friEND(COMPLETED)

By Kattamkaung

386K 42K 3.5K

The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For backg... More

စာရေးသူ၏ အမှာစာ
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter -5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter -11
Chapter-12
Chapter -13
Chapter-14
Chapter -15
Chapter -17
Chapter -18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter - 29
Chapter-30
Chapter - 31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Final Chapter
ကျေးဇူးတင်လွှာ

Chapter -16

7.7K 1K 67
By Kattamkaung

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၇

ရွှီ.... ကလစ်...

အငွေ့တထောင်းထောင်း ထနေသည့် ရေနွေးအိုးခလုတ်ကို ထပိတ်ပြီးနောက် သမင်လည်ပြန်လှည့်ကာ အိပ်ရာထက်သို့ ကြည့်လိုက်သည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသူ၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နှင့်။ လည်ပင်းအထိ ဆွဲတင်ပေးထားသည့် စောင်ထက်မှ သွယ်ယှက်ထားသောလက်ချောင်းတို့တွင် ခြစ်ရာရှရာများ ပြည့်နှက်လို့နေ၏။ ဘာတွေလုပ်ရလို့များ ဒီလောက်ထိ ဒဏ်ရာဒဏ်ချက်တွေ များနေရပါသနည်။။

ရေနွေးအိုးကို ခပ်ပြီးတာနှင့် ကုတင်ဆီပြန်လာကာ ကုတင်‌အောက်မှာ ထိုင်ချလိုက်သည်။ အစောက ချွေးတစို့စို့ဖြစ်နေခဲ့သော နှဖူးပြင်က ယခုမူ အေးစက်လျက်။ ကြမ်းရှချင်နေသည့် ဆံပင်တွေကို သပ်တင်ပေးတော့ တန်းနေသည့် မျက်ခုံးပါးပါးနှစ်ခုက နှာခေါင်းထိပ်မှာ စုနေကြ၏။

"မေ...မေမေ"

ဂယောင်ဂတမ်း တနေလောက်အောင် သတိရနေပါလျက် ဘာတွေဖြစ်ခဲ့လို့ အဝေးမှာ တစ်ယောက်ထဲ ဖြစ်နေခဲ့ရသလဲဆိုသည့် အတွေးတို့ကို မရပ်တန့်နိုင်။ နောက်ပြီး ပြောင်းလဲသွားခဲ့သည့် ကာလတွေမှာ သူ ဘယ်လို ရင်ဆိုင်ရပ်တည်ခဲ့မလဲဆိုသော အသိတို့ဝင်ရောက်လာပြန်တဲ့အခါ အလိုလိုနေရင်း စိတ်တိုင်းမကျမှုကို ခံစားရပြန်သည်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အပြုမှုတွေ၊ ထိန်းချုပ်သည်းခံနေသည့် ကြောက်ရွံ့တုန်လှုပ်မှုတွေ၊ နောက်ပြီး တရစပ်ကြားခဲ့ရသည့် တောင်းပန်တိုလျှိုးနေသောစကားတွေ။ ကုတင်ထက်သို့ လက်တင်ကာ ခေါင်းစောင်းချလိုက်တော့ သူ့ပါးပြင်တစ်ဖက်နှင့် မျက်နှာအပ်လျက်သားဖြစ်သွား၏။ ထူထဲသည့် မျက်တောင်တွေက ‌အိပ်မောကျနေသည့် ထိကရုန်းပင်လေးလို မျက်ခွံပေါ်မှာ ဝပ်လို့။

"နောင်တ...မရမိဘူးထင်တယ်။ မင်းနဲ့ ပက်သက်မိတာကို"

တိုးလျှသည့် အသံကို ကြားရလေမလားမသိ။ လစ်ဟနေသည့် လည်ပင်းမှ နီညိုရောင်အကွက်တချို့ကိုမြင်တော့ အလိုလိုနေရင်း လက်ညှိုးက ထိုနေရာဆီ ရောက်လို့သွားသည်။ မထိတထိ ခံစားချက်နောက်မှာ "အဟက် " ဆိုသော ရယ်သံကို မထိန်းလိုက်နိုင်။
ခွန်းနစ်ကုဋေက ဟိုးကတည်းကနေ အခုချိန်ထိ စိတ်ဝင်စားစရာ ကောင်းဆဲဖြစ်သည်။နောက်ပြီး သူကိုယ်တိုင်ကလည်း ဒီ‌အရှုပ်ထုပ်လို ယောက်ယက်ခပ်နေသူအနားမှာ ရှိနေရတာ အပျင်းပြေသည်ဟု ခံစားရ၏။

"ရုပ်ဆိုးလိုက်တာ "

ချွန်ထွက်နေသည့် နှာတံကိုတို့ရင်း ပြောလိုက်မိသည့်စကား။ ထို့နောက် ကိုယ့် လက်ပေါ်ကိုယ် မျက်နှာအပ်ကာ မျက်လုံးတွေမှိတ်ချလိုက်သည်။ပေါ့ပါးကာ နေလို့ကောင်းလှ၏။ ညည်းငွေ့စရာ လူတွေ၊ စိတ်ပျက်စရာ လူတွေနှင့် ပျော်စရာဆိုလို့ ဘာမှမရှိသည့် သူ့ဘဝမှာ အသက်ရှူပေါက်လေး တွေ့လိုက်ရသည့်အတိုင်းပင်။

.....................…..................

"မင်းက နေရော ကောင်းသွားပြီလား။ အဆောင်မှာ တစ်ယောက်ထဲဖြစ်နေရင် နေကောင်းတဲ့အထိ ငါတို့အိမ်မှာနေလေ။ မဟုတ်လည်း ငါတို့ လင်မယားပဲရှိတာ"

"တော်ပါပြီကွာ။ ငါက နည်းနည်း နားလိုက်ရင် သက်သာပါတယ်။ ပြီးတော့ မနွယ်နီကလဲ မွေးခါနီးဖွားခါနီးကြီး။ အလုပ်ပိုမယ်"

"အမလေး ရပါတယ်ရှင်။ မဟုတ်လဲ ကျွန်မတို့ ဘာမှကို လုပ်မပေးရဘူး။ နေချိုက အကုန် သူ့လက်သူ့ခြေလုပ်သွားတာ"

"အေး အဟုတ်ပဲဟေ့။ ငါ့မယ် မင်းအဖျားတက်လျက်သားကြီး ရောက်လာတော့ ပူထူသွားတာ။ ဒီကောင်က အခန်းလွတ်တစ်ခန်း ခဏငှားဆိုပြီး ဆွဲချသွားတာများ ငါတို့ ဘာလိုမလဲ ဝင်ကူတာတောင် အဝင်မခံဘူး"

"ခုလဲ ဘာသွားဝယ်တယ်မသိဘူး။ ကိုခွန်းနစ် မနိုးခင်လေးပဲ သူ့ဆိုင်ကယ်နဲ့ထွက်သွားတာ"

ပူထူနေသော မျက်နှာကိုထိန်းရင် ခွန်းနစ် မပြုံးချင်သည့် နှုတ်ခမ်းကို ဖိအားပေးကာ ပြုံးထားရသည်။ စိတ်ကို တင်းထားသည့်တိုင် တောင့်မခံထားနိုင်သည့်ကိုယ်ကြောင့် လျှော့ချလိုက်ရပြီးနောက် ခွန်းနစ်မှတ်မိတာဆိုလို့ အိပ်မက်ဆိုး အရှည်ကြီးသာ ရှိသည်။ အတိတ်ကအကြောင်းတွေက မနေ့တနေ့ကလို အိပ်မက်တွေဆီ ရောက်လာခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုတွေနှင့် နိုးထလာချိန်မှာ ကြိုဆိုနေခဲ့သည်က စိမ်းသက်သော မျက်နှာကျက်တစ်ခုသာ။

နောက်မှ သိရတာ ပြီးခဲ့သည့် တစ်ရက်လုံး ခွန်းနစ်က ဝေဖြိုးနိုင်တို့ အိမ်ကို ရောက်နေခဲ့ခြင်းပင်။ နာကျင်မှုနှင့် မအီမသာခံစားချက်တွေ ကျန်နေပေမဲ့ အကြာကြီးအိပ်လိုက်ရလို့ထင် ခြေကုန်လက်ပမ်းကျနေတာမျိုးတော့ မရှိတော့ပါ။ လက်ရှိမှာတော့ နေချိုမောင်နှင့် ဘယ်လိုရှေ့ဆက် နှစ်ပါးသွားရပါ့ဆိုသည့် အတွေးကသာ ခေါင်းထဲ နေရာယူထားသည်။

"ဟော ဟော ဟိုမှာ လာပါပြီ"

မနွယ်နီ စကားအဆုံးမှာပဲ အိမ်ရှေ့တွင်ထိုးရပ်သွားသည့် ဆိုင်ကယ်ကြီး။ စွပ်ကျယ်ချိုင်းပြတ်နှင့် နေချိုမောင်က အထုပ်တစ်ထုပ်ကိုဆွဲလျက်အနားရောက်လာသည်။ သူဝတ်ထားသည့် ဘောင်းဘီက ဝါကျင်ကျင်နှင့်။ ဘီယာဆိုင်မှာ တွေ့ခဲ့သည့်နေ့ကအတိုင်း ဖြစ်သည်။ ဒီနှစ်ရက်လုံးလုံး သူ့အဆောင်သူ မပြန်ခဲ့တာများလား။

"ရော့ မင်းအတွက်"

မျက်စိရှေ့ရောက်လာသည့် ကြေးအိုးဘူးက ပူပူနွေးနွေးနှင့်။ ခွန်းနစ်အတွက် တစ်ဘူးပေးသလို မနွယ်နီရှေ့ တစ်ဘူးချပေးတော့ ဝေဖြိုးနိုင်က "ငါ့အတွက်ရော" ဟုဝမ်းခေါင်းအသံကြီးနှင့် မေးသည်။

"ရှိတာစားလိုက်"

"ချစ်တီးကောင်။ အချင်းချင်းကို မျက်နှာလိုက်တယ်"

ပွစိပွစိ အပြောကို ဂရုမစိုက်သည့်နှယ် ခွန်းနစ်နံဘေးကို သူက ဝင်ထိုင်လာသည်။ ရှိန်းခနဲဖြစ်သွားသည့် သူ့ကိုယ်ငွေ့ကြောင့် ကိုယ်ကို ကျုံ့လိုက်မိသည့်တိုင် လူနှစ်ယောက်ထိုင်စာသာ ကျယ်သည့် တန်းလျားထက်မှာ ခွန်းနစ်ပြေးစရာမြေရယ်လို့ ကြီးကြီးမားမား မရှိလှပေ။

"ခုပဲ ပြောနေတာ။ ကိုခွန်းနစ် အဆောင်မပြန်ချင်ရင် နေကောင်းတဲ့အထိ ဒီမှာနေလည်း ရတယ်လို့"

"ရပါတယ်။အ‌ဆောင်မှာလည်း ဘေးအခန်းတွေက လူတွေရှိတယ်"

ခွန်းနစ် ဘူးခံငြင်းတော့ ထိုလင်မယားလဲ လက်လျှော့သွားပုံရသည်။ ထိုအကြောင်းကို ထိုနေရာမှာပဲ ရပ်ကာ ဘယ်လိုဖြစ်လို့ နေမကောင်းဖြစ်ရသလဲဆိုတဲ့ ခေါင်းစဉ်ဆီရောက်သွား၏။ စောက်ကျိုးနည်း... အဲ့ဒါမှ ပိုဆိုးလေပြီ။ သေချင်တဲ့ကျား တောပြောင်းဆိုသလို ထပြေးချင်နေတဲ့ ခွန်းနစ်တစ်ယောက် ထောင်ချောက်ထဲသို့ တည့်တည့်ထိုးကျသည့် အဖြစ်။

"ဟင် ဘယ်လိုဖြစ်ပြီး အဲ့လောက်ဖျားသွားရတာလဲ"

"အဲ့ အဲ့ဒါက ဟို အ အအေးပတ် ချောင်းဆိုးပြီး..."

