Unicode
ဝမ်ရိပေမှာ ဗိုက်နာနေသည့်ဒဏ်ကို တောင်ခံကာ ရှီယွင်နန်နှင့် စကားပြောပြီးနောက်၊ သူက တဖန်အိပ်ပျော်သွားပြန်သည်။
ရှီယွင်နန် အခန်းထဲက ထွက်လာသောအခါ၊ လော့လင်းရှန်းက ကော်ရစ်တာတွင် တစ်ယောက်တည်းထိုင်နေပြီး သူ့ကိုစောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဆုံသွားကြ၏။ လော့လင်းရှန်းက ရှီယွင်နန်၏ မျက်လုံးရဲရဲလေးကို တွေ့လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။ "ယွင်နန်၊ မင်းအစ်ကိုက ဘာပြောလိုက်လို့လဲ?"
ရှီယွင်နန်က သူ့နားလျှောက်သွားလိုက်ပြီး ကော်ရစ်တာရှိ ခုံတန်းရှည်တွင် ဝင်ထိုင်လိုက်သည်။
"... လော့လင်းရှန်း"
"ကိုယ်ရှိတယ်လေ"
လော့လင်းရှန်းက ဝီးချဲလ်ကို သူ့နဲ့ မျက်နှာချင်းဆိုက်လှည့်လိုက်ပြီး ညင်သာနူးညံ့သည့်အသံလေးနဲ့ မေးလာသည်။ "သုံးနာရီတောင် ထိုးတော့မယ်။ ပင်ပန်းနေပြီလား?"
ရှီယွင်နန် ခေါင်းခါလိုက်သည်။ "ကျွန်တော် မအိပ်ချင်ဘူး။"
အခုလေးတင် ဝမ်ရိပေဆီကနေ အတိတ်ကအကြောင်းတွေ သိလာရတာလေ၊ သူဘယ်လိုလုပ် အိပ်ပျော်နိုင်မှာလဲ?
လော့လင်းရှန်းက အလျင်စလို မမေးလာဘဲ ရှီယွင်နန်နဲ့အတူ အချိန်အတော်ကြာထိ ငြိမ်သက်တိတ်ဆိတ်နေသည်။
ခဏကြာသောအခါ၊ ရှီယွင်နန်က အာရုံကိုပြန်စုစည်းလိုက်ပြီး လော့လင်းရှန်းအား ဖြစ်ခဲ့သမျှအကြောင်းစုံကို ထုတ်ပြောလိုက်သည်။
"... ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားလို့မရတော့ဘူး!"
ရှီယွင်နန် အသက်ပြင်းပြင်းရှူလိုက်၏။ သူ့ရင်ထဲရှိ ထိန်းချုပ်မရသည့် လက်စားချေချင်စိတ်မှာ တလိမ့်လိမ့်တက်တက်လာပြန်သည်။ "အမွေတွေကို စိတ်မဝင်စားရင်တောင် အဲ့သားအမိရခွင့်မပေးနိုင်ဘူး။"
လော့လင်းရှန်းလည်း ရှီယွင်နန်အကြံစည်က မှားယွင်းနေတယ်လို့ မခံစားရ။
ရှင်းရှင်းပြောရရင်၊ ရှီရှန်းအိမ်ထောင်ရေးဖောက်ပြန်တာက ခွင့်လွှတ်ဖို့မထိုက်တန်သလို၊ ရှီးဝေရဲ့လုပ်ရပ်ကလည်း ရှီယွင်နန်နဲ့ ဝမ်ရိပေတို့အမေအပေါ် သွယ်ဝိုက်တဲ့နည်းနဲ့ ထိခိုက်စေခဲ့၏။
ဘယ်ကလေးက ငြိမ်ခံနေနိုင်မှာလဲ?
ထို့ပြင် လူအိုကြီးရှီကလည်း ဒီနှစ်တွေတလျှောက် ရှီးခယ့်ယွဲ့ကို ပေါ်ပေါ်တင်တင်ပဲ မျက်နှာသာပေးခဲ့သည်။ ရှီယွင်နန်နှင့် ဝမ်ရိပေတို့အခုချိန်ထိ သည်းခံနေခဲ့ခြင်းမှာ သူတို့က ကြင်နာတတ်ပြီး သဘောကောင်းနေကြလို့ပင်။
"ကိုယ့် အကူအညီလိုသေးလား?" လော့လင်းရှန်း မေးလိုက်၏။
လော့မိသားစုအတွက်တော့၊ ရှီမိသားစုက အဆီပိတ်နေတဲ့ ကြွက်ကြီးလိုပင်။ အသားတွေရှိနေမယ့် ရှင်းထုတ်ပစ်ဖို့က မခက်။
"မလိုပါဘူး။" ရှီယွင်နန် ခေါင်းခါကာ ငြင်းလိုက်သည်။ "ခင်ဗျားနဲ့ လော့မိသားစု လှုပ်ရှားလိုက်ပြီဆို၊ နောက်၊ ကွယ်ရာမှာ ခင်ဗျားအကြောင်း သွားပုပ်လေလွင့်ပြောဖို့ အကြောင်းပြချက်ရသွားလိမ့်မယ်။"
"အဲ့ဒါတွေက အရေးမကြီးပါဘူး။" လော့လင်းရှန်းက ဒါတွေကို ဂရုစိုက်ပါ။
ရှီယွင်နန်က လော့လင်းရှန်းလက်ချောင်းလေးတွေကို ကစားနေပြီး၊ ဒီလိုလုပ်ဆောင်ချက်ကြောင့်၊ သူ့စိတ်လေးတွေကို တည်ငြိမ်အောင်ကြိုးစားနေရသည်။"သူတို့ ဒီတိုင်းလွယ်လွယ်ဒေဝါလီခံသွားရရင် အရမ်းသက်သာနေမလားလို့ ကျွန်တော် ထင်မိတယ်။"
သူ့မျက်လုံးများက ပြတ်သားနေ၏။ "ကိုယ့်ပိုင်ဆိုင်မှုတွေ တဖြေးဖြေးသိမ်းခံရတာကို ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတာကမှ အနာကျင်ဆုံးလေ။"
ရှီးခယ့်ယွဲ့နဲ့ ရှီးဝေတို့ အနိုင်ရသွားတယ်လို့ သူကထင်စေချင်တာ။ ဒါမယ့် နောက်ဆုံးမှာတော့ သူတို့က ဇကာနဲ့ ရေသယ်သလိုမျိုးဖြစ်သွားမှာလေ။
(*ကြိုးစားသမျှ အချည်းနှီး)
အတွင်းထဲထိ ပုပ်ပွနေတဲ့ လူအိုကြီးရှီ နဲ့ ရှီရှန်းတို့ သားအဖနှစ်ယောက်ကတော့ မျက်နှာသာရတာကိုသဘောကျကြတယ်မလား? အဲ့တော့ သူက လူတိုင်းရဲ့ရှေ့မှာပဲ သူတို့မျက်နှာတွေကို ရွှံ့ထဲနှစ်ပေးရမှာပေါ့။
ရှီယွင်နန်က အနည်းငယ် စိတ်အေးအေးထားပြီး ပြောလိုက်သည်။ "လော့လင်းရှန်း၊ ရှီမိသားစုကိစ္စကို ကျွန်တော်နဲ့ ကျွန်တော့အစ်ကိုဘာသာ ကြည့်ဖြေရှင်းလိုက်ပါမယ်။ ဒီကိစ္စက အမေ့အတွက် နောက်ကျမှ ဆပ်ရတဲ့ အကြွေးလို့လည်း ပြောလို့ရတယ်။"
"ဒါမယ့်လည်း ရှီးဝေနဲ့ ရှီရှန်းကို စောင့်ကြည့်ပြီး အချက်အလက်တွေ ရှာပေးမယ့် လူလိုနေသေးတယ်။"
လော့လင်းရှန်းက ရှီယွင်နန်ဆိုလိုရင်းကို နားလည်ကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ မင်းကို ကူညီပေးဖို့ ယုံကြည်ရတဲ့ လူတချို့ရှာထားဖို့ ချင်ကျန်းကို ပြောလိုက်မယ်။"
"အွန်း။"
...
လဝက်ကြာသော်
အင်ပါယာဟိုတယ်၏ ဧည့်ခန်းကြီးထဲတွင် ခမ်းနားထည်ဝါသည့် ဧည့်ခံပွဲတစ်ခု ကျင်းပနေ၏။
လူအိုကြီးရှီက တုတ်ကောက်ကိုင်ထားရင်း ခန်းမကို အကဲခတ်နေသည်။ လင်းယုန်ကဲ့သို့ စူးရှသည့် သူမျက်လုံးများမှာ ကျေနပ်နေ၏။
ဝတ်စုံပြည့် ဝတ်ထားသည့် ရှီးခယ့်ယွဲ့က သူ့ကို အမြန်နှုတ်ဆက်လာသည်။ "အဘိုး၊ ဘာလို့ စောစောရောက်ချလာတာလဲ?"
