Unicode
မိုးလင်းသည်ထိ နှစ်ယောက်သား ကြင်ကြင်နာနာပွေ့ဖက်ရင်း စကားစမြည်ပြောနေကြ၏။ ထိုမှသာ ရှီယွင်နန်တစ်ယောက် ငိုက်မျဉ်းလာတော့လေသည်။
သူနိုးလာတော့ ညနေငါးနာရီတောင်ထိုးနေပြီဖြစ်၏။
ရှီယွင်နန်မှာ ခါးနာမပျောက်သေးတာကို အောင့်အည်းရင်း ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် တံခါးခေါက်သံကိုကြားလိုက်ရလေသည်။
"ရှောင်ရှူးရှူး!"
ချိုသာပြီး ချွဲအီနေတဲ့ အသံလေးကြောင့် တံခါးခေါက်လာသူမှာ သူ့ရဲ့ချစ်စရာပေါင်ပေ့လေးမှန်း သူတပ်အပ်ပြောနိုင်သည်။
ရှီယွင်နန် တံခါးဖွင့်လိုက်တော့ ရွှေငါးလေးက ကိတ်မုန့်သေးသေးလေးကို ကိုင်ထားလေသည်။
"ရှောင်ရှုးရှူး သားဆုရလာတယ်"
"ဒီနေ့ ဘာလို့ ကျောင်းအစောကြီးဆင်းတာလဲ? ဖိုးဖိုးချင် ဝယ်လာပေးတာလား?"
ရွှေငါးလေးက ကိတ်မုန့်လေးကို လက်နှစ်ဖက်ဖြင့် ကိုင်လာပြီး ဆိုဖာဘေးရှိ ကော်ဖီစားပွဲနားဆီပြေးသွားသည်။ "ဒီနေ့က ကျူရှင်ပိတ်ရက်လေ။ သားတော်လို့ဆိုပြီး ကျောင်းကဆရာမက ဒီကိတ်မုန့်လေးကို ဆုချတာ။"
ရှီယွင်နန်လည်း ဆိုဖာဆီနား လျှောက်သွားလိုက်ကာ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။
ရွှေငါးလေးက ကိတ်မုန့်ဘူးလေးကိုဖွင့်ပြီး ခက်ရင်းနှင့်ယူလိုက်ကာ ရှီယွင်နန်ပါးစပ်နားဆီ ဂရုတစိုက်သယ်ပေးလာသည်။ "ရှောင်ရှူးရှူး၊ အာ~"
ရှီယွင်နန်ရဲ့ နှလုံးသားလေးမှာ သူ့ရဲ့ချစ်စဖွယ်အမူယာလေးကြောင့် ပျော့ခွေ့သွားရပြီး သူက အမြန်ပူးပေါင်းလိုက်သည်။ "ကျေးဇူးပါပေါင်ပေ့"
"စားကောင်းလား?" ရွှေငါးလေးက မျှော်လင့်တကြီးမေးလာသည်။
"အရမ်းစားကောင်းတယ်။"
သူအိပ်နေတာကြောင့် မနက်စာနဲ့နေ့လည်စာလွတ်သွားကာ အခုချိန် အရမ်းဗိုက်ဆာနေသည်။
ရှီယွင်နန်က သူ့ဘေးနားရှိ နေရာလွတ်လေးကို ပုတ်လိုက်ပြီး ရွှေငါးလေးကို ထိုင်ခိုင်းလိုက်၏။ သူက ကိတ်မုန့်သေးသေးလေးကို ကောက်ယူလိုက်ကာ
"တူတူစားကြမလား?"
"ဟုတ် ဟုတ်!"
ရွှေငါးလေးက ရှီယွင်နန်ဆီ ခက်ရင်းကမ်းပေးလာပြီး သူ့ပါးစပ်လေးကို ဟလာသည်။ "အာ—"
ရှီယွင်နန်က သေချာပေါက် ကလေးနဲ့ ပြိုင်လုစားနေမယ့်သူမဟုတ်။ သူက ကိတ်မုန့်တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ပေးလိုက်သည်။
ရွှေငါးလေးက ကျေကျေနပ်နပ်ကြီး စားနေရင်း သူ့လည်ပင်းကို စူးစူးဝါးဝါးစိုက်ကြည့်လာသည်။
"...ရှောင်ရှုးရှုး၊ ဒီနားမှာ ဘာလို့အရမ်းနီနေတာလဲ?"
ရှီယွင်နန်က ကော်ဖီစားပွဲရဲ့ရောင်ပြန်မှန်ကိုသုံးကာ သူညွှန်ပြရာနေရာသို့ ကြည့်လိုက်၏။ သို့သော် ရုတ်တရက် သူဘာပြောရမှန်းမသိတော့။
အခန်းထဲမှာ နည်းနည်းပူနေတာကြောင့် လည်ပင်းသိပ်မဖုံးတဲ့ အင်္ကျီကို ရှာဝတ်မိခဲ့သည်။ ရလဒ်အနေနဲ့၊ မနေ့ညက မရေမရာသဲလွန်စအချို့မှာ အတော်လေး ပေါ်လွင်နေလေသည်။
လော့လင်းရှန်း ဘယ်တုန်းက လုပ်သွားတာလဲ? သူဘာလို့ မသိလိုက်တာလဲ?
"ခြင်ကိုက်တာပါကွ။ ခဏလေးနဲ့ ပျောက်သွားမှာ။" ရှီယွင်နန်က ရွှေငါးလေးပါးစပ်ထဲ ကိတ်မုန့်လေးထည့်ကျွေးလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
ရွှေငါးလေးက ခေါင်းညိတ်ပြလာပြီး၊ ရုတ်တရက် အိပ်ခန်းတစ်ဝိုက်ကို လိုက်ကြည့်နေ၏။
ရှီယွင်နန်ကတော့ သူတခြားအတွေးတွေ တွေးနေမှာစိုးရိမ်သွားပြီး ချက်ချင်းပဲ ဖြတ်မေးလိုက်သည်။
"ရွှေငါးလေးက ဘာကိုကြည့်နေတာလဲ?"
"ရှူးရှုးထလာတုန်းကလည်း ခြင်ကိုက်တာဆိုပြီး ပြောခဲ့လို့။"
ရွှေငါးလေးက ဒီစကားကို သေချာပေါက် ယုံကြည်ထားပြီး သူ့မျက်လုံးများက အခန်းတွင်းရှိ ခြင်များကို ရှာနေသည်။ "ကြောက်စရာကြီး!"
"....."
ရှီယွင်နန်က နောက်ဆုံးကိတ်မုန့်အပိုင်းလေးကို သူ့ပါးစပ်ထဲ တိတ်တဆိတ်ထည့်ပေးလိုက်သည်။
အင်း၊ မနေ့ညတုန်းက တကယ် ကြောက်စရာကောင်းခဲ့တာ။
ရွှေငါးလေးရဲ့ အာရုံမှာ အပြောင်းအလဲမြန်လွန်း၏။ သူက "ခြင်" အကြောင်းကို ခဏမေ့ထားကာ၊ ရှီယွင်နန်ကို စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းပြောရန် သတိရသွားသည်။
"ရှောင်ရှူးရှူး၊ သားမနေ့ညက လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ထားတယ်။"
"ဘာများတုန်းကွ?"
