ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှ...

By Rozu_roro

2.3M 368K 14.7K

English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane St... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22( Part 1)
22( Part 2)
23
24
25
26.1
26.2
27.1
27.2
28.1
28.2
29.1
29.2
30.1
30.2
31
32
33
34
35.1
35.2
36
37.1
37.2
38.1
38.2
39.1
39.2
40.1
40.2
41
42
43.1
43.2
44
45
46.1
46.2
47.1
47.2
48.1
48.2
49
50.1
50.2
51.1
51.2
52.1
52.2
53.1
53.2
54.1
54.2
55.1
55.2
56.1
56.2
57.1
57.2
58.2
59
60
61
62.1
62.2
63.1
63.2
64.1
64.2
65
66
67
68
69.1
69.2
70
71.1
71.2
72.1
72.2
73
74.1
74.2
75
76.1
76.2
77.1
77.2
78.1
78.2
79.1
79.2
80.1
80.2
81.1
81.2
82.1
82.2
83
84.1
84.2
85.1
85.2
86.1
86.2
87.1
87.2
88.1
88.2
89.1
89.2
90.1
90.2
91
92.1
92.2
93
94( Main Story End)
Extra-1 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-2 (ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-3(ခေါင်းဆောင်လော့၏ တစ်ဖက်သတ်အချစ်)
Extra-4( ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra-5 (ချစ်စရာ ကလေးလေးကို ပြုစုပျိုးထောင်ခြင်း)
Extra 6- ချစ်စရာကလေးလေးကို ပြုစုပျိုးထောင်ခြင်း
Extra-7 (အကယ်၍)
Extra-8 (အကယ်၍)
Extra- 9 (အကယ်၍)
Extra-10 (အကယ်၍)
Extra- 11 (အကယ်၍)
Extra-12 (အကယ်၍)
Extra-13( အကယ်၍)
Extra-14(အကယ်၍)
Extra-15( အကယ်၍)
Extra-16 (အကယ်၍)
Extra-17 ( END )

58.1

12.5K 2.3K 66
By Rozu_roro

Unicode

လူအိုကြီးရှီမှာ ဒေါသအရမ်းထွက်နေတာကြောင့်၊ သူ့နှလုံးတောင် ပြင်းပြင်းထန်ထန် ခုန်နေသည်။ သူက လက်ထဲတွင် ကိုင်ထားသည့် တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနဲ့ ရိုက်ချလိုက်၏။ သူ့ရဲ့ ဒေါသထွက်နေသည့်လေသံမှာ အံသွားတွင်းထဲကနေ ပေါက်ထွက်လာသည်။ "လုပ်ရဲလိုက်တာ! မင်းတို့ ညီအကိုနှစ်ယောက်က ငါဒေါသထွက်ပြီး သေအောင် လုပ်နေကြတာလား?"

ရှီယွင်နန်က ထုံးစံအတိုင်း သူ့ရဲ့ ဟန့်တားနေသည့် စကားများကိုကြားသောအခါ ဂရုမစိုက်သည့်ပုံလေးဖြင့် ခနဲ့ကာ မဲ့လိုက်သည်။

ခင်ဗျားကိုယ်က အရမ်းကျန်းမာနေတာကို ဘယ်လိုလုပ် ဒေါသထွက်လို့ သေနိုင်မှာလဲ?

ရှီးခယ့်ယွဲ့က စားပွဲထိုးကို ထိုင်ခုံတစ်လုံးယူလာပေးရန် အရင်တောင်းဆိုလိုက်ပြီး လူအိုကြီးရှီကို ထိုင်ခိုင်းလိုက်လေသည်။ "အဘိုး၊ ဒေါသမထွက်ပါနဲ့"

သူက စင်ပေါ်ကတစ်ယောက်နဲ့ စင်အောက်ကတစ်ယောက်ကိုကြည့်ကာ သူတော်ကောင်းပုံစံ ဆက်ထိန်းထားသည်။ "အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ ကျွန်တော်တို့မိသားစုအတွက် ဒီလိုပွဲမျိုး ကျင်းပဖို့က လွယ်တာမဟုတ်ဘူး။ ဒီလိုမျိုး မနောက်သင့်ဘူးလေ။ လူတွေအများကြီး ဝိုင်းကြည့်နေကြတယ်။"

ရှီယွင်နန် လွယ်လွယ်အလျှော့ပေးမှာ မဟုတ်မှန်း သူမှန်းဆမိပြီးသား၊ ဒါမယ့် လူတွေကို အမြဲကြင်ကြင်နာနာ ဆက်ဆံတတ်တဲ့ ဝမ်ရိပေကပါ ဒီလို ရမ်းကားလာမယ်လို့ သူ မထင်ထားဘူး။

ဒါမယ့် ဒါက ကောင်းသွားတယ်။

ညီအစ်ကိုတွေ ပိုခက်ခဲအောင်လုပ်လေလေ၊ အဘိုးကြီးက ရှေ့လျှောက် သူတို့ကို ပိုစိတ်ပျက်လာလေလေပဲ။ နောက် အမွေတွေကို ရသွားမယ့်သူက သူတစ်ယောက်တည်းပဲ ဖြစ်သွားလိမ့်မယ်။

ဒါကိုတွေးမိပြီး၊ ရှီးခယ့်ယွဲ့က သူ့အမေကို မျက်ရိပ်မျက်ခြေပြလိုက်၏။

ရှီးဝေကလည်း အခွင့်ရေးကို ချက်ချင်းဆုပ်ကိုင်လိုက်သည်။ "မင်းတို့ ညီအစ်ကိုနှစ်ယောက်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူးဆိုတာ ငါသိသားပဲ! အဘိုးက ရှောင်ယွဲ့ကို စီမံခွင့် လွှဲပေးတော့မယ်မှန်းကြိုသိလို့ လက်မခံဖြစ်နေကြတာမလား!"

ရှီးဝေက လူအိုကြီးရှီမကြေငြာခင် "ဆန်ကနေ ထမင်း" ပြောင်းရန် ထိုကိစ္စကို တမင်ထုတ်ပြောလိုက်သည်။

(*ကိစ္စတွေကို ပြန်ပြင်လို့ရအောင်၊ လူအိုကြီးရှီ ဆုံးဖြတ်ချက်မပြောင်းအောင် လုပ်တာမျိုးပါ)

လူအိုကြီးရှီမှာ သူမရဲ့ ရည်ရွယ်ချက်ကို အနံ့ခံမိသွားတာကြောင့်၊ ဒေါသထွက်ကာ သူ့မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များပေါ်လာသည်။

တစ်ချိန်တည်းမှာပင်၊ တိတ်ဆိတ်နေသည့် ဧည့်သည်များမှာ စိတ်ထဲကနေ တုံ့ပြန်လိုက်ကြ၏။

ဒီနေ့ ရှီမိသားစု ဧည့်ခံပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က တကယ်ကြီး တတိယသခင်လေးရှီ ကုမ္ပဏီစီမံခွင့် လွှဲပြောင်းရမယ့်ကိစ္စကို ကြေငြာမလို့ပေါ့?

ညီအစ်ကိုနှစ်ယောက် ရောက်ချလာတာ မအံ့ဩတော့ပါဘူး။ သူတို့သုံးယောက်လုံးက ရှီမိသားစုရဲ့ အမည်ခံသခင်လေးတွေပဲလေ။ မိသားစုစီးပွားရေးကို အခြားသူတစ်ဦး လွှဲပြောင်းယူမှာ ဘယ်သူက လက်ပိုက်ကြည့်နေနိုင်မှာလဲ?

ပြီးတော့ အမေတစ်ယောက်တည်းကပဲ မွေးလာကြတာ မဟုတ်ဘူးလေ။

ရှီရှန်းရဲ့ "တရားမ၀င်ကလေး"ဆိုတဲ့ အချက်က မသိမသာ အမှန်တရားဖြစ်လာပေမယ့်၊ အပြင်ပန်းမှာတော့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ရှိနေရအုံးမယ်မလား?

လူအိုကြီးရှီက ရုတ်တရက်ကြီး ရှီးခယ့်ယွဲ့တစ်ယောက်တည်းကို တာဝန်ယူခွင့်ပေးလိုက်တယ်ပေါ့။ လုံးဝထူးဆန်းနေတယ်လေ!

