စာအဆင္သင့္ျဖစ္ၿပီလာစားေတာ့"

"ဟုတ္"

"ဘယ္လိုေနလဲ.. စားလို႔အဆင္ေျပရဲ႕လား"

"အင္း.. စားလို႔အရမ္းေကာင္းတယ္"

"ေတာ္ေသးတာေပါ့။ မ်ားမ်ားစားေနာ္"

ၾကားေနက်မဟုတ္ေသာစိုးစိုးစီစီအသံေလးမ်ားေၾကာင့္ေန႕လား၊ ညလား၊ အိပ္မက္လား၊ တကယ္လား.. မကြဲျပားတဲ့ေယာင္ဝါးဝါးအေတြးမ်ားျဖင့္နိုးထလာရေသာထိုနံနက္ခင္းသည္ေဆာ့ဂ်င္အတြက္ယခင္ေန႕မ်ားႏွင့္မတူဘဲတမူကြဲျပားလို႔ေနသည္။

"အင္းးး"

အင္းခနဲသံရွည္တစ္ခ်က္ဆြဲကာညည္းၫူရင္းအပ်င္းေၾကာဆန့္ၿပီးမ်က္လုံးေတြကိုဖြင့္ဖို႔ႀကိဳးစားေပမယ့္ေခါင္းထဲသို႔ဝင္လာေသာအသိစိတ္ရဲ႕ေနာက္မွာေရွးဦးစြာခံစားလိုက္ရသည္ကသူ႕မ်က္လုံးေတြဖြင့္လို႔မရေအာင္ေလးလံက်ိန္းစပ္ေနျခင္းပင္။ သူ.. မ်က္ေမွာင္ေလးႀကဳံ႕ၿပီးေလးတိေလးကန္ျဖင့္ထထိုင္ကာထုံေဆးမိသလိုထူထူအမ္းအမ္းျဖစ္ေနေသာမ်က္ခြံေတြကိုတျဖည္းျဖည္းခ်င္းဖြင့္လိုက္သည္။

"အမေလး! ဒါ.. ဘယ္သူႀကီးတုန္း"

မွန္ထဲမွျမင္လိုက္ရတဲ့သူ႕ပုံသူၾကည့္ၿပီးလန့္ဖ်န့္ကာအသံထြက္၍ ပင္ေအာ္လိုက္မိသည္။ မလန့္ဘဲေနမလား.. သူ႕မ်က္လုံးေတြကိုလည္းၾကည့္ၾကပါဦး။ ညကသူဘယ္ေလာက္ေတာင္အားရပါးရငိုလိုက္မိသည္မသိ.. မို႔အစ္ေဖာင္းကားေနတဲ့သူ႕မ်က္ခြံေတြက..မသိရင္ဖားမ်က္လုံးႀကီးအတိုင္း..ေယာင္ယမ္းကာေဖာင္းအစ္အစ္ႀကီးျဖစ္လို႔ေနသည္။

"အားးး.. ကင္ေဆာ့ဂ်င္ေရ.. ေသလိုက္ေတာ့.. ဒီတစ္ခါ.. တကယ္ေသလိုက္ေတာ့... အားးး.. ဘာလို႔.. သူ႕ေရွ႕မွာမွ.... အားးး.. ႐ူးခ်င္တယ္.. တကယ္"

ေဆာ့ဂ်င္.. သူ႕ဆံပင္ေတြကိုခပ္ၾကမ္းၾကမ္းဆြဲဖြကာေအာ္ဟစ္ညည္းၫူမိသည္။ ဘယ့္ႏွယ္.. ခင္ဗ်ားထက္ဆယ္ဆပိုျပတ္နိုင္တယ္ဆိုၿပီးမာနတလူလူ၊ စိတ္႐ူးတေဝေဝနဲ႕ေက်ာခိုင္းထားခဲ့တဲ့ထိုလူ႕ေရွ႕မွာမွကေလးတစ္ေယာက္လိုေအာ္ဟစ္ငိုယိုရတယ္လို႔.. လူၾကားလို႔မွမေကာင္း.. ကင္ေဆာ့ဂ်င္ရယ္။

"ဦး.. Appa ေရာ.. မနက္စာမစားေတာ့ဘူးလား"

တစ္စြန္းတစ္စၾကားလိုက္ရတဲ့ဟူခ်ဴေလးရဲ႕အသံေၾကာင့္သူ႕ဗိုက္သူလက္ေလးနဲ႕ဖိၾကည့္မိသည္။ စားခ်င္တာေပါ့.. ဆာတာေပါ့.. ညကအမ်ားႀကီးငိုလိုက္ရလို႔အားျပတ္ေနတာကို။ ဒါေပမယ့္...

"အင္း... ဟူခ်ဴ႕ Appa နိုးၿပီလားမသိဘူး။ ဦး သြားၾကည့္လိုက္ဦးမယ္"

"ဟင္!"

ဟင့္အင္း.. ဟင့္အင္း.. လာလို႔မရဘူးေလ။ ဒီပုံစံနဲ႕ေတြ႕လို႔ဘယ္ျဖစ္ပါ့မလဲ။ ေဆာ့ဂ်င္.. အိပ္ရာဆီသို႔အျမန္ေျပးသြားကာ.. ျဗဳန္းခနဲလွဲခ်လိဳက္ၿပီးေစာင္ေခါင္းမူးၿခဳံ၍မ်က္စိမွိတ္ၿငိမ္သက္ေနလိုက္သည္။ ညကသူ႕လုပ္ရပ္က.. သူ႕ကိုယ္သူအရွက္ရေစတာမို႔ထိုလူနဲ႕သူမ်က္ႏွာခ်င္းမဆိုင္ရဲပါ။

~ဖ်တ္.. ဖ်တ္.. ဖ်တ္~

သူ.. ေစာင္ေအာက္တြင္မလႈပ္မယွက္ၿငိမ္ၿငိမ္ေလးေနေနရင္းေျခသံကိုရင္တမမျဖင့္နားစြင့္ထားရသည္။

~ခ်ေလာက္~

တံခါးဖြင့္သံႏွင့္အတူ.. သူ႕ကုတင္ေဘးမွာရပ္သြားတဲ့ေျခသံ.. ၿပီးေတာ့.. ဟင္းခနဲရယ္လိုက္တာလား.. သက္ျပင္းခ်လိဳက္တာလားမသဲကြဲတဲ့အသံတိုးတိုးကိုၾကားလိုက္ၿပီးေနာက္သူ.. ေခါင္းၿမီးၿခဳံထားတဲ့ေစာင္ေလးဟာတစုံတေယာက္ကဆြဲခါလိုက္သလိုမ်ိဳး.. အနည္းငယ္လႈပ္ခတ္သြားသည္။

"နိုးေနမွန္းသိတယ္.. ထေတာ့။ မနက္စာအဆင္သင့္ျဖစ္ေနၿပီ.. လာစား"

ေဆာ့ဂ်င္.. ဘာအသံမွမေပးဘဲ လက္သည္းေလးကိုကိုက္ကာေစာင္ေအာက္တြင္ၿငိမ္သက္ေနမိသည္။ ဒီလူ.. သူနိုးေနတာဘယ္လိုသိသြားပါလိမ့္..

"ေကာင္းေကာင္းေျပာေနတုန္း.. ထလိုက္ေနာ္။ မဟုတ္ရင္.. ဒီေစာင္ကိုေဆာင့္ဆြဲပစ္မွာ"

"ဟင့္အင္း.. ဆြဲနဲ႕။ ၿပီးေတာ့.. ဒီေန႕တေနကုန္ဒီေစာင္ၿခဳံထဲကလုံးဝမထြက္ဘူး။ ဘယ္မွလည္းမသြားဘူး။ ဘာမွလည္းမစားဘူး။ ဘယ္သူနဲ႕မွလည္းမေတြ႕ဘူး။ ဘာစကားမွလည္းမေျပာဘူး။ တေနကုန္ဒီအတိုင္းပဲေနမွာ"

ေစာင္ေအာက္ထဲကေနအလန့္တၾကားျပန္ေအာ္ရင္း အကယ္၍ သူ႕ေစာင္ကိုလာဆြဲခဲ့သည္ရွိေသာ္ခုခံနိုင္ေအာင္ေစာင္ရဲ႕အစြန္းစကိုတင္းေနေအာင္လည္းဆုပ္ထားလိုက္သည္။

"တကယ္လား"

"တကယ္"

"တကယ္ပဲ.. ဘာမွမစားဘူးေပါ့"

"မစားဘူး"

"ၿပီးတာပဲေလ"

သူကခုခံဖို႔အသင့္ျပင္ထားေပမယ့္တစ္ဖက္ကလြယ္လြယ္ကူကူနဲ႕အေလ်ာ့ေပးလာေတာ့.. ဘာလို႔လဲဆိုတဲ့သိခ်င္စိတ္ေလးကဝင္လာမိျပန္သည္။ ထို႔ေၾကာင့္.. ေစာင္ေလးကိုအသာေလွ်ာခ်ကာေခ်ာင္းၾကည့္လိုက္ေတာ့.. အခန္းထဲကေနထြက္သြားတဲ့အရိပ္ကေလးကိုသာတံခါးမပိတ္ခင္လွစ္ခနဲျမင္လိုက္ရ၏။ ဒါပဲလား.. ဘာမွထပ္မေမးေတာ့ဘူးလား။

~ဂြီ~

ဒါေပမယ့္.. ေဆာ့ဂ်င္ေလးဗိုက္ဆာေနတယ္ေလ...

"ဟူခ်ဴ.. ဦးတို႔ေခ်ာကလက္ကြတ္ကီးလုပ္စားၾကမလား"

"ကြတ္ကီး?"

ကြတ္ကီးဆိုတဲ့အသံၾကားေတာ့ေစာင္ၿခဳံထဲကေကာင္ေလး.. ဆတ္ခနဲေခါင္းေထာင္လာသည္။

"တကယ္? ဦးကကြတ္ကီးလုပ္တတ္လို႔လား"

"အရမ္းေတာ့မကြၽမ္းက်င္ဘူးေပါ့။ ဟူခ်ဴေလးကဦးကိုကူညီေပးေလ"

"ရတာေပါ့။ ဟူခ်ဴက Appa ကိုကူညီေပးေနက်ပဲ"

"လာ.. အဲ့ဒါဆိုကြတ္ကီးသြားလုပ္ရေအာင္"

"အင္း.. ေခ်ာကလက္ေတြအမ်ားႀကီး.. အမ်ားႀကီး.. ထည့္ေပးေနာ္"

"ဒါေပါ့"

သူလည္းေခ်ာကလက္ကြတ္ကီးႀကိဳက္တာပဲ။ ေဆာ့ဂ်င္.. အိပ္ရာေပၚမွထ,ကာအခန္းတံခါးနားသို႔ေျခလွမ္းဖြဖြလွမ္း၍တိုးကပ္သြားမိသည္။ တံခါးတြင္သူ႕နားကိုကပ္လိုက္ၿပီးနားစြန့္ၾကည့္ေတာ့.. အျပင္ကေနရယ္ရယ္ေမာေမာေျပာၾကဆိုေနၾကတဲ့စကားသံေတြကိုၾကားေနရသည္။ တစ္အိမ္ထဲအတူရွိေနၾကၿပီးအပယ္ခံလိုျဖစ္ေနေတာ့လည္းဝမ္းနည္းစိတ္ကေလးကဝင္လာျပန္သည္။

"အဟင့္"

သူ.. ၾကမ္းခင္းကိုဖေနာင့္ျဖင့္တစ္ခ်က္ေဆာင့္၍ မ်က္ေမွာင္ေလးကုတ္၊ ႏႈတ္ခမ္းေလးစူထားမိသည္။ ဗိုက္ထဲကလည္း ကိုယ့္ေဒါသနဲ႕ကိုယ္ပဲ.. ခံေပါ့လို႔အျပစ္တင္ရႈံ႕ခ်ရင္းသူတို႔ရဲ႕ရပိုင္ခြင့္ကိုဆႏၵျပေတာင္းဆိုေနသည့္ႏွယ္ မရပ္မနားတဂြီဂြီေအာ္ျမည္လ်က္ရွိၾကသည္။ ထို႔ေနာက္သိပ္မၾကာခင္မွာပဲသူ႕ႏွာဝသို႔အခုမွေလာေလာလတ္လတ္ oven ထဲကထုတ္ခါစလတ္လတ္ဆတ္ဆတ္ေခ်ာကလက္ကြတ္ကီးနံ႕သင္းသင္းေလးကလာရိုက္ခတ္က်ီစယ္လာေသာအခါတြင္ေတာ့ ဗိုက္ဆာလြန္းလို႔ဒူးေတြပင္ၫြတ္ေခြခ်င္လာ၏။

