Unicode
တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၉
အရေးပေါ်ကားတစ်စီး မောင်းထွက်သွားသည် ဆေးရုံ အဆောက်ဦးကြီးက ဝင်ခါနီးနေရောင်အောက်မှာ လိမ္မော်ရောင် သန်းလို့နေသည်။ ဆောင်းနှင့်အညီ နေဝင်ချိန်မြန်တာကြောင့် ဒီရက်တွေမှာ ညနေ၆နာရီဝန်းကျင်လောက်ဆိုလျှင်ပင် သိသိသာသာ မှောင်ချင်နေတတ်သည်။
နေချိုမောင်တစ်ယောက် အလှပန်းပင်များစိုက်ပျိုးထားရာ လမ်းတစ်လျှောက် ငေးကြည့်နေမိတာ နာရီဝက်မကတော့။ ဝတ်ထားသည့် ဂျင်းဘောင်းဘီထက်မှပင် စူးနေအောင်ကိုက်သည့် ခြင်တွေရဲ့ဒဏ်ကို အောင့်ခံနေရသည်။ စိတ်ရှည်လက်ရှည်စောင့်နေမိသူက အချိန်ကျသည့်တိုင်အောင် ထွက်မလာသေးပါ။ နာရီဝတ်နေကျမဟုတ်တာကြောင့် အချိန် ဘယ်လောက်ရှိပြီဆိုတာလည်း သေချာမသိနိုင်။ သို့သော် အရင်ရက်တွေဆိုရင် မီးရောင်ဖျော့ဖျော့အောက် ကျောပိုးအိတ်ကို တစ်ခြမ်းလွယ်ထွက်လာတတ်သည့် scrub suit စိမ်းပြာရောင်နုနုက ဒီလောက်ဆို သူ့အနားရောက်နေတတ်ပြီ။
အထဲဝင်စောင့်လို့ ရပေမဲ့ လူတွေအများကြီး သွားလာ ဆူညံနေတဲ့ကြား ထိုင်နေဖို့ သူစိတ်မပါပါ။ ပူပူညံညံတွေနဲ့ အသားမကျသည့်အပြင် ဒီနေရာမှာ ဆိုင်ကယ်ပေါ်ထိုင်စောင့်နေရတာက တစ်မျိုးတစ်မည် သူ့ကိုယ်သူ ခန့်ညားသလိုဖြစ်စေတာကြောင့်လည်း ပါပါသည်။
ဟော... အဖြူရောင် ရှူးဖိနပ်ဖြူဖြူက သူလှမ်းကြည့်နေမိသည့် လမ်းပေါ်သို့ ရောက်လို့လာပြီ။ အမှောင်ရိပ်သန်းသွားပြီဖြစ်သာ ညဉ့်နက်နက်မှာ ဝင်းဝါသည့် အသားရည်က ထင်းနေ၏။ "လေးကန်နေတယ် ဘာဖြစ်လာတာလဲ" ပွစိပွစိ လုပ်တတ်တာ သူ့အကျင့်မဟုတ်ပေမဲ့ ခေါင်းငိုက်စိုက်ကျလျက် သက်ပြင်းတချချနှင့် လျှောက်လာသူကိုမြင်တော့ ပါးစပ်ကို မထိန်းလိုက်နိုင်။ ကာယကံရှင်က လမ်းတစ်ဝက်လောက်ရောက်မှ သူ့ကို မြင်ပုံရသည်။ တပ်ထားသည့် maskကို ဘတ်ခနဲချွတ်ကာ ခြေလှမ်းတို့ကိုအရှိန်မြှင့်လိုက်၏။
"ရောက်နေတာ ကြာပြီလား။ ဆောရီး လူနာတအားကျနေလို့"
"မကြာသေးဘူး"
"တော်သေးတာပေါ့။ ငါက မင်းပြန်သွားပြီတောင် ထင်နေတာ"
"တက်လေ"
လွှားခနဲခုန်တက်ကာ ပုခုံးပေါ်ရောက်လာသည့် လက်တစ်ဖက်။ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ အချိန်ခဏပေးလိုက်သည်။ ဖြေးဖြေးချင်း မောင်းထွက်လိုက်ပြီးနောက်မှာ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြ၏။
ဆောင်းညဉ့်ဦးက အေးစိမ့်စိမ့်နှင့်။ ဆိုင်ကယ်မှန်ကနေ တစ်ချက်လှမ်းကြည့်တော့ လက်တိုပါးပါးဝတ်ထားသူက လေအေးတွေကိုပင် သတိထားမိပုံမပေါ်။ မီးစိမ်းနေသည့် မီးပွိုင့်ကို တည့်တည့်ဖြတ်ချလိုက်ပါမှ နောက်ကနေ အသံထွက်လို့လာသည်။
"ဟင်... ညစာရော"
"..."
"ညစာ သွားမစားတော့ဘူးလား။ မင်း စားခဲ့မှာလဲမဟုတ်ပဲနဲ့"
တတွတ်တွတ်ရွတ်လာသူက မောရကောင်းမှန်းသိပုံမပေါ်။ အဆောင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်သည်အထိ ညစာ အကြောင်းကို မေးမြန်းနေသေးသည်။
"ငါလဲ ဘာမှမစားရသေးဘူးကွ။ အတူစားသွားစမ်းပါ မင်းဟာကလည်း"
"အေးတယ် ဝင်တော့"
နေချိုပြောတော့ မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ငုံ့ကြည့်သည့်သူ။
"နေအုန်း။ ငါ လက်ရှည်ဝတ်ပြီးဆင်းခဲ့မယ်"
ပြောပြောဆိုဆို ကျောပိုးအိတ်ကို လက်ထဲထိုးထည့်ပေးကာ အဆောင်ထဲ အပြေးဝင်သွားသည်။ အဆောင်ဝရောက်လျှင်ပဲ တိခနဲရပ်ချကာ နေချိုရပ်နေရာဘက်ကိုလှည့်လျက် လက်ညှိုးလှမ်းထိုး၏။
"မင်း... တစ်လှမ်းမှ မရွေ့ပဲ အဲ့မှာရပ်နေနော်။ငါ့အိတ်ယူပြီး ပြန်ရင် သေပြီသာမှတ်"
ကြိမ်းမောင်းသူက သူလုပ်လိုက်လျှင် တစ်ချက်စာသာ ရှိသည်။ ငယ်ငယ်ကလောက် သေးညက် မ နေတာသာရှိမည်။ ခွန်းနစ်ကုဋေရဲ့ တရှောင်ရှောင်ဖျားပြီး အမြဲ ဆူပုတ်နေတတ်တဲ့ ပုံစံသာ နေရာယူထားခဲ့တဲ့ နေချို့ခေါင်းထဲမှာ ထိုပုံရိပ်လေးကို မဖျောက်နိုင်။ ဒါ့အပြင် ပိုပြီးထွားသည်ထားအုန်း နေချိုနှင့်ယှဉ်လျှင် ခွန်းနစ်ကုဋေထွားသည်ဆိုတာက ခြေဖျားတောင်မှီမည်မထင်ပါ။ နေချိုက လူထွားကြီးလို ဖြစ်နေကာ ရုပ်ရည်ကလည်း အတော်လေး ရင့်သလို ဖြစ်နေလောက်ပါလိမ့်မည်။
"ဒီနားက ထမင်းဆိုင်ပဲသွားရအောင်။ အဲ့မှာ နားအေးပါးအေး စားလို့ရတယ်"
အဆောင်ကနေ နှစ်ပြလောက်သာ ဝေးသည့်ထမင်းဆိုင်က လမ်းဘေးထမင်းဆိုင်လေးဖြစ်ကာ ဒီနားတစ်ဝိုက် နာမည်ကြီးသည့် ဆိုင်ဖြစ်သည်။ လာစားသူများတာကြောင့် စောင့်ရပေမဲ့ နားအေးပါးအေးထိုင်စရာနေရာပေါတာရော ၊ ဈေးသက်သာပြီး အရသာမဆိုးလှတာရောကြောင့် အရင် ခွန်းနစ်အမြဲ စားနေကျဖြစ်ခဲ့သည်။ နောက်ပိုင်း နေချိုမောင်နှင့် တပူးပူး တတွဲတွဲသွားဖြစ်မှသာ ဒီဘက်ကို ခြေဦးမလှည့်ဖြစ်တော့တာ ဖြစ်၏။
"ဒီက ညီလေး မှာနေကျအတိုင်း ဆိတ်ကလီစာပဲလား"
"ဟုတ် ကျွန်တော် ဆိတ်ကလီစာပဲ... မင်းရော ဘာနဲ့စားမလဲ"
"ကြက်သား"
"ကြက်သားကြော်လား ချက်လား"
"ဘာဖြစ်ဖြစ်"
".."
"ကြက်သားကြော်ပေးလိုက် အစ်ကို"
ခေါင်းကုပ်ထွက်သွားသည့် စားပွဲထိုးက နေချို့ရဲ့ ရုပ်တည်ကြီးကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသေးသည်။ ခွန်းနစ် ရယ်ချင်ပက်ကျိဖြစ်လာတာကြောင့် မျက်နှာပိုးကို အမြန်သတ်လိုက်ရ၏။ အစားအသောက်မှာတာကအစ နေချိုမောင်တို့ ခက်ခဲနေလိုက်တာများ။ ကြည့်ရတာတော့ ဒါကြောင့်ပဲ ဒီကောင် ညနေ ညနေ အငတ်ခံနေတာ ဖြစ်နိုင်သည်။ ပြောဖို့ဆိုဖို့တောင် ပျင်းနေလွန်းတာကို ဘာဆေးပေးပြီး ကုရပါ့ဟုပင် တွေးမိသွား၏။
"ရေနွေးသောက်မယ် မို့လား"
တစ်ဖက်က အဖြေမလာလည်း ခွန်းနစ်လက်တွေက မြန်ဆန်စွာပဲ ရေဇလုံထဲမှ ခွက်တွေကို ထုတ်နှင့်ခဲ့ပြီ။ ဒရောသောပါး ကောက်လျှိုလာခဲ့သည့် သက္ကလပ်သား လက်ရှည်ကို ခေါက်တင်ကာ ရေနွေးအနည်းငယ်ကို ကြွေပန်းကန်ထဲသို့ အရင်ထည့်လိုက်၏။ ပြီးနောက် လက်နှင့်ဟိုဟို သည်သည်ပွတ်ကာ ခွက်ကို ကျင်းလိုက်သည်။ နောက်တစ်ခွက်ကိုလည်း ထိုနည်းတူပင်။ နှစ်ခွက်လုံး ဆေးပြီးချိန်မှာ ရေနွေးထည့်လျက် တစ်ခွက်ကို မျက်နှာချင်းဆိုင်မှာထိုင်နေသည့် နေချိုမောင့်ထံ တိုးပေးလိုက်၏။ ထမင်းရဖို့က နည်းနည်းကြာအုန်းမည်မို့ ရေနွေးတစ်ခွက်လောက်တော့ အေးအေးဆေးဆေး သောက်နိုင်ပါသေးသည်။
"အဆောင်က နောက်ကျရင် ရရဲ့လား။ မင်း ငါနဲ့စားသောက်ပြီးပြန်ရင် တစ်ခါတစ်လေ ကိုးနာရီလောက်တောင် ရှိတော့မှာ"
"ရတယ်"
"အလုပ် အဆောင်လား"
"အင်း"
ကုတ်အင်္ကျီကြီးကို ချွတ်လိုက်သည့် နေချိုမောင်က ပူလာပုံရသည်။နက်ပြာရောင် ရှပ်လက်တိုအောက်က ညိုသောလက်မောင်းတွေက ခပ်သွယ်သွယ်နှင့်။ ပိန်တာမဟုတ်ပေမဲ့ နေချို့ ကိုယ်လုံးက ဗလတွေအများကြီးလည်း ရှိမနေ။ ကြည့်လို့ကောင်းတာကိုတော့ ဝန်ခံရလိမ့်မည်။ အရပ်ရှည်သည့်အပြင် အချိုးအဆစ်ကျတာကြောင့် ခါးကိုင်းကိုင်းကြီး ထိုင်တတ်သည့် အကျင့်ကိုသာပြင်လိုက်လျှင် အတော်ကို မိုက်မည့်ကောင်ဟု ခွန်းနစ်က တိတ်တဆိတ်သုံးသပ်လိုက်၏။
"မင်း ဒီနေ့ အဆင်ပြေလား"
"ဟင်...ငါလား"
ခေါင်းငြိမ့် ပြသည့် နေချိုမောင်။
"ထူးထူးဆန်းဆန်းတွေမေးလို့။ နေရော ကောင်းရဲ့လား ဟားဟား"
ခွန်းနစ်ရယ်ပေမဲ့ သူမရယ်။ သူ့နားထင်တစ်ဖက်ကို လက်နှင့်ထောက်ကာ ကျန်လက်တစ်ဖက်ကာ ရေနွေးခွက်ကိုကိုင်လျက် စိုက်ကြည့်နေ၏။ ဖွင့်ပြောထားသူမို့ပေလား နေချိုမောင်နှင့် အတူရှိရတာ အရင်ရက်တွေကလောက် မပေါ့ပါးတော့။ သူ့အကြည့်တွေအောက်မှာ ခွန်းနစ်က မျက်နှာပူကာ ရှက်ရွံ့ချင်နေသည်။
"ပြေပါတယ်။ မင်းက ဘာလို့မေးတာလဲ"
ခေါင်းငုံ့ချကာ သူ့ကို အမေးပြန်မေးလိုက်သည်။တကယ်တော့ မပြေပါ။ အစ်ကို ဟိန်းသူရနှင့် စကားပြောပြီး တစ်နေ့လည်လုံး ခွန်းနစ်စိတ်ရှုပ်နေခဲ့သည်။ ရယ်ရတာ "အဆင်ပြေလား" ဆိုသည့်စကားကို အစ်ကို့ဆီကလည်း ခွန်းနစ်ကြားခဲ့ရခြင်းပင်။ အမှန်ဆို "အစ်ကိုနဲ့ မပြောခင်ကအထိ ပြေပါတယ်" လို့ ပြောခဲ့ဖို့ကောင်းသည်။ အလာပ သလာပ ခေါ် ပြောသည့်သူကတော့ စိတ်အေးသက်သာကောင်း သက်သာနိုင်ပေမဲ့ ခွန်းနစ်အတွက်တော့ မတူပါ။ ခွန်းနစ်က ကိုယ့်အတွက် မဟုတ်ဘူးဆိုတဲ့အရာတွေ လူတွေရဲ့ အငွေ့အသက်ကနေ ခပ်ကင်းကင်းသာ နေချင်သည်။ အထူးသဖြင့် ကိုယ်မရနိုင်ခဲ့တဲ့ အရာတွေနဲ့ နီးကပ်နေလျှင် မကျေနပ်စိတ်တွေ ၊မရောင့်ရဲစိတ်တွေ ဖြစ်နေရတာမျိုးကို သေလောက်အောင် မုန်း၏။
"အမှန်တိုင်း ပြောရမလား"
"ပြော"
" ဆေးရုံမှာ ဆရာဝန်တစ်ယောက်ရှိတယ်။ သိပ်မကြာသေးဘူး ရောက်လာတာ"
"..."
