အနီရောင်တို့ ခြယ်လှယ်ထားကာ ရဲ၀င့်စွာလှပလျက်ရှိသော နှင်းဆီနီနီ။
အပွင့်တွေဟာ လက်တစ်ဝါးစာမျှ
မကြီးရုံတမယ် ပန်းအိုးတွေထဲ ပွင့်လန်းနေသည်မှာ အပြည့်အနှက်။
အဝေးကကြည့်ရင်တောင် အနီရောင်တွေဟာ မျက်စိထဲ ပျိုးခနဲပျက်ခနဲ။
အကြိုက်ဆုံးတစ်ပွင့်ကိုချိုးယူကာ
နှာဖျားလေး၌ တေ့၍မွှေးရနံ့တို့ကို
အောက်ဆီဂျင်နှင့်တကွ အဆုတ်ထဲ
ရှူသွင်းလိုက်သည်။
“မေမေ့ပန်းတွေက မွှေးလိုက်တာ ”
စိမ်းနုနုရိုးတံလေးကို လက်တစ်ဆစ်မျှ
ချိုးပြီးနားရွတ်ကြားထဲ ပန်တော့
မသက်ဆိုင်သူကြီးကိုသတိရမိသွားတာ
ဖြတ်ခနဲ။ အတွေးအာရုံထဲ မျက်စိတစ်
ဖက်မှိတ်ပြခဲ့တဲ့သူ ၊ မေမေနဲ့စကားပြောနေတဲ့ ပန်းခြံထဲက သူ၊ နှင်းဆီပန်းကိုချိုးပြီး ပန်းပေးကာလွန်ခဲ့တဲ့တစ်ပတ်ရဲ့ သောကြာညနေခင်းတွေကိုအရောင်တွေဆိုးခဲ့သူ။
“လွမ်းလိုက်တာ....”
တကယ်ဆို လွမ်းတယ်ဆိုတဲ့စကားက
ဆော့ဂျင်နဲ့ဦးဂျွန်ကြား မသက်ဆိုင်တဲ့
တြိယာတစ်ခုပဲ။စည်းတွေခြားထားတဲ့ဘ၀နှစ်ခုမှာ လွမ်းတယ်၊ မုန်းတယ်နဲ့
ချစ်တယ်.....စတဲ့ခံစားချက်တွေက
မသက်ဆိုင်တဲ့တြိယာတွေ။
“တော်စမ်း ကင်ဆော့ဂျင်! အသိစိတ်၀င်စမ်း!
မင်းနဲ့သူနဲ့ပတ်သက်လို့မဖြစ်ဖူး
မျက်နှာတွေ ထောက်ရမယ်”
ကိုယ့်ကိုယ်ကို သတိပေးရင်း နှင်းဆီပန်းကိုလက်မှာကိုင်ပြီး အိပ်ခန်းထဲပြေးတက်လာခဲ့သည်။မေမေကတော့ သူမ ကြိုက်တဲ့ဇာတ်လမ်းတွဲကြည့်နေသည်။ဖေဖေကတော့ ရေချိုးနေသည်ထင်။ ရေချိုးခန်းထဲမှ
ရေကျသံတွေကြားနေရသည်။
အခန်းထဲရောက်တော့ တံခါးကိုဂျက်ထိုးကာ ခူးယူလာတဲ့နှင်းဆီပန်းကို စားပွဲပေါ်တင်ရင်း အိပ်ယာပေါ်လှဲချလိုက်သည်မှာ ဝုန်းခနဲ။ မြည်သွားတဲ့အသံနောက် စိတ်ထွေပြားခြင်းတွေပါသွားခဲ့ရင် တစ်ပတ်တိတိမွန်းကြပ်နေတဲ့ စိတ်ကလေး အေးချမ်းသွားမယ်ထင်ပါရဲ့။