"မင္းတို႔ဘာလိုခ်င္မွန္းသိေပမယ့္.... မင္းတို႔လိုခ်င္တာငါမေပးနိုင္ေသးဘူးေလ။ ဒီေတာ့.. ငါ.. ဘာဆက္လုပ္သင့္သလဲ။ နည္းနည္းေလာက္အႀကံေပးစမ္းပါ.. မ်က္ႏွာေျပာင္တိုက္ၿပီးထြက္သြားသင့္လား.. ဘယ္လိုထင္လဲ"

~ဂြီ~

"မင္းတို႔ေျပာလို႔ေနာ္... မင္းတို႔ေၾကာင့္ငါအခန္းျပင္ကိုမထြက္ခ်င္ဘဲထြက္ရတာေနာ္"

~ဂြီ~

"ေအး.. သိရင္ၿပီးတာပဲ။ မင္းတို႔အတြက္အရွက္ကိုေဘးခ်ိတ္ၿပီးမင္းတို႔လိုခ်င္တာသြားယူေပးရမွာ"

ဗိုက္ထဲကပိုးမ်ိဳးရွစ္ဆယ္နဲ႕ေဆြးႏြေးတိုင္ပင္ၿပီးသကာလ.. စိတ္ပိုင္းျဖတ္၍အခန္းတံခါးကိုအသံမၾကားေအာင္ဖြင့္ကာေခါင္းလုံးလုံးေလးကိုအရင္.. အခန္းျပင္ထုတ္လိုက္သည္။ ထိုစဥ္.. ပိုမိုပီျပင္လာတဲ့ကြတ္ကီးနံ႕ကသူ႕ကိုမီးဖိုခန္းထဲအေျပးသြားခ်င္စိတ္ျဖစ္ေအာင္လႈံ႕ေဆာ္လာေတာ့လည္း...

"Appa..ဒီမွာ.. ကြတ္ကီး။ ဟူခ်ဴတို႔ကြတ္ကီးေတြလုပ္ထားတယ္။ Appa အတြက္လည္းဟူခ်ဴခ်န္ထားေပးတယ္.. လာစားေလ။ အရမ္းစားလို႔ေကာင္းတယ္"

သူ႕ကိုျမင္ေတာ့ဟူခ်ဴကဝမ္းသာအားရလွမ္းေအာ္ေခၚသည္။ ဟူခ်ဴ႕ေဘးကေဂ်ာင္ကုကေတာ့နားလည္ရခက္တဲ့မ်က္ႏွာထားနဲ႕.. သူ႕ကိုစိုက္ၾကည့္ေနသည္။ ႏႈတ္ခမ္းေတြကလည္းၿပဳံးခ်င္ေနသေယာင္ေယာင္။ သူ႕ကိုေလွာင္ရယ္ခ်င္ေနတာလား...

"ဪ.. ဟုတ္လား။ Appa က.. သိပ္စားခ်င္စိတ္မရွိေသးလို႔"

စားခ်င္စိတ္မရွိတဲ့လူရဲ႕အၾကည့္ေတြကလည္းထမင္းစားပြဲေပၚတြင္သာျဖန့္က်က္ထားသည္။

"Appa.. ေျပာေတာ့အစားကိုပုံမွန္စားမွလူႀကီးစစ္စစ္ျဖစ္မွာဆို။ Appa ကလူႀကီးစစ္စစ္မျဖစ္ေသးဘူးလား"

"အဟြန္း"

ေတြ႕လား.. ဒီလူသူ႕ကိုေလွာင္ရယ္ခ်င္ေနတာပါဆိုမွ။

"ကဲ.. ဟူခ်ဴ.. ဦးျပန္ေတာ့မယ္။ ေနာက္မွထပ္ေတြ႕ၾကတာေပါ့"

"ဟုတ္ကဲ့... ေကာင္းေကာင္းျပန္ပါခင္ဗ်ာ"

"အင္း"

ေဂ်ာင္ကုကဟူခ်ဴ႕ေခါင္းေလးကိုတစ္ခ်က္ပုတ္၍သူ႕ကိုေတာ့မ်က္လုံးတစ္ခ်က္ေဝ့ကာေစာင္းၾကည့္႐ုံၾကည့္သြားၿပီးထြက္သြားသည္။

"ဟို"

အေနာက္ကေနၾကားလိုက္ရတဲ့မပြင့္တပြင့္ေလသံတိုးတိုးေၾကာင့္သူလွည့္ၾကည့္လိုက္ေတာ့ေခါင္းေလးငုံ႕ၿပီးခပ္ရို႔ရို႔ေလးရပ္ေနတဲ့လူသားေလးဟာ သူ႕အကၤ်ီစကိုမရဲတရဲေလးလွမ္းဆြဲထားေသးသည္.. ေခြးေပါက္စေလးအစာေတာင္းေနသလိုမ်ိဳး...

"ဘာလဲ"

သူ႕ေလသံမာမာေၾကာင့္ေခါင္းေလးကပိုငုံ႕သြားေလရဲ႕.. အိမ္စီးကြင္းထိုးဖိနပ္ထိပ္မွာထိုးထြက္ေနတဲ့ေျခေခ်ာင္းေလးေတြကလည္းကုတ္ကာဆန့္ကာျဖင့္အေနခက္ေနသည့္ဟန္။ တစ္မနက္လုံးသူ႕ကိုအသည္းယားေအာင္မ်ိဳးစုံလုပ္ေနသူေလးရဲ႕ေရွ႕မွာ႐ုပ္ႀကီးကိုတည္ထားရတာတကယ္မလြယ္ကူတဲ့ကိစၥပါ။ဒါေပမယ့္.. သူ႕ရဲ႕ မာနခဲေလးကလည္းလြယ္လြယ္နဲ႕ေတာ့ဝန္ခ်ေတာင္းပန္လာမွာမဟုတ္မွန္းသိေနေတာ့ကား...

"ဒီေန႕.. အလုပ္မလာနဲ႕ေတာ့။ မနက္ျဖန္က်ရင္လည္းျပပြဲရွိလို႔အလုပ္မ်ားဦးမွာမဟုတ္လား။ အဲ့ဒါေၾကာင့္.. ဒီေန႕တစ္ရက္ေတာ့အိမ္မွာပဲေအးေဆးအနားယူလိုက္.. ဟုတ္ၿပီလား"

ဒီေတာ့လည္း.. သိုးကေလးလိုရိုက်ိဳးဝပ္တြားစြာျဖင့္ေခါင္းေလးကိုဆတ္ခနဲျမန္ျမန္ဆန္ဆန္ညိတ္ျပရွာသည္။ ႏႈတ္ခမ္းနီနီေထြးေထြးေလးကေတာ့အစူမပ်က္။ ႐ြံ႕သလိုလို၊ လန့္သလိုလိုမ်က္ႏွာေလးနဲ႕မ်က္လႊာခ်ရပ္ေနပုံကအသည္းယားစရာ။

"သြားမယ္"

ႏႈတ္ခမ္းဖူးဖူးေလးကိုဖြင့္ဟၿပီးတစ္ခုခုေျပာမည့္ဟန္ျပင္လိုက္သည္ကိုျမင္ေပမယ့္မသိခ်င္ေယာင္ေဆာင္ကာလွည့္ထြက္လာခဲ့သည္.. ဒီအဆိုးေလးကိုတေနကုန္ေနမထိထိုင္မသာကလိကလိျဖစ္ေစခ်င္တဲ့ဆႏၵေလးနဲ႕ေပါ့...

သူၾကားဖူးတာတစ္ခုရွိတယ္... ေမတၱာဆိုတာ ျဖဴစင္လြန္းတဲ့အခါအသိဉာဏ္ေရာအေၾကာင္းအရာပါေပ်ာက္သြားတတ္သတဲ့။ စိတ္ပင္ပန္းေနတဲ့အခ်ိန္.. အနားမွာပဲေနၿပီးႏွစ္သိမ့္မႈေတြေပးခ်င္ေပမယ့္ သူ႕အူတူးေလးကိုဒီအခြင့္အေရးမွာလိမၼာသြားေအာင္ဆုံးမခ်င္ေသးတယ္ေလ...

********** **********

"ႏြားနို႔လည္းပါၿပီ။ ၿပီးေတာ့.. ၾကက္ဥ.. ေပါင္မုန့္.. ေခါက္ဆြဲထုပ္.. ေနာက္.. ဘာဝယ္ဖို႔က်န္ေသးပါလိမ့္"

ေဆာ့ဂ်င္.. ေဈးဝယ္စာရင္းကိုပါးစပ္မွေရ႐ြတ္ရင္းသူ႕ေနာက္မွတစ္စုံတစ္ေယာက္လိုက္လာသလိုအသိကေလးေၾကာင့္ေသခ်ာသြားေအာင္ လွမ္းေနတဲ့ေျခလွမ္းေတြကိုတိခနဲရပ္လိုက္သည္။ ထိုအခါသူ႕ေနာက္ကပါလာတဲ့လူကလည္းသူ႕ကိုေက်ာ္တတ္ျခင္းမျပဳဘဲသူနဲ႕အတူတူရပ္လိုက္သည္ကိုသတိထားမိေသာအခါ.. ဖ်တ္ခနဲေနာက္လွည့္ၾကည့္လိုက္ေတာ့ထိုသူသည္လွစ္ခနဲနီးစပ္ရာကားတစ္စီးေနာက္ကုန္းကုန္းကြကြေျပးဝင္သြားသည္။

"ဆံပင္ေတြျမင္ေနရတာမို႔.. ထြက္လာခဲ့"

သူ႕စကားေၾကာင့္ထိုသူကခါးမတ္ၿပီးကားေနာက္ကေနမဝင့္မရဲထြက္လာသည္။

"ေဆာ့ဂ်ီနီ"

"လိုက္ခဲ့"

သူ.. ထိုစကားကိုမ်က္ႏွာထားတင္းတင္းျဖင့္ေျပာၿပီးအေရွ႕မွဦးေဆာင္ထြက္လာခဲ့ေတာ့ဂ်ီမင္းကလည္းသူ႕အေနာက္ကေနေခါင္းေလးငုံ႕ၿပီးလိုက္လာသည္။

"ထိုင္ေလ.. ဘာရပ္လုပ္ေနတာလဲ"

ပန္းၿခံထဲကဒန္းတစ္ခုေပၚမွာဝင္ထိုင္ရင္းသူေျပာေတာ့.. ဂ်ီမင္းကလည္းသူ႕ေဘးကလြတ္ေနတဲ့ဒန္းေပၚတြင္ဝင္ထိုင္လိုက္သည္။

"ဒီေနရာကိုမွတ္မိလား"

ဂ်ီမင္းကေခါင္းေလးငုံ႕ၿပီးအတိတ္ကိုျပန္လည္ျမင္ေယာင္ဟန္ျဖင့္သြားေလးေတြေပၚေအာင္ၿပဳံးသည္။

"မွတ္မိတာေပါ့.. ဘယ္ေမ့ပါ့မလဲ။ ဒီေနရာမွာ.. ငါတို႔ႏွစ္ေယာက္သူငယ္ခ်င္းစျဖစ္ခဲ့ၾကတာပဲ"

စိတ္သေဘာထားႏူးညံ့လြန္းၿပီးလူတကာကိုေစတနာသန့္သန့္နဲ႕ကူညီေပးတတ္တာဂ်ီမင္းရဲ႕ခ်စ္စရာေကာင္းတဲ့အက်င့္ေလးတစ္ခုျဖစ္သည္။ အဲ့ဒီ့အက်င့္ေလးကိုပဲအခြင့္ေကာင္းယူတတ္တဲ့လူတစ္စုက ဂ်ီမင္းကိုနည္းမ်ိဳးစုံနဲ႕အနိုင္က်င့္ခိုင္းစားၾကသည္။ ဒါကို.. အျမင္မေတာ္တဲ့သူက.. ဂ်ီမင္းေဘးကေနရပ္တည္ေပးရင္းသူတို႔ႏွစ္ေယာက္သူငယ္ခ်င္းေတြျဖစ္ခဲ့ၾကသည္။သူ..မွတ္မိေသးသည္.. အဲ့ဒီ့ေန႕က.. ေက်ာင္းကလူမိုက္ေတြနဲ႕ထိုးႀကိတ္သတ္ပုတ္ခဲ့တဲ့သူတို႔ႏွစ္ေယာက္.. ဖူးေယာင္ေနတဲ့တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးအသားနာဖို႔ေတာင္သတိမရဘဲအၾကာႀကီးထိုင္ရယ္ခဲ့ၾကတာကို..

