[Unicode]
ပုံမှန်ဆိုလျှင် မီးဖိုချောင်မှာ ယွန်းဟေမီအပိုင်စီးထားတတ်သော နေရာတွေထဲကတစ်ခုဖြစ်လေသည်။ သူမမှာ တစ်ခါတစ်လေ အရမ်းရက်ရောတတ်သော်လည်း တစ်ခါတစ်ရံကျ သူမ နှစ်သက်တဲ့နေရာကို အခြားတစ်ယောက်ဝင်လာတာတောင် မကြိုက်တတ်ပေ။ ယွန်းဟေမီထံ၌လည်း ကလေးဆန်သည့်အပြုအမူများ ရံဖန်ရံကာတွေ့မြင်ရတတ်ကာ အချိန်တိုင်းမှာ သူမစိတ်ကြည်နေသည့် ရက်များတွင်သာဖြစ်လေသည်။
သို့သော်ယခုသူမအပိုင် မီးဖိုချောင်ထဲသို့ စီးနင်းဝင်ရောက်နေသော နတ်ဘုရားကိုသာ တွေ့သွားခဲ့လျှင် ယွန်းဟေမီတစ်ယောက် ဘယ်လိုအမူအယာမျိုးဖြင့် တုန့်ပြန်မလဲဆိုတာ တစ်ကယ့်ကို သိမှတ်ချင်စဖွယ် ဖြစ်လေတော့သည်။ သူမ၏အကျင့်စရိုက်တိုင်းဆိုလျှင် အကြောင်းပြချက်မျိုးစုံဖြင့် တိမ်ယံဆင့်ကို မီးဖိုချောင်ထဲမှ နှင်ထုတ်ပစ်မည်ဖြစ်လေသည်။သို့သော် ဆန့်ကျင်ဘက်အရပ်၌မူ တိမ်ယံဆင့်ဆိုသည်မှာ ဒီအိမ်၊ ဒီခြံ၊ ဒီတစ်ကျွန်းလုံး၏ ပိုင်ရှင်အစစ်အမှန်မဟုတ်ပါလား။ ယုတ်တွအဆုံး သူမမောင်တောင် ဆင့်ကို ဥပဒေအရ တားဆီးပိုင်ခွင့်ရှိသူမဟုတ်လေရာ သူမအနေဖြင့်ဆိုလည်း ဘာမှဝင်ပြောပိုင်ခွင့် ရှိလိမ့်မည်မဟုတ်ပေ။
" ဒါက သခွားသီးကြီးပဲ "
ဆင့်က ရေခဲသေတ္တာထဲမှ ယူထုတ်လာသော သခွားသီးအကြီးတစ်လုံးကို စေ့စေ့စပ်စပ် နှစ်ခေါက်လောက် ကြည့်လိုက်ပြီး အပြုံးတစ်ခုအား ချိတ်ဆွဲလိုက်ကာ ခပ်ပါးပါးလှီးလိုက်လေသည်။ တိမ်ယံဆင့်၏ ခပ်ပါးပါးဆိုသည်မှာကား သေချာပေါက် လက်နှစ်လုံးလောက်ကြီးသည့်အရွယ်ဖြစ်လေရာ အခြားသူဘက်မဖှကြည့်မည်ဆိုလျှင် သေချာပေါက် ခပ်ပါးပါးလို့ဆိုနိုင်ဖွယ်ရာတော့ မဟုတ်တော့ချေ။ တစ်လုံးလုံး လှီးပြီးသွားချိန်တွင် ဆင့်က ဂတ်စ်မီးဖို့ပေါ်က ပွက်ပွက်ဆူနေသော ရွှေရောင်စတုဂံအိုးထဲသို့ ပစ်ထည့်လိုက်လေသည်။
စိတ်ထဲတွင် မပေါ်ပေါက်သည်မှာ ကြာပြီဖြစ်သော ပျော်ရွှင်မှုလေးမှာ အပြုံးလေးတစ်ခုအသွင်ဖြင့် တိမ်ယံဆင့်၏ မျက်နှာပေါ်အပြည့်အဝ ပွင့်လန်းနေခဲ့ပါတော့သည်။ တစ်ဆက်တည်းမှာပင် နှလုံးသားက နေရောင်ခြည်ပျပျလေးကြောင့် နွေးထွေးသည့်အသွင်ဆောင်နေကာ အမူအယာကား တံထောင်ဆစ်ထိခေါက်တင်ထားသော အင်္ကျီလက်များကြောင့် ဖြူဖွေးညက်ညောသည့် အသားအရည်လေးမှာ ပေါ်လွင်ချင်တိုင်း ပေါ်လွင်နေခဲ့ပါတော့သည်။
တိမ်ယံဆင့် ဒုတိယအကြိမ် ကောက်ကိုင်လိုက်သည်မှာ လုံးဝန်းသော နီနီရဲရဲအလုံးတစ်လုံးဖြစ်ကာ သုံးလုံးလောက်ခပ်ပါးပါးလှီးလိုက်ပြီး အိုးထဲသို့ထပ်မံပစ်ထည့်လိုက်လေသည်။ ထိုနီနီရဲရဲလေးမှာ ခရမ်းချဉ်သီးပင် ဖြစ်ချေတော့သည်။ ပျော့ပျောင်းနေသော လက်တစ်ဖက်က အချိုးအစားကျစွာ ဓားကိုင်ထားပြီး ကျန်တစ်ဖက်ကမူ စားပွဲပေါ်ကအသီးအရွက်များကို လိုက်လံစမ်းယူနေခဲ့လေတော့သည်။ ဒီတစ်ကြိမ် စမ်းမိလိုက်သည်မှာကား ခရမ်းပုပ်ရောင်သန်းနေသော ကန်စွန်းဥပင်ဖြစ်လေကာ ဆင့်က ထိုကန်စွန်းဥကို လေးစိတ်,စိတ်ပြီးအိုးထဲပစ်ချလိုက်ချိန်ဝယ် အခြားအသီးများနဲ့ ရောနှောသွားလေတော့သည်။
ထို့နောက် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ကြက်ဟင်းခါးသီး၊ ရုံးပဒေသီး၊ သံပုရာသီး အစရှိသည့်အသီးများအပြင် အမည်ဖော်မရသည့် အသီးအရွက်ပေါင်းစုံကိုလည်း ပစ်ထည့်လိုက်သေးလေသည်။ တစ်နာရီလောက်အကြာတွင် အိုးထဲပစ်ထည့်ထားသော အသီးအရွက်အစုံတို့ထဲမှ ကန်စွန်းဥသည့် အရည်ပျော်ကာ အိုးထဲရှိအရည်များကို ခရမ်းရောင်အရည်များအဖြစ် ကူးပြောင်းသွားစေလေတော့သည်။ ဆင့်က တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် အရောင်ကအတော်လေးလှသားပဲဟု တွေးလိုက်ပြီး ဇွန်းနဲ့မွှေကြည့်လိုက်ချိန်တွင် ရုံးပဒေသီးအာနီသင်ကြောင့် စေးကပ်ပျစ်ချွဲနေပါတော့သည်။ မသိလိုက်ပါလျှင် ထိုဟင်းလျာမှာ စနိုးဝိုက်ကားထဲက စုန်းမ၏ အဆိပ်ဖော်စပ်ရာနေရာထက်တောင် ဆိုးဝါးနေပြီး မြင်တာနဲ့တောင် အော့အန်ချင်စိတ်ကို ဖန်တီးပေးနိုင်သည်အထိ တန်ခိုးကြီးမားလေသည်။ တိမ်ယံဆင့်၏ အံ့မခန်းအရည်အချင်းတွေက တစ်ခုအဖြစ် မှတ်တမ်းတင်ထားရန်တောင် လုံလောက်သည်ထက်ပိုသောအရာများဖြစ်သည်။ ထိုလူသားသည် တော်သည့်နေရာ၌လည်း အစွန်းရောက်ကာ ပြိုင်စံရှားလှပြီး ညံ့ဖျင်းသည့်နေရာများတွင်လည်း အစွန်းရောက်ကာ ဘယ်သူမှလိုက်မမှီနိုင်သည်အထိပေ။
နှစ်နာရီနီးပါးလောက် ချက်ပြုတ်ပြီးသွားသည့်အခါတွင် ဆင့်ခမျာ အလွန်အမင်းကြီးကျယ်ခမ်းနားသော အလုပ်ကိစ္စကြီးတစ်ရပ်အား ပြုလုပ်လိုက်သည်ဟု ခံစားရကာ အင်မတိအင်မတန် ဂုဏ်ယူဝင့်ကြွားနေမိလေတော့သည်။ ထိုအိုးထဲက အမည်မရှိကြည့်ရဆိုးသောဟင်းလျာကို ပန်းကန်လုံးထဲ လှယ်ထည့်လိုက်ပြီး သီချင်းလေးတညီးညီးဖြင့် စားပွဲပေါ်သပ်သပ်ရပ်ရပ်ပြင်လိုက်ကာ သဘောတကျသွားများပေါ်လာသည်အထိ ပြုံးရယ်လိုက်လေသည်။
" ကိုရံ "
ဆင့်တစ်ယောက် ပြဒါးရံအခန်းတံခါးကို နှစ်ချက်လောက်ခေါက်လိုက်ပြီး နာမည်အော်ခေါ်လိုက်သော်လည်း တံခါးကပွင့်လာမည့်အရိပ်အယောင် နည်းနည်းလေးမျှမမြင်ရသေးပေ။ နောက်ထပ်ငါးမိနစ်အတွင်းမှ တုန့်ပြန်မှုပြန်မရလာသေးလျှင် ဆင့်အနေဖြင့် ယွန်းဟေမီထံမှ ရထားသောသော့အပိုဖြင့် အခန်းထဲသို့ဝင်သွားတော့မည် ဖြစ်လေတော့သည်။
" ကိုရံ ကျွန်တော် စားစရာတစ်ခုလုပ်ထားတယ်။ တစ်နေကုန် ဘာမှမစားရသေးဘူး မဟုတ်လား ။ နည်းနည်းလောက်ထွက်စားလိုက်ပါလား "
" ......... "
" ဟက် ငါတစ်ကယ်နားမလည်နိုင်တော့ဘူး.....ဘာလို့ငါ့ကိုယ်ငါ အရမ်းသနားဖို့ကောင်းတယ်လို့ ခံစားနေရတာလဲ "
ခပ်တိုးတိုးရေရွတ်လိုက်ရင်း လက်ကတံခါးကိုခေါက်ရန်ကြံရွယ်လိုက်လေသည်။ သို့သော်တံခါးက အသံမပေးဘာမပေးနှင့် ရုတ်တရက်ပွင့်လာတာကြောင့် ဆင့်တစ်ယောက် တံခါးနောက်မှာ ကြည့်ကောင်းလှစွာ မတ်တပ်ရပ်နေသော ပြဒါးရံ၏ နဖူးကိုအားပါပါနှင့် ခေါက်မိသွားလေသည်။
" အာ့....မင်း "
ရုတ်တရက်အခေါက်ခံလိုက်ရတာကြောင့် ပြဒါးရံလည်း လန့်သွားမည်မှာ သေချာမည်ဖြစ်ပြီး အော်သံတိုးဖွဖွလေးနဲ့အတူ ချက်ချင်းသူ့နဖူးကို လက်နှင့်ပွတ်သပ်နေကာ ဆင့်ကို အခဲမကြေမေးခွန်းထုတ်လာသည်။
" ဘာလုပ်တာလဲ "
" Sorry ... ကျွန်တော်မရည်ရွယ်ပါဘူး တံခါးကရုတ်တရက် ပွင့်လာမယ်လို့မထင်လို့ပါ "
တိမ်ယံဆင့် မှတ်ဉာဏ်ထဲ အပိုင်းအစလေး များစုပေါင်းလာပြီး ယခုစကားနှင့် တစ်ပုံစံတည်းတူသောစကားကိုလည်း သိပ်မကြာခင်အချိန်များတုန်းက ပြောခဲ့ဖူးကြောင်းသတိရသွားလေတော့သည်။ ထိုအချိန်များတုန်းက သူဟာပြဒါးရံရဲ့ ရင်ခွင်ထဲရောက်နေခဲ့သည် ဖြစ်လေသည်။ အားပါပါနှင့် ခေါင်းတစ်ချက်ခါထုတ်လိုက်ပြီး အနည်းငယ်မနူးညံ့နေသော လေသံလေးဖြင့် ပြဒါးရံကို သူ့အမှားမဟုတ်ကြောင်း ထပ်ပြီးသက်သေပြချင်နေသေးလေသည်။
" ကိုရံလည်း တံခါးဖွင့်မယ်ဆို အသံလေးနည်နည်းပေးသင့်တယ် မဟုတ်ဘူးလား "
" ဘယ်လိုပေးရမှာလဲ.....ကျွန်တော်အခု တံခါးဖွင့်တော့ပါမယ် ဆိုပြီးတော့လား ဒါမှမဟုတ် တံခါးမဖွင့်ခင် ကျေးဇူးပြုပြီး နောက်လေးနည်းနည်း ဆုတ်ပေးပါ အားလုံးအန္တရာယ်ကင်းအောင်လို့ပါ ဆိုပြီးတော့လား "
" ဖွီး....ဟား....ဟား "
အောင့်အီးသည်းခံထားပါသော်လည်း ဆင့်ခမျာ ပြဒါးရံစကားများကြောင့် ထိန်းချုပ်မရအောင်ရယ်မောလာခဲ့ကာ ဘယ်တော့မှ မရပ်တန့်တော့မည့်အသွင်အဖြစ် ကူးပြောင်းသွားတာကြောင့် ပြဒါးရံမှာ ရှက်စိတ်လေးအနည်းငယ် ခိုအောင်းလာခဲ့လေတော့သည်။
" တော်တော့ "
" ကောင်းပြီ ....ကောင်းပြီ မရယ်တော့ဘူး "
" ........ "
" လာခဲ့ "
ပြဒါးရံရဲ့ လက်ဖဝါးကိုဆုပ်ကိုင်လိုက်ပြီး ဂရုတစိုက်ဆွဲခေါ်လိုက်ကာ မီးဖိုချောင်က စားပွဲဆီကိုခေါ်ဆောင်လာခဲ့ချိန်ဝယ် ထိုသူက ဘာကိုမှအမေးစကားဆိုမလာဘဲ ကြည်ကြည်ဖြူဖြူဖြင့် ဆင့်နောက် ပါလာခဲ့ရုံသာမက ဆွဲကိုင်ထားသော လက်တစ်ဖက်ကိုလည်း ပြန်ဆုပ်ကိုင်လာခဲ့လေသည်။ ဆင့်အနေဖြင့် ပြဒါးရံ၏ ထိုအပြုအမူသေးသေးလေးကအစ သူ့အတွက်အဖိုးဖြတ်မရသည့် ရတနာတစ်ပါးထက် ပိုသာလွန်းသော ဆုလာဒ်တစ်ခုအသွင်ဆောင် လေတော့သည်။ လွန်စွာမှ နှစ်သက်သဘောကျချင်စဖွယ် ကောင်းလှကာ ဆန့်ကျင်ဘက်အနေဖြင့်လည်း လူကိုအတော်လေး ထိန်းချုပ်ရခက်အောင် ပြုစားနိုင်လွန်းလေသည်။
စားပွဲပေါ်ကြိုတင်နေရာချထားသော အစားအစာရှေ့ပြဒါးရံကို ထိုင်ခိုင်းလိုက်ကာ လက်ထဲဇွန်းထည့်ပေးလိုက်လေသည်။ သို့သော်ပြဒါးရံက မစားသေးဘဲ ထိုနေရာ၌ပင် အချိန်အတော်ကြာမြင့်သွားသည်အထိ ထိုင်မြဲအတိုင်း ထိုင်နေခဲ့ကာ နည်းနည်းလေးမှ မလှုပ်ရှားလာခဲ့ပေ။
ထို့နောက် ဆင့်က ပြဒါးရံအမြင်အာရုံဆုံးရှုံးနေသည့်အတွက် ထိုအစားအစာကို မမြင်နိုင်ဘူးဆိုတာကို သတိရသွားလေတော့သည်။ သူကဘယ်လိုတောင် မစဉ်းစားမတွေးခေါ်တတ်နေတာလဲပင်... ဒီလောက်ကြီးတဲ့ကိစ္စကိုတောင် သူသတိမထားလိုက်မိဘူး
" အဆင်မပြေရင် ကျွန်တော်ခွံ့ကျွေးရမလား "
" မလိုဘူး "
" ဒါဆိုဘာလို့မစားသေးတာလဲ "
" အနံ့ကထူးဆန်းနေလို့ "
ဆင့်ကကိုယ်ကို အနည်းငယ်ရှေ့သို့ကိုင်းလိုက်ပြီး ပြဒါးရံပန်းကန်ကို ငုံ့နမ်းကြည့်လိုက်လေသည်။ သူ့နှာခေါင်းထဲမှာတော့ အနံ့ကအဆင်ပြေနေသားပဲ.....ဘာကထူးဆန်းနေလို့လဲ။
" အာ...ကျွန်တော်တော့ ဘာထူးဆန်းတဲ့အနံ့မှမရဘူး...ကိုရံ နှာခေါင်းကပြဿနာရှိနေတာနဲ့တူတယ် "
ပြဒါးရံက သေချာသိနေလေသည်။ လေထုထဲတွင် ပျော်ဝင်နေသည့် အမည်ဖော်မရသော ထူးဆန်းသည့်အနံ့တစ်မျိုး သူသေချာပေါက် ခံစားနေရကာ အလိုအလျောက်အသိပေးတတ်သော ခန္ဓာကိုယ်နှင့်ဦးနှောက်အစိတ်အပိုင်းများသည် အန္တရာယ်ရှိသည်ဟူသော အချက်ပေးသံများ အဆက်မပြတ်မြည်ဟီးနေတော့သည်။
