Ring 💍💍💍🔞🔞🔞🔞

By HarfizIsmaiel

137K 3.4K 262

ပေါ့ပေါ့ပါးပါးနဲ့ ခံစားရမယ့် ficလေးပါ နော်😘 More

Part 1
Part2
Part 3
Part 4
Part5
Ring😍😍🔞🔞🔞🔞part6
PART 7
Part8Ring🔞🔞🔞💍💍💍အ မှောင်
Part 9Ring 💍💍💍🔞🔞🔞
Part 10
Part 11
Part 12
Part14

Part13

2.7K 78 12
By HarfizIsmaiel

ဟိန်းခန့်ဇော်  ....

ဆေးခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
ခနအကြာ သူနာပြုဆရာမလေး ထွက်လာကာ
..လူနာရှင်လားရှင်..
..ဟူတ် ဟူတ်ပါတယ်ဆရာမ...
...လူနာက ကလေးမီးဖွားပြီးပါပြီ ယောက်ကျားလေးမွေးပါတယ်...

....ဟုတ်ဆရာမ ကျွန်တော့် မိန်းမကရောသူရော..

....လူနာကတော့ သိပ်မသက်သာဘူးရှင့်..

သူနာပြုဆရာမလေး က ထိုမျှသာပြောပြီး ပြန်ဝင်သွားသည်။

ခနအကြာ သားဖွားဆရာဝန်ကြီးထွက်လာသည်။

...ကိုဟိန်းခန့်ဇော် ကျွန်တော်နဲ့ခနလိုက်ခဲ့ပါလား..

..ဟုတ် ဒေါက်တာ..

အခန်းနဲ့ခပ်ဝေးဝေးရောက် တော့.ဆရာဝန်ကြီးက
...ပြောရမှာတော့ စိတ်မကောင်းဘူးဗျာ
ကလေးမအေက မသက်သာနိုင်လောက်ဘူးဗျာ
ဒီမှာတင် မရဘူး နိုင်ငံခြားသွားပြီးခွဲစိတ်မှရမယ်..ဒီကြားထဲ တသ်လလောက်တော့ထိန်းဖားလို့ရမယ် တစ်လနောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့လည်း အာမ မခံနိုင်ပါဘူးဗျာ..

..ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်..

...ကဲ ကလေးကိုသွားတွေ့လိုက်ပါဦး.ကလေးကခဗျားနဲ့တော်တော်တူပါတယ်..

...တူရမာပေါ့ ကျွန်တော့်သားလေးဘဲကို..

...ဟားဟားဟား ဟူတ်ပါပြီဗျာ..

ဟိန်းခန့်ဇော် အခန်းထဲကိုအပြေးလေးဝင်လာလိူက်သည်။

မေ​မျိုးဆုနွယ် ကား အိပ်ယာပေါ်မှာ မှေးစက်အနားယူနေသည်။
ဘေးမှာ ကလေးလေးကလည်း မအေနည်းတူ
အိပ်ပျော်နေရှာသည်။
ဟိန်းခန့်ဇော် ကလေးပါးလေးကိုအသာအယာနမ်းလိုက်သည်။ပြီးနောက်သူ့ဇနီးကြင်ယာလေးကိုအနမ်းပေးလိုက်သည်။

ဟိန်းခန့်ဇော် အခန်းထဲထိုင်နေရင်းက
ေဒါက်တာပြောသည်ကို ပြန်လည်စဥ်စားနေမိသည်။
ဲသူကားဆင်းရဲသည်။ ပိုက်ဆံဘယ်ကရမည်နည်း
ကလေးမီးဖွားဖိူ့တောင် အနုိင်အနိုင်
ဟိန်းခန့်ဇော် စဥ်းစားရင် ခေါင်းနောက်လာသည်။