"အိမ်မှာလည်း ဘာမှလုပ်စရာမရှိတာနဲ့ စောစောလာကြည့်လိုက်တာ။" လူအိုကြီးရှီက ရှေ့သို့နှစ်လမ်းလှမ်းလိုက်၏။ သူက အသက်ရှစ်ဆယ်ရှိနေပြီဖြစ်သော်လည်း သန်စွမ်းတက်ကြွနေဆဲပင်။
"အဖေ။"
ရှီရှန်းနဲ့ ရှီးဝေက သူ့အားရိုသေလေးစားတဲ့အကြည့်နဲ့ကြည့်လာကြပြီး လက်ချိတ်ထားရင်းလျှောက်လာကြလေသည်။
ရှီးဝေက စိုးရိမ်နေသည့်ပုံဖြင့် ပြုံးလာသည်။ "အဖေ ၊ကြည့်ကြည့်လိုက်ပါအုံး။ ဒီလို စီစဉ်ထားတာကို သဘောကျရဲ့လား? အဖေ ထပ်ထည့်ချင်တာတွေကော ရှိသေးလား? ဧည့်သည်တွေ အများကြီးမရောက်သေးခင်၊ ဟိုတယ်ကလူတွေကို လုပ်ခိုင်းလိုက်မယ်လေ။"
ရှားရှားပါးပါး လူအိုကြီးရှီက ချီးကျူးလာသည်။ "စီစဉ်ထားတာကောင်းပါတယ်။ ဒါက ငါတို့ ရှီမိသားစုက်ို ခမ်းနားထည်ဝါသွားစေတယ်။"
"ဒါကလုပ်သင့်တာပဲလေ။" ရှီးဝေရဲ့ မျက်လုံးများက အနည်းငယ် ဂုဏ်ယူနေသည့် အရိပ်အယောင်ပြလာကာ "ဒီနေ့က ကျွန်မတို့ ရှီမိသားစုရဲ့ နေ့ထူးနေ့မြတ်မလား၊ ကျွန်မ..."
သူမစကားမဆုံးခင်မှာပဲ ရှီးဝေမှာ ရှီးခယ့်ယွဲ့အကြည့်ကြောင့် ပါးစပ်ပိတ်လိုက်ရသည်။
တကယ်တော့၊ ဒီနေ့ ရှီမိသားစုရဲ့ဧည်ခန်းပွဲက ရည်ရွယ်ချက် နှစ်ခုရှိနေသည်-
ပထမတစ်ချက်က ရှီးခယ့်ယွဲ့ဘယ်သူဘယ်ဝါဖြစ်သည်ကို လူသိရှင်ကြား အသိအမှတ်ပြုရန်ဖြစ်ပြီး—
ဒုတိယအချက်အနေဖြင့်၊ လူအိုကြီးရှီက ရှီကုမ္ပဏီအုပ်ချုပ်ရေးကနေ အပြီးပိုင် နှုတ်ထွက်ပြီး၊ သားအဖနှစ်ယောက်ဖြစ်တဲ့ ရှီရှန်းနဲ့ ရှီးခယ့်ယွဲ့ဆီ လွှဲပေးမယ့်အကြောင်းကြေငြာရန်ဖြစ်သည်။
ရှီးဝေ ဒီလို ပင်ပင်ပန်းပန်း ကြိုးစားထားရတဲ့အကြောင်းရင်းက သေချာပေါက် ရှေ့လျှောက် သူမရလာမယ့် ဂုဏ်ဒြပ်တွေကြောင့်ပင်။
တရားဝင် ကြေငြာချက်မထုတ်ခင်အထိ၊ လူအိုကြီးရှီရှေ့မှာ သူမအရမ်း ပျော်ပြနေလို့မဖြစ်ပေ။
သေချာတာပေါ့၊ လူအိုကြီးရှီရဲ့နှုတ်ခမ်းပေါ်ရှိ အပြုံးမှာ ခပ်တန်းတန်းပြန်ဖြစ်သွားပြီး၊ မိသားစုအကြီးအကဲရဲ့ ရှုထောင့်ကနေ ပြောလာသည်။ "ငါက အသက်ကြီးနေပြီမို့ ခယ့်ယွဲ့ကြိုစားလို့ရအောင် နောက်ဆုတ်လိုက်တာ၊ ဒါမယ့် ငါကြိုတော့ပြောထားမယ်"
"မင်းတို့သားအဖ ရာထူးကို အပိုင်သိမ်းပြီး မဆင်မခြင်တွေလုပ်လာရင်တော့ ငါဘာမှပေးမှာမဟုတ်ဘူး။"
ရှီမိသားစုရဲ့ ပိုင်ဆိုင်မှုအများစုမှာ သူ့လက်ထဲတွင် ရှိနေသေးတယ်ဆိုတာကို သူက ဆိုလိုချင်တာပင်။
ရှီးဝေက သူ့ယောကျာ်းနဲ့ သားကို လှမ်းကြည့်ကာ အမြန် ပြုံးလိုက်သည်။ "အဖေကလဲ ဘာတွေပြောနေတာလဲ? ကျွန်မတို့က အဖေ့ကိုမှ မရိုသေရင် ဘယ်သူ့ကို ရိုသေရမှာလဲ? အဖေသိပါတယ်၊ သူတို့နှစ်ယောက်က အဖေ့တာဝန်တွေကို ခွဲယူနေကြတာလေ၊ အရေးကြီး ကိစ္စတစ်ခုခုရှိလာရင်၊ အဖေကသာ ဆုံးဖြတ်ချက်ချရမယ့်သူပါ။"
လူအိုကြီးရှီက ရှီးဝေ တမင်မြှောက်ပြောနေမှန်း သိသော်လည်း၊ သူက မျက်လုံးတစ်ဖက်မှိတ်ကာ လက်ခံပေးချင်နေသည်။
"ခယ့်ယွဲ့၊ မင်းအရင်တခေါက်က ငါ့ကိုမပြောဘဲ ရင်းနှီးမြှုပ်နှံတဲ့ ကိစ္စမှာ အမှားလုပ်ခဲ့တယ်။ နောက်ဆို၊ ရှီကုမ္ပဏီက အလုပ်တွေပဲ လိမ်လိမ်မာမာလုပ်၊ ရှုပ်ထွေးတဲ့ ရင်းနှီးမြှုပ်နှံတာတွေမလုပ်နဲ့တော့။"
သူအမြင်မှာတော့၊ ရှီကုမ္ပဏီက သူတည်ဆောက်ခဲ့သည့် အင်ပါယာဖြစ်၏။ ကောင်းကောင်းလည်ပတ်နိုင်သရွေ့၊ သူ့သားသမီးမြေးမြစ်တွေကနေ မျိုးဆက်ပေါင်းများစွာအထိ သုံးနိုင်လိမ့်မယ်။
ထိုစကားကိုကြားသောအခါ ရှီးခယ့်ယွဲ့က ချက်ချင်းပင် နာနာခံခံဖြင့် တုံ့ပြန်လာသည်။ "အဘိုး၊ ကျွန်တော်သိပါတယ်၊ ကျွန်တော် အမှားတွေ ထပ်မလုပ်တော့ပါဘူး။"
အရင်တခေါက် အလှကုန်ရဲ့ဒုက္ခမှာ အလွန်ကြီးသွားတာကြောင့်၊ နောက်ကွယ်က သူဌေးဖြစ်တဲ့ ရှီးခယ့်ယွဲ့တစ်ယောက် ထောင်ကျလုနီးနီးပင်။ လူအိုကြီးရှီကသာ သူ့ကို ထုတ်နိုင်ဖို့ အဆက်သွယ်တွေရှာခဲ့ရသည်။
ဆုံးရှုံးသွားတဲ့ ငွေတွေအတွက်တော့ ရှီးခယ့်ယွဲ့က နည်းမျိုးစုံဖြင့် လူအိုကြီးအား ဖြောင်းဖျခဲ့သည်။ မိသားစုဆိုတဲ့ မေတ္တာကြောင့်၊ တစ်ဖက်လူက မျက်တောင်တစ်ချက်မျှ မခတ်ဘဲ သူ့လျော်ကြေးတွေကို ကူဆပ်ပေးခဲ့သည်။
ကြည့်ရတာ သူ့ကိုယ်ပိုင်ဘဏ်စာအုပ်ထဲမှာ တော်တော်ရှိတဲ့ပုံပဲ။
ဒီကိစ္စတွေကြောင့် သူက လူအိုကြီးရှေ့မှာ လိမ်မာပြနေရပြီး မြေးဝတ္တရားတွေ လုပ်ပေးနေခဲ့ရတယ်။
ဘာလို့ဆို၊ သူလိုချင်တာက ရှီကုမ္ပဏီအပြင်၊ လူအိုကြီးရှီ နှစ်ပေါင်းများစွာကြာ စုလာတဲ့ ပိုင်ဆိုင်မှုတွေကြောင့်ပဲ!
ရှီးခယ့်ယွဲ့က သူ့အတွေးတွေကို ဖယ်လိုက်ကာ၊ ပြောလာသည်။ "အဘိုး၊ ဘေးနားက ခန်းမထဲမှာ သီးသန့် အခန်းရှိတယ်။ ခဏနောက် သွားနားနေလိုက်ပါလား? ပွဲစဖို့ အချိန်လိုသေးတယ်။"
"ကောင်းပြီလေ။" လူအိုကြီးရှီက ခေါင်းညိတ်ကာ ရုတ်တရက် အခြားကိစ္စကို မေးလာသည်။ "ဒီဧည့်ခံပွဲအကြောင်း ကျေးဇူးကန်းတဲ့ ညီအစ်ကိုနှစ်ယောက်ကိုကော ပြောထားသေးလား?"
