Light Of The 'YuLong' [Comple...

By AlinkarchoTayy

71.6K 6K 207

//ထိုစဥ်ဟိုအဝေး မှန်အိမ်ငယ်ငယ်ကလေး တောင်ခြေမှတောင်ထွဋ်ဖျားထိတရွေ့ရွေ့ငြင်သာစွာလာနေ// //ထိုစဥ္ဟိုအေဝး မွန္အိမ... More

Tayy's Note
-1-
-2-
-3-
-4-
-5-
-6-
-7-
-8-
-9-
-10-
-11-
-13-
-14-
-FanArt For Yulong-
-15-
-16-
-17-
-18-
-19-
Final
Good Bye💛
-Hey!!!-

-12-

2.6K 245 3
By AlinkarchoTayy

Uni
/

နှင်းမုန်တိုင်းကတဖြည်းဖြည်းနဲ့စဲသွားပေမယ့် ရှောင်းကျန့်ဆိုတဲ့လူကတော့သတိမရသေးဘူး။ တိတိကျကျပြောရရင် ရှောင်းကျန့်သတိမေ့နေတာနှစ်ရက်ရှိပြီ။ ခန္ဓာကိုယ်​သေးသေးလေးဟာ အအေးဒဏ်ကိုမနိုင်ဝန်ထမ်းသလိုခံလိုက်ရတယ်နဲ့တူပါတယ်။ နှုတ်ခမ်းလေးတွေကခုထိဖြူဖျော့နေတုန်း။

"ဝမ်ကျယ်"

ကုတင်ပေါ်မှာသတိမေ့နေတဲ့လူကိုထိုင်ကြည့်နေတုန်း အပါးကခေါ်လာတာမို့ခပ်ဖွဖွကိုင်ထားမိတဲ့လက်သွယ်သွယ်လေးကိုလွှတ်လိုက်ရတယ်။ အပါးလည်းရိပ်မိသင့်သလောက်ရိပ်မိမှာပါပဲ။ တောင်ပေါ်ကိုပြာယာခတ်အောင်တက်သွားတဲ့ဝမ်ရိပေါ်ကို အပါးတင်မဟုတ်ဘဲမျိုးနွယ်စုတစ်ခုလုံးကရိပ်စားမိနေမှာပါ။ အထူးတလည်ရှင်းပြနေရအောင်လည်း ဒီလူနိုးမလာမချင်း၊ မျက်တောင်ရှည်လေးတွေတဖျတ်ဖျတ်ခတ်တာကိုမ​မြင်ရမချင်း ဝမ်ရိပေါ်စိတ်မအေးနိုင်သေးတဲ့အတွက် ရှင်းမပြနိုင်သေးပါဘူး။

"အပါးဘာပြောချင်လို့လဲ"

ဝမ်ရိပေါ်ပြောတော့ အပါးကခေါင်းတစ်ချက်အရင်ညိမ့်တယ်။

"အပါးတို့စကားပြောကြရအောင် ဝမ်ကျယ်"

"ဟုတ်ကဲ့ အပါး"

အပါးနောက်ကိုလိုက်သွားဖို့ ဖြူဖျော့ဖျော့ခန္ဓာကိုယ်လေးကိုနောက်ဆံတင်းပြီးကြည့်မိတယ်။ ဒီလိုခဏလေးကိုတောင်ဒီလောက်ဖြစ်နေတာ အကယ်၍ဒီဆရာရှောင်းကျန့်များဇာတိကိုပြန်သွားခဲ့ရင် ဝမ်ရိပေါ်ဘယ်လိုကျန်ခဲ့ရမလဲ။

"ဝမ်ကျယ် ဆရာလေးကိုမေတ္တာရှိနေတာလား"

ဝမ်ရိပေါ်ကိုစေ့စေ့ကြည့်ပြီးမေးလာတဲ့အပါးရဲ့မျက်နှာမှာ ဒေါသဖြစ်နေတဲ့အရိပ်အယောင်ကင်းတယ်။ ဒီမေးခွန်းအတွက်လည်းဝမ်ရိပေါ်တုန်လှုပ်မနေပါဘူး။ ဝမ်ရိပေါ်ကရှောင်းကျန့်ကိုချစ်တယ်ဆိုတာအမှန်တရားတစ်ခုပဲလေ။

"အဲ့လိုဆိုရင် အပါးလက်ခံမှာလား"

​မေးခွန်းကိုတည့်မဖြေဘဲမေးခွန်းပြန်မေးတဲ့အခါ အပါးကပြုံးတယ်။ အသက်အရွယ်ကြီးနေပြီဆိုပေမယ့် အပါးရဲ့ပုံစံက မျိုးနွယ်စုရဲ့အကြီးအကဲတစ်ယောက်ပီပီအရှိန်အဝါရှိနေတုန်းပဲ။

"ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့ဓလေ့ထုံးစံအရ မျိုးနွယ်စုအကြီးအကဲတိုင်းဟာ ကြင်ယာဖက်မရှာဘဲနေလို့မရဘူးဆိုတာမျိုးနွယ်စုတစ်ခုလုံးသိတယ် ဝမ်ကျယ့်မှာမေတ္တာထားအပ်တဲ့သူရှိလာတာကိုလည်းအပါးနားလည်တယ် ဒါပေမယ့် ဝမ်ကျယ်..."

ပြောလက်စ,စကားကိုအပါးကရပ်လိုက်ရင်း ဝမ်ရိပေါ်ကိုကြည့်တယ်။

"အပါးပြောစရာရှိတာပြောပါ ကျွန်တော်နားလည်ပါတယ်"

ဝမ်ရိပေါ်ပြောတော့ အပါးကခေါင်းအသာညိမ့်တယ်။ ဝမ်ရိပေါ်ကတော့အပါးဘာပြောလာမလဲဆိုတာကိုပဲရှေးရှုနေလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် ဝမ်ရိပေါ်ကရှောင်းကျန့်ကိုချစ်နေခဲ့ပြီးသား။ ဝမ်ယွဲ့လုံမျိုးနွယ်စုရဲ့အကြီးအကဲလောင်းလျာတစ်ယောက်အနေနဲ့ အလှမ်းဝေးတဲ့မြေပြန့်ကဆရာလေးကိုမေတ္တာသက်ဝင်မိခဲ့ပြီးပြီ။ ပြင်လို့မရသလိုပြင်လည်းမပြင်ချင်ပါဘူး။

"ဆရာလေးကဝမ်ကျယ်နဲ့မျိုးတူယောကျာ်းသားတစ်ယောက်လေ အဲ့တာထက်အချိန်တန်ရင်ချင်းလုံကနေပြန်သွားတဲ့အခါဝမ်ကျယ်တို့ဝေးကြရမှာပဲမလား"

ဒီကိစ္စကိုမတုန်လှုပ်၊မပူပင်ပါဘူးဆိုရင် ဝမ်ရိပေါ်ညာတာပါပဲ။ ဘာကိုမှမကြောက်တတ်၊မစိုးရိမ်တတ်တဲ့ဝမ်ယွဲ့လုံမျိုးနွယ်စုခေါင်းဆောင်လောင်းလျာလည်း ဒီအကြောင်းအရာကိုတွေးမိတိုင်းရူးရတယ်။ ရင်ဘတ်တွေစူးရတယ်။

"ဝေးခဲ့ကြမယ်ဆိုရင်တောင်ကျွန်တော် ဆရာရှောင်းကျန့်ကိုချစ်တယ် အပါး
ချင်းလုံကနေပြန်သွားမယ်ဆိုရင်တောင် ကျွန်တော်မတားချင်ပါဘူး"

ဝမ်ရိပေါ်ပြောတဲ့အခါ အပါးကအသာပြုံးရင်းသူ့ပုခုံးကိုခပ်ဖွဖွလာပုတ်တယ်။ 'အပါးနားလည်ပါတယ်'ဆိုတဲ့သဘောမျိုး။

"ဝမ်ကျယ်တောင်အတော်ရင့်ကျက်သွားပြီပဲ မျိုးတူယောကျာ်းသားချင်းဆိုရင်တောင် အကြီးအကဲလောင်းလျာရဲ့သဘောထားဆန္ဒကိုမျိုးနွယ်စုတစ်ခုလုံးအလေးထားကြရလိမ့်မယ် ပေါင်းဖက်ခွင့်ရ၊မရဆိုတာဆရာလေးရဲ့ဆုံးဖြတ်ချက်မှာမူတည်တယ် ဝမ်ကျယ်"

"ကျွန်တော်သိပါတယ် အပါး
ဆရာရှောင်းကျန့်ရဲ့ရွေးချယ်မှုကိုကျွန်တော်ကျေကျေနပ်နပ်လက်ခံမှာပါ"

