Ellra Part-13 (U+Z)

56 5 0
                                    

Ellra Part-13 (Unicode)

မြို့ဝင်တံခါးကိုဖြတ်၍နန်းတော်ထဲသို့သွားရန်မြင်းကိုစီးစေလေသည်။

လမ်းတစ်လျှောက်ပြည်သူများကပြုံး၍နှုတ်ဆက်လေသည်။ ဟန်ဘင်မြို့သူမြို့သားများသည်လည်းဤမျှပင်စည်းလုံးကြလေသည်။

နန်းတော်အဝင်ဝသို့ရောက်သောအခါနန်းတော်ထဲကအမျိုးသမီးတစ်ယောက်ထွက်လာသည်။ ထိုအမျိုးသမီးသည်အင်္ကျီအဖြူကိုဝတ်ဆင်ထားသည်။ အကျီအနားတွင်ရွှေရောင်လှိုင်းများကွန့်ဆင့်သည်။
ခန္ဓာကိုယ်တွင်လည်းဇာပုဝါရှည်ကိုခြုံလွှားထာသည်။

ထိုအမျိုးသမီး၏မျက်လုံးတွေသည်အများနှင့်မတူစိမ်းညှို့ရောင်ရှိသည်။ အသားအရေမှာဖြူဝင်းလှသည်။ လည်ပင်းတွင်လည်းရိုးရှင်းပြီးမတိိုမရှည်ရှိသောရွှေရောင်လည်စွဲကိုဝတ်ဆင်ထားသည်။
ထိုလည်စွဲ၏လော့ကပ်မှာဒီမြို့တွင်တစ်ခါမှမမြင်ဖူးချေ။အလွှာတွေအများကြီးထပ်နေတဲ့ကြာဖူးသဏ္ဍာန်လော့ကပ်သည်အမြင်ရိုးပေမယ့်လျှို့ဝှက်ပစ္စည်းအဖြစ်လည်းသုံးလို့ရသေး၏။ဂုဏ်အဆင်းကိုဖော်ပြဖို့လည်းသုံးလို့ရသည်။ ထိုအမျိုးသမီးသည်ဟန်ဘင်မြို့က တိုင်းတစ်ပါးအနွယ်အဝင်ဂရိလူမျိုးတွေရဲ့မင်းသမီး ဖိမုရားကြီးလီယာရစ်ဖြစ်သည်။
မိဖုရားကြီးလီယာရစ်အလှသည်လူအများကြားတွင်ပုန်းလျှိုသွားခြင်းမရှိပေ။

မိဖုရားကြီးလီယာရစ်သည်သတင်းကြားပုံရသည်နှင့်တူသည်။ လူကိုယ်တိုင်ထွက်၍ကြိုဆိုလေသည်။

အဲလ်လာသည်မြင်းပေါ်ကစင်း၍မိဖုရားကြီး
လီယာရစ်ကို ဂါရဝပြုလေသည်။

''ဂါရဝါပြုပါတယ်မိဖုရားကြီး''

မိဖုရားကြီးလီယာရစ်ကအားနာနေဟန်တူသည်။ သူမကတိုင်းတစ်ပါးကသူဖြစ်ပေ
မယ့်စိတ်ထားကောင်းသောသူဖြစ်၏။ ပြည်သူပြည်သားများသည်လည်းအရှင်မင်းကြီးနှင့်နည်းတူမိဖုရားကြီးကိုလည်းချစ်ခင်လေးစားကြသည်။

မိဖုရားကြီးလီယာရစ်ဘေးတွင်ရပ်နေအစေခံမာလိသည်မိဖုရားကြီးနှင့်နည်းတူဂရိလူမျိုး​ဖြစ်ပေသည်။ မာလိသည်မိဖုရားကြီးရဲ့
​ငယ်စဥ်ကတည်းကကြည့်ရှုစောင့်မပေးခဲ့သောသူဖြစ်သည်။ မာလီသည်အဲလ်လာကိုလည်းအလွန်ချစ်ခင်သည်။

EllraМесто, где живут истории. Откройте их для себя