To Cathy With Love

By myatlay510

33.8K 2.9K 162

တစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူင... More

Episode 1
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28(Ending)

Episode 2

1.4K 118 0
By myatlay510

စာမေးပွဲရက်အတွင်း ဆေးရုံနှင့်တိုက်ခန်းပြေးနေရ၍ green cross သို့မသွားဖြစ်ပါ။ဆရာဂျေမီက မလာလည်းဖြစ်တယ် ဟုပြောပါသည်။သူ့တပည့်တစ်ယောက်ကို အကူအညီတောင်းထားပါသည်တဲ့။ကျွန်မတို့ သူငယ်ချင်းတစ်ဖွဲ့ စာစုလုပ်ကြရသည်။တစ်ချို့ရက်တွေ ကျွန်မတိုက်ခန်းမှာ၊တစ်ခါတလေကျတော့ ဆေးရုံနားနေခန်းထဲမှာဝိုင်းဖွဲ့ပြီး ဆွေးနွေးဖလှယ်ကြသည်။အခန်းမှာပင် မိုးလင်းသွားပြီး မနက်မှ ကိုယ့်အိမ်ကိုယ်ပြန်၍အိပ်ကြရသည့်ရက်များလည်း ရှိပါသည်။အခက်ဆုံးအပိုင်းဖြစ်သည့် အင်တာဗျူးကိုတော့ စိတ်မလှုပ်ရှားဘဲ တည်ငြိမ်စွာဖြေနိုင်ခဲ့လေသည်။အောင်စာရင်းထွက်ချိန်တွင်ကျွန်မအိပ်ပျော်နေဆဲဖြစ်သည်။ကျွန်မတို့အဖွဲ့ထဲမှ သူငယ်ချင်း ဒါလီနိုင်သည် ကျွန်မဆီရောက်လာပြီး တစ်ဖွဲ့လုံးအောင်ကြောင်း ဝမ်းသာအားရပြော၏။ကျွန်မမှာတော့ အိပ်ချင်မူးတူး မျက်လုံးကိုအတင်းဖွင့်နေရသည်။

"ကေသီ နင်မပျော်ဘူးလား"
ဒါလီနိုင်က ကျွန်မကုတင်ပေါ်ရှိ ခြုံထားသော စောင်ကိုဆွဲချကာ စူပုပ်နေသည့်မျက်နှာထားဖြင့် မေး၏။ကျွန်မတို့သူငယ်ချင်းအုပ်စုတွင် ဒါလီနိုင်က စိတ်ကောက်တတ်ဆုံးဖြစ်ပြီး ကလေးဆန်သည်။

"ပျော်တာပေါ့ ဒါလီရယ်၊ငါ့မျက်လုံးတွေဖွင့်မရသေးလို့ပါ"

ကျွန်မက ရယ်မောရင်းဆိုတော့ ဒါလီက သူ့လက်ကိုင်အိတ်ဖြင့် ကျွန်မကို ထုရိုက်သည်။

"ထတော့ အိပ်ပုတ်မ၊ညကျရင် ဟိုတယ်မှာဒင်နာပွဲရှိတယ်၊နင်လာရမယ်နော် ကေသီ"

"နင်ငြင်းဖို့မစဥ်းစားနဲ့၊ဒီမနက် ဖေဖေတို့ဟိုတယ်ဖွင့်ပွဲလုပ်တာ၊ညကျရင် ပါတီပေးမှာ၊ငါစာမေးပွဲအောင်တာသိတော့ သူငယ်ချင်းတွေရအောင်ခေါ်ပြီးလာခဲ့ပါတဲ့ ၊congratulations လုပ်မလို့ပါတဲ့၊သီဟတို့လည်းလာမှာ၊နင်ဒီတစ်ခါငြင်းရင် ငါငိုမှာနော်ကေသီ"

သူငယ်ချင်းမအဆိုးလေးကိုကြည့်ပြီး ကျွန်မရယ်ရခက်၊ငိုရခက်ဖြစ်သွားရသည်။ကျွန်မ အဲ့လိုပွဲတွေသိပ်မသွားဖြစ်ပါ။သူငယ်ချင်းတွေခေါ်တိုင်း ငြင်းမြဲငြင်းခဲ့သည်။တစ်ခါတလေ မတတ်သာ၍ လိုက်သွားရသည့်ခါလည်းရှိပါသည်။ကျွန်မ ငယ်စဥ်ကပင် ပွဲတွေသွားရလွန်း၍ ငြီးငွေ့နေပြီ။ဖေဖေသည် သူသွားသည့်ပွဲတိုင်း ကျွန်မကို ခေါ်သွားတတ်သည်။

ကျွန်မ လိုက်မယ်ဆို၍ ဒါလီပျော်သွားသည်။ဒါလီပြန်သွားပြီးနောက် ကျွန်မအိပ်ယာထဲမှ ထလိုက်သည်။ဒါလီပြောသလို ကျွန်မ အိပ်ပုတ်မ မဟုတ်ပါ။ကျွန်မ နေ့တိုင်းစောစော ထပြီး ပြေးတတ်သည်။သခင်မြပန်းခြံထဲအထိပြေးပြီးမှ မနက်စာစားသည်။ညဖက်က ကျွန်မ အိပ်ပျော်နေတုန်းပိုင့်ပိုင့်အခန်းမှဆူ၍ နိုးသွားခဲ့ရသည်။
ပိုင်ပိုင့်အသံကိုတော့ မကြားတစ်ချက်ကြားတစ်ချက။မိုးလင်းခါနီးမှ အိပ်ပျော်သွား၍ အိပ်ယာမထနိုင်ခဲ့ပေ။

PG တတိယနှစ်မစမီ ကြားတွင် တစ်ပတ်နားချိန်ရသည်။

ဒါလီနှင့် သူငယ်ချင်းများ ရောက်လာတော့ ကျွန်မ အဆင်သင့်ဖြစ်နေပြီ။အောက်ထပ်အဆင်းတွင် အပေါ်တက်လာသည့် ပိုင်ပိုင်နှင့် ဆုံသည်။

"မမကေသီ၊ဘယ်သွားမလို့လဲ"

"ဒင်နာပါတီရှိလို့ကွယ်၊ပိုင်ပိုင်ရော ဘယ်ကပြန်လာလဲ"

"လမ်းထိပ်က ပြန်လာတာ"

"မှောင်နေပြီနော် ၊တစ်ယောက်တည်း အပြင်သိပ်မထွက်နဲ့ဦး"