ဒီမေးခွန်းကိုကြားတော့ ရှီးရှန်းက ခေါင်းခါလာကာ အင်တင်တင်နဲ့ ပြောလာသည်။ "ရိပေက ကျွန်တော်တို့မိသားစုနဲ့ ဆက်သွယ်ဖို့ အမြဲငြင်းနေခဲ့တာလေ။ ဝမ်မိသားစုဆီ ဖိတ်စာပို့လိုက်ရင်တောင် မစ္စတာဝမ်က ဆုတ်ဖြဲပစ်လိုက်မှာပဲ။ "
"ယွင်နန်ကတော့ သူလာရင် အဖေစိတ်ညစ်မှာစိုးလို့ ၊ အဲ့ဒါကြောင့် ..."
ရှီးရှန်းက စကားကို တုံ့တုံ့ဆိုင်းဆိုင်းပြောနေ၏။ သူက သူအမွှာသားတွေအပေါ် အပြစ်ရှိစိတ်ရှိခဲ့သော်လည်း
ရှီးဝေက သူ့ကို ညတိုင်း ဆွဲဆောင်နေခဲ့တာကြောင့်၊ အချိန်ကြာလာသည်နှင့်အမျှ၊ သူနဲ့ သဘောထားမတူသည့် သားနှစ်ယောက်ကို ပိုပိုပြီး လျစ်လျူရှုထားမိခဲ့သည်။
နောက်၊ သူအသက်ကြီးလာရင် သူ့ကို ကူညီစောင့်ရှောက်ပေးမယ့် ရှီးခယ့်ယွဲ့ရှိတာကြောင့် သူ့မှာစိတ်အေးသွားသလိုခံစားမိလေသည်။
"မလာရင် ပိုကောင်းတယ်။"
လူအိုကြီးရှီက အေးစက်စက် တုံ့ပြန်လာသည်။
ကျောက်နဲ့လုပ်ထားတဲ့ နှလုံးသားက တခြားဟာတွေထက် ပိုမာတယ်တဲ့။
အကြီးဆုံးမြေး၊ ဝမ်ရိပေက ဝမ်မိသားစုမှာပဲ နှစ်တွေအကြာကြီးနေနေပြီး မပြန်ချင်လာတော့ဘူး။ သူက ရှီမိသားစုသွေးသားဆိုတာကိုတောင် မေ့နေပြီ။
ရှီယွင်နန်က ပိုဆိုး။ အစတုန်းကလည်း ရှီမိသားစု မတော်တဆဖြစ်တော့ မကူညီပေးချင်ခဲ့ဘူး။ နောက်၊ သူက လော့လင်းရှန်းနဲ့ ပေါင်းပြီး မိသားစုအရေးမကူညီဘဲ သူ့ကိုယ်သူဘယ်လိုပျော်ပျော်နေရမလဲဆိုတာကိုပဲ သိတယ်။
ညီအကိုနှစ်ယောက်စလုံးက တံတောင်ဆစ်လည်နေတဲ့ မျက်ဖြူဝံပါလွေတွေပဲ။ သူတို့က လုံးဝ အလားအလာ မကောင်းဘူး!
(တံတောင်ဆစ်လည်- အပြင်လူအရေးဦးစားပေးပြီး၊ မိသားစုအရေးကို ဂရုမစိုက်တဲ့လူမျိုး)
ရှီးခယ့်ယွဲ့ နှင့် ရှီးဝေက တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ အမေနဲ့သားမှာ အတွေးတူကြပြီး စိတ်ထဲကျေနပ်နေကြသည်။
"အဖေ၊ ထိုင်ဖို့ ကျွန်တော်လိုက်ပို့ပေးမယ်လေ"
"ကောင်းပြီ။"
ရှီရှန်း လူအိုကြီးရှီနှင့်အတူ သီးသန့်ခန်းထဲ ဝင်သွားပြီးနောက်၊ ရင်းနှီးနေသည့် လူတစ်ယောက်က ဝင်လာသည်။
ရှီးခယ့်ယွဲ့တစ်ယောက် လော့ယန်ချွမ်း မျက်နှာပေါ်ရှိ ရွှတ်နောက်နောက် အကြည့်ကိုတွေ့လိုက်ရ၏။ သူက ရှန်ပိန်နှစ်ခွက်ကို အရင်ယူကာ ပြောလာသည်။ "မား၊ ကျွန်တော့်သူငယ်ချင်းရောက်လာလို့ ကျွန်တော် သူနဲ့ သွားစကားပြောလိုက်အုံးမယ်။ မား အရင်ဆုံး ဧည့်သည်တွေကို ဧည့်ခံနေလိုက်အုံး။"
ရှီးဝေ သူ့သားကြည့်ရာသို့ လှမ်းကြည့်လိုက်တော့ သူမ လော့ယန်ချွမ်းကိုမြင်လိုက်ကာ မှတ်မိသွားသည်။ "လော့ယန်ချွမ်း? သူနဲ့ ဘယ်လိုသိတာလဲ?"
"ရှောင်ယွဲ့၊ နောက်မှ မားသတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့နော်။ သူက လူရှူပ်လူပွေ။ ဒို့တွေ ကောင်စုတ်လေးရှီယွင်နန်ကို သူနဲ့လက်ထပ်ခိုင်းပြီး ဒုက္ခပေးမလို့လုပ်ခဲ့တာမဟုတ်ဘူးလား? မင်း..."
"မား၊ ကျွန်တော် ဘာလုပ်နေမှန်း ကျွန်တော်သိတယ်။"
ရှီးခယ့်ယွဲ့က သူ့အမေရဲ့ အမေးစကားတွေကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် ပြန်တုံ့ပြန်လိုက်သည်။
ရှီးဝေမှာ သူ့သားရဲ့ နောက်ကျောလေးကို စိုက်ကြည့်ရင်း၊ ဘာကြောင့်မှန်းမသိ သူမစွန့်ပစ်ခံလိုက်ရသလို ခံစားလိုက်မိလေသည်။
သူမ မျက်မှောင်ကြုတ်လိုက်ပြီး မညည်းတွားဘဲမနေနိုင်တော့။ "ဒီကလေးက စိန်လည်ဆွဲကိစ္စကို စိတ်ဆိုးနေတုန်းလား? ငါလည်း သူပိုက်ဆံတွေရအောင် မကူညီခဲ့လို့လား?"
သူမအမြင်မှာတော့ မစ္စကျောက်ကသာ၊ ဟန်လုပ်ပြီး ဇီဇာကြောင်နေတာလေ။
ဆွဲကြိုးအတုဖြစ်တော့ကော ဘာဖြစ်လဲ? စျေးသုံးလေးသန်း တန်က မလုံလောက်သေးဘူးလား?
ရှီးခယ့်ယွဲ့ကတော့ သူ့အမေ ဘာတွေတွေးနေမှန်း မသိ။ သူက ကြိုသတိမပေးဘဲ ပေါ်လာသည့် လော့ ယန်ချွမ်းဆီသို့သာ တည့်တည့်လျှောက်သွားလိုက်သည်။ သူက သူ့လက်ထဲက ရှန်ပိန်ကို ကမ်းပေးကာ အရင်စပြောလိုက်လေသည်။ "သခင်လေးလော့လာမယ်လို့ မထင်ထားဘူး။"
သူ့အသံက တိုးညှင်းပြီးပေါ့ပေါ့ပါးပါးဖြစ်နေသော်လည်း၊ လူကိုတမင်တကာ လက်သည်းနဲ့ကုတ်ခြစ်နေသလိုမျိုးပင်။
"ဒီနေ့က တတိယသခင်လေးအတွက် နေ့ထူးနေ့မြတ်ပဲဟာ မလာဘဲ နေလို့ရမလား?" လော့ယန်ချွမ်းက ရှန်ပိန်ကိုယူရင်း၊ ရှီးခယ့်ယွဲ့ရဲ့ လက်ခုံလေးကို တမင်တကာ ပွတ်သပ်လိုက်သေးသည်။
ရှီးခယ့်ယွဲ့က ပြုံးကာ မသိမသာ မျက်ရိပ်မျက်ခြေပြလာသည်။ "ဒီမှာ လူတွေအများကြီးရှိနေတယ်၊ တခြားနေရာမှာ သွားပြောကြာတာပေါ့။"
"ကောင်းပြီလေ။"
နှစ်ယောက်သား အခြားတစ်ဖက်ရှိ နားနေခန်းထဲသို့ အမြန်ဝင်သွားလိုက်ပြီး၊ တံခါးပိတ်လိုက်သည်နှင့် သူတို့ရဲ့ တကယ့်ရုပ်အစစ်မှန်ကို ပြသလာသည်။
ရှီးခယ့်ယွဲ့က ပုံမှန်ပြုံးနေကြ သဘောကောင်းသည့် အပြုံးကို ဖယ်ရှားလိုက်ပြီး ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်နေလိုက်၏။ "ပြော၊ မစ္စဖန်းနဲ့ ပူးပေါင်းမယ့်ကိစ္စကို ဘာလို့ ရှောင်နေတာလဲ?"
"သခင်လေးလော့က အဲ့ကလေးမလေး မော့ရွှမ်ချီကိုတောင် မကိုင်တွယ်နိုင်ဘူးလား?"