..ဟူးးးးးးး
သက်ပြင်းအရှည်ကြီးမှုတ်ထုတ်လိုက်သည်။

ဟိန်းခန့်ဇော် နာရီကိုမော့ကြည့်လိုက်သည်။
12:38
ထမင်းသွားဝယ်ရမည် မေ စားဖို့အတွက်
သူ သူနာပြုလေးကို အကျိုးအကြောင်းပြောပြကာ ဆေးခန်းအပြင်ဘက်ထွက်လာလိုက်သည်။
အပြင်ရောက်တော့ အနီးနားထမင်းဆိုင်မှ
ထမင်းဘူးနဲ့ ကြက်သားစွတ်ပြုတ်လေးဝယ်လိုက်သည်။
ပြီး​နောက်ဆေးခန်းထဲ ပြန်ဝင်လာလိုက်သည်။
သူပြန်ရောက်တော့ မေ လည်းနိုးနေပြီး
သားတော်မောင်လေးအား နို့ချိုတိုက်ကျွေးနေသည်။
သူနာပြုဆရာမလေး ကသူလာတော့
အလုိက်သိစွာ ပန်းကန်လေးတွေယူပေးသည်။
သူလည်း ပန်းကန်ထဲကိုထမင်းနဲ့ ကြက်သားစွတ်ပြုတ်လေး ပြောင်းထည့်ကာ မေ ကိုခွံ့လိုက်သည်။
....ကိုခန့် မေ့ကြောင့်ပင်ပမ်းနေပြီလားဟင်...
ညှုိးငယ်စွာမေးလာသောကြောင့် ဟိန်းခန့်ဇော်
စိတ်မကောင်းဖြစ်သွားရသည်။
..မဖြစ်ပါဘူး မေရဲ့ ကို့မိန်းမလေးကိုပြုစုရမှာကို
ကိုက ဘာကိုပင်ပမ်းရမှာလဲ
ကဲ ဒါလေးစားလိုက်နော် အားရှိသွားအောင်😘

ဟိန်းခန့်ဇော် ထမင်းလေးကို တစ်လုပ်ချင်းဖြေးဖြေးချင်း ခွံ့လိုက်သည်။
ထမင်းစားပြီးကြက်သားစွတ်ပြုတ်လေးပါကုန်အောင်တိုက်ချင်သော်လည်း မေ ကဆက် မသောက်နိုင်တော့ပေ
ကလေးလည်းအိပ်ပျော်သွားချေပြီ
ဟိန်းခန့်ဇော် လည်း မေ ကို ဆေးယူတိူက်လိုက်သည်။
မေ လည်း အိပ်ယာပေါ်လှဲပြီးသိပ်မကြာခင်
ပြန်လည်အိပ်ပျော်သွားသည်။
ဟိန်းခန့်ဇော် ကျန်သည့် ကြက်သားစွတ်ပြုတ်လေး သောက်ကာ အကြံထုတ်နေမိသည်။
သူ့တို့နှစ်ဖက်မိဘတေက တစ်ယောက် မှမရှိတော့ ဆွေမျိုးဆိုတာကမရှိ အလုပ်ကအဆင်ပြေသည်ဆိုသော်လည်း စားဖို့သောက်ဖို့
ဝတ်ဖို့နေဖို့လောက်ဘဲ အဆင်ပြေသည်။
နိုင်ငံခြားသွားဖို့က ခဲယဥ်းလှသည်။
ဟိန်းခန့်ဇော် အကြံအိုက်နေသည်။
ဖုန်းလေးကောက်ဖွင့်ကာ အလုပ်အကိုင်ရှာကြည့်ရန်ကြည့်လိုက်သည်။
ဘာမှ မယ်မယ်ရရမရှိ အဆင်ပြေဖို့လမ်းစမမြင်
ဟိန်းခန့်ဇော် ဇွဲမလျော့ပါ သူချစ်တဲ့သူအတွက်
လုပ်နိုင်တာထက်ပိုစေရမည်။
တစ်ရက်နှစ်ရက်အကြာဆေးခန်းကဆင်းခွင့်ရသွားသည်။
ဆရာဝန်ကြီးက သူတို့ကိုကျေးဇူးပြုပြီး
သူ့ကားနဲ့သူကိုယ်တိုင်လိုက်ပို့ပေးသည်။
ဟိန်းခန့်ဇော် ပစ္စည်းတွေချပြီး မေ နဲ့ ကလေးကိုလည်း အိမ်ထဲပို့ပြီး ဆရာဝန်ကြီးကိုနှုတ်ဆက်ရက်ထွက်လာတော့
...ကိုဟိန်းခန့်ဇော် ဘာမှစိတိမပူပါနဲ့
ကျွန်တေယ်အဆင်ပြေအောင်ကူညီမှာပါ
ဟိုမှာကုန်မဲ့စားရိတ်ကို မကူနိုင်ပေမယ့် အသွားအပြန်စားရိတ်က ကျွန်တော့်တာဝန်ထားပါ..

...ဟူတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်လွန်းလို့
ဘာပြောရမှန်းတောင်မသိတော့ပါဘူး..

...ရပါတယ် ကိုဟိန်းခန့်ဇော်... ကဲသွားဦးမယ်နော်..
..ဟုတ် ကဲ့ပါဒေါက်တာ..

ကားလေးအဝေးရောက်သည်အထိ ဟိန်းခန့်ဇော် ရပ်ကြည့်နေမိသည်။
သူတိူ့ကို ကူညီမဲ့သူရှိနေသေးတာဘဲဆိူပြီး
ပိုအားတက်ရသည်။
ဟိန်းခန့်ဇော် အိမ်ထဲပြန်လာပြီး အလုပ်စရတော့သည်။
ထမင်းချက်ရမည် အဝတ်လျှော်ရမည်။
အိမ်က တစ်ပတ်လောက်လူမနေတော့သစ်ရွက်ခြောက်တေအမှိုက်တေနဲ့ ဖြစ်နေသည်။
အမှိုက်လည်း သန့်ရှင်းရေးလုပ်ရပြန်သည်။
မေ က တော့ အပြင်မှာအေးသဖြင့်
အခန်းထဲပို့ထားသည်။
သိပ်မကြာပါအလုပ်ပြီးသလောက်ဖြစ်သွားသည်။အဝတ်လျှော်ဖို့ဘဲ ကျန်တော့သည်။
ဟိန်းခန့်ဇော် ဗိုက်ဆာလာသဖြင့် မေ့ ဆီကိုအရင်ဝငိလာလိုက်သည်။
..မေ ထမင်းစားတော့မလား..
.ဟုတ်စားမယ်လေ ကလေးအိပ်နေတုန်း..
အာ့ဆိုကိုဒီထဲယူခဲ့မယ်နော်..
ဟိန်းခန့်ဇော် သွက်သွက်လက်လက်
ထမင်းဟင်းခူးခပ်ကာ အခန်းထဲယူလာလိုက်သည်။
မေ က ထမင်းပန်းကန်က တစ်ပန်းကန်ထဲ ဖြစ်နေသဖြင့်
....ကိုကရော မစားသေးဘူးလား..
..မေအရင်စားပါ ကဲ ဟ ကိုခွံ့မယ်နော်..
မေ ကြိတ် ချီးကျူးမိသည်။
ယောက်ကျားလေးတန်မဲ့ ထမင်းဟင်းလက်ရာ
ရှယ်ကောင်းသည်။ စားပြီးသောက်ပြီးနောက်
အဝတ်လျှော်လိုက်သည်။
ညနေမှောင်ရီပျိုးစအချိန်ရောက်တော့
ကလေး အတွက် အဝတ်ဝယ်ရန်အိမ်ကထွက်ခဲ့လိုက်သည်။

လမ်းသွားနေရင်းနဲ့ တစ်နေရာရောက်တော့လူတစ်စုနဲ့ဝင်တိုက် မိသည်။
မူးနေဟန်တူသည်။ ဟိန်းခန့်ဇော် ဘာမှမပြောဘဲ
တစ်ဖက်ကကွင်းသွားမည်လုပ်သော်လည်း
ထိုလူစုက
...ေဟျာင့် မင်းလမ်းမမြင်ဘူးလား
သေချာကြည့်သွားလေကွာ..
ဟိန်းခန့်ဇော် တစ်ချက် မှလှည့်မကြည့်ဘဲရှေ့သို့ဆက်သွားလိုက်သည်။
ဒီကောင်တွေထက် သူ့ကလေးကအရေးကြီးသည်မဟုတ်ပါလော..
ဟိန်းခန့်ဇော် ဆက်သွားသော်လည်း နောက်ကအသံကြားသဖြင့်လှည့်ကြည့်လိုက်ရာ
ွ...ခွပ်..
လက်သီးပြင်းပြင်းတစ်ချက်က မျက်နှာပေါ်သို့