တစ်ပတ်ပြည့်ပြီ။ ဦးဂျွန်ကို သူရှောင်နေခဲ့တာတစ်ပတ်ပြည့်ခဲ့ပြီ။ ဦးဂျွန်အိမ်လည်း သူမသွားဖူး။ဦးဂျွန်ကလည်း သူ့အိမ်ကိုမလာခဲ့ဖူး။ မတော်တဆလမ်းကြုံ၀င်လာရင်တောင် သူကပဲဖြစ်ဖြစ် ဦးအောင် ရှောင်ခဲ့တာ။ အတိအကျပြောရရင် သူ့လမ်းထဲ ဦးဂျွန်ကားလေး၀င်လာတာမြင်ရင် လမ်းထိပ်က
ပန်းခြံဆီ အားကစားလုပ်မယ်ဆိုပြီး ထွက်သွားလိုက်။ ဂိမ်းဆော့မယ်ဆိုပြီး ဂိမ်းဆိုင်တွေဆီ ခြေလှည့်လိုက်နဲ့ တစ်ပတ်လုံးဟာ မွန်းကြပ်စရာ။
လမ်းထဲက ဦးဂျွန်ကားလေးထွက်သွားမှ
ဦးဂျွန်ကျောပြင်လေး မျက်စိတဆုံး
ပျောက်သွားမှ လမင်းလေးဟာ ငိုခြင်းတွေနဲ့
စိတ်တွေကို လျော့ချခဲ့ရတယ်။
မညီမျှတဲ့ ချစ်ခြင်းမေတ္တာမှာ
ဦးဂျွန်ကိုလည်း အနာတရမဖြစ်စေချင်
ကိုယ့်ကိုယ်ကိုလည်း အသည်းမကွဲစေချင်တော့လမင်းလေးဟာ ရသမျှနည်းလမ်းတွေသုံးပြီးအကွက်တွေနဲ့ ရှောင်ခဲ့ရတာပါပဲ။
“သားငယ်....ဦးဂျွန် လာတယ်”
ဖွင့်ထားသော ပြတင်းပေါက်မှ ကြားလိုက်ရတဲ့အသံ။ စိတ်တွေဟာ ပြတင်းပေါက်ထံ ပြိုဆင်းသွားတာများ လှစ်ခနဲ။ မသိစိတ်ကြောင့် ခြေထောက်တွေက ပြတင်းပေါက်နားကိုရောက်သွားသည်။ထုံးစံအတိုင်း ငုံ့ကြည့်လိုက်တော့ ဦးဂျွန်ရဲ့ကားလေးခြံထဲမှာရပ်ထားသည်။
“ဘယ်မှမသွားနဲ့ မင်းဦးဂျွန်က အပြင်ခေါ်သွားမလို့တဲ့”
ကြောက်တာ....အဲ့တာတွေကိုကြောက်ရတာ။
ဦးဂျွန်နဲ့အပြင်သွားမယ်လုပ်တိုင်း ပိုပိုချစ်မိလာမယ့်စိတ်တွေကို ဖြစ်နိုင်ရင် အဝေးတစ်နေရာကိုလွှင့်ပစ်လိုက်ချင်မိတယ်။
“မေမေ သား-”
“ကျွီ”
အခန်းတံခါးဟာ ပွင့်ဟလာသည်။
လှည့်မကြည့်ရုံနဲ့ဘယ်သူ၀င်လာမှန်း
ရိပ်မိနေသည်။ တံခါးကိုပြန်ပိတ်လိုက်တဲ့အသံ ၊ အနားကိုဖြည်းဖြည်းချင်းလျှောက်လာတဲ့ ခြေသံ။ ဘာတွေပူးကပ်နေလဲ မသိပေမယ့်နီးကပ်လာတဲ့ခြေသံတွေအောက် နှလုံးသားတစ်ခုလုံးမြုပ်နှံမိနေတာ
ဖွတ်ထားမတတ်။
ရေမွှေးနံ့ခပ်သင်းသင်းလေးကိုရသည်။
ကုတင်ပေါ်ထိုင်လိုက်တဲ့အသံလေးကိုကြားသည်။ ထိုအထိတိုင်အောင် လမင်းလေးဟာ မသက်ဆိုင်သူကိုလှည့်မကြည့်နေခဲ့ပါ။
“ကိုယ့်ကိုရှောင်နေတာလား ကလေးငယ်”
“....”