"ဟုတ်ကဲ့ပါ မမရဲ့၊ဒါနဲ့ ပိုင်ပိုင်မမကို ပြောစရာရှိတယ်"

"ဟင်၊ဘာလဲပြောလေ၊ဟိုမှာ သူငယ်ချင်းတွေစောင့်နေတယ် ၊မမသွားရတော့မယ်"

ပိုင်ပိုင်က ကျွန်မအနားတိုးကပ်လာသည်။

"တိုးတိုးလေး ပြောမယ်" ဟုဆိုကာ ကျွန်မနား နားကပ်ကာပြောသည်။

"မမ သိပ်လှနေတယ်"

အံ့သြမှုနှင့်အတူ ကျွန်မပြုံးရယ်မိသည်။ပိုင်ပိုင်ကတော့ ကလေးသဖွယ် ရယ်မောနေသည်။

"မမ သွား​တော့မယ်" ကျွန်မ သူ့ကိုပြုံးပြ၍ ကားဆီလျှောက်ခဲ့သည်။

"ကေသီ လာ"
ဒါလီက တံခါးဖွင့်ပေးသည်။ သီဟက ကားမောင်းသည်။သီဟဘေးတွင် လင်းထက်ထိုင်သည်။နောက်မှာတော့ ကျွန်မရယ်၊ဒါလီနိုင်ရယ်၊ခင်စန္ဒီထက်ရယ်ထိုင်ကြသည်။ရဲဆွေက နယ်မှလာသူဖြစ်သည်။ထို့ကြောင့် နယ်ပြန်သွား၍ သူမလာနိုင်။
ကားက ဒါလီ့ဖေဖေ၏ ကားဖြစ်၏။

"ကေသီ"

"ဘာလဲ"

"အဲဒီကောင်မလေးက ဘယ်သူလဲ"

"ဟင်၊ဘယ်ကကောင်မလေးလဲ"

ကားမောင်းရင်း အဆက်အစပ်မရှိမေးချလိုက်သော သီဟကြောင့် ကျွန်မ ကြောင်သွားသည်။

"ခုနက လှေကားထက်မှာ နင်နဲ့စကားပြောနေတဲ့တစ်ယောက်လေ"

"အော် ၊အဲဒါလား၊ငါ့ရှေ့ကအခန်းက ကောင်မလေးပါ၊ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး၊ဒီတိုင်းမေးကြည့်တာ"

"သီဟ"

"ဘာလဲ"

"နင် နော်၊ဘာမှစိတ်မကူးနဲ့၊ကလေးပဲရှိသေးတယ်"

"ဘာစိတ်မှ မကူးပါဘူးဟာ၊ငါက မေးရုံမေးကြည့်တာပါ"

"မမေးနဲ့ ၊နင်မေးရင် ကြောက်ရတယ်"

"ဟာ ၊စွာလိုက်တာ နင်ကလည်း၊မသိရင် အဲ့ကောင်မလေးနဲ့နင် ညီအစ်မတော်တာကျနေတာပဲ၊ငါ့ကို ချောချောလှလှလေးတွေမြင်တိုင်း ကြိုက်တတ်တဲ့ကောင်ထင်နေလို့လား"

သီဟမှလွဲ၍ ကျွန်မတို့လေးယောက်ဆီမှ ပြိုင်တူအသံထွက်လာပါသည်။

"ထင်တယ်"
သီဟလည်းဇက်ပုသွားကာ အသံတိတ်သွားပါတော့သည်။
မကြာမီ ပါတီပွဲသို့ရောက်ရှိသွား၏။
ခွဲစိတ်ဆရာဝန်လောင်းတွေဖြစ်သောကြောင့် ထင်၏။ဒါလီဖခင်ဦးရန်နိုင်က ကျွန်မတို့တစ်ဖွဲ့ကို သူ့မိတ်ဆွေများနှင့် မိတ်ဆက်ပေးသည်။

စားပွဲပေါ်ရှိ သီဟယူလာသော အချိုရည်ခွက်များကို ကျွန်မ မယူရဲပါ။သီဟသည် ကျွန်မ မသိအောင် အရက်၊ဝိုင်များနှင့် ရောစပ်ထားတတ်သည်။ အခုလိုပွဲများတွင် အဖျော်ရည်ယမကာသောက်ခြင်းကို ကျွန်မ ရှောင်သည်။မူးလာလျှင် အမှားလုပ်မိမှာ ကျွန်မကြောက်ပါသည်။
အချိုရည်ခွက်များရှိရာသို့ထလာခဲ့၏။လိမ္မော်ရည်ခွက်တစ်ခုအား ကောက်ကိုင်လိုက်သည်။သို့သော် ကျွန်မဆီသို့ ထိုခွက်ပါမလာပါ။တစ်ခြားလက်တစ်ဖက်ကလည်း ခွက်ကိုအောက်ခြေမှ ဆုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။ လက်ချောင်းသွယ်သွယ်များကို အလျင်ဆုံးသတိပြုမိသည်။အတိဖြတ်ထားသော လက်သည်းခွံများမှာ ကြည်လဲ့နေ၏။

"Oh !lady first" ဟုကြားရပြီး လက်လွှတ်လိုက်၍
ခွက်မှာ ကျွန်မလက်ထဲသို့ပါလာသည်။

ဟင် ၊ပိုင်ပိုင့်အမေပါလား။ကျွန်မနည်းတူ သူလည်းအံ့သြသွားပုံရသည်။မျက်ခုံးများအနည်းငယ် မြင့်တက်သွားတာ တွေ့လိုက်ရ၏။

"ပိုင့်ပိုင့်အသိ ဆာဂျင်လောင်းလေးမဟုတ်လား"

မထိတထိပြုံး၍ သူကပြောသည်။မသိနားမလည်သည့် ကလေးတစ်ယောက်ကို စ နေသလိုမျိုး။ကျွန်မ စိတ်တိုသွားသည်။ကျွန်မ ဘာတွေမှားနေလို့ သူကလှောင်ရတာလဲ။ကျွန်မ စိတ်ထိန်းပြီး လှည့်ထွက်ဖို့ပြင်လိုက်သည်။

"နန္ဒာ့အသိလား၊ကိုယ့်ကိုမိတ်ဆက်ပေးဦးလေ"

သူ့နောက်မှ ယောကျ်ားတစ်ယောက် ရုတ်တရက်ပေါ်လာ၍ ကျွန်မခြေလှမ်းများကို ပြန်ရုတ်လိုက်ရသည်။ထိုအမျိုးသမီးသည်လည်း စားပွဲပေါ်မှအဖျော်ရည်ခွက်တစ်ခွက်ကို လျှင်မြန်စွာယူလိုက်လေသည်။

