မင်းခန့်ညား မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ.
သူနိုးလာတော့ ကလေးက သူ့ကိုစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။သူပြန်ကြည့်လိုက်တော့ တစ်ဘက်လှည့်သွားသည်။
မင်းခန့်ညား ကောင်လေးလက်ကို ဆုပ်ကိုင်ထားတာ ခုမှသတိထားမိသွားသည်။
သူသေချာပြန်ကြည့်လိုက်တော့ လက်ဖြူဖြူနုနုကလေးပေါ်တွင် သူ့လက်ရာတွေက အထင်းသား
သူစိတ်ပူသွားသည် ပါးစပ်မှလည်းအာ..... ကလေးကလည်း ဘာလို့မပြောတာလဲ လက်နာနေတာကို ကျစ်....
(ပြောပါ့မလား ကြည်နူးနေတာကို ဒင်းက နာလို့နာမှန်းရောသိရဲ့လား😬😬)
ပြောပြောဆိုဆို မင်းခန့်ညားက လက်ကလေူဆွဲယူကာ ဖွဖွလေး ပွတ်ပေးနေလိုက်သည်။
မင်းခန့်ညား ကောင်လေးကိုလုပ်ပေးနေရင်း
နာရီကို ကြည့်လိုက်တော့ ည 1:35....ဆရာဝန် လာသွားသေးလား ကလေး?
မင်းခန့်ညား အမေးကို ကောင်လေးက လျင်မြန်စွာခေါင်းညိမ့်ပြသည်။
မင်းခန့်ညား တစ်ဖက်မှ လက်ကလေးကိုင်ထားရင်း
တစ်ဖက်မှ ဖုန်းထုတ်ကာ ဆရာဝန်ကြီး နံပတ်ကိုခေါ်လိုက်သည်။တူ......တူ......
ဟယ်လို ကိုမင်းခန့်ညားတစ်ဖက်က ဆရာဝန်ကြီး၏ အသံပေါ်ထွက်လာသည်။
....ဘာတွေ လိုအပ်သေးလဲ ဒေါက်တာ..
....ဟုတ် ကိုမင်းခန့်ညား အခုဆေးစစ်ချက်အရ အကုန်ကောင်းပါတယ်ဗျ တစ်ရက်နှစ်ရက်နေရင်
ဆေးရုံကဆင်းလို့ရပါပြီဗျ.....သြော် ဟုတ်ပြီ...
မင်းခန့်ညား ဖုန်းချလိုက်သည်။ ပြီး စဥ်းစားမိသည် ဆေးရုံနေရတဲ့ ရက်အတွင်း ဒီထက်ပိုမိုခင်မင်ရင်နှီးသွားချင်သည်... တစ်ပတ်လောက်ဆိုပိုအဆင်ပြေလောက်မည်။
မင်းခန့်ညား အဓိပ္ပါယ်ရှိစွာ ပြုံးလိုက်သည်။ကလေးလေး မျက်ဝန်းက ဘာလဲဆိုသောအကြည့်
...ဆရာဝန်ကြီးက တစ်ပတ်လောက် နားရမယ်တဲ့..
ကောင်လေးကခေါင်းငြိမ့်ပြသည်။
...ဟိုလေ ဖုန်းခေါ်လို့ရမလားဟင်
ဖေဖေနဲ့ မေမေ စိတ်ပူနေမှာစိုးလို့...