"ဘာဖြစ်ဖြစ် မင်းထမင်း မင်းစားလိုက်တော့။ စကားများတယ်"

နေချိုမောင့် စကားအဆုံးမှာ တိခနဲ ပါးစပ် ပိတ်ကျသွားသည့် လင်မယားနှစ်ယောက်။သူတို့နှစ်ယောက်က နေချိုမောင်ရဲ့ ငယ်နိုင်ဖြစ်ပုံရသည်။ တိုးတိတိုးတိ မကျေနပ်ကြောင်း ပြောနေကြသေးပေမဲ့ ခွန်းနစ်ကိုတော့ ဇွတ်မမေးတော့ချေ။ မရဲတရဲ ဘေးလူကို ကြည့်မိသည့်အခါ ငဲ့စောင်းကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ဆုံသည်။ ချက်ချင်းပဲ အကြည့်လွှဲကာ ကြေးအိုးပန်းကန်ကြီးကိုသာ စိုက်ကြည့်လိုက်၏။ တုန်ယင်သွားသည့် လက်တွေခြေတွေက အပြစ်သားတစ်ယောက်နှယ်။

"ဖြေးဖြေးစား။ပြီးရင်ပြန်ပို့ပေးမယ်"

ပြောပြီး ထထွက်သွားသည့်သူ။ ခွန်းနစ်နေခဲ့သည့် အခန်းထဲသို့ဝင်သွားပါမှ ကြေးအိုးကို ရဲရဲစားရဲတော့သည်။ လစ်ဟာနေသော ဝမ်းတွင်းက ပူနွေးသည့် အစားသောက်အဟာရတွေဝင်သည်နှင့် တရစပ် ဆာလောင်ခြင်းတွေ နိုးထလာသလားမှတ်ရ၏။ တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်စားမိသည့် ကြေးအိုးတစ်ပန်းကန်က တစ်ခဏအတွင်းမှာ ပြောင်စင်လို့သွားခဲ့သည်။

"ဖြေးဖြေးမောင်းသွားကြ။ နောက်နေ့ ဆေးရုံလာမှ တွေ့ကြမယ်"

နှုတ်ဆက်ထွက်ခွာလာခဲ့သည့် ဆိုင်ကယ်ကြီးက လမ်းကြိုလမ်းကြားများကို ဖြတ်ကျော်ခဲ့ပြီး မြို့တွင်း လမ်းမကြီးဆီ ဦးတည်နေသည်။ ခွန်းနစ် လက်ချောင်းတွေက ဆိုင်ကယ်နောက်မြီးကို တင်းနေအောင် ဆုပ်ကိုင်မိထားသည်မှာ ရှေ့ကို နည်းနည်းလောက် တိုးမိလျှင်ပဲ ဆူးနဲ့ တွေ့ကာ ပေါက်ကွဲထွက်သွားတော့မည့် ရေပူဖောင်းလေးနှယ်။ နေချိုမောင့်ရဲ့ ကျောပြင်ကျယ်ကြီးကို အူတူတူကြီးကြည့်လျက် လိုက်ပါလာခဲ့သည်။

အဆောင်ရောက်တော့ ခပ်မြန်မြန်ပဲ ဆိုင်ကယ်ပေါ်မှဆင်းကာ ဆိုင်ကယ်ဦးထုပ်ကို သူ့ဆီပေးလိုက်သည်။ ပြီးတာနှင့် သုတ်ခြေတင်ကာ အဆောင်ဘက် ပြေးမိတော့သည်မှာ နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဖြစ်မည့်အတိုင်းပင်။

"ခွန်းနစ်ကုဋေ"

မကျယ်ပေမဲ့ သူ့အသံကို ခွန်းနစ်ကြားသည်။ သို့သော် မသိချင်ယောင်ဆောင်ရင်း ခြေလှမ်းတို့ကို အရှိန်တင်ပစ်လိုက်၏။

"ခွန်းနစ်ကုဋေ..."

ဒုတိယမြောက် ခေါ်ဆိုသံ ။ ဒီတစ်‌ခါတော့ သူနဲ့ကိုယ်က အတော်လေး လှမ်းနေပြီဖြစ်သလို သူ့အသံကလည်း ပိုကျယ်လာသည်။ ဟိုးမလှမ်းမကမ်းမှာတော့ အဆောင်ပေါက်က ခွန်းနစ်ကိုကြိုလျက်သား။ နောက်ထပ် ခြေလှမ်း လေးငါးလှမ်းလောက်ဆိုလျှင်ပဲ အဆောင်ထဲကို ရောက်တော့မည်။ အဆောင်ထဲကို ရောက်လျှင် ခွန်းနစ် သူ့မမြင်ကွယ်ရာကို ရောက်ပြီ။

"ခွန်းနစ်ကုဋေ"

ခြေချုပ်မိသွားသလို ရပ်တန့်သွားသည့် ခြေလှမ်းတွေက သုံးကြိမ်မြောက် ခေါ်သံ၏ တုပ်နှောင်မှုမှာ မိသွားသည့် သားကောင်အလား တုပ်တုပ်မျှပင် လှုပ်မရတော့။ ကိုယ်ဟာ သူ့စကားကို နားမထောင်မိလျှင်ပဲ နောင်တရတော့မည့်လူလို သူဆက်ပြောလာမည့်စကားကိုသာ နားစွင့်နေခဲ့မိသည်။

"မနက်ဖြန် ဆေးရုံသွားမှာလား"

"အင်း"

ချက်ချင်းတုန့်ပြန်ပေးလိုက်သည့် အဖြေ။ ကျောပေးထားပေမဲ့ ခေါင်းငြိမ့်ပြမိသည့်ကိုယ်က အရူးတစ်ယောက်နှင့် တူနေလိမ့်မည်။

"ဒါပေမဲ့ လာမကြိုနဲ့"

"..."

"မနက်ဖြန်ရော... နောက်ရော... ဘယ်တော့မှ ငါ့ကို လာမခေါ်နဲ့တော့"

"..."

"မင်းကို မတွေ့ချင်တော့ဘူး"

တစ်ဖက်က ပြန်လည်ရောက်ရှိလာမည့် စကားတွေ၊ မေးမြန်းလာမည့် အကြောင်းပြချက်တွေအကြောင်း နားထောင်ရဲလောက်အောင် ခွန်းနစ်က သတ္တိမရှိ။ ကိုယ်ပြောချင်တာ ပြောပြီးတာနှင့် သူရဲဘောကြောင်တဲ့ကောင်လို အဆောင်တွင်းသို့ ဝင်လာခဲ့လိုက်သည်။ ဒီလောက်ပဲ ကံပါမှတော့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့ နေချိုမောင်။ငါ့မိသားစုကိုတောင် ကံပါသလောက်နဲ့ ဖြတ်လိုက်ရတာပဲ။ ခဏလောက် ငါ့ဘဝထဲ ပြန်ဝင်လာတဲ့ မင်းနဲ့ရေစက်ကို မင်းနေ့ရက်တွေ ငါးပါးမမှောက်ခင်မှာပဲ ဖြတ်လိုက်တာ ကောင်းပါတယ်။

ထိုနေ့က အ‌ခန်းထဲရောက်တာနှင့် ခွန်းနစ်ငိုချမိသည်။ အချိန်‌အတော်ကြာမှ မျက်ရည်လည်ရွှဲဖြစ်အောင် ငိုမိခြင်းလည်းဖြစ်၏။ အမှန်ဆို အချိန်အကြာကြီးနေမှ လက်မလွှတ်ချင်သော အရာကို လက်လွှတ်လိုက်ရတာကြောင့်ဆိုသည့် အကြောင်းပြချက်ကို ဝန်မခံချင်ပါ။ တစ်ယောက်ယောက်ဆီက စွန့်ပစ်တာကို မခံရခင် မာနကြီးကြီးထွက်ခွာလာခဲ့ရတာက မရှိမဲ့ရှိမဲ့ သိက္ခာလေးကိုထိန်းဖို့ နောက်ဆုံးလုပ်နိုင်တဲ့အရာဆိုတာ သေချာရဲ့လားပင် ခွန်းနစ်မသိတော့။

နေချို့အပေါ် မတရားသလို ခံစားရသည်။ ဒါပေမဲ့ ထပ်ပြီး ခွန်းနစ်ကို စွန့်ပစ်သွားကြတဲ့ လူတွေကိုလည်း ထပ်မလိုချင်တော့။ တစ်ခါတစ်လေ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တိမ်းညွှတ်မှုက ဝဋ်ကြွေးဆပ်နေရသည်ဆိုသော စကားကိုပင် လက်ခံချင်မိလာသည်။ တဖြေးဖြေးနှင့် ထိုစိတ်ကြောင့် ပင်ပန်းရတာတွေက လျော့ပါးမသွားပဲ ဘဝထဲက လူတွေကသာ လျော့သွားခဲ့သည် မဟုတ်ပါလား။

"ငါက ဘယ်လိုလုပ်ပြီး ရိုးရိုးရှင်းရှင်း နေလို့ရမှာလဲ။ အမေပြောသလို ငါကိုက မှားနေခဲ့တာ။ "

"ငါသာ ငါသာ ပြင်လိုက်ရင်ရပေမဲ့ ကြိုးစားနေလေ ငါ့ကိုယ်ငါ ငါမဟုတ်တော့သလိုခံစားရပြီး မုန်းတီးလာတာကို မရပ်နိုင်လေပဲ။"

" ဒါပေမဲ့ ငါ့ပုံစံအတိုင်းနေတော့ရော... ဘာများ ပြောင်းလဲသွားလို့လဲ"

"စောက်တလွဲတွေဖြစ်ပြီး...အဟစ် တစ်ယောက်ထဲ ဖြစ်နေတုန်းပဲ"

ပူနွေးသော မျက်ဝန်းအိမ်ထဲသို့ ပြန်လည် ရောက်ရှိလာသည့် မြင်ကွင်းတွေ။ ကိုကိုကြီး၏ မယုံကြည်နိုင်သော မျက်နှာပေးနှင့် ခွန်းနစ်ကို သနားစရာ သတ္တဝါလေးသဖွယ် ကြည့်နေခဲ့တာတွေ။ မဖြစ်နိုင်ပါဘူးဆိုသည့် မျှော်လင့်ချက်နှင့် မေမေ့မျက်နှာ၊ ပြီးတော့ အရှုံးသမားတစ်ယောက်လို ယူကျုံးမရဖြစ်နေသည့် ဖေဖေ။

"သား အစ်ကို ဟိန်းသူရကို သဘောကျတယ်။အစ်ကိုကလည်း သားကို သဘောကျနေတယ်ထင်တယ်"

ဘယ်လို ယုံကြည်ချက်မျိုးနဲ့ ပြောခဲ့လေသည်မသိ။ ကျောကွဲအောင် အရိုက်ခံရသည့်ထဲမှာတောင် အံကိုတင်းတင်းကြိတ်လို့ ချစ်လူမိုက်ကြီး လုပ်ချင်ခဲ့သည့် ခွန်းနစ်။ အိပ်ရာထဲ လဲသွားသည့် ဖေဖေ့ပုံရိပ်ကိုပင် တောင့်ခံနိုင်ခဲ့ပေမဲ့၊ အချက်ချက် ပါးပြင်ပေါ်ကျလာသည့် မေမေ့ လက်ဖဝါးတွေရဲ့ ဒဏ်ကိုပင် စိတ်မနာနိုင်ခဲ့ပေမဲ့ "တကယ်တော့ အစ်ကိုက နိုင်ဝေ့ကို ချစ်နေခဲ့တာ" ဆိုသည့် စကားတစ်ခွန်းအောက်မှာ အရှင်လတ်လတ် ငရဲကျသလို ခံစားခဲ့ရသည်။ ရှက်လွန်းလို့ မုန်းလွန်းလို့ ကိုယ့်ခေါင်းကိုယ် အချက်ချက်ပိတ်ရိုက်ခဲ့သော်ငြား မာလွန်းသည့်ခေါင်းက မေ့ချင်သည့်အရာတွေမှ မြဲနေအောင်မှတ်ထားနိုင်ခဲ့သည့်အဖြစ်။

"ယောက်ျားတစ်ယောက်အတွက် မင်း ဒီလိုဖြစ်နေတာ ငါရှက်လို့ သေမှာဖိုးသားရဲ့။ သိလား နင်ရော နင့်အဖေရော ဘယ်ဘဝက ဘာတွေလုပ်ခဲ့လို့ နင့်ဒုက္ခတွေကို ခံနေရတာလဲ ဟမ်။ နင့်အစ်ကိုသိရင် ဘယ်လောက် စိတ်ဆင်းရဲရှာမလဲ"

