ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 368K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.1
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

58.2

13.2K 2.4K 100
By Rozu_roro

Unicode

ဧည့်သည်များမှာ အချင်းချင်းမျက်ရိပ်မျက်ခြေပြရင်း နောက်ဆက်တွဲ ပွဲတွေကို စောင့်မျှော်နေကြသည်။

လူအိုကြီးရှီက ရှီးခယ့်ယွဲ့ကို မျက်နှာသာပေးပြီး ရှီယွင်နန်ကို သဘောမကျရင်တောင် သူဘာမှ ပြောလိုက်လို့မရဘူးလေ! အဲ့လိုလုပ်လိုက်ရင် လော့မိသားစုဆီက အထောက်အပံ့ရမယ့် အခွင့်အရေးကို ရှင်းပစ်လိုက်သလိုကြီး ဖြစ်မသွားဘူးလား?

"ခေါင်းဆောင်လော့၊ အမှန်တရားတွေ ရှိနေသေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? " ဧည့်သည်အုပ်စုထဲမှ လူတစ်ယောက်က အတင်းအဖျင်းအနံ့အသက်ကိုရလိုက်တာကြောင့် မေးလာသည်။

လော့လင်းရှန်းက ရှီယွင်နန်တာဝန်ကို မလုယူချင်တာကြောင့်၊ သူက အကြည့်နဲ့ပဲ ရှီယွင်နန်ကို မျက်ရိပ်မျက်ခြေပြလိုက်တော့

ရှီယွင်နန်က ပြုံးလိုက်တာ "လူတိုင်းကြားတယ်နော်။   အခုပဲ၊ လူအိုကြီးရှီက ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုကို အမွေပြတ်စွန့်လွှတ်မယ်လို့ပြောခဲ့တယ်။ နောက် ရှီမိသားစုက သေသေရှင်ရှင်၊ ချမ်းသာသာ အရှက်ကွဲကွဲ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်တော့ဘူး။"

ဒါက လူအိုကြီးရှီရဲ့ ဖြေရှင်းပုံကို ပြန်တုံ့ပြန်လိုက်တာပေါ့?

ဒီညီအစ်ကိုနှစ်ယောက်က ရှီမိသားစုဥစ္စာတွေကို လုံးဝဂရုတောင် မစိုက်ဘူးလေ!

"....."

ရှီးခယ့်ယွဲ့တစ်ယောက် လော့လင်းရှန်းအနေထားကိုမြင်တော့ သူ့နှလုံးခုန်သံမြန်လာ၏။ အခြေအနေ မကောင်းတော့ဘူးလို့ သူ့စိတ်ထဲမှာ ခံစားနေမိသည်။

လူအိုကြီးရှီသာ သူတို့နှစ်ယောက်ကို နှင်ထုတ်ပြီးသွားရင်၊ သူအောင်ပွဲအကြီးကြီး ရနိုင်တော့မယ်လို့ ထင်မိပေမယ့်၊ အခုတော့ ရှီယွင်နန်က သူ့(ရှီးခယ့်ယွဲ့)ရဲ့ နောက်ဆုံးလှုပ်ရှားမှုအပြီးမှ သူ့ဘက်ကနေ စလှုပ်ရှားလာတဲ့ အနေအထားမျိုး အာရုံရနေမိသည်။

နောက်တစ်စက္ကန့်မှာပဲ ရှီယွင်နန်က ပြောလာသည်။ "ချင်ကျန်း ပရိုဂျက်တာနဲ့ ချိတ်လိုက်ပါ။"

အချိန်အတော်ကြာ ပြင်ဆင်လာခဲ့သည့် ချင်ကျန်းက ယွမ်မုန်ကို လက်ဟန်ပြလိုက်ပြီး၊ပရိုဂျက်တာဘေးရှိ ကွန်ပြူတာ စားပွဲဆီသို့ အမြန်သွားလိုက်သည်။

ရှီးဝေက အခြေအနေအရိပ်အကဲကို ကြည့်နေရင်း  လူအိုကြီးရှီ နဲ့ သူယောကျ်ား မတားတာကို တွေ့တော့ သူမက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ

"နေအုံး၊ မင်းက အပြင်လူလေ..."

သူမ ချင်ကျန်းကို မတားနိုင်လိုက်ခင် ယွမ်မုန်က အလိုအလျောက်သဘောပေါက်သွားပြီး ရှေ့သို့ လှမ်းကာ သူမလက်ကို နောက်ကျောမှာ လိမ်ပလိုက်သည်။

ယွမ်မုန်က စစ်မှုထမ်းဖူးတာကြောင့် သူ့ခွန်အားမှာ အားနည်းမနေပေ။

ရှီးဝေကတော့ ဖူးဖူးမှုန်ခံထားရသည့် လူချမ်းသာ အမျိုးသမီးဖြစ်တာကြောင့်၊ ဒီလို အကြမ်းပတမ်းခွန်အားကို ခံနိုင်ရည်မရှိပေ။ သူမရဲ့ လက်မောင်းမှာ ချက်ချင်း နီရဲသွားပြီး နာလွန်းတာကြောင့် မျက်ရည်များပင် ဝဲလာတော့သည်။

ကျန်းယွင်က သူမကိုကူညီဖို့ အမြန်ပြေးလာပြီး ယွမ်မုန်ကို မေးလာသည်။ "ရှင်ကဘယ်သူလဲ? အားနွဲ့တဲ့ မိန်းမသားကို ဘာလုပ်တာလဲ?"

"အားနွဲ့တဲ့ မိန်းမသား?"  ရှီယွင်နန်က စိတ်ဝင်စားစရာ စကားလုံးလေးကြားသလို ပြန်မေးခွန်းထုတ်လိုက်သည်။

သူက ယွမ်မုန်ကို နောက်ဆုတ်ရန် မျက်ရိပ်မျက်ခြေပြလိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ အလွန်ချစ်နေကြသည့် ညီအစ်မတွေကို ကြည့်လိုက်သည်။ "ကျန်းယွင်၊ ခင်ဗျားကိုယ်တိုင်ကလည်း အငယ်အနှောင်းဖြစ်လို့ ရှီးဝေနဲ့ အခုလိုအကြာကြီး ပေါင်းနိုင်တာမလား?"

ဆူးချွန်ကဲ့သို့ စကားလုံးများမှာ မိန်းမနှစ်ယောက်ကို ပါးရိုက်နေသလိုမျိုးဖြစ်နေ၏။

သူမကိုပါ မီးစွဲအောင်လုပ်မယ်မထင်ထားတာကြောင့် ကျန်းယွင် မျက်နှာ နီရဲသွားတော့သည်။ "ရှီယွင်နန်၊ မင်းက ငယ်ပါသေးတယ်။ ဘာလို့မင်းပါးစပ်က အခြေအမြစ်မရှိတဲ့ သွားပုပ်လေလွင့်စကားတွေနဲ့ပဲ ပြည့်နေရတာလဲ?"

"ဟုတ်လား? အပြင်လူတစ်ယောက်အနေနဲ့ မစ္စကျန်းယွင်က ရှီမိသားစုအတွင်းရေးတွေ အရမ်းသိနေတာပဲနော်။"

ရှီယွင်နန် မျက်ခုံးပင့်လိုက်၏။ သူ့စကားတွေမှာ အခြားအဓိပ္ပာယ်တစ်ခုပါနေသည်၊ "ခင်ဗျားအချစ်ဆုံးသူငယ်ချင်း ရှီးဝေကကော ခင်ဗျားမိသားစု အတွင်းရေးတွေသိနေမလားဆိုတာ ကျွန်တော်သိချင်မိတယ်။"

ဖျပ်—

ပရိုဂျက်တာ စခရင် ပွင်လာသည်။

ချင်ကျန်းက အမြန်ပြန်လျှောက်လာပြီး ပရိုဂျက်တာနှင့်ချိတ်ထားသည့် တက်ဘလက်ကို ရှီယွင်နန်ဆီ ပေးလာ၏။

ရှီယွင်နန် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အကြာကြီး မျှော်လင့်စောင့်စားနေရသည့် ဂိမ်းကို စတင်လိုက်သည်၊ "ကျားသစ်တစ်ကောင်က သူနေထိုင်ရာကိုမပြောင်းနိုင်သလို၊ လူ့စရိုက်ကလည်း ပြုပြင်ဖို့ ခက်ခဲတယ်ဆိုတဲ့ စကားကို ကြားဖူးကြလား? အားလုံး ဒီမှာ စိတ်အပန်းဖြေလို့ရအောင် ကျွန်တော်ဓာတ်ပုံတချို့ပြပေးမယ်။"

သူပြောပြီးသည်နှင့် တပြိုင်နက် စင်ပေါ်ရှိ စခရင်တွင် ဓာတ်ပုံတချို့ပေါ်လာသည်။

သေချာပေါက်၊ ထိုပုံများမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ရင်းရင်းနှီးနှီး ထိတွေ့နေသည့် ပုံများပင်။

ဓာတ်ပုံများ ပြလာသည်နှင့်တပြိုင်နက် လူအုပ်ကြီးထဲကနေ အာမေဋိတ်အသံများထွက်လာကြ၏။

လူအိုကြီးရှီ နှင့် ရှီးခယ့်ယွဲ့ ၏ မျက်နှာမှာ တောင့်တောင့်ကြီး ဖြစ်သွားပြီး၊ တည်ငြိမ်နေသည့် ရှီရှန်းတောင် ဒေါသထွက်သွားတော့သည်။

ဓာတ်ပုံထဲက အမျိုးသမီးမှာ တခြားသူမဟုတ်၊ ရှီးဝေပင်။

"....."

