ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

LuciousKim tarafından

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 Daha Fazla

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (77)

2.5K 366 6
LuciousKim tarafından

Unicode

ချန်ဖေးဇာတ်လမ်းကို ညနေ (8)နာရီမှာ စတင်ထုတ်လွှင််ခဲ့တယ်။ လုယွင်ချန်းရဲ့ပရိသတ်တွေကတော့ (7)နာရီလောက်ကတည်းက TVရှေ့မှာထိုင်ပြီး ရှန်ယန်းကိုပံ့ပိုးပေးနေခဲ့ကြပြီး ရှန်ယန်းရဲ့ပရိသတ်တွေကလည်း အားလျော့ခြင်းမရှိလေဘူး။ ဒီတော့ ချန်ဖေးရဲ့ ထုတ်လွှင့်ပြသမှုကိုကြည့်ရှုရာနေရာမှာ မှတ်ချက်တွေအများကြီးနဲ့ စည်ကားနေခဲ့တယ်။ ဒါပေမယ့် black fanတွေကလည်း ရှိနေတုန်းပဲ။

[အား အား အား အား ငါတော့ ရှန်ယန်းရဲ့ အွန်လိုင်းဒရမ်မာကို စောင့်မျှော်နေပြီ]

ဘာမှမသိဘဲဝင်ရောက်လာတဲ့လူတွေကတော့ ရှန်ယန်းကို နံပါတ်တစ် အမျိုးသမီးဇာတ်လိုက်လို့တောင် ထင်နေကြတယ်။

ရှန်ယန်းက အမျိုးသမီးဇာတ်လိုက်ဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့က ဒီအွန်လိုင်းဒရာမာကိုတော့ ကြည့်ရှုနေကြဦးမှာပဲလေ။

[ အိုင်းယား လုယွင်ချန်းက ရှန်ယန်းနဲ့ပူးပေါင်းလိုက်ပြီး ကော်ဖီနေရာနားလောက်ထိကို အဆင့်တွေလျှော့ချထားတာပဲ ..ရှန်ယန်းက အွန်လိုင်းဒရာမာထဲမှာတောင် ဇာတ်လိုက်မအဖြစ် မရိုက်ကူးနိုင်သေးဘူးလေ]

(T/n_ coffee position ဆိုတာက အင်တာတိန်းမန့်လောကထဲက အဆင့်နိမ့်နဲ့နေရာကိုပြောချင်တာပါ အဆင့်ဆယ့်ရှစ်လောက်နီးနီးဖြစ်မယ်ထင်တယ်)

[အွန်လိုင်းဒရာမာက ဘာတွေများဖြစ်နေလို့လဲ]

[ဇာတ်ကားနမူနာကိုကြည့်ရတာ ကောင်းမယ်လို့တော့မထင်ဘူး ဒါပေမယ့် ဘယ်လောက်တောင် ဆိုးရွားနေမလဲဆိုတာသိရအောင် စောင့်ကြည့်ဦးမယ်]

အနုပညာလောကထဲက လူအများစုကတော့ ရှန်ယန်းကို ဒီအွန်လိုင်းဒရာမာမရိုက်ကူးလိုက်သင့်ဘူးလို့တွေးတောနေကြတယ်။ မဟုတ်ရင် တစ်ချိန်ချိန်မှာ ဒီကိစ္စက ရှန်ယန်းကို ခေါင်းစဥ်တပ်လာစရာ ကိစ္စတစ်ခုအဖြစ် ရှိလာနိုင်တယ်လေ။

ချန်ဖေး ထုတ်လွှင့်မပြသမီ ဆယ်မိနစ်အလိုမှာတော့ လုယွင်ချန်းက ချန်ဖေးဒရာမာရဲ့ ဝေ့ပေါ်စာမျက်နှာကို သူ့ရဲ့အကောင့်ထဲမှာ မျှဝေလိုက်တော့တယ်။ ဒါက အင်တာနက်အသုံးပြုသူတွေကို အတော်ကြီးအံ့အားသင့်စေတယ်လေ။ လုယွင်ချန်းရဲ့ပရိသတ်တွေကတော့ ချက်ချင်းဆိုသလို ချန်ဖေးအွန်လိုင်းဒရာမာကို ထောက်ခံပေးလာကြတယ်။

ထုတ်လွှင့်မပြသခင် ငါးမိနစ်အလိုကိုရောက်တော့ ရှန်ယန်းနှင့် အဖွဲ့က စားပွဲပေါ်မှာ လက်တော့ကွန်ပြူတာကိုဖွင့်ကာ ဟော့ပေါ့ကိုစတင် အရသာခံနေကြပြီး စတင်ထုတ်လွှင့်လာမှာကို စောင့်ဆိုင်းနေကြပြီဖြစ်တယ်။

မုမိသားစု။

လီဆွေ့ယွီက အန်တီချင်ကို ခြံဝန်းထဲသို့ ဆွဲခေါ်လိုက်ပြီး နှစ်ယောက်သားကျောက်စားပွဲပေါ်တွင် ထိုင်နေကာ အသီးအနှံတွေကိုစားရင်း ချန်ဖေးပြသလာမှာကို စောင့်နေလေတယ်။

လီဆွေ့ယွီ: "အန်တီချင် ဒီနေ့တော့ ဘာတစ်ခုမှ မပြောနဲ့..  ဒီဇာတ်ကားရဲ့ လူစာရင်းနဲ့ဆို သူတိုးလို့တောင်ပေါက်နိုင်မှာမဟုတ်ဘူး"

အန်တီချင်ကတော့ ပါးစပ်ကိုပိတ်ကာ တိတ်တိတ်လေးပဲဆက်နေရှာတယ်။

လီဆွေ့ယွီကတော့ အန်တီချင်က သူမကိုအနှောက်အယှက်မပေးတော့တဲ့အတွက် အလွန်အမင်းပျော်ရွှင်ခဲ့တယ်။

အန်တီချင်က ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြန်ပြောလိုက်တယ်။

“ဒရာမာတွေကိုကြည့်တာက စွဲလမ်းစေတယ်နော်”

ဟားဟားဟားဟား.. ဒရာမာတွေက စွဲလမ်းနိုင်တယ်ပေါ့။
အန်တီချင်က စကားကို ဘယ်လိုပြောရမှန်းကို တကယ့်ကိုမသိတာအမှန်ပဲ။ သူမ(လီဆွေ့ယွီ)ကတော့ ဒရာမာတွေကြည့်ရတာကိုသဘောကျနေတယ်ဆိုတာထက် ရှန်ယန်းပါဝင်တဲ့ ​​အွန်လိုင်းဒရာမာကြည့်ဖိုကို ပိုပြီးစွဲလမ်းနေတာပါပဲ။ သူမက ရှန်ယန်းကိုဆဲဆိုကြိမ်းမောင်းပြီးအပြစ်ပြောကြတဲ့ မှတ်ချက်တွေကိုကြည့်ချင်နေတာလေ။

လုယွင်ချန်းရဲ့ပရိသတ်တွေက ရှန်ယန်းဘက်မှ ကူညီပေးနေကြပေမယ့် ရှန်ယန်းကိုမကောင်းပြောတဲ့လူတွေကတော့ အများကြီးရှိနေတုန်းပဲ။