အမေ့မျက်ရည်တွေပိုကျလေ ခွန်းနစ်ဘဝက ဇောက်ထိုးဆင်းလေပင်။ နောက်ဆုံးနှစ်ရောက်ဖို့ သူများထက် တစ်နှစ်အချိန်ပိုယူလိုက်ရသည်။ ဘာအပြစ်မှ မရှိမှန်းသိပေမဲ့ ကိုကိုကြီးကို မျက်နှာချင်းမဆိုင်ချင်တော့သည်မို့ အဆောင်ပြောင်းနေမည်ပြောတော့ အကြောင်းစုံမသိသည့် ကိုကိုကြီးက တားရှာပါသည်။ မေမေတို့နားမလည်ရင်တောင် သူနားလည်နိုင်ကြောင်း ပြောနေသည့် ကိုကိုကြီးရဲ့ ‌စေတနာတွေကပင် ခွန်းနစ်ရင်ကို ပိုမီးမြိုက်နေခဲ့သည့်အလား။

"ကိုကိုကြီးကို မုန်းတယ်။ အမြဲတမ်း သားကိုနောက်ကောက်ကျအောင် ခံစားခိုင်းလို့ မုန်းတယ်။ အမြဲတမ်း သားလိုချင်တာတွေကို အပိုင်ရနေလို့ မုန်းတယ်"

အံကြိတ်ငိုသည့် ကိုကိုကြီးကို စိတ်မချမ်းသာစေလိုခဲ့တာ အမှန်ပေမဲ့ ခွန်းနစ်လည်း မပျော်နိုင်ခဲ့ပါ။အိမ်မပြန်ခဲ့သည့် လေးနှစ်တာမှာ ကောင်းမွန်လာတဲ့ ဖေဖေ့ကျန်းမာရေးသတင်းကို ကြားတိုင်းလည်း ဝမ်းသာရခက် ဝမ်းနည်းရခက်နှင့်။ ခွန်းနစ်ဟာ တကယ်ပဲ မိသားစုအတွက် ဆူးညှောင့်တစ်ခုဖြစ်နေခဲ့သည်လား။ခွန်းနစ် ထွက်ခွာလာခဲ့သည်နှင့် ကျိန်စာပြယ်သလို ပျော်ရွှင်ချမ်းမြေ့သွားသည့် မိသားစုဝင်တွေအတွက် မုဒိတာပွားရမည်လား။သို့တည်းမဟုတ် မကျေနပ်စွာပဲ မနာလို နေရအုန်းမည်လား။

အစ်ကို ဟိန်းသူရမဟုတ်ရင်တောင် ခွန်းနစ်က  ယောက်ျားတွေကိုပဲ ကြိုက်မိနေတုန်း။ ခွန်းနစ် သတိလက်လွတ် ငေးမိတာက ယောက်ျားတွေဖြစ်နေတုန်းပဲ။ ခွန်းနစ် တွဲချင်တဲ့လက်က ယောက်ျားတစ်ယောက်ရဲ့ လက်ဖြစ်ပြီး၊ ခွန်းနစ် ပွေ့ဖက်ချင်တဲ့အရာကလည်း ကျယ်ပြန့်မာကျောတဲ့ ရင်ဘတ်ဖြစ်နေတုန်းဆိုသည့် အမှန်တရားကို ဘယ်လိုမှ ပြောင်းလဲနိုင်မည့်ပုံမပေါ်။ ကံကောင်းထောက်မစွာ လက်ခံပေးမည့် အသိုင်းအဝိုင်းလေး ရှိသေးတာကတော့ နောက်ဆုံးဆွဲဖမ်းထားမိသည့် အသက်ကယ်ကွင်းလေးဖြစ်ပုံရပါသည်။

"နေချို... ငါ တောင်းပန်ပါတယ်။ မင်းကို ငါ့ငရဲထဲ ဆွဲချဖို့ စိတ်ကူးနဲ့တောင် မတွေးခဲ့ဘူးတာ ကျိန်ရဲပါတယ်"

.......................….................

"ဟဲ့ အော်... ကုဋေရယ် နင်ကတော့ လုပ်ပြန်ပြီ"

"ဟင်"

"ဘာဟင်လဲ နင်လုပ်နေတာလဲ ကြည့်အုန်း။ ကော်ဖီခွက်ထဲ ရေတွေလောင်းထည့်နေတာဟဲ့"

"ဆော...ဆောရီး"

"မဟုတ်တော့ဘူး။ နင်တော့ တကယ် မဟုတ်တော့ဘူး။ ဘာဖြစ်နေလဲ မေးတော့လဲ ရတယ် ကလွဲပြီး ဘာမှမပြော။ လူကလည်း နေမကောင်းဖြစ်ပြီးကတည်းက စိတ်နဲ့ကိုယ်က တောင်ကြီးနဲ့ ပုဂံ ဘုရားဖူးထွက်သလို ကင်းကွာနေလိုက်တာ တစ်နေ့တစ်မျိုး လွဲတာ ရိုးကို မရိုးနိုင်ဘူး။ နင်မနေ့ကလဲ ထမင်းစားဖို့ဆိုပြီး အထုပ်ဆွဲသွားတာ ‌လက်ဖက်ခြောက်ထုပ်ကြီးဟဲ့"

တဗျစ်တောက်တောက် ပြောနေသည့် ယုမှာ အာပေါက်ပြီး သေမည်ဆို သေလောက်ပြီ။ စိတ်နဲ့ကိုယ် မကပ်ဖြစ်နေသည့် ကုဋေ့ကို ဘယ်ကစပြီး ဘယ်လို ကယ်ဆယ်ရမည်မသိတော့။အကူညီပေးဖို့ဆိုတာကလည်း ကာယကံရှင်က ဖြစ်နေသည့် ပြဿနာကို တိုင်ပင်ချင်စိတ်ပင် ရှိပုံမပေါ်။ ရိုက်စစ်လို့ရလျှင် သူမကိုယ်တိုင် တုတ်နဲ့သာ ရိုက်စစ်လိုက်ချင်တော့သည်။ ကြာရင် ခွန်းနစ်ကုဋေလုံးပါးပါးလျှင်ပါး ၊ မပါးလျှင် ဌာနထဲက ပစ္စည်းတွေ ပါးတော့မှာ  သေချာသလောက် ဖြစ်နေပြီ။

"ဟိုတစ်ယောက် ဘယ်သူ မောင်ချိုဆိုလား။သူက ခုတလော မလာတော့ဘူးလား"

"နေချိုမောင် ပါဟာ"

စိတ်ရှုပ်တဲ့ အသံကြီးနဲ့ ပြောသူက နာမည်မှားတာကိုတော့ ပြင်ပေးဖော်ရသေးသည်။

"နင်ပြော...သူနဲ့ ပြဿနာဖြစ်ပြီး ခုလိုဖြစ်တာမို့လား။ နင်တို့ ရန်ဖြစ်ထားကြတာလား"

"မဟုတ်ပါဘူး ယုရာ။ သူ့အလုပ်နဲ့သူ မအားလို့မလာတာနေမှာပေါ့ဟ"

"ဟဲ့ မအားရင်တောင် ဘယ်သူကမှ ကိုယ့်ရည်းစားကိုယ်တော့ ပစ်မထားဘူး"

"ဟာ...မိုးကြိုးတွေ ပစ်ကုန်ဝောာ့မှာ။ သူငယ်ချင်းဟ နင်မသိပဲ လျှောက်မပြောနဲ့ ယု"

ဟင်း...သူမ နှုတ်ခမ်းမဲ့လိုက်သည်။ ချီးစားပြောလျှင်တောင် ဒါမျိုးတော့ သူမက မယုံရေးချ မယုံပေးနိုင်ပါ။ ခွန်းနစ်လို ဂေးချောချောလေးအတွက် နေချိုမောင်လို ရှုတည်တည် လူဆိုးရုပ်နှင့် ငနဲမျိုးက သူငယ်ချင်းဖြစ်စရာ အကြောင်းမရှိပေ။နောက်ပြီး ဘယ်လိုငတုံးကမှ နေ့တိုင်း အချိန်ကုန်ခံ ကြိုပို့နေရလောက်အောင်ထိ စေတနာပိုနေမည် မဟုတ်ပေ။

နေ့လည်စာ စားချိန်မှာတော့ အတော်ကြာမှ ယုနှင့် ခွန်းနစ်တို့ သူငယ်ချင်းနှစ်ယောက် အတူစားခွင့်ရပါသည်။ ဒီကြားထဲ ကိုယ့်ဂျူတီ သူ့ဂျူတီနှင့် ထမင်းလက်ဆုံမစားခဲ့ရသမျှ ယုအတွက်တော့ အကွက်ဝင်သွားကာ ခွန်းနစ်မဖြေချင်တာတွေ၊ ဖြေချင်တာတွေ ဘာမှ ဂရုမစိုက်ပဲ မေးချင်တိုင်းကို မေးတော့၏။

"နင်ပြောစမ်း... နင်က အခုမှ အသက် နှစ်ဆယ် အစိတ်ဟယ်။ ဒါကို အကုန်မြိုသိပ်ပြီး လူကြီးလုပ်နေလို့ ဘာရမှာလဲ။ လူငယ်ပဲ ဖြဲသင့်တာဖြဲ ဝမ်းနည်းသင့်တာ ဝမ်းနည်းပြီး ရင်ဆိုင်ပစ်ရမှာမို့လား"

"ငါ အခု အဆင်ပြေနေတာပဲ"

"နိုး နိုး မပြေဘူး။ ငါ့ အနာဂတ်နဲ့ပုံပြီးပြောလိုက်မယ်။ လူတစ်ယောက် စိတ်ဆင်းရဲနေရင် မျက်လုံးတွေ၊ အသားရည်တွေက သိပ်သိသာတာ။အရောင်မရှိတဲ့ မျက်လုံးတွေ၊ ခြောက်ကပ် ကြမ်းထော်နေတဲ့ အသားအရည်တွေက ဘာပြောနေလဲ သတိရော ထားမိရဲ့လား ဟမ်။ နင့်စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ နင်ကိုယ်တိုင်တောင် နားမလည်တာရော မဖြစ်နိုင်ဘူးလား"

ကြက်သားတုံးကို ခရင်းဖြင့်ထိုးဆွရင်း ခွန်းနစ် သက်ပြင်းခိုးချသည်။ တစ်ပါတ်... တစ်ပါတ်ဆိုသော အချိန်အတွင်းမှာ အအိပ်ပျက် အစားပျက်နှင့် နုံးချိနေသူလို ဖြစ်ခဲ့ပြီးပြီ။ ကိုယ်တိုင် ဒါကို သိပေမဲ့ ရောဂါကိုဆေးကုသလို အင့်ခနဲ ကုနိုင်သည့် နည်းလမ်းတော့မတွေ့ခဲ့။ မလာပါနဲ့ဟု တောင်းဆိုခဲ့သူကလည်း ကိုယ်၊ မလာပြန်တော့ နေရခက်သူကလည်း ကိုယ်တဲ့။ ခွန်းနစ် စိတ်ကုန်လွန်းလို့ အော်သာ ဆဲပစ်ချင်တော့သည်။ သူမလာသည့် ခုနှစ်ရက်တာဟာ သူနှင့်ဝေးခဲ့သည့် ခုနှစ်နစ်တာနီးပါးသော ကာလထက်ပင် ရှည်လျားလွန်းနေပါသလို။

"ငါ..."

"လူတစ်ယောက်ကို ဘယ်လို သဘောထားမိနေသလဲ မဆုံးဖြတ်တတ်ဘူး"

"ဘယ်သူ့ကိုလဲ"

"..."

"ထားပါ။ နင် နင်သဘောကျဖူးတဲ့ အစ်ကို ရှိတယ်မို့လား။ သူ့လို ခံစားရတာလား"

"မဟုတ်ဘူး"

"နင်ကြိုက်တဲ့ ပုံစံမျိုးမို့လား"

"အဲ့လိုလဲ မဟုတ်ဘူးထင်တယ်။ ငါ သူ့ကိုကြိုက်တယ်ဆိုတဲ့ ခံစားချက်မျိုး၊ ရင်ထဲမှာ ထူးခြားနေတာမျိုး မရှိဘူး။ ဒါပေမဲ့ ..."

