Tie the Knot (✔️)

By TtalgiJinnie

67.9K 6.9K 3K

(Unicode) အချစ်သည် ကမ္ဘာကြီးကိုလှပအောင်ဆန်းကြယ်စွာခြယ်မှုန်းနိုင်စွမ်း၏။ အချစ်သည် ငြိမ်းချမ်းခြင်းရဲ့သင်္ကေတ... More

Prologue 🪢
1 🪢
2 🪢
3 🪢
4 🪢
5 🪢
6 🪢
7 🪢
8 🪢
9 🪢
10 🪢
11 🪢
12 🪢
13 🪢
14 🪢
16 🪢
17 🪢
18 🪢
Final 🪢

15 🪢

3.2K 333 180
By TtalgiJinnie

~ကျွီ~

ခပ်ဟဟပွင့်လာသည့်တံခါးကြားမှလှစ်ခနဲပြူထွက်လာတဲ့ခေါင်းသေးသေးလုံးလုံးလေးဟာ မဝံ့မရဲ.. သို့ပေမယ့်.. မငြိမ်သက်.. လှုပ်လီလှုပ်လဲ့ဖြင့် ဘယ်တစ်လှည့်၊ ညာတစ်လှည့် ဆတ်ခနဲ, ဆတ်ခနဲယမ်းခါနေ၏။ ခေါင်းလေးကိုဘယ်ညာတစ်ချက်စီယိမ်းလိုက်တိုင်းဝေ့ခါသွားတဲ့ဆံပင်ညိုညိုကောက်​ကောက်လေးတွေဟာလည်း ပုစွန်ဆီရောင်ကောင်းကင်ကြီးကိုနောက်ခံထားလျက်လွတ်လပ်စွာပျံသန်းနေကြတဲ့ပျံလွှားငှက်ကလေးများသဖွယ်..

"ဒါ.. ဘာလုပ်နေတာလဲ"

"အမလေး!"

အနားမှာကပ်ပြီးပေါ်လာတဲ့အသံကြောင့်ဆော့ဂျင်လန့်ဖျတ်အော်မိရင်းနောက်သို့ချာခနဲလှည့်ကြည့်လိုက်တော့သူရင်ဆိုင်လိုက်ရတာက.. ပြုံးစစမျက်နှာနဲ့ထိုလူသား။ ဘယ်နှစ်ကြိမ်မှန်းရေတွက်လို့မရအောင်လွင့်ရပြန်ပြီ.. သူ့လိပ်ပြာ။ ဒီလူကြောင့်သူ့ရဲ့လိပ်ပြာလေးလည်းဒီနေ့တနေကုန်.. နားချိန်တောင်မရှိဘဲလွင့်လိုက်ရတာဆိုတာ.. သနားစရာတောင်အတော်ကောင်းနေပြီ။

"ဘာလုပ်ရမှာလဲ။ မမြင်ဘူးလား.. ချောင်းနေတာပေါ့"

ရင်ဘတ်လေးကိုလက်နှစ်ဖက်ဖြင့်ဖိကာမကျေနပ်သံလေးဖြင့်သူပြောလိုက်တော့...

"ကိုယ်တစ်ယောက်လုံးမင်းအနားမှာရှိနေတာကိုမင်းကဘယ်သူ့ကိုချောင်းနေတာလဲလို့။ဘာလဲ..မာရသွန်ပြေးဖို့ကြံနေတာလား။ ပြေးလည်းအပိုပဲနော်.. မင်းရဲ့.. စမှတ်.. ဆုံးမှတ်.. နှစ်ခုစလုံးကကိုယ်ပဲမို့... ဘယ်လောက်ပြေး,ပြေးအချိန်တန်ရင်ကိုယ့်ဆီပဲရောက်လာမှာ"

မျက်ခုံးတစ်ဖက်ကိုပင့်ကာကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲနေသောမျက်နှာထားဖြင့် ခပ်မြူးမြူး၊ ခပ်ရွှတ်ရွှတ်ထိုအပြောကိုဆော့ဂျင်မျက်စောင်းတစ်ချက်ခဲရင်းသာတုံ့ပြန်လိုက်သည်။

"ချောင်းရမှာပေါ့.. ကျွန်တော်တို့နှစ်ယောက်အတူတူရုံးဆင်းတာကိုတခြားဝန်ထမ်းတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ"

"အဟင်း... မြင်တော့ဘာဖြစ်လဲ.. မနက်ကလည်းအလုပ်အတူတူလာတာကိုသူတို့အကုန်မြင်တာပဲ"

"ဒါ.. ဒါပေမယ့်လည်း... "

"သွားကြမယ်"

"ခဏ... "

ဆော့ဂျင်.. တားချိန်တောင်မရလိုက်။ စိတ်မြန်လက်မြန်ရှိလှတဲ့ထိုလူသားကရုံးခန်းတံခါးကိုဖွင့်ကာ..မည်သူတစ်ဦးတစ်ယောက်ကိုမျှအမှုထားဟန်မပေါ်ဘဲ သူ့လက်ကိုဆွဲ၍ ရုံးခန်းထဲမှပေါ်ပေါ်ထင်ထင်လှမ်းထွက်လိုက်သည်။ သူ့မှာသာ.. စပ်စပ်စုစုဝိုင်းကြည့်နေကြမယ့်တခြားဝန်ထမ်းတွေရဲ့ဘက်ကိုမကြည့်မိအောင်မျက်နှာကိုတစ်ဖက်သို့စောင်းငမ်းငမ်းလေးလှည့်ရင်းထိုလူဆွဲခေါ်ရာသို့ယောင်ပေပေဖြင့်ပါသွား၏။ လူတွေရဲ့အတင်းအဖျင်းစကားတွေကိုမကြားချင်လို့ဆင်ဆင်ခြင်ခြင်နေပါတယ်ဆိုမှ.. ဒီလူဟာလေ.. အရိပ်သုံးပါးလည်းနားမလည်ပါလား။

"ဘယ်သွားချင်လဲ။ တခြားစုံတွဲတွေလို ရုပ်ရှင်ပဲအတူတူကြည့်.. "

"အာ.. မေ့နေတာ။ တကယ်တော့.. ကျွန်တော်မအားဘူး။ လုပ်စရာလေးတွေရှိတယ်"

လက်ခုပ်တီးကာအခုမှတစ်ခုခုကိုသတိရသွားဟန်ဖြင့်သူပြောလိုက်တော့ကားတံခါးကိုဖွင့်မယ့်ဂျောင်ကုရဲ့လက်တွေရပ်တန့်သွားကာ သူ့မျက်နှာကိုမျက်မှောင်ကြုံ့၍ကြည့်လာသည်။ အကြည့်ကမယုံသင်္ကာအကြည့်။ ဒါပေမယ့်မတတ်နိုင်.. မသပ်မရပ်နဲ့ရွှီးမိမှတော့.. ရသလောက်ဖုံးဖိကာမှင်သေသေနဲ့ဆက်ကျဲရတော့မှာပေါ့။ ဒီလူနဲ့နှစ်ယောက်တည်းအတူတူဆက်ရှိနေလို့မဖြစ်.. အထဲကနေတဒိန်းဒိန်းနဲ့ထကြွသောင်းကျန်းနေတဲ့အကောင်ပေါက်ကိုရော.. တနေကုန်ပင်ပန်းထားတဲ့သူ့ရဲ့လိပ်ပြာလေးကိုရော.. အနားပေးသင့်ပြီမဟုတ်လား...

"ဒီ.. ဒီလို.. ဟို.. ဂျယ်ဂျူဒို.. ဟုတ်တယ်.. ဂျယ်ဂျူဒိုသွားဖို့အခုထိဘာမှမပြင်ရသေးလို့.. အဲ့ဒါ.. ဈေး.. ဈေးသွားဝယ်ရဦးမှာမို့လို့"

"အဲ့ဒါဆို.. အတော်ပဲ။ ကိုယ်လည်းဘာမှမပြင်ရသေးဘူးဆိုတော့အတူတူသွားဝယ်ကြတာပေါ့"

"ဟမ်!"

လွတ်လောက်ပြီအထင်နဲ့အထစ်ထစ်အငေါ့ငေါ့လီဆယ်ပြီးပြောလိုက်ပေမယ့်.. လိမ်မိကာမှပိုဆိုးသလိုဖြစ်သွားရတာကြောင့်သူ့ခမျာ. ထပ်ပြောစရာစကားတွေတောင်ပျောက်ရှကုန်၏။

"အ.. အဲ့.. အဲ့ဒါက.. ကျွန်တော်နဲ့အတူဈေးဝယ်ဖို့ဖြစ်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့.. ကျွန်တော်ကဈေးဝယ်ရင်အရမ်းကြာတာ။ ပြီး.. ပြီးတော့ချေးလည်းအရမ်းများတယ်.. ကုန်တိုက်တစ်ခုလုံးခေါက်တုံ့ခေါက်ပြန် ဆယ်ပတ်လောက်ပတ်ပြီးတာတောင်စိတ်တိုင်းကျတဲ့ပစ္စည်းတစ်ခုတွေ့ချင်မှတွေ့တတ်တာ။ အဲ့ဒါကြောင့်.. မလိုက်ပါနဲ့လား။ ပင်ပန်းမှာစိုးလို့စေတနာနဲ့ပြောတာပါ.. ဟဲ.. ဟဲ"

မျက်တောင်တခတ်ခတ်၊ နှာခေါင်းလေးတရှုံ့ရှုံ့နှင့်ယောင်ချာချာရယ်ကျဲကျဲလေးဖြစ်နေသောဆော့ဂျင်ကိုကြည့်ရင်းသူရယ်ချင်တာကိုမနည်းထိန်းကာမျက်နှာကိုအစွမ်းကုန်တင်းထားရ၏။ ဒီအူတူးလေးဟာလေ.. အခွင့်အရေးရရင်ရသလိုထွက်ပြေးဖို့ကိုပဲနည်းမျိုးစုံနဲ့လှည့်ကြံနေတော့တာပဲ။

"ဒါ..ပိုကောင်းတာပေါ့။ ကုန်တိုက်ကိုအကြာကြီးပတ်တော့.. အူတူးနဲ့အကြာကြီးဒိတ်လို့ရတာပေါ့.. မဟုတ်ဘူးလား။ ရုပ်ရှင်သွားကြည့်ရင်တောင်နှစ်နာရီလောက်နဲ့ပြီးသွားမှာ"

"အမ်"

သူ့စကားကြောင့်ကြံရာမရ၊ စိတ်ပျက်သွားတဲ့မျက်နှာလေးကအူယားစရာ။ မျက်ခုံးနှစ်ဖက်ကိုထိလုမတတ်ကုတ်ကာ ပါးနှစ်ဖက်ကိုလည်းဖောင်းနေအောင်နှုတ်ခမ်းစူထားသေး၏။

"တက်"

ဘယ်လိုမှဆင်ခြေပေးလို့မရတဲ့အဆုံးကူရာမဲ့သွားရှာတဲ့ဆော့ဂျင်လေးခမျာ စူပွပွမျက်နှာလေးဖြင့်ကားပေါ်တက်ထိုင်လိုက်ရ၏။ တဖက်က.. အပျော်လွန်နေတဲ့မျက်နှာဖြင့်ကားမောင်းတဲ့ခုံမှာဝင်ထိုင်လိုက်တဲ့ထိုသူကိုမျက်လုံးလေးဝေ့၍ဖျတ်ခနဲအကြည့်ခိုးလေးရောက်သွားခိုက်မှာမထင်မှတ်ဘဲရီဝေဝေမျက်ဝန်းတို့နှင့်အကြည့်ချင်းဆုံတော့ ဆော့ဂျင် ခါးလေးဆတ်ခနဲမတ်သွားကာထိုင်ခုံခါးပတ်ကြိုးကိုအယောင်ယောင်အမှားမှားဖြင့်ကြိတ်၍ ပွတ်ချေနေမိသည်။ ထိုလူ.. သူ့အနားကိုရောက်ရောက်လာတိုင်း၊ အကြည့်ချင်းဆုံတိုင်း.. ထိုကဲ့သို့လန့်,လန့်သွားရတာအကြိမ်ကြိမ်ပင်။ ဒီလောက်ကြည့်ကောင်းတဲ့လူကိုဘာကြောင့်လန့်နေမိသလဲဆိုတာကိုတော့ဆော့ဂျင်လည်းမရှင်းပြတတ်တော့ပါ။

********** **********

"ကိုယ်ကမင်းရဲ့အခိုင်းအစေမဟုတ်ဘူးနော်"

ကုန်တိုက်ကိုရောက်ကတည်းကမပြေးရုံတမယ်ခြေလှမ်းတွေနဲ့ကော့ပတ်,​ ကော့ပတ်လျှောက်နေပြီးသူ့ကိုတစ်ချက်တောင်လှည့်ကြည့်ဖော်မရ။ သူ့ကတော့ဈေးခြင်းကြီးတွန်းပြီးအနောက်ကနေထပ်ကြပ်မကွာအမှီလိုက်နေရတာ.. မသိရင် သူဟာအစေခံတစ်ဦးသဖွယ်။

အဲ့ဒါကြောင့် မကျေနပ်မိတဲ့စိတ်လေးကဝင်လာတာမို့ ခပ်ရွဲ့ရွဲ့လှမ်းအော်လိုက်တော့ မျက်နှာလေးကဖြည်းဖြည်းချင်းလှည့်လာကာ မျက်လွှာလေးချ၍သူ့နားကိုပြန်လှည့်လျှောက်လာသည်။ ထို့နောက်.. သူ့ရဲ့ဘေး တစ်ထွာအကွာတွင်ဝင်ရပ်ပြီးသူတွန်းနေတဲ့လှည်းကိုလက်လေးတစ်ဖက်ဖြင့်ဝင်တွန်း​ပေး၏။

"အဲ့ဒီ့နေရာကိုကိုင်ရမှာမဟုတ်ဘူး.. ဒီနေရာ"

တွန်းလှည်းပေါ်ကလက်ကလေးကိုခပ်ဖွဖွဆွဲကာသူ့လက်မောင်းကိုချိတ်စေလိုက်တော့.. ရုန်းကန်ခြင်းမပြုပေမယ့်ဘေးမှာရပ်နေတာကျောက်ရုပ်လိုအတောင့်လိုက်ကြီး.. သူ့ကိုလည်းလုံးဝမကြည့်ပဲလည်ပင်းကိုတစ်ဖက်သို့လိမ်နေအောင်လှည့်ထားတာကြောင့်အကြောတွေဘာတွေညှပ်သွားမှာတောင်စိုးရိမ်စရာပါ။ သူလေးဒီလိုရှက်ကိုးရှက်ကန်းလေးနဲ့ငြိမ်နေတာတစ်မျိုးရင်ခုန်စရာကောင်းပေမယ့်.. အရင်လိုထစ်ခနဲရှိခြေပါလက်ပါရန်စွာတတ်တဲ့သူ့ရဲ့မေတ္တာတုံးစရာလေးကို​တော့လွမ်းမိသား။ ဘေးတိုက်မြင်နေရတဲ့ပါးဖောင်းဖောင်း၊ နှုတ်ခမ်းဖူးဖူးလုံးလုံးလေးကိုငေးရင်းသူ့စိတ်တွေရင်ခုန်ထွေပြားနေစဥ်မှာပဲ..

"ဂျွန်ဂျောင်ကု!"

သူ့နာမည်ကိုပီပီသသခေါ်ချလိုက်တဲ့လေသံကမာမာထန်ထန်။ နေပါဦး.. ဒီအသံကိုသူအရမ်းရင်းနှီး....

"ဟင်! အဖိုး!"

"အ.. အဖိုး?"

အဖိုးက သူတို့နှင့်မျက်နှာချင်းဆိုင်တည့်တည့်ကနေလက်နှစ်ဖက်လုံးနောက်ပစ်ကာမျက်မှောင်ကြီးကုတ်၍စူးစူးရဲရဲစိုက်ကြည့်နေပြီးအဖွားကတော့အဖိုးရဲ့ဘေးကနေသူတို့ကိုအားနာပြုံးလေးလှမ်းပြုံးပြနေသည်။

"ငါ့မြေးတို့က.. ဈေးလာဝယ်ကြတာလား။ အဖွားတို့လည်းအိမ်မှာပဲတနေကုန်နေ, နေရတာပျင်းသလိုလိုရှိတာနဲ့ အညောင်းပြေအညာပြေထွက်လာကြတာ"

"ငါ့မြေးကို.. ကိုယ်တိုင်ကုန်တိုက်ကိုလာပြီး ဈေးဝယ်ခြင်းအထိတွန်းအောင်လုပ်နိုင်တာ.. ဒီကောင်လေးပေါ့.. ဟုတ်လား"

"မြေး?"

"အဲ့ဒါ.. ကိုယ့်အဖိုးနဲ့အဖွားလေ"

အဖိုးနဲ့အဖွားကိုကြည့်လိုက်၊ သူ့မျက်နှာကိုကြည့်လိုက်နဲ့အလည်ကနေကြောင်အမ်းအမ်းလေးဖြစ်နေရှာတဲ့ဆော့ဂျင်ကိုသူကနား, နားကပ်ကာတိုးတိုးကပ်ပြောလိုက်တော့.. အခြေအနေအရပ်ရပ်ကိုအခုမှသဘောပေါက်သွားပုံရတဲ့ဆော့ဂျင်က.. သူ့လက်မောင်းမှာချိတ်ထားတဲ့လက်ကလေးကိုဆတ်ခနဲဖြုတ်ချလိုက်သည်။

"သူခိုင်းတာမဟုတ်ပါဘူး။ ကျွန်တော့်သဘောနဲ့ကျွန်တော်... "

"နှစ်ယောက်လုံး... လိုက်ခဲ့"

အဖိုးကထိုစကားကိုပြောပြီးမျက်နှာထားတင်းတင်းနဲ့ချာခနဲလှည့်ထွက်သွားသောအခါအဖိုးရဲ့ကျောပြင်ကိုမျက်လုံးလေးဝိုင်းပြီးကြည့်နေတဲ့ဆော့ဂျင်ထံမှသက်ပြင်းသဲ့သဲ့ရှိုက်သံကိုကြားလိုက်ရသည်။

ယခု.. သူရောက်နေသောဧည့်ခန်းကြီးသည်သူမြင်ဖူးသမျှထဲတွင်အကျယ်ဆုံးလို့ပြောလို့ရသည်။ Luxury Hotel ကြီးရဲ့ Lobby လောက်နီးပါးအကျယ်အဝန်းမို့ခမ်းနားထည်ဝါတဲ့ပရိဘောဂတွေတောင်ဧည့်ခန်းကျယ်ကြီးထဲတွင်မြုပ်နေသကဲ့သို့ထင်နေရ၏။ ဤမျှကျယ်ဝန်းသောဧည့်ခန်းကျယ်ကြီးထဲအပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်​နေတာကြောင့်အနေရကျုံ့စွာဖြင့်တစ်ချက်တစ်ချက်လူးလွန့်လာသောခန်းစီးမှပန်းဝါဝါလေးတွေကိုငေးမောရင်း..အာရုံပြောင်းလိုပြောင်းငြားထိုပန်းလေးတွေကိုတစ်ပွင့်ချင်းရေတွက်နေမိသည်။

"ရှည်ရှည်ဝေးဝေးစကားတွေပြောမနေတော့ဘူး"

~ဘုတ်~

"ရော့.. မင်းလိုချင်တာ.. ဒါပဲမဟုတ်လား"

တိတ်ဆိတ်နေသည့်အနေအထားကိုဂျောင်ကု၏ အဖိုးဖြစ်သူကပဲစာအိတ်ဖြူတစ်အိတ်ပစ်ချရင်းဖြိုခွင်းလိုက်သည်။ ဇာတ်လမ်းတွဲတွေထဲမှာပဲမြင်နေကျဇာတ်ဝင်ခန်းကို အပြင်မှာသူကိုယ်တိုင်ကြုံနေရသလိုပါလား။ တော်သေးတယ်.. သူတို့အနီးနားတစ်ဝိုက်မှာရေခွက်တွေဘာတွေရှိမနေလို့။

"ဒါ.. ကြည့်လို့ရမလား"

ဂျောင်ကုရဲ့အဖိုးကခေါင်းညိတ်ပြရင်း ခွင့်ပြုချက်ပေးလာတာကြောင့်သူလည်းစာအိတ်ကိုလှမ်းယူလိုက်ပြီး..

"ဟွန်း.. ဥက္ကဌကြီးကလဲ.. နည်းနည်းလေး။ ဒီလောက်နဲ့ဘာလုပ်ရမှာလဲ"

"ဘာပြောတယ်!"

"အာ.. သိပြီ။ လစာပေးသလိုတစ်လချင်းပေးသွားမယ်ပေါ့.. အဲ့လိုလား"

"ဘာလို့ငါကမင်းကိုလတိုင်းပေးရမှာလဲ။ ပြီးတော့.. မင်း.. မင်းက.. အခုဒါကိုမယူဘူးလို့ငြင်းရမှာလေ။ ကျွန်တော်အဲ့လိုအတန်းစားမျိုးမဟုတ်ပါဘူး.. ဘာညာ.. အဲ့လိုတွေမပြောဘူးလား"

"ဒီပိုက်ဆံတွေကိုယူတယ်.. မယူဘူးဆိုတာကဥက္ကဌကြီး.. ကျွန်တော့်ကိုဘယ်လိုသဘောထားလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့။ ဥက္ကဌကြီးကကျွန်တော့်အပေါ်အမြင်မကြည်ဘူးဆိုရင်.. ဒီငွေတွေကိုကျွန်တော်ယူယူ, မယူယူ.. ကျွန်တော့်ကိုမုန်းနေမှာပဲလေ။ ဒီငွေတွေကိုလက်ခံပြန်ရင်လည်းငွေမက်တယ်လို့စွပ်စွဲမယ်။ ဟော.. ငြင်းပြန်ရင်လည်းအပိုတွေလုပ်ပြတယ်ဆိုပြီးနှစ်ပြားမတန်အောင်ပြောပြီးနှင်ထုတ်ဦးမှာပဲမဟုတ်လား။ အဲ့တော့.. ဘယ်လိုနေနေအပြောခံရမယ့်အတူတူ.. ဒီငွေတွေယူပြီးတော့ပဲအေးဆေးနှပ်နေတော့မှာပေါ့"

မျက်တောင်လေးများခတ်လျက်တစ်ချက်မှအကြောက်အလန့်မရှိဘဲ ရဲရဲတင်းတင်းပြန်ပြောရဲတဲ့ထိုကောင်လေးကိုကြည့်ရင်းသွေးတောင်ဆောင့်တိုးချင်သွားသည်။

"မဟုတ်သေးပါဘူး။ အနည်းဆုံးတော့.. ကျွန်တော်တို့ရဲ့ချစ်ခြင်းကိုမခွဲပါနဲ့ဆိုပြီးငိုပြတာလောက်တော့လုပ်ပြသင့်ပါတယ်။ အဲ့ဒါမှ ငါလည်းဗီလိန်အဖိုးကြီးဖြစ်မှာပေါ့"

"အာ.. အဲ့ဒါက.. လက်ရှိကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအဲ့လောက်ထိ serious မဖြစ်သေးတော့လေ.... "

"ဘာ!"