ရှီးဝေရဲ့ တစ်ကိုယ်လုံးမှာ မန္တန်ကပ်ထားသလိုမျိုး ကျောက်ရုပ်ဖြစ်နေ၏။ ကြော့ရှင်းနေသည့် မိတ်ကပ်တောင် သူမမျက်နှာပေါ်ရှိ အထိတ်တလန့်ကို ဖုံးထားနိုင်မည် မဟုတ်ချေ။

သူမ တံတွေးမျိုချလိုက်ကာ တည်တည်ငြိမ်ငြိမ်နဲ့  ငြင်းဆန် စကားပြောရန် ကြိုးစားနေရသည်။ "မဟုတ်ပါဘူး၊ ဒါက photoshopပဲ ဖြစ်ရမယ်!"

ရှီယွင်နန်က လှောင်ပြုံးပြုံးလိုက်ကာ ရှီးဝေငြင်းဆိုချက်ကို လျစ်လျူရှူလိုက်သည်။ "ဒီပုံထဲကယောကျ်ားက ဘယ်သူလဲဆိုတာ မသိချင်ကြဘူးလား?"

ရှီရှန်းတစ်ယောက် ဓာတ်ပုံများကို သေသေချာချာစိုက်ကြည့်ပြီးနောက်၊ ထိုလူကိုမှတ်မိသွားကာ သူ့မျက်​နှာမှာ ချက်ချင်းကြီး ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

သူ့စိတ် ပြန်မတည်ငြိမ်သေးခင်မှာပဲ "ညီမကောင်း" ဖြစ်ခဲ့သည့် ကျန်းယွင်တစ်ယောက် လူတိုင်ရှေ့မှာပဲ ရှီးဝေပါးကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။

"ရှီးဝေ နင်က စောက်ရှက်မရှိတဲ့ ကောင်မပဲ!"

"ငါကတော့ နင့်ကို ညီမကောင်းတစ်ယောက်လိုသဘောထားတာ! ငါက ဘယ်နေရာရောက်ရောက် နင့်ဘက်က ရှိနေပေးခဲ့တာ! ဒါ​ပေမယ့်​ နင်ကတော့ ငါ့ကို ဒီလို ပြန်ဆက်ဆံတယ်ပေါ့?!"

ဒီစကားတွေထွက်လာမှတော့ လူအုပ်ကြီးမှာ နားမလည်ဘဲ နေကြပါ့မလား? တစ်ယောက်ပြီး တစ်ယောက် ဝေဖန်ကဲ့ရဲ့စကားတွေ ပြောလာကြတော့သည်။

မင်းက အိမ်ထောင်ကျပြီးတာတောင်၊ အချစ်ဆုံးသူငယ်ချင်းရဲဲ့ ယောကျ်ားနဲ့ ဖောက်ပြန်ပြီး အငယ်အနှောင်းဖြစ်ချင်နေသေးတာလား?

ဒီလူတွေက အသက် 40၊ 50ရှိနေပြီလေ! ဘယ်လိုတောင် အပျော်အပါးမက်ပြီး အရှက်မရှိကြတာလဲ!

ကျန်းယွင်တစ်ယောက် သူမဒေါသကိုဖြေဖျောက်ဖို့ မလုံလောက်မှန်း ခံစားမိကာ ရှီးဝေအား ထပ်ပါးရိုက်လိုက်ပြန်သည်။

အခုတကြိမ်မှာတော့ ရှီးဝေကို ဘယ်သူမှကူညီမလာကြပေ။ ဒေါက်မြင့်ဖိနပ်စီးထားတာကြောင့် ခြေကျင်းဝတ်လည်သွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူမရဲ့ ခြေကျင်းဝတ်လေး နာကျင်သွားပြီး၊ နှလုံးခုန်နှုန်းပိုပိုမြန်လာတာကြောင့်၊ နဖူးတွင် ချွေးစေးများပြန်နေသည်။

ရှီးခယ့်ယွဲ့ မျက်လုံးတွင် စက်ဆုပ်သည့်အရိပ်အယောင်များ ပေါ်လာသော်လည်း၊ အမေနဲ့ သားဆက်ဆံရေးကြောင့် သူကကူညီရန် ပြင်လိုက်ချိန် ရှီယွင်နန် ပြောတာကို ကြားလိုက်ရသည်။  "ကျန်းယွင် ခင်ဗျား သူငယ်ချင်းက ခင်ဗျားကို ဒီထက်အများကြီး ပိုကူညီပေးထားသေးတယ်။"

"ခင်ဗျားယောကျ်ားက သားသမီးမရသလို၊ ခင်ဗျားကိုလည်း ငြီးငွေ့နေမှန်းသူသိလို့ လိမ္မာပြီးငယ်တဲ့ ချစ်သူလေးတစ်ယောက်တောင် သူ့အတွက်ရှာထားပေးသေးတယ်။ သူခင်ဗျားနဲ့ လက်ဖက်ရည်လေးသောက်ပြီး ရှော့ပင်းထွက်တဲ့နေ့တိုင်းက ခင်ဗျားယောကျာ်းနဲ့ သူ့အချစ်ကလေး ဆုံတဲ့နေ့ပဲ။"

စခရင်ပေါ်တွင် နောက်ထပ်ပုံတစ်ပုံပေါ်လာ၏။ ပုံထဲတွင် လူတစ်ယောက်မှာ ကျန်းယွင်၏ခင်ပွန်းဖြစ်ပြီး၊ နောက်တစ်ယောက်မှာ ပြစ်မျိုးမှဲ့မထင်အောင်လှသည့်အမျိုးသမီးတစ်ယောက်ပါနေသည်။

အဓိက အရေးကြီးဆုံးမှာ သူမ၏ဝမ်းဗိုက်ဖောင်းနေတာပင်။

"ဒါနဲ့ အဲ့အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ"

"လွန်ခဲ့တဲ့နှစ်လလောက်ကစပြီး၊ ရှီးဝေက ခင်ဗျားယောကျာ်းနဲ့ တွဲဖို့ မငြင်းဆန်ခဲ့ဘူး။ ဒီပုံတွေက သိပ်မကြာသေးဘူး။ သူတို့ရဲ့ တကယ့်အစစ်မှန်ဆက်ဆံရေးကို သိချင်ရင် ကျွန်တော် မူရင်းပုံတွေ အလကားပို့ပေးလို့ရတယ်နော်။"

ရှီယွင်နန်က ကြင်နာတတ်တဲ့လူလိုမျိုး သူ့ပုခုံးလေးကို တွန့်ပြလာသည်။

သူက ရှီးခယ့်ယွဲ့ကို ကြည့်လိုက်ပြီး ရုတ်တရက် သူ့ဘက်သို့လှည့်ကာ တိုက်ခိုက်လိုက်သည်။ "ဘယ်လိုလဲ? မင်းအမေသာ အသက်နည်းနည်းငယ်ရင် မင်းအတွက် မောင်နှမတွေ ထပ်မွေးပေးနိုင်လောက်မှာနော်။"

"....."

ရှီးခယ့်ယွဲ့မှာ နှစ်စက္ကန့်လောက် ငြိမ်သက်သွား၏။

သူက မယုံနိုင်အောင် နာကျင်နေသည့် မျက်နှာအမူအရာမျိုး အမြန်ပြလိုက်ပြီး ပညာသားပါပါ သူ့ကိုယ်သူ ဒီကိစ္စတွေထဲကနေ အမြန် ဖယ်ရှားလိုက်သည်။

"မား၊ အမှန်ပဲလား? ဒီလိုတွေလုပ်ပြီး အဖေရဲ့ယုံကြည်မှုအောက်မှာ နေနိုင်နေတယ်တဲ့လား?"

ရှီးဝေက သူ့ပတ်ပတ်လည်ရှိ မထီမဲ့မြင် အကြည့်များကို မော့ကြည့်လိုက်ပြီး မကြုံစဖူးအရှက်ကွဲသလို ခံစားနေရသည်၊ သူမနှလုံးသားထဲရှိ ထိတ်လန့်နေသည့်စိတ်မှာ သူမတစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားလေသည်။

ခြေကျင်းဝတ်က နီရဲနေပြီး မတ်တပ်မရပ်နိုင်လောက်အောင် နာကျင်နေတာကြောင့်၊ သူမက ယောကျာ်းနဲ့ သားဆီသို့ တွားသွားနေရသည်။ 

"မဟုတ်ပါဘူး၊ ကျွန်မရှင်းပြတာကို နားထောင်ကြပါ။ ကျွန်မတကယ်ပဲ..."