“ကိုယ် လမင်းလေးကို သိပ်လွမ်းတာပဲ”
ခေါင်းလေးစောင်းကြည့်တော့ ကုတင်ပေါ်မှာတန်းစီထားတဲ့အရုပ်တွေကို လက်နဲ့တို့ထိရင်း ဆိုလိုက်သည့် မသက်ဆိုင်သူ။ မသက်ဆိုင်သူဟာ ကိုယ့်နေရာကိုယ်မနေပဲ လာလာနွယ်နေခြင်းတွေ။ အားမလိုအားမရနဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းလှပါသည်။
“လွမ်းရအောင် ဘာတွေများ”
“ကိုယ်အဲ့နေ့ကအပြုအမူအတွက်
တောင်းပန်ပါတယ် ”
“ဦးဂျွန် အဲ့နေ့က မလုပ်သင့်တာလုပ်ခဲ့ပါတယ် အဲ့တာကြောင့် ရှောင်နေတာဆိုရင်
ဦးဂျွန်တောင်းပန်ပါတယ် ဒါပေမယ့်
ကလေးငယ်ကိုတစ်ခုတော့ သိစေချင်တယ်”
ဘာလဲဆိုတဲ့မျက်၀န်းတွေနဲ့ လမင်းလေးဟာ ဦးဂျွန်ကိုကြည့်လိုက်တော့ ထိုင်ရာမှထလာသည်။ အနားကိုဖြည်းဖြည်းချင်းလျှောက်ကာ ပြတင်းပေါက်နဲ့ဆော့ဂျင်ကြား နေရာယူလိုက်သည်။
ပြတင်းပေါက်ကိုကောင်းကောင်းမမြင်ရ။
ဦးဂျွန်ရဲ့ကျောပြင်နဲ့ကွယ်ထားသည့်အပြင် ဦးဂျွန်က သူ့ပခုံးများကိုဆုပ်ကိုင်လာလေသည်။
“အမှားလုပ်ခဲ့မိပေမယ့် အဲ့ဒီအမှားက
ခံစားချက်တွေပါမှန်း ကလေးငယ်ကို
သိစေချင်တယ်”
“ဘာ”
“ဟုတ်တယ် ကိုယ် ကလေးငယ်ကို
ချစ်နေမိပြီထင်တယ်....အစက အမျိုးမျိုးတွေးတယ် ကိုယ့်ကိုယ်ကိုလည်း သတိတွေပေးတယ် ဒါပေမယ့်ဒါပေမယ့် ...”
“ဦးဂျွန်.....မဖြစ်နိုင်တာတွေ မပြောနဲ့”
“ဘာလို့မဖြစ်နိုင်ရမှာလဲ! ဦးဂျွန်ကို လက်ခံပေးပါဦးဂျွန်ရဲ့အချစ်တွေကိုလေ....ဦးဂျွန် တကယ်ကလေးဆီပဲလာခဲ့မယ် ”
“ဦးဂျွန်!! ခင်ဗျားတော်တော့!!”
မီးတောင်လေးတွေ ၀န်းရံထားသလို မျက်၀န်းတွေက စူးစူးရှရှ။ ကလေးငယ် နာကျင်သွားမှာကိုမရည်ရွယ်ပေမယ့် တကယ်နာကျင်သွားရသည်။
သံယောဇဉ်နဲ့အချစ်ကြား နားမလည်ခဲ့သူရဲ့အဖြစ်ဟာ ခက်လှပါသည်။ ဘယ်လိုလုပ်မလဲ။ သိပ်ချစ်မိတဲ့အခါလမ်းတွေပျောက်ရတာပဲ။
“ဦးဂျွန် ဆေ့ာဂျင်နာကျင်စေဖို့
မရည်ရွယ်ပါဖူး ဦးဂျွန်ကိုယုံပါ
ဦးဂျွန် မင်းကိုချစ်တယ်!!”
“၀မ်ကရော....၀မ်ဆိုတဲ့ မိန်းကလေးကရော”
မျက်ရည်တွေနဲ့မေးမြန်းလာသည့်အခါ
ဦးဂျွန်မှာအဖြေမရှိ။ ဘတ်ဂီယာတွေ ထိုးပြီးနောက်ပြန်ဆုတ်လို့ရရင် လွန်ခဲ့တဲ့၆နှစ်ကျော််ကိုပြန်သွားပြီးmemoryတွေထဲက မိန်းကလေးနဲ့ မဆုံပဲနေလိုက်ချင်သည်။
“ကျွန်တော့်ကို ဦးဂျွန် ဘယ်လိုထင်နေတာလဲ
လွယ်တယ်လို့ထင်နေတာများလား
ဒါက အချစ်ဆိုရင် ကျွန်တော့်အတွက်တော့
မဟုတ်ဖူး ဒါက ဖောက်ပြန်တာ ဖောက်ပြန်တာ!”