"မနေ့ညက သားရေချိုးပြီးတော့ ဓာတ်ဘူးဆင်းယူရင်း အန်ကယ်ယွမ် နဲ့ အန်ကယ်ချင်တို့နှစ်ယောက် ထမင်းစား စားပွဲမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ရှောင်ရှုးရှုးနဲ့ ရှုးရှူးတော့မရှိဘူး။"
ရှီယွင်နန် ထိုအချိန်လောက်က ကိစ္စတွေကို ပြန်စဉ်းစားကြည့်လိုက်သည်။ သူနှင့် လော့လင်းရှန်း အခန်းထဲဝင်သွားပြီး၊ ချင်ကျန်းအိမ်သာကနေ ထွက်လာတဲ့အချိန်ဖြစ်နိုင်လေသည်။
သူက ကော်ဖီစားပွဲပေါ်ရှိ ရေကိုတစ်ငုံသောက်လိုက်ပြီး ရွှေငါးလေးကို စိတ်ဝင်တစားကြည့်လိုက်သည်။
"အိုး၊ သူတို့ ဘာဖြစ်ကြလို့လဲ?"
"အန်ကယ်ယွမ်နဲ့ အန်ကယ်ချင်က တစ်ယောက်နဲ့ညတစ်ယောက် အရမ်းပူးကပ်နေတာ၊ ပြီးတော့ အန်ကယ်ယွမ်က အန်ကယ်ချင်ကို ချီးကျူးနေတာ..." ရွှေငါးလေးက သူ့ခေါင်းလေးကိုကုတ်ကာ လေးလေးနက်နက် ထပ်ပြောလာသည်။ "မင်းက အရမ်းချစ်ဖို့ ကောင်းတာပဲဆိုပြီး။"
ရှီယွင်နန်တစ်ယောက် ဒုတိယစကားကိုကြားသည့် အခါ၊ သီးမတတ်ပင်။
မနေ့ညက ယွမ်မုန်တစ်ယောက် ချင်ကျန်းစတာ အမြဲခံနေရပြီး ပြန်မပြောနိုင်တာကိုတွေ့တော့၊ သူမူးနေတာကို အခွင့်ကောင်းယူကာ လှည့်ကွက်တချို့ သင်ပေးခဲ့မိ၏။
ချင်ကျန်းမရပ်မနား နောက်ပြောင်နေချိန်၊ သူသာထိုစကားပြောလိုက်ပါက သေချာပေါက် တစ်ဖက်လူ ကမောက်ကမဖြစ်သွားပြီး မြောက်အရပ်ကဘယ်ဘက်လည်းဆိုတာကိုတောင် ပြောနိုင်တော့မည်မဟုတ်။
ယွမ်မုန်လို စရိုက်နဲ့ဆို သူလှည့်ကွက်တွေပြောပြလည်း သေချာပေါက် မေ့ထားလိမ့်မယ်လို့ ထင်ခဲ့တာ။
မထင်ထားဘူး။ သူက သူတို့ထွက်သွားတာနဲ့ အဲ့လှည့်ကွက်ကို ချင်ကျန်းအပေါ်တကယ်ကြီး သုံးခဲ့တာပဲ။
ကြည့်ရတာ ကွယ်ရာမှာဆို ချင်ကျန်းအနိုင်ကျင့်တာ ခဏခဏခံရလို့ အခွင့်ရေးရတာနဲ့ပြန်တိုက်ခိုက်တဲ့ပုံပဲ။
"ရှောင်ရှူးရှူး အဆင်ပြေရဲ့လား?" ရွှေငါးလေးက သူ့ကို တစ်ရှူးကမ်းပေးလာသည်။
"အဆင်ပြေပါတယ်။" ရှီယွင်နန် သူ့ပါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်၏။ ကလေးမကောင်းတာတွေတတ်သွားမှာ သူစိုးရိမ်ပေမယ့်လည်း သူ့သိချင်စိတ်ကို မထိန်းနိုင်ခဲ့။
"နောက်တော့ကော?"
"နောက်တော့ သူတို့ သားကိုတွေ့သွားရော။ အန်ကယ်ချင်က သူပင်ပန်းနေပြီဆိုပြီး အနားယူဖို့ သူ့အခန်းထဲပြန်သွာတော့မယ်လို့ ပြောတယ်။ ဒါမယ့်လေ သူလမ်းလျှောက်တဲ့ပုံစံက အရမ်းထူးဆန်းတာပဲ!"
ရွှေငါးလေးက ဆိုဖာပေါ်ကနေ ပြေးဆင်းလာပြီး မနေ့ညက ချင်ကျန်းလမ်းလျှောက်တဲ့ပုံစံအတိုင်းလျှောက်ပြလာသည်။
"ဒီလိုကြီးလေ"
ဘယ်ခြေထောက်လျှောက်ရင် ဘယ်လက်ကလွှဲနေပြီး ညာခြေထောက်လျှောက်ရင် ညာလက်လွှဲနေသည့် ပုံစံဖြစ်ကာ တမျိုးကြီးဖြစ်နေပြီး အဆင်မပြေသည့်အနေအထားပင်။ ( ပုံမှန်ဆို ညာခြေထောက်လှမ်းရင် ဘယ်လက်လွှဲပြီး ဘယ်ခြေထောက်လှမ်းရင် ညာခြေလှမ်းပါတယ်။)
ရှီယွင်နန်က ရွှေငါးလေးပုံစံကို သဘောကျသွားပြီး မေးလိုက်၏။ "ဒါက မင်းပြောတဲ့ လျှို့ဝှက်ချက်သေးသေးလေးဆိုတာလား?"
"အွန်း!"
ရွှေငါးလေးက အပြစ်ကင်းသည့် မျက်နှာလေးဖြင့် ခေါင်းညိတ်ပြလာသည်။
အန်ကယ်ချင်က အမြဲ စမတ်ကျတယ်လိုပဲ သူထင်ထားခဲ့တာ။ ဒါမယ့် သူလမ်းလျှောက်တဲ့ပုံစံက ရယ်စရာကောင်းနေမယ်လို့ မထင်ထားဘူးလေ။
"ဒီကိစ္စကို ရှောင်ရှူးရှုးရှေ့မှာ ရယ်လို့အဆင်ပြေပေမယ့် အန်ကယ်ချင်ရှေ့မှာတော့ မရယ်ရဘူးနော်။ နားလည်လား?" ရှီယွင်နန်က ထိုအကြောင်းအရာကို အရမ်းထဲထဲဝင်ဝင် မပြောလိုက်တော့ပေ။
ရွှေငါးလေးကလည်း လိမ်မာစွာနဲ့ ခေါင်းညိတ်ပြလာသည်။
သိပ်မကြာခင်မှာပဲ အောက်ထပ်က ပိတ်ထားသည့် တံခါးဖွင့်သံကို ကြားလိုက်ရ၏။
ရှီယွင်နန် အချိန်ကို တချက်ကြည့်ကာ မှန်းဆလိုက်သည်။ "မင်းရှူးရှူး ပြန်လာပြီထင်တယ်။ သွားကြည့်လိုက်လေ။ ရှောင်ရှူးရှူးအဝတ်လဲပြီးရင် အောက်ဆင်းလာခဲ့မယ်။"
"ဟုတ်!"