စကားလုံးများ နှုတ်ခမ်းဝနားရောက်လာသော်လည်း​ သူမ ဘာမှပြန်​မ​ပြောနိုင်​​ပေ။

အစကတော့ သူကျန်းယွင်ယောကျ်ားနဲ့ မတွဲခဲ့ဘူး!

ကျန်းယွင်ယောကျာ်းမှာ သားသမီးမရှိလို့၊ ကျန်းယွင်နဲ့ ကွာရှင်းလောက်မယ်လို့ သူအစောကြီးကတည်းက တွေးခဲ့ဖူးတယ်။

သူဒီလိုတွေးပြီးနောက်နေ့မှာပဲ၊ တစ်ဖက်လူနဲ့ သူ့ချစ်သူကို မတော်တဆ တွေ့လိုက်မိသွားတယ်။

ကျန်းယွင်ယောကျ်ားက အဖော်ခံလိုက်မှာစိုးလို့ သူ့ကို ယွမ်သုံးသန်းပေးပြီး လျို့ဝှက်ခိုင်းခဲ့တယ်လေ။

သူက ပိုက်ဆံကြောင့် မျက်စိကန်းသွားပြီး၊ မမြင်ချင်ယောင်ဆောင်နေပေးခဲ့သလို၊ နောက်ပိုင်း ကျန်းယွင်ယောကျ်ားက သူ့ချစ်သူလေးနဲ့ ကွယ်ရာမှာတွေ့ဖို့ သူ့ကိုပိုက်ဆံပေးပြီး ကူညီခိုင်းခဲ့တယ်။

ဒီလို အဆက်အသွယ်လုပ်ရင်းနဲ့ပဲ နောက်ဆုံးနှစ်ယောက်သား တကယ်တွဲမိသွားခဲ့ကြတယ်။

ဒါပေမယ့် တစ်လလောက်ပဲကြာတာမို့၊ သူတို့တွေ့တဲ့အကြိမ်တွေကိုတောင် လက်ချိုးရေလို့ရတယ်လေ။  သူမ အရမ်းသတိထားခဲ့တာ။ ဘယ်လိုလုပ် ပေါ်သွားရသေးတာလဲ?

ရှီးဝေစကားပြောဖို့ ငြင်းဆန်နေသည်မှာ အခြားသူတွေရဲ့ အမြင်မှာတော့ တကယ်အပြစ်ရှိတဲ့ သက်သေဖြစ်လာသည်။

ရှီရှန်းက စက်ဆုပ်ရွံရှာစွာဖြင့် သူမလက်ကို ခါထုတ်လိုက်သည်။ ယောကျ်ားသိက္ခာကျတာကြောင့် သူအံ့ကြိတ်လိုက်ကာ အော်လိုက်၏။

"ငါနဲ့ ဝေးဝေးနေစမ်း!"

ရှီရှန်းရဲ့ ဒေါသမျက်နှာကို မြင်လိုက်ရသည့်ရှီးခယ့်ယွဲ့ တစ်ယောက်ကတော့ သူ့ကိုယ်သူ ကာကွယ်ရန် သတိနဲ့နေနေရလေသည်။ ရှီးဝေ၏ အသနားခံနေသည့် အကြည့်ကိုမြင်သောအခါ၊ သူ့မျက်လုံးထဲတွင် ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်များပေါ်လာတော့သည်။

သူ့မှာ ဒီလို သုံးစားမရဘဲ အမြင်ကျဉ်းတဲ့အမေမျိုး ရှိနေရတာလဲ?

အရင်က အငယ်အနှောင်းဖြစ်ခဲ့ရုံနဲ့တင် မလုံလောက်သေးလို့၊ အခုထိ မတော်တရော်ကိစ္စတွေဆက်လုပ်နေတာလား? အခုချမ်းသာတဲ့ ဇနီးဖြစ်နေပြီကို ဘာတွေ မတင်းတိမ်ဖြစ်နေသေးတာလဲ?

ယောကျ်ားဖြစ်သူ၏စွန့်ပစ်ခြင်းကို ခံရပြီး၊ သားဖြစ်သူ၏ မသိမသာ သဘောထားကို မြင်လိုက်ရသည့် ရှီးဝေမှာ ရေအေးတစ်ပုံးနှင့် လောင်းချခံလိုက်ရသလိုမျိုး သူမ၏ နှလုံးသားလေးရေခဲဂူထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။

ရှီရှန်း ဆူပူတာက သူ့ဒေါသတွေကို ဖြေဖျောက်ဖို့ လိုလို့ဆိုတာ သူမနားလည်တယ်။

ဒါပေမယ့် ရှီးခယ့်ယွဲ့ကတော့ သူ့သားလေ။ ဒီလိုအချိန်မျိုးမှာ သူ့ဘက်ကနေ ဝင်မပြောဘဲ လူတွေလှောင်တာကို ဘာလို့ လက်ပိုက်ကြည့်နေရတာလဲ? ဒါက သူ့ရဲ့ သားအရင်းလား? အေးတိအေးစက်နဲ့ အရမ်းရက်စက်လွန်းတယ်!

ဒီနှစ်တွေတလျှောက် သူကြိုးစားလာခဲ့တာတွေက ဒီကလေးရဲ့ သူ့ကိုယ်သူချစ်တဲ့စိတ်နေရာမှာ အစားထိုးလို့တောင်မရခဲ့။

ရှီယွင်နန်နဲ့ ဝမ်ရိပေတို့ ဝမ်မင်ပေါ်ချစ်တဲ့ အချစ်တွေနဲ့ ယှဉ်ရင်၊ သားသမီးရထားတဲ့နေရာမှာတော့ ဝမ်မင်က သူ့ထက်ခြေအလှမ်းတစ်ရာသာနေသလိုမျိုး သူ ခံစားလိုက်ရသည်။

သူမ အကြီးအကျယ်နောင်တရနေချိန်၊ ရုတ်တရက် သူမခေါင်းမှာ နာကျင်သွားတော့လေသည်။

"အားးး!"

ကျန်းယွင်မှာ တွေးလေတွေးလေ ပိုဒေါသထွက်လာလေလေဖြစ်နေ၏။ သူမက လူတိုင်းရှေ့မှာပင် ဆံပင်ဆွဲနေတဲ့လက်ကို မရပ်တန့်နိုင်ချေ။ "ငါပြန်တာနဲ့ အဲ့အကောင်ကော ကောင်မနဲ့ကော စာရင်းရှင်းပစ်မယ်။ ဒါမယ့် နင်နဲ့ အရင်ရှင်းအုံးမယ်!"

"ရှီးဝေ! နင်က အရှက်မရှိတဲ့ မိန်းမ။ တခြားသူတွေမသိပေမယ့် ငါမသိဘဲနေပါ့မလား?"

"ရှီရှန်းနဲ့ လမ်းခွဲပြီးကတည်းက နင် ယောကျ်ားဘယ်နှစ်ယောက်နဲ့ အိပ်ခဲ့လဲ?"

"ရှီရှန်း နင့်ကို ပြန်လာရှာတော့မှ ဖြူစင်ချင်ယောင်ဆောင်ပြီး ဘာဂုဏ်မှ မမက်ပါဘူးလေးဘာညာနဲ့ နားလည်ပေးချင်ယောင်ဆောင်ပြီး ဝမ်မင်ကိုကြ ရန်စခဲ့တယ်လေ!"

"ဝမ်မင် အဲ့နှစ် နှလုံးဖောက်ပြီး မသေခင် ရှီရှန်းဆီ ဖုန်းဆက်ခဲ့တယ်။ဒါမယ့် နင်တို့ တိရစ္ဆာန်နှစ်ကောင်က ကွယ်ရာမှာ ဖောက်ပြန်နေရလို့မအားမလပ်ဖြစ်နေတော့ နင်က သူ့ဖုန်းကိုချပစ်ခဲ့တယ်လေ! ဖွီ!"

ထိုစကားတွေကြားပြီးနောက်၊ လူအုပ်ကြီးမှာ ထိတ်လန့်အံ့ဩသွားသည့် မျက်နှာမျိုး ဖြစ်သွားကြသည်။

အိုးမိုင်ဂေါ့! ခွေးခွေးချင်းကိုက်ပြီး အတိတ်ကိစ္စတွေကို ဖော်နေကြတာလား?

မစ္စဝမ်မင် နေမကောင်းတာမှန်ပေမယ့်၊ ရှီးဝေရဲ့လုပ်ရပ်က သွယ်ဝိုက်နည်းနဲ့ လူသတ်တာပဲမလား?

ရှီးဝေတစ်ယောက် မနားတမ်းဆံပင်ဆောင့်ဆွဲခံနေရတာကြောင့်၊ နာကျင်လာကာ မအော်ဘဲမနေနိုင်တော့။  "မဟုတ်ဘူး!ငါမလုပ်ခဲ့ဘူး! နင်တို့မနာလိုလို့  ငါ့အပေါ် အမှိုက်တွေ လာသွန်နေကြတာပဲ!"

