PART 7

10.3K 280 36
                                    

သျှားသွန်းဖြိုး
   အခါတိုင်းထက်

မနက်စောစော ထလိုက်သည်။
ပန်းပင်ရေလောင်း မြက်ရှင်းရသည့်အလုပ်ရှိနေသည်မဟုတ်ပါလား...။
သျှားသွန်းဖြိုး နံနက်စာ ကို မစားလိုက်တော့။
စောစောပြန်လာမည် ဆိုသော အတွေးဖြင့်။
သျှားလေး ကျောင်းရောက်တော့ ကျောင်းသူ ကျောင်းသား အချို့ရောက်နှင့်နေပေပြီ။
သျှားလေး ရေမော်တာဖွင့်ကာ ပန်းပင်လေးတွေရေဖြန်းလိုက်သည်။
ပန်းပင်လေးများက. သျှားလေး ရေလောင်းသည်ကို
ပျော်ရွှင်သည့်အလား လန်းဆန်းလှပနေသည်။
သျှားလေး ကြည်နူးမိရသည်။
ပန်းပင်လေးများ အားလုံးရေလောင်းပြီးတော့
သျှားလေး  စတိုခန်းထဲမှ အားဆေးပုလင်း ယူလာလိုက်သည်။
ကြက်ဥ နှင့် B6 ဗီတာမင် ဆေးတို့ သျှားလေး
ကိုယ်တိုင် ဖျော်စပ်ထားခြင်းပင်။
သျှားလေး စတိုခန်းထဲမှ ထွက်လာ​တော့ ကျောင်းသားကျောင်းသူ တစ်ဝက်နီးနီး ရောက်နေပေပြီ။
သျှားလေး အားဆေးပုလင်း ဖြန်းနေရင်း
ဇီဇဝါ ပန်းလေး တစ်ပွင့်တွေ့လိုက်ရသည်။
ဖြူဖွေး မွေးကြိုင်နေသော ပန်းလှလှလေးက
ဆွဲဆောင်လှသည်။
သူမခူးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။
ခူးမယ်ကြံရွယ်သော်လည်း ကို့ပစ္စည်း မဟုတ်သဖြင့်
မခူးရဲ။
ခွင့်တောင်းမည်ဟု ကြံရွယ်ပြီး ဘေးနားက ဖြတ်သွားသော ကျောင်းသားအုပ်စုတစ်စုကို လှမ်းခေါ်လိုက်မိသည်။
...အစ်ကိုကြီးတို့ဗျ....
ထိုကျောင်းသားအုပ်စုက သူ့ဘက်သို့လှည့်လာကျသည်။
သျှားလေး က ရိုသေစွာဖြင့် ခေါင်းလေးငုံ့လျက်
...အစ်ကိုကြီးတို့ ညီလေး ဒီပန်းလေး ခူးချင်လို့ဗျ..
ရမလားဗျာ...
..သျှားလေး ကံဆိုးသွားသည်က ထိုအုပ်စုကား
ပြောင်ကြီးတို့အုပ်စုပင်.....
ပြောင်ကြီးတို့က တဟားဟား ရယ်မောလိုက်ပြီး
....ပန်းဆိုတာက အခြောက်တွေဘဲ ကြိုက်တာကွ
ဟားဟား ဟားဟားဟားဟားဟားဟား
....မင်းက အခြောက်လေးလားကွ...
သျှားလေး ရှက်ရွံ့မိသွားသည်။
သူသိထားသည်က ဘယ်လူသားမဆို ကိုယ်ကြိုက်နှစ်သက်တာ ကြိုက်ပိုင်ခွင့်ရှိသည်။
မည်သူမျှ ချုပ်ချယ်ထားလို့မရ။
...ကြည့်ပါဦး ပျော့တိပျော့ဖတ်နဲ့ ပုံစံကလည်း...
ဟားဟားဟားဟား..
ပြောင်ကြီးတို့အုပ်စု ဟားတိုက်ရယ်သံနှင့် စကားပြောသံကြောင့် တစ်ကျောင်းလုံးနီးပါးရောက်ရှိနေပြီဖြစ်သည့် ကျောင်းသား.သူ တွေရဲ့ အရှု့က သျှားလေးပေါ်သို့
သျှားလေး မျက်ရည်များကျလာရသည်။
တစ်သက်နဲ့တစ်ကိုယ် ဘယ်တုန်းကမှ ဤကဲ့သို့ မဖြစ်ဖူးခဲ့။
..အခြောက်လေး.. ဟားဟား ..
ကျောင်းသား.သူ တစ်ချို့က သျှားလေးကို သနားကျသော်လည်း ဝင်မပြောရဲ ။
တစ်ကျောင်းလုံး လက်မြောက်ထရသည့်အတွက်ကြောင့်ပင်.။
သျှားလေး ရှိုက်ရှိုက်ပြီး ငိုနေမိသည်။
မျက်ရည်များကား အထိန်းအကွပ်မဲ့ စီးကျလျက်။..
သျှားလေး မပ်တပ်မရပ်နိုင်တော့ ဒူးထောက်ချလိုက်မိသည်။
....ဟားဟားဟားဟား  ကြည့်ပါဦး အခြောက်လေးက
ငါတို့ကို ဒူးထောက်တယ်ဟ။..
ပြောင်ကြီးတို့အတွက် သျှားလေးက ဟာသရုပ်တစ်ရုပ်သဖွယ်.။
သျှားလေး  ဖေဖေ မေ့မေ့ကို တမ်းတနေမိသည်။
စိတ်ထဲမှ..
..ဖေဖေရေ မေမေရေ သား ကိုကယ်ပါဦး..
နှုတ်လျှာမှ အသံကားထွက်မလာ။
သျှားလေး မရတော့ပေ။
ငိုလွန်းအားကြီးသဖြင့်
နှလုံးသား ထဲက အောင့်နေပေပြီ။
သျှားလေး အမှောင် ကမ္ဘာ ထဲရောက်သွားချေပြီ။
ဘာမှ မသိတော့....

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now