သို့သော် မိုက်ရူးဆန်လွန်းစွာပင် အရှေ့မှာရှိနေသောပန်းကန်ထဲသို့ တစ်ချက်မွှေလိုက်ပြီး တစ်ဇွန်းလောက် ပါးစပ်ထဲထည့်ကာ မြည်းစမ်းကြည့်လိုက်ပါတော့သည်။ ချက်ပေးထားသောလူ၏ စေတနာနှင့် ဆာလောင်လွန်းသော သူ၏ဗိုက်တို့တွေ့ဆုံချိန်ခိုက် ပါးစပ်ထဲသို့ Alex ချက်ပေးထားသော အစာနှင့်အတူ Alex ၏ ညင်သာသည့်စကားသံကိုပါ အပိုထပ်ဆောင်းလက်ခံရရှိပါတော့သည်။
" တိမ်ယံဆင့်ဆီက ကိုရံ နှလုံးသားကိုခိုးယူတာ ပစ်မှုမြောက်လားဟင် "
" အဟွတ်.....ဟွတ်.....ဟွတ် "
" အဲ့စကားက ဒီလောက်တောင် နင်သွားစေတာလား "
တစ်ရူးတစ်ရွက်ပေးလိုက်ရင်း ဆင့် အပြစ်ကင်းစင်သည့်ဟန်ဖြင့် ရှောရှောရှုရှု ပြောလိုက်လေသည်။
" မင်းဘိုးအေကို နင်သွားရမှာလား...မသေသွားတာတောင်ကံကောင်း "
စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ချောင်းကိုသာအဆက်မပြတ်ဆိုးနေခဲ့ကာ မျက်ဝန်းထက်တွင် မျက်ရည်များ ဌာနေတည်လာပြီဟု ပြဒါးရံ ခံစားနေရသည်။ အမှန်စင်စစ်တွင် Alex ဘာပြောလိုက်မှန်းတောင် သူသေချာမကြားလိုက်ရချေ။ ပါးစပ်ထဲဝင်လာသော ဆိုးဆိုးဝါးဝါးအရသာကြောင့် ချက်ချင်းပင်အရာအားလုံးအန်ထွက်တော့မည်ဟု အချက်ပြနေပြီး အူကလိစာများပင် ကျုံ့ငယ်သေးကွေးသွားသည့်အဖြစ်သို့ ကူးပြောင်းသွားလောက်ချေသည်။ တစ်ချိန်ထဲမှာပင် ဦးနှောက်ဆဲလ်များက အလုပ်မလုပ်တော့ဘဲ ဆန့်ငင်ဆန့်ငင်ဖြင့် သေဆုံးသွားလောက်ချေပေသည်။
" မင်း....ဘယ်လို....ချက်ထားတာလဲ "
" အာ ??? "
" ဝေါ့....မရတော့ဘူး အန်ချင်တယ် "
" သန့်စင်ခန်းကို ကျွန်တော်လိုက်ပို့ပေးမယ် "
" မလိုဘူး ငါ့ဘာသာသွားတတ်တယ် "
သန့်စင်ခန်းထဲပြေးဝင်သွားသော ပြဒါးရံကိုကြည့်ပြီး ဆင့်တစ်ယောက် မအူမလည်ဖြင့် ကျန်ခဲ့လေတော့သည်။ ခဏအကြာတွင် နံရံကိုအားပြုပြီးပြန်ထွက်လာသော ပြဒါးရံအားကြည့်လိုက်ကာ ဖြူစင်တောက်ပလွန်းစွာ ပြုံးပြလိုက်သော်လည်း ပြဒါးရံက မမြင်ရပါချေ။ သိပ်ကိုမှ နှမျောတသဖြစ်စရာ ကောင်းလွန်လှချေ၏။
" Alex ...မင်းချက်ထားတာကို မြည်းကောမြည်းကြည့်ရဲ့လား "
" အာ...ဟုတ်သားပဲ ကျွန်တော် ဆားတွေ အချိုမှုန့်တွေထည့်ဖို့ လုံးလုံးမေ့သွားတာ "
" မထည့်လည်းမင်းအရသာက တော်တော်ဆိုးနေပြီ "
" ကျွန်တော့်ကို အဲ့လောက် review ပြန်ပေးဖို့မလိုပါဘူး "
တိမ်ယံဆင့်အသံက တည်ငြိမ်မှုတို့ရောယှက်နေဆဲပင်။ အနည်းငယ်တောင် သူ့အချက်အပြုတ်စွမ်းရည်အပေါ် သံသယဝင်စိတ်လေးရှိမနေဘဲ ယုံကြည်ချက်များ ဖုံးလွှမ်းနေဆဲ။
" ဒါဆိုမင်းကဘာလို့မစားကြည့်တာလဲ "
" အော်.....ကိုရံ့အတွက် သီးသန့်ချက်ထားတာမို့လို့လေ။ ပြီးတော့ ကျွန်တော် စောစောက ရေခဲသေတ္တာထဲမှာ အသားညှပ်ပေါင်မုန့်တွေ့လို့ ယူစားလိုက်တာ ဗိုက်ပြည့်နေတယ် "
" ဟက်....ကောင်းရော "
ပြဒါးရံတစ်ယောက် ပြောစရာစကားများ ပျောက်ရှကုန်ကာ ယုံကြည်မှုလွန်ကဲနေသော Alex ဆိုသူရဲ့မျက်နှာကို ထကြည့်ချင်မိသည်။ ဘယ်လိုသတ္တိမျိုးနဲ့များ ဒီလောက်တောင် ရဲတင်းနေရတာလဲပင်။ ဒါ့အပုင် မျက်နှာပြောင်တိုက်တဲ့နေရာမှာလည်း ထိုလူကပြိုင်ဘက်ကင်းပဲ ဖြစ်လေသည်။
" ကိုရံ ကျွန်တော်တစ်ခုခု မှာပေးရမလား "
" Alex နောက်ခါကျရင် မီးဖိုချောင်ကို ခြေတစ်လှမ်းတောင်မလှမ်းပါနဲ့ "
" ??? "
" အခန့်မသင့်ရင် လူသေသွားနိုင်တယ် "
ပြဒါးရံရဲ့ မျက်လုံးများ အမြင်အာရုံဆုံးရှုံးနေခြင်းက တစ်ခါတစ်ရံ အဆိုးဝါးဆုံးမြင်ကွင်းများကို အကောင်းဆုံးဖြေရှင်းနိုင်သည့် ကိစ္စတစ်ရပ်ပင်။ သို့မဟုတ်လျှင် သူတို့နှစ်ယောက်လုံးရဲ့ အနောက်ဘက်က မီးဖိုချောင်ဟာ အင်မတန်ကို ဆိုးဝါးအကျဉ်းတန်လွန်းစွာဖြင့် သူခိုးတစ်ယောက် ဝင်မွှေထားသလို ပွလျောင်းကျဲနေသည်ကိုသာ မြင်သွားခဲ့လျှင် သေချာပေါက်နေရာ၌ပင် တက်သေသွားနိုင်လေသည်။
" ဟား....ဟား....ဟား "
အရှက်ခွဲခံလိုက်ရသည့်အတွက် တိမ်ယံဆင့်မှာ အရှက်ပြေ ရယ်သာရယ်နေလိုက်ပြီး ဘာစကားမှဆက်ပြောမလာတော့သည်။ အခုအခြေအနေတောင် တော်တော်ရှက်ဖို့ကောင်းနေပြီ မဟုတ်ပါလား။ သို့သော်ငြား တိတ်ဆိတ်မှုက အတိုင်းထက်အလွန်ကြာမြင့်လာသည့်အခါတွင် ဆင့် အနေဖြင့် ဘယ်နည်းနဲ့မှဆက်ပြီး တိတ်ဆိတ်မနေနိုင်တော့ပါချေ။
" ကိုရံ....ဟို ... အင်း... "
သူဟာစာကြိုစီထားခြင်းမရှိဘဲ အလောတကြီး စကားစလိုက်တာကြောင့် ထစ်ငေါ့သွားရချေတော့လေသည်။
" Alex အဆင်ပြေတာ တစ်ခုခုမှာလိုက်ပါ.... ကိုယ်အစားမရွေးဘူး "
" အင်း "
ဆင့်က အနီးနားက Hotelတစ်ခုကို စောစောက လမ်းလျှောက်ထွက်ရင်း မြင်မိခဲ့သည်ဖြစ်လေရာ ထိုHotel ရဲ့တာဝန်ရှိသူအချို့ကို ဖုန်းလှမ်းဆက်လိုက်ပြီး စားစရာအချို့လာပို့ပေးရန် ပြောလိုက်လေသည်။ ပုံမှန် Hotel အများစုတွင် ပြင်ပဝန်ဆောင်မှုများ ပေးလေ့ရှိသည်မဟုတ်ပေ။ သို့သော်ငြား ပြဒါးရံ၏ နာမည်လေးအသုံးပြုလိုက်ရုံဖြင့် ကျွန်းတစ်ကျွန်းလုံးက သူ့ထက်ငါ အပြိုင်အဆိုင် ကူညီပေးရန်အသင့်ရှိနေကြပြီး ထိုလူသားကို ရှင်ဘုရင်နှယ် အမြင့်ဆုံးပုလ္လင်တော်ထားရှိတင်မြောက်ထားကြလေသည်။
နောက်ပိုင်းမှ သိလိုက်ရတာတစ်ခုက ကျွန်းပေါ်မှလူအများစုသည် လွန်ခဲ့သောအချိန်များတုန်းက သဘာဝဘေးကြောင့် ဒုက္ခရောက်နေသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်များပါဝင်လေရာ ပြဒါးရံက သနားညှာတာသောအားဖြင့် ကျွန်းကိုခေါ်လာခဲ့ပြီး Hotel တစ်ခုပါ တည်ဆောက်လိုက်ပြီး ငယ်ရွယ်သူများအား Hotel တွင်အလုပ်လုပ်စေကာ ရရှိလာသောအမြတ်ကို ထိုဒုက္ခသည်များထံ ပြန်ခွဲဝေပေးပြီး တစ်ပါးတစ်ချပ်တောင်မယူခဲ့ပေ။ ထို့အပြင်အရင်းအနှီးတောင် စိုပ်ထုတ်ပေးခဲ့သည်မဟုတ်ပါလား။ နေစရာနဲ့စားစရာရရှိသွားသော ထိုသူများက သူတို့၏ အသက်သခင်ကျေးဇူးရှင် ပြဒါးရံကို ကျေးဇူးတင်မဆုံးဖြစ်နေသည်မှာလည်း ထူးဆန်းသည့်ကိစ္စရပ် ဟုတ်မနေတော့ချေ။
ထိုအချိန်တွေတုန်းက ပြဒါးရံဟာ မည်မျှပြီးပြည့်စုံနေလောက်မလဲ တွေးကြည့်စရာမလိုခဲ့ပေ။ မျက်လုံးတွေကွယ်သွားတာတောင်မှ ထိုသူဟာ လူပေါင်းများစွာ၏အသက်များကို တန်ခိုးရှင်လို ကယ်တင်လိုက်နိုင်လေသည်။ ထိုအရာများ၏ ဆန့်ကျင်ဘက်၌မူ တိမ်ယံဆင့်က တစ်စထက်တစ်စ တိုးပွားလာသောအမုန်းတရားများနှင့်အတူ ဖျက်ဆီးလိုစိတ်အတိပြီးသော မကောင်းဆိုးဝါးအသွင်သို့သာ ကူးပြောင်းလာခဲ့သည်ပေ။ သူတို့နှစ်ယောက်လုံးက လုံးဝကိုဆန့်ကျင်ဘက်ပင်ဖြစ်ကာ နည်းနည်းလေးမှ တူညီမှုမရှိသည့် စိတ်ကူးစိတ်သန်းများကိုသာ ပိုင်ဆိုင်ထားကြသည်။ သို့သော်ငြား ဆန့်ကျင်ဘက်ချင်းမှဆွဲငင်တတ်တာလည်း သံလိုက်တွေရဲ့သဘာဝတရားကိုလည်း မေ့ပျောက်ထားလို့မရနိုင်ပေ။
အချိန်ခဏလေးအတွင်း မျက်စိရှေ့ရောက်လာသော စားစရာများကို ပန်းကန်ထဲလှယ်ထည့်ရန် ဆင့် မီးဖိုးချောင်ထဲ ဒုတိယအကြိမ် ပြန်ဝင်သွားလေသည်။ ပန်းကန်ပြားတစ်ချပ်အား ဆွဲထုတ်လိုက်ချိန်ဝယ် ရေမခြောက်သေးသည်ဖြစ်လေရာ ထိုပန်းကန်ပြားက ဆင့် လက်ထဲမှချော်ကျ၍ အောက်သို့တစစီ ကျကွဲသွားကာ စိစိညက်ညက်ကြေသွားတော့သည်။
ပြဒါးရံက ထိုအသံအားကြားလိုက်ချိန်တွင် စိုးရိမ်တကြီး မေးမြန်းလာခဲ့လေတော့သည်။
" Alex တစ်ခုခုထိခိုက်မိသွားသေးလား "
" ရတယ် ကျွန်တော်လက်ချော်သွားလို့ပါ "
" တစ်ကယ်အဆင်ပြေရဲ့လား "
ပြဒါးရံက ထိုင်ရာမှထလာပြီး သူ Alexဟုအမြဲထင်နေသော တိမ်ယံဆင့်ထံ လျှောက်လှမ်းလာချိန်တွင် သူတို့နှစ်ဦးကြား အတားအစီးဖြစ်နေသော ဖန်ကွဲစများကို မမြင်နိုင်ဘဲ တက်နင်းမိတော့မလိုဖြစ်နေခဲ့လေသည်။ ဆင့်က တားဆီးရန်ကြံလိုက်သော်လည်း နဂိုထဲက ထမင်းစား စားပွဲဝိုင်းနှင့် မီးဖိုချောင် ခြေလှမ်းလေးအနည်းငယ်လှမ်းလိုက်ရုံဖြင့် ရောက်နေပြီဖြစ်လေသည်။ သို့သော်ဆင့်က မမေ့မလျော့ သတိပေးလိုက်ပါချေသည်။
" မလာနဲ့ "
တိမ်ယံဆင့်ရဲ့ သတိပေးချက်က နောက်ကျခြင်းနဲ့လမ်းတစ်ဝက်မှာတွင် ဆုံတွေ့သွားပြီး ပြဒါးရံထံ မရောက်ရှိသွားခဲ့ပါချေ။ ထိုမျက်မမြင်ကောင်လေး လှမ်းနေသော ခြေထောက်တစ်ဖက်က ဖန်ကွဲစများရှိနေရာနှင့် တစ်ထပ်တည်းကျနေခဲ့လေသည်။ ဆင့်တစ်ယောက် စိုးရိမ်မှုအပေါင်းဖြင့် တားဆီးနိုင်ရန် နည်းလမ်းပေါင်းစုံကို စဉ်းစားကြည့်လိုက်ပြီးနောက် မိုက်ရူးရဲဆန်စွာ မိမိ၏လက်တစ်ဖက်ကို ပြဒါးရံရဲ့ ခြေထောက်အောက်လျှိုသွင်းလိုက်ပြီး ဖန်ကွဲစများနှင့် ထိုနူးညံ့သည့်ခြေထောက်ကြား တံတိုင်းတစ်ခုလို စည်းခြားလိုက်လေသည်။ နာကျင်မှု၏ သင်္ကေတဖြစ်သော တိုးဖွဖွညီးသံလေး ထွက်မလာစေရန် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်ပြီး အသံမထွက်သွားပါစေရန် ကြိုးစားထိန်းလိုက်နိုင်သော်လည်း လက်တစ်ခုလုံးမှ စိမ့်ထွက်လာသော သွေးများကိုတော့ မတားဆီးနိုင်လိုက်ပါချေ။ ဖြူဖွေးကာ လက်ချောင်းထိပ်များ၌ ပန်းရောင်သန်းလျက်ရှိနေတတ်သော်လည်း ယခုခါမှာတော့ အနီရောင်သွေးများ တန်ဆာဆင်ထားလေတော့သည်။
" မင်း ဘာလုပ်တာလဲ "
" ဘာမှမဟုတ်ဘူး ကိုရံ စိတ်မပူလဲရတယ် "
ပြဒါးရံဟာ သေချာပေါက်ခံစားမိလိုက်ပါသည်။ ခြေဖဝါးအောက်က နူးညံ့သည့်အထိအတွေ့သည် Alex ထံမှလာသည်ဆိုတာကို သူသေချာပေါက်သိနေခဲ့ပါသည်။ တက်နင်းမိလိုက်ချိန်တွင် အိစက်ကာပျော့ပျောင်းလှသည့်အပြင် တစ်နည်းတစ်ဖုံလည်း နှစ်လိုဖွယ်ကောင်းနေခဲ့ကာ ပန်းလေးတစ်ပွင့်လို နူးညံ့ခြင်းအတိပြီးလေတော့သည်။ ထို့နောက်မမြင်ရပါသော်ငြား လေထုထဲမှာ အရည်ပျော်လာတဲ့ သွေးညှီနံ့တွေ့ဟာ ပြဒါးရံ နှာခေါင်းထဲ တိုက်ရိုက်တိုးဝင်ကုန်ကြလေသည်။
" ရူးနေပြီလား ဘာလို့အဲ့လိုလုပ်တာလဲ "
လေထုထဲလက်စမ်းလိုက်ကာ ဆင့်ရဲ့လက်ကို လိုက်ရှာရင်း အလျင်စလိုပင် ခပ်ဖွဖွဆုပ်ထွေးလိုက်လေသည်။
" နာနေလား "
နူးညံ့သည့်လက်အတွင်းသားများသည် ချွဲကျိသောသွေးများကြောင့်နှင့် အသားထဲစိုက်ဝင်နေသော ဖန်ကွဲစများကြောင့် အနည်းငယ်ကြည့်ရဆိုးနေတော့လေသည်။
" ဟင့်အင်း.... အဲ့တာက ကျွန်တော်ကြိုက်တယ် "
ပြဒါးရံက သူ့ရဲ့လက်ကို တယုတယဆုပ်ကိုင်လာခဲ့သည်မဟုတ်ပါလား။ ထိုအထိအတွေ့လေးကြောင့် ဆင့်က နာကျင်မှုတစ်စုံတစ်ရာကိုမှ မခံစားလာရတော့ဘဲ နှုတ်ခမ်းထက်မှ ခပ်ဖွဖွလေးပြုံးလာကာ ကြည်နူးမှုများပါ ခိုအောင်းလာခဲ့လေသည်။
" တစ်ကယ့်ကိုရူးသွားပြီပဲ "
ပြဒါးရံက ပြောလိုက်ခြင်းဖြစ်သော်လည်း ဆင့်လည်း ထိုနည်းတူပင်တွေးနေမိလေတော့သည်။ လက်တစ်ခုလုံး စုတ်ပျက်သတ်နေတာတောင် ပြဒါးရံက ထိလိုက်ရုံလေးဖြင့် သူဟာ ဘာနာကျင်မှုမှ မခံစားနိုင်တော့သည်အထိ ထိုသူ့ကိုကြိုက်လေသည်။ နှလုံးသားက တောင့်တနေသော မြတ်နိုးမှုလေးအား ပြဒါးရံက အရူးဟု ခေါင်းစဉ်တပ်လျှင် သူဟာ အမှန်တစ်ကယ်ကိုပင် အရူးအဖြစ်ခံလိုက်တော့မည်ဖြစ်သည်။ ပြဒါးရံကို ကြိုက်လွန်းလို့ သူဟာ ရူးတော့မည်ပေ။
ခပ်ဖွဖွလေးရယ်လိုက်တော့ ပြဒါးရံ၏ မျက်ဝန်းအိမ်လေးက လှုပ်ရှားသွားကာ ဆင့်ရဲ့လက်ကို အားအနည်းငယ်သုံး၍ ဆုပ်ထွေးလာလေသည်။
" အာ့ "
" ဒါတောင်မနာဘူးလို့ ပြောချင်သေးတာလား "
" ကျွန်တော်အဆင်ပြေပါတယ် စိတ်ပူစရာမလိုပါဘူး "
" ဆေးရုံသွားရအောင် "
ဆင့်က ခြေလှမ်းအနည်းငယ် ရှေ့သို့တိုးလိုက်ပြီး ပြဒါးရံနှင့် နှာခေါင်းချင်းထိလုမတတ်ရပ်လိုက်ကာ အလွန်ဆွဲဆောင်မှုရှိသော အသံလေးဖြင့် ပြောလာသည့်တိုင် ပြဒါးရံက ထိုလက်ကိုမလွှတ်ပေးသေးပါချေ။
" ကျွန်တော့်ကိုဘာလို့ အဲ့လောက်ဂရုစိုက်နေတာလဲ ....မုန်းတယ်မဟုတ်ဘူးလား "
" ကိုယ့်ကြောင့် ဒဏ်ရာရသွားတာမဟုတ်လား.... တခြားအဓိပ္ပါယ် သက်ရောက်သွားရင် sorry ပါ "
" တစ်ကယ်လို့ ကိုရံသာ ကျွန်တော့်လက်ကို ဆက်ကိုင်ထားမယ်ဆိုရင် ကျွန်တော် ကိုယ့်ကိုကိုယ်ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ ဒါက ကျွန်တော့်ကို အသေသတ်နေတာနဲ့တူတူပဲ "
" ...... "
ပြဒါးရံက ကြောင်အသွားပြီးနောက် အသိစိတ်ပြန်ဝင်လာချိန်တွင် ဆင့်ရဲ့လက်ကို ပျာပျာသလဲလွှတ်ပေးလာပြီး လိမ်လိမ်မာမာနှင့် ခုံပေါ်မှာသွားထိုင်နေလေသည်။ ဆင့်တစ်ယောက် အသံမထွက်အောင် သဘောတကျရယ်လိုက်ကာ ပြဒါးရံ၏ အမူအယာများက အလွန်ချစ်ဖို့ကောင်းသည်ဟု စိတ်ထဲ၌တေးမှတ်လိုက်ပါတော့သည်။
" Alex ဒဏ်ရာရထားတာလား ၊ သွေးတွေက ဘယ်လောက်တောင် စီးကျနေတာလဲ "
စိုးရိမ်တကြီးဖြစ်နေသော အသံတစ်သံသည် တိမ်ယံဆင့်၏ အတွေးစိတ်ကူးမှန်သမျှကို တစစီရိုက်ချိုးလိုက်ကာ လေအလျင်ဖြင့် အနားသို့ချက်ချင်းရောက်လာပြီး သူ့လက်ဟာ ဒုတိယအကြိမ်အခြားလူတစ်ယောက်၏ ကိုင်တွယ်ခြင်းခံလိုက်ရလေသည်။
" ဟင်း "
မျက်လုံးမှိတ်ကာ ဆင့်က သက်ပြင်းတစ်ချက်ချလိုက်လေပြီး သူဒီနေ့တစ်ရက်လုံး ရှင်းပြလို့ပြီးပါဦးမလားဟု စဉ်းစားမိလေသည်။
" ကျွန်တော် ဘာမှမဖြစ်ဘူး "
" ဆေးရုံသွားရအောင် "
" တစ်ကယ့်ကိုပဲ မောင်နှမတွေလို့မပြောရဘူး .... ပြောလာတဲ့စကားတွေကအစတစ်ပုံစံထဲပဲ "
စိတ်ထဲမှ ရေရွတ်လိုက်ကာ ငြင်းဆန်ရန်ဟန်ပြင်လိုက်သော်လည်း တိုးညှင်းသောအသံလေးတစ်ခုက ဆင့်ထက်အရင်လက်ဦးသွားကာ နှလုံးသားကိုကိုင်လှုပ်လာခဲ့ပြန်လေသည်။
" သူ့လက်က စိုးရိမ်ရလား "
ဆင့်က ချက်ချင်းပင် ခေါင်းတွင်တွင်ခါကာ ယွန်းဟေမီမြင်အောင်ပြလိုက်လေသည်။
" အင်း....ရံလေး အရမ်းကြီးစိုးရိမ်ရတဲ့ထဲတော့ မပါပါဘူး "
သံရှည်ဆွဲ၍ သူမက ပြန်ဖြေလိုက်လေသည်။
" ကျွန်တော်ဆေးရုံမသွားချင်ဘူး ဆေးပဲကူထည့်ပေးပါ "
" ဟုတ်ပြီ ဟုတ်ပြီ သွေးထွက်မလွန်ခင် သွေးတိတ်အောင် မြန်မြန်လုပ်ကြရအောင် "
ဆင့်ရဲ့ လက်ကိုကိုင်ပြီး မီးဖိုချောင်ထဲ၌ ရေးဆေးရန်ဟန်ပြင်လိုက်ချိန်တွင် ယွန်းဟေမီက သူမတစ်ဘဝလုံး ဖျက်ဆီးခံလိုက်ရသည့်နှယ် အံ့ဩနပန်းဖြစ်သွားကာ ပါးစပ်အဟောင်းသားနှင့် မည်သည့်စကားကိုမှ မဆိုလာဘဲ ခြေလှမ်းအစုံက ရပ်တန့်သွားခဲ့လေသည်။ ဆင့်တစ်ယောက် နားမလည်ဖြစ်နေမှုအား အဖြေရှာမရသေးခင်မှာတင် ယွန်းဟေမီက သူ့လက်ကို ပစ်စလက်ခတ်လွှတ်ချလိုက်ပြီး မီးဖိုချောင်ထဲ တရှိန်ထိုးပြေးဝင်သွားခဲ့သည်။
" ကုန်ပါပြီ.... သွားပြီ လုံးဝကိုပျက်ဆီးကုန်ပြီ "
" ငါအခု စွန့်ပစ်ခံလိုက်ရသလို ခံစားနေရတယ် "
ယခုချိန်မှာ ဆင့်ရဲ့လက်ကို ဘယ်သူကမှ ဂရုမစိုက်တော့ချေ။ ယွန်းဟေမီမှာ ရစရာမရှိအောင် ပျက်ဆီးသွားသော မီးဖိုချောင်အားကြည့်ကာ မငိုရုံတမယ်ဖြစ်နေခဲ့ပြီး ပါးစပ်မှလည်း နှမျောတသဖြစ်နေသော စကားများကိုမကြာခဏ ညီးတွားနေခဲ့တော့သည်။
" ကမ္ဘာပျက်နေသလိုပါပဲလား .... အိမ်ကထွက်သွားတာ တစ်ရက်တောင်မပြည့်သေးဘူး မီးဖိုချောင်က တစ်ကယ်ကြီးကို သုံးစားမရအောင် ဖျက်ဆီးခံလိုက်ရတာပဲ "
" တောင်းပန်ပါတယ် "
ဆင့်က ခေါင်းငုံ့ကာ တောင်းပန်စကားဆိုလာပြီး ခဏအကြာတွင် ဖြေရှင်းချက်ပေးရန် ခေါင်းပြန်မော့လိုက်ချိန်ဝယ် ယွန်းဟေမီ၏ စူးစူးရဲရဲအကြည့်များဖြင့် ဆုံတွေ့သွားရကာ မကြာသေးခင်က ပြောထားသောစကားကို ထပ်ပြောလိုက်ပြီး ဒုတိယအကြိမ်ခေါင်းပြန်ငုံ့သွားလေသည်။
" တောင်းပန်ပါတယ် "
ယွန်းဟေမီက ဆင့်ထံ တဖြည်းဖြည်းလျှောက်လှမ်းလာတာကြောင့် သူမရဲ့ဖိနပ်က ပိုပိုပြီးနီးကပ်လာတာကို ဆင့် ခံစားနေရကာ အားနာစိတ်ကြောင့် မျက်နှာကိုတော့ မော့မကြည့်ခဲ့မိပေ။
" ဒီကိစ္စကို နောက်မှဆက်ပြောမယ်...... လက်ကိုအရင်ဆေးသွားထည့်ရအောင် "
မိန်းကလေးတွေရဲ့ပါးစပ်က တစ်ကယ်ကိုအံ့ဩလောက်စရာပင်။ တိမ်ယံဆင့်မှာ ဆေးထည့်နေရင်း ယွန်းဟေမီထံမှ မရေမတွက်နိုင်သော အဆူခံထိမှုများနှင့် သတိပေးချက်များအပြင် ခြိမ်းခြောက်မှုများကိုပါ လက်ခံရရှိလိုက်ပေတော့သည်။ နောက်ဆုံးဆိုက်သော ဘူတာမှာမူ မီးဖိုချောင်ထဲ ဘယ်တော့မှမဝင်ရဘူးဟူသည့် စကားဖြင့်သာ အဆုံးသတ်သွား၍ ကျေးဇူးသာတင်ရတော့မည်။
သူတို့သုံးယောက်လုံး မှာထားသည့်အစားအစာများ ထုတ်စားပြီးသွားချိန်တွင် ပြဒါးရံကမူ အခန်းထဲပြန်ဝင်သွားခဲ့ပြီး ယွန်းဟေမီကလည်း အလုပ်မှလာသော ဖုန်းများကြောင့် မအားလပ်နိုင်တော့ပေ။ အချိန်တစ်ဖြည်းဖြည်းစလင့်လာသည့်အခါတွင် ကောင်းကင်ယံထက်မှောင်ရီပျိုးလာပြီဖြစ်ပြီး နေရောင်ခြည်မှာ ပင်လည်တွင်းသို့စီးဝင်လျက် သူ၏အပူမီးများကို ငြိမ်းသက်နေတော့လေသည်။
တိမ်ယံဆင့်တစ်ယောက်သာ ဝရံတာထက်ထွက်ပြီး အရှိန်အဟုန်ပြင်းပြင်းတိုက်ခတ်နေသော လေထုကိုအံတုလျက် ပင်လယ်ပြင်ထက်ဖြာကျနေသော လရောင်လေးကိုငေးကြည့်နေခဲ့မိကာ ထိုအလင်းရောင်ဖျဖျလေးမှာလည်း လှိုင်းလုံးများကြား လူးလွန်ခုန်ပေါက်နေခဲ့လေသည်။ မသိလိုက်ပါလျှင် ငွေရောင်နှင်းစက်လေးများ ရေစီးနှင့်အတူ မျောပါနေသည့်အလား အသွင်သဏ္ဌာန်ဆင်တူလေ၏။
တစ်အိမ်လုံးက တိတ်ဆိတ်ခြင်းအတိပြီးကာ တိမ်ယံဆင့်၏ မျက်နှာထက်တွင် ကျူးပစ်၏ လေးသဖွယ် ကွေးညွှတ်နေသည့် နှုတ်ခမ်းလှလှလေးများက လေညှင်းများနှင့် ပနံသင့်ကာ လိုက်ဖက်ချင်တိုင်း လိုက်ဖက်နေတော့သည်။ ပို၍ ပို၍ ညဉ့်နက်လာလေသောအခါ ပြဒါးရံရဲ့အခန်းမီးက ရှည်ကြာသောအချိန်များထဲက ပတ်သွားခဲ့ပြီဖြစ်လေသည်။ ဆင့်က မိမိအခန်းထဲ မဝင်မီ ပြဒါးရံရဲ့အခန်းတံခါးကို တင်္ဂမျှကြည့်လိုက်ပြီးနောက် စိတ်ချလက်ချ ဝင်သွားနိုင်ခဲ့သည်။
" ဆင့် "
" ဆင့် "
အဆက်မပြတ်ခေါ်နေသော အသံများကြောင့် ဆင့်ရဲ့ စိတ်များက နိုးတစ်တက် အိပ်ပျော်တစ်ဝက်ဖြစ်လာကာ အိမ်မက်နဲ့လက်တွေ့ကို မခွဲခြားနိုင်ဖြစ်လာရတော့လေသည်။ ထိုအသံပိုင်ရှင်မှာ ယောက်ျားတစ်ယောက်ဖြစ်နေခဲ့ပြီး ဆင့်က မျက်နှာကိုမူ သဲသဲကွဲကွဲမမြင်နိုင်ခဲ့ချေ။ သို့သော်ငြား သူ့နာမည်ကိုခေါ်တွင်နေသော အသံလှိုင်းက ဆွဲဆောင်အားကောင်းစွာ သူ့ရဲ့စိတ်ဝိညည်ဟူသမျှကိုပါ သံလိုက်စက်ကွင်းလို အဆက်မပြတ် ဆွဲငင်နေခဲ့သည်။
" ဆင့် "
" ဒီကို လာပါဦး "
အိမ်မက်ထဲတွင် ဆင့်က ဒူးထောက်ထိုင်ချလိုက်ကာ အသံမကြားရစေရန် လက်နှစ်ဖက်ဖြင့် နားကိုခပ်တင်းတင်း ပိတ်စို့ထားလိုက်လေသည်။ သို့သော်ငြားအချိန်တစ်ခုအကြာတွင် သူဟာ ဘာကိုမှမတားဆီးနိုင်ခဲ့ပဲ ခြေလှမ်းများက ထိန်းချုပ်နေသော အသိစိတ်များနှင့် ဆန့်ကျင်စွာ အသံလာရာဆီ ရွေ့လျားသွားနေခဲ့ကိုလည်း ခွင့်ပြုထားလိုက်ရလေသည်။
" ဆင့်.... ကလေးလေး "
" ဘယ်သူလဲ "
တိမ်ယံဆင့်၏ အမေးသံက လေဟာနယ်ထဲ ဟိန်းထွက်သွားပြီး အဆက်မပြတ်ပဲ့တင်ထပ်နေခဲ့ကာ မကြာမီ သူ့ရှေ့ကယောက်ျားက တဖြည်းဖြည်းခေါင်းမော့လာပြီး သူ့ကိုမျက်နှာသေဖြင့် စိုက်ကြည့်လာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ပိန်းပိတ်အောင် မဲမှောင်နေခဲ့ကာ အလင်းရောင်ဟုဆိုနိုင်သော အရောင်ဖျဖျလေးတစ်ခုသာရှိသည့်အတွက် ဆင့်က ထိုအမျိုးသားမျက်နှာကို သဲသဲကွဲကွဲမမြင်ရချေ။
" လာပါဦး.... မင်းရဲ့မျက်နှာလေးကို ထိတွေ့ပါရစေ "
အေးစက်သည့် လက်တစ်ဖက်က ဆင့် မျက်နှာပေါ် လာရောက်ထိတွေ့လာသည့်အခိုက်တွင် ဆင့်ရဲ့ နှလုံးသားတစ်ခုလုံး ဗလာကျင်းသွားကာ တောင့်ခဲလာတော့သည်။ အားအင်အစုံက ဆုတ်ယုတ်လာပြီး ထိုအမျိုးအမည်မသိသော အမျိုးသားက သူ့မျက်နှာကိုစိုးမိုးခြယ်လှယ်လာသည်အထိ သူဟာတွန်းထုတ်ရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
" ခင်ဗျား ဘယ်သူလဲ "
ရုတ်တရက် ပတ်ဝန်းကျင်းက နဂိုကထက်ပိုပြီး ရှင်းလင်းပြတ်သားလာသည်ဟု ဆင့် တွေးမိရုံရှိသေး ကြောက်မက်ဖွယ်ကောင်းအောင် စူးရှသည့် မျက်ဝန်းတစ်စုံနှင့် အချိန်အတော်ကြာအောင် အကြည့်ချင်းစုံနေခဲ့ပြီး တောင့်တင်းစွာ ရပ်နေမိကြလေသည်။
" ဖေဖေ "
" ........ "
တုန့်ပြန်မှု ပြန်မလာသော်လည်း ဆင့်က နောက်တစ်ခွန်း ထပ်ခေါ်လိုက်ပြန်လေသည်။
" ဖေဖေလား....ဟုတ်တယ်မလား "
" ....... "
" အရမ်းလွမ်းနေတာ.... ကျွန်တော် ... အရမ်း...သတိရနေခဲ့တာ "
ပြတ်တောင်းပြတ်တောင်းစကားသံများတွင် တစ်စွန်းတစ်စ ရှိုက်သံများလည်း ရောထွေးနေခဲ့၏။
လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ထိုအမျိုးသား၏ မျက်နှာအားထိတွေ့လိုက်ချိန်တွင် ရေခဲတမျှအေးစက်နေသော ခံစားချက်က လက်ဖျားများမှတစ်ဆင့် နှလုံးသားကိုပါ အေးစက်မာကျောသွားစေလေသည်။
" ဆင့် "
" အင်း...ကျွန်တော်ရှိတယ် "
ထိန်းချုပ်ထားသည့် မျက်ရည်များက မျက်ဝန်းအိမ်ထဲမှတစ်ဆင့် ခက်ခက်ခဲခဲ စီးကျလာကြကုန်လေသည်။ ထိုအမျိုးသားက တစ်စုံတစ်ရာအား ဆက်ပြောလာလိမ့်ဦးမည်ဟု ဆင့် ယုံကြည်ထားသော်လည်း ဘာကိုမှ ဆက်ပြောလာခြင်းမရှိခဲ့ပေ။ သေချာစွာအာရုံစိုက်လိုက်ပြီးနောက် ထိုအမျိုးသားက ကျယ်လောင်စွာ ရယ်မောလာခဲ့လေသည်။ ရယ်နေခဲ့သည်မှာ အရူးတစ်ယောက်နှယ် သွေးရူးသွေးတန်း အသိစိတ်လွတ်စွာဖြင့် ရယ်မောနေခဲ့ခြင်း ၊ ဖန်တစ်ရာမက ပဲ့တင်ထပ်နေသော ထိုရယ်သံကြောင့် တိမ်ယံဆင့်သည် နောက်ကျောဘက်မှ ချမ်းစိမ့်မှုနှင့်အတူ မကောင်းသောအငွေ့အသက်များကိုပါ ယှဉ်တွဲခံစားလိုက်ရလေသည်။အချိန်အတော်လေး ကြာမြင့်လာသည်အထိ ထိုအမျိုးသားက ရယ်မြဲအတိုင်းရယ်နေခဲ့ကာ တိမ်ယံဆင့်တစ်ယောက် စိုးရိမ်ထိတ်လန့်မှုများအားလုံး စုံပုံလာပြီး နောက်ဆုံးတွင် ထိုရယ်သံကိုလွှမ်းလျက် အဖေဖြစ်သူကိုသာ အသိစိတ်ဝင်လာအောင် အော်နှိုးနေခဲ့လေသည်။
" ဖေဖေ... ဖေဖေ သတိထားပါဦး "
" ဟား....ဟား...ဟား "
သွေးပျက်ခြောက်ခြားမှုများ ပါဝင်နေသော ထိုရယ်သံက ဆင့်ကို အင်မတန်ခေါင်းကိုက်စေပြီး အားအင်အစုံကို ဖြိုခွဲနေလေသည်။
" ဖေဖေ ! "
တစ်ဆက်တည်းမှာပြင် ထိုအမျိုးသား မျက်နှာကိုကိုင်ထားသော ဆင့်ရဲ့လက်မှ ချွဲပျစ်သော ခံစားချက်တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး မြင်ကွင်းအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခိုက်တွင် သူ့အဖေရဲ့ ဦးခေါင်းထက်မှ သွေများအဆမတန်စီးကျနေပြီး ထိုသွေးပျက်စရာမြင်ကွင်းနဲ့ သူ့အဖေရဲ့ ရယ်သံများက ဆင့်နားထဲ ဆွဲထုတ်မရအောင် တွယ်ကပ်နေခဲ့သည်။ စိုးရိမ်တကြီးမျက်နှာဖြင့် အဖေဖြစ်သူအားအော်ခေါ်လိုက်သော်လည်း ပါးစပ်များက လှုပ်ရှားသွားခဲ့ပါသည့်တိုင် မည်သည့်အသံမှ ထွက်မလာခဲ့မှ ဆင့်က သူ့ရဲ့လည်ချောင်းက အက်ရှကြမ်းတမ်းနေမှန်း သတိထားမိသွားလေသည်။ ထိုသွေးများက ဆင့်ရဲ့လက်ကိုပါ ချင်းချင်းနီစေရင်း တစ်စက်ချင်းကျဆင်းလာကာ သွေးအိုင်တစ်ခုကိုပါ ဖြစ်ထွန်းစေလာခဲ့လေသည်။
" အား.... "
ခြောက်ခြားမှုအပြည့် ရယ်သံနှင့် သွေးပျက်နေသော တိမ်ယံဆင့်၏ အော်သံများပေါင်းစည်းသွားကာ စို့နစ်ကြေကွဲဖွယ် လေထုကိုဖန်တီးပေးလာခဲ့လေသည်။
" အား....မဟုတ်ဘူး ....ဒီလိုမဖြစ်ရဘူး "
" ဟား...ဟား....ဟား "
" မရယ်နဲ့တော့ ....တော်တော့.... အဲ့တာက လုံလောက်နေပြီ ငါထပ်မကြားချင်တော့ဘူး "
ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် ရွှဲနစ်လာခဲ့လေသည်။
" ဆင့် ....သားလေး "
" မေမေ "
မျက်လုံးတစ်စုံကို ပြန်ဖွင့်လိုက်ချိန်တွင် မျက်စိရှေ့မှလူဟာ သူ့အမေအဖြစ်ပြောင်းသွားခဲ့ပြီး သွေးများက ယခင်အတိုင်း မြင်ရက်စရာမရှိအောင် စီးကျနေဆဲဖြစ်ပြီး ဆင့်ရဲ့ လက်တစ်ဖက်ကလည်း ထိုအမျိုးသမီး၏ ပါးပြင်ပေါ် ယခင်နည်းအတိုင်း ကိုင်ထားဆဲဖြစ်သည်။ တိမ်ယံဆင့်၏ ထိုလက်တစ်ဖက်မှာ ဖယ်ခွာပစ်လို့မရအောင် ဆွဲကပ်နေခဲ့လျက်သားဖြင့်ပင်။
" ဆင့် သားကောင်းကောင်း ရှင်သန်ရမယ်နော် "
" အင်း...အင်း...အင်း "
ခေါင်းကိုအဆက်မပြတ်ညိတ်ကာ ဆင့် ပြန်ဖြေလိုက်လေသည်။ မျက်ဝန်းအိမ်မှတစ်ဆင့် မေးဖျားမှဆက်ကာ သက်ဆင်းသွားသော မျက်ရည်စက်များသည် ဆင့် လက်မှတစ်ဆင့် အောက်သို့သက်ဆင်းနေသော သွေးများနှင့်လည်း ပမာဏချင်းညီမျှနေခဲ့လေသည်။
" မေမေ သားနဲ့အတူမရှိနိုင်တော့ဘူး "
" မဟုတ်ဘူး....မဟုတ်ဘူး...မဟုတ်ဘူး.... ထွက်မသွားကြပါနဲ့ ....ကျွန်တော်တစ်ယောက်ထဲ အထီးကျန်လွန်းလို့ပါ "
" ဆင့်....ကိုယ်မင်းကို တိုင်းတာလို့မရအောင်ချစ်တာ "
" ရံ "
ချက်ချင်းပင် လူဟာ ပြဒါးရံအဖြစ်ပြောင်းသွားပြန်လေသည်။ ပြဒါးရံ၏ မျက်လုံးနှစ်ဖက်လုံးမှာ ဗလာဖြစ်နေပြီး သွေးများက ထိုနေရာမှ အဆက်မပြတ်စီးကျနေဆဲဖြစ်ကာ ခေါင်းပေါ်မှာလည်း ရေလောင်းချထားသလို ရွဲနစ်စိုရွဲနေလေသည်။
" အား.....အား... "
ဆင့်က ထိုပုံရိပ်အား နက်ရှိုင်းသည့်အတွင်းစိတ်ထဲမှပင် လက်မခံနိုင်လှသည့်အတွက် အော်ဟစ်ငိုကျွေးလာပြီး အသိစိတ်မှန်သမျှ အစရှာမရလေအောင် ပျောက်ဆုံးသွားခဲ့လေပြီ။
" ရံ "
အသံများက သိသိသာသာ တုန်ယင်နေခဲ့ကာ ကျန်ရှိနေသည့် လက်တစ်ဖက်ကို အတင်းကာရောမြှောက်လိုက်လျက် ပြဒါးရံ၏ သွေးတို့ဖြင့် ပြည့်နှက်နေသော မျက်နှာကို ထိတွေ့လိုက်လေသည်။ ဆင့်ရဲ့ လက်များသာမက ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း ထိန်းချုပ်မရအောင် တသိမ့်သိမ့်တုန်ယင်နေခဲ့ပြီး ပြိုလဲသွားတော့မည်ဟု အရိပ်အယောင်များ ပြနေခဲ့တော့သည်။
" ကိုယ်မင်းကို အမြဲတမ်းကာကွယ်ပေးချင်ခဲ့တာပါ "
" ကျွန်တော်သိတယ်.... ရံကအမြဲတမ်း ကျွန်တော့်အတွက်ပဲ တွေးပေးနေခဲ့တာလေ... ကိုယ့်ကိုကိုယ်တောင်မှ ဂရုမစိုက်ဘူး "
" ကိုယ်မင်းကို သိပ်ချစ်တာ "
" ကျွန်တော်သိတယ် "
တိမ်ယံဆင့် မိမိနှဖူးနှင့် ပြဒါးရံနှဖူးကို ထိတွေ့လိုက်ကာ ပြဒါးရံ၏ ပါးနှစ်ဖက်လုံးကိုလည်း လက်များဖြင့် ဆုပ်ထွေးထားသေးလေသည်။
" အာ့ "
စူးရှသည့် နာကျင်မှုတစ်ရပ်သည် ဆင့်ရဲ့ နှလုံးသားတည့်တည့်မှ ဖြစ်တည်လာကာ ဝေဒနာအလုံးစုံမှန်သမျှ တိမ်ယံဆင့်ကို အပြင်းအထန်နှိပ်ဆက်နေခဲ့ကြသည်။ မချင့်မရဲ ခံစားချက်များဖြင့် မိမိရင်ဘတ်ထံ ခေါင်းငုံ့ကြည့်လိုက်ချိန်ဝယ် မိုးကြိုးသွားသဏ္ဌာန် ကောက်ကွေးနေသော ဓားတစ်လက်က တစ်ဆုံးစိုက်ဝင်နေခဲ့ပြီး ထိုဓား၏လက်ကိုင်တစ်ခုထဲသာ ပြဒါးရံက ဆုပ်ကိုင်ထားခဲ့ကာ ဓားသွားက အသားစိုင်ထဲ နစ်မြုပ်ပျောက်ကွယ်နေလေသည်။
" ရံ...မင်း... ဘယ်လိုလုပ် .... "
" ကိုယ်မင်းကို သိပ်ချစ်တာ "
သူ့နှလုံးသားကို ဓားနဲ့ထိုးပြီး ပြဒါးရံဟာ သိပ်ချစ်ပါတယ်တဲ့လေ။ မျက်ရည်တစ်စက်က လှိမ့်ဆင်းလာပြီး သွေးအပြည့်နေရာယူထားသော ရင်ဘတ်ကိုမျက်ကွယ်ပြုကာ နာနာကျင်ကျင်ဆိုလိုက်သည်။
" ကျွန်တော်သိတယ် "
" ဟား....ဟာ့ "
ရှိုက်သံများနှင့် ဗလုံးဗထွေး အသက်ရှုသံများ ပေါင်းစပ်သွားကာ မရေရာသည့် အသံလှိုင်းများထုတ်လွှင့်ပေးလာလေသည်။ ခပ်တင်းတင်း ပိတ်စို့ထားသော မျက်လုံးများကို အားသုံးဖွင့်လိုက်ချိန်တွင် မဟူရာထက်နက်သော အမှောင်ထုက ဆီးကြိုနေပြီး ပင်လယ်လေညှင်းနံ့သင်းသင်းကိုလည်း ရနေခဲ့သည်။ အမောတကောအသက်ရှုသံများကြောင့် ဆင့်ရဲ့ ရင်ဘတ်အစုံဟာ မြင့်ချည်နိမ့်ချည်နှင့်ပင်။ သူဟာ အိမ်မက်ထဲက ပြဒါးရံ ဓားနဲ့ထိုးခဲ့သောနေရာပေါ် လက်တင်လိုက်ပြီး တည်ငြိမ်သွားအောင် ထိန်းညှိသော်လည်း တည်ငြိမ်မှုအစွန်းအစလေးပင် ရှာမတွေ့နိုင်ခဲ့ပေ။
နာရီဝက်လောက်ကြာသောအခါ မီးဖိုချောင်ထဲက ရေတစ်ခွက် သွားသောက်လုံးပြီး နာရီကြည့်လိုက်ချိန်တွင် ဝေလီဝေလင်း ၂ နာရီပဲ ရှိသေးသည်ဖြစ်လေရာ အိမ်ရာပေါ် ကိုယ်ကိုကြုံ့၍ ဒူးျကွးလိုက်ကာ အလွန်သေးငယ်သော အမူအယာလေးဖြင့် အိမ်ရန်ဟန်ပြင်လိုက်လေသည်။ သို့သော် မျက်လုံးမှိတ်လိုက်လျှင်မူ ထိုအိမ်မက်များ ပြန်ဝင်ရောက်လာမည်ဆိုးသောကြောင့် ဆင့်က တစ်ချိန်လုံး မျက်လုံးများကို ဖွင့်ထားခဲ့ပြီး အိပ်ပျော်ဖို့ရာ လက်လျော့လိုက်ရလေတော့သည်။
" နာလိုက်တာ... ငါ့ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားတော့မလိုဘဲ နာကျင်နေတယ် "
ခပ်တိုးတိုး ရေရွတ်သံလေးနှင့်အတူ အိပ်ယာပေါ်မှာ ဘောလုံးလေးတစ်ခုလို စောင်ပုံထဲဝင်ရောက်နေသော တိမ်ယံဆင့်၏ အသံလေး။ နောက်ဆုံး၌ ဘယ်လိုမှ အိပ်မရတော့မှန်း သေချာသွားသည့်အခါ တိမ်ယံဆင့်တစ်ယောက် အခန်းတံခါးကိုတွန်းဖွင့်လိုက်ပြီး ဘေးချင်းကပ်ရပ်က ပြဒါးရံ၏ အခန်းထဲသော့အပိုသုံးလျက် ဝင်သွားလိုက်လေသည်။
ကုတင်ပေါ်မှာ ဘေးတစောင်းလှဲလျက် အိပ်ပျော်နေသော ပြဒါးရံရဲ့ အနောက်ဘက်ကို ဝင်လှဲလိုက်ကာ တုန်ရီနေသော လက်နှစ်ဖက်လုံးက ထိုချစ်သူကောင်လေး၏ ခါးကိုခပ်တင်းတင်းဖက်တွယ်ထားရင်း မျက်နှာကိုမူ ပုခုံးထံသို့နှစ်မြုပ်ထားလိုက်လေတော့သည်။ ပြဒါးရံ ခန္ဓာကိုယ်က နွေးထွေးသည့်အပူလှိုင်းများက ဆင့် တစ်ကိုယ်လုံးကိုပါ လွှမ်းခြုံသွားပြီး စိတ်သက်သာရာရစေလေသည်။
" ရံ..... ကျွန်တော် အိပ်မက်ဆိုးတွေ မက်နေတာ "
" ........ "
" ခါတိုင်းလိုပဲ ဒီနေ့လည်း အိပ်မပျော်ပြန်ဘူး "
နာရီဝက်လောက်ကြာသွားသည့်အခါတွင် ဆင့်က အတော်လေးကို စိတ်တည်ငြိမ်သွားပြီဖြစ်လေသည်။ သူက ဖက်ထားသည့်လက်များကို လွှတ်ပေးလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ပြဒါးရံကိုကြည့်ပြီး နဖူးပြင်သို့ သိမ်မွေ့မှုများနှင့် တန်ဖိုးထားမှုများ အပြည့်ပါသော အနမ်းတစ်ပွင့်ကို ခြွေလိုက်ပြီး အခန်းထဲမှ တိတ်တဆိတ်ပင် ပြန်ထွက်လာခဲ့လေသည်။ သူတံခါးပိတ်လိုက်ပြီး အနောက်လှည့်လိုက်ချင်းမှာတင် ပြဒါးရံအခန်းတံခါးရှေ့ ရပ်နေသော ယွန်းဟေမီအားတွေ့လိုက်ရကာ လန့်ပြီး ထခုန်မိမတက်ပင် ဖြစ်သွားရလေသည်။
" မမဟေမီ... ဘယ်ချိန်ထဲကရောက်နေတာလဲ "
" ရံလေးအခန်းထဲက ထွက်လာထဲကရောက်နေတာ "
" ကျွန်တော် သူအိပ်ရတာ အဆင်ပြေရဲ့လားလို့ ဝင်ကြည့်တာပါ "
" ဪ..... "
သံရှည်ဆွဲကာ ပြန်ဖြေရင်း ယွန်းဟေမီက မယုံရေးချမယုံဟူသည့် မျက်နှာထားမျိုးဖြင့် ပြန်ကြည့်လာခဲ့လေသည်။
" ဒါဆို ကျွန်တော်လည်း သွားအိပ်တော့မယ် .... မမဟေမီလည်း အိပ်တော့နော် "
သူခိုးလူမိဖြစ်သလို ပျာပျာသလဲ ထွက်သွားသော တိမ်ယံဆင့်ကိုကြည့်ကာ ယွန်းဟေမီက သက်ပြင်းချလိုက်လေသည်။ အချစ်ငှက်နှစ်ကောင်နဲ့ အတူတူနေ,နေရသော သူမဘဝက အတော်လေးကို သနားစရာကောင်းပါလားဟု တွေးတောလိုက်ရင်း တစ်ရက်တာက ဂယက်ပေါင်းများစွာဖြင့် အဆုံးသတ်သွားလေတော့သည်။
________________________________
[Zawgyi]
ပုံမွန္ဆိုလွ်င္ မီးဖိုေခ်ာင္မွာ ယြန္းေဟမီအပိုင္စီးထားတတ္ေသာ ေနရာေတြထဲကတစ္ခုျဖစ္ေလသည္။ သူမမွာ တစ္ခါတစ္ေလ အရမ္းရက္ေရာတတ္ေသာ္လည္း တစ္ခါတစ္ရံက် သူမ ႏွစ္သက္တဲ့ေနရာကို အျခားတစ္ေယာက္ဝင္လာတာေတာင္ မႀကိဳက္တတ္ေပ။ ယြန္းေဟမီထံ၌လည္း ကေလးဆန္သည့္အျပဳအမူမ်ား ရံဖန္ရံကာေတြ႕ျမင္ရတတ္ကာ အခ်ိန္တိုင္းမွာ သူမစိတ္ၾကည္ေနသည့္ ရက္မ်ားတြင္သာျဖစ္ေလသည္။
သို႔ေသာ္ယခုသူမအပိုင္ မီးဖိုေခ်ာင္ထဲသို႔ စီးနင္းဝင္ေရာက္ေနေသာ နတ္ဘုရားကိုသာ ေတြ႕သြားခဲ့လွ်င္ ယြန္းေဟမီတစ္ေယာက္ ဘယ္လိုအမူအယာမ်ိဳးျဖင့္ တုန႔္ျပန္မလဲဆိုတာ တစ္ကယ့္ကို သိမွတ္ခ်င္စဖြယ္ ျဖစ္ေလေတာ့သည္။ သူမ၏အက်င့္စ႐ိုက္တိုင္းဆိုလွ်င္ အေၾကာင္းျပခ်က္မ်ိဳးစုံျဖင့္ တိမ္ယံဆင့္ကို မီးဖိုေခ်ာင္ထဲမွ ႏွင္ထုတ္ပစ္မည္ျဖစ္ေလသည္။သို႔ေသာ္ ဆန႔္က်င္ဘက္အရပ္၌မူ တိမ္ယံဆင့္ဆိုသည္မွာ ဒီအိမ္၊ ဒီၿခံ၊ ဒီတစ္ကြၽန္းလုံး၏ ပိုင္ရွင္အစစ္အမွန္မဟုတ္ပါလား။ ယုတ္တြအဆုံး သူမေမာင္ေတာင္ ဆင့္ကို ဥပေဒအရ တားဆီးပိုင္ခြင့္ရွိသူမဟုတ္ေလရာ သူမအေနျဖင့္ဆိုလည္း ဘာမွဝင္ေျပာပိုင္ခြင့္ ရွိလိမ့္မည္မဟုတ္ေပ။
" ဒါက သခြားသီးႀကီးပဲ "
ဆင့္က ေရခဲေသတၱာထဲမွ ယူထုတ္လာေသာ သခြားသီးအႀကီးတစ္လုံးကို ေစ့ေစ့စပ္စပ္ ႏွစ္ေခါက္ေလာက္ ၾကည့္လိုက္ၿပီး အၿပဳံးတစ္ခုအား ခ်ိတ္ဆြဲလိုက္ကာ ခပ္ပါးပါးလွီးလိုက္ေလသည္။ တိမ္ယံဆင့္၏ ခပ္ပါးပါးဆိုသည္မွာကား ေသခ်ာေပါက္ လက္ႏွစ္လုံးေလာက္ႀကီးသည့္အ႐ြယ္ျဖစ္ေလရာ အျခားသူဘက္မဖွၾကည့္မည္ဆိုလွ်င္ ေသခ်ာေပါက္ ခပ္ပါးပါးလို႔ဆိုႏိုင္ဖြယ္ရာေတာ့ မဟုတ္ေတာ့ေခ်။ တစ္လုံးလုံး လွီးၿပီးသြားခ်ိန္တြင္ ဆင့္က ဂတ္စ္မီးဖို႔ေပၚက ပြက္ပြက္ဆူေနေသာ ေ႐ႊေရာင္စတုဂံအိုးထဲသို႔ ပစ္ထည့္လိုက္ေလသည္။
စိတ္ထဲတြင္ မေပၚေပါက္သည္မွာ ၾကာၿပီျဖစ္ေသာ ေပ်ာ္႐ႊင္မႈေလးမွာ အၿပဳံးေလးတစ္ခုအသြင္ျဖင့္ တိမ္ယံဆင့္၏ မ်က္ႏွာေပၚအျပည့္အဝ ပြင့္လန္းေနခဲ့ပါေတာ့သည္။ တစ္ဆက္တည္းမွာပင္ ႏွလုံးသားက ေနေရာင္ျခည္ပ်ပ်ေလးေၾကာင့္ ေႏြးေထြးသည့္အသြင္ေဆာင္ေနကာ အမူအယာကား တံေထာင္ဆစ္ထိေခါက္တင္ထားေသာ အက်ႌလက္မ်ားေၾကာင့္ ျဖဴေဖြးညက္ေညာသည့္ အသားအရည္ေလးမွာ ေပၚလြင္ခ်င္တိုင္း ေပၚလြင္ေနခဲ့ပါေတာ့သည္။
တိမ္ယံဆင့္ ဒုတိယအႀကိမ္ ေကာက္ကိုင္လိုက္သည္မွာ လုံးဝန္းေသာ နီနီရဲရဲအလုံးတစ္လုံးျဖစ္ကာ သုံးလုံးေလာက္ခပ္ပါးပါးလွီးလိုက္ၿပီး အိုးထဲသို႔ထပ္မံပစ္ထည့္လိုက္ေလသည္။ ထိုနီနီရဲရဲေလးမွာ ခရမ္းခ်ဥ္သီးပင္ ျဖစ္ေခ်ေတာ့သည္။ ေပ်ာ့ေပ်ာင္းေနေသာ လက္တစ္ဖက္က အခ်ိဳးအစားက်စြာ ဓားကိုင္ထားၿပီး က်န္တစ္ဖက္ကမူ စားပြဲေပၚကအသီးအ႐ြက္မ်ားကို လိုက္လံစမ္းယူေနခဲ့ေလေတာ့သည္။ ဒီတစ္ႀကိမ္ စမ္းမိလိုက္သည္မွာကား ခရမ္းပုပ္ေရာင္သန္းေနေသာ ကန္စြန္းဥပင္ျဖစ္ေလကာ ဆင့္က ထိုကန္စြန္းဥကို ေလးစိတ္,စိတ္ၿပီးအိုးထဲပစ္ခ်လိုက္ခ်ိန္ဝယ္ အျခားအသီးမ်ားနဲ႔ ေရာေႏွာသြားေလေတာ့သည္။
ထို႔ေနာက္ ကန္စြန္း႐ြက္၊ ခ်ဥ္ေပါင္႐ြက္ ၊ၾကက္ဟင္းခါးသီး၊ ႐ုံးပေဒသီး၊ သံပုရာသီး အစရွိသည့္အသီးမ်ားအျပင္ အမည္ေဖာ္မရသည့္ အသီးအ႐ြက္ေပါင္းစုံကိုလည္း ပစ္ထည့္လိုက္ေသးေလသည္။ တစ္နာရီေလာက္အၾကာတြင္ အိုးထဲပစ္ထည့္ထားေသာ အသီးအ႐ြက္အစုံတို႔ထဲမွ ကန္စြန္းဥသည့္ အရည္ေပ်ာ္ကာ အိုးထဲရွိအရည္မ်ားကို ခရမ္းေရာင္အရည္မ်ားအျဖစ္ ကူးေျပာင္းသြားေစေလေတာ့သည္။ ဆင့္က တစ္ခ်က္ေစာင္းငဲ့ၾကည့္လိုက္ၿပီးေနာက္ အေရာင္ကအေတာ္ေလးလွသားပဲဟု ေတြးလိုက္ၿပီး ဇြန္းနဲ႔ေမႊၾကည့္လိုက္ခ်ိန္တြင္ ႐ုံးပေဒသီးအာနီသင္ေၾကာင့္ ေစးကပ္ပ်စ္ခြၽဲေနပါေတာ့သည္။ မသိလိုက္ပါလွ်င္ ထိုဟင္းလ်ာမွာ စႏိုးဝိုက္ကားထဲက စုန္းမ၏ အဆိပ္ေဖာ္စပ္ရာေနရာထက္ေတာင္ ဆိုးဝါးေနၿပီး ျမင္တာနဲ႔ေတာင္ ေအာ့အန္ခ်င္စိတ္ကို ဖန္တီးေပးႏိုင္သည္အထိ တန္ခိုးႀကီးမားေလသည္။ တိမ္ယံဆင့္၏ အံ့မခန္းအရည္အခ်င္းေတြက တစ္ခုအျဖစ္ မွတ္တမ္းတင္ထားရန္ေတာင္ လုံေလာက္သည္ထက္ပိုေသာအရာမ်ားျဖစ္သည္။ ထိုလူသားသည္ ေတာ္သည့္ေနရာ၌လည္း အစြန္းေရာက္ကာ ၿပိဳင္စံရွားလွၿပီး ညံ့ဖ်င္းသည့္ေနရာမ်ားတြင္လည္း အစြန္းေရာက္ကာ ဘယ္သူမွလိုက္မမွီႏိုင္သည္အထိေပ။
ႏွစ္နာရီနီးပါးေလာက္ ခ်က္ျပဳတ္ၿပီးသြားသည့္အခါတြင္ ဆင့္ခမ်ာ အလြန္အမင္းႀကီးက်ယ္ခမ္းနားေသာ အလုပ္ကိစၥႀကီးတစ္ရပ္အား ျပဳလုပ္လိုက္သည္ဟု ခံစားရကာ အင္မတိအင္မတန္ ဂုဏ္ယူဝင့္ႂကြားေနမိေလေတာ့သည္။ ထိုအိုးထဲက အမည္မရွိၾကည့္ရဆိုးေသာဟင္းလ်ာကို ပန္းကန္လုံးထဲ လွယ္ထည့္လိုက္ၿပီး သီခ်င္းေလးတညီးညီးျဖင့္ စားပြဲေပၚသပ္သပ္ရပ္ရပ္ျပင္လိုက္ကာ သေဘာတက်သြားမ်ားေပၚလာသည္အထိ ၿပဳံးရယ္လိုက္ေလသည္။
" ကိုရံ "
ဆင့္တစ္ေယာက္ ျပဒါးရံအခန္းတံခါးကို ႏွစ္ခ်က္ေလာက္ေခါက္လိုက္ၿပီး နာမည္ေအာ္ေခၚလိုက္ေသာ္လည္း တံခါးကပြင့္လာမည့္အရိပ္အေယာင္ နည္းနည္းေလးမွ်မျမင္ရေသးေပ။ ေနာက္ထပ္ငါးမိနစ္အတြင္းမွ တုန႔္ျပန္မႈျပန္မရလာေသးလွ်င္ ဆင့္အေနျဖင့္ ယြန္းေဟမီထံမွ ရထားေသာေသာ့အပိုျဖင့္ အခန္းထဲသို႔ဝင္သြားေတာ့မည္ ျဖစ္ေလေတာ့သည္။
" ကိုရံ ကြၽန္ေတာ္ စားစရာတစ္ခုလုပ္ထားတယ္။ တစ္ေနကုန္ ဘာမွမစားရေသးဘူး မဟုတ္လား ။ နည္းနည္းေလာက္ထြက္စားလိုက္ပါလား "
" ......... "
" ဟက္ ငါတစ္ကယ္နားမလည္ႏိုင္ေတာ့ဘူး.....ဘာလို႔ငါ့ကိုယ္ငါ အရမ္းသနားဖို႔ေကာင္းတယ္လို႔ ခံစားေနရတာလဲ "
ခပ္တိုးတိုးေရ႐ြတ္လိုက္ရင္း လက္ကတံခါးကိုေခါက္ရန္ႀကံ႐ြယ္လိုက္ေလသည္။ သို႔ေသာ္တံခါးက အသံမေပးဘာမေပးႏွင့္ ႐ုတ္တရက္ပြင့္လာတာေၾကာင့္ ဆင့္တစ္ေယာက္ တံခါးေနာက္မွာ ၾကည့္ေကာင္းလွစြာ မတ္တပ္ရပ္ေနေသာ ျပဒါးရံ၏ နဖူးကိုအားပါပါႏွင့္ ေခါက္မိသြားေလသည္။
" အာ့....မင္း "
႐ုတ္တရက္အေခါက္ခံလိုက္ရတာေၾကာင့္ ျပဒါးရံလည္း လန႔္သြားမည္မွာ ေသခ်ာမည္ျဖစ္ၿပီး ေအာ္သံတိုးဖြဖြေလးနဲ႔အတူ ခ်က္ခ်င္းသူ႔နဖူးကို လက္ႏွင့္ပြတ္သပ္ေနကာ ဆင့္ကို အခဲမေၾကေမးခြန္းထုတ္လာသည္။
" ဘာလုပ္တာလဲ "
" Sorry ... ကြၽန္ေတာ္မရည္႐ြယ္ပါဘူး တံခါးက႐ုတ္တရက္ ပြင့္လာမယ္လို႔မထင္လို႔ပါ "
တိမ္ယံဆင့္ မွတ္ဉာဏ္ထဲ အပိုင္းအစေလး မ်ားစုေပါင္းလာၿပီး ယခုစကားႏွင့္ တစ္ပုံစံတည္းတူေသာစကားကိုလည္း သိပ္မၾကာခင္အခ်ိန္မ်ားတုန္းက ေျပာခဲ့ဖူးေၾကာင္းသတိရသြားေလေတာ့သည္။ ထိုအခ်ိန္မ်ားတုန္းက သူဟာျပဒါးရံရဲ႕ ရင္ခြင္ထဲေရာက္ေနခဲ့သည္ ျဖစ္ေလသည္။ အားပါပါႏွင့္ ေခါင္းတစ္ခ်က္ခါထုတ္လိုက္ၿပီး အနည္းငယ္မႏူးညံ့ေနေသာ ေလသံေလးျဖင့္ ျပဒါးရံကို သူ႔အမွားမဟုတ္ေၾကာင္း ထပ္ၿပီးသက္ေသျပခ်င္ေနေသးေလသည္။
" ကိုရံလည္း တံခါးဖြင့္မယ္ဆို အသံေလးနည္နည္းေပးသင့္တယ္ မဟုတ္ဘူးလား "
" ဘယ္လိုေပးရမွာလဲ.....ကြၽန္ေတာ္အခု တံခါးဖြင့္ေတာ့ပါမယ္ ဆိုၿပီးေတာ့လား ဒါမွမဟုတ္ တံခါးမဖြင့္ခင္ ေက်းဇူးျပဳၿပီး ေနာက္ေလးနည္းနည္း ဆုတ္ေပးပါ အားလုံးအႏၲရာယ္ကင္းေအာင္လို႔ပါ ဆိုၿပီးေတာ့လား "
" ဖြီး....ဟား....ဟား "
ေအာင့္အီးသည္းခံထားပါေသာ္လည္း ဆင့္ခမ်ာ ျပဒါးရံစကားမ်ားေၾကာင့္ ထိန္းခ်ဳပ္မရေအာင္ရယ္ေမာလာခဲ့ကာ ဘယ္ေတာ့မွ မရပ္တန႔္ေတာ့မည့္အသြင္အျဖစ္ ကူးေျပာင္းသြားတာေၾကာင့္ ျပဒါးရံမွာ ရွက္စိတ္ေလးအနည္းငယ္ ခိုေအာင္းလာခဲ့ေလေတာ့သည္။
" ေတာ္ေတာ့ "
" ေကာင္းၿပီ ....ေကာင္းၿပီ မရယ္ေတာ့ဘူး "
" ........ "
" လာခဲ့ "
ျပဒါးရံရဲ႕ လက္ဖဝါးကိုဆုပ္ကိုင္လိုက္ၿပီး ဂ႐ုတစိုက္ဆြဲေခၚလိုက္ကာ မီးဖိုေခ်ာင္က စားပြဲဆီကိုေခၚေဆာင္လာခဲ့ခ်ိန္ဝယ္ ထိုသူက ဘာကိုမွအေမးစကားဆိုမလာဘဲ ၾကည္ၾကည္ျဖဴျဖဴျဖင့္ ဆင့္ေနာက္ ပါလာခဲ့႐ုံသာမက ဆြဲကိုင္ထားေသာ လက္တစ္ဖက္ကိုလည္း ျပန္ဆုပ္ကိုင္လာခဲ့ေလသည္။ ဆင့္အေနျဖင့္ ျပဒါးရံ၏ ထိုအျပဳအမူေသးေသးေလးကအစ သူ႔အတြက္အဖိုးျဖတ္မရသည့္ ရတနာတစ္ပါးထက္ ပိုသာလြန္းေသာ ဆုလာဒ္တစ္ခုအသြင္ေဆာင္ ေလေတာ့သည္။ လြန္စြာမွ ႏွစ္သက္သေဘာက်ခ်င္စဖြယ္ ေကာင္းလွကာ ဆန႔္က်င္ဘက္အေနျဖင့္လည္း လူကိုအေတာ္ေလး ထိန္းခ်ဳပ္ရခက္ေအာင္ ျပဳစားႏိုင္လြန္းေလသည္။
စားပြဲေပၚႀကိဳတင္ေနရာခ်ထားေသာ အစားအစာေရွ႕ျပဒါးရံကို ထိုင္ခိုင္းလိုက္ကာ လက္ထဲဇြန္းထည့္ေပးလိုက္ေလသည္။ သို႔ေသာ္ျပဒါးရံက မစားေသးဘဲ ထိုေနရာ၌ပင္ အခ်ိန္အေတာ္ၾကာျမင့္သြားသည္အထိ ထိုင္ၿမဲအတိုင္း ထိုင္ေနခဲ့ကာ နည္းနည္းေလးမွ မလႈပ္ရွားလာခဲ့ေပ။
ထို႔ေနာက္ ဆင့္က ျပဒါးရံအျမင္အာ႐ုံဆုံးရႈံးေနသည့္အတြက္ ထိုအစားအစာကို မျမင္ႏိုင္ဘူးဆိုတာကို သတိရသြားေလေတာ့သည္။ သူကဘယ္လိုေတာင္ မစဥ္းစားမေတြးေခၚတတ္ေနတာလဲပင္... ဒီေလာက္ႀကီးတဲ့ကိစၥကိုေတာင္ သူသတိမထားလိုက္မိဘူး
" အဆင္မေျပရင္ ကြၽန္ေတာ္ခြံ႕ေကြၽးရမလား "
" မလိုဘူး "
" ဒါဆိုဘာလို႔မစားေသးတာလဲ "
" အနံ႔ကထူးဆန္းေနလို႔ "
ဆင့္ကကိုယ္ကို အနည္းငယ္ေရွ႕သို႔ကိုင္းလိုက္ၿပီး ျပဒါးရံပန္းကန္ကို ငုံ႔နမ္းၾကည့္လိုက္ေလသည္။ သူ႔ႏွာေခါင္းထဲမွာေတာ့ အနံ႔ကအဆင္ေျပေနသားပဲ.....ဘာကထူးဆန္းေနလို႔လဲ။
" အာ...ကြၽန္ေတာ္ေတာ့ ဘာထူးဆန္းတဲ့အနံ႔မွမရဘူး...ကိုရံ ႏွာေခါင္းကျပႆနာရွိေနတာနဲ႔တူတယ္ "
ျပဒါးရံက ေသခ်ာသိေနေလသည္။ ေလထုထဲတြင္ ေပ်ာ္ဝင္ေနသည့္ အမည္ေဖာ္မရေသာ ထူးဆန္းသည့္အနံ႔တစ္မ်ိဳး သူေသခ်ာေပါက္ ခံစားေနရကာ အလိုအေလ်ာက္အသိေပးတတ္ေသာ ခႏၶာကိုယ္ႏွင့္ဦးေႏွာက္အစိတ္အပိုင္းမ်ားသည္ အႏၲရာယ္ရွိသည္ဟူေသာ အခ်က္ေပးသံမ်ား အဆက္မျပတ္ျမည္ဟီးေနေတာ့သည္။
သို႔ေသာ္ မိုက္႐ူးဆန္လြန္းစြာပင္ အေရွ႕မွာရွိေနေသာပန္းကန္ထဲသို႔ တစ္ခ်က္ေမႊလိုက္ၿပီး တစ္ဇြန္းေလာက္ ပါးစပ္ထဲထည့္ကာ ျမည္းစမ္းၾကည့္လိုက္ပါေတာ့သည္။ ခ်က္ေပးထားေသာလူ၏ ေစတနာႏွင့္ ဆာေလာင္လြန္းေသာ သူ၏ဗိုက္တို႔ေတြ႕ဆုံခ်ိန္ခိုက္ ပါးစပ္ထဲသို႔ Alex ခ်က္ေပးထားေသာ အစာႏွင့္အတူ Alex ၏ ညင္သာသည့္စကားသံကိုပါ အပိုထပ္ေဆာင္းလက္ခံရရွိပါေတာ့သည္။
" တိမ္ယံဆင့္ဆီက ကိုရံ ႏွလုံးသားကိုခိုးယူတာ ပစ္မႈေျမာက္လားဟင္ "
" အဟြတ္.....ဟြတ္.....ဟြတ္ "
" အဲ့စကားက ဒီေလာက္ေတာင္ နင္သြားေစတာလား "
တစ္႐ူးတစ္႐ြက္ေပးလိုက္ရင္း ဆင့္ အျပစ္ကင္းစင္သည့္ဟန္ျဖင့္ ေရွာေရွာရႈရႈ ေျပာလိုက္ေလသည္။
" မင္းဘိုးေအကို နင္သြားရမွာလား...မေသသြားတာေတာင္ကံေကာင္း "
စိတ္ထဲမွက်ိန္ဆဲလိုက္ၿပီး ေခ်ာင္းကိုသာအဆက္မျပတ္ဆိုးေနခဲ့ကာ မ်က္ဝန္းထက္တြင္ မ်က္ရည္မ်ား ဌာေနတည္လာၿပီဟု ျပဒါးရံ ခံစားေနရသည္။ အမွန္စင္စစ္တြင္ Alex ဘာေျပာလိုက္မွန္းေတာင္ သူေသခ်ာမၾကားလိုက္ရေခ်။ ပါးစပ္ထဲဝင္လာေသာ ဆိုးဆိုးဝါးဝါးအရသာေၾကာင့္ ခ်က္ခ်င္းပင္အရာအားလုံးအန္ထြက္ေတာ့မည္ဟု အခ်က္ျပေနၿပီး အူကလိစာမ်ားပင္ က်ဳံ႕ငယ္ေသးေကြးသြားသည့္အျဖစ္သို႔ ကူးေျပာင္းသြားေလာက္ေခ်သည္။ တစ္ခ်ိန္ထဲမွာပင္ ဦးေႏွာက္ဆဲလ္မ်ားက အလုပ္မလုပ္ေတာ့ဘဲ ဆန႔္ငင္ဆန႔္ငင္ျဖင့္ ေသဆုံးသြားေလာက္ေခ်ေပသည္။
" မင္း....ဘယ္လို....ခ်က္ထားတာလဲ "
" အာ ??? "
" ေဝါ့....မရေတာ့ဘူး အန္ခ်င္တယ္ "
" သန႔္စင္ခန္းကို ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ "
" မလိုဘူး ငါ့ဘာသာသြားတတ္တယ္ "
သန႔္စင္ခန္းထဲေျပးဝင္သြားေသာ ျပဒါးရံကိုၾကည့္ၿပီး ဆင့္တစ္ေယာက္ မအူမလည္ျဖင့္ က်န္ခဲ့ေလေတာ့သည္။ ခဏအၾကာတြင္ နံရံကိုအားျပဳၿပီးျပန္ထြက္လာေသာ ျပဒါးရံအားၾကည့္လိုက္ကာ ျဖဴစင္ေတာက္ပလြန္းစြာ ၿပဳံးျပလိုက္ေသာ္လည္း ျပဒါးရံက မျမင္ရပါေခ်။ သိပ္ကိုမွ ႏွေမ်ာတသျဖစ္စရာ ေကာင္းလြန္လွေခ်၏။
" Alex ...မင္းခ်က္ထားတာကို ျမည္းေကာျမည္းၾကည့္ရဲ႕လား "
" အာ...ဟုတ္သားပဲ ကြၽန္ေတာ္ ဆားေတြ အခ်ိဳမႈန႔္ေတြထည့္ဖို႔ လုံးလုံးေမ့သြားတာ "
" မထည့္လည္းမင္းအရသာက ေတာ္ေတာ္ဆိုးေနၿပီ "
" ကြၽန္ေတာ့္ကို အဲ့ေလာက္ review ျပန္ေပးဖို႔မလိုပါဘူး "
တိမ္ယံဆင့္အသံက တည္ၿငိမ္မႈတို႔ေရာယွက္ေနဆဲပင္။ အနည္းငယ္ေတာင္ သူ႔အခ်က္အျပဳတ္စြမ္းရည္အေပၚ သံသယဝင္စိတ္ေလးရွိမေနဘဲ ယုံၾကည္ခ်က္မ်ား ဖုံးလႊမ္းေနဆဲ။
" ဒါဆိုမင္းကဘာလို႔မစားၾကည့္တာလဲ "
" ေအာ္.....ကိုရံ႕အတြက္ သီးသန႔္ခ်က္ထားတာမို႔လို႔ေလ။ ၿပီးေတာ့ ကြၽန္ေတာ္ ေစာေစာက ေရခဲေသတၱာထဲမွာ အသားညႇပ္ေပါင္မုန႔္ေတြ႕လို႔ ယူစားလိုက္တာ ဗိုက္ျပည့္ေနတယ္ "
" ဟက္....ေကာင္းေရာ "
ျပဒါးရံတစ္ေယာက္ ေျပာစရာစကားမ်ား ေပ်ာက္ရွကုန္ကာ ယုံၾကည္မႈလြန္ကဲေနေသာ Alex ဆိုသူရဲ႕မ်က္ႏွာကို ထၾကည့္ခ်င္မိသည္။ ဘယ္လိုသတၱိမ်ိဳးနဲ႔မ်ား ဒီေလာက္ေတာင္ ရဲတင္းေနရတာလဲပင္။ ဒါ့အပုင္ မ်က္ႏွာေျပာင္တိုက္တဲ့ေနရာမွာလည္း ထိုလူကၿပိဳင္ဘက္ကင္းပဲ ျဖစ္ေလသည္။
" ကိုရံ ကြၽန္ေတာ္တစ္ခုခု မွာေပးရမလား "
" Alex ေနာက္ခါက်ရင္ မီးဖိုေခ်ာင္ကို ေျခတစ္လွမ္းေတာင္မလွမ္းပါနဲ႔ "
" ??? "
" အခန႔္မသင့္ရင္ လူေသသြားႏိုင္တယ္ "
ျပဒါးရံရဲ႕ မ်က္လုံးမ်ား အျမင္အာ႐ုံဆုံးရႈံးေနျခင္းက တစ္ခါတစ္ရံ အဆိုးဝါးဆုံးျမင္ကြင္းမ်ားကို အေကာင္းဆုံးေျဖရွင္းႏိုင္သည့္ ကိစၥတစ္ရပ္ပင္။ သို႔မဟုတ္လွ်င္ သူတို႔ႏွစ္ေယာက္လုံးရဲ႕ အေနာက္ဘက္က မီးဖိုေခ်ာင္ဟာ အင္မတန္ကို ဆိုးဝါးအက်ဥ္းတန္လြန္းစြာျဖင့္ သူခိုးတစ္ေယာက္ ဝင္ေမႊထားသလို ပြေလ်ာင္းက်ဲေနသည္ကိုသာ ျမင္သြားခဲ့လွ်င္ ေသခ်ာေပါက္ေနရာ၌ပင္ တက္ေသသြားႏိုင္ေလသည္။
" ဟား....ဟား....ဟား "
အရွက္ခြဲခံလိုက္ရသည့္အတြက္ တိမ္ယံဆင့္မွာ အရွက္ေျပ ရယ္သာရယ္ေနလိုက္ၿပီး ဘာစကားမွဆက္ေျပာမလာေတာ့သည္။ အခုအေျခအေနေတာင္ ေတာ္ေတာ္ရွက္ဖို႔ေကာင္းေနၿပီ မဟုတ္ပါလား။ သို႔ေသာ္ျငား တိတ္ဆိတ္မႈက အတိုင္းထက္အလြန္ၾကာျမင့္လာသည့္အခါတြင္ ဆင့္ အေနျဖင့္ ဘယ္နည္းနဲ႔မွဆက္ၿပီး တိတ္ဆိတ္မေနႏိုင္ေတာ့ပါေခ်။
" ကိုရံ....ဟို ... အင္း... "
သူဟာစာႀကိဳစီထားျခင္းမရွိဘဲ အေလာတႀကီး စကားစလိုက္တာေၾကာင့္ ထစ္ေငါ့သြားရေခ်ေတာ့ေလသည္။
" Alex အဆင္ေျပတာ တစ္ခုခုမွာလိုက္ပါ.... ကိုယ္အစားမေ႐ြးဘူး "
" အင္း "
ဆင့္က အနီးနားက Hotelတစ္ခုကို ေစာေစာက လမ္းေလွ်ာက္ထြက္ရင္း ျမင္မိခဲ့သည္ျဖစ္ေလရာ ထိုHotel ရဲ႕တာဝန္ရွိသူအခ်ိဳ႕ကို ဖုန္းလွမ္းဆက္လိုက္ၿပီး စားစရာအခ်ိဳ႕လာပို႔ေပးရန္ ေျပာလိုက္ေလသည္။ ပုံမွန္ Hotel အမ်ားစုတြင္ ျပင္ပဝန္ေဆာင္မႈမ်ား ေပးေလ့ရွိသည္မဟုတ္ေပ။ သို႔ေသာ္ျငား ျပဒါးရံ၏ နာမည္ေလးအသုံးျပဳလိုက္႐ုံျဖင့္ ကြၽန္းတစ္ကြၽန္းလုံးက သူ႔ထက္ငါ အၿပိဳင္အဆိုင္ ကူညီေပးရန္အသင့္ရွိေနၾကၿပီး ထိုလူသားကို ရွင္ဘုရင္ႏွယ္ အျမင့္ဆုံးပုလႅင္ေတာ္ထားရွိတင္ေျမာက္ထားၾကေလသည္။
ေနာက္ပိုင္းမွ သိလိုက္ရတာတစ္ခုက ကြၽန္းေပၚမွလူအမ်ားစုသည္ လြန္ခဲ့ေသာအခ်ိန္မ်ားတုန္းက သဘာဝေဘးေၾကာင့္ ဒုကၡေရာက္ေနသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡသည္မ်ားပါဝင္ေလရာ ျပဒါးရံက သနားညႇာတာေသာအားျဖင့္ ကြၽန္းကိုေခၚလာခဲ့ၿပီး Hotel တစ္ခုပါ တည္ေဆာက္လိုက္ၿပီး ငယ္႐ြယ္သူမ်ားအား Hotel တြင္အလုပ္လုပ္ေစကာ ရရွိလာေသာအျမတ္ကို ထိုဒုကၡသည္မ်ားထံ ျပန္ခြဲေဝေပးၿပီး တစ္ပါးတစ္ခ်ပ္ေတာင္မယူခဲ့ေပ။ ထို႔အျပင္အရင္းအႏွီးေတာင္ စိုပ္ထုတ္ေပးခဲ့သည္မဟုတ္ပါလား။ ေနစရာနဲ႔စားစရာရရွိသြားေသာ ထိုသူမ်ားက သူတို႔၏ အသက္သခင္ေက်းဇူးရွင္ ျပဒါးရံကို ေက်းဇူးတင္မဆုံးျဖစ္ေနသည္မွာလည္း ထူးဆန္းသည့္ကိစၥရပ္ ဟုတ္မေနေတာ့ေခ်။
ထိုအခ်ိန္ေတြတုန္းက ျပဒါးရံဟာ မည္မွ်ၿပီးျပည့္စုံေနေလာက္မလဲ ေတြးၾကည့္စရာမလိုခဲ့ေပ။ မ်က္လုံးေတြကြယ္သြားတာေတာင္မွ ထိုသူဟာ လူေပါင္းမ်ားစြာ၏အသက္မ်ားကို တန္ခိုးရွင္လို ကယ္တင္လိုက္ႏိုင္ေလသည္။ ထိုအရာမ်ား၏ ဆန႔္က်င္ဘက္၌မူ တိမ္ယံဆင့္က တစ္စထက္တစ္စ တိုးပြားလာေသာအမုန္းတရားမ်ားႏွင့္အတူ ဖ်က္ဆီးလိုစိတ္အတိၿပီးေသာ မေကာင္းဆိုးဝါးအသြင္သို႔သာ ကူးေျပာင္းလာခဲ့သည္ေပ။ သူတို႔ႏွစ္ေယာက္လုံးက လုံးဝကိုဆန႔္က်င္ဘက္ပင္ျဖစ္ကာ နည္းနည္းေလးမွ တူညီမႈမရွိသည့္ စိတ္ကူးစိတ္သန္းမ်ားကိုသာ ပိုင္ဆိုင္ထားၾကသည္။ သို႔ေသာ္ျငား ဆန႔္က်င္ဘက္ခ်င္းမွဆြဲငင္တတ္တာလည္း သံလိုက္ေတြရဲ႕သဘာဝတရားကိုလည္း ေမ့ေပ်ာက္ထားလို႔မရႏိုင္ေပ။
အခ်ိန္ခဏေလးအတြင္း မ်က္စိေရွ႕ေရာက္လာေသာ စားစရာမ်ားကို ပန္းကန္ထဲလွယ္ထည့္ရန္ ဆင့္ မီးဖိုးေခ်ာင္ထဲ ဒုတိယအႀကိမ္ ျပန္ဝင္သြားေလသည္။ ပန္းကန္ျပားတစ္ခ်ပ္အား ဆြဲထုတ္လိုက္ခ်ိန္ဝယ္ ေရမေျခာက္ေသးသည္ျဖစ္ေလရာ ထိုပန္းကန္ျပားက ဆင့္ လက္ထဲမွေခ်ာ္က်၍ ေအာက္သို႔တစစီ က်ကြဲသြားကာ စိစိညက္ညက္ေၾကသြားေတာ့သည္။
ျပဒါးရံက ထိုအသံအားၾကားလိုက္ခ်ိန္တြင္ စိုးရိမ္တႀကီး ေမးျမန္းလာခဲ့ေလေတာ့သည္။
" Alex တစ္ခုခုထိခိုက္မိသြားေသးလား "
" ရတယ္ ကြၽန္ေတာ္လက္ေခ်ာ္သြားလို႔ပါ "
" တစ္ကယ္အဆင္ေျပရဲ႕လား "
ျပဒါးရံက ထိုင္ရာမွထလာၿပီး သူ Alexဟုအၿမဲထင္ေနေသာ တိမ္ယံဆင့္ထံ ေလွ်ာက္လွမ္းလာခ်ိန္တြင္ သူတို႔ႏွစ္ဦးၾကား အတားအစီးျဖစ္ေနေသာ ဖန္ကြဲစမ်ားကို မျမင္ႏိုင္ဘဲ တက္နင္းမိေတာ့မလိုျဖစ္ေနခဲ့ေလသည္။ ဆင့္က တားဆီးရန္ႀကံလိုက္ေသာ္လည္း နဂိုထဲက ထမင္းစား စားပြဲဝိုင္းႏွင့္ မီးဖိုေခ်ာင္ ေျခလွမ္းေလးအနည္းငယ္လွမ္းလိုက္႐ုံျဖင့္ ေရာက္ေနၿပီျဖစ္ေလသည္။ သို႔ေသာ္ဆင့္က မေမ့မေလ်ာ့ သတိေပးလိုက္ပါေခ်သည္။
" မလာနဲ႔ "
တိမ္ယံဆင့္ရဲ႕ သတိေပးခ်က္က ေနာက္က်ျခင္းနဲ႔လမ္းတစ္ဝက္မွာတြင္ ဆုံေတြ႕သြားၿပီး ျပဒါးရံထံ မေရာက္ရွိသြားခဲ့ပါေခ်။ ထိုမ်က္မျမင္ေကာင္ေလး လွမ္းေနေသာ ေျခေထာက္တစ္ဖက္က ဖန္ကြဲစမ်ားရွိေနရာႏွင့္ တစ္ထပ္တည္းက်ေနခဲ့ေလသည္။ ဆင့္တစ္ေယာက္ စိုးရိမ္မႈအေပါင္းျဖင့္ တားဆီးႏိုင္ရန္ နည္းလမ္းေပါင္းစုံကို စဥ္းစားၾကည့္လိုက္ၿပီးေနာက္ မိုက္႐ူးရဲဆန္စြာ မိမိ၏လက္တစ္ဖက္ကို ျပဒါးရံရဲ႕ ေျခေထာက္ေအာက္လွ်ိဳသြင္းလိုက္ၿပီး ဖန္ကြဲစမ်ားႏွင့္ ထိုႏူးညံ့သည့္ေျခေထာက္ၾကား တံတိုင္းတစ္ခုလို စည္းျခားလိုက္ေလသည္။ နာက်င္မႈ၏ သေကၤတျဖစ္ေသာ တိုးဖြဖြညီးသံေလး ထြက္မလာေစရန္ ေအာက္ႏႈတ္ခမ္းကို ခပ္တင္းတင္း ကိုက္လိုက္ၿပီး အသံမထြက္သြားပါေစရန္ ႀကိဳးစားထိန္းလိုက္ႏိုင္ေသာ္လည္း လက္တစ္ခုလုံးမွ စိမ့္ထြက္လာေသာ ေသြးမ်ားကိုေတာ့ မတားဆီးႏိုင္လိုက္ပါေခ်။ ျဖဴေဖြးကာ လက္ေခ်ာင္းထိပ္မ်ား၌ ပန္းေရာင္သန္းလ်က္ရွိေနတတ္ေသာ္လည္း ယခုခါမွာေတာ့ အနီေရာင္ေသြးမ်ား တန္ဆာဆင္ထားေလေတာ့သည္။
" မင္း ဘာလုပ္တာလဲ "
" ဘာမွမဟုတ္ဘူး ကိုရံ စိတ္မပူလဲရတယ္ "
ျပဒါးရံဟာ ေသခ်ာေပါက္ခံစားမိလိုက္ပါသည္။ ေျခဖဝါးေအာက္က ႏူးညံ့သည့္အထိအေတြ႕သည္ Alex ထံမွလာသည္ဆိုတာကို သူေသခ်ာေပါက္သိေနခဲ့ပါသည္။ တက္နင္းမိလိုက္ခ်ိန္တြင္ အိစက္ကာေပ်ာ့ေပ်ာင္းလွသည့္အျပင္ တစ္နည္းတစ္ဖုံလည္း ႏွစ္လိုဖြယ္ေကာင္းေနခဲ့ကာ ပန္းေလးတစ္ပြင့္လို ႏူးညံ့ျခင္းအတိၿပီးေလေတာ့သည္။ ထို႔ေနာက္မျမင္ရပါေသာ္ျငား ေလထုထဲမွာ အရည္ေပ်ာ္လာတဲ့ ေသြးညႇီနံ႔ေတြ႕ဟာ ျပဒါးရံ ႏွာေခါင္းထဲ တိုက္႐ိုက္တိုးဝင္ကုန္ၾကေလသည္။
" ႐ူးေနၿပီလား ဘာလို႔အဲ့လိုလုပ္တာလဲ "
ေလထုထဲလက္စမ္းလိုက္ကာ ဆင့္ရဲ႕လက္ကို လိုက္ရွာရင္း အလ်င္စလိုပင္ ခပ္ဖြဖြဆုပ္ေထြးလိုက္ေလသည္။
" နာေနလား "
ႏူးညံ့သည့္လက္အတြင္းသားမ်ားသည္ ခြၽဲက်ိေသာေသြးမ်ားေၾကာင့္ႏွင့္ အသားထဲစိုက္ဝင္ေနေသာ ဖန္ကြဲစမ်ားေၾကာင့္ အနည္းငယ္ၾကည့္ရဆိုးေနေတာ့ေလသည္။
" ဟင့္အင္း.... အဲ့တာက ကြၽန္ေတာ္ႀကိဳက္တယ္ "
ျပဒါးရံက သူ႔ရဲ႕လက္ကို တယုတယဆုပ္ကိုင္လာခဲ့သည္မဟုတ္ပါလား။ ထိုအထိအေတြ႕ေလးေၾကာင့္ ဆင့္က နာက်င္မႈတစ္စုံတစ္ရာကိုမွ မခံစားလာရေတာ့ဘဲ ႏႈတ္ခမ္းထက္မွ ခပ္ဖြဖြေလးၿပဳံးလာကာ ၾကည္ႏူးမႈမ်ားပါ ခိုေအာင္းလာခဲ့ေလသည္။
" တစ္ကယ့္ကို႐ူးသြားၿပီပဲ "
ျပဒါးရံက ေျပာလိုက္ျခင္းျဖစ္ေသာ္လည္း ဆင့္လည္း ထိုနည္းတူပင္ေတြးေနမိေလေတာ့သည္။ လက္တစ္ခုလုံး စုတ္ပ်က္သတ္ေနတာေတာင္ ျပဒါးရံက ထိလိုက္႐ုံေလးျဖင့္ သူဟာ ဘာနာက်င္မႈမွ မခံစားႏိုင္ေတာ့သည္အထိ ထိုသူ႔ကိုႀကိဳက္ေလသည္။ ႏွလုံးသားက ေတာင့္တေနေသာ ျမတ္ႏိုးမႈေလးအား ျပဒါးရံက အ႐ူးဟု ေခါင္းစဥ္တပ္လွ်င္ သူဟာ အမွန္တစ္ကယ္ကိုပင္ အ႐ူးအျဖစ္ခံလိုက္ေတာ့မည္ျဖစ္သည္။ ျပဒါးရံကို ႀကိဳက္လြန္းလို႔ သူဟာ ႐ူးေတာ့မည္ေပ။
ခပ္ဖြဖြေလးရယ္လိုက္ေတာ့ ျပဒါးရံ၏ မ်က္ဝန္းအိမ္ေလးက လႈပ္ရွားသြားကာ ဆင့္ရဲ႕လက္ကို အားအနည္းငယ္သုံး၍ ဆုပ္ေထြးလာေလသည္။
" အာ့ "
" ဒါေတာင္မနာဘူးလို႔ ေျပာခ်င္ေသးတာလား "
" ကြၽန္ေတာ္အဆင္ေျပပါတယ္ စိတ္ပူစရာမလိုပါဘူး "
" ေဆး႐ုံသြားရေအာင္ "
ဆင့္က ေျခလွမ္းအနည္းငယ္ ေရွ႕သို႔တိုးလိုက္ၿပီး ျပဒါးရံႏွင့္ ႏွာေခါင္းခ်င္းထိလုမတတ္ရပ္လိုက္ကာ အလြန္ဆြဲေဆာင္မႈရွိေသာ အသံေလးျဖင့္ ေျပာလာသည့္တိုင္ ျပဒါးရံက ထိုလက္ကိုမလႊတ္ေပးေသးပါေခ်။
" ကြၽန္ေတာ့္ကိုဘာလို႔ အဲ့ေလာက္ဂ႐ုစိုက္ေနတာလဲ ....မုန္းတယ္မဟုတ္ဘူးလား "
" ကိုယ့္ေၾကာင့္ ဒဏ္ရာရသြားတာမဟုတ္လား.... တျခားအဓိပၸါယ္ သက္ေရာက္သြားရင္ sorry ပါ "
" တစ္ကယ္လို႔ ကိုရံသာ ကြၽန္ေတာ့္လက္ကို ဆက္ကိုင္ထားမယ္ဆိုရင္ ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ထိန္းထားႏိုင္မွာ မဟုတ္ေတာ့ဘူး။ ဒါက ကြၽန္ေတာ့္ကို အေသသတ္ေနတာနဲ႔တူတူပဲ "
" ...... "
ျပဒါးရံက ေၾကာင္အသြားၿပီးေနာက္ အသိစိတ္ျပန္ဝင္လာခ်ိန္တြင္ ဆင့္ရဲ႕လက္ကို ပ်ာပ်ာသလဲလႊတ္ေပးလာၿပီး လိမ္လိမ္မာမာႏွင့္ ခုံေပၚမွာသြားထိုင္ေနေလသည္။ ဆင့္တစ္ေယာက္ အသံမထြက္ေအာင္ သေဘာတက်ရယ္လိုက္ကာ ျပဒါးရံ၏ အမူအယာမ်ားက အလြန္ခ်စ္ဖို႔ေကာင္းသည္ဟု စိတ္ထဲ၌ေတးမွတ္လိုက္ပါေတာ့သည္။
" Alex ဒဏ္ရာရထားတာလား ၊ ေသြးေတြက ဘယ္ေလာက္ေတာင္ စီးက်ေနတာလဲ "
စိုးရိမ္တႀကီးျဖစ္ေနေသာ အသံတစ္သံသည္ တိမ္ယံဆင့္၏ အေတြးစိတ္ကူးမွန္သမွ်ကို တစစီ႐ိုက္ခ်ိဳးလိုက္ကာ ေလအလ်င္ျဖင့္ အနားသို႔ခ်က္ခ်င္းေရာက္လာၿပီး သူ႔လက္ဟာ ဒုတိယအႀကိမ္အျခားလူတစ္ေယာက္၏ ကိုင္တြယ္ျခင္းခံလိုက္ရေလသည္။
" ဟင္း "
မ်က္လုံးမွိတ္ကာ ဆင့္က သက္ျပင္းတစ္ခ်က္ခ်လိုက္ေလၿပီး သူဒီေန႔တစ္ရက္လုံး ရွင္းျပလို႔ၿပီးပါဦးမလားဟု စဥ္းစားမိေလသည္။
" ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး "
" ေဆး႐ုံသြားရေအာင္ "
" တစ္ကယ့္ကိုပဲ ေမာင္ႏွမေတြလို႔မေျပာရဘူး .... ေျပာလာတဲ့စကားေတြကအစတစ္ပုံစံထဲပဲ "
စိတ္ထဲမွ ေရ႐ြတ္လိုက္ကာ ျငင္းဆန္ရန္ဟန္ျပင္လိုက္ေသာ္လည္း တိုးညႇင္းေသာအသံေလးတစ္ခုက ဆင့္ထက္အရင္လက္ဦးသြားကာ ႏွလုံးသားကိုကိုင္လႈပ္လာခဲ့ျပန္ေလသည္။
" သူ႔လက္က စိုးရိမ္ရလား "
ဆင့္က ခ်က္ခ်င္းပင္ ေခါင္းတြင္တြင္ခါကာ ယြန္းေဟမီျမင္ေအာင္ျပလိုက္ေလသည္။
" အင္း....ရံေလး အရမ္းႀကီးစိုးရိမ္ရတဲ့ထဲေတာ့ မပါပါဘူး "
သံရွည္ဆြဲ၍ သူမက ျပန္ေျဖလိုက္ေလသည္။
" ကြၽန္ေတာ္ေဆး႐ုံမသြားခ်င္ဘူး ေဆးပဲကူထည့္ေပးပါ "
" ဟုတ္ၿပီ ဟုတ္ၿပီ ေသြးထြက္မလြန္ခင္ ေသြးတိတ္ေအာင္ ျမန္ျမန္လုပ္ၾကရေအာင္ "
ဆင့္ရဲ႕ လက္ကိုကိုင္ၿပီး မီးဖိုေခ်ာင္ထဲ၌ ေရးေဆးရန္ဟန္ျပင္လိုက္ခ်ိန္တြင္ ယြန္းေဟမီက သူမတစ္ဘဝလုံး ဖ်က္ဆီးခံလိုက္ရသည့္ႏွယ္ အံ့ဩနပန္းျဖစ္သြားကာ ပါးစပ္အေဟာင္းသားႏွင့္ မည္သည့္စကားကိုမွ မဆိုလာဘဲ ေျခလွမ္းအစုံက ရပ္တန႔္သြားခဲ့ေလသည္။ ဆင့္တစ္ေယာက္ နားမလည္ျဖစ္ေနမႈအား အေျဖရွာမရေသးခင္မွာတင္ ယြန္းေဟမီက သူ႔လက္ကို ပစ္စလက္ခတ္လႊတ္ခ်လိုက္ၿပီး မီးဖိုေခ်ာင္ထဲ တရွိန္ထိုးေျပးဝင္သြားခဲ့သည္။
" ကုန္ပါၿပီ.... သြားၿပီ လုံးဝကိုပ်က္ဆီးကုန္ၿပီ "
" ငါအခု စြန႔္ပစ္ခံလိုက္ရသလို ခံစားေနရတယ္ "
ယခုခ်ိန္မွာ ဆင့္ရဲ႕လက္ကို ဘယ္သူကမွ ဂ႐ုမစိုက္ေတာ့ေခ်။ ယြန္းေဟမီမွာ ရစရာမရွိေအာင္ ပ်က္ဆီးသြားေသာ မီးဖိုေခ်ာင္အားၾကည့္ကာ မငို႐ုံတမယ္ျဖစ္ေနခဲ့ၿပီး ပါးစပ္မွလည္း ႏွေမ်ာတသျဖစ္ေနေသာ စကားမ်ားကိုမၾကာခဏ ညီးတြားေနခဲ့ေတာ့သည္။
" ကမာၻပ်က္ေနသလိုပါပဲလား .... အိမ္ကထြက္သြားတာ တစ္ရက္ေတာင္မျပည့္ေသးဘူး မီးဖိုေခ်ာင္က တစ္ကယ္ႀကီးကို သုံးစားမရေအာင္ ဖ်က္ဆီးခံလိုက္ရတာပဲ "
" ေတာင္းပန္ပါတယ္ "
ဆင့္က ေခါင္းငုံ႔ကာ ေတာင္းပန္စကားဆိုလာၿပီး ခဏအၾကာတြင္ ေျဖရွင္းခ်က္ေပးရန္ ေခါင္းျပန္ေမာ့လိုက္ခ်ိန္ဝယ္ ယြန္းေဟမီ၏ စူးစူးရဲရဲအၾကည့္မ်ားျဖင့္ ဆုံေတြ႕သြားရကာ မၾကာေသးခင္က ေျပာထားေသာစကားကို ထပ္ေျပာလိုက္ၿပီး ဒုတိယအႀကိမ္ေခါင္းျပန္ငုံ႔သြားေလသည္။
" ေတာင္းပန္ပါတယ္ "
ယြန္းေဟမီက ဆင့္ထံ တျဖည္းျဖည္းေလွ်ာက္လွမ္းလာတာေၾကာင့္ သူမရဲ႕ဖိနပ္က ပိုပိုၿပီးနီးကပ္လာတာကို ဆင့္ ခံစားေနရကာ အားနာစိတ္ေၾကာင့္ မ်က္ႏွာကိုေတာ့ ေမာ့မၾကည့္ခဲ့မိေပ။
" ဒီကိစၥကို ေနာက္မွဆက္ေျပာမယ္...... လက္ကိုအရင္ေဆးသြားထည့္ရေအာင္ "
မိန္းကေလးေတြရဲ႕ပါးစပ္က တစ္ကယ္ကိုအံ့ဩေလာက္စရာပင္။ တိမ္ယံဆင့္မွာ ေဆးထည့္ေနရင္း ယြန္းေဟမီထံမွ မေရမတြက္ႏိုင္ေသာ အဆူခံထိမႈမ်ားႏွင့္ သတိေပးခ်က္မ်ားအျပင္ ၿခိမ္းေျခာက္မႈမ်ားကိုပါ လက္ခံရရွိလိုက္ေပေတာ့သည္။ ေနာက္ဆုံးဆိုက္ေသာ ဘူတာမွာမူ မီးဖိုေခ်ာင္ထဲ ဘယ္ေတာ့မွမဝင္ရဘူးဟူသည့္ စကားျဖင့္သာ အဆုံးသတ္သြား၍ ေက်းဇူးသာတင္ရေတာ့မည္။
သူတို႔သုံးေယာက္လုံး မွာထားသည့္အစားအစာမ်ား ထုတ္စားၿပီးသြားခ်ိန္တြင္ ျပဒါးရံကမူ အခန္းထဲျပန္ဝင္သြားခဲ့ၿပီး ယြန္းေဟမီကလည္း အလုပ္မွလာေသာ ဖုန္းမ်ားေၾကာင့္ မအားလပ္ႏိုင္ေတာ့ေပ။ အခ်ိန္တစ္ျဖည္းျဖည္းစလင့္လာသည့္အခါတြင္ ေကာင္းကင္ယံထက္ေမွာင္ရီပ်ိဳးလာၿပီျဖစ္ၿပီး ေနေရာင္ျခည္မွာ ပင္လည္တြင္းသို႔စီးဝင္လ်က္ သူ၏အပူမီးမ်ားကို ၿငိမ္းသက္ေနေတာ့ေလသည္။
တိမ္ယံဆင့္တစ္ေယာက္သာ ဝရံတာထက္ထြက္ၿပီး အရွိန္အဟုန္ျပင္းျပင္းတိုက္ခတ္ေနေသာ ေလထုကိုအံတုလ်က္ ပင္လယ္ျပင္ထက္ျဖာက်ေနေသာ လေရာင္ေလးကိုေငးၾကည့္ေနခဲ့မိကာ ထိုအလင္းေရာင္ဖ်ဖ်ေလးမွာလည္း လႈိင္းလုံးမ်ားၾကား လူးလြန္ခုန္ေပါက္ေနခဲ့ေလသည္။ မသိလိုက္ပါလွ်င္ ေငြေရာင္ႏွင္းစက္ေလးမ်ား ေရစီးႏွင့္အတူ ေမ်ာပါေနသည့္အလား အသြင္သဏၭာန္ဆင္တူေလ၏။
တစ္အိမ္လုံးက တိတ္ဆိတ္ျခင္းအတိၿပီးကာ တိမ္ယံဆင့္၏ မ်က္ႏွာထက္တြင္ က်ဴးပစ္၏ ေလးသဖြယ္ ေကြးၫႊတ္ေနသည့္ ႏႈတ္ခမ္းလွလွေလးမ်ားက ေလညႇင္းမ်ားႏွင့္ ပနံသင့္ကာ လိုက္ဖက္ခ်င္တိုင္း လိုက္ဖက္ေနေတာ့သည္။ ပို၍ ပို၍ ညဥ့္နက္လာေလေသာအခါ ျပဒါးရံရဲ႕အခန္းမီးက ရွည္ၾကာေသာအခ်ိန္မ်ားထဲက ပတ္သြားခဲ့ၿပီျဖစ္ေလသည္။ ဆင့္က မိမိအခန္းထဲ မဝင္မီ ျပဒါးရံရဲ႕အခန္းတံခါးကို တဂၤမွ်ၾကည့္လိုက္ၿပီးေနာက္ စိတ္ခ်လက္ခ် ဝင္သြားႏိုင္ခဲ့သည္။
" ဆင့္ "
" ဆင့္ "
အဆက္မျပတ္ေခၚေနေသာ အသံမ်ားေၾကာင့္ ဆင့္ရဲ႕ စိတ္မ်ားက ႏိုးတစ္တက္ အိပ္ေပ်ာ္တစ္ဝက္ျဖစ္လာကာ အိမ္မက္နဲ႔လက္ေတြ႕ကို မခြဲျခားႏိုင္ျဖစ္လာရေတာ့ေလသည္။ ထိုအသံပိုင္ရွင္မွာ ေယာက္်ားတစ္ေယာက္ျဖစ္ေနခဲ့ၿပီး ဆင့္က မ်က္ႏွာကိုမူ သဲသဲကြဲကြဲမျမင္ႏိုင္ခဲ့ေခ်။ သို႔ေသာ္ျငား သူ႔နာမည္ကိုေခၚတြင္ေနေသာ အသံလႈိင္းက ဆြဲေဆာင္အားေကာင္းစြာ သူ႔ရဲ႕စိတ္ဝိညည္ဟူသမွ်ကိုပါ သံလိုက္စက္ကြင္းလို အဆက္မျပတ္ ဆြဲငင္ေနခဲ့သည္။
" ဆင့္ "
" ဒီကို လာပါဦး "
အိမ္မက္ထဲတြင္ ဆင့္က ဒူးေထာက္ထိုင္ခ်လိုက္ကာ အသံမၾကားရေစရန္ လက္ႏွစ္ဖက္ျဖင့္ နားကိုခပ္တင္းတင္း ပိတ္စို႔ထားလိုက္ေလသည္။ သို႔ေသာ္ျငားအခ်ိန္တစ္ခုအၾကာတြင္ သူဟာ ဘာကိုမွမတားဆီးႏိုင္ခဲ့ပဲ ေျခလွမ္းမ်ားက ထိန္းခ်ဳပ္ေနေသာ အသိစိတ္မ်ားႏွင့္ ဆန႔္က်င္စြာ အသံလာရာဆီ ေ႐ြ႕လ်ားသြားေနခဲ့ကိုလည္း ခြင့္ျပဳထားလိုက္ရေလသည္။
" ဆင့္.... ကေလးေလး "
" ဘယ္သူလဲ "
တိမ္ယံဆင့္၏ အေမးသံက ေလဟာနယ္ထဲ ဟိန္းထြက္သြားၿပီး အဆက္မျပတ္ပဲ့တင္ထပ္ေနခဲ့ကာ မၾကာမီ သူ႔ေရွ႕ကေယာက္်ားက တျဖည္းျဖည္းေခါင္းေမာ့လာၿပီး သူ႔ကိုမ်က္ႏွာေသျဖင့္ စိုက္ၾကည့္လာခဲ့သည္။ ပတ္ဝန္းက်င္တစ္ခုလုံးက ပိန္းပိတ္ေအာင္ မဲေမွာင္ေနခဲ့ကာ အလင္းေရာင္ဟုဆိုႏိုင္ေသာ အေရာင္ဖ်ဖ်ေလးတစ္ခုသာရွိသည့္အတြက္ ဆင့္က ထိုအမ်ိဳးသားမ်က္ႏွာကို သဲသဲကြဲကြဲမျမင္ရေခ်။
" လာပါဦး.... မင္းရဲ႕မ်က္ႏွာေလးကို ထိေတြ႕ပါရေစ "
ေအးစက္သည့္ လက္တစ္ဖက္က ဆင့္ မ်က္ႏွာေပၚ လာေရာက္ထိေတြ႕လာသည့္အခိုက္တြင္ ဆင့္ရဲ႕ ႏွလုံးသားတစ္ခုလုံး ဗလာက်င္းသြားကာ ေတာင့္ခဲလာေတာ့သည္။ အားအင္အစုံက ဆုတ္ယုတ္လာၿပီး ထိုအမ်ိဳးအမည္မသိေသာ အမ်ိဳးသားက သူ႔မ်က္ႏွာကိုစိုးမိုးျခယ္လွယ္လာသည္အထိ သူဟာတြန္းထုတ္ရန္ မစြမ္းေဆာင္ႏိုင္ခဲ့ေပ။
" ခင္ဗ်ား ဘယ္သူလဲ "
႐ုတ္တရက္ ပတ္ဝန္းက်င္းက နဂိုကထက္ပိုၿပီး ရွင္းလင္းျပတ္သားလာသည္ဟု ဆင့္ ေတြးမိ႐ုံရွိေသး ေၾကာက္မက္ဖြယ္ေကာင္းေအာင္ စူးရွသည့္ မ်က္ဝန္းတစ္စုံႏွင့္ အခ်ိန္အေတာ္ၾကာေအာင္ အၾကည့္ခ်င္းစုံေနခဲ့ၿပီး ေတာင့္တင္းစြာ ရပ္ေနမိၾကေလသည္။
" ေဖေဖ "
" ........ "
တုန႔္ျပန္မႈ ျပန္မလာေသာ္လည္း ဆင့္က ေနာက္တစ္ခြန္း ထပ္ေခၚလိုက္ျပန္ေလသည္။
" ေဖေဖလား....ဟုတ္တယ္မလား "
" ....... "
" အရမ္းလြမ္းေနတာ.... ကြၽန္ေတာ္ ... အရမ္း...သတိရေနခဲ့တာ "
ျပတ္ေတာင္းျပတ္ေတာင္းစကားသံမ်ားတြင္ တစ္စြန္းတစ္စ ရႈိက္သံမ်ားလည္း ေရာေထြးေနခဲ့၏။
လက္တစ္ဖက္ကို ဆန႔္တန္းလိုက္ၿပီး ထိုအမ်ိဳးသား၏ မ်က္ႏွာအားထိေတြ႕လိုက္ခ်ိန္တြင္ ေရခဲတမွ်ေအးစက္ေနေသာ ခံစားခ်က္က လက္ဖ်ားမ်ားမွတစ္ဆင့္ ႏွလုံးသားကိုပါ ေအးစက္မာေက်ာသြားေစေလသည္။
" ဆင့္ "
" အင္း...ကြၽန္ေတာ္ရွိတယ္ "
ထိန္းခ်ဳပ္ထားသည့္ မ်က္ရည္မ်ားက မ်က္ဝန္းအိမ္ထဲမွတစ္ဆင့္ ခက္ခက္ခဲခဲ စီးက်လာၾကကုန္ေလသည္။ ထိုအမ်ိဳးသားက တစ္စုံတစ္ရာအား ဆက္ေျပာလာလိမ့္ဦးမည္ဟု ဆင့္ ယုံၾကည္ထားေသာ္လည္း ဘာကိုမွ ဆက္ေျပာလာျခင္းမရွိခဲ့ေပ။ ေသခ်ာစြာအာ႐ုံစိုက္လိုက္ၿပီးေနာက္ ထိုအမ်ိဳးသားက က်ယ္ေလာင္စြာ ရယ္ေမာလာခဲ့ေလသည္။ ရယ္ေနခဲ့သည္မွာ အ႐ူးတစ္ေယာက္ႏွယ္ ေသြး႐ူးေသြးတန္း အသိစိတ္လြတ္စြာျဖင့္ ရယ္ေမာေနခဲ့ျခင္း ၊ ဖန္တစ္ရာမက ပဲ့တင္ထပ္ေနေသာ ထိုရယ္သံေၾကာင့္ တိမ္ယံဆင့္သည္ ေနာက္ေက်ာဘက္မွ ခ်မ္းစိမ့္မႈႏွင့္အတူ မေကာင္းေသာအေငြ႕အသက္မ်ားကိုပါ ယွဥ္တြဲခံစားလိုက္ရေလသည္။အခ်ိန္အေတာ္ေလး ၾကာျမင့္လာသည္အထိ ထိုအမ်ိဳးသားက ရယ္ၿမဲအတိုင္းရယ္ေနခဲ့ကာ တိမ္ယံဆင့္တစ္ေယာက္ စိုးရိမ္ထိတ္လန႔္မႈမ်ားအားလုံး စုံပုံလာၿပီး ေနာက္ဆုံးတြင္ ထိုရယ္သံကိုလႊမ္းလ်က္ အေဖျဖစ္သူကိုသာ အသိစိတ္ဝင္လာေအာင္ ေအာ္ႏႈိးေနခဲ့ေလသည္။
" ေဖေဖ... ေဖေဖ သတိထားပါဦး "
" ဟား....ဟား...ဟား "
ေသြးပ်က္ေျခာက္ျခားမႈမ်ား ပါဝင္ေနေသာ ထိုရယ္သံက ဆင့္ကို အင္မတန္ေခါင္းကိုက္ေစၿပီး အားအင္အစုံကို ၿဖိဳခြဲေနေလသည္။
" ေဖေဖ ! "
တစ္ဆက္တည္းမွာျပင္ ထိုအမ်ိဳးသား မ်က္ႏွာကိုကိုင္ထားေသာ ဆင့္ရဲ႕လက္မွ ခြၽဲပ်စ္ေသာ ခံစားခ်က္တစ္စုံတစ္ရာကို ခံစားလိုက္ရၿပီး ျမင္ကြင္းအား ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည့္အခိုက္တြင္ သူ႔အေဖရဲ႕ ဦးေခါင္းထက္မွ ေသြမ်ားအဆမတန္စီးက်ေနၿပီး ထိုေသြးပ်က္စရာျမင္ကြင္းနဲ႔ သူ႔အေဖရဲ႕ ရယ္သံမ်ားက ဆင့္နားထဲ ဆြဲထုတ္မရေအာင္ တြယ္ကပ္ေနခဲ့သည္။ စိုးရိမ္တႀကီးမ်က္ႏွာျဖင့္ အေဖျဖစ္သူအားေအာ္ေခၚလိုက္ေသာ္လည္း ပါးစပ္မ်ားက လႈပ္ရွားသြားခဲ့ပါသည့္တိုင္ မည္သည့္အသံမွ ထြက္မလာခဲ့မွ ဆင့္က သူ႔ရဲ႕လည္ေခ်ာင္းက အက္ရွၾကမ္းတမ္းေနမွန္း သတိထားမိသြားေလသည္။ ထိုေသြးမ်ားက ဆင့္ရဲ႕လက္ကိုပါ ခ်င္းခ်င္းနီေစရင္း တစ္စက္ခ်င္းက်ဆင္းလာကာ ေသြးအိုင္တစ္ခုကိုပါ ျဖစ္ထြန္းေစလာခဲ့ေလသည္။
" အား.... "
ေျခာက္ျခားမႈအျပည့္ ရယ္သံႏွင့္ ေသြးပ်က္ေနေသာ တိမ္ယံဆင့္၏ ေအာ္သံမ်ားေပါင္းစည္းသြားကာ စို႔နစ္ေၾကကြဲဖြယ္ ေလထုကိုဖန္တီးေပးလာခဲ့ေလသည္။
" အား....မဟုတ္ဘူး ....ဒီလိုမျဖစ္ရဘူး "
" ဟား...ဟား....ဟား "
" မရယ္နဲ႔ေတာ့ ....ေတာ္ေတာ့.... အဲ့တာက လုံေလာက္ေနၿပီ ငါထပ္မၾကားခ်င္ေတာ့ဘူး "
ျပင္းျပင္းထန္ထန္ေအာ္ဟစ္လိုက္ၿပီး သူ႔မ်က္ႏွာတစ္ခုလုံး မ်က္ရည္မ်ားျဖင့္ ႐ႊဲနစ္လာခဲ့ေလသည္။
" ဆင့္ ....သားေလး "
" ေမေမ "
မ်က္လုံးတစ္စုံကို ျပန္ဖြင့္လိုက္ခ်ိန္တြင္ မ်က္စိေရွ႕မွလူဟာ သူ႔အေမအျဖစ္ေျပာင္းသြားခဲ့ၿပီး ေသြးမ်ားက ယခင္အတိုင္း ျမင္ရက္စရာမရွိေအာင္ စီးက်ေနဆဲျဖစ္ၿပီး ဆင့္ရဲ႕ လက္တစ္ဖက္ကလည္း ထိုအမ်ိဳးသမီး၏ ပါးျပင္ေပၚ ယခင္နည္းအတိုင္း ကိုင္ထားဆဲျဖစ္သည္။ တိမ္ယံဆင့္၏ ထိုလက္တစ္ဖက္မွာ ဖယ္ခြာပစ္လို႔မရေအာင္ ဆြဲကပ္ေနခဲ့လ်က္သားျဖင့္ပင္။
" ဆင့္ သားေကာင္းေကာင္း ရွင္သန္ရမယ္ေနာ္ "
" အင္း...အင္း...အင္း "
ေခါင္းကိုအဆက္မျပတ္ညိတ္ကာ ဆင့္ ျပန္ေျဖလိုက္ေလသည္။ မ်က္ဝန္းအိမ္မွတစ္ဆင့္ ေမးဖ်ားမွဆက္ကာ သက္ဆင္းသြားေသာ မ်က္ရည္စက္မ်ားသည္ ဆင့္ လက္မွတစ္ဆင့္ ေအာက္သို႔သက္ဆင္းေနေသာ ေသြးမ်ားႏွင့္လည္း ပမာဏခ်င္းညီမွ်ေနခဲ့ေလသည္။
" ေမေမ သားနဲ႔အတူမရွိႏိုင္ေတာ့ဘူး "
" မဟုတ္ဘူး....မဟုတ္ဘူး...မဟုတ္ဘူး.... ထြက္မသြားၾကပါနဲ႔ ....ကြၽန္ေတာ္တစ္ေယာက္ထဲ အထီးက်န္လြန္းလို႔ပါ "
" ဆင့္....ကိုယ္မင္းကို တိုင္းတာလို႔မရေအာင္ခ်စ္တာ "
" ရံ "
ခ်က္ခ်င္းပင္ လူဟာ ျပဒါးရံအျဖစ္ေျပာင္းသြားျပန္ေလသည္။ ျပဒါးရံ၏ မ်က္လုံးႏွစ္ဖက္လုံးမွာ ဗလာျဖစ္ေနၿပီး ေသြးမ်ားက ထိုေနရာမွ အဆက္မျပတ္စီးက်ေနဆဲျဖစ္ကာ ေခါင္းေပၚမွာလည္း ေရေလာင္းခ်ထားသလို ႐ြဲနစ္စို႐ြဲေနေလသည္။
" အား.....အား... "
ဆင့္က ထိုပုံရိပ္အား နက္ရႈိင္းသည့္အတြင္းစိတ္ထဲမွပင္ လက္မခံႏိုင္လွသည့္အတြက္ ေအာ္ဟစ္ငိုေကြၽးလာၿပီး အသိစိတ္မွန္သမွ် အစရွာမရေလေအာင္ ေပ်ာက္ဆုံးသြားခဲ့ေလၿပီ။
" ရံ "
အသံမ်ားက သိသိသာသာ တုန္ယင္ေနခဲ့ကာ က်န္ရွိေနသည့္ လက္တစ္ဖက္ကို အတင္းကာေရာေျမႇာက္လိုက္လ်က္ ျပဒါးရံ၏ ေသြးတို႔ျဖင့္ ျပည့္ႏွက္ေနေသာ မ်က္ႏွာကို ထိေတြ႕လိုက္ေလသည္။ ဆင့္ရဲ႕ လက္မ်ားသာမက ခႏၶာကိုယ္တစ္ခုလုံးဟာလည္း ထိန္းခ်ဳပ္မရေအာင္ တသိမ့္သိမ့္တုန္ယင္ေနခဲ့ၿပီး ၿပိဳလဲသြားေတာ့မည္ဟု အရိပ္အေယာင္မ်ား ျပေနခဲ့ေတာ့သည္။
" ကိုယ္မင္းကို အၿမဲတမ္းကာကြယ္ေပးခ်င္ခဲ့တာပါ "
" ကြၽန္ေတာ္သိတယ္.... ရံကအၿမဲတမ္း ကြၽန္ေတာ့္အတြက္ပဲ ေတြးေပးေနခဲ့တာေလ... ကိုယ့္ကိုကိုယ္ေတာင္မွ ဂ႐ုမစိုက္ဘူး "
" ကိုယ္မင္းကို သိပ္ခ်စ္တာ "
" ကြၽန္ေတာ္သိတယ္ "
တိမ္ယံဆင့္ မိမိႏွဖူးႏွင့္ ျပဒါးရံႏွဖူးကို ထိေတြ႕လိုက္ကာ ျပဒါးရံ၏ ပါးႏွစ္ဖက္လုံးကိုလည္း လက္မ်ားျဖင့္ ဆုပ္ေထြးထားေသးေလသည္။
" အာ့ "
စူးရွသည့္ နာက်င္မႈတစ္ရပ္သည္ ဆင့္ရဲ႕ ႏွလုံးသားတည့္တည့္မွ ျဖစ္တည္လာကာ ေဝဒနာအလုံးစုံမွန္သမွ် တိမ္ယံဆင့္ကို အျပင္းအထန္ႏွိပ္ဆက္ေနခဲ့ၾကသည္။ မခ်င့္မရဲ ခံစားခ်က္မ်ားျဖင့္ မိမိရင္ဘတ္ထံ ေခါင္းငုံ႔ၾကည့္လိုက္ခ်ိန္ဝယ္ မိုးႀကိဳးသြားသဏၭာန္ ေကာက္ေကြးေနေသာ ဓားတစ္လက္က တစ္ဆုံးစိုက္ဝင္ေနခဲ့ၿပီး ထိုဓား၏လက္ကိုင္တစ္ခုထဲသာ ျပဒါးရံက ဆုပ္ကိုင္ထားခဲ့ကာ ဓားသြားက အသားစိုင္ထဲ နစ္ျမဳပ္ေပ်ာက္ကြယ္ေနေလသည္။
" ရံ...မင္း... ဘယ္လိုလုပ္ .... "
" ကိုယ္မင္းကို သိပ္ခ်စ္တာ "
သူ႔ႏွလုံးသားကို ဓားနဲ႔ထိုးၿပီး ျပဒါးရံဟာ သိပ္ခ်စ္ပါတယ္တဲ့ေလ။ မ်က္ရည္တစ္စက္က လွိမ့္ဆင္းလာၿပီး ေသြးအျပည့္ေနရာယူထားေသာ ရင္ဘတ္ကိုမ်က္ကြယ္ျပဳကာ နာနာက်င္က်င္ဆိုလိုက္သည္။
" ကြၽန္ေတာ္သိတယ္ "
" ဟား....ဟာ့ "
ရႈိက္သံမ်ားႏွင့္ ဗလုံးဗေထြး အသက္ရႈသံမ်ား ေပါင္းစပ္သြားကာ မေရရာသည့္ အသံလႈိင္းမ်ားထုတ္လႊင့္ေပးလာေလသည္။ ခပ္တင္းတင္း ပိတ္စို႔ထားေသာ မ်က္လုံးမ်ားကို အားသုံးဖြင့္လိုက္ခ်ိန္တြင္ မဟူရာထက္နက္ေသာ အေမွာင္ထုက ဆီးႀကိဳေနၿပီး ပင္လယ္ေလညႇင္းနံ႔သင္းသင္းကိုလည္း ရေနခဲ့သည္။ အေမာတေကာအသက္ရႈသံမ်ားေၾကာင့္ ဆင့္ရဲ႕ ရင္ဘတ္အစုံဟာ ျမင့္ခ်ည္နိမ့္ခ်ည္ႏွင့္ပင္။ သူဟာ အိမ္မက္ထဲက ျပဒါးရံ ဓားနဲ႔ထိုးခဲ့ေသာေနရာေပၚ လက္တင္လိုက္ၿပီး တည္ၿငိမ္သြားေအာင္ ထိန္းညႇိေသာ္လည္း တည္ၿငိမ္မႈအစြန္းအစေလးပင္ ရွာမေတြ႕ႏိုင္ခဲ့ေပ။
နာရီဝက္ေလာက္ၾကာေသာအခါ မီးဖိုေခ်ာင္ထဲက ေရတစ္ခြက္ သြားေသာက္လုံးၿပီး နာရီၾကည့္လိုက္ခ်ိန္တြင္ ေဝလီေဝလင္း ၂ နာရီပဲ ရွိေသးသည္ျဖစ္ေလရာ အိမ္ရာေပၚ ကိုယ္ကိုႀကဳံ႕၍ ဒူး်ကြးလိုက္ကာ အလြန္ေသးငယ္ေသာ အမူအယာေလးျဖင့္ အိမ္ရန္ဟန္ျပင္လိုက္ေလသည္။ သို႔ေသာ္ မ်က္လုံးမွိတ္လိုက္လွ်င္မူ ထိုအိမ္မက္မ်ား ျပန္ဝင္ေရာက္လာမည္ဆိုးေသာေၾကာင့္ ဆင့္က တစ္ခ်ိန္လုံး မ်က္လုံးမ်ားကို ဖြင့္ထားခဲ့ၿပီး အိပ္ေပ်ာ္ဖို႔ရာ လက္ေလ်ာ့လိုက္ရေလေတာ့သည္။
" နာလိုက္တာ... ငါ့ရင္ဘတ္တစ္ခုလုံး စုတ္ျပတ္သတ္သြားေတာ့မလိုဘဲ နာက်င္ေနတယ္ "
ခပ္တိုးတိုး ေရ႐ြတ္သံေလးႏွင့္အတူ အိပ္ယာေပၚမွာ ေဘာလုံးေလးတစ္ခုလို ေစာင္ပုံထဲဝင္ေရာက္ေနေသာ တိမ္ယံဆင့္၏ အသံေလး။ ေနာက္ဆုံး၌ ဘယ္လိုမွ အိပ္မရေတာ့မွန္း ေသခ်ာသြားသည့္အခါ တိမ္ယံဆင့္တစ္ေယာက္ အခန္းတံခါးကိုတြန္းဖြင့္လိုက္ၿပီး ေဘးခ်င္းကပ္ရပ္က ျပဒါးရံ၏ အခန္းထဲေသာ့အပိုသုံးလ်က္ ဝင္သြားလိုက္ေလသည္။
ကုတင္ေပၚမွာ ေဘးတေစာင္းလွဲလ်က္ အိပ္ေပ်ာ္ေနေသာ ျပဒါးရံရဲ႕ အေနာက္ဘက္ကို ဝင္လွဲလိုက္ကာ တုန္ရီေနေသာ လက္ႏွစ္ဖက္လုံးက ထိုခ်စ္သူေကာင္ေလး၏ ခါးကိုခပ္တင္းတင္းဖက္တြယ္ထားရင္း မ်က္ႏွာကိုမူ ပုခုံးထံသို႔ႏွစ္ျမဳပ္ထားလိုက္ေလေတာ့သည္။ ျပဒါးရံ ခႏၶာကိုယ္က ေႏြးေထြးသည့္အပူလႈိင္းမ်ားက ဆင့္ တစ္ကိုယ္လုံးကိုပါ လႊမ္းၿခဳံသြားၿပီး စိတ္သက္သာရာရေစေလသည္။
" ရံ..... ကြၽန္ေတာ္ အိပ္မက္ဆိုးေတြ မက္ေနတာ "
" ........ "
" ခါတိုင္းလိုပဲ ဒီေန႔လည္း အိပ္မေပ်ာ္ျပန္ဘူး "
နာရီဝက္ေလာက္ၾကာသြားသည့္အခါတြင္ ဆင့္က အေတာ္ေလးကို စိတ္တည္ၿငိမ္သြားၿပီျဖစ္ေလသည္။ သူက ဖက္ထားသည့္လက္မ်ားကို လႊတ္ေပးလိုက္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ ျပဒါးရံကိုၾကည့္ၿပီး နဖူးျပင္သို႔ သိမ္ေမြ႕မႈမ်ားႏွင့္ တန္ဖိုးထားမႈမ်ား အျပည့္ပါေသာ အနမ္းတစ္ပြင့္ကို ေႁခြလိုက္ၿပီး အခန္းထဲမွ တိတ္တဆိတ္ပင္ ျပန္ထြက္လာခဲ့ေလသည္။ သူတံခါးပိတ္လိုက္ၿပီး အေနာက္လွည့္လိုက္ခ်င္းမွာတင္ ျပဒါးရံအခန္းတံခါးေရွ႕ ရပ္ေနေသာ ယြန္းေဟမီအားေတြ႕လိုက္ရကာ လန႔္ၿပီး ထခုန္မိမတက္ပင္ ျဖစ္သြားရေလသည္။
" မမေဟမီ... ဘယ္ခ်ိန္ထဲကေရာက္ေနတာလဲ "
" ရံေလးအခန္းထဲက ထြက္လာထဲကေရာက္ေနတာ "
" ကြၽန္ေတာ္ သူအိပ္ရတာ အဆင္ေျပရဲ႕လားလို႔ ဝင္ၾကည့္တာပါ "
" ဪ..... "
သံရွည္ဆြဲကာ ျပန္ေျဖရင္း ယြန္းေဟမီက မယုံေရးခ်မယုံဟူသည့္ မ်က္ႏွာထားမ်ိဳးျဖင့္ ျပန္ၾကည့္လာခဲ့ေလသည္။
" ဒါဆို ကြၽန္ေတာ္လည္း သြားအိပ္ေတာ့မယ္ .... မမေဟမီလည္း အိပ္ေတာ့ေနာ္ "
သူခိုးလူမိျဖစ္သလို ပ်ာပ်ာသလဲ ထြက္သြားေသာ တိမ္ယံဆင့္ကိုၾကည့္ကာ ယြန္းေဟမီက သက္ျပင္းခ်လိုက္ေလသည္။ အခ်စ္ငွက္ႏွစ္ေကာင္နဲ႔ အတူတူေန,ေနရေသာ သူမဘဝက အေတာ္ေလးကို သနားစရာေကာင္းပါလားဟု ေတြးေတာလိုက္ရင္း တစ္ရက္တာက ဂယက္ေပါင္းမ်ားစြာျဖင့္ အဆုံးသတ္သြားေလေတာ့သည္။