Ellra
By CSL-Linn
1.5K 129 12
ကျွန်မကိုမုန်းနေတဲ့Ellra(အဲလ်လာ)ကိုမှ ကျွန်မချစ်မိသွားသေးတယ် ကျွန်မEllra(အဲလ်လာ)လက်တွေကိုနောက်တစ်​ ကြိမ်နမ်းရ... More
Ellra(intro)U+Z
Ellra part-1 (U+Z)
Ellra Part-2 (U+Z)
Ellra Part-3 (U+Z)
Ellra Part-4 (U+Z)
Ellra Part-5 (U+Z)
Ellra Part-6 (U+Z)
Ellra Part-7 (U+Z)
Ellra Part-8 (U+Z)
Ellra Part-9 (U+Z)
Ellra Part-10 (U+Z)
Ellra Part-11 (U+Z)
Ellra Part-12 (U+Z)
Ellra Part-14 (U+Z)
Ellra Part-13 (U+Z)
59 5 0
By CSL-Linn
Ellra Part-13 (Unicode)
မြို့ဝင်တံခါးကိုဖြတ်၍နန်းတော်ထဲသို့သွားရန်မြင်းကိုစီးစေလေသည်။
လမ်းတစ်လျှောက်ပြည်သူများကပြုံး၍နှုတ်ဆက်လေသည်။ ဟန်ဘင်မြို့သူမြို့သားများသည်လည်းဤမျှပင်စည်းလုံးကြလေသည်။
နန်းတော်အဝင်ဝသို့ရောက်သောအခါနန်းတော်ထဲကအမျိုးသမီးတစ်ယောက်ထွက်လာသည်။ ထိုအမျိုးသမီးသည်အင်္ကျီအဖြူကိုဝတ်ဆင်ထားသည်။ အကျီအနားတွင်ရွှေရောင်လှိုင်းများကွန့်ဆင့်သည်။
ခန္ဓာကိုယ်တွင်လည်းဇာပုဝါရှည်ကိုခြုံလွှားထာသည်။
ထိုအမျိုးသမီး၏မျက်လုံးတွေသည်အများနှင့်မတူစိမ်းညှို့ရောင်ရှိသည်။ အသားအရေမှာဖြူဝင်းလှသည်။ လည်ပင်းတွင်လည်းရိုးရှင်းပြီးမတိိုမရှည်ရှိသောရွှေရောင်လည်စွဲကိုဝတ်ဆင်ထားသည်။
ထိုလည်စွဲ၏လော့ကပ်မှာဒီမြို့တွင်တစ်ခါမှမမြင်ဖူးချေ။အလွှာတွေအများကြီးထပ်နေတဲ့ကြာဖူးသဏ္ဍာန်လော့ကပ်သည်အမြင်ရိုးပေမယ့်လျှို့ဝှက်ပစ္စည်းအဖြစ်လည်းသုံးလို့ရသေး၏။ဂုဏ်အဆင်းကိုဖော်ပြဖို့လည်းသုံးလို့ရသည်။ ထိုအမျိုးသမီးသည်ဟန်ဘင်မြို့က တိုင်းတစ်ပါးအနွယ်အဝင်ဂရိလူမျိုးတွေရဲ့မင်းသမီး ဖိမုရားကြီးလီယာရစ်ဖြစ်သည်။
မိဖုရားကြီးလီယာရစ်အလှသည်လူအများကြားတွင်ပုန်းလျှိုသွားခြင်းမရှိပေ။
မိဖုရားကြီးလီယာရစ်သည်သတင်းကြားပုံရသည်နှင့်တူသည်။ လူကိုယ်တိုင်ထွက်၍ကြိုဆိုလေသည်။
အဲလ်လာသည်မြင်းပေါ်ကစင်း၍မိဖုရားကြီး
လီယာရစ်ကို ဂါရဝပြုလေသည်။
''ဂါရဝါပြုပါတယ်မိဖုရားကြီး''
မိဖုရားကြီးလီယာရစ်ကအားနာနေဟန်တူသည်။ သူမကတိုင်းတစ်ပါးကသူဖြစ်ပေ
မယ့်စိတ်ထားကောင်းသောသူဖြစ်၏။ ပြည်သူပြည်သားများသည်လည်းအရှင်မင်းကြီးနှင့်နည်းတူမိဖုရားကြီးကိုလည်းချစ်ခင်လေးစားကြသည်။