ဝမ်ရိပေက တစ်ခါမှ မမြင်ဖူးသည့် ရွံ့မုန်းအကြည့်ဖြင့် ရှီးဝေကို စိုက်ကြည့်ကာ  "ရှီးဝေ! ခင်ဗျားလုပ်ခဲ့တာတွေကို ခင်ဗျားစိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိမှာပေါ့"

ရှီယွင်နန်ကတော့ ဘာစကားမှမပြော။ မျက်လွှာချထားသည့် သူ့မျက်လုံးများမှာ မျက်ရည်ဝဲနေသည်။

ဝမ်ရိပေပြောခဲ့လို့ သူအမှန်တရားကိုသိထားခဲ့ပေမယ့်၊ ကျန်းယွင်နဲ့ ရှီးဝေကိုယ်တိုင် ဝန်ခံတာကို ကြားလိုက်ရတဲ့အချိန်၊ သူ့အမေအတွက် အဆထောင်ပေါင်းများစွာလောက် စိတ်မကောင်းဖြစ်နေမိသည်။

ဒီလို လှပကြင်နာတဲ့လူတစ်ယောက်က ဘယ်လိုလုပ် ဒီခွေးအတွဲဖျက်စီးတာခံလိုက်ရတာလဲ?

တစ်ဖက်လူက သူမဝေဒနာကိုနင်းချေပြီး၊ စိတ်အေးချမ်းသာသာနဲ့ သူမပိုင်ဆိုင်သင့်တဲ့နေရာမှာ ထိုင်ပြီး ခိုးထားတဲ့ အရာတွေနဲ့ ပျော်ပျော်ကြီးဖြတ်သန်းနေတာတဲ့လား?

ဘာလို့လဲ?!

လော့လင်းရှန်းကတော့ ဒီညစ်ညစ်ညမ်းညမ်းကိစ္စတွေကို နည်းနည်းလေးတာင် စိတ်ဝင်စားမနေပေ။ သူ့အာရုံက ရှီယွင်နန်ပေါ်မှာသာ တစိုက်မတ်မတ်ရှိနေပြီး၊ သူချစ်သူ စိတ်မကောင်းဖြစ်နေသည်ကို တွေ့လိုက်သည့်အခါ ပိုနီးသွားအောင် သူကဝီးချဲလ်ကို ထိန်းကိုင်လိုက်သည်။

လူအုပ်ကြီး ဂရုစိုက်စိုက်မစိုက်စိုက် ၊ လော့လင်းရှန်းက ရှီယွင်နန်ရဲ့လက်လေးကို အရင်ဆုပ်ကိုင်ပေးလိုက်၏။ သူ့လက်ချောင်းလေးတွေကဖွဖွလေးပုတ်ပေးနေပြီး၊ တိတ်တိတ်လေး နှစ်သိမ့်ပေးနေသည်။

ရှီယွင်နန်၏ အကြည့်ကသူတို့နှစ်ယောက်၏ လက် ပေါ်သို့ ရောက်လာပြီး၊ ထိုအခိုက်အတန့်လေးတွင်အုံ့မှိုင်းနေသည့် သူ့စိတ်မှာ အနည်းငယ်သက်သာသွားတော့သည်။

သူက လေကို အသိမသာရှူထုတ်လိုက်ပြီး၊ ဒရာမာကို အေးစက်စက် ဆက်လက်ကြည့်နေရင်း၊ သူလက်ချောင်းလေးနဲ့ သူ့ချစ်သူရဲ့ လက်ချောင်းလေးတွေကို ယှက်ထားလိုက်လေသည်။

လူအိုကြီးမှာတော့ ဒီလို လျှို့ဝှက်ချက်ရှိနေသည်ကို မသိခဲ့သလို၊ လူရှေ့သူရှေ့မှာပင် အဖော်ခံလိုက်ရ၏။

ဧည့်သည်တွေကို ပြန်ခိုင်းလို့မရတော့သလို၊ အခုတော့သူတို့မသားစု မျက်နှာပျက်ရပြီး ဒီတိုင်း ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။

လူအိုကြီးရှီမှာ သူ့သားအပေါ် ဒေါသအားလုံး ပုံချလိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့။

"ရှီရှန်း! ဒါမင်းရှာပေးလာတဲ့ ချွေးမကောင်းလေးပဲ!"

ရှီရှန်းမှာ ဒေါသထွက်နေရင်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရကာ၊ သူ့အဖေကို မျက်နှာချင်းမဆိုင်ရဲတော့။

သူ အပြစ်ရှိစိတ်ဝင်လာရခြင်းမှာဝမ်မင်နှလုံးဖောက်သည့်အချိန် သူနဲ့ ရှီးဝေ အမှန်တကယ်ပင် မတော်တရော် လုပ်နေတာကြောင့်ဖြစ်၏။

သူရှော့အရသွားဆုံးကတော့ ရှီးဝေက သူ့ကိုမပြောဘဲ ဖုန်းချလိုက်တာကိုပဲ!

ဒီမြွေစိတ်နဲ့ မိန်းမ!

အခု သူ့ကို စိုက်ကြည့်နေကြတဲ့ မျက်လုံးတွေက အများကြီး။ သူ အခုဘာတစ်ခုမှမလုပ်လိုက်ရင်၊ နောက်ချမ်းသာတဲ့ အသိုင်းအဝိုင်းက သူ့ကိုလှောင်ရယ်ကြလိမ့်မယ်!

သူတို့အခုပဲ ကွာရှင်းရမယ်!

ရှီရှန်းရဲ့ နှလုံးခုန်သံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူကအော်လိုက်သည်။  "ရှီးဝေ! အရက်စက်ဆုံးက မိန်းမတွေ့ရဲ့ နှလုံးသားတဲ့! ဒီနေ့ မင်းရဲ့မျက်နှာအစစ်ကို ငါတွေ့လိုက်ရပြီ။ မနက်ဖြန် ငါတို့ ကွာရှင်းမယ်!"

သူစကားပြောပြီး သိပ်မကြာခင်မှာပဲ လူအုပ်ထဲကနေ ကျယ်ကျယ်လောင်လောင် သရော်လာသည့် အသံထွက်လာသည်။

"ကွာရှင်းမယ်? ရှီရှန်း ရှင်က ကွာရှင်းဖို့ ပြောလာရဲသေးတယ်ပေါ့"

"ကျွန်မအမြင်မှာတော့ ရှင်လိုလူယုတ်မာနဲ့ ဒီမိန်းမပျက်က လိုက်လွန်းပါတယ်! တခြားမိသားစုနဲ့ အပြစ်မဲ့တဲ့ လူတွေကို ဒုက္ခလိုက်မပေးချင်စမ်းပါနဲ့ရှင်!"




Zawgyi


ဧည့္သည္မ်ားမွာ အခ်င္းခ်င္းမ်က္ရိပ္မ်က္ေျချပရင္း ေနာက္ဆက္တြဲ ပြဲေတြကို ေစာင့္ေမွ်ာ္ေနၾကသည္။

လူအိုႀကီးရွီက ရွီးခယ့္ယြဲ႕ကို မ်က္ႏွာသာေပးၿပီး ရွီယြင္နန္ကို သေဘာမက်ရင္ေတာင္ သူဘာမွ ေျပာလိုက္လို႔မရဘူးေလ! အဲ့လိုလုပ္လိုက္ရင္ ေလာ့မိသားစုဆီက အေထာက္အပံ့ရမယ့္ အခြင့္အေရးကို ရွင္းပစ္လိုက္သလိုႀကီး ျဖစ္မသြားဘူးလား?

"ေခါင္းေဆာင္ေလာ့၊ အမွန္တရားေတြ ရွိေနေသးတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ? " ဧည့္သည္အုပ္စုထဲမွ လူတစ္ေယာက္က အတင္းအဖ်င္းအနံ႔အသက္ကိုရလိုက္တာေၾကာင့္ ေမးလာသည္။

ေလာ့လင္းရွန္းက ရွီယြင္နန္တာဝန္ကို မလုယူခ်င္တာေၾကာင့္၊ သူက အၾကည့္နဲ႔ပဲ ရွီယြင္နန္ကို မ်က္ရိပ္မ်က္ေျချပလိုက္ေတာ့

ရွီယြင္နန္က ၿပဳံးလိုက္တာ "လူတိုင္းၾကားတယ္ေနာ္။   အခုပဲ၊ လူအိုႀကီးရွီက ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္အစ္ကိုကို အေမြျပတ္စြန္႔လႊတ္မယ္လို႔ေျပာခဲ့တယ္။ ေနာက္ ရွီမိသားစုက ေသေသရွင္ရွင္၊ ခ်မ္းသာသာ အရွက္ကြဲကြဲ ကြၽန္ေတာ္တို႔နဲ႔ ဘာမွမဆိုင္ေတာ့ဘူး။"

ဒါက လူအိုႀကီးရွီရဲ႕ ေျဖရွင္းပုံကို ျပန္တုံ႔ျပန္လိုက္တာေပါ့?