"ကျွတ်.. ကျွတ်.. ကျွတ်.. အဲ့ဒါပြောတာပေါ့.. မမေးမစမ်းနဲ့အခုလိုရမ်းသမ်းပြီးလျှောက်ပြောတော့.. အဖိုး.. အရှက်ကွဲရပြီ"

တကျွတ်ကျွတ်စုတ်သပ်ရင်းဧည့်ခန်းထဲဝင်လာတဲ့ဂျောင်ကုရဲ့ဘေးတွင်အဖွားကလည်းသစ်သီးတွေတင်ထားသည့်လင်ဗန်းလေးကိုင်ရင်းလိုက်လာသည်။ သူတို့နှစ်ဦးလုံးရဲ့မျက်နှာကပကတိတည်ငြိမ်နေပြီးအဖွားဆိုသူ့ကိုပြုံးတောင်ပြုံးပြနေသေးသည်။

"ဒီအဖိုးကြီးပြောတဲ့စကားတွေကိုစိတ်ထဲမထားနဲ့။ အလကား.. မနက်ခင်းဒရမ်မာတွေကြည့်ပြီးဗီလိန်ရူးရူးနေတာ"

အဖွားကပြောလည်းပြော.. လင်ဗန်းထဲကပန်းသီးစိပ်လေးကိုခက်ရင်းဖြင့်ထိုးစိုက်ကာခက်ရင်းကိုသူ့လက်ထဲအရောက်ထည့်ပေးသည်။

"နေပါဦး.. ဘာလို့ငါကအရှက်ကွဲရမှာလဲ"

အဖိုးကမေးတော့ဂျောင်ကုကဆော့ဂျင်ရဲ့ဘေးတွင်ဝင်ထိုင်ရင်း..

"ဟာ.. သူမှကျွန်တော့်ကိုအဖြေမပေးရတာ။ အဖိုးကအဲ့လိုစကားတွေလျှောက်ပြောတော့.. သူကအဖိုးကိုဘယ်လိုထင်မလဲ။ သေချာလည်းစဥ်းစားကြည့်ပါဦး"

"ဟင်! ကောင်လေး.. မင်းကငါ့မြေးကိုအဖြေမပေးရသေးဘူးလား"

အဖိုးရဲ့အမေးကြောင့်ပါးစပ်အကျယ်ကြီးဟပြီးပန်းသီးတစ်စိပ်လုံးပါးစပ်ထဲထိုးသွင်းဖို့ကြံနေတဲ့ဆော့ဂျင်.. ပန်းသီးကိုပါးစပ်ထဲကမန်းကတန်းကောက်ထည့်ပြီးပါးနှစ်ဖက်လုံးဖောင်းနေ​အောင်ဝါးကာ ခေါင်းကိုခပ်သွက်သွက်ညိတ်ပြရှာသည်။

"ဒါ.. ဒါဆို.. ငါ့အခန်းကအခုထိမရောက်သေးဘူးလား"

"ဪ.. အဖြေမရသေးပါဘူးဆိုမှ"

"ဒါပေမယ့်.. ငါကဗီလိန်လုပ်ချင်လှပြီ"

"အဲ့လောက်တောင်ဗီလိန်လုပ်ချင်တယ်ဆိုလည်းသူ့ဆီကအဖြေမြန်မြန်တောင်းပေး"

"မင်းကလဲ.. ဘာလို့အချိန်တွေဆွဲနေတာလဲ။ ငါ့မြေးကိုအဖြေမြန်မြန်ပေးလိုက်တော့လေ"

"အဟွတ်.. အဟွတ်.. ခင်ဗျာ?"

ဆော့ဂျင်ခမျာပန်းသီးတွေပလုပ်ပလောင်းဝါးနေရင်းကနင်တော့မလိုတောင်ဖြစ်သွားရသည်။

"ပြီးတော့.. ဒါ.. "

အဖိုးကဆော့ဂျင်ရဲ့လက်ထဲတွင်ကိုင်ထားဆဲစာအိတ်ဖြူလေးကိုဆတ်ခနဲလှမ်းဆွဲလိုက်ပြီး..

"ငါ့အခန်းမှမရောက်သေးတာ... ဒါ.. ငါပြန်သိမ်းမယ်"

"ဟင်း.. ဥက္ကဌကြီးကလဲ..ပေးပြီးသားကြီးကို.. "

********** **********

ဆော့ဂျင်ကတိတ်ဆိတ်စွာပင်လိုက်ပါလာတာမို့သူကလည်းတိတ်တိတ်ဆိတ်ဆိတ်ပင်ကားမောင်းခဲ့ရသည်။ ကားမောင်းနေရင်းလှည့်, လှည့်ကြည့်မိတိုင်းမြင်နေရသော ဘေးတိုက်အနေအထားမျက်နှာလေးကဘာတွေအတွေးလွန်နေသည်မသိ.. မျက်လုံးပြူးကလေးနဲ့တနေရာတည်းကိုပဲတွေတွေလေးငေးနေ၏။ အတွေးလွန်နေစဥ် မကြာခဏဆိုသလိုတရှုံ့ရှုံ့လုပ်တိုင်းလှုပ်လှုပ်သွားတတ်တဲ့နှာတံလုံးလုံးလေးကလည်းကိုက်စားပစ်ချင်စရာ။

"ရောက်ပြီလေ.. မဆင်းဘူးလား။ ဘာလဲ.. ကိုယ်နဲ့မခွဲနိုင်တော့လို့လား"

မျက်စောင်းလေးထိုး၊ နှုတ်ခမ်းလေးစူပြီးပြန်ရန်ရှာလေမလားဆိုပြီးပြောလိုက်ပေမယ့်.. သူထင်ထားသလိုမတုံ့ပြန်လာသဖြင့်စိုးရိမ်စိတ်လေးဝင်သွားမိသည်။ ဧကန္တ.. အဖိုးပြောခဲ့တဲ့စကားတွေကြောင့်အခုလိုဖြစ်နေတာများလား...

"ဟို... အဖိုးကလေ... "

"နှမြောစရာကြီးကွာ.. လက်ထဲရောက်ကတည်းကအိတ်ထဲတန်းထည့်လိုက်ရမှာ။ အခုတော့... လက်ထဲရောက်ပြီးခါမှပြန်လုခံလိုက်ရတယ်လို့.. ရင်နာလိုက်တာ"

လတ်စသတ်တော့.. ဒီမေတ္တာတုံးလေးကပိုက်ဆံမယူခဲ့ရတာကိုနှမြောတသသမဆုံးဖြစ်နေတာကိုး။ သူ့မှာတော့စိတ်များထိခိုက်သွားလို့မျက်နှာကောင်းဖြစ်နေတာလားဆိုပြီးစိတ်ပူလိုက်ရတာ။

"တတ်လည်းတတ်နိုင်တယ်.. ခင်ဗျား။ ပိုက်ဆံမယူခဲ့ရတာကိုပဲဝမ်းနည်းလို့မဆုံးဖြစ်နေတာပေါ့လေ.. ဟုတ်လား"

"ဟဲ.. ဟဲ.. လိုချင်လို့တော့မဟုတ်ပါဘူး။ အခုက.. ခရစ်စမတ်ကလည်းနီးလာပြီမဟုတ်လား။ အဲ့ဒါကြောင့်.. ခရစ်စမတ်အကြိုမုန့်ဖိုးလေးဘာလေးများရမလားလို့ပါ။ ကျွန်တော့်ကိုမုန့်ဖိုးပေးမယ့်သူလည်းမရှိဘူးလေ။ ပြီးတော့.. အဲ့ဒီပိုက်ဆံတွေကိုကျွန်တော်တစ်ယောက်တည်းမယူပါဘူး။ခင်ဗျားကိုလည်းတစ်ဝက်ခွဲပေးမှာ.. တကယ်ပြောတာ"

"ဟက်! မုန့်ဖိုးလောက်ကတော့ကိုယ်လည်းပေးနိုင်ပါတယ်"

"တကယ်?"

မေတ္တာတုံးလေးက အားတက်သရောမျက်နှာလေးဖြင့်ဖျတ်ခနဲလှည့်လာပြီးပါးလေးတွေမို့တက်သည်အထိပြုံးပြကာသူ့ရှေ့မှာလက်ဖဝါးလေးလာဖြန့်သည်။ ဒီနေ့တနေကုန်သူနဲ့မျက်လုံးချင်းတောင်အဆုံမခံဘဲရှောင်ပြေးနေတဲ့ဒီလူသားလေးက.. အခုငွေစကားကြားမှမျက်လုံးတွေအရောင်တောက်ပြီးသူ့ကိုစေ့စေ့ကြည့်လာတာကြောင့်အသည်းတယားယားဖြင့်ပါးမို့မို့လေးကိုရဲသွားအောင်စိတ်လိုလက်ရဆွဲညှစ်ပစ်လိုက်သည်။

"အား! နာသွားပြီ.. ဘာလုပ်တာလဲ"

"နောက်မှ.. တခြားလက်ဆောင်ပေးမယ်"

"တော်ပါ.. ဘာမှမလိုချင်တော့ဘူး"

သူ့လက်ထဲမှအတင်းရုန်းကာနာသွားရှာသည့်ပါးလေးကိုလက်ဝါးဖြင့်အုပ်ကိုင်၍သူ့ကိုလည်းကြောင်ဆိုးလေးလိုမျက်စောင်းထိုးပြီးဘုကြည့်ကြည့်သေးတာ.. ဘာလိုနေနေချစ်ဖို့ကောင်းနေမှတော့အလကားနေရင်းအသည်းယားမိနေတဲ့သူ့ကိုအပြစ်ပြောလို့မရဘူးမဟုတ်လား...

"တကယ်.. အဆင်ပြေတာသေချာရဲ့လား။ အဖိုးကိုမကြောက်ဘူးလား"

"မကြောက်ပါဘူး။ အဖိုးကကြောက်စရာမှမကောင်းတာ.. ချစ်စရာတောင်ကောင်းသေးတယ်"

"တော်သေးတာပေါ့။ ကိုယ်ကမင်းကိုအဖိုးနဲ့ပေးတွေ့ဖို့ရည်ရွယ်ထားပေမယ့်.. အခုလိုအဖိုးနဲ့မမျှော်လင့်ဘဲတိုက်တိုက်ဆိုင်ဆိုင်ကြီးတွေ့လိမ့်မယ်လို့မထင်ထားဘူး"

"ကျွန်တော့်ကို.. အဖိုးနဲ့ပေးတွေ့မယ်.. ဟုတ်လား"

"အင်း.. ဟူချူရော"

"ဘာလို့လဲ"

"ဘာလို့ရမှာလဲ.. လက်မထပ်ခင်အုပ်ထိန်းသူတွေနဲ့လိုက်တွေ့ရတာထုံးတမ်းအစဥ်အလာပဲမဟုတ်ဘူးလား"

"ဘယ်သူနဲ့လက်ထပ်မှာလဲ"

"ဟိုး.. နှစ်လမ်းကျော်ကကောင်လေးနဲ့"

"တကယ်?"

တမင်ရွဲ့ပြောလိုက်တာကိုနဝေတိန်တောင်မျက်လုံးလေးတွေနဲ့သူ့မျက်နှာကိုပုတ်ခတ်, ပုတ်ခတ်ကြည့်ရင်းမေးလာတာကြောင့်မချင့်မရဲစိတ်တို့ဖြင့် အ,တီးအ,တကောင်လေးရဲ့နဖူးကိုလက်ညှိုးဖြင့်ခပ်ဖွဖွဆောင့်တွန်းပစ်လိုက်သည်။

"အရူးလေး.. အခုကိုယ်ကမင်းဆီကနေချစ်ခွင့်တောင်းထားတာမဟုတ်ဘူးလား။ မင်းနဲ့လက်မထပ်လို့ဘယ်သူနဲ့လက်ထပ်ရမှာလဲ"

အဲ့လို ဒဲ့ပြောလိုက်တော့မှထုံးစံအတိုင်းအကြည့်တွေကိုချက်ချင်းလွှဲသွားပြီးမျက်တောင်ဖျားလေးတွေလှုပ်ခတ်ရင်းနားရွက်လေးတွေနီရဲလာတာကိုတွေ့ရသည်။

"ဘာလို့.. လက်ထပ်ချင်တာလဲ"

"P.S. I love You ဆိုတဲ့ရုပ်ရှင်ထဲကမှတ်မိနေတဲ့ dialogue လေးတစ်ခုရှိတယ်.. You don't marry someone you can live with, you marry the person you cannot live without.. တဲ့။ အရင်ကအဲ့ဒီ့စကားရဲ့အဓိပ္ပါယ်ကိုနားမလည်ခဲ့ပေမယ့်.. အခုနားလည်သွားပြီ။ ကိုယ်မင်းကို.. အရင်ကလည်းပြောခဲ့ဖူးတယ်မဟုတ်လား.. မင်းကိုမတွေ့ရရင်မနေနိုင်ဘူးလို့။ အဲ့ဒါကြောင့်.. လက်ထပ်ချင်တာ.. မင်းမရှိရင်.. မနေနိုင်တော့လို့"

ဆော့ဂျင်က.. မျက်လုံးလေးဝိုင်းသွားပြီးအောက်နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။ ပြီးတော့.. ထိုင်ခုံခါးပတ်ကိုလက်လေးနှစ်ဖက်ဖြင့်တင်းနေအောင်ဆုပ်ထားပြီးလေသံတိုးတိုးလေးဖြင့်...

"နောင်တ.. မရဘူးဆိုတာ.. သေချာလား"

"သေချာတယ်ဆိုရင်... ဘာလုပ်ပေးမှာလဲ။ ကိုယ့်ကိုအများကြီးပိုချစ်ပေးမှာလား။ကိုယ်လက်ထပ်ခွင့်တောင်းတာကိုချက်ချင်းခေါင်းညိတ်လက်ခံမှာလား။ ကိုယ့်ကို.. ဟူချူ့ရဲ့အဖေ.. ဖြစ်ခွင့်ပေးမှာလား"

အနည်းငယ်ပြုံးယောင်သမ်းနေသောနှုတ်ခမ်းပါးများ၊ စူးရှသောရီဝေဝေမျက်ဝန်းများကိုမြင်ရုံနှင့်တင်ရင်ဘတ်ထဲမှာရေနွေးစီးကြောင်းလေးတစ်ခုဖြတ်သွားသလိုခပ်နွေးနွေးနှင့်ငြိမ်ငြိမ်လေးခုန်လှုပ်လာသည်။ စိတ်ထဲမှကျိတ်၍ အူမြူးသွားသည်။ သို့သော်လွှတ်မပျော်သေးဘဲ ဣန္ဒြေကိုထိန်းထားသေးသည်။ ရင်ခုန်ရလွန်းတာမို့စကားသံလေးတွေထွက်မလာနိုင်သေးဘဲနှုတ်ခမ်းဖူးဖူးလေးကိုစေ့စေ့ပိတ်ထားမိသည်။

"နောက်ကျနေပြီ.. သွားတော့မယ်။ လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပဲ"

လို့ပြောပြီးဆော့ဂျင်ကားပေါ်ကနေခပ်သွက်သွက်ဆင်းသွားတော့ ဂျောင်ကုကလည်းသူ့နောက်ကနေအလျင်အမြန်လိုက်ဆင်းလာသည်။

"ဟာ.. ဘာမှပြန်မဖြေဘဲဒီအတိုင်းထားခဲ့တော့မယ်ပေါ့.. ဟုတ်လား"

အနောက်ကနေလှမ်းအော်တဲ့မကျေမချမ်းအသံကြောင့်ဆော့ဂျင်သွားလေးတွေပေါ်​အောင်ပြုံးမိပေမယ့်မျက်နှာကိုတည်၍ နောက်ကိုပြန်လှည့်လိုက်ပြီး...

"ဘာလဲ"

ရွတ်နောက်နောက်မျက်နှာပေးလေးနဲ့သူ့ရှေ့မှာလက်လေးနှစ်ဖက်ကားပြီးလာရပ်တဲ့မေတ္တာတုံးစရာလေးကိုမကျေမနပ်ရှိလှတာကြောင့်လေသံမာမာဖြင့်မေးလိုက်တော့မေတ္တာတုံးလေးကနှုတ်ခမ်းလေးစေ့၍ပြုံးသည်။

"တနေ့ရှစ်ကြိမ်ဖက်ပေးမယ်ဆို"

"ဟင်"

သူ.. မှင်တက်နေမိတုန်းဆော့ဂျင်ကသူ့ထံသို့ခြေလှမ်းဖွဖွဖြင့်လှမ်းလာပြီးသူ့ခါးကိုဖွဖွသိုင်းဖက်လျက်သူ့ရင်ဘတ်မှာမျက်နှာလေးအပ်၍ငြိမ်သက်နေသည်။မထင်မှတ်ထားတဲ့အခြေအနေမို့ခဏတာကြောင်သွားမိပေမယ့်ရင်ခွင်ထဲဝင်လာတဲ့အိအိထွေးထွေးလေးကိုနွေးနေအောင်အပြည့်သိုင်းဖက်ထားရင်းဦးခေါင်းထက်ဖြည်းညင်းစွာပွတ်သပ်ရင်းကလေးလေးတစ်ယောက်လိုချော့မြူမိတော့ ရင်ခွင်ထဲကနေခေါင်းလေးထောင်လာပြီးသူ့မျက်နှာကိုငေးငေးလေးမော့ကြည့်သည်။

"ကျွန်တော်က.. ချစ်တဲ့သူတွေကိုဆိုအရမ်းချွဲတတ်တယ်။ အဲ့ဒါ.. နောက်ဆိုရင်.. ခင်ဗျားစိတ်ကိုအများကြီးပြင်ဆင်ထားဖို့လိုလိမ့်မယ်"

ပြောပြီးတာနဲ့ဘာမှမတုံ့ပြန်လိုက်နိုင်ခင်မှာပဲသူ့နှုတ်ခမ်းကိုဖျတ်ခနဲမော့နမ်း၍ မျက်တောင်တဖျတ်အတွင်းမှာပင် အထဲကိုလှစ်ခနဲပြေးဝင်သွားလိုက်တာအရိပ်တောင်မမြင်လိုက်ရပေ။ သူ့မှာတော့.. စက္ကန့်ပိုင်းအတွင်းမှာဖြစ်သွားပြီးဖမ်းဆုပ်ချိန်မရလိုက်ခင်မှာပဲ​ပျောက်ကွယ်သွားတဲ့ရင်ဖိုစရာအပြုအမူလေးတွေကြောင့်ကြက်သီးတွေတကိုယ်လုံးစိမ့်ဖြာပြီးတုန်ယင်တောင့်တင်းနေသောခန္ဓာကိုယ်ကိုအသိတရားထည့်ကာမနည်းလှုပ်ရှားလိုက်ရသည်။

"အမလေး.. ဒုက္ခပဲ။ ကားမမောင်းနိုင်တော့ဘူး.. လက်တွေတုန်နေပြီ"

လရောင်လင်းလက်ဖြာကျနေသောလမ်းကလေးထက်တွင်ညအိပ်မီးရောင်ကြောင့်မစို့မပို့လေးလင်းနေသောတိုက်ခန်းငယ်လေးကိုလှမ်းမျှော်ကြည့်ရင်း သွားတွေပေါ်အောင်ကြည်ကြည်နူးနူးပြုံးနေတဲ့ကောင်လေးတစ်ယောက်ရှိသလို.. တိုက်ရဲ့အကွယ်တနေရာတွင်ဆောင့်ကြောင့်လေးထိုင်ချပြီးတခွိခွိအသံထွက်အောင်ပြုံးရယ်နေတဲ့ကောင်လေးတစ်ယောက်လည်းရှိ၏။

********** **********

မျက်စိရှေ့မှာမြင်နေရတဲ့အဆောက်အဦးကြီးကိုမော့ကြည့်ရင်းဝင်ရနိုးနိုး.. ဒီအတိုင်းလှည့်ပြန်ရနိုးနိုး.. တနုံ့နုံ့နှင့်။ နှလုံးခုန်သံသည်တခုခုထုရိုက်သံလိုပင်ကိုယ့်ဘာသာကိုယ်ပြန်ကြားနေရသည်။ လက်ထဲရှိပလတ်စတစ်အိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသောလက်ချောင်းများသည်တဆတ်ဆတ်တုန်နေကြ၏။ ကြိုးစားထိန်းချုပ်ကြည့်သော်လည်းအဲ့ဒီ့တုန်လှုပ်မှုကိုထိန်းချုပ်ကြည့်လို့မရ။

"ငါ့နှယ်.. ပြစ်မှုကျူးလွန်နေတာလည်းမဟုတ်ဘဲနဲ့။ ဘာလို့ဒီလောက်တောင်ကြောက်နေမိပါလိမ့်"

ကိုယ့်ကိုယ်ကိုအပြစ်တင်စကားလေးဆိုရင်းသက်ပြင်းတစ်ချက်လေးပင်စွာရှိုက်ကာအဆောက်အဦးထဲသို့တွန့်ဆုတ်, တွန့်ဆုတ်ဖြင့်လှမ်းဝင်လိုက်၏။

"ဟို... "

"ဟုတ်ကဲ့.. ဘာကူညီပေးရမလဲမသိဘူးနော်"

"D.. DNA စစ်ချင်လို့ပါ"