ရွှေငါးလေးက ခုန်ပေါက်ကာ အခန်းထဲက ထွက်သွားတော့သည်။
သူက Cupcakeကိုတော့ ရှီယွင်နန်စားဖို့ ယူလာခဲ့ပြီး၊ သူရခဲ့တဲ့ certificate ကိုတော့ သူ့ဦးလေးကို ပြရန် စီစဉ်ထားသည်။
ရှီယွင်နန် ခွက်ထဲကရေတွေကို အကုန်သောက်လိုက်ပြီးနောက်၊ လည်ပင်းအပိတ်အင်္ကျီကို ဝတ်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။
အောက်ထပ်တွင်တော့ ရွှေငါးလေးက မူကြိုမှ ရရှိခဲ့သည့် လက်မှတ်လေးဖြင့် သူ့ကို ချီးကျူးရန် လော့လင်းရှန်းအား တက်တက်ကြွကြွ တောင်းဆိုနေပြီး
အိမ်တော်ထိန်းချင်ကတော့ ဘေးမှာ အပြုံးလေးနဲ့ ရပ်နေသည်။
လော့လင်းရှန်းက လှေကားပေါ်က ခြေသံလေးကို ကြားသည်နဲ့ လှည့်ကြည့်လာ၏။ ထို့နောက် နှစ်ယောက်သားရဲ့ အကြည့်မှာ ချက်ချင်း ဆုံသွားသည်။
ရှီယွင်နန်မှာ မနေ့ညက တရင်းတနှီးအထိအတွေ့ကို ပြန်မှတ်မိသွားပြီး၊ သူ့ဘေးပတ်ပတ်လည်ရှိ အပူချိန်များမှာ သူ့ကို အနည်းငယ် ပူလာစေတော့သည်။
"ဦးလေးချင်၊ ဒီနေ့ ညစာကို စောစောပြင်လိုက်ပါ" လော့လင်းရှန်းက အိမ်တော်ထိန်းကို ညွှန်ကြားနေရင်း သူမျက်လုံးများက ကျေနပ်သည့် အရိပ်ယောင်လေးတွေရှိနေသည်။
ဒီနေ့ မွန်းလွဲပိုင်းလောက်က အလုပ်ကိစ္စတစ်ခုကြောင့် သူ လော့ရုံးချုပ်သို့ အပြေးအလွှားသွားလိုက်ရ၏။ ရှီယွင်နန်ပုံစံလေးက အိပ်ရာကနေ ယိုင်နဲ့နဲ့ ထလာတဲ့ ပုံစံလေးဖြစ်နေတာကြောင့် သူဗိုက်ဆာနေလောက်မယ်လို့ ခန့်မှန်းမိလိုက်တာပင်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်။"
ဦးလေးချင်တစ်ယောက် အိမ်ဖော်တွေကို ညစာပြင်ဆင်ပေးဖို့ အမိန့်ပေးတော့မယ့်အချိန်မှာပဲ ရွှေငါးလေးပြောတာကို ကြားလိုက်ရသည်။ " အိုး ဟုတ်သားပဲ။ ဖိုးဖိုးချင်ရေ ရှူးရှူးနဲ့ ရှောင်ရှူးရှူးအခန်းထဲမှာ ခြင်တွေရှိနေတယ်။ မနေ့ညက သူတို့နှစ်ယောက်လုံး အကိုက်ခံရတယ်တဲ့။ သားတို့ ဒီခြင်ဆိုးတွေကို ရှင်းပစ်ရမယ်!"
လော့လင်းရှန်း : "..."
ရှီယွင်နန် : "..."
ခြင်ဆိုးတွေက သူတို့ရှေ့မှာကို ဘယ်ခြင်တွေကို ရှင်းပစ်ဖို့ လိုနေအုံးမှာလဲ?
နှစ်ယောက်သားမှာ ဘာစကားမှမပြောနိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ရှက်ကိုးရှက်ကန်းနဲ့ ကြည့်လိုက်မိကြသည်။
အိမ်တော်ထိန်းကတော့ သခင်လေးနှစ်ယောက် တုံ့ပြန်လိုက်သည့် မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်တာနဲ့တင် ဘာတွေဖြစ်သွားမှန်း သူခန့်မှန်းပြီးနေလေပြီ။
"ဖိုးဖိုးချင် အခုပဲ ခြင်ဖမ်းစက် သွားရှာလိုက်မယ်နော်။ နောက်မီးဖွင့်လိုက်တာနဲ့ ခြင်တွေပြေးသွားမှာ။" သူ ပြုံးပြီးနောက် ရွှေငါးလေးကို ကောက်ချီကာ တခြားနေရာသို့ ထွက်သွားလိုက်သည်။
ရှီယွင်နန်က ဧည့်ခန်းထဲသွားနေရင်း အနားဘယ်သူ့မှမရှိတဲ့အချိန် ပြေ လိုက်၏။ "ကြည့် ခင်ဗျားကျေးဇူးတွေကြောင့်လေ။ ကျွန်တော့လည်ပင်းမှာ အရာတွေချန်ထားဖို့ ဘယ်သူကခွင့်ပြုလို့လဲ? အဲ့ဒါတောင် ကျွန်တော်လုပ်လို့ အဲ့ကောင်ဆိုးလေး အကျင့်ပျက်တယ်ဆိုပြီး ပြောခဲ့သေးတယ်။"
လော့လင်းရှန်း ပြုံးပြီး အသံတိုးတိုးလေးနဲ့ ပြန်ပြောလိုက်သည်။ "မစ္စတာရှီ...အချေတင်စကားများချင်တာ သေချာရဲ့လား? ကိုယ်ဆို မနေက ခြင်ကိုက်ခံရရုံတင်မကဘူး။ ကျောကို ကြောင်ကုတ်တာလည်း ခံရသေးတယ်နော်။"
"ကျင်းယွီသာ မြင်ရင် ကိုယ်အိမ်ထဲကို ကြောင်တစ်ကောင်ခေါ်လာရအုံးမှာလား?"
"..."