"အဲ့ဒါ ငါ ကြိုက်ဖူးတဲ့ အစ်ကိုပဲ"
ပြောပြီး သူ့မျက်နှာကို တည့်တည့်ကြည့်နေမိသည့် ခွန်းနစ်။ မစာနာရာ ရောက်သွားမလားမသိပေမဲ့ ဘာမှ လိမ်ညာမနေချင်။ ဒီစကားကို ကိုယ်ယုံကြည်ရသည့် ၊ ကိုယ့်စကားကို နားထောင်ပေးနေမည့် သူငယ်ချင်းတစ်ယောက်ဆီ ရင်ဖွင့်လိုက်သလို စိတ်ကူးနှင့် ပြောခဲ့တာကြောင့်ဖြစ်မည်။ အစပျိုး နှစ်ခွန်းလောက်ကပင် ခွန်းနစ်အတွက် ခက်ခဲမနေ။ မျက်တောင်မခတ် စိုက်ကြည့်နေတာမြင်တော့ စကားကို ဆက်လိုက်၏။
"ငါ့ရည်းစား... အင်း ဖြစ်တော့မဖြစ်ခဲ့ဘူးပေါ့။ ထားပါတော့ ငါကြိုက်တာ ငါ့ရည်းစားပဲထား။ သူနဲ့ ပြန်တွေ့ပြီး စကားပြောခဲ့တာ"
"..."
"စိတ်ရှုပ်တယ်"
"..."
"အဲ့ဒီလူနဲ့ မပက်သက်ချင်ဘူး။ သူ့ကိုမြင်ရင် ကိုယ့်ကိုယ်ကိုယ် မုန်းလို့"
"..."
"ထမင်းရပါပြီ။ စောင့်ရတာ ကြာသွားကြမယ်ထင်တယ်"
မေ့လောက်မှ ရောက်လာသည့် ထမင်းကြောင့် သူတို့ကြားက စကားဝိုင်းက ခေတ္တမျှ အဆက်သွယ် ပြတ်လို့သွားသည်။ ခုံပေါ် နေရာချနေသည့် ထမင်း ပန်းကန်တွေကို စိုက်ကြည့်ရင်း ခွန်းနစ်နှုတ်ခမ်းတွေက ပြုံးယောင် သန်းချင်နေ၏။ လူတွေရဲ့ ခွန်အားတစ်မျိုးက သိပ်စိတ်ဝင်စားစရာကောင်းသည်။ ပင်ပန်းစရာဝေဒနာကို ပြောပြရင်းတောင် ခပ်ယဲ့ယဲ့လေးဖြစ်ဖြစ် ပြုံးနိုင်နေတာမျိုးကိုး။
"ဒါက ကြက်သားကြော်။ အနှစ်စားချင်ရင် ငါ့ဆိတ်ကလီစာ စားလေ"
နဂိုပြောလက်စ စကားကို ဖြတ်တောက်ကာ ဟင်းတွေကို သူ့ဖက်တိုးပေးတော့ နေချိုက ဇွန်းကောက်ကိုင်သည်။
"ဒီက သီးစုံချဉ်ရည်ဟင်းက တအားကောင်းတယ်။ တစ်ခါတစ်လေ ဟင်းရည်နဲ့ ထမင်းဝယ်ပြီး ဖျော်စားလိုက်တာပဲ ညစာကို"
"အင်း"
"ကောင်းတယ်မို့လား"
"အင်း"
"ခရမ်းသီးနှပ်ရော စားကြည့်။ ပဲနှပ်က ကုန်သွားတာနေမှာ။ ဒီက ပဲနှပ်ကလည်း နာမည်ကြီးတယ်။ နောက်တစ်ခါ ပိတ်ရက်ကျ နေ့လည်စာ အတူလာစားရအောင်"
"အင်း"
ထမင်းပွဲ ဟင်းပွဲတွေဆီရောက်သွားသည့် စကားဝိုင်းမှာ အစောကပြောခဲ့တာတွေ ဘာမှန်းပင်မသိတော့။ ခွန်းနစ်ကိုယ်တိုင် ပြောချင်စိတ်ကုန်သွားတာ ဖြစ်သလို နေချိုကလည်း ထပ်မမေးတော့ပေ။ စားလိုက်သောက်လိုက်လို့ပေလား စိတ်ညစ်နေတာလည်း အတော်သက်သာသွား၏။ နေချို့ကို ဟင်းတွေအကြောင်းပြောရင်း သူအားပါးတရစားနေတာကို ကြည့်ရတာ ခွန်းနစ်ကို စိတ်လန်းလာစေသည်။ ပေါက်ကရတွေထက် ထမင်းနဲ့ဟင်းကို ပိုခင်တွယ်သည့် နေချိုမောင်၊ အစားကောင်းကောင်းစားသည့် နေချိုမောင်...ဘာမှထူးဆန်းထွေပြားမနေပေမဲ့ ရိုးရှင်းသည့်အကြောင်းအရာကပင်လျှင် စိတ်ဝင်စားဖို့ ကောင်းနေသည်။
"ပိတ်ရက်ကျရင် ဝေဖြိုးနိုင်ဆီသွားရအောင်။ ဆေးရုံဆင်းပြီးကတည်းက မသွားရတာ ကြာပြီ"
"လိုက်ပို့မယ်"
"ဟင်း ဘာလဲ ဟိုက မင်းသူငယ်ချင်းလဲ ဟုတ်တယ်နော်။ အေးတိအေးစက် လုပ်နေတယ်"
"..."
"ရှားရှားပါးပါး သူငယ်ချင်းကို"
"မင်းရှိတာပဲ"
"ဟမ်"
"ငါ့မှာ မင်းရှိတာပဲ"
"..."
ဆွံ့တောင် ဆွံ့အသွားသည်။ ဘာဆက်ပြောရမှန်း မသိလောက်အောင် သူပြောတဲ့စကားတွေက တုံးတိတိနှင့်။ သို့သော် ရှုပ်ထွေးကာ ဘယ်လိုနားလည်ရမလည်း မသိသည့် အမျိုးမျိုးသော အဓိပ္ပာယ်တို့ဖြင့် ပြည့်နှက်နေပြန်သည်။
သူတကယ်ပဲ ခွန်းနစ်ကို သဘောကျတာလား။ အတူအိပ်မိခဲ့တာကြောင့်ပဲ စွဲလမ်းတာလား။ တဲ့တိုးမေးရအောင်လည်း သူကိုယ်တိုင်ရော သေချာမှ သဲကွဲပါ့မလား မသိပြန်။ အကယ်၍ သဘောကျသည်ဆိုလျှင်ရော ဘာကြောင့်ဖြစ်နိုင်မလဲ။ ဘယ်ကတည်းက ဖြစ်နိုင်မလဲ။
"စားလေ "
"အော် အေးအေး"
သူခိုး လူမိသလို ပြာယာခတ်စွာ ထမင်းငုံ့စားလိုက်ရသည့် ခွန်းနစ်...။
ရုတ်တရက်ကြီး နေချိုမောင့်ကို မေးခွန်းတွေ အများကြီး မေးချင်နေသည့်စိတ်အား အတင်းဖိချ မြိုသိပ်လိုက်ရပါသည်။
..............................
"အူဝဲ...အူဝဲ..."