မိဖုရားကြီးလီယာရစ်ဘေးတွင်ရပ်နေအစေခံမာလိသည်မိဖုရားကြီးနှင့်နည်းတူဂရိလူမျိုး​ဖြစ်ပေသည်။ မာလိသည်မိဖုရားကြီးရဲ့
​ငယ်စဥ်ကတည်းကကြည့်ရှုစောင့်မပေးခဲ့သောသူဖြစ်သည်။ မာလီသည်အဲလ်လာကိုလည်းအလွန်ချစ်ခင်သည်။
''မာလိမင်းသမီးကိုအနားယူဖို့ခေါ်သွားလိုက်တော့''
''ဟုတ်ကဲ့ပါမိဖုရားကြီး''
မာလိလက်ထဲမှာလည်းသော့တွဲကိုကိုင်ထား၏။ မိဖုရားအမိန့်အတိုင်းအဲလ်လာသည်မာလိနဲ့အတူလိုက်သွားလေသည်။
''မင်းသမီးလေးမာလိအရမ်းလွမ်းနေတာ''
''မင်းသမီးလေးကဟိုနိုင်ငံမှာပျော်နေပြီးသတိမရတာမလား''
''မဟုတ်ရပါဘူးမာလိရယ်''
သော့ခတ်ထားသောအခန်းကိုမာလိကဖွင့်ပေးလေသည်။
ထိုအခန်းသည်အပြင်ဆင်အားဖြင့်အရမ်းကိုတင်တည့်သည်။ အခန်းတွင်ဆင်မြန်းထားသောပစ္စည်းများသည် အနက်ရောင် ရှိပြီး
ကတီပါမွေ့ယာကြီးကခမ်းနားစွာရှိနေရဲ့။
ကုတင်ရဲ့ခေါင်းရင်းနံရံတွင် ပန်းချီကား
တချပ်ရှိပေသည်။ ထိုပန်းချီကားသည်ဂရိနိုင်ငံရဲ့ဘုရင်ကြီးအရီဗန်လက်ဆောင်ပေးခဲ့သောပန်းချီကားဖြစ်သည်။
ပန်းချီကား၏ပုံပန်းသဏ္ဍာန်မှာသာမန်ကြည့်ရင်ရိုးရိုးရေပြာအိုင်နှင့်တူသည်အနုစိတ်ကြည့်ရင်မြေပုံသင်္ကေများကိုဓားတစ်လက်ကဝှေ့ယမ်းထားပုံပေါ့သည်။အဲလ်လာကတော့ဒီပန်းချီကားကိုအရမ်းနှစ်သက်ပေသည်။
''မင်းသမီးရဲ့အခန်းပါအဆင်ပြေရဲ့လားရှင့်''
''အဆင်ပြေတာပေါ့''
''အဆင်ပြေမှပဲရမယ်နော်ကျွန်တော်မျိုးမမင်းသမီးကိုလွမ်းလို့နေ့တိုင်းအခန်းသန့်ရှင်းရေးလုပ်ပေးထားတာနော်''
မာလိသည်အဲလ်လာရဲ့အပြုံးကိုမတွေ့ရမချင်းစကားတွေပြောဆိုတတ်သည်။ အဲလ်လာရဲ့ပါးပေါ်ကအပြုံးကိုမြင်မှသူခမျှစိတ်အေးရသည်။
''ကျေးဇူးပါမာလိ''
''မင်းသမီးလေးကောင်းကောင်းနားပါနော်''
''ရေချိုးဖို့သွားပြင်ဆင်ထားလိုက်ပါမယ်နော်''
မာလိသည်အဲလ်လာကိုအခန်းထဲတွင်ထားနှင့်၍ထွက်သွားလေသည်။
''မင်းသမီး....'''
''မင်းသမီး.....''
ခရီးပန်းသဖြင့်ခေတ္တလောက်အိပ်ပျော်သွားသောကြောင့် မာလိအော်ခေါ်နေခြင်းပင်မကြားနိုင်ပေ။
အင်္ကျီပင်မလဲနိုင်အိပ်ပျော်သွားသောအဲလ်လာတစ်ယောက်တော့အိပ်ယာကနေအတင်းထ၍တံခါးကိုဖွင့်ပေးလိုက်လေသည်။
''မင်းသမီးရေကျွန်တော်မျိုးမခေါ်နေတာကြာပြီ''
''အာ..''
