The Lengend of the blue sea
အပိုင်း(97)
သူမ ဆံနွယ်တမျှင်ကို ပြန်ယူဖို့ကမန်းကတန်းလုပ်လိုက်ပေမဲ့ အဆုံးမှာတော့ သူမရဲ့လက်ဆ္ီကိုချဉ်းကပ်လာတဲ့အန္တရာယ်ကြောင့် သူမလက်ရှောင်လိုက်ရတယ်
"ရှင်ဘာလုပ်ချင်တာလဲ"
"ဘာလုပ်ချင်တာလဲဆိုတော့ အဲ့ဟာလေးကိုငါ့ကိုလွဲလိုက် "
"အဲ့ဟာလေးမှာ နာမည်ရှိတယ် ဟုန်ဟုန်တဲ့ ပြီးတော့အဲ့ဟာကရှင့်မြေးပဲ"
"အဲ့ဒါဘာဖြစ်လဲ အဆုံးမှာတော့ အဲ့ဟာလေးက ငါ့အတွက်ဆေးလုံးပဲဖြစ်လာမှာ "
"စကားကိုကြည့်ပြောပါအဘိုးကြီး မဟုတ်ရင် ကျွန်မအဆိုးမဆိုနဲ့"
"မိုက်ရိုင်းလိုက်ကာ ဘာယဥ်ေကျးမူ့မှမသိတဲ့သူေတွကို ဘာမှပြောစရာမရှိဘူး အဲ့ဟာကိုသာပေးလိုက်စမ်းပါ"
"သွားသာသေလိုက်စမ်းပါ အဘိုးကြီး"
ရီနာနာ ခုန်ဝင်ပြီးတိုက်တော့တယ်
သူမကိုယ်သူမ မထိန်းနိုင်ဘူးဖြစ်သွားတယ်
ကောင်းကင်မင်းကြီးကလဲ အဲ့အကွက်ကိုစောင့်နေတာပဲ အဓိကက ရီနာနာ ကောင်းကင်သစ်ပင်ဆီကိုဦးတည်မသွားဖို့ပဲ
ရီနာနာနဲ့အကွက်ပေါင်းများစွာတိုက်ခိုက်ပြီးနောက် ကောင်းကင်မင်းကြီးက ရီနာနာကို
"မင်း လက်ရည်တက်လာတာပဲ "
"ပါးစပ်ပိတ်ပြီး လာသာတိုက်စမ်းပါ"
ကောင်းကင်မင်းကြီးရဲ့အသွင်အပြင်က ယန်ကျင်းနဲ့ကိုးဆယ်ရာခိုင်နှုန်းဆင်တူတယ်
ဒါကြောင့်ပဲ ရီနာနာပိုအမျက်သည်းမိတယ်
သူမရဲ့တိုက်ကွက်တွေကပိုပြင်းလာတယ် ပိုပြီး ကြမ်းတမ်းလာခဲ့တယ်
ကောင်းကင်မင်းကြီးက သူမကိုအာရုံလွဲနေသလိုပဲ ရီနာနာကလဲ အဲ့ဒီအကြံကိုရိပ်မိတယ်
ဒါပေမဲ့ ဘာမှမတတ်နိုင်လို့ သူမဆက်တိုက်နေရတာပဲ
အားလုံးက အရမ်းအလုပ်များနေကြလို့ သူမဘက်က လမ်းပွင့်အောင်ဖွင့်ရမယ်
လောကအချစ်သစ်ပင်နားကိုရောက်အောင်သွားရမယ်
"မေမေ "
"ဟင်?"