အပါးကခေါင်းညိမ့်ပြီး ဆရာရှောင်းကျန့်ရှိရာဆီပြန်သွားတယ်။ အကယ်၍များဆရာရှောင်းကျန့်ပြန်သွားခဲ့ရင်၊ ရည်ရွယ်ထားခဲ့တဲ့မိန်းကလေးနဲ့လက်ထပ်ဖြစ်ခဲ့ရင် ဝမ်ရိပေါ်ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမယ့် ဝမ်ရိပေါ်ကတော့ဆရာရှောင်းကျန့်မဟုတ်တဲ့ကြင်ယာဖက်ဆိုတာမရှာတော့ဘဲ ဆရာရှောင်းကျန့်အနားမှာမရှိတော့ရင်တောင် မျိုးနွယ်စုကိုတစ်ယောက်တည်းအုပ်ချုပ်ဖို့စဥ်းစားထားပြီးသားပါ။ ဒါဟာခပ်ငယ်ငယ်တိုင်းရင်းသားတစ်ယောက်ရဲ့အတွေးဆိုပေမယ့် မျိုးနွယ်စုရဲ့ခေါင်းဆောင်လောင်းလျာဖြစ်တဲ့သူ့အတွက်သေချာပြီးသားအရာပါပဲ။

မြို့ပြဆီကိုပြန်သွားဖြစ်တဲ့အခါ တောပန်းကလေးတွေနဲ့အတူ တိုင်းရင်းသားတစ်ယောက်ရဲ့နှလုံးသားတစ်ခုပါအပိုထပ်ဆောင်းပေးလိုက်ချင်ကြောင်း အဲ့ဒီနေ့ကျပြောပြဖြစ်ပါလိမ့်မယ်။

~~~

အိပ်မက်လိုလို၊ပစ္စုပ္ပန်လိုလိုကာလတစ်ခုမှာနှင်းတွေတအားကျနေတယ်။ထူထပ်​နေတဲ့နှင်းတွေကြောင့်ဘာကိုမှသည်းသည်းကွဲကွဲမမြင်ရဘူး။ ချမ်းလို့ခိုက်ခိုက်တုန်နေပေမယ့်ပြန်လမ်းကိုရှာမတွေ့သေးဘူး။ ကူကယ်ရာမဲ့သလိုခံစားချက်တွေနဲ့အတူ 'စိတ်ချအောင်နေပါ့မယ်'ဆိုတဲ့ကတိကိုပျက်ကွက်ခဲ့မိကြောင်းတွေးမိတော့ စိတ်ပူနေလေမလားဆိုပြီးရင်မောလာတယ်။ နှင်းထုတွေကြားပြေးရင်းလွှားရင်း ပြန်လမ်းကိုကြိုးစားရှာမိတယ်။ အေးခဲကျင်တက်နေတဲ့လက်တွေ၊ခြေထောက်တွေကိုသယ်ရတာအရမ်းပင်ပန်းနေပေမယ့် ပြန်လမ်းကိုရှာနေတုန်းပဲ။ စိတ်မချအောင်လုပ်မိလို့ ခွင့်လွှတ်အောင်တောင်းပန်ရဦးမယ်။

"ခင်ဗျားဆိုးတယ် ဆရာရှောင်းကျန့်"

နှင်းထုတွေကြားလျှောက်ပြေးနေရင်းနဲ့ ဝိုးတဝါးကြားလိုက်ရတဲ့ခပ်ဝဲဝဲတိုင်းရင်းသားသံကြောင့်ရှောင်းကျန့်တုံ့ခနဲရပ်လိုက်တယ်။ အသံကြားရာလိုက်ရှာတော့ ဝမ်ရိပေါ်ကိုမတွေ့ရဘူး။

"သတိမေ့မနေဘဲနိုးလာတော့ ခင်ဗျားရဲ့
ကျွန်တော်ဆူချင်သေးတယ်"

ပိုပြီးပီပီပြင်ပြင်ကြားလိုက်ရတဲ့အသံကြောင့် အရူးလိုလျှောက်ပြေးရင်းရှာမိပေမယ့် ဘာကိုမှမမြင်ရတဲ့အခါ ရှောင်းကျန့်ဝမ်းနည်းလာတယ်။ ဆို့နင့်လာတဲ့ရင်ဘတ်နဲ့အတူတစ်ခုခုအသံပြုချင်ပေမယ့်ထွက်မလာဘူး။ ရှောင်းကျန့်ငိုချင်လိုက်တာ။

"သတိမရတာသုံးရက်ရှိပြီ
ချစ်တယ်ပြောပြီးဒီလိုပဲအိပ်နေတော့မှာလား မြေပြန့်သားက"

မဟုတ်ပါဘူး။ ဒီလိုမဟုတ်ဘူး။ ရှောင်းကျန့်ကဒီတိုင်းရင်းသားလေးကိုအဲ့လိုချန်ထားရစ်မယ့်သူမှမဟုတ်တာ။

"တောင်း...ပန်...ပါ...တယ်"

ရှိသမျှအားအကုန်သုံးပြီးအသံပြုလိုက်တဲ့အခါ လက်ဖဝါးဆီကတင်းခနဲခံစားမှုကိုခံစားလိုက်ရတယ်။ နှင်းထုတွေမရှိတော့ဘူး။ နှင်းခဲတွေပျောက်ဆုံးသွားပြီ။ နေရောင်ခြည်ဖျဖျလေးရှောင်းကျန့်အပေါ်ကျလာသလိုခံစားလိုက်ရတယ်။ လေးလံနေတဲ့မျက်လုံးကိုအသာဖွင့်ကြည့်လိုက်တဲ့အခါ ရှောင်းကျန့်လက်ဖဝါးကိုခပ်တင်းတင်းကိုင်ထားရင်းအနားမှာထိုင်နေတဲ့ဝမ်ရိပေါ်ကိုတွေ့ရတယ်။ နေရောင်ခြည်ဖျဖျလေးကရှောင်းကျန့်အနားမှာတကယ်ရှိနေခဲ့တာပဲ။

"တော်သေးတယ် နိုးလာခဲ့လို့တော်သေးတယ် ဆိုးတယ် ရှောင်းကျန့်ရာ"

ရှောင်းကျန့်ဆံပင်တွေကိုသပ်တင်ပေးရင်း ဝမ်ရိပေါ်ကဆူသလိုတဖွဖွပြောတယ်။ ရှောင်းကျန့်အတွက်လည်းတကယ်တော်သေးတယ်။ အိပ်မက်ထဲမှာတောင်အားအင်အဖြစ်ရှိနေပေးခဲ့လို့ တော်သေးတာပေါ့။

"နေသာရဲ့လား တစ်နေရာရာနေလို့အဆင်မပြေတာမျိုးရှိလား ဟင်
ကျွန်တော့်ကိုပြောပါဦး
အရမ်းအေးနေသေးလား ခုရော"

မေးခွန်းတွေတရစပ်မေးနေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်နေမကောင်းတဲ့ကြားကနေပြုံးမိလိုက်တယ်။ နည်းနည်းတော့အေးနေသေးပေမယ့်နေလို့တော့အဆင်ပြေပါတယ်။ ဒီတိုင်းရင်းသားလေးကဇွတ်တရွတ်စိတ်ပူနေတာ။

"ကျွန်တော်နေကောင်းပါတယ် ရိပေါ်ရယ်
အခုကကျွန်တော်တောင်ပေါ်မှာပဲလားဟင်"

ကုတင်ပေါ်ကနေထလို့အဆင်မပြေတာကြောင့် ဝမ်ရိပေါ်ကိုမေးတော့ခေါင်းခါပါတယ်။ တောင်ပေါ်ကအဆောင်မှာမဟုတ်ရင်ရှောင်းကျန့်ဘယ်ရောက်နေတာများလဲ။

"မဟုတ်ဘူး အခုကကျွန်တော်တို့အိမ်မှာ
ခင်ဗျားသတိမေ့နေတာသုံးရက်ရှိသွားပြီ
ပြောပါဦး စိတ်ချအောင်နေပါ့မယ်ဆို
​ခြောက်နှစ်ငယ်တဲ့လူရဲ့စကားမို့အလေးမထားတာလား"

ဝမ်ရိပေါ်ကခနဲ့သလိုပြောလာတဲ့အခါ ရှောင်းကျန့်ခမျာဖြေရှင်းဖို့စကားလုံးတွေအပြေးအလွှားရှာရတယ်။ တကယ်ဆိုဟွားဟွားသာကျန်မနေခဲ့ရင် ရှောင်းကျန့်လည်းတောင်အောက်ကိုအချိန်မီပြန်ဆင်းလာနိုင်ခဲ့မှာ။