"ၿပီးေတာ့..ေက်ာင္းတူတူသြားဖို႔ငါ.. မင္းကိုလာေစာင့္ေတာ့လည္းဒီေနရာမွာပဲ။ ေက်ာင္းလစ္ၾကေတာ့လည္းတျခားဂိမ္းဆိုင္ေတြ.. စာအုပ္ဆိုင္ေတြမသြားဘဲနဲ႕.. ဒီေနရာမွာပဲအခ်ိန္လာျဖဳန္းၾကတာပဲမဟုတ္လား"

"အဟင္း.. ဟုတ္ပါရဲ႕.. ငါတို႔ရဲ႕ေပ်ာ္စရာေတြ.. အမွတ္တရေတြက.. ဒီေနရာမွာအမ်ားႀကီးရွိေနတာပဲ"

သူတို႔ႏွစ္ေယာက္စလုံးၿပိဳင္တူအသာအယာၿပဳံးရင္းခတၱမွ်ၿငိမ္သက္သြားၾကသည္။

"ေပ်ာ္စရာေတြ...အမွတ္တရေတြ.... ငါ.. ငယ္ငယ္တုန္းကေတာ့.. ဒါေတြကိုအၾကာႀကီးတည္ၿမဲေနမယ္လို႔ထင္ခဲ့ဖူးတယ္။ အခု.. ေနလာရင္း, ေနလာရင္းနဲ႕.. တျဖည္းျဖည္းနဲ႕နားလည္လာတယ္..အဲ့ဒီ့ေပ်ာ္စရာေတြ၊အမွတ္တရေတြကလည္း... ညက ညအိပ္ရာဝင္ပုံျပင္ေျပာေနတုန္းအေကာင္းႀကီးရွိေသးတဲ့ေမေမကမနက္ေရာက္ေတာ့ငါ့ကိုႏႈတ္ဆက္သြားသလိုမ်ိဳး.. ငါ့ေဘးနားမွာအၾကာႀကီးေနေပးမယ္လို႔ကတိေပးခဲ့တဲ့ေဖေဖက.. မ်က္စိတစ္မွိတ္အတြင္းမွာပဲငါ့ကိုခြဲခြာသြားခဲ့သလိုမ်ိဳး.. အတူတူအိုမင္းၾကမယ္ဆိုတဲ့ဂြၽန္းက.. တစ္ရက္၊ တစ္မနက္တည္းမွာငါ့ကိုထားသြားသလိုမ်ိဳး... ငါ့အနားကေန.. မၾကာခင္ေပ်ာက္ကြယ္သြားၾကမွာပဲ"

"ဂ်င္နီ.. "

"အဲ့ဒါေၾကာင့္.. ဂ်ီမင္း... မင္းကေတာ့.. ငါ့ေဘးမွာၾကာၾကာေလးေနေပးရမယ္ထင္တယ္။ မဟုတ္ရင္... ငါအရမ္းအထီးက်န္ရလိမ့္မယ္"

"ဂ်င္နီ"

ဂ်ီမင္းကဝုန္းခနဲထရပ္ကာ.. သူ႕တကိုယ္လုံးကိုတင္းေနေအာင္ေပြ႕ဖက္လာသည္။

"ေတာင္းပန္ပါတယ္.. ဂ်င္နီ... ငါ.. ငါ.. မွားသြားပါတယ္"

"ရား.. ဖယ္စမ္းပါ.. အသက္ရႉက်ပ္ေနၿပီဟ"

"ငါ.. မင္းကိုအရမ္းလြမ္းေနတာ... ဟူခ်ဴေလးကိုလည္းလြမ္းတယ္.. ၿပီးေတာ့.. ေတာင္းပန္ပါတယ္။ ငါ.. မင္းကိုအၾကာႀကီးဖုံးကြယ္ထားဖို႔မရည္႐ြယ္ပါဘူး.. တကယ္ပါ။ ဂြၽန္းက.. ဂြၽန္းက.. Dal Group ကိုမင္းလက္ထဲစိတ္ခ်လက္ခ်ထည့္နိုင္မယ့္အခ်ိန္အထိလွ်ို႔ဝွက္ထားေပးပါဆိုလို႔"

"သိပါတယ္.. ဂြၽန္းကလည္းမင္းသူငယ္ခ်င္းပဲေလ။ မင္းလည္းဒီလိုဆုံးျဖတ္ခ်က္မ်ိဳးခ်ဖိဳ႕အမ်ားႀကီးခက္ခဲခဲ့မွာ။ Aigoo! ငါတို႔ ဂ်ာမန္း.. အရမ္းပင္ပန္းခဲ့မွာပဲ"

"မဟုတ္တာ.. မင္း.. ပင္ပန္းခဲ့တာေတြကိုဘယ္မွီပါ့မလဲ။ ငါတို႔ ေဆာ့ဂ်ီနီေလး.. သနားပါတယ္.. ဘာအမွားမွလည္းမလုပ္ခဲ့ဘဲအလကားစြပ္စြဲခံခဲ့ရတယ္။ သူမ်ားေတြဝိုင္းကဲ့ရဲ႕တာခံခဲ့ရတယ္။ အဲ့ဒါေတြအားလုံး.. ငါ့ေၾကာင့္.. ငါ.. မေကာင္းခဲ့လို႔ျဖစ္ရတာ... ေတာင္းပန္ပါတယ္.. ဂ်င္နီ။ ငါ.. တကယ္..စိတ္ရင္းနဲ႕ေတာင္းပန္ပါတယ္။ ငါေလ.. အဲ့ဒီ့ကိစၥေတြကိုမင္းကိုမေျပာဘဲဖုံးကြယ္ခဲ့တယ္ဆိုေပမယ့္.. ငါ.. အတတ္နိုင္ဆုံးဂြၽန္းနဲ႕ကင္းေအာင္ေနခဲ့ပါတယ္"

"ဟုတ္ပါၿပီ"

"ဂြၽန္းဆီကပိုက္ဆံကိုလက္ခံခဲ့တယ္ဆိုတာကလည္းေလ.. အဲ့တုန္းက.. မင္းက.. လုပ္ငန္းလုပ္ဖို႔ေငြအရမ္းလိုေနတဲ့အေျခအေနမို႔လို႔လက္ခံခဲ့တာပါ။ ဒါေပမယ့္..အဲ့ဒီ့ပိုက္ဆံေတြကိုလည္းေလ.. ဒါရိုက္တာဂြၽန္ဆီကယူၿပီးအကုန္ျပန္ဆပ္ၿပီးပါၿပီ"

"ဘာေျပာတယ္!"

********** **********

"မဂၤလာပါ.. YeonHwa Gallery ကေနႀကိဳဆိုပါ.. ေအာ.. ဥကၠဌႀကီး"

"ေယာက္ဖ.. အဲ.. ဥကၠဌႀကီးကိုယ္တိုင္ေရာက္လာတာလား.. ဒီဘက္ကိုႂကြ... "

"ရတယ္.. မင္းေနခဲ့။ ဟို.. သူငယ္.. မင္းပဲငါ့ကိုလိုက္ရွင္းျပစမ္း"

"ဗ်ာ?"

သူတို႔ရဲ႕ျပပြဲကိုထူးထူးျခားျခားတက္ေရာက္လာတဲ့ဥကၠဌႀကီးက အူလ်ားဖားလ်ားေျပးႀကိဳတဲ့မန္ေနဂ်ာဘတ္တို႔ကိုေက်ာ္ကာသူ႕ကိုပဲအေရးတယူဆက္ဆံလာတာေၾကာင့္ မန္ေနဂ်ာဘတ္ကလည္းသူ႕ကိုကြက္ၾကည့္ကြက္ၾကည့္နဲ႕စူးစမ္းသလိုၾကည့္ေနၿပီးသူကိုယ္တိုင္ကလည္းေၾကာင္စီေၾကာင္စီနဲ႕ေတာင့္ေတာင့္ေလးရပ္ေနမိသည္။

"ေဟး.. သူငယ္.. ဘာလုပ္ေနတာလဲ.. အေရွ႕ကေနလမ္းျပေလ"

"အမ္! အာ.. ဟုတ္ကဲ့။ ဒီဘက္ကိုႂကြပါ.. ဥကၠဌႀကီး"

"အဟမ္း"

ဥကၠဌႀကီးကေခ်ာင္းတစ္ခ်က္ဟန့္ကာလက္ႏွစ္ဖက္ကိုေနာက္ပစ္ရင္းသူ.. ၫႊန္ျပရာေနာက္သို႔လိုက္လာခဲ့သည္။ သူ.. ေနာက္သို႔မသိမသာလွည့္ကာမန္ေနဂ်ာဘတ္ကိုအကဲခတ္ၾကည့္ေတာ့မန္ေနဂ်ာဘတ္ကိုသူတို႔ကိုမ်က္ေမွာင္ႀကီးႀကဳံ႕ၿပီးစိုက္ၾကည့္ေနေလရဲ႕။

"ဒီ.. ျပပြဲကမင္းရဲ႕အိုင္ဒီယာဆို"

"ဟုတ္ပါတယ္.. ခင္ဗ်"

"မဆိုးပါဘူး.. ေတာ္သားပဲ။ ကေလးေတြကလည္းေတာ္ၾကတယ္.. ပန္းခ်ီေတြအကုန္လုံးကလက္ရာေျမာက္ေနလို႔ပညာသင္ဆုအတြက္ဘယ္သူ႕ကိုေ႐ြးရမွန္းေတာင္မသိေတာ့ဘူး။ ဒါနဲ႕.. ဒါက.. "

ဥကၠဌႀကီးကျပခန္းရဲ႕ေထာင့္ဆုံးကပန္းခ်ီကားတစ္ခ်ပ္၏ေရွ႕တြင္ေျခစုံရပ္လိုက္ေတာ့သူလည္းတုံ႕ခနဲရပ္လိုက္မိသည္။

"ဒါ.. မင္းပုံမဟုတ္ဘူးလား"

"ခင္ဗ်ာ?"

သူလည္းဥကၠဌႀကီးၫႊန္ျပတဲ့ပန္းခ်ီကားကိုလွည့္ၾကည့္လိုက္ေတာ့.. မ်က္လုံးေတြပိတ္က်သည္အထိအားရပါးရၿပဳံးရယ္ရင္းစက္ဘီးစီးေနသည့္.. ထိုပန္းခ်ီကားထဲကေကာင္ေလးသည္သူႏွင့္ခပ္ဆင္ဆင္တူေနသည္။ ေ႐ြဝါေရာင္ျဖာလဲ့ေနေသာေနေရာင္ဟပ္လ်က္လြတ္လပ္ေပါ့ပါးစြာၿပဳံးရယ္ေနေသာထိုေကာင္ေလးရဲ႕မ်က္ႏွာေလးသည္ပန္းေရာင္သမ္းကာသိမ္ေမြ႕စြာလွပေန၏။ ျပာလြင္ေနသည့္ေကာင္းကင္ႀကီးရဲ႕ပံ့ပိုးမႈေၾကာင့္လား.. ေ႐ႊအိုေရာင္ေတာက္ေနေသာေနေရာင္ျခည္ကပဲအသြင္ေျပာင္းေစသည္လားမသိ.. စိမ္းစိမ္းစိုစိုသစ္ေတာအုပ္ကိုေနာက္ခံလ်က္ေပ်ာ္႐ႊင္ျမဴးထူးေနပုံေလးက.. သက္ဝင္႐ုပ္ထုေလးတစ္႐ုပ္သဖြယ္စာဖြဲ႕လို႔မရေအာင္လွရက္လြန္းသည္။

"ပန္းခ်ီကားနာမည္က.. ဘာတဲ့လဲ"

"012486 တဲ့... နာမည္ကလည္းထူးဆန္းလိုက္တာ။ ဒါနဲ႕.. ဘာလို႔.. ဒီပန္းခ်ီကားကိုအရင္ကသတိမထားမိပါလိမ့္"

"အဲ့ဒီ့ေတာ့.. ဘယ္လိုသေဘာရလဲ"

"အင္းးး... ဒီပန္းခ်ီကားက ကေလးတစ္ေယာက္ရဲ႕လက္ရာေတာ့ဘယ္လိုမွမဟုတ္နိုင္ဘူး။ တကယ္လို႔.. ကေလးတစ္ေယာက္ကဒီပန္းခ်ီကိုဆြဲခဲ့တယ္ဆိုရင္ေတာ့.. အဲ့ဒီ့ကေလးက.. ပန္းခ်ီပညာမွာအေတာ္ပါရမီထူးတဲ့သူပဲျဖစ္ရမယ္"

"ဘာေတြေျပာေနတာလဲ။ငါကမင္းငါ့ေျမးကိုဘယ္လိုသေဘာထားလဲလို႔ေမးတာ။ ဒီပန္းခ်ီအေၾကာင္းေမးေနတာမဟုတ္ဘူး"

"ဪ.. အဲ့ဒါကိုေမးတာလား"

"ဟုတ္တယ္"

"ဘယ္လိုသေဘာထားလဲဆိုေတာ့... ဘယ္လိုေျပာရမလဲ.. စစေတြ႕ခ်င္းတုန္းကေတာ့.. ေျပာရဆိုရလက္ေပါက္ကတ္ၿပီး.. အလကားေနရင္းဘဝင္ျမင့္ေနတဲ့..က်က္သေရတစ္စက္မွမရွိ..."