ရှီယွင်နန်က အနားကပ်ကာ သူ့ချစ်သူရဲ့ နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်သည်။ "ခေါင်းဆောင်လော့ ခင်ဗျားရဲ့ တစ်သက်တာ ကာမဆန္ဒတွေအတွက်၊ ကျွန်တော့်ကို အနိုင်ပေးဖို့ အကြံပေးချင်တယ်။"
လော့လင်းရှန်းက သူ့ခေါင်းလေးကို ချက်ချင်းဆုတ်ကိုင်လိုက်ပြီး ခပ်ကြမ်းကြမ်းလေးနမ်းလိုက်သည်။
ရှီယွင်နန်ကလည်း အလိုလို ပူးပေါင်းလိုက်ပြီး၊ ထိန်းချုပ်ထားတဲ့ သူ့စိတ်လေး မလွှတ်သွားခင် သူ့ချစ်သူကို ပြန်တွန်းလိုက်၏။ "ပြဿနာမရှာနဲ့တော့။"
လော့လင်းရှန်းက သူ့ကို အပြုံးလေးနဲ့ စိုက်ကြည့်လာကာ "ဘာတွေစိုးရိမ်နေတာလဲ? ဒီမှာမင်းနဲ့ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိဘူး။"
နှစ်ယောက်သားမှာ တဖန် အကြည့်ပြန်စိုက်နေကြ၏။
မနေ့ညက အချိန်တစ်ဝက်လောက်မှာ လော့လင်းရှန်းတစ်ယောက် ထိန်းချုပ်ထားတဲ့စိတ် လွှတ်ထွက်သွားတာကို သူယောင်ဝါးဝါးမှတ်မိတယ်—
သူခြေထောက်တွေ အဆင်မပြေတာကို ကျေးဇူးတင်ရမှာပဲ။
မဟုတ်ရင် သူလော့မိသားစုထဲစဝင်တဲ့ နေ့ကတည်းက ဒီလူ စားတာခံနေရလောက်ပြီ။
"ခေါင်းဆောင်၊ မစ္စတာရှီ၊ ညစာ အဆင်သင့်ဖြစ်ပါပြီ။"
မလှမ်းမကမ်းရှိ အိမ်တော်ထိန်းရဲ့ အသံက ရှီယွင်နန်ရဲ့ အတွေးများထဲ ဝင်နှောင့်ယှက်လာ၏။
သူက လော့လင်းရှန်း ဝီးချဲလ်လေးကို အရင်တွန်းလာပေးလိုက်ပြီး ညည်းတွားလိုက်သည်။
"ကျွန်တော် ဒီနေ့ အရမ်းဗိုက်ဆာနေတာ။"
"ခဏနေကြရင် အများကြီးစား"
"အိုကေ"
မိသားစုမှာ မိနစ်လေးဆယ်ကြာတော့ ထမင်းစားပြီးသွားကြလေပြီ။
ရှီယွင်နန် မထခင်မှာဘဲ သူ့အိတ်ကပ်ထဲက ဖုန်းက တုန်ခါလာသည်။ သူ့ဖုန်းကို ထုတ်ကြည့်လိုက်တော့ ဖုကျစ်ယွီဆီမှ အဝင်ကောပင်။
ရှီယွင်နန်က လော့လင်းရှန်းကိုကြည့်ကာ သူ့ရှေ့မှာတင် ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ကျစ်ယွီ?"
"ယွင်နန်၊ ဘာလို့အခုမှ ဖုန်းကိုင်တာလဲ? ငါ WeChat မှာပို့ထားတဲ့ စာကို မတွေ့ဘူးလား?"
သူ့သူငယ်ချင်းရဲ့ လေသံမှာ အရမ်းအရေးကြီးတဲ့ပုံစံဖြစ်နေတာကြောင့် တစ်ခုခုဖြစ်နေမှန်း ရှီယွင်နန် သဘောပေါက်သွားသည်။
"ဘာဖြစ်လို့လဲ? ငါအခု ထမင်းစားနေလို့၊ ဖုန်းကိုလည်း vibration modeပဲ ဖွင့်ထားတာ၊ အဲ့ဒါကြောင့် မက်ဆေ့ချ်ဝင်တာ မသိလိုက်ဘူး။"
"ငါ ဆေးရုံလိပ်စာ ပို့ပေးလိုက်မယ်ကွာ။ မင်း မြန်မြန်သွားတာ ပိုကောင်းမယ်! မင်းအစ်ကို မတော်တဆဖြစ်လို့ ခုထိ သတိလစ်နေတုန်းပဲ။ အခုဆေးသွင်းထားရတယ်!"
"ဘာ?" ရှီယွင်နန် အရမ်းထိတ်လန့်သွားကာ ချက်ချင်းမတ်တပ်ထမိလိုက်၏။
စားပွဲပေါ်ရှိ ကြွေပန်းကန်လုံးကို မတော်တဆ တိုက်လိုက်မိတာကြောင့် အသံအနည်းငယ်ဆူညံသွားသည်။
"ကောင်းပြီ ငါ အခုချက်ချင်း သွားလိုက်မယ်။ လိပ်စာ မြန်မြန်ပို့ပေး!" ရှီယွင်နန် အမြန် ဖုန်းချလိုက်၏။
ရှီယွင်နန် ထိတ်လန့်နေတာကို မြင်တော့ လော့လင်းရှန်းက သူ့လက်ကောက်ဝတ်လေးကို ဆုတ်ကိုင်လိုက်သည်။
"စိတ်အေးအေးထား၊ ဘာဖြစ်တာလဲ?"
ရှီယွင်နန်မှာ စိတ်တည်ငြိမ် အောင်မလုပ်နိုင်သေးပေ။ "ကျွန်တော့အစ်ကို ဆေးရုံမှာ ဆေးသွင်းနေရတယ်လို့ ကျစ်ယွီဖုန်းဆက်တယ်။ ကျွန်တော် မြန်မြန်သွားကြည့်ရမယ်။"
"မစ္စတာဝမ် တစ်ခုခုဖြစ်လို့လား?" လော့လင်းရှန်း မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။
"ကိုယ်လည်း လိုက်ခဲ့ပေးမယ်။"
ချင်ကျန်းကလည်း ချက်ချင်းပူးပေါင်းလာ၏။ "ခေါင်းဆောင် ၊ ကျွန်တော်ကားသွားယူလိုက်ပါမယ်။ ညဘက်ဆို အေးတော့ မစ္စတာရှီ မသွားခင် အနွေးထည်ထူထူဝတ်ထားသင့်တယ်။"
လော့လင်းရှန်း ခေါင်းညိတ်ပြလိုက်သည်။
ရှီယွင်နန်လည်း အလျင်စလို လုပ်လို့မရမှန်း နားလည်တာကြောင့် ခေါင်းညိတ်ပြလိုက်ရလေသည်။
Zawgyi
မိုးလင္းသည္ထိ ႏွစ္ေယာက္သား ၾကင္ၾကင္နာနာေပြ႕ဖက္ရင္း စကားစျမည္ေျပာေနၾက၏။ ထိုမွသာ ရွီယြင္နန္တစ္ေယာက္ ငိုက္မ်ဥ္းလာေတာ့ေလသည္။
သူႏိုးလာေတာ့ ညေနငါးနာရီေတာင္ထိုးေနၿပီျဖစ္၏။
ရွီယြင္နန္မွာ ခါးနာမေပ်ာက္ေသးတာကို ေအာင့္အည္းရင္း ေရခ်ိဳးခန္းထဲ ဝင္သြားလိုက္သည္။ ေရခ်ိဳးခန္းထဲမွ ထြက္လာသည္ႏွင့္တၿပိဳင္နက္ တံခါးေခါက္သံကိုၾကားလိုက္ရေလသည္။
"ေရွာင္ရွဴးရွဴး!"
ခ်ိဳသာၿပီး ခြၽဲအီေနတဲ့ အသံေလးေၾကာင့္ တံခါးေခါက္လာသူမွာ သူ႔ရဲ႕ခ်စ္စရာေပါင္ေပ့ေလးမွန္း သူတပ္အပ္ေျပာႏိုင္သည္။
ရွီယြင္နန္ တံခါးဖြင့္လိုက္ေတာ့ ေ႐ႊငါးေလးက ကိတ္မုန႔္ေသးေသးေလးကို ကိုင္ထားေလသည္။
"ေရွာင္ရႈးရွဴး သားဆုရလာတယ္"
"ဒီေန႔ ဘာလို႔ ေက်ာင္းအေစာႀကီးဆင္းတာလဲ? ဖိုးဖိုးခ်င္ ဝယ္လာေပးတာလား?"