"စိတ်ပူစေမိလို့ကျွန်တော်တောင်းပန်ပါတယ် ရိပေါ် နောက်တစ်ခါထပ်မရှိစေရပါဘူး"

"နောက်တစ်ခါရှိလာရင်လည်းကျွန်တော်ရူးသွားလိမ့်မယ် ခင်ဗျားရဲ့"

ရှောင်းကျန့်ရဲ့လက်ဖဝါးတစ်ဖက်ကိုဖွဖွကိုင်ထားရင်း ဝမ်ရိပေါ်ကပြောတဲ့အခါ ရှောင်းကျန့်ကိုယ့်ကိုယ်ကိုအပြစ်တင်မိသွားတယ်။ ကလေးတွေလိုမျိုးပွေ့ပိုက်ပြီးချောချင်စိတ်ကလေးဖြစ်သွားပြီးမှ အကြီးအကဲကိုသတိရသွားတဲ့အခါလက်ကိုရုန်းဖို့သတိရသွားတယ်။

"အပါးမရှိဘူး ရွာထဲသွားတယ်
မစိုးရိမ်နဲ့"

မျက်လုံးပြူးပြီးလက်ကိုရုန်းဖို့ပြင်နေတဲ့ရှောင်းကျန့်ကို ဝမ်ရိပေါ်ကသတိထားမိသွားပုံပါပဲ။ အကြီးအကဲမရှိကြောင်းသိရတော့မှပူပင်စိတ်ကလေးကလွင့်ပျယ်သွားတယ်။ မဟုတ်ရင်မျက်နှာပူစရာတွေဖြစ်ကုန်တော့မှာ။

"ဟော ဆရာလေးသတိရလာပြီလား ဝမ်ကျယ်"

"အယ် ဆရာလေးသတိရပြီလား
တော်သေးတာပေါ့"

"ဆရာလေး ငါတို့ဆန်ပြုတ်ပြုတ်ခဲ့တယ်ဝေ့"

အကြီးအကဲနဲ့အတူလူမမာမေးဖို့ရောက်လာတဲ့ရွာသူရွာသားတွေကြောင့် ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့လက်ကိုခပ်မြန်မြန်ပဲလွှတ်ပေးလာတယ်။ လူတွေနဲ့စကားပြောရင်အဆင်ပြေအောင်ကျောနောက်မှာခေါင်းအုံးခုထားလိုက်တယ်။ ရွာသူ၊ရွာသားတွေကဆယ်ယောက်လောက်ရှိတယ်။ အားလုံးကရှောင်းကျန့်ကိုအတော်စိုးရိမ်နေခဲ့ပုံပါပဲ။

"ဆရာလေးနေသာရဲ့လား"

အကြီးအကဲကအနားကပ်ပြီးမေးလာတာကြောင့် ရှောင်းကျန့်ပြုံးရင်းခေါင်းညိမ့်ပြလိုက်တယ်။

"ကျွန်တော်အဆင်ပြေပါတယ် အကြီးအကဲ"

"ဟွားဟွားကဆရာလေးတို့နဲ့အတူထွက်ဖို့လုပ်နေတုန်း လွယ်အိတ်ပြုတ်ကျလို့ကောက်ရင်းကနေကျန်နေရစ်ခဲ့တာတဲ့ ဆရာလေးရဲ့"

အကြီးအကဲကလေသံခပ်အေးအေးနဲ့ ဟွားဟွားကျန်ခဲ့ရတဲ့အကြောင်းကိုရှင်းပြတယ်။ ကိုယ်တိုင်ကအရမ်းကြီးမကျန်းမာပေမယ့် ကလေးတွေကိုဘေးကင်းစေနိုင်ခဲ့တယ်ဆိုတဲ့အသိကြောင့် ပီတိကဖြာခနဲပါပဲ။ အဆုံးထိရှောင်းကျန့်ကောင်းကောင်းလုပ်နိုင်ခဲ့ပြီ။

"ဆရာလေးတောင်ပေါ်မှာကျန်ခဲ့တော့ဝမ်ကျယ်ဖြင့်ပြာယာခတ်နေတာပဲ
ဘယ်သူ့စကားမှနားမဝင်ဘဲဇွတ်ကိုတောင်ပေါ်တက်ပြေးတာ"

လူမမာလာမေးတဲ့အဒေါ်ကြီးက အသံအကျယ်ကြီးနဲ့ဖောက်သည်ချတဲ့အခါ ရှောင်းကျန့်ရင်ထဲလှိုက်ခနဲဖြစ်သွားရင်းကနေအားနာသွားတယ်။ ဒီလောက်တောင်စိုးရိမ်နေခဲ့တာလား။ တိုင်းရင်းသားငယ်လေးဆီအကြည့်ရောက်မိတော့ ရှက်နေပုံရတယ်။ နားရွက်ဖျားတွေတောင်ရဲလို့။ ပြီးတော့မှလူနာလာမေးရင်းပါလာတဲ့ဆန်ပြုတ်လှယ်ဖို့ဆိုပြီးထထွက်သွားတယ်။ ရှောင်းကျန့်ကတော့ရွာသူ၊ရွာသားတွေမေးသမျှကိုခပ်အေးအေးပဲဖြေနေရတယ်။

"ဆန်ပြုတ်သောက်ရအောင် ကျွန်တော်ခွံ့မယ် လာ"

ဆန်ပြုတ်ပန်းကန်လေးနဲ့ဝင်ထိုင်ပြီးပြောလာတဲ့စကားကြောင့် ရှောင်းကျန့်လန့်သွားတယ်။ မတော်တဆအကြီးအကဲနဲ့ရွာသူရွာသားတွေကအမြင်စောင်းပြီးငြိုငြင်သွားရင်ဘယ်လိုလုပ်မလဲ။

"ကျွန်တော့်ဘာသာသောက်နိုင်!...."

"ပါးစပ်ဟ"

ရှောင်းကျန့်စကားတောင်မဆုံးသေးဘဲ ဝမ်ရိပေါ်ကပါးစပ်ဟခိုင်းနေတာမို့ရှောင်းကျန့်ယောင်ယမ်းပြီးပါးစပ်ဟမိတဲ့အခါ ပါးစပ်ထဲရောက်လာတာကအရမ်းမပူလွန်း၊မအေးလွန်းတဲ့ဆန်ပြုတ်။ အသားတစ်ခုခုနဲ့ထည့်ပြုတ်ထားပုံရတဲ့ဆန်ပြုတ်အနံ့ကခပ်သင်းသင်း။

"ကျွန်တော်ဝပြီ ရိပေါ်"

တစ်ဇွန်ပြီးတစ်ဇွန်းခွံ့သမျှသောက်နေရင်းကနေ ဗိုက်ပြည့်လာတဲ့အခါရှောင်းကျန့်ခေါင်းခါလိုက်တယ်။ အလိုက်သိတဲ့ကောင်လေးကအတင်းဇွတ်လိုက်ခွံ့မနေတော့ဘဲခေါင်းတစ်ချက်ညိမ့်ပြီးပန်းကန်သွားသိမ်းပါတယ်။

"ဆရာလေးရဲ့တပည့်တွေက ဆရာလေးကိုလွမ်းနေကြသတဲ့"

ဆန်ပြုတ်ယူလာပေးတဲ့အဒေါ်ကြီးရဲ့အပြောကြောင့် ရှောင်းကျန့်ပြုံးမိသွားတယ်။ သုံးရက်တောင်သတိလစ်နေခဲ့တာဆိုတော့ သူတို့လွမ်းတာလည်းဖြစ်နိုင်ပါတယ်။ ရှောင်းကျန့်တောင်ကျောင်းပိတ်ရက်တွေဆိုရင်သူတို့လေးတွေကိုသတိရနေတတ်တာ။

"တောင်ပေါ်ကစာသင်ကျောင်းရောတစ်ခုခုပျက်စီးသွားတာမျိုးရှိလား အကြီးအကဲ"

ရှောင်းကျန့်မေးတော့အကြီးအကဲကခေါင်းခါတယ်။

"အဲ့လိုမျိုးတော့မရှိဘူး ဆရာလေး
ဆရာလေးသက်သာလို့သွားကြည့်ချင်ရင် ခဏနေကျဝမ်ကျယ်နဲ့သွားကြလေ
နွေးနွေးထွေးထွေးတော့ဝတ်ပေါ့"

အကြီးအကဲစကားကိုရှောင်းကျန့်ပြုံးရင်းအသာခေါင်းညိမ့်ပြလိုက်တယ်။ ရွာသူ၊ရွာသားတွေပြန်ပြောပြတဲ့ဖြစ်ပျက်သမျှအကြောင်းအရာတွေကိုကြားရတဲ့အခါ ဒီတိုင်းရင်းသားငယ်အပေါ်ချစ်ခြင်းမေတ္တာတွေကပိုတိုးလာတယ်။ အန္တရာယ်ကိုမမှုဘဲတောင်ပေါ်ကိုဇွတ်ပြေးတက်သွားတဲ့ကောင်လေးက ရှောင်းကျန့်ကိုပွေ့ချီပြီးပြန်လာခဲ့ပါသတဲ့။ နှုတ်ခမ်းတွေပါပြာနှမ်းနေပေမယ့်ရှောင်းကျန့်ကိုတော့တယုတယပွေ့ခေါ်လာခဲ့ပါသတဲ့။ ဒီကောင်လေးဟာဘာကြောင့်များအဲ့လောက်ထိစွန့်စားရပါသလဲ။