"သမီးဒီနေရာကိုတာဝန်ယူလိုက်မယ် အမေလောကအချစ်သစ်ပင်နားကိုသွားလိုက်"
"ရပါ့မလား"
"ရတယ် မေမေ စိတ်ချ"
တိုင်တန်က ရှားပါးတဲ့လက်နက်တမျိုးပဲ အရှိန်အဝါလဲအရမ်းကြီးပြီး စိတ်ဝိဉာဉ်ကလဲပြည့်စုံသွားပြီမို့ သူမ စိတ်ချစွာနဲ့ လောကအချစ်သစ်ပင်နားကိုပျံသန်းကာသွားလိုက်တယ်
သူမလေဟာနယ်ထဲဝင်ရောက်ပျောက်ကွယ်သွားတာနဲ့ ကောင်းကင်မင်းကြီးက တိုင်တန်ခရင်းခွကိုလိုက်ဖမ်းတော့တယ်
ဟုန်ဟုန်က
"ပါးးးးးးးး ဒီမှာ သမီးကို အဖိုးလိုက်ဖမ်းနေတယ် "
"တိတ်စမ်း မင်းအဖေက မင်းကိုကာကွယ်ပေးနိုင်မယ်လို့ထင်လို့လား ဟမ် လာစမ်း ငါ့ရဲ့ဆေးလုံးလေး ဟီးဟီးး မင်းကိုသောက်ပြီးသွားရင် ငါက ဒီနေရာမှာ အင်အားအကြီးဆုံးဖြစ်သွားပြီ ငါ့ကိုပုန်ကန်တဲ့သူတွေအားလုံးကိုသတ်ပစ်လိုက်မယဆိုရင် ဘယ်သူက ငါ့ကိုတော်လှန်ရဲဦးမှာလဲ "
"အရူးပဲ ပါးပါး! ! ! ပါးပါး! ! ! "
နေရာတခုလုံးက ဗရမ်းဗတာဖြစ်ပြီး ပွက်လောရိုက်လို့နေတယ် အလောင်းတွေကပြန့်ကျဲနေပြီး အာကာသပြင်ပေါ်မှာ ကြယ်တွေကြွေသလိုမျိုး နတ်ဘုရားတွေရဲ့အသက်မီးအိမ်ဟာ များစွာငြိမ်းသက်နေလေတယ်
အဲ့လိုမြင်ကွင်းမျိုးနဲ့ဆန့်ကျင်စွာ လေဟာနယ်ထဲမှာ သီးသန့်ရှိနေတဲ့ အချစ်နတ်ဘုရားမနန်းတော်က အေးဆေးငြိမ်သက်လျက်ပဲ
သူမရဲ့ရင်ဘတ်က အရမ်းကိုနာကျင်နေတာမို့ ရီနာနာမှာ လောကအချစ်သစ်ပင်နားကို တရွတ်တိုက်နေတဲ့ခြေလှမ်းတို့ကိုဆွဲကာသယ်ကာနဲ့အတင်းလှမ်းနေရတယ်
ရီနာနာ လောကအချစ်သစ်ပင်နားကိုကပ်မိလာလေ သူမရဲ့သွင်ပြင်ကပိုပြောင်းလဲလာလေပဲ
သူမရဲ့ဆံနွယ်များကအနီရောင် သူမရဲ့မျက်ဆံများကအနီရောင် သူမရဲ့ဝတ်ရုံတွေလဲ အန္ီရောင်အဖြစ်ပြောင်းလဲလာပြီး သူမနဲ့နီးကပ်လာလို့ တုန်ခါနေပုံရတဲ့ လောကအချစ်သစ်ပင်ကလဲ သူမကိုကြိုဆိုနေသလိုပဲ
လောကအချစ်သစ်ပင်က မသိရင်မေပယ်ပင်အတိုင်းပဲ အနီရောင်ရဲတောက်နေလေတဲ့ အပင်အလယ်မှာ နှလုံးသားသဏ္ဍန်အချိုင့်လေးရှိနေတယ်