"ဧည့်ခံပွဲလုပ်ဖို့ တမင်ဒီနေ့ရွေးတာလား? တခြားသူမွေးနေ့သာဆို ကျွန်တော်တို့ညီအစ်ကို ဂရုစိုက်မနေဘူး။ဒါပေမယ့် ခင်ဗျား-"

ဝမ်ရိပေက စင်ပေါ်မှဆင်းလာပြီး ရှီရှန်းဘေးကနေ ဖြတ်လာသည့်အခါ သူ့မျက်လုံးများက အရင်ကနဲ့မတူစွာ အေးစက်နေသည်။ "ခင်ဗျားတို့ရှီမိသားစုက ကျွန်တော့အမေကို အသိအမှတ်ပြုကြသေးရဲ့လား?"

"....."

ရှီရှန်းမှာ ငြိမ်သက်သွားပြီး၊ သူ့စိတ်ထဲတွင် အချိန်နှောင်းမှ အပြစ်ရှိသလို ခံစားသွားရသည်။

ဒီနေ့ကို ရှီးဝေကသာကိုယ်တိုင်ကိုယ်ကျ ရွေးခဲ့တာ၊  ဒီနေ့က ရှီမိသားစုဖုန်းရွှေတိုးတက်ဖို့ အထောက်အကူပေးမယ့်နေ့၊ နေ့ကောင်းနေမြတ်နေ့လို့ သူကပြောခဲ့တယ်လေ။

ဇနီးဟောင်း ကွယ်လွန်သွားတာ အနှစ်နှစ်ဆယ်နီးပါးရှိနေပြီ။ သူမရဲ့မွေးနေ့ကို သူကဘယ်လိုလုပ်မှတ်မိနေအုံးမှာလဲ? သူသာ မှတ်မိရင် သူများတွေမဝေဖန်အောင် ဒီနေ့ကို ရွေးမှာ မဟုတ်ဘူးလေ!

သို့သော် ရှီရှန်းတစ်ယောက် ခဏစဉ်းစားပြီးနောက်၊ ရှီးဝေက ဒီနေ့ကိုတမင်ရွေးခဲ့မှန်း သူသဘောပေါက်သွားတော့သည်။

သူက မျက်မှောင်ကြုတ်ကာ ပြောလာ၏။

"ရှီးဝေ ဒါ မင်းပေါ့ဆလို့!"

ရှီးဝေက သရုပ်ဆောင်တော်လေသည်။ သူမခင်ပွန်းရဲ့ စွပ်စွဲစကားသံကိုကြားတာနဲ့ သူမက မျက်ရည်ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

"နားလည်မှု လွဲနေကြတာပါ၊ ကျွန်မက ဝမ်မင်သေမှ ရှီအိမ်တော်ထဲဝင်လာတာလေ။ ဘယ်လိုလုပ် သူ့မွေးနေ့ကို သိမှာလဲ?"

ရှီးဝေက သူမကိုယ်သူမ ခုခံကာကွယ်ကာပြောဆိုလာသည်။ "ပြီးတော့ တစ်နှစ်မှာ ရက်တွေ အများကြီးရှိတာလေ။ ဒီလိုတိုက်ဆိုင်သွားမယ်မှန်း ဘယ်လိုလုပ်သိမှာလဲ?"

ဝမ်ရိပေက ရှီယွင်နန်နားသို့ လျှောက်လာသည်။ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တမင်တကာ ဘာမှပြန်မပြောဘဲနေနေလိုက်ကြ၏။

လူယုတ်မာနဲ့ အပေါစားမိန်းမက လိုက်ဖက်ကြပါပေတယ်။

ဒီအတွဲ ဘယ်လောက်ကြာကြာ ရှိုးလုပ်နိုင်မလဲဆိုတာ သူတို့တကယ်ပဲ သိချင်မိတယ်။

ရှီးဝေ၏အချစ်ဆုံးသူငယ်ချင်း ကျန်းယွင်မှာ ဧည့်သည်တွေရဲ့ အမျိုးမျိုးသော အမူအရာများကို မြင်ပြီးနောက် သူမရဲ့သွေးသောက်ညီမဖော်အတွက် ပြောပေးလာသည်။

"ရှီးဝေက ရှီမိသားစုရဲ့အသေးအဖွဲကိစ္စတွေကို နှစ်တွေအကြာကြီး ကိုင်တွယ်ပေးခဲ့တာလေ။ ဒီတစ်ခါပဲ မှားဖူးတာပါ။ ဒီတိုင်း မသိလို့ မွေးနေ့ရက်ကြီး ရွေးမိသွားရုံပဲလေ။ သူက အဲ့လို မရည်ရွယ်ပါဘူး။"

"အသက်ရှင်နေတဲ့ သူက သေပြီးတဲ့သူကြောင့် လမ်းဖယ်ပေးနေရအုံးမှာလား? တားမြစ်ထားတဲ့ကိစ္စလုပ်တာမှ မဟုတ်တာကို ဒီလိုပဲ ဇာချဲ့နေကြအုံးမှာလား?"

ဧည့်သည်အချို့က ခေါင်းညိတ်ပြလာပြီး လူအုပ်ထဲကနေ စကားသံတိုးတိုးလေးများ ထွက်လာသည်။

"ဒါပေမယ့်၊ လူအိုကြီးရှီက ရှီမိသားစုကို တတိယသခင်လေးဆီကိုပဲ အကုန်လွှဲပေးချင်တာလား?"

"အကြီးဆုံးသခင်လေးနဲ့ ဒုတိယသခင်လေးအတွက်ကော? သူတို့ကော ရှယ်ယာတွေမရကြဘူးလား?"

ထိုစကားကိုကြားတော့ ကျန်းယွင်က ရှီးဝေကိုယ်စား ဝင်ပြောလာသည်။ "လူအိုကြီးရှီက ဘက်လိုက်တယ်လို့ရှီယွင်နန်နဲ့ ဝမ်ရိ​ပေက ထင်ကြတယ်။ အပြင်လူစိတ်ထဲမှာလည်း ဒီလိုအတွေးမျိုး သေချာပေါက် ရှိကြမှာပဲ။"

"ဒါပေမယ့် စဉ်းစားကြည့်ကြပါ။ ဝမ်ရိပေက သူ့မျိုးရိုးကို ပြောင်းပြီး ငယ်ငယ်လေးကတည်းက ဝမ်မိသားစုရဲ့ သခင်လေးဖြစ်လာတယ်လေ။ နှစ်သစ်တို့ တခြား အားလပ်ရက်တွေမှာတောင် ပြန်မလာဘူး။ ရှီယွင်နန်ကကြ နိုင်ငံခြားမှာပဲနေနေတယ်။ ဘွဲ့ရပြီးတာတောင် ရှီမိသားစုကို ကူညီပေးဖို့ ဘယ်တော့မှ ပြန်မလာဘူးလေ။"

"ဒါမယ့် ခယ့်ယွဲ့ကတော့ လူအိုကြီးရှီနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် နေပေးခဲ့တယ်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရှီကုမ္ပဏီမှာ အလုပ်သင်လုပ်လာခဲ့တာ။ ဒါတောင် သူတို့သားအမိကို အပြင်လူတွေက ဝေဖန်နေကြတုန်းပဲ။"

"ကျွန်မပြောရမယ်ဆိုရင်၊ လူအိုကြီးရှီနဲ့ မစ္စတာရှီက အကောင်းနဲ့ အဆိုးကို ခွဲခြားနိုင်တဲ့လူတွေ။ အခုနှစ်တွေကြာပြီလေ၊ အမေနဲ့ သားကို လူသိရှင်ကြား အသိအမှတ်ပြုပေးဖို့ အချိန်တန်ပြီ!"