"ရိပေါ် စာသင်ကျောင်းကိုကြည့်ချင်လို့တောင်ပေါ်ခဏသွားရအောင်"

ရွာသူ၊ရွာသားတွေပြန်သွားပြီးတဲ့နောက် ရှောင်းကျန့်ပြောတော့ ဝမ်ရိပေါ်ကတစ်ချက်စဥ်းစားနေသေးတယ်။

"နေလို့အဆင်ပြေတာသေချာရဲ့လား"

စိတ်မချသလိုမေးလာတဲ့ကောင်လေးကြောင့် ရှောင်းကျန့်အသာပြုံးရင်းခေါင်းညိမ့်ပြလိုက်တယ်။

"ကျွန်တော်အဆင်ပြေပါတယ် ရိပေါ်ရဲ့
တကယ်ပြောတာ"

"အဲ့တာဆိုလည်းအနွေးထည်ထပ်ဝတ်ပါဦး
တောင်ပေါ်ကပိုအေးတာသိတယ်မလား"

ရှောင်းကျန့်ခပ်​မြန်​မြန်ပဲခေါင်းညိမ့်ပြီး ဆွယ်တာထပ်ဝတ်လိုက်တယ်။ အခုဆိုရှောင်းကျန့်ကဝါဂွမ်းပုံထဲပြုတ်ကျနေတဲ့ယုန်ဖြူလေးလိုဖြစ်နေပြီ။

"သွားရအောင် ရိပေါ်"

"အင်း ကျွန်တော့်နားမှာပဲနေ"

ရွာလမ်းကလေးကိုသုံးရက်လောက်မမြင်လိုက်ရလို့ထင်ပါရဲ့။ နှင်းနည်းနည်းစိုနေတဲ့သစ်သားအိမ်ကလေးတွေကလည်းအသစ်အဆန်းဖြစ်နေတယ်။ ဝါးခြံစည်းရိုးမှာချိတ်ထားတဲ့ပြောင်းဖူးခြောက်တွေကတောင် ရှောင်းကျန့်မျက်လုံးထဲမှာအထူးတဆန်းဖြစ်လို့။

"ဟာ ဆရာလေး သတိရလာပြီလား
သားတို့ကလွမ်းနေတာ"

လမ်းမှာယွဲ့လွီနဲ့လီဟုန်ကရှောင်းကျန့်ကိုမြင်တော့ပြေးပြီးလာပြောကြတာမို့ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်တယ်။

"ဆရာကလည်းလွမ်းပါတယ်ဗျာ
အခုတော့တောင်ပေါ်သွားလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ပါ ဆရာလေး"

ကလေးတွေကိုနှုတ်ဆက်ပြီးတဲ့အခါ တောင်တက်လမ်းကလေးဆီဦးတည်လိုက်ကြတယ်။

"ရိပေါ်"

တောင်တက်လမ်းရဲ့အစမှာရှောင်းကျန့်ကခေါ်တော့ ရိပေါ်ကလှည့်ကြည့်လာတယ်။

"ကျွန်တော်ရိပေါ်ကိုချစ်တယ်
ခြော​က်နှစ်ငယ်တဲ့ကောင်လေးကိုကျွန်တော်ချစ်တယ်"

ရှောင်းကျန့်ပြောတဲ့အခါ တိုင်းရင်းသားငယ်လေးကနွေးနွေးထွေးထွေးပြုံးတယ်။ ချစ်တဲ့အကြောင်းပြောပြဖို့ရှောင်းကျန့်မတွန့်ဆုတ်ချင်တော့ဘူး။ ဒီအမျိုးသားငယ်ကမြတ်နိုးဖို့ထိုက်တန်တယ်။ ဒီ​ခြောက်နှစ်ငယ်တဲ့ကောင်လေးကချစ်မိဖို့ထိုက်တန်ပါတယ်။

"ဆရာရှောင်းကျန့်"

"ဗျာ"

ရှောင်းကျန့်ရဲ့လက်ကိုဖွဖွဆွဲကိုင်လို့တောင်ပေါ်တက်ရင်း ဝမ်ရိပေါ်ကခေါ်တာမို့ရှောင်းကျန့်ထူးလိုက်တယ်။

"ကျွန်တော်အပါးကိုပြောပြလိုက်တယ်"

ထင်မထားတဲ့စကားမို့ရှောင်းကျန့်ရုတ်တရက်အံ့သြသွားတယ်။ ဒါပေမယ့်အပြစ်လည်းမတင်ချင်သလို အပြစ်လည်းမ​မြင်ပါဘူး။ သူ့မှာလည်းသူ့အကြောင်းပြချက်နဲ့သူပေါ့။ ရှောင်းကျန့်ကဒီတိုင်းရင်းသားလေးကိုအဆုံးစွန်ထိနားလည်ပါတယ်။

"ဒါပေမယ့်ခင်ဗျားမစိုးရိမ်နဲ့နော်
အချိန်တန်လို့ဇာတိကိုပြန်ရတော့မယ်ဆိုရင်ကျွန်တော်မတားပါဘူး
ခင်ဗျားစိတ်ကျဥ်းကျပ်ရမယ့်အခြေအနေမျိုးမှာကျွန်တော်ဆွဲမထားရက်ပါဘူး"

ငြိမ်ကျသွားတဲ့ရှောင်းကျန်ကို ဝမ်ရိပေါ်ကစိတ်ညစ်သွားတယ်ထင်ပြီးအတင်းရှင်းပြနေတယ်။ မဟုတ်သေးပါဘူး။ ဘာလို့ဆွဲမထားရမှာလဲ။ အဆုံးထိဆွဲထားပေးသင့်တာပေါ့။

"ရိပေါ် အဲ့လိုမဟုတ်!..."

"ဘာဘဲဖြစ်ဖြစ်ကျွန်တော်ခင်ဗျားကိုချစ်တယ်"

ပြောရင်းဆိုရင်းနဲ့နဖူးပေါ်ကိုခပ်ဖွဖွကျရောက်လာတဲ့အနမ်းနုနုတစ်ပွင့်ကြောင့် ရှောင်းကျန့်မျက်ဝန်းတွေဝိုင်းခနဲ။ အနမ်းတစ်ခုကိုလက်ခံရရှိတဲ့အခိုက် တောပန်းရနံ့တွေတောင်ပိုပြီးသင်းပျံ့လာသလိုလို။ ငှက်ကလေးတွေတောင်အနီးအနားမှာဝဲပျံလာသလိုလို။ အရာရာဟာလှလို့ပလို့။

"ခြောက်နှစ်ငယ်တဲ့ကောင်လေးကလည်း ခင်ဗျားကိုချစ်တယ် ဆရာရှောင်းကျန့်"

ခပ်ဝဲဝဲအသံမှာချစ်ခြင်းမေတ္တာတွေအပြည့်အဝစီးဝင်နေတယ်။ မေတ္တာအားဖြင့်လှပခဲ့တဲ့မနက်ခင်းလေးပါပဲ။ ပထမဦးဆုံးအကြင်နာကတော့တောင်တက်လမ်းကလေးမှာရှိပါတယ်။

//ခြောက်နှစ်ငယ်တဲ့ကောင်လေးက ရှောင်းကျန့်ကိုချစ်တယ်...
ရှောင်းကျန့်ကလည်း ခြောက်နှစ်ငယ်တဲ့ကောင်လေးကိုချစ်တယ်//

#TayyYizhan
3.12.2022(Sat)
Target 20ထိထားပေမယ့် အဲ့လောက်ထိသွားပါ့မလားပါပဲ အရမ်းကြီးplotကမကျန်တော့ဘူး(''_'')

Zawgyi
/

Yulong-12

ႏွင္းမုန္တိုင္းကတျဖည္းျဖည္းနဲ႕စဲသြားေပမယ့္ ေရွာင္းက်န့္ဆိုတဲ့လူကေတာ့သတိမရေသးဘူး။ တိတိက်က်ေျပာရရင္ ေရွာင္းက်န့္သတိေမ့ေနတာႏွစ္ရက္ရွိၿပီ။ ခႏၶာကိုယ္​ေသးေသးေလးဟာ အေအးဒဏ္ကိုမနိုင္ဝန္ထမ္းသလိုခံလိုက္ရတယ္နဲ႕တူပါတယ္။ ႏႈတ္ခမ္းေလးေတြကခုထိျဖဴေဖ်ာ့ေနတုန္း။