သူ့ခမျာလည်းဒီလောက်ထိန်းထားတဲ့ကြားကစကားကထစ်သွားရသေးသည်။ ဘာတွေဒီလောက်စိုးရိမ်နေတာလဲ.. ပတ်ဂျီမင်းရဲ့။ သူများပစ္စည်းခိုးလာတာမှမဟုတ်တာ.. မသိအောင်ခဏတဖြုတ်ငှားလာတာပဲဟာကို။ ပြီးတော့.. အဲ့ဒီ့သွားပွတ်တံကဆော့ဂျင်တို့ရေချိုးခန်းထဲမှာရှိနေတယ်ဆိုတဲ့သတင်းကိုကြိုရခဲ့လို့လည်းမဟုတ်.. ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုတာမျိုးလိုအမှတ်မထင်တိုက်ဆိုင်သွားတာပါနော်.. လို့ကိုယ့်ကိုယ်ကိုတရားပြရင်းဝင်လေထွက်လေရှုနေရ၏။

"ဘာအတွက်စစ်ချင်တာလဲရှင့်။ paternity test လား.. ဒါမှမဟုတ် criminal case အတွက်လား"

"Paternity test ပါ"

"ဟုတ်ကဲ့.. ရပါတယ်။ ဒီ form လေးအရင်ဖြည့်ပေးနော်။ ပြီးရင်ဒီ form နဲ့အတူ DNA စစ်မယ့်ပစ္စည်းတွေကို ဟိုးကကောင်တာပေါ်မှာသွားတင်ပေးပါရှင့်"

"ဟိုလေ.. result ကဘယ်တော့လောက်သိရမလဲဟင်"

"Paternity test ကတော့ result ထွက်ဖို့ကြာချိန်ကနှစ်ရက်ပါ။ ဒါပေမယ့်.. လောလောဆယ် ဒီ lab မှာ sample တွေအရမ်းများနေလို့ တစ်ပတ်လောက်အထိကြာချင်ကြာသွားနိုင်တယ်။ ဖြစ်ရဲ့လား"

"ဖြစ်ပါတယ်.. ကျွန်တော်လည်းခရီးသွားစရာရှိနေတာနဲ့အတော်ပဲဖြစ်သွားတာပေါ့"

"result ထွက်လာရင် mail နဲ့ပို့ပေးရမလား။ ဒါမှမဟုတ်.. လူကိုယ်တိုင်.. "

"လူကိုယ်တိုင်ပဲလာယူပါ့မယ်"

"ဟုတ်ကဲ့ရှင့်။ အဲ့ဒါဆိုရင်.. ဟိုနားလေးမှာ form လေးသွားဖြည့်ပေးပါနော်"

သူ..ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး form ကိုယူကာလှည့်ထွက်လာလိုက်သည်။ DNA စစ်ပြီးလို့ result ရပါပြီတဲ့.. မဟုတ်ဘူးဆိုရင်ထားပါတော့။ တကယ်လို့.. ဟုတ်နေတယ်ဆိုရင်.. သူဘာဆက်လုပ်ရမလဲ.. ကာယကံရှင်တွေကိုဘယ်လိုပြောရမလဲ.. ခေါင်းထဲဝင်လာတဲ့မေးခွန်းတွေကြောင့်စိတ်တွေရှုပ်ထွေးရပြန်ပါသည်။

"အမလေး.. သိချင်လွန်းလို့သာစွန့်စားပြီးလုပ်နေရတယ်.. ရင်မောစရာကြီးပါလားနော်"

********** **********

လက်မှာပတ်ထားသည့်နာရီကိုဒုတိယအကြိမ်မြှောက်ကြည့်လိုက်သောအခါချိန်းထားတဲ့အချိန်ကိုရောက်ဖို့၁၀ မိနစ်နဲ့ ၁၅ စက္ကန့်ခန့်သာလိုတော့ကြောင်းသိလိုက်ရသဖြင့်မျက်ခုံးတွေကိုစုကျုံ့လိုက်မိသည်။ အပေါက်ဝကိုလည်ပင်းဆန့်၍မျှော်ကြည့်လိုက်တော့လည်းအရိပ်အယောင်တောင်မ​တွေ့ရသေးတာမို့ဖုန်းလှမ်းဆက်ဖို့ဖုန်းကိုထုတ်လိုက်တုန်း မျက်လုံးထောင့်ကနေဖျတ်ခနဲမြင်လိုက်ရတာကအညိုရောင်အရိပ်ကလေး။

လူသွားလူလာမပြတ်သောကြောင့်ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေသည့် ဂင်ဖိုလေဆိပ်၏အဝင်ပေါက်တံခါးမှတစ်ဆင့်လျှောက်လမ်းအတိုင်းတရွေ့ရွေ့လာနေတဲ့သူ့ရဲ့အူတူးလေးက ဘောင်းဘီအနက်ရောင်ပွပွလေးနှင့် တီရှပ်အဖြူလေးပေါ်ကအညိုရောင်ကုတ်အင်္ကျီလေးကိုတွဲဖက်ဝတ်ဆင်ထား၏။ ဂုတ်ထောက်နေသဖြင့်ကော့ပျံနေသည့်ဆံပင်ကောက်ကွေးလေးတွေကလည်းဖရိုဖရဲ.. ဖိုသီဖတ်သီ။ မျက်ပေတုံးလေးနဲ့ဟိုဒီကျီးကြည့်ကြောင်ကြည့်ကြည့်ရင်း လက်တစ်ဖက်မှာခရီးဆောင်အိတ်ကိုဆွဲကာ ကျန်တစ်ဖက်ဖြင့် အဖြူရောင်အာကာသမှူးပုံအရုပ်လေးကိုရင်ဝယ်ပိုက်ရင်းလှုပ်စိ, လှုပ်စိဖြင့်သူ့ဆီကိုလျှောက်လာသည်။

"ဟင်.. ဟူချူလေးလည်းလိုက်မှာလား"

"ဟူချူ? ဟူချူမလိုက်ပါဘူး.. ပြဇာတ်တိုက်ရမှာမို့လို့မလိုက်နိုင်ဘူးဆိုလို့ မနက်ကတခါတည်းဂျီမင်းတို့အမေအိမ်မှာဝင်ပို့ခဲ့ပြီ"

"ဒါဆို.. ဒီအရုပ်က.. "

သူကဆော့ဂျင်ပိုက်ထားတဲ့အရုပ်ကိုမေးဆတ်ပြရင်းမေးလိုက်တော့...

"ဒါ.. ကျွန်တော့်ဟာ။ ညကျရင်ဖက်အိပ်မလို့"

"ဟွန်း.. ကိုယ်တစ်ယောက်လုံးရှိနေတာကို.. ဖက်ချင်ရင်ကိုယ့်ကိုဖက်လို့ရနေတာပဲ"

"ဘာဆိုင်လို့လဲ.. ခင်ဗျားကအရုပ်မှမဟုတ်တာ။ ပြီးတော့ကျွန်တော်ကအရုပ်လေးတွေနဲ့ဖက်အိပ်ရတာကိုကြိုက်တယ်။ ရင်ခွင်ထဲမှာအိအိစက်စက်နဲ့နွေးနေတာလေးကိုသဘောကျတာ"

"ကိုယ်နဲ့ဖက်အိပ်ရင်တစ်ကိုယ်လုံးနွေးနေမှာ"

"ဘာလို့ခင်ဗျားနဲ့ဖက်အိပ်ရမှာလဲ။ ကျွန်တော်ကဂျီမင်းနဲ့... ဟင်! တခြားသူတွေရော"

ဆော့ဂျင်ကိုယ်လေးကိုတစ်ပတ်လည်ကာလှည့်ရှာကြည့်တော့တကယ်ပဲ ဒီနေရာမှာသူတို့နှစ်ဦးသာရှိသည်။

"Workshop သွားရမှာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ.. ဒါပေမယ့် တခြားသူတွေကနောက်သုံးရက်လောက်နေမှလိုက်လာကြမှာ"

"သုံးရက်! ဒါဆိုဘာလို့... "

ပြောမယ့်စကားကိုခဏရပ်ပြီးမချိုမချဥ်မျက်နှာနဲ့ထိုလူသားကိုမျက်စောင်းထိုးရ၏။

"အဲ့ဒါဘာသဘောလဲ"

"ဟဲ.. ဟဲ"

သူမေးတာကိုမဖြေဘဲရယ်ကျဲကျဲစပ်ဖြဲဖြဲမျက်နှာပေးဖြင့်သူ့အနားလာပြီးသူ့ခါးကိုလက်နှစ်ဖက်ဖြင့်သိုင်းဖက်ကာသူ့ပုခုံးပေါ်တွင်မေးတင်လျက်..

"အဲ့ဒါ.. ဘာသ​ဘောလဲဆိုတော့.... "

"သိသားပဲ.. တခြားသူတွေမလာခင်အလုပ်ကိုပိုလုပ်ရမယ်ဆိုတဲ့သဘောမဟုတ်လား"

********** **********

"Heol.. တကယ်ကြီးအလုပ်လုပ်နေရတာပဲ"

ပူပူနွေးနွေးချစ်သူလေးနဲ့ဂျယ်ဂျူဒိုကသူ့အပိုင်အပန်းဖြေအိမ်မှာကြည်နူးစရာအခိုက်အတန့်လေးတွေဖန်တီးခွင့်ရမလားမှတ်ပါတယ်.. ဂျယ်ဂျူမြေကိုခြေစချကတည်းကအပန်းဖြေအိမ်တောင်မသွားရဘဲ workshop လုပ်မယ့်ခန်းမကိုတန်းလာခဲ့ရသည့်အပြင် ရောက်ကတည်းက ဒီကတာဝန်ခံကိုသိပြီးသားတွေကိုထပ်ခါထပ်ခါမေးရင်းအလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့တစ်ယောက်သောသူကြောင့်စိတ်ရူးပေါက်ပြီးအော်ဟစ်ပစ်လိုက်ချင်သည်။

"ကျွန်တော်တို့က pre-event during event post-event ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးစနစ်တကျသေချာစီစဥ်ထားတာမို့ ဒီပွဲလေးကလည်းအမှားအယွင်းနည်းနည်းနဲ့အောင်မြင်မှာပါ"

"Post-event အတွက်ရော တာဝန်ခံချွဲတို့ ဘာတွေစီစဥ်ထားလဲ"

"ကျွန်တော်တို့လုပ်မယ့်ပွဲက sustainability ကိုအခြေခံထားတာမို့ recycle ပိုင်းကိုဦးစားပေးလုပ်သွားမှာပါ။ ပွဲစဥ်တစ်လျှောက်လည်း eco-friendly ဖြစ်တဲ့ product တွေကိုပဲသုံးသွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုလည်း ဗဟုသုတတိုးအောင်ပွဲမစခင် sustainable activities လေးတွေလည်းလုပ်ဖို့စီစဥ်ထားပါတယ်"

"ကောင်းတာပေါ့။ ဒါဆိုကလေးတွေအတွက်ရောဘယ်လို activities လေးတွေစီစဥ်ထားလဲ"

"ကလေးတွေအတွက်ကတော့... "

"ဟာ.. "

တာဝန်ခံချွဲကခန်းမအနှံ့လျှောက်ရင်းပွဲအတွက်စီစဥ်ထားတာတွေကိုအရှေ့က​နေကြိုးကြိုးစားစားရှင်းပြနေချိန် ဒါရိုက်တာဆိုတဲ့လူကအနောက်ကနေ.. သူ့ခါးကိုဆွဲဖက်လိုက်၊ ပါးကိုဆွဲဆိတ်လိုက်၊ ဆံပင်တွေကိုလာဖွလိုက်နဲ့ လက်ကမြင်းနေလေတော့သူ့မှာတာဝန်ခံမရိပ်မိအောင်ထိုအမြင်ကတ်စရာလူသားနဲ့ခပ်ကျိတ်ကျိတ်ရန်ဖြစ်ရတာအမော။

"ဘယ်လိုဖြစ်နေတာလဲ"

လက်ကမြင်းရုံနဲ့တင်အားမရတော့ဘဲသူ့ကိုရင်ခွင်ထဲဆွဲသွင်းကာသူ့ရဲ့ပါးမို့မို့လေးထဲနှာခေါင်းနစ်ဝင်သည်အထိအတင်းချုပ်နမ်းလာတာမို့သည်းမခံနိုင်တော့တာနဲ့ထ,အော်လိုက်မိတော့ တာဝန်ခံချွဲကသူတို့ကိုအလန့်တကြားလန့်ကြည့်လာသည်။

"Curator ကင်.. ဘာများဖြစ်လို့လဲဟင်"

"ဘာ.. ဘာမှမဖြစ်ပါဘူး။ ဟို.. ခြင်.. ခြင်.. အနားမှာတဝီဝီလာလုပ်နေလို့.. စိတ်တိုပြီးအော်လိုက်မိတာ"

"ဟင်! ဒီခန်းမထဲမှာခြင်ရှိတယ်?"

"ရှိတယ်.. ရှိတယ်.. ခြင်တောင်ရိုးရိုးခြင်မဟုတ်ဘူး.. သူများပါးနားမှာဘဲလာ, လာ ဝဲနေတဲ့ နှာဘူးခြင်ကြီး"

အနမ်းခံရတဲ့ပါးလေးကိုလက်ဝါးဖြင့်ဖိပွတ်ကာနှုတ်ခမ်းလေးတထော်ထော်နဲ့ဂျစ်တစ်တစ်အပြောလေးကြောင့်အသည်းတယားယားနဲ့ဆွဲမွေ့ယမ်းပစ်ချင်တဲ့စိတ်ကိုမနည်းမြိုချကာမျက်နှာထားကိုအစွမ်းကုန်တည်ထားရသည်။

"Curator ကင်ရယ်.. နှာဘူးခြင်ဆိုတာရှိလို့လား"

"ရှိတာပေါ့။ ဖြစ်နိုင်ရင်.. ဟောဒီလိုတောင်လက်ညှိုးထိုးပြလိုက်ချင်သေးတယ်"

"အဟင်း.. ဟင်း.. ဟင်း.. ဟို.. တာဝန်ခံချွဲ"

သူ့မျက်နှာနားမှာဝေ့ဝဲလာတဲ့လက်ညှိုးကောက်ကောက်လေးကိုမသိမသာဖမ်းဆွဲထားလိုက်ရသည်။ဒါတောင်အူတူးဂျစ်တူးလေးကလက်သည်းချွန်ချွန်လေးနဲ့သူ့လက်ဖဝါးကိုမရမကလှမ်းကုတ်ပြီးရုန်းနေသေးတာ။

"တာဝန်ခံချွဲကတော့.. အမြဲလှည့်ကြည့်စရာမလိုလောက်အောင်အလုပ်ကိုစေ့စေ့စပ်စပ်လုပ်တတ်မှန်းသိထားပြီးသားပါ။ အခုလည်းစီစဥ်ထားတာတွေအားလုံးအကုန်ထောင့်စေ့ပြီးပြည့်စုံပါတယ်။ ဒါပေမယ့်.. ကျွန်တော်တို့လည်းဒီနေ့မှရောက်တာဆိုတော့ခရီးပန်းနေလို့ ဒီနေ့တော့ဒီလောက်နဲ့ပဲနားလိုက်ရအောင်"

"အာ.. ဟုတ်သားပဲ။ ဒါရိုက်တာဂျွန်တို့ပင်ပန်းနေမှာပေါ့။ သွားနားကြပါ။ ဪ.. ဒါနဲ့.. ကျွန်တော်တို့ဒီည ပွဲအကြိုဂုဏ်ပြုပွဲလေးဒီနားက bar မှာလုပ်ဖို့ရှိတယ်ဗျ။ ပွဲဆိုပေမယ့်အပြင်လူမပါပါဘူး.. ဒီကဝန်ထမ်းတွေပါပဲ။ ဒါပေမယ့်.. ဒါရိုက်တာဂျွန်တို့ကခရီးပန်းလာတယ်ဆိုတော့လည်း.... "

"လာရမှာပေါ့.. လေယာဥ်နဲ့လာတာပဲဟာ.. ခရီးသိပ်မပန်းပါဘူး။ခဏလောက်နားလိုက်ရင်ရပြီ"

ကင်ဆော့ဂျင်တို့ဘယ်လိုအကွက်တွေရွှေ့ချင်နေသလဲဆိုတာသူရိပ်မိနေတာမို့...

"မဟုတ်ဘူးလေ..မသွားတော့ဘူးလေ။ ဒီနေ့ဒီအတိုင်းပဲနားလိုက်တော့မယ်လေ"

"ဒါရိုက်တာမလိုက်နိုင်ရင်နေခဲ့ပေါ့။ ကျွန်တော်တစ်ယောက်တည်းသွားလည်းဖြစ်တာပဲ။ တာဝန်ခံချွဲ.. ကျွန်တော်လာမယ်.. ကျွန်တော်"

အတင်းသွားမယ်, သွားမယ်နဲ့တက်ကြွနေသူလေးကိုလွန်ဆန်လို့မရတဲ့အဆုံး.. သူလည်းပွဲတက်ပါ့မယ်လို့ပဲအင်တင်တင်နဲ့လက်ခံလိုက်ရတော့သည်။

********** **********

"တော်သင့်ပြီ.. တော်သင့်ပြီ.. များနေပြီ"

"ဟာ.. အဟွတ်.. တစ်ငုံတောင်မသောက်ရသေးဘူးလေဗျာ။ ဘာလို့အတင်းကြီးလာဆွဲနေတာလဲ"

ဘီယာလေးတစ်ငုံလောက်သောက်မယ်ပြင်တိုင်းလက်ကိုအတင်းလာ, လာဆွဲနေတာမို့ဆော့ဂျင်မျက်မှောင်ကုတ်ရင်းမကျေမနပ်လေးပြောလိုက်မိသည်။ ဒါပေမယ့်.. တခြားသူတွေလည်းရှိနေကြသဖြင့်ကျယ်ကျယ်လောင်လောင်လည်းပြန်အော်လို့မရတာကြောင့်တိုးတိုး, တိုးတိုးနှင့်ရန်ကျိတ်ဖြစ်နေရလို့အားမရမိတာတော့အမှန်။

"များသွားမှာစိုးလို့ပါ"

"သောက်တောင်မသောက်ရသေးတာကို ဘယ်လိုလုပ်များမှာလဲ။ ချုပ်ချယ်မယ်တော့မကြံနဲ့နော်.. မကြိုက်ဘူး။ ကိုယ့်ဘာသာကိုလုပ်ချင်တာလုပ်မှာ"

"ချုပ်ချယ်တာမဟုတ်ပါဘူး။ သောက်တာများသွားရင်နောက်နေ့ခေါင်းတွေကိုက်ပြီးမထနိုင်မှာစိုးလို့ပါ။ ခေါင်းကိုက်တဲ့ဝေဒနာဆိုတာပြောတော့သာဘာမှမဟုတ်တာ..တကယ်တမ်းဖြစ်ရင်အရမ်းခံစားရတာ.. အူတူးရ။ အဲ့ဒါကြောင့်.. အူတူးကလိမ္မာပါတယ်.. စကားနားထောင်လေ.. နော်"

လေသံပျော့လေးနှင့်ချော့မော့ပြောနေပေမယ့်သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေချင်တာကိုသိမ်းသွင်းဖို့ကြိုးစားနေတာမို့သိပ်တော့မကျေနပ်ချင်။ ဒါကြောင့်.. သူ့လက်ထဲကဆွဲသွားတဲ့ဘီယာခွက်ကိုပြန်အတင်းပြန်လိုက်လုနေတုန်း...

"ဂျောင်ကု"

အသံကြားရာကိုလှည့်ကြည့်လိုက်တော့သူတို့ထက်အသက်အနည်းငယ်ကြီးပုံရသည့်ဆွဲဆောင်မှုရှိစွာလှပသောအမျိုးသမီးတစ်ဦး။

"ရှာရွန်း.. နူနား?"

ဂျောင်ကုကတလေးတစားနဲ့နူးနားလို့ခေါ်ကာဝမ်းသာအားရထ, နှုတ်ဆက်ရသောထိုအမျိုးသမီးသည်မပီမပြင်ဝိုးတဝါးမီးရောင်အောက်မှာတောင် ထင်းလင်းနေအောင်လှပါသည်။ မနိမ့်မမြင့်အရပ်အမောင်းနှင့်လိုက်ဖက်သောအချိုးအဆစ်ကျသည့်ခန္ဓာကိုယ်အချိုးအစားကလည်း ဖျတ်ခနဲကြည့်ရုံနဲ့တင်ခန့်မှန်းနိုင်သည်.. ၃၆ ၂၄ ၃၆..

"နူနားက ဘယ်တုန်းကဒီကိုပြန်ရောက်နေတာလဲ"

"မကြာသေးဘူး။ ဒီကို... "

စကားတပြောပြောနဲ့ထွက်သွားကြတာ.. သူ့ကိုတစ်ချက်လေးတောင်အဖက်လုပ်ဖော်မရ။ အနည်းဆုံးတော့.. ဒီအမျိုးသမီးက.. ဘယ်သူဘယ်ဝါပါဆိုပြီးမိတ်ဆက်ပေးသင့်တာပေါ့.. မဟုတ်ဘူးလား။

"ဟွန်း.. သွားကြီးကိုဖြဲလို့... သူ့ကိုယ်သူ သွားဆေးခန်းရောက်နေတယ်များထင်နေလားမသိဘူး"

မျက်နှာလေးကိုသုန်မှုန်ထားပြီးပါးနှစ်ဖက်ကိုဖောင်းနေအောင်နှုတ်ခမ်းစူထားကာ ပါးစပ်ကဗျစ်တောက်ဗျစ်တောက်ပြောရင်းဘီယာခွက်ကြီးကိုတစ်ကျိုက်တည်းကုန်အောင်မော့သောက်ပစ်လိုက်သည်။

"တာဝန်ခံချွဲ.. ကျွန်တော့်ရဲ့အူ.... Curator ကင်ရော"

"ဟင်! ခုနကဒီနားမှာရှိနေပါသေးတယ်။ ဘယ်ရောက်... "

"Under my umbrella Ella Ella eh eh eh
Under my umbrella ella ella eh eh.. အစ်"

တာဝန်ခံချွဲရဲ့စကားပင်မဆုံးခင်မှာပဲကြားလိုက်ရတဲ့အသံစူးစူးလေးကြောင့်ကြည့်လိုက်တော့ကျေးဇူးရှင်ကကောင်တာပေါ်မှာတင်ပလင်ခွေချိတ်ထိုင်ပြီးသီချင်းတွေအားရပါးရထိုင်ဆိုနေလေရဲ့။ ပြီးတော့ cocktails ခွက်တွေမှာအလှစိုက်တဲ့ထီးသေးသေးလေးတွေကိုပန်းပန်သလိုနားနှစ်ဖက်ကြားထဲညှပ်ထားပြီးလည်ပင်းမှာလည်းပြေစာစာရွက်တွေကိုမာဖလာလိုပတ်ထားသေးသည်။ ကဲ.. ကြည့်ဦး.. ခဏလေးထားပြီးထွက်သွားမိပါတယ်.. ဒီအဆိုးလေးကဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ။

"Under my umbrella Ella Ella.. အစ်.. အေ့.."