"မင္းအခုေျပာေနတာငါ့ေျမးအေၾကာင္းေနာ္"

"ဥကၠဌႀကီးပဲဘယ္လိုျမင္လဲေျပာဆို။ first impression တုန္းကခံစားရတဲ့အတိုင္း.. အမွန္ေျပာတဲ့ဟာပဲကို"

"ထားပါေတာ့.. ဆက္ေျပာ.. ဆက္ေျပာ"

"ေတြ႕စကအျမင္ကတ္စရာေကာင္းခဲ့ေပမယ့္.. သူ႕အေၾကာင္းသိလာတာနဲ႕အမွ်.. သူကအရမ္းႏြေးေထြးတတ္ၿပီးၾကင္နာတတ္တဲ့သူတစ္ေယာက္ပါ။ တခါတေလ.. ကေလးဆန္ဆန္ျပဳမူတတ္တာကလြဲလို႔ေပါ့။ ဒါေပမယ့္.. အဲ့ဒါေလးကလည္းတစ္မ်ိဳး ခ်စ္စရာေကာင္း.... အဟမ္း.. ကြၽန္ေတာ္ေျပာခ်င္တာက.. ဒါရိုက္တာဂြၽန္က.. ကေလးတစ္ေယာက္လိုျဖဴစင္ၿပီးစိတ္ေကာင္းရွိတဲ့လူတစ္ေယာက္ပါလို႔"

"အဲ့ဒါဆိုရင္.. မင္းကငါ့ေျမးကိုဘယ္ေတာ့အေျဖျပန္ေပးမွာလဲ"

"ဘာလဲ.. ဥကၠဌႀကီးကကြၽန္ေတာ့္ကိုေငြထုပ္နဲ႕ေပါက္မလို႔လား"

"လုပ္လာၿပီ.. ေငြသံၾကားတာနဲ႕မ်က္လုံးကအစအေရာင္လက္ခနဲပဲ"

ဥကၠဌႀကီးရဲ႕ဆူသလိုလို, မာန္သလိုလို.. အေျပာေၾကာင့္သူ.. ေခါင္းေလးငုံ႕ၿပီးၿပဳံ႕မိသြားသည္။

"ဥကၠဌႀကီးက.. ကြၽန္ေတာ့္ကိုလက္ခံေပးနိုင္တယ္ေပါ့"

သူ႕အေမးကိုဥကၠဌႀကီးကခ်က္ခ်င္းမေျဖဘဲသူနဲ႕မ်က္လုံးခ်င္းဆုံေအာင္ၾကည့္သည္။

"ဟိုေဆာ့ကေျပာတယ္.. ေဂ်ာင္ကုက.. မင္းေမာင္းတဲ့ကားကိုစီးခဲ့တယ္ဆို။ အဲ့ဒါေၾကာင့္.. အဲ့ဒါေၾကာင့္.. မင္းကိုလက္ခံေပးလိုက္တာ"

"ဗ်ာ"

"ေဂ်ာင္ကုမွာ claustrophobia ရွိတာသိတယ္မဟုတ္လား"

"ဟုတ္ကဲ့.. သိပါတယ္"

"ဘာလို႔.. အဲ့လိုျဖစ္လဲဆိုတာကိုေရာသိလား"

"ဟင့္အင္း.. အဲ့ဒါေတာ့ေသခ်ာမသိ... "

"ေဂ်ာင္ကု.. အသက္ ၈ႏွစ္အ႐ြယ္ေလာက္ကျပန္ေပးဆြဲခံရဖူးတယ္။အဲ့ဒီ့တုန္းကေဂ်ာင္ကုေလးကျပန္ေပးသမားရဲ႕ကားေနာက္ဖုံးထဲမွာနာရီ ၂၀ေလာက္ပိတ္ေလွာင္ခံခဲ့ရရွာတာ။ ကံေကာင္းေထာက္မလို႔အသက္အႏၱရာယ္မႀကဳံလိုက္ဘဲအိမ္ကိုျပန္လာနိုင္တယ္ဆိုေပမယ့္.. အဲ့ဒီ့ေနာက္ပိုင္းေနရာက်ဥ္းက်ဥ္းေလးေတြကိုေၾကာက္တဲ့ေရာဂါျဖစ္လာခဲ့တာပဲ။ အထူးသျဖင့္.. ကားစီးရမွာကိုေၾကာက္တတ္တဲ့ေဂ်ာင္ကုက.. ဘယ္သူ႕ကိုမွမယုံလို႔ကားကိုသူကိုယ္တိုင္ေမာင္းရမွစိတ္ခ်တတ္တာ။သူ႕လိုလူမ်ိဳးကယုံယုံၾကည္ၾကည္နဲ႕မင္းေမာင္းတဲ့ကားကိုစီးခဲ့တယ္ဆိုေတာ့.. မင္းအေပၚမွာသူ႕ရဲ႕စိတ္ရင္းဘယ္ေလာက္ေလးနက္လဲဆိုတာ.. ထုတ္မေျပာလဲသိနိုင္တာပဲ"

ေဆာ့ဂ်င္.. အဖိုးေရွ႕မွာေတြေတြေဝေဝေလးရပ္ေနရင္း.. တေန႕ကသူ႕ေၾကာင့္စိတ္တင္းၿပီးဘတ္စ္ကားေပၚတက္လာရတဲ့ေဂ်ာင္ကုရဲ႕ျဖဴဖပ္ျဖဴေလ်ာ္မ်က္ႏွာကိုျမင္ေယာင္ၿပီးငိုခ်င္လာသည္။ ဒီတခါရလိုက္တဲ့ေနာင္တကေတာ့ခါးသက္သက္ရွတတႀကီးပါလား...

"ဂြၽန္ေဂ်ာင္ကုမွာ... Claustrophobia ရွိတယ္တဲ့လား.... ဟြန္း.. စိတ္ဝင္စားစရာပဲ"

သူတို႔ရပ္ေနတဲ့ေနရာနဲ႕မလွမ္းမကန္းမွာသူတို႔ေျပာသမွ်ေခ်ာင္းနားေထာင္ေနသူတစ္ဦးလည္းရွိေနေသးရဲ႕။

********** **********

ျပခန္းရဲ႕ေထာင့္တေနရာမွတျခားခ်ိတ္ဆြဲထားေသာ ကေလးပန္းခ်ီမ်ားႏွင့္မတူဘဲတမူကြဲျပားေနသည့္ထိုပန္းခ်ီကားေလးေရွ႕လာ, လာရပ္ေနမိတာဒါပါနဲ႕ဆိုဘယ္ႏွစ္ႀကိမ္ရွိေနၿပီလဲေတာင္မေရတြက္နိုင္ေတာ့ပါ။ ဒီ.. ပန္းခ်ီကားထဲကေကာင္ေလးကတကယ္ပဲ.. သူ႕ပုံလား။

"ေဆာ့ဂ်င္.. အလုပ္မဆင္းေသးဘူးလား။ ျပန္ေတာ့ေလ.. ဒီေန႕တေနကုန္ပင္ပန္းထားတာမဟုတ္လား။ ေစာေစာျပန္ၿပီး.. နားလိုက္ေတာ့"

"ဟုတ္။ ကြၽန္ေတာ္လည္းအခုပဲအလုပ္ဆင္းေတာ့မလို႔ပါ။ ဒါနဲ႕... "

သူကစကားကိုေရွ႕ဆက္သင့္, မဆက္သင့္ေအာက္ႏႈတ္ခမ္းေလးကိုဖြဖြဖိကိုက္ၿပီးစဥ္းစားေနတုန္း.. ဟိုေဆာ့ကသူ႕မ်က္ႏွာကိုၾကည့္ကာသူဘာေျပာခ်င္လဲနားလည္သည့္ဟန္ျဖင့္ၿပဳံးသည္။

"ဒီေန႕.. ေဂ်ာင္ကုဒီကိုမလာဘူးေလ။ ေဆာ့ဂ်င္လည္းသိတယ္မဟုတ္လား.. သူကလူမ်ားတဲ့ေနရာေတြမွာမေနနိုင္ဘူး"

"ဪ..."

ေဆာ့ဂ်င္ရဲ႕ ဪဆိုတဲ့အသံေလးကသူ႕အသံမွဟုတ္ပါေလစလို႔သံသယဝင္ရေလာက္ေအာင္ေဖ်ာ့ေတာ့ေတာ့ေလးပါ။

"ဒါဆို.. ကြၽန္ေတာ္ျပန္ေတာ့မယ္ေနာ္"

"အင္း"

ျပန္ေတာ့မယ္သာေျပာတာလူကေတာ့ပန္းခ်ီကားရဲ႕ေရွ႕ကေနတစ္လက္မမွမေ႐ြ႕။ ပန္းခ်ီကားေရွ႕တြင္ခပ္ငိုင္ငိုင္ရပ္ေနမိဆဲ..

"ဒါ.. ေဆာ့ဂ်င္ရဲ႕ပုံမဟုတ္လား"

"ဗ်ာ?.. ဟိုေဆာ့ေရာအဲ့လိုျမင္လား.. ဒါ.. ကြၽန္ေတာ့္ပုံလို႔"

"ဒါေပါ့.. ဒီေလာက္သိသာေနတာပဲကို"

"ဟုတ္လို႔လား"

ေဆာ့ဂ်င္.. မ်က္လုံးေလးဝိုင္းသြားကာႏႈတ္ခမ္းလႊာေလးပင္ဆတ္ခနဲတုန္သြားသည္ထင္မိ၏။ သူ႕မ်က္စိေရွ႕မွာျမင္ေနရတဲ့.. ပန္းခ်ီကားထဲမွေကာင္ေလးကေတာ့အားရပါးရၿပဳံးရယ္ေနတာမ်က္ႏွာေလးကၾကည္လင္လို႔။ သူ.. ၿပဳံးရင္ေရာအဲ့လိုပုံပဲလား.. သူမသိပါ။ သူအဲ့လိုစိတ္လြတ္လက္လြတ္မၿပဳံးမိတာဘယ္ေလာက္ၾကာေနၿပီလဲ...

ဒီပန္းခ်ီကားထဲကဇာတ္လိုက္ေလးကဟိုေဆာ့နဲ႕အဖိုးေျပာသလို သူလို႔ပဲဆိုၾကပါစို႔။ ဒါဆို.. ဒီပန္းခ်ီကိုဘယ္သူဆြဲတာလဲ။ ၿပီးေတာ့.. ပန္းခ်ီကားရဲ႕နာမည္ကလည္း...

"012486"

"မင္းကိုထာဝရခ်စ္ေနမယ္"

"ဟင္?"