ေ႐ႊငါးေလးက ကိတ္မုန႔္ေလးကို လက္ႏွစ္ဖက္ျဖင့္ ကိုင္လာၿပီး ဆိုဖာေဘးရွိ ေကာ္ဖီစားပြဲနားဆီေျပးသြားသည္။ "ဒီေန႔က က်ဴရွင္ပိတ္ရက္ေလ။ သားေတာ္လို႔ဆိုၿပီး ေက်ာင္းကဆရာမက ဒီကိတ္မုန္႔ေလးကို ဆုခ်တာ။"
ရွီယြင္နန္လည္း ဆိုဖာဆီနား ေလွ်ာက္သြားလိုက္ကာ ေပါ့ေပါ့ပါးပါး ထိုင္ခ်လိုက္သည္။
ေ႐ႊငါးေလးက ကိတ္မုန႔္ဘူးေလးကိုဖြင့္ၿပီး ခက္ရင္းႏွင့္ယူလိုက္ကာ ရွီယြင္နန္ပါးစပ္နားဆီ ဂ႐ုတစိုက္သယ္ေပးလာသည္။ "ေရွာင္ရွဴးရွဴး၊ အာ~"
ရွီယြင္နန္ရဲ႕ ႏွလုံးသားေလးမွာ သူ႔ရဲ႕ခ်စ္စဖြယ္အမူယာေလးေၾကာင့္ ေပ်ာ့ေခြ႕သြားရၿပီး သူက အျမန္ပူးေပါင္းလိုက္သည္။ "ေက်းဇူးပါေပါင္ေပ့"
"စားေကာင္းလား?" ေ႐ႊငါးေလးက ေမွ်ာ္လင့္တႀကီးေမးလာသည္။
"အရမ္းစားေကာင္းတယ္။"
သူအိပ္ေနတာေၾကာင့္ မနက္စာနဲ႔ေန႔လည္စာလြတ္သြားကာ အခုခ်ိန္ အရမ္းဗိုက္ဆာေနသည္။
ရွီယြင္နန္က သူ႔ေဘးနားရွိ ေနရာလြတ္ေလးကို ပုတ္လိုက္ၿပီး ေ႐ႊငါးေလးကို ထိုင္ခိုင္းလိုက္၏။ သူက ကိတ္မုန႔္ေသးေသးေလးကို ေကာက္ယူလိုက္ကာ
"တူတူစားၾကမလား?"
"ဟုတ္ ဟုတ္!"
ေ႐ႊငါးေလးက ရွီယြင္နန္ဆီ ခက္ရင္းကမ္းေပးလာၿပီး သူ႔ပါးစပ္ေလးကို ဟလာသည္။ "အာ—"
ရွီယြင္နန္က ေသခ်ာေပါက္ ကေလးနဲ႔ ၿပိဳင္လုစားေနမယ့္သူမဟုတ္။ သူက ကိတ္မုန႔္တစ္ဇြန္းၿပီးတစ္ဇြန္း ခြံ႕ေပးလိုက္သည္။
ေ႐ႊငါးေလးက ေက်ေက်နပ္နပ္ႀကီး စားေနရင္း သူ႔လည္ပင္းကို စူးစူးဝါးဝါးစိုက္ၾကည့္လာသည္။
"...ေရွာင္ရႈးရႈး၊ ဒီနားမွာ ဘာလို႔အရမ္းနီေနတာလဲ?"
ရွီယြင္နန္က ေကာ္ဖီစားပြဲရဲ႕ေရာင္ျပန္မွန္ကိုသုံးကာ သူၫႊန္ျပရာေနရာသို႔ ၾကည့္လိုက္၏။ သို႔ေသာ္ ႐ုတ္တရက္ သူဘာေျပာရမွန္းမသိေတာ့။
အခန္းထဲမွာ နည္းနည္းပူေနတာေၾကာင့္ လည္ပင္းသိပ္မဖုံးတဲ့ အက်ႌကို ရွာဝတ္မိခဲ့သည္။ ရလဒ္အေနနဲ႔၊ မေန႔ညက မေရမရာသဲလြန္စအခ်ိဳ႕မွာ အေတာ္ေလး ေပၚလြင္ေနေလသည္။
ေလာ့လင္းရွန္း ဘယ္တုန္းက လုပ္သြားတာလဲ? သူဘာလို႔ မသိလိုက္တာလဲ?
"ျခင္ကိုက္တာပါကြ။ ခဏေလးနဲ႔ ေပ်ာက္သြားမွာ။" ရွီယြင္နန္က ေ႐ႊငါးေလးပါးစပ္ထဲ ကိတ္မုန္႔ေလးထည့္ေကြၽးလိုက္ၿပီး စကားလမ္းေၾကာင္းလႊဲလိုက္သည္။
ေ႐ႊငါးေလးက ေခါင္းညိတ္ျပလာၿပီး၊ ႐ုတ္တရက္ အိပ္ခန္းတစ္ဝိုက္ကို လိုက္ၾကည့္ေန၏။
ရွီယြင္နန္ကေတာ့ သူတျခားအေတြးေတြ ေတြးေနမွာစိုးရိမ္သြားၿပီး ခ်က္ခ်င္းပဲ ျဖတ္ေမးလိုက္သည္။
"ေ႐ႊငါးေလးက ဘာကိုၾကည့္ေနတာလဲ?"
"ရွဴးရႈးထလာတုန္းကလည္း ျခင္ကိုက္တာဆိုၿပီး ေျပာခဲ့လို႔။"
ေ႐ႊငါးေလးက ဒီစကားကို ေသခ်ာေပါက္ ယုံၾကည္ထားၿပီး သူ႔မ်က္လုံးမ်ားက အခန္းတြင္းရွိ ျခင္မ်ားကို ရွာေနသည္။ "ေၾကာက္စရာႀကီး!"
"....."
ရွီယြင္နန္က ေနာက္ဆုံးကိတ္မုန႔္အပိုင္းေလးကို သူ႔ပါးစပ္ထဲ တိတ္တဆိတ္ထည့္ေပးလိုက္သည္။
အင္း၊ မေန႔ညတုန္းက တကယ္ ေၾကာက္စရာေကာင္းခဲ့တာ။
ေ႐ႊငါးေလးရဲ႕ အာ႐ုံမွာ အေျပာင္းအလဲျမန္လြန္း၏။ သူက "ျခင္" အေၾကာင္းကို ခဏေမ့ထားကာ၊ ရွီယြင္နန္ကို စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေျပာရန္ သတိရသြားသည္။
"ေရွာင္ရွဴးရွဴး၊ သားမေန႔ညက လွ်ိဳ႕ဝွက္ခ်က္တစ္ခုကို ရွာေတြ႕ထားတယ္။"
"ဘာမ်ားတုန္းကြ?"
"မေန႔ညက သားေရခ်ိဳးၿပီးေတာ့ ဓာတ္ဘူးဆင္းယူရင္း အန္ကယ္ယြမ္ နဲ႔ အန္ကယ္ခ်င္တို႔ႏွစ္ေယာက္ ထမင္းစား စားပြဲမွာ ထိုင္ေနတာကို ေတြ႕လိုက္တယ္။ေရွာင္ရႈးရႈးနဲ႔ ရႈးရွဴးေတာ့မရွိဘူး။"
ရွီယြင္နန္ ထိုအခ်ိန္ေလာက္က ကိစၥေတြကို ျပန္စဥ္းစားၾကည့္လိုက္သည္။ သူႏွင့္ ေလာ့လင္းရွန္း အခန္းထဲဝင္သြားၿပီး၊ ခ်င္က်န္းအိမ္သာကေန ထြက္လာတဲ့အခ်ိန္ျဖစ္ႏိုင္ေလသည္။
သူက ေကာ္ဖီစားပြဲေပၚရွိ ေရကိုတစ္ငုံေသာက္လိုက္ၿပီး ေ႐ႊငါးေလးကို စိတ္ဝင္တစားၾကည့္လိုက္သည္။
"အိုး၊ သူတို႔ ဘာျဖစ္ၾကလို႔လဲ?"