မိနစ်အနည်းငယ်ကြာပြီးချိန်မှာတော့ ချန်ဖေးကို ထုတ်လွှင့်ပြသလာခဲ့ပြီ။

ဝမ်ဖန်းရဲ့ယူဆချက်အရ ချန်ဖေးက အွန်လိုင်းဒရာမာတစ်ခုဖြစ်တာကြောင့်အောင်မြင်ကျော်ကြားမှုအများအပြားကို သယ်ဆောင်လာနိုင်မှာမဟုတ်ဘူး။သို့ပေမယ့် မတိုင်ခင်တုန်းက ကျိုးရိုနဲ့အလောင်းအစားတွေမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ရှန်ယန်းကိုချီးမွန်းနေတုန်းပဲ။

"ဒီအွန်လိုင်းဒရာမာက လူကြိုက်များနိုင်မှာဆိုပေမယ့် ရှန်ယန်းရဲ့အခန်းက ဒီနေ့မပါသေးဘူးပဲ"

"ဟားဟားဟား.. ဇာတ်ဝင်ခန်းတွေအကုန်လုံးက ကောင်းသားပဲ"

"ဒီအွန်လိုင်းဒရာမာက တော်တော်လေးကောင်းတယ်နော်"

အပိုင်းသုံးပိုင်းကို ဆက်တိုက်ကြည့်ရှုပြီးနောက်မှာတော့ ဝမ်ဖန်းရဲ့မျက်လုံးတွေက တဖြေးဖြေးပြူးကျယ်လာပြီး အံ့သြတကြီးမေးလာတော့တယ်

“ဒီအွန်လိုင်းဒရာမာက ဘယ်လိုလုပ်ပြီးဒီလောက်တောင်ကြည့်ကောင်းနိုင်ရတာလဲ”

အခန်းဆက်သုံးခုကို ဆက်တိုက်ကြည့်နေခဲ့တဲ့ကျန်းရုံကတော့ ဘာကိုမှသတိမပြုမိရှာပဲ ရှန်ယန်းကိုအဖော်ပြုကာဟော့ပေါ့ကို အရသာရှိရှိစားနေတုန်းပဲ။

ကျိုးရိုကတော့ ထိုဇာတ်လမ်းအပိုင်းသုံးပိုင်းကို ဆက်တိုက်ကြည့်ရှုပြီး ရှန်ယန်းရဲ့ သရုပ်ဆောင်စွမ်းရည်မြင့်မားမှုတွေကိုစိုက်ကြည့်နေခဲ့တယ်။ ရှန်ယန်းက လက်ရှိမှာ ရိုက်ကူးရေးမရှိသေးပေမယ့်လည်း ဒီအွန်လိုင်းဒရာမာက သူမကို နာမည်ကြီးလာစေလိမ့်မယ်လို့ တွေးတောနေခဲ့တယ်။

ချန်ဖေးအွန်လိုင်းဒရာမာထဲမှာ လက်ရှိနာမည်အကျော်ကြားဆုံးက ရှန်ယန်းပဲ။ ဒီတော့ ကျိုးရိုက ရှန်ယန်းရဲ့ကာရိုက်တာဖြစ်တဲ့ လန်ဖေးကို ရှာဖွေမှုအမြင့်ဆုံးနေရာရောက်အောင် ဝယ်ယူလိုက်တယ်။

ရှန်ယန်းရဲ့အတိတ်ဘဝတုန်းက ဒီအွန်လိုင်းဒရာမာဟာ အလွန်အမင်းအောင်မြင်ကျော်ကြားခဲ့တယ်။ ဒီတော့ ရှန်ယန်းအနေနဲ့ ဒီဒရာမာအောင်မြင်မယ်ဆိုတာကိုကြိုသိထားတဲ့အတွက် သိပ်ပြီးတော့ စိတ်မလှုပ်ရှားနေခဲ့ဘူး။ ဒါပေမယ့် သူမအနေနဲ့ ချန်ဖေးဇာတ်လမ်းထဲက  သူမရဲ့ကာရိုက်တာက နာမည်ပြီးလာနိုင်မလားဆိုတာကိုတော့ မသိထားဘူးလေ။  သူမ သိထားတာက ထိုနေရာကိုရရှိခဲ့မယ်ဆိုရင် ထောက်ခံချက်ငွေကြေးတွေက ပိုပြီးမြင့်မြင့်ရလိမ့်မယ်ဆိုတာကိုပဲ။

ဒီအခိုက်အတန််မှာ ချန်ေဖးရိုက်ကူးရေးအဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာကတော့ရူးသွပ်လုနီးပါဖြစ်နေပြီ။ ရှန်ယန်းက္ ချန်ဖေးမှာရင်းနီးမြှပ်နှံခဲ့ကြောင်းကြားသိခဲ့ရတဲ့အတွက် သူလည်းလိုက်ပါလုပ်ဆောင်ခဲ့တယ်လေ။  ကြည့်ရတာ သူတော့ ကံကောင်းထောက်မစွာနဲ့ ငွေရှာနိုင်ခဲ့တဲ့ပုံပဲ။

တစ်ချိန်တည်းမှာပဲ မုမိသားစုနှင့်လီဆွေ့ယွီတို့က  ဒရာမာကို စိတ်ဝင်စားစွာကြည့်နေခဲ့ကြတယ်။ ရှန်ယန်းဆိုတာကဘယ်သူလဲ? ရှန်ယန်းအကြောင်းက ဘာစိတ်ဝင်စားစရာရှိလို့လဲ။ ဒီဒရာမာက အရမ်းကိုစိတ်ဝင်စားစရာကောင်းနေတာလို့!

ဇာတ်လမ်းတစ်ခုလုံးမှာ အများစုက လူသစ်သရုပ်ဆောင်တွေကိုထည့်သွင်းထားတာဖြစ်ပြီး လူကြိုက်အများဆုံးမှာ တစ်ခြားသောဇာတ်လမ်းတွေမှာမတွေ့မြင်ဖူးသေးတဲ့ ရှန်ယန်းပဲဖြစ်လေတယ်။ ဒီဒရာမာကတော့ အရမ်းကိုနာမည်ကြီးနေခဲ့ပြီ။

အန်တီချင်က မတ်တပ်ထရပ်လိုက်တယ်။
"ဒရာမာတွေကြည့်တာက စွဲလမ်းစေတယ်လို့ ကျွန်မပြောခဲ့သားပဲ"

လီဆွေ့ယွီ:"....."

လီဆွေ့ယွီ:" "ကျွန်မက ဒရာမာကို စိတ်မဝင်စားပါဘူး ရှန်ယန်းအကြောင်း မကျေနပ်တဲ့စကားတွေကိုသိချင်လို့သာန ကြည့်နေရတာ ​​ရှန်ယန်းက ဒီဒရာမာထဲမှ အမုန်းခံရတဲ့သူတစ်ယောက် ဖြစ်နေလိမ့်မယ်"

အခု Tucaoရဲ့ မှတ်ချက်တွေထဲမှာတော့ ဘယ်သူကမှ အပြစ်တင်ပြောဆိုတာတွေမရှိတော့ပါဘူးနော်။ လူတိုင်းက ကြည့်လို့ကောင်းတယ်ဆိုပြီး ချီးကြူးနေကြတာကို။

(T/n_  Tucao က dramaတို့ဘာတို့ liveလွှင့်လို့ရတဲ့appမျိုးပါ)

ခဏလောက်တွေးပြီးတဲ့နောက်မှာတော့ အန်တီချင်တစ်ယောက် အကြံပြုလိုက်ပြန်တယ်။
“သူဌေးကတော် ရှင်ဒရာမာတွေနောက်ကိုလိုက်တာကအဆင်ပြေပါတယ်ဒါပေမယ့် အနုပညာရှင်တွေနောက်ကိုတော့ မလိုက်သင့်ဘူးနော်”

လီဆွေ့ယွီ:"...."