“ကလေးငယ်!! စကားကိုအဲ့လိုမပြောနဲ့!
ဖောက်ပြန်တယ်ဆိုရအောင် ကိုယ့်အချစ်က
အောက်တန်းမကျနေဖူး!! ချစ်တာလေးပဲ
ချစ်တာလေးပဲ သိနေလို့မဖြစ်ဖူးလား !!”
အခန်းငယ်ဟာ တဖြည်းဖြည်းနဲ့ပူလောင်စရာ။အဲယားကွန်းလေသံသာ ကြားလေ့ရှိတဲ့ အခန်းငယ်ထဲ အော်ဟစ်သောင်းကျန်းမှုတွေ ကြီးစိုးလာသည့်။အခါ အမှောင်ထုကြီး ဝါးမျိုသကဲ့သို့။
“ဦးဂျွန် မင်းကိုစောင့်ရှောက်ပေးချင်တယ်
ပြုစုပေးချင်တယ် ဦးဂျွန်မှာ ဒီခံစားချက်တွေကအခုမှဖြစ်လာတာ မဟုတ်ဖူး။
ဟိုးအရင်ထဲကဖြစ်နေခဲ့တာ....
မသိချင်ယောင်ဆောင်ရင်း နှစ်တွေသာကုန်
သွားတယ် အခုပြန်ဆုံကြတော့ အရင်လိုလတ်ဆက်နေတုန်းပဲ ကိုယ်မင်းကိုချစ်တယ် မင်းလည်းကိုယ့်ကိုချစ်နေတာ
ကိုယ်သိတယ်”
“ချစ်နေရင် ဘာလို့များ အခြားလူကို
အရင်ဆုံးရွေးချယ်ခဲ့တာလဲ ပြောစမ်းပါအုံး”
“ကိုယ်အရွဲ့တိုက်ချင်စိတ်နဲ့ ....
ကိုယ် တောင်းပန်ပါတယ်။ ကိုယ်မသိချင်ယောင်ဆောင်ခဲ့တာတွေအတွက် တောင်းပန်ပါတယ် ”
ဦးဂျွန်ဟာ ဒူးထောက်ပြီးတောင်းပန်တော့
ငိုနေသူရဲ့အသည်းတွေတနုတ်နုတ်ပဲ။ အမြဲခေါင်းမော့ ဂုဏ်ယူနေရတဲ့ ဆရာ၀န်ရဲ့ဘ၀က အချစ်ကြောင့်နဲ့ဒူးထောက်ရသလား။ အချစ်နဲ့တွေ့ရင် အားလုံးကရူးရူးမူးမူးတွေ။
“ဦးဂျွန် ပြန်တော့”
“မပြန်ဘူး”
“ ပြန်လိုက်ပါတော့ ကျွန်တော့်မှာ ခံနိုင်ရည်တွေမဲ့နေပြီ တစ်ပတ်လုံးလုံးလည်း နေခဲ့တယ် ၆နှစ်လုံးလုံးလည်း နေနိုင်ခဲ့တယ် ဘာလို့အခုမှပြန်ပေါ်လာပြီးဘ၀ထဲ ခလောက်ဆန်နေရတာလဲ
ချစ်လို့မဖြစ်ဖူးလေ ဦးဂျွန်ရဲ့”
လမင်းလေးဟာ မျက်ရည်တွေအရွှဲသား။ ကြမ်းပြင်ပေါ်ကလူလည်း ထိုနည်းတူ။ မျက်ရည်တွေနဲ့ဒီဇာတ်ကွက်က နာကျင်စရာတွေ နည်းနည်းမှမဟုတ်ဖူး။အများကြီးပဲ။ အသည်းတွေကွဲတာထက်ပိုဆိုးတယ်။
ချစ်နေရက်နဲ့ မချစ်ဖူးငြင်းရတာ ထားခဲ့ခံရလို့အသည်းတွေကွဲတာထက် ပိုဆိုးပါတယ်။
“ဦးဂျွန်ကတော့ မင်းကိုချစ်တယ်
မင်းသာပြန်ချစ်ပေးရင် ဘယ်မျက်နှာမှမထောက်ဖူး။ဦးဂျွန် ရင်ဆိုင်ရဲတယ်....မင်းက ဦးဂျွန်ရဲ့တစ်ခုထဲသော သတ္တိကလေးမို့”
“ကျွန်တော် မဖောက်ပြန်ချင်ဖူး ဦးဂျွန်။
သူများရည်းစားကို ကျွန်တော့်အပိုင်မဖြစ်စေချင်ဖူး။ကျွန်တော် ဦးဂျွန်ကို မချစ်ချင်ဖူး....”