ရှီးဝေတစ်ယောက် ဟန်ဆောင်ငိုနေချိန် ကျန်းယွင်က မရပ်မနား တတွတ်တွတ်ပြောနေ၏။

ရှီးဝေပုံစံမှာ အလွန်စိတ်မကောင်းဖြစ်နေပုံရပြီး မျက်ရည်တွေတောင်တစ်ပေါက်ပြီးတစ်ပေါက် ကျလာတော့သည်။ "ကျွန်မကတော့ ဒါကို မမှားဘူးလို့ ထင်တယ်၊ ဒါမယ့် အနစ်နာဆုံးက ဒီကလေးလေး ခယ့်ယွဲ့ပါ။ သူ ရှီအိမ်တော်ထဲ စဝင်ကတည်းက ဘယ်နေရာသွားသွား ဝေဖန်ခံခဲ့ရတယ်။"

ရှီယွင်နန် မဲ့ပြုံးပြုံးကာ ခနဲ့လိုက်သည်။

ဒီအမျိုးသမီးနှစ်ယောက် ပူးပေါင်းသရုပ်ဆောင်တဲ့ ရှိုးက တကယ်ကို အံ့ဩစရာပဲ။

"သူ့ဒီလို ဝေဖန်ခံရတာက ခင်ဗျားလို မရိုးသားတဲ့ အမေရှိနေလို့လေ!"

ရှီယွင်နန်က ဒေါသတကြီး ပြန်ပြောလိုက်သည်။ "ရှီးဝေဆိုတဲ့ခင်ဗျားက ရှီမိသားစုထဲဝင်ပြီး အပြင်လူတွေရဲ့အမြင်မှာ မစ္စတာရှီဖြစ်လာပေမယ့် ခင်ဗျားရဲ့ညစ်ပတ်တဲ့ အတိတ်ကို သန့်ရှင်းနိုင်မယ်ထင်နေတာလား?"

"ခင်ဗျားတို့ ဖောက်ပြန်ခဲ့တာကို ခင်ဗျားကောင်းကောင်းကြီး သိမှာပေါ့။  အခုဒီလိုတွေဖြစ်လာတော့၊ ကိုယ့်ကိုယ်ကို ဘယ်လိုchastity arch ဇာတ်မျိုးသွင်းနေတာလဲ?

( chastity archကတရုတ်မှာဆို- မုဆိုးမတွေ နောက်အိမ်ထောင်မပြုအောင် ဟန့်တားဖို့ ဒီဓလေ့ကို လုပ်ထားတာပါ၊ သေသွားတဲ့သူတို့ယောကျာ်းတွေအပေါ် သစ္စာရှိအောင်ပါ၊ မြန်မာလိုဘယ်လိုရေးရမှန်း မသိလို့ ဒီတိုင်းပဲ ရေးလိုက်ပါတယ်၊ သိရင်ဖြေပေးသွားပါနော်)

"....."

ရှီရှန်းနှင့် ရှီးဝေမှာ တပြိုင်နက်တည်း ကြက်သေသေသွားကြတော့သည်။

ဒီရှက်စရာအလွှာမှာ ကျိုးပေါက်နေပြီး၊ အားလုံး ဖောက်ထွင်းမြင်နေရသော်လည်း၊ ထိုစကားလုံးများက ဒီနှစ်တွေ အတွင်း၊ သူတို့ဖုံးထားသည့် ရှက်စရာကိစ္စကို ပေါ်တင်ထိုးဖောက်လာသည်။

ရှီယွင်နန်က ဆက်ထေ့ငေါ့လိုက်သည်။ "အဲ့တုန်းကတော့ ဝန်မခံဘဲ အခုမှ အားလုံးကို အသိပေးလိုက်တာက ရှီမိသားစုမျက်နှာမပျက်လောက်ပါဘူးလို့ ထင်နေတာမလား?"

ဝမ်ရိပေက ပြက်ရယ်ပြုကာ ခေါင်းယမ်းရင်း ထိုမေးခွန်းနောက်ကနေ ဆက်ပြောလာသည်။ "ငါတို့အမေရင်းက ငါတို့ ခုနစ်နှစ်သားအရွယ်မှာ မထင်မှတ်ဘဲ ဆုံးသွားတယ်။ မင်းတို့သားအမိက ငါတို့အိမ်ထဲ နှစ်ဝက်အတွင်းဝင်လာတယ်။ ဒါမယ့် ရှီးခယ့်ယွဲ့က ငါတို့ထက် တစ်နှစ်ပဲငယ်တာလေ။"

"ခင်ဗျားတို့ အိမ်ထောင်ရေးဖောက်ပြန်လို့ရလာတဲ့ ရှီမိသားစုသွေးသားမဟုတ်ရင်၊ လူအိုကြီးက ရှီမိသားစုကို သူ့ဆီ လွှဲပြောင်းပေးချင်မှာတဲ့လား?"

ရှီယွင်နန်ရဲ့ ချွန်ထက်နေသည့် မေးခွန်းကို ဝမ်ရိပေ၏ ယုတ္တိရှိရှိသုံးသပ်ချက်ဖြင့် ထောက်ပံ့ပေးထားသည်။

တစ်ချက်ကြည့်လိုက်တာနဲ့တင်၊ ဘယ်သူမှန်ပြီး ဘယ်သူမှားတယ်ဆိုတာ ရှင်းနေပြီဖြစ်၏။

တိုးတိုးပြောနေသည့် ဆွေးနွေးသံများမှာ ပိုများလာတော့

လူအိုကြီးက တုတ်ကောက်ကို မြေပြင်ပေါ် ရိုက်ချလိုက်ကာ "တော်လောက်ပြီ! ဒီနေ့ပွဲကျင်းပဖို့ကိုငါသဘောတူထားတာ! "

သူက ညီအကိုနှစ်ယောက်ကို အလွန်စိတ်ပျက်ဒေါသထွက်နေသည့် မျက်လုံးများဖြင့် ကြည့်လာသည်။ "အခုက ဘယ်လိုအချိန်မျိုးလဲ? မင်းတို့ ညီအကိုနှစ်ယောက်က ပြဿနာရှာဖို့ ရောက်လာကြတာလား?"

"မင်းတို့ကို ငါမေးအုံးမယ်။မင်းတို့က ရှီမိသားစုရဲ့ သွေးသားတွေဆိုတာကို မှတ်မိကြသေးရဲ့လား?"

"ရိပေကို  မေးစရာမရှိပေမယ့် ရှီယွင်နန် မင်းကကော? မင်းကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ စားသောက်စရိတ်နဲ့ အဝတ်စားဖိုးတွေကို ရှီမိသားစုကပဲ ပေးခဲ့တာမဟုတ်ဘူးလား? ဒီလိုမျက်ဖြူဝံပုလွေကို ပျိုးထောင်မိသွားလိမ့်မယ်လို့ ငါလုံးဝမထင်ထားဘူး!"

"ရှီမိသားစုက ငွေရေးကြေးရေး အကျပ်အတည်းဖြစ်နေချိန် မင်းတို့ညီအစ်ကိုနှစ်ယောက် ဘယ်မှာလဲ?"

လူအိုကြီးမှာ တွေးလေတွေးလေ ပိုဒေါသထွက်လာလေလေပင်။ ရှီးခယ့်ယွဲ့က ထိုအခွင့်ရေးကို မြင်တော့ ဘာစကားမှမပြောဘဲ ငုံ၍သာ လုအိုကြီးရဲ့ကျောကုန်းကို ပွတ်ပေးလာသည်။

ဒါကိုမြင်တော့ အဘိုးကြီးရှီမှာ ဒေါသအနည်းငယ် ပြေသွား၏။

"ကျိုးကျိုးနွံနွံနေတဲ့ ဒီညီအငယ်ဆုံးခယ့်ယွဲ့နဲ့ မင်းတို့အဖေကပဲ ငါ့အလုပ်တွေကို ကူပေးတာ။ အဲဒါကြောင့် ခယ့်ယွဲ့ကို ရှီကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ ငါလွှဲပြောင်းပေးခဲ့တာပဲ!"

လူအိုကြီးရှီက ဒေါသတကြီးဖြင့် တုတ်ကောက်ကိုမြှောက်ကာ "ထွက်သွား! အခု ဒီကနေ ထွက်သွား! ဒီနေ့ကစပြီး ရှီမိသားစုက မင်းတို့ညီအကိုနှစ်ယောက်ကို လုံးဝ အသိအမှတ်မပြုတော့ဘူး။ မင်းတို့လိုမြေးတွေ မရှိခဲ့ဘူးလို့ ငါသဘောထားလိုက်မယ်​!"