ချန်ဖေးဒရာမာက ပထမနေ့မှာအပိုင်းငါးပိုင်းကို လွှင့်ပြခဲ့ပြီး ရှန်ယန်းကလည်းတစ်ထိုင်ထဲမှာကြည့်ရှုခဲ့လေတယ်။

ရှန်ယန်းက တူအစုံကိုပါးစပ်ကိုထည့်ဖို့နဲ့ ဆွဲထုတ်ဖို့ရန်ကိုသာ တွေးတောစဉ်းစားနေဆဲဖြစ်တဲ့ကျန်းရုံကိုလှည့်ကြည့်လိုက်တယ်။ ဝမ်ဖန်းကတော့ ဇာတ်လမ်းထဲမှာစီးမျောနေဆဲဖြစ်က် ကျန်းရုံကို ကိုယ်အလေးချိန်လျှော့မယ့်အကြောင်းသတိပေးရန်မေ့လျော့နေခဲ့တယ်။

ပြီးစီးသွားချိန်မှာတော့ ဝမ်ဖန်းကအမြန်ထရပ်လိုက်တယ်။
"မင်းတို့လည်းအလုပ်များနေမှာပဲ ငါတို့အရင်ပြန်သွားလိုက်တော့မယ် ငါလည်းကျန်းရုံကိုဝိတ်ထိန်းဖို့နည်းပြနဲ့ ဆက်သွယ်ရဦးမယ်"

ကျန်းရုံ: "အစ်မယန်ယန်း ကျွန်မအချိန်ရရင် အစ်မနဲ့အတူ ဒရာမာလာကြည့်ဦးမယ်နော်"

လေ့ကျင့်ခန်းတွေအများကြီးလုပ်ရဦးမယ်ဆိုရင်တောင် ကျန်းရုံကတော့ ပြည့်တင်းနေအောင်စားခဲ့ရတဲ့အတွက် ပျော်ရွှင်နေတုန်းပဲ။

(T/n _ အစားပုတ်လေး (。>﹏<。))

အစပိုင်းမှာတော့ လူတိုင်းက ချန်ဖေးဒရာမာကို ဖောင်းပွမှုသာသာလောက်ပဲလို့ဟု ခန့်မှန်းခဲ့ကြတယ်။ လူတွေအများကြီးက အွန်လိုင်းဒရာမာထဲမှာပါဝင်တဲ့အဖွဲ့သားတွေကလည်း ရှာဖွေမှုနှုမ်းထားတွေကို ဝယ်ယူကြတဲ့အကြောင်းကို သိရှိပြီးသားဖြစ်တဲ့အတွက် အချို့တွေကသာ ဒရာမာကိုကြည့်ရှုရန်သွားခဲ့ကြတာဖြစ်တယ်။  အဆုံးမှာတော့ ထိုကြည့်ရှုခဲ့ကြသူတွေမှတဆင့် ထပ်မံလမ်းညွှန်ခဲ့ကြပြန်တယ်လေ။

ရှန်ယန်းကတော့ နေ့စဥ်နေ့တိုင်းအားလပ်ပြီဆိုတာနဲ့ ချန်ဖေးဒရာမာကို ကြည့်ရှုတော့တယ်။သူမအနေနဲ့ Sweet Chocolate အတွက် ပရိုမိုးရှင်းပွဲတွေကို လုပ်တော့မှာဖြစ်တာကြောင့် မပြာခင်မှာ မြို့တွေအများကြီဆီသို့ ခရီးထွက်ရတော့မှာဖြစ်တယ်။ ကျိုးရိုရဲ့လက်အောက်မှာအနုပညာရှင်များစွာရှိပေမယ့်လည်း ရှန်ယန်း တစ်စုံတစ်ခုသောအမှားအယွင်းကို လုပ်မိမှာကို စိုးရိမ်တဲ့အတွက် သူမ(ရှန်ယန်း)နောက်သို့လိုက်ရန် စီစဉ်ခဲ့လေတယ်။

လေဆိပ်ကိုရောက်ချိန်မှာတော့ ကျိူးရိုကစတင်ပြောလိုက်လေတယ်။

"ကိုယ်လုပ်တော်ချန်ရိုက်ကူးရေးအဖွဲ့က ငါတို့ကို ဆက်သွယ်ပြီး varietyရှိုးပွဲတွေကို လှမ်းဖိတ်လာတယ်"

ရှန်ယန်း: "မသွားဘူး"
သူမအနေနဲ့ ချန်ဖေးအဖွဲ့သားတွေနဲ့ မဆက်ဆံချင်ဘူးလေ။

ချန်ဖေးအဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာကလည်း ရှန်ယန်းကို ပရိုမိုးရှင်းပွဲသို့ လာရောက်စေချင်နေခဲ့တယ်။သူက ရှန်ယန်းကိုဆက်သွယ်ခဲ့ပေမယ့်လည်း ရှန်ယန်းမှ ငြင်းဆိုခဲ့တာဖြစ်တယ်။ မမျှော်လင့်စွာနဲ့ သူတို့က ကျိုးရိုထံသို့ ထပ်မံဆက်သွယ်လာပြန်တယ်တယ်။

ကျိုးရို: "မင်းရဲ့သရုပ်ဆောင်ချက်တွေက လူကြိုက်များလာပြီ ဒီတော့သူတို့ရဲ့ဒါရိုက်တာကလည်း ပိုပြီးအောင်မြင်လာမှာပဲ .. အနာဂတ်မှာ ဒီအနုပညာအသိုင်းအဝိုင်းမှာ သူတို့နဲ့ပူးပေါင်းဆောင်ရွက်ရနိုင်သေးတယ်လေ"

ရှန်ယန်း: "ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးမှရှိလာမှာမဟုတ်ဘူး တခြားဒါရိုက်တာတွေ အများကြီးရှိသေးတာပဲလေ"

သူတို့နဲ့ အလုပ်တွဲလုပ်ခဲ့စဥ်က ထိုသူများရဲ့ကြောင်သူတော်စရိုက်တွေကိုသိရှိခဲ့ရပြီးဖြစ်တာကြောင့် ရှန်ယန်းအနေနဲ့ နောက်တစ်ကြိမ်ဘယ်နည်းနဲ့မှ မပူးပေါင်းချင်တော့ဘူး။

ရှန်ယန်းရဲ့ ပထမဆုံးသော Sweetချောကလက်ထုတ်ကုန်အတွက်လူထုအကြားဆက်နွယ်ရမှုက Aမြို့တော်အနီးမှာရှိတဲ့ Nမြို့ထဲမှာတွင်ဖြစ်တယ်။ လေယာဉ်ဖြင့်ခဏအကြာစီးနင်းပြီးနောက်မှာတော့ ရှန်ယန်းနဲ့ကျိုးရိုတို့ ပွဲကျင်းပရာနေရာသို့ တန်းတန်းမတ်မတ်သွားကာ စတိုင်နဲ့မိတ်ကပ်တို့ကို စတင်ပြင်ဆင်ခဲ့ကြတယ်။

ရှန်ယန်းက မုရီအန်းနဲ့ဟဲရှိတို့ ဒုတိယအကြိမ်အဖြစ် ဘယ်အချိန်မှာတွေ့ဆုံကြမလဲဆိုတာကိုမသိပေမယ့် သူတို့က ဟဲရှီတစ်ယောက် ကုမ္ပဏီမှစီစဥ်တဲ့ကော့တေးပါတီသို့တက်ရောက်ချိန်မှာ တွေ့ဆုံကြလိမ့်မယ်ဆိုတာကိုတော့သိထားလေတယ်။ ဟဲရှီက ထိုပါတီပွဲမှာအနိုင်ကျင့်ခံခဲ့ရပြီး မုရီအန်းက သူမကိုကူညီပေးလိမ့်မယ်။