''ရေချိုးဖို့အဆင်သင့်ပြင်ပြီးပါပြီမင်းသမီး''
''ဟုတ်ပြီ''
မာလိခေါ်ရာနောက်မလိုက်ချင်လိုက်ချင်ဖြင့်အဲလ်လာတစ်ယောက်လိုက်သွားရလေသည်။
မာလိသည်ရေချိုးခန်းတံခါးကိုဖွင့်လိုက်လေသည်။ တံခါးစဖွင့်ဖွင့်ချင်းမြင်ရမယ့်အရာကတော့ကြီးကျယ်ခန်းနာလာတဲ့ရေချိုးကန်ကြီးဖြစ်သည်။ ဘေးပတ်လည်တွင်ရွှေဘောင်များဖြင့်လည်းပြုလုပ်ထားသေးသည်။ ရေချိုးကန်သည်အလွန်ပင်ကျယ်သည်။ ထိုရေချိုးကန်ရဲ့အမည်မှာ မန်ကီဖြစ်သည်။ မန်ကီလိုအမည်ရတဲ့ရေချိုးကန်သည်အဲလ်လာတစ်ဦးတည်းသာပိုင်သောကန်ဖြစ်သည်။
''မင်းသမီးလေးဝတ်ရုံတော်ကိုချွတ်တော်မူပါ''
''မာလိသွားလို့ရပါပြီ''
''ဟုတ်ကဲ့ပါမင်းသမီးလေး''
မာလိထွက်သွားနှင့်ပြီးမှတံခါးကိုသေချာပိတ်၍ဝတ်ရုံတော်ကိုချွတ်ချလိုက်သည်။
ဖြူဖွေးသောအသားရည်နက်မောင်သောဆံနွယ်မဲနက်သောမျက်ဝန်းတို့ကအပြစ်ပြောဆိုဖွယ်မရှိသိပ်၍ပင်လှလေသည်။
ဘယ်ဘက်ပုခုံးတန်းမှာလည်းမှဲ့နက်ကလေးများကရေစက်ပုံသဏ္ဍာန်ညီစွာတန်းလျက်ရှိနေလေသည်။
ခြေဖမို့များကလည်းနီးမြန်းနေပြီးခြေချောင်းလေးတွေကလည်းသွယ်လျကျကာလှနေလေသည်။
ရေကန်ထဲသို့ပင်ဆင်းလိုက်လေသည်။
ပင်ပန်းစေခြင်းငြားဖြေဖျောက်ရန်အတွက်
ရေပူရေအေးစပ်ထားသောနှင်းဆီရေကန်
ထဲတွင်စိမ်၍တစ်နေ့တာပင်ပန်းခဲ့သမျှစိတ်ကိုအမောဖြေလေသည်။
ရေချိုးကန်ထဲတွင်ပါဝင်သည့်
ပျားရည်၊ လာဗန်ဒါ ၊ rosemary ၊ ထင်းရှူးဆီ၊ ပူဒီနာ၊ ဆားခါး၊ ထိုအမွေးနံသာပစ္စည်းများသည်ဂရိနိုင်ငံကရထားသောပစ္စည်းများပင်ဖြစ်သည်။
ရေများကိုမျက်နှာပေါ်သို့ပက်လိုက်သည်။
စိုရွဲနေသောဆံနွယ်များကလည်းရေထဲတွင်လုံးထွေးနေသည်။
ရေချိုးကန်ထဲတွင်မှီ၍ထိုင်ကာတစ်ခုခုကို
စဥ်းစားနေမိသည်။ မျက်ဝန်းများကလည်းရေကန်ထဲကရေကိုကြည့်၍နေလေသည်။
ပြာလဲ့နေသောရေကိုမြင်ရင်အဲလ်လာသည်အကျင့်တစ်ခုပမာရွှတ်ဆိုတတ်လာလေသည်။
''ရေအိုင်သေးသေးလေး''
ထိုမိန်းကလေးအကြောင်းနေ့တိုင်းတွေးမိနေသည်မှာလည်းကိုယ့်ဟာကိုပင်မယုံနိုင်ပေ။ ထိုအမျိုးသမီးရဲ့မျက်ဝန်းများကိုလည်း
သူ့မှတ်ဉာဏ်ထဲတွင် စွဲထင်နေသည်မှာအံဩစရာပင်ဖြစ်နေလေသည်။
လုံလုံလောက်လောက်အမောဖြေပြီးသောအခါရေချိုးကန်ထဲမှထ၍ စိုရွဲနေသောဆံနွယ်များကိုတဘက်ဖြင့်သေချာသုပ်နေလေသည်။
လည်ပိတ်ဖြစ်တဲ့အညိုရောင်ရှိသောဂါဝန်အရှည်ကိုဝတ်ဆင်လိုက်ပြီးခါးစီးကြိုးကိုတင်းနေအောင်စီးလိုက်သည်။