"ဝမ္က်ယ္"

ကုတင္ေပၚမွာသတိေမ့ေနတဲ့လူကိုထိုင္ၾကည့္ေနတုန္း အပါးကေခၚလာတာမို႔ခပ္ဖြဖြကိုင္ထားမိတဲ့လက္သြယ္သြယ္ေလးကိုလႊတ္လိုက္ရတယ္။ အပါးလည္းရိပ္မိသင့္သေလာက္ရိပ္မိမွာပါပဲ။ ေတာင္ေပၚကိုျပာယာခတ္ေအာင္တက္သြားတဲ့ဝမ္ရိေပၚကို အပါးတင္မဟုတ္ဘဲမ်ိဳးႏြယ္စုတစ္ခုလုံးကရိပ္စားမိေနမွာပါ။ အထူးတလည္ရွင္းျပေနရေအာင္လည္း ဒီလူနိုးမလာမခ်င္း၊ မ်က္ေတာင္ရွည္ေလးေတြတဖ်တ္ဖ်တ္ခတ္တာကိုမ​ျမင္ရမခ်င္း ဝမ္ရိေပၚစိတ္မေအးနိုင္ေသးတဲ့အတြက္ ရွင္းမျပနိုင္ေသးပါဘူး။

"အပါးဘာေျပာခ်င္လို႔လဲ"

ဝမ္ရိေပၚေျပာေတာ့ အပါးကေခါင္းတစ္ခ်က္အရင္ညိမ့္တယ္။

"အပါးတို႔စကားေျပာၾကရေအာင္ ဝမ္က်ယ္"

"ဟုတ္ကဲ့ အပါး"

အပါးေနာက္ကိုလိုက္သြားဖို႔ ျဖဴေဖ်ာ့ေဖ်ာ့ခႏၶာကိုယ္ေလးကိုေနာက္ဆံတင္းၿပီးၾကည့္မိတယ္။ ဒီလိုခဏေလးကိုေတာင္ဒီေလာက္ျဖစ္ေနတာ အကယ္၍ဒီဆရာေရွာင္းက်န့္မ်ားဇာတိကိုျပန္သြားခဲ့ရင္ ဝမ္ရိေပၚဘယ္လိုက်န္ခဲ့ရမလဲ။

"ဝမ္က်ယ္ ဆရာေလးကိုေမတၱာရွိေနတာလား"

ဝမ္ရိေပၚကိုေစ့ေစ့ၾကည့္ၿပီးေမးလာတဲ့အပါးရဲ႕မ်က္ႏွာမွာ ေဒါသျဖစ္ေနတဲ့အရိပ္အေယာင္ကင္းတယ္။ ဒီေမးခြန္းအတြက္လည္းဝမ္ရိေပၚတုန္လႈပ္မေနပါဘူး။ ဝမ္ရိေပၚကေရွာင္းက်န့္ကိုခ်စ္တယ္ဆိုတာအမွန္တရားတစ္ခုပဲေလ။

"အဲ့လိုဆိုရင္ အပါးလက္ခံမွာလား"

​ေမးခြန္းကိုတည့္မေျဖဘဲေမးခြန္းျပန္ေမးတဲ့အခါ အပါးကၿပဳံးတယ္။ အသက္အ႐ြယ္ႀကီးေနၿပီဆိုေပမယ့္ အပါးရဲ႕ပုံစံက မ်ိဳးႏြယ္စုရဲ႕အႀကီးအကဲတစ္ေယာက္ပီပီအရွိန္အဝါရွိေနတုန္းပဲ။

"ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕ဓေလ့ထုံးစံအရ မ်ိဳးႏြယ္စုအႀကီးအကဲတိုင္းဟာ ၾကင္ယာဖက္မရွာဘဲေနလို႔မရဘူးဆိုတာမ်ိဳးႏြယ္စုတစ္ခုလုံးသိတယ္ ဝမ္က်ယ့္မွာေမတၱာထားအပ္တဲ့သူရွိလာတာကိုလည္းအပါးနားလည္တယ္ ဒါေပမယ့္ ဝမ္က်ယ္..."

ေျပာလက္စ,စကားကိုအပါးကရပ္လိုက္ရင္း ဝမ္ရိေပၚကိုၾကည့္တယ္။

"အပါးေျပာစရာရွိတာေျပာပါ ကြၽန္ေတာ္နားလည္ပါတယ္"

ဝမ္ရိေပၚေျပာေတာ့ အပါးကေခါင္းအသာညိမ့္တယ္။ ဝမ္ရိေပၚကေတာ့အပါးဘာေျပာလာမလဲဆိုတာကိုပဲေရွးရႈေနလိုက္တယ္။ ဘာဘဲျဖစ္ျဖစ္ ဝမ္ရိေပၚကေရွာင္းက်န့္ကိုခ်စ္ေနခဲ့ၿပီးသား။ ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုရဲ႕အႀကီးအကဲေလာင္းလ်ာတစ္ေယာက္အေနနဲ႕ အလွမ္းေဝးတဲ့ေျမျပန့္ကဆရာေလးကိုေမတၱာသက္ဝင္မိခဲ့ၿပီးၿပီ။ ျပင္လို႔မရသလိုျပင္လည္းမျပင္ခ်င္ပါဘူး။

"ဆရာေလးကဝမ္က်ယ္နဲ႕မ်ိဳးတူေယာက်ာ္းသားတစ္ေယာက္ေလ အဲ့တာထက္အခ်ိန္တန္ရင္ခ်င္းလုံကေနျပန္သြားတဲ့အခါဝမ္က်ယ္တို႔ေဝးၾကရမွာပဲမလား"

ဒီကိစၥကိုမတုန္လႈပ္၊မပူပင္ပါဘူးဆိုရင္ ဝမ္ရိေပၚညာတာပါပဲ။ ဘာကိုမွမေၾကာက္တတ္၊မစိုးရိမ္တတ္တဲ့ဝမ္ယြဲ႕လုံမ်ိဳးႏြယ္စုေခါင္းေဆာင္ေလာင္းလ်ာလည္း ဒီအေၾကာင္းအရာကိုေတြးမိတိုင္း႐ူးရတယ္။ ရင္ဘတ္ေတြစူးရတယ္။

"ေဝးခဲ့ၾကမယ္ဆိုရင္ေတာင္ကြၽန္ေတာ္ ဆရာေရွာင္းက်န့္ကိုခ်စ္တယ္ အပါး
ခ်င္းလုံကေနျပန္သြားမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္မတားခ်င္ပါဘူး"

ဝမ္ရိေပၚေျပာတဲ့အခါ အပါးကအသာၿပဳံးရင္းသူ႕ပုခုံးကိုခပ္ဖြဖြလာပုတ္တယ္။ 'အပါးနားလည္ပါတယ္'ဆိုတဲ့သေဘာမ်ိဳး။

"ဝမ္က်ယ္ေတာင္အေတာ္ရင့္က်က္သြားၿပီပဲ မ်ိဳးတူေယာက်ာ္းသားခ်င္းဆိုရင္ေတာင္ အႀကီးအကဲေလာင္းလ်ာရဲ႕သေဘာထားဆႏၵကိုမ်ိဳးႏြယ္စုတစ္ခုလုံးအေလးထားၾကရလိမ့္မယ္ ေပါင္းဖက္ခြင့္ရ၊မရဆိုတာဆရာေလးရဲ႕ဆုံးျဖတ္ခ်က္မွာမူတည္တယ္ ဝမ္က်ယ္"

"ကြၽန္ေတာ္သိပါတယ္ အပါး
ဆရာေရွာင္းက်န့္ရဲ႕ေ႐ြးခ်ယ္မႈကိုကြၽန္ေတာ္ေက်ေက်နပ္နပ္လက္ခံမွာပါ"

အပါးကေခါင္းညိမ့္ၿပီး ဆရာေရွာင္းက်န့္ရွိရာဆီျပန္သြားတယ္။ အကယ္၍မ်ားဆရာေရွာင္းက်န့္ျပန္သြားခဲ့ရင္၊ ရည္႐ြယ္ထားခဲ့တဲ့မိန္းကေလးနဲ႕လက္ထပ္ျဖစ္ခဲ့ရင္ ဝမ္ရိေပၚဘာမွမတတ္နိုင္ပါဘူး။ ဒါေပမယ့္ ဝမ္ရိေပၚကေတာ့ဆရာေရွာင္းက်န့္မဟုတ္တဲ့ၾကင္ယာဖက္ဆိုတာမရွာေတာ့ဘဲ ဆရာေရွာင္းက်န့္အနားမွာမရွိေတာ့ရင္ေတာင္ မ်ိဳးႏြယ္စုကိုတစ္ေယာက္တည္းအုပ္ခ်ဳပ္ဖို႔စဥ္းစားထားၿပီးသားပါ။ ဒါဟာခပ္ငယ္ငယ္တိုင္းရင္းသားတစ္ေယာက္ရဲ႕အေတြးဆိုေပမယ့္ မ်ိဳးႏြယ္စုရဲ႕ေခါင္းေဆာင္ေလာင္းလ်ာျဖစ္တဲ့သူ႕အတြက္ေသခ်ာၿပီးသားအရာပါပဲ။

ၿမိဳ႕ျပဆီကိုျပန္သြားျဖစ္တဲ့အခါ ေတာပန္းကေလးေတြနဲ႕အတူ တိုင္းရင္းသားတစ္ေယာက္ရဲ႕ႏွလုံးသားတစ္ခုပါအပိုထပ္ေဆာင္းေပးလိုက္ခ်င္ေၾကာင္း အဲ့ဒီေန႕က်ေျပာျပျဖစ္ပါလိမ့္မယ္။