"နန္ဒာ့သမီးနဲ့အသိလေ ကိုဆွေ၊နန္ဒာနဲ့တော့ မခင်သေးပါဘူး၊နာမည်က ကေသီတဲ့"
သူဘယ်တုန်းက ကျွန်မနာမည်သိသွားပါလိမ့်။အော် ပိုင်ပိုင့်ဆီကသိတာဖြစ်မယ်။

"တွေ့ရတာဝမ်းသာပါတယ်၊ကျွန်တော့်နာမည် မျိုးဆွေပါ"

ကျွန်မ အလိုက်သင့်ပြုံးပြလိုက်သော်လည်း ကမ်းပေးလာသည့်လက်ကိုမူ မမြင်ချင်ယောင်ဆောင်ပစ်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။ပိုင့်ပိုင့်အမေ၏ ပြုံးထေ့ထေ့မျက်နှာကိုလည်း ကျွန်မ မကြည့်ချင်ပါ။

"နန္ဒာ့အတွက် ကိုယ်အချိုရည်ယူလာတယ် ၊ရော့"

"ဟင့်အင်း ၊နန္ဒာ့မှာရှိတယ်"

စကားသံများက ဆောင်းလေနှင့်အတူ ဝေ့ဝဲလိုက်ပါလာသည်။

ဒါလီက ကြာလိုက်တာဟု နှုတ်ခမ်းစူသည်။သိပ်မကြာခင် ဦးရန်နိုင်သည် အမျိုးသမီးတစ်ယောက်ကိုခေါ်လာကာ မိတ်ဆက်ပေးသည်။

"ဒီဟိုတယ်ရဲ့ အသက်အငယ်ဆုံးရှယ်ယာရှင်လေ၊နာမည်က မြနန္ဒာတဲ့"

ဘယ်သွားသွား ဒီမိန်းမနဲ့မလွတ်ပါလား။တွေ့ပြန်ပြီ။ကျွန်မညဥ်းလိုက်မိသည်။နာမည်ကိုတော့ ကျွန်မစိတ်ဝင်စားမိသည်။ဒီဘက်ခေတ်မှာ ဒီလိုနာမည်မျိုးသိပ်မကြားဖူးပါ။မြနန္ဒာဟူသောဇာတ်ကောင်ဖြင့် စာအုပ်နှစ်အုပ် ကျွန်မ ဖတ်ဖူးပါသည်။နောက်ပြီး ငယ်စဥ်က အမြဲတမ်းရွတ်ဆိုခဲ့ဖူးသော "မြနန္ဒာ ကမ်းညို့ညို့ရိပ်ကာသမ်းတယ်"သီချင်းကြောင့်  မြနန္ဒာဟူသောအမည်ကို ရင်းနှီးနေခဲ့သည်။

"အသက်ဘယ်လောက်ရှိပြီလဲဟင်"

စပ်စုလွန်းသော ဒါလီကြောင့် ကျွန်မတို့မှာ အနေရခက်သွား၏။မြနန္ဒာကမူ ပေါ့ပါးစွာရယ်မော၍ အနေရမခက်အောင်ကူညီပါသည်။

"ဒါလီ ဘာသဘောနဲ့မှမေးတာမဟုတ်ပါဘူး၊စိတ်မဆိုးပါနဲ့နော်"

"မဆိုးပါဘူးကွယ်၊တို့အသက် သုံးဆယ့်ငါးနှစ်ပြည့်ပါပြီ"

"နုလိုက်တာမမရယ်၊မမလို့ပဲခေါ်မယ်နော်၊ရတယ်မလား"

"ရပါတယ်၊ကြိုက်သလိုခေါ်ပါရှင်"

သီဟနှင့် ဒါလီမှာ မြနန္ဒာနှင့် စကားပြောကောင်းနေကြသည်။တစ်ကယ်တော့ နှစ်ယောက်သားမေးသမျှ မြနန္ဒာက ဖြေနေခြင်းဖြစ်ပါသည်။ခင်စန္ဒီထက်မှာ ဒါလီလို စကားများသူမဟုတ်၍ နည်းနည်းပါးပါးသာဝင်ပြောသည်။လင်းထက်နှင့် ကျွန်မသည်သာ အတွေးကိုယ်စီဖြင့်ငြိမ်နေမိကြသည်။
မြနန္ဒာက စကားပြောရင်း တစ်ချက်တစ်ချက် ကျွန်မဆီလှမ်းကြည့်သည်။

အပြန်တွင် ဒါလီက လိုက်ပို့ရန်စီစဥ်သည်။ညဥ့်နက်နေပြီဖြစ်သောကြောင့် ဒါလီ့ဖေဖေ၏ဒရိုင်ဘာက လိုက်ပို့ပေးမည်ဖြစ်သည်။ဒရိုင်ဘာက အနီးဆုံးဖြစ်သောကျွန်မတိုက်ခန်းဆီအရင်ပို့ပေးသည်။ထိုကားထွက်သွားချင်းပင် ကားတစ်စီးထိုးရပ်လာသည်။ကားပေါ်မှဆင်းလာသူက မြနန္ဒာ။
ပါတီမှာတွေ့ခဲ့သော ဦးမျိုးဆွေသည် ကားထဲမှနေ၍ မြနန္ဒာကိုလက်ပြနှုတ်ဆက်သည်။ထို့နောက် ကျွန်မကိုတစ်ချက်ကြည့်၍ မောင်းထွက်သွား၏။

"တို့မင်းကို ကိုက်မစားပါဘူး၊ထွက်မပြေးပါနဲ့"

မဆုံမိအောင် သူ့ထက်ဦး၍ ခြေလှမ်းသွက်သွက်လှမ်းနေစဥ်  မြနန္ဒာ၏အသံကိုကြားရသောကြောင့် ကျွန်မ ရပ်လိုက်မိသည်။ဒါပေမယ့် ကျွန်မ လှည့်မကြည့်တော့ဘဲ ဆက်သွားနေလိုက်၏။

"အေးမြပိုင်၊တံခါးဖွင့်၊မေမေ့မှာ သော့ပျောက်သွားလို့၊စိတ်မဆိုးနဲ့တော့ ပိုင်ပိုင်၊တံခါးဖွင့်"

အခန်းထဲမှ နေ၍ မြနန္ဒာ၏အသံကို ကြားနေရသည်။အတန်ကြာသည်အထိ တံခါးပွင့်သံမကြားရပါ။

"တံခါးဖွင့်ပေးစမ်း အေးမြပိုင်"