လော့ယန်ချွမ်းက ပြန်ချေပလာသည်။ "သူနဲ့ ဘာမှ မဆိုင်ဘူး၊ ဖန်းလေလံပွဲက မင်းရဲ့ အသိမိတ်ဆွေဟောင်းတွေနဲ့ ပူးပေါင်းလိုက်တာမို့လိုပဲ။"
"အသိမိတ်ဆွေဟောင်းတွေ? ရှီယွင်နန်နဲ့ ယွမ်ရွေ့လား?"
လော့ယန်ချွမ်းက သူ့နားတိုးလာပြီး၊ ဆိုဖာပေါ်တွင် ထိုင်ကာ ရှီးခယ့်ယွဲ့နား တစ်ဝက်မှီလာသည်။ "ကိုယ်မှတ်မိတာ မှန်ရင်၊ ယွမ်ရွေ့က မင်းရဲ့ သူငယ်ချင်းကောင်းမလား? ဘယ်လိုလုပ် ရှီယွင်နန်ဘက် ပါသွားတာလဲ?"
ရှီးခယ့်ယွဲ့မှာ သူ့လက်ထဲက ဝိုင်ဖန်ခွက်ကို တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။ "ဘာလို့ သူ့နာမည်က ပါလာရတာလဲ?"
"ရှီယွင်နန်နဲ့ ဖန်းက ပူးပေါင်းပြီးနေပြီ။ ကိုယ်သာ အလောတကြီး ပူးပေါင်းဖို့ သွားပြောရင် ဒီသတင်းက လော့လင်းရှန်းနားထဲ ကျိန်းသေပေါက်ရောက်သွားမှာပဲ။"
လောယန်ချွမ်းက ထိုနာမည်ကိုထုတ်ပြောလာသည့်အခါ သူမျက်နှာက ခဏတာ အကျည်းတန်သွားသည်-
"မြက်ထဲမွှေပြီး မြွေကို ခြောက်ဖို့အတွက် ကိုယ်ပစ်မှတ်ပြောင်းမှဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဖန်းမိသားစုအပြင် ပြည်တွင်းမှာ အခြားလေလံအိမ်တွေရှိနေသေးတာပဲ။ မင်း ကုကျွယ်နဲ့ ပေါင်းထုတ်ခဲ့တဲ့ ကျောက်စိမ်း အတု အစစ်လက်ဝတ်ရတနာတွေကို အခြားလေလံပွဲသေးသေးလေးတွေမှာ ရောင်းလို့ရတာပဲလေ။"
ရှီခယ့်ယွဲ့က သူ့အကြံကို သိပ်သဘောမတူတာကြောင့်၊ မျက်မှောင်ကြုတ်လိုက်သည်။
"စိတ်မပူပါနဲ့၊ တခြားလေလံပွဲတွေမှာ ရတဲ့ အမြတ်က ဖန်းလောက် မကောင်းပေမယ့် ဖောက်သည်တွေရဲ့ အဆက်အသွယ်က မညံ့ပါဘူး။"
"လေလံပွဲသေးသေးလေးတွေမှာ ပါတဲ့သူအများစုက အညတရတွေချည်းပဲ။ ဘယ်လိုလုပ် အစစ်နဲ့ အတုခွဲနိုင်တဲ့ အရည်အချင်းတွေရှိနေနိုင်မှာလဲ? ခါတိုင်းလိုပဲ ပိုက်ဆံရှာလို့ရတယ်။"
နောက်တမျိုးပြောရရင်၊ အန္တရာယ်ရှိတဲ့အလားအလာနည်းလေ ပိုကောင်းလေပဲ။
ရှီးခယ့်ယွဲ့က ခဏလောက်စဉ်းစားနေပြီး သူကပြောလာသည်။ "ဒါဆို ခင်ဗျား တာဝန်ယူလိုက်။ ကျွန်တော်က ဒီနေ့ကစပြီး ရှီမိသားစုကို နည်းနည်း အာရုံစိုက်နေရအုံးမှာ။ လူအိုကြီး သံသယဝင်သွားမှာစိုးလို့ အပြင်ကိစ္စတွေ ကိုင်တွယ်လို့မရသေးဘူး။"
သူစကားပြောနေစဉ်မှာပဲ လော့ယန်ချွမ်းက သူ့ပုခုံးကို ဖက်လာကာ "တတိယသခင်လေးရှီရဲ့ အချစ်တွေက လျော့လာသလားလို့? ကိုယ်တို့ မတွေ့ဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ?"
ဝိုင်ခွက်နှစ်ခွက် တိုက်မိသွားပြီး၊ နှစ်လိုဖွယ်ကောင်းသည့် အသံလေးထွက်လာသည်။
ရှီးခယ့်ယွဲ့က အေးစက်စက် နှာမှုတ်လိုက်ပြီး ဝိုင်ကို သောက်လိုက်၏။ "အခု တွေ့နေတာပဲ မဟုတ်ဘူးလား? သခင်လေးလော့၊ ပန်းတိုင်ကို မမေ့ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့က မဟာမိတ်တွေဆိုမှတော့ ကျွန်တော်တစ်ယောက်တည်းကပဲ ဖြည့်ဆည်းကူညီပေးနေရတယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ "
အလှကုန် ဖြစ်စဉ်အပြီးတွင်၊ သူတို့နှစ်ယောက်က လုံး၀ လက်တွဲခဲ့ကြ၏။ သာမန်ကာလျှံပြောရရင်၊ နှစ်ဦးနှစ်ဖက်ရဲ အသုံးချမှုကို "f*ck buddy" ဆက်ဆံရေးဖြင့် ဖုံးကွယ်ထားတာပင်။
အခု သူတို့က တစ်ယောက်နဲ့ တစ်ယောက် အကျိုးမြတ်ပေးနေတာမို့၊ ပူးပေါင်းနေတဲ့တလျှောက် ရုပ်ပိုင်းဆိုင်ရာ သာယာမှုအတွက် ဖြည့်ဆည်းပေးဖို့ ဆန္ဒရှိကြသည်။
အနာဂတ်မှာကော?
ပိုက်ဆံနဲ့ အာဏာထက် ပိုခိုင်မာတဲ့ မဟာမိတ်ဆိုတာမရှိဘူးလေ။
"ရှီကုမ္ပဏီကတော့ ကျွန်တော့ အိတ်ထဲ ရောက်နေပြီ။ သခင်လေးလော့ကကော မစ္စတာလော့ကို ဘယ်အချိန်တိုက်ခိုက်ဖို့ စဉ်းစားထားလဲ? "
"ပုရွက်ဆိတ်အစုလိုက်ပေါင်းရင် မိုင်တစ်ထောင်လောက်ရှိတဲ့ ရေကာတာတောင်ကျိုးနိုင်တယ်တဲ့။ အကောင်ကြီးကြီးကို ဆွဲချဖို့ သေချာပေါက် အခြားအကောင်ကြီးတစ်ကောင် ဝင်လာဖို့ လိုတာပေါ့။"
လော့ယန်ချွမ်းက ဖန်ခွက်ကို ယမ်းကာ
"သိပ်မကြာခင် အဲနေ့ရောက်လာတော့မှာပါ။"
Zawgyi
ဝမ္ရိေပမွာ ဗိုက္နာေနသည့္ဒဏ္ကို ေတာင္ခံကာ ရွီယြင္နန္ႏွင့္ စကားေျပာၿပီးေနာက္၊ သူက တဖန္အိပ္ေပ်ာ္သြားျပန္သည္။
ရွီယြင္နန္ အခန္းထဲက ထြက္လာေသာအခါ၊ ေလာ့လင္းရွန္းက ေကာ္ရစ္တာတြင္ တစ္ေယာက္တည္းထိုင္ေနၿပီး သူ႔ကိုေစာင့္ဆိုင္းေနသည္ကို ေတြ႕လိုက္ရသည္။
ႏွစ္ေယာက္သား တစ္ေယာက္နဲ႔ တစ္ေယာက္ အၾကည့္ခ်င္း ဆုံသြားၾက၏။ ေလာ့လင္းရွန္းက ရွီယြင္နန္၏ မ်က္လုံးရဲရဲေလးကို ေတြ႕လိုက္ေသာအခါ မ်က္ေမွာင္ၾကဳတ္သြားသည္။ "ယြင္နန္၊ မင္းအစ္ကိုက ဘာေျပာလိုက္လို႔လဲ?"
ရွီယြင္နန္က သူ႔နားေလွ်ာက္သြားလိုက္ၿပီး ေကာ္ရစ္တာရွိ ခုံတန္းရွည္တြင္ ဝင္ထိုင္လိုက္သည္။
"... ေလာ့လင္းရွန္း"
"ကိုယ္ရွိတယ္ေလ"
ေလာ့လင္းရွန္းက ဝီးခ်ဲလ္ကို သူ႔နဲ႔ မ်က္ႏွာခ်င္းဆိုက္လွည့္လိုက္ၿပီး ညင္သာႏူးညံ့သည့္အသံေလးနဲ႔ ေမးလာသည္။ "သုံးနာရီေတာင္ ထိုးေတာ့မယ္။ ပင္ပန္းေနၿပီလား?"