"012486 ရဲ့အဓိပ္ပါယ်က.. မင္းကိုထာဝရခ်စ္ေနမယ္တဲ့"

ဟိုေဆာ့ရဲ႕စကားေၾကာင့္ ႐ုတ္တရက္ရင္ခုန္စိတ္လႈပ္ရွားဖို႔ကိုေတာင္ေမ့သြားကာ.. မွင္သက္စြာေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနသည္။

"ေဆာ့ဂ်င္..မသိဘူးလား။အဲ့ဒါ.. pager code ေလ။ ေနပါဦး.. ကြၽန္ေတာ္မွတ္မိတဲ့တျခား code ေတြရွိပါေသးတယ္။ ဘာတဲ့ 2525 ဆို.. မုန္းတယ္ မုန္းတယ္။ 10288 ဆို.. ငါဖ်ားေနတယ္။ ၿပီးေတာ့.. 1010235 ဆိုရင္.. မင္းကိုအ႐ူးအမူးခ်စ္ေနမိပါၿပီ..."

ဟိုေဆာ့ကအာေဘာင္အာရင္းသန္သန္စကားေတြေျပာေနေပမယ့္.. ဟိုေဆာ့ေျပာေနတဲ့စကားေတြကသူ႕နားထဲတစ္လုံးမွမဝင္။

"သစ္ပင္ေတြ.. စက္ဘီး... ငါ.. ဘယ္တုန္းကစက္ဘီးစီးခဲ့ဖူး.... ေအာ...."

ေဆာ့ဂ်င္.. မ်က္လုံးေလးေတြအေရာင္ေတာက္ကာမ်က္ႏွာေလးကၾကည္လင္ၿပဳံးျမလာသည္။ ေဆာ့ဂ်င္သည္ထိုအၿပဳံးေလးကိုဆင္ျမန္းလ်က္ပင္.. ဟိုေဆာ့ဘက္လွည့္၍..

"ဟိုေဆာ့.. ဒါရိုက္တာဂြၽန္.. အခုဘယ္မွာလဲ"

********** **********

ေနအေရာင္ကလွ်င္ျမန္စြာ႐ုတ္သိမ္းသြားေသာအခါ ေကာင္းကင္ႀကီးသည္ခရမ္းရင့္ေရာင္သမ္းလာေသာ္လည္းလက္က်န္ေနေရာင္ျခည္ေၾကာင့္အေရာင္လင္းလက္ေတာက္ပေနဆဲပင္။ သူ.. ေလသာေဆာင္မွာရပ္လ်က္.. က်ယ္ဝန္း၍သစ္ႀကီးဝါးႀကီးမ်ားျဖင့္စိမ္းစိုလွပေသာသူ႕ၿခံႀကီးကိုငုံ႕ၾကည့္ေနမိသည္။

ဒီအိမ္ႀကီးမွာတစ္ေယာက္တည္းေနဖို႔အတြက္က်ယ္လြန္းတယ္လို႔ေတြးမိရင္း.. ဒီလိုေနရာမ်ိဳးမွာခ်စ္ရသူႏွင့္ခ်စ္ရည္တူမွ်ေသာမိသားစုဘဝေလးကိုတည္ေဆာက္ခြင့္ရလွ်င္သိပ္ေကာင္းမွာပဲဆိုတဲ့အေတြးေလးကလည္းတစ္ဆက္တည္းဝင္လာျပန္သည္။ အေတြးနဲ႕တင္ၾကည္ႏူးခ်မ္းေျမ့သြားရကာစိတ္ကူးယဥ္ခ်င္စဖြယ္အလိုအေလ်ာက္ျဖစ္တည္လာသည့္အေျခအေနတစ္ခုကိုမတြန္းလွန္နိုင္ဘဲသတိလက္လြတ္ၿပဳံးေနမိေတာ့သည္။

ထိုစဥ္.. ေရကူးကန္ေဘးရွိေရာင္စုံထီးႀကီးမ်ားႏွင့္အပန္းေျဖအနားယူသည့္ခုံတန္းရွည္မ်ားကိုျဖတ္၍ ေျပးလာေသာရင္းႏွီးသည့္အရိပ္ေလးတစ္ခုကိုဖ်တ္ခနဲျမင္လိုက္ရသည္။ သူမ်ားအျမင္မွားသလားလို႔ေတြးေနတုန္း.. သူ႕ေနာက္ဘက္ကေနၾကားလိုက္ရတဲ့ေျခသံေလး။ သူ.. အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ဘယ္သူဘယ္ဝါဆိုတာအတည္မျပဳနိုင္ေသးခင္မွာပဲ.. သူ႕ရင္ခြင္ထဲေထြးခနဲေျပးဝင္လာတဲ့ႏြေးႏြေးအိအိကိုယ္လုံးေလးေၾကာင့္ေနာက္ကိုယိုင္မသြားေအာင္ထိုလူသားေလးရဲ႕ခါးသိမ္သိမ္ေလးကိုအမိအရဖက္ထားရင္းဟန္ခ်က္ထိန္းထားရသည္။

"ခ်စ္တယ္.. အရမ္းခ်စ္တယ္။ တကယ္ေတာ့.. ကိုယ့္ကိုယ္ကိုသိေနတာၾကာပါၿပီ။ အဲ့ဒါကိုဝန္မခံနိုင္ဘဲအၾကာႀကီးေတြေဝေနမိတဲ့အတြက္ေတာင္းပန္ပါတယ္။ ေနာက္ကို.. ကြၽန္ေတာ္ကအမ်ားႀကီးအမ်ားႀကီးပိုခ်စ္ေပးပါ့မယ္။ ကတိေပးပါတယ္"

ဟန္ေဆာင္ဖုံးအုပ္ထားသည့္အကာေတြကိုဆြဲခြာလႊင့္ပစ္ခ်င္ေနတာဘယ္ေလာက္ၾကာၿပီမသိ။ ရင္ထဲမွာတင္းၾကပ္တုတ္ႏွောင္ထားမိတာလည္းဘယ္ေလာက္ၾကာၿပီမသိ။ ရိုးစင္းစြာဝန္ခံဖို႔ပင္ပန္းတႀကီးႀကိဳးစားစရာမလိုဘဲစကားလုံးေတြလြင့္ထြက္သြားသည္။ ၿပီးေတာ့.. အဲ့ဒီလိုပြင့္လင္းစြာဝန္ခံလိုက္ဖို႔လည္းလိုအပ္တဲ့အခ်ိန္ကိုေရာက္ေနၿပီမဟုတ္လား.. ဒီလိုမွမဟုတ္ရင္ေဆာ့ဂ်င္.. တစ္သက္မွာတစ္ႀကိမ္သာစစ္စစ္မွန္မွန္ခံစားရေသာအခ်စ္ဆိုတာကိုဆုံးရႈံးရလိမ့္မည္။

"သိၿပီ.. သိၿပီမို႔လို႔.. အရင္လႊတ္လိုက္"

"ဟင္"

"လႊတ္.. လို႔"

"လႊတ္ထားတယ္ေလ.. ကြၽန္ေတာ့္လက္ေတြကဒီမွာ"

"အဟမ္း"

အရွက္ေျပေခ်ာင္းဟန့္ရင္းေဆာ့ဂ်င္ရဲ႕ခါးကိုသိမ္းဖက္ထားတဲ့သူ႕လက္ေတြကိုျဖည္းျဖည္းခ်င္းျပန္႐ုတ္လိုက္ရသည္။ ဒီတစ္သက္မၾကားရေတာ့ဘူးလို႔ထင္ထားတဲ့ မာနခဲအဆိုးေလးရဲ႕ႏႈတ္မွဖြင့္ဟဝန္ခံသံကိုၾကားလိုက္ရတာေၾကာင့္ ရင္ထဲမွာလည္းဘင္ခရာတီးဝိုင္းေရာက္ေနသလိုပင္။ ကေလးေလးတစ္ေယာက္လိုခုန္ေပါက္ေပ်ာ္ျမဴးလိုက္ခ်င္ေသာ္လည္းဣႏၵျေဆည္ကာမ်က္ႏွာကိုတည္ထားရသည္။

"ေနာက္ဆုတ္"

"ေနာက္.. ဆုတ္ရမယ္?"

"အနားမလာနဲ႕ဦး... မင္းကိုစိတ္ဆိုးေနေသးတယ္"

သူက႐ုပ္တည္ႀကီးနဲ႕ေျပာလိုက္ေတာ့.. ဝမ္းနည္းသြားသည္ထင္..ေအာက္ႏႈတ္ခမ္းေလးပင္ခပ္မဲ့မဲ့ျဖစ္သြားတာကိုျမင္လိုက္ရသည္။ ၿပီးေတာ့သက္ျပင္းေလးတစ္ခ်က္ခ်၍ သူ႕ရဲ႕မ်က္ႏွာကိုမ်က္လုံးေလးလွန္ကာ မဝံ့မရဲေမာ့ၾကည့္လာရင္း..

"အဲ့ဒါဆို.. စိတ္ဆိုးေျပေအာင္ဘာလုပ္ေပးရမလဲ"

"ဘာလုပ္ရမွာလဲ.. ေခ်ာ့ရမွာေပါ့"

"ဘယ္လိုေခ်ာ့ရမွာလဲ။ ၾကာမွာလား.. ၾကာမယ္ဆိုရင္ေတာ့ဒီေန႕ကြၽန္ေတာ္အခ်ိန္သိပ္မရလို႔။ ေနာက္မွသပ္သပ္တခါလာေခ်ာ့လို႔မရဘူးလား။ အိမ္မွာ.. ဟူခ်ဴ႕ကိုလည္းတစ္ေယာက္တည္းထားခဲ့ရလို႔ပါ"

ျဖစ္ရတယ္.. အေခ်ာ့ခံခ်င္တဲ့လူက အေခ်ာ့ခံဖို႔ရက္ခ်ိန္းေပးရမလိုလို.. ဘာလိုလိုနဲ႕.. ကင္ေဆာ့ဂ်င္တို႔လုပ္ပုံ။

"ဟူခ်ဴ႕ကိုဒီကိုေခၚလာဖို႔ဟိုေဆာ့ကိုဖုန္းဆက္ေပးမယ္။ မင္းကေတာ့.. ဒီမွာပဲေန။ ဒီကေနတစ္လွမ္းမွေ႐ြ႕ဖို႔စိတ္မကူးနဲ႕ေနာ္။ ဒီည.. စိတ္ဆိုးေျပေအာင္မေခ်ာ့လို႔ကေတာ့တစ္သက္လုံးစိတ္ဆိုးမေျပဘူးမွတ္..ၾကားလား"

ဒီလိုက်ေတာ့လည္း.. နေဝတိန္ေတာင္႐ုပ္ကေလးနဲ႕ဆံပင္ေကာက္ေကြးေလးေတြခါသြားသည္အထိေခါင္းေလးကိုခပ္သြက္သြက္ညိတ္ျပရွာသည္။

"တစ္လွမ္းမွမေ႐ြ႕နဲ႕ေနာ္"

ဟိုေဆာ့ကိုဖုန္းဆက္ဖို႔ထြက္လာခ်ိန္မွာေတာင္သူ႕မွာစိတ္မေျဖာင့္နိုင္ဘဲထပ္မွာခဲ့ရေသးသည္။ ေတာ္ၾကာစိတ္မရွည္ဘူးဆိုၿပီးထျပန္သြားရင္လည္း.. ဒုကၡ။သူ႕မွာဟက္ေကာ့ႀကီးျဖစ္က်န္ခဲ့ရဦးမည္။

********** **********

"Appa ေရာ"

"ဟူခ်ဴ႕ Appa လည္းဒီမွာရွိတယ္။ ဒါေပမယ့္.. ဟူခ်ဴ႕ Appa ကအရမ္းဆိုးလို႔.. အခု.. သူ႕ကိုအျပစ္ေပးထားတယ္။ အဲ့ဒါေၾကာင့္. ဒီညေတာ့.. ဟူခ်ဴေလးလည္းဒီမွာပဲအိပ္ရလိမ့္မယ္။ အိပ္လို႔ျဖစ္ရဲ႕လား"

"အင္း"