"အူတူး.. လာ.. ဆင်းခဲ့။ ပြန်မယ်"

"မပြန်ပါဘူး.. ခင်ဗျာ.. အူတူးလေးက.. ဒီမှာပဲအိပ်မှာပါခင်ဗျာ.. ဟီး.. ဟီး"

ပြောရင်းဆိုရင်းနဲ့ကောင်တာပေါ်မှာပဲလှဲအိပ်ဖို့ပြင်တော့သူက ကမန်းကတန်းနဲ့လက်လေးကိုဖမ်းဆွဲထားပြီးခါးလေးကိုသိမ်းပွေ့ကာကောင်တာပေါ်ကနေ မ,ချီပြီးအောက်ကိုချပေးရသည်။ အောက်ရောက်တော့သူ့ရင်ဘတ်မှာမျက်နှာလေးကပ်ပြီးငြိမ်ကျသွားသည်။ ငုံ့ကြည့်လိုက်တော့အမူးသမားလေးကနှုတ်ခမ်းလေးကိုတဖူးဖူးမှုတ်ရင်းအိပ်ပျော်နေပြီ။

သူကအိပ်ပျော်သွားရှာပြီဖြစ်တဲ့အမူးသမားလေးကိုပွေ့ချီဖို့ပြင်လိုက်တုန်းရှာရွန်းနူနားကသူ့နားကိုရောက်လာပြီး...

"သူက.. ခုနကပြောတဲ့.. "

"ဟုတ်တယ်.. နူနား။ ဒါပေမယ့်.. သူမူးပြီးအိပ်ပျော်သွားလို့နောက်နေ့မှပဲမိတ်ဆက်ပေးတော့မယ်နော်"

"အေးပါ.. ရပါတယ်။ ဒါနဲ့.. တစ်ယောက်တည်းဖြစ်ရဲ့လား။ နူနားတို့လိုက်ပို့ဖို့လိုသေးလား"

"ရတယ်.. ဖြစ်တယ်။ ပြန်တော့မယ်နော်.. နောက်မှထပ်ဆုံမယ်"

"အေး.. အေး"

********** **********

~တီ.. တီ.. တီ~

ကားဟွန်းကိုသုံးချက်ဆင့်တီးပြီး ခြံတံခါးပွင့်လာဖို့ခေတ္တစောင့်ပြီးနောက်.. ပွင့်, ဟလာသည့်ခြံဝန်းကျယ်ကြီးထဲသို့ကားကိုကျွမ်းကျင်စွာမောင်းဝင်လာခဲ့သည်။ ခမ်းနားသည့်အပန်းဖြေအိမ်ကြီး၏ ဆင်ဝင်အောက်တွင်ကားကိုရပ်လိုက်ပြီးကားပေါ်မှခပ်သုတ်သုတ်ဆင်းကာ...

"ရပြီ.. ဦးလေးတို့အလုပ်ဆင်းတော့"

"ဟုတ်ကဲ့ပါ.. သခင်လေး"

ခြံစောင့်ဦးလေးကြီးသူ့နားကထွက်သွားတော့သူလည်းကားထဲကအမူးသမားလေးကိုခဲရာခဲဆစ်ပွေ့ချီပြီးအိမ်ထဲကိုပို့ဖို့ပြင်ရသည်။

"ဟာ.. အူတူး.. ငြိမ်ငြိမ်နေလေ"

"ဟင့်အင်း.. အောက်ချပေး.. ချပေး.. လို့"

တစ်လမ်းလုံးအိပ်နေတာအကောင်းအိမ်ထဲရောက်ခါနီးမှထဖောက်လာတဲ့အမူးသမား​လေးဟာ.. သူ့လက်ပေါ်မှာတစ်စက်မှအငြိမ်မနေ.. ကော့လန်ထိုးပြီးရုန်းကုန်လာတာမို့အခန့်မသင့်ရင်နှစ်ယောက်လုံးလဲသွားနိုင်တာကြောင့်ချီထားလျက်ကနေအောက်ကိုချပေးလိုက်ရသည်။ ဒါပေမယ့်ယိုင်လဲကျသွားမှာစိုးလို့လက်နှစ်ဖက်ဖြင့်ပခုံးမှကိုင်ကာထိန်းထားပေးရသည်။ ဧည့်ခန်းထဲရောက်တော့အမူးသမားအဆိုးလေးကကြမ်းပြင်ပေါ်မှာပဲထိုင်ချလိုက်တာမို့..

"အဲ့မှာမထိုင်နဲ့လေ.. အူတူးရဲ့။ အေးမှာပေါ့"

"အင်း.. အူတူးလေး.. အေးတယ်"

အေးတယ်ဆိုပြီးလည်ပင်းမှာမာဖလာလိုပတ်ထားတဲ့ပြေစာစာရွက်စကိုပါးမှာကပ်ထားသည်။ မူးကာမှပဲ.. သူ့ကိုယ်သူအူတူးလေးတဲ့.. ချစ်စရာ။

"ပေး.. ပေး.. ဒါကြီးဖယ်လိုက်"

"ဟင့်အင်း.. မပေးဘူး။ ဒီ.. ရစိပစ်ကလေ... "

"ရစိ(တ်) ပါကွာ"

"အဲ့ဒါပြောတာပေါ့.. ဘာလို့ရစိ(တ်) လဲ.. စာလုံးပေါင်းမှာ p ပါတယ်လေ။ စာလုံးပေါင်းမှာကျတော့ပါပြီးအသံထွက်တော့ဘာလို့မပါတာလဲ.. ပြော.. အစ်.. အဲ့ဒါဘာသဘောလဲ.. p ကိုမလေးစားတာလား.. p ကခင်ဗျားတို့အတွက်ဘာလဲ.. လိုသုံးလား.. လိုချိုလား.. ဟင်.. ဘယ်မှာလဲ.. p အတွက်တရားမျှတမှု.. ဟမ်"

သူ့မှာဘာပြောလို့ပြောရမှန်းတောင်မသိဘဲခေါင်းတွေတောင်တဖျင်းဖျင်းကုတ်နေမိတော့သည်။ မသိရင်ဘဲ.. သူ့မှာဆိုင်းဘုတ်ကိုင်ပြီး p ကိုယ်စားဆန္ဒထွက်ပြပေးရတော့မလိုလို။

"အဲ့တော့.. p ကိုလေးစားတဲ့အနေနဲ့ ရစိပစ်ပဲ.. ဘာမှလာမရှင်းပြနဲ့"

"ဟုတ်ပါပြီဗျာ.. ကြိုက်သလိုခေါ်ပါ။ အခု... "

"အဟင့်.  အဟင့်.. P လေးဘဝကအရမ်းသနားစရာကောင်းတာပဲ.. သိလား။ သူ့ရဲ့ဖြစ်တည်မှုကိုဘယ်သူမှအသိအမှတ်မပြုကြဘူး။ အစ်.. photosynthesis တို့ physics တို့ phosphorus တို့မှာလည်း p ပါတာပဲ။ ဘာလို့.. အသံထွက်တော့ f အသံကြီးဖြစ်နေတာလဲ.. အဲ့ဒါဘာသဘောလဲ.. ထားတော့ရှေ့ဆုံးမှာထားပြီးတခြားတစ်ယောက်နဲ့.. အစားထိုးခံလိုက်ရတာလား.. ဟမ်.. ပြီးတော့ရှိသေးတယ်.. psycho..pneumonia အစကတည်းကအသိအမှတ်မပြုဘူးဆိုရင်လည်းဘာလို့ထည့်သုံးထားသေးလဲ.. အဟင့်.. အဟင့်.. သနားပါတယ်.. p ရဲ့ဘဝလေးကလည်းဒီက အူတူးလေးလိုပဲ.. အပယ်ခံလေး.. အီး.. ဟီး.. သနားတယ်.. ခံပြင်းတယ်.. ကိုယ်ချင်းလည်းစာတယ်... အီး.. ဟီး"

"နေစမ်းပါဦး.. ခင်ဗျားလေးကဘယ်တုန်းကအပယ်ခံဖြစ်သွားတာလဲ"

"မကောင်းတဲ့လူကြီး"

မူးနေတဲ့ကြားကလူကိုမျက်လုံးလှန်ပြီးလေဆာတွေပစ်လွှတ်မတတ်ကြည့်နေသေးတာ..

"ဟောဗျာ.. ကိုယ်ဘာလုပ်မိလို့လဲ"

"မေးတယ်.. မေးတယ်ပေါ့.. အဲ့ဒါ.. ညာတာ.. ဗြောင်လိမ်တာ.. ဒါ.. လိမ်လည်မှု.. ခဏနေဦး.. ဒီလိမ်လည်မှုကိုသတင်းပေးရမယ်.. ရဲတိုင်ရမယ်.. အယ်.. ငါ့ဖုန်း.. ငါ့ဖုန်းဘယ်ရောက်သွားလဲ.. ဪ.. ခင်ဗျားက.. အခု.. ဖုန်းကိုပါခိုးထားပြီပေါ့.. ဟုတ်လား"

"ဒီမှာ.. မူးနေလည်းအေးဆေးနေ.. လာမရစ်.. အား!"

နဖူးလေးကိုလက်ညှိုးနဲ့တွန်းပြီးဆူသလိုပြောလိုက်တာကိုအမူးသမားအဆိုးလေးကသူ့လက်ညှိုးကိုဆွဲပြီးကိုက်ပစ်တယ်..

"ရား!"

"မကောင်းတဲ့လူကြီး.. လူကိုတစ်ယောက်တည်းထားသွားတယ်"

"ဘယ်တုန်းကထားသွားလို့လဲ"

"ထားသွားတယ်လေ.. လူကိုတစ်ယောက်တည်းပစ်ထားပြီး ဟို.. ၃၆ ၂၄ ၃၆ နဲ့ ဟီးဟီး.. ဟားဟား.. သွားလုပ်နေတယ်လေ"

"ဘယ်က.. ၃၆... အာ.. ရှာရွန်းနူနားကိုပြောတာလား"

"မခေါ်နဲ့.. အဲ့နာမည်ကိုမခေါ်နဲ့.. မကြားချင်ဘူး။ အူတူးလေးရဲ့နာမည်ကိုပဲခေါ်ရမယ်"

လတ်စသတ်တော့သဝန်တွေတိုပြီးလာရစ်နေတာကိုး.. အခုမှပဲအခြေအနေကိုသုံးသပ်မိတော့တယ်။

"အဲ့ဒါ.. ကိုယ့်အစ်မဝမ်းကွဲပါကွာ"

"ဟုတ်လို့လား"

"ဟုတ်တယ်.. အိမ်ထောင်ကျပြီး.. နိုင်ငံခြားမှာပဲအနေများလို့အခုမှပြန်တွေ့ကြတာ။ အဲ့မှာသူ့ယောက်ျားလည်းပါတယ်"

"အဲ့ဒါဆို.. ဘာလို့မိတ်မဆက်ပေးတာလဲ"

"မိတ်ဆက်ပေးဖို့လာခေါ်တယ်လေ.. ခင်ဗျားလေးကမူးနေတာကိုး"

"အာ.. အဲ့လိုလား.. ဟီး.. ဟီး.. ဒါဆို.. အူတူးလေးအတွက်တရားမျှတမှုပြန်ရပြီပေါ့.. ဟီး.. ဟီး.. ပျော်လိုက်တာ"

"ဟွန့်.. အခုမှ.. "

"ဒါပေမယ့်.. p အတွက်ရော.. p အတွက်တရားမျှတမှုကိုဘယ်သူကရှာပေးမှာလဲ"

ဒုက္ခပါပဲ.. p ရယ်။ ဒီ p ကဒီအဆိုးလေးရဲ့ပါးစပ်ထဲဘယ်လိုလုပ်ရောက်သွားပါလိမ့်နော်..

"မနက်ဖြန်ကျမှ.. ကိုယ် ကိုယ်တိုင်တရာရုံးသွားပြီးဦးတိုက်လျှောက်ပေးမယ်.. ဟုတ်ပြီလား"

"တကယ်နော်"

"အင်း.. ကဲ.. လိမ္မာတယ်.. ထ.. သွားအိပ်မယ်"

ချိုင်းအောက်ကနေမပြီးထူဖို့လုပ်ပေမယ့်ထူလို့မရအောင်အဆိုးလေးကသူ့လည်ပင်းကိုအတင်းပြန်ခိုထားသည်။

"ဟင့်အင်း.. မထဘူး။ ဒီမှာပဲ.. အိပ်မှာ"

"ဪ.. ကဲ.. ထပါဆိုမှ.. စိတ်ဆိုးလာပြီနော်"

"စိတ်ဆိုးတယ်? စိတ်မဆိုးပါနဲ့.. စိတ်ဆိုးရင်.. ချော့မယ်လေ.. နော်.. ကူးကူးထိုကီ.. ဟန်နီဘန်နီ.. နော်"

သူ့မျက်နှာကိုမျက်လုံးတောက်တောက်လေးတွေနဲ့လိုက်ကြည့်ရင်းခေါင်းလေး​စောင်းပြီးလုပ်ပြနေတဲ့ပုံလေးကအသည်းယားဖွယ်အတိ။ နောက်နေ့မှ.. ခင်ဗျား.. ခင်ဗျားနဲ့လာခေါ်ကြည့်.. လူကြားထဲလည်းမရှောင်ဘဲအဲ့ဒီ့နှုတ်ခမ်းလုံးလုံးလေးကိုပေါက်ထွက်သွားအောင်နမ်းပစ်ဦးမယ်.. ကြည့်နေ။

"အမူးသမား.. အဆိုးလေး.. ပြောစကားလည်းနားမထောင်ဘူး"

"အဆိုးလေးမဟုတ်ပါဘူး။ အူတူးလေးကအချစ်ခံချင်တာပါလို့"

ပန်းယောင်သမ်းနေသောမျက်နှာလေးလှလှလေးမှာသူ့ကိုစိုက်ကြည့်နေသောကြည်လင်တဲ့မျက်လုံးတောက်တောက်လေးတွေကရီဝေဝေရှိလှသည်။ ဒီမျက်ဝန်းလေးတွေသာပင်လယ်ပြင်ဆိုရင်ဘယ်လောက်ပဲလှိုင်းထန်ပါစေ.. မမောတမ်းလက်ပစ်ကူးလိုက်ချင်ပါရဲ့။

"အူတူး.. အရမ်းမူးနေပြီပဲ။ သွားအိပ်မယ်.. ထ... "

စကားမဆုံးခင်သူ့နှုတ်ခမ်းတွေပေါ်ရောက်လာသည့်ဇွတ်တရွတ်ဆန်လှသည့်နှုတ်ခမ်းဖူးဖူးလေးကြောင့်ပွေ့ချီဖို့ပြင်နေတဲ့သူ့လက်တွေက အမူးသမားလေးရဲ့ခါးတွေဆီပြန်ရောက်သွားကာ တင်းနေအောင်ပွေ့ဖက်လိုက်မိသည်။ အယ်လ်ကိုဟောနံ့သင်းနေသည့်နှုတ်ခမ်းဖူးဖူးလေးက သူ့နှုတ်ခမ်းကိုထက်သန်စွာစုပ်ယူနမ်းရှိုက်လာတာကြောင့်ပြင်းပြင်းပြပြအနမ်းတွေရဲ့ဖျားယောင်းမှုနောက်မှာနှလုံးသားသည်ညွတ်နူးပျော့ပျောင်းလာ၏။ သူဟာ ကျောက်သားနဲ့ထုဆစ်ထားတဲ့ ကျောက်ဆစ်ရုပ်မှမဟုတ်ဘဲ.. အသည်းနှလုံးရှိတဲ့လူသားတစ်ဦးပဲ.. ဒီအထိအတွေ့လေးတွေကိုဘယ်လွန်ဆန်နိုင်ပါလိမ့်မလဲ။ ပြီးတော့.. ဒီလူသားလေးကသူရူးမတတ်မြတ်နိုးရတဲ့သူ့ရဲ့အံ့ဖွယ်လူသားလေးလေ..

ဒီညလေးကို.. အချစ်နဲ့ပဲရှင်သန်ချင်မိပါတော့သည်။

အနမ်းတွေကိုရပ်တန့်လိုက်ချိန်သူ့ရင်ဘတ်တွင်မျက်နှာအပ်ရင်းအမောဖြေ​နေတဲ့ချစ်ရသူလေးကိုပွေ့ချီလိုက်လျင်.. ဆော့ဂျင်ကလည်းသူ့လည်ပင်းကိုအလိုက်သင့်လေးပြန်ဖက်တွယ်လျက်သူ့ရင်ဘတ်တွင်မျက်နှာအပ်ထားဆဲမှာသူက.. အိပ်ခန်းဆီသို့တစ်လှမ်းချင်းလှမ်းဝင်လိုက်လေသည်။

အချစ်ရောင်ဖြန်းခံရတဲ့ညလေးတစ်ညရဲ့ ဆုံစည်းမှုလေးတစ်ခုပေါ့...

********** **********

အချိန်ပေးပြီးဖတ်ပေးကြတဲ့ readerလေးတွေအားလုံးကျေးဇူးပါ 🥰

ဒီတခေါက်တော့အနားယူတာကြာသွားတဲ့အတွက်အရှည်ကြီးပဲရေးပေးလိုက်ပါတယ်။ စာလုံးရေ ၈ထောင်ကျော်ပါတယ်နော်။

တကယ်တော့ အရှည်ကြီးရေးတဲ့အကြောင်းအရင်းရှိပါတယ်။ ဒါလေးကိုမြန်မြန်ဇာတ်သိမ်းလိုက်ချင်လို့ပါ။ အခုတောင်ဇာတ်လမ်းက လေးလာပြီဆိုတော့ဆွဲဆန့်ရင်လည်းမကောင်းတော့ဘူးလေ.. နော့ 😁

**********

Zawgyi

~ကြၽီ~

ခပ္ဟဟပြင့္လာသည့္တံခါးၾကားမွလွစ္ခနဲျပဴထြက္လာတဲ့ေခါင္းေသးေသးလုံးလုံးေလးဟာ မဝံ့မရဲ.. သို႔ေပမယ့္.. မၿငိမ္သက္.. လႈပ္လီလႈပ္လဲ့ျဖင့္ ဘယ္တစ္လွည့္၊ ညာတစ္လွည့္ ဆတ္ခနဲ, ဆတ္ခနဲယမ္းခါေန၏။ ေခါင္းေလးကိုဘယ္ညာတစ္ခ်က္စီယိမ္းလိုက္တိုင္းေဝ့ခါသြားတဲ့ဆံပင္ညိုညိုေကာက္ေကာက္ေလးေတြဟာလည္း ပုစြန္ဆီေရာင္ေကာင္းကင္ႀကီးကိုေနာက္ခံထားလ်က္လြတ္လပ္စြာပ်ံသန္းေနၾကတဲ့ပ်ံလႊားငွက္ကေလးမ်ားသဖြယ္..

"ဒါ.. ဘာလုပ္ေနတာလဲ"

"အမေလး!"

အနားမွာကပ္ၿပီးေပၚလာတဲ့အသံေၾကာင့္ေဆာ့ဂ်င္လန့္ဖ်တ္ေအာ္မိရင္းေနာက္သို႔ခ်ာခနဲလွည့္ၾကည့္လိုက္ေတာ့သူရင္ဆိုင္လိုက္ရတာက.. ၿပဳံးစစမ်က္ႏွာနဲ႕ထိုလူသား။ ဘယ္ႏွစ္ႀကိမ္မွန္းေရတြက္လို႔မရေအာင္လြင့္ရျပန္ၿပီ.. သူ႕လိပ္ျပာ။ဒီလူေၾကာင့္သူ႕ရဲ႕လိပ္ျပာေလးလည္းဒီေန႕တေနကုန္.. နားခ်ိန္ေတာင္မရွိဘဲလြင့္လိုက္ရတာဆိုတာ.. သနားစရာေတာင္အေတာ္ေကာင္းေနၿပီ။

"ဘာလုပ္ရမွာလဲ။ မျမင္ဘူးလား.. ေခ်ာင္းေနတာေပါ့"

ရင္ဘတ္ေလးကိုလက္ႏွစ္ဖက္ျဖင့္ဖိကာမေက်နပ္သံေလးျဖင့္သူေျပာလိုက္ေတာ့...