"အတူတူ ရှိနေရင် ငါက စကားတွေ တအားပြောလာတယ်။ ငါ့ကိုယ်ငါတောင် သတိမထားမိပဲ"

"အဲ့ဒါ နင် တအားကို သက်တောင့် သက်သာဖြစ်နေတာလေ။ သတိထားရမဲ့ကိစ္စတွေကိုတောင် မေ့တဲ့အထိ နင်နေချင်သလို နေလို့ရနေတာမို့လား။ ယုံကြည်ချက်များလာတာမျိုးပေါ့"

"စွန့်ပစ် မခံရလောက်ဘူးဆိုတဲ့ ယုံကြည်မှုလား"

"ကုဋေ... နင် အတွေးမလွန်စမ်းပါနဲ့။ ဘယ်သူကမှ နင့်ကို မစွန့်ပစ်ဘူး။ နင့်မိသားစု ကိစ္စတွေအကုန် ငါနားမလည်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပယ်ခံနေရတဲ့လူတစ်ယောက်လို သိမ်ငယ်မနေစမ်းပါနဲ့ဟယ်။ပြီးတော့ အဲ့ဒီလူ.. နင်ပြောတာ ဘယ်သူလဲ မသေချာပေမဲ့ လူကောင်းဆိုတာ သေချာရင် ဘာကိုကြောက်ပြီး တွန့်ဆုတ်နေမှာလဲ။ ငါပြောတာ နားလည်လား"

"နော်လို့..."

ခွန်းနစ် ရယ်လိုက်မိသည်။ သူကြိုက်တာ ယောက်ျားတွေဖြစ်ပေမဲ့ မိန်းမတွေဆီက အကြံပေးစကားတွေနားထောင်ရတာ အတော်လေး အသုံးဝင်သည်ဆိုသော အချက်ကို အမြဲလက်ခံထားရသည်။ လေးပင်သော စိတ်က ယုနဲ့စကားပြောအပြီးမှာ အတိုင်းအတာတစ်ခုထိ သက်သာရာ ရသွား၏။ ကြားထဲမှာ တွေဝေနေခဲ့တာ တော်လောက်ပြီ။ နေချို့အပေါ် ဒီထက်ပိုပြီး ကောင်းတဲ့နည်းလမ်းနဲ့ နှုတ်ဆက်ဖို့လိုနေကြောင်း သေချာသွားသည်။ တကယ်ဆို မှားခဲ့တာက ကိုယ်ပဲ။ ဘာကြောင့် နေချို့အပေါ်မဲချပြီး ဆိုးဆိုးရွားရွား နှင်ထုတ်မိခဲ့ပါလိမ့်။

"I need somebody who can love me at my worst"

"ဟယ်လို..."

"ခွန်း ခွန်းနစ်ကုဋေလား"

"ဟယ်လို"

တစ်ဖက်က တုန်ယင်နေသော အသံကြောင့် နောက်တစ်ကြိမ် ဖုန်းစခရင်ကို ကြည့်လိုက်မိသည်။

"ဟယ်လို"

"..."

"အမ်... အခုလား"

"..."

"အေးအေး ။ စိတ် စိတ်အေးအေးထားပါအုန်း"

"... "

"အေးပါ ငါ လာခဲ့မယ်။ ဘာမှမဖြစ်ဘူးနော်"

"ဘာဖြစ်လို့လဲ"

ယုအမေးကို သေချာမဖြေနိုင်။ ဖုန်းချပြီးတာနှင့် အင်္ကျီကို သပ်သပ်ရပ်ရပ်ပြင်ဝတ်ကာ ရေဘူးကို ဂျူတီကုတ်အိတ်ထောင်ထဲ ထည့်လိုက်သည်။

"လူနာ သွားမေးလိုက်အုန်းမယ်။ အစ်မကို ပြောပေးအုန်း"

"ဘယ်သူလဲ... ဘယ်မှာလဲ"

"မွေးလူနာ။ ဒီဆေးရုံရောက်နေပြီ"

‌ထပ်ရောက်လာမည့် စကားတွေမလာခင် ခွန်းနစ် ထမင်းစားဆောင်မှ ထွက်လာလိုက်သည်။ ဖုန်းပြောတုန်းက ကြားခဲ့ရသလိုဆို မနွယ်နီရဲ့ မွေးရက်က စောလွန်းကာ ခက်ခဲနေပုံရသည်။ အမြဲ တဟီးဟီး တဟားဟားဖြစ်နေတတ်သော ဝေဖြိုးနိုင်ရဲ့ အသံက ငိုကြီးချက်မနှင့်။ ဒီကောင် သူ့မိန်းမကို ဘယ်လောက် ဂရုစိုက်မှန်း သိတာမို့ ခွန်းနစ်ပင် အတော် စိတ်ပူမိသွားသည်။

‌မွေးလူနာ ဌာနကိုရောက်တော့ မွေးခန်းရှေ့မှာ ငူငူကြီးထိုင်နေသည့် ဝေဖြိုးနိုင်ကို အရင်တွေ့သည်။ အနားရောက်လာသည့် ခွန်းနစ်ကို မော့ကြည့်လာသူ၏ ပုခုံးကို အသာပုတ်ကာ အားတင်းထားဖို့ မျက်နှာရိပ်မျက်နှာကဲပြတော့ လေးလေးကြီး ခေါင်းငြိမ့်ပြရှာသည်။ ဘေးမှာတော့ ခွန်းနစ် မမြင်ဖူးသည့် အမျိုးသမီးကြီးက ပုတီးကို လက်မှာပတ်လျက် ဂါထာများကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိ၏။

" ဟဲ့... နင့်ကို အင်္ဂုလိမာလ သုတ်ရွတ်ခိုင်းထားတာလေ။မရွတ်ဘူးလား"

ဆူသံနှင့်အတူ ဂွက်ခနဲကျသွားသော လက်က ခွန်းနစ်မျက်နှာရှေ့မှဖြတ်ကာ ဝေဖြိုးနိုင်၏ ခေါင်းထက် ကျရောက်လို့သွားသည်။ ကိုယ်တိုင်လည်း လန့်သွားတာကြောင့် မော့ကြည့်မိတော့ ဆံပင်တိုတို၊ ဝဖိုင့်ဖိုင်း အမျိုးသမီးကြီးက မျက်မှောင်ကြုတ်ကြီးဖြင့် ဝေဖြိုးနိုင်ကို ငုံ့ကြည့်နေခဲ့သည်။ ဒီမျက်နှာ... ခွန်းနစ် ရင်းနှီးနေသော မျက်နှာ...။

"အမေကလည်း ဗျာ"

အန်... အန်တီ...

"အမေကလည်း မနေနဲ့။ နင်ဝင်မွေးရတာလည်း မဟုတ်ပဲ ဒါလေးကိုဖြစ်အောင် မရွတ်နိုင်တဲ့ ကောင်။ ပြာယာတွေခတ်ပြီး လိုတာကျ ဘာမှ မလုပ်နိုင်ဘူး။ ဟိုမှာ အထုပ်‌တွေလည်း ဟိုကလေးပို့မှရောက်တယ်။ ဟော... လာ လာသားလေး ဒီမှာချ"

ခြေသံတစ်ခုရဲ့ ပိုင်ရှင်ဟာ အထုပ်အပိုး တချို့ကို ဆွဲကိုင်ထားရင်း  ဆေးရုံကော်ရစ်တာတစ်လျှောက် လျှောက်လို့လာသည်။သူဝတ်ထားသည့် သားရေဂျာကင်ကြီးက အထုပ်တွေကြားမှာ ဟိုလှန် သည်လှန်ဖြစ်လို့။ သူ့မျက်ဝန်းတွေက အဝေးကြီးကနေတောင် ကိုယ့်ဆီ တန်းနေအောင် ရောက်ချလာသည့်အခါ ခွန်းနစ် ခါးကို မတ်နေအောင်ထိုင်မိသွားသည်။ခြေဖျား လက်ဖျားတွေ ချက်ချင်းအေးစက်လာပုံက မသိရင် စာမေးပွဲ ရလာဒ်သိရတော့မည့် ကျောင်းသားတစ်ယောက်လိုပင်။

"ကျေးဇူးပါကွာ နေချိုရာ"

ပြောလိုက်သူက ဝေဖြိုးနိုင်ဖြစ်ကာ မဆီမဆိုင် ခေါင်းငုံ့ချလိုက်မိသူကတော့ ခွန်းနစ်ဖြစ်ခဲ့သည်။ ပေတေနေသော ရှူးဖိနပ်တစ်စ်စုံကို မြင်လိုက်ရရုံနှင့်ပင် ကိုယ်တွင်းမှာ ဗြောင်းတွေဆန်ကာ ပွက်လောထကုန်၏။ ဘာကြောင့် ရှက်မိသွားသလဲဆိုသည့် အတွေးကို မတွေးနိုင်ခင်မှာပဲ တစ်ဖက်လူရဲ့ခြေလှမ်းတို့ နောက်ပြန်ဆုတ်သွားသည်အခါ ထိတ်လန့်စွာ ထရပ်မိလိုက်သည့် ခွန်းနစ်။

"ငါတို့...စကား ခဏပြောရအောင်"

မကြောက်ပါ။ သို့သော် လက်သီးနှစ်ဖက်ဟာ တစ်ဖက်တစ်ချက်မှာ တင်းနေအောင်ဆုပ်လျက်သား ရှိနေခဲ့ပါသည်....။

.................................…….........................

စာရေးသူ၏ အမှာစာ:

မကြာခင်မှာ ကြင်နာမယ်
ရည်းစားဖြစ်ဖို့ ငါးမိနစ်ပဲ လိုပါတော့တယ်

ဘာမှမဟုတ်ဘူး သီချင်းဆိုတာပါ‌နော်
Vote ၁၅၀ကျော်ရင် နောက်တစ်ပိုင်းအတွက် ကြိုးစားပေးပါ့မယ် ယူတို့ရေ♥️

Zawgyi

တိမ္တိုက္ငယ္၏ ဦးခိုက္မႈ ၇

႐ႊီ.... ကလစ္...

အေငြ႕တေထာင္းေထာင္း ထေနသည့္ ေရေႏြးအိုးခလုတ္ကို ထပိတ္ၿပီးေနာက္ သမင္လည္ျပန္လွည့္ကာ အိပ္ရာထက္သို႔ ၾကည့္လိုက္သည္။ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသူ၏ ရင္ဘတ္က နိမ့္လိုက္ျမင့္လိုက္ႏွင့္။ လည္ပင္းအထိ ဆြဲတင္ေပးထားသည့္ ေစာင္ထက္မွ သြယ္ယွက္ထားေသာလက္ေခ်ာင္းတို႔တြင္ ျခစ္ရာရွရာမ်ား ျပည့္ႏွက္လို႔ေန၏။ ဘာေတြလုပ္ရလို႔မ်ား ဒီေလာက္ထိ ဒဏ္ရာဒဏ္ခ်က္ေတြ မ်ားေနရပါသနည္။။

ေရေႏြးအိုးကို ခပ္ၿပီးတာႏွင့္ ကုတင္ဆီျပန္လာကာ ကုတင္‌ေအာက္မွာ ထိုင္ခ်လိဳက္သည္။ အေစာက ေခြၽးတစို႔စို႔ျဖစ္ေနခဲ့ေသာ ႏွဖူးျပင္က ယခုမူ ေအးစက္လ်က္။ ၾကမ္းရွခ်င္ေနသည့္ ဆံပင္ေတြကို သပ္တင္ေပးေတာ့ တန္းေနသည့္ မ်က္ခုံးပါးပါးႏွစ္ခုက ႏွာေခါင္းထိပ္မွာ စုေနၾက၏။

"ေမ...ေမေမ"

ဂေယာင္ဂတမ္း တေနေလာက္ေအာင္ သတိရေနပါလ်က္ ဘာေတြျဖစ္ခဲ့လို႔ အေဝးမွာ တစ္ေယာက္ထဲ ျဖစ္ေနခဲ့ရသလဲဆိုသည့္ အေတြးတို႔ကို မရပ္တန႔္နိုင္။ ေနာက္ၿပီး ေျပာင္းလဲသြားခဲ့သည့္ ကာလေတြမွာ သူ ဘယ္လို ရင္ဆိုင္ရပ္တည္ခဲ့မလဲဆိုေသာ အသိတို႔ဝင္ေရာက္လာျပန္တဲ့အခါ အလိုလိုေနရင္း စိတ္တိုင္းမက်မႈကို ခံစားရျပန္သည္။

ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ေနသည့္ အျပဳမႈေတြ၊ ထိန္းခ်ဳပ္သည္းခံေနသည့္ ေၾကာက္႐ြံ႕တုန္လႈပ္မႈေတြ၊ ေနာက္ၿပီး တရစပ္ၾကားခဲ့ရသည့္ ေတာင္းပန္တိုလွ်ိုးေနေသာစကားေတြ။ ကုတင္ထက္သို႔ လက္တင္ကာ ေခါင္းေစာင္းခ်လိဳက္ေတာ့ သူ႕ပါးျပင္တစ္ဖက္ႏွင့္ မ်က္ႏွာအပ္လ်က္သားျဖစ္သြား၏။ ထူထဲသည့္ မ်က္ေတာင္ေတြက ‌အိပ္ေမာက်ေနသည့္ ထိက႐ုန္းပင္ေလးလို မ်က္ခြံေပၚမွာ ဝပ္လို႔။

"ေနာင္တ...မရမိဘူးထင္တယ္။ မင္းနဲ႕ ပက္သက္မိတာကို"

တိုးလွ်သည့္ အသံကို ၾကားရေလမလားမသိ။ လစ္ဟေနသည့္ လည္ပင္းမွ နီညိုေရာင္အကြက္တခ်ိဳ႕ကိုျမင္ေတာ့ အလိုလိုေနရင္း လက္ညွိုးက ထိုေနရာဆီ ေရာက္လို႔သြားသည္။ မထိတထိ ခံစားခ်က္ေနာက္မွာ "အဟက္ " ဆိုေသာ ရယ္သံကို မထိန္းလိုက္နိုင္။
ခြန္းနစ္ကုေဋက ဟိုးကတည္းကေန အခုခ်ိန္ထိ စိတ္ဝင္စားစရာ ေကာင္းဆဲျဖစ္သည္။ေနာက္ၿပီး သူကိုယ္တိုင္ကလည္း ဒီ‌အရႈပ္ထုပ္လို ေယာက္ယက္ခပ္ေနသူအနားမွာ ရွိေနရတာ အပ်င္းေျပသည္ဟု ခံစားရ၏။

"႐ုပ္ဆိုးလိုက္တာ "

ခြၽန္ထြက္ေနသည့္ ႏွာတံကိုတို႔ရင္း ေျပာလိုက္မိသည့္စကား။ ထို႔ေနာက္ ကိုယ့္ လက္ေပၚကိုယ္ မ်က္ႏွာအပ္ကာ မ်က္လုံးေတြမွိတ္ခ်လိဳက္သည္။ေပါ့ပါးကာ ေနလို႔ေကာင္းလွ၏။ ညည္းေငြ႕စရာ လူေတြ၊ စိတ္ပ်က္စရာ လူေတြႏွင့္ ေပ်ာ္စရာဆိုလို႔ ဘာမွမရွိသည့္ သူ႕ဘဝမွာ အသက္ရႉေပါက္ေလး ေတြ႕လိုက္ရသည့္အတိုင္းပင္။

.....................…..................

"မင္းက ေနေရာ ေကာင္းသြားၿပီလား။ အေဆာင္မွာ တစ္ေယာက္ထဲျဖစ္ေနရင္ ေနေကာင္းတဲ့အထိ ငါတို႔အိမ္မွာေနေလ။ မဟုတ္လည္း ငါတို႔ လင္မယားပဲရွိတာ"

"ေတာ္ပါၿပီကြာ။ ငါက နည္းနည္း နားလိုက္ရင္ သက္သာပါတယ္။ ၿပီးေတာ့ မႏြယ္နီကလဲ ေမြးခါနီးဖြားခါနီးႀကီး။ အလုပ္ပိုမယ္"

"အမေလး ရပါတယ္ရွင္။ မဟုတ္လဲ ကြၽန္မတို႔ ဘာမွကို လုပ္မေပးရဘူး။ ေနခ်ိဳက အကုန္ သူ႕လက္သူ႕ေျခလုပ္သြားတာ"

"ေအး အဟုတ္ပဲေဟ့။ ငါ့မယ္ မင္းအဖ်ားတက္လ်က္သားႀကီး ေရာက္လာေတာ့ ပူထူသြားတာ။ ဒီေကာင္က အခန္းလြတ္တစ္ခန္း ခဏငွားဆိုၿပီး ဆြဲခ်သြားတာမ်ား ငါတို႔ ဘာလိုမလဲ ဝင္ကူတာေတာင္ အဝင္မခံဘူး"

"ခုလဲ ဘာသြားဝယ္တယ္မသိဘူး။ ကိုခြန္းနစ္ မနိုးခင္ေလးပဲ သူ႕ဆိုင္ကယ္နဲ႕ထြက္သြားတာ"

ပူထူေနေသာ မ်က္ႏွာကိုထိန္းရင္ ခြန္းနစ္ မၿပဳံးခ်င္သည့္ ႏႈတ္ခမ္းကို ဖိအားေပးကာ ၿပဳံးထားရသည္။ စိတ္ကို တင္းထားသည့္တိုင္ ေတာင့္မခံထားနိုင္သည့္ကိုယ္ေၾကာင့္ ေလွ်ာ့ခ်လိဳက္ရၿပီးေနာက္ ခြန္းနစ္မွတ္မိတာဆိုလို႔ အိပ္မက္ဆိုး အရွည္ႀကီးသာ ရွိသည္။ အတိတ္ကအေၾကာင္းေတြက မေန႕တေန႕ကလို အိပ္မက္ေတြဆီ ေရာက္လာခဲ့ၿပီး ပင္ပန္းႏြမ္းနယ္မႈေတြႏွင့္ နိုးထလာခ်ိန္မွာ ႀကိဳဆိုေနခဲ့သည္က စိမ္းသက္ေသာ မ်က္ႏွာက်က္တစ္ခုသာ။

ေနာက္မွ သိရတာ ၿပီးခဲ့သည့္ တစ္ရက္လုံး ခြန္းနစ္က ေဝၿဖိဳးနိုင္တို႔ အိမ္ကို ေရာက္ေနခဲ့ျခင္းပင္။ နာက်င္မႈႏွင့္ မအီမသာခံစားခ်က္ေတြ က်န္ေနေပမဲ့ အၾကာႀကီးအိပ္လိုက္ရလို႔ထင္ ေျခကုန္လက္ပမ္းက်ေနတာမ်ိဳးေတာ့ မရွိေတာ့ပါ။ လက္ရွိမွာေတာ့ ေနခ်ိဳေမာင္ႏွင့္ ဘယ္လိုေရွ႕ဆက္ ႏွစ္ပါးသြားရပါ့ဆိုသည့္ အေတြးကသာ ေခါင္းထဲ ေနရာယူထားသည္။

"ေဟာ ေဟာ ဟိုမွာ လာပါၿပီ"

မႏြယ္နီ စကားအဆုံးမွာပဲ အိမ္ေရွ႕တြင္ထိုးရပ္သြားသည့္ ဆိုင္ကယ္ႀကီး။ စြပ္က်ယ္ခ်ိဳင္းျပတ္ႏွင့္ ေနခ်ိဳေမာင္က အထုပ္တစ္ထုပ္ကိုဆြဲလ်က္အနားေရာက္လာသည္။ သူဝတ္ထားသည့္ ေဘာင္းဘီက ဝါက်င္က်င္ႏွင့္။ ဘီယာဆိုင္မွာ ေတြ႕ခဲ့သည့္ေန႕ကအတိုင္း ျဖစ္သည္။ ဒီႏွစ္ရက္လုံးလုံး သူ႕အေဆာင္သူ မျပန္ခဲ့တာမ်ားလား။

"ေရာ့ မင္းအတြက္"

မ်က္စိေရွ႕ေရာက္လာသည့္ ေၾကးအိုးဘူးက ပူပူေႏြးေႏြးႏွင့္။ ခြန္းနစ္အတြက္ တစ္ဘူးေပးသလို မႏြယ္နီေရွ႕ တစ္ဘူးခ်ေပးေတာ့ ေဝၿဖိဳးနိုင္က "ငါ့အတြက္ေရာ" ဟုဝမ္းေခါင္းအသံႀကီးႏွင့္ ေမးသည္။

"ရွိတာစားလိုက္"

"ခ်စ္တီးေကာင္။ အခ်င္းခ်င္းကို မ်က္ႏွာလိုက္တယ္"

ပြစိပြစိ အေျပာကို ဂ႐ုမစိုက္သည့္ႏွယ္ ခြန္းနစ္နံေဘးကို သူက ဝင္ထိုင္လာသည္။ ရွိန္းခနဲျဖစ္သြားသည့္ သူ႕ကိုယ္ေငြ႕ေၾကာင့္ ကိုယ္ကို က်ဳံ႕လိုက္မိသည့္တိုင္ လူႏွစ္ေယာက္ထိုင္စာသာ က်ယ္သည့္ တန္းလ်ားထက္မွာ ခြန္းနစ္ေျပးစရာေျမရယ္လို႔ ႀကီးႀကီးမားမား မရွိလွေပ။

"ခုပဲ ေျပာေနတာ။ ကိုခြန္းနစ္ အေဆာင္မျပန္ခ်င္ရင္ ေနေကာင္းတဲ့အထိ ဒီမွာေနလည္း ရတယ္လို႔"

"ရပါတယ္။အ‌ေဆာင္မွာလည္း ေဘးအခန္းေတြက လူေတြရွိတယ္"

ခြန္းနစ္ ဘူးခံျငင္းေတာ့ ထိုလင္မယားလဲ လက္ေလွ်ာ့သြားပုံရသည္။ ထိုအေၾကာင္းကို ထိုေနရာမွာပဲ ရပ္ကာ ဘယ္လိုျဖစ္လို႔ ေနမေကာင္းျဖစ္ရသလဲဆိုတဲ့ ေခါင္းစဥ္ဆီေရာက္သြား၏။ ေစာက္က်ိဳးနည္း... အဲ့ဒါမွ ပိုဆိုးေလၿပီ။ ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုသလို ထေျပးခ်င္ေနတဲ့ ခြန္းနစ္တစ္ေယာက္ ေထာင္ေခ်ာက္ထဲသို႔ တည့္တည့္ထိုးက်သည့္ အျဖစ္။

"ဟင္ ဘယ္လိုျဖစ္ၿပီး အဲ့ေလာက္ဖ်ားသြားရတာလဲ"

"အဲ့ အဲ့ဒါက ဟို အ အေအးပတ္ ေခ်ာင္းဆိုးၿပီး..."

"ဘာျဖစ္ျဖစ္ မင္းထမင္း မင္းစားလိုက္ေတာ့။ စကားမ်ားတယ္"

ေနခ်ိဳေမာင့္ စကားအဆုံးမွာ တိခနဲ ပါးစပ္ ပိတ္က်သြားသည့္ လင္မယားႏွစ္ေယာက္။သူတို႔ႏွစ္ေယာက္က ေနခ်ိဳေမာင္ရဲ႕ ငယ္နိုင္ျဖစ္ပုံရသည္။ တိုးတိတိုးတိ မေက်နပ္ေၾကာင္း ေျပာေနၾကေသးေပမဲ့ ခြန္းနစ္ကိုေတာ့ ဇြတ္မေမးေတာ့ေခ်။ မရဲတရဲ ေဘးလူကို ၾကည့္မိသည့္အခါ ငဲ့ေစာင္းၾကည့္ေနသည့္ မ်က္ဝန္းတစ္စုံႏွင့္ ဆုံသည္။ ခ်က္ခ်င္းပဲ အၾကည့္လႊဲကာ ေၾကးအိုးပန္းကန္ႀကီးကိုသာ စိုက္ၾကည့္လိုက္၏။ တုန္ယင္သြားသည့္ လက္ေတြေျခေတြက အျပစ္သားတစ္ေယာက္ႏွယ္။

"ေျဖးေျဖးစား။ၿပီးရင္ျပန္ပို႔ေပးမယ္"

ေျပာၿပီး ထထြက္သြားသည့္သူ။ ခြန္းနစ္ေနခဲ့သည့္ အခန္းထဲသို႔ဝင္သြားပါမွ ေၾကးအိုးကို ရဲရဲစားရဲေတာ့သည္။ လစ္ဟာေနေသာ ဝမ္းတြင္းက ပူေႏြးသည့္ အစားေသာက္အဟာရေတြဝင္သည္ႏွင့္ တရစပ္ ဆာေလာင္ျခင္းေတြ နိုးထလာသလားမွတ္ရ၏။ တစ္လုပ္ၿပီးတစ္လုပ္ ဆက္တိုက္စားမိသည့္ ေၾကးအိုးတစ္ပန္းကန္က တစ္ခဏအတြင္းမွာ ေျပာင္စင္လို႔သြားခဲ့သည္။