"အော် ကျွတ်ကျွတ် အိပ်ပါသားရယ်။ ဒေါသကလဲ ကြီးတာလွန်ပါရော"
တဘက်ကြီးကို ခေါင်းပေါင်းလို့ ကလေးချော့နေသည့် မနွယ်နီက တကယ့် မိန်းမကြီးသဖွယ်။ နနွင်းနံ့စွဲနေသည့် သူမကိုယ်ကို အားနာသည်ဆိုကာ ခပ်လှမ်းလှမ်းမှာထိုင်ဖို့ပြောပေမဲ့ ခွန်းနစ်က မနေနိုင်မထိုင်နိုင် သူမအနားထိ သွားထိုင်လိုက်သည်။ စပ်စုချင်တဲ့စိတ်ကလေးကြောင့် နီတာရဲနေသော ပေါက်စလေးကို တစိမ့်စိမ့်ကြည့်တော့ ထငိုသည့် ကလေး။ ချီကြည့်မလားမေးပေမဲ့ မချီရဲပါ။ တစ်ခုခုဖြစ်သွားလျှင် ခွန်းနစ်က ပြန်မွေးပေးနိုင်တာလဲမဟုတ်ပေ။ ဒါ့အပြင် ကလေးသေးသး ခွေးသေးသေးလေးတွေဆို အသည်းယားပြီး ကြောက်တာကြောင့် မကိုင်ရဲတဲ့ ရောဂါတစ်မျိုးကလဲ ကိုယ့်မှာ ရှိနေသေးသည်။
"သားတို့လာမယ်ဆို ဒေါ်ဒေါ်က မနက်စောစောဈေးဝယ်ထားပါတယ်ကွယ်။ကလေးအဖေက နေဖင်ထိုးမှထပြီး ကလေးအနှီးလျှော်နေတာနဲ့ မအားနိုင်ဘူး။ ဒါနဲ့ ကိုယ့်မှာရှိတာလေးပဲ ချက်ထားရတာ။ နွယ်နွယ်ကလဲ ညှော်မိမရတော့ ချက်ချင်သလိုလဲ ချက်မကျွေးရပါဘူး"
မနွယ်နီ၏ အမေက ကလေးအနှီးများကို မီးပူတိုက်ရင်း သူတို့ထံလှမ်းပြောသည်။ ကလေးအဖေကတော့ ဒီနားမှာ ရှ်ိမနေ။ စောစောကပဲ စွပ်ကျယ်ဂျိုင်းပြတ်ကြီးနဲ့ အိမ်ရှေ့ရေချိုးကန်မှာ ကလေးအနှီးတွေတစ်ပုံကြီးလျှော်နေတာ တွေ့ခဲ့ရသည်။ ဝေဖြိုးနိုင်တစ်ယောက် ပုဆိုးကို ရင်ခေါင်းထိတက်ဝတ်ကာ မမောနိုင်မပန်းနိုင် အဝတ်လျှော်နေပုံကိုကြည့်ရင်း သနားရခက် ဝမ်းသာရခက်နှင့်။ ဒီကောင် မိန်းမကိုချစ်ပုံနဲ့ နောက်ပိုင်း ကလေးဝန်ပါ ပေါင်းထမ်းရတော့မှာကိုတွေးမိတော့ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်လိုစေတနာတွေနဲ့များ ဒီလိုချစ်ပေးနိုင်ကြတာပါလိမ့်ဟု ခွန်းနစ်ခေါင်းထဲဝင်လာသည်။ ကိုယ်တိုင်ကတော့ အတ္တကြီးကြီးနဲ့ဝန်လေးရသည့် အရာမှန်သမျှကို လွှတ်ချပြေးဖို့ပဲ ကြိုးစားခဲ့တာကြောင့်ဖြစ်လိမ့်မည်။ တစ်စုံတစ်ယောက်အတွက် အလုံးစုံချစ်မြတ်နိုးသည်ဆိုသော စကားလုံးတွေကို ကဗျာတွေစာတွေလောက်ဟုသာ တွေးခဲ့ဖူး၏။
"သူလဲ ကလေးကြည့်ရတာနဲ့ ညဆိုကောင်းကောင်း မအိပ်ရရှာပါဘူး အမေရယ်။ နေ့ဆိုလဲ ဆိုင်ကသွားရသေးတယ်။ အိပ်တုန်းလေးကို အိပ်ပါစေ"
"အေးပါတော် ကျုပ်မပြောပါဘူး။ ညည်း လင်တော်မောင်က ခပ်ကဲကဲ ညည်းကလဲ မယ်သည်းနဲ့ တွေ့ကြပေါ့။ အမလေး"
ကျယ်လောင်စွာ ညည်းတွားလိုက်သည့် ဝေဖြိုးနိုင်ရဲ့ ယောက္ခမဖြစ်သူ စကားကြောင့် ခွန်းနစ်မှာ ပြုံးစိစိနှင့်။ အဒေါ်ကြီးက သူ့သမီးနှင့် သူ့သမက်ဆုံတဲ့အကြောင်းတွေ ၊ ဘယ်လို စိတ်ကောက် စိတ်ဆိုးကြတယ်ဆိုတာတွေပြောပြီး ခွန်းနစ်ကို ရယ်စေသည်။ ထို့နောက် ခွန်းနစ်ရဲ့ အလုပ်အကိုင်အကြောင်းမေးကာ ဆေးရုံမှာ အလုပ်လုပ်မှန်းသိတယ်ဆိုရင်ပဲ ဆေးအကြောင်းတွေ တရစပ်မေးတော့၏။
"လေးဖက်နာဆိုလား သားရယ်။ ဒေါ်ဒေါ်က ဝိတ်မများပေမဲ့ ကိုယ်လုံးက အင်မတန်လေးတာ။ ဆရာဝန်က လမ်းလျှောက်ဖို့ပြောပေမဲ့ သိပ်လည်း မလျှောက်နိုင်ပါဘူး"
"ဟုတ်ကဲ့"
"နောက် ဘာတဲ့ ဂေါက်ဆိုလား အဲ့ဒီဆေးလဲ သောက်ရသေးတယ်။ ကိုယ့်ဟာကိုယ် နေတာအကောင်း။ဆေးစစ်ကြည့်ဆိုလို့ စစ်လိုက်တာ အို ပေါ်လိုက်တဲ့ ရောဂါတွေဆိုတာ မနည်းပေါင်တော်။ အမ်လိုဒပင်းလား သွေးတိုးကျဆေးကလဲ ဆောင်ပြီးကို သောက်ရတာပဲ"
"ဆေးသောက်ပြီး အသက်ရှည်တော့လဲ တန်တာပါပဲ အမေ့ရ ဟားဟား"
ရေစက်လက်နှင့် ဝင်လာသည့် ဝေဖြိုးနိုင်က ယောက္ခမဖြစ်သူကို လှမ်းနှောက်သည်။
"အမလေး ကျုပ်မပြောနဲ့ မင်းသာ ရေမြန်မြန်ဝင်ချိုးအုန်း။ တော်ကြာ ကလေးဖအေက လေဖြတ်နေမယ်တော်။ ရာသီဥတုက အေးကအေးနဲ့"
ယောက္ခမ စကားကို မြေဝယ်မကျနားထောင်သူ သားမက်ကလေးပီပီ ဝေဖြိုးနိုင်က ရေလဲပုဆိုးကိုဆွဲလျက် ရေချိုးဖို့ ပြန်ထွက်သွားသည်။ မသွားခင် မနွယ်နီ ရင်ခွင်ထဲက သူ့ကလေးကို ပြုံးပြုံးကြီး ငုံ့ကြည့်သွားသေး၏။ ခွန်းနစ်တို့နှစ်ယောက်ကိုတော့ "ခဏစောင့်ကြ။နေ့လည်စာ လိုက်ကျွေးမယ်" ဆိုကာ လောကွတ်ပြုလို့သွားသည်။
နေ့လည်၁၂ဝန်းကျင်လောက်မှာ သုံးယောက်သား ထမင်းဆိုင်သို့ထွက်လာခဲ့ကြသည်။ ရှိတာနဲ့ ဖြစ်သလိုစားပါ့မယ်ပြောပေမဲ့ မနွယ်နီက ခွင့်မပြု။ ပြန်မည်လုပ်တော့လည်း မပြန်ခိုင်းတာကြောင့် ခုလို လိုက်ပါခဲ့ရခြင်း ဖြစ်၏။ ထုံးစံအတိုင်း ခွန်းနစ်က နေချို့ဆိုင်ကယ်နောက်မှာထိုင်ကာ ဝေဖြိုးနိုင်က တစ်စီးစီးလာသည်။
"စားချင်တာသာ မှာကြကွာ။ ငါလဲ ဒီက နာမည်တွေ ဘာကဘာမှန်းမသိတော့ဘူး။ ခင်ကြည်တွေရော တင်စိန်တွေရော။ ပြီးရင ကြက်သားကို တောက်တောက်စင်းပြီး ဟိုဟာနဲ့ရောကြော် ဒီဟာနဲ့ ရော်ကြော်ထားတာချည်းပဲ"
ဝေဖြိုးနိုင်က သူ့ဝသီအတိုင်း အရွှန်းဖောက်ကာ အစမပျက်။ ခွန်းနစ်သာ ဆိုင်ရှင်ဆိုထရိုက်ပေမဲ့ ဘော်ဒါဖြစ်ဟန်တူသော ဆိုင်ရှင်ကတော့ တဟဲဟဲနှင့်။ "အစ်ကိုကြီးတို့ ကြိုက်တာမှာ အကုန်ရှယ်ချက်ပြီးသား" ဟု ရွှန်းရွှန်းဝေအောင် အာမခံသွားရှာသည်။
"ငါ့သား ရက်တစ်ရာပြည့်ကျ လာခဲ့အုန်းနော်။ ဆွမ်းလောင်းပြီးရင် အိမ်မှာလဲ ပွဲလုပ်အုန်းမှာ"
"အေးပါကွာ။ မင်း သားက ခုမှ ဘယ်လောက်ရှိသေးလဲ"
"အော် မင်းတို့က အလုပ်တွေနဲ့ဆိုတော့ ကြိုပြောထားတာပေါ့။ မင်းကလဲ ဆေးရုံနဲ့ ဟ်ိာကောင်နေချိုကလဲ အရင်လို ထွက်လာချင်တိုင်း လာလို့ရတဲ့ အလုပ်မဟုတ်ဘူးကိုး"
ဒါတော့ ဟုတ်သည်။ နေချိုမောင်က အရင်အလုပ်မှာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေခဲ့သော်ငြား ယခုလုပ်နေသည့် ဆိုင်မှာတော့ ဒါတော့ မရတော့ဟု သိရသည်။ သူ့အလုပ်တွေကို ခွန်းနစ်နားမလည်ပေမဲ့ နေပူထဲ ခက်ခက်ခဲခဲ မလုပ်ရဘူးဆိုရုံနှင့်ပင် စိတ်အေးရပါသည်။ တစ်နေကုန် တိုလီမုတ်စ ဖုန်းတွေ ကွန်ပြူတာတွေကြား နှိုက်နေရသည့် နေချိုမောင့်အတွက်တော့ လူနည်းနည်းနှင့် အလုပ်များများ လုပ်နေရခြင်းကပင် ပျော်စရာဖြစ်နေပုံရသည်။
"ဒါနဲ့ မင်းတို့ကရော ဘယ်တော့ ယူကြမှာတုန်း"
"ဖလူး... ဖွတ် ဟွတ်...အဟွတ် ဟွတ်"
"ဟေ့ကောင် ရရဲ့လား...ရေ ရေပေးပါအုန်း"
ပြာပြာသလဲ အော်ဟစ်နေသည့် ဝေဖြိုးနိုင်အသံ။ အစာလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်း မှားမြိုမိသည့် ခွန်းနစ်မှာတော့ မျက်ရည်တွေပင် ဝဲတက်လို့လာရသည်။ ဒါ ဘယ်လို စောက်ကျိုးနည်းမေးခွန်းလဲ။ နားတွေပါ ပူထူသွား၏။
ကျောပြင်ပေါ် တဖွဖွ ပုတ်ပေးသည့် လက်ပိုင်ရှင်ကတော့ ဘာမှ ဂရုစိုက်ပုံမပေါ်။ သူက ဆိုင်ရှင်ကမ်းလာသည့် ရေဘူးကိုဖောက်ကာ ခွန်းနစ်ခွက်ထဲထည့်ပေးပြီး "ဖြေးဖြေးသောက်" ဟု ဆိုလာသည်။
"မင်းတို့ ဘယ်တော့ မိန်းမယူကြမလဲမေးတာ။ အဲ့လောက်ဖြစ်စရာလားကွာ"
အော် ဟုသာ ရေရွတ်နိုင်တော့သည်။ ခွန်းနစ်က မိန်းမယူဖို့ ပြောတယ်လို့မှ မထင်ပဲကိုး။ နေချိုနှင့် ယူဖို့ပြောတယ်ပဲ ထင်လိုက်မိသည်။ ဒီကောင် ဘယ်လိုများ သိပါလိမ့်ဆိုသော အလန့်တကြားအသိစိတ်နှင့် တုန့်ပြန်လိုက်တာကြောင့် ထမင်းစေ့တွေကိုပင် လမ်းကြောင်းမှားမြိုမိသည် အထိ။
ဒါဆိုရင်တော့ မင်း မျှော်လင့်ချက်က အရမ်းသနားစရာ ကောင်းနေပြီ ဝေဖြိးနိုင်။ ငါက ယောက်ျားတွေကိုပဲ ကြိုက်တာကွ။ ဒီစကားကို ခွန်းနစ် မပြောလိုက်ပါ။ သူ့စိတ်ကူးနဲ့သူ ပြောနေသူကို မနှောက်ယှက်ချင်သလို ကိုယ်နဲ့ ဝေဖြိုးနိုင်ကြားမှာ ဒီအကြောင်းတွေမသိပဲ ခင်မင်နေရတာကမှ ပေါ့ပါးလွပ်လပ်လိမ့်အုန်းမည်ဟု တွေးလိုက်တာကြောင့်လည်း ပါသည်။
"အဲ့ကိစ္စတွေ ခေါင်းထဲမရှိပါဘူးကွာ။ ပိုက်ဆံရှာဖို့ လုပ်တုန်း"
"အမယ် လခစားကြီးက ညည်းနေတယ်"
"မင်းလို ဆိုင်ရှင်မှ မဟုတ်ပဲကိုးကွ"
"ဟားဟား အပြိုင်ပဲဟေ့။ ဟေ့ကောင် နေချို မင်းကရော ဘယ်တော့ယူမှာလဲကွ"
တစ်လျှောက်လုံး ထမင်း အေးဆေးစားနေခဲ့သူကို ငဲ့ကြည့်တော့ ချိုချဉ်ကြော်ထဲမှ ကြက်သားဖတ်ကို တအိအိဝါးရင်း ငြိမ်နေသည်။ ခွန်းနစ်တို့ နှစ်ယောက် ပေါက်ပေါက်ဖောက်နေသလောက် သူက ဘေးကနေ ပြုံးရုံလောက်သာ ပြုံးတတ်၏။
"သူ ယူချင်တဲ့နေ့"
ဇွန်းထိပ်ဦးကို ကိုယ့်ဆီလှည့်လို့ ပြောလိုက်သည့် စကားကြောင့် ခွန်းနစ် စားလက်စ ဝက်စတူးကိုပင် မမြိုချနိုင်။ ဒီကောင်တော့ ကြိုက်တယ် ပြောထားရုံနဲ့ သူ့အပိုင်ဟုတွက်ထားပုံရသည်။
"ဘာ...မင်းက ခွန်းနစ်ကုဋေယူမှ ယူမှာလား။ သံယောဇဉ်များချက်ကွာ။ ဒီလိုနဲ့ မင်းတို့နှစ်ယောက်ပဲ ညားနေကြအုန်းမယ် ဟားဟား"
"အဟင်း "
စကောင်းနေသူနှင့် ကြိတ်ရယ်နေသူတွေကြား ခွန်းနစ်မှာ မအီမလည်နှင့်။ တစ်ယောက်က ရိုးရိုးသားသား စနေပေမဲ့ နောက်တစ်ယောက်ကတော့ အတည်လား စနေသလား မှန်းမမရသည့် အခြေအနေ။
"ကိုယ့် ထမင်းကိုယ် စားကြစမ်းပါကွာ"
ပေါက်ကရ စကားဝိုင်းကို ကြားဖြတ်လိုက်ချိန်မှာ အမှတ်မထင် သူ့မျက်နှာကို လှမ်းကြည့်မိသည်။ နှုတ်ခမ်းထောင့်ကို ကွေးလို့ မထီမဲ့မြင်အပြုံးနှင့် ခွန်းနစ်ကို ကြည့်နေတာများ... မျက်ဝန်းချင်းဆုံချိန်နှာ မျက်ခုံးပင့်ပြတာက အဆစ်ပါလိုက်သေးသည်။
"မင်း ကြပ်ကြပ်လျှောက်ပြော။ ဝေဖြိုးနိုင်သိသွားရင် ပြဿနာတက်နေမယ်"
ကလေးကြည့်ပြီးအပြန် ကန်တော်ကြီးဘက် ပေါက်လာသည့် သူတို့နှစ်ဦးက ပိတ်ရက်ဆို နေမဝင်မချင်း ဆိုင်ကယ်တစ်စီးနှင့် ပတ်နေကျပင်။ အထူးသဖြင့် တိတ်ဆိတ်ကာ အေးချမ်းသည့်နေရာတွေကိုပဲ ရွေးဖြစ်ကြကာ စကားပြောချင်ပြော မပြောရင် ဟိုငေးသည်ကြည့်လုပ်ရင်း အချိန်ဖြုန်းတတ်တာသာ များ၏။ ယခုအကြိမ်မှာတော့ နေချို့ဘက်က ဝန်ခံပြီး ပထမဆုံးအကြိမ် ထွက်ကြတာဖြစ်ကာ ခွန်းနစ်တစ်ယောက် ပါးစပ်မထိန်းသိမ်းသူကို စိတ်ရှိလက်ရှိကို ဆူငေါက်နေ၏။
"ငါက ငါ့ဟာငါ ကိစ္စမရှိပေမဲ့ မင်းက ပေါက်ကရတွေလုပ်ဖို့တွေးမနေနဲ့ နားလည်လား"
"..."