~~~

အိပ္မက္လိုလို၊ပစၥဳပၸန္လိုလိုကာလတစ္ခုမွာႏွင္းေတြတအားက်ေနတယ္။ထူထပ္​ေနတဲ့ႏွင္းေတြေၾကာင့္ဘာကိုမွသည္းသည္းကြဲကြဲမျမင္ရဘူး။ ခ်မ္းလို႔ခိုက္ခိုက္တုန္ေနေပမယ့္ျပန္လမ္းကိုရွာမေတြ႕ေသးဘူး။ ကူကယ္ရာမဲ့သလိုခံစားခ်က္ေတြနဲ႕အတူ 'စိတ္ခ်ေအာင္ေနပါ့မယ္'ဆိုတဲ့ကတိကိုပ်က္ကြက္ခဲ့မိေၾကာင္းေတြးမိေတာ့ စိတ္ပူေနေလမလားဆိုၿပီးရင္ေမာလာတယ္။ ႏွင္းထုေတြၾကားေျပးရင္းလႊားရင္း ျပန္လမ္းကိုႀကိဳးစားရွာမိတယ္။ ေအးခဲက်င္တက္ေနတဲ့လက္ေတြ၊ေျခေထာက္ေတြကိုသယ္ရတာအရမ္းပင္ပန္းေနေပမယ့္ ျပန္လမ္းကိုရွာေနတုန္းပဲ။ စိတ္မခ်ေအာင္လုပ္မိလို႔ ခြင့္လႊတ္ေအာင္ေတာင္းပန္ရဦးမယ္။

"ခင္ဗ်ားဆိုးတယ္ ဆရာေရွာင္းက်န့္"

ႏွင္းထုေတြၾကားေလွ်ာက္ေျပးေနရင္းနဲ႕ ဝိုးတဝါးၾကားလိုက္ရတဲ့ခပ္ဝဲဝဲတိုင္းရင္းသားသံေၾကာင့္ေရွာင္းက်န့္တုံ႕ခနဲရပ္လိုက္တယ္။ အသံၾကားရာလိုက္ရွာေတာ့ ဝမ္ရိေပၚကိုမေတြ႕ရဘူး။

"သတိေမ့မေနဘဲနိုးလာေတာ့ ခင္ဗ်ားရဲ႕
ကြၽန္ေတာ္ဆူခ်င္ေသးတယ္"

ပိုၿပီးပီပီျပင္ျပင္ၾကားလိုက္ရတဲ့အသံေၾကာင့္ အ႐ူးလိုေလွ်ာက္ေျပးရင္းရွာမိေပမယ့္ ဘာကိုမွမျမင္ရတဲ့အခါ ေရွာင္းက်န့္ဝမ္းနည္းလာတယ္။ ဆို႔နင့္လာတဲ့ရင္ဘတ္နဲ႕အတူတစ္ခုခုအသံျပဳခ်င္ေပမယ့္ထြက္မလာဘူး။ ေရွာင္းက်န့္ငိုခ်င္လိုက္တာ။

"သတိမရတာသုံးရက္ရွိၿပီ
ခ်စ္တယ္ေျပာၿပီးဒီလိုပဲအိပ္ေနေတာ့မွာလား ေျမျပန့္သားက"

မဟုတ္ပါဘူး။ ဒီလိုမဟုတ္ဘူး။ ေရွာင္းက်န့္ကဒီတိုင္းရင္းသားေလးကိုအဲ့လိုခ်န္ထားရစ္မယ့္သူမွမဟုတ္တာ။

"ေတာင္း...ပန္...ပါ...တယ္"

ရွိသမွ်အားအကုန္သုံးၿပီးအသံျပဳလိုက္တဲ့အခါ လက္ဖဝါးဆီကတင္းခနဲခံစားမႈကိုခံစားလိုက္ရတယ္။ ႏွင္းထုေတြမရွိေတာ့ဘူး။ ႏွင္းခဲေတြေပ်ာက္ဆုံးသြားၿပီ။ ေနေရာင္ျခည္ဖ်ဖ်ေလးေရွာင္းက်န့္အေပၚက်လာသလိုခံစားလိုက္ရတယ္။ ေလးလံေနတဲ့မ်က္လုံးကိုအသာဖြင့္ၾကည့္လိုက္တဲ့အခါ ေရွာင္းက်န့္လက္ဖဝါးကိုခပ္တင္းတင္းကိုင္ထားရင္းအနားမွာထိုင္ေနတဲ့ဝမ္ရိေပၚကိုေတြ႕ရတယ္။ ေနေရာင္ျခည္ဖ်ဖ်ေလးကေရွာင္းက်န့္အနားမွာတကယ္ရွိေနခဲ့တာပဲ။

"ေတာ္ေသးတယ္ နိုးလာခဲ့လို႔ေတာ္ေသးတယ္ ဆိုးတယ္ ေရွာင္းက်န့္ရာ"

ေရွာင္းက်န့္ဆံပင္ေတြကိုသပ္တင္ေပးရင္း ဝမ္ရိေပၚကဆူသလိုတဖြဖြေျပာတယ္။ ေရွာင္းက်န့္အတြက္လည္းတကယ္ေတာ္ေသးတယ္။ အိပ္မက္ထဲမွာေတာင္အားအင္အျဖစ္ရွိေနေပးခဲ့လို႔ ေတာ္ေသးတာေပါ့။

"ေနသာရဲ႕လား တစ္ေနရာရာေနလို႔အဆင္မေျပတာမ်ိဳးရွိလား ဟင္
ကြၽန္ေတာ့္ကိုေျပာပါဦး
အရမ္းေအးေနေသးလား ခုေရာ"

ေမးခြန္းေတြတရစပ္ေမးေနတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န့္ေနမေကာင္းတဲ့ၾကားကေနၿပဳံးမိလိုက္တယ္။ နည္းနည္းေတာ့ေအးေနေသးေပမယ့္ေနလို႔ေတာ့အဆင္ေျပပါတယ္။ ဒီတိုင္းရင္းသားေလးကဇြတ္တ႐ြတ္စိတ္ပူေနတာ။

"ကြၽန္ေတာ္ေနေကာင္းပါတယ္ ရိေပၚရယ္
အခုကကြၽန္ေတာ္ေတာင္ေပၚမွာပဲလားဟင္"

ကုတင္ေပၚကေနထလို႔အဆင္မေျပတာေၾကာင့္ ဝမ္ရိေပၚကိုေမးေတာ့ေခါင္းခါပါတယ္။ ေတာင္ေပၚကအေဆာင္မွာမဟုတ္ရင္ေရွာင္းက်န့္ဘယ္ေရာက္ေနတာမ်ားလဲ။

"မဟုတ္ဘူး အခုကကြၽန္ေတာ္တို႔အိမ္မွာ
ခင္ဗ်ားသတိေမ့ေနတာသုံးရက္ရွိသြားၿပီ
ေျပာပါဦး စိတ္ခ်ေအာင္ေနပါ့မယ္ဆို
​ေျခာက္ႏွစ္ငယ္တဲ့လူရဲ႕စကားမို႔အေလးမထားတာလား"

ဝမ္ရိေပၚကခနဲ႕သလိုေျပာလာတဲ့အခါ ေရွာင္းက်န့္ခမ်ာေျဖရွင္းဖို႔စကားလုံးေတြအေျပးအလႊားရွာရတယ္။ တကယ္ဆိုဟြားဟြားသာက်န္မေနခဲ့ရင္ ေရွာင္းက်န့္လည္းေတာင္ေအာက္ကိုအခ်ိန္မီျပန္ဆင္းလာနိုင္ခဲ့မွာ။

"စိတ္ပူေစမိလို႔ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ရိေပၚ ေနာက္တစ္ခါထပ္မရွိေစရပါဘူး"

"ေနာက္တစ္ခါရွိလာရင္လည္းကြၽန္ေတာ္႐ူးသြားလိမ့္မယ္ ခင္ဗ်ားရဲ႕"

ေရွာင္းက်န့္ရဲ႕လက္ဖဝါးတစ္ဖက္ကိုဖြဖြကိုင္ထားရင္း ဝမ္ရိေပၚကေျပာတဲ့အခါ ေရွာင္းက်န့္ကိုယ့္ကိုယ္ကိုအျပစ္တင္မိသြားတယ္။ ကေလးေတြလိုမ်ိဳးေပြ႕ပိုက္ၿပီးေခ်ာခ်င္စိတ္ကေလးျဖစ္သြားၿပီးမွ အႀကီးအကဲကိုသတိရသြားတဲ့အခါလက္ကို႐ုန္းဖို႔သတိရသြားတယ္။

"အပါးမရွိဘူး ႐ြာထဲသြားတယ္
မစိုးရိမ္နဲ႕"

မ်က္လုံးျပဴးၿပီးလက္ကို႐ုန္းဖို႔ျပင္ေနတဲ့ေရွာင္းက်န့္ကို ဝမ္ရိေပၚကသတိထားမိသြားပုံပါပဲ။ အႀကီးအကဲမရွိေၾကာင္းသိရေတာ့မွပူပင္စိတ္ကေလးကလြင့္ပ်ယ္သြားတယ္။ မဟုတ္ရင္မ်က္ႏွာပူစရာေတြျဖစ္ကုန္ေတာ့မွာ။