သူတို့တွေ အခုချိန်မှာတောင် ပြန်ဆုံနေကြလောက်မလား။

ရှန်ယန်းတစ်ယောက် ထိုအကြောင်းကိုပဲထပ်တလဲလဲတွေးတောနေတုန်းမှာ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့တယ်။ ရှန်ယန်းက ဝင်လာဖို့ခေါ်လိုက်ချိန်မှာတော့ လုယွင်ချန်းရဲ့အေးဂျင့်ဖြစ်သူ ဝင်လာပြီး ရှန်ယန်းကို နှုတ်ဆက်ရင်းမေးလာတယ်။
"ဒီည မင်းမှာအားလပ်ချိန်ရှိလား"

ရှန်ယန်း:"ရှိပါတယ်"

လုယွင်ချန်းရဲ့အေးဂျင့်က ရှန်ယန်းဘေးမှာဝင်ထိုင်လိုက်တယ်။

"ဒီည N မြို့တော်မှာ ယွင်ချန်းရဲ့ဖျော်ဖြေပွဲရှိတယ်လေ .. မင်း အဲဒီပွဲမှာ ဧည့်သည်အဖြစ်ပါဝင်ပြီး ကူညီပေးနိုင်မလား.. သူအရင်က ဖိတ်ကြားထားတဲ့ဧည့်သည်က ရိုက်ကူးရေးပေါ်လာလို့ ဒီကိုရောက်မလာနိုင်တော့ဘူး”

ရှန်ယန်း:"ကောင်းပါပြီ"

လုယွင်ချန်းက သူမကို အကြိမ်ပေါင်းများစွာ ကူညီပေးဖူးတယ်လေ။ တကယ်လို့ သူမသာ အခုချိန်မှာ ပြန်လည်ကူညီဖို့ သဘောမတူခဲ့ရင်  တကယ့်ကိုကြောင်သူတော် ဖြစ်သွားလိမ့်မယ်။ ထို့အပြင် အခုချိန်မှာ ရှန်ယန်းက လုယွင်ချန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီပဲလေ။ သူမသာ ရှန်းလုမှာ ခေါင်းဆောင်မင်းသမီးနေရာကသရုပ်ဆောင်ဖြစ်ခဲ့မယ်ဆိုရင် သူတို့တွေအချိန်အကြာကြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရဦးမှာပဲ။

လုယွင်ချန်းရဲ့အေးဂျင့်က ပြုံးပြီး ဆက်ပြောလိုက်တယ်။
“ကောင်းပြီ၊ အခုပွဲပြီးသွားရင် ဖျော်ဖြေပွဲအတွက် အစမ်းလေ့ကျင့်ဖို့လာခဲ့လေ.. သီချင်းကတော့ လူသိများတဲ့သီချင်းကို ရွေးလိုက် .. ယွင်ချန်း ဘယ်ဟာပဲဖြစ်ဖြစ်ဆိုနိုင်လိမ့်မယ်”

ထိုသူက ပြောပြီးတာနဲ့ အမြန်ထွက်သွားလေတယ်။

လုယွင်ချန်း အဝတ်အစားလဲပြီးနောက် အဝတ်လဲခန်းထဲမှထွက်လာချိန်မှာတော့ သူ့အေးဂျင့်ရဲ့ ပြုံးဖြီးနေတဲ့မျက်နှာကိုတွေ့လိုက်ရတယ်။

“ဘာဖြစ်နေတာလဲ ဘာလို့အရမ်းတွေပျော်နေတာလဲ”

လုယွင်ချန်းရဲ့အေးဂျင့်: "မင်းအတွက် ဧည့်သည်တစ်ယောက်ကို ဖိတ်ထားရုံလေးပါ"

"ကောင်းပြီ.. ဘယ်သူကများ မင်းကို ဒီလိုမျိုးပျော်နေအောင် လုပ်ပေးထားတာပါလိမ့်"
လုယွင်ချန်းက ဆက်ပြောလိုက်တယ်။

"မင်း ရှန်ယန်းကို ဖိတ်ခဲ့တာလား ?"

"ဟုတ်တယ် ရှန်ယန်းကိုဖိတ်ထားတာ"

"သူမ သဘောတူလား?"

“ဒါပေါ့”

လုယွင်ချန်းက အပြုံးသေးသေးနဲ့ "ဒါက သတင်းကောင်းပဲ ဒါပေမယ့် မင်းနဲ့တော့ဘာမှမဆိုင်ဘူးနော်"
ဟုဆိုကာ သူ့ရဲ့အေးဂျင့်ကို ကျော်ဖြတ်ပြီးထွက်သွားလေတယ်။

လုယွင်ချန်းရဲ့အေးဂျင့် :"???"

ဘာသာပြန်သူ၏အတွေး >

တကယ်လို့ ဒါကသာ BXBကိုအခြေခံထားတဲ့ဇာတ်လမ်းဖြစ်ခဲ့ရင် လုယွင်ချန်းနဲ့ နာမည်လေးတောင်ဖော်ပြခွင့်မရရှာတဲ့ သူ့ရဲ့အေးဂျင့်ကိုရှစ်မိမလားပဲ

ဒါပေမယ့် အခုတော့လုယွင်ချန်းကို ကိုယ်နဲ့ပဲရှစ်ပါတယ် >////<

***
Zawgyi

ခ်န္ေဖးဇာတ္လမ္းကို ညေန (8)နာရီမွာ စတင္ထုတ္လႊင္္ခဲ့တယ္။ လုယြင္ခ်န္းရဲ႕ပရိသတ္ေတြကေတာ့ (7)နာရီေလာက္ကတည္းက TVေ႐ွ႕မွာထိုင္ၿပီး ႐ွန္ယန္းကိုပံ့ပိုးေပးေနခဲ့ၾကၿပီး ႐ွန္ယန္းရဲ႕ပရိသတ္ေတြကလည္း အားေလ်ာ့ျခင္းမ႐ွိေလဘူး။ ဒီေတာ့ ခ်န္ေဖးရဲ႕ ထုတ္လႊင့္ျပသမႈကိုၾကည့္႐ႈရာေနရာမွာ မွတ္ခ်က္ေတြအမ်ားႀကီးနဲ႔ စည္ကားေနခဲ့တယ္။ ဒါေပမယ့္ black fanေတြကလည္း ႐ွိေနတုန္းပဲ။

[အား အား အား အား ငါေတာ့ ႐ွန္ယန္းရဲ႕ အြန္လိုင္းဒရမ္မာကို ေစာင့္ေမွ်ာ္ေနၿပီ]

ဘာမွမသိဘဲဝင္ေရာက္လာတဲ့လူေတြကေတာ့ ႐ွန္ယန္းကို နံပါတ္တစ္ အမ်ိဳးသမီးဇာတ္လိုက္လို႔ေတာင္ ထင္ေနၾကတယ္။

႐ွန္ယန္းက အမ်ိဳးသမီးဇာတ္လိုက္ျဖစ္ျဖစ္ မျဖစ္ျဖစ္ သူတို႔က ဒီအြန္လိုင္းဒရာမာကိုေတာ့ ၾကည့္႐ႈေနၾကဦးမွာပဲေလ။