ဒီညီအစ္ကိုႏွစ္ေယာက္က ရွီမိသားစုဥစၥာေတြကို လုံးဝဂ႐ုေတာင္ မစိုက္ဘူးေလ!

"....."

ရွီးခယ့္ယြဲ႕တစ္ေယာက္ ေလာ့လင္းရွန္းအေနထားကိုျမင္ေတာ့ သူ႔ႏွလုံးခုန္သံျမန္လာ၏။ အေျခအေန မေကာင္းေတာ့ဘူးလို႔ သူ႔စိတ္ထဲမွာ ခံစားေနမိသည္။

လူအိုႀကီးရွီသာ သူတို႔ႏွစ္ေယာက္ကို ႏွင္ထုတ္ၿပီးသြားရင္၊ သူေအာင္ပြဲအႀကီးႀကီး ရႏိုင္ေတာ့မယ္လို႔ ထင္မိေပမယ့္၊ အခုေတာ့ ရွီယြင္နန္က သူ႔(ရွီးခယ့္ယြဲ႕)ရဲ႕ ေနာက္ဆုံးလႈပ္ရွားမႈအၿပီးမွ သူ႔ဘက္ကေန စလႈပ္ရွားလာတဲ့ အေနအထားမ်ိဳး အာ႐ုံရေနမိသည္။

ေနာက္တစ္စကၠန႔္မွာပဲ ရွီယြင္နန္က ေျပာလာသည္။ "ခ်င္က်န္း ပ႐ိုဂ်က္တာနဲ႔ ခ်ိတ္လိုက္ပါ။"

အခ်ိန္အေတာ္ၾကာ ျပင္ဆင္လာခဲ့သည့္ ခ်င္က်န္းက ယြမ္မုန္ကို လက္ဟန္ျပလိုက္ၿပီး၊ပ႐ိုဂ်က္တာေဘးရွိ ကြန္ျပဴတာ စားပြဲဆီသို႔ အျမန္သြားလိုက္သည္။

ရွီးေဝက အေျခအေနအရိပ္အကဲကို ၾကည့္ေနရင္း  လူအိုႀကီးရွီ နဲ႔ သူေယာက်္ား မတားတာကို ေတြ႕ေတာ့ သူမက ေရွ႕သို႔ ေျခတစ္လွမ္းတိုးကာ

"ေနအုံး၊ မင္းက အျပင္လူေလ..."

သူမ ခ်င္က်န္းကို မတားႏိုင္လိုက္ခင္ ယြမ္မုန္က အလိုအေလ်ာက္သေဘာေပါက္သြားၿပီး ေရွ႕သို႔ လွမ္းကာ သူမလက္ကို ေနာက္ေက်ာမွာ လိမ္ပလိုက္သည္။

ယြမ္မုန္က စစ္မႈထမ္းဖူးတာေၾကာင့္ သူ႔ခြန္အားမွာ အားနည္းမေနေပ။

ရွီးေဝကေတာ့ ဖူးဖူးမႈန္ခံထားရသည့္ လူခ်မ္းသာ အမ်ိဳးသမီးျဖစ္တာေၾကာင့္၊ ဒီလို အၾကမ္းပတမ္းခြန္အားကို ခံႏိုင္ရည္မရွိေပ။ သူမရဲ႕ လက္ေမာင္းမွာ ခ်က္ခ်င္း နီရဲသြားၿပီး နာလြန္းတာေၾကာင့္ မ်က္ရည္မ်ားပင္ ဝဲလာေတာ့သည္။

က်န္းယြင္က သူမကိုကူညီဖို႔ အျမန္ေျပးလာၿပီး ယြမ္မုန္ကို ေမးလာသည္။ "ရွင္ကဘယ္သူလဲ? အားႏြဲ႕တဲ့ မိန္းမသားကို ဘာလုပ္တာလဲ?"

"အားႏြဲ႕တဲ့ မိန္းမသား?"  ရွီယြင္နန္က စိတ္ဝင္စားစရာ စကားလုံးေလးၾကားသလို ျပန္ေမးခြန္းထုတ္လိုက္သည္။

သူက ယြမ္မုန္ကို ေနာက္ဆုတ္ရန္ မ်က္ရိပ္မ်က္ေျချပလိုက္ၿပီး ေရွ႕သို႔ ႏွစ္လွမ္းတိုးကာ အလြန္ခ်စ္ေနၾကသည့္ ညီအစ္မေတြကို ၾကည့္လိုက္သည္။ "က်န္းယြင္၊ ခင္ဗ်ားကိုယ္တိုင္ကလည္း အငယ္အေႏွာင္းျဖစ္လို႔ ရွီးေဝနဲ႔ အခုလိုအၾကာႀကီး ေပါင္းႏိုင္တာမလား?"

ဆူးခြၽန္ကဲ့သို႔ စကားလုံးမ်ားမွာ မိန္းမႏွစ္ေယာက္ကို ပါး႐ိုက္ေနသလိုမ်ိဳးျဖစ္ေန၏။

သူမကိုပါ မီးစြဲေအာင္လုပ္မယ္မထင္ထားတာေၾကာင့္ က်န္းယြင္ မ်က္ႏွာ နီရဲသြားေတာ့သည္။ "ရွီယြင္နန္၊ မင္းက ငယ္ပါေသးတယ္။ ဘာလို႔မင္းပါးစပ္က အေျခအျမစ္မရွိတဲ့ သြားပုပ္ေလလြင့္စကားေတြနဲ႔ပဲ ျပည့္ေနရတာလဲ?"

"ဟုတ္လား? အျပင္လူတစ္ေယာက္အေနနဲ႔ မစၥက်န္းယြင္က ရွီမိသားစုအတြင္းေရးေတြ အရမ္းသိေနတာပဲေနာ္။"

ရွီယြင္နန္ မ်က္ခုံးပင့္လိုက္၏။ သူ႔စကားေတြမွာ အျခားအဓိပၸာယ္တစ္ခုပါေနသည္၊ "ခင္ဗ်ားအခ်စ္ဆုံးသူငယ္ခ်င္း ရွီးေဝကေကာ ခင္ဗ်ားမိသားစု အတြင္းေရးေတြသိေနမလားဆိုတာ ကြၽန္ေတာ္သိခ်င္မိတယ္။"

ဖ်ပ္—

ပ႐ိုဂ်က္တာ စခရင္ ပြင္လာသည္။

ခ်င္က်န္းက အျမန္ျပန္ေလွ်ာက္လာၿပီး ပ႐ိုဂ်က္တာႏွင့္ခ်ိတ္ထားသည့္ တက္ဘလက္ကို ရွီယြင္နန္ဆီ ေပးလာ၏။

ရွီယြင္နန္ ပတ္ပတ္လည္ကို ၾကည့္လိုက္ၿပီး အၾကာႀကီး ေမွ်ာ္လင့္ေစာင့္စားေနရသည့္ ဂိမ္းကို စတင္လိုက္သည္၊ "က်ားသစ္တစ္ေကာင္က သူေနထိုင္ရာကိုမေျပာင္းႏိုင္သလို၊ လူ႔စ႐ိုက္ကလည္း ျပဳျပင္ဖို႔ ခက္ခဲတယ္ဆိုတဲ့ စကားကို ၾကားဖူးၾကလား? အားလုံး ဒီမွာ စိတ္အပန္းေျဖလို႔ရေအာင္ ကြၽန္ေတာ္ဓာတ္ပုံတခ်ိဳ႕ျပေပးမယ္။"

သူေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ စင္ေပၚရွိ စခရင္တြင္ ဓာတ္ပုံတခ်ိဳ႕ေပၚလာသည္။

ေသခ်ာေပါက္၊ ထိုပုံမ်ားမွာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး၏ ရင္းရင္းႏွီးႏွီး ထိေတြ႕ေနသည့္ ပုံမ်ားပင္။

ဓာတ္ပုံမ်ား ျပလာသည္ႏွင့္တၿပိဳင္နက္ လူအုပ္ႀကီးထဲကေန အာေမဋိတ္အသံမ်ားထြက္လာၾက၏။

လူအိုႀကီးရွီ ႏွင့္ ရွီးခယ့္ယြဲ႕ ၏ မ်က္ႏွာမွာ ေတာင့္ေတာင့္ႀကီး ျဖစ္သြားၿပီး၊ တည္ၿငိမ္ေနသည့္ ရွီရွန္းေတာင္ ေဒါသထြက္သြားေတာ့သည္။

ဓာတ္ပုံထဲက အမ်ိဳးသမီးမွာ တျခားသူမဟုတ္၊ ရွီးေဝပင္။

"....."

ရွီးေဝရဲ႕ တစ္ကိုယ္လုံးမွာ မႏၲန္ကပ္ထားသလိုမ်ိဳး ေက်ာက္႐ုပ္ျဖစ္ေန၏။ ေၾကာ့ရွင္းေနသည့္ မိတ္ကပ္ေတာင္ သူမမ်က္ႏွာေပၚရွိ အထိတ္တလန္႔ကို ဖုံးထားႏိုင္မည္ မဟုတ္ေခ်။

သူမ တံေတြးမ်ိဳခ်လိုက္ကာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျငင္းဆန္ စကားေျပာရန္ ႀကိဳးစားေနရသည္။ "မဟုတ္ပါဘူး၊ ဒါက photoshopပဲ ျဖစ္ရမယ္!"