တံခါးကို တဒုန်းဒုန်းထုသံကြားရပြန်သည်။ကျွန်မ စိတ်မရှည်တော့ပါ။ တံခါးဖွင့်၍ အပြင်ထွက်လိုက်သည်။

"ဒီလောက်ဆို ပိုင်ပိုင်အိပ်နေပြီပေါ့၊စိတ်ဆိုးနေတာဆိုရင်လည်း မနက်မှလာချော့လိုက်ပါလား"

သူ ကျွန်မကို လှည့်ကြည့်၍ "မင်းနဲ့မဆိုင်ဘူး" ဟုပြောသည်။ဘေးဘီကိုမမှူသည့်ဟန်က ထင်ရှားနေသည်။ထို့နောက် တံခါးကိုဆက်ထုနေပါသည်။အသံက ခုနကထက် နှစ်ဆလောက်ကျယ်လာတော့ ကျွန်မ စိတ်တိုကာ တံခါးကိုထုနေသော မြနန္ဒာ၏ လက်များကို ဆွဲယူလိုက်သည်။

"ဒီမှာ၊ရှင် ဘယ်လိုအမေလဲ၊ကိုယ့်သမီးကိုတောင် အေးဆေးပေးမအိပ်နိုင်ဘူးလား၊နာရီကိုကြည့်ဦး ဆယ်နှစ်နာရီထိုးတော့မယ်၊ရှင်အဲလိုထုရိုက်နေတော့ ဒီအထပ်ကလူတွေ ဘယ်လိုအိပ်လို့ရမှာလဲ၊ကိုယ်ချင်းမစာတတ်ဘူးလား"

ဒေါသထွက်နေသောမျက်လုံးများဖြင့် ကျွန်မကိုစူးရဲစွာကြည့်နေသော မြနန္ဒာ၏ မျက်နှာနှင့် ကျွန်မမျက်နှာ နီးကပ်နေပါသည်။ကျွန်မကလည်း တင်းမာစွာပြန်ကြည့်ပစ်လိုက်သည်။

"တို့မှာသွားအိပ်စရာအိမ်မရှိဘူး"

မြနန္ဒာ၏နှုတ်မှ တိုးတိတ်စွာ ထွက်ပေါ်လာသည့်စကား။မျက်နှာမှာမူ ခက်ထန်ဆဲ၊စူးရှသောမျက်လုံးများဖြင့် ကျွန်မကို ကြည့်နေဆဲဖြစ်သည်။ကျွန်မကလည်း အလျှော့မပေးမိ။

"ဒါဆို အရင်တုန်းက ရှင်ဘယ်မှာသွားအိပ်နေလဲ၊ဟိုရက်တွေက ရှင့်ကို ဒီအခန်းမှာ မတွေ့မိပါဘူး"

သူ့မျက်ဝန်းများ ချက်ချင်းအားပျော့သွားသည်။

"တို့လက်ကိုလွှတ်၊နာနေပြီ"
မြနန္ဒာ၏ မျက်လုံးတွင် မျက်ရည်စများကို တွေ့လိုက်ရသောအခါမှ ကျွန်မသတိဝင်သွားသည်။

"အိုး"

ကျွန်မ သူ့လက်ကို လွှတ်ပေးလိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ်၊မရည်ရွယ်ပါဘူး"

ငိုများသွားမလားဟု သူ့မျက်နှာကို စူးစမ်းကြည့်ပေမယ့် ခုနကလို မျက်နှာမျိုးမဟုတ်တော့ပါ။လောကကြီးကို မမှုသည့်ဟန် ပြန်ဖြစ်သွားပါသည်။

"ကျွန်မအခန်းမှာ ဒီတစ်ညအိပ်လိုက်ပါ၊မနက်ကျမှ ပိုင်ပိုင်ကို ချော့လိုက်ပေါ့၊အခုတော့ ပိုင်ပိုင်အိပ်ပါစေ၊ကျွန်မတောင်းဆိုတာပါ"

လက်ခံမယ်မထင်ထားပေမယ့် အခန်းတံခါးအားတွန်းဖွင့်၍ မြနန္ဒာ ဝင်သွားလေသည်။
ကျွန်မ ဘာတွေလုပ်နေမိလဲ မသိတော့ပါ။သူများအကြောင်း စိတ်မဝင်စားတတ်သည့်ကျွန်မ အခုတော့။
ဒါ မြနန္ဒာကြောင့်လား ပိုင်ပိုင်ကြောင့်လားဆိုတာ မသေချာ​ပေမယ့် ​မြနန္ဒာ၏ကိုယ်မှ ကျွန်မဆီစွဲကျန်ရစ်ခဲ့သော ရေမွှေးနံ့ကြောင့် ကျွန်မရင်တွေခုန်နေတာတစ်ခုကတော့ သေချာပါသည်။

Zawgyi
စာေမးပြဲရက္အတြင္း ေဆး႐ုံႏွင့္တိုက္ခန္းေျပးေနရ၍ green cross သို႔မသြားျဖစ္ပါ။ဆရာေဂ်မီက မလာလည္းျဖစ္တယ္ ဟုေျပာပါသည္။သူ႕တပည့္တစ္ေယာက္ကို အကူအညီေတာင္းထားပါသည္တဲ့။ကြၽန္မတို႔ သူငယ္ခ်င္းတစ္ဖြဲ႕ စာစုလုပ္ၾကရသည္။တစ္ခ်ိဳ႕ရက္ေတြ ကြၽန္မတိုက္ခန္းမွာ၊တစ္ခါတေလက်ေတာ့ ေဆး႐ုံနားေနခန္းထဲမွာဝိုင္းဖြဲ႕ၿပီး ေဆြးႏြေးဖလွယ္ၾကသည္။အခန္းမွာပင္ မိုးလင္းသြားၿပီး မနက္မွ ကိုယ့္အိမ္ကိုယ္ျပန္၍အိပ္ၾကရသည့္ရက္မ်ားလည္း ရွိပါသည္။အခက္ဆုံးအပိုင္းျဖစ္သည့္ အင္တာဗ်ဴးကိုေတာ့ စိတ္မလႈပ္ရွားဘဲ တည္ၿငိမ္စြာေျဖနိုင္ခဲ့ေလသည္။ေအာင္စာရင္းထြက္ခ်ိန္တြင္ကြၽန္မအိပ္ေပ်ာ္ေနဆဲျဖစ္သည္။ကြၽန္မတို႔အဖြဲ႕ထဲမွ သူငယ္ခ်င္း ဒါလီနိုင္သည္ ကြၽန္မဆီေရာက္လာၿပီး တစ္ဖြဲ႕လုံးေအာင္ေၾကာင္း ဝမ္းသာအားရေျပာ၏။ကြၽန္မမွာေတာ့ အိပ္ခ်င္မူးတူး မ်က္လုံးကိုအတင္းဖြင့္ေနရသည္။