"ေဟာ ဆရာေလးသတိရလာၿပီလား ဝမ္က်ယ္"

"အယ္ ဆရာေလးသတိရၿပီလား
ေတာ္ေသးတာေပါ့"

"ဆရာေလး ငါတို႔ဆန္ျပဳတ္ျပဳတ္ခဲ့တယ္ေဝ့"

အႀကီးအကဲနဲ႕အတူလူမမာေမးဖို႔ေရာက္လာတဲ့႐ြာသူ႐ြာသားေတြေၾကာင့္ ဝမ္ရိေပၚကေရွာင္းက်န့္ရဲ႕လက္ကိုခပ္ျမန္ျမန္ပဲလႊတ္ေပးလာတယ္။ လူေတြနဲ႕စကားေျပာရင္အဆင္ေျပေအာင္ေက်ာေနာက္မွာေခါင္းအုံးခုထားလိုက္တယ္။ ႐ြာသူ၊႐ြာသားေတြကဆယ္ေယာက္ေလာက္ရွိတယ္။ အားလုံးကေရွာင္းက်န့္ကိုအေတာ္စိုးရိမ္ေနခဲ့ပုံပါပဲ။

"ဆရာေလးေနသာရဲ႕လား"

အႀကီးအကဲကအနားကပ္ၿပီးေမးလာတာေၾကာင့္ ေရွာင္းက်န့္ၿပဳံးရင္းေခါင္းညိမ့္ျပလိုက္တယ္။

"ကြၽန္ေတာ္အဆင္ေျပပါတယ္ အႀကီးအကဲ"

"ဟြားဟြားကဆရာေလးတို႔နဲ႕အတူထြက္ဖို႔လုပ္ေနတုန္း လြယ္အိတ္ျပဳတ္က်လိဳ႕ေကာက္ရင္းကေနက်န္ေနရစ္ခဲ့တာတဲ့ ဆရာေလးရဲ႕"

အႀကီးအကဲကေလသံခပ္ေအးေအးနဲ႕ ဟြားဟြားက်န္ခဲ့ရတဲ့အေၾကာင္းကိုရွင္းျပတယ္။ ကိုယ္တိုင္ကအရမ္းႀကီးမက်န္းမာေပမယ့္ ကေလးေတြကိုေဘးကင္းေစနိုင္ခဲ့တယ္ဆိုတဲ့အသိေၾကာင့္ ပီတိကျဖာခနဲပါပဲ။ အဆုံးထိေရွာင္းက်န့္ေကာင္းေကာင္းလုပ္နိုင္ခဲ့ၿပီ။

"ဆရာေလးေတာင္ေပၚမွာက်န္ခဲ့ေတာ့ဝမ္က်ယ္ျဖင့္ျပာယာခတ္ေနတာပဲ
ဘယ္သူ႕စကားမွနားမဝင္ဘဲဇြတ္ကိုေတာင္ေပၚတက္ေျပးတာ"

လူမမာလာေမးတဲ့အေဒၚႀကီးက အသံအက်ယ္ႀကီးနဲ႕ေဖာက္သည္ခ်တဲ့အခါ ေရွာင္းက်န့္ရင္ထဲလွိုက္ခနဲျဖစ္သြားရင္းကေနအားနာသြားတယ္။ ဒီေလာက္ေတာင္စိုးရိမ္ေနခဲ့တာလား။ တိုင္းရင္းသားငယ္ေလးဆီအၾကည့္ေရာက္မိေတာ့ ရွက္ေနပုံရတယ္။ နား႐ြက္ဖ်ားေတြေတာင္ရဲလို႔။ ၿပီးေတာ့မွလူနာလာေမးရင္းပါလာတဲ့ဆန္ျပဳတ္လွယ္ဖို႔ဆိုၿပီးထထြက္သြားတယ္။ ေရွာင္းက်န့္ကေတာ့႐ြာသူ၊႐ြာသားေတြေမးသမွ်ကိုခပ္ေအးေအးပဲေျဖေနရတယ္။

"ဆန္ျပဳတ္ေသာက္ရေအာင္ ကြၽန္ေတာ္ခြံ႕မယ္ လာ"

ဆန္ျပဳတ္ပန္းကန္ေလးနဲ႕ဝင္ထိုင္ၿပီးေျပာလာတဲ့စကားေၾကာင့္ ေရွာင္းက်န့္လန့္သြားတယ္။ မေတာ္တဆအႀကီးအကဲနဲ႕႐ြာသူ႐ြာသားေတြကအျမင္ေစာင္းၿပီးၿငိဳျငင္သြားရင္ဘယ္လိုလုပ္မလဲ။

"ကြၽန္ေတာ့္ဘာသာေသာက္နိုင္!...."

"ပါးစပ္ဟ"

ေရွာင္းက်န့္စကားေတာင္မဆုံးေသးဘဲ ဝမ္ရိေပၚကပါးစပ္ဟခိုင္းေနတာမို႔ေရွာင္းက်န့္ေယာင္ယမ္းၿပီးပါးစပ္ဟမိတဲ့အခါ ပါးစပ္ထဲေရာက္လာတာကအရမ္းမပူလြန္း၊မေအးလြန္းတဲ့ဆန္ျပဳတ္။ အသားတစ္ခုခုနဲ႕ထည့္ျပဳတ္ထားပုံရတဲ့ဆန္ျပဳတ္အနံ႕ကခပ္သင္းသင္း။

"ကြၽန္ေတာ္ဝၿပီ ရိေပၚ"

တစ္ဇြန္ၿပီးတစ္ဇြန္းခြံ႕သမွ်ေသာက္ေနရင္းကေန ဗိုက္ျပည့္လာတဲ့အခါေရွာင္းက်န့္ေခါင္းခါလိုက္တယ္။ အလိုက္သိတဲ့ေကာင္ေလးကအတင္းဇြတ္လိုက္ခြံ႕မေနေတာ့ဘဲေခါင္းတစ္ခ်က္ညိမ့္ၿပီးပန္းကန္သြားသိမ္းပါတယ္။

"ဆရာေလးရဲ႕တပည့္ေတြက ဆရာေလးကိုလြမ္းေနၾကသတဲ့"

ဆန္ျပဳတ္ယူလာေပးတဲ့အေဒၚႀကီးရဲ႕အေျပာေၾကာင့္ ေရွာင္းက်န့္ၿပဳံးမိသြားတယ္။ သုံးရက္ေတာင္သတိလစ္ေနခဲ့တာဆိုေတာ့ သူတို႔လြမ္းတာလည္းျဖစ္နိုင္ပါတယ္။ ေရွာင္းက်န့္ေတာင္ေက်ာင္းပိတ္ရက္ေတြဆိုရင္သူတို႔ေလးေတြကိုသတိရေနတတ္တာ။

"ေတာင္ေပၚကစာသင္ေက်ာင္းေရာတစ္ခုခုပ်က္စီးသြားတာမ်ိဳးရွိလား အႀကီးအကဲ"

ေရွာင္းက်န့္ေမးေတာ့အႀကီးအကဲကေခါင္းခါတယ္။

"အဲ့လိုမ်ိဳးေတာ့မရွိဘူး ဆရာေလး
ဆရာေလးသက္သာလို႔သြားၾကည့္ခ်င္ရင္ ခဏေနက်ဝမ္က်ယ္နဲ႕သြားၾကေလ
ေႏြးေႏြးေထြးေထြးေတာ့ဝတ္ေပါ့"

အႀကီးအကဲစကားကိုေရွာင္းက်န့္ၿပဳံးရင္းအသာေခါင္းညိမ့္ျပလိုက္တယ္။ ႐ြာသူ၊႐ြာသားေတြျပန္ေျပာျပတဲ့ျဖစ္ပ်က္သမွ်အေၾကာင္းအရာေတြကိုၾကားရတဲ့အခါ ဒီတိုင္းရင္းသားငယ္အေပၚခ်စ္ျခင္းေမတၱာေတြကပိုတိုးလာတယ္။ အႏၲရာယ္ကိုမမႈဘဲေတာင္ေပၚကိုဇြတ္ေျပးတက္သြားတဲ့ေကာင္ေလးက ေရွာင္းက်န့္ကိုေပြ႕ခ်ီၿပီးျပန္လာခဲ့ပါသတဲ့။ ႏႈတ္ခမ္းေတြပါျပာႏွမ္းေနေပမယ့္ေရွာင္းက်န့္ကိုေတာ့တယုတယေပြ႕ေခၚလာခဲ့ပါသတဲ့။ ဒီေကာင္ေလးဟာဘာေၾကာင့္မ်ားအဲ့ေလာက္ထိစြန့္စားရပါသလဲ။

"ရိေပၚ စာသင္ေက်ာင္းကိုၾကည့္ခ်င္လို႔ေတာင္ေပၚခဏသြားရေအာင္"