ရွီယြင္နန္က ေလွာင္ၿပဳံးၿပဳံးလိုက္ကာ ရွီးေဝျငင္းဆိုခ်က္ကို လ်စ္လ်ဴရွဴလိုက္သည္။ "ဒီပုံထဲကေယာက်္ားက ဘယ္သူလဲဆိုတာ မသိခ်င္ၾကဘူးလား?"

ရွီရွန္းတစ္ေယာက္ ဓာတ္ပုံမ်ားကို ေသေသခ်ာခ်ာစိုက္ၾကည့္ၿပီးေနာက္၊ ထိုလူကိုမွတ္မိသြားကာ သူ႔မ်က္​ႏွာမွာ ခ်က္ခ်င္းႀကီး ျဖဴဖပ္ျဖဴေရာ္ျဖစ္သြား၏။

သူ႔စိတ္ ျပန္မတည္ၿငိမ္ေသးခင္မွာပဲ "ညီမေကာင္း" ျဖစ္ခဲ့သည့္ က်န္းယြင္တစ္ေယာက္ လူတိုင္ေရွ႕မွာပဲ ရွီးေဝပါးကို ျပင္းျပင္းထန္ထန္႐ိုက္ခ်လိုက္သည္။

"ရွီးေဝ နင္က ေစာက္ရွက္မရွိတဲ့ ေကာင္မပဲ!"

"ငါကေတာ့ နင့္ကို ညီမေကာင္းတစ္ေယာက္လိုသေဘာထားတာ! ငါက ဘယ္ေနရာေရာက္ေရာက္ နင့္ဘက္က ရွိေနေပးခဲ့တာ! ဒါ​ေပမယ့္​ နင္ကေတာ့ ငါ့ကို ဒီလို ျပန္ဆက္ဆံတယ္ေပါ့?!"

ဒီစကားေတြထြက္လာမွေတာ့ လူအုပ္ႀကီးမွာ နားမလည္ဘဲ ေနၾကပါ့မလား? တစ္ေယာက္ၿပီး တစ္ေယာက္ ေဝဖန္ကဲ့ရဲ႕စကားေတြ ေျပာလာၾကေတာ့သည္။

မင္းက အိမ္ေထာင္က်ၿပီးတာေတာင္၊ အခ်စ္ဆုံးသူငယ္ခ်င္းရဲဲ့ ေယာက်္ားနဲ႔ ေဖာက္ျပန္ၿပီး အငယ္အေႏွာင္းျဖစ္ခ်င္ေနေသးတာလား?

ဒီလူေတြက အသက္ 40၊ 50ရွိေနၿပီေလ! ဘယ္လိုေတာင္ အေပ်ာ္အပါးမက္ၿပီး အရွက္မရွိၾကတာလဲ!

က်န္းယြင္တစ္ေယာက္ သူမေဒါသကိုေျဖေဖ်ာက္ဖို႔ မလုံေလာက္မွန္း ခံစားမိကာ ရွီးေဝအား ထပ္ပါး႐ိုက္လိုက္ျပန္သည္။

အခုတႀကိမ္မွာေတာ့ ရွီးေဝကို ဘယ္သူမွကူညီမလာၾကေပ။ ေဒါက္ျမင့္ဖိနပ္စီးထားတာေၾကာင့္ ေျခက်င္းဝတ္လည္သြားကာ ၾကမ္းျပင္ေပၚသို႔ လဲက်သြားေတာ့သည္။

သူမရဲ႕ ေျခက်င္းဝတ္ေလး နာက်င္သြားၿပီး၊ ႏွလုံးခုန္ႏႈန္းပိုပိုျမန္လာတာေၾကာင့္၊ နဖူးတြင္ ေခြၽးေစးမ်ားျပန္ေနသည္။

ရွီးခယ့္ယြဲ႕ မ်က္လုံးတြင္ စက္ဆုပ္သည့္အရိပ္အေယာင္မ်ား ေပၚလာေသာ္လည္း၊ အေမနဲ႔ သားဆက္ဆံေရးေၾကာင့္ သူကကူညီရန္ ျပင္လိုက္ခ်ိန္ ရွီယြင္နန္ ေျပာတာကို ၾကားလိုက္ရသည္။  "က်န္းယြင္ ခင္ဗ်ား သူငယ္ခ်င္းက ခင္ဗ်ားကို ဒီထက္အမ်ားႀကီး ပိုကူညီေပးထားေသးတယ္။"

"ခင္ဗ်ားေယာက်္ားက သားသမီးမရသလို၊ ခင္ဗ်ားကိုလည္း ၿငီးေငြ႕ေနမွန္းသူသိလို႔ လိမၼာၿပီးငယ္တဲ့ ခ်စ္သူေလးတစ္ေယာက္ေတာင္ သူ႔အတြက္ရွာထားေပးေသးတယ္။ သူခင္ဗ်ားနဲ႔ လက္ဖက္ရည္ေလးေသာက္ၿပီး ေရွာ့ပင္းထြက္တဲ့ေန႔တိုင္းက ခင္ဗ်ားေယာက်ာ္းနဲ႔ သူ႔အခ်စ္ကေလး ဆုံတဲ့ေန႔ပဲ။"

စခရင္ေပၚတြင္ ေနာက္ထပ္ပုံတစ္ပုံေပၚလာ၏။ ပုံထဲတြင္ လူတစ္ေယာက္မွာ က်န္းယြင္၏ခင္ပြန္းျဖစ္ၿပီး၊ ေနာက္တစ္ေယာက္မွာ ျပစ္မ်ိဳးမွဲ႔မထင္ေအာင္လွသည့္အမ်ိဳးသမီးတစ္ေယာက္ပါေနသည္။

အဓိက အေရးႀကီးဆုံးမွာ သူမ၏ဝမ္းဗိုက္ေဖာင္းေနတာပင္။

"ဒါနဲ႔ အဲ့အမ်ိဳးသမီးမွာ ကိုယ္ဝန္ရွိေနၿပီ"

"လြန္ခဲ့တဲ့ႏွစ္လေလာက္ကစၿပီး၊ ရွီးေဝက ခင္ဗ်ားေယာက်ာ္းနဲ႔ တြဲဖို႔ မျငင္းဆန္ခဲ့ဘူး။ ဒီပုံေတြက သိပ္မၾကာေသးဘူး။ သူတို႔ရဲ႕ တကယ့္အစစ္မွန္ဆက္ဆံေရးကို သိခ်င္ရင္ ကြၽန္ေတာ္ မူရင္းပုံေတြ အလကားပို႔ေပးလို႔ရတယ္ေနာ္။"

ရွီယြင္နန္က ၾကင္နာတတ္တဲ့လူလိုမ်ိဳး သူ႔ပုခုံးေလးကို တြန္႔ျပလာသည္။

သူက ရွီးခယ့္ယြဲ႕ကို ၾကည့္လိုက္ၿပီး ႐ုတ္တရက္ သူ႔ဘက္သို႔လွည့္ကာ တိုက္ခိုက္လိုက္သည္။ "ဘယ္လိုလဲ? မင္းအေမသာ အသက္နည္းနည္းငယ္ရင္ မင္းအတြက္ ေမာင္ႏွမေတြ ထပ္ေမြးေပးႏိုင္ေလာက္မွာေနာ္။"

"....."

ရွီးခယ့္ယြဲ႕မွာ ႏွစ္စကၠန္႔ေလာက္ ၿငိမ္သက္သြား၏။

သူက မယုံႏိုင္ေအာင္ နာက်င္ေနသည့္ မ်က္ႏွာအမူအရာမ်ိဳး အျမန္ျပလိုက္ၿပီး ပညာသားပါပါ သူ႔ကိုယ္သူ ဒီကိစၥေတြထဲကေန အျမန္ ဖယ္ရွားလိုက္သည္။

"မား၊ အမွန္ပဲလား? ဒီလိုေတြလုပ္ၿပီး အေဖရဲ႕ယုံၾကည္မႈေအာက္မွာ ေနႏိုင္ေနတယ္တဲ့လား?"

ရွီးေဝက သူ႔ပတ္ပတ္လည္ရွိ မထီမဲ့ျမင္ အၾကည့္မ်ားကို ေမာ့ၾကည့္လိုက္ၿပီး မႀကဳံစဖူးအရွက္ကြဲသလို ခံစားေနရသည္၊ သူမႏွလုံးသားထဲရွိ ထိတ္လန္႔ေနသည့္စိတ္မွာ သူမတစ္ကိုယ္လုံးအႏွံ႔ ပ်ံ႕ႏွံ႔သြားေလသည္။

ေျခက်င္းဝတ္က နီရဲေနၿပီး မတ္တပ္မရပ္ႏိုင္ေလာက္ေအာင္ နာက်င္ေနတာေၾကာင့္၊ သူမက ေယာက်ာ္းနဲ႔ သားဆီသို႔ တြားသြားေနရသည္။ 

"မဟုတ္ပါဘူး၊ ကြၽန္မရွင္းျပတာကို နားေထာင္ၾကပါ။ ကြၽန္မတကယ္ပဲ..."