ဂါဝန်အောက်အနားစတွင်လက်မူပန်းများထိုးထားသည်မှာကြည့်သူ့အဖို့မြင်ကောင်းလှသည်။
ရိုးရှင်းသောပုံစံများကိုအဲလ်လာနှစ်သက်သည်။
ဆံနွယ်များကိုမရှုပ်စေလိုခြင်းငြားသပ်ရပ်စွာထုံးဖွဲ့ထားသည်။ ငန်းပုံသဏ္ဍာန်ရှိသောဆံထိုးကိုဆံနွယ်ကြားတွင်သေသေသပ်သပ်ပန်ဆင်ထားလေသည်။
အမြင်ပင်ရှင်းလှအောင်ကျက်သရေရှိလှသည်။
အဲလ်လာတံခါးအဖွင့် မာလိကိုတွေ့ရလေသည်။ မာလိသည်ထိုတံခါးဝတွင်တချိန်လုံးစောင့်နေဟန်တူသည်။
''မင်းသမီးလေးလှလိုက်တာ''
''မာလိထိုးပေးထားတဲ့ဟာလေ''
''ဒါကြောင့်လှနေတာကို''
''အရှင်ဦးရီးတော်ဆီသွားရအောင်''
''မင်းသမီးမနက်စာအရင်စားပါအုံး''
လမ်းတစ်လျှောက်ဘာမှပင်မစားလာရသောအဲလ်လာသည် မာလိ၏စကားကိုငြင်းပယ်နိုင်စွမ်းမရှိပေ။
မာလိခေါ်ရာနောက်သို့အဲလ်လာထပ်ပါသွားပြန်သည်။ မုန့်စားဆောင်သို့ရောက်သောအခါ အဲလ်လာထိသူထိုင်နေကျနေရာတွင်ဝင်ထိုင်လိုက်လေသည်။
မာလိသည်အဲလ်လာအတွက်မနက်စာကို သောက်စရာတစ်ခုရယ် အာဟာရရှိသောအစားစားရယ်ယူလာပေးလေသည်။
မာလိသည်အဲလ်လာထိုင်နေရာစားပွဲခုန်ပေါ်သို့နွားနို့ နှင့် အသားညှပ်ပေါင်မုန့်ရယ် Chee cakeရယ်ချပေးလေသည်။
အဲလ်လာတစ်ယောက်မျက်မှောင်ကြုတ်၍
မာလိကိုမော့ကြည့်လေသည်။
''မာလိငါကနွားနို့မကြိုက်ဘူးလေ''
''ကော်ဖီပဲလုပ်''
''မင်းသမီးကော်ဖီမသောက်ရပါဘူးမင်းသမီးရဲ့ကုန်ခမ်းနေတဲ့အားအင်တွေကိုအဲ့နွားနို့ကအားဖြည်​ပေးမှာလေ''
''ငါအဆင်ပြေတယ်ကော်ဖီပဲပေး''
''မင်းသမီးအဆင်ပြေပေမယ့်ကျွန်တော်မျိုးမမပြေဘူးလေ''
မပြောနိုင်တဲ့အဆုံးအဲလ်လာပဲလက်လျော့ခဲ့ရပြန်တယ်။
နွားနို့ကိုမော့သောက်ပြီး ခရင်းနှင့်အသားတွေကိုပါးပါးလီးပြီးစားနေလေရဲ့။
အသားမှာငရုတ်ကောင်းထည့်ထားလို့အနံလည်းမွှေးသည့်အပြင်အဲလ်လာအကြိုက်လည်းဖြစ်ပြန်တယ်။
Breakfastစားပြီးတော့ဘုရင်ကြီးလူးဝစ်စ်ဆီကိုမာလိနှင့်အတူသွား၍တွေ့မည်ဖြစ်သည်။
''မာလိ''
''ဟုတ်မင်းသမီး''
''ဟိုဘက်အဆောင်သွားရမှာဆိုတော့နေပူမှာမင်းသမီးရဲ့မာလိထီးလေးသွားယူလိုက်အုံးမယ်နော်''
တံခါးအပေါက်အဝမှာမာလိကိုအဲလ်လာ
စောင့်နေလေသည်။
ထီးယူပြီးပြန်လာသောမာလိနှင့်အတူတူဘုရင်ကြီးဆီသွားရောက်တွေ့ဆုံမည်ဖြစ်သည်။
ဘုရင်ကြီးသည်အိပ်ယာပေါ်တွင်နာမကြန်းသဖြင့်လဲနေလေ၏။ ဘုရင်ကြီးဘေးတွင်သူ၏မိဖုရားလိယာရစ်ပါရှိသည်။
''ဦးရီးတော်ကိုဂါရဝါပြုပါတယ်''
''အဟွတ်အဟွတ်.....''