ရွီယြင္နန္ ေခါင္းခါလိုက္သည္။ "ကြၽန္ေတာ္ မအိပ္ခ်င္ဘူး။"
အခုေလးတင္ ဝမ္ရိေပဆီကေန အတိတ္ကအေၾကာင္းေတြ သိလာရတာေလ၊ သူဘယ္လိုလုပ္ အိပ္ေပ်ာ္ႏိုင္မွာလဲ?
ေလာ့လင္းရွန္းက အလ်င္စလို မေမးလာဘဲ ရွီယြင္နန္နဲ႔အတူ အခ်ိန္အေတာ္ၾကာထိ ၿငိမ္သက္တိတ္ဆိတ္ေနသည္။
ခဏၾကာေသာအခါ၊ ရွီယြင္နန္က အာ႐ုံကိုျပန္စုစည္းလိုက္ၿပီး ေလာ့လင္းရွန္းအား ျဖစ္ခဲ့သမွ်အေၾကာင္းစုံကို ထုတ္ေျပာလိုက္သည္။
"... ဒီကိစၥကို ဒီအတိုင္းလႊတ္ထားလို႔မရေတာ့ဘူး!"
ရွီယြင္နန္ အသက္ျပင္းျပင္းရွဴလိုက္၏။ သူ႔ရင္ထဲရွိ ထိန္းခ်ဳပ္မရသည့္ လက္စားေခ်ခ်င္စိတ္မွာ တလိမ့္လိမ့္တက္တက္လာျပန္သည္။ "အေမြေတြကို စိတ္မဝင္စားရင္ေတာင္ အဲ့သားအမိရခြင့္မေပးႏိုင္ဘူး။"
ေလာ့လင္းရွန္းလည္း ရွီယြင္နန္အႀကံစည္က မွားယြင္းေနတယ္လို႔ မခံစားရ။
ရွင္းရွင္းေျပာရရင္၊ ရွီရွန္းအိမ္ေထာင္ေရးေဖာက္ျပန္တာက ခြင့္လႊတ္ဖို႔မထိုက္တန္သလို၊ ရွီးေဝရဲ႕လုပ္ရပ္ကလည္း ရွီယြင္နန္နဲ႔ ဝမ္ရိေပတို႔အေမအေပၚ သြယ္ဝိုက္တဲ့နည္းနဲ႔ ထိခိုက္ေစခဲ့၏။
ဘယ္ကေလးက ၿငိမ္ခံေနႏိုင္မွာလဲ?
ထို႔ျပင္ လူအိုႀကီးရွီကလည္း ဒီႏွစ္ေတြတေလွ်ာက္ ရွီးခယ့္ယြဲ႕ကို ေပၚေပၚတင္တင္ပဲ မ်က္ႏွာသာေပးခဲ့သည္။ ရွီယြင္နန္ႏွင့္ ဝမ္ရိေပတို႔အခုခ်ိန္ထိ သည္းခံေနခဲ့ျခင္းမွာ သူတို႔က ၾကင္နာတတ္ၿပီး သေဘာေကာင္းေနၾကလို႔ပင္။
"ကိုယ့္ အကူအညီလိုေသးလား?" ေလာ့လင္းရွန္း ေမးလိုက္၏။
ေလာ့မိသားစုအတြက္ေတာ့၊ ရွီမိသားစုက အဆီပိတ္ေနတဲ့ ႂကြက္ႀကီးလိုပင္။ အသားေတြရွိေနမယ့္ ရွင္းထုတ္ပစ္ဖို႔က မခက္။
"မလိုပါဘူး။" ရွီယြင္နန္ ေခါင္းခါကာ ျငင္းလိုက္သည္။ "ခင္ဗ်ားနဲ႔ ေလာ့မိသားစု လႈပ္ရွားလိုက္ၿပီဆို၊ ေနာက္၊ ကြယ္ရာမွာ ခင္ဗ်ားအေၾကာင္း သြားပုပ္ေလလြင့္ေျပာဖို႔ အေၾကာင္းျပခ်က္ရသြားလိမ့္မယ္။"
"အဲ့ဒါေတြက အေရးမႀကီးပါဘူး။" ေလာ့လင္းရွန္းက ဒါေတြကို ဂ႐ုစိုက္ပါ။
ရွီယြင္နန္က ေလာ့လင္းရွန္းလက္ေခ်ာင္းေလးေတြကို ကစားေနၿပီး၊ ဒီလိုလုပ္ေဆာင္ခ်က္ေၾကာင့္၊ သူ႔စိတ္ေလးေတြကို တည္ၿငိမ္ေအာင္ႀကိဳးစားေနရသည္။"သူတို႔ ဒီတိုင္းလြယ္လြယ္ေဒဝါလီခံသြားရရင္ အရမ္းသက္သာေနမလားလို႔ ကြၽန္ေတာ္ ထင္မိတယ္။"
သူ႔မ်က္လုံးမ်ားက ျပတ္သားေန၏။ "ကိုယ့္ပိုင္ဆိုင္မႈေတြ တေျဖးေျဖးသိမ္းခံရတာကို ဘာမွမလုပ္ႏိုင္ဘဲ လက္ပိုက္ၾကည့္ေနရတာကမွ အနာက်င္ဆုံးေလ။"
ရွီးခယ့္ယြဲ႕နဲ႔ ရွီးေဝတို႔ အႏိုင္ရသြားတယ္လို႔ သူကထင္ေစခ်င္တာ။ ဒါမယ့္ ေနာက္ဆုံးမွာေတာ့ သူတို႔က ဇကာနဲ႔ ေရသယ္သလိုမ်ိဳးျဖစ္သြားမွာေလ။
(*ႀကိဳးစားသမွ် အခ်ည္းႏွီး)
အတြင္းထဲထိ ပုပ္ပြေနတဲ့ လူအိုႀကီးရွီ နဲ႔ ရွီရွန္းတို႔ သားအဖႏွစ္ေယာက္ကေတာ့ မ်က္ႏွာသာရတာကိုသေဘာက်ၾကတယ္မလား? အဲ့ေတာ့ သူက လူတိုင္းရဲ႕ေရွ႕မွာပဲ သူတို႔မ်က္ႏွာေတြကို ႐ႊံ႕ထဲႏွစ္ေပးရမွာေပါ့။
ရွီယြင္နန္က အနည္းငယ္ စိတ္ေအးေအးထားၿပီး ေျပာလိုက္သည္။ "ေလာ့လင္းရွန္း၊ ရွီမိသားစုကိစၥကို ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့အစ္ကိုဘာသာ ၾကည့္ေျဖရွင္းလိုက္ပါမယ္။ ဒီကိစၥက အေမ့အတြက္ ေနာက္က်မွ ဆပ္ရတဲ့ အေႂကြးလို႔လည္း ေျပာလို႔ရတယ္။"
"ဒါမယ့္လည္း ရွီးေဝနဲ႔ ရွီရွန္းကို ေစာင့္ၾကည့္ၿပီး အခ်က္အလက္ေတြ ရွာေပးမယ့္ လူလိုေနေသးတယ္။"
ေလာ့လင္းရွန္းက ရွီယြင္နန္ဆိုလိုရင္းကို နားလည္ကာ ေခါင္းညိတ္လိုက္သည္။ "ေကာင္းၿပီ၊ မင္းကို ကူညီေပးဖို႔ ယုံၾကည္ရတဲ့ လူတခ်ိဳ႕ရွာထားဖို႔ ခ်င္က်န္းကို ေျပာလိုက္မယ္။"
"အြန္း။"
...
လဝက္ၾကာေသာ္
အင္ပါယာဟိုတယ္၏ ဧည့္ခန္းႀကီးထဲတြင္ ခမ္းနားထည္ဝါသည့္ ဧည့္ခံပြဲတစ္ခု က်င္းပေန၏။
လူအိုႀကီးရွီက တုတ္ေကာက္ကိုင္ထားရင္း ခန္းမကို အကဲခတ္ေနသည္။ လင္းယုန္ကဲ့သို႔ စူးရွသည့္ သူမ်က္လုံးမ်ားမွာ ေက်နပ္ေန၏။
ဝတ္စုံျပည့္ ဝတ္ထားသည့္ ရွီးခယ့္ယြဲ႕က သူ႔ကို အျမန္ႏႈတ္ဆက္လာသည္။ "အဘိုး၊ ဘာလို႔ ေစာေစာေရာက္ခ်လာတာလဲ?"