"ေကသီ နင္မေပ်ာ္ဘူးလား"
ဒါလီနိုင္က ကြၽန္မကုတင္ေပၚရွိ ၿခဳံထားေသာ ေစာင္ကိုဆြဲခ်ကာ စူပုပ္ေနသည့္မ်က္ႏွာထားျဖင့္ ေမး၏။ကြၽန္မတို႔သူငယ္ခ်င္းအုပ္စုတြင္ ဒါလီနိုင္က စိတ္ေကာက္တတ္ဆုံးျဖစ္ၿပီး ကေလးဆန္သည္။

"ေပ်ာ္တာေပါ့ ဒါလီရယ္၊ငါ့မ်က္လုံးေတြဖြင့္မရေသးလို႔ပါ"

ကြၽန္မက ရယ္ေမာရင္းဆိုေတာ့ ဒါလီက သူ႕လက္ကိုင္အိတ္ျဖင့္ ကြၽန္မကို ထုရိုက္သည္။

"ထေတာ့ အိပ္ပုတ္မ၊ညက်ရင္ ဟိုတယ္မွာဒင္နာပြဲရွိတယ္၊နင္လာရမယ္ေနာ္ ေကသီ"

"နင္ျငင္းဖို႔မစဥ္းစားနဲ႕၊ဒီမနက္ ေဖေဖတို႔ဟိုတယ္ဖြင့္ပြဲလုပ္တာ၊ညက်ရင္ ပါတီေပးမွာ၊ငါစာေမးပြဲေအာင္တာသိေတာ့ သူငယ္ခ်င္းေတြရေအာင္ေခၚၿပီးလာခဲ့ပါတဲ့ ၊congratulations လုပ္မလို႔ပါတဲ့၊သီဟတို႔လည္းလာမွာ၊နင္ဒီတစ္ခါျငင္းရင္ ငါငိုမွာေနာ္ေကသီ"

သူငယ္ခ်င္းမအဆိုးေလးကိုၾကည့္ၿပီး ကြၽန္မရယ္ရခက္၊ငိုရခက္ျဖစ္သြားရသည္။ကြၽန္မ အဲ့လိုပြဲေတြသိပ္မသြားျဖစ္ပါ။သူငယ္ခ်င္းေတြေခၚတိုင္း ျငင္းၿမဲျငင္းခဲ့သည္။တစ္ခါတေလ မတတ္သာ၍ လိုက္သြားရသည့္ခါလည္းရွိပါသည္။ကြၽန္မ ငယ္စဥ္ကပင္ ပြဲေတြသြားရလြန္း၍ ၿငီးေငြ႕ေနၿပီ။ေဖေဖသည္ သူသြားသည့္ပြဲတိုင္း ကြၽန္မကို ေခၚသြားတတ္သည္။

ကြၽန္မ လိုက္မယ္ဆို၍ ဒါလီေပ်ာ္သြားသည္။ဒါလီျပန္သြားၿပီးေနာက္ ကြၽန္မအိပ္ယာထဲမွ ထလိုက္သည္။ဒါလီေျပာသလို ကြၽန္မ အိပ္ပုတ္မ မဟုတ္ပါ။ကြၽန္မ ေန႕တိုင္းေစာေစာ ထၿပီး ေျပးတတ္သည္။သခင္ျမပန္းၿခံထဲအထိေျပးၿပီးမွ မနက္စာစားသည္။ညဖက္က ကြၽန္မ အိပ္ေပ်ာ္ေနတုန္းပိုင့္ပိုင့္အခန္းမွဆူ၍ နိုးသြားခဲ့ရသည္။
ပိုင္ပိုင့္အသံကိုေတာ့ မၾကားတစ္ခ်က္ၾကားတစ္ခ်က။မိုးလင္းခါနီးမွ အိပ္ေပ်ာ္သြား၍ အိပ္ယာမထနိုင္ခဲ့ေပ။

PG တတိယႏွစ္မစမီ ၾကားတြင္ တစ္ပတ္နားခ်ိန္ရသည္။

ဒါလီႏွင့္ သူငယ္ခ်င္းမ်ား ေရာက္လာေတာ့ ကြၽန္မ အဆင္သင့္ျဖစ္ေနၿပီ။ေအာက္ထပ္အဆင္းတြင္ အေပၚတက္လာသည့္ ပိုင္ပိုင္ႏွင့္ ဆုံသည္။

"မမေကသီ၊ဘယ္သြားမလို႔လဲ"

"ဒင္နာပါတီရွိလို႔ကြယ္၊ပိုင္ပိုင္ေရာ ဘယ္ကျပန္လာလဲ"

"လမ္းထိပ္က ျပန္လာတာ"

"ေမွာင္ေနၿပီေနာ္ ၊တစ္ေယာက္တည္း အျပင္သိပ္မထြက္နဲ႕ဦး"

"ဟုတ္ကဲ့ပါ မမရဲ႕၊ဒါနဲ႕ ပိုင္ပိုင္မမကို ေျပာစရာရွိတယ္"

"ဟင္၊ဘာလဲေျပာေလ၊ဟိုမွာ သူငယ္ခ်င္းေတြေစာင့္ေနတယ္ ၊မမသြားရေတာ့မယ္"

ပိုင္ပိုင္က ကြၽန္မအနားတိုးကပ္လာသည္။

"တိုးတိုးေလး ေျပာမယ္" ဟုဆိုကာ ကြၽန္မနား နားကပ္ကာေျပာသည္။

"မမ သိပ္လွေနတယ္"

အံ့ၾသမႈႏွင့္အတူ ကြၽန္မၿပဳံးရယ္မိသည္။ပိုင္ပိုင္ကေတာ့ ကေလးသဖြယ္ ရယ္ေမာေနသည္။

"မမ သြားေတာ့မယ္" ကြၽန္မ သူ႕ကိုၿပဳံးျပ၍ ကားဆီေလွ်ာက္ခဲ့သည္။

"ေကသီ လာ"
ဒါလီက တံခါးဖြင့္ေပးသည္။ သီဟက ကားေမာင္းသည္။သီဟေဘးတြင္ လင္းထက္ထိုင္သည္။ေနာက္မွာေတာ့ ကြၽန္မရယ္၊ဒါလီနိုင္ရယ္၊ခင္စႏၵီထက္ရယ္ထိုင္ၾကသည္။ရဲေဆြက နယ္မွလာသူျဖစ္သည္။ထို႔ေၾကာင့္ နယ္ျပန္သြား၍ သူမလာနိုင္။
ကားက ဒါလီ့ေဖေဖ၏ ကားျဖစ္၏။