ရီနာနာ သူမရဲ့လက်တို့ကိုအချစ်သစ်ပင်ဆီတွယ်ကပ်ဖက်ရက်လိုက်ပြီး အဲ့အချိုင့်လေးထဲ လက်နှစ်လိုက်တော့ ရေထဲနှစ်လုိ်က်ရသလိုပဲ နှစ်လိုဖွယ်ကောင်းတဲ့အေးစိမ့်ခြင်းက သူမရဲ့ရင်ဘတ်ခြမ်းထဲကိုညင်သာစွာစီးဆင်းသွားခဲ့တယ်
ဒါအပြင် သူမလက်ထဲမှာလဲ ပူပူနွေးနွေးခုန်လှုပ်နေတဲ့နှလုံးသားကိုခံစားမိတယ်
အဲ့ဒါက သူမရဲ့နှလုံးသားပဲ
သူမရဲ့ခုန်လှုပ်နေတဲ့နှလုံးသား အင်အား အရှိန်အဝါနဲ့ မှတ်ဉာဏ်တွေပဲ
သူမ ရင်ဘတ်ကိုခွဲလိုက်တယ်
သွေးတွေက သစ်ပင်ရဲ့အမြစ်တွေပေါ် တဗြန်းဗြန်းနဲ့ကျသွားပြီး လောကအချစ်သစ်ပင်ကစုပ်ယူလိုက်တယ်
သူမလက်ထဲကနှလုံးသားကို ရင်ဘတ်ထဲသွတ်သွင်းလိုက်တယ်
တတိတကြိမ်နာကျင်မူ့က သူမကိုအရင်အခေါက်တွေထက်ပိုလာပေမဲ့ တါမှမခံစားဖူးတဲ့ဆက်နွယ်မူ့ကိုလဲခံစားလိုက်ရတယ်
ရီနာနာ နာကျင်မူ့ေကြာင့်မျက်မှောင်ကြုတ်လိုက်တယ် ရင်ဘတ်ထဲက ပူနေပြီး ဆက်နွယ်နေတဲ့အရာက သူမကိုသေအောင်သတ်ေနသလိုပဲ
နောက်ဆုံးတော့ အားမရှိတော့တာကြောင့် ရီနာနာတစ်ယောက် အချစ်သစ်ပင်နားကိုလဲကျမေ့မျောသွားတော့တယ်
အဲ့အချိန် လောကအချစ်သစ်ပင်ကလဲ ရီနာနာကိုမျိုချလိုက်လေတော့တယ်
....
"ဟမ်?"
"ဘာဖြစ်တာလဲ ?"
ဝိုလျန်း ရုတ်တရက်ကြေကွဲသွားတဲ့ပုံစံဖြစ်သွားတာကြောင့် လီယူရီ သူရင်ဆိုင်နေတဲ့ ကောင်းကင်နတ်စစ်သည်တစ်ယောက်ကိုသတ်ဖြတ်လိုက်ပြီးနောက် ဝိုလျန်းနားရောက်လာကာမေးလိုက်တယ်
"သမီးလေးရဲ့အသက်မီးအိမ်ငြိမ်းသွားပြီ ယူရီ ! သမီးလေး သမီးလေး သေသွားပြီလားမသိဘူး"
"..........."
လီယူရီလဲ ကြေကွဲသွားပေမဲ့ ဝိုလျန်းကျောကိုပုတ်လိုက်ကာ
"အထင်မှားတာပဲဖြစ်မှာပါကွာ "
"ဟင့်အင်း ဟင့်အင်း မဟုတ်ဘူး တခုခုမှားနေတာသေချာတယ် သမီးလေးနားကိုသွားရမယ် သမီးလေးအကူအညီလိုရင်လိုနေမှာ "
"ဟုတ်ပြီ ဟုတ်ပြီ ကိုယ်လမ်းရှင်းပေးမယ်နော် "