"အန္ကယ္ယြမ္နဲ႔ အန္ကယ္ခ်င္က တစ္ေယာက္နဲ႔ညတစ္ေယာက္ အရမ္းပူးကပ္ေနတာ၊ ၿပီးေတာ့ အန္ကယ္ယြမ္က အန္ကယ္ခ်င္ကို ခ်ီးက်ဴးေနတာ..." ေ႐ႊငါးေလးက သူ႔ေခါင္းေလးကိုကုတ္ကာ ေလးေလးနက္နက္ ထပ္ေျပာလာသည္။ "မင္းက အရမ္းခ်စ္ဖို႔ ေကာင္းတာပဲဆိုၿပီး။"
ရွီယြင္နန္တစ္ေယာက္ ဒုတိယစကားကိုၾကားသည့္ အခါ၊ သီးမတတ္ပင္။
မေန႔ညက ယြမ္မုန္တစ္ေယာက္ ခ်င္က်န္းစတာ အၿမဲခံေနရၿပီး ျပန္မေျပာႏိုင္တာကိုေတြ႕ေတာ့၊ သူမူးေနတာကို အခြင့္ေကာင္းယူကာ လွည့္ကြက္တခ်ိဳ႕ သင္ေပးခဲ့မိ၏။
ခ်င္က်န္းမရပ္မနား ေနာက္ေျပာင္ေနခ်ိန္၊ သူသာထိုစကားေျပာလိုက္ပါက ေသခ်ာေပါက္ တစ္ဖက္လူ ကေမာက္ကမျဖစ္သြားၿပီး ေျမာက္အရပ္ကဘယ္ဘက္လည္းဆိုတာကိုေတာင္ ေျပာႏိုင္ေတာ့မည္မဟုတ္။
ယြမ္မုန္လို စ႐ိုက္နဲ႔ဆို သူလွည့္ကြက္ေတြေျပာျပလည္း ေသခ်ာေပါက္ ေမ့ထားလိမ့္မယ္လို႔ ထင္ခဲ့တာ။
မထင္ထားဘူး။ သူက သူတို႔ထြက္သြားတာနဲ႔ အဲ့လွည့္ကြက္ကို ခ်င္က်န္းအေပၚတကယ္ႀကီး သုံးခဲ့တာပဲ။
ၾကည့္ရတာ ကြယ္ရာမွာဆို ခ်င္က်န္းအႏိုင္က်င့္တာ ခဏခဏခံရလို႔ အခြင့္ေရးရတာနဲ႔ျပန္တိုက္ခိုက္တဲ့ပုံပဲ။
"ေရွာင္ရွဴးရွဴး အဆင္ေျပရဲ႕လား?" ေ႐ႊငါးေလးက သူ႔ကို တစ္ရွဴးကမ္းေပးလာသည္။
"အဆင္ေျပပါတယ္။" ရွီယြင္နန္ သူ႔ပါးစပ္ကို တစ္ရွဴးနဲ႔ သုတ္လိုက္၏။ ကေလးမေကာင္းတာေတြတတ္သြားမွာ သူစိုးရိမ္ေပမယ့္လည္း သူ႔သိခ်င္စိတ္ကို မထိန္းႏိုင္ခဲ့။
"ေနာက္ေတာ့ေကာ?"
"ေနာက္ေတာ့ သူတို႔ သားကိုေတြ႕သြားေရာ။ အန္ကယ္ခ်င္က သူပင္ပန္းေနၿပီဆိုၿပီး အနားယူဖို႔ သူ႔အခန္းထဲျပန္သြာေတာ့မယ္လို႔ ေျပာတယ္။ ဒါမယ့္ေလ သူလမ္းေလွ်ာက္တဲ့ပုံစံက အရမ္းထူးဆန္းတာပဲ!"
ေ႐ႊငါးေလးက ဆိုဖာေပၚကေန ေျပးဆင္းလာၿပီး မေန႔ညက ခ်င္က်န္းလမ္းေလွ်ာက္တဲ့ပုံစံအတိုင္းေလွ်ာက္ျပလာသည္။
"ဒီလိုႀကီးေလ"
ဘယ္ေျခေထာက္ေလွ်ာက္ရင္ ဘယ္လက္ကလႊဲေနၿပီး ညာေျခေထာက္ေလွ်ာက္ရင္ ညာလက္လႊဲေနသည့္ ပုံစံျဖစ္ကာ တမ်ိဳးႀကီးျဖစ္ေနၿပီး အဆင္မေျပသည့္အေနအထားပင္။ ( ပုံမွန္ဆို ညာေျခေထာက္လွမ္းရင္ ဘယ္လက္လႊဲၿပီး ဘယ္ေျခေထာက္လွမ္းရင္ ညာေျခလွမ္းပါတယ္။)
ရွီယြင္နန္က ေ႐ႊငါးေလးပုံစံကို သေဘာက်သြားၿပီး ေမးလိုက္၏။ "ဒါက မင္းေျပာတဲ့ လွ်ိဳ႕ဝွက္ခ်က္ေသးေသးေလးဆိုတာလား?"
"အြန္း!"
ေ႐ႊငါးေလးက အျပစ္ကင္းသည့္ မ်က္ႏွာေလးျဖင့္ ေခါင္းညိတ္ျပလာသည္။
အန္ကယ္ခ်င္က အၿမဲ စမတ္က်တယ္လိုပဲ သူထင္ထားခဲ့တာ။ ဒါမယ့္ သူလမ္းေလွ်ာက္တဲ့ပုံစံက ရယ္စရာေကာင္းေနမယ္လို႔ မထင္ထားဘူးေလ။
"ဒီကိစၥကို ေရွာင္ရွဴးရႈးေရွ႕မွာ ရယ္လို႔အဆင္ေျပေပမယ့္ အန္ကယ္ခ်င္ေရွ႕မွာေတာ့ မရယ္ရဘူးေနာ္။ နားလည္လား?" ရွီယြင္နန္က ထိုအေၾကာင္းအရာကို အရမ္းထဲထဲဝင္ဝင္ မေျပာလိုက္ေတာ့ေပ။
ေ႐ႊငါးေလးကလည္း လိမ္မာစြာနဲ႔ ေခါင္းညိတ္ျပလာသည္။
သိပ္မၾကာခင္မွာပဲ ေအာက္ထပ္က ပိတ္ထားသည့္ တံခါးဖြင့္သံကို ၾကားလိုက္ရ၏။
ရွီယြင္နန္ အခ်ိန္ကို တခ်က္ၾကည့္ကာ မွန္းဆလိုက္သည္။ "မင္းရွဴးရွဴး ျပန္လာၿပီထင္တယ္။ သြားၾကည့္လိုက္ေလ။ ေရွာင္ရွဴးရွဴးအဝတ္လဲၿပီးရင္ ေအာက္ဆင္းလာခဲ့မယ္။"
"ဟုတ္!"