စကားလုံးမ်ား ႏႈတ္ခမ္းဝနားေရာက္လာေသာ္လည္း​ သူမ ဘာမွျပန္​မ​ေျပာႏိုင္​​ေပ။

အစကေတာ့ သူက်န္းယြင္ေယာက်္ားနဲ႔ မတြဲခဲ့ဘူး!

က်န္းယြင္ေယာက်ာ္းမွာ သားသမီးမရွိလို႔၊ က်န္းယြင္နဲ႔ ကြာရွင္းေလာက္မယ္လို႔ သူအေစာႀကီးကတည္းက ေတြးခဲ့ဖူးတယ္။

သူဒီလိုေတြးၿပီးေနာက္ေန႔မွာပဲ၊ တစ္ဖက္လူနဲ႔ သူ႔ခ်စ္သူကို မေတာ္တဆ ေတြ႕လိုက္မိသြားတယ္။

က်န္းယြင္ေယာက်္ားက အေဖာ္ခံလိုက္မွာစိုးလို႔ သူ႔ကို ယြမ္သုံးသန္းေပးၿပီး လ်ိဳ႕ဝွက္ခိုင္းခဲ့တယ္ေလ။

သူက ပိုက္ဆံေၾကာင့္ မ်က္စိကန္းသြားၿပီး၊ မျမင္ခ်င္ေယာင္ေဆာင္ေနေပးခဲ့သလို၊ ေနာက္ပိုင္း က်န္းယြင္ေယာက်္ားက သူ႔ခ်စ္သူေလးနဲ႔ ကြယ္ရာမွာေတြ႕ဖို႔ သူ႔ကိုပိုက္ဆံေပးၿပီး ကူညီခိုင္းခဲ့တယ္။

ဒီလို အဆက္အသြယ္လုပ္ရင္းနဲ႔ပဲ ေနာက္ဆုံးႏွစ္ေယာက္သား တကယ္တြဲမိသြားခဲ့ၾကတယ္။

ဒါေပမယ့္ တစ္လေလာက္ပဲၾကာတာမို႔၊ သူတို႔ေတြ႕တဲ့အႀကိမ္ေတြကိုေတာင္ လက္ခ်ိဳးေရလို႔ရတယ္ေလ။  သူမ အရမ္းသတိထားခဲ့တာ။ ဘယ္လိုလုပ္ ေပၚသြားရေသးတာလဲ?

ရွီးေဝစကားေျပာဖို႔ ျငင္းဆန္ေနသည္မွာ အျခားသူေတြရဲ႕ အျမင္မွာေတာ့ တကယ္အျပစ္ရွိတဲ့ သက္ေသျဖစ္လာသည္။

ရွီရွန္းက စက္ဆုပ္႐ြံရွာစြာျဖင့္ သူမလက္ကို ခါထုတ္လိုက္သည္။ ေယာက်္ားသိကၡာက်တာေၾကာင့္ သူအံ့ႀကိတ္လိုက္ကာ ေအာ္လိုက္၏။

"ငါနဲ႔ ေဝးေဝးေနစမ္း!"

ရွီရွန္းရဲ႕ ေဒါသမ်က္ႏွာကို ျမင္လိုက္ရသည့္ရွီးခယ့္ယြဲ႕ တစ္ေယာက္ကေတာ့ သူ႔ကိုယ္သူ ကာကြယ္ရန္ သတိနဲ႔ေနေနရေလသည္။ ရွီးေဝ၏ အသနားခံေနသည့္ အၾကည့္ကိုျမင္ေသာအခါ၊ သူ႔မ်က္လုံးထဲတြင္ ႐ြံရွာစက္ဆုပ္သည့္ အရိပ္အေယာင္မ်ားေပၚလာေတာ့သည္။

သူ႔မွာ ဒီလို သုံးစားမရဘဲ အျမင္က်ဥ္းတဲ့အေမမ်ိဳး ရွိေနရတာလဲ?

အရင္က အငယ္အေႏွာင္းျဖစ္ခဲ့႐ုံနဲ႔တင္ မလုံေလာက္ေသးလို႔၊ အခုထိ မေတာ္တေရာ္ကိစၥေတြဆက္လုပ္ေနတာလား? အခုခ်မ္းသာတဲ့ ဇနီးျဖစ္ေနၿပီကို ဘာေတြ မတင္းတိမ္ျဖစ္ေနေသးတာလဲ?

ေယာက်္ားျဖစ္သူ၏စြန႔္ပစ္ျခင္းကို ခံရၿပီး၊ သားျဖစ္သူ၏ မသိမသာ သေဘာထားကို ျမင္လိုက္ရသည့္ ရွီးေဝမွာ ေရေအးတစ္ပုံးႏွင့္ ေလာင္းခ်ခံလိုက္ရသလိုမ်ိဳး သူမ၏ ႏွလုံးသားေလးေရခဲဂူထဲသို႔ က်သြားသလို ခံစားလိုက္ရသည္။

ရွီရွန္း ဆူပူတာက သူ႔ေဒါသေတြကို ေျဖေဖ်ာက္ဖို႔ လိုလို႔ဆိုတာ သူမနားလည္တယ္။

ဒါေပမယ့္ ရွီးခယ့္ယြဲ႕ကေတာ့ သူ႔သားေလ။ ဒီလိုအခ်ိန္မ်ိဳးမွာ သူ႔ဘက္ကေန ဝင္မေျပာဘဲ လူေတြေလွာင္တာကို ဘာလို႔ လက္ပိုက္ၾကည့္ေနရတာလဲ? ဒါက သူ႔ရဲ႕ သားအရင္းလား? ေအးတိေအးစက္နဲ႔ အရမ္းရက္စက္လြန္းတယ္!

ဒီႏွစ္ေတြတေလွ်ာက္ သူႀကိဳးစားလာခဲ့တာေတြက ဒီကေလးရဲ႕ သူ႔ကိုယ္သူခ်စ္တဲ့စိတ္ေနရာမွာ အစားထိုးလို႔ေတာင္မရခဲ့။

ရွီယြင္နန္နဲ႔ ဝမ္ရိေပတို႔ ဝမ္မင္ေပၚခ်စ္တဲ့ အခ်စ္ေတြနဲ႔ ယွဥ္ရင္၊ သားသမီးရထားတဲ့ေနရာမွာေတာ့ ဝမ္မင္က သူ႔ထက္ေျခအလွမ္းတစ္ရာသာေနသလိုမ်ိဳး သူ ခံစားလိုက္ရသည္။

သူမ အႀကီးအက်ယ္ေနာင္တရေနခ်ိန္၊ ႐ုတ္တရက္ သူမေခါင္းမွာ နာက်င္သြားေတာ့ေလသည္။

"အားးး!"

က်န္းယြင္မွာ ေတြးေလေတြးေလ ပိုေဒါသထြက္လာေလေလျဖစ္ေန၏။ သူမက လူတိုင္းေရွ႕မွာပင္ ဆံပင္ဆြဲေနတဲ့လက္ကို မရပ္တန္႔ႏိုင္ေခ်။ "ငါျပန္တာနဲ႔ အဲ့အေကာင္ေကာ ေကာင္မနဲ႔ေကာ စာရင္းရွင္းပစ္မယ္။ ဒါမယ့္ နင္နဲ႔ အရင္ရွင္းအုံးမယ္!"

"ရွီးေဝ! နင္က အရွက္မရွိတဲ့ မိန္းမ။ တျခားသူေတြမသိေပမယ့္ ငါမသိဘဲေနပါ့မလား?"

"ရွီရွန္းနဲ႔ လမ္းခြဲၿပီးကတည္းက နင္ ေယာက်္ားဘယ္ႏွစ္ေယာက္နဲ႔ အိပ္ခဲ့လဲ?"

"ရွီရွန္း နင့္ကို ျပန္လာရွာေတာ့မွ ျဖဴစင္ခ်င္ေယာင္ေဆာင္ၿပီး ဘာဂုဏ္မွ မမက္ပါဘူးေလးဘာညာနဲ႔ နားလည္ေပးခ်င္ေယာင္ေဆာင္ၿပီး ဝမ္မင္ကိုၾက ရန္စခဲ့တယ္ေလ!"

"ဝမ္မင္ အဲ့ႏွစ္ ႏွလုံးေဖာက္ၿပီး မေသခင္ ရွီရွန္းဆီ ဖုန္းဆက္ခဲ့တယ္။ဒါမယ့္ နင္တို႔ တိရစာၦန္ႏွစ္ေကာင္က ကြယ္ရာမွာ ေဖာက္ျပန္ေနရလို႔မအားမလပ္ျဖစ္ေနေတာ့ နင္က သူ႔ဖုန္းကိုခ်ပစ္ခဲ့တယ္ေလ! ဖြီ!"