[ အိုင္းယား လုယြင္ခ်န္းက ႐ွန္ယန္းနဲ႔ပူးေပါင္းလိုက္ၿပီး ေကာ္ဖီေနရာနားေလာက္ထိကို အဆင့္ေတြေလွ်ာ့ခ်ထားတာပဲ ..႐ွန္ယန္းက အြန္လိုင္းဒရာမာထဲမွာေတာင္ ဇာတ္လိုက္မအျဖစ္ မ႐ိုက္ကူးႏိုင္ေသးဘူးေလ]

(T/n_ coffee position ဆိုတာက အင္တာတိန္းမန္႔ေလာကထဲက အဆင့္နိမ့္နဲ႔ေနရာကိုေျပာခ်င္တာပါ အဆင့္ဆယ့္႐ွစ္ေလာက္နီးနီးျဖစ္မယ္ထင္တယ္)

[အြန္လိုင္းဒရာမာက ဘာေတြမ်ားျဖစ္ေနလို႔လဲ]

[ဇာတ္ကားနမူနာကိုၾကည့္ရတာ ေကာင္းမယ္လို႔ေတာ့မထင္ဘူး ဒါေပမယ့္ ဘယ္ေလာက္ေတာင္ ဆိုး႐ြားေနမလဲဆိုတာသိရေအာင္ ေစာင့္ၾကည့္ဦးမယ္]

အႏုပညာေလာကထဲက လူအမ်ားစုကေတာ့ ႐ွန္ယန္းကို ဒီအြန္လိုင္းဒရာမာမ႐ိုက္ကူးလိုက္သင့္ဘူးလို႔ေတြးေတာေနၾကတယ္။ မဟုတ္ရင္ တစ္ခ်ိန္ခ်ိန္မွာ ဒီကိစၥက ႐ွန္ယန္းကို ေခါင္းစဥ္တပ္လာစရာ ကိစၥတစ္ခုအျဖစ္ ႐ွိလာႏိုင္တယ္ေလ။

ခ်န္ေဖး ထုတ္လႊင့္မျပသမီ ဆယ္မိနစ္အလိုမွာေတာ့ လုယြင္ခ်န္းက ခ်န္ေဖးဒရာမာရဲ႕ ေဝ့ေပၚစာမ်က္ႏွာကို သူ႕ရဲ႕အေကာင့္ထဲမွာ မွ်ေဝလိုက္ေတာ့တယ္။ ဒါက အင္တာနက္အသုံးျပဳသူေတြကို အေတာ္ႀကီးအံ့အားသင့္ေစတယ္ေလ။ လုယြင္ခ်န္းရဲ႕ပရိသတ္ေတြကေတာ့ ခ်က္ခ်င္းဆိုသလို ခ်န္ေဖးအြန္လိုင္းဒရာမာကို ေထာက္ခံေပးလာၾကတယ္။

ထုတ္လႊင့္မျပသခင္ ငါးမိနစ္အလိုကိုေရာက္ေတာ့ ႐ွန္ယန္းႏွင့္ အဖြဲ႕က စားပြဲေပၚမွာ လက္ေတာ့ကြန္ျပဴတာကိုဖြင့္ကာ ေဟာ့ေပါ့ကိုစတင္ အရသာခံေနၾကၿပီး စတင္ထုတ္လႊင့္လာမွာကို ေစာင့္ဆိုင္းေနၾကၿပီျဖစ္တယ္။

မုမိသားစု။

လီေဆြ႕ယြီက အန္တီခ်င္ကို ျခံဝန္းထဲသို႔ ဆြဲေခၚလိုက္ၿပီး ႏွစ္ေယာက္သားေက်ာက္စားပြဲေပၚတြင္ ထိုင္ေနကာ အသီးအႏွံေတြကိုစားရင္း ခ်န္ေဖးျပသလာမွာကို ေစာင့္ေနေလတယ္။

လီေဆြ႕ယြီ: "အန္တီခ်င္ ဒီေန႔ေတာ့ ဘာတစ္ခုမွ မေျပာနဲ႔..  ဒီဇာတ္ကားရဲ႕ လူစာရင္းနဲ႔ဆို သူတိုးလို႔ေတာင္ေပါက္ႏိုင္မွာမဟုတ္ဘူး"

အန္တီခ်င္ကေတာ့ ပါးစပ္ကိုပိတ္ကာ တိတ္တိတ္ေလးပဲဆက္ေန႐ွာတယ္။

လီေဆြ႕ယြီကေတာ့ အန္တီခ်င္က သူမကိုအေႏွာက္အယွက္မေပးေတာ့တဲ့အတြက္ အလြန္အမင္းေပ်ာ္႐ႊင္ခဲ့တယ္။

အန္တီခ်င္က ခဏေလာက္ တိတ္ဆိတ္ေနၿပီးမွ ျပန္ေျပာလိုက္တယ္။

“ဒရာမာေတြကိုၾကည့္တာက စြဲလမ္းေစတယ္ေနာ္”

ဟားဟားဟားဟား.. ဒရာမာေတြက စြဲလမ္းႏိုင္တယ္ေပါ့။
အန္တီခ်င္က စကားကို ဘယ္လိုေျပာရမွန္းကို တကယ့္ကိုမသိတာအမွန္ပဲ။ သူမ(လီေဆြ႕ယြီ)ကေတာ့ ဒရာမာေတြၾကည့္ရတာကိုသေဘာက်ေနတယ္ဆိုတာထက္ ႐ွန္ယန္းပါဝင္တဲ့ ​​အြန္လိုင္းဒရာမာၾကည့္ဖိုကို ပိုၿပီးစြဲလမ္းေနတာပါပဲ။ သူမက ႐ွန္ယန္းကိုဆဲဆိုႀကိမ္းေမာင္းၿပီးအျပစ္ေျပာၾကတဲ့ မွတ္ခ်က္ေတြကိုၾကည့္ခ်င္ေနတာေလ။

လုယြင္ခ်န္းရဲ႕ပရိသတ္ေတြက ႐ွန္ယန္းဘက္မွ ကူညီေပးေနၾကေပမယ့္ ႐ွန္ယန္းကိုမေကာင္းေျပာတဲ့လူေတြကေတာ့ အမ်ားႀကီး႐ွိေနတုန္းပဲ။

မိနစ္အနည္းငယ္ၾကာၿပီးခ်ိန္မွာေတာ့ ခ်န္ေဖးကို ထုတ္လႊင့္ျပသလာခဲ့ၿပီ။

ဝမ္ဖန္းရဲ႕ယူဆခ်က္အရ ခ်န္ေဖးက အြန္လိုင္းဒရာမာတစ္ခုျဖစ္တာေၾကာင့္ေအာင္ျမင္ေက်ာ္ၾကားမႈအမ်ားအျပားကို သယ္ေဆာင္လာႏိုင္မွာမဟုတ္ဘူး။သို႔ေပမယ့္ မတိုင္ခင္တုန္းက က်ိဳး႐ိုနဲ႔အေလာင္းအစားေတြမွာ ႐ႈံးနိမ့္ခဲ့ဖူးတဲ့ အေတြ႕အၾကဳံေတြအရ ႐ွန္ယန္းကိုခ်ီးမြန္းေနတုန္းပဲ။

"ဒီအြန္လိုင္းဒရာမာက လူႀကိဳက္မ်ားႏိုင္မွာဆိုေပမယ့္ ႐ွန္ယန္းရဲ႕အခန္းက ဒီေန႔မပါေသးဘူးပဲ"

"ဟားဟားဟား.. ဇာတ္ဝင္ခန္းေတြအကုန္လုံးက ေကာင္းသားပဲ"