"သူက ငါတို့ အဲ့လိုဖြစ်သွားတာ သိလို့ မင်းကို ဆက်မပေါင်းတော့ဘူးဆို ဘယ်လိုလုပ်မလဲ"
"ခေါက်ထားလိုက်"
"ဘာ..."
"..."
"မင်း.. အေးအေး ...မင်းမကြုံဘူးသေးလို့ လွယ်တယ်ထင်နေသလား နေချိုမောင် ဟမ်"
"..."
"လူတွေရဲ့ သုံးပုံနှစ်ပုံကျော်က ဘုရားစူး မင်းကို အပေါ်ယံပဲပေါင်းပြီး အတင်းပြောကြမဲ့ ကိစ္စနော်။ စိတ်ရင်းနဲ့ ပေါင်းမဲ့သူဆိုတာ ရှားပါးသွားမှာ။ ရုပ်ရှင်ရိုက်သလို လွယ်နေမှာ မဟုတ်ဘူး"
"အဟင်း"
"ရယ် ရယ်... အဲ့မှာ ရယ်နေ"
စိတ်ပေါက်ပေါက်နှင့် သူ့ကို ကျောပေးကာ ငြိမ်သက်နေသော ကန်ရေပြင်ကို မျက်နှာပြုပစ်လိုက်သည်။ စိတ်မရှည်စွာ ကန်ကျောက်မိလိုက်သော မြေမှုန်စများနှင့် ကျောက်စရစ်ခဲငယ်လေးများမှာ ကန်အစပ်မှ ဗေဒါသိုက်မျထက်သို့ မွဖြာပြုတ်ကျကုန်၏။
"လူတွေက..."
"..."
"နဂိုကတည်းက ကဲ့ရဲ့ဖို့ ပိုအားသန်ကြတာပဲ"
"..."
"မင်းက ဘာကို ကြောက်နေမှာလဲ"
အေးစက်စက် သူ့အသံက တရားချနေသယောင်ယောင်။ ခွန်းနစ် မကျေနပ်စွာပဲ မျက်ခုံးတို့ကို တွန့်ချိုးထားမိသည်။ ဒါတော့ သူပြောမှလား ကိုယ်လဲသိတာပေါ့။ ဒါပေမဲ့ အဲ့လိုဆိုတိုင်း လူတွေကို ဂရုမစိုက်ပဲ နေ၍ ရမည်တဲ့လား။
"သူများပါးစပ်တွေကိုကြောက်ပြီး ပျော်ရမှာကို စိုးရိမ်နေရင် နှစ်ခါပင်ပန်းနေမယ်"
"..."
"မလိမ်ပါနဲ့။ မင်းကို လက်ခံမဲ့သူရှိပါတယ်"
"..."
"အနည်းဆုံးတော့...ငါ"
အသက်ရှူသံပြင်းပြင်းတစ်ချက် ခွန်းနစ်နှာခေါင်းဝမှ ထွက်လို့သွားသည်။ လေးပင်သော သက်ပြင်းဟုပဲ ဆိုရလိမ့်မည်။ တိုတိနေသော လက်ချောင်းရှည်တွေကို ကြည့်ရင်း။ခေါင်းထဲ စိမ့်ဝင်လာသော သူ့စကားရဲ့ အဓိပ္ပာယ်တွေကို စဉ်းစားနေမိ၏။
"ခွန်းနစ်ကုဋေ"
"အင်း"
"ခွန်းနစ်ကုဋေ"
"အင်းလို့"
"ခွန်းနစ်ကု.."
"ဘာလဲကွာ ပြော ဘာလဲ ဘာလဲ ဘာလဲ"
"အဟက်..."
"ငါ့ကို စိတ်မဆိုးနဲ့အုန်း"
"ငါက ဘာကို စိတ်ဆိုး...အွန့်..."
ပိကျလာသော နှုတ်ခမ်းလွှာကာ ခွန်းနစ်နှုတ်ခမ်းသားတွေထက်မှာ ဖိကပ်လို့။ လှုပ်ရှားမှုမပြုပဲ ခပ်အိအိထွေးဖိထားသည် အထိအတွေ့မျိုး ခွန်းနစ်တစ်ကြိမ်မှ မခံစားဖူးပါ။ အနမ်းတွေချိုမြိန်ကြောင်း စာတွေဖတ်ဖူးပေမဲ့ နေချို့အနမ်းတွေမှာ အရသာရယ်လို့ ရှာလို့မရပြန်။ သို့သော် ထိုထိကပ်နေမှုကို ပိုမိုတင်းကြပ်စေလိုသော ဆန္ဒဟာ ချက်ချင်းပင် တားမရအောင် ဖြစ်ပါ် လို့လာခဲ့သည်။
စိုစိစိ အထိတစ်ခု အောက်နှုတ်ခမ်းကို ရှပ်တိုက်သွားပြီး မထိတထိ ကိုက်ခဲမှုနှင့် အဆုံးသတ်သွားသည့် အနမ်း၏နောက်မှာ ထိကပ်လုနီးပါး မျက်နှာနှစ်ခုကြားမှ လေပူတွေက မုန်တိုင်ငယ်အလား။
"သူ သူငယ်ချင်းတွေ နမ်း...နမ်းလို့ရလို့လား"
တောင်စဉ်ရေမရ ထွက်လာသည့်စကားများနှင့် ဟန်ကိုယ့်ဖို့ လုပ်နေရသည့် ရန်ထောင်မှုက မပီမပြင်နှင့်။။
"သူငယ်ချင်းတွေ ...အဟင်း"
"..."
"ငါ ဝေဖြိုးနိုင်ကို မနမ်းဘူး။မင်းကိုပဲ နမ်းတယ်"
"...."
"ငါ့ရည်းစားလုပ် ခွန်းနစ်ကုဋေ။ ငါ မင်းလိုချင်တဲ့ဟာတွေ အကုန်ပေးချင်တယ်"
ရီဝေနေသည့် မျက်ဝန်းတွေနှင့် တည်ငြိမ်လွန်းသည့် သူ့ဟန်ပန်။ ရေပြင်သို့ ထိုးကျနေသော နေရောင်မှ တစ်ဖန်ပြန်ဟပ်လာသော ရောင်ပြန်ကြောင့် သူ့ပါးပြင်ထက်မှာ အလင်းလွှာပါးတချို့ ပြေးလွှားနေခဲ့ကြသည်။
ဒါ ဒါက..."မိမဆုံးမ ဖမဆုံးမသား" ဆိုသည့်စကားကို ပြောခဲ့သော ပါးစပ်မှာ ဟုတ်ပါလေစ။ ခွန်းနစ် မျက်ဝန်းတွေက ဝိုင်းစက်ကာ နှုတ်ဖျားကလဲ စွန့်အသွားခဲ့သည်။
ဖျတ်ခနဲ ကျဆင်းလာသော အထိအတွေ့တစ်ခုက ဒီတစ်ကြိမ်တော့ နှာခေါင်းထပ်ကို လှုပ်ခတ်ကြည်စယ်၏။ တရားခံက သူကျူးလွန်မိခြင်းကို နောင်တသေးသေးပင် ရပုံမပေါ်။ ပြုံးခဲသော မျက်နှာက ဒီညနေမှာ ကြောက်စရာကောင်းအောင်ကို ပြုံးနေခဲ့သည်။
မြတ်စွာဘုရား...နေချိုမောင်ကို ဘယ်သူကများ ဒီလောက်အထိ ပြုစားလွှတ်လိုက်ပါသနည်း...။
...........................................................
စာရေးသူ၏ အမှာစာ:
ဒါလေးက ရှေ့သုံးပုဒ်နဲ့မတူပဲ အထက်ပုဂ္ဂိုလ်က အရင်ကြိုက်တာမျိုးမို့ tasteတော်တော် ကွာနေလောက်မယ်။ Kattamက ပုံမှန်ဆို အောက်ပုဂ္ဂိုလ်တွေက စချစ်တာတွေကို အရေးများတော့ ဒါရေးရတာ လတ်လတ်ဆတ်ဆတ်လေး ဖြစ်နေပါရော။
နေချိုကလေ ဖက်ထားချင်စရာလေး။ Plotချပြီး promptsတွေပြင်ကတည်းက သူ့ကို ပုံဖော်ရင်း ငိုခဲ့ဖူးသေးတယ်။ ဒါက စကားချပ်။
ကဲ... Vote ၂၀၀ကျော်မှ ထပ်တွေ့ကြပါမယ်
Zawgyi
တိမ္တိုက္ငယ္၏ ဦးခိုက္မႈ ၉
အေရးေပၚကားတစ္စီး ေမာင္းထြက္သြားသည္ ေဆး႐ုံ အေဆာက္ဦးႀကီးက ဝင္ခါနီးေနေရာင္ေအာက္မွာ လိေမၼာ္ေရာင္ သန္းလို႔ေနသည္။ ေဆာင္းႏွင့္အညီ ေနဝင္ခ်ိန္ျမန္တာေၾကာင့္ ဒီရက္ေတြမွာ ညေန၆နာရီဝန္းက်င္ေလာက္ဆိုလွ်င္ပင္ သိသိသာသာ ေမွာင္ခ်င္ေနတတ္သည္။
ေနခ်ိဳေမာင္တစ္ေယာက္ အလွပန္းပင္မ်ားစိုက္ပ်ိဳးထားရာ လမ္းတစ္ေလွ်ာက္ ေငးၾကည့္ေနမိတာ နာရီဝက္မကေတာ့။ ဝတ္ထားသည့္ ဂ်င္းေဘာင္းဘီထက္မွပင္ စူးေနေအာင္ကိုက္သည့္ ျခင္ေတြရဲ႕ဒဏ္ကို ေအာင့္ခံေနရသည္။ စိတ္ရွည္လက္ရွည္ေစာင့္ေနမိသူက အခ်ိန္က်သည့္တိုင္ေအာင္ ထြက္မလာေသးပါ။ နာရီဝတ္ေနက်မဟုတ္တာေၾကာင့္ အခ်ိန္ ဘယ္ေလာက္ရွိၿပီဆိုတာလည္း ေသခ်ာမသိနိုင္။ သို႔ေသာ္ အရင္ရက္ေတြဆိုရင္ မီးေရာင္ေဖ်ာ့ေဖ်ာ့ေအာက္ ေက်ာပိုးအိတ္ကို တစ္ျခမ္းလြယ္ထြက္လာတတ္သည့္ scrub suit စိမ္းျပာေရာင္ႏုႏုက ဒီေလာက္ဆို သူ႕အနားေရာက္ေနတတ္ၿပီ။
အထဲဝင္ေစာင့္လို႔ ရေပမဲ့ လူေတြအမ်ားႀကီး သြားလာ ဆူညံေနတဲ့ၾကား ထိုင္ေနဖို႔ သူစိတ္မပါပါ။ ပူပူညံညံေတြနဲ႕ အသားမက်သည့္အျပင္ ဒီေနရာမွာ ဆိုင္ကယ္ေပၚထိုင္ေစာင့္ေနရတာက တစ္မ်ိဳးတစ္မည္ သူ႕ကိုယ္သူ ခန႔္ညားသလိုျဖစ္ေစတာေၾကာင့္လည္း ပါပါသည္။
ေဟာ... အျဖဴေရာင္ ရႉးဖိနပ္ျဖဴျဖဴက သူလွမ္းၾကည့္ေနမိသည့္ လမ္းေပၚသို႔ ေရာက္လို႔လာၿပီ။ အေမွာင္ရိပ္သန္းသြားၿပီျဖစ္သာ ညဉ့္နက္နက္မွာ ဝင္းဝါသည့္ အသားရည္က ထင္းေန၏။ "ေလးကန္ေနတယ္ ဘာျဖစ္လာတာလဲ" ပြစိပြစိ လုပ္တတ္တာ သူ႕အက်င့္မဟုတ္ေပမဲ့ ေခါင္းငိုက္စိုက္က်လ်က္ သက္ျပင္းတခ်ခ်ႏွင့္ ေလွ်ာက္လာသူကိုျမင္ေတာ့ ပါးစပ္ကို မထိန္းလိုက္နိုင္။ ကာယကံရွင္က လမ္းတစ္ဝက္ေလာက္ေရာက္မွ သူ႕ကို ျမင္ပုံရသည္။ တပ္ထားသည့္ maskကို ဘတ္ခနဲခြၽတ္ကာ ေျခလွမ္းတို႔ကိုအရွိန္ျမႇင့္လိုက္၏။
"ေရာက္ေနတာ ၾကာၿပီလား။ ေဆာရီး လူနာတအားက်ေနလို႔"
"မၾကာေသးဘူး"
"ေတာ္ေသးတာေပါ့။ ငါက မင္းျပန္သြားၿပီေတာင္ ထင္ေနတာ"
"တက္ေလ"
လႊားခနဲခုန္တက္ကာ ပုခုံးေပၚေရာက္လာသည့္ လက္တစ္ဖက္။ဆိုင္ကယ္ဦးထုပ္ေဆာင္းဖို႔ အခ်ိန္ခဏေပးလိုက္သည္။ ေျဖးေျဖးခ်င္း ေမာင္းထြက္လိုက္ၿပီးေနာက္မွာ ႏွစ္ေယာက္စလုံး တိတ္ဆိတ္သြားၾက၏။
ေဆာင္းညဉ့္ဦးက ေအးစိမ့္စိမ့္ႏွင့္။ ဆိုင္ကယ္မွန္ကေန တစ္ခ်က္လွမ္းၾကည့္ေတာ့ လက္တိုပါးပါးဝတ္ထားသူက ေလေအးေတြကိုပင္ သတိထားမိပုံမေပၚ။ မီးစိမ္းေနသည့္ မီးပြိုင့္ကို တည့္တည့္ျဖတ္ခ်လိဳက္ပါမွ ေနာက္ကေန အသံထြက္လို႔လာသည္။
"ဟင္... ညစာေရာ"
"..."