"အိမ္မွာလည္း ဘာမွလုပ္စရာမရွိတာနဲ႔ ေစာေစာလာၾကည့္လိုက္တာ။" လူအိုႀကီးရွီက ေရွ႕သို႔ႏွစ္လမ္းလွမ္းလိုက္၏။ သူက အသက္ရွစ္ဆယ္ရွိေနၿပီျဖစ္ေသာ္လည္း သန္စြမ္းတက္ႂကြေနဆဲပင္။
"အေဖ။"
ရွီရွန္းနဲ႔ ရွီးေဝက သူ႔အား႐ိုေသေလးစားတဲ့အၾကည့္နဲ႔ၾကည့္လာၾကၿပီး လက္ခ်ိတ္ထားရင္းေလွ်ာက္လာၾကေလသည္။
ရွီးေဝက စိုးရိမ္ေနသည့္ပုံျဖင့္ ၿပဳံးလာသည္။ "အေဖ ၊ၾကည့္ၾကည့္လိုက္ပါအုံး။ ဒီလို စီစဥ္ထားတာကို သေဘာက်ရဲ႕လား? အေဖ ထပ္ထည့္ခ်င္တာေတြေကာ ရွိေသးလား? ဧည့္သည္ေတြ အမ်ားႀကီးမေရာက္ေသးခင္၊ ဟိုတယ္ကလူေတြကို လုပ္ခိုင္းလိုက္မယ္ေလ။"
ရွားရွားပါးပါး လူအိုႀကီးရွီက ခ်ီးက်ဴးလာသည္။ "စီစဥ္ထားတာေကာင္းပါတယ္။ ဒါက ငါတို႔ ရွီမိသားစုက္ို ခမ္းနားထည္ဝါသြားေစတယ္။"
"ဒါကလုပ္သင့္တာပဲေလ။" ရွီးေဝရဲ႕ မ်က္လုံးမ်ားက အနည္းငယ္ ဂုဏ္ယူေနသည့္ အရိပ္အေယာင္ျပလာကာ "ဒီေန႔က ကြၽန္မတို႔ ရွီမိသားစုရဲ႕ ေန႔ထူးေန႔ျမတ္မလား၊ ကြၽန္မ..."
သူမစကားမဆုံးခင္မွာပဲ ရွီးေဝမွာ ရွီးခယ့္ယြဲ႕အၾကည့္ေၾကာင့္ ပါးစပ္ပိတ္လိုက္ရသည္။
တကယ္ေတာ့၊ ဒီေန႔ ရွီမိသားစုရဲ႕ဧည္ခန္းပြဲက ရည္႐ြယ္ခ်က္ ႏွစ္ခုရွိေနသည္-
ပထမတစ္ခ်က္က ရွီးခယ့္ယြဲ႕ဘယ္သူဘယ္ဝါျဖစ္သည္ကို လူသိရွင္ၾကား အသိအမွတ္ျပဳရန္ျဖစ္ၿပီး—
ဒုတိယအခ်က္အေနျဖင့္၊ လူအိုႀကီးရွီက ရွီကုမၸဏီအုပ္ခ်ဳပ္ေရးကေန အၿပီးပိုင္ ႏႈတ္ထြက္ၿပီး၊ သားအဖႏွစ္ေယာက္ျဖစ္တဲ့ ရွီရွန္းနဲ႔ ရွီးခယ့္ယြဲ႕ဆီ လႊဲေပးမယ့္အေၾကာင္းေၾကျငာရန္ျဖစ္သည္။
ရွီးေဝ ဒီလို ပင္ပင္ပန္းပန္း ႀကိဳးစားထားရတဲ့အေၾကာင္းရင္းက ေသခ်ာေပါက္ ေရွ႕ေလွ်ာက္ သူမရလာမယ့္ ဂုဏ္ျဒပ္ေတြေၾကာင့္ပင္။
တရားဝင္ ေၾကျငာခ်က္မထုတ္ခင္အထိ၊ လူအိုႀကီးရွီေရွ႕မွာ သူမအရမ္း ေပ်ာ္ျပေနလို႔မျဖစ္ေပ။
ေသခ်ာတာေပါ့၊ လူအိုႀကီးရွီရဲ႕ႏႈတ္ခမ္းေပၚရွိ အၿပဳံးမွာ ခပ္တန္းတန္းျပန္ျဖစ္သြားၿပီး၊ မိသားစုအႀကီးအကဲရဲ႕ ရႈေထာင့္ကေန ေျပာလာသည္။ "ငါက အသက္ႀကီးေနၿပီမို႔ ခယ့္ယြဲ႕ႀကိဳစားလို႔ရေအာင္ ေနာက္ဆုတ္လိုက္တာ၊ ဒါမယ့္ ငါႀကိဳေတာ့ေျပာထားမယ္"
"မင္းတို႔သားအဖ ရာထူးကို အပိုင္သိမ္းၿပီး မဆင္မျခင္ေတြလုပ္လာရင္ေတာ့ ငါဘာမွေပးမွာမဟုတ္ဘူး။"
ရွီမိသားစုရဲ႕ ပိုင္ဆိုင္မႈအမ်ားစုမွာ သူ႔လက္ထဲတြင္ ရွိေနေသးတယ္ဆိုတာကို သူက ဆိုလိုခ်င္တာပင္။
ရွီးေဝက သူ႔ေယာက်ာ္းနဲ႔ သားကို လွမ္းၾကည့္ကာ အျမန္ ၿပဳံးလိုက္သည္။ "အေဖကလဲ ဘာေတြေျပာေနတာလဲ? ကြၽန္မတို႔က အေဖ့ကိုမွ မ႐ိုေသရင္ ဘယ္သူ႔ကို ႐ိုေသရမွာလဲ? အေဖသိပါတယ္၊ သူတို႔ႏွစ္ေယာက္က အေဖ့တာဝန္ေတြကို ခြဲယူေနၾကတာေလ၊ အေရးႀကီး ကိစၥတစ္ခုခုရွိလာရင္၊ အေဖကသာ ဆုံးျဖတ္ခ်က္ခ်ရမယ့္သူပါ။"
လူအိုႀကီးရွီက ရွီးေဝ တမင္ေျမႇာက္ေျပာေနမွန္း သိေသာ္လည္း၊ သူက မ်က္လုံးတစ္ဖက္မွိတ္ကာ လက္ခံေပးခ်င္ေနသည္။
"ခယ့္ယြဲ႕၊ မင္းအရင္တေခါက္က ငါ့ကိုမေျပာဘဲ ရင္းႏွီးျမႇဳပ္ႏွံတဲ့ ကိစၥမွာ အမွားလုပ္ခဲ့တယ္။ ေနာက္ဆို၊ ရွီကုမၸဏီက အလုပ္ေတြပဲ လိမ္လိမ္မာမာလုပ္၊ ရႈပ္ေထြးတဲ့ ရင္းႏွီးျမႇဳပ္ႏွံတာေတြမလုပ္နဲ႔ေတာ့။"
သူအျမင္မွာေတာ့၊ ရွီကုမၸဏီက သူတည္ေဆာက္ခဲ့သည့္ အင္ပါယာျဖစ္၏။ ေကာင္းေကာင္းလည္ပတ္ႏိုင္သေ႐ြ႕၊ သူ႔သားသမီးေျမးျမစ္ေတြကေန မ်ိဳးဆက္ေပါင္းမ်ားစြာအထိ သုံးႏိုင္လိမ့္မယ္။
ထိုစကားကိုၾကားေသာအခါ ရွီးခယ့္ယြဲ႕က ခ်က္ခ်င္းပင္ နာနာခံခံျဖင့္ တုံ႔ျပန္လာသည္။ "အဘိုး၊ ကြၽန္ေတာ္သိပါတယ္၊ ကြၽန္ေတာ္ အမွားေတြ ထပ္မလုပ္ေတာ့ပါဘူး။"
အရင္တေခါက္ အလွကုန္ရဲ႕ဒုကၡမွာ အလြန္ႀကီးသြားတာေၾကာင့္၊ ေနာက္ကြယ္က သူေဌးျဖစ္တဲ့ ရွီးခယ့္ယြဲ႕တစ္ေယာက္ ေထာင္က်လုနီးနီးပင္။ လူအိုႀကီးရွီကသာ သူ႔ကို ထုတ္ႏိုင္ဖို႔ အဆက္သြယ္ေတြရွာခဲ့ရသည္။
ဆုံးရႈံးသြားတဲ့ ေငြေတြအတြက္ေတာ့ ရွီးခယ့္ယြဲ႕က နည္းမ်ိဳးစုံျဖင့္ လူအိုႀကီးအား ေျဖာင္းဖ်ခဲ့သည္။ မိသားစုဆိုတဲ့ ေမတၱာေၾကာင့္၊ တစ္ဖက္လူက မ်က္ေတာင္တစ္ခ်က္မွ် မခတ္ဘဲ သူ႔ေလ်ာ္ေၾကးေတြကို ကူဆပ္ေပးခဲ့သည္။
ၾကည့္ရတာ သူ႔ကိုယ္ပိုင္ဘဏ္စာအုပ္ထဲမွာ ေတာ္ေတာ္ရွိတဲ့ပုံပဲ။
ဒီကိစၥေတြေၾကာင့္ သူက လူအိုႀကီးေရွ႕မွာ လိမ္မာျပေနရၿပီး ေျမးဝတၱရားေတြ လုပ္ေပးေနခဲ့ရတယ္။
ဘာလို႔ဆို၊ သူလိုခ်င္တာက ရွီကုမၸဏီအျပင္၊ လူအိုႀကီးရွီ ႏွစ္ေပါင္းမ်ားစြာၾကာ စုလာတဲ့ ပိုင္ဆိုင္မႈေတြေၾကာင့္ပဲ!
ရွီးခယ့္ယြဲ႕က သူ႔အေတြးေတြကို ဖယ္လိုက္ကာ၊ ေျပာလာသည္။ "အဘိုး၊ ေဘးနားက ခန္းမထဲမွာ သီးသန႔္ အခန္းရွိတယ္။ ခဏေနာက္ သြားနားေနလိုက္ပါလား? ပြဲစဖို႔ အခ်ိန္လိုေသးတယ္။"
"ေကာင္းၿပီေလ။" လူအိုႀကီးရွီက ေခါင္းညိတ္ကာ ႐ုတ္တရက္ အျခားကိစၥကို ေမးလာသည္။ "ဒီဧည့္ခံပြဲအေၾကာင္း ေက်းဇူးကန္းတဲ့ ညီအစ္ကိုႏွစ္ေယာက္ကိုေကာ ေျပာထားေသးလား?"