ထိုစကားေတြၾကားၿပီးေနာက္၊ လူအုပ္ႀကီးမွာ ထိတ္လန္႔အံ့ဩသြားသည့္ မ်က္ႏွာမ်ိဳး ျဖစ္သြားၾကသည္။

အိုးမိုင္ေဂါ့! ေခြးေခြးခ်င္းကိုက္ၿပီး အတိတ္ကိစၥေတြကို ေဖာ္ေနၾကတာလား?

မစၥဝမ္မင္ ေနမေကာင္းတာမွန္ေပမယ့္၊ ရွီးေဝရဲ႕လုပ္ရပ္က သြယ္ဝိုက္နည္းနဲ႔ လူသတ္တာပဲမလား?

ရွီးေဝတစ္ေယာက္ မနားတမ္းဆံပင္ေဆာင့္ဆြဲခံေနရတာေၾကာင့္၊ နာက်င္လာကာ မေအာ္ဘဲမေနႏိုင္ေတာ့။  "မဟုတ္ဘူး!ငါမလုပ္ခဲ့ဘူး! နင္တို႔မနာလိုလို႔  ငါ့အေပၚ အမႈိက္ေတြ လာသြန္ေနၾကတာပဲ!"

ဝမ္ရိေပက တစ္ခါမွ မျမင္ဖူးသည့္ ႐ြံ႕မုန္းအၾကည့္ျဖင့္ ရွီးေဝကို စိုက္ၾကည့္ကာ  "ရွီးေဝ! ခင္ဗ်ားလုပ္ခဲ့တာေတြကို ခင္ဗ်ားစိတ္ထဲမွာ ရွင္းရွင္းလင္းလင္းသိမွာေပါ့"

ရွီယြင္နန္ကေတာ့ ဘာစကားမွမေျပာ။ မ်က္လႊာခ်ထားသည့္ သူ႔မ်က္လုံးမ်ားမွာ မ်က္ရည္ဝဲေနသည္။

ဝမ္ရိေပေျပာခဲ့လို႔ သူအမွန္တရားကိုသိထားခဲ့ေပမယ့္၊ က်န္းယြင္နဲ႔ ရွီးေဝကိုယ္တိုင္ ဝန္ခံတာကို ၾကားလိုက္ရတဲ့အခ်ိန္၊ သူ႔အေမအတြက္ အဆေထာင္ေပါင္းမ်ားစြာေလာက္ စိတ္မေကာင္းျဖစ္ေနမိသည္။

ဒီလို လွပၾကင္နာတဲ့လူတစ္ေယာက္က ဘယ္လိုလုပ္ ဒီေခြးအတြဲဖ်က္စီးတာခံလိုက္ရတာလဲ?

တစ္ဖက္လူက သူမေဝဒနာကိုနင္းေခ်ၿပီး၊ စိတ္ေအးခ်မ္းသာသာနဲ႔ သူမပိုင္ဆိုင္သင့္တဲ့ေနရာမွာ ထိုင္ၿပီး ခိုးထားတဲ့ အရာေတြနဲ႔ ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းေနတာတဲ့လား?

ဘာလို႔လဲ?!

ေလာ့လင္းရွန္းကေတာ့ ဒီညစ္ညစ္ညမ္းညမ္းကိစၥေတြကို နည္းနည္းေလးတာင္ စိတ္ဝင္စားမေနေပ။ သူ႔အာ႐ုံက ရွီယြင္နန္ေပၚမွာသာ တစိုက္မတ္မတ္ရွိေနၿပီး၊ သူခ်စ္သူ စိတ္မေကာင္းျဖစ္ေနသည္ကို ေတြ႕လိုက္သည့္အခါ ပိုနီးသြားေအာင္ သူကဝီးခ်ဲလ္ကို ထိန္းကိုင္လိုက္သည္။

လူအုပ္ႀကီး ဂ႐ုစိုက္စိုက္မစိုက္စိုက္ ၊ ေလာ့လင္းရွန္းက ရွီယြင္နန္ရဲ႕လက္ေလးကို အရင္ဆုပ္ကိုင္ေပးလိုက္၏။ သူ႔လက္ေခ်ာင္းေလးေတြကဖြဖြေလးပုတ္ေပးေနၿပီး၊ တိတ္တိတ္ေလး ႏွစ္သိမ့္ေပးေနသည္။

ရွီယြင္နန္၏ အၾကည့္ကသူတို႔ႏွစ္ေယာက္၏ လက္ ေပၚသို႔ ေရာက္လာၿပီး၊ ထိုအခိုက္အတန္႔ေလးတြင္အုံ႔မႈိင္းေနသည့္ သူ႔စိတ္မွာ အနည္းငယ္သက္သာသြားေတာ့သည္။

သူက ေလကို အသိမသာရွဴထုတ္လိုက္ၿပီး၊ ဒရာမာကို ေအးစက္စက္ ဆက္လက္ၾကည့္ေနရင္း၊ သူလက္ေခ်ာင္းေလးနဲ႔ သူ႔ခ်စ္သူရဲ႕ လက္ေခ်ာင္းေလးေတြကို ယွက္ထားလိုက္ေလသည္။

လူအိုႀကီးမွာေတာ့ ဒီလို လွ်ိဳ႕ဝွက္ခ်က္ရွိေနသည္ကို မသိခဲ့သလို၊ လူေရွ႕သူေရွ႕မွာပင္ အေဖာ္ခံလိုက္ရ၏။

ဧည့္သည္ေတြကို ျပန္ခိုင္းလို႔မရေတာ့သလို၊ အခုေတာ့သူတို႔မသားစု မ်က္ႏွာပ်က္ရၿပီး ဒီတိုင္း ကူကယ္ရာမဲ့စြာ ၾကည့္ေနရသည္။

လူအိုႀကီးရွီမွာ သူ႔သားအေပၚ ေဒါသအားလုံး ပုံခ်လိုက္ရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေတာ့။

"ရွီရွန္း! ဒါမင္းရွာေပးလာတဲ့ ေခြၽးမေကာင္းေလးပဲ!"

ရွီရွန္းမွာ ေဒါသထြက္ေနရင္း အနည္းငယ္ အျပစ္ရွိသလို ခံစားလိုက္ရကာ၊ သူ႔အေဖကို မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့။

သူ အျပစ္ရွိစိတ္ဝင္လာရျခင္းမွာဝမ္မင္ႏွလုံးေဖာက္သည့္အခ်ိန္ သူနဲ႔ ရွီးေဝ အမွန္တကယ္ပင္ မေတာ္တေရာ္ လုပ္ေနတာေၾကာင့္ျဖစ္၏။

သူေရွာ့အရသြားဆုံးကေတာ့ ရွီးေဝက သူ႔ကိုမေျပာဘဲ ဖုန္းခ်လိုက္တာကိုပဲ!

ဒီေႁမြစိတ္နဲ႔ မိန္းမ!

အခု သူ႔ကို စိုက္ၾကည့္ေနၾကတဲ့ မ်က္လုံးေတြက အမ်ားႀကီး။ သူ အခုဘာတစ္ခုမွမလုပ္လိုက္ရင္၊ ေနာက္ခ်မ္းသာတဲ့ အသိုင္းအဝိုင္းက သူ႔ကိုေလွာင္ရယ္ၾကလိမ့္မယ္!

သူတို႔အခုပဲ ကြာရွင္းရမယ္!

ရွီရွန္းရဲ႕ ႏွလုံးခုန္သံမွာ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနၿပီး သူကေအာ္လိုက္သည္။  "ရွီးေဝ! အရက္စက္ဆုံးက မိန္းမေတြ႕ရဲ႕ ႏွလုံးသားတဲ့! ဒီေန႔ မင္းရဲ႕မ်က္ႏွာအစစ္ကို ငါေတြ႕လိုက္ရၿပီ။ မနက္ျဖန္ ငါတို႔ ကြာရွင္းမယ္!"

သူစကားေျပာၿပီး သိပ္မၾကာခင္မွာပဲ လူအုပ္ထဲကေန က်ယ္က်ယ္ေလာင္ေလာင္ သေရာ္လာသည့္ အသံထြက္လာသည္။

"ကြာရွင္းမယ္? ရွီရွန္း ရွင္က ကြာရွင္းဖို႔ ေျပာလာရဲေသးတယ္ေပါ့"

"ကြၽန္မအျမင္မွာေတာ့ ရွင္လိုလူယုတ္မာနဲ႔ ဒီမိန္းမပ်က္က လိုက္လြန္းပါတယ္! တျခားမိသားစုနဲ႔ အျပစ္မဲ့တဲ့ လူေတြကို ဒုကၡလိုက္မေပးခ်င္စမ္းပါနဲ႔ရွင္!"

Continue Reading

You'll Also Like

544K 39.8K 139
Title {You Own My All} Author {绿野干鹅} Mm translator {Aira} Crd to author and eng translator
1M 153K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
202K 26.8K 26
Title-He Doesn't Know I'm Dead Original Author-时崽 Type-Web Novel 21 Chapters + 4 Extras Eng Translator-SweetLiesBL From Foxaholic https://www.foxahol...
936K 49.6K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...