ဟူခ်ဴကေခါင္းေလးညိတ္ျပၿပီးသူ ဟ,ေပးတဲ့ေစာင္ၾကားထဲအသာတၾကည္ဝင္အိပ္သည္။

"ဒါနဲ႕.. Appa ကဘာအျပစ္လုပ္ထားလို႔လဲဟင္။ ဟူခ်ဴ႕ Appa အမွားႀကီးႀကီးလုပ္ထားရင္လည္း Appa ေတာင္းပန္ရင္ဦးကခြင့္လႊတ္ေပးလိုက္ပါေနာ္။Appa က samchon နဲ႕လည္းရန္ျဖစ္ထားလို႔ဒီရက္ပိုင္းအရမ္းပင္ပန္းေနတာ။ Appa ကိုအၾကာႀကီးအျပစ္မေပးပါနဲ႕ေနာ္"

"စိတ္ခ်ပါ။ ဟူခ်ဴ႕ Appa ကိုအၾကာႀကီးအျပစ္မေပးပါဘူး"

သူ ကတိေပးလိုက္မွစိတ္ခ်သြားဟန္ျဖင့္ဟူခ်ဴေလးကမ်က္လုံးေလးမွိတ္ၿပီးအိပ္ဖို႔ျပင္သည္။

"ပုံျပင္ဖတ္ျပရဦးမလား"

"ဟင့္အင္း.. ဟူခ်ဴက ကေလးေလးမွမဟုတ္တာ"

"ဟုတ္ပါၿပီ"

သူ ဟူခ်ဴ႕ေဘးတြင္တင္ပါးလႊဲဝင္ထိုင္ရင္းမ်က္လုံးေလးမွိတ္ရင္းၿငိမ္ေနတဲ့ဟူခ်ဴ႕ရဲ႕ရင္ဘတ္ေလးကိုအသာအယာပုတ္ရင္းေခ်ာ့ျမဴမိေတာ့သိပ္မၾကာခင္မွာပဲဟူခ်ဴ႕ထံမွေဟာက္သံပိစိေလးထြက္လာသည္။ သူၿပဳံးလိုက္ၿပီးအိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ဟူခ်ဴ႕နဖူးေလးကိုခပ္ဖြဖြနမ္းကာမီးမွိတ္၍အခန္းထဲမွထြက္လာခဲ့သည္။

ဟူခ်ဴေလးကိုသိပ္ၿပီးအခန္းထဲကထြက္လာၿပီးသူ႕ရဲ႕အူတူးေလးရွိတဲ့ဧည့္ခန္းဆီသို႔ခ်က္ခ်င္းမသြားေသးဘဲေလွကားထိပ္ကေနကုန္းကုန္းကြကြလွမ္းၾကည့္မိသည္။ ဧည့္ခန္းထဲတြင္သတိအေနအထားျဖင့္ေတာင့္ေတာင့္ေလးရပ္ေနတဲ့သူ႕အူတူးေလးကမ်က္ေမွာင္ေလးကုတ္ၿပီးသက္ျပင္းေတြဘယ္ႏွစ္ႀကိမ္ေတာင္ခ်ေနသည္မသိ.. ပခုံးစြန္းေလးႏွစ္ဖက္နိမ့္ခနဲျဖစ္သြားတာကိုျမင္ေနရသည္။ စူတူတူျဖစ္ေနတဲ့ႏႈတ္ခမ္းေလးကေတာ့အစဥ္အလာမျပတ္ယစ္မူးခ်င္စရာပါ။

"အဟမ္း"

သူ႕အသံၾကားေတာ့တြန့္ခနဲျဖစ္သြားသည့္ ကိုယ္ငယ္ေလးကမသိမသာခါးေလးမတ္သြားသည္။ ခပ္တည္တည္နဲ႕ဆိုဖာတြင္ဝင္ထိုင္လိုက္ေတာ့သူ႕ကိုမ်က္လုံးေလးေစြၾကည့္လာေပမယ့္သူ႕ေဘးမွာဝင္မထိုင္ေသးဘဲေက်ာက္႐ုပ္ေလးလိုရပ္ေနဆဲ။

"ထိုင္"

မ်က္ႏွာထားတည္တည္နဲ႕ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ကာေလသံကအစမာေနေတာ့ေဆာ့ဂ်င္လည္းတုံ႕တုံ႕ဆိုင္းဆိုင္းႏွင့္ပင္ ေဂ်ာင္ကုနဲ႕အနည္းငယ္လွမ္းသည့္ေနရာတြင္ဝင္ထိုင္လိုက္သည္။ ဘာမ်ားဆက္ေျပာဦးမလဲလို႔ေစာင့္ၾကည့္ေပမယ့္ေဂ်ာင္ကုကဘာစကားမွဆိုမလာေတာ့ဘဲ remote ကိုယူကာတီဗြီကိုဖြင့္၏။ ထို႔ေနာက္ဘာေၾကာင့္ရယ္မသိ..ထိုင္ေနရာမွဆတ္ခနဲထရပ္ၿပီးထြက္သြားသည္။

"ဘာလဲဟ"

ေဆာ့ဂ်င္.. ပါးစပ္ေလးဟ,ကာေမ့ေမ့ေလ်ာ့ေလ်ာ့ေငးေနခိုက္.. ေဂ်ာင္ကုကေစာင္တစ္ထည္ပိုက္ၿပီးသူ႕အနားကိုျပန္ေရာက္လာသည္။တျခားလက္တစ္ဖက္မွာလည္းလင္ဗန္းငယ္တစ္ခုပါလာေသးသည္။ ထိုလင္ဗန္းထဲတြင္ေတာ့အစာေျပမုန့္တခ်ိဳ႕ႏွင့္အေအးဗူးႏွစ္ဗူးပါသည္။ ၿပီးေတာ့.. သူ႕ေဘးတြင္ဝင္ထိုင္ကာလင္ဗန္းကိုစားပြဲေပၚတင္ၿပီးယူလာတဲ့ေစာင္ကိုသူ႕ကိုယ္ေပၚလႊားၿခဳံေပးသည့္အျပင္အေအးဗူးနဲ႕မုန့္ထုပ္ေတြကိုပါအသင့္ဖြင့္ေပးေသးသည္။ စိတ္ဆိုးတာကလည္းဘယ္လိုႀကီးမွန္းလဲမသိဘူး.. နားလည္ရခက္လိုက္တာ။

ဒီလိုနဲ႕႐ုပ္ရွင္တစ္ကားေတာင္ၿပီးေတာ့မယ္.. ယခုအခ်ိန္ထိသူတို႔ႏွစ္ဦးစကားမေျပာျဖစ္ၾကေသးပါ။ စိတ္ဆိုးေနတယ္ဆိုတဲ့လူႀကီးကမ်က္ႏွာႀကီးကိုတစ္ခ်ိန္လုံးသုန္မႈန္ထားေပမယ့္.. ႐ုပ္ရွင္ၾကည့္ေနခ်ိန္တစ္ေလွ်ာက္လုံးသူလိုအပ္တာမွန္သမွ်ဂ႐ုတစိုက္နဲ႕ဝတၱရားမပ်က္လုပ္ေပးဖို႔ကိုလည္းမေမ့။ ဒါျဖင့္စိတ္ေျပသြားၿပီလားဆိုေတာ့လည္းမဟုတ္ျပန္။ေခ်ာ့ရမယ္ဆိုၿပီးေတာ့အခုခ်ိန္ထိဘယ္လိုေခ်ာ့ေစခ်င္လဲမေျပာေသးသျဖင့္သူ႕မွာအေတြးမ်ားစြာျဖင့္ရင္ေမာရေနရသည္။

"ဟို.. "

ထိုအသံတိမ္တိမ္ေလးကိုအဆုံးမခံေစဘဲပခုံးကေနသိုင္းဖက္လိုက္ေသာအခါေလေလ်ာ့သြားတဲ့ေလထိုး႐ုပ္ေလးလိုအလိုက္သင့္ယိမ္းႏြဲ႕ကာသူ႕ရင္ခြင္ထဲပါလာသည္။ အစမွာေတာ့ေၾကာင္အသြားသည့္ဟန္မ်က္လုံးေလးေပကလပ္ေပကလပ္နဲ႕သူ႕မ်က္ႏွာကိုမေငးေနၿပီးမွသူနဲ႕အၾကည့္ခ်င္းဆုံေတာ့အနည္းငယ္ရဲတင္းလာသည္ထင္.. ပါးေဖာင္းေဖာင္းေလးေတြမို႔တက္သြားေအာင္ၿပဳံးျပသည္။ ၿပီးေတာ့.. သူ႕ရင္ခြင္ထဲပိုတိုးဝင္ကာသူ႕ခါးကိုလက္ေလးႏွစ္ဖက္ျဖင့္တင္းေနေအာင္ဖက္လာသည္။

"ခ်စ္တယ္"

သည္းအူစိမ့္တုန္သြားေစေသာေလသံဖြဖြေလးနဲ႕ေျပာရင္းသူ႕ေမးရိုးကိုၾကာၾကာဖိကပ္နမ္း၏။ မထင္မွတ္ထားတဲ့အျပဳအမူေလးရယ္.. ႏႈတ္ခမ္းဖူးဖူးေလးရဲ႕အိစက္စက္အထိအေတြ႕ရယ္မွာနစ္ေျမာသြားလိုက္တာႏွလုံးခုန္သံေတာင္စကၠန့္ပိုင္းေလာက္ရပ္တန့္သြားသလိုပင္။

"ခ်စ္တယ္.. လို႔။ အူတူးေလးကိုစိတ္ဆိုးမေျပေသးဘူးလား.. ဟင္"

အနီးကပ္ျမင္ေနရတဲ့ဖူးဥေနတဲ့မ်က္ႏွာေလးနဲ႕ႏွာတံလုံးလုံးေလးဟာကိုက္စားခ်င္စရာ။

"မေျပဘူး.. ေခ်ာ့"

"အူတူးေလးကေလ.. အခ်စ္ခံခ်င္လို႔ဆိုးမိတာပါလို႔။ ေနာက္အဲ့လိုမျဖစ္ရေအာင္ဆင္ျခင္မယ္ေလ.. ေနာ္။ အူတူးေလးကအမ်ားႀကီးလည္းပိုခ်စ္ေပးမယ္ေလ.. အဲ့ဒါေၾကာင့္စိတ္မဆိုးပါနဲ႕ေတာ့.. ေနာ္.. ေနာ္လို႔.. ဟန္နီဘန္နီ.. ေနာ္"

"ကိုကို.. အူတူးမွားသြားပါတယ္လို႔.. ေျပာ"

"ကိုကို.. အူတူးေလးမွားသြားပါတယ္။ ေနာက္မျဖစ္ေစရပါဘူး.. ရၿပီလား"

"မသိဘူး"

အနည္းငယ္ၿပဳံးေယာင္သမ္းေသာႏႈတ္ခမ္းမ်ားျဖင့္ေျပာလာသျဖင့္ေဆာ့ဂ်င္.. ရင္ထဲကအပူတစ္ဝက္ပင္ေလ်ာ့က်သြားသလိုခံစားလိုက္ရသည္။ ျဖည္းျဖည္းခ်င္းတစိမ့္စိမ့္ေတြးကာအခ်စ္ပိုလာရေသာလူသားေလးမို႔မစို႔မပို႔အၿပဳံးေလးျမင္ရ႐ုံနဲ႕တင္ဒီႏွလုံးသားေလးဟာေပ်ာ့ေခြသြားမတတ္ပါ။

"တကယ္ေတာ့ေလ.. အူတူးေလးမွာေလ.. ကိုကိုတစ္ေယာက္တည္းပဲရွိတာပါလို႔"

"ဟား.. ႐ူးေတာ့မွာပဲ"

"အေမ့!"

႐ုတ္တရက္ ဆိုဖာေပၚတြန္းလွဲခံလိုက္ရသျဖင့္လန့္သြားရရွာတဲ့အူတူးေလးကအာေမဋိတ္အသံေလးနဲ႕အတူသူ႕ရင္ဘတ္ကိုလက္သီးဆုပ္ေလးျဖင့္အလန့္တၾကားတြန္းလာသည္။ အခ်စ္ရဲ႕အေငြ႕အသက္ေလးေတြျဖင့္စိုစြတ္ေတာက္ပလ်က္အံ့ဩစိတ္နဲ႕ျပဴးဝိုင္းသြားသည့္မ်က္ဝန္းေလးေတြကလည္းအႀကိမ္ႀကိမ္ၿပိဳလဲခ်င္စရာ။ ထိေတြ႕လိုက္သည္ႏွင့္ရွက္စိတ္ေၾကာင့္ခပ္ရဲရဲျဖစ္သြားေသာပါးမို႔မို႔ေလးကိုႏွာေခါင္းနစ္ဝင္သည္အထိအားရပါးရနမ္းသည္။ ထို႔ေနာက္ေျဖာင့္စင္းေနေသာႏွာတံေလးတစ္ေလွ်ာက္ႏွစ္သက္ရလြန္းစြာညင္ညင္သာသာပြတ္တိုက္နမ္းၿပီးလွ်င္ႏွင္းဆီဖူးႏႈတ္ခမ္းေလးေတြဆီဦးတည္လိုက္ခ်ိန္မွာေတာ့...