"ေကသီ"

"ဘာလဲ"

"အဲဒီေကာင္မေလးက ဘယ္သူလဲ"

"ဟင္၊ဘယ္ကေကာင္မေလးလဲ"

ကားေမာင္းရင္း အဆက္အစပ္မရွိေမးခ်လိဳက္ေသာ သီဟေၾကာင့္ ကြၽန္မ ေၾကာင္သြားသည္။

"ခုနက ေလွကားထက္မွာ နင္နဲ႕စကားေျပာေနတဲ့တစ္ေယာက္ေလ"

"ေအာ္ ၊အဲဒါလား၊ငါ့ေရွ႕ကအခန္းက ေကာင္မေလးပါ၊ဘာျဖစ္လို႔လဲ"

"ဘာမွမျဖစ္ပါဘူး၊ဒီတိုင္းေမးၾကည့္တာ"

"သီဟ"

"ဘာလဲ"

"နင္ ေနာ္၊ဘာမွစိတ္မကူးနဲ႕၊ကေလးပဲရွိေသးတယ္"

"ဘာစိတ္မွ မကူးပါဘူးဟာ၊ငါက ေမး႐ုံေမးၾကည့္တာပါ"

"မေမးနဲ႕ ၊နင္ေမးရင္ ေၾကာက္ရတယ္"

"ဟာ ၊စြာလိုက္တာ နင္ကလည္း၊မသိရင္ အဲ့ေကာင္မေလးနဲ႕နင္ ညီအစ္မေတာ္တာက်ေနတာပဲ၊ငါ့ကို ေခ်ာေခ်ာလွလွေလးေတြျမင္တိုင္း ႀကိဳက္တတ္တဲ့ေကာင္ထင္ေနလို႔လား"

သီဟမွလြဲ၍ ကြၽန္မတို႔ေလးေယာက္ဆီမွ ၿပိဳင္တူအသံထြက္လာပါသည္။

"ထင္တယ္"
သီဟလည္းဇက္ပုသြားကာ အသံတိတ္သြားပါေတာ့သည္။
မၾကာမီ ပါတီပြဲသို႔ေရာက္ရွိသြား၏။
ခြဲစိတ္ဆရာဝန္ေလာင္းေတြျဖစ္ေသာေၾကာင့္ ထင္၏။ဒါလီဖခင္ဦးရန္နိုင္က ကြၽန္မတို႔တစ္ဖြဲ႕ကို သူ႕မိတ္ေဆြမ်ားႏွင့္ မိတ္ဆက္ေပးသည္။

စားပြဲေပၚရွိ သီဟယူလာေသာ အခ်ိဳရည္ခြက္မ်ားကို ကြၽန္မ မယူရဲပါ။သီဟသည္ ကြၽန္မ မသိေအာင္ အရက္၊ဝိုင္မ်ားႏွင့္ ေရာစပ္ထားတတ္သည္။ အခုလိုပြဲမ်ားတြင္ အေဖ်ာ္ရည္ယမကာေသာက္ျခင္းကို ကြၽန္မ ေရွာင္သည္။မူးလာလွ်င္ အမွားလုပ္မိမွာ ကြၽန္မေၾကာက္ပါသည္။
အခ်ိဳရည္ခြက္မ်ားရွိရာသို႔ထလာခဲ့၏။လိေမၼာ္ရည္ခြက္တစ္ခုအား ေကာက္ကိုင္လိုက္သည္။သို႔ေသာ္ ကြၽန္မဆီသို႔ ထိုခြက္ပါမလာပါ။တစ္ျခားလက္တစ္ဖက္ကလည္း ခြက္ကိုေအာက္ေျခမွ ဆုပ္ကိုင္ထားေသာေၾကာင့္ျဖစ္သည္။ လက္ေခ်ာင္းသြယ္သြယ္မ်ားကို အလ်င္ဆုံးသတိျပဳမိသည္။အတိျဖတ္ထားေသာ လက္သည္းခြံမ်ားမွာ ၾကည္လဲ့ေန၏။

"Oh !lady first" ဟုၾကားရၿပီး လက္လႊတ္လိုက္၍
ခြက္မွာ ကြၽန္မလက္ထဲသို႔ပါလာသည္။

ဟင္ ၊ပိုင္ပိုင့္အေမပါလား။ကြၽန္မနည္းတူ သူလည္းအံ့ၾသသြားပုံရသည္။မ်က္ခုံးမ်ားအနည္းငယ္ ျမင့္တက္သြားတာ ေတြ႕လိုက္ရ၏။

"ပိုင့္ပိုင့္အသိ ဆာဂ်င္ေလာင္းေလးမဟုတ္လား"

မထိတထိၿပဳံး၍ သူကေျပာသည္။မသိနားမလည္သည့္ ကေလးတစ္ေယာက္ကို စ ေနသလိုမ်ိဳး။ကြၽန္မ စိတ္တိုသြားသည္။ကြၽန္မ ဘာေတြမွားေနလို႔ သူကေလွာင္ရတာလဲ။ကြၽန္မ စိတ္ထိန္းၿပီး လွည့္ထြက္ဖို႔ျပင္လိုက္သည္။

"နႏၵာ့အသိလား၊ကိုယ့္ကိုမိတ္ဆက္ေပးဦးေလ"

သူ႕ေနာက္မွ ေယာက်္ားတစ္ေယာက္ ႐ုတ္တရက္ေပၚလာ၍ ကြၽန္မေျခလွမ္းမ်ားကို ျပန္႐ုတ္လိုက္ရသည္။ထိုအမ်ိဳးသမီးသည္လည္း စားပြဲေပၚမွအေဖ်ာ္ရည္ခြက္တစ္ခြက္ကို လွ်င္ျမန္စြာယူလိုက္ေလသည္။

"နႏၵာ့သမီးနဲ႕အသိေလ ကိုေဆြ၊နႏၵာနဲ႕ေတာ့ မခင္ေသးပါဘူး၊နာမည္က ေကသီတဲ့"
သူဘယ္တုန္းက ကြၽန္မနာမည္သိသြားပါလိမ့္။ေအာ္ ပိုင္ပိုင့္ဆီကသိတာျဖစ္မယ္။