"ကိုယ္တစ္ေယာက္လုံးမင္းအနားမွာရွိေနတာကိုမင္းကဘယ္သူ႕ကိုေခ်ာင္းေနတာလဲလို႔။ဘာလဲ..မာရသြန္ေျပးဖို႔ႀကံေနတာလား။ ေျပးလည္းအပိုပဲေနာ္.. မင္းရဲ႕.. စမွတ္.. ဆုံးမွတ္.. ႏွစ္ခုစလုံးကကိုယ္ပဲမို႔... ဘယ္ေလာက္ေျပး,ေျပးအခ်ိန္တန္ရင္ကိုယ့္ဆီပဲေရာက္လာမွာ"

မ်က္ခုံးတစ္ဖက္ကိုပင့္ကာကိုယ့္ကိုယ္ကိုယုံၾကည္မႈလြန္ကဲေနေသာမ်က္ႏွာထားျဖင့္ ခပ္ျမဴးျမဴး၊ ခပ္႐ႊတ္႐ႊတ္ထိုအေျပာကိုေဆာ့ဂ်င္မ်က္ေစာင္းတစ္ခ်က္ခဲရင္းသာတုံ႕ျပန္လိုက္သည္။

"ေခ်ာင္းရမွာေပါ့.. ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတူတူ႐ုံးဆင္းတာကိုတျခားဝန္ထမ္းေတြျမင္သြားရင္ဘယ္လိုလုပ္မလဲ"

"အဟင္း... ျမင္ေတာ့ဘာျဖစ္လဲ.. မနက္ကလည္းအလုပ္အတူတူလာတာကိုသူတို႔အကုန္ျမင္တာပဲ"

"ဒါ.. ဒါေပမယ့္လည္း... "

"သြားၾကမယ္"

"ခဏ... "

ေဆာ့ဂ်င္.. တားခ်ိန္ေတာင္မရလိုက္။စိတ္ျမန္လက္ျမန္ရွိလွတဲ့ထိုလူသားက႐ုံးခန္းတံခါးကိုဖြင့္ကာ..မည္သူတစ္ဦးတစ္ေယာက္ကိုမွ်အမႈထားဟန္မေပၚဘဲ သူ႕လက္ကိုဆြဲ၍ ႐ုံးခန္းထဲမွေပၚေပၚထင္ထင္လွမ္းထြက္လိုက္သည္။ သူ႕မွာသာ.. စပ္စပ္စုစုဝိုင္းၾကည့္ေနၾကမယ့္တျခားဝန္ထမ္းေတြရဲ႕ဘက္ကိုမၾကည့္မိေအာင္မ်က္ႏွာကိုတစ္ဖက္သို႔ေစာင္းငမ္းငမ္းေလးလွည့္ရင္းထိုလူဆြဲေခၚရာသို႔ေယာင္ေပေပျဖင့္ပါသြား၏။ လူေတြရဲ႕အတင္းအဖ်င္းစကားေတြကိုမၾကားခ်င္လို႔ဆင္ဆင္ျခင္ျခင္ေနပါတယ္ဆိုမွ.. ဒီလူဟာေလ.. အရိပ္သုံးပါးလည္းနားမလည္ပါလား။

"ဘယ္သြားခ်င္လဲ။တျခားစုံတြဲေတြလို ႐ုပ္ရွင္ပဲအတူတူၾကည့္.. "

"အာ.. ေမ့ေနတာ။ တကယ္ေတာ့.. ကြၽန္ေတာ္မအားဘူး။ လုပ္စရာေလးေတြရွိတယ္"

လက္ခုပ္တီးကာအခုမွတစ္ခုခုကိုသတိရသြားဟန္ျဖင့္သူေျပာလိုက္ေတာ့ကားတံခါးကိုဖြင့္မယ့္ေဂ်ာင္ကုရဲ႕လက္ေတြရပ္တန့္သြားကာ သူ႕မ်က္ႏွာကိုမ်က္ေမွာင္ႀကဳံ႕၍ၾကည့္လာသည္။ အၾကည့္ကမယုံသကၤာအၾကည့္။ ဒါေပမယ့္မတတ္နိုင္.. မသပ္မရပ္နဲ႕႐ႊီးမိမွေတာ့.. ရသေလာက္ဖုံးဖိကာမွင္ေသေသနဲ႕ဆက္က်ဲရေတာ့မွာေပါ့။ ဒီလူနဲ႕ႏွစ္ေယာက္တည္းအတူတူဆက္ရွိေနလို႔မျဖစ္.. အထဲကေနတဒိန္းဒိန္းနဲ႕ထႂကြေသာင္းက်န္းေနတဲ့အေကာင္ေပါက္ကိုေရာ.. တေနကုန္ပင္ပန္းထားတဲ့သူ႕ရဲ႕လိပ္ျပာေလးကိုေရာ.. အနားေပးသင့္ၿပီမဟုတ္လား...

"ဒီ.. ဒီလို.. ဟို.. ဂ်ယ္ဂ်ဴဒို.. ဟုတ္တယ္.. ဂ်ယ္ဂ်ဴဒိုသြားဖို႔အခုထိဘာမွမျပင္ရေသးလို႔.. အဲ့ဒါ.. ေဈး.. ေဈးသြားဝယ္ရဦးမွာမို႔လို႔"

"အဲ့ဒါဆို.. အေတာ္ပဲ။ ကိုယ္လည္းဘာမွမျပင္ရေသးဘူးဆိုေတာ့အတူတူသြားဝယ္ၾကတာေပါ့"

"ဟမ္!"

လြတ္ေလာက္ၿပီအထင္နဲ႕အထစ္ထစ္အေငါ့ေငါ့လီဆယ္ၿပီးေျပာလိုက္ေပမယ့္.. လိမ္မိကာမွပိုဆိုးသလိုျဖစ္သြားရတာေၾကာင့္သူ႕ခမ်ာ. ထပ္ေျပာစရာစကားေတြေတာင္ေပ်ာက္ရွကုန္၏။

"အ.. အဲ့.. အဲ့ဒါက.. ကြၽန္ေတာ္နဲ႕အတူေဈးဝယ္ဖို႔ျဖစ္နိုင္မယ္မထင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့.. ကြၽန္ေတာ္ကေဈးဝယ္ရင္အရမ္းၾကာတာ။ ၿပီး.. ၿပီးေတာ့ေခ်းလည္းအရမ္းမ်ားတယ္.. ကုန္တိုက္တစ္ခုလုံးေခါက္တုံ႕ေခါက္ျပန္ ဆယ္ပတ္ေလာက္ပတ္ၿပီးတာေတာင္စိတ္တိုင္းက်တဲ့ပစၥည္းတစ္ခုေတြ႕ခ်င္မွေတြ႕တတ္တာ။ အဲ့ဒါေၾကာင့္.. မလိုက္ပါနဲ႕လား။ ပင္ပန္းမွာစိုးလို႔ေစတနာနဲ႕ေျပာတာပါ.. ဟဲ.. ဟဲ"

မ်က္ေတာင္တခတ္ခတ္၊ ႏွာေခါင္းေလးတရႈံ႕ရႈံ႕ႏွင့္ေယာင္ခ်ာခ်ာရယ္က်ဲက်ဲေလးျဖစ္ေနေသာေဆာ့ဂ်င္ကိုၾကည့္ရင္းသူရယ္ခ်င္တာကိုမနည္းထိန္းကာမ်က္ႏွာကိုအစြမ္းကုန္တင္းထားရ၏။ ဒီအူတူးေလးဟာေလ.. အခြင့္အေရးရရင္ရသလိုထြက္ေျပးဖို႔ကိုပဲနည္းမ်ိဳးစုံနဲ႕လွည့္ႀကံေနေတာ့တာပဲ။

"ဒါ..ပိုေကာင္းတာေပါ့။ ကုန္တိုက္ကိုအၾကာႀကီးပတ္ေတာ့.. အူတူးနဲ႕အၾကာႀကီးဒိတ္လို႔ရတာေပါ့.. မဟုတ္ဘူးလား။ ႐ုပ္ရွင္သြားၾကည့္ရင္ေတာင္ႏွစ္နာရီေလာက္နဲ႕ၿပီးသြားမွာ"

"အမ္"

သူ႕စကားေၾကာင့္ႀကံရာမရ၊ စိတ္ပ်က္သြားတဲ့မ်က္ႏွာေလးကအူယားစရာ။ မ်က္ခုံးႏွစ္ဖက္ကိုထိလုမတတ္ကုတ္ကာ ပါးႏွစ္ဖက္ကိုလည္းေဖာင္းေနေအာင္ႏႈတ္ခမ္းစူထားေသး၏။

"တက္"

ဘယ္လိုမွဆင္ေျခေပးလို႔မရတဲ့အဆုံးကူရာမဲ့သြားရွာတဲ့ေဆာ့ဂ်င္ေလးခမ်ာစူပြပြမ်က္ႏွာေလးျဖင့္ကားေပၚတက္ထိုင္လိုက္ရ၏။ တဖက္က.. အေပ်ာ္လြန္ေနတဲ့မ်က္ႏွာျဖင့္ကားေမာင္းတဲ့ခုံမွာဝင္ထိုင္လိုက္တဲ့ထိုသူကိုမ်က္လုံးေလးေဝ့၍ဖ်တ္ခနဲအၾကည့္ခိုးေလးေရာက္သြားခိုက္မွာမထင္မွတ္ဘဲရီေဝေဝမ်က္ဝန္းတို႔ႏွင့္အၾကည့္ခ်င္းဆုံေတာ့ ေဆာ့ဂ်င္ ခါးေလးဆတ္ခနဲမတ္သြားကာထိုင္ခုံခါးပတ္ႀကိဳးကိုအေယာင္ေယာင္အမွားမွားျဖင့္ႀကိတ္၍ ပြတ္ေခ်ေနမိသည္။ ထိုလူ.. သူ႕အနားကိုေရာက္ေရာက္လာတိုင္း၊ အၾကည့္ခ်င္းဆုံတိုင္း.. ထိုကဲ့သို႔လန့္,လန့္သြားရတာအႀကိမ္ႀကိမ္ပင္။ ဒီေလာက္ၾကည့္ေကာင္းတဲ့လူကိုဘာေၾကာင့္လန့္ေနမိသလဲဆိုတာကိုေတာ့ေဆာ့ဂ်င္လည္းမရွင္းျပတတ္ေတာ့ပါ။

********** **********

"ကိုယ္ကမင္းရဲ႕အခိုင္းအေစမဟုတ္ဘူးေနာ္"

ကုန္တိုက္ကိုေရာက္ကတည္းကမေျပး႐ုံတမယ္ေျခလွမ္းေတြနဲ႕ေကာ့ပတ္, ေကာ့ပတ္ေလွ်ာက္ေနၿပီးသူ႕ကိုတစ္ခ်က္ေတာင္လွည့္ၾကည့္ေဖာ္မရ။ သူ႕ကေတာ့ေဈးျခင္းႀကီးတြန္းၿပီးအေနာက္ကေနထပ္ၾကပ္မကြာအမွီလိုက္ေနရတာ.. မသိရင္အေစခံလိုလိုနဲ႕။ အဲ့ဒါေၾကာင့္ မေက်နပ္မိတဲ့စိတ္ေလးကဝင္လာတာမို႔ ခပ္႐ြဲ႕႐ြဲ႕လွမ္းေအာ္လိုက္ေတာ့ မ်က္ႏွာေလးကျဖည္းျဖည္းခ်င္းလွည့္လာကာ မ်က္လႊာေလးခ်၍သူ႕နားကိုျပန္လွည့္ေလွ်ာက္လာသည္။ ထို႔ေနာက္.. သူ႕ရဲ႕ေဘး တစ္ထြာအကြာတြင္ဝင္ရပ္ၿပီးသူတြန္းေနတဲ့လွည္းကိုလက္ေလးတစ္ဖက္ျဖင့္ဝင္တြန္းေပး၏။

"အဲ့ဒီ့ေနရာကိုကိုင္ရမွာမဟုတ္ဘူး.. ဒီေနရာ"

တြန္းလွည္းေပၚကလက္ကေလးကိုခပ္ဖြဖြဆြဲကာသူ႕လက္ေမာင္းကိုခ်ိတ္ေစလိုက္ေတာ့.. ႐ုန္းကန္ျခင္းမျပဳေပမယ့္ေဘးမွာရပ္ေနတာေက်ာက္႐ုပ္လိုအေတာင့္လိုက္ႀကီး.. သူ႕ကိုလည္းလုံးဝမၾကည့္ပဲလည္ပင္းကိုတစ္ဖက္သို႔လိမ္ေနေအာင္လွည့္ထားတာေၾကာင့္အေၾကာေတြဘာေတြညွပ္သြားမွာေတာင္စိုးရိမ္စရာပါ။ သူေလးဒီလိုရွက္ကိုးရွက္ကန္းေလးနဲ႕ၿငိမ္ေနတာတစ္မ်ိဳးရင္ခုန္စရာေကာင္းေပမယ့္.. အရင္လိုထစ္ခနဲရွိေျခပါလက္ပါရန္စြာတတ္တဲ့သူ႕ရဲ႕ေမတၱာတုံးစရာေလးကိုေတာ့လြမ္းမိသား။ ေဘးတိုက္ျမင္ေနရတဲ့ပါးေဖာင္းေဖာင္း၊ ႏႈတ္ခမ္းဖူးဖူးလုံးလုံးေလးကိုေငးရင္းသူ႕စိတ္ေတြရင္ခုန္ေထြျပားေနစဥ္မွာပဲ..

"ဂြၽန္ေဂ်ာင္ကု!"

သူ႕နာမည္ကိုပီပီသသေခၚခ်လိဳက္တဲ့ေလသံကမာမာထန္ထန္။ ေနပါဦး.. ဒီအသံကိုသူအရမ္းရင္းႏွီး....

"ဟင္! အဖိုး!"

"အ.. အဖိုး?"

အဖိုးက သူတို႔ႏွင့္မ်က္ႏွာခ်င္းဆိုင္တည့္တည့္ကေနလက္ႏွစ္ဖက္လုံးေနာက္ပစ္ကာမ်က္ေမွာင္ႀကီးကုတ္၍စူးစူးရဲရဲစိုက္ၾကည့္ေနၿပီးအဖြားကေတာ့အဖိုးရဲ႕ေဘးကေနသူတို႔ကိုအားနာၿပဳံးေလးလွမ္းၿပဳံးျပေနသည္။

"ငါ့ေျမးတို႔က.. ေဈးလာဝယ္ၾကတာလား။ အဖြားတို႔လည္းအိမ္မွာပဲေနရတာပ်င္းလို႔အေညာင္းေျပအညာေျပထြက္လာၾကတာ"

"ငါ့ေျမးကို.. ကိုယ္တိုင္ကုန္တိုက္ကိုလာၿပီး ေဈးဝယ္ျခင္းအထိတြန္းေအာင္လုပ္နိုင္တာ.. ဒီေကာင္ေလးေပါ့ေလ.. ဟုတ္လား"

"ေျမး?"

"အဲ့ဒါ.. ကိုယ့္အဖိုးနဲ႕အဖြားေလ"

အဖိုးနဲ႕အဖြားကိုၾကည့္လိုက္၊သူ႕မ်က္ႏွာကိုၾကည့္လိုက္နဲ႕အလည္ကေနေၾကာင္အမ္းအမ္းေလးျဖစ္ေနရွာတဲ့ေဆာ့ဂ်င္ကိုသူကနား, နားကပ္ကာတိုးတိုးကပ္ေျပာလိုက္ေတာ့.. အေျခအေနအရပ္ရပ္ကိုအခုမွသေဘာေပါက္သြားပုံရတဲ့ေဆာ့ဂ်င္က.. သူ႕လက္ေမာင္းမွာခ်ိတ္ထားတဲ့လက္ကေလးကိုဆတ္ခနဲျဖဳတ္ခ်လိဳက္သည္။

"သူခိုင္းတာမဟုတ္ပါဘူး။ ကြၽန္ေတာ့္သေဘာနဲ႕ကြၽန္ေတာ္... "

"ႏွစ္ေယာက္လုံး... လိုက္ခဲ့"

အဖိုးကထိုစကားကိုေျပာၿပီးမ်က္ႏွာထားတင္းတင္းနဲ႕ခ်ာခနဲလွည့္ထြက္သြားေသာအခါအဖိုးရဲ႕ေက်ာျပင္ကိုမ်က္လုံးေလးဝိုင္းၿပီးၾကည့္ေနတဲ့ေဆာ့ဂ်င္ထံမွသက္ျပင္းသဲ့သဲ့ရွိုက္သံကိုၾကားလိုက္ရသည္။

ယခု.. သူေရာက္ေနေသာဧည့္ခန္းႀကီးသည္သူျမင္ဖူးသမွ်ထဲတြင္အက်ယ္ဆုံးလို႔ေျပာလို႔ရသည္။ Luxury Hotel ႀကီးရဲ႕ Lobby ေလာက္နီးပါးအက်ယ္အဝန္းမို႔ခမ္းနားထည္ဝါတဲ့ပရိေဘာဂေတြေတာင္ဧည့္ခန္းက်ယ္ႀကီးထဲတြင္ျမဳပ္ေနသကဲ့သို႔ထင္ေနရ၏။ ဤမွ်က်ယ္ဝန္းေသာဧည့္ခန္းက်ယ္ႀကီးထဲအပ္က်သံပင္မၾကားရေအာင္တိတ္ဆိတ္ေနတာေၾကာင့္အေနရက်ဳံ႕စြာျဖင့္တစ္ခ်က္တစ္ခ်က္လူးလြန့္လာေသာခန္းစီးမွပန္းဝါဝါေလးေတြကိုေငးေမာရင္း..အာ႐ုံေျပာင္းလိုေျပာင္းျငားထိုပန္းေလးေတြကိုတစ္ပြင့္ခ်င္းေရတြက္ေနမိသည္။

"ရွည္ရွည္ေဝးေဝးစကားေတြေျပာမေနေတာ့ဘူး"

~ဘုတ္~

"ေရာ့.. မင္းလိုခ်င္တာ.. ဒါပဲမဟုတ္လား"

တိတ္ဆိတ္ေနသည့္အေနအထားကိုေဂ်ာင္ကု၏အဖိုးျဖစ္သူကပဲစာအိတ္ျဖဴတစ္အိတ္ပစ္ခ်ရင္းၿဖိဳခြင္းလိုက္သည္။ ဇာတ္လမ္းတြဲေတြထဲမွာပဲျမင္ေနက်ဇာတ္ဝင္ခန္းကို အျပင္မွာသူကိုယ္တိုင္ႀကဳံေနရတာပါလား။ ေတာ္ေသးတယ္.. သူတို႔အနီးနားတစ္ဝိုက္မွာေရခြက္ေတြဘာေတြရွိမေနလို႔။

"ဒါ.. ၾကည့္လို႔ရမလား"

ေဂ်ာင္ကုရဲ႕အဖိုးကေခါင္းညိတ္ျပရင္း ခြင့္ျပဳခ်က္ေပးလာတာေၾကာင့္သူလည္းစာအိတ္ကိုလွမ္းယူလိုက္ၿပီး..

"ဟြန္း.. ဥကၠဌႀကီးကလဲ.. နည္းနည္းေလး။ ဒီေလာက္နဲ႕ဘာလုပ္ရမွာလဲ"

"ဘာေျပာတယ္!"

"အာ.. သိၿပီ။ လစာေပးသလိုတစ္လခ်င္းေပးသြားမယ္ေပါ့.. အဲ့လိုလား"

"ဘာလို႔ငါကမင္းကိုလတိုင္းေပးရမွာလဲ။ ၿပီးေတာ့.. မင္း.. မင္းက.. အခုဒါကိုမယူဘူးလို႔ျငင္းရမွာေလ။ ကြၽန္ေတာ္အဲ့လိုအတန္းစားမ်ိဳးမဟုတ္ပါဘူး.. ဘာညာ.. အဲ့လိုေတြမေျပာဘူးလား"

"ဒီပိုက္ဆံေတြကိုယူတယ္.. မယူဘူးဆိုတာကဥကၠဌႀကီး.. ကြၽန္ေတာ့္ကိုဘယ္လိုသေဘာထားလဲဆိုတဲ့အေပၚမွာမူတည္တာေပါ့။ ဥကၠဌႀကီးကကြၽန္ေတာ့္အေပၚအျမင္မၾကည္ဘူးဆိုရင္.. ဒီေငြေတြကိုကြၽန္ေတာ္ယူယူ, မယူယူ.. ကြၽန္ေတာ့္ကိုမုန္းေနမွာပဲေလ။ ဒီေငြေတြကိုလက္ခံျပန္ရင္လည္းေငြမက္တယ္လို႔စြပ္စြဲမယ္။ ေဟာ.. ျငင္းျပန္ရင္လည္းအပိုေတြလုပ္ျပတယ္ဆိုၿပီးႏွစ္ျပားမတန္ေအာင္ေျပာၿပီးႏွင္ထုတ္ဦးမွာပဲမဟုတ္လား။ အဲ့ေတာ့.. ဘယ္လိုေနေနအေျပာခံရမယ့္အတူတူ.. ဒီေငြေတြယူၿပီးေတာ့ပဲေအးေဆးႏွပ္ေနေတာ့မွာေပါ့"

မ်က္ေတာင္ေလးမ်ားခတ္လ်က္တစ္ခ်က္မွအေၾကာက္အလန့္မရွိဘဲ ရဲရဲတင္းတင္းျပန္ေျပာရဲတဲ့ထိုေကာင္ေလးကိုၾကည့္ရင္းေသြးေတာင္ေဆာင့္တိုးခ်င္သြားသည္။

"မဟုတ္ေသးပါဘူး။ အနည္းဆုံးေတာ့.. ကြၽန္ေတာ္တို႔ရဲ႕ခ်စ္ျခင္းကိုမခြဲပါနဲ႕ဆိုၿပီးငိုျပတာေလာက္ေတာ့လုပ္ျပသင့္ပါတယ္။ အဲ့ဒါမွ ငါလည္းဗီလိန္အဖိုးႀကီးျဖစ္မွာေပါ့"

"အာ.. အဲ့ဒါက.. လက္ရွိကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကအဲ့ေလာက္ထိ serious မျဖစ္ေသးေတာ့ေလ.... "

"ဘာ!"

"ကြၽတ္.. ကြၽတ္.. ကြၽတ္.. အဲ့ဒါေျပာတာေပါ့.. မေမးမစမ္းနဲ႕အခုလိုရမ္းသမ္းၿပီးေလွ်ာက္ေျပာေတာ့.. အဖိုး.. အရွက္ကြဲရၿပီ"

တကြၽတ္ကြၽတ္စုတ္သပ္ရင္းဧည့္ခန္းထဲဝင္လာတဲ့ေဂ်ာင္ကုရဲ႕ေဘးတြင္အဖြားကလည္းသစ္သီးေတြတင္ထားသည့္လင္ဗန္းေလးကိုင္ရင္းလိုက္လာသည္။ သူတို႔ႏွစ္ဦးလုံးရဲ႕မ်က္ႏွာကပကတိတည္ၿငိမ္ေနၿပီးအဖြားဆိုသူ႕ကိုၿပဳံးေတာင္ၿပဳံးျပေနေသးသည္။

"ဒီအဖိုးႀကီးေျပာတဲ့စကားေတြကိုစိတ္ထဲမထားနဲ႕။ အလကား.. မနက္ခင္းဒရမ္မာေတြၾကည့္ၿပီးဗီလိန္႐ူး႐ူးေနတာ"

အဖြားကေျပာလည္းေျပာ.. လင္ဗန္းထဲကပန္းသီးစိပ္ေလးကိုခက္ရင္းျဖင့္ထိုးစိုက္ကာခက္ရင္းကိုသူ႕လက္ထဲအေရာက္ထည့္ေပးသည္။

"ေနပါဦး.. ဘာလို႔ငါကအရွက္ကြဲရမွာလဲ"

အဖိုးကေမးေတာ့ေဂ်ာင္ကုကေဆာ့ဂ်င္ရဲ႕ေဘးတြင္ဝင္ထိုင္ရင္း..