ဒီေမးခြန္းကိုၾကားေတာ့ ရွီးရွန္းက ေခါင္းခါလာကာ အင္တင္တင္နဲ႔ ေျပာလာသည္။ "ရိေပက ကြၽန္ေတာ္တို႔မိသားစုနဲ႔ ဆက္သြယ္ဖို႔ အၿမဲျငင္းေနခဲ့တာေလ။ ဝမ္မိသားစုဆီ ဖိတ္စာပို႔လိုက္ရင္ေတာင္ မစၥတာဝမ္က ဆုတ္ၿဖဲပစ္လိုက္မွာပဲ။ "
"ယြင္နန္ကေတာ့ သူလာရင္ အေဖစိတ္ညစ္မွာစိုးလို႔ ၊ အဲ့ဒါေၾကာင့္ ..."
ရွီးရွန္းက စကားကို တုံ႔တုံ႔ဆိုင္းဆိုင္းေျပာေန၏။ သူက သူအမႊာသားေတြအေပၚ အျပစ္ရွိစိတ္ရွိခဲ့ေသာ္လည္း
ရွီးေဝက သူ႔ကို ညတိုင္း ဆြဲေဆာင္ေနခဲ့တာေၾကာင့္၊ အခ်ိန္ၾကာလာသည္ႏွင့္အမွ်၊ သူနဲ႔ သေဘာထားမတူသည့္ သားႏွစ္ေယာက္ကို ပိုပိုၿပီး လ်စ္လ်ဴရႈထားမိခဲ့သည္။
ေနာက္၊ သူအသက္ႀကီးလာရင္ သူ႔ကို ကူညီေစာင့္ေရွာက္ေပးမယ့္ ရွီးခယ့္ယြဲ႕ရွိတာေၾကာင့္ သူ႔မွာစိတ္ေအးသြားသလိုခံစားမိေလသည္။
"မလာရင္ ပိုေကာင္းတယ္။"
လူအိုႀကီးရွီက ေအးစက္စက္ တုံ႔ျပန္လာသည္။
ေက်ာက္နဲ႔လုပ္ထားတဲ့ ႏွလုံးသားက တျခားဟာေတြထက္ ပိုမာတယ္တဲ့။
အႀကီးဆုံးေျမး၊ ဝမ္ရိေပက ဝမ္မိသားစုမွာပဲ ႏွစ္ေတြအၾကာႀကီးေနေနၿပီး မျပန္ခ်င္လာေတာ့ဘူး။ သူက ရွီမိသားစုေသြးသားဆိုတာကိုေတာင္ ေမ့ေနၿပီ။
ရွီယြင္နန္က ပိုဆိုး။ အစတုန္းကလည္း ရွီမိသားစု မေတာ္တဆျဖစ္ေတာ့ မကူညီေပးခ်င္ခဲ့ဘူး။ ေနာက္၊ သူက ေလာ့လင္းရွန္းနဲ႔ ေပါင္းၿပီး မိသားစုအေရးမကူညီဘဲ သူ႔ကိုယ္သူဘယ္လိုေပ်ာ္ေပ်ာ္ေနရမလဲဆိုတာကိုပဲ သိတယ္။
ညီအကိုႏွစ္ေယာက္စလုံးက တံေတာင္ဆစ္လည္ေနတဲ့ မ်က္ျဖဴဝံပါေလြေတြပဲ။ သူတို႔က လုံးဝ အလားအလာ မေကာင္းဘူး!
(တံေတာင္ဆစ္လည္- အျပင္လူအေရးဦးစားေပးၿပီး၊ မိသားစုအေရးကို ဂ႐ုမစိုက္တဲ့လူမ်ိဳး)
ရွီးခယ့္ယြဲ႕ ႏွင့္ ရွီးေဝက တစ္ေယာက္နဲ႔ တစ္ေယာက္ အၾကည့္ခ်င္းဖလွယ္လိုက္ၾက၏။ အေမနဲ႔သားမွာ အေတြးတူၾကၿပီး စိတ္ထဲေက်နပ္ေနၾကသည္။
"အေဖ၊ ထိုင္ဖို႔ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ"
"ေကာင္းၿပီ။"
ရွီရွန္း လူအိုႀကီးရွီႏွင့္အတူ သီးသန႔္ခန္းထဲ ဝင္သြားၿပီးေနာက္၊ ရင္းႏွီးေနသည့္ လူတစ္ေယာက္က ဝင္လာသည္။
ရွီးခယ့္ယြဲ႕တစ္ေယာက္ ေလာ့ယန္ခြၽမ္း မ်က္ႏွာေပၚရွိ ႐ႊတ္ေနာက္ေနာက္ အၾကည့္ကိုေတြ႕လိုက္ရ၏။ သူက ရွန္ပိန္ႏွစ္ခြက္ကို အရင္ယူကာ ေျပာလာသည္။ "မား၊ ကြၽန္ေတာ့္သူငယ္ခ်င္းေရာက္လာလို႔ ကြၽန္ေတာ္ သူနဲ႔ သြားစကားေျပာလိုက္အုံးမယ္။ မား အရင္ဆုံး ဧည့္သည္ေတြကို ဧည့္ခံေနလိုက္အုံး။"
ရွီးေဝ သူ႔သားၾကည့္ရာသို႔ လွမ္းၾကည့္လိုက္ေတာ့ သူမ ေလာ့ယန္ခြၽမ္းကိုျမင္လိုက္ကာ မွတ္မိသြားသည္။ "ေလာ့ယန္ခြၽမ္း? သူနဲ႔ ဘယ္လိုသိတာလဲ?"
"ေရွာင္ယြဲ႕၊ ေနာက္မွ မားသတိမေပးဘူးဆိုၿပီး အျပစ္မတင္နဲ႔ေနာ္။ သူက လူရွဴပ္လူေပြ။ ဒို႔ေတြ ေကာင္စုတ္ေလးရွီယြင္နန္ကို သူနဲ႔လက္ထပ္ခိုင္းၿပီး ဒုကၡေပးမလို႔လုပ္ခဲ့တာမဟုတ္ဘူးလား? မင္း..."
"မား၊ ကြၽန္ေတာ္ ဘာလုပ္ေနမွန္း ကြၽန္ေတာ္သိတယ္။"
ရွီးခယ့္ယြဲ႕က သူ႔အေမရဲ႕ အေမးစကားေတြကို ဂ႐ုမစိုက္ဘဲ ေပါ့ေပါ့တန္တန္ ျပန္တုံ႔ျပန္လိုက္သည္။
ရွီးေဝမွာ သူ႔သားရဲ႕ ေနာက္ေက်ာေလးကို စိုက္ၾကည့္ရင္း၊ ဘာေၾကာင့္မွန္းမသိ သူမစြန္႔ပစ္ခံလိုက္ရသလို ခံစားလိုက္မိေလသည္။
သူမ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မညည္းတြားဘဲမေနႏိုင္ေတာ့။ "ဒီကေလးက စိန္လည္ဆြဲကိစၥကို စိတ္ဆိုးေနတုန္းလား? ငါလည္း သူပိုက္ဆံေတြရေအာင္ မကူညီခဲ့လို႔လား?"
သူမအျမင္မွာေတာ့ မစၥေက်ာက္ကသာ၊ ဟန္လုပ္ၿပီး ဇီဇာေၾကာင္ေနတာေလ။
ဆြဲႀကိဳးအတုျဖစ္ေတာ့ေကာ ဘာျဖစ္လဲ? ေစ်းသုံးေလးသန္း တန္က မလုံေလာက္ေသးဘူးလား?
ရွီးခယ့္ယြဲ႕ကေတာ့ သူ႔အေမ ဘာေတြေတြးေနမွန္း မသိ။ သူက ႀကိဳသတိမေပးဘဲ ေပၚလာသည့္ ေလာ့ ယန္ခြၽမ္းဆီသို႔သာ တည့္တည့္ေလွ်ာက္သြားလိုက္သည္။ သူက သူ႔လက္ထဲက ရွန္ပိန္ကို ကမ္းေပးကာ အရင္စေျပာလိုက္ေလသည္။ "သခင္ေလးေလာ့လာမယ္လို႔ မထင္ထားဘူး။"
သူ႔အသံက တိုးညႇင္းၿပီးေပါ့ေပါ့ပါးပါးျဖစ္ေနေသာ္လည္း၊ လူကိုတမင္တကာ လက္သည္းနဲ႔ကုတ္ျခစ္ေနသလိုမ်ိဳးပင္။
"ဒီေန႔က တတိယသခင္ေလးအတြက္ ေန႔ထူးေန႔ျမတ္ပဲဟာ မလာဘဲ ေနလို႔ရမလား?" ေလာ့ယန္ခြၽမ္းက ရွန္ပိန္ကိုယူရင္း၊ ရွီးခယ့္ယြဲ႕ရဲ႕ လက္ခုံေလးကို တမင္တကာ ပြတ္သပ္လိုက္ေသးသည္။
ရွီးခယ့္ယြဲ႕က ၿပဳံးကာ မသိမသာ မ်က္ရိပ္မ်က္ေျချပလာသည္။ "ဒီမွာ လူေတြအမ်ားႀကီးရွိေနတယ္၊ တျခားေနရာမွာ သြားေျပာၾကာတာေပါ့။"
"ေကာင္းၿပီေလ။"
ႏွစ္ေယာက္သား အျခားတစ္ဖက္ရွိ နားေနခန္းထဲသို႔ အျမန္ဝင္သြားလိုက္ၿပီး၊ တံခါးပိတ္လိုက္သည္ႏွင့္ သူတို႔ရဲ႕ တကယ့္႐ုပ္အစစ္မွန္ကို ျပသလာသည္။
ရွီးခယ့္ယြဲ႕က ပုံမွန္ၿပဳံးေနၾက သေဘာေကာင္းသည့္ အၿပဳံးကို ဖယ္ရွားလိုက္ၿပီး ဆိုဖာေပၚတြင္ သက္ေတာင့္သက္သာ ထိုင္ေနလိုက္၏။ "ေျပာ၊ မစၥဖန္းနဲ႔ ပူးေပါင္းမယ့္ကိစၥကို ဘာလို႔ ေရွာင္ေနတာလဲ?"