“ဦးဂျွန်မရှိတဲ့ဘ၀ကို စိတ်ကူးဖူးလို့လား
ဦးဂျွန် မင်းကိုစောင့်ရှောက်ပေးချင်လို့ပါ
ကလေးလေးရဲ့”
“၆နှစ်ကျော်လုံးနေခဲ့ပြီးပြီပဲ ကျွန်တော့်ကိုယ်
ကျွန်တော် စောင့်ရှောက်နိုင်ပါတယ် ဦးဂျွန် စိတ်ပူပေးစရာမလိုပါဖူး.....ကျွန်တော့်ဘ၀ပဲလေ”
ချစ်ပါတယ် မချစ်ဖူးဆိုတာ လိမ်လိုက်တာ။တကယ်တော့ ဦးဂျွန်ကို အသည်းအူတိုင်သေးသေးလေးထဲကနေ နက်ရှိုင်းစွာ ချစ်ပါတယ်။
“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်
မနာကျင်စေဖို့ထက် ကျွန်တော်တို့ပတ်၀န်းကျင်ကလူတွေ မနာကျင်မယ့် လမ်းကိုရွေးချယ်ရအောင်”
ထိုစကားအဆုံး ဒူးထောက်နေသူထံမှ မျက်လုံးတွေသည်ဝိုင်းစက်သွားကာ သူ့အား ဆွေးဆွေးမြေ့မြေ့ကြည့်လာသည်။ မျက်ရည်တွေနဲ့ ပြန်လည်ပြုံးပြလိုက်သည့်အခါ ဆရာ၀န်ကြီးသည် ပါးချိုင့်သေးသေးလေးပေါ်ရုံမျှ ပြုံးပြပြီးတဲ့နောက် အခန်းထဲမှ
တိတ်တဆိတ်လေး ထွက်သွားခဲ့သည်။
“ဂျောက်”
တံခါးပိတ်သံအဆုံး ကမ္ဘာပျက်သွားတဲ့သူဟာကြမ်းပြင်ပေါ် ဖရိုဖရဲ။ မျက်ရည်တွေဟာ တားမရဆီးမရ။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တဲ့အချိန်တွေဆို အမုန်းဆုံးက မျက်ရည်တွေပဲ။
ဘယ်လောက်အထိများ ချစ်ခြင်းမေတ္တာရဲ့
ဒုတိယရွေးချယ်မှုတွေမှာ ဆက်နေနေရအုံးမှာလဲ....။
####
အခန်းအောင်းတာများတော့ လူဟာအညောင်းမိချင်လာသည်။ စိတ်ပြေလက်ပျောက်ဆိုပြီး ဂိမ်းတွေဆော့လိုက်၊ စားချင်တာတွေစား။ ၀ယ်ချင်တာ၀ယ်ပြီးနေခဲ့ပေမယ့် ကြာလာတော့ ရောဂါဟာထူလာ
သည်။
အပြင်ထွက်လို့လည်းမရတဲ့အပြင် စကားပြောဖော်သူငယ်ချင်းတောင် ဆော့ဂျင်မှာမရှိဖူး။ သူ့ဘ၀ထဲကို ငယ်စဉ်အချိန်ထဲက ယခုထိတိုင် မသက်ဆိုင်သူကြီးက နေရာအပြည့်ယူထားခဲ့တာ။ လွန်လွန်းပါသည်။
မသက်ဆိုင်ပဲ အမှတ်တရတွေထဲ သူရှိနေတာ
ဟာ လွမ်းနာကျစရာပိုကောင်းပါသည်။
“သားငယ်လေးရေ အောက်ခဏဆင်းခဲ့ပါအုံး
ဖေဖေနဲ့မေမေ ပြောစရာရှိလို့”
အိပ်ယာထဲလှဲနေရင်း အောက်ထပ်မှ မေမေ့အသံကြောင့် ဆက်ခနဲထလိုက်မိသည်။ ပုံပျက်နေတဲ့ဆံပင်နဲ့ အင်္ကျီကို သေချာပြန်ပြင်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။