ဝိုလျန်း သူမရဲ့ဆေးလုံးတွေကိုထုတ်လိုက်ကာ သူမရဲ့အကျော်ကြားဆုံးပန်းမိုးရွာသိုင်းကွက်နဲ့ ကောင်းကင်စစ်သည်တွေကိုတိုက်ခိုက်ပစ်လိုက်ကာ ရီနာနာကိုကယ်တင်ဖို့အပြေးအလွှားသွားလိုက်တော့တယ်
......🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Alinkar nang 🌿
The Lengend of the blue sea
အပိုင္း(97)
သူမ ဆံႏြယ္တမၽွင္ကို ျပန္ယူဖို့ကမန္းကတန္းလုပ္လိုက္ေပမဲ့ အဆုံးမွာေတာ့ သူမရဲ့လက္ဆ္ီကိုခ်ဥ္းကပ္လာတဲ့အႏၲရာယ္ေၾကာင့္ သူမလက္ေရွာင္လိုက္ရတယ္
"ရွင္ဘာလုပ္ခ်င္တာလဲ"
"ဘာလုပ္ခ်င္တာလဲဆိုေတာ့ အဲ့ဟာေလးကိုငါ့ကိုလြဲလိုက္ "
"အဲ့ဟာေလးမွာ နာမည္ရွိတယ္ ဟုန္ဟုန္တဲ့ ၿပီးေတာ့အဲ့ဟာကရွင့္ေျမးပဲ"
"အဲ့ဒါဘာျဖစ္လဲ အဆုံးမွာေတာ့ အဲ့ဟာေလးက ငါ့အတြက္ေဆးလုံးပဲျဖစ္လာမွာ "
"စကားကိုၾကည့္ေျပာပါအဘိုးႀကီး မဟုတ္ရင္ ကၽြန္မအဆိုးမဆိုနဲ႔"
"မိုက္ရိုင္းလိုက္ကာ ဘာယဥ္ေက်းမူ႔မွမသိတဲ့သူေတြကို ဘာမွေျပာစရာမရွိဘူး အဲ့ဟာကိုသာေပးလိုက္စမ္းပါ"
"သြားသာေသလိုက္စမ္းပါ အဘိုးႀကီး"
ရီနာနာ ခုန္ဝင္ၿပီးတိုက္ေတာ့တယ္
သူမကိုယ္သူမ မထိန္းနိုင္ဘူးျဖစ္သြားတယ္
ေကာင္းကင္မင္းႀကီးကလဲ အဲ့အကြက္ကိုေစာင့္ေနတာပဲ အဓိကက ရီနာနာ ေကာင္းကင္သစ္ပင္ဆီကိုဦးတည္မသြားဖို့ပဲ
ရီနာနာနဲ႔အကြက္ေပါင္းမ်ားစြာတိုက္ခိုက္ၿပီးေနာက္ ေကာင္းကင္မင္းႀကီးက ရီနာနာကို
"မင္း လက္ရည္တက္လာတာပဲ "
"ပါးစပ္ပိတ္ၿပီး လာသာတိုက္စမ္းပါ"
ေကာင္းကင္မင္းႀကီးရဲ့အသြင္အျပင္က ယန္က်င္းနဲ႔ကိုးဆယ္ရာခိုင္ႏွုန္းဆင္တူတယ္
ဒါေၾကာင့္ပဲ ရီနာနာပိုအမ်က္သည္းမိတယ္
သူမရဲ့တိုက္ကြက္ေတြကပိုျပင္းလာတယ္ ပိုၿပီး ၾကမ္းတမ္းလာခဲ့တယ္
ေကာင္းကင္မင္းႀကီးက သူမကိုအာ႐ုံလြဲေနသလိုပဲ ရီနာနာကလဲ အဲ့ဒီအႀကံကိုရိပ္မိတယ္
ဒါေပမဲ့ ဘာမွမတတ္နိုင္လို့ သူမဆက္တိုက္ေနရတာပဲ
အားလုံးက အရမ္းအလုပ္မ်ားေနၾကလို့ သူမဘက္က လမ္းပြင့္ေအာင္ဖြင့္ရမယ္
ေလာကအခ်စ္သစ္ပင္နားကိုေရာက္ေအာင္သြားရမယ္
"ေမေမ "
"ဟင္?"