"ဒီအြန္လိုင္းဒရာမာက ေတာ္ေတာ္ေလးေကာင္းတယ္ေနာ္"

အပိုင္းသုံးပိုင္းကို ဆက္တိုက္ၾကည့္႐ႈၿပီးေနာက္မွာေတာ့ ဝမ္ဖန္းရဲ႕မ်က္လုံးေတြက တေျဖးေျဖးျပဴးက်ယ္လာၿပီး အံ့ၾသတႀကီးေမးလာေတာ့တယ္

“ဒီအြန္လိုင္းဒရာမာက ဘယ္လိုလုပ္ၿပီးဒီေလာက္ေတာင္ၾကည့္ေကာင္းႏိုင္ရတာလဲ”

အခန္းဆက္သုံးခုကို ဆက္တိုက္ၾကည့္ေနခဲ့တဲ့က်န္း႐ုံကေတာ့ ဘာကိုမွသတိမျပဳမိ႐ွာပဲ ႐ွန္ယန္းကိုအေဖာ္ျပဳကာေဟာ့ေပါ့ကို အရသာ႐ွိ႐ွိစားေနတုန္းပဲ။

က်ိဳး႐ိုကေတာ့ ထိုဇာတ္လမ္းအပိုင္းသုံးပိုင္းကို ဆက္တိုက္ၾကည့္႐ႈၿပီး ႐ွန္ယန္းရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ျမင့္မားမႈေတြကိုစိုက္ၾကည့္ေနခဲ့တယ္။ ႐ွန္ယန္းက လက္႐ွိမွာ ႐ိုက္ကူးေရးမ႐ွိေသးေပမယ့္လည္း ဒီအြန္လိုင္းဒရာမာက သူမကို နာမည္ႀကီးလာေစလိမ့္မယ္လို႔ ေတြးေတာေနခဲ့တယ္။

ခ်န္ေဖးအြန္လိုင္းဒရာမာထဲမွာ လက္႐ွိနာမည္အေက်ာ္ၾကားဆုံးက ႐ွန္ယန္းပဲ။ ဒီေတာ့ က်ိဳး႐ိုက ႐ွန္ယန္းရဲ႕ကာ႐ိုက္တာျဖစ္တဲ့ လန္ေဖးကို ႐ွာေဖြမႈအျမင့္ဆုံးေနရာေရာက္ေအာင္ ဝယ္ယူလိုက္တယ္။

႐ွန္ယန္းရဲ႕အတိတ္ဘဝတုန္းက ဒီအြန္လိုင္းဒရာမာဟာ အလြန္အမင္းေအာင္ျမင္ေက်ာ္ၾကားခဲ့တယ္။ ဒီေတာ့ ႐ွန္ယန္းအေနနဲ႔ ဒီဒရာမာေအာင္ျမင္မယ္ဆိုတာကိုႀကိဳသိထားတဲ့အတြက္ သိပ္ၿပီးေတာ့ စိတ္မလႈပ္႐ွားေနခဲ့ဘူး။ ဒါေပမယ့္ သူမအေနနဲ႔ ခ်န္ေဖးဇာတ္လမ္းထဲက  သူမရဲ႕ကာ႐ိုက္တာက နာမည္ၿပီးလာႏိုင္မလားဆိုတာကိုေတာ့ မသိထားဘူးေလ။  သူမ သိထားတာက ထိုေနရာကိုရ႐ွိခဲ့မယ္ဆိုရင္ ေထာက္ခံခ်က္ေငြေၾကးေတြက ပိုၿပီးျမင့္ျမင့္ရလိမ့္မယ္ဆိုတာကိုပဲ။

ဒီအခိုက္အတန္္မွာ ခ်ေန္ဖး႐ိုက္ကူးေရးအဖြဲ႕ရဲ႕ လက္ေထာက္ဒါ႐ိုက္တာကေတာ့႐ူးသြပ္လုနီးပါျဖစ္ေနၿပီ။ ႐ွန္ယန္းက္ ခ်န္ေဖးမွာရင္းနီးျမႇပ္ႏွံခဲ့ေၾကာင္းၾကားသိခဲ့ရတဲ့အတြက္ သူလည္းလိုက္ပါလုပ္ေဆာင္ခဲ့တယ္ေလ။  ၾကည့္ရတာ သူေတာ့ ကံေကာင္းေထာက္မစြာနဲ႔ ေငြ႐ွာႏိုင္ခဲ့တဲ့ပုံပဲ။

တစ္ခ်ိန္တည္းမွာပဲ မုမိသားစုႏွင့္လီေဆြ႕ယြီတို႔က  ဒရာမာကို စိတ္ဝင္စားစြာၾကည့္ေနခဲ့ၾကတယ္။ ႐ွန္ယန္းဆိုတာကဘယ္သူလဲ? ႐ွန္ယန္းအေၾကာင္းက ဘာစိတ္ဝင္စားစရာ႐ွိလို႔လဲ။ ဒီဒရာမာက အရမ္းကိုစိတ္ဝင္စားစရာေကာင္းေနတာလို႔!

ဇာတ္လမ္းတစ္ခုလုံးမွာ အမ်ားစုက လူသစ္သ႐ုပ္ေဆာင္ေတြကိုထည့္သြင္းထားတာျဖစ္ၿပီး လူႀကိဳက္အမ်ားဆုံးမွာ တစ္ျခားေသာဇာတ္လမ္းေတြမွာမေတြ႕ျမင္ဖူးေသးတဲ့ ႐ွန္ယန္းပဲျဖစ္ေလတယ္။ ဒီဒရာမာကေတာ့ အရမ္းကိုနာမည္ႀကီးေနခဲ့ၿပီ။

အန္တီခ်င္က မတ္တပ္ထရပ္လိုက္တယ္။
"ဒရာမာေတြၾကည့္တာက စြဲလမ္းေစတယ္လို႔ ကြၽန္မေျပာခဲ့သားပဲ"

လီေဆြ႕ယြီ:"....."

လီေဆြ႕ယြီ:" "ကြၽန္မက ဒရာမာကို စိတ္မဝင္စားပါဘူး ႐ွန္ယန္းအေၾကာင္း မေက်နပ္တဲ့စကားေတြကိုသိခ်င္လို႔သာန ၾကည့္ေနရတာ ​​႐ွန္ယန္းက ဒီဒရာမာထဲမွ အမုန္းခံရတဲ့သူတစ္ေယာက္ ျဖစ္ေနလိမ့္မယ္"

အခု Tucaoရဲ႕ မွတ္ခ်က္ေတြထဲမွာေတာ့ ဘယ္သူကမွ အျပစ္တင္ေျပာဆိုတာေတြမ႐ွိေတာ့ပါဘူးေနာ္။ လူတိုင္းက ၾကည့္လို႔ေကာင္းတယ္ဆိုၿပီး ခ်ီးၾကဴးေနၾကတာကို။

(T/n_  Tucao က dramaတို႔ဘာတို႔ liveလႊင့္လို႔ရတဲ့appမ်ိဳးပါ)

ခဏေလာက္ေတြးၿပီးတဲ့ေနာက္မွာေတာ့ အန္တီခ်င္တစ္ေယာက္ အၾကံျပဳလိုက္ျပန္တယ္။
“သူေဌးကေတာ္ ႐ွင္ဒရာမာေတြေနာက္ကိုလိုက္တာကအဆင္ေျပပါတယ္ဒါေပမယ့္ အႏုပညာ႐ွင္ေတြေနာက္ကိုေတာ့ မလိုက္သင့္ဘူးေနာ္”

လီေဆြ႕ယြီ:"...."