အောက်ထပ်ရောက်တော့ မေမေနဲ့ဖေဖေက ဧည့်ခန်း၌ထိုင်နေသည်။ ကြည့်ရတာ ဖေဖေ ရုံးကစောစောပြန်လာသည်ထင်ပါ၏။ ဖေဖေဟာ အီဆန်မှာရုံးခွဲတစ်ခုထက်ဖွင့်သည့်နောက်ပိုင်းမှစ၍ သိပ်မအား
တော့။ သုံးယောက်ထဲသာရှိသည့် ထမင်းဝိုင်းမှာဖေဖေမပါသည့် အချိန်မျိုးတွေတောင် ရှိလာသည်။
“မေမေ ဖေဖေ”
“သားငယ် ထိုင်”
မေမေနဲ့ဖေဖေက ဘေးချင်းကပ်ရပ်ထိုင်နေသည်။မျက်နှာချင်းဆိုင်ခုံ၌ ထိုင်ကာ မေမေတို့ကိုကြည့်တော့ အရေးကြီးကိစ္စပြောစရာရှိနေသည့်ပုံ။
“ဖေဖေပြောစရာရှိလို့”
“ဟုတ်ကဲ့ဖေဖေ”
“ဖေဖေအခု အီဆန်မှာရုံးခွဲတစ်ခု ထက်ဖွင့်လိုက်တာသားငယ် သိတယ်မလား အေးကွာ အခုတလောအလုပ်တွေရူပ်လာတော့ ဆိုးလ်ရုံးခွဲမှာ အထိုင်ချဖို့လူလိုလာတယ် အဲ့တာ ရှေ့အပတ်ကစပြီး သားငယ်ရုံးတက်ဖို့ပြင်ထားနော်”
“ဖေဖေ.....သားအဲ့တာတွေစိတ်မ၀င်စားဖူးလေသားစိတ်၀င်စားတာက-”
“မင်းက ဖေဖေ့ရဲ့တစ်ဦးတည်းသော သားလေဖေဖေ့အလုပ်တွေကို မင်းပဲဆက်ခံရမှာ
ဒါပဲစိတ်၀င်စားရမယ်”
“ဟင့်အင်း သားစိတ်မ၀င်စားဖူး ဖေဖေ့ကိုလည်းဘယ်သူမှ ရုံးခွဲမဖွင့်ခိုင်းဖူး ဖေဖေပဲဖွင့်တာဖေဖေပဲရအောင်လုပ်လေ ”
“ကင်ဆော့ဂျင်! ကိုယ့်အဖေကိုယ် အာခံနေတာလားဟုတ်လား!!”
ဖေဖေ့အသံက အတော်ကျယ်သွားသည်။
ဖေဖေ့ကိုမော်ကြည့်တော့ မျက်၀န်းတွေက ဒေါသရိပ်တွေအပြည့်။ မေမေ့ကိုအားကိုးတကြီး ကြည့်မိတော့မေမေက သူ့ကိုမကြည့်။ ဖေဖေ့ကိုကြည့်ကာ အသံလျှော့ဖို့ သတိပေးနေသည်။
“မင်းက ငါ့သားလေ ငါချပေးတဲ့လမ်းစဉ်အတိုင်းပဲလိုက်ရမယ် စိတ်မ၀င်စားဖူးဆိုတာ အစပိုင်းမို့နောက်ပိုင်းကျ စိတ်၀င်စားသွားမှာ....ငါကမင်းကြီးပွားဖို့ပြောနေတာ!! ငါ့စကားကိုနားထောင်! ရှေ့အပတ်ကစပြီး အလုပ်ဆင်းဖို့ပြင်ထား!”
“ဖေဖေ !! ဖေဖေ ဘာသိလဲ! ကျွန်တော် ဘာစိတ်၀င်စားတယ် ဘာဝါသနာပါတယ်ဆိုတာ ဖေဖေဘာသိလို့လဲ!! ကျွန်တော် ဆေးကျောင်းတက်ချင်လွန်းလို့အမှတ်မှီအောင် နှာခေါင်းသွေးလျှံတဲ့အထိ စာတွေ
ကြိုးစားခဲ့တာ!! ကျွန်တော် ဒီလောက်ကြိုးစားထားတာတွေက ဖေဖေ့ Company သေးသေးလေးမှာအလုပ်၀င်ဖို့မဟုတ်ဖူး !”