ထိုစကားကိုကြားတော့ ရှီခယ့်ယွဲ့ ပါးစပ်ထောင့်မှာ မသိမသာ အပြုံးတစ်ခုပေါ်လာ၏။

ပါးစပ်ဟစရာတောင်မလိုပဲ ဒီပြိုင်ပွဲမှာ နိုင်သွားတာမို့ သူအတိုင်းမသိပျော်နေတယ်!

လူအိုကြီးရှီက မျက်နှာပန်းပွင့်တာကြိုက်မှန်း ဘယ်သူကမသိဘဲ နေမှာလဲ?

ရှီရှန်းနဲ့ ရှီးဝေအရင်ကတည်းက တွဲပြီး တရားမဝင်သားမွေးခဲ့တာကို ဘယ်သူက မခန့်မှန်းမိဘဲ နေမှာလဲ?

ချမ်းသာတဲ့သူတွေ၊ ဩဇာအာဏာရှိတဲ့သူတွေရဲ့ ဆက်ဆံရေးက အမြဲပရမ်းပတာဖြစ်နေသလို အမြဲဂရုစိုက်ရတယ်။ အဖြစ်မှန်ကို  သိနေရင်တောင် သူတို့ကို သွားအော်နေလို့မရဘူးလေ။

ဒီလိုဖြစ်သွားတာ အရမ်းကောင်းသွားပြီ။

ရှီယွင်နန်နဲ့ ဝမ်ရိပေကသူတို့ကိုယ်သူတို့  လူ့ကျင့်ဝတ်တောင်ကုန်းပေါ်မှာ ရပ်ပြီး ရှီမိသားစု မျက်နှာကို မြေကြီးမှာ ဖိထားနိုင်မယ်လို့ ထင်နေကြတယ်။ သူတို့က လူအိုကြီးကို ဒေါသထွက်အောင်လုပ်မှတော့ အခုကစပြီး ရှီမိသားစု အမွေတွေကို လုံးဝနှုတ်ဆက်သွားရပြီပေါ့။

ရှီမိသားစုကုမ္ပဏီနဲ့ မိသားစုအမွေတွေသာ သူ့ဟာဖြစ်နေသရွေ့၊ သူ့မှာ ငြင်းခုံဖို့ အကြောင်းပြချက်ရနေအုံးမှာပဲ- အိမ်ထောင်ရေးဖောက်ပြန်ပြီး ရလာတဲ့ကလေးဖြစ်တော့ကောဘာအရေးလဲ? ကလေးတွေက သူတို့မိဘတွေကို ရွေးချယ်လို့မှမရတာ။

လူအိုကြီး အမိန့်ကိုကြားတော့ ရှီးဝေက ချက်ချင်းပင် ယုံကြည်ချက်အပြည့်ရှိသွားတော့သည်။ "စားပွဲထိုး ဘယ်မှာလဲ! လုံခြုံရေးအစောင့်ကို ချက်ချင်းခေါ်လိုက်ကြစမ်း! သူတို့ကို ဒီကနေ ကန်ထုတ်ပစ်ကြ!"

သူမစကားဆုံးသည်နှင့်တစ်ပြိုင်နက် သူတို့နောက်ကနေ တည်ငြိမ်အေးဆေးသောအသံတစ်သံ ထွက်လာသည်။ "အကြီးအကဲရှီ၊ မင်းကိုတကယ်အရှက်ခွဲတဲ့ သူက ဒီညီအကိုနှစ်ယောက်မဟုတ်ဘူး။ အမှန်တရားတစ်ချို့က ခင်ဗျားကိုအမှောင်ထဲ ချုပ်နှောင်ထားမှာက်ို ကျွန်တော်စိုးရိမ်မိတယ်။"

ထိုနေရာရှိ ဧည့်သည်များမှာ ရောက်ရှိလာတဲ့သူကိုတွေ့လိုက်သည်နှင့်ချက်ချင်း အံ့ဩသွားကြသည်။

ရှီယွင်နန် ပြုံးလိုက်ကာ လော့လင်းရှန်းနား အမြန်လျှောက်သွားလိုက်၏။ "ဘာလို့ ဒီလောက်ကြာနေတာလဲ!"

"ကားလမ်းတွေ ပိတ်နေလို့ နောက်ကျနေတာ"

နှစ်ယောက်သား တိတ်တဆိတ် နားလည်မှုဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြပြီး၊ ဧည့်သည့်များရှေ့မှာပင် ထိုစကားများကို တမင်တကာ ကျယ်ကျယ်ပြောလိုက်ကြသည်။

လော့လင်းရှန်းက "အထူးပွဲ" ကိုစီစဉ်ထားတာကြောင့် နောက်ကျမှ ရောက်လာတာပင်။

"လောမိသားစုခေါင်းဆောင်က ဘာလို့ ဒီကိုလာတာလဲ?"

"သူက ဒုတိယသခင်လေးရှီနဲ့ ဘယ်လိုဆက်ဆံရေးမျိုးမို့လဲ? သူ့ကိုလည်းရှီမိသားစုဝင်လို့ ပြောလို့ရတယ်လေ။ သူလာတာ ပုံမှန်ပါပဲ။"

"နောက်ဆုံးတော့ မျက်နှာပန်းပွင့်သွားတာ လူအိုကြီးရှီပါပဲ။ သူ ဧည့်ခံပွဲမကျင်းပတာ ကြာပြီ။ အခုကျင်းပတော့လဲ တကယ့်အကောင်ကြီးကြီးကို ဖိတ်နိုင်တယ်။"

လူတိုင်း၊ တီးတိုးပြောနေကြချိန်မှာပဲ၊ လော့လင်းရှန်းနှင့် ရှီယွင်နန်က လူအုပ်အလယ်သို့ လျှောက်လာသည်။

"မဖိတ်ဘဲ ရောက်လာလို့ ခွင့်လွှတ်ပါ အကြီးအကဲရှီ"  လော့လင်းရှန်း လေသံထဲတွင် တောင်းပန်သည့် အရိပ်အမြွက်လုံးဝ မပါနေ။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို စဉ်စားမိသွားတဲ့ လူအိုကြီးရှီတစ်ယောက် သူ့ရဲ့ဒေါသကို မနည်းမျိုချနေရတာကြောင့် သူ့မှာအသက်ရှူပါကျပ်လာတော့သည်။

သူက ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။ "ခေါင်းဆောင်လော့ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?"

"ကျွန်တော်အိမ်ပြန်တဲ့ အချိန်ဝင်ကြိုဖို့ ယွင်နန်က မှာထားခဲ့လို့ပါ။"

သူ့စကားမှာ တည်ငြိမ် အေးဆေးနေသော်လည်း တကယ်တော့ ရှီယွင်နန်က သူ့အကာအကွယ်အောက်မှာ ရှိနေတဲ့အကြောင်း လူတိုင်းကိုသိစေချင်လို့ပင်။

လော့မိသားစုအဆင့်တန်းက ဘယ်လိုမို့လို့လဲ?

ရှီယွင်နန်နဲ့ လော့လင်းရှန်းဆက်ဆံရေးကကော ဘယ်လိုမို့လို့လဲ?

ဒီမှာ လော့လင်းရှန်းရှိနေမှတော့ ရှီယွင်နန်နဲ့ ဝမ်ရိပေကို ဘယ်သူက ကန်ထုတ်ရဲတော့မှာလဲ?






Zawgyi

လူအိုႀကီးရွီမွာ ေဒါသအရမ္းထြက္ေနတာေၾကာင့္၊ သူ႔ႏွလုံးမွာေတာင္ ျပင္းျပင္းထန္ထန္ ခုန္ေနသည္။ သူက လက္ထဲတြင္ ကိုင္ထားသည့္ တုတ္ေကာက္ကို ၾကမ္းျပင္ေပၚသို႔ အရွိန္ျပင္းျပင္းနဲ႔ ႐ိုက္ခ်လိုက္၏။  သူ၏ ေဒါသထြက္ေနသည့္ေလသံမွာ အံသြားတြင္းထဲကေန ေပါက္ထြက္လာသည္။ "လုပ္ရဲလိုက္တာ! မင္းတို႔ ညီအကိုႏွစ္ေယာက္က ငါေဒါသထြက္ၿပီး ေသေအာင္ လုပ္ေနၾကတာလား?"