ခ်န္ေဖးဒရာမာက ပထမေန႔မွာအပိုင္းငါးပိုင္းကို လႊင့္ျပခဲ့ၿပီး ႐ွန္ယန္းကလည္းတစ္ထိုင္ထဲမွာၾကည့္႐ႈခဲ့ေလတယ္။

႐ွန္ယန္းက တူအစုံကိုပါးစပ္ကိုထည့္ဖို႔နဲ႔ ဆြဲထုတ္ဖို႔ရန္ကိုသာ ေတြးေတာစဥ္းစားေနဆဲျဖစ္တဲ့က်န္း႐ုံကိုလွည့္ၾကည့္လိုက္တယ္။ ဝမ္ဖန္းကေတာ့ ဇာတ္လမ္းထဲမွာစီးေမ်ာေနဆဲျဖစ္က္ က်န္း႐ုံကို ကိုယ္အေလးခ်ိန္ေလွ်ာ့မယ့္အေၾကာင္းသတိေပးရန္ေမ့ေလ်ာ့ေနခဲ့တယ္။

ၿပီးစီးသြားခ်ိန္မွာေတာ့ ဝမ္ဖန္းကအျမန္ထရပ္လိုက္တယ္။
"မင္းတို႔လည္းအလုပ္မ်ားေနမွာပဲ ငါတို႔အရင္ျပန္သြားလိုက္ေတာ့မယ္ ငါလည္းက်န္း႐ုံကိုဝိတ္ထိန္းဖို႔နည္းျပနဲ႔ ဆက္သြယ္ရဦးမယ္"

က်န္း႐ုံ: "အစ္မယန္ယန္း ကြၽန္မအခ်ိန္ရရင္ အစ္မနဲ႔အတူ ဒရာမာလာၾကည့္ဦးမယ္ေနာ္"

ေလ့က်င့္ခန္းေတြအမ်ားႀကီးလုပ္ရဦးမယ္ဆိုရင္ေတာင္ က်န္း႐ုံကေတာ့ ျပည့္တင္းေနေအာင္စားခဲ့ရတဲ့အတြက္ ေပ်ာ္႐ႊင္ေနတုန္းပဲ။

(T/n _ အစားပုတ္ေလး (。>﹏<。))

အစပိုင္းမွာေတာ့ လူတိုင္းက ခ်န္ေဖးဒရာမာကို ေဖာင္းပြမႈသာသာေလာက္ပဲလို႔ဟု ခန္႔မွန္းခဲ့ၾကတယ္။ လူေတြအမ်ားႀကီးက အြန္လိုင္းဒရာမာထဲမွာပါဝင္တဲ့အဖြဲ႕သားေတြကလည္း ႐ွာေဖြမႈႏႈမ္းထားေတြကို ဝယ္ယူၾကတဲ့အေၾကာင္းကို သိ႐ွိၿပီးသားျဖစ္တဲ့အတြက္ အခ်ိဳ႕ေတြကသာ ဒရာမာကိုၾကည့္႐ႈရန္သြားခဲ့ၾကတာျဖစ္တယ္။  အဆုံးမွာေတာ့ ထိုၾကည့္႐ႈခဲ့ၾကသူေတြမွတဆင့္ ထပ္မံလမ္းၫႊန္ခဲ့ၾကျပန္တယ္ေလ။

႐ွန္ယန္းကေတာ့ ေန႔စဥ္ေန႔တိုင္းအားလပ္ၿပီဆိုတာနဲ႔ ခ်န္ေဖးဒရာမာကို ၾကည့္႐ႈေတာ့တယ္။သူမအေနနဲ႔ Sweet Chocolate အတြက္ ပ႐ိုမိုး႐ွင္းပြဲေတြကို လုပ္ေတာ့မွာျဖစ္တာေၾကာင့္ မျပာခင္မွာ ၿမိဳ႕ေတြအမ်ားႀကီဆီသို႔ ခရီးထြက္ရေတာ့မွာျဖစ္တယ္။ က်ိဳး႐ိုရဲ႕လက္ေအာက္မွာအႏုပညာ႐ွင္မ်ားစြာ႐ွိေပမယ့္လည္း ႐ွန္ယန္း တစ္စုံတစ္ခုေသာအမွားအယြင္းကို လုပ္မိမွာကို စိုးရိမ္တဲ့အတြက္ သူမ(႐ွန္ယန္း)ေနာက္သို႔လိုက္ရန္ စီစဥ္ခဲ့ေလတယ္။

ေလဆိပ္ကိုေရာက္ခ်ိန္မွာေတာ့ က်ိဴး႐ိုကစတင္ေျပာလိုက္ေလတယ္။

"ကိုယ္လုပ္ေတာ္ခ်န္႐ိုက္ကူးေရးအဖြဲ႕က ငါတို႔ကို ဆက္သြယ္ၿပီး variety႐ိႈးပြဲေတြကို လွမ္းဖိတ္လာတယ္"

႐ွန္ယန္း: "မသြားဘူး"
သူမအေနနဲ႔ ခ်န္ေဖးအဖြဲ႕သားေတြနဲ႔ မဆက္ဆံခ်င္ဘူးေလ။

ခ်န္ေဖးအဖြဲ႕ရဲ႕ လက္ေထာက္ဒါ႐ိုက္တာကလည္း ႐ွန္ယန္းကို ပ႐ိုမိုး႐ွင္းပြဲသို႔ လာေရာက္ေစခ်င္ေနခဲ့တယ္။သူက ႐ွန္ယန္းကိုဆက္သြယ္ခဲ့ေပမယ့္လည္း ႐ွန္ယန္းမွ ျငင္းဆိုခဲ့တာျဖစ္တယ္။ မေမွ်ာ္လင့္စြာနဲ႔ သူတို႔က က်ိဳး႐ိုထံသို႔ ထပ္မံဆက္သြယ္လာျပန္တယ္တယ္။

က်ိဳး႐ို: "မင္းရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြက လူႀကိဳက္မ်ားလာၿပီ ဒီေတာ့သူတို႔ရဲ႕ဒါ႐ိုက္တာကလည္း ပိုၿပီးေအာင္ျမင္လာမွာပဲ .. အနာဂတ္မွာ ဒီအႏုပညာအသိုင္းအဝိုင္းမွာ သူတို႔နဲ႔ပူးေပါင္းေဆာင္႐ြက္ရႏိုင္ေသးတယ္ေလ"

႐ွန္ယန္း: "ဘယ္လိုပူးေပါင္းေဆာင္႐ြက္မႈမ်ိဳးမွ႐ွိလာမွာမဟုတ္ဘူး တျခားဒါ႐ိုက္တာေတြ အမ်ားႀကီး႐ွိေသးတာပဲေလ"

သူတို႔နဲ႔ အလုပ္တြဲလုပ္ခဲ့စဥ္က ထိုသူမ်ားရဲ႕ေၾကာင္သူေတာ္စ႐ိုက္ေတြကိုသိ႐ွိခဲ့ရၿပီးျဖစ္တာေၾကာင့္ ႐ွန္ယန္းအေနနဲ႔ ေနာက္တစ္ႀကိမ္ဘယ္နည္းနဲ႔မွ မပူးေပါင္းခ်င္ေတာ့ဘူး။