"ေျဖးေျဖးေမာင္းသြားၾက။ ေနာက္ေန႕ ေဆး႐ုံလာမွ ေတြ႕ၾကမယ္"

ႏႈတ္ဆက္ထြက္ခြာလာခဲ့သည့္ ဆိုင္ကယ္ႀကီးက လမ္းႀကိဳလမ္းၾကားမ်ားကို ျဖတ္ေက်ာ္ခဲ့ၿပီး ၿမိဳ႕တြင္း လမ္းမႀကီးဆီ ဦးတည္ေနသည္။ ခြန္းနစ္ လက္ေခ်ာင္းေတြက ဆိုင္ကယ္ေနာက္ၿမီးကို တင္းေနေအာင္ ဆုပ္ကိုင္မိထားသည္မွာ ေရွ႕ကို နည္းနည္းေလာက္ တိုးမိလွ်င္ပဲ ဆူးနဲ႕ ေတြ႕ကာ ေပါက္ကြဲထြက္သြားေတာ့မည့္ ေရပူေဖာင္းေလးႏွယ္။ ေနခ်ိဳေမာင့္ရဲ႕ ေက်ာျပင္က်ယ္ႀကီးကို အူတူတူႀကီးၾကည့္လ်က္ လိုက္ပါလာခဲ့သည္။

အေဆာင္ေရာက္ေတာ့ ခပ္ျမန္ျမန္ပဲ ဆိုင္ကယ္ေပၚမွဆင္းကာ ဆိုင္ကယ္ဦးထုပ္ကို သူ႕ဆီေပးလိုက္သည္။ ၿပီးတာႏွင့္ သုတ္ေျခတင္ကာ အေဆာင္ဘက္ ေျပးမိေတာ့သည္မွာ ေနာက္က်သည့္ ေျခေထာက္ သစၥာေဖာက္ျဖစ္မည့္အတိုင္းပင္။

"ခြန္းနစ္ကုေဋ"

မက်ယ္ေပမဲ့ သူ႕အသံကို ခြန္းနစ္ၾကားသည္။ သို႔ေသာ္ မသိခ်င္ေယာင္ေဆာင္ရင္း ေျခလွမ္းတို႔ကို အရွိန္တင္ပစ္လိုက္၏။

"ခြန္းနစ္ကုေဋ..."

ဒုတိယေျမာက္ ေခၚဆိုသံ ။ ဒီတစ္‌ခါေတာ့ သူနဲ႕ကိုယ္က အေတာ္ေလး လွမ္းေနၿပီျဖစ္သလို သူ႕အသံကလည္း ပိုက်ယ္လာသည္။ ဟိုးမလွမ္းမကမ္းမွာေတာ့ အေဆာင္ေပါက္က ခြန္းနစ္ကိုႀကိဳလ်က္သား။ ေနာက္ထပ္ ေျခလွမ္း ေလးငါးလွမ္းေလာက္ဆိုလွ်င္ပဲ အေဆာင္ထဲကို ေရာက္ေတာ့မည္။ အေဆာင္ထဲကို ေရာက္လွ်င္ ခြန္းနစ္ သူ႕မျမင္ကြယ္ရာကို ေရာက္ၿပီ။

"ခြန္းနစ္ကုေဋ"

ေျခခ်ဳပ္မိသြားသလို ရပ္တန႔္သြားသည့္ ေျခလွမ္းေတြက သုံးႀကိမ္ေျမာက္ ေခၚသံ၏ တုပ္ေႏွာင္မႈမွာ မိသြားသည့္ သားေကာင္အလား တုပ္တုပ္မွ်ပင္ လႈပ္မရေတာ့။ ကိုယ္ဟာ သူ႕စကားကို နားမေထာင္မိလွ်င္ပဲ ေနာင္တရေတာ့မည့္လူလို သူဆက္ေျပာလာမည့္စကားကိုသာ နားစြင့္ေနခဲ့မိသည္။

"မနက္ျဖန္ ေဆး႐ုံသြားမွာလား"

"အင္း"

ခ်က္ခ်င္းတုန႔္ျပန္ေပးလိုက္သည့္ အေျဖ။ ေက်ာေပးထားေပမဲ့ ေခါင္းၿငိမ့္ျပမိသည့္ကိုယ္က အ႐ူးတစ္ေယာက္ႏွင့္ တူေနလိမ့္မည္။

"ဒါေပမဲ့ လာမႀကိဳနဲ႕"

"..."

"မနက္ျဖန္ေရာ... ေနာက္ေရာ... ဘယ္ေတာ့မွ ငါ့ကို လာမေခၚနဲ႕ေတာ့"

"..."

"မင္းကို မေတြ႕ခ်င္ေတာ့ဘူး"

တစ္ဖက္က ျပန္လည္ေရာက္ရွိလာမည့္ စကားေတြ၊ ေမးျမန္းလာမည့္ အေၾကာင္းျပခ်က္ေတြအေၾကာင္း နားေထာင္ရဲေလာက္ေအာင္ ခြန္းနစ္က သတၱိမရွိ။ ကိုယ္ေျပာခ်င္တာ ေျပာၿပီးတာႏွင့္ သူရဲေဘာေၾကာင္တဲ့ေကာင္လို အေဆာင္တြင္းသို႔ ဝင္လာခဲ့လိုက္သည္။ ဒီေလာက္ပဲ ကံပါမွေတာ့ ဒီမွာပဲ ရပ္လိုက္ၾကတာေပါ့ ေနခ်ိဳေမာင္။ငါ့မိသားစုကိုေတာင္ ကံပါသေလာက္နဲ႕ ျဖတ္လိုက္ရတာပဲ။ ခဏေလာက္ ငါ့ဘဝထဲ ျပန္ဝင္လာတဲ့ မင္းနဲ႕ေရစက္ကို မင္းေန႕ရက္ေတြ ငါးပါးမေမွာက္ခင္မွာပဲ ျဖတ္လိုက္တာ ေကာင္းပါတယ္။

ထိုေန႕က အ‌ခန္းထဲေရာက္တာႏွင့္ ခြန္းနစ္ငိုခ်မိသည္။ အခ်ိန္‌အေတာ္ၾကာမွ မ်က္ရည္လည္႐ႊဲျဖစ္ေအာင္ ငိုမိျခင္းလည္းျဖစ္၏။ အမွန္ဆို အခ်ိန္အၾကာႀကီးေနမွ လက္မလႊတ္ခ်င္ေသာ အရာကို လက္လႊတ္လိုက္ရတာေၾကာင့္ဆိုသည့္ အေၾကာင္းျပခ်က္ကို ဝန္မခံခ်င္ပါ။ တစ္ေယာက္ေယာက္ဆီက စြန႔္ပစ္တာကို မခံရခင္ မာနႀကီးႀကီးထြက္ခြာလာခဲ့ရတာက မရွိမဲ့ရွိမဲ့ သိကၡာေလးကိုထိန္းဖို႔ ေနာက္ဆုံးလုပ္နိုင္တဲ့အရာဆိုတာ ေသခ်ာရဲ႕လားပင္ ခြန္းနစ္မသိေတာ့။

ေနခ်ိဳ႕အေပၚ မတရားသလို ခံစားရသည္။ ဒါေပမဲ့ ထပ္ၿပီး ခြန္းနစ္ကို စြန႔္ပစ္သြားၾကတဲ့ လူေတြကိုလည္း ထပ္မလိုခ်င္ေတာ့။ တစ္ခါတစ္ေလ ပုံမွန္မဟုတ္တဲ့ လိင္စိတ္တိမ္းၫႊတ္မႈက ဝဋ္ေႂကြးဆပ္ေနရသည္ဆိုေသာ စကားကိုပင္ လက္ခံခ်င္မိလာသည္။ တေျဖးေျဖးႏွင့္ ထိုစိတ္ေၾကာင့္ ပင္ပန္းရတာေတြက ေလ်ာ့ပါးမသြားပဲ ဘဝထဲက လူေတြကသာ ေလ်ာ့သြားခဲ့သည္ မဟုတ္ပါလား။

"ငါက ဘယ္လိုလုပ္ၿပီး ရိုးရိုးရွင္းရွင္း ေနလို႔ရမွာလဲ။ အေမေျပာသလို ငါကိုက မွားေနခဲ့တာ။ "

"ငါသာ ငါသာ ျပင္လိုက္ရင္ရေပမဲ့ ႀကိဳးစားေနေလ ငါ့ကိုယ္ငါ ငါမဟုတ္ေတာ့သလိုခံစားရၿပီး မုန္းတီးလာတာကို မရပ္နိုင္ေလပဲ။"

" ဒါေပမဲ့ ငါ့ပုံစံအတိုင္းေနေတာ့ေရာ... ဘာမ်ား ေျပာင္းလဲသြားလို႔လဲ"

"ေစာက္တလြဲေတြျဖစ္ၿပီး...အဟစ္ တစ္ေယာက္ထဲ ျဖစ္ေနတုန္းပဲ"

ပူေႏြးေသာ မ်က္ဝန္းအိမ္ထဲသို႔ ျပန္လည္ ေရာက္ရွိလာသည့္ ျမင္ကြင္းေတြ။ ကိုကိုႀကီး၏ မယုံၾကည္နိုင္ေသာ မ်က္ႏွာေပးႏွင့္ ခြန္းနစ္ကို သနားစရာ သတၱဝါေလးသဖြယ္ ၾကည့္ေနခဲ့တာေတြ။ မျဖစ္နိုင္ပါဘူးဆိုသည့္ ေမွ်ာ္လင့္ခ်က္ႏွင့္ ေမေမ့မ်က္ႏွာ၊ ၿပီးေတာ့ အရႈံးသမားတစ္ေယာက္လို ယူက်ဳံးမရျဖစ္ေနသည့္ ေဖေဖ။

"သား အစ္ကို ဟိန္းသူရကို သေဘာက်တယ္။အစ္ကိုကလည္း သားကို သေဘာက်ေနတယ္ထင္တယ္"

ဘယ္လို ယုံၾကည္ခ်က္မ်ိဳးနဲ႕ ေျပာခဲ့ေလသည္မသိ။ ေက်ာကြဲေအာင္ အရိုက္ခံရသည့္ထဲမွာေတာင္ အံကိုတင္းတင္းႀကိတ္လို႔ ခ်စ္လူမိုက္ႀကီး လုပ္ခ်င္ခဲ့သည့္ ခြန္းနစ္။ အိပ္ရာထဲ လဲသြားသည့္ ေဖေဖ့ပုံရိပ္ကိုပင္ ေတာင့္ခံနိုင္ခဲ့ေပမဲ့၊ အခ်က္ခ်က္ ပါးျပင္ေပၚက်လာသည့္ ေမေမ့ လက္ဖဝါးေတြရဲ႕ ဒဏ္ကိုပင္ စိတ္မနာနိုင္ခဲ့ေပမဲ့ "တကယ္ေတာ့ အစ္ကိုက နိုင္ေဝ့ကို ခ်စ္ေနခဲ့တာ" ဆိုသည့္ စကားတစ္ခြန္းေအာက္မွာ အရွင္လတ္လတ္ ငရဲက်သလို ခံစားခဲ့ရသည္။ ရွက္လြန္းလို႔ မုန္းလြန္းလို႔ ကိုယ့္ေခါင္းကိုယ္ အခ်က္ခ်က္ပိတ္ရိုက္ခဲ့ေသာ္ျငား မာလြန္းသည့္ေခါင္းက ေမ့ခ်င္သည့္အရာေတြမွ ၿမဲေနေအာင္မွတ္ထားနိုင္ခဲ့သည့္အျဖစ္။

"ေယာက္်ားတစ္ေယာက္အတြက္ မင္း ဒီလိုျဖစ္ေနတာ ငါရွက္လို႔ ေသမွာဖိုးသားရဲ႕။ သိလား နင္ေရာ နင့္အေဖေရာ ဘယ္ဘဝက ဘာေတြလုပ္ခဲ့လို႔ နင့္ဒုကၡေတြကို ခံေနရတာလဲ ဟမ္။ နင့္အစ္ကိုသိရင္ ဘယ္ေလာက္ စိတ္ဆင္းရဲရွာမလဲ"