"ခဏ.. ခဏ.. ခဏေလးေနၾကဦး။ ငါ.. ဟိုဘက္ကိုသြားခ်င္လို႔"

"ဟင္!"

"ဟို.. ဟိုေဆာ့က.. ဒီကိုဘယ္လိုလုပ္... "

"ကြၽန္ေတာ္လည္းဒီမွာပဲေနတာေလ.. ေဆာ့ဂ်င္ရဲ႕"

"မင္း.. ဘယ္တုန္းကေရာက္ေနတာလဲ"

"မင္း.. ေတြ႕ကရာစားမယ္ဆိုတဲ့က်ားႀကီးလိုမခုန္အုပ္ခင္.. ႏွစ္မိနစ္အလိုေလာက္က"

"ဘာ!"

"ဟဲ.. ဟဲ..ငါ့ကိုအားမနာပါနဲ႕.. ဆက္လုပ္ၾကပါ။ ဒါေပမယ့္ငါေရဆာလို႔.. ဟိုးဘက္ေတာ့ခဏသြားခြင့္ျပဳ"

"ေဂ်ာင္ဟိုေဆာ့!"

"မဟုတ္ဘူး.. တကယ္ေတာ့.. ဒီဘက္ကိုသြားခ်င္တာ"

"ရား! မင္းအိမ္ေျပာင္းေတာ့"

"ေသေတာင္မေျပာင္းဘူး။ ဒီမွာပဲေနၿပီးေန႕တိုင္း free show ၾကည့္မွာ"

********** **********

ဖုန္းျမည္သံေၾကာင့္ေဆာ့ဂ်င္အိပ္ရာမွဖ်တ္ခနဲနိုးလာခ်ိန္တြင္သူ႕ရဲ႕ခႏၶာကိုယ္ေလးႏြေးေထြးေနတာကိုေရွးဦးစြာခံစားရသည္။ ေဂ်ာင္ကုရဲ႕လက္တစ္ဖက္ကသူ႕ရဲ႕ေခါင္းေအာက္တြင္ရွိေနၿပီးက်န္လက္တစ္ဖက္ျဖင့္သူ႕ရဲ႕ခႏၶာကိုယ္ကိုႏြေးေနတဲ့ရင္ခြင္ထဲမွာအံဝင္ဂြင္က်ေထြးေပြ႕ထားသည္။ ဖုန္းသံေတြအဆက္မျပတ္ျမည္ေနေပမယ့္ေဂ်ာင္ကုကေတာ့အိပ္ေမာက်ဆဲမို႔သူ.. အိပ္ရာမွညင္သာစြာထ၍ဖုန္းကိုထ, ယူလိုက္သည္။

ေစာေစာစီးစီးဘယ္သူမ်ားဖုန္းဆက္သလဲလို႔ၾကည့္လိုက္ေတာ့သူ႕ဖုန္းကိုဆက္တိုက္ေခၚေနသူမွာ.. ဂြၽန္းျဖစ္ေနသည္။ ထုံးစံအတိုင္းဖုန္းကိုမကိုင္ဘဲခ်လိဳက္ၿပီး ေအာက္ႏႈတ္ခမ္းကိုဖိကိုက္လ်က္ဖုန္းစခရင္ကိုေတြေတြေလးၾကည့္ေနမိသည္။

"ထြက္ေျပးေန႐ုံနဲ႕.. ဒီကိစၥကေျပလည္သြားမွာမဟုတ္ဘူးဆိုတာသိတယ္မဟုတ္လား"

"ေအာ.. ဖုန္းသံေၾကာင့္နိုးသြားတာလား"

ေဂ်ာင္ကုကအသာအယာေခါင္းခါျပၿပီးပြေယာင္းေယာင္းျဖစ္ေနေသာဆံပင္တို႔ကိုသပ္ကာကုတင္ေပၚတြင္ပုံ႕ပုံ႕ေလးထိုင္ေနေသာသူ႕ကိုယ္ေလးကိုသိုင္းဖက္ ၍သူ႕ပခုံးေပၚတြင္ေမးတင္လ်က္ပါးမို႔မို႔ေလးကိုတ႐ႊတ္႐ႊတ္နမ္းသည္။

"သြားေတြ႕လိုက္ပါ"

"တကယ္.. ေတြ႕လို႔ျဖစ္ရဲ႕လား"

"ေသခ်ာေပါက္သြားေတြ႕ရမွာေပါ့။ သူနဲ႕ရွင္းစရာေတြအမ်ားႀကီးရွိတယ္မဟုတ္လား။ ၿပီးေတာ့.. ကိုယ္ကသေဘာထားေသးသိမ္တဲ့သူလုံးဝမဟုတ္ဘူးေနာ္.. အရမ္းေအးေဆးတဲ့.. cool guy ပါ"

"ဟား.. အဲ့ဒီ့အေျပာေတြကိုပဲေၾကာက္ေနရတာ"

သူ႕စကားေၾကာင့္ေဂ်ာင္ကုကခပ္ဖြဖြရယ္သည္။

"ကိုယ္.. အေဖာ္လိုက္ေပးရမလား"

"ဟင့္အင္း.. ရတယ္။ ကိုယ့္ဘာသာကိုယ္သြားေတြ႕လိုက္မယ္"

ေဂ်ာင္ကုကိုေတာ့ဘာမွမျဖစ္သလိုေလသံေအးေအးျဖင့္ေျပာလိုက္ေပမယ့္.. မသိမသာသက္ျပင္းေလးတစ္ခ်က္ေတာ့ခိုးရွိုက္မိလိုက္သည္။

********** **********

"လာေတြ႕ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။ ဘာေသာက္မလဲ.. ေသာက္ေနက် americano ပဲလား"

"ေအးေအးေဆးေဆးေကာ္ဖီအတူတူထိုင္ေသာက္နိုင္မယ့္စိတ္အေျခအေနမဟုတ္တာမို႔.. ေျပာစရာရွိတာသာျမန္ျမန္ေျပာပါ"

ဂြၽန္းကေခါင္းကိုငုံ႕ကာမခ်ိၿပဳံးၿပဳံးသည္။ ထို႔ေနာက္.. စားပြဲေပၚသို႔ဖိုင္တခ်ိဳ႕တင္ကာသူ႕ေရွ႕သို႔အသာအယာတြန္းပို႔ေပးရင္း...

"ဒါ.. ေဆာ့ဂ်င္ရဲ႕ပိုင္ဆိုင္မႈအားလုံးပါ။ Dal Group အေအာင္ျမင္ဆုံးအေနအထားေရာက္မွပိုင္ရွင္လက္ထဲျပန္ထည့္ေပးမယ္လို႔ရည္႐ြယ္ထားေပမယ့္.. မွန္းထားတဲ့အခ်ိန္ထက္နည္းနည္းေစာသြားခဲ့ပါတယ္။ အခုလည္း.. ေဆာ့ဂ်င္ရဲ႕ေဖေဖတည္ေထာင္ခဲ့တဲ့ကုမၸဏီကအေကာင္းဆုံးအေနအထားလို႔မဆိုနိုင္ေပမယ့္တည္ၿငိမ္တဲ့အေျခအေနမွာရွိေနတဲ့အတြက္.. ဒီကုမၸဏီကိုလႊဲေျပာင္းယူၿပီးရင္လည္းေကာင္းေကာင္းရပ္တည္နိုင္မွာပါ"

"ဘယ္အခ်ိန္ကတည္းကလဲ.. မင္းတို႔ဘယ္အခ်ိန္ကတည္းက.. ဒီလိုလုပ္ဖို႔ႀကံစည္ထားၾကတာလဲ"

"ကိုယ္တို႔.. မဂၤလာေဆာင္တဲ့ေန႕က။ အဲ့ဒီ့ေန႕မွာသိလိုက္တာ။ အဲ့ဒါေၾကာင့္.. သိသိခ်င္း Vegas က႐ုံးခြဲကိုသြားၿပီး Dal Group ဆက္ၿပီးရပ္တည္နိုင္ေအာင္ကာကြယ္လိုက္နိုင္ေပမယ့္.. အေမ့မွာတျခားအစီအစဥ္ရွိေနမွန္းမသိခဲ့လိုက္ဘူး။ အသဲ.. ကိုယ့္ေနာက္ကိုလိုက္လာတဲ့ကိစၥကိုယ္ႀကိဳသိခဲ့ရင္.... ေတာင္းပန္ပါတယ္.. မေစာင့္ေရွာက္နိုင္ခဲ့တဲ့အတြက္.. နာက်င္ေစတဲ့အတြက္.. အရာအားလုံးအတြက္.. ေတာင္းပန္ပါတယ္"

"ဟြန့္.. အခုမွလာေတာင္းပန္ေတာ့ဘာလုပ္ရမွာလဲ။ အဲ့ဒီ့ေတာင္းပန္စကားေတြကငါ့ရဲ႕စိတ္ဒဏ္ရာေတြကိုကုစားေပးနိုင္လိမ့္မယ္လို႔ထင္ေနတာလား။ငါ..နစ္နာခဲ့တာေတြအတြက္.. ညစ္ႏြမ္းခဲ့ရတဲ့ငါ့ရဲ႕ဂုဏ္သိကၡာ.. ငါ့မိဘေတြရဲ႕ဂုဏ္သိကၡာအတြက္.. ဘာျပန္လုပ္ေပးမွာလဲ.. ဘယ္လိုျပန္ေလ်ာ္ေပးမွာလဲ.. ဟမ္"

"မင္းရဲ႕.. ဂုဏ္သိကၡာအတြက္အမွန္အတိုင္းျဖစ္ေစရပါမယ္။ မၾကာခင္.. မီဒီယာေတြေခၚၿပီးတစ္နိုင္ငံလုံးသိေအာင္ေၾကျငာေပးဖို႔လည္းစီစဥ္ထားပါတယ္။ အဲ့ဒါမွမေက်နပ္နိုင္ဘူးဆိုရင္လည္း... "

နမ္ဂြၽန္းက႐ုတ္တရတ္သူ႕ေရွ႕မွာဒူးေထာက္ထိုင္လိုက္သျဖင့္သူ.. အလန့္တၾကားထ, ရပ္လိုက္မိသည္။

"ဘာလုပ္တာလဲ"

"ဒီလို.. ဒူးေထာက္ၿပီးေတာင္းပန္ပါ့မယ္။ ဒူးေထာက္ေတာင္းပန္႐ုံနဲ႕ကိုယ့္ရဲ႕အျပစ္ေတြမေက်နိဳင္ဘူးဆိုတာသိပါတယ္။ ခြင့္လႊတ္မႈကိုလိုခ်င္လို႔အပိုလုပ္ျပေနတာလည္းမဟုတ္ပါဘူး.... "

"အဲ့ဒါဆိုလည္းအပိုေတြလာလုပ္ျပမေနနဲ႕.. ထလိုက္ေတာ့။ ၿပီးေတာ့.. အကုန္ျပန္လိုခ်င္တယ္.. အခုမင္းတို႔ေနေနတဲ့အိမ္ပါမက်န္.. ငါ့ရဲ႕ပိုင္ဆိုင္မႈမွန္သမွ်.. အားလုံး.. အကုန္ျပန္ေပးဖို႔ျပင္ထားပါ"

ေဆာ့ဂ်င္.. ထိုစကားကိုေျပာၿပီးလွည့္ထြက္လာခဲ့သည္။ ပ်က္သုဥ္းသြားၿပီျဖစ္တဲ့ေမတၱာတရားေတြရဲ႕ေနာက္မွာနားလည္မႈ၊ ငဲ့ညွာျခင္းေတြအားလုံးတစ္စစီေမ်ာလြင့္ပါသြားၿပီမို႔.. အလြယ္တကူခြင့္လႊတ္နိုင္ဖို႔လည္းလြယ္ကူလိမ့္မည္မထင္ပါ။

********** **********

လက္တစ္ဖက္ကစာ႐ြက္ကိုကိုင္ကာက်န္တစ္ဖက္ကနံပါတ္ေတြေနရာကိုအုပ္ထားသည္။ ထို႔ေနာက္အုပ္ထားတဲ့လက္ကိုျဖည္းျဖည္းခ်င္းဖယ္ၾကည့္ေတာ့.. ေရွ႕ဆုံးဂဏန္း 9 ကိုျမင္လိုက္တာနဲ႕ေသခ်ာသြားၿပီ။ DNA ကိုက္ညီမႈက 99.9994%.. ရလဒ္အရ ဂြၽန္ေဂ်ာင္ကုႏွင့္ကင္ဟူခ်ဴသည္သားအဖေတာ္စပ္ၾကသည္နဲ႔။

"Wow! Daebak! တကယ္ႀကီး.. ဟူခ်ဴကေဂ်ာင္ကုရဲ႕သားလား"

"အမေလး!"