"ညစာ သြားမစားေတာ့ဘူးလား။ မင္း စားခဲ့မွာလဲမဟုတ္ပဲနဲ႕"
တတြတ္တြတ္႐ြတ္လာသူက ေမာရေကာင္းမွန္းသိပုံမေပၚ။ အေဆာင္ေရွ႕မွာ ဆိုင္ကယ္ရပ္လိုက္သည္အထိ ညစာ အေၾကာင္းကို ေမးျမန္းေနေသးသည္။
"ငါလဲ ဘာမွမစားရေသးဘူးကြ။ အတူစားသြားစမ္းပါ မင္းဟာကလည္း"
"ေအးတယ္ ဝင္ေတာ့"
ေနခ်ိဳေျပာေတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕ကိုယ္သူ ငုံ႕ၾကည့္သည့္သူ။
"ေနအုန္း။ ငါ လက္ရွည္ဝတ္ၿပီးဆင္းခဲ့မယ္"
ေျပာေျပာဆိုဆို ေက်ာပိုးအိတ္ကို လက္ထဲထိုးထည့္ေပးကာ အေဆာင္ထဲ အေျပးဝင္သြားသည္။ အေဆာင္ဝေရာက္လွ်င္ပဲ တိခနဲရပ္ခ်ကာ ေနခ်ိဳရပ္ေနရာဘက္ကိုလွည့္လ်က္ လက္ညွိုးလွမ္းထိုး၏။
"မင္း... တစ္လွမ္းမွ မေ႐ြ႕ပဲ အဲ့မွာရပ္ေနေနာ္။ငါ့အိတ္ယူၿပီး ျပန္ရင္ ေသၿပီသာမွတ္"
ႀကိမ္းေမာင္းသူက သူလုပ္လိုက္လွ်င္ တစ္ခ်က္စာသာ ရွိသည္။ ငယ္ငယ္ကေလာက္ ေသးညက္ မ ေနတာသာရွိမည္။ ခြန္းနစ္ကုေဋရဲ႕ တေရွာင္ေရွာင္ဖ်ားၿပီး အၿမဲ ဆူပုတ္ေနတတ္တဲ့ ပုံစံသာ ေနရာယူထားခဲ့တဲ့ ေနခ်ိဳ႕ေခါင္းထဲမွာ ထိုပုံရိပ္ေလးကို မေဖ်ာက္နိုင္။ ဒါ့အျပင္ ပိုၿပီးထြားသည္ထားအုန္း ေနခ်ိဳႏွင့္ယွဥ္လွ်င္ ခြန္းနစ္ကုေဋထြားသည္ဆိုတာက ေျခဖ်ားေတာင္မွီမည္မထင္ပါ။ ေနခ်ိဳက လူထြားႀကီးလို ျဖစ္ေနကာ ႐ုပ္ရည္ကလည္း အေတာ္ေလး ရင့္သလို ျဖစ္ေနေလာက္ပါလိမ့္မည္။
"ဒီနားက ထမင္းဆိုင္ပဲသြားရေအာင္။ အဲ့မွာ နားေအးပါးေအး စားလို႔ရတယ္"
အေဆာင္ကေန ႏွစ္ျပေလာက္သာ ေဝးသည့္ထမင္းဆိုင္က လမ္းေဘးထမင္းဆိုင္ေလးျဖစ္ကာ ဒီနားတစ္ဝိုက္ နာမည္ႀကီးသည့္ ဆိုင္ျဖစ္သည္။ လာစားသူမ်ားတာေၾကာင့္ ေစာင့္ရေပမဲ့ နားေအးပါးေအးထိုင္စရာေနရာေပါတာေရာ ၊ ေဈးသက္သာၿပီး အရသာမဆိုးလွတာေရာေၾကာင့္ အရင္ ခြန္းနစ္အၿမဲ စားေနက်ျဖစ္ခဲ့သည္။ ေနာက္ပိုင္း ေနခ်ိဳေမာင္ႏွင့္ တပူးပူး တတြဲတြဲသြားျဖစ္မွသာ ဒီဘက္ကို ေျခဦးမလွည့္ျဖစ္ေတာ့တာ ျဖစ္၏။
"ဒီက ညီေလး မွာေနက်အတိုင္း ဆိတ္ကလီစာပဲလား"
"ဟုတ္ ကြၽန္ေတာ္ ဆိတ္ကလီစာပဲ... မင္းေရာ ဘာနဲ႕စားမလဲ"
"ၾကက္သား"
"ၾကက္သားေၾကာ္လား ခ်က္လား"
"ဘာျဖစ္ျဖစ္"
".."
"ၾကက္သားေၾကာ္ေပးလိုက္ အစ္ကို"
ေခါင္းကုပ္ထြက္သြားသည့္ စားပြဲထိုးက ေနခ်ိဳ႕ရဲ႕ ႐ုပ္တည္ႀကီးကို လွည့္ၾကည့္လွည့္ၾကည့္ လုပ္ေနေသးသည္။ ခြန္းနစ္ ရယ္ခ်င္ပက္က်ိျဖစ္လာတာေၾကာင့္ မ်က္ႏွာပိုးကို အျမန္သတ္လိုက္ရ၏။ အစားအေသာက္မွာတာကအစ ေနခ်ိဳေမာင္တို႔ ခက္ခဲေနလိုက္တာမ်ား။ ၾကည့္ရတာေတာ့ ဒါေၾကာင့္ပဲ ဒီေကာင္ ညေန ညေန အငတ္ခံေနတာ ျဖစ္နိုင္သည္။ ေျပာဖို႔ဆိုဖို႔ေတာင္ ပ်င္းေနလြန္းတာကို ဘာေဆးေပးၿပီး ကုရပါ့ဟုပင္ ေတြးမိသြား၏။
"ေရေႏြးေသာက္မယ္ မို႔လား"
တစ္ဖက္က အေျဖမလာလည္း ခြန္းနစ္လက္ေတြက ျမန္ဆန္စြာပဲ ေရဇလုံထဲမွ ခြက္ေတြကို ထုတ္ႏွင့္ခဲ့ၿပီ။ ဒေရာေသာပါး ေကာက္လွ်ိုလာခဲ့သည့္ သကၠလပ္သား လက္ရွည္ကို ေခါက္တင္ကာ ေရေႏြးအနည္းငယ္ကို ေႂကြပန္းကန္ထဲသို႔ အရင္ထည့္လိုက္၏။ ၿပီးေနာက္ လက္ႏွင့္ဟိုဟို သည္သည္ပြတ္ကာ ခြက္ကို က်င္းလိုက္သည္။ ေနာက္တစ္ခြက္ကိုလည္း ထိုနည္းတူပင္။ ႏွစ္ခြက္လုံး ေဆးၿပီးခ်ိန္မွာ ေရေႏြးထည့္လ်က္ တစ္ခြက္ကို မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနသည့္ ေနခ်ိဳေမာင့္ထံ တိုးေပးလိုက္၏။ ထမင္းရဖို႔က နည္းနည္းၾကာအုန္းမည္မို႔ ေရေႏြးတစ္ခြက္ေလာက္ေတာ့ ေအးေအးေဆးေဆး ေသာက္နိုင္ပါေသးသည္။
"အေဆာင္က ေနာက္က်ရင္ ရရဲ႕လား။ မင္း ငါနဲ႕စားေသာက္ၿပီးျပန္ရင္ တစ္ခါတစ္ေလ ကိုးနာရီေလာက္ေတာင္ ရွိေတာ့မွာ"
"ရတယ္"
"အလုပ္ အေဆာင္လား"
"အင္း"
ကုတ္အကၤ်ီႀကီးကို ခြၽတ္လိုက္သည့္ ေနခ်ိဳေမာင္က ပူလာပုံရသည္။နက္ျပာေရာင္ ရွပ္လက္တိုေအာက္က ညိုေသာလက္ေမာင္းေတြက ခပ္သြယ္သြယ္ႏွင့္။ ပိန္တာမဟုတ္ေပမဲ့ ေနခ်ိဳ႕ ကိုယ္လုံးက ဗလေတြအမ်ားႀကီးလည္း ရွိမေန။ ၾကည့္လို႔ေကာင္းတာကိုေတာ့ ဝန္ခံရလိမ့္မည္။ အရပ္ရွည္သည့္အျပင္ အခ်ိဳးအဆစ္က်တာေၾကာင့္ ခါးကိုင္းကိုင္းႀကီး ထိုင္တတ္သည့္ အက်င့္ကိုသာျပင္လိုက္လွ်င္ အေတာ္ကို မိုက္မည့္ေကာင္ဟု ခြန္းနစ္က တိတ္တဆိတ္သုံးသပ္လိုက္၏။
"မင္း ဒီေန႕ အဆင္ေျပလား"
"ဟင္...ငါလား"
ေခါင္းၿငိမ့္ ျပသည့္ ေနခ်ိဳေမာင္။
"ထူးထူးဆန္းဆန္းေတြေမးလို႔။ ေနေရာ ေကာင္းရဲ႕လား ဟားဟား"
ခြန္းနစ္ရယ္ေပမဲ့ သူမရယ္။ သူ႕နားထင္တစ္ဖက္ကို လက္ႏွင့္ေထာက္ကာ က်န္လက္တစ္ဖက္ကာ ေရေႏြးခြက္ကိုကိုင္လ်က္ စိုက္ၾကည့္ေန၏။ ဖြင့္ေျပာထားသူမို႔ေပလား ေနခ်ိဳေမာင္ႏွင့္ အတူရွိရတာ အရင္ရက္ေတြကေလာက္ မေပါ့ပါးေတာ့။ သူ႕အၾကည့္ေတြေအာက္မွာ ခြန္းနစ္က မ်က္ႏွာပူကာ ရွက္႐ြံ႕ခ်င္ေနသည္။
"ေျပပါတယ္။ မင္းက ဘာလို႔ေမးတာလဲ"
ေခါင္းငုံ႕ခ်ကာ သူ႕ကို အေမးျပန္ေမးလိုက္သည္။တကယ္ေတာ့ မေျပပါ။ အစ္ကို ဟိန္းသူရႏွင့္ စကားေျပာၿပီး တစ္ေန႕လည္လုံး ခြန္းနစ္စိတ္ရႈပ္ေနခဲ့သည္။ ရယ္ရတာ "အဆင္ေျပလား" ဆိုသည့္စကားကို အစ္ကို႔ဆီကလည္း ခြန္းနစ္ၾကားခဲ့ရျခင္းပင္။ အမွန္ဆို "အစ္ကိုနဲ႕ မေျပာခင္ကအထိ ေျပပါတယ္" လို႔ ေျပာခဲ့ဖို႔ေကာင္းသည္။ အလာပ သလာပ ေခၚ ေျပာသည့္သူကေတာ့ စိတ္ေအးသက္သာေကာင္း သက္သာနိုင္ေပမဲ့ ခြန္းနစ္အတြက္ေတာ့ မတူပါ။ ခြန္းနစ္က ကိုယ့္အတြက္ မဟုတ္ဘူးဆိုတဲ့အရာေတြ လူေတြရဲ႕ အေငြ႕အသက္ကေန ခပ္ကင္းကင္းသာ ေနခ်င္သည္။ အထူးသျဖင့္ ကိုယ္မရနိုင္ခဲ့တဲ့ အရာေတြနဲ႕ နီးကပ္ေနလွ်င္ မေက်နပ္စိတ္ေတြ ၊မေရာင့္ရဲစိတ္ေတြ ျဖစ္ေနရတာမ်ိဳးကို ေသေလာက္ေအာင္ မုန္း၏။
"အမွန္တိုင္း ေျပာရမလား"
"ေျပာ"
" ေဆး႐ုံမွာ ဆရာဝန္တစ္ေယာက္ရွိတယ္။ သိပ္မၾကာေသးဘူး ေရာက္လာတာ"
"..."