‘ဖြောင်း’
ရှိန်းခနဲပူတက်သွားတဲ့ ပါးတစ်ဖက်ဟာ မေမေ့ဆီမှဖြစ်သည်။ ဘယ်ဖက်ပါးပြင်တစ်ခုလုံး ထုံကျင်သွားတဲ့အပြင် စပ်ဖြင်းဖြင်းအရသာ။ ရုတ်တရက်မျက်ရည်စီးကြောင်းဟာ ပူနွေးနေတဲ့ ပါးပြင်ပေါ်ဖြတ်သန်းသွားသည်။
“မေမေ!!”
“ကိုယ့်အဖေကို ပြန်ပြောရလား
ငါနင့်ကိုဘယ်လိုသင်ပေးထားလဲ! အဖေကပြောရင်ဟုတ်ကဲ့ဆိုတာပဲ-”
“သားဖြစ်ချင်တာကို သားပြောပြတာ မှားလားစိတ်မပါတဲ့ဟာကို အတင်းလုပ်ခိုင်းနေတဲ့ မေမေတို့ကမှားလား!”
“ဒီကောင်စုတ်လေး နားထောင်တိုင်းကောင်းတယ်ထင်မနေနဲ့!!”
“မေမေတို့ လွန်ကိုလွန်တယ်!”
“ငါတို့ကနင့်ကို ကောင်းစားအောင် လမ်းကြောင်းပေးနေတာ ဘာတွေအထွန့်တက်ပြီး အဖေကိုများ”
“လက်နဲ့ရေးထားတာကို ခြေနဲ့မဖျက်စမ်းနဲ့
ဆော့ဂျင် ရှေ့အပတ်ရုံးတက်ဖို့သာ ပြင်ထားလိုက်”
အာဏာစက်တွေဟာ အဲ့သည်လို။ တစ်ဦးတည်းသောသားဆိုပြီး နေရာတကာ အလိုလိုက်ခံရမယ်လို့မထင်လိုက်နဲ့။ ချမှတ်ထားတဲ့ ပုံသေနည်းတွေ၊ အမြဲတမ်းကောင်းစားဖို့ဆိုပြီး ခေါင်းစဉ်တပ်ခံရတဲ့ဘ၀
တွေ။ လွယ်ကူနေခဲ့တာမျိုးတော့မဟုတ်ဖူး။
“ဖေဖေ....သား မလုပ်နိုင်ဖူး”
ခေါင်းမာသူဟာ ပါးတစ်ဖက်လုံးပူထူနေတာတောင်ဆက်လက်ခေါင်းမာနေသည်။ မေမေကတော့ သူ့ကိုကြည့်ကာ စိတ်တိုနေသည့်ပုံ။ ဖေဖေကတော့ အကြည့်စူးစူးတွေနဲ့ ။ ဘယ်တော့များ ထသတ်မလဲမသိတဲ့ရန်ပွဲမှာ ကယ်တင်သူလိုအပ်နေပြီ။
“ငါခိုင်းတာမလုပ်နိုင်ရင် မင်းဖြစ်ချင်တာလည်းမလုပ်ရဖူး ”
“ဖေဖေ ! ကျွန်တော် ဖေဖေ့အလုပ်တွေကို စိတ်မ၀င်စားဖူး ။ ကျွန်တော် ဆရာ၀န်ဖြစ်ချင်တယ် ။ ဆေးကုချင်တယ် ဆေးထိုးအပ်တွေပဲကိုင်ချင်တယ်!!”
“မင်း!!!”