"ဟာ.. သူမွကြၽန္ေတာ့္ကိုအေျဖမေပးရတာ။ အဖိုးကအဲ့လိုစကားေတြေလွ်ာက္ေျပာေတာ့.. သူကအဖိုးကိုဘယ္လိုထင္မလဲ။ ေသခ်ာလည္းစဥ္းစားၾကည့္ပါဦး"

"ဟင္! ေကာင္ေလး.. မင္းကငါ့ေျမးကိုအေျဖမေပးရေသးဘူးလား"

အဖိုးရဲ႕အေမးေၾကာင့္ပါးစပ္အက်ယ္ႀကီးဟၿပီးပန္းသီးတစ္စိပ္လုံးပါးစပ္ထဲထိုးသြင္းဖို႔ႀကံေနတဲ့ေဆာ့ဂ်င္.. ပန္းသီးကိုပါးစပ္ထဲကမန္းကတန္းေကာက္ထည့္ၿပီးပါးႏွစ္ဖက္လုံးေဖာင္းေနေအာင္ဝါးကာ ေခါင္းကိုခပ္သြက္သြက္ညိတ္ျပရွာသည္။

"ဒါ.. ဒါဆို.. ငါ့အခန္းကအခုထိမေရာက္ေသးဘူးလား"

"ဪ.. အေျဖမရေသးပါဘူးဆိုမွ"

"ဒါေပမယ့္.. ငါကဗီလိန္လုပ္ခ်င္လွၿပီ"

"အဲ့ေလာက္ေတာင္ဗီလိန္လုပ္ခ်င္တယ္ဆိုလည္းသူ႕ဆီကအေျဖျမန္ျမန္ေတာင္းေပး"

"မင္းကလဲ.. ဘာလို႔အခ်ိန္ေတြဆြဲေနတာလဲ။ ငါ့ေျမးကိုအေျဖျမန္ျမန္ေပးလိုက္ေတာ့ေလ"

"အဟြတ္.. အဟြတ္.. ခင္ဗ်ာ?"

ေဆာ့ဂ်င္ခမ်ာပန္းသီးေတြပလုပ္ပေလာင္းဝါးေနရင္းကနင္ေတာ့မလိုေတာင္ျဖစ္သြားရသည္။

"ၿပီးေတာ့.. ဒါ.. "

အဖိုးကေဆာ့ဂ်င္ရဲ႕လက္ထဲတြင္ကိုင္ထားဆဲစာအိတ္ျဖဴေလးကိုဆတ္ခနဲလွမ္းဆြဲလိုက္ၿပီး..

"ငါ့အခန္းမွမေရာက္ေသးတာ... ဒါ.. ငါျပန္သိမ္းမယ္"

"ဟင္း.. ဥကၠဌႀကီးကလဲ..ေပးၿပီးသားႀကီးကို.. "

********** **********

ေဆာ့ဂ်င္ကတိတ္ဆိတ္စြာပင္လိုက္ပါလာတာမို႔သူကလည္းတိတ္တိတ္ဆိတ္ဆိတ္ပင္ကားေမာင္းခဲ့ရသည္။ ကားေမာင္းေနရင္းလွည့္, လွည့္ၾကည့္မိတိုင္းျမင္ေနရေသာ ေဘးတိုက္အေနအထားမ်က္ႏွာေလးကဘာေတြအေတြးလြန္ေနသည္မသိ.. မ်က္လုံးျပဴးကေလးနဲ႕တေနရာတည္းကိုပဲေတြေတြေလးေငးေန၏။ အေတြးလြန္ေနစဥ္ မၾကာခဏဆိုသလိုတရႈံ႕ရႈံ႕လုပ္တိုင္းလႈပ္လႈပ္သြားတတ္တဲ့ႏွာတံလုံးလုံးေလးကလည္းကိုက္စားပစ္ခ်င္စရာ။

"ေရာက္ၿပီေလ.. မဆင္းဘူးလား။ ဘာလဲ.. ကိုယ္နဲ႕မခြဲနိုင္ေတာ့လို႔လား"

မ်က္ေစာင္းေလးထိုး၊ ႏႈတ္ခမ္းေလးစူၿပီးျပန္ရန္ရွာေလမလားဆိုၿပီးေျပာလိုက္ေပမယ့္.. သူထင္ထားသလိုမတုံ႕ျပန္လာသျဖင့္စိုးရိမ္စိတ္ေလးဝင္သြားမိသည္။ ဧကႏၱ.. အဖိုးေျပာခဲ့တဲ့စကားေတြေၾကာင့္အခုလိုျဖစ္ေနတာမ်ားလား...

"ဟို... အဖိုးကေလ... "

"ႏွေျမာစရာႀကီးကြာ.. လက္ထဲေရာက္ကတည္းကအိတ္ထဲတန္းထည့္လိုက္ရမွာ။ အခုေတာ့... လက္ထဲေရာက္ၿပီးခါမွျပန္လုခံလိုက္ရတယ္လို႔.. ရင္နာလိုက္တာ"

လတ္စသတ္ေတာ့.. ဒီေမတၱာတုံးေလးကပိုက္ဆံမယူခဲ့ရတာကိုႏွေျမာတသသမဆုံးျဖစ္ေနတာကိုး။ သူ႕မွာေတာ့စိတ္မ်ားထိခိုက္သြားလို႔မ်က္ႏွာေကာင္းျဖစ္ေနတာလားဆိုၿပီးစိတ္ပူလိုက္ရတာ။

"တတ္လည္းတတ္နိုင္တယ္.. ခင္ဗ်ား။ ပိုက္ဆံမယူခဲ့ရတာကိုပဲဝမ္းနည္းလို႔မဆုံးျဖစ္ေနတာေပါ့ေလ.. ဟုတ္လား"

"ဟဲ.. ဟဲ.. လိုခ်င္လို႔ေတာ့မဟုတ္ပါဘူး။ အခုက.. ခရစ္စမတ္ကလည္းနီးလာၿပီမဟုတ္လား။ အဲ့ဒါေၾကာင့္.. ခရစ္စမတ္အႀကိဳမုန့္ဖိုးေလးဘာေလးမ်ားရမလားလို႔ပါ။ ကြၽန္ေတာ့္ကိုမုန့္ဖိုးေပးမယ့္သူလည္းမရွိဘူးေလ။ ၿပီးေတာ့.. အဲ့ဒီပိုက္ဆံေတြကိုကြၽန္ေတာ္တစ္ေယာက္တည္းမယူပါဘူး။ခင္ဗ်ားကိုလည္းတစ္ဝက္ခြဲေပးမွာ.. တကယ္ေျပာတာ"

"ဟက္! မုန့္ဖိုးေလာက္ကေတာ့ကိုယ္လည္းေပးနိုင္ပါတယ္"

"တကယ္?"

ေမတၱာတုံးေလးက အားတက္သေရာမ်က္ႏွာေလးျဖင့္ဖ်တ္ခနဲလွည့္လာၿပီးပါးေလးေတြမို႔တက္သည္အထိၿပဳံးျပကာသူ႕ေရွ႕မွာလက္ဖဝါးေလးလာျဖန့္သည္။ ဒီေန႕တေနကုန္သူနဲ႕မ်က္လုံးခ်င္းေတာင္အဆုံမခံဘဲေရွာင္ေျပးေနတဲ့ဒီလူသားေလးက.. အခုေငြစကားၾကားမွမ်က္လုံးေတြအေရာင္ေတာက္ၿပီးသူ႕ကိုေစ့ေစ့ၾကည့္လာတာေၾကာင့္အသည္းတယားယားျဖင့္ပါးမို႔မို႔ေလးကိုရဲသြားေအာင္စိတ္လိုလက္ရဆြဲညွစ္ပစ္လိုက္သည္။

"အား! နာသြားၿပီ.. ဘာလုပ္တာလဲ"

"ေနာက္မွ.. တျခားလက္ေဆာင္ေပးမယ္"

"ေတာ္ပါ.. ဘာမွမလိုခ်င္ေတာ့ဘူး"

သူ႕လက္ထဲမွအတင္း႐ုန္းကာနာသြားရွာသည့္ပါးေလးကိုလက္ဝါးျဖင့္အုပ္ကိုင္၍သူ႕ကိုလည္းေၾကာင္ဆိုးေလးလိုမ်က္ေစာင္းထိုးၿပီးဘုၾကည့္ၾကည့္ေသးတာ.. ဘာလိုေနေနခ်စ္ဖို႔ေကာင္းေနမွေတာ့အလကားေနရင္းအသည္းယားမိေနတဲ့သူ႕ကိုအျပစ္ေျပာလို႔မရဘူးမဟုတ္လား...

"တကယ္.. အဆင္ေျပတာေသခ်ာရဲ႕လား။ အဖိုးကိုမေၾကာက္ဘူးလား"

"မေၾကာက္ပါဘူး။ အဖိုးကေၾကာက္စရာမွမေကာင္းတာ.. ခ်စ္စရာေတာင္ေကာင္းေသးတယ္"

"ေတာ္ေသးတာေပါ့။ ကိုယ္ကမင္းကိုအဖိုးနဲ႕ေပးေတြ႕ဖို႔ရည္႐ြယ္ထားေပမယ့္.. အခုလိုအဖိုးနဲ႕မေမွ်ာ္လင့္ဘဲတိုက္တိုက္ဆိုင္ဆိုင္ႀကီးေတြ႕လိမ့္မယ္လို႔မထင္ထားဘူး"

"ကြၽန္ေတာ့္ကို.. အဖိုးနဲ႕ေပးေတြ႕မယ္.. ဟုတ္လား"

"အင္း.. ဟူခ်ဴေရာ"

"ဘာလို႔လဲ"

"ဘာလို႔ရမွာလဲ.. လက္မထပ္ခင္အုပ္ထိန္းသူေတြနဲ႕လိုက္ေတြ႕ရတာထုံးတမ္းအစဥ္အလာပဲမဟုတ္ဘူးလား"

"ဘယ္သူနဲ႕လက္ထပ္မွာလဲ"

"ဟိုး.. ႏွစ္လမ္းေက်ာ္ကေကာင္ေလးနဲ႕"

"တကယ္?"

တမင္႐ြဲ႕ေျပာလိုက္တာကိုနေဝတိန္ေတာင္မ်က္လုံးေလးေတြနဲ႕သူ႕မ်က္ႏွာကိုပုတ္ခတ္, ပုတ္ခတ္ၾကည့္ရင္းေမးလာတာေၾကာင့္မခ်င့္မရဲစိတ္တို႔ျဖင့္ အ,တီးအ,တေကာင္ေလးရဲ႕နဖူးကိုလက္ညွိုးျဖင့္ခပ္ဖြဖြေဆာင့္တြန္းပစ္လိုက္သည္။

"အ႐ူးေလး.. အခုကိုယ္ကမင္းဆီကေနခ်စ္ခြင့္ေတာင္းထားတာမဟုတ္ဘူးလား။ မင္းနဲ႕လက္မထပ္လို႔ဘယ္သူနဲ႕လက္ထပ္ရမွာလဲ"

အဲ့လို ဒဲ့ေျပာလိုက္ေတာ့မွထုံးစံအတိုင္းအၾကည့္ေတြကိုခ်က္ခ်င္းလႊဲသြားၿပီးမ်က္ေတာင္ဖ်ားေလးေတြလႈပ္ခတ္ရင္းနား႐ြက္ေလးေတြနီရဲလာတာကိုေတြ႕ရသည္။

"ဘာလို႔.. လက္ထပ္ခ်င္တာလဲ"

"P.S. I love You ဆိုတဲ့႐ုပ္ရွင္ထဲကမွတ္မိေနတဲ့ dialogue ေလးတစ္ခုရွိတယ္.. You don't marry someone you can live with, you marry the person you cannot live without.. တဲ့။ အရင်ကအဲ့ဒီ့စကားရဲ့အဓိပ္ပါယ်ကိုနားမလည်ခဲ့ပေမယ့်.. အခုနားလည္သြားၿပီ။ ကိုယ္မင္းကို.. အရင္ကလည္းေျပာခဲ့ဖူးတယ္မဟုတ္လား.. မင္းကိုမေတြ႕ရရင္မေနနိုင္ဘူးလို႔။ အဲ့ဒါေၾကာင့္.. လက္ထပ္ခ်င္တာ.. မင္းမရွိရင္.. မေနနိုင္ေတာ့လို႔"

ေဆာ့ဂ်င္က.. မ်က္လုံးေလးဝိုင္းသြားၿပီးေအာက္ႏႈတ္ခမ္းကိုဖိကိုက္လိုက္သည္။ ၿပီးေတာ့.. ထိုင္ခုံခါးပတ္ကိုလက္ေလးႏွစ္ဖက္ျဖင့္တင္းေနေအာင္ဆုပ္ထားၿပီးေလသံတိုးတိုးေလးျဖင့္...

"ေနာင္တ.. မရဘူးဆိုတာ.. ေသခ်ာလား"

"ေသခ်ာတယ္ဆိုရင္... ဘာလုပ္ေပးမွာလဲ။ ကိုယ့္ကိုအမ်ားႀကီးပိုခ်စ္ေပးမွာလား။ကိုယ္လက္ထပ္ခြင့္ေတာင္းတာကိုခ်က္ခ်င္းေခါင္းညိတ္လက္ခံမွာလား။ ကိုယ့္ကို.. ဟူခ်ဴ႕ရဲ႕အေဖ.. ျဖစ္ခြင့္ေပးမွာလား"

အနည္းငယ္ၿပဳံးေယာင္သမ္းေနေသာႏႈတ္ခမ္းပါးမ်ား၊ စူးရွေသာရီေဝေဝမ်က္ဝန္းမ်ားကိုျမင္႐ုံႏွင့္တင္ရင္ဘတ္ထဲမွာေရႏြေးစီးေၾကာင္းေလးတစ္ခုျဖတ္သြားသလိုခပ္ႏြေးႏြေးႏွင့္ၿငိမ္ၿငိမ္ေလးခုန္လႈပ္လာသည္။ စိတ္ထဲမွက်ိတ္၍ အူျမဴးသြားသည္။ သို႔ေသာ္လႊတ္မေပ်ာ္ေသးဘဲ ဣႏၵျေကိုထိန္းထားေသးသည္။ရင္ခုန္ရလြန္းတာမို႔စကားသံေလးေတြထြက္မလာနိုင္ေသးဘဲႏႈတ္ခမ္းဖူးဖူးေလးကိုေစ့ေစ့ပိတ္ထားမိသည္။

"ေနာက္က်ေနၿပီ.. သြားေတာ့မယ္။ လိုက္ပို႔ေပးတဲ့အတြက္ေက်းဇူးပဲ"

လို႔ေျပာၿပီးေဆာ့ဂ်င္ကားေပၚကေနခပ္သြက္သြက္ဆင္းသြားေတာ့ ေဂ်ာင္ကုကလည္းသူ႕ေနာက္ကေနအလ်င္အျမန္လိုက္ဆင္းလာသည္။

"ဟာ.. ဘာမွျပန္မေျဖဘဲဒီအတိုင္းထားခဲ့ေတာ့မယ္ေပါ့.. ဟုတ္လား"

အေနာက္ကေနလွမ္းေအာ္တဲ့မေက်မခ်မ္းအသံေၾကာင့္ေဆာ့ဂ်င္သြားေလးေတြေပၚေအာင္ၿပဳံးမိေပမယ့္မ်က္ႏွာကိုတည္၍ ေနာက္ကိုျပန္လွည့္လိုက္ၿပီး...

"ဘာလဲ"

႐ြတ္ေနာက္ေနာက္မ်က္ႏွာေပးေလးနဲ႕သူ႕ေရွ႕မွာလက္ေလးႏွစ္ဖက္ကားၿပီးလာရပ္တဲ့ေမတၱာတုံးစရာေလးကိုမေက်မနပ္ရွိလွတာေၾကာင့္ေလသံမာမာျဖင့္ေမးလိုက္ေတာ့ေမတၱာတုံးေလးကႏႈတ္ခမ္းေလးေစ့၍ၿပဳံးသည္။

"တေန႕ရွစ္ႀကိမ္ဖက္ေပးမယ္ဆို"

"ဟင္"

သူ.. မွင္တက္ေနမိတုန္းေဆာ့ဂ်င္ကသူ႕ထံသို႔ေျခလွမ္းဖြဖြျဖင့္လွမ္းလာၿပီးသူ႕ခါးကိုဖြဖြသိုင္းဖက္လ်က္သူ႕ရင္ဘတ္မွာမ်က္ႏွာေလးအပ္၍ၿငိမ္သက္ေနသည္။မထင္မွတ္ထားတဲ့အေျခအေနမို႔ခဏတာေၾကာင္သြားမိေပမယ့္ရင္ခြင္ထဲဝင္လာတဲ့အိအိေထြးေထြးေလးကိုႏြေးေနေအာင္အျပည့္သိုင္းဖက္ထားရင္းဦးေခါင္းထက္ျဖည္းညင္းစြာပြတ္သပ္ရင္းကေလးေလးတစ္ေယာက္လိုေခ်ာ့ျမဴမိေတာ့ ရင္ခြင္ထဲကေနေခါင္းေလးေထာင္လာၿပီးသူ႕မ်က္ႏွာကိုေငးေငးေလးေမာ့ၾကည့္သည္။

"ကြၽန္ေတာ္က.. ခ်စ္တဲ့သူေတြကိုဆိုအရမ္းခြၽဲတတ္တယ္။ အဲ့ဒါ.. ေနာက္ဆိုရင္.. ခင္ဗ်ားစိတ္ကိုအမ်ားႀကီးျပင္ဆင္ထားဖို႔လိုလိမ့္မယ္"

ေျပာၿပီးတာနဲ႕ဘာမွမတုံ႕ျပန္လိုက္နိုင္ခင္မွာပဲသူ႕ႏႈတ္ခမ္းကိုဖ်တ္ခနဲေမာ့နမ္း၍ မ်က္ေတာင္တဖ်တ္အတြင္းမွာပင္ အထဲကိုလွစ္ခနဲေျပးဝင္သြားလိုက္တာအရိပ္ေတာင္မျမင္လိုက္ရေပ။ သူ႕မွာေတာ့.. စကၠန့္ပိုင္းအတြင္းမွာျဖစ္သြားၿပီးဖမ္းဆုပ္ခ်ိန္မရလိုက္ခင္မွာပဲေပ်ာက္ကြယ္သြားတဲ့ရင္ဖိုစရာအျပဳအမူေလးေတြေၾကာင့္ၾကက္သီးေတြတကိုယ္လုံးစိမ့္ျဖာၿပီးတုန္ယင္ေတာင့္တင္းေနေသာခႏၶာကိုယ္ကိုအသိတရားထည့္ကာမနည္းလႈပ္ရွားလိုက္ရသည္။

"အမေလး.. ဒုကၡပဲ။ ကားမေမာင္းနိုင္ေတာ့ဘူး.. လက္ေတြတုန္ေနၿပီ"

လေရာင္လင္းလက္ျဖာက်ေနေသာလမ္းကေလးထက္တြင္ညအိပ္မီးေရာင္ေၾကာင့္မစို႔မပို႔ေလးလင္းေနေသာတိုက္ခန္းငယ္ေလးကိုလွမ္းေမွ်ာ္ၾကည့္ရင္း သြားေတြေပၚေအာင္ၾကည္ၾကည္ႏူးႏူးၿပဳံးေနတဲ့ေကာင္ေလးတစ္ေယာက္ရွိသလို.. တိုက္ရဲ႕အကြယ္တေနရာတြင္ေဆာင့္ေၾကာင့္ေလးထိုင္ခ်ၿပီးတခြိခြိအသံထြက္ေအာင္ၿပဳံးရယ္ေနတဲ့ေကာင္ေလးတစ္ေယာက္လည္းရွိ၏။

********** **********

မ်က္စိေရွ႕မွာျမင္ေနရတဲ့အေဆာက္အဦးႀကီးကိုေမာ့ၾကည့္ရင္းဝင္ရနိုးနိုး.. ဒီအတိုင္းလွည့္ျပန္ရနိုးနိုး.. တႏုံ႕ႏုံ႕ႏွင့္။ ႏွလုံးခုန္သံသည္တခုခုထုရိုက္သံလိုပင္ကိုယ့္ဘာသာကိုယ္ျပန္ၾကားေနရသည္။ လက္ထဲရွိပလတ္စတစ္အိတ္ကိုက်စ္က်စ္ပါေအာင္ဆုပ္ထားမိေသာလက္ေခ်ာင္းမ်ားသည္တဆတ္ဆတ္တုန္ေနၾက၏။ ႀကိဳးစားထိန္းခ်ဳပ္ၾကည့္ေသာ္လည္းအဲ့ဒီ့တုန္လႈပ္မႈကိုထိန္းခ်ဳပ္ၾကည့္လို႔မရ။

"ငါ့ႏွယ္.. ျပစ္မႈက်ဴးလြန္ေနတာလည္းမဟုတ္ဘဲနဲ႕။ ဘာလို႔ဒီေလာက္ေတာင္ေၾကာက္ေနမိပါလိမ့္"

ကိုယ့္ကိုယ္ကိုအျပစ္တင္စကားေလးဆိုရင္းသက္ျပင္းတစ္ခ်က္ေလးပင္စြာရွိုက္ကာအေဆာက္အဦးထဲသို႔တြန့္ဆုတ္, တြန့္ဆုတ္ျဖင့္လွမ္းဝင္လိုက္၏။

"ဟို... "

"ဟုတ္ကဲ့.. ဘာကူညီေပးရမလဲမသိဘူးေနာ္"

"D.. DNA စစ္ခ်င္လို႔ပါ"

သူ႕ခမ်ာလည္းဒီေလာက္ထိန္းထားတဲ့ၾကားကစကားကထစ္သြားရေသးသည္။ ဘာေတြဒီေလာက္စိုးရိမ္ေနတာလဲ.. ပတ္ဂ်ီမင္းရဲ႕။ သူမ်ားပစၥည္းခိုးလာတာမွမဟုတ္တာ.. မသိေအာင္ခဏတျဖဳတ္ငွားလာတာပဲဟာကို။ ၿပီးေတာ့.. အဲ့ဒီ့သြားပြတ္တံကေဆာ့ဂ်င္တို႔ေရခ်ိဳးခန္းထဲမွာရွိေနတယ္ဆိုတဲ့သတင္းကိုႀကိဳရခဲ့လို႔လည္းမဟုတ္.. ထန္းသီးေႂကြခိုက္ က်ီးနင္းခိုက္ဆိုတာမ်ိဳးလိုအမွတ္မထင္တိုက္ဆိုင္သြားတာပါေနာ္.. လို႔ကိုယ့္ကိုယ္ကိုတရားျပရင္းဝင္ေလထြက္ေလရႈေနရ၏။