အေမ့မ်က္ရည္ေတြပိုက်ေလ ခြန္းနစ္ဘဝက ေဇာက္ထိုးဆင္းေလပင္။ ေနာက္ဆုံးႏွစ္ေရာက္ဖို႔ သူမ်ားထက္ တစ္ႏွစ္အခ်ိန္ပိုယူလိုက္ရသည္။ ဘာအျပစ္မွ မရွိမွန္းသိေပမဲ့ ကိုကိုႀကီးကို မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့သည္မို႔ အေဆာင္ေျပာင္းေနမည္ေျပာေတာ့ အေၾကာင္းစုံမသိသည့္ ကိုကိုႀကီးက တားရွာပါသည္။ ေမေမတို႔နားမလည္ရင္ေတာင္ သူနားလည္နိုင္ေၾကာင္း ေျပာေနသည့္ ကိုကိုႀကီးရဲ႕ ‌ေစတနာေတြကပင္ ခြန္းနစ္ရင္ကို ပိုမီးၿမိဳက္ေနခဲ့သည့္အလား။

"ကိုကိုႀကီးကို မုန္းတယ္။ အၿမဲတမ္း သားကိုေနာက္ေကာက္က်ေအာင္ ခံစားခိုင္းလို႔ မုန္းတယ္။ အၿမဲတမ္း သားလိုခ်င္တာေတြကို အပိုင္ရေနလို႔ မုန္းတယ္"

အံႀကိတ္ငိုသည့္ ကိုကိုႀကီးကို စိတ္မခ်မ္းသာေစလိုခဲ့တာ အမွန္ေပမဲ့ ခြန္းနစ္လည္း မေပ်ာ္နိုင္ခဲ့ပါ။အိမ္မျပန္ခဲ့သည့္ ေလးႏွစ္တာမွာ ေကာင္းမြန္လာတဲ့ ေဖေဖ့က်န္းမာေရးသတင္းကို ၾကားတိုင္းလည္း ဝမ္းသာရခက္ ဝမ္းနည္းရခက္ႏွင့္။ ခြန္းနစ္ဟာ တကယ္ပဲ မိသားစုအတြက္ ဆူးေညွာင့္တစ္ခုျဖစ္ေနခဲ့သည္လား။ခြန္းနစ္ ထြက္ခြာလာခဲ့သည္ႏွင့္ က်ိန္စာျပယ္သလို ေပ်ာ္႐ႊင္ခ်မ္းေျမ့သြားသည့္ မိသားစုဝင္ေတြအတြက္ မုဒိတာပြားရမည္လား။သို႔တည္းမဟုတ္ မေက်နပ္စြာပဲ မနာလို ေနရအုန္းမည္လား။

အစ္ကို ဟိန္းသူရမဟုတ္ရင္ေတာင္ ခြန္းနစ္က  ေယာက္်ားေတြကိုပဲ ႀကိဳက္မိေနတုန္း။ ခြန္းနစ္ သတိလက္လြတ္ ေငးမိတာက ေယာက္်ားေတြျဖစ္ေနတုန္းပဲ။ ခြန္းနစ္ တြဲခ်င္တဲ့လက္က ေယာက္်ားတစ္ေယာက္ရဲ႕ လက္ျဖစ္ၿပီး၊ ခြန္းနစ္ ေပြ႕ဖက္ခ်င္တဲ့အရာကလည္း က်ယ္ျပန႔္မာေက်ာတဲ့ ရင္ဘတ္ျဖစ္ေနတုန္းဆိုသည့္ အမွန္တရားကို ဘယ္လိုမွ ေျပာင္းလဲနိုင္မည့္ပုံမေပၚ။ ကံေကာင္းေထာက္မစြာ လက္ခံေပးမည့္ အသိုင္းအဝိုင္းေလး ရွိေသးတာကေတာ့ ေနာက္ဆုံးဆြဲဖမ္းထားမိသည့္ အသက္ကယ္ကြင္းေလးျဖစ္ပုံရပါသည္။

"ေနခ်ိဳ... ငါ ေတာင္းပန္ပါတယ္။ မင္းကို ငါ့ငရဲထဲ ဆြဲခ်ဖိဳ႕ စိတ္ကူးနဲ႕ေတာင္ မေတြးခဲ့ဘူးတာ က်ိန္ရဲပါတယ္"

.......................….................

"ဟဲ့ ေအာ္... ကုေဋရယ္ နင္ကေတာ့ လုပ္ျပန္ၿပီ"

"ဟင္"

"ဘာဟင္လဲ နင္လုပ္ေနတာလဲ ၾကည့္အုန္း။ ေကာ္ဖီခြက္ထဲ ေရေတြေလာင္းထည့္ေနတာဟဲ့"

"ေဆာ...ေဆာရီး"

"မဟုတ္ေတာ့ဘူး။ နင္ေတာ့ တကယ္ မဟုတ္ေတာ့ဘူး။ ဘာျဖစ္ေနလဲ ေမးေတာ့လဲ ရတယ္ ကလြဲၿပီး ဘာမွမေျပာ။ လူကလည္း ေနမေကာင္းျဖစ္ၿပီးကတည္းက စိတ္နဲ႕ကိုယ္က ေတာင္ႀကီးနဲ႕ ပုဂံ ဘုရားဖူးထြက္သလို ကင္းကြာေနလိုက္တာ တစ္ေန႕တစ္မ်ိဳး လြဲတာ ရိုးကို မရိုးနိုင္ဘူး။ နင္မေန႕ကလဲ ထမင္းစားဖို႔ဆိုၿပီး အထုပ္ဆြဲသြားတာ ‌လက္ဖက္ေျခာက္ထုပ္ႀကီးဟဲ့"

တဗ်စ္ေတာက္ေတာက္ ေျပာေနသည့္ ယုမွာ အာေပါက္ၿပီး ေသမည္ဆို ေသေလာက္ၿပီ။ စိတ္နဲ႕ကိုယ္ မကပ္ျဖစ္ေနသည့္ ကုေဋ့ကို ဘယ္ကစၿပီး ဘယ္လို ကယ္ဆယ္ရမည္မသိေတာ့။အကူညီေပးဖို႔ဆိုတာကလည္း ကာယကံရွင္က ျဖစ္ေနသည့္ ျပႆနာကို တိုင္ပင္ခ်င္စိတ္ပင္ ရွိပုံမေပၚ။ ရိုက္စစ္လို႔ရလွ်င္ သူမကိုယ္တိုင္ တုတ္နဲ႕သာ ရိုက္စစ္လိုက္ခ်င္ေတာ့သည္။ ၾကာရင္ ခြန္းနစ္ကုေဋလုံးပါးပါးလွ်င္ပါး ၊ မပါးလွ်င္ ဌာနထဲက ပစၥည္းေတြ ပါးေတာ့မွာ  ေသခ်ာသေလာက္ ျဖစ္ေနၿပီ။

"ဟိုတစ္ေယာက္ ဘယ္သူ ေမာင္ခ်ိဳဆိုလား။သူက ခုတေလာ မလာေတာ့ဘူးလား"

"ေနခ်ိဳေမာင္ ပါဟာ"

စိတ္ရႈပ္တဲ့ အသံႀကီးနဲ႕ ေျပာသူက နာမည္မွားတာကိုေတာ့ ျပင္ေပးေဖာ္ရေသးသည္။

"နင္ေျပာ...သူနဲ႕ ျပႆနာျဖစ္ၿပီး ခုလိုျဖစ္တာမို႔လား။ နင္တို႔ ရန္ျဖစ္ထားၾကတာလား"

"မဟုတ္ပါဘူး ယုရာ။ သူ႕အလုပ္နဲ႕သူ မအားလို႔မလာတာေနမွာေပါ့ဟ"

"ဟဲ့ မအားရင္ေတာင္ ဘယ္သူကမွ ကိုယ့္ရည္းစားကိုယ္ေတာ့ ပစ္မထားဘူး"

"ဟာ...မိုးႀကိဳးေတြ ပစ္ကုန္ေဝာာ့မွာ။ သူငယ္ခ်င္းဟ နင္မသိပဲ ေလွ်ာက္မေျပာနဲ႕ ယု"

ဟင္း...သူမ ႏႈတ္ခမ္းမဲ့လိုက္သည္။ ခ်ီးစားေျပာလွ်င္ေတာင္ ဒါမ်ိဳးေတာ့ သူမက မယုံေရးခ် မယုံေပးနိုင္ပါ။ ခြန္းနစ္လို ေဂးေခ်ာေခ်ာေလးအတြက္ ေနခ်ိဳေမာင္လို ရႈတည္တည္ လူဆိုး႐ုပ္ႏွင့္ ငနဲမ်ိဳးက သူငယ္ခ်င္းျဖစ္စရာ အေၾကာင္းမရွိေပ။ေနာက္ၿပီး ဘယ္လိုငတုံးကမွ ေန႕တိုင္း အခ်ိန္ကုန္ခံ ႀကိဳပို႔ေနရေလာက္ေအာင္ထိ ေစတနာပိုေနမည္ မဟုတ္ေပ။

ေန႕လည္စာ စားခ်ိန္မွာေတာ့ အေတာ္ၾကာမွ ယုႏွင့္ ခြန္းနစ္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ အတူစားခြင့္ရပါသည္။ ဒီၾကားထဲ ကိုယ့္ဂ်ဴတီ သူ႕ဂ်ဴတီႏွင့္ ထမင္းလက္ဆုံမစားခဲ့ရသမွ် ယုအတြက္ေတာ့ အကြက္ဝင္သြားကာ ခြန္းနစ္မေျဖခ်င္တာေတြ၊ ေျဖခ်င္တာေတြ ဘာမွ ဂ႐ုမစိုက္ပဲ ေမးခ်င္တိုင္းကို ေမးေတာ့၏။

"နင္ေျပာစမ္း... နင္က အခုမွ အသက္ ႏွစ္ဆယ္ အစိတ္ဟယ္။ ဒါကို အကုန္ၿမိဳသိပ္ၿပီး လူႀကီးလုပ္ေနလို႔ ဘာရမွာလဲ။ လူငယ္ပဲ ၿဖဲသင့္တာၿဖဲ ဝမ္းနည္းသင့္တာ ဝမ္းနည္းၿပီး ရင္ဆိုင္ပစ္ရမွာမို႔လား"

"ငါ အခု အဆင္ေျပေနတာပဲ"

"နိုး နိုး မေျပဘူး။ ငါ့ အနာဂတ္နဲ႕ပုံၿပီးေျပာလိုက္မယ္။ လူတစ္ေယာက္ စိတ္ဆင္းရဲေနရင္ မ်က္လုံးေတြ၊ အသားရည္ေတြက သိပ္သိသာတာ။အေရာင္မရွိတဲ့ မ်က္လုံးေတြ၊ ေျခာက္ကပ္ ၾကမ္းေထာ္ေနတဲ့ အသားအရည္ေတြက ဘာေျပာေနလဲ သတိေရာ ထားမိရဲ႕လား ဟမ္။ နင့္စိတ္ထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာ နင္ကိုယ္တိုင္ေတာင္ နားမလည္တာေရာ မျဖစ္နိုင္ဘူးလား"

ၾကက္သားတုံးကို ခရင္းျဖင့္ထိုးဆြရင္း ခြန္းနစ္ သက္ျပင္းခိုးခ်သည္။ တစ္ပါတ္... တစ္ပါတ္ဆိုေသာ အခ်ိန္အတြင္းမွာ အအိပ္ပ်က္ အစားပ်က္ႏွင့္ ႏုံးခ်ိေနသူလို ျဖစ္ခဲ့ၿပီးၿပီ။ ကိုယ္တိုင္ ဒါကို သိေပမဲ့ ေရာဂါကိုေဆးကုသလို အင့္ခနဲ ကုနိုင္သည့္ နည္းလမ္းေတာ့မေတြ႕ခဲ့။ မလာပါနဲ႕ဟု ေတာင္းဆိုခဲ့သူကလည္း ကိုယ္၊ မလာျပန္ေတာ့ ေနရခက္သူကလည္း ကိုယ္တဲ့။ ခြန္းနစ္ စိတ္ကုန္လြန္းလို႔ ေအာ္သာ ဆဲပစ္ခ်င္ေတာ့သည္။ သူမလာသည့္ ခုႏွစ္ရက္တာဟာ သူႏွင့္ေဝးခဲ့သည့္ ခုႏွစ္နစ္တာနီးပါးေသာ ကာလထက္ပင္ ရွည္လ်ားလြန္းေနပါသလို။

"ငါ..."