ရွီယြင္နန္က ထုံးစံအတိုင္း သူ႔ရဲ႕ ဟန္႔တားေနသည့္ စကားမ်ားကိုၾကားေသာအခါ ဂ႐ုမစိုက္သည့္ပုံေလးျဖင့္ ခနဲ႔ကာ မဲ့လိုက္သည္။

ခင္ဗ်ားကိုယ္က အရမ္းက်န္းမာေနတာကို ဘယ္လိုလုပ္ ေဒါသထြက္လို႔ ေသႏိုင္မွာလဲ?

ရွီးခယ့္ယြဲ႕က စားပြဲထိုးကို ထိုင္ခုံတစ္လုံးယူလာေပးရန္ အရင္ေတာင္းဆိုလိုက္ၿပီး လူအိုႀကီးရွီကို ထိုင္ခိုင္းလိုက္ေလသည္။ "အဘိုး၊ ေဒါသမထြက္ပါနဲ႔"

သူက စင္ေပၚကတစ္ေယာက္နဲ႔ စင္ေအာက္ကတစ္ေယာက္ကိုၾကည့္ကာ သူေတာ္ေကာင္းပုံစံ ဆက္ထိန္းထားသည္။ "အစ္ကိုႀကီး၊ ဒုတိယအစ္ကို၊ ကြၽန္ေတာ္တို႔မိသားစုအတြက္ ဒီလိုပြဲမ်ိဳး က်င္းပဖို႔က လြယ္တာမဟုတ္ဘူး။ ဒီလိုမ်ိဳး မေနာက္သင့္ဘူးေလ။ လူေတြအမ်ားႀကီး ဝိုင္းၾကည့္ေနၾကတယ္။"

ရွီယြင္နန္ လြယ္လြယ္အေလွ်ာ့ေပးမွာ မဟုတ္မွန္း သူမွန္းဆမိၿပီးသား၊ ဒါမယ့္ လူေတြကို အၿမဲၾကင္ၾကင္နာနာ ဆက္ဆံတတ္တဲ့ ဝမ္ရိေပကပါ ဒီလို ရမ္းကားလာမယ္လို႔ သူ မထင္ထားဘူး။

ဒါမယ့္ ဒါက ေကာင္းသြားတယ္။

ညီအစ္ကိုေတြ ပိုခက္ခဲေအာင္လုပ္ေလေလ၊ အဘိုးႀကီးက ေရွ႕ေလွ်ာက္ သူတို႔ကို ပိုစိတ္ပ်က္လာေလေလပဲ။ ေနာက္ အေမြေတြကို ရသြားမယ့္သူက သူတစ္ေယာက္တည္းပဲ ျဖစ္သြားလိမ့္မယ္။

ဒါကိုေတြးမိၿပီး၊ ရွီးခယ့္ယြဲ႕က သူ႔အေမကို မ်က္ရိပ္မ်က္ေျချပလိုက္၏။

ရွီးေဝကလည္း အခြင့္ေရးကို ခ်က္ခ်င္းဆုပ္ကိုင္လိုက္သည္။ "မင္းတို႔ ညီအစ္ကိုႏွစ္ေယာက္ေကာင္းတဲ့ ရည္႐ြယ္ခ်က္နဲ႔ လာတာမဟုတ္ဘူးဆိုတာ ငါသိသားပဲ! အဘိုးက ေရွာင္ယြဲ႕ကို စီမံခြင့္ လႊဲေပးေတာ့မယ္မွန္းႀကိဳသိလို႔ လက္မခံျဖစ္ေနၾကတာမလား!"

ရွီးေဝက လူအိုႀကီးရွီမေၾကျငာခင္ "ဆန္ကေန ထမင္း" ေျပာင္းရန္ ထိုကိစၥကို တမင္ထုတ္ေျပာလိုက္သည္။

(*ကိစၥေတြကို ျပန္ျပင္လို႔ရေအာင္၊ လူအိုႀကီးရွီ ဆုံးျဖတ္ခ်က္မေျပာင္းေအာင္ လုပ္တာမ်ိဳးပါ)

လူအိုႀကီးရွီမွာ သူမရဲ႕ ရည္႐ြယ္ခ်က္ကို အနံ႔ခံမိသြားတာေၾကာင့္၊ ေဒါသထြက္ကာ သူ႔မ်က္ႏွာေပၚတြင္ မေက်နပ္သည့္ အရိပ္အေယာင္မ်ားေပၚလာသည္။

တစ္ခ်ိန္တည္းမွာပင္၊ တိတ္ဆိတ္ေနသည့္ ဧည့္သည္မ်ားမွာ စိတ္ထဲကေန တုံ႔ျပန္လိုက္ၾက၏။

ဒီေန႔ ရွီမိသားစု ဧည့္ခံပြဲက်င္းပရတဲ့ ရည္႐ြယ္ခ်က္က တကယ္ႀကီး တတိယသခင္ေလးရွီ ကုမၸဏီစီမံခြင့္ လႊဲေျပာင္းရမယ့္ကိစၥကို ေၾကျငာမလို႔ေပါ့?

ညီအစ္ကိုႏွစ္ေယာက္ ေရာက္ခ်လာတာ မအံ့ဩေတာ့ပါဘူး။ သူတို႔သုံးေယာက္လုံးက ရွီမိသားစုရဲ႕ အမည္ခံသခင္ေလးေတြပဲေလ။ မိသားစုစီးပြားေရးကို အျခားသူတစ္ဦး လႊဲေျပာင္းယူမွာ ဘယ္သူက လက္ပိုက္ၾကည့္ေနႏိုင္မွာလဲ?

ၿပီးေတာ့ အေမတစ္ေယာက္တည္းကပဲ ေမြးလာၾကတာ မဟုတ္ဘူးေလ။

ရွီရွန္းရဲ႕ "တရားမ၀င္ကေလး"ဆိုတဲ့ အခ်က္က မသိမသာ အမွန္တရားျဖစ္လာေပမယ့္၊ အျပင္ပန္းမွာေတာ့ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ အေၾကာင္းျပခ်က္ရွိေနရအုံးမယ္မလား?

လူအိုႀကီးရွီက ႐ုတ္တရက္ႀကီး ရွီးခယ့္ယြဲ႕တစ္ေယာက္တည္းကို တာဝန္ယူခြင့္ေပးလိုက္တယ္ေပါ့။ လုံးဝထူးဆန္းေနတယ္ေလ!

"ဧည့္ခံပြဲလုပ္ဖို႔ တမင္ဒီေန႔ေ႐ြးတာလား? တျခားသူေမြးေန႔သာဆို ကြၽန္ေတာ္တို႔ညီအစ္ကို ဂ႐ုစိုက္မေနဘူး။ဒါေပမယ့္ ခင္ဗ်ား-"

ဝမ္ရိေပက စင္ေပၚမွဆင္းလာၿပီး ရွီရွန္းေဘးကေန ျဖတ္လာသည့္အခါ သူ႔မ်က္လုံးမ်ားက အရင္ကနဲ႔မတူစြာ ေအးစက္ေနသည္။ "ခင္ဗ်ားတို႔ရွီမိသားစုက ကြၽန္ေတာ့အေမကို အသိအမွတ္ျပဳၾကေသးရဲ႕လား?"

"....."

ရွီရွန္းမွာ ၿငိမ္သက္သြားၿပီး၊ သူ႔စိတ္ထဲတြင္ အခ်ိန္ေႏွာင္းမွ အျပစ္ရွိသလို ခံစားသြားရသည္။

ဒီေန႔ကို ရွီးေဝကသာကိုယ္တိုင္ကိုယ္က် ေ႐ြးခဲ့တာ၊  ဒီေန႔က ရွီမိသားစုဖုန္းေ႐ႊတိုးတက္ဖို႔ အေထာက္အကူေပးမယ့္ေန႔၊ ေန႔ေကာင္းေနျမတ္ေန႔လို႔ သူကေျပာခဲ့တယ္ေလ။

ဇနီးေဟာင္း ကြယ္လြန္သြားတာ အႏွစ္ႏွစ္ဆယ္နီးပါးရွိေနၿပီ။ သူမရဲ႕ေမြးေန႔ကို သူကဘယ္လိုလုပ္မွတ္မိေနအုံးမွာလဲ? သူသာ မွတ္မိရင္ သူမ်ားေတြမေဝဖန္ေအာင္ ဒီေန႔ကို ေ႐ြးမွာ မဟုတ္ဘူးေလ!