ေ႐ႊငါးေလးက ခုန္ေပါက္ကာ အခန္းထဲက ထြက္သြားေတာ့သည္။
သူက Cupcakeကိုေတာ့ ရွီယြင္နန္စားဖို႔ ယူလာခဲ့ၿပီး၊ သူရခဲ့တဲ့ certificate ကိုေတာ့ သူ႔ဦးေလးကို ျပရန္ စီစဥ္ထားသည္။
ရွီယြင္နန္ ခြက္ထဲကေရေတြကို အကုန္ေသာက္လိုက္ၿပီးေနာက္၊ လည္ပင္းအပိတ္အက်ႌကို ဝတ္ကာ ေအာက္ထပ္သို႔ ဆင္းလာလိုက္သည္။
ေအာက္ထပ္တြင္ေတာ့ ေ႐ႊငါးေလးက မူႀကိဳမွ ရရွိခဲ့သည့္ လက္မွတ္ေလးျဖင့္ သူ႔ကို ခ်ီးက်ဴးရန္ ေလာ့လင္းရွန္းအား တက္တက္ႂကြႂကြ ေတာင္းဆိုေနၿပီး
အိမ္ေတာ္ထိန္းခ်င္ကေတာ့ ေဘးမွာ အၿပဳံးေလးနဲ႔ ရပ္ေနသည္။
ေလာ့လင္းရွန္းက ေလွကားေပၚက ေျခသံေလးကို ၾကားသည္နဲ႔ လွည့္ၾကည့္လာ၏။ ထို႔ေနာက္ ႏွစ္ေယာက္သားရဲ႕ အၾကည့္မွာ ခ်က္ခ်င္း ဆုံသြားသည္။
ရွီယြင္နန္မွာ မေန႔ညက တရင္းတႏွီးအထိအေတြ႕ကို ျပန္မွတ္မိသြားၿပီး၊ သူ႔ေဘးပတ္ပတ္လည္ရွိ အပူခ်ိန္မ်ားမွာ သူ႔ကို အနည္းငယ္ ပူလာေစေတာ့သည္။
"ဦးေလးခ်င္၊ ဒီေန႔ ညစာကို ေစာေစာျပင္လိုက္ပါ" ေလာ့လင္းရွန္းက အိမ္ေတာ္ထိန္းကို ၫႊန္ၾကားေနရင္း သူမ်က္လုံးမ်ားက ေက်နပ္သည့္ အရိပ္ေယာင္ေလးေတြရွိေနသည္။
ဒီေန႔ မြန္းလြဲပိုင္းေလာက္က အလုပ္ကိစၥတစ္ခုေၾကာင့္ သူ ေလာ့႐ုံးခ်ဳပ္သို႔ အေျပးအလႊားသြားလိုက္ရ၏။ ရွီယြင္နန္ပုံစံေလးက အိပ္ရာကေန ယိုင္နဲ႔နဲ႔ ထလာတဲ့ ပုံစံေလးျဖစ္ေနတာေၾကာင့္ သူဗိုက္ဆာေနေလာက္မယ္လို႔ ခန္႔မွန္းမိလိုက္တာပင္။
"ဟုတ္ကဲ့ပါ ေခါင္းေဆာင္။"
ဦးေလးခ်င္တစ္ေယာက္ အိမ္ေဖာ္ေတြကို ညစာျပင္ဆင္ေပးဖို႔ အမိန္႔ေပးေတာ့မယ့္အခ်ိန္မွာပဲ ေ႐ႊငါးေလးေျပာတာကို ၾကားလိုက္ရသည္။ " အိုး ဟုတ္သားပဲ။ ဖိုးဖိုးခ်င္ေရ ရွဴးရွဴးနဲ႔ ေရွာင္ရွဴးရွဴးအခန္းထဲမွာ ျခင္ေတြရွိေနတယ္။ မေန႔ညက သူတို႔ႏွစ္ေယာက္လုံး အကိုက္ခံရတယ္တဲ့။ သားတို႔ ဒီျခင္ဆိုးေတြကို ရွင္းပစ္ရမယ္!"
ေလာ့လင္းရွန္း : "..."
ရွီယြင္နန္ : "..."
ျခင္ဆိုးေတြက သူတို႔ေရွ႕မွာကို ဘယ္ျခင္ေတြကို ရွင္းပစ္ဖို႔ လိုေနအုံးမွာလဲ?
ႏွစ္ေယာက္သားမွာ ဘာစကားမွမေျပာႏိုင္ဘဲ တစ္ေယာက္ကိုတစ္ေယာက္ ရွက္ကိုးရွက္ကန္းနဲ႔ ၾကည့္လိုက္မိၾကသည္။
အိမ္ေတာ္ထိန္းကေတာ့ သခင္ေလးႏွစ္ေယာက္ တုံ႔ျပန္လိုက္သည့္ မ်က္ႏွာအမူအရာကို တစ္ခ်က္ၾကည့္လိုက္တာနဲ႔တင္ ဘာေတြျဖစ္သြားမွန္း သူခန္႔မွန္းၿပီးေနေလၿပီ။
"ဖိုးဖိုးခ်င္ အခုပဲ ျခင္ဖမ္းစက္ သြားရွာလိုက္မယ္ေနာ္။ ေနာက္မီးဖြင့္လိုက္တာနဲ႔ ျခင္ေတြေျပးသြားမွာ။" သူ ၿပဳံးၿပီးေနာက္ ေ႐ႊငါးေလးကို ေကာက္ခ်ီကာ တျခားေနရာသို႔ ထြက္သြားလိုက္သည္။
ရွီယြင္နန္က ဧည့္ခန္းထဲသြားေနရင္း အနားဘယ္သူ႔မွမရွိတဲ့အခ်ိန္ ေျပ လိုက္၏။ "ၾကည့္ ခင္ဗ်ားေက်းဇူးေတြေၾကာင့္ေလ။ ကြၽန္ေတာ့လည္ပင္းမွာ အရာေတြခ်န္ထားဖို႔ ဘယ္သူကခြင့္ျပဳလို႔လဲ? အဲ့ဒါေတာင္ ကြၽန္ေတာ္လုပ္လို႔ အဲ့ေကာင္ဆိုးေလး အက်င့္ပ်က္တယ္ဆိုၿပီး ေျပာခဲ့ေသးတယ္။"
ေလာ့လင္းရွန္း ၿပဳံးၿပီး အသံတိုးတိုးေလးနဲ႔ ျပန္ေျပာလိုက္သည္။ "မစၥတာရွီ...အေခ်တင္စကားမ်ားခ်င္တာ ေသခ်ာရဲ႕လား? ကိုယ္ဆို မေနက ျခင္ကိုက္ခံရ႐ုံတင္မကဘူး။ ေက်ာကို ေၾကာင္ကုတ္တာလည္း ခံရေသးတယ္ေနာ္။"
"က်င္းယြီသာ ျမင္ရင္ ကိုယ္အိမ္ထဲကို ေၾကာင္တစ္ေကာင္ေခၚလာရအုံးမွာလား?"
"..."