"လူတစ္ေယာက္ကို ဘယ္လို သေဘာထားမိေနသလဲ မဆုံးျဖတ္တတ္ဘူး"

"ဘယ္သူ႕ကိုလဲ"

"..."

"ထားပါ။ နင္ နင္သေဘာက်ဖဴးတဲ့ အစ္ကို ရွိတယ္မို႔လား။ သူ႕လို ခံစားရတာလား"

"မဟုတ္ဘူး"

"နင္ႀကိဳက္တဲ့ ပုံစံမ်ိဳးမို႔လား"

"အဲ့လိုလဲ မဟုတ္ဘူးထင္တယ္။ ငါ သူ႕ကိုႀကိဳက္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး၊ ရင္ထဲမွာ ထူးျခားေနတာမ်ိဳး မရွိဘူး။ ဒါေပမဲ့ ..."

"အတူတူ ရွိေနရင္ ငါက စကားေတြ တအားေျပာလာတယ္။ ငါ့ကိုယ္ငါေတာင္ သတိမထားမိပဲ"

"အဲ့ဒါ နင္ တအားကို သက္ေတာင့္ သက္သာျဖစ္ေနတာေလ။ သတိထားရမဲ့ကိစၥေတြကိုေတာင္ ေမ့တဲ့အထိ နင္ေနခ်င္သလို ေနလို႔ရေနတာမို႔လား။ ယုံၾကည္ခ်က္မ်ားလာတာမ်ိဳးေပါ့"

"စြန႔္ပစ္ မခံရေလာက္ဘူးဆိုတဲ့ ယုံၾကည္မႈလား"

"ကုေဋ... နင္ အေတြးမလြန္စမ္းပါနဲ႕။ ဘယ္သူကမွ နင့္ကို မစြန႔္ပစ္ဘူး။ နင့္မိသားစု ကိစၥေတြအကုန္ ငါနားမလည္ေပမဲ့ ကိုယ့္ကိုယ္ကိုယ္ အပယ္ခံေနရတဲ့လူတစ္ေယာက္လို သိမ္ငယ္မေနစမ္းပါနဲ႕ဟယ္။ၿပီးေတာ့ အဲ့ဒီလူ.. နင္ေျပာတာ ဘယ္သူလဲ မေသခ်ာေပမဲ့ လူေကာင္းဆိုတာ ေသခ်ာရင္ ဘာကိုေၾကာက္ၿပီး တြန႔္ဆုတ္ေနမွာလဲ။ ငါေျပာတာ နားလည္လား"

"ေနာ္လို႔..."

ခြန္းနစ္ ရယ္လိုက္မိသည္။ သူႀကိဳက္တာ ေယာက္်ားေတြျဖစ္ေပမဲ့ မိန္းမေတြဆီက အႀကံေပးစကားေတြနားေထာင္ရတာ အေတာ္ေလး အသုံးဝင္သည္ဆိုေသာ အခ်က္ကို အၿမဲလက္ခံထားရသည္။ ေလးပင္ေသာ စိတ္က ယုနဲ႕စကားေျပာအၿပီးမွာ အတိုင္းအတာတစ္ခုထိ သက္သာရာ ရသြား၏။ ၾကားထဲမွာ ေတြေဝေနခဲ့တာ ေတာ္ေလာက္ၿပီ။ ေနခ်ိဳ႕အေပၚ ဒီထက္ပိုၿပီး ေကာင္းတဲ့နည္းလမ္းနဲ႕ ႏႈတ္ဆက္ဖို႔လိုေနေၾကာင္း ေသခ်ာသြားသည္။ တကယ္ဆို မွားခဲ့တာက ကိုယ္ပဲ။ ဘာေၾကာင့္ ေနခ်ိဳ႕အေပၚမဲခ်ၿပီး ဆိုးဆိုး႐ြား႐ြား ႏွင္ထုတ္မိခဲ့ပါလိမ့္။

"I need somebody who can love me at my worst"

"ဟယ္လို..."

"ခြန္း ခြန္းနစ္ကုေဋလား"

"ဟယ္လို"

တစ္ဖက္က တုန္ယင္ေနေသာ အသံေၾကာင့္ ေနာက္တစ္ႀကိမ္ ဖုန္းစခရင္ကို ၾကည့္လိုက္မိသည္။

"ဟယ္လို"

"..."

"အမ္... အခုလား"

"..."

"ေအးေအး ။ စိတ္ စိတ္ေအးေအးထားပါအုန္း"

"... "

"ေအးပါ ငါ လာခဲ့မယ္။ ဘာမွမျဖစ္ဘူးေနာ္"

"ဘာျဖစ္လို႔လဲ"

ယုအေမးကို ေသခ်ာမေျဖနိုင္။ ဖုန္းခ်ၿပီးတာႏွင့္ အကၤ်ီကို သပ္သပ္ရပ္ရပ္ျပင္ဝတ္ကာ ေရဘူးကို ဂ်ဴတီကုတ္အိတ္ေထာင္ထဲ ထည့္လိုက္သည္။

"လူနာ သြားေမးလိုက္အုန္းမယ္။ အစ္မကို ေျပာေပးအုန္း"

"ဘယ္သူလဲ... ဘယ္မွာလဲ"

"ေမြးလူနာ။ ဒီေဆး႐ုံေရာက္ေနၿပီ"

‌ထပ္ေရာက္လာမည့္ စကားေတြမလာခင္ ခြန္းနစ္ ထမင္းစားေဆာင္မွ ထြက္လာလိုက္သည္။ ဖုန္းေျပာတုန္းက ၾကားခဲ့ရသလိုဆို မႏြယ္နီရဲ႕ ေမြးရက္က ေစာလြန္းကာ ခက္ခဲေနပုံရသည္။ အၿမဲ တဟီးဟီး တဟားဟားျဖစ္ေနတတ္ေသာ ေဝၿဖိဳးနိုင္ရဲ႕ အသံက ငိုႀကီးခ်က္မႏွင့္။ ဒီေကာင္ သူ႕မိန္းမကို ဘယ္ေလာက္ ဂ႐ုစိုက္မွန္း သိတာမို႔ ခြန္းနစ္ပင္ အေတာ္ စိတ္ပူမိသြားသည္။

‌ေမြးလူနာ ဌာနကိုေရာက္ေတာ့ ေမြးခန္းေရွ႕မွာ ငူငူႀကီးထိုင္ေနသည့္ ေဝၿဖိဳးနိုင္ကို အရင္ေတြ႕သည္။ အနားေရာက္လာသည့္ ခြန္းနစ္ကို ေမာ့ၾကည့္လာသူ၏ ပုခုံးကို အသာပုတ္ကာ အားတင္းထားဖို႔ မ်က္ႏွာရိပ္မ်က္ႏွာကဲျပေတာ့ ေလးေလးႀကီး ေခါင္းၿငိမ့္ျပရွာသည္။ ေဘးမွာေတာ့ ခြန္းနစ္ မျမင္ဖူးသည့္ အမ်ိဳးသမီးႀကီးက ပုတီးကို လက္မွာပတ္လ်က္ ဂါထာမ်ားကို တတြတ္တြတ္႐ြတ္ဆိုလ်က္ရွိ၏။

" ဟဲ့... နင့္ကို အဂၤုလိမာလ သုတ္႐ြတ္ခိုင္းထားတာေလ။မ႐ြတ္ဘူးလား"

ဆူသံႏွင့္အတူ ဂြက္ခနဲက်သြားေသာ လက္က ခြန္းနစ္မ်က္ႏွာေရွ႕မွျဖတ္ကာ ေဝၿဖိဳးနိုင္၏ ေခါင္းထက္ က်ေရာက္လို႔သြားသည္။ ကိုယ္တိုင္လည္း လန႔္သြားတာေၾကာင့္ ေမာ့ၾကည့္မိေတာ့ ဆံပင္တိုတို၊ ဝဖိုင့္ဖိုင္း အမ်ိဳးသမီးႀကီးက မ်က္ေမွာင္ၾကဳတ္ႀကီးျဖင့္ ေဝၿဖိဳးနိုင္ကို ငုံ႕ၾကည့္ေနခဲ့သည္။ ဒီမ်က္ႏွာ... ခြန္းနစ္ ရင္းႏွီးေနေသာ မ်က္ႏွာ...။

"အေမကလည္း ဗ်ာ"

အန္... အန္တီ...

"အေမကလည္း မေနနဲ႕။ နင္ဝင္ေမြးရတာလည္း မဟုတ္ပဲ ဒါေလးကိုျဖစ္ေအာင္ မ႐ြတ္နိုင္တဲ့ ေကာင္။ ျပာယာေတြခတ္ၿပီး လိုတာက် ဘာမွ မလုပ္နိုင္ဘူး။ ဟိုမွာ အထုပ္‌ေတြလည္း ဟိုကေလးပို႔မွေရာက္တယ္။ ေဟာ... လာ လာသားေလး ဒီမွာခ်"

ေျခသံတစ္ခုရဲ႕ ပိုင္ရွင္ဟာ အထုပ္အပိုး တခ်ိဳ႕ကို ဆြဲကိုင္ထားရင္း  ေဆး႐ုံေကာ္ရစ္တာတစ္ေလွ်ာက္ ေလွ်ာက္လို႔လာသည္။သူဝတ္ထားသည့္ သားေရဂ်ာကင္ႀကီးက အထုပ္ေတြၾကားမွာ ဟိုလွန္ သည္လွန္ျဖစ္လို႔။ သူ႕မ်က္ဝန္းေတြက အေဝးႀကီးကေနေတာင္ ကိုယ့္ဆီ တန္းေနေအာင္ ေရာက္ခ်လာသည့္အခါ ခြန္းနစ္ ခါးကို မတ္ေနေအာင္ထိုင္မိသြားသည္။ေျခဖ်ား လက္ဖ်ားေတြ ခ်က္ခ်င္းေအးစက္လာပုံက မသိရင္ စာေမးပြဲ ရလာဒ္သိရေတာ့မည့္ ေက်ာင္းသားတစ္ေယာက္လိုပင္။

"ေက်းဇူးပါကြာ ေနခ်ိဳရာ"

ေျပာလိုက္သူက ေဝၿဖိဳးနိုင္ျဖစ္ကာ မဆီမဆိုင္ ေခါင္းငုံ႕ခ်လိဳက္မိသူကေတာ့ ခြန္းနစ္ျဖစ္ခဲ့သည္။ ေပေတေနေသာ ရႉးဖိနပ္တစ္စ္စုံကို ျမင္လိုက္ရ႐ုံႏွင့္ပင္ ကိုယ္တြင္းမွာ ေျဗာင္းေတြဆန္ကာ ပြက္ေလာထကုန္၏။ ဘာေၾကာင့္ ရွက္မိသြားသလဲဆိုသည့္ အေတြးကို မေတြးနိုင္ခင္မွာပဲ တစ္ဖက္လူရဲ႕ေျခလွမ္းတို႔ ေနာက္ျပန္ဆုတ္သြားသည္အခါ ထိတ္လန႔္စြာ ထရပ္မိလိုက္သည့္ ခြန္းနစ္။

"ငါတို႔...စကား ခဏေျပာရေအာင္"

မေၾကာက္ပါ။ သို႔ေသာ္ လက္သီးႏွစ္ဖက္ဟာ တစ္ဖက္တစ္ခ်က္မွာ တင္းေနေအာင္ဆုပ္လ်က္သား ရွိေနခဲ့ပါသည္....။

.................................…….........................

စာေရးသူ၏ အမွာစာ:

မၾကာခင္မွာ ၾကင္နာမယ္
ရည္းစားျဖစ္ဖို႔ ငါးမိနစ္ပဲ လိုပါေတာ့တယ္

ဘာမွမဟုတ္ဘူး သီခ်င္းဆိုတာပါ‌ေနာ္
Vote ၁၅၀ေက်ာ္ရင္ ေနာက္တစ္ပိုင္းအတြက္ ႀကိဳးစားေပးပါ့မယ္ ယူတို႔ေရ♥️

Continue Reading

You'll Also Like

6.1K 407 53
ရှိုင်းထက်ကိုကိုမောင်💗ကိုကိုချစ် my lovely ko ko maung S1 (start date-24.4.2023 end date-31.5.2023) save your life S2(ongoing) ချိုမြိန်သောအဆိပ်တစ်ခ...
884K 49.3K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
66K 5.3K 25
အချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အ‌ကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို...
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...