"သခင္ေလးေလာ့က အဲ့ကေလးမေလး ေမာ့႐ႊမ္ခ်ီကိုေတာင္ မကိုင္တြယ္ႏိုင္ဘူးလား?"
ေလာ့ယန္ခြၽမ္းက ျပန္ေခ်ပလာသည္။ "သူနဲ႔ ဘာမွ မဆိုင္ဘူး၊ ဖန္းေလလံပြဲက မင္းရဲ႕ အသိမိတ္ေဆြေဟာင္းေတြနဲ႔ ပူးေပါင္းလိုက္တာမို႔လိုပဲ။"
"အသိမိတ္ေဆြေဟာင္းေတြ? ရွီယြင္နန္နဲ႔ ယြမ္ေ႐ြ႕လား?"
ေလာ့ယန္ခြၽမ္းက သူ႔နားတိုးလာၿပီး၊ ဆိုဖာေပၚတြင္ ထိုင္ကာ ရွီးခယ့္ယြဲ႕နား တစ္ဝက္မွီလာသည္။ "ကိုယ္မွတ္မိတာ မွန္ရင္၊ ယြမ္ေ႐ြ႕က မင္းရဲ႕ သူငယ္ခ်င္းေကာင္းမလား? ဘယ္လိုလုပ္ ရွီယြင္နန္ဘက္ ပါသြားတာလဲ?"
ရွီးခယ့္ယြဲ႕မွာ သူ႔လက္ထဲက ဝိုင္ဖန္ခြက္ကို တင္းတင္း ဆုပ္ကိုင္လိုက္မိ၏။ "ဘာလို႔ သူ႔နာမည္က ပါလာရတာလဲ?"
"ရွီယြင္နန္နဲ႔ ဖန္းက ပူးေပါင္းၿပီးေနၿပီ။ ကိုယ္သာ အေလာတႀကီး ပူးေပါင္းဖို႔ သြားေျပာရင္ ဒီသတင္းက ေလာ့လင္းရွန္းနားထဲ က်ိန္းေသေပါက္ေရာက္သြားမွာပဲ။"
ေလာယန္ခြၽမ္းက ထိုနာမည္ကိုထုတ္ေျပာလာသည့္အခါ သူမ်က္ႏွာက ခဏတာ အက်ည္းတန္သြားသည္-
"ျမက္ထဲေမႊၿပီး ေႁမြကို ေျခာက္ဖို႔အတြက္ ကိုယ္ပစ္မွတ္ေျပာင္းမွျဖစ္မယ္။ ဘာပဲျဖစ္ျဖစ္ ဖန္းမိသားစုအျပင္ ျပည္တြင္းမွာ အျခားေလလံအိမ္ေတြရွိေနေသးတာပဲ။ မင္း ကုကြၽယ္နဲ႔ ေပါင္းထုတ္ခဲ့တဲ့ ေက်ာက္စိမ္း အတု အစစ္လက္ဝတ္ရတနာေတြကို အျခားေလလံပြဲေသးေသးေလးေတြမွာ ေရာင္းလို႔ရတာပဲေလ။"
ရွီခယ့္ယြဲ႕က သူ႔အႀကံကို သိပ္သေဘာမတူတာေၾကာင့္၊ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"စိတ္မပူပါနဲ႔၊ တျခားေလလံပြဲေတြမွာ ရတဲ့ အျမတ္က ဖန္းေလာက္ မေကာင္းေပမယ့္ ေဖာက္သည္ေတြရဲ႕ အဆက္အသြယ္က မညံ့ပါဘူး။"
"ေလလံပြဲေသးေသးေလးေတြမွာ ပါတဲ့သူအမ်ားစုက အညတရေတြခ်ည္းပဲ။ ဘယ္လိုလုပ္ အစစ္နဲ႔ အတုခြဲႏိုင္တဲ့ အရည္အခ်င္းေတြရွိေနႏိုင္မွာလဲ? ခါတိုင္းလိုပဲ ပိုက္ဆံရွာလို႔ရတယ္။"
ေနာက္တမ်ိဳးေျပာရရင္၊ အႏၲရာယ္ရွိတဲ့အလားအလာနည္းေလ ပိုေကာင္းေလပဲ။
ရွီးခယ့္ယြဲ႕က ခဏေလာက္စဥ္းစားေနၿပီး သူကေျပာလာသည္။ "ဒါဆို ခင္ဗ်ား တာဝန္ယူလိုက္။ ကြၽန္ေတာ္က ဒီေန႔ကစၿပီး ရွီမိသားစုကို နည္းနည္း အာ႐ုံစိုက္ေနရအုံးမွာ။ လူအိုႀကီး သံသယဝင္သြားမွာစိုးလို႔ အျပင္ကိစၥေတြ ကိုင္တြယ္လို႔မရေသးဘူး။"
သူစကားေျပာေနစဥ္မွာပဲ ေလာ့ယန္ခြၽမ္းက သူ႔ပုခုံးကို ဖက္လာကာ "တတိယသခင္ေလးရွီရဲ႕ အခ်စ္ေတြက ေလ်ာ့လာသလားလို႔? ကိုယ္တို႔ မေတြ႕ျဖစ္တာ ဘယ္ေလာက္ၾကာသြားၿပီလဲ?"
ဝိုင္ခြက္ႏွစ္ခြက္ တိုက္မိသြားၿပီး၊ ႏွစ္လိုဖြယ္ေကာင္းသည့္ အသံေလးထြက္လာသည္။
ရွီးခယ့္ယြဲ႕က ေအးစက္စက္ ႏွာမႈတ္လိုက္ၿပီး ဝိုင္ကို ေသာက္လိုက္၏။ "အခု ေတြ႕ေနတာပဲ မဟုတ္ဘူးလား? သခင္ေလးေလာ့၊ ပန္းတိုင္ကို မေမ့ဖို႔ပဲ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔က မဟာမိတ္ေတြဆိုမွေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္းကပဲ ျဖည့္ဆည္းကူညီေပးေနရတယ္ဆိုတာ မျဖစ္သင့္ဘူးေလ။ "
အလွကုန္ ျဖစ္စဥ္အၿပီးတြင္၊ သူတို႔ႏွစ္ေယာက္က လုံး၀ လက္တြဲခဲ့ၾက၏။ သာမန္ကာလွ်ံေျပာရရင္၊ ႏွစ္ဦးႏွစ္ဖက္ရဲ အသုံးခ်မႈကို "f*ck buddy" ဆက္ဆံေရးျဖင့္ ဖုံးကြယ္ထားတာပင္။
အခု သူတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ အက်ိဳးျမတ္ေပးေနတာမို႔၊ ပူးေပါင္းေနတဲ့တေလွ်ာက္ ႐ုပ္ပိုင္းဆိုင္ရာ သာယာမႈအတြက္ ျဖည့္ဆည္းေပးဖို႔ ဆႏၵရွိၾကသည္။
အနာဂတ္မွာေကာ?
ပိုက္ဆံနဲ႔ အာဏာထက္ ပိုခိုင္မာတဲ့ မဟာမိတ္ဆိုတာမရွိဘူးေလ။
"ရွီကုမၸဏီကေတာ့ ကြၽန္ေတာ့ အိတ္ထဲ ေရာက္ေနၿပီ။ သခင္ေလးေလာ့ကေကာ မစၥတာေလာ့ကို ဘယ္အခ်ိန္တိုက္ခိုက္ဖို႔ စဥ္းစားထားလဲ? "
"ပု႐ြက္ဆိတ္အစုလိုက္ေပါင္းရင္ မိုင္တစ္ေထာင္ေလာက္ရွိတဲ့ ေရကာတာေတာင္က်ိဳးႏိုင္တယ္တဲ့။ အေကာင္ႀကီးႀကီးကို ဆြဲခ်ဖို႔ ေသခ်ာေပါက္ အျခားအေကာင္ႀကီးတစ္ေကာင္ ဝင္လာဖို႔ လိုတာေပါ့။"
ေလာ့ယန္ခြၽမ္းက ဖန္ခြက္ကို ယမ္းကာ
"သိပ္မၾကာခင္ အဲေန႔ေရာက္လာေတာ့မွာပါ။"