"ဘာအတြက္စစ္ခ်င္တာလဲရွင့္။ paternity test လား.. ဒါမွမဟုတ္ criminal case အတြက္လား"

"Paternity test ပါ"

"ဟုတ္ကဲ့.. ရပါတယ္။ ဒီ form ေလးအရင္ျဖည့္ေပးေနာ္။ ၿပီးရင္ဒီ form နဲ႕အတူ DNA စစ္မယ့္ပစၥည္းေတြကို ဟိုးကေကာင္တာေပၚမွာသြားတင္ေပးပါရွင့္"

"ဟိုေလ.. result ကဘယ္ေတာ့ေလာက္သိရမလဲဟင္"

"Paternity test ကေတာ့ result ထြက္ဖို႔ၾကာခ်ိန္ကႏွစ္ရက္ပါ။ ဒါေပမယ့္.. ေလာေလာဆယ္ ဒီ lab မွာ sample ေတြအရမ္းမ်ားေနလို႔ တစ္ပတ္ေလာက္အထိၾကာခ်င္ၾကာသြားနိုင္တယ္။ ျဖစ္ရဲ႕လား"

"ျဖစ္ပါတယ္.. ကြၽန္ေတာ္လည္းခရီးသြားစရာရွိေနတာနဲ႕အေတာ္ပဲျဖစ္သြားတာေပါ့"

"result ထြက္လာရင္ mail နဲ႕ပို႔ေပးရမလား။ ဒါမွမဟုတ္.. လူကိုယ္တိုင္.. "

"လူကိုယ္တိုင္ပဲလာယူပါ့မယ္"

"ဟုတ္ကဲ့ရွင့္။ အဲ့ဒါဆိုရင္.. ဟိုနားေလးမွာ form ေလးသြားျဖည့္ေပးပါေနာ္"

သူ..ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး form ကိုယူကာလွည့္ထြက္လာလိုက္သည္။ DNA စစ္ၿပီးလို႔ result ရပါၿပီတဲ့.. မဟုတ္ဘူးဆိုရင္ထားပါေတာ့။ တကယ္လို႔.. ဟုတ္ေနတယ္ဆိုရင္.. သူဘာဆက္လုပ္ရမလဲ.. ကာယကံရွင္ေတြကိုဘယ္လိုေျပာရမလဲ.. ေခါင္းထဲဝင္လာတဲ့ေမးခြန္းေတြေၾကာင့္စိတ္ေတြရႈပ္ေထြးရျပန္ပါသည္။

"အမေလး.. သိခ်င္လြန္းလို႔သာစြန့္စားၿပီးလုပ္ေနရတယ္.. ရင္ေမာစရာႀကီးပါလားေနာ္"

********** **********

လက္မွာပတ္ထားသည့္နာရီကိုဒုတိယအႀကိမ္ျမႇောက္ၾကည့္လိုက္ေသာအခါခ်ိန္းထားတဲ့အခ်ိန္ကိုေရာက္ဖို႔၁၀ မိနစ္နဲ႕ ၁၅ စကၠန့္ခန့္သာလိုေတာ့ေၾကာင္းသိလိုက္ရသျဖင့္မ်က္ခုံးေတြကိုစုက်ဳံ႕လိုက္မိသည္။ အေပါက္ဝကိုလည္ပင္းဆန့္၍ေမွ်ာ္ၾကည့္လိုက္ေတာ့လည္းအရိပ္အေယာင္ေတာင္မေတြ႕ရေသးတာမို႔ဖုန္းလွမ္းဆက္ဖို႔ဖုန္းကိုထုတ္လိုက္တုန္း မ်က္လုံးေထာင့္ကေနဖ်တ္ခနဲျမင္လိုက္ရတာကအညိုေရာင္အရိပ္ကေလး။

လူသြားလူလာမျပတ္ေသာေၾကာင့္ဖြင့္လိုက္၊ ပိတ္လိုက္ျဖစ္ေနသည့္ ဂင္ဖိုေလဆိပ္၏အဝင္ေပါက္တံခါးမွတစ္ဆင့္ေလွ်ာက္လမ္းအတိုင္းတေ႐ြ႕ေ႐ြ႕လာေနတဲ့သူ႕ရဲ႕အူတူးေလးက ေဘာင္းဘီအနက္ေရာင္ပြပြေလးႏွင့္ တီရွပ္အျဖဴေလးေပၚကအညိုေရာင္ကုတ္အကၤ်ီေလးကိုတြဲဖက္ဝတ္ဆင္ထား၏။ ဂုတ္ေထာက္ေနသျဖင့္ေကာ့ပ်ံေနသည့္ဆံပင္ေကာက္ေကြးေလးေတြကလည္းဖရိုဖရဲ.. ဖိုသီဖတ္သီ။ မ်က္ေပတုံးေလးနဲ႕ဟိုဒီက်ီးၾကည့္ေၾကာင္ၾကည့္ၾကည့္ရင္း လက္တစ္ဖက္မွာခရီးေဆာင္အိတ္ကိုဆြဲကာ က်န္တစ္ဖက္ျဖင့္ အျဖဴေရာင္အာကာသမႉးပုံအ႐ုပ္ေလးကိုရင္ဝယ္ပိုက္ရင္းလႈပ္စိ, လႈပ္စိျဖင့္သူ႕ဆီကိုေလွ်ာက္လာသည္။

"ဟင္.. ဟူခ်ဴေလးလည္းလိုက္မွာလား"

"ဟူခ်ဴ? ဟူခ်ဴမလိုက္ပါဘူး.. ျပဇာတ္တိုက္ရမွာမို႔လို႔မလိုက္နိုင္ဘူးဆိုလို႔ မနက္ကတခါတည္းဂ်ီမင္းတို႔အေမအိမ္မွာဝင္ပို႔ခဲ့ၿပီ"

"ဒါဆို.. ဒီအ႐ုပ္က.. "

သူကေဆာ့ဂ်င္ပိုက္ထားတဲ့အ႐ုပ္ကိုေမးဆတ္ျပရင္းေမးလိုက္ေတာ့...

"ဒါ.. ကြၽန္ေတာ့္ဟာ။ ညက်ရင္ဖက္အိပ္မလို႔"

"ဟြန္း.. ကိုယ္တစ္ေယာက္လုံးရွိေနတာကို.. ဖက္ခ်င္ရင္ကိုယ့္ကိုဖက္လို႔ရေနတာပဲ"

"ဘာဆိုင္လို႔လဲ.. ခင္ဗ်ားကအ႐ုပ္မွမဟုတ္တာ။ ၿပီးေတာ့ကြၽန္ေတာ္ကအ႐ုပ္ေလးေတြနဲ႕ဖက္အိပ္ရတာကိုႀကိဳက္တယ္။ ရင္ခြင္ထဲမွာအိအိစက္စက္နဲ႕ႏြေးေနတာေလးကိုသေဘာက်တာ"

"ကိုယ္နဲ႕ဖက္အိပ္ရင္တစ္ကိုယ္လုံးႏြေးေနမွာ"

"ဘာလို႔ခင္ဗ်ားနဲ႕ဖက္အိပ္ရမွာလဲ။ ကြၽန္ေတာ္ကဂ်ီမင္းနဲ႕... ဟင္! တျခားသူေတြေရာ"

ေဆာ့ဂ်င္ကိုယ္ေလးကိုတစ္ပတ္လည္ကာလွည့္ရွာၾကည့္ေတာ့တကယ္ပဲ ဒီေနရာမွာသူတို႔ႏွစ္ဦးသာရွိသည္။

"Workshop သြားရမွာမဟုတ္ဘူးလား"

"ဟုတ္တယ္ေလ.. ဒါေပမယ့္ တျခားသူေတြကေနာက္သုံးရက္ေလာက္ေနမွလိုက္လာၾကမွာ"

"သုံးရက္! ဒါဆိုဘာလို႔... "

ေျပာမယ့္စကားကိုခဏရပ္ၿပီးမခ်ိဳမခ်ဥ္မ်က္ႏွာနဲ႕ထိုလူသားကိုမ်က္ေစာင္းထိုးရ၏။

"အဲ့ဒါဘာသေဘာလဲ"

"ဟဲ.. ဟဲ"

သူေမးတာကိုမေျဖဘဲရယ္က်ဲက်ဲစပ္ၿဖဲၿဖဲမ်က္ႏွာေပးျဖင့္သူ႕အနားလာၿပီးသူ႕ခါးကိုလက္ႏွစ္ဖက္ျဖင့္သိုင္းဖက္ကာသူ႕ပုခုံးေပၚတြင္ေမးတင္လ်က္..

"အဲ့ဒါ.. ဘာသေဘာလဲဆိုေတာ့.... "

"သိသားပဲ.. တျခားသူေတြမလာခင္အလုပ္ကိုပိုလုပ္ရမယ္ဆိုတဲ့သေဘာမဟုတ္လား"

********** **********

"Heol.. တကယ္ႀကီးအလုပ္လုပ္ေနရတာပဲ"

ပူပူႏြေးႏြေးခ်စ္သူေလးနဲ႕ဂ်ယ္ဂ်ဴဒိုကသူ႕အပိုင္အပန္းေျဖအိမ္မွာၾကည္ႏူးစရာအခိုက္အတန့္ေလးေတြဖန္တီးခြင့္ရမလားမွတ္ပါတယ္.. ဂ်ယ္ဂ်ဴေျမကိုေျခစခ်ကတည္းကအပန္းေျဖအိမ္ေတာင္မသြားရဘဲ workshop လုပ္မယ့္ခန္းမကိုတန္းလာခဲ့ရသည့္အျပင္ ေရာက္ကတည္းက ဒီကတာဝန္ခံကိုသိၿပီးသားေတြကိုထပ္ခါထပ္ခါေမးရင္းအလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနတဲ့တစ္ေယာက္ေသာသူေၾကာင့္စိတ္႐ူးေပါက္ၿပီးေအာ္ဟစ္ပစ္လိုက္ခ်င္သည္။

"ကြၽန္ေတာ္တို႔က pre-event during event post-event ဆိုၿပီးအပိုင္းသုံးပိုင္းခြဲၿပီးစနစ္တက်ေသခ်ာစီစဥ္ထားတာမို႔ ဒီပြဲေလးကလည္းအမွားအယြင္းနည္းနည္းနဲ႕ေအာင္ျမင္မွာပါ"

"Post-event အတြက္ေရာ တာဝန္ခံခြၽဲတို႔ ဘာေတြစီစဥ္ထားလဲ"

"ကြၽန္ေတာ္တို႔လုပ္မယ့္ပြဲက sustainability ကိုအေျခခံထားတာမို႔ recycle ပိုင္းကိုဦးစားေပးလုပ္သြားမွာပါ။ ပြဲစဥ္တစ္ေလွ်ာက္လည္း eco-friendly ျဖစ္တဲ့ product ေတြကိုပဲသုံးသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ဝန္ထမ္းေတြကိုလည္း ဗဟုသုတတိုးေအာင္ပြဲမစခင္ sustainable activities ေလးေတြလည္းလုပ္ဖို႔စီစဥ္ထားပါတယ္"

"ေကာင္းတာေပါ့။ ဒါဆိုကေလးေတြအတြက္ေရာဘယ္လို activities ေလးေတြစီစဥ္ထားလဲ"

"ကေလးေတြအတြက္ကေတာ့... "

"ဟာ.. "

တာဝန္ခံခြၽဲကခန္းမအႏွံ႕ေလွ်ာက္ရင္းပြဲအတြက္စီစဥ္ထားတာေတြကိုအေရွ႕ကေနႀကိဳးႀကိဳးစားစားရွင္းျပေနခ်ိန္ ဒါရိုက္တာဆိုတဲ့လူကအေနာက္ကေန.. သူ႕ခါးကိုဆြဲဖက္လိုက္၊ ပါးကိုဆြဲဆိတ္လိုက္၊ ဆံပင္ေတြကိုလာဖြလိုက္နဲ႕ လက္ကျမင္းေနေလေတာ့သူ႕မွာတာဝန္ခံမရိပ္မိေအာင္ထိုအျမင္ကတ္စရာလူသားနဲ႕ခပ္က်ိတ္က်ိတ္ရန္ျဖစ္ရတာအေမာ။

"ဘယ္လိုျဖစ္ေနတာလဲ"

လက္ကျမင္း႐ုံနဲ႕တင္အားမရေတာ့ဘဲသူ႕ကိုရင္ခြင္ထဲဆြဲသြင္းကာသူ႕ရဲ႕ပါးမို႔မို႔ေလးထဲႏွာေခါင္းနစ္ဝင္သည္အထိအတင္းခ်ဳပ္နမ္းလာတာမို႔သည္းမခံနိုင္ေတာ့တာနဲ႕ထ,ေအာ္လိုက္မိေတာ့ တာဝန္ခံခြၽဲကသူတို႔ကိုအလန့္တၾကားလန့္ၾကည့္လာသည္။

"Curator ကင္.. ဘာမ်ားျဖစ္လို႔လဲဟင္"

"ဘာ.. ဘာမွမျဖစ္ပါဘူး။ ဟို.. ျခင္.. ျခင္.. အနားမွာတဝီဝီလာလုပ္ေနလို႔.. စိတ္တိုၿပီးေအာ္လိုက္မိတာ"

"ဟင္! ဒီခန္းမထဲမွာျခင္ရွိတယ္?"

"ရွိတယ္.. ရွိတယ္.. ျခင္ေတာင္ရိုးရိုးျခင္မဟုတ္ဘူး.. သူမ်ားပါးနားမွာဘဲလာ, လာ ဝဲေနတဲ့ ႏွာဘူးျခင္ႀကီး"

အနမ္းခံရတဲ့ပါးေလးကိုလက္ဝါးျဖင့္ဖိပြတ္ကာႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႕ဂ်စ္တစ္တစ္အေျပာေလးေၾကာင့္အသည္းတယားယားနဲ႕ဆြဲေမြ႕ယမ္းပစ္ခ်င္တဲ့စိတ္ကိုမနည္းၿမိဳခ်ကာမ်က္ႏွာထားကိုအစြမ္းကုန္တည္ထားရသည္။

"Curator ကင္ရယ္.. ႏွာဘူးျခင္ဆိုတာရွိလို႔လား"

"ရွိတာေပါ့။ ျဖစ္နိုင္ရင္.. ေဟာဒီလိုေတာင္လက္ညွိုးထိုးျပလိုက္ခ်င္ေသးတယ္"

"အဟင္း.. ဟင္း.. ဟင္း.. ဟို.. တာဝန္ခံခြၽဲ"

သူ႕မ်က္ႏွာနားမွာေဝ့ဝဲလာတဲ့လက္ညွိုးေကာက္ေကာက္ေလးကိုမသိမသာဖမ္းဆြဲထားလိုက္ရသည္။ဒါေတာင္အူတူးဂ်စ္တူးေလးကလက္သည္းခြၽန္ခြၽန္ေလးနဲ႕သူ႕လက္ဖဝါးကိုမရမကလွမ္းကုတ္ၿပီး႐ုန္းေနေသးတာ။

"တာဝန္ခံခြၽဲကေတာ့.. အၿမဲလွည့္ၾကည့္စရာမလိုေလာက္ေအာင္အလုပ္ကိုေစ့ေစ့စပ္စပ္လုပ္တတ္မွန္းသိထားၿပီးသားပါ။ အခုလည္းစီစဥ္ထားတာေတြအားလုံးအကုန္ေထာင့္ေစ့ၿပီးျပည့္စုံပါတယ္။ ဒါေပမယ့္.. ကြၽန္ေတာ္တို႔လည္းဒီေန႕မွေရာက္တာဆိုေတာ့ခရီးပန္းေနလို႔ ဒီေန႕ေတာ့ဒီေလာက္နဲ႕ပဲနားလိုက္ရေအာင္"

"အာ.. ဟုတ္သားပဲ။ ဒါရိုက္တာဂြၽန္တို႔ပင္ပန္းေနမွာေပါ့။ သြားနားၾကပါ။ ဪ.. ဒါနဲ႕.. ကြၽန္ေတာ္တို႔ဒီည ပြဲအႀကိဳဂုဏ္ျပဳပြဲေလးဒီနားက bar မွာလုပ္ဖို႔ရွိတယ္ဗ်။ ပြဲဆိုေပမယ့္အျပင္လူမပါပါဘူး.. ဒီကဝန္ထမ္းေတြပါပဲ။ ဒါေပမယ့္.. ဒါရိုက္တာဂြၽန္တို႔ကခရီးပန္းလာတယ္ဆိုေတာ့လည္း.... "

"လာရမွာေပါ့.. ေလယာဥ္နဲ႕လာတာပဲဟာ.. ခရီးသိပ္မပန္းပါဘူး။ခဏေလာက္နားလိုက္ရင္ရၿပီ"

ကင္ေဆာ့ဂ်င္တို႔ဘယ္လိုအကြက္ေတြေ႐ႊ႕ခ်င္ေနသလဲဆိုတာသူရိပ္မိေနတာမို႔...

"မဟုတ္ဘူးေလ..မသြားေတာ့ဘူးေလ။ ဒီေန႕ဒီအတိုင္းပဲနားလိုက္ေတာ့မယ္ေလ"

"ဒါရိုက္တာမလိုက္နိုင္ရင္ေနခဲ့ေပါ့။ကြၽန္ေတာ္တစ္ေယာက္တည္းသြားလည္းျဖစ္တာပဲ။ တာဝန္ခံခြၽဲ.. ကြၽန္ေတာ္လာမယ္.. ကြၽန္ေတာ္"

အတင္းသြားမယ္, သြားမယ္နဲ႕တက္ႂကြေနသူေလးကိုလြန္ဆန္လို႔မရတဲ့အဆုံး.. သူလည္းပြဲတက္ပါ့မယ္လို႔ပဲအင္တင္တင္နဲ႕လက္ခံလိုက္ရေတာ့သည္။

********** **********

"ေတာ္သင့္ၿပီ.. ေတာ္သင့္ၿပီ.. မ်ားေနၿပီ"

"ဟာ.. အဟြတ္.. တစ္ငုံေတာင္မေသာက္ရေသးဘူးေလဗ်ာ။ ဘာလို႔အတင္းႀကီးလာဆြဲေနတာလဲ"

ဘီယာေလးတစ္ငုံေလာက္ေသာက္မယ္ျပင္တိုင္းလက္ကိုအတင္းလာ, လာဆြဲေနတာမို႔ေဆာ့ဂ်င္မ်က္ေမွာင္ကုတ္ရင္းမေက်မနပ္ေလးေျပာလိုက္မိသည္။ ဒါေပမယ့္.. တျခားသူေတြလည္းရွိေနၾကသျဖင့္က်ယ္က်ယ္ေလာင္ေလာင္လည္းျပန္ေအာ္လို႔မရတာေၾကာင့္တိုးတိုး, တိုးတိုးႏွင့္ရန္က်ိတ္ျဖစ္ေနရလို႔အားမရမိတာေတာ့အမွန္။

"မ်ားသြားမွာစိုးလို႔ပါ"

"ေသာက္ေတာင္မေသာက္ရေသးတာကို ဘယ္လိုလုပ္မ်ားမွာလဲ။ ခ်ဳပ္ခ်ယ္မယ္ေတာ့မႀကံနဲ႕ေနာ္.. မႀကိဳက္ဘူး။ ကိုယ့္ဘာသာကိုလုပ္ခ်င္တာလုပ္မွာ"

"ခ်ဳပ္ခ်ယ္တာမဟုတ္ပါဘူး။ ေသာက္တာမ်ားသြားရင္ေနာက္ေန႕ေခါင္းေတြကိုက္ၿပီးမထနိုင္မွာစိုးလို႔ပါ။ ေခါင္းကိုက္တဲ့ေဝဒနာဆိုတာေျပာေတာ့သာဘာမွမဟုတ္တာ..တကယ္တမ္းျဖစ္ရင္အရမ္းခံစားရတာ.. အူတူးရ။ အဲ့ဒါေၾကာင့္.. အူတူးကလိမၼာပါတယ္.. စကားနားေထာင္ေလ.. ေနာ္"

ေလသံေပ်ာ့ေလးႏွင့္ေခ်ာ့ေမာ့ေျပာေနေပမယ့္သြယ္ဝိုက္ေသာနည္းနဲ႕ျဖစ္ေစခ်င္တာကိုသိမ္းသြင္းဖို႔ႀကိဳးစားေနတာမို႔သိပ္ေတာ့မေက်နပ္ခ်င္။ ဒါေၾကာင့္.. သူ႕လက္ထဲကဆြဲသြားတဲ့ဘီယာခြက္ကိုျပန္အတင္းျပန္လိုက္လုေနတုန္း...

"ေဂ်ာင္ကု"

အသံၾကားရာကိုလွည့္ၾကည့္လိုက္ေတာ့သူတို႔ထက္အသက္အနည္းငယ္ႀကီးပုံရသည့္ဆြဲေဆာင္မႈရွိစြာလွပေသာအမ်ိဳးသမီးတစ္ဦး။

"ရွာ႐ြန္း.. ႏူနား?"

ေဂ်ာင္ကုကတေလးတစားနဲ႕ႏူးနားလို႔ေခၚကာဝမ္းသာအားရထ, ႏႈတ္ဆက္ရေသာထိုအမ်ိဳးသမီးသည္မပီမျပင္ဝိုးတဝါးမီးေရာင္ေအာက္မွာေတာင္ ထင္းလင္းေနေအာင္လွပါသည္။ မနိမ့္မျမင့္အရပ္အေမာင္းႏွင့္လိုက္ဖက္ေသာအခ်ိဳးအဆစ္က်သည့္ခႏၶာကိုယ္အခ်ိဳးအစားကလည္း ဖ်တ္ခနဲၾကည့္႐ုံနဲ႕တင္ခန့္မွန္းနိုင္သည္.. ၃၆ ၂၄ ၃၆..