႐ွန္ယန္းရဲ႕ ပထမဆုံးေသာ Sweetေခ်ာကလက္ထုတ္ကုန္အတြက္လူထုအၾကားဆက္ႏြယ္ရမႈက Aၿမိဳ႕ေတာ္အနီးမွာ႐ွိတဲ့ Nၿမိဳ႕ထဲမွာတြင္ျဖစ္တယ္။ ေလယာဥ္ျဖင့္ခဏအၾကာစီးနင္းၿပီးေနာက္မွာေတာ့ ႐ွန္ယန္းနဲ႔က်ိဳး႐ိုတို႔ ပြဲက်င္းပရာေနရာသို႔ တန္းတန္းမတ္မတ္သြားကာ စတိုင္နဲ႔မိတ္ကပ္တို႔ကို စတင္ျပင္ဆင္ခဲ့ၾကတယ္။

႐ွန္ယန္းက မုရီအန္းနဲ႔ဟဲ႐ွိတို႔ ဒုတိယအႀကိမ္အျဖစ္ ဘယ္အခ်ိန္မွာေတြ႕ဆုံၾကမလဲဆိုတာကိုမသိေပမယ့္ သူတို႔က ဟဲ႐ွီတစ္ေယာက္ ကုမၸဏီမွစီစဥ္တဲ့ေကာ့ေတးပါတီသို႔တက္ေရာက္ခ်ိန္မွာ ေတြ႕ဆုံၾကလိမ့္မယ္ဆိုတာကိုေတာ့သိထားေလတယ္။ ဟဲ႐ွီက ထိုပါတီပြဲမွာအႏိုင္က်င့္ခံခဲ့ရၿပီး မုရီအန္းက သူမကိုကူညီေပးလိမ့္မယ္။

သူတို႔ေတြ အခုခ်ိန္မွာေတာင္ ျပန္ဆုံေနၾကေလာက္မလား။

႐ွန္ယန္းတစ္ေယာက္ ထိုအေၾကာင္းကိုပဲထပ္တလဲလဲေတြးေတာေနတုန္းမွာ တံခါးေခါက္သံ ထြက္ေပၚလာခဲ့တယ္။ ႐ွန္ယန္းက ဝင္လာဖို႔ေခၚလိုက္ခ်ိန္မွာေတာ့ လုယြင္ခ်န္းရဲ႕ေအးဂ်င့္ျဖစ္သူ ဝင္လာၿပီး ႐ွန္ယန္းကို ႏႈတ္ဆက္ရင္းေမးလာတယ္။
"ဒီည မင္းမွာအားလပ္ခ်ိန္႐ွိလား"

႐ွန္ယန္း:"႐ွိပါတယ္"

လုယြင္ခ်န္းရဲ႕ေအးဂ်င့္က ႐ွန္ယန္းေဘးမွာဝင္ထိုင္လိုက္တယ္။

"ဒီည N ၿမိဳ႕ေတာ္မွာ ယြင္ခ်န္းရဲ႕ေဖ်ာ္ေျဖပြဲ႐ွိတယ္ေလ .. မင္း အဲဒီပြဲမွာ ဧည့္သည္အျဖစ္ပါဝင္ၿပီး ကူညီေပးႏိုင္မလား.. သူအရင္က ဖိတ္ၾကားထားတဲ့ဧည့္သည္က ႐ိုက္ကူးေရးေပၚလာလို႔ ဒီကိုေရာက္မလာႏိုင္ေတာ့ဘူး”

႐ွန္ယန္း:"ေကာင္းပါၿပီ"

လုယြင္ခ်န္းက သူမကို အႀကိမ္ေပါင္းမ်ားစြာ ကူညီေပးဖူးတယ္ေလ။ တကယ္လို႔ သူမသာ အခုခ်ိန္မွာ ျပန္လည္ကူညီဖို႔ သေဘာမတူခဲ့ရင္  တကယ့္ကိုေၾကာင္သူေတာ္ ျဖစ္သြားလိမ့္မယ္။ ထို႔အျပင္ အခုခ်ိန္မွာ ႐ွန္ယန္းက လုယြင္ခ်န္းနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ေနၿပီပဲေလ။ သူမသာ ႐ွန္းလုမွာ ေခါင္းေဆာင္မင္းသမီးေနရာကသ႐ုပ္ေဆာင္ျဖစ္ခဲ့မယ္ဆိုရင္ သူတို႔ေတြအခ်ိန္အၾကာႀကီး ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားရဦးမွာပဲ။

လုယြင္ခ်န္းရဲ႕ေအးဂ်င့္က ျပဳံးၿပီး ဆက္ေျပာလိုက္တယ္။
“ေကာင္းၿပီ၊ အခုပြဲၿပီးသြားရင္ ေဖ်ာ္ေျဖပြဲအတြက္ အစမ္းေလ့က်င့္ဖို႔လာခဲ့ေလ.. သီခ်င္းကေတာ့ လူသိမ်ားတဲ့သီခ်င္းကို ေ႐ြးလိုက္ .. ယြင္ခ်န္း ဘယ္ဟာပဲျဖစ္ျဖစ္ဆိုႏိုင္လိမ့္မယ္”

ထိုသူက ေျပာၿပီးတာနဲ႔ အျမန္ထြက္သြားေလတယ္။

လုယြင္ခ်န္း အဝတ္အစားလဲၿပီးေနာက္ အဝတ္လဲခန္းထဲမွထြက္လာခ်ိန္မွာေတာ္ သူ႕ေအးဂ်င့္ရဲ႕ ျပဳံးၿဖီးေနတဲ့မ်က္ႏွာကိုေတြ႕လိုက္ရတယ္။

“ဘာျဖစ္ေနတာလဲ ဘာလို႔အရမ္းေတြေပ်ာ္ေနတာလဲ”

လုယြင္ခ်န္းရဲ႕ေအးဂ်င့္: "မင္းအတြက္ ဧည့္သည္တစ္ေယာက္ကို ဖိတ္ထား႐ုံေလးပါ"

"ေကာင္းၿပီ.. ဘယ္သူကမ်ား မင္းကို ဒီလိုမ်ိဳးေပ်ာ္ေနေအာင္ လုပ္ေပးထားတာပါလိမ့္"
လုယြင္ခ်န္းက ဆက္ေျပာလိုက္တယ္။

"မင္း ႐ွန္ယန္းကို ဖိတ္ခဲ့တာလား ?"

"ဟုတ္တယ္ ႐ွန္ယန္းကိုဖိတ္ထားတာ"

"သူမ သေဘာတူလား?"

“ဒါေပါ့”

လုယြင္ခ်န္းက အျပဳံးေသးေသးနဲ႔ "ဒါက သတင္းေကာင္းပဲ ဒါေပမယ့္ မင္းနဲ႔ေတာ့ဘာမွမဆိုင္ဘူးေနာ္"
ဟုဆိုကာ သူ႕ရဲ႕ေအးဂ်င့္ကို ေက်ာ္ျဖတ္ၿပီးထြက္သြားေလတယ္။

လုယြင္ခ်န္းရဲ႕ေအးဂ်င့္ :"???"

ဘာသာျပန္သူ၏အေတြး >

တကယ္လို႔ ဒါကသာ BXBကိုအေျခခံထားတဲ့ဇာတ္လမ္းျဖစ္ခဲ့ရင္ လုယြင္ခ်န္းနဲ႔ နာမည္ေလးေတာင္ေဖာ္ျပခြင့္မရ႐ွာတဲ့ သူ႕ရဲ႕ေအးဂ်င့္ကို႐ွစ္မိမလားပဲ

ဒါေပမယ့္ အခုေတာ့လုယြင္ခ်န္းကို ကိုယ္နဲ႔ပဲ႐ွစ္ပါတယ္ >////<

***

Okumaya devam et

Bunları da Beğeneceksin

11.8K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
681 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
1.4M 60.3K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...