သို႔ေသာ္ ရွီရွန္းတစ္ေယာက္ ခဏစဥ္းစားၿပီးေနာက္၊ ရွီးေဝက ဒီေန႔ကိုတမင္ေ႐ြးခဲ့မွန္း သူသေဘာေပါက္သြားေတာ့သည္။

သူက မ်က္ေမွာင္ၾကဳတ္ကာ ေျပာလာ၏။

"ရွီးေဝ ဒါ မင္းေပါ့ဆလို႔!"

ရွီးေဝက သ႐ုပ္ေဆာင္ေတာ္ေလသည္။ သူမခင္ပြန္းရဲ႕ စြပ္စြဲစကားသံကိုၾကားတာနဲ႔ သူမက မ်က္ရည္ပိုးပိုးေပါက္ေပါက္ က်လာေတာ့သည္။

"နားလည္မႈ လြဲေနၾကတာပါ၊ ကြၽန္မက ဝမ္မင္ေသမွ ရွီအိမ္ေတာ္ထဲဝင္လာတာေလ။ ဘယ္လိုလုပ္ သူ႔ေမြးေန႔ကို သိမွာလဲ?"

ရွီးေဝက သူမကိုယ္သူမ ခုခံကာကြယ္ကာေျပာဆိုလာသည္။ "ၿပီးေတာ့ တစ္ႏွစ္မွာ ရက္ေတြ အမ်ားႀကီးရွိတာေလ။ ဒီလိုတိုက္ဆိုင္သြားမယ္မွန္း ဘယ္လိုလုပ္သိမွာလဲ?"

ဝမ္ရိေပက ရွီယြင္နန္နားသို႔ ေလွ်ာက္လာသည္။ ညီအစ္ကိုႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ရင္း တမင္တကာ ဘာမွျပန္မေျပာဘဲေနေနလိုက္ၾက၏။

လူယုတ္မာနဲ႔ အေပါစားမိန္းမက လိုက္ဖက္ၾကပါေပတယ္။

ဒီအတြဲ ဘယ္ေလာက္ၾကာၾကာ ရႈိးလုပ္ႏိုင္မလဲဆိုတာ သူတို႔တကယ္ပဲ သိခ်င္မိတယ္။

ရွီးေဝ၏အခ်စ္ဆုံးသူငယ္ခ်င္း က်န္းယြင္မွာ ဧည့္သည္ေတြရဲ႕ အမ်ိဳးမ်ိဳးေသာ အမူအရာမ်ားကို ျမင္ၿပီးေနာက္ သူမရဲ႕ေသြးေသာက္ညီမေဖာ္အတြက္ ေျပာေပးလာသည္။

"ရွီးေဝက ရွီမိသားစုရဲ႕အေသးအဖြဲကိစၥေတြကို ႏွစ္ေတြအၾကာႀကီး ကိုင္တြယ္ေပးခဲ့တာေလ။ ဒီတစ္ခါပဲ မွားဖူးတာပါ။ ဒီတိုင္း မသိလို႔ ေမြးေန႔ရက္ႀကီး ေ႐ြးမိသြား႐ုံပဲေလ။ သူက အဲ့လို မရည္႐ြယ္ပါဘူး။"

"အသက္ရွင္ေနတဲ့ သူက ေသၿပီးတဲ့သူေၾကာင့္ လမ္းဖယ္ေပးေနရအုံးမွာလား? တားျမစ္ထားတဲ့ကိစၥလုပ္တာမွ မဟုတ္တာကို ဒီလိုပဲ ဇာခ်ဲ႕ေနၾကအုံးမွာလား?"

ဧည့္သည္အခ်ိဳ႕က ေခါင္းညိတ္ျပလာၿပီး လူအုပ္ထဲကေန စကားသံတိုးတိုးေလးမ်ား ထြက္လာသည္။

"ဒါေပမယ့္၊ လူအိုႀကီးရွီက ရွီမိသားစုကို တတိယသခင္ေလးဆီကိုပဲ အကုန္လႊဲေပးခ်င္တာလား?"

"အႀကီးဆုံးသခင္ေလးနဲ႔ ဒုတိယသခင္ေလးအတြက္ေကာ? သူတို႔ေကာ ရွယ္ယာေတြမရၾကဘူးလား?"

ထိုစကားကိုၾကားေတာ့ က်န္းယြင္က ရွီးေဝကိုယ္စား ဝင္ေျပာလာသည္။ "လူအိုႀကီးရွီက ဘက္လိုက္တယ္လို႔ရွီယြင္နန္နဲ႔ ဝမ္ရိ​ေပက ထင္ၾကတယ္။ အျပင္လူစိတ္ထဲမွာလည္း ဒီလိုအေတြးမ်ိဳး ေသခ်ာေပါက္ ရွိၾကမွာပဲ။"

"ဒါေပမယ့္ စဥ္းစားၾကည့္ၾကပါ။ ဝမ္ရိေပက သူ႔မ်ိဳး႐ိုးကို ေျပာင္းၿပီး ငယ္ငယ္ေလးကတည္းက ဝမ္မိသားစုရဲ႕ သခင္ေလးျဖစ္လာတယ္ေလ။ ႏွစ္သစ္တို႔ တျခား အားလပ္ရက္ေတြမွာေတာင္ ျပန္မလာဘူး။ ရွီယြင္နန္ကၾက ႏိုင္ငံျခားမွာပဲေနေနတယ္။ ဘြဲ႕ရၿပီးတာေတာင္ ရွီမိသားစုကို ကူညီေပးဖို႔ ဘယ္ေတာ့မွ ျပန္မလာဘူးေလ။"

"ဒါမယ့္ ခယ့္ယြဲ႕ကေတာ့ လူအိုႀကီးရွီနဲ႔ပဲ တစ္ႏွစ္ၿပီးတစ္ႏွစ္ ေနေပးခဲ့တယ္။ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက ရွီကုမၸဏီမွာ အလုပ္သင္လုပ္လာခဲ့တာ။ ဒါေတာင္ သူတို႔သားအမိကို အျပင္လူေတြက ေဝဖန္ေနၾကတုန္းပဲ။"

"ကြၽန္မေျပာရမယ္ဆိုရင္၊ လူအိုႀကီးရွီနဲ႔ မစၥတာရွီက အေကာင္းနဲ႔ အဆိုးကို ခြဲျခားႏိုင္တဲ့လူေတြ။ အခုႏွစ္ေတြၾကာၿပီေလ၊ အေမနဲ႔ သားကို လူသိရွင္ၾကား အသိအမွတ္ျပဳေပးဖို႔ အခ်ိန္တန္ၿပီ!"

ရွီးေဝတစ္ေယာက္ ဟန္ေဆာင္ငိုေနခ်ိန္ က်န္းယြင္က မရပ္မနား တတြတ္တြတ္ေျပာေန၏။

ရွီးေဝပုံစံမွာ အလြန္စိတ္မေကာင္းျဖစ္ေနပုံရၿပီး မ်က္ရည္ေတြေတာင္တစ္ေပါက္ၿပီးတစ္ေပါက္ က်လာေတာ့သည္။ "ကြၽန္မကေတာ့ ဒါကို မမွားဘူးလို႔ ထင္တယ္၊ ဒါမယ့္ အနစ္နာဆုံးက ဒီကေလးေလး ခယ့္ယြဲ႕ပါ။ သူ ရွီအိမ္ေတာ္ထဲ စဝင္ကတည္းက ဘယ္ေနရာသြားသြား ေဝဖန္ခံခဲ့ရတယ္။"

ရွီယြင္နန္ မဲ့ၿပဳံးၿပဳံးကာ ခနဲ႔လိုက္သည္။

ဒီအမ်ိဳးသမီးႏွစ္ေယာက္ ပူးေပါင္းသ႐ုပ္ေဆာင္တဲ့ ရႈိးက တကယ္ကို အံ့ဩစရာပဲ။

"သူ႔ဒီလို ေဝဖန္ခံရတာက ခင္ဗ်ားလို မ႐ိုးသားတဲ့ အေမရွိေနလို႔ေလ!"