"သမီးဒီေနရာကိုတာဝန္ယူလိုက္မယ္ အေမေလာကအခ်စ္သစ္ပင္နားကိုသြားလိုက္"
"ရပါ့မလား"
"ရတယ္ ေမေမ စိတ္ခ်"
တိုင္တန္က ရွားပါးတဲ့လက္နက္တမ်ိဳးပဲ အရွိန္အဝါလဲအရမ္းႀကီးၿပီး စိတ္ဝိဉာဥ္ကလဲျပည့္စုံသြားၿပီမို့ သူမ စိတ္ခ်စြာနဲ႔ ေလာကအခ်စ္သစ္ပင္နားကိုပ်ံသန္းကာသြားလိုက္တယ္
သူမေလဟာနယ္ထဲဝင္ေရာက္ေပ်ာက္ကြယ္သြားတာနဲ႔ ေကာင္းကင္မင္းႀကီးက တိုင္တန္ခရင္းခြကိုလိုက္ဖမ္းေတာ့တယ္
ဟုန္ဟုန္က
"ပါးးးးးးးး ဒီမွာ သမီးကို အဖိုးလိုက္ဖမ္းေနတယ္ "
"တိတ္စမ္း မင္းအေဖက မင္းကိုကာကြယ္ေပးနိုင္မယ္လို့ထင္လို့လား ဟမ္ လာစမ္း ငါ့ရဲ့ေဆးလုံးေလး ဟီးဟီးး မင္းကိုေသာက္ၿပီးသြားရင္ ငါက ဒီေနရာမွာ အင္အားအႀကီးဆုံးျဖစ္သြားၿပီ ငါ့ကိုပုန္ကန္တဲ့သူေတြအားလုံးကိုသတ္ပစ္လိုက္မယဆိုရင္ ဘယ္သူက ငါ့ကိုေတာ္လွန္ရဲဦးမွာလဲ "
"အ႐ူးပဲ ပါးပါး! ! ! ပါးပါး! ! ! "
ေနရာတခုလုံးက ဗရမ္းဗတာျဖစ္ၿပီး ပြက္ေလာရိုက္လို့ေနတယ္ အေလာင္းေတြကျပန႔္က်ဲေနၿပီး အာကာသျပင္ေပၚမွာ ၾကယ္ေတြေႂကြသလိုမ်ိဳး နတ္ဘုရားေတြရဲ့အသက္မီးအိမ္ဟာ မ်ားစြာၿငိမ္းသက္ေနေလတယ္
အဲ့လိုျမင္ကြင္းမ်ိဳးနဲ႔ဆန႔္က်င္စြာ ေလဟာနယ္ထဲမွာ သီးသန႔္ရွိေနတဲ့ အခ်စ္နတ္ဘုရားမနန္းေတာ္က ေအးေဆးၿငိမ္သက္လ်က္ပဲ
သူမရဲ့ရင္ဘတ္က အရမ္းကိုနာက်င္ေနတာမို့ ရီနာနာမွာ ေလာကအခ်စ္သစ္ပင္နားကို တရြတ္တိုက္ေနတဲ့ေျခလွမ္းတို့ကိုဆြဲကာသယ္ကာနဲ႔အတင္းလွမ္းေနရတယ္
ရီနာနာ ေလာကအခ်စ္သစ္ပင္နားကိုကပ္မိလာေလ သူမရဲ့သြင္ျပင္ကပိုေျပာင္းလဲလာေလပဲ
သူမရဲ့ဆံႏြယ္မ်ားကအနီေရာင္ သူမရဲ့မ်က္ဆံမ်ားကအနီေရာင္ သူမရဲ့ဝတ္႐ုံေတြလဲ အႏ္ီေရာင္အျဖစ္ေျပာင္းလဲလာၿပီး သူမနဲ႔နီးကပ္လာလို့ တုန္ခါေနပုံရတဲ့ ေလာကအခ်စ္သစ္ပင္ကလဲ သူမကိုႀကိဳဆိုေနသလိုပဲ
ေလာကအခ်စ္သစ္ပင္က မသိရင္ေမပယ္ပင္အတိုင္းပဲ အနီေရာင္ရဲေတာက္ေနေလတဲ့ အပင္အလယ္မွာ ႏွလုံးသားသ႑န္အခ်ိဳင့္ေလးရွိေနတယ္