"အဲ့ဒါ ငါ ႀကိဳက္ဖူးတဲ့ အစ္ကိုပဲ"
ေျပာၿပီး သူ႕မ်က္ႏွာကို တည့္တည့္ၾကည့္ေနမိသည့္ ခြန္းနစ္။ မစာနာရာ ေရာက္သြားမလားမသိေပမဲ့ ဘာမွ လိမ္ညာမေနခ်င္။ ဒီစကားကို ကိုယ္ယုံၾကည္ရသည့္ ၊ ကိုယ့္စကားကို နားေထာင္ေပးေနမည့္ သူငယ္ခ်င္းတစ္ေယာက္ဆီ ရင္ဖြင့္လိုက္သလို စိတ္ကူးႏွင့္ ေျပာခဲ့တာေၾကာင့္ျဖစ္မည္။ အစပ်ိဳး ႏွစ္ခြန္းေလာက္ကပင္ ခြန္းနစ္အတြက္ ခက္ခဲမေန။ မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနတာျမင္ေတာ့ စကားကို ဆက္လိုက္၏။
"ငါ့ရည္းစား... အင္း ျဖစ္ေတာ့မျဖစ္ခဲ့ဘူးေပါ့။ ထားပါေတာ့ ငါႀကိဳက္တာ ငါ့ရည္းစားပဲထား။ သူနဲ႕ ျပန္ေတြ႕ၿပီး စကားေျပာခဲ့တာ"
"..."
"စိတ္ရႈပ္တယ္"
"..."
"အဲ့ဒီလူနဲ႕ မပက္သက္ခ်င္ဘူး။ သူ႕ကိုျမင္ရင္ ကိုယ့္ကိုယ္ကိုယ္ မုန္းလို႔"
"..."
"ထမင္းရပါၿပီ။ ေစာင့္ရတာ ၾကာသြားၾကမယ္ထင္တယ္"
ေမ့ေလာက္မွ ေရာက္လာသည့္ ထမင္းေၾကာင့္ သူတို႔ၾကားက စကားဝိုင္းက ေခတၱမွ် အဆက္သြယ္ ျပတ္လို႔သြားသည္။ ခုံေပၚ ေနရာခ်ေနသည့္ ထမင္း ပန္းကန္ေတြကို စိုက္ၾကည့္ရင္း ခြန္းနစ္ႏႈတ္ခမ္းေတြက ၿပဳံးေယာင္ သန္းခ်င္ေန၏။ လူေတြရဲ႕ ခြန္အားတစ္မ်ိဳးက သိပ္စိတ္ဝင္စားစရာေကာင္းသည္။ ပင္ပန္းစရာေဝဒနာကို ေျပာျပရင္းေတာင္ ခပ္ယဲ့ယဲ့ေလးျဖစ္ျဖစ္ ၿပဳံးနိုင္ေနတာမ်ိဳးကိုး။
"ဒါက ၾကက္သားေၾကာ္။ အႏွစ္စားခ်င္ရင္ ငါ့ဆိတ္ကလီစာ စားေလ"
နဂိုေျပာလက္စ စကားကို ျဖတ္ေတာက္ကာ ဟင္းေတြကို သူ႕ဖက္တိုးေပးေတာ့ ေနခ်ိဳက ဇြန္းေကာက္ကိုင္သည္။
"ဒီက သီးစုံခ်ဥ္ရည္ဟင္းက တအားေကာင္းတယ္။ တစ္ခါတစ္ေလ ဟင္းရည္နဲ႕ ထမင္းဝယ္ၿပီး ေဖ်ာ္စားလိုက္တာပဲ ညစာကို"
"အင္း"
"ေကာင္းတယ္မို႔လား"
"အင္း"
"ခရမ္းသီးႏွပ္ေရာ စားၾကည့္။ ပဲႏွပ္က ကုန္သြားတာေနမွာ။ ဒီက ပဲႏွပ္ကလည္း နာမည္ႀကီးတယ္။ ေနာက္တစ္ခါ ပိတ္ရက္က် ေန႕လည္စာ အတူလာစားရေအာင္"
"အင္း"
ထမင္းပြဲ ဟင္းပြဲေတြဆီေရာက္သြားသည့္ စကားဝိုင္းမွာ အေစာကေျပာခဲ့တာေတြ ဘာမွန္းပင္မသိေတာ့။ ခြန္းနစ္ကိုယ္တိုင္ ေျပာခ်င္စိတ္ကုန္သြားတာ ျဖစ္သလို ေနခ်ိဳကလည္း ထပ္မေမးေတာ့ေပ။ စားလိုက္ေသာက္လိုက္လို႔ေပလား စိတ္ညစ္ေနတာလည္း အေတာ္သက္သာသြား၏။ ေနခ်ိဳ႕ကို ဟင္းေတြအေၾကာင္းေျပာရင္း သူအားပါးတရစားေနတာကို ၾကည့္ရတာ ခြန္းနစ္ကို စိတ္လန္းလာေစသည္။ ေပါက္ကရေတြထက္ ထမင္းနဲ႕ဟင္းကို ပိုခင္တြယ္သည့္ ေနခ်ိဳေမာင္၊ အစားေကာင္းေကာင္းစားသည့္ ေနခ်ိဳေမာင္...ဘာမွထူးဆန္းေထြျပားမေနေပမဲ့ ရိုးရွင္းသည့္အေၾကာင္းအရာကပင္လွ်င္ စိတ္ဝင္စားဖို႔ ေကာင္းေနသည္။
"ပိတ္ရက္က်ရင္ ေဝၿဖိဳးနိုင္ဆီသြားရေအာင္။ ေဆး႐ုံဆင္းၿပီးကတည္းက မသြားရတာ ၾကာၿပီ"
"လိုက္ပို႔မယ္"
"ဟင္း ဘာလဲ ဟိုက မင္းသူငယ္ခ်င္းလဲ ဟုတ္တယ္ေနာ္။ ေအးတိေအးစက္ လုပ္ေနတယ္"
"..."
"ရွားရွားပါးပါး သူငယ္ခ်င္းကို"
"မင္းရွိတာပဲ"
"ဟမ္"
"ငါ့မွာ မင္းရွိတာပဲ"
"..."
ဆြံ႕ေတာင္ ဆြံ႕အသြားသည္။ ဘာဆက္ေျပာရမွန္း မသိေလာက္ေအာင္ သူေျပာတဲ့စကားေတြက တုံးတိတိႏွင့္။ သို႔ေသာ္ ရႈပ္ေထြးကာ ဘယ္လိုနားလည္ရမလည္း မသိသည့္ အမ်ိဳးမ်ိဳးေသာ အဓိပၸာယ္တို႔ျဖင့္ ျပည့္ႏွက္ေနျပန္သည္။
သူတကယ္ပဲ ခြန္းနစ္ကို သေဘာက်တာလား။ အတူအိပ္မိခဲ့တာေၾကာင့္ပဲ စြဲလမ္းတာလား။ တဲ့တိုးေမးရေအာင္လည္း သူကိုယ္တိုင္ေရာ ေသခ်ာမွ သဲကြဲပါ့မလား မသိျပန္။ အကယ္၍ သေဘာက်သည္ဆိုလွ်င္ေရာ ဘာေၾကာင့္ျဖစ္နိုင္မလဲ။ ဘယ္ကတည္းက ျဖစ္နိုင္မလဲ။
"စားေလ "
"ေအာ္ ေအးေအး"
သူခိုး လူမိသလို ျပာယာခတ္စြာ ထမင္းငုံ႕စားလိုက္ရသည့္ ခြန္းနစ္...။
႐ုတ္တရက္ႀကီး ေနခ်ိဳေမာင့္ကို ေမးခြန္းေတြ အမ်ားႀကီး ေမးခ်င္ေနသည့္စိတ္အား အတင္းဖိခ် ၿမိဳသိပ္လိုက္ရပါသည္။
..............................
"အူဝဲ...အူဝဲ..."