ရွီယြင္နန္က ေဒါသတႀကီး ျပန္ေျပာလိုက္သည္။ "ရွီးေဝဆိုတဲ့ခင္ဗ်ားက ရွီမိသားစုထဲဝင္ၿပီး အျပင္လူေတြရဲ႕အျမင္မွာ မစၥတာရွီျဖစ္လာေပမယ့္ ခင္ဗ်ားရဲ႕ညစ္ပတ္တဲ့ အတိတ္ကို သန္႔ရွင္းႏိုင္မယ္ထင္ေနတာလား?"

"ခင္ဗ်ားတို႔ ေဖာက္ျပန္ခဲ့တာကို ခင္ဗ်ားေကာင္းေကာင္းႀကီး သိမွာေပါ့။  အခုဒီလိုေတြျဖစ္လာေတာ့၊ ကိုယ့္ကိုယ္ကို ဘယ္လိုchastity arch ဇာတ္မ်ိဳးသြင္းေနတာလဲ?

( chastity archကတ႐ုတ္မွာဆို- မုဆိုးမေတြ ေနာက္အိမ္ေထာင္မျပဳေအာင္ ဟန္႔တားဖို႔ ဒီဓေလ့ကို လုပ္ထားတာပါ၊ ေသသြားတဲ့သူတို႔ေယာက်ာ္းေတြအေပၚ သစၥာရွိေအာင္ပါ၊ ျမန္မာလိုဘယ္လိုေရးရမွန္း မသိလို႔ ဒီတိုင္းပဲ ေရးလိုက္ပါတယ္၊ သိရင္ေျဖေပးသြားပါေနာ္)

"....."

ရွီရွန္းႏွင့္ ရွီးေဝမွာ တၿပိဳင္နက္တည္း ၾကက္ေသေသသြားၾကေတာ့သည္။

ဒီရွက္စရာအလႊာမွာ က်ိဳးေပါက္ေနၿပီး၊ အားလုံး ေဖာက္ထြင္းျမင္ေနရေသာ္လည္း၊ ထိုစကားလုံးမ်ားက ဒီႏွစ္ေတြ အတြင္း၊ သူတို႔ဖုံးထားသည့္ ရွက္စရာကိစၥကို ေပၚတင္ထိုးေဖာက္လာသည္။

ရွီယြင္နန္က ဆက္ေထ့ေငါ့လိုက္သည္။ "အဲ့တုန္းကေတာ့ ဝန္မခံဘဲ အခုမွ အားလုံးကို အသိေပးလိုက္တာက ရွီမိသားစုမ်က္ႏွာမပ်က္ေလာက္ပါဘူးလို႔ ထင္ေနတာမလား?"

ဝမ္ရိေပက ျပက္ရယ္ျပဳကာ ေခါင္းယမ္းရင္း ထိုေမးခြန္းေနာက္ကေန ဆက္ေျပာလာသည္။ "ငါတို႔အေမရင္းက ငါတို႔ ခုနစ္ႏွစ္သားအ႐ြယ္မွာ မထင္မွတ္ဘဲ ဆုံးသြားတယ္။ မင္းတို႔သားအမိက ငါတို႔အိမ္ထဲ ႏွစ္ဝက္အတြင္းဝင္လာတယ္။ ဒါမယ့္ ရွီးခယ့္ယြဲ႕က ငါတို႔ထက္ တစ္ႏွစ္ပဲငယ္တာေလ။"

"ခင္ဗ်ားတို႔ အိမ္ေထာင္ေရးေဖာက္ျပန္လို႔ရလာတဲ့ ရွီမိသားစုေသြးသားမဟုတ္ရင္၊ လူအိုႀကီးက ရွီမိသားစုကို သူ႔ဆီ လႊဲေျပာင္းေပးခ်င္မွာတဲ့လား?"

ရွီယြင္နန္ရဲ႕ ခြၽန္ထက္ေနသည့္ ေမးခြန္းကို ဝမ္ရိေပ၏ ယုတၱိရွိရွိသုံးသပ္ခ်က္ျဖင့္ ေထာက္ပံ့ေပးထားသည္။

တစ္ခ်က္ၾကည့္လိုက္တာနဲ႔တင္၊ ဘယ္သူမွန္ၿပီး ဘယ္သူမွားတယ္ဆိုတာ ရွင္းေနၿပီျဖစ္၏။

တိုးတိုးေျပာေနသည့္ ေဆြးေႏြးသံမ်ားမွာ ပိုမ်ားလာေတာ့

လူအိုႀကီးက တုတ္ေကာက္ကို ေျမျပင္ေပၚ ႐ိုက္ခ်လိုက္ကာ "ေတာ္ေလာက္ၿပီ! ဒီေန႔ပြဲက်င္းပဖို႔ကိုငါသေဘာတူထားတာ! "

သူက ညီအကိုႏွစ္ေယာက္ကို အလြန္စိတ္ပ်က္ေဒါသထြက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ၾကည့္လာသည္။ "အခုက ဘယ္လိုအခ်ိန္မ်ိဳးလဲ? မင္းတို႔ ညီအကိုႏွစ္ေယာက္က ျပႆနာရွာဖို႔ ေရာက္လာၾကတာလား?"

"မင္းတို႔ကို ငါေမးအုံးမယ္။မင္းတို႔က ရွီမိသားစုရဲ႕ ေသြးသားေတြဆိုတာကို မွတ္မိၾကေသးရဲ႕လား?"

"ရိေပကို ေမးစရာမရွိေပမယ့္ ရွီယြင္နန္ မင္းကေကာ? မင္းကေလးဘဝကေန အ႐ြယ္ေရာက္တဲ့အထိ စားေသာက္စရိတ္နဲ႔ အဝတ္စားဖိုးေတြကို ရွီမိသားစုကပဲ ေပးခဲ့တာမဟုတ္ဘူးလား? ဒီလိုမ်က္ျဖဴဝံပုေလြကို ပ်ိဳးေထာင္မိသြားလိမ့္မယ္လို႔ ငါလုံးဝမထင္ထားဘူး!"

"ရွီမိသားစုက ေငြေရးေၾကးေရး အက်ပ္အတည္းျဖစ္ေနခ်ိန္ မင္းတို႔ညီအစ္ကိုႏွစ္ေယာက္ ဘယ္မွာလဲ?"

လူအိုႀကီးမွာ ေတြးေလေတြးေလ ပိုေဒါသထြက္လာေလေလပင္။ ရွီးခယ့္ယြဲ႕က ထိုအခြင့္ေရးကို ျမင္ေတာ့ ဘာစကားမွမေျပာဘဲ ငုံ၍သာ လုအိုႀကီးရဲ႕ေက်ာကုန္းကို ပြတ္ေပးလာသည္။

ဒါကိုျမင္ေတာ့ အဘိုးႀကီးရွီမွာ ေဒါသအနည္းငယ္ ေျပသြား၏။

"က်ိဳးက်ိဳးႏြံႏြံေနတဲ့ ဒီညီအငယ္ဆုံးခယ့္ယြဲ႕နဲ႔ မင္းတို႔အေဖကပဲ ငါ့အလုပ္ေတြကို ကူေပးတာ။ အဲဒါေၾကာင့္ ခယ့္ယြဲ႕ကို ရွီကုမၸဏီမွာ စီမံခန္႔ခြဲဖို႔ ငါလႊဲေျပာင္းေပးခဲ့တာပဲ!"

လူအိုႀကီးရွီက ေဒါသတႀကီးျဖင့္ တုတ္ေကာက္ကိုေျမႇာက္ကာ "ထြက္သြား! အခု ဒီကေန ထြက္သြား! ဒီေန႔ကစၿပီး ရွီမိသားစုက မင္းတို႔ညီအကိုႏွစ္ေယာက္ကို လုံးဝ အသိအမွတ္မျပဳေတာ့ဘူး။ မင္းတို႔လိုေျမးေတြ မရွိခဲ့ဘူးလို႔ ငါသေဘာထားလိုက္မယ္​!"