"ေတြ႕ရတာဝမ္းသာပါတယ္၊ကြၽန္ေတာ့္နာမည္ မ်ိဳးေဆြပါ"

ကြၽန္မ အလိုက္သင့္ၿပဳံးျပလိုက္ေသာ္လည္း ကမ္းေပးလာသည့္လက္ကိုမူ မျမင္ခ်င္ေယာင္ေဆာင္ပစ္ကာ ထိုေနရာမွ ထြက္လာခဲ့သည္။ပိုင့္ပိုင့္အေမ၏ ၿပဳံးေထ့ေထ့မ်က္ႏွာကိုလည္း ကြၽန္မ မၾကည့္ခ်င္ပါ။

"နႏၵာ့အတြက္ ကိုယ္အခ်ိဳရည္ယူလာတယ္ ၊ေရာ့"

"ဟင့္အင္း ၊နႏၵာ့မွာရွိတယ္"

စကားသံမ်ားက ေဆာင္းေလႏွင့္အတူ ေဝ့ဝဲလိုက္ပါလာသည္။

ဒါလီက ၾကာလိုက္တာဟု ႏႈတ္ခမ္းစူသည္။သိပ္မၾကာခင္ ဦးရန္နိုင္သည္ အမ်ိဳးသမီးတစ္ေယာက္ကိုေခၚလာကာ မိတ္ဆက္ေပးသည္။

"ဒီဟိုတယ္ရဲ႕ အသက္အငယ္ဆုံးရွယ္ယာရွင္ေလ၊နာမည္က ျမနႏၵာတဲ့"

ဘယ္သြားသြား ဒီမိန္းမနဲ႕မလြတ္ပါလား။ေတြ႕ျပန္ၿပီ။ကြၽန္မညဥ္းလိုက္မိသည္။နာမည္ကိုေတာ့ ကြၽန္မစိတ္ဝင္စားမိသည္။ဒီဘက္ေခတ္မွာ ဒီလိုနာမည္မ်ိဳးသိပ္မၾကားဖူးပါ။ျမနႏၵာဟူေသာဇာတ္ေကာင္ျဖင့္ စာအုပ္ႏွစ္အုပ္ ကြၽန္မ ဖတ္ဖူးပါသည္။ေနာက္ၿပီး ငယ္စဥ္က အၿမဲတမ္း႐ြတ္ဆိုခဲ့ဖူးေသာ "ျမနႏၵာ ကမ္းညို႔ညို႔ရိပ္ကာသမ္းတယ္"သီခ်င္းေၾကာင့္ ျမနႏၵာဟူေသာအမည္ကို ရင္းႏွီးေနခဲ့သည္။

"အသက္ဘယ္ေလာက္ရွိၿပီလဲဟင္"

စပ္စုလြန္းေသာ ဒါလီေၾကာင့္ ကြၽန္မတို႔မွာ အေနရခက္သြား၏။ျမနႏၵာကမူ ေပါ့ပါးစြာရယ္ေမာ၍ အေနရမခက္ေအာင္ကူညီပါသည္။

"ဒါလီ ဘာသေဘာနဲ႕မွေမးတာမဟုတ္ပါဘူး၊စိတ္မဆိုးပါနဲ႕ေနာ္"

"မဆိုးပါဘူးကြယ္၊တို႔အသက္ သုံးဆယ့္ငါးႏွစ္ျပည့္ပါၿပီ"

"ႏုလိုက္တာမမရယ္၊မမလို႔ပဲေခၚမယ္ေနာ္၊ရတယ္မလား"

"ရပါတယ္၊ႀကိဳက္သလိုေခၚပါရွင္"

သီဟႏွင့္ ဒါလီမွာ ျမနႏၵာႏွင့္ စကားေျပာေကာင္းေနၾကသည္။တစ္ကယ္ေတာ့ ႏွစ္ေယာက္သားေမးသမွ် ျမနႏၵာက ေျဖေနျခင္းျဖစ္ပါသည္။ခင္စႏၵီထက္မွာ ဒါလီလို စကားမ်ားသူမဟုတ္၍ နည္းနည္းပါးပါးသာဝင္ေျပာသည္။လင္းထက္ႏွင့္ ကြၽန္မသည္သာ အေတြးကိုယ္စီျဖင့္ၿငိမ္ေနမိၾကသည္။
ျမနႏၵာက စကားေျပာရင္း တစ္ခ်က္တစ္ခ်က္ ကြၽန္မဆီလွမ္းၾကည့္သည္။

အျပန္တြင္ ဒါလီက လိုက္ပို႔ရန္စီစဥ္သည္။ညဥ့္နက္ေနၿပီျဖစ္ေသာေၾကာင့္ ဒါလီ့ေဖေဖ၏ဒရိုင္ဘာက လိုက္ပို႔ေပးမည္ျဖစ္သည္။ဒရိုင္ဘာက အနီးဆုံးျဖစ္ေသာကြၽန္မတိုက္ခန္းဆီအရင္ပို႔ေပးသည္။ထိုကားထြက္သြားခ်င္းပင္ ကားတစ္စီးထိုးရပ္လာသည္။ကားေပၚမွဆင္းလာသူက ျမနႏၵာ။
ပါတီမွာေတြ႕ခဲ့ေသာ ဦးမ်ိဳးေဆြသည္ ကားထဲမွေန၍ ျမနႏၵာကိုလက္ျပႏႈတ္ဆက္သည္။ထို႔ေနာက္ ကြၽန္မကိုတစ္ခ်က္ၾကည့္၍ ေမာင္းထြက္သြား၏။

"တို႔မင္းကို ကိုက္မစားပါဘူး၊ထြက္မေျပးပါနဲ႕"

မဆုံမိေအာင္ သူ႕ထက္ဦး၍ ေျခလွမ္းသြက္သြက္လွမ္းေနစဥ္ ျမနႏၵာ၏အသံကိုၾကားရေသာေၾကာင့္ ကြၽန္မ ရပ္လိုက္မိသည္။ဒါေပမယ့္ ကြၽန္မ လွည့္မၾကည့္ေတာ့ဘဲ ဆက္သြားေနလိုက္၏။

"ေအးျမပိုင္၊တံခါးဖြင့္၊ေမေမ့မွာ ေသာ့ေပ်ာက္သြားလို႔၊စိတ္မဆိုးနဲ႕ေတာ့ ပိုင္ပိုင္၊တံခါးဖြင့္"