စာ႐ြက္ေပၚကဂဏန္းေတြေပၚမွာပဲမ်က္လုံးအျပဴးသားနဲ႕အာ႐ုံေရာက္ေနတဲ့ဂ်ီမင္း.. သူ႕နား, နားမွာၾကားလိုက္ရတဲ့အသံေၾကာင့္ထခုန္မိမတတ္လန့္သြားရသည္။

"ဟိုေဆာ့? ဟိုေဆာ့.. ဟိုေဆာ့က.. ဒီကိုဘယ္လိုလုပ္.. "

"ဒီနားကိုကိစၥရွိလို႔လာရင္းနဲ႕ဂ်ီမင္းကိုေတြ႕လို႔..အဲ့ဒါ.."

"DNA စစ္တဲ့ေနရာကို? ကိစၥရွိလို႔လာတယ္? ဟုတ္မွလည္းေျပာစမ္းပါ.. ဟိုေဆာ့ရယ္"

သူ႕စကားေၾကာင့္ဟိုေဆာ့ကမပြင့္တပြင့္ရယ္သည္။

"ဟဲ.. ဟဲ.. အမွန္ကဂ်ီမင္းေနာက္ကိုေနာက္ေယာင္ခံလိုက္လာတာ။ တကယ္ေတာ့.. ဒီကိုဂ်ီမင္း ပထမဆုံးအႀကိမ္လာကတည္းကဂ်ီမင္းေနာက္ကေနလိုက္ေခ်ာင္းခဲ့တာ"

"ဘာ!"

"ဟုတ္တယ္ေလ.. ဂ်ီမင္းကမသကၤာစရာေတြပဲလုပ္ေနတာကိုး။ အဲ့ဒါေၾကာင့္လိုက္ေခ်ာင္းမိတာေပါ့။ ဒါနဲ႕.. ဒီအေျဖကတကယ္ႀကီးလား။ ဟူခ်ဴကေဂ်ာင္ကုရဲ႕သားေပါ့.. ဟုတ္လား"

"ျမင္တဲ့အတိုင္းပဲေလ။ ကြၽန္ေတာ္လည္းဘာဆက္လုပ္ရမွန္းေတာင္မသိေတာ့ပါဘူး"

"ကာယကံရွင္ေတြကိုအသိေပးရမွာေပါ့"

"ျဖစ္ပါ့မလား"

"ကြၽန္ေတာ့္ကိုသာယုံလိုက္စမ္းပါ"

တကယ္ပဲ.. ေဂ်ာင္ဟိုေဆာ့ကယုံၾကည္စရာႀကီးပါ။ အခုေဂ်ာင္ကုရဲ႕အေရွ႕မွာေရာက္ေနတာနာရီဝက္ေလာက္ၾကာေနၿပီ.. အခုအခ်ိန္ထိစကားတစ္ခြန္းမွမဟဘဲေက်ာက္႐ုပ္ႀကီးလိုပါးစပ္ႀကီးပိတ္ၿပီးရပ္ေနတဲ့ယုံၾကည္စရာေဂ်ာင္ဟိုေဆာ့ရယ္ပါ။

"ဒီမွာ.. ငါကေလ.. ျပခန္းထဲထည့္ထားခ်င္စရာေကာင္းေလာက္ေအာင္လက္ရာေျမာက္ပန္းပု႐ုပ္တစ္႐ုပ္လိုၿပီးျပည့္စုံမွန္းကိုယ့္ကိုယ္ကိုလည္းသိတယ္။ ဒါေပမယ့္.. အဲ့လိုႀကီးလာရပ္ၾကည့္ေနၾကတာကို.. နည္းနည္းေတာ့... "

"ဟူခ်ဴကမင္းရဲ႕သားတဲ့"

"ဘာ!"

ေျပာခ်လိဳက္ေတာ့လည္းတုံးတိႀကီး။

"ဂ်ီမင္း.. ျပလိုက္ေလ"

ဟိုေဆာ့ကတံေတာင္နဲ႕တြတ္ကာေျပာလာေတာ့သူ႕မွာတုန္တုန္ယင္ယင္နဲ႕အေျဖစာ႐ြက္ကိုေဂ်ာင္ကုရဲ႕လက္ထဲသြားေပးရသည္။

"ဟင္! ဒါ.. ဒါက... "

"ဘာျဖစ္ရမွာလဲ... Vegas baby ေပါ့"

"Vegas? ဒါဆို.. အဲ့ဒါ.. အိပ္မက္မဟုတ္ဘူးေပါ့.. တကယ္ေပါ့"

"တကယ္မို႔လို႔.. အဲ့တုန္းကမ်ိဳးေစ့ေလးေတာင္အခုသုံးႏွစ္သားျဖစ္ေနၿပီ"

"အဲ့ဒါဆို.. ငါက.. ေဆာ့ဂ်င္နဲ႕... ရား.. မင္းေျပာေတာ့အဲ့ေန႕ကငါကျပန္ေရာက္ေရာက္ခ်င္းေမွာက္သြားတာဆို"

"ဟုတ္တယ္ေလ.. မနက္ ၄နာရီေလာက္ႀကီးျပန္ေရာက္လာၿပီးတန္းေမွာက္သြားတာပဲ"

"ဘာ! မနက္ ၄နာရီ.. ဟုတ္လား။ အဲ့ဒါကိုဘာလို႔အခုမွလာေျပာတာလဲ"

"မင္းမွဘယ္အခ်ိန္ျပန္ေရာက္လာလဲလို႔မွမေမးတာ"

"ရား! မင္း... "

ထိုစဥ္.. ထျမည္လာတဲ့ဖုန္းသံေၾကာင့္ေဂ်ာင္ဟိုေဆာ့တို႔သက္သာယာရသြားသည္။ သူ.. ဖုန္းကိုယူၾကည့္လိုက္ေတာ့အခ်ိန္ကိုက္ဖုန္းဆက္လာသူက.. အဖိုး။

"အၾကားအျမင္မ်ားရေနလားမသိဘူး"

********** **********

"ဒီကိစၥကဘယ္လိုျဖစ္တာလဲ.. ရွင္းစမ္း"

အဖိုးသူ႕ေရွ႕ကိုပစ္ခ်လာတဲ့ tablet ကိုယူၾကည့္လိုက္ေတာ့.. ေဆာ့ဂ်င္ေရွ႕မွာဒူးေထာက္ထိုင္ေနတဲ့ကင္နမ္ဂြၽန္းရဲ႕ဓါတ္ပုံႏွင့္အတူ 'သူတို႔ျပန္ေပါင္းထုတ္ၾကမွာလား'ဆိုတဲ့ေခါင္းစီးနဲ႕သတင္းတစ္ပုဒ္ကိုျမင္လိုက္ရသည္။

"ကင္ေဆာ့ဂ်င္က.. CEO ကင္နမ္ဂြၽန္းရဲ႕ခင္ပြန္းေဟာင္း.. ဟုတ္လား။ ၿပီးေတာ့.. ကင္ေဆာ့ဂ်င္မွာကေလးတစ္ေယာက္လည္းရွိေသးတယ္ဆို"

"ဟုတ္တယ္ေလ။ ကြၽန္ေတာ္ကေရာ.. မရွိဘူးေျပာမိလို႔လား"

"ဘာေျပာတယ္! ဒီမွာ.. ငါကေလ.. ေခတ္ေရွ႕ေျပးတဲ့အဖိုးႀကီးမို႔လို႔.. မင္းဟာမင္းကေလးရွိတဲ့သူနဲ႕ပဲယူ, ယူ.. တစ္ခုလပ္နဲ႕ပဲယူ,ယူ.. စိတ္မဝင္စားဘူး။ ဒါေပမယ့္.. ေယာက္်ားကြယ္ရာမွာေဖာက္ျပန္ၿပီးဘယ္သူနဲ႕ရမွန္းမသိတဲ့ကေလးကို... "

"ေဖာက္ျပန္တာမဟုတ္ဘူးလို႔"

"ေဖာက္ျပန္တာမဟုတ္ရင္ဘာလဲ"

"အဲ့ဒါက... အဲ့ဒါကိုမေျပာခင္.. အဖိုးက်န္းမာေရးအေျခအေနဘယ္လိုရွိလဲ။ ႏွလုံးတို႔.. ေသြးတိုးတို႔.. ဆီးခ်ိဳတို႔.. အားလုံးပုံမွန္ပဲလား"

"အပိုေတြေျပာမေနနဲ႕.. ေမးတာသာေျဖ"

"ဟင္း"

ေဂ်ာင္ကုကရင္ဘတ္ႀကီးတစ္ခုလုံးမို႔ေမာက္သည္အထိအသက္ရႉသြင္းကာ.. ေလပူေတြမႈတ္ထုတ္လိုကၿပီး..

"အဲ့ဒီ့ကေလးက... ကြၽန္ေတာ့္ကေလး"

"ဘာ! ဒါဆို.. ကင္ေဆာ့ဂ်င္နဲ႕ေဖာက္ျပန္ခဲ့တာမင္းေပါ့.. ဟုတ္လား"

"ဟာဗ်ာ.. မဟုတ္ပါဘူး။ အဲ့ဒါေတြက.. အဖိုးရဲ႕ေယာက္ဖမေကာင္းလို႔ျဖစ္ရတာ။ Vegas မွာသူ.. ကြၽန္ေတာ့္ကိုေဆးခတ္ခဲ့လို႔... ထားပါေတာ့။ အဲ့ဒါေတြေနာက္မွပဲေသခ်ာရွင္းျပေတာ့မယ္။ အခုအဖိုးသိထားရမွာက.. ေဆာ့ဂ်င္ကေဖာက္ျပန္ခဲ့တဲ့သူတစ္ေယာက္လုံးဝမဟုတ္ဘူးဆိုတာရယ္.. ဟူခ်ဴက.. ကြၽန္ေတာ့္သားဆိုတာရယ္ပဲ"

"ဟူခ်ဴဆိုတာ.. "

"ကြၽန္ေတာ့္သားပါဆိုမွ။ မယုံရင္.. ဒီမွာ DNA စစ္ထားတာရွိတယ္"

အဖိုးကသူလွမ္းေပးလိုက္တဲ့ DNA အေျဖစာ႐ြက္ကိုမ်က္ေမွာင္ႀကီးၾကဳတ္၍ဖတ္ၿပီးေနာက္စာၾကည့္မ်က္မွန္ကိုခြၽတ္ကာစားပြဲေပၚအသာအယာတင္၍..

"အဲ့ဒီ့ကေလးကို.. ငါ့ဆီေခၚလာခဲ့"

********** **********

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ reader ေလးေတြအားလုံးေက်းဇူးပါ 🥰

Sunday ျပန္ဆုံၾကမယ္

Continue lendo

Você também vai gostar

43.8K 5.3K 31
လက်ဝှေ့မှလက်ဝှေ့...ဘယ်ချိန်မဆိုလက်သီးကအဆင်သင့်ဖြစ်နေတဲ့ကောင်လေးနှင့်...ဖိုက်တာလေးကိုမှအသည်းစွဲချစ်ပါတယ်ဆိုတဲ့ပျိုတိုင်းရဲ့အသည်းကျော်သူဌေးသားလေးတို့ရဲ...
463K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
3K 231 6
ချာတိတ်က ကိုယ့်ရဲ့ ကြယ်.... ဦးငယ်စောင့်နေတဲ့ တပွင့်တည်းသောကြယ်....⭐
784K 29.2K 104
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...