ထိုစကားကိုၾကားေတာ့ ရွီခယ့္ယြဲ႕ ပါးစပ္ေထာင့္မွာ မသိမသာ အၿပဳံးတစ္ခုေပၚလာ၏။

ပါးစပ္ဟစရာေတာင္မလိုပဲ ဒီၿပိဳင္ပြဲမွာ ႏိုင္သြားတာမို႔ သူအတိုင္းမသိေပ်ာ္ေနတယ္!

လူအိုႀကီးရွီက မ်က္ႏွာပန္းပြင့္တာႀကိဳက္မွန္း ဘယ္သူကမသိဘဲ ေနမွာလဲ?

ရွီရွန္းနဲ႔ ရွီးေဝအရင္ကတည္းက တြဲၿပီး တရားမဝင္သားေမြးခဲ့တာကို ဘယ္သူက မခန္႔မွန္းမိဘဲ ေနမွာလဲ?

ခ်မ္းသာတဲ့သူေတြ၊ ဩဇာအာဏာရွိတဲ့သူေတြရဲ႕ ဆက္ဆံေရးက အၿမဲပရမ္းပတာျဖစ္ေနသလို အၿမဲဂ႐ုစိုက္ရတယ္။ အျဖစ္မွန္ကို  သိေနရင္ေတာင္ သူတို႔ကို သြားေအာ္ေနလို႔မရဘူးေလ။

ဒီလိုျဖစ္သြားတာ အရမ္းေကာင္းသြားၿပီ။

ရွီယြင္နန္နဲ႔ ဝမ္ရိေပကသူတို႔ကိုယ္သူတို႔  လူ႔က်င့္ဝတ္ေတာင္ကုန္းေပၚမွာ ရပ္ၿပီး ရွီမိသားစု မ်က္ႏွာကို ေျမႀကီးမွာ ဖိထားႏိုင္မယ္လို႔ ထင္ေနၾကတယ္။ သူတို႔က လူအိုႀကီးကို ေဒါသထြက္ေအာင္လုပ္မွေတာ့ အခုကစၿပီး ရွီမိသားစု အေမြေတြကို လုံးဝႏႈတ္ဆက္သြားရၿပီေပါ့။

ရွီမိသားစုကုမၸဏီနဲ႔ မိသားစုအေမြေတြသာ သူ႔ဟာျဖစ္ေနသေ႐ြ႕၊ သူ႔မွာ ျငင္းခုံဖို႔ အေၾကာင္းျပခ်က္ရေနအုံးမွာပဲ- အိမ္ေထာင္ေရးေဖာက္ျပန္ၿပီး ရလာတဲ့ကေလးျဖစ္ေတာ့ေကာဘာအေရးလဲ? ကေလးေတြက သူတို႔မိဘေတြကို ေ႐ြးခ်ယ္လို႔မွမရတာ။

လူအိုႀကီး အမိန္႔ကိုၾကားေတာ့ ရွီးေဝက ခ်က္ခ်င္းပင္ ယုံၾကည္ခ်က္အျပည့္ရွိသြားေတာ့သည္။ "စားပြဲထိုး ဘယ္မွာလဲ! လုံၿခဳံေရးအေစာင့္ကို ခ်က္ခ်င္းေခၚလိုက္ၾကစမ္း! သူတို႔ကို ဒီကေန ကန္ထုတ္ပစ္ၾက!"

သူမစကားဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ သူတို႔ေနာက္ကေန တည္ၿငိမ္ေအးေဆးေသာအသံတစ္သံ ထြက္လာသည္။ "အႀကီးအကဲရွီ၊ မင္းကိုတကယ္အရွက္ခြဲတဲ့ သူက ဒီညီအကိုႏွစ္ေယာက္မဟုတ္ဘူး။ အမွန္တရားတစ္ခ်ိဳ႕က ခင္ဗ်ားကိုအေမွာင္ထဲ ခ်ဳပ္ေႏွာင္ထားမွာက္ို ကြၽန္ေတာ္စိုးရိမ္မိတယ္။"

ထိုေနရာရွိ ဧည့္သည္မ်ားမွာ ေရာက္ရွိလာတဲ့သူကိုေတြ႕လိုက္သည္ႏွင့္ခ်က္ခ်င္း အံ့ဩသြားၾကသည္။

ရွီယြင္နန္ ၿပဳံးလိုက္ကာ ေလာ့လင္းရွန္းနား အျမန္ေလွ်ာက္သြားလိုက္၏။ "ဘာလို႔ ဒီေလာက္ၾကာေနတာလဲ!"

"ကားလမ္းေတြ ပိတ္ေနလို႔ ေနာက္က်ေနတာ"

ႏွစ္ေယာက္သား တိတ္တဆိတ္ နားလည္မႈျဖင့္ အၾကည့္ခ်င္းဖလွယ္လိုက္ၾကၿပီး၊ ဧည့္သည့္မ်ားေရွ႕မွာပင္ ထိုစကားမ်ားကို တမင္တကာ က်ယ္က်ယ္ေျပာလိုက္ၾကသည္။

ေလာ့လင္းရွန္းက "အထူးပြဲ" ကိုစီစဥ္ထားတာေၾကာင့္ ေနာက္က်မွ ေရာက္လာတာပင္။

"ေလာမိသားစုေခါင္းေဆာင္က ဘာလို႔ ဒီကိုလာတာလဲ?"

"သူက ဒုတိယသခင္ေလးရွီနဲ႔ ဘယ္လိုဆက္ဆံေရးမ်ိဳးမို႔လဲ? သူ႔ကိုလည္းရွီမိသားစုဝင္လို႔ ေျပာလို႔ရတယ္ေလ။ သူလာတာ ပုံမွန္ပါပဲ။"

"ေနာက္ဆုံးေတာ့ မ်က္ႏွာပန္းပြင့္သြားတာ လူအိုႀကီးရွီပါပဲ။ သူ ဧည့္ခံပြဲမက်င္းပတာ ၾကာၿပီ။ အခုက်င္းပေတာ့လဲ တကယ့္အေကာင္ႀကီးႀကီးကို ဖိတ္ႏိုင္တယ္။"

လူတိုင္း၊ တီးတိုးေျပာေနၾကခ်ိန္မွာပဲ၊ ေလာ့လင္းရွန္းႏွင့္ ရွီယြင္နန္က လူအုပ္အလယ္သို႔ ေလွ်ာက္လာသည္။

"မဖိတ္ဘဲ ေရာက္လာလို႔ ခြင့္လႊတ္ပါ အႀကီးအကဲရွီ" ေလာ့လင္းရွန္း ေလသံထဲတြင္ ေတာင္းပန္သည့္ အရိပ္အႁမြက္လုံးဝ မပါေန။

သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို စဥ္စားမိသြားတဲ့ လူအိုႀကီးရွီတစ္ေယာက္ သူ႔ရဲ႕ေဒါသကို မနည္းမ်ိဳခ်ေနရတာေၾကာင့္ သူ႔မွာအသက္ရွဴပါက်ပ္လာေတာ့သည္။

သူက ယဥ္ယဥ္ေက်းေက်း ေမးလိုက္သည္။ "ေခါင္းေဆာင္ေလာ့ ဘယ္လိုလုပ္ ဒီကိုေရာက္လာတာလဲ?"

"ကြၽန္ေတာ္အိမ္ျပန္တဲ့ အခ်ိန္ဝင္ႀကိဳဖို႔ ယြင္နန္က မွာထားခဲ့လို႔ပါ။"

သူ႔စကားမွာ တည္ၿငိမ္ ေအးေဆးေနေသာ္လည္း တကယ္ေတာ့ ရွီယြင္နန္က သူ႔အကာအကြယ္ေအာက္မွာ ရွိေနတဲ့အေၾကာင္း လူတိုင္းကိုသိေစခ်င္လို႔ပင္။

ေလာ့မိသားစုအဆင့္တန္းက ဘယ္လိုမို႔လို႔လဲ?

ရွီယြင္နန္နဲ႔ ေလာ့လင္းရွန္းဆက္ဆံေရးကေကာ ဘယ္လိုမို႔လို႔လဲ?

ဒီမွာ ေလာ့လင္းရွန္းရွိေနမွေတာ့ ရွီယြင္နန္နဲ႔ ဝမ္ရိေပကို ဘယ္သူက ကန္ထုတ္ရဲေတာ့မွာလဲ?

Continue Reading

You'll Also Like

652K 6.9K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
200K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
71.8K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...