ဟိန်းခန့်ဇော် လဲသွားသည်။
ဒါပေမယ့် ချက်ချင်းထလိုက်သည်။
သွေးထွက်လာသဖြင် ဒေါသစိတ်ကပိုထွက်လာသည်။
သူ့အားထိုးတဲ့သူကို အားကုန်တစ်ချက်ထိုးလိုက်သည်။
..ဒုတ်...
..အားးးးးးးးးးး
ဟိုလူတစ်စုအမူးပြေသွားဟန်တူသည်။

..ဟင် မင်း မင်း ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ ...

ဟိန်းခန့်ဇော် ဘာမှမပြောဘဲ ဝယ်စရာရှိတာသွားဝယ်လိုက်သည်။
အပြန်ကျတစ်ဖက်လမ်းကပြန်လာလိုက်သည်။
အိမ်ရောက်တော့ မျက်နှာက ဒဏ်ရာကညအေတာ်ယောင်နေပေသည်။
ဟိန်းခန့်ဇော် မေ သိရင်စိတ်မကောင်းဖြစ်မည်စိုး၍ တစ်ယောက်တည်းကြက်ပူထိုးနေလိုက်သည်။ ရှပ်ပြီးထိုးမိသဖြင့် တအားတော့မနာပေ
ဟိန်းခန့်ဇော် ထိုလူတွေကို အရင်ကမတွေ့ဖူးပေ
စိတ်ထဲကထုတ်ထားလိုက်သည်။
သူ မေ့အတွက်ဘဲစိတ်ပူနေမိသည်။
အဆင်ပြေပါ့မလား..
ညတာက ရှည်လျားလွန်းလှသည်။

တစ်ဖက်တွင်မူ
...အာ့ကောင်ထိုးချက်ကပြင်းလိုက်တာ
အ.းးး ကျွတ်ကျွတ် ဟေ့ကောင်အသာလုပ်ပါဟ
မင်းလုပ်မှပိုနာတယ်...

...အာ့ကောင်ဒီကိုဘယ်လိုရောက်နေတာလဲ
ငါတို့နဲ့တွေ့တုန်းက ဒီလိုမဟုတ်ပါဘူး
ငါတို့ရှိတဲ့နေရာကိုလိုက်ဒုက္ခပေးနေတာလားမသိ

...မဖြစ်နိုင်ပါဘူးကွာ ငါတို့တွေ့တုန်းကနဲ့တခြားစီဟ လက်သီးလည်းတော်တော်မာတယ်

အထုိးခံရသဖြင့် ရှုံ့မဲ့နေသောကောင်ကပြောလိုက်ချင်းပင်

...အေးကွာ သေချာအောင်စုံစမ်းတာပေါ့
ဟို ကောင့်ကိုလည်းပြန်ပညာပြလို့ရမှာပေါ့
ဟားဟားဟားဟား..
ညကတော့ တိတ်ဆိတ်နေဆဲ.....

ထပ်upမယ်နော် မအားလို့ပါစိတ်မကောက်ကျပါနဲ့လို့ voteလေးတေလည်း မစပါဦးနော်😗😗😗😗

Continue Reading

You'll Also Like

132K 10.5K 27
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...
172K 2.2K 30
mikha and aiah found out na mag tita sila!!
92.1K 4.1K 37
"My Master"one of the worst game they have ever played,your role is a Butler and only a Butler taking care of one of the many masters in a big house...
164K 6.2K 22
Oc female Jackson x Hermes x Apollo x Ares