ဖေဖေဟာ ထိုးမည့်ဟန်ဖြင့် ဆော့ဂျင်အနားကိုလျင်မြန်စွာ ပြေးလာတော့.......။
“ဘာတွေဖြစ်နေကြတာလဲ”
ကယ်တင်ရှင်အသံလေးဟာ တံခါး၀မှဖြစ်သည်။ဒေါက်ဖိနပ်၀တ်ထားတဲ့ ခြေတံသွယ်သွယ်လေးကတံခါး၀မှတဆင့် ဆော့ဂျင်အနားကို လျင်မြန်စွာလျှောက်လာနေသည်။ ရုတ်တရက် နှာဖျားထဲလီမွန်ရနံ့တွေရသည်။ လိမ္မော်ရောင်တွေ မြင်နေရသည်။
“ဟန်အာလ်ဆူး”
လှည့်ကြည့်လိုက်တော့ မမဟန်။ ခါးအထိရှည်သောဆံပင်ရှည်တွေကို လိမ္မော်ရောင်တွေဆိုးထားသည်။မျက်၀န်းကျဉ်းကျဉ်းလေးတွေက သူ့ကိုစိုးရိမ်စွာကြည့်နေတဲ့အပြင် လက်ထဲချိတ်ထားတဲ့ ပိုက်ဆံအိတ်ကိုမြေပြင်ပေါ်ပစ်ချကာ သူ့ထံပြေးလာနေသည်။
“မမဟန်....”
“ငယ်လေး ဘာဖြစ်တာလဲ ပြစမ်း!”
မမက သူ့မျက်နှာကိုဆွဲယူကာ ကြည့်တော့ နီရဲနေတဲ့ပါးကိုသတိထားမိသွားသည့်ဟန်။ လက်သည်းနီဆိုးထားတဲ့ လက်ချောင်းတွေနဲ့ပါးပြင်ကိုအုပ်မိုးလာသည်။
“ငယ်လေး”
“......”
မမရဲ့ငယ်လေးဟာ တိတ်ဆိတ်နေသည်။ မျက်နှာကိုလည်းအောက်ချထားကာ ဘယ်သူ့ကိုမှမကြည့်။ဖေဖေနဲ့မေမေကတော့ ရုတ်တရက် မမရောက်လာသည့်အပေါ် အမြင်မကြည်ဟန်ရှိနေသည်။
“ဟန်အာလ်ဆူး ဘယ်တုန်းက ရောက်တာလဲ”
“ဦးလေးတို့ ငယ်လေးကို ဘာလုပ်လိုက်တာလဲ!”
“အာလ်ဆူး ညည်းနဲ့မဆိုင်ဖူး ”
“ဆိုင်တယ် ဆိုင်ကိုဆိုင်တယ် သူက ဟန့်မောင်လေးကိုယ့်မောင်ပြဿနာဟာ ကိုယ့်ပြဿနာပဲ အန်တီ”
“မမဟန်....အပေါ်တက်ကြရအောင်”
အခြေအနေတွေ မတင်းမာလာခင် မမကိုခေါ်ကာအပေါ်တက်မှဖြစ်မည်။ မေမေတို့က စိတ်တိုနေတဲ့အချိန်ဆို ဘယ်မျက်နှာမှထောက်သည်မဟုတ်။သားဖြစ်သူအပေါ်တောင် လက်ပါသေးတာ မမကိုလည်း
စိတ်တိုနေလို့ မရိုက်နိုင်ဖူးဟု အာမမခံနိုင်ဖူး။
“လာပါမမရယ် ကျွန်တော် ဘာမှမဖြစ်ပါဖူး
အပေါ်တက်ကြမယ်နော် ”
မမက တက်ချင်သည့်ပုံမပေါ်။ အလည်လာတဲ့ကိစ္စမှာ စိတ်နောက်စရာတွေဖြစ်ရသည်။ ဆော့ဂျင်ကအတင်းလက်ဆွဲခေါ်လို့သာ မလိုက်ချင်လိုက်ချင်နှင့်လိုက်ခဲ့ရသည်။ ဒါတောင် လှေကားပေါ်ကနေပြောဖြစ်အောင်ပြောခဲ့ပါသေးသည်။
“အမြဲတမ်း အေးချမ်းနေတဲ့ကလေးကို
စိတ်ဒုက္ခကိုပေးကြတယ်”
TBC........
စိတျတှကေို လြော့ခခြဲ့ရတယျ။
မညီမြှတဲ့ ခစြျခွငျးမတေ်တာမှာ
“....”
ဘယျလောကျအထိမြား ခစြျခွငျးမတေ်တာရဲ့
ဒုတိယရှေးခယြျမှုတှမှော ဆကျနနေရေအုံးမှာလဲ....။
####
“......”
စိတျဒုက်ခကိုပေးကွတယျ”
TBC........