႐ြာသူ၊႐ြာသားေတြျပန္သြားၿပီးတဲ့ေနာက္ ေရွာင္းက်န့္ေျပာေတာ့ ဝမ္ရိေပၚကတစ္ခ်က္စဥ္းစားေနေသးတယ္။

"ေနလို႔အဆင္ေျပတာေသခ်ာရဲ႕လား"

စိတ္မခ်သလိုေမးလာတဲ့ေကာင္ေလးေၾကာင့္ ေရွာင္းက်န့္အသာၿပဳံးရင္းေခါင္းညိမ့္ျပလိုက္တယ္။

"ကြၽန္ေတာ္အဆင္ေျပပါတယ္ ရိေပၚရဲ႕
တကယ္ေျပာတာ"

"အဲ့တာဆိုလည္းအေႏြးထည္ထပ္ဝတ္ပါဦး
ေတာင္ေပၚကပိုေအးတာသိတယ္မလား"

ေရွာင္းက်န့္ခပ္​ျမန္​ျမန္ပဲေခါင္းညိမ့္ၿပီး ဆြယ္တာထပ္ဝတ္လိုက္တယ္။ အခုဆိုေရွာင္းက်န့္ကဝါဂြမ္းပုံထဲျပဳတ္က်ေနတဲ့ယုန္ျဖဴေလးလိုျဖစ္ေနၿပီ။

"သြားရေအာင္ ရိေပၚ"

"အင္း ကြၽန္ေတာ့္နားမွာပဲေန"

႐ြာလမ္းကေလးကိုသုံးရက္ေလာက္မျမင္လိုက္ရလို႔ထင္ပါရဲ႕။ ႏွင္းနည္းနည္းစိုေနတဲ့သစ္သားအိမ္ကေလးေတြကလည္းအသစ္အဆန္းျဖစ္ေနတယ္။ ဝါးၿခံစည္းရိုးမွာခ်ိတ္ထားတဲ့ေျပာင္းဖူးေျခာက္ေတြကေတာင္ ေရွာင္းက်န့္မ်က္လုံးထဲမွာအထူးတဆန္းျဖစ္လို႔။

"ဟာ ဆရာေလး သတိရလာၿပီလား
သားတို႔ကလြမ္းေနတာ"

လမ္းမွာယြဲ႕လြီနဲ႕လီဟုန္ကေရွာင္းက်န့္ကိုျမင္ေတာ့ေျပးၿပီးလာေျပာၾကတာမို႔ေရွာင္းက်န့္ေခါင္းညိမ့္ျပလိုက္တယ္။

"ဆရာကလည္းလြမ္းပါတယ္ဗ်ာ
အခုေတာ့ေတာင္ေပၚသြားလိုက္ဦးမယ္ေနာ္"

"ဟုတ္ကဲ့ပါ ဆရာေလး"

ကေလးေတြကိုႏႈတ္ဆက္ၿပီးတဲ့အခါ ေတာင္တက္လမ္းကေလးဆီဦးတည္လိုက္ၾကတယ္။

"ရိေပၚ"

ေတာင္တက္လမ္းရဲ႕အစမွာေရွာင္းက်န့္ကေခၚေတာ့ ရိေပၚကလွည့္ၾကည့္လာတယ္။

"ကြၽန္ေတာ္ရိေပၚကိုခ်စ္တယ္
ေျခာ​က္ႏွစ္ငယ္တဲ့ေကာင္ေလးကိုကြၽန္ေတာ္ခ်စ္တယ္"

ေရွာင္းက်န့္ေျပာတဲ့အခါ တိုင္းရင္းသားငယ္ေလးကေႏြးေႏြးေထြးေထြးၿပဳံးတယ္။ ခ်စ္တဲ့အေၾကာင္းေျပာျပဖို႔ေရွာင္းက်န့္မတြန့္ဆုတ္ခ်င္ေတာ့ဘူး။ ဒီအမ်ိဳးသားငယ္ကျမတ္နိုးဖို႔ထိုက္တန္တယ္။ ဒီ​ေျခာက္ႏွစ္ငယ္တဲ့ေကာင္ေလးကခ်စ္မိဖို႔ထိုက္တန္ပါတယ္။

"ဆရာေရွာင္းက်န့္"

"ဗ်ာ"

ေရွာင္းက်န့္ရဲ႕လက္ကိုဖြဖြဆြဲကိုင္လို႔ေတာင္ေပၚတက္ရင္း ဝမ္ရိေပၚကေခၚတာမို႔ေရွာင္းက်န့္ထူးလိုက္တယ္။

"ကြၽန္ေတာ္အပါးကိုေျပာျပလိုက္တယ္"

ထင္မထားတဲ့စကားမို႔ေရွာင္းက်န့္႐ုတ္တရက္အံ့ၾသသြားတယ္။ ဒါေပမယ့္အျပစ္လည္းမတင္ခ်င္သလို အျပစ္လည္းမ​ျမင္ပါဘူး။ သူ႕မွာလည္းသူ႕အေၾကာင္းျပခ်က္နဲ႕သူေပါ့။ ေရွာင္းက်န့္ကဒီတိုင္းရင္းသားေလးကိုအဆုံးစြန္ထိနားလည္ပါတယ္။

"ဒါေပမယ့္ခင္ဗ်ားမစိုးရိမ္နဲ႕ေနာ္
အခ်ိန္တန္လို႔ဇာတိကိုျပန္ရေတာ့မယ္ဆိုရင္ကြၽန္ေတာ္မတားပါဘူး
ခင္ဗ်ားစိတ္က်ဥ္းက်ပ္ရမယ့္အေျခအေနမ်ိဳးမွာကြၽန္ေတာ္ဆြဲမထားရက္ပါဘူး"

ၿငိမ္က်သြားတဲ့ေရွာင္းက်န္ကို ဝမ္ရိေပၚကစိတ္ညစ္သြားတယ္ထင္ၿပီးအတင္းရွင္းျပေနတယ္။ မဟုတ္ေသးပါဘူး။ ဘာလို႔ဆြဲမထားရမွာလဲ။ အဆုံးထိဆြဲထားေပးသင့္တာေပါ့။

"ရိေပၚ အဲ့လိုမဟုတ္!..."

"ဘာဘဲျဖစ္ျဖစ္ကြၽန္ေတာ္ခင္ဗ်ားကိုခ်စ္တယ္"

ေျပာရင္းဆိုရင္းနဲ႕နဖူးေပၚကိုခပ္ဖြဖြက်ေရာက္လာတဲ့အနမ္းႏုႏုတစ္ပြင့္ေၾကာင့္ ေရွာင္းက်န့္မ်က္ဝန္းေတြဝိုင္းခနဲ။ အနမ္းတစ္ခုကိုလက္ခံရရွိတဲ့အခိုက္ ေတာပန္းရနံ႕ေတြေတာင္ပိုၿပီးသင္းပ်ံ့လာသလိုလို။ ငွက္ကေလးေတြေတာင္အနီးအနားမွာဝဲပ်ံလာသလိုလို။ အရာရာဟာလွလို႔ပလို႔။

"ေျခာက္ႏွစ္ငယ္တဲ့ေကာင္ေလးကလည္း ခင္ဗ်ားကိုခ်စ္တယ္ ဆရာေရွာင္းက်န့္"

ခပ္ဝဲဝဲအသံမွာခ်စ္ျခင္းေမတၱာေတြအျပည့္အဝစီးဝင္ေနတယ္။ ေမတၱာအားျဖင့္လွပခဲ့တဲ့မနက္ခင္းေလးပါပဲ။ ပထမဦးဆုံးအၾကင္နာကေတာ့ေတာင္တက္လမ္းကေလးမွာရွိပါတယ္။

//ေျခာက္ႏွစ္ငယ္တဲ့ေကာင္ေလးက ေရွာင္းက်န့္ကိုခ်စ္တယ္...
ေရွာင္းက်န့္ကလည္း ေျခာက္ႏွစ္ငယ္တဲ့ေကာင္ေလးကိုခ်စ္တယ္//

#TayyYizhan
3.12.2022(Sat)
Target 20ထိထားေပမယ့္ အဲ့ေလာက္ထိသြားပါ့မလားပါပဲ အရမ္းႀကီးplotကမက်န္ေတာ့ဘူး(''_'')

Continue Reading

You'll Also Like

14.4K 2.2K 20
အဝါရောင်တွေစွန်းထင်းသွားတဲ့ မေတ္တာထုတစ်ချို့။ အဝါေရာင္ေတြစြန္းထင္းသြားတဲ့ ေမတၱာထုတစ္ခ်ိဳ႕။
12.5K 217 10
After going through many failed relationships with his past lovers, Michael is desperate to find the perfect woman who loves him for who he is. He me...
791K 29.4K 97
𝐀 𝐒𝐌𝐀𝐋𝐋 𝐅𝐀𝐂𝐓: you are going to die. does this worry you? ❪ tua s1 ⎯⎯⎯ 4 ❫ © 𝙵𝙸𝚅𝙴𝙷𝚇𝚁𝙶𝚁𝙴𝙴𝚅𝙴𝚂...
2M 57.5K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...