"ေအာ္ ကြၽတ္ကြၽတ္ အိပ္ပါသားရယ္။ ေဒါသကလဲ ႀကီးတာလြန္ပါေရာ"
တဘက္ႀကီးကို ေခါင္းေပါင္းလို႔ ကေလးေခ်ာ့ေနသည့္ မႏြယ္နီက တကယ့္ မိန္းမႀကီးသဖြယ္။ နႏြင္းနံ႕စြဲေနသည့္ သူမကိုယ္ကို အားနာသည္ဆိုကာ ခပ္လွမ္းလွမ္းမွာထိုင္ဖို႔ေျပာေပမဲ့ ခြန္းနစ္က မေနနိုင္မထိုင္နိုင္ သူမအနားထိ သြားထိုင္လိုက္သည္။ စပ္စုခ်င္တဲ့စိတ္ကေလးေၾကာင့္ နီတာရဲေနေသာ ေပါက္စေလးကို တစိမ့္စိမ့္ၾကည့္ေတာ့ ထငိုသည့္ ကေလး။ ခ်ီၾကည့္မလားေမးေပမဲ့ မခ်ီရဲပါ။ တစ္ခုခုျဖစ္သြားလွ်င္ ခြန္းနစ္က ျပန္ေမြးေပးနိုင္တာလဲမဟုတ္ေပ။ ဒါ့အျပင္ ကေလးေသးသး ေခြးေသးေသးေလးေတြဆို အသည္းယားၿပီး ေၾကာက္တာေၾကာင့္ မကိုင္ရဲတဲ့ ေရာဂါတစ္မ်ိဳးကလဲ ကိုယ့္မွာ ရွိေနေသးသည္။
"သားတို႔လာမယ္ဆို ေဒၚေဒၚက မနက္ေစာေစာေဈးဝယ္ထားပါတယ္ကြယ္။ကေလးအေဖက ေနဖင္ထိုးမွထၿပီး ကေလးအႏွီးေလွ်ာ္ေနတာနဲ႕ မအားနိုင္ဘူး။ ဒါနဲ႕ ကိုယ့္မွာရွိတာေလးပဲ ခ်က္ထားရတာ။ ႏြယ္ႏြယ္ကလဲ ေညွာ္မိမရေတာ့ ခ်က္ခ်င္သလိုလဲ ခ်က္မေကြၽးရပါဘူး"
မႏြယ္နီ၏ အေမက ကေလးအႏွီးမ်ားကို မီးပူတိုက္ရင္း သူတို႔ထံလွမ္းေျပာသည္။ ကေလးအေဖကေတာ့ ဒီနားမွာ ရွ္ိမေန။ ေစာေစာကပဲ စြပ္က်ယ္ဂ်ိဳင္းျပတ္ႀကီးနဲ႕ အိမ္ေရွ႕ေရခ်ိဳးကန္မွာ ကေလးအႏွီးေတြတစ္ပုံႀကီးေလွ်ာ္ေနတာ ေတြ႕ခဲ့ရသည္။ ေဝၿဖိဳးနိုင္တစ္ေယာက္ ပုဆိုးကို ရင္ေခါင္းထိတက္ဝတ္ကာ မေမာနိုင္မပန္းနိုင္ အဝတ္ေလွ်ာ္ေနပုံကိုၾကည့္ရင္း သနားရခက္ ဝမ္းသာရခက္ႏွင့္။ ဒီေကာင္ မိန္းမကိုခ်စ္ပုံနဲ႕ ေနာက္ပိုင္း ကေလးဝန္ပါ ေပါင္းထမ္းရေတာ့မွာကိုေတြးမိေတာ့ လူတစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ ဘယ္လိုေစတနာေတြနဲ႕မ်ား ဒီလိုခ်စ္ေပးနိုင္ၾကတာပါလိမ့္ဟု ခြန္းနစ္ေခါင္းထဲဝင္လာသည္။ ကိုယ္တိုင္ကေတာ့ အတၱႀကီးႀကီးနဲ႕ဝန္ေလးရသည့္ အရာမွန္သမွ်ကို လႊတ္ခ်ေျပးဖို႔ပဲ ႀကိဳးစားခဲ့တာေၾကာင့္ျဖစ္လိမ့္မည္။ တစ္စုံတစ္ေယာက္အတြက္ အလုံးစုံခ်စ္ျမတ္နိုးသည္ဆိုေသာ စကားလုံးေတြကို ကဗ်ာေတြစာေတြေလာက္ဟုသာ ေတြးခဲ့ဖူး၏။
"သူလဲ ကေလးၾကည့္ရတာနဲ႕ ညဆိုေကာင္းေကာင္း မအိပ္ရရွာပါဘူး အေမရယ္။ ေန႕ဆိုလဲ ဆိုင္ကသြားရေသးတယ္။ အိပ္တုန္းေလးကို အိပ္ပါေစ"
"ေအးပါေတာ္ က်ဳပ္မေျပာပါဘူး။ ညည္း လင္ေတာ္ေမာင္က ခပ္ကဲကဲ ညည္းကလဲ မယ္သည္းနဲ႕ ေတြ႕ၾကေပါ့။ အမေလး"
က်ယ္ေလာင္စြာ ညည္းတြားလိုက္သည့္ ေဝၿဖိဳးနိုင္ရဲ႕ ေယာကၡမျဖစ္သူ စကားေၾကာင့္ ခြန္းနစ္မွာ ၿပဳံးစိစိႏွင့္။ အေဒၚႀကီးက သူ႕သမီးႏွင့္ သူ႕သမက္ဆုံတဲ့အေၾကာင္းေတြ ၊ ဘယ္လို စိတ္ေကာက္ စိတ္ဆိုးၾကတယ္ဆိုတာေတြေျပာၿပီး ခြန္းနစ္ကို ရယ္ေစသည္။ ထို႔ေနာက္ ခြန္းနစ္ရဲ႕ အလုပ္အကိုင္အေၾကာင္းေမးကာ ေဆး႐ုံမွာ အလုပ္လုပ္မွန္းသိတယ္ဆိုရင္ပဲ ေဆးအေၾကာင္းေတြ တရစပ္ေမးေတာ့၏။
"ေလးဖက္နာဆိုလား သားရယ္။ ေဒၚေဒၚက ဝိတ္မမ်ားေပမဲ့ ကိုယ္လုံးက အင္မတန္ေလးတာ။ ဆရာဝန္က လမ္းေလွ်ာက္ဖို႔ေျပာေပမဲ့ သိပ္လည္း မေလွ်ာက္နိုင္ပါဘူး"
"ဟုတ္ကဲ့"
"ေနာက္ ဘာတဲ့ ေဂါက္ဆိုလား အဲ့ဒီေဆးလဲ ေသာက္ရေသးတယ္။ ကိုယ့္ဟာကိုယ္ ေနတာအေကာင္း။ေဆးစစ္ၾကည့္ဆိုလို႔ စစ္လိုက္တာ အို ေပၚလိုက္တဲ့ ေရာဂါေတြဆိုတာ မနည္းေပါင္ေတာ္။ အမ္လိုဒပင္းလား ေသြးတိုးက်ေဆးကလဲ ေဆာင္ၿပီးကို ေသာက္ရတာပဲ"
"ေဆးေသာက္ၿပီး အသက္ရွည္ေတာ့လဲ တန္တာပါပဲ အေမ့ရ ဟားဟား"
ေရစက္လက္ႏွင့္ ဝင္လာသည့္ ေဝၿဖိဳးနိုင္က ေယာကၡမျဖစ္သူကို လွမ္းေႏွာက္သည္။
"အမေလး က်ဳပ္မေျပာနဲ႕ မင္းသာ ေရျမန္ျမန္ဝင္ခ်ိဳးအုန္း။ ေတာ္ၾကာ ကေလးဖေအက ေလျဖတ္ေနမယ္ေတာ္။ ရာသီဥတုက ေအးကေအးနဲ႕"
ေယာကၡမ စကားကို ေျမဝယ္မက်နားေထာင္သူ သားမက္ကေလးပီပီ ေဝၿဖိဳးနိုင္က ေရလဲပုဆိုးကိုဆြဲလ်က္ ေရခ်ိဳးဖို႔ ျပန္ထြက္သြားသည္။ မသြားခင္ မႏြယ္နီ ရင္ခြင္ထဲက သူ႕ကေလးကို ၿပဳံးၿပဳံးႀကီး ငုံ႕ၾကည့္သြားေသး၏။ ခြန္းနစ္တို႔ႏွစ္ေယာက္ကိုေတာ့ "ခဏေစာင့္ၾက။ေန႕လည္စာ လိုက္ေကြၽးမယ္" ဆိုကာ ေလာကြတ္ျပဳလို႔သြားသည္။
ေန႕လည္၁၂ဝန္းက်င္ေလာက္မွာ သုံးေယာက္သား ထမင္းဆိုင္သို႔ထြက္လာခဲ့ၾကသည္။ ရွိတာနဲ႕ ျဖစ္သလိုစားပါ့မယ္ေျပာေပမဲ့ မႏြယ္နီက ခြင့္မျပဳ။ ျပန္မည္လုပ္ေတာ့လည္း မျပန္ခိုင္းတာေၾကာင့္ ခုလို လိုက္ပါခဲ့ရျခင္း ျဖစ္၏။ ထုံးစံအတိုင္း ခြန္းနစ္က ေနခ်ိဳ႕ဆိုင္ကယ္ေနာက္မွာထိုင္ကာ ေဝၿဖိဳးနိုင္က တစ္စီးစီးလာသည္။
"စားခ်င္တာသာ မွာၾကကြာ။ ငါလဲ ဒီက နာမည္ေတြ ဘာကဘာမွန္းမသိေတာ့ဘူး။ ခင္ၾကည္ေတြေရာ တင္စိန္ေတြေရာ။ ၿပီးရင ၾကက္သားကို ေတာက္ေတာက္စင္းၿပီး ဟိုဟာနဲ႕ေရာေၾကာ္ ဒီဟာနဲ႕ ေရာ္ေၾကာ္ထားတာခ်ည္းပဲ"
ေဝၿဖိဳးနိုင္က သူ႕ဝသီအတိုင္း အ႐ႊန္းေဖာက္ကာ အစမပ်က္။ ခြန္းနစ္သာ ဆိုင္ရွင္ဆိုထရိုက္ေပမဲ့ ေဘာ္ဒါျဖစ္ဟန္တူေသာ ဆိုင္ရွင္ကေတာ့ တဟဲဟဲႏွင့္။ "အစ္ကိုႀကီးတို႔ ႀကိဳက္တာမွာ အကုန္ရွယ္ခ်က္ၿပီးသား" ဟု ႐ႊန္း႐ႊန္းေဝေအာင္ အာမခံသြားရွာသည္။
"ငါ့သား ရက္တစ္ရာျပည့္က် လာခဲ့အုန္းေနာ္။ ဆြမ္းေလာင္းၿပီးရင္ အိမ္မွာလဲ ပြဲလုပ္အုန္းမွာ"
"ေအးပါကြာ။ မင္း သားက ခုမွ ဘယ္ေလာက္ရွိေသးလဲ"
"ေအာ္ မင္းတို႔က အလုပ္ေတြနဲ႕ဆိုေတာ့ ႀကိဳေျပာထားတာေပါ့။ မင္းကလဲ ေဆး႐ုံနဲ႕ ဟ္ိာေကာင္ေနခ်ိဳကလဲ အရင္လို ထြက္လာခ်င္တိုင္း လာလို႔ရတဲ့ အလုပ္မဟုတ္ဘူးကိုး"
ဒါေတာ့ ဟုတ္သည္။ ေနခ်ိဳေမာင္က အရင္အလုပ္မွာ ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္ေနခဲ့ေသာ္ျငား ယခုလုပ္ေနသည့္ ဆိုင္မွာေတာ့ ဒါေတာ့ မရေတာ့ဟု သိရသည္။ သူ႕အလုပ္ေတြကို ခြန္းနစ္နားမလည္ေပမဲ့ ေနပူထဲ ခက္ခက္ခဲခဲ မလုပ္ရဘူးဆို႐ုံႏွင့္ပင္ စိတ္ေအးရပါသည္။ တစ္ေနကုန္ တိုလီမုတ္စ ဖုန္းေတြ ကြန္ျပဴတာေတြၾကား ႏွိုက္ေနရသည့္ ေနခ်ိဳေမာင့္အတြက္ေတာ့ လူနည္းနည္းႏွင့္ အလုပ္မ်ားမ်ား လုပ္ေနရျခင္းကပင္ ေပ်ာ္စရာျဖစ္ေနပုံရသည္။
"ဒါနဲ႕ မင္းတို႔ကေရာ ဘယ္ေတာ့ ယူၾကမွာတုန္း"
"ဖလူး... ဖြတ္ ဟြတ္...အဟြတ္ ဟြတ္"
"ေဟ့ေကာင္ ရရဲ႕လား...ေရ ေရေပးပါအုန္း"
ျပာျပာသလဲ ေအာ္ဟစ္ေနသည့္ ေဝၿဖိဳးနိုင္အသံ။ အစာလမ္းေၾကာင္းႏွင့္ အသက္ရႉလမ္းေၾကာင္း မွားၿမိဳမိသည့္ ခြန္းနစ္မွာေတာ့ မ်က္ရည္ေတြပင္ ဝဲတက္လို႔လာရသည္။ ဒါ ဘယ္လို ေစာက္က်ိဳးနည္းေမးခြန္းလဲ။ နားေတြပါ ပူထူသြား၏။
ေက်ာျပင္ေပၚ တဖြဖြ ပုတ္ေပးသည့္ လက္ပိုင္ရွင္ကေတာ့ ဘာမွ ဂ႐ုစိုက္ပုံမေပၚ။ သူက ဆိုင္ရွင္ကမ္းလာသည့္ ေရဘူးကိုေဖာက္ကာ ခြန္းနစ္ခြက္ထဲထည့္ေပးၿပီး "ေျဖးေျဖးေသာက္" ဟု ဆိုလာသည္။
"မင္းတို႔ ဘယ္ေတာ့ မိန္းမယူၾကမလဲေမးတာ။ အဲ့ေလာက္ျဖစ္စရာလားကြာ"
ေအာ္ ဟုသာ ေရ႐ြတ္နိုင္ေတာ့သည္။ ခြန္းနစ္က မိန္းမယူဖို႔ ေျပာတယ္လို႔မွ မထင္ပဲကိုး။ ေနခ်ိဳႏွင့္ ယူဖို႔ေျပာတယ္ပဲ ထင္လိုက္မိသည္။ ဒီေကာင္ ဘယ္လိုမ်ား သိပါလိမ့္ဆိုေသာ အလန႔္တၾကားအသိစိတ္ႏွင့္ တုန႔္ျပန္လိုက္တာေၾကာင့္ ထမင္းေစ့ေတြကိုပင္ လမ္းေၾကာင္းမွားၿမိဳမိသည္ အထိ။
ဒါဆိုရင္ေတာ့ မင္း ေမွ်ာ္လင့္ခ်က္က အရမ္းသနားစရာ ေကာင္းေနၿပီ ေဝၿဖိးနိုင္။ ငါက ေယာက္်ားေတြကိုပဲ ႀကိဳက္တာကြ။ ဒီစကားကို ခြန္းနစ္ မေျပာလိုက္ပါ။ သူ႕စိတ္ကူးနဲ႕သူ ေျပာေနသူကို မေႏွာက္ယွက္ခ်င္သလို ကိုယ္နဲ႕ ေဝၿဖိဳးနိုင္ၾကားမွာ ဒီအေၾကာင္းေတြမသိပဲ ခင္မင္ေနရတာကမွ ေပါ့ပါးလြပ္လပ္လိမ့္အုန္းမည္ဟု ေတြးလိုက္တာေၾကာင့္လည္း ပါသည္။
"အဲ့ကိစၥေတြ ေခါင္းထဲမရွိပါဘူးကြာ။ ပိုက္ဆံရွာဖို႔ လုပ္တုန္း"
"အမယ္ လခစားႀကီးက ညည္းေနတယ္"
"မင္းလို ဆိုင္ရွင္မွ မဟုတ္ပဲကိုးကြ"
"ဟားဟား အၿပိဳင္ပဲေဟ့။ ေဟ့ေကာင္ ေနခ်ိဳ မင္းကေရာ ဘယ္ေတာ့ယူမွာလဲကြ"
တစ္ေလွ်ာက္လုံး ထမင္း ေအးေဆးစားေနခဲ့သူကို ငဲ့ၾကည့္ေတာ့ ခ်ိဳခ်ဥ္ေၾကာ္ထဲမွ ၾကက္သားဖတ္ကို တအိအိဝါးရင္း ၿငိမ္ေနသည္။ ခြန္းနစ္တို႔ ႏွစ္ေယာက္ ေပါက္ေပါက္ေဖာက္ေနသေလာက္ သူက ေဘးကေန ၿပဳံး႐ုံေလာက္သာ ၿပဳံးတတ္၏။
"သူ ယူခ်င္တဲ့ေန႕"
ဇြန္းထိပ္ဦးကို ကိုယ့္ဆီလွည့္လို႔ ေျပာလိုက္သည့္ စကားေၾကာင့္ ခြန္းနစ္ စားလက္စ ဝက္စတူးကိုပင္ မၿမိဳခ်နိဳင္။ ဒီေကာင္ေတာ့ ႀကိဳက္တယ္ ေျပာထား႐ုံနဲ႕ သူ႕အပိုင္ဟုတြက္ထားပုံရသည္။
"ဘာ...မင္းက ခြန္းနစ္ကုေဋယူမွ ယူမွာလား။ သံေယာဇဥ္မ်ားခ်က္ကြာ။ ဒီလိုနဲ႕ မင္းတို႔ႏွစ္ေယာက္ပဲ ညားေနၾကအုန္းမယ္ ဟားဟား"
"အဟင္း "
စေကာင္းေနသူႏွင့္ ႀကိတ္ရယ္ေနသူေတြၾကား ခြန္းနစ္မွာ မအီမလည္ႏွင့္။ တစ္ေယာက္က ရိုးရိုးသားသား စေနေပမဲ့ ေနာက္တစ္ေယာက္ကေတာ့ အတည္လား စေနသလား မွန္းမမရသည့္ အေျခအေန။
"ကိုယ့္ ထမင္းကိုယ္ စားၾကစမ္းပါကြာ"
ေပါက္ကရ စကားဝိုင္းကို ၾကားျဖတ္လိုက္ခ်ိန္မွာ အမွတ္မထင္ သူ႕မ်က္ႏွာကို လွမ္းၾကည့္မိသည္။ ႏႈတ္ခမ္းေထာင့္ကို ေကြးလို႔ မထီမဲ့ျမင္အၿပဳံးႏွင့္ ခြန္းနစ္ကို ၾကည့္ေနတာမ်ား... မ်က္ဝန္းခ်င္းဆုံခ်ိန္ႏွာ မ်က္ခုံးပင့္ျပတာက အဆစ္ပါလိုက္ေသးသည္။
"မင္း ၾကပ္ၾကပ္ေလွ်ာက္ေျပာ။ ေဝၿဖိဳးနိုင္သိသြားရင္ ျပႆနာတက္ေနမယ္"
ကေလးၾကည့္ၿပီးအျပန္ ကန္ေတာ္ႀကီးဘက္ ေပါက္လာသည့္ သူတို႔ႏွစ္ဦးက ပိတ္ရက္ဆို ေနမဝင္မခ်င္း ဆိုင္ကယ္တစ္စီးႏွင့္ ပတ္ေနက်ပင္။ အထူးသျဖင့္ တိတ္ဆိတ္ကာ ေအးခ်မ္းသည့္ေနရာေတြကိုပဲ ေ႐ြးျဖစ္ၾကကာ စကားေျပာခ်င္ေျပာ မေျပာရင္ ဟိုေငးသည္ၾကည့္လုပ္ရင္း အခ်ိန္ျဖဳန္းတတ္တာသာ မ်ား၏။ ယခုအႀကိမ္မွာေတာ့ ေနခ်ိဳ႕ဘက္က ဝန္ခံၿပီး ပထမဆုံးအႀကိမ္ ထြက္ၾကတာျဖစ္ကာ ခြန္းနစ္တစ္ေယာက္ ပါးစပ္မထိန္းသိမ္းသူကို စိတ္ရွိလက္ရွိကို ဆူေငါက္ေန၏။
"ငါက ငါ့ဟာငါ ကိစၥမရွိေပမဲ့ မင္းက ေပါက္ကရေတြလုပ္ဖို႔ေတြးမေနနဲ႕ နားလည္လား"
"..."