ရီနာနာ သူမရဲ့လက္တို့ကိုအခ်စ္သစ္ပင္ဆီတြယ္ကပ္ဖက္ရက္လိုက္ၿပီး အဲ့အခ်ိဳင့္ေလးထဲ လက္ႏွစ္လိုက္ေတာ့ ေရထဲႏွစ္လုိ္က္ရသလိုပဲ ႏွစ္လိုဖြယ္ေကာင္းတဲ့ေအးစိမ့္ျခင္းက သူမရဲ့ရင္ဘတ္ျခမ္းထဲကိုညင္သာစြာစီးဆင္းသြားခဲ့တယ္
ဒါအျပင္ သူမလက္ထဲမွာလဲ ပူပူေႏြးေႏြးခုန္လွုပ္ေနတဲ့ႏွလုံးသားကိုခံစားမိတယ္
အဲ့ဒါက သူမရဲ့ႏွလုံးသားပဲ
သူမရဲ့ခုန္လွုပ္ေနတဲ့ႏွလုံးသား အင္အား အရွိန္အဝါနဲ႔ မွတ္ဉာဏ္ေတြပဲ
သူမ ရင္ဘတ္ကိုခြဲလိုက္တယ္
ေသြးေတြက သစ္ပင္ရဲ့အျမစ္ေတြေပၚ တျဗန္းျဗန္းနဲ႔က်သြားၿပီး ေလာကအခ်စ္သစ္ပင္ကစုပ္ယူလိုက္တယ္
သူမလက္ထဲကႏွလုံးသားကို ရင္ဘတ္ထဲသြတ္သြင္းလိုက္တယ္
တတိတႀကိမ္နာက်င္မူ႔က သူမကိုအရင္အေခါက္ေတြထက္ပိုလာေပမဲ့ တါမွမခံစားဖူးတဲ့ဆက္ႏြယ္မူ႔ကိုလဲခံစားလိုက္ရတယ္
ရီနာနာ နာက်င္မူ႔ေၾကာင့္မ်က္ေမွာင္ၾကဳတ္လိုက္တယ္ ရင္ဘတ္ထဲက ပူေနၿပီး ဆက္ႏြယ္ေနတဲ့အရာက သူမကိုေသေအာင္သတ္ေနသလိုပဲ
ေနာက္ဆုံးေတာ့ အားမရွိေတာ့တာေၾကာင့္ ရီနာနာတစ္ေယာက္ အခ်စ္သစ္ပင္နားကိုလဲက်ေမ့ေမ်ာသြားေတာ့တယ္
အဲ့အခ်ိန္ ေလာကအခ်စ္သစ္ပင္ကလဲ ရီနာနာကိုမ်ိဳခ်လိုက္ေလေတာ့တယ္
....
"ဟမ္?"
"ဘာျဖစ္တာလဲ ?"
ဝိုလ်န္း ႐ုတ္တရက္ေၾကကြဲသြားတဲ့ပုံစံျဖစ္သြားတာေၾကာင့္ လီယူရီ သူရင္ဆိုင္ေနတဲ့ ေကာင္းကင္နတ္စစ္သည္တစ္ေယာက္ကိုသတ္ျဖတ္လိုက္ၿပီးေနာက္ ဝိုလ်န္းနားေရာက္လာကာေမးလိုက္တယ္
"သမီးေလးရဲ့အသက္မီးအိမ္ၿငိမ္းသြားၿပီ ယူရီ ! သမီးေလး သမီးေလး ေသသြားၿပီလားမသိဘူး"
"..........."
လီယူရီလဲ ေၾကကြဲသြားေပမဲ့ ဝိုလ်န္းေက်ာကိုပုတ္လိုက္ကာ
"အထင္မွားတာပဲျဖစ္မွာပါကြာ "
"ဟင့္အင္း ဟင့္အင္း မဟုတ္ဘူး တခုခုမွားေနတာေသခ်ာတယ္ သမီးေလးနားကိုသြားရမယ္ သမီးေလးအကူအညီလိုရင္လိုေနမွာ "
"ဟုတ္ၿပီ ဟုတ္ၿပီ ကိုယ္လမ္းရွင္းေပးမယ္ေနာ္ "
ဝိုလ်န္း သူမရဲ့ေဆးလုံးေတြကိုထုတ္လိုက္ကာ သူမရဲ့အေက်ာ္ၾကားဆုံးပန္းမိုးရြာသိုင္းကြက္နဲ႔ ေကာင္းကင္စစ္သည္ေတြကိုတိုက္ခိုက္ပစ္လိုက္ကာ ရီနာနာကိုကယ္တင္ဖို့အေျပးအလႊားသြားလိုက္ေတာ့တယ္
......🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Alinkar nang 🌿