''အဲလ်လာ''
''ဒီနားလာပါအုံး''
မိဖုရာကြီးသည်အလိုက်သိသူပီပီအခန်းထဲကထွက်သွားလေသည်။ မာလိကိုပါတစ်ပါးတည်းခေါ်ဆောင်သွားလေသည်။
ဘုရင်ကြီးသည်အဲလ်လာရဲ့လက်တွေကိုဆုပ်ကိုင်၍ပြောလေသည်။
''အရမ်းပိန်သွားတယ်နော်နေမှကောင်းရဲ့လားအဲလ်လာ''
''လမ်းခရီးကြမ်းကိုဖြတ်ခိုင်းခဲ့မိလို့တောင်းပန်ပါတယ်နော်''
အဲလ်လာသည်သူ၏ဦးရီးတော်ကိုအလွန်ပင်ချစ်ခင်ရိုသေပေသည်။ သူ၏ဦးရီးတော်လုပ်သမျှအရာရာတိုင်းကိုသူမမြတ်နိုးသည်။
ဗွေပင်မယူနိုင်ပါ။
''ရပါတယ်ဦးရီးတော်ရယ်နေသာကောင်းအောင်နေနော်''
ဘုရင်ကြီးလူးဝစ်စ်သည်အချိန်တစ်ခါကစစ်တိုက်ရာတွင်ကျောပြင်ကိုဓားကနက်ရှိုင်းစွာဝင်ရောက်ထားလို့ဆောင်းတွင်းရောက်တိုင်းထိုအနာရှိန်သည်ပြန်၍ပင်ထပြန်သည်။
''အဲလ်လာ''
''အဲလ်လာကြံခိုင်ရမယ်နော်ဟန်ဘင်မြို့ကသမီးလက်ထဲမှာနော်''
''သမီးပေါ်မူတည်တယ်နော်''
ဘုရင်ဦးရီးတော်ဆီကစစ်အကြံပေးများကိုလည်းသေချာမှတ်သားထားလေသည်။
ဘုရင်ကြီးနားချိန်ဖြစ်၍အဲလ်လာပြန်၍လာခဲ့သည်။
ဟူး.....ဟူး....
နေမင်းကြီးကိုမော့ကြည့်၍ထိုသို့ဆိုလေသည်။ နေမင်းကြီးရဲ့အကူအညီပေးမှုကိုလည်းမမက်မောပါဘူး။ ဟန်ဘင်မြို့ကျိန်းသေပေါက်နိုင်ပါစေလို့ပဲဆုတောင်းပါရစေ။
ဟန်ဘင်မြို့သူ​မြို့သားများသည်နေမင်းကြီး
ကိုယုံကြည်ကိုးကွယ်အားထားကြသူများဖြစ်သည်။
ထိုနေမင်းရှိသောကြောင့် အလင်းရောင်ရရှိပြီးဘဝရဲ့ရှေ့လှမ်းတွေကို မြင်နိုင်တာဆိုပြီးနေမင်းကြီးကိုကျေးဇူးတင်ကြလေသည်။.....
Linn
20.4.2023
Ellra Part-13 (Zawjy)
''မဟုတ်ရပါဘူးမာလိရယ်''
''အဆင်ပြေတာပေါ့''
''ကျေးဇူးပါမာလိ''
''မင်းသမီး....'''
''မင်းသမီး.....''
''မင်းသမီရေကျွန်တော်မျိုးမခေါ်နေတာကြာပြီ''
''အာ..''
''ဟုတ်ပြီ''
''မာလိသွားလို့ရပါပြီ''
''ရေအိုင်သေးသေးလေး''
''ဒါကြောင့်လှနေတာကို''
''ကော်ဖီပဲလုပ်''
''မာလိ''
''ဟုတ်မင်းသမီး''
စောင့်နေလေသည်။
''အဟွတ်အဟွတ်.....''
''အဲလ်လာ''
''ဒီနားလာပါအုံး''
ဗွေပင်မယူနိုင်ပါ။
''အဲလ်လာ''
ဟူး.....ဟူး....
Linn
20.4.2023
Continue Reading
You'll Also Like
681K 36K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
4.3M 270K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.9M 78.8K 24
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...