"သူက ငါတို႔ အဲ့လိုျဖစ္သြားတာ သိလို႔ မင္းကို ဆက္မေပါင္းေတာ့ဘူးဆို ဘယ္လိုလုပ္မလဲ"
"ေခါက္ထားလိုက္"
"ဘာ..."
"..."
"မင္း.. ေအးေအး ...မင္းမႀကဳံဘူးေသးလို႔ လြယ္တယ္ထင္ေနသလား ေနခ်ိဳေမာင္ ဟမ္"
"..."
"လူေတြရဲ႕ သုံးပုံႏွစ္ပုံေက်ာ္က ဘုရားစူး မင္းကို အေပၚယံပဲေပါင္းၿပီး အတင္းေျပာၾကမဲ့ ကိစၥေနာ္။ စိတ္ရင္းနဲ႕ ေပါင္းမဲ့သူဆိုတာ ရွားပါးသြားမွာ။ ႐ုပ္ရွင္ရိုက္သလို လြယ္ေနမွာ မဟုတ္ဘူး"
"အဟင္း"
"ရယ္ ရယ္... အဲ့မွာ ရယ္ေန"
စိတ္ေပါက္ေပါက္ႏွင့္ သူ႕ကို ေက်ာေပးကာ ၿငိမ္သက္ေနေသာ ကန္ေရျပင္ကို မ်က္ႏွာျပဳပစ္လိုက္သည္။ စိတ္မရွည္စြာ ကန္ေက်ာက္မိလိုက္ေသာ ေျမမႈန္စမ်ားႏွင့္ ေက်ာက္စရစ္ခဲငယ္ေလးမ်ားမွာ ကန္အစပ္မွ ေဗဒါသိုက္မ်ထက္သို႔ မြျဖာျပဳတ္က်ကဳန္၏။
"လူေတြက..."
"..."
"နဂိုကတည္းက ကဲ့ရဲ႕ဖို႔ ပိုအားသန္ၾကတာပဲ"
"..."
"မင္းက ဘာကို ေၾကာက္ေနမွာလဲ"
ေအးစက္စက္ သူ႕အသံက တရားခ်ေနသေယာင္ေယာင္။ ခြန္းနစ္ မေက်နပ္စြာပဲ မ်က္ခုံးတို႔ကို တြန႔္ခ်ိဳးထားမိသည္။ ဒါေတာ့ သူေျပာမွလား ကိုယ္လဲသိတာေပါ့။ ဒါေပမဲ့ အဲ့လိုဆိုတိုင္း လူေတြကို ဂ႐ုမစိုက္ပဲ ေန၍ ရမည္တဲ့လား။
"သူမ်ားပါးစပ္ေတြကိုေၾကာက္ၿပီး ေပ်ာ္ရမွာကို စိုးရိမ္ေနရင္ ႏွစ္ခါပင္ပန္းေနမယ္"
"..."
"မလိမ္ပါနဲ႕။ မင္းကို လက္ခံမဲ့သူရွိပါတယ္"
"..."
"အနည္းဆုံးေတာ့...ငါ"
အသက္ရႉသံျပင္းျပင္းတစ္ခ်က္ ခြန္းနစ္ႏွာေခါင္းဝမွ ထြက္လို႔သြားသည္။ ေလးပင္ေသာ သက္ျပင္းဟုပဲ ဆိုရလိမ့္မည္။ တိုတိေနေသာ လက္ေခ်ာင္းရွည္ေတြကို ၾကည့္ရင္း။ေခါင္းထဲ စိမ့္ဝင္လာေသာ သူ႕စကားရဲ႕ အဓိပၸာယ္ေတြကို စဥ္းစားေနမိ၏။
"ခြန္းနစ္ကုေဋ"
"အင္း"
"ခြန္းနစ္ကုေဋ"
"အင္းလို႔"
"ခြန္းနစ္ကု.."
"ဘာလဲကြာ ေျပာ ဘာလဲ ဘာလဲ ဘာလဲ"
"အဟက္..."
"ငါ့ကို စိတ္မဆိုးနဲ႕အုန္း"
"ငါက ဘာကို စိတ္ဆိုး...အြန႔္..."
ပိက်လာေသာ ႏႈတ္ခမ္းလႊာကာ ခြန္းနစ္ႏႈတ္ခမ္းသားေတြထက္မွာ ဖိကပ္လို႔။ လႈပ္ရွားမႈမျပဳပဲ ခပ္အိအိေထြးဖိထားသည္ အထိအေတြ႕မ်ိဳး ခြန္းနစ္တစ္ႀကိမ္မွ မခံစားဖူးပါ။ အနမ္းေတြခ်ိဳၿမိန္ေၾကာင္း စာေတြဖတ္ဖူးေပမဲ့ ေနခ်ိဳ႕အနမ္းေတြမွာ အရသာရယ္လို႔ ရွာလို႔မရျပန္။ သို႔ေသာ္ ထိုထိကပ္ေနမႈကို ပိုမိုတင္းၾကပ္ေစလိုေသာ ဆႏၵဟာ ခ်က္ခ်င္းပင္ တားမရေအာင္ ျဖစ္ပၚ လို႔လာခဲ့သည္။
စိုစိစိ အထိတစ္ခု ေအာက္ႏႈတ္ခမ္းကို ရွပ္တိုက္သြားၿပီး မထိတထိ ကိုက္ခဲမႈႏွင့္ အဆုံးသတ္သြားသည့္ အနမ္း၏ေနာက္မွာ ထိကပ္လုနီးပါး မ်က္ႏွာႏွစ္ခုၾကားမွ ေလပူေတြက မုန္တိုင္ငယ္အလား။
"သူ သူငယ္ခ်င္းေတြ နမ္း...နမ္းလို႔ရလို႔လား"
ေတာင္စဥ္ေရမရ ထြက္လာသည့္စကားမ်ားႏွင့္ ဟန္ကိုယ့္ဖို႔ လုပ္ေနရသည့္ ရန္ေထာင္မႈက မပီမျပင္ႏွင့္။။
"သူငယ္ခ်င္းေတြ ...အဟင္း"
"..."
"ငါ ေဝၿဖိဳးနိုင္ကို မနမ္းဘူး။မင္းကိုပဲ နမ္းတယ္"
"...."
"ငါ့ရည္းစားလုပ္ ခြန္းနစ္ကုေဋ။ ငါ မင္းလိုခ်င္တဲ့ဟာေတြ အကုန္ေပးခ်င္တယ္"
ရီေဝေနသည့္ မ်က္ဝန္းေတြႏွင့္ တည္ၿငိမ္လြန္းသည့္ သူ႕ဟန္ပန္။ ေရျပင္သို႔ ထိုးက်ေနေသာ ေနေရာင္မွ တစ္ဖန္ျပန္ဟပ္လာေသာ ေရာင္ျပန္ေၾကာင့္ သူ႕ပါးျပင္ထက္မွာ အလင္းလႊာပါးတခ်ိဳ႕ ေျပးလႊားေနခဲ့ၾကသည္။
ဒါ ဒါက..."မိမဆုံးမ ဖမဆုံးမသား" ဆိုသည့္စကားကို ေျပာခဲ့ေသာ ပါးစပ္မွာ ဟုတ္ပါေလစ။ ခြန္းနစ္ မ်က္ဝန္းေတြက ဝိုင္းစက္ကာ ႏႈတ္ဖ်ားကလဲ စြန႔္အသြားခဲ့သည္။
ဖ်တ္ခနဲ က်ဆင္းလာေသာ အထိအေတြ႕တစ္ခုက ဒီတစ္ႀကိမ္ေတာ့ ႏွာေခါင္းထပ္ကို လႈပ္ခတ္ၾကည္စယ္၏။ တရားခံက သူက်ဴးလြန္မိျခင္းကို ေနာင္တေသးေသးပင္ ရပုံမေပၚ။ ၿပဳံးခဲေသာ မ်က္ႏွာက ဒီညေနမွာ ေၾကာက္စရာေကာင္းေအာင္ကို ၿပဳံးေနခဲ့သည္။
ျမတ္စြာဘုရား...ေနခ်ိဳေမာင္ကို ဘယ္သူကမ်ား ဒီေလာက္အထိ ျပဳစားလႊတ္လိုက္ပါသနည္း...။
...........................................................
စာေရးသူ၏ အမွာစာ:
ဒါေလးက ေရွ႕သုံးပုဒ္နဲ႕မတူပဲ အထက္ပုဂၢိဳလ္က အရင္ႀကိဳက္တာမ်ိဳးမို႔ tasteေတာ္ေတာ္ ကြာေနေလာက္မယ္။ Kattamက ပုံမွန္ဆို ေအာက္ပုဂၢိဳလ္ေတြက စခ်စ္တာေတြကို အေရးမ်ားေတာ့ ဒါေရးရတာ လတ္လတ္ဆတ္ဆတ္ေလး ျဖစ္ေနပါေရာ။
ေနခ်ိဳကေလ ဖက္ထားခ်င္စရာေလး။ Plotခ်ၿပီး promptsေတြျပင္ကတည္းက သူ႕ကို ပုံေဖာ္ရင္း ငိုခဲ့ဖူးေသးတယ္။ ဒါက စကားခ်ပ္။
ကဲ... Vote ၂၀၀ေက်ာ္မွ ထပ္ေတြ႕ၾကပါမယ္