"ႏူနားကဘယ္တုန္းကဒီကိုျပန္ေရာက္ေနတာလဲ"

"မၾကာေသးဘူး။ ဒီကို... "

စကားတေျပာေျပာနဲ႕ထြက္သြားၾကတာ.. သူ႕ကိုတစ္ခ်က္ေလးေတာင္အဖက္လုပ္ေဖာ္မရ။ အနည္းဆုံးေတာ့.. ဒီအမ်ိဳးသမီးက.. ဘယ္သူဘယ္ဝါပါဆိုၿပီးမိတ္ဆက္ေပးသင့္တာေပါ့.. မဟုတ္ဘူးလား။

"ဟြန္း.. သြားႀကီးကိုၿဖဲလို႔... သူ႕ကိုယ္သူသြားေဆးခန္းေရာက္ေနတယ္မ်ားထင္ေနလားမသိဘူး"

မ်က္ႏွာေလးကိုသုန္မႈန္ထားၿပီးပါးႏွစ္ဖက္ကိုေဖာင္းေနေအာင္ႏႈတ္ခမ္းစူထားကာ ပါးစပ္ကဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာရင္းဘီယာခြက္ႀကီးကိုတစ္က်ိဳက္တည္းကုန္ေအာင္ေမာ့ေသာက္ပစ္လိုက္သည္။

"တာဝန္ခံခြၽဲ.. ကြၽန္ေတာ့္ရဲ႕အူ.... Curator ကင္ေရာ"

"ဟင္! ခုနကဒီနားမွာရွိေနပါေသးတယ္။ ဘယ္ေရာက္... "

"Under my umbrella Ella Ella eh eh eh
Under my umbrella ella ella eh eh.. အစ္"

တာဝန္ခံခြၽဲရဲ႕စကားပင္မဆုံးခင္မွာပဲၾကားလိုက္ရတဲ့အသံစူးစူးေလးေၾကာင့္ၾကည့္လိုက္ေတာ့ေက်းဇူးရွင္ကေကာင္တာေပၚမွာတင္ပလင္ေခြခ်ိတ္ထိုင္ၿပီးသီခ်င္းေတြအားရပါးရထိုင္ဆိုေနေလရဲ႕။ ၿပီးေတာ့ cocktails ခြက္ေတြမွာအလွစိုက္တဲ့ထီးေသးေသးေလးေတြကိုပန္းပန္သလိုနားႏွစ္ဖက္ၾကားထဲညွပ္ထားၿပီးလည္ပင္းမွာလည္းေျပစာစာ႐ြက္ေတြကိုမာဖလာလိုပတ္ထားေသးသည္။ ကဲ.. ၾကည့္ဦး.. ခဏေလးထားၿပီးထြက္သြားမိပါတယ္.. ဒီအဆိုးေလးကျဖစ္ခ်င္တိုင္းကိုျဖစ္ေနေတာ့တာပဲ။

"Under my umbrella Ella Ella.. အစ္.. ေအ့.."

"အူတူး.. လာ.. ဆင္းခဲ့။ ျပန္မယ္"

"မျပန္ပါဘူး.. ခင္ဗ်ာ.. အူတူးေလးက.. ဒီမွာပဲအိပ္မွာပါခင္ဗ်ာ.. ဟီး.. ဟီး"

ေျပာရင္းဆိုရင္းနဲ႕ေကာင္တာေပၚမွာပဲလွဲအိပ္ဖို႔ျပင္ေတာ့သူက ကမန္းကတန္းနဲ႕လက္ေလးကိုဖမ္းဆြဲထားၿပီးခါးေလးကိုသိမ္းေပြ႕ကာေကာင္တာေပၚကေန မ,ခ်ီၿပီးေအာက္ကိုခ်ေပးရသည္။ ေအာက္ေရာက္ေတာ့သူ႕ရင္ဘတ္မွာမ်က္ႏွာေလးကပ္ၿပီးၿငိမ္က်သြားသည္။ ငုံ႕ၾကည့္လိုက္ေတာ့အမူးသမားေလးကႏႈတ္ခမ္းေလးကိုတဖူးဖူးမႈတ္ရင္းအိပ္ေပ်ာ္ေနၿပီ။

သူကအိပ္ေပ်ာ္သြားရွာၿပီျဖစ္တဲ့အမူးသမားေလးကိုေပြ႕ခ်ီဖို႔ျပင္လိုက္တုန္းရွာ႐ြန္းႏူနားကသူ႕နားကိုေရာက္လာၿပီး...

"သူက.. ခုနကေျပာတဲ့.. "

"ဟုတ္တယ္.. ႏူနား။ ဒါေပမယ့္.. သူမူးၿပီးအိပ္ေပ်ာ္သြားလို႔ေနာက္ေန႕မွပဲမိတ္ဆက္ေပးေတာ့မယ္ေနာ္"

"ေအးပါ.. ရပါတယ္။ ဒါနဲ႕.. တစ္ေယာက္တည္းျဖစ္ရဲ႕လား။ ႏူနားတို႔လိုက္ပို႔ဖို႔လိုေသးလား"

"ရတယ္.. ျဖစ္တယ္။ ျပန္ေတာ့မယ္ေနာ္.. ေနာက္မွထပ္ဆုံမယ္"

"ေအး.. ေအး"

********** **********

~တီ.. တီ.. တီ~

ကားဟြန္းကိုသုံးခ်က္ဆင့္တီးၿပီး ၿခံတံခါးပြင့္လာဖို႔ေခတၱေစာင့္ၿပီးေနာက္.. ပြင့္, ဟလာသည့္ၿခံဝန္းက်ယ္ႀကီးထဲသို႔ကားကိုကြၽမ္းက်င္စြာေမာင္းဝင္လာခဲ့သည္။ ခမ္းနားသည့္အပန္းေျဖအိမ္ႀကီး၏ ဆင္ဝင္ေအာက္တြင္ကားကိုရပ္လိုက္ၿပီးကားေပၚမွခပ္သုတ္သုတ္ဆင္းကာ...

"ရၿပီ.. ဦးေလးတို႔အလုပ္ဆင္းေတာ့"

"ဟုတ္ကဲ့ပါ.. သခင္ေလး"

ၿခံေစာင့္ဦးေလးႀကီးသူ႕နားကထြက္သြားေတာ့သူလည္းကားထဲကအမူးသမားေလးကိုခဲရာခဲဆစ္ေပြ႕ခ်ီၿပီးအိမ္ထဲကိုပို႔ဖို႔ျပင္ရသည္။

"ဟာ.. အူတူး.. ၿငိမ္ၿငိမ္ေနေလ"

"ဟင့္အင္း.. ေအာက္ခ်ေပး.. ခ်ေပး.. လို႔"

တစ္လမ္းလုံးအိပ္ေနတာအေကာင္းအိမ္ထဲေရာက္ခါနီးမွထေဖာက္လာတဲ့အမူးသမားေလးဟာ.. သူ႕လက္ေပၚမွာတစ္စက္မွအၿငိမ္မေန.. ေကာ့လန္ထိုးၿပီး႐ုန္းကုန္လာတာမို႔အခန့္မသင့္ရင္ႏွစ္ေယာက္လုံးလဲသြားနိုင္တာေၾကာင့္ခ်ီထားလ်က္ကေနေအာက္ကိုခ်ေပးလိုက္ရသည္။ ဒါေပမယ့္ယိုင္လဲက်သြားမွာစိုးလို႔လက္ႏွစ္ဖက္ျဖင့္ပခုံးမွကိုင္ကာထိန္းထားေပးရသည္။ ဧည့္ခန္းထဲေရာက္ေတာ့အမူးသမားအဆိုးေလးကၾကမ္းျပင္ေပၚမွာပဲထိုင္ခ်လိဳက္တာမို႔..

"အဲ့မွာမထိုင္နဲ႕ေလ.. အူတူးရဲ႕။ ေအးမွာေပါ့"

"အင္း.. အူတူးေလး.. ေအးတယ္"

ေအးတယ္ဆိုၿပီးလည္ပင္းမွာမာဖလာလိုပတ္ထားတဲ့ေျပစာစာ႐ြက္စကိုပါးမွာကပ္ထားသည္။ မူးကာမွပဲ.. သူ႕ကိုယ္သူအူတူးေလးတဲ့.. ခ်စ္စရာ။

"ေပး.. ေပး.. ဒါႀကီးဖယ္လိုက္"

"ဟင့္အင္း.. မေပးဘူး။ ဒီ.. ရစိပစ္ကေလ... "

"ရစိ(တ္) ပါကြာ"

"အဲ့ဒါေျပာတာေပါ့.. ဘာလို႔ရစိ(တ္) လဲ.. စာလုံးေပါင္းမွာ p ပါတယ္ေလ။ စာလုံးေပါင္းမွာက်ေတာ့ပါၿပီးအသံထြက္ေတာ့ဘာလို႔မပါတာလဲ.. ေျပာ.. အစ္.. အဲ့ဒါဘာသေဘာလဲ.. p ကိုမေလးစားတာလား.. p ကခင္ဗ်ားတို႔အတြက္ဘာလဲ.. လိုသုံးလား.. လိုခ်ိဳလား.. ဟင္.. ဘယ္မွာလဲ.. p အတြက္တရားမွ်တမႈ.. ဟမ္"

သူ႕မွာဘာေျပာလို႔ေျပာရမွန္းေတာင္မသိဘဲေခါင္းေတြေတာင္တဖ်င္းဖ်င္းကုတ္ေနမိေတာ့သည္။ မသိရင္ဘဲ.. သူ႕မွာဆိုင္းဘုတ္ကိုင္ၿပီး p ကိုယ္စားဆႏၵထြက္ျပေပးရေတာ့မလိုလို။

"အဲ့ေတာ့.. p ကိုေလးစားတဲ့အေနနဲ႕ ရစိပစ္ပဲ.. ဘာမွလာမရွင္းျပနဲ႕"

"ဟုတ္ပါၿပီဗ်ာ.. ႀကိဳက္သလိုေခၚပါ။ အခု... "

"အဟင့္. အဟင့္.. P ေလးဘဝကအရမ္းသနားစရာေကာင္းတာပဲ.. သိလား။ သူ႕ရဲ႕ျဖစ္တည္မႈကိုဘယ္သူမွအသိအမွတ္မျပဳၾကဘူး။ အစ္.. photosynthesis တို႔ physics တို႔ phosphorus တို႔မွာလည္း p ပါတာပဲ။ ဘာလို႔.. အသံထြက္ေတာ့ f အသံႀကီးျဖစ္ေနတာလဲ.. အဲ့ဒါဘာသေဘာလဲ.. ထားေတာ့ေရွ႕ဆုံးမွာထားၿပီးတျခားတစ္ေယာက္နဲ႕.. အစားထိုးခံလိုက္ရတာလား.. ဟမ္.. ၿပီးေတာ့ရွိေသးတယ္.. psycho..pneumonia အစကတည္းကအသိအမွတ္မျပဳဘူးဆိုရင္လည္းဘာလို႔ထည့္သုံးထားေသးလဲ.. အဟင့္.. အဟင့္.. သနားပါတယ္.. p ရဲ႕ဘဝေလးကလည္းဒီက အူတူးေလးလိုပဲ.. အပယ္ခံေလး.. အီး.. ဟီး.. သနားတယ္.. ခံျပင္းတယ္.. ကိုယ္ခ်င္းလည္းစာတယ္... အီး.. ဟီး"

"ေနစမ္းပါဦး.. ခင္ဗ်ားေလးကဘယ္တုန္းကအပယ္ခံျဖစ္သြားတာလဲ"

"မေကာင္းတဲ့လူႀကီး"

မူးေနတဲ့ၾကားကလူကိုမ်က္လုံးလွန္ၿပီးေလဆာေတြပစ္လႊတ္မတတ္ၾကည့္ေနေသးတာ..

"ေဟာဗ်ာ.. ကိုယ္ဘာလုပ္မိလို႔လဲ"

"ေမးတယ္.. ေမးတယ္ေပါ့.. အဲ့ဒါ.. ညာတာ.. ေျဗာင္လိမ္တာ.. ဒါ.. လိမ္လည္မႈ.. ခဏေနဦး.. ဒီလိမ္လည္မႈကိုသတင္းေပးရမယ္.. ရဲတိုင္ရမယ္.. အယ္.. ငါ့ဖုန္း.. ငါ့ဖုန္းဘယ္ေရာက္သြားလဲ.. ဪ.. ခင္ဗ်ားက.. အခု.. ဖုန္းကိုပါခိုးထားၿပီေပါ့.. ဟုတ္လား"

"ဒီမွာ.. မူးေနလည္းေအးေဆးေန.. လာမရစ္.. အား!"

နဖူးေလးကိုလက္ညွိုးနဲ႕တြန္းၿပီးဆူသလိုေျပာလိုက္တာကိုအမူးသမားအဆိုးေလးကသူ႕လက္ညွိုးကိုဆြဲၿပီးကိုက္ပစ္တယ္..

"ရား!"

"မေကာင္းတဲ့လူႀကီး.. လူကိုတစ္ေယာက္တည္းထားသြားတယ္"

"ဘယ္တုန္းကထားသြားလို႔လဲ"

"ထားသြားတယ္ေလ.. လူကိုတစ္ေယာက္တည္းပစ္ထားၿပီး ဟို.. ၃၆ ၂၄ ၃၆ နဲ႕ ဟီးဟီး.. ဟားဟား.. သြားလုပ္ေနတယ္ေလ"

"ဘယ္က.. ၃၆... အာ.. ရွာ႐ြန္းႏူနားကိုေျပာတာလား"

"မေခၚနဲ႕.. အဲ့နာမည္ကိုမေခၚနဲ႕.. မၾကားခ်င္ဘူး။ အူတူးေလးရဲ႕နာမည္ကိုပဲေခၚရမယ္"

လတ္စသတ္ေတာ့သဝန္ေတြတိုၿပီးလာရစ္ေနတာကိုး.. အခုမွပဲအေျခအေနကိုသုံးသပ္မိေတာ့တယ္။

"အဲ့ဒါ.. ကိုယ့္အစ္မဝမ္းကြဲပါကြာ"

"ဟုတ္လို႔လား"

"ဟုတ္တယ္.. အိမ္ေထာင္က်ၿပီး.. နိုင္ငံျခားမွာပဲအေနမ်ားလို႔အခုမွျပန္ေတြ႕ၾကတာ။ အဲ့မွာသူ႕ေယာက္်ားလည္းပါတယ္"

"အဲ့ဒါဆို.. ဘာလို႔မိတ္မဆက္ေပးတာလဲ"

"မိတ္ဆက္ေပးဖို႔လာေခၚတယ္ေလ.. ခင္ဗ်ားေလးကမူးေနတာကိုး"

"အာ.. အဲ့လိုလား.. ဟီး.. ဟီး.. ဒါဆို.. အူတူးေလးအတြက္တရားမွ်တမႈျပန္ရၿပီေပါ့.. ဟီး.. ဟီး.. ေပ်ာ္လိုက္တာ"

"ဟြန့္.. အခုမွ.. "

"ဒါေပမယ့္.. p အတြက္ေရာ.. p အတြက္တရားမွ်တမႈကိုဘယ္သူကရွာေပးမွာလဲ"

ဒုကၡပါပဲ.. p ရယ္။ ဒီ p ကဒီအဆိုးေလးရဲ႕ပါးစပ္ထဲဘယ္လိုလုပ္ေရာက္သြားပါလိမ့္ေနာ္..

"မနက္ျဖန္က်မွ.. ကိုယ္ ကိုယ္တိုင္တရာ႐ုံးသြားၿပီးဦးတိုက္ေလွ်ာက္ေပးမယ္.. ဟုတ္ၿပီလား"

"တကယ္ေနာ္"

"အင္း.. ကဲ.. လိမၼာတယ္.. ထ.. သြားအိပ္မယ္"

ခ်ိဳင္းေအာက္ကေနမၿပီးထူဖို႔လုပ္ေပမယ့္ထူလို႔မရေအာင္အဆိုးေလးကသူ႕လည္ပင္းကိုအတင္းျပန္ခိုထားသည္။

"ဟင့္အင္း.. မထဘူး။ ဒီမွာပဲ.. အိပ္မွာ"

"ဪ.. ကဲ.. ထပါဆိုမွ.. စိတ္ဆိုးလာၿပီေနာ္"

"စိတ္ဆိုးတယ္? စိတ္မဆိုးပါနဲ႕.. စိတ္ဆိုးရင္.. ေခ်ာ့မယ္ေလ.. ေနာ္.. ကူးကူးထိုကီ.. ဟန္နီဘန္နီ.. ေနာ္"

သူ႕မ်က္ႏွာကိုမ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕လိုက္ၾကည့္ရင္းေခါင္းေလးေစာင္းၿပီးလုပ္ျပေနတဲ့ပုံေလးကအသည္းယားဖြယ္အတိ။ ေနာက္ေန႕မွ.. ခင္ဗ်ား.. ခင္ဗ်ားနဲ႕လာေခၚၾကည့္.. လူၾကားထဲလည္းမေရွာင္ဘဲအဲ့ဒီ့ႏႈတ္ခမ္းလုံးလုံးေလးကိုေပါက္ထြက္သြားေအာင္နမ္းပစ္ဦးမယ္.. ၾကည့္ေန။

"အမူးသမား.. အဆိုးေလး.. ေျပာစကားလည္းနားမေထာင္ဘူး"

"အဆိုးေလးမဟုတ္ပါဘူး။ အူတူးေလးကအခ်စ္ခံခ်င္တာပါလို႔"

ပန္းေယာင္သမ္းေနေသာမ်က္ႏွာေလးလွလွေလးမွာသူ႕ကိုစိုက္ၾကည့္ေနေသာၾကည္လင္တဲ့မ်က္လုံးေတာက္ေတာက္ေလးေတြကရီေဝေဝရွိလွသည္။ ဒီမ်က္ဝန္းေလးေတြသာပင္လယ္ျပင္ဆိုရင္ဘယ္ေလာက္ပဲလွိုင္းထန္ပါေစ.. မေမာတမ္းလက္ပစ္ကူးလိုက္ခ်င္ပါရဲ႕။

"အူတူး.. အရမ္းမူးေနၿပီပဲ။ သြားအိပ္မယ္.. ထ... "

စကားမဆုံးခင္သူ႕ႏႈတ္ခမ္းေတြေပၚေရာက္လာသည့္ဇြတ္တ႐ြတ္ဆန္လွသည့္ႏႈတ္ခမ္းဖူးဖူးေလးေၾကာင့္ေပြ႕ခ်ီဖို႔ျပင္ေနတဲ့သူ႕လက္ေတြက အမူးသမားေလးရဲ႕ခါးေတြဆီျပန္ေရာက္သြားကာတင္းေနေအာင္ေပြ႕ဖက္လိုက္မိသည္။ အယ္လ္ကိုေဟာနံ႕သင္းေနသည့္ႏႈတ္ခမ္းဖူးဖူးေလးက သူ႕ႏႈတ္ခမ္းကိုထက္သန္စြာစုပ္ယူနမ္းရွိုက္လာတာေၾကာင့္ျပင္းျပင္းျပျပအနမ္းေတြရဲ႕ဖ်ားေယာင္းမႈေနာက္မွာႏွလုံးသားသည္ၫြတ္ႏူးေပ်ာ့ေပ်ာင္းလာ၏။ သူဟာ ေက်ာက္သားနဲ႕ထုဆစ္ထားတဲ့ ေက်ာက္ဆစ္႐ုပ္မွမဟုတ္ဘဲ.. အသည္းႏွလုံးရွိတဲ့လူသားတစ္ဦးပဲ.. ဒီအထိအေတြ႕ေလးေတြကိုဘယ္လြန္ဆန္နိုင္ပါလိမ့္မလဲ။ ၿပီးေတာ့.. ဒီလူသားေလးကသူ႐ူးမတတ္ျမတ္နိုးရတဲ့သူ႕ရဲ႕အံ့ဖြယ္လူသားေလးေလ..

ဒီညေလးကို.. အခ်စ္နဲ႕ပဲရွင္သန္ခ်င္မိပါေတာ့သည္။

အနမ္းေတြကိုရပ္တန့္လိုက္ခ်ိန္သူ႕ရင္ဘတ္တြင္မ်က္ႏွာအပ္ရင္းအေမာေျဖေနတဲ့ခ်စ္ရသူေလးကိုေပြ႕ခ်ီလိုက္လ်င္.. ေဆာ့ဂ်င္ကလည္းသူ႕လည္ပင္းကိုအလိုက္သင့္ေလးျပန္ဖက္တြယ္လ်က္သူ႕ရင္ဘတ္တြင္မ်က္ႏွာအပ္ထားဆဲမွာသူက.. အိပ္ခန္းဆီသို႔တစ္လွမ္းခ်င္းလွမ္းဝင္လိုက္ေလသည္။

အခ်စ္ေရာင္ျဖန္းခံရတဲ့ညေလးတစ္ညရဲ႕ ဆုံစည္းမႈေလးတစ္ခုေပါ့...

********** **********

အခ်ိန္ေပးၿပီးဖတ္ေပးၾကတဲ့ readerေလးေတြအားလုံးေက်းဇူးပါ 🥰

ဒီတေခါက္ေတာ့အနားယူတာၾကာသြားတဲ့အတြက္အရွည္ႀကီးပဲေရးေပးလိုက္ပါတယ္။ စာလုံးေရ ၈ေထာင္ေက်ာ္ပါတယ္ေနာ္။

တကယ္ေတာ့ အရွည္ႀကီးေရးတဲ့အေၾကာင္းအရင္းရွိပါတယ္။ ဒါေလးကိုျမန္ျမန္ဇာတ္သိမ္းလိုက္ခ်င္လို႔ပါ။ အခုေတာင္ဇာတ္လမ္းက ေလးလာၿပီဆိုေတာ့ဆြဲဆန့္ရင္လည္းမေကာင္းေတာ့ဘူးေလ.. ေနာ့ 😁

Continue Reading

You'll Also Like

1.1M 37.5K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
23.9K 712 6
Tips on how to find your confidence and a few personal experiences on how they've helped me. I hope this is helpful♡
164K 17.4K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
9.6K 1.1K 8
"ဒီည ကိုယ်သခင်လေးမလုပ်တော့ဘူး မင်းက သခင်လေးလုပ်လိုက် ကလေး ကိုယ်က မင်းကို စောင့်ရှောက်မယ်"