ရွီယြင္နန္က အနားကပ္ကာ သူ႔ခ်စ္သူရဲ႕ ႏႈတ္ခမ္းေလးကို ဖြဖြေလးကိုက္လိုက္သည္။ "ေခါင္းေဆာင္ေလာ့ ခင္ဗ်ားရဲ႕ တစ္သက္တာ ကာမဆႏၵေတြအတြက္၊ ကြၽန္ေတာ့္ကို အႏိုင္ေပးဖို႔ အႀကံေပးခ်င္တယ္။"
ေလာ့လင္းရွန္းက သူ႔ေခါင္းေလးကို ခ်က္ခ်င္းဆုတ္ကိုင္လိုက္ၿပီး ခပ္ၾကမ္းၾကမ္းေလးနမ္းလိုက္သည္။
ရွီယြင္နန္ကလည္း အလိုလို ပူးေပါင္းလိုက္ၿပီး၊ ထိန္းခ်ဳပ္ထားတဲ့ သူ႔စိတ္ေလး မလႊတ္သြားခင္ သူ႔ခ်စ္သူကို ျပန္တြန္းလိုက္၏။ "ျပႆနာမရွာနဲ႔ေတာ့။"
ေလာ့လင္းရွန္းက သူ႔ကို အၿပဳံးေလးနဲ႔ စိုက္ၾကည့္လာကာ "ဘာေတြစိုးရိမ္ေနတာလဲ? ဒီမွာမင္းနဲ႔ ကိုယ္ကလြဲၿပီး ဘယ္သူမွမရွိဘူး။"
ႏွစ္ေယာက္သားမွာ တဖန္ အၾကည့္ျပန္စိုက္ေနၾက၏။
မေန႔ညက အခ်ိန္တစ္ဝက္ေလာက္မွာ ေလာ့လင္းရွန္းတစ္ေယာက္ ထိန္းခ်ဳပ္ထားတဲ့စိတ္ လႊတ္ထြက္သြားတာကို သူေယာင္ဝါးဝါးမွတ္မိတယ္—
သူေျခေထာက္ေတြ အဆင္မေျပတာကို ေက်းဇူးတင္ရမွာပဲ။
မဟုတ္ရင္ သူေလာ့မိသားစုထဲစဝင္တဲ့ ေန႔ကတည္းက ဒီလူ စားတာခံေနရေလာက္ၿပီ။
"ေခါင္းေဆာင္၊ မစၥတာရွီ၊ ညစာ အဆင္သင့္ျဖစ္ပါၿပီ။"
မလွမ္းမကမ္းရွိ အိမ္ေတာ္ထိန္းရဲ႕ အသံက ရွီယြင္နန္ရဲ႕ အေတြးမ်ားထဲ ဝင္ေႏွာင့္ယွက္လာ၏။
သူက ေလာ့လင္းရွန္း ဝီးခ်ဲလ္ေလးကို အရင္တြန္းလာေပးလိုက္ၿပီး ညည္းတြားလိုက္သည္။
"ကြၽန္ေတာ္ ဒီေန႔ အရမ္းဗိုက္ဆာေနတာ။"
"ခဏေနၾကရင္ အမ်ားႀကီးစား"
"အိုေက"
မိသားစုမွာ မိနစ္ေလးဆယ္ၾကာေတာ့ ထမင္းစားၿပီးသြားၾကေလၿပီ။
ရွီယြင္နန္ မထခင္မွာဘဲ သူ႔အိတ္ကပ္ထဲက ဖုန္းက တုန္ခါလာသည္။ သူ႔ဖုန္းကို ထုတ္ၾကည့္လိုက္ေတာ့ ဖုက်စ္ယြီဆီမွ အဝင္ေကာပင္။
ရွီယြင္နန္က ေလာ့လင္းရွန္းကိုၾကည့္ကာ သူ႔ေရွ႕မွာတင္ ဖုန္းကို ေကာက္ကိုင္လိုက္သည္။
"ဟဲလို က်စ္ယြီ?"
"ယြင္နန္၊ ဘာလို႔အခုမွ ဖုန္းကိုင္တာလဲ? ငါ WeChat မွာပို႔ထားတဲ့ စာကို မေတြ႕ဘူးလား?"
သူ႔သူငယ္ခ်င္းရဲ႕ ေလသံမွာ အရမ္းအေရးႀကီးတဲ့ပုံစံျဖစ္ေနတာေၾကာင့္ တစ္ခုခုျဖစ္ေနမွန္း ရွီယြင္နန္ သေဘာေပါက္သြားသည္။
"ဘာျဖစ္လို႔လဲ? ငါအခု ထမင္းစားေနလို႔၊ ဖုန္းကိုလည္း vibration modeပဲ ဖြင့္ထားတာ၊ အဲ့ဒါေၾကာင့္ မက္ေဆ့ခ်္ဝင္တာ မသိလိုက္ဘူး။"
"ငါ ေဆး႐ုံလိပ္စာ ပို႔ေပးလိုက္မယ္ကြာ။ မင္း ျမန္ျမန္သြားတာ ပိုေကာင္းမယ္! မင္းအစ္ကို မေတာ္တဆျဖစ္လို႔ ခုထိ သတိလစ္ေနတုန္းပဲ။ အခုေဆးသြင္းထားရတယ္!"
"ဘာ?" ရွီယြင္နန္ အရမ္းထိတ္လန္႔သြားကာ ခ်က္ခ်င္းမတ္တပ္ထမိလိုက္၏။
စားပြဲေပၚရွိ ေႂကြပန္းကန္လုံးကို မေတာ္တဆ တိုက္လိုက္မိတာေၾကာင့္ အသံအနည္းငယ္ဆူညံသြားသည္။
"ေကာင္းၿပီ ငါ အခုခ်က္ခ်င္း သြားလိုက္မယ္။ လိပ္စာ ျမန္ျမန္ပို႔ေပး!" ရွီယြင္နန္ အျမန္ ဖုန္းခ်လိုက္၏။
ရွီယြင္နန္ ထိတ္လန္႔ေနတာကို ျမင္ေတာ့ ေလာ့လင္းရွန္းက သူ႔လက္ေကာက္ဝတ္ေလးကို ဆုတ္ကိုင္လိုက္သည္။
"စိတ္ေအးေအးထား၊ ဘာျဖစ္တာလဲ?"
ရွီယြင္နန္မွာ စိတ္တည္ၿငိမ္ ေအာင္မလုပ္ႏိုင္ေသးေပ။ "ကြၽန္ေတာ့အစ္ကို ေဆး႐ုံမွာ ေဆးသြင္းေနရတယ္လို႔ က်စ္ယြီဖုန္းဆက္တယ္။ ကြၽန္ေတာ္ ျမန္ျမန္သြားၾကည့္ရမယ္။"
"မစၥတာဝမ္ တစ္ခုခုျဖစ္လို႔လား?" ေလာ့လင္းရွန္း မ်က္ေမွာင္ၾကဳတ္ကာ ဆက္ေျပာလိုက္သည္။
"ကိုယ္လည္း လိုက္ခဲ့ေပးမယ္။"
ခ်င္က်န္းကလည္း ခ်က္ခ်င္းပူးေပါင္းလာ၏။ "ေခါင္းေဆာင္ ၊ ကြၽန္ေတာ္ကားသြားယူလိုက္ပါမယ္။ ညဘက္ဆို ေအးေတာ့ မစၥတာရွီ မသြားခင္ အေႏြးထည္ထူထူဝတ္ထားသင့္တယ္။"
ေလာ့လင္းရွန္း ေခါင္းညိတ္ျပလိုက္သည္။
ရွီယြင္နန္လည္း အလ်င္စလို လုပ္လို႔မရမွန္း နားလည္တာေၾကာင့္ ေခါင္းညိတ္ျပလိုက္ရေလသည္။