အခန္းထဲမွ ေန၍ ျမနႏၵာ၏အသံကို ၾကားေနရသည္။အတန္ၾကာသည္အထိ တံခါးပြင့္သံမၾကားရပါ။

"တံခါးဖြင့္ေပးစမ္း ေအးျမပိုင္"

တံခါးကို တဒုန္းဒုန္းထုသံၾကားရျပန္သည္။ကြၽန္မ စိတ္မရွည္ေတာ့ပါ။ တံခါးဖြင့္၍ အျပင္ထြက္လိုက္သည္။

"ဒီေလာက္ဆို ပိုင္ပိုင္အိပ္ေနၿပီေပါ့၊စိတ္ဆိုးေနတာဆိုရင္လည္း မနက္မွလာေခ်ာ့လိုက္ပါလား"

သူ ကြၽန္မကို လွည့္ၾကည့္၍ "မင္းနဲ႕မဆိုင္ဘူး" ဟုေျပာသည္။ေဘးဘီကိုမမႉသည့္ဟန္က ထင္ရွားေနသည္။ထို႔ေနာက္ တံခါးကိုဆက္ထုေနပါသည္။အသံက ခုနကထက္ ႏွစ္ဆေလာက္က်ယ္လာေတာ့ ကြၽန္မ စိတ္တိုကာ တံခါးကိုထုေနေသာ ျမနႏၵာ၏ လက္မ်ားကို ဆြဲယူလိုက္သည္။

"ဒီမွာ၊ရွင္ ဘယ္လိုအေမလဲ၊ကိုယ့္သမီးကိုေတာင္ ေအးေဆးေပးမအိပ္နိုင္ဘူးလား၊နာရီကိုၾကည့္ဦး ဆယ္ႏွစ္နာရီထိုးေတာ့မယ္၊ရွင္အဲလိုထုရိုက္ေနေတာ့ ဒီအထပ္ကလူေတြ ဘယ္လိုအိပ္လို႔ရမွာလဲ၊ကိုယ္ခ်င္းမစာတတ္ဘူးလား"

ေဒါသထြက္ေနေသာမ်က္လုံးမ်ားျဖင့္ ကြၽန္မကိုစူးရဲစြာၾကည့္ေနေသာ ျမနႏၵာ၏ မ်က္ႏွာႏွင့္ ကြၽန္မမ်က္ႏွာ နီးကပ္ေနပါသည္။ကြၽန္မကလည္း တင္းမာစြာျပန္ၾကည့္ပစ္လိုက္သည္။

"တို႔မွာသြားအိပ္စရာအိမ္မရွိဘူး"

ျမနႏၵာ၏ႏႈတ္မွ တိုးတိတ္စြာ ထြက္ေပၚလာသည့္စကား။မ်က္ႏွာမွာမူ ခက္ထန္ဆဲ၊စူးရွေသာမ်က္လုံးမ်ားျဖင့္ ကြၽန္မကို ၾကည့္ေနဆဲျဖစ္သည္။ကြၽန္မကလည္း အေလွ်ာ့မေပးမိ။

"ဒါဆို အရင္တုန္းက ရွင္ဘယ္မွာသြားအိပ္ေနလဲ၊ဟိုရက္ေတြက ရွင့္ကို ဒီအခန္းမွာ မေတြ႕မိပါဘူး"

သူ႕မ်က္ဝန္းမ်ား ခ်က္ခ်င္းအားေပ်ာ့သြားသည္။

"တို႔လက္ကိုလႊတ္၊နာေနၿပီ"
ျမနႏၵာ၏ မ်က္လုံးတြင္ မ်က္ရည္စမ်ားကို ေတြ႕လိုက္ရေသာအခါမွ ကြၽန္မသတိဝင္သြားသည္။

"အိုး"

ကြၽန္မ သူ႕လက္ကို လႊတ္ေပးလိုက္သည္။

"ကြၽန္မ ေတာင္းပန္ပါတယ္၊မရည္႐ြယ္ပါဘူး"

ငိုမ်ားသြားမလားဟု သူ႕မ်က္ႏွာကို စူးစမ္းၾကည့္ေပမယ့္ ခုနကလို မ်က္ႏွာမ်ိဳးမဟုတ္ေတာ့ပါ။ေလာကႀကီးကို မမႈသည့္ဟန္ ျပန္ျဖစ္သြားပါသည္။

"ကြၽန္မအခန္းမွာ ဒီတစ္ညအိပ္လိုက္ပါ၊မနက္က်မွ ပိုင္ပိုင္ကို ေခ်ာ့လိုက္ေပါ့၊အခုေတာ့ ပိုင္ပိုင္အိပ္ပါေစ၊ကြၽန္မေတာင္းဆိုတာပါ"

လက္ခံမယ္မထင္ထားေပမယ့္ အခန္းတံခါးအားတြန္းဖြင့္၍ ျမနႏၵာ ဝင္သြားေလသည္။
ကြၽန္မ ဘာေတြလုပ္ေနမိလဲ မသိေတာ့ပါ။သူမ်ားအေၾကာင္း စိတ္မဝင္စားတတ္သည့္ကြၽန္မ အခုေတာ့။
ဒါ ျမနႏၵာေၾကာင့္လား ပိုင္ပိုင္ေၾကာင့္လားဆိုတာ မေသခ်ာေပမယ့္ ျမနႏၵာ၏ကိုယ္မွ ကြၽန္မဆီစြဲက်န္ရစ္ခဲ့ေသာ ေရေမႊးနံ႕ေၾကာင့္ ကြၽန္မရင္ေတြခုန္ေနတာတစ္ခုကေတာ့ ေသခ်ာပါသည္။

Continue Reading

You'll Also Like

380K 13K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
1.7M 141K 65
RATHOD In a broken family, every person suffers from his insecurities and guilt. Successful in every field but a big failure when it comes to emotio...
812 74 21
''ငါက နင်ကို ချစ်ဖို့ မွေးဖွား လာ တာလာ နွေဦးသဒ္ဒါ ။ '' (မေယုယမောင်) ''ငါက နင်ကို ချစ်တယ် လို့ပြောဖို့ရာ နောင်နှေးနေမိခဲ့တာ ငါ ရဲ့ မဟာ အမှား ပါ မောင်...
21.6K 955 35
အုပ်ဂူလေးတခုရှေ့မှာနှင်းဆီအဖြူရောင်ပန်းစီးလေးကိုင်ပီး ရပ်နေသောအမျိုးသမီးလေး မှုံနသာထိုက်စံ နောက်ဘဝဆိုတာရှိရင် အန်တီတို့စုံစည်းချင်ပါသေးရဲ့